CHANDLER { Ongoing }

By Xylo_19

173K 6.7K 328

Chandler Hayden โ™ก Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 7 Z

1.2K 17 0
By Xylo_19

ဖေဖော်ဝါရီလဆိုသည့်အတိုင်း ရန်ကုန်မြို့ကြီး‌၌
အအေးဓါတ်ကြီးကတော့ ရရှိနေတုန်းပင် ။
မနက် ၅ နာရီခန့်လည်း ဖြစ်သည့်အတွက် ယိမ်းယိုင်
စောင်ပုံထဲသို့သာ တစ်ရစ်ရစ် တိုးဝင်နေတော့၏ ။
နောက်ကျောဘက်မှရနေသည့် အနွေးဓါတ်လေးကိုပိုရလိုရငြား နောက်ကျောသို့သာ တစ်ဖြေးဖြေးဆုတ်ကာ ထိုအနွေးဓါတ်ရသည့်ဘက်သို့ ခန္ဓာကိုယ်ကို လှည့်လိုက်တော့သည်။ မျက်ဝန်းတို့ဟာ ပွင့်မလာ ဖွင့်မရသည်ဆို ပိုမှန်သည် ။ ခန္ဓာကိုယ်ဟာ
အနွေးဓါတ်အပြည့်အဝရရှိသည်နှင့် တစ်ဖန် သူ့ရဲ့စိတ်အစဉ်တို့ဟာလည်း အိပ်စက်ခြင်းဆီသို့ ...

တီ ! တီ ! တီ !

နာရီထံမှ တစ်တီတီ မြည်သံ ဟာလည်း အချိန်မှန် ။
ချန်ဒလာ‌ဘေးရှိ စားပွဲပေါ်မှတင်ထားသည့် နာရီကို လှမ်းပိတ်လိုက်ကာ လေ့ကျင့်ခန်းလုပ်ရန် ခန္ဓာကိုယ်ကို အနည်းငယ်မျှကြွလိုက်သည်နှင့် ခါးတစ်ဝိုက်၌ ရစ်ပတ်နှောင်တွယ်ထားသည့် လက်သွယ်သွယ်လေး တစ်ဖက်။ ထိုလက်ကလေး၏ လက်သူကြွယ်၌လည်း စိန်တစ်ပွင့်ထဲပါကာ ဘေးမှကနုတ်‌ပုံတွေဖြင့်ဝန်းရံထားသည့် လက်စွပ်လေးဟာလည်း ခန့်ခန့်ညားညား တည်ရှိလေသည်။

ကျစ် !!

"" စိတ်ရှုပ်စရာကွာ ""

ချန်ဒလာ သူ့ခါးပေါ်တည်ရှိနေသည့် လက်ကို အားပါပါ ဆွဲကိုင်ချကာ ဘေးသို့ပို့ချလိုက်၏ ။ သို့သော် အိပ်နေသည့်ကောင်လေးကတော့ တစ်ချက်တောင်နိုးမလာ အင်းအဲ လုပ်ကာ စောင်ပုံထဲသို့ပြန်နစ်မြုပ်သွားသည် ။ မျက်နှာကိုပင် ဖော်ထားကာ အပူအပင်ကင်းကင်း အိပ်စက်နေ၏ ။ ဆံပင်ကောက်ကောက်က‌လေးတွေဟာလည်းနဖူးပေါ်သို့အနည်းငယ်မျှ ဝဲကျနေကာ မျက်လုံးလေးတွေဟာလည်း မို့မောက်နေသေးသည်။အေးတဲ့ရာသီဥတု ဒဏ်ကြောင့် ပါးလေးတွေဟာလည်း ‌သွေးကြောစိမ်းလေးတွေ မြင်ရကာ ဆေးမကူပါပဲ ခပ်ရဲရဲ ဖြစ်လို့နေလေသည် ။

