တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

103K 9.1K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 14

1.5K 162 1
By Swae_Nyoe

14 01

အခန်း (၁၄)

ချင်ချန်းတောင်ကနေ မြို့တော်အထိခရီးကသိပ်တော့ မဝေးဘူး။ မနှေးမမြန် ပုံမှန်နှုန်းနဲ့ သွားမယ်ဆို သူတို့ဆယ်ရက်အတွင်းရောက်နိုင်တယ်။တောင်ထိပ်ကနေ တောင်ခြေအထိ အမျိုးမျိုး အဖုံဖုံ

ပြောင်းလဲနေတဲ့ရှုခင်းတွေကို ချန်ထားခဲ့ရင်း ​တရွေ့ရွေ့ ခရီးဆက်လာတယ်။

သူတို့ရှေ့ကို ခရီးဆက်လာတာနဲ့အမျှ ရာသီဥတု ကပိုပူလာတယ်။ ဒါပေမဲ့ ဒီ နေပူကျဲကျဲက တုန်အာရဲ့ စိတ်လှုပ်ရှားမှုနဲ့စပ်စုချင်စိတ်ကိုတော့ မတားနိုင်ဘူး။ သူတို့ယန်ကျင်းရဲ့ မြို့တော်နဲ့ နီးလာတာနဲ့အမျှ တုန်အာကသူ့ကိုယ်သူ သတိမမူမိဘဲ ရထားလုံးရဲ့လိုက်ကာစကိုမ,တင်ကာ အပြင်မြင်ကွင်းကို ခဏခဏ ခိုးကြည့်နေတယ်။ ယွီရှန်းက ကျန်းလီရဲ့ ဘေးမှာထိုင်နေတယ်။ စွမ့်မောမောက ကျန်းလီကို လာကြိုတယ်လို့သာ ပြောတာ တမင်လား မတော်တဆလား မသိပေမယ့် ကျန်းလီအတွက် အစေခံမလေးတစ်ယောက်မှ ခေါ်မလာခဲ့ဘူး။ အဲ့ဒါကြောင့် ခရီးတစ်လျှောက်လုံး ကျန်းလီနဲ့ အနီးကပ်ရှိ​​ပေးတာဆိုလို့ တုန်အာနဲ့ယွီရှန်းဘဲ ရှိတယ်။ မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ကတော့ ရထားလုံးဟာ ရထားလုံးကောင်းတစ်ခုဖြစ်ပြီး အထဲမှာ နူးညံ့တဲ့ မွေ့ယာတစ်ခုလည်းပါတယ်။ ရထားလုံးရဲ့ လိုက်ကာစတွေနဲ့ လက်တစ်ကမ်းအကွာမှာ ထိုင်နေတဲ့ တုန်အာက ခေါင်းကိုယွီရှန်းဘက် လှည့်လိုက်ပြီး "ယွီရှန်းမမ မကြာခင်မြို့တော်ကို ရောက်တော့မယ်။ ကျွန်မနဲ့ မမလေးက ဒီကိုမရောက်ဖြစ်တာ တော်တော်ကြာပြီဆိုတော့ အခုမြို့တော်မှာ ဘာတွေခေတ်စားနေပြီး ဘယ်လိုအခြေအနေရှိလဲဆိုတာ မသိဘူး။ အဲ့တော့ ယွီရှန်းမမ ကျွန်မကိုသင်ပြပေးလို့ရမလား။ ဒါမှ ဘာအနှောင့်အယှက်မှမဖြစ်ဘဲ ပြန်သွားတဲ့အခါ ရယ်စရာဟာသကြီးဖြစ်မနေတော့ဘူးပေါ့"

တကယ်တော့ ကျန်းလီနဲ့ တုန်အာက အသက်ဘယ်လောက်မှ ကွာတာ မဟုတ်ဘူး။ ကျန်းလီ ချင်ချန်းတောင်ကို အပို့ခံလိုက်ရတုန်းက တုန်အာက ဘာမှ မသိနားမလည်တဲ့ အစေခံငယ်လေးပဲ ရှိသေးတာ။

သူမရဲ့ မြို့တော်နဲ့ပက်သက်ပြီး မှတ်မိတာဆိုလို့ လုံးဝမှုန်ဝါးဝါးဘဲရှိတယ်။ယွီရှန်းက ရယ်မိသွားပြီးပြန်ပြောတယ်။

