Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 31
____________
ဖြစ်ကြောင်းကုန်စင်ကိုညနေကျမှသိသော မြို့အုပ်အိမ်တော်က
အစေခံအုပ်စုကလည်း ပွတ်လောညံနေကြသည် ။
"ဟယ် အဲ့တာဆိုကလေးရတော့မှာပေါ့"
"ဘယ်ကသာ ဟိုဟာတောင်မလုပ်ရသေးဘူးကို"
"ကလေးလေးရရင် ငါထိန်းမှာနော်"
"ဆုတောင်းလေ ငါထိန်းမှာ"
ကလေးတောင်မရသေးဘူး အခုထဲကသူထိန်းမယ် ငါထိန်းမယ်
နဲ့ လူပျို အပျို တွေကခန့်ခွဲနေကြပြီ ။
(လူပျို အပျိုတွေဆိုတာကအဲ့မှာအလုပ်လုပ်တဲ့ အစေခံတွေရဲ့သားသမီးတွေကိုပြောတာပါ)
*တီ...တီ*
"ဟော ပြန်လာကြပြီ"
သူတို့ပြန်လာပြီလို့ထင်ပေမဲ့ တကယ်လာတဲ့သူတွေကတော့
ယွီမြို့အုပ်တို့တစ်သိုက်ပင် ။
"ယွီမြို့အုပ် ဘာကိစ္စများရှိလို့လဲ"
"မနက်စောစောပြန်ရတော့မှာမို့လို့ အဲ့တာအခုထဲကနေရိပေါ်ကို
လာနူတ်ဆက်တာ သူရော"
"ရှောင်မျိုးရိုးက သခင်ကြီးမွေးနေ့ဆိုလို့သွားပါတယ်"
*တီ...တီ*
"အခုပြန်လာပြီထင်တယ်"
ရှောင်ကျန့်တက်လာတော့ လက်ထဲမှာ ပူဖောင်းတွေကပါလာသည်
ပိုလျှံတဲ့ ကိတ်မုန့်ဘူးကြီးကတစ်ဖက်ပိုက်လို့ပေါ့ ။
"ဟာ...ယွီမြို့အုပ်ကြီး"
"မင်းကတော်...ရိပေါ်ရော"
"အံမယ်...ကလေးကလားလည်းမဟုတ်ပဲနဲ့ ပူဖောင်းတွေကိုင်လို့
ဘယ်အိမ်ကကလေးလဲ"
"ဟွန်း...ဘာဖြစ်လဲ ကျန့်ကျန့်ကကလေးလေးဆိုတော့ မောင့်တစ်ယောက်ထဲရဲ့ကလေးလေးဖြစ်မှာ"
"...."
စစ်ယမ်ကအမြဲတမ်းစနေလို့ ရှောင်ကျန့်စိတ်မဆိုးတော့ပါချေ
သူ့ကိုသာမခံချင်အောင်ပြန်လုပ်လိုက် အဲ့တာဆိုရပြီ။
"မင်းကတော်ကိုတော့လွမ်းနေရတော့မှာပဲ မနက်စောစောပြန်တော့မှာ"
"ဟုတ်လား...နေသေးတာမဟုတ်ဘူး ကျန့်ကျန့်အောင်သွယ်လို့
ပြီးတာမှမဟုတ်တာ"
"ရှောင်ကျန့်..."
မြို့အုပ်၀မ်ကအနောက်ကနေရောက်လာလို့ ရှောင်ကျန့်ပုခုံးကို
ကိုင်ကာ သူ့ဘက်ကိုဆွဲလိုက်တာကြောင့် ရှောင်ကျန့်မှာခြေတစ်လှမ်း
နောက်ဆုတ်သွားရသည်။
"ဘာကိစ္စလဲ"
"ပြန်တော့မလို့ လာနူတ်ဆက်တာ"
"အော်...ပြန်တော့လေ.."