ချန်ဒလာ ထိုခေါက်ဆွဲခြောက်ဆီမှ မြန်မြန်အကြည့်လွှဲလိုက်ကာ မှန်တွေ ကာရံထားသည့် အပြင်ဘက်သို့သာ လှမ်းကြည့်နေလိုက်သည် ။ သူတို့ အိပ်ခန်းဟာ ဒုတိယထပ်မှာရှိသည့်အပြင် အနည်းငယ်မျှ မြင့်သည့်အတွက် မြူခိုး‌တွေကိုပင်ရှင်းရှင်းလင်းလင်း မြင်နေရသည် ။ ထို့နောက် ထိုင်နေရာမှထကာ
တန်းမှာချိတ်ထားသည့် အားကစားအင်္ကျီကုတ်ကိုယူကာ အပေါ်မှထပ်ဝတ်လျှက် အခန်းထဲမှ ထွက်လာလိုက်တော့သည် ။

"" သခင်‌လေး နိုးပြီလားရှင့် ""

အခန်းထဲမှ ထွက်လာသည့် သခင်လေးကို တွေ့သည့်နှင့် မိပု၏ ခြေလှမ်းတို့ကတုံ့ခနဲ့ ရပ်လိုက်ကာ အမြန်ခေါင်းငုံ့လိုက်ရသည် ။

မိပုမှာ အပေါ်ထပ်တတ်သန့်ရှင်းရေးလုပ်ပြီးလို့ အောက်အဆင်း သခင်လေးအခန်းထဲက ထွက်လာသည်နှင့် တိုးလေသည် ။ မိပုမှာဖြင့် ခေါင်းတောင်မမော့ရဲ သူ့ကြောင့်နိုးသွားသည်ဟု တွေးနေမိလို့ပင် ။

' တော်ကြာနေ အဘစံကို ဆုံးမခိုင်းနေမှဖြင့်သေနေအုန်းမယ်။ '

ချန်ဒလာ ခေါင်းတစ်ချက်ငြိမ့်ပြကာ ..

"" လုပ်စရာရှိတာ သွားလုပ်သွား ""

"" ဟုတ် ဟုတ်သခင်လေး ""

"" ခန ! ""

ချန်ဒလာ အခန်းထဲကို မေးငေါ့ပြကာ ..

"" အခန်းထဲက လူကို ခုချက်ချင်းနှိုးပြီး မိပုနဲ့အတူ
ထမင်းချက်ခိုင်း !! ""

"" မလုပ်ပါနဲ့ အစ်ကိုလေးကို .. မိပု တစ်ယောက်ထဲနိုင် ... ""

"" ငါ့ကို အရစ်မရှည်နဲ့ !! ငါ့ခိုင်းရင်
ခိုင်းတဲ့အတိုင်းလုပ် ။ ဒီအိမ်မှာနေရင် သက်သက်သာသာနေရမယ် ထင်မနေနဲ့ ။
ဘယ်သူကိုမှ ငါထမင်းတင်ခေါ်မကျွေးနိုင်ဘူး ။ ""

"" ဟုတ်ကဲ့သခင်လေး ""

သခင်လေးအိမ်ပေါ်တတိယထပ်သို့တတ်သွားသည့် ခြေ‌တစ်ရှပ်ရှပ်အသံကိုကြားသည်နှင့် မိပု၏ ပါးစပ်မှလည်း ..

' အို သူကပဲ ထမင်းတင်မကျွေးနိုင်ဘူးရှိသေး ၊ အလုပ်မလုပ်ပဲနေရင်တောင် ပိုက်ဆံတွေက ရနေတာ သုံးမနိုင် ဖြုန်းမနိုင် သူ့လို အစားပုပ်တဲ့လူ အယောက် ၁၀၀လောက် အိမ်ပေါ်ခေါ်တင်ထားတောင် သခင်လေးတို့ မွဲမသွားပါဘူးတော် '

မိပုတို့ထုံးစံတိုင်း ပွစိပွစိ အသံတို့ဟာ စလာပြီဖြစ်သည်။ပေါ်တင်ကျတော့မပေါ်ရဲပါဘူး ။
သခင်လေးတို့ လက်ညှိုးလေး တစ်ချက်ကွေးလိုက်ရုံဖြင့် သူ့အသက်က ရှာလို့ရမည်တောင်မဟုတ်တော့ ။
အတွေးတွေကို ရပ်ကာ ရှေ့ရှိ အခန်းထဲရှိ လူကိုသာ နှိုးဖို့စရတော့သည် ။

ဒေါက် ! ဒေါက် !