"ခရီးတစ်လျှောက်လုံး နင်ဒါကိုမေးနေတာ ဆယ်ခေါက်မဟုတ်တောင် ရှစ်ကြိမ်လောက်တော့ ရှိနေပြီ။ ငါသိသမျှနဲ့ ပြောနိုင်တာ အကုန် ပြောပြီးသွားပြီလေ... ပြီးတော့ မြို့ကို ပြန်လာရုံအပြင် ဘာမှမဟုတ်ဘူးကို ဘာတွေ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ မမလေးကျန်းကို ကြည့် နည်းနည်းလေးတောင် စိတ်မလှုပ်ရှားနေဘူး တွေ့လား"

အဲ့အချိန်မှာ တုန်အာက စာအုပ်ဖတ်နေတဲ့ ကျန်းလီကို ကြည့်ပြီး သူမဘာတွေးနေလဲဆိုတာ မသိပေမယ့် ရုတ်တရက် ရယ်ပြီးပြောလိုက်တယ်။ "ဟုတ်တာပေါ့ ငါတို့မမလေးက သာမန်အိမ်က မိန်းမပျိုလေးမှ မဟုတ်တာ သူ စိတ်မလှုပ်ရှားတာကမှ ပိုသဘာဝကျတာပေါ့"

တုန်အာ ပြောတာကြားပြီး ယွီရှန်းကလည်း လိုက်ရယ်တယ် ဆိုပေမဲ့ သူ ကျန်းလီကို ထပ်ကြည့်မိသွားတာတော့ မတတ်နိုင်ဘူး။

လမ်းတစ်လျှောက်လုံး သူမက စာဖတ်ရင်ဖတ် မဖတ်ရင်လည်းမျက်စိမှိတ်ကာ နားနေတာပဲ။ တုန်အာလို ဂနာမငြိမ် သိချင်စိတ်များနေတာနဲ့ တော်တော်ကွာခြားတယ်။ မြို့တော်ကိုပြန်ရောက်တာနဲ့ပက်သက်ပြီး ကျန်းလီက စိတ်ဝင်စားဟန်မပြဘဲ အထူးသဖြင့် ငြိမ်သက်တဲ့အသွင်ကိုသာ ပြခဲ့တယ်။ ယွီရှန်းက အဲ့တုန်းက ကျန်းသခင်မလေးကို ဘာ

အကြောင်းကြောင့် ချင်ချန်းတောင်ကို ပို့လိုက်သလဲ ဆိုတာ နားမလည်ခဲ့ဘူး။

သူမ မိထွေးကဘဲ ချောက်ချစွပ်စွဲချင်လို့တမင်ကြံတာလား ဒါမှမဟုတ် သူမက တကယ်ဘဲ သူ့မိထွေးကို ထိခိုက်စေချင်ခဲ့တာလား ဘာကြောင့်ဘဲဖြစ်ဖြစ် ကျန်းအိမ်တော်ကနေ သူမက နှစ်ပေါင်းများစွာ ထွက်လာခဲ့ရတယ်။ အခုသူပြန်ရောက်ပြီလေ တုံ့ပြန်မှုလေး နည်းနည်းတော့ ပြသင့်တယ်မလား စိတ်လှုပ်ရှားတာ၊စိတ်ပူတာ၊စပ်စုချင်တာမျိုး ဒေါသ၊စိတ်မပါတာ အိမ်ကိုလွမ်းနာကျတာမျိုးတောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့လည်း သူ့မျက်နှာပေါ်မှာ ဘာမှမရှိဘူး။ ကျန်းသခင်မလေးနှစ်က ငြိမ်သက်ရိုးရှင်းစွာ ရထားလုံးထဲမှာ ထိုင်နေပြီးအေးအေးချမ်းချမ်း ခရီးတစ်လျှောက်လုံး လိုက်ပါလာခဲ့တယ်။ သူမက မြို့တော်ကိုတွေ့ရမှာကိုရော မမြင်ရတာကြာတဲ့ ဆွေမျိုးတွေကိုတွေ့ဖို့ကိုရော ဘာပူပန်မှုမှ မပြဘူး။ ကျိုးနွံပြီးအေးချမ်းတဲ့ပုံရိပ်​လေးနဲ့ဘဲ ရှိနေတယ်။ တစ်ခါတစ်လေ သူ့ကိုကြည့်လိုက်ရင် အေးစက်စက်နဲ့ စိတ်မဝင်စားသလိုမျိုး။