"မောင်ကလည်း သူငယ်ချင်းတွေပဲကို...ထမင်းလေးကျွေးရမှာကို"
"သူတို့ကတောင်းစားနေလို့လား ထမင်းကျွေးရအောင်လို့ပရဟိတ
လုပ်နေတာမှမဟုတ်တာ"
"မောင်ဟာလေ...ဟီး...ယွီမြို့အုပ်တို့ ကျန့်ကျန့်ထမင်းကျွေးမယ်နော်"
"မင်းကတော်ပဲကောင်းတယ်...အဲ့တာကြောင့်ပဲ မင်းကတော်စီကို
ပဲအကူအညီတောင်းရတော့မယ်"
စစ်ယမ်ကရှောင်ကျန့်လက်ကိုကိုင်လို့ပြောတော့ မြို့အုပ်၀မ်
စိတ်ဆိုးကာ စစ်ယမ်လက်ကိုရှောင်ကျန့်စီကနေဖယ်ချလိုက်တယ်။
"မထိနဲ့..."
"မင်းကဘာဖြစ်တာလဲဟ...ရုတ်တရက်ကြီး"
"ငါ့... Omegaကို...မ..ထိ..နဲ့.."
တစ်လုံးချင်းစီပြောသွားသော ၀မ်ရိပေါ်ကြောင့် သူငယ်ချင်းသုံး
ယောက်မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်
အရင်ကဒီကောင်ဒီလိုမဟုတ်ပါဘူး...။
"မင်းကတော်က Betaလေကွာ မင်းပဲပြောပြီးတော့"
"တကယ်တော့ ကျန့်ကျန့်က Omegaပါ"
"ထင်တော့ထင်သား ဒီလောက်လှတဲ့သူလေးက Omegaလေး
ဖြစ်မှာပါလို့"
ယွီမြို့အုပ်ကပါ ပါလာတော့ မြို့အုပ်၀မ်ရဲ့အကြည့်တွေက ပိုပြီး
စိတ်တိုတဲ့ဘက်ကိုသွားနေလေပြီ စွေ့လျန်ကလက်ကုပ်လို့ ဟို
နှစ်ယောက်ကိုပြန်ဆွဲလာတယ်။
"မင်းတို့နှစ်ယောက် မနက်ဖြန်နေထွက်တာကိုတွေ့ချင်ရင်
မင်းကတော်ကိုမထိနဲ့တော့"
"...."
ရှောင်ကျန့်ကို ထိလည်းမထိတော့သလို စကားလည်းမပြောတော့
ရှောင်ကျန့်ကမြို့အုပ်၀မ်ကိုဘုကြည့်ကြည့်နေလိုက်သည်။
"မောင်ကလည်း...အရင်ကလည်းဒီလိုပဲကို ယွီမြို့အုပ်တို့ အစ်ကိုစစ်ယမ်တို့ကမကောင်းတဲ့သူတွေမှမဟုတ်တာ"
"အရင်ကကိုယ်ကမင်းOmegaမှန်းမသိလို့ သူတို့နဲ့ရင်းနှီးခွင့်
ပေးထားတာ...အခုတော့ မရတော့ဘူး"
"အဲ့တာဆို ကျန့်ကျန့်ကသူငယ်ချင်းမရှိဘူးဖြစ်သွားမှာပေါ့ဗျ"
"အခြား Beta Omegaတွေနဲ့ သူငယ်ချင်းလုပ်လို့ရတယ်
Alphaတွေနဲ့တော့မရဘူး"
"...."
"မင်းကတော် ပြန်တော့မယ်နော်...လာလည်လို့ခွင့်ရရင်လည်း
လာလည်ပါဦးမယ်"
"နေပါဦး ထမင်းမစားရသေးဘူးလေ"
"နောက်အခွင့်ကြုံမှပေါ့"
သူတို့သုံးယောက်ကရှောင်ကျန့်ကိုနူတ်ဆက်လို့ ပြန်သွားကြလေပြီ
သူတို့နားလည်တယ် ၀မ်ရိပေါ်ကသူတို့ထက်ပိုအားကောင်းတဲ့
Dominate alpha တစ်ယောက် Alphaတွေကအရမ်းသ၀န်တို
လွန်းအားကြီးကြတယ် သူတို့အနေနဲ့သူတို့ပိုင်ဆိုင်သောOmega
ကိုအခြားalphaတွေနဲ့ တွေ့ကြမှာမလိုလားကြဘူး ဒါကAlpha
တိုင်းပါပဲ ။
ရှောင်ကျန့်က ပူဖောင်းတွေနဲ့ ကိတ်မုန့်ဘူးကို အိမ်တော်ထိန်း
ကြီးစီအပ်လို့ အပေါ်ထပ်တက်သွားသော မောင့်နောက်ကိုလိုက်
သွားလိုက်သည် တည်နေရာကသူတို့အိပ်ခန်းစီကိုပဲ ။
"မောင်ရေ..."