"" အစ်ကိုလေးရေ ထပါတော့ !! ""

ဘုန်း! ဘုန်း !

"" အစ်ကိုလေးရေ !! ""

ယိမ်းယိုင်လည်း အခန်းရှေ့မှ တစ်ဆာဆာ အော်သံကြောင့် ထပ်အိပ်မရတော့ ။ မျက်စိနှစ်ဖက်လုံးကို အနည်းငယ်မျှ ပွတ်ကာ ကုတင်ပေါ်၌ ထထိုင်လိုက်၏ ။ ခနလောက်ငုတ်တုတ်ထိုင်နေရာမှ အိပ်ချင်ပြေသည်နှင့် တံခါးဖွင့်ရန် ခြေလှမ်းတို့ကိုသာ ဦးတည်ရတော့သည် ။

မိပု တံခါးကို ထပ်ခေါက် ဖို့ကြံလိုက်သည်နှင့် တံခါးဟာလည်း ဂျောက်ခနဲ အသံနှင့်အတူပွင့်လာတော့သည် ။

"" မိပု ဘာဖြစ်နေတာလည်း !! ""

ဖဲသား ညဝတ်အင်္ကျီ အဖြူလေးကိုဝတ်ဆင်ထားသော အစ်ကိုလေးမှာ မိပုမျက်လုံးထဲ၌ လုံးလုံးလေးနှင့် ချစ်စရာလေးပင် ။

"" သခင်လေးမနက်စာစားဖို့ အစ်ကိုလေး ကိုယ်တိုင်
မိပုနဲ့အတူ ဝိုင်းလုပ်ရအောင်ပါ ။ ""

"" အခု သူကကော ""

မိပုကိုကျော်ကာဒုတိယ တစ်ထပ်လုံးကို ယိမ်းယိုင်မျက်လုံးနှင့် တစ်ချက် ဝေ့ကြည့်လိုက်၏ ။

"" သခင်လေးက အပေါ်ထပ်မှာပါ ။ လေ့ကျင့်ခန်းလုပ်နေလောက်ပါပြီ ။ အစ်ကိုလေး အပေါ်ကို လိုက်မသွားပါနဲ့နော် သခင်လေးက အဲ့အပေါ်ထပ်ကို တတ်တဲ့လူတိုင်း အဘစံကလွဲပြီး ဘယ်သူဖြစ်ဖြစ် သတ်ပစ်မယ်ပြောထားတာ ။ ""

မိပုကား ခန္ဓာကိုယ်ကိုတစ်ချက်တွန့်ကာ ပြောလာ၏ ။

"" ငါလည်းသူ့နောက်မလိုက်ဘူး ။
ခနနေဆင်းလာခဲ့မယ် ။ ""

မိပုကိုမှာပြီးသည်နှင့် အခန်းတံခါးကိုဂျိန်းခနဲမြည်
အောင်ပိတ်လိုက်‌လေသည် ။ထို့နောက် ရေချိုးခန်းဝင်ကိုယ်လက်သန့်စင်ကာ ‌အောက်ထပ်သို့သာခပ်မြန်မြန် ဆင်းလာခဲ့တော့သည်။

•~•~•~•~•~•~•~•~•~•~•~•~•~•

အချိန်အားဖြင့် ၇ နာရီလောက်ရောက်သည်နှင့် ယိမ်းယိုင်တို့လည်း မနက်စာပြင်တာ အကုန်ပြီးစီးနေပြီ ဖြစ်သည် ။ ခန္ဓာကိုယ်ကို တစ်ချက်ပြန်ငုံ့နမ်းကြည့်လိုက်တော့လည်း စောစောစီးစီး ချွေးနံ့က ထွက်နေပြီဖြစ်သည် ။ သူဒီနေ့ Companyအစည်းအဝေးပါ
တတ်ရမည့်အတွက် ဒီအချိန်မှ ရေမချိုးလျှင်မမှီနိုင်တော့။