ရထားလုံးဟာ တဒုန်းဒုန်း အသံပေးရင်း လမ်းကြောင်းတစ်လျှောက် မောင်းနှင်လာတယ်။ မြို့အဝင်ဂိတ်ကို ရောက်တော့ နေ့လည်တောင် ဖြစ်နေပြီ။ မြို့ရိုးပေါ်က အစောင့်တပ်သားတွေက စွမ့်မောမောနဲ့ သူ့အဖွဲ့ကို တွေ့တဲ့အခါ ကျော်ဖြတ်ခွင့်ပေးလိုက်တယ်။ မြို့ရိုးထဲ ရောက်သွားတာနဲ့ ပျားပန်းခပ် ဆူညံသံတွေ ကြားရတော့တယ်။ အထိန်းတော်စွမ့်က အပြင်ကနေပြုံးရင်း "ဒုတိယသခင်မလေး ကျွန်မတို့ မြို့ထဲဝင်လာပါပြီ"

ကျန်းလီကလိုက်ကာစကို လှန်ဖွင့်လိုက်တာနဲ့ အပြင်က လူအများကြီးရဲ့ စပ်စုတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ တုန်အာက အပြင်မှာ ဒီလောက် လူအများကြီးရှိမယ်လို့ မမျှော်လင့်ထားတော့ အံ့ဩသွားပြီး ခဏတော့ ဗလာမျက်ဝန်းနဲ့ စိုက်ကြည့်နေတယ်။

ယွီရှန်းက ပြုံးပြီးရှင်းပြတယ်။

14 02

"အကြီးအကဲလက်ထောက်ရဲ့ ရထားလုံးက သန့်စင်ပြီး လှပတော့ သေချာပေါက် သာမန်လူတွေကမြင်ရင် မှတ်မိနေကြမှာပဲ။ ကြည့်ရတာတော့ မမလေးအိမ်တော်ကို ပြန်လာမယ့်ကိစ္စကို အပြင်မှာပါ အကုန်သိပြီးကြတဲ့ပုံပဲ... ဒီနေ့ ဒီလူတွေ ဒီလိုဖြစ်နေတာက သေချာပေါက် သူတို့ ရထားတဲ့ သတင်းကြောင့် ဖြစ်မယ်"

ကျန်းလီက ပြုံးပြီး "ဒီအချက်ကို ထောက်ပြတဲ့အတွက် ယွီရှန်းမမကို ကျေးဇူးတင်ပါတယ်"

သူမက အလျင်အမြန်ပင် ချီးမွမ်းမှုကို ငြင်းဆန်လိုက်တယ်။ နေလုံးက ခေါင်းပေါ်တည့်တည့်ရောက်နေပြီး အောက်ကလူတွေအပေါ် စူးစူးရှရှ ဖြာကျနေတယ်။ ကျန်းလီက အမြန်ဖြတ်ခနဲ ကြည့်ပြီး လိုက်ကာစကို ချလိုက်တယ်။ တုန်အာက အပြင်ကို ကြည့်ချင်နေသေးပေမဲ့လည်း ရွေးချယ်စရာ မရှိတာကြောင့် သူ့ဘာသာ ငြိမ်နေလိုက်တယ်။ သူ့စိတ်ထဲမှာ မလွယ်ကူလောက်မဲ့ ခံစားချက်ကြီးနဲ့ ကျန်းလီကို စကားအချို့နဲ့ နှစ်သိမ့်ပေးမဲ့ အတွေးလည်း ရှိနေတယ်။ ဘယ်သူထင်မှာလဲ... ကျန်းလီက ရိုးရိုးရှင်းရှင်း ရထားလုံးရဲ့ ကူရှင်ကိုမှီလိုက်ပြီး လက်ဖက်ရည်ကို မနှေးမမြန်နဲ့ ငုံလိုက်တယ်။ ဘာအပူအပင်မှ မရှိသလိုနဲ့။

တုန်အာက ကျန်းလီရဲ့ လက်ဖျားစကိုဆွဲပြီး အသံတိုးတိုးလေးနဲ့ပြောတယ်။

"မမလေး အိမ်တော်ကို ရောက်တဲ့အခါ ဒီအစေခံက သေချာပေါက် ကောင်းကောင်း ကာကွယ်ပေးပါ့မယ်"

ဒီစိုးရိမ်နေတဲ့ကတိလေးက ကျန်းလီကို ကျေနပ်သွားစေတယ်။ သူမက ခေါင်းခါလိုက်ပြီး ပြန်ပြောတယ်။