မောင်က နတ်ခ်တိုင်ကိုဖြည်လို့ လျှော်ရမဲ့ခြင်းထဲထည့်လိုက်သည်
သူခေါ်လိုက်လို့သူ့ဘက်ကိုလှည့်ကြည့်လာတယ်။
"မောင်...ကျန့်ကျန့်ကိုမမုန်းဘူးလားဟင်..."
"ဘာလို့မုန်းရမှာလဲ"
"ကျန့်ကျန့်က မောင့်ကိုလိမ်ခဲ့တယ်လေ မောင်ကလိမ်တာမုန်းတယ်
ဆို "
"...."
"မောင် ကျန့်ကျန့်တောင်းပန်ပါတယ်နော် မမုန်းပါနဲ့နော် မောင်ကျန့်ကျန့်ကိုမုန်းရင် ကျန့်ကျန့်ဘာသာ မုန့်တွေစားမယ်
ပျို့အန်ထွက်တဲ့အထိစားပြီး သတ်သေမှာနော်"
"ခွီ..."
"ဘာရီတာလဲ မောင်နော် ကျန့်ကျန့်အတည်ပြောနေတာ"
*မွှ*
မြို့အုပ်၀မ်က ရှောင်ကျန့်ရဲ့နဖူးလေးကိုနမ်းလိုက်ကာ ဖက်ထားတော့သည်။
"လိမ်တဲ့အတွက် နည်းနည်းတော့စိတ်ဆိုးတယ် "
"...."
"ကိုယ်ကမြို့အုပ်ပါ အချစ်ရယ်...အခြားသူတွေလိုမျိုးမစဉ်းစားပဲနဲ့
မဆုံးဖြတ်တတ်ဘူး"
"...."
"မင်းလည်းပဲ လိမ်တာအကြောင်းရှိရတာပဲကို လူတိုင်းမှာလိမ်ရတဲ့
အကြောင်းအရာတစ်ခုခုရှိတတ်ကြမြဲမဟုတ်လား"
"အင်း...တော်သေးတာပေါ့...ရွှတ်!"
"ဟောဗျာ ဘာလို့ငိုရတာတုန်း"
"အိမ်မက်ထဲမှာလေ မောင်က...ရွှတ်!...ကျန့်ကျန့်လက်ကိုလွှတ်ချပြီးတော့လေ..အင့်!.. ငါ့အသားကိုမထိနဲ့ရွံတယ်
အဲ့လိုပြောခဲ့တာ"
"မကောင်းတဲ့အိမ်မက်တွေမက်ခဲ့တာပဲ"
"အွင်း...မကောင်းတဲ့အိမ်မက်တွေမမက်တော့အောင်လို့ မောင်ကဖက်ထားပေးရမယ်နော်"
"အင်း"
ကျလက်စမျက်ရည်လေးတွေကို မောင်ဟာသူ့နူတ်ခမ်းသားတွေနဲ့
ထိတွေ့ခဲ့ပြီးတော့ ကျွန်တော့်(ရှောင်ကျန့်)ရဲ့ မျက်ခွံလေးတွေကိုပါ
ခပ်ဖွဖွထိတွေ့ခဲ့တယ်...သူ့နူတ်ခမ်းတွေနဲ့ပေါ့။
ရှောင်ကျန့်ကသူ့ဟော်မုန်းအနံ့တွေကိုထုတ်လွှတ်ပေးတော့ မောင်ကလည်းတစ်ဖန် သူ့ဟော်မုန်းတွေကိုပြန်လွှတ်ပေးတယ်
ဒီအခန်းတစ်ခုလုံးမှာသူတို့နှစ်ယောက်ဟော်မုန်းတွေပဲ ရှိနေခဲ့
ကြတယ် ။
"အပြာရောင်ဆေးတောင့်တွေကို သောက်တာဘယ်လာက်ကြာပြီလဲ"
"အွန်း...မောင်နဲ့လက်ထပ်ပြီးစဆိုတော့ ၅လကျော်၆လနီးပါး
လောက်ရှိနေပြီ"
"....."