Dynamite Company Limited Group သည်
Gem Community တစ်ခုလုံး၌ No 1 ချိတ်ထားကာ နိုင်ငံတစ်ကာ ထိုးဖောက်နိုင်သည့် Company
တစ်ခုပင် ။ လက်ယာအရမ်းမြောက်ကာ ဒီဇိုင်းတစ်ခုလျှင် Limited 1 စုံသာ ထုတ်တတ်၏ ။ ကျောက်အရည်အသွေး ကောင်းမွန်သည့် အလျှောက်
ဈေးဟာလည်း ဒေါ်လာနှင့် ချီကာ ခေါင်ခိုက်နေတတ်သည် ။ Dynamite မှ ထုတ်ကုန်တစ်ခုခုကို
ဝတ်ဆင်ထားသောသူသည် ထိပ်သီး ဒိတ်ဒိတ်ကြဲ လူများသာဖြစ်ကြောင်း ကြည့်ရုံနှင့်တင် အတပ်သိနိုင်သည် ။

ယိမ်းယိုင် ထို Company မှာ ဝင်ရောက်လုပ်ကိုင်နေသည်မှာ နှစ်နှစ်တင်းတင်းပင်ရှိပြီဖြစ်သည် ။
ခုပြသနာပေါ်နေသည့် ဒီဇိုင်းသည်လည်း နှစ်နှစ်တာကာလပတ်လုံး သူဆွဲသည့်ဒီဇိုင်းမှန်သမျှတွေထဲမှ ရုံးချုပ်ကြီးကို တတိယအကြိမ်မြောက်တင်ပြရခြင်း ။ ပထမနှစ်ခေါက်လုံး အဆင်ပြေသည့်အလျှောက် အခုတစ်လျောက်ကတော့ဆိုးဆိုးရွားရွားပင် ။ ခိုးယူထားသည့် စကားအလျှောက် သူ့ကို ဖြုတ်ချချင်သည့် ဒီဇိုင်းဆွဲသူတွေဟာလည်း ဒူးနှင့်ဒေး။ သေချာ
ကနုတ်စိတ်ဖော်တတ်သည့် သူ့လက်ရာကျ ဌာနချုပ်က အကြိမ်ကြိမ် အခါခါ ပယ်ချခဲ့သည်။

ရေးချိုးဖို့ နောက်ကျနေပြီ ဖြစ်သည့်အတွက် အခန်းထဲရောက်ဖို့သာ ဒုန်းဆိုင်းပြေးတတ်လာတော့သည် ။
အခန်းထဲ ရောက်သည်နှင့် ဆေးလိပ်နံ့ဟာ အခန်းတစ်ခုလုံးမွှန်သလွန်ထူနေလေသည် ။ တီဗွီရှေ့ဆိုဖာပေါ်၌ ခုံကိုမှီထိုင်ကာ
ဆေးလိပ်ကိုဟန်ပါပါသောက်လျှက် အငွေ့များကို အရသာခံကာ မိုးပေါ်သို့ လွှတ်ထုတ်နေကာ အခန်းတစ်ခုလုံးဟာလည်း မီးခိုးငွေ့တွေ အပြည့်ပင် ။

"" မင်းဆေးလိပ်သောက်ချင်အပြင်ထွက်သောက် ""

"" ခင်ဗျား လာအုန်း !! ""

"" ဘာလဲ ""

တုပ်တုပ်မျှမလှုပ် တံခါးဝမှ ‌ရပ်မြဲရပ်ဆဲ ..

"" ကျုပ် နမ်းမလို့ လာအုန်း !! ""

"" ဘာကိစ္စ မင်းကငါ့ကိုနမ်းမှာလည်း ! ""

ချန်ဒလာ စကားများနေသူအားပြောမနေတော့ ထိုင်နေရမှထလိုက်ကာ မတ်တပ်ရပ်နေသူနားထိ တိုးကပ်သွားလိုက်သည် ။ သူ့ကိုကြောင်တောင်တောင်ကြည့်နေသည့်ကောင်လေး၏ ခါးမှပွေ့လျှက် ကုတင် ပေါ်သို့လှဲချလိုက်၏ ။ အပေါ်မှလည်း သူ့ခန္ဓာကိုယ်ကြီးဖြင့်တစ်ဆင့်ဖိထားကာ ..

ပြွတ် !!

"" ဖယ် !! ""

"" မနမ်းချင်ဘူးပေါ့လေ ""

ပြွတ် !!