"ဘာမှ ကြောက်စရာ မရှိပါဘူး"

ရထားလုံးရဲ့လိုက်ကာစတွေက အပြင်ဘက်ကလူတွေရဲ့ စပ်စုတဲ့အကြည့်တွေနဲ့ သူတို့ကို ခြားထားပေမဲ့ အဲ့ဒါက ကျန်းလီရဲ့ စိတ်ကို မှန်တစ်ချပ်လိုမျိုး ပိုပြီး ရှင်းလင်းအောင်ပြောင်းသွားစေတော့တယ်။

ချင်ချန်းတောင်ကဖြစ်ရပ်အပြီး ကျန်းအိမ်တော်ရဲ့ ဒုတိယသခင်မလေးက ညှို့ယူဖမ်းစားတတ်တဲ့ သီလရှင်လက်အောက်ကို ပို့ခံလိုက်ရတဲ့အကြောင်းကို လူတိုင်းသိကြတယ်။ ကြည့်ရတာ သခင်မလျူက ကျီမိသားစုကို သွားပုပ်လေလွင့်ပြောပြီး ဆွဲချဖို့ အခွင့်အရေးကို လက်လွှတ်မခံခဲ့ဘူး ထင်ပါရဲ့။ ပင်ကိုယ်အားဖြင့် အဲ့ကိစ္စမှာ သခင်မလျူရဲ့ အကူအညီလည်းပါခဲ့တယ်။ မိထွေးဆိုပေမဲ့ ဂရုစိုက်တဲ့ သူတော်ကောင်းဆိုတာကို သက်သေပြဖို့ ကျီရှုးရန်အတွက် လူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ လိုတယ်။ သူက ကျန်းလီကို ကြိုဆိုဖို့ ကြွားပြရုံသာမက ပြန်ခေါ်ဖို့ အမိန့်ပေးလိုက်တာက သူပါ ဆိုတာကို ယန်ကျင်းကလူ အကုန်လုံးကို သိအောင် လုပ်ဖို့လိုသေးတာကြောင့် ခမ်းခမ်းနားနား လုပ်ဖို့အပြင် ရွေးစရာမရှိဘူး။ သူက မျက်နှာကောင်းပြဖို့အရေး ရထားလုံးနဲ့ ကိုယ်ရံတော်တွေအားလုံး သူကိုယ်တိုင် စီစဥ်ခဲ့တာ ဖြစ်တယ်။ ဒါပေမယ့်လည်း အဲ့ဒါကကျန်းလီရဲ့ အဆင့်အတန်းကို ပိုမြှင့်တင်ပေးရာ ရောက်တာကလည်း မလွဲဧကန်ပဲ။

ဒီအကွက်က မမလေးကျန်းက အဆိပ်ပြင်းတဲ့ နှလုံးသားနဲ့ သူ့မိထွေးနဲ့မောင်ငယ်လေးကို ထိခိုက်အောင် လုပ်ခဲ့ပေမဲ့ ၇နှစ်လောက် စာမလာသတင်းမကြားနဲ့ သီလရှင်ကျောင်းကို ပို့ခံလိုက်ရသော်ငြားလည်း လျစ်လျူရှုခြင်း မခံရဘဲ လက်ထောက်အကြီးအကဲချုပ်ရဲ့ ရွှေကိုင်းရွှေခက်နဲ့ မြရွက်လို အဖိုးတန်လေးဆိုတာ ယန်ကျင်းက လူတွေအားလုံးကို အသိပေးလိုက်တာပဲ။ တစ်ဖက်မှာတော့ လက်ရှိ သခင်မကျီရှုးရန်က ဒါတွေလုပ်နေရတာကို အတော်လေး စိတ်မချမ်းမသာ ဖြစ်နေတာကိုတော့ ဘယ်သူမှမသိဘူး။ ကျန်းလီက သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းကို ယောင်ယောင်လေး ပင့်တင်လိုက်တယ်။ သူကလာမဲ့ရက်တွေ အတွင်း အိမ်တော်မှာ နေရမှာကို လုံးလုံး ကြောက်ရွံ့မှု မရှိဘူး။ အရင်ထဲက သူ့ရှေ့မှာ ဓားတောင်နဲ့မီးပင်လယ်၊ ဝံပုလွေနဲ့ကျားတွေစတဲ့ အခက်အခဲတွေ ရှိခဲ့ကြပေမဲ့ အဲ့ဒါတွေကိုတောင် မကြောက်ခဲ့သေးတာပဲ။