"ဘာလို့လဲမောင်"
"အဲ့ဆေးက ...Omegaတွေအတွက် အနံ့ပျောက်ဆေးဖြစ်ပေမဲ့လည်း ကြာရင် ဘယ်သောခါမှကလေးရမှာမဟုတ်ဘူး"
ရှောင်ကျန့်ထိတ်လန့်သွားတယ် ဆေးကအဲ့လောက်ထိပြင်းတာလား
သူမသိခဲ့ပါ ဖိုးဖိုးကပေးလို့သာသောက်ခဲ့တာ အဲ့တာဆို သူတို့ရင်သွေးလေး သူနဲ့မောင်နဲ့ရမဲ့ကလေးလေးက မရတော့ဘူးလား။
"မောင်...မောင်...ကျန့်ကျန့်တို့ကလေးလေးမရတော့ဘူးလားဟင်"
"ကိုယ်တို့ကံကောင်းပါတယ် "
"ဟမ်....ဘာလဲ..မောင်က ကျန့်ကျန့်နဲ့ကလေးလေးမလိုချင်ဘူးလား.. ခင်ဗျားကြီးက ဘယ်ကဟာမနဲ့ယူချင်တာလဲ!"
"စိတ်မဆိုးပါနဲ့ ကိုယ့်အချစ်ရယ်..."
"မသိဘူး ဆိုးမှာပဲ!"
"ကိုယ်တို့ကံကောင်းတယ်ဆိုတာက အဲ့ဆေးကတစ်နှစ်ကျော်
ကြာတဲ့အထိစွဲသောက်မှ ကလေးမရတော့တာ "
"ဒါဆိုရင်...."
"ကိုယ်တို့ကလေးရနိုင်ချေရှိပါသေးတယ်"
"တကယ်..."
"အင်း..."
ရှောင်ကျန့်မျက်လုံးတွေက ဟိုရွှေဒီရွှေ့လုပ်ပြီးတော့မှ မြို့အုပ်၀မ်ကိုကြည့်လို့ ပြုံးပြသည်။
"မောင် ထမင်းမစားရသေးဘူးမှတ်လား သွားစားဦး ကျန့်ကျန့်ရေချိူးလိုက်ဦးမယ်"
"အင်း..."
မောင်ကအောက်ဆင်းသွားပြီးတော့ ရှောင်ကျန့်လည်းရေချိုးခန်းထဲကို တန်းပြေး၀င်သွားတော့သည်။
၁နာရီ
၂နာရီ
၃နာရီ
*ဒေါင်...ဒေါင်*
နာရီက၁၀နာရီကိုပြနေသည် ရှောင်ကျန့် ခုတင်ပေါ်မှာစောင့်
နေရတာကြာမြင့်လှပြီ မဟုတ်သေးပါဘူး သူ့ယောကျာ်းကထမင်း
စားပွဲပေါ်မှာပဲအိပ်နေပြီလား ရှောင်ကျန့်သိပ်သည်းမခံနိုင်တော့ပါ
ချက်ချင်းပဲ အကျီတွေပြန်လဲလိုက်သည် ။
မောင်နဲ့လက်ထပ်ထားတာ
ကြာပြီ မောင့်ကိုကိုယ်ပိုင်တံဆိပ်ခတ်ချင်တယ် မောင်ကတော်တန်ရုံနဲ့ရောက်မလာတော့
ငတ်ပေါ့။
ရှောင်ကျန့်အခန်းထဲကနေထွက်လို့ အောက်ထပ်တွေမှာရှာကြည့်တယ်မောင့်ကိုမတွေ့ပါ အပေါ်ထပ်ကို
တက်ကြည့်တော့မှ အလုပ်ခန်းထဲမှာမောင်ကထိုင်နေပြီး တစ်ခုခုကို
လေးလေးနက်နက်စဉ်းစားနေသည်။
"မောင်..."