ဘယ်ညာယိမ်းနေတဲ့ မျက်နှာတစ်ခုလုံးကို လက်ဝါးကြီးဖြင့် ထိန်းကိုင်ကာ သူအလိုရှိသလို နှုတ်ခမ်းတစ်ခုလုံးကို စားသောက်နေတော့၏ ။ အပေါ်တစ်လှည့်အောက်တစ်လှည့်ဖြင့် ကလေးစုပ်လုံးစုတ်သည့်နှယ်
သူ့စိတ်ကြိုက်ပြုစားနေတော့သည် ။

အ့!!

အောက်နှုတ်ခမ်းကို သွားဖြင့် ကိုက်ဖောက်ခံလိုက်ရသည်နှင့် ဆေးလိပ်အရသာရောယှက်နေသည့် ပူနွေးနွေးအရာကြီးက ခံတွင်း တစ်ခုလုံးကိုဝင်ရောက် ကျီစယ်လာပြီဖြစ်သည် ။ လျှာတစ်ခုလုံးကို အရင်းစမှ စုတ်ယူသွားကာ အဖျားရောက်မှလွှတ်ပေးလိုက် လုပ်နေသည်ကြောင့် အသက်ရှူမဝခြင်းနှင့်အတူ နာကျင်လာသည့်ခံစားချက်တို့ပါရောယှက်လာပြီ ဖြစ်သည်။ လျှာတစ်ခုလုံးစပ်ဖျင်းဖျင်းခံစားလာရသည်ကိုသူမခံနိုင်
တော့ ရင်ဘတ်ကို လက်သီးစုပ်လေးဖြင့် ခပ်နာနာထုမှကာ နှုတ်ခမ်းကို တစ်ချက်ကိုက်ကာ လွှတ်ပေးလိုက်သည်။

"" ခင်ဗျား နှုတ်ခမ်းတွေက သိပ်ချိုတယ် !! ""

မျက်စိမှေးကာ လျှာတစ်ချက်သပ်ကာပြောလာသူကြောင့် ယိမ်းယိုင်၏မျက်နှာဟာ နှင်းဆီပန်းပွင့်လေးပမာ ရဲခနဲ ။

"" ဖယ် .. ဖယ် ငါအလုပ်သွားရအုန်းမယ် ""

"" ခင်ဗျားက ဘယ်အလုပ်ကိုသွားမှာလည်း !! ""

"" ငါလည်း ငါ့အလုပ်ရှိသေးတယ် မင်းငါ့အပေါ်က ဖယ်စမ်းပါတော့ !! ""

"" ကျစ် ! ခင်ဗျား အလုပ်က ဘယ်မှာလည်း !! ""

"" Dynamite Company မှာ
ဘာလည်း မင်းလိုက်ပို့မလို့လား ""

Dynamite Company Limited Group နှင့်
ချန်ဒလာတို့၏ ဝေးလှသည် ။ အနည်းဆုံးကားစီးတောင် တစ်နာရီလောက်  စီးရမည်ဖြစ်သည်။
ချန်ဒလာ ရှေ့ရှိခေါက်ဆွဲခြောက်ကောင်လေးကို ကြည့်ကာမျက်ခုံးတွန့်လျှက်အနည်းငယ်မျှ စဉ်းစားလိုက်လေသည် ။

ယိမ်းယိုင်ပေါ်သို့ ဖိထားသည်မှ အနည်းငယ်ကြွလိုက်ကာ ...

"" ကျုပ်မအားဘူး ။ လိုက်လည်း မပို့နိုင်ဘူး
ခင်ဗျားဘာသာသွား ။ ""

"" သိတယ် !! ""

"" ရေသွားချိုးမှာ မလား ။ သွားတော့သွား !! ""

"" ဘယ်လိုဖြစ်လို့အတင်းနှင်လွတ်နေတာလည်း !! ""

ယိမ်းယိုင်လှဲနေရာမှထကာ ချန်ဒလာဘက်သို့ အကြည့်စူးစူးတစ်ချက်ပို့လိုက်လေသည်။ ထို့နောက် သေချာစီစစ်ထည့်ထားသည့် ဗီရိုထဲမှ အပေါ်အောက်ဝမ်းဆက်အမဲရောင်ဝတ်စုံတစ် စုံကိုထုတ်ကာ ရေချိုးခန်းထဲသို့သာဝင်လာခဲ့တော့သည် ။

ယိမ်းယိုင်အခန်းထဲဝင်သွားသည်နှင့် ချန်ဒလာ စားပွဲပေါ်ရှိ ဖုန်းကိုလှမ်းယူကာ နံပါတ်တစ်ခုသို့ အမြန်ရိုက်ကာ ခေါ်ဆိုလိုက်တော့၏ ။

တီ ! တီ !