တစ်ခါသေဖူးတဲ့လူတစ်ယောက်အနေနဲ့ သူ့သတ္တိတွေက သံမဏိအဖြစ် သွန်းလောင်းပြီးသွားပြီ ဖြစ်တယ်။ အခုချိန်ကစပြီး ကျန်းမိသားစုရဲ့ဒုတိယသခင်မလေး အဖြစ်

သူမက သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့ မမလေးကျန်းရဲ့ အတိတ်နဲ့ အနာဂတ်ကို အကောင်းဆုံး တာဝန်ယူသွားရမယ်လို့ ယူဆမိတယ်။

သူ့နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ အဲ့လူအနား ချဥ်းကပ်ပြီး သြဇာလွှမ်းမိုးစေဖို့အတွက် ကျန်းမိသားစုရဲ့ အထောက်အပံ့နဲ့ အာဏာကို လိုအပ်တယ်။ အဲ့လူတစ်စုကို လက်စားချေမဲ့ လမ်းကြောင်းပေါ် ရောက်ဖို့အတွက် သူတို့ကို လိုကိုလိုအပ်တယ်။

ရထားလုံးဟာ လမ်းကြောင်းတစ်လျှောက် ဆက်သွားနေတာ နောက်ဆုံး အိမ်တော်တစ်ခုရှေ့မှာ မရပ်ခင်အထိ အချိန်ဘယ်လောက် ကြာသွားမှန်းတောင် မသိဘူး။ အပြင်ဘက်မှာ လှုပ်ရှားမှုတွေနဲ့ ပျားပန်းခတ် ဆူညံနေကြတာက အဲ့အချိန်မှာ ခဏလောက် ငြိမ်ကျသွားသလိုပဲ။ အပြင်က အထိန်းတော်စွမ့်က... "ဒုတိယသခင်မလေး ကျွန်မတို့ အိမ်ရောက်ပါပြီ"

အိမ် ဒါကျန်းလီရဲ့ အိမ်ပေါ့

ရထားလုံးရဲ့အပြင် အိမ်တော်ရဲ့တံခါးဝမှာ လူတစ်စုက ရပ်ကြည့်နေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက ဒီသတင်းကို ယန်ကျင်းတစ်မြို့လုံးက သိပြီးပြီ ဖြစ်တယ်။

14 03

လွန်ခဲ့တဲ့ ၇နှစ်တုန်းက သခင်မလေးကျန်းရဲ့ လုပ်ရပ်က အပြင်မှာ ခဏလောက် ဆူညံပွက်လောရိုက်သွားသေးတယ်။ ဒါ့အပြင် လက်ရှိ ကျန်းယွမ်ပိုင်က နန်းတော်ခုံရုံးထဲမှာ အရေးပါတဲ့နေရာရထားတာကြောင့် ကျန်းမိသားစုရဲ့ အရေးကိစ္စတွေကို လူတွေအာရုံစိုက်ကြတာ သဘာဝပဲ။ဒါကတော့ ၇နှစ်လောက်ကြာပြီးမှ ပြန်လာတဲ့ ကျန်းသခင်မလေးနှစ်ပဲ။ ကျန်းအိမ်တော်ရဲ့ ကြီးမားတဲ့ တံခါးဝမှာ လူအများကြီးဟာ တန်းတန်းမတ်မတ် ရပ်နေကြတယ်။ လှပသိမ်မွေ့ပြီးဆွဲဆောင်မှုရှိတဲ့ သခင်မက ဦးဆောင်သူပဲ။

သူ့ဘေးမှာ နူးညံ့နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမငယ်လေး ရပ်နေတယ်။သူမရဲ့ မျက်နှာအနေအထားက ဘေးကအမျိုးသမီးရဲ့ ပုံတူလိုဘဲ။ မိန်းမနှစ်ယောက် အလယ်မှာတော့ ခန့်ညားပြီးအရပ်ရှည်တဲ့ အမျိုးသား တစ်ယောက်ရပ်နေတယ်။ သူတို့က သေချာပေါက် ကျန်းယွမ်ပိုင်၊ ကျီရှုးရန်နဲ့ သူတို့သမီး ကျန်းယို့ရောင်တို့ဘဲပေါ့။

သာမန်လူတွေရဲ့ တီးတိုးစကားသံတွေက သူတို့ နားထဲရောက်လာတယ်။

"ကျန်းသခင်မလေးသုံးက အရမ်းလှလှပပ ကြီးပြင်းလာတော့ ဒုတိယသခင်မလေးကရော ဘယ်လိုလဲမသိဘူး"