"..."
"ဘာလို့ဒီမှာထိုင်နေတာလဲ လာ အိပ်မယ်"
"ကိုယ်စဉ်းစားနေတာ"
"ဘာကိုလဲဟင်"
"ကိုယ်တို့ကလေးရပါ့မလားလို့လေ"
"အရူးကြီး လုပ်မှ ရမလား မရဘူးလား ဆိုတာသိမှာပေါ့
ထမင်းစားပြီးစောစောပြန်တက်လာတာမဟုတ်ဘူး "
"ဟမ်...အချစ်ကဘာကိုပြောချင်တာလဲ"
"ကဲ! ကျန့်ကျန့် ဒဲ့ပဲပြောတော့မယ် မောင်နဲ့ လင်မယားအရာ
ရောက်အောင်မလုပ်ရသေးဘူး! အဲ့တာလုပ်မလို့ကို...မောင့်ကို
စောင့်နေရတာ...မောင်ကမလာဘူး"
"ဟုတ်လား အခုလုပ်မလား"
"စိတ်ဆိုးတယ်! မလုပ်တော့ဘူး ကိုယ့်ဘာသာကိုယ် အငတ်ခံတော့!"
ရှောင်ကျန့်က စိတ်ဆိုးမာန်ဆိုးနဲ့ပြောလို့ ထွက်သွားသည် မြို့အုပ်၀မ်ကနောက်ကနေလိုက်တောင်းပန်တယ်။
"အချစ်...အချစ် မဟုတ်ဘူးလေ ကိုယ်ခုနကမှအလုပ်ပြီးလို့ ခန
ထိုင်နေတာပါ အချစ်..."
"မသိဘူး...မလုပ်တော့ဘူး...လာမထိနဲ့နော်! ထိရဲထိကြည့်...အိမ်ပေါ်ကနေဆင်းမှာ"
အိပ်ခန်းထဲရောက်တဲ့အထိအရှိန်မသေသေးပါ မြို့အုပ်ဝမ်လည်း
အလျှော့ပေးလိုက်ရသည် မဟုတ်ရင်အိမ်ပေါ်ကနေဆင်းသွား
လို့အခြားalphaတွေနဲ့တွေ့ရင်ရင်ကျိုးရချည်ရဲ့။
ရှောင်ကျန့်လက်လေးကိုကိုင်လို့ မြို့အုပ်၀မ်နမ်းလိုက်သည် တစ်ဖက်ကအဖတ်တောင်မလုပ်ချေ ရှောင်ကျန့်က အပေါ်ကိုပဲ
ကြည့်နေတာ ၅မိနစ်လောက်ရှိပြီ အပေါ်မှာခေါင်မိုးပဲရှိတာကို။
"မောင်..."
"အင်း..."
"ကလေးလေးမွေးမယ်ဆိုရင်လေ မောင်ဘာလေးလိုချင်လဲ"
"မင်းနဲ့တူတဲ့ အရမ်းချော အရမ်းလှတဲ့ သမီးမိန်းကလေးလိုချင်တယ်"
"ဟွန်း...မရဘူး မမွေးပေးဘူး"
"ဘာဖြစ်လို့လဲ"
"အဲ့တာဆို မောင်ကသူ့ကိုပဲချစ်တော့မှာ ကျန့်ကျန့်ကိုမချစ်တော့ဘူး"
"...."