'" ဟုတ်ကဲ့သခင်လေး !! ""

"' ငါ့အိမ်က ကားနှစ်စီးလုံး မတ်စ်နဲ့ အိုလစ်ကို
ခုချက်ချင်း လာယူခိုင်းလိုက် !! ""

"" ဗျာ !! ""

"" ကျစ် !! 15 Min တွေ အရောက်လာခဲ့ !! ""

"" ဟုတ်ကဲ့ သခင်လေး !! ""

ဟယ်ရီ ဖုန်းချ‌ တော့မည်အပြု တစ်ဖက်က
အသံက စူးကနဲ ထွက်လာ၏။

"" ခနလေး ဟယ်ရီ !! ""

"" ဘာကျန်သေးလို့ပါလည်းသခင်လေး !! ""

"" ငါ့ကိုစာအုပ် တစ်အုပ်ရှာပေး !!
တရုတ်ဈေးတန်းဘက်က
ရည်းစား ကြူးနည်းစာအုပ် !! ""

ဟယ်ရီ တစ်ချက်ရီမိလိုက်၏ ။
' ကလေးကုလား '

အဟင်း !

ဟယ့်ရီ့ရယ်သံ တစ်ချက်ကြားလိုက်သည်နှင့်
ချန်ဒလာ စကားစမြန်မြန်ဖြတ်ကာ ..

"" ဟိုကောင်တွေကို အမြန်လွှတ်လိုက်။ ဒါပဲ !! ""

အသံတို့ဆုံးသည်နှင့် ဖုန်းလေလှိုင်းကလေးဟာလည်း တိကနဲ ကျသွားတော့သည်။

ဟယ်ရီ ရီချင်နေသည့်စိတ်ကို မနည်းချိုးနှိမ်လိုက်ရသည် ။ ဖုန်းကိုစားပွဲခုံပေါ် အမြန်ချခဲ့ကာ ဂိုဏ်းအတွင်း
နားနေဆောင်များဘက်ခြမ်းသို့ တစ်ဖန်ပြေးရပြန်၏ ။ ဒီအကွာအဝေးနဲ့ ဒီအကွာအဝေး 15 Min နဲ့ လာရအောင် အိမ်နီးနားချင်းလည်းမဟုတ် ။ မတ်စ်နှင့်
အိုလစ်ကား လျင်မြန်ဖျတ်လတ်နေတော့သာ တော်သေး၏ ။နှစ်ယောက်လုံးကလေး သခင်လေး၏ အကြိုက်ကိုသိနိုင်ကာ သခင်လေးအားကိုးရသည့် ဘယ်လက်ရုံးနဲ့ ညာလက်ရုံးပင် ။

"" မတ်စ် !! အိုလစ် !! ""

"" ဟုတ်ကဲ့ အစ်ကိုလေးဟယ်ရီ !! ""

လူနှစ်ယောက်၏ နာမည်ကိုခေါ်လိုက်သော်လည်း
နားနေဆောင်ထဲ ရှိသမျှ ဂိုဏ်းသားတို့၏ အသံဟာ ဟိန်းခနဲ ...

