စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.2K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 12

1K 36 0
By Ex_0069

Unicode
Episode _ 12

" တေလွန်း.. မင်း ဟိုဘက်နည်းနည်းတိုးပါအုံး... "

ကျွန်တော် ဘေးကိုအတင်းကပ်ပြီးလိုက်အိပ်နေတဲ့တေလွန်း။ ကျွန်တော့်ကို လာတောင်းပန်တဲ့သူက ကိုယ့်အိမ်ကိုပြန်မအိပ်ဘဲ ကျွန်တော်နဲ့ဟန်သာ နှစ်ယောက်ကြားထဲကိုအတင်းတိုးဝှေ့ပြီး ဝင်အိပ်နေတယ်လေ။ ကုတင်က လူနှစ်ယောက်အိပ်လောက်သာကျယ်တာမို့ လူသုံးယောက်အိပ်တဲ့အခါ တကယ်ကိုကျဥ်းကျပ်သည်။

" မင်းကလည်း... "

" ငါ ပြုတ်ကျတော့မယ်လေ... "

ကျွန်တော်လည်း ဘေးကအိပ်နေတဲ့ဟန်သာ့ကို ခေါင်းထောင်ပြီးကြည့်လိုက်တယ်။ ကျွန်တော်တို့ကြောင့် အိပ်မရမှာစို့လို့လေ။ ဒါပေမဲ့ သကောင့်ကားက အိပ်နေတာ သရေတွေများတောင်ကျလို့...၊ တော်သေးတယ်.. အိပ်နေရင်း မဟောက်တက်လို့၊ ရောက်ခါစနေ့ကတော့ အိပ်ယာအပြောင်းအလဲမို့မအိပ်တက်ဘူး..ဘာလေးညာလေးနဲ့၊ ခုကျ အိပ်နေလိုက်တာများ သိုးလို့။

" ဆင်ပေါက်... "

" အင်း.. ဘာလဲ "

" ငါ ချမ်းတယ်.. "

" ဟင်.. ချမ်းတယ်? "

တေလွန်