"ကျန့်ကျန့်နဲ့တူတယ်ဆိုမှတော့ မောင်ကသူ့ကိုပဲချစ်မှာ ကျန့်ကျန့်ကို
သွားတော့ဆိုပြီး ပစ်ပယ်ထားမှာ အဲ့ခါကျရင် မောင်ကသူ့ကိုပဲချီပြီး
ချော့သိပ်မှာ သူ့ကိုပဲဖက်ထားမှာ သူ့ကိုပဲကိတ်မုန့်တွေ၀ယ်ကျွေး
တော့မှာ ကျန့်ကျန့်နေရာကိုသူ၀င်ယူသွားမှာ"
"အချစ်ရယ်...မောင်က သမီးမိန်းကလေးလိုချင်တယ်လို့ပြောတာလေ"
"မရဘူး မမွေးပေးဘူး...သားယောကျာ်းလေးပဲ မွေးမှာ မောင်နဲ့တူပြီး အရမ်းချော အရမ်းခန့်တဲ့ ယောကျာ်းလေးမွေးမှာ"
"ဟာ...ကိုယ်မလိုချင်ဘူး"
"ဘာလို့လဲ"
"အချစ်ကမောင့်ကိုထားသွားမှာပေါ့ အမြဲတမ်းသူနဲ့ပဲဆော့နေမှာ
သူနဲ့ပဲစကားတွေပြောနေမှာ ကိုယ့်ကိုပစ်ပယ်သွားမှာ မလိုချင်ဘူး"
"မောင်ကရော သမီးမိန်းကလေးမွေးခိုင်းပြီး ကျန့်ကျန့်ကိုပယ်မှာ
အသိသာကြီးပဲကို"
"ကိုယ်မပစ်ပယ်ပါဘူး ကိုယ်ကသမီးမိန်းကလေးပဲလိုချင်လို့ပြောပြတာပါ"
"မရဘူး...အဲ့ဒီ သမီးမိန်းကလေးကို မလိုချင်ရဘူး "
"မင်းပဲကိုယ့်ကိုဘာလေးလိုချင်လဲလို့မေးတာလေ"
"ဟုတ်တယ်လေ ဒါပေမဲ့ သမီးမိန်းကလေးတော့လုံး၀မရဘူး"
"ကိုယ်ကပထမဦးဆုံးရင်သွေးလေးကို သမီးမိန်းကလေးလိုချင်နေတာကို သားယောကျာ်းလေးမလိုချင်ဘူး"
"မရဘူး သားယောကျာ်းလေးပဲမွေးမှာ"
"ကိုယ့်ကိုချစ်ရင် သမီးလေးပဲယူမယ်လေနော်"
"မရဘူး! သားယောကျာ်းလေးပဲအရင်မွေးမှာ သမီးလေး မွေးရင်
မောင်က ကျန့်ကျန့်ကိုပစ်ပယ်ထားမှာ..."
"...."
"အဲ့တော့ မောင်သားယောကျာ်းလေးပဲလိုချင်ပါတယ်ဆိုပြီး
ပြောတော့မှ ကျန့်ကျန့် ကျေကျေနပ်နပ်ကြီးကို မွေးပေးမှာ"
"...."
"မောင်ကစိတ်ကူးမပြောင်းသေးသ၍ ကျန့်ကျန့်ကလည်းမောင့်ကို
လက်ခံမှာမဟုတ်ဘူး...အဲ့တော့ လင်မယားအရာရောက်အောင်
မလုပ်ဘူး... ဒါပဲ အိပ်ပြီ"
ရှောင်ကျန့်ကို ဩချပါပေရဲ့ သူပဲ မေးသေးတယ် ဖြေတဲ့ဟာကို
မကျေနပ်ဘူး အခုလည်း စောင်ခြုံလို့ လှဲလိုက်လေပြီသူ့နားကို
လူပ်စိလူပ်စိနဲ့တိုးလာတယ်။
"ကြည့်မနေနဲ့ ဖက်ထားပေး..."
ရှောင်ကျန့်ကိုဖက်ထားတော့ မကြာလိုက်ပါ အိပ်သွားတယ် မြို့အုပ်၀မ်အိပ်မပျော်ပါ အကယ်လို့များ ကလေးမရခဲ့ရင်
ဘယ်လိုလုပ်မလဲ သူတွေးပြီးကြောက်နေတာ ဒါကိုပဲ စဉ်းစားလေလေ အိပ်မပျော်လေပဲ နာရီက၁နာရီထိုးနေလေပြီ ရှောင်ကျန့်ကအိမ်မက်ထယောင်တယ်။
"သားသားလေးပဲမွေးမှာ...."
"ဟမ်..."
ပုံမှန်ဆိုရင်ရှောင်ကျန့်အိမ်မက်မယောင်တတ်ပါဘူး အခုကျမှ
ထူးထူးခြားခြားဘာလို့အိမ်မက်ထယောင်တာလဲမသိတော့။
"သားသားလေး"
"ဟက်!"