ဟယ်ရီ့အသံကြားသည်နှင့် ဂိုဏ်းသားအားလုံးဟာ သတိစွဲကပ်အနေအထား ။ အောက်ကဘောင်းဘီအနက် အပေါ်မှ T shirt အနက်ကိုဝတ်ဆင်ထားသည် ။ T shirt အနက်အပေါ်မှ ထပ်ပြီးလည်း Vest အသေးစားဝတ်ဆင်ထားကာ သေနတ်နှစ်လက်ကိုလည်း ထိုးထားသေးသည် ။ ‌

"" သခင်လေးက သူ့အိမ်က ကားနှစ်စီးလာယူဖို့အမိန့်ပေးသွားတယ် !! ""

မတ်စ်နဲ့ အိုလစ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ၏ ။ ဘာလို့ဆို သူတို့သခင်‌လေးသည် သူ့ကားတွေကို ဘယ်တစ်စုံ တစ်ယောက်မှ ပေးစီးခြင်းမပြု ။ မောင်းခိုင်းဖို့ဆိုတာ ပိုဝေး၏ ။ ခုမှ ဘာစိတ်ကူးပေါက်လည်းတော့မသိပေ။

"" သခင်လေးက သူ့ကားတွေကို ပေးမမောင်း .. ""

မတ်စ်က ဟယ်ရီ့ကိုကြည့်ကာ စကားစလိုက်၏ ။

"" မရှည်နဲ့ !! သခင်လေးက ဒါလုပ်ဆိုလုပ်လိုက် !! ""

"" ဟုတ်ကဲ့ပါ အစ်ကိုလေးဟယ်ရီ !! ""

"" သွားတော့။ 15 မိနစ်အတွင်းအရောက်သွား
မမေ့နဲ့ !! ""

မတ်စ်နဲ့ အိုလစ်လည်း ခေါင်းတစ်ချက်ငြိမ့်ပြကာ
နက်စွေးစွေး ဆိုင်ကယ်ကြီးပေါ်တတ်ကာ မြန်ဆန်သောအရှိန်ဖြင့် ချန်ဒလာ၏ အိမ်သို့ ဦးတည်ခဲ့တော့သည်။

မတ်စ်နဲ့ အိုလစ် နှစ်ယောက်လုံး အိမ်ရှေ့ရောက်သည်နှင့် သခင်လေးက အိမ်ပေါက်ဝမှာ ရပ်ကာ
သူတို့ကို မျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေ၏။

"" ‌ရော့ကားသော့ !!
ဘေးကကားနှစ်စီးလုံးဂိုဏ်းကို
မောင်းထုတ်သွားလိုက် !! ""

ပစ်လာသည့် ကားသော့‌တွေကို အမြန်ဖမ်းလိုက်ကာ
McLaren Sharks ဘေးမှာ တစ်ဖက်တစ်ချက်စီရပ်ထားသည့် McLaren ကား အဖြူရောင်နှင့်အမဲရောင်ကို တစ်ယောက်စီမောင်းကာ မောင်းထုတ်သွားလေသည် ။

ချန်ဒလာ သူ့ကားနှစ်စီးလုံး မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့် ကျန်ရှိနေသည့် ကားပေါ်တတ်လိုက်ကာ
ခပ်ပါးပါးပြုံးလိုက်‌၏ ။ ထို့နောက် ခြံကိုပတ်ကာ ကျွမ်းကျင်စွာကွေ့လျှက် အိမ်အပြင်သို့ထွက်သွားလေသည်။

ဟက် !!

ယိမ်းယိုင် ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ
ချန်ဒလာဟာ မရှိတော့။ နာရီကြည့်တော့ 7 ခွဲနေပြီမို့
ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ ဒီဇိုင်းပိုင်းနှင့်ပတ်သတ်သည့် အချက်အလက်တစ်ချို့ကို ယူကာ အိမ်အောက်သို့သာ ဆင်းလာခဲ့တော့သည်။

"" အဘစံ !! ""

"" ကျွန်တော် အလုပ်သွားမလို့ ဒီမှာ ကားရှိတယ်မလား တစ်စီးလောက်ဖြစ်ဖြစ်ခနငှား ! ""

"" အယ် သားငယ် သခင်လေးကလည်း
အလုပ်သွားပြီ ကျန်တဲ့ကားနှစ်စီးကလည်း
ဝပ်ရှော့ပို့ထားရတယ် !! ""

အဘစံ သခင်လေးကို အပြစ်မမြင်စေလိုသောကြောင့် ဖုံးဖိပြောလိုက်၏ ။ အစောကြီးကတည်းက မတ်စ်နဲ့အိုလစ်လာကတည်းက သိလိုက်ရမှာ ဒီတိုင်းပဲ ကားထုတ်သွားတယ်လို့ပဲ ထင်နေမိတာ။ သူအနည်းငယ်မျှ သတိမမူလိုက်မိဘူးပဲ ။
သခင်လေး ဘာတွေလုပ်နေလည်း အဘစံတောင်နားမလည်တော့ ...