တခြားတစ်ယောက်က ဘောက်ဆတ်ဆတ်နဲ့ ပြန်ပြောတယ်။ "မမလေးသုံးက သူ့အမေရဲ့ အလှနဲ့ဆင်လို့လေ... သခင်မကြီးရဲ့ အကျော်ဇေယအလှကို မမြင်ဘူးလား ငါကြားတာကတော့ မမလေးနှစ်ရဲ့အမေအရင်း အရင်ကျန်းသခင်မရဲ့ ရုပ်ရည်က သာမန်ပဲတဲ့။ သူမသာ သူ့အမေနဲ့ တူရင်တော့ ကွာခြားမှုကြီးက ဆီနဲ့ရေလို ဖြစ်သွားမှာပဲ"

"အဲ့လိုတော့ လည်း ပြောလို့မရဘူးလေ။ မင်းသူ့ကိုတစ်ခါမှတောင် မတွေ့ဖူးဘူး မလား"

"မတွေ့ဖူးတော့ရော ဘာအရေးလဲ။ အဲဒါကိုခဏ ဘေးဖယ်ထားဦး သူကသီလရှင်ကျောင်းမှာပဲ ၇နှစ်တောင် နေခဲ့တော့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို သိမှာမဟုတ်ဘူး။ ဆိုတော့သူက ဘယ်လိုလုပ် ကျန်းသခင်မလေး၃ရဲ့ ထူးချွန်တဲ့အရည်အချင်းတွေနဲ့ ရင်ဘောင်တန်းနိုင်မှာလဲ ပိုဆိုးတာက အဲ့ကျောင်းက တကယ့်ကို အမည်းစက်စွန်းထင်းနေတာပဲ။ သူလည်း တစ်ခုခုရဲ့လွှမ်းမိုးမှုကြောင့် အဲ့လိုသူတွေနဲ့ အတူတူပဲဆို ပိုပြီးအရုပ်ဆိုးသွားလိမ့်မယ်"

အသံကတဖြည်းဖြည်းတိုးသွားတယ်။ လက်ရှိ ပြောနေတဲ့သူကတစ်ယောက်ယောက် ကြားသွားရင် စစ်ဆေးခံရပြီး အတင်းတုပ်လို့ ဖြစ်လာမယ့် ဒုက္ခတွေကို ကြောက်လို့ဘဲ။ ကျန်းယို့ရောင်က ဒါကို ကြားတော့ သူ့နှုတ်ခမ်းတွေကွေးတက်သွားတာကို မထိန်းနိုင်လိုက်ဘူး။

ဒါပေမယ့် ဘေးက ကျီရှုးရန်က သူ့ပုံစံကို အခြေအနေအလိုက် ထိန်းသိမ်းထားတာကြောင့် ယို့ရောင်ရဲ့ စိတ်ထဲကခံစားချက်တွေကလည်း တစ်မဟုတ်ချင်း ပျောက်သွားတော့တယ်။ အထိန်းတော်စွမ့်က ခုဏလောက်ထဲက ခေါ်လိုက်ပေမဲ့ ရထားလုံးအတွင်း ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။

ကျန်းယွမ်ပိုင်က နည်းနည်း မျက်မှောင်ကြုံ့လိုက်တယ်။ လူအုပ်ကြီးက စိတ်မရှည်ဖြစ်လာပြီး အဲ့အချိန်မှာပဲ ရုတ်တရက်ကြီး အထဲက ခပ်ပြတ်ပြတ်အသံတစ်ခုထွက်လာတယ်။

"မမလေး ဒီအစေခံက မမလေး အောက်ကိုဆင်းဖို့ ကူညီပါ့မယ်"

ရထားလုံးလိုက်ကာတွေ ပွင့်သွားပြီး တစ်ယောက်ယောက်က ကျန်းသခင်မလေးကို အောက်ဆင်းဖို့အတွက် လက်တစ်ဖက်နဲ့ကူတွဲပေးထားတယ်။

Telegram မှာ အပိုင်း ၄၉အထိ ရောက်ပါပြီနော်။ 

Continue Reading

You'll Also Like

438K 47K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
192K 29.1K 72
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
223K 21.5K 146
ဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာ...
523K 76.6K 160
Disclaimer : I'm not own this novel. I'm just translate to MM langauge Eng Title- I become a burdensome child after transmigrating Author(s)- Biting...