မြို့အုပ်၀မ်တစ်ချက်ရီလို့ သူ့ဟော်မုန်းအနံ့လေးတွေလွှတ်ပေးလိုက်တော့ ရှောင်ကျန့်ကသူ့ကို
ပိုတိုးလို့ဖက်လာတယ်။
"ပြောကြည့်...သမီးလေးမွေးမယ်လို့"
"ဟွန်း...သားသားလေးမွေးမှာ..."
"ဘာလေးမွေးမှာ"
"သားသားလေးပဲမွေးမှာ...."
"အင်းပါ...မင်းသဘောအတိုင်းပါပဲ"
ရှောင်ကျန့်နဖူးလေးကိုနမ်းလို့ ဖက်ထားကာအိပ်လိုက်တော့သည်
အဲ့ကျမှ ရှောင်ကျန့်လည်းမျက်လုံးပွင့်လာတယ် သူတစ်ရေးနိုး
နေတာကို မောင်မသိပါ တမင်တကာအိပ်ရေးယောင်ချင်အောင်
ဆောင်နေတာ ဒီလိုမှပေါ့ ကျန့်ကျန့်သဘောအတိုင်းပဲလေ။
______________
(16.1.2024)
#Su🐼
Part 31
____________
*တီ...တီ*
"ဟော ပြန်လာကြပြီ"
လာနူတ်ဆက်တာ သူရော"
*တီ...တီ*
"အခုပြန်လာပြီထင်တယ်"
"ဟာ...ယွီမြို့အုပ်ကြီး"
"မင်းကတော်...ရိပေါ်ရော"
ဘယ်အိမ်ကကလေးလဲ"
"...."
ပြီးတာမှမဟုတ်တာ"
"ရှောင်ကျန့်..."
နောက်ဆုတ်သွားရသည်။
"ဘာကိစ္စလဲ"
"အော်...ပြန်တော့လေ.."
လုပ်နေတာမှမဟုတ်တာ"
"မထိနဲ့..."
"ငါ့... Omegaကို...မ..ထိ..နဲ့.."
ဖြစ်မှာပါလို့"
"...."
"...."
လာလည်ပါဦးမယ်"
တိုင်းပါပဲ ။
"မောင်ရေ..."
"ဘာလို့မုန်းရမှာလဲ"
ဆို "
"...."
"ခွီ..."
*မွှ*
"...."
မဆုံးဖြတ်တတ်ဘူး"
"...."
အဲ့လိုပြောခဲ့တာ"
"အင်း"
ကြတယ် ။
လောက်ရှိနေပြီ"
"....."
"ဘာလို့လဲမောင်"
"မသိဘူး ဆိုးမှာပဲ!"
"ဒါဆိုရင်...."
"တကယ်..."
"အင်း..."
"မောင် ထမင်းမစားရသေးဘူးမှတ်လား သွားစားဦး ကျန့်ကျန့်ရေချိုးလိုက်ဦးမယ်"
"အင်း..."
၁နာရီ
၂နာရီ
၃နာရီ
*ဒေါင်...ဒေါင်*
မောင်နဲ့လက်ထပ်ထားတာ
ငတ်ပေါ့။
"မောင်..."
"..."
"ကိုယ်စဉ်းစားနေတာ"
"ဘာကိုလဲဟင်"
"ဟုတ်လား အခုလုပ်မလား"
ထိုင်နေတာပါ အချစ်..."
"မောင်..."
"အင်း..."
"ဘာဖြစ်လို့လဲ"
"...."
"ဟာ...ကိုယ်မလိုချင်ဘူး"
"ဘာလို့လဲ"
အသိသာကြီးပဲကို"
"...."
"...."
မလုပ်ဘူး... ဒါပဲ အိပ်ပြီ"
"သားသားလေးပဲမွေးမှာ...."
"ဟမ်..."
"သားသားလေး"
"ဟက်!"
ပိုတိုးလို့ဖက်လာတယ်။
"ဘာလေးမွေးမှာ"
"သားသားလေးပဲမွေးမှာ...."
______________
(16.1.2024)
#Su🐼