"" ကားနှစ်စီးလုံးလား !! ""

"" အင်းဟုတ်တယ်သားငယ် ""

"" ကျစ် ! ဒီလိုနေ့ကြီးမှဗျာ ဒီနေ့အရေးကြီး အစည်းအဝေးရှိတယ် !! ""

ယိမ်းယိုင် ဆံပင်တွေကို တစ်ချက်လှန်တင်ကာ
စိတ်ရှုပ်သလို ပြောလိုက်၏ ။

လမ်းထိပ်ကို သွားပြီး တက္ကစီငှားရင်တောင်
လမ်းကတော်တော်လျှောက်ရပေအုန်းမည် ။
မတတ်နိုင်ပေ ဒီလို ကြုံမှတော့
လျှောက်ဆိုလည်းလျှေက်ရမှာပဲ ။ အိမ်ထဲ ခြံပြင်ထွက်ဖို့တစ်ခါ ခြံပြင်ကနေလမ်းထိပ်ကိုတစ်ခါ
လမ်းလျှောက်ရရင် သူလည်း Company မရောက်ခင် သေဖို့ပါပဲ ။

ယိမ်းယိုင် အိမ်ထဲမှအပြင်သို့ထွက်သွားသည်နှင့် ..

"" အဘစံ အဘစံ !! ""

"" ဟေ ဘာတုန်း ! ""

"" ဒီနေ့သခင်လေး မနက်စာစားမသွားဘူး ""

"" အဲ့တာ ထူးဆန်းလို့လား တစ်ခါတစ်လေ
မစားတာ ""

"" ထူးဆန်းတာပေါ့ အဘစံကလည်း မနက်အစောကြီး သခင်လေးက
အစ်ကိုလေးကိုကိုယ်တိုင်နှိုးခိုင်းပြီး ထမင်း
ထချက်ခိုင်းတာလေ
ဟောအခုလည်းကျ မိပုက မနက်စာစားဖို့သွားခေါ်တော့ သွန်ပစ်လိုက်တဲ့ အစ်ကိုလေး ချက်ထားတာတွေ နှမြောစရာကြီး ။ ""

အဘစံ မိပု၏ စကားကိုနားထောင်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"" ဒီစကားတွေ အစ်ကိုလေး ယိမ်းယိုင်နားထဲ ပြန်မရောက်စေနဲ့ ငါပြောတာနားလည်လား !! ""

"" ဟုတ်ကဲ့ပါ အဘစံကလည်း ""

"" အေး ညည်းသာပါးစပ်မဖွာနဲ့သတိထားနေ
ဟင်း ဟင်း !! ""

လက်ညှိုးထိုးလျှက် သတိထားနေဆိုသည့်ပုံစံဖြင့် သတိပေးကာ ထွက်သွားသူအား မိပု‌
နောက်မှကြည့်ကာ တိုးတိုးလေးပြောလိုက်၏ ။

' အို ဒီအိမ်ကလူတွေကလည်း ခနခန ခြိမ်းခြောက်နေတော့တာပါပဲ '

•~•~•~•~•~•~•~•~•~•~•~•~•~•~•

15 • 1 • 2024 •
Xylo
Vote & Com

Continue Reading

You'll Also Like

441K 24.3K 17
๐’๐ก๐ข๐ฏ๐š๐ง๐ฒ๐š ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ๐ฑ ๐‘๐ฎ๐๐ซ๐š๐ค๐ฌ๐ก ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ~By ๐Š๐š๐ฃ๐ฎ๊จ„๏ธŽ...
12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. โ€ขโ€ข in which a homeless boy goes to audition for an entertainment company, and there...
2.7K 30 6
He stared at me with honey dripping out of his eyes. I stared back. His eyes were something I can drown myself in and not wanting to be saved. "Can I...
30.8K 627 68
Author: Shaoyu/ๅฐ‘ไบˆ Category: Tanmei fiction Status: 69 chapter Shu Ran listened to a story about an educated youth before going to bed. When a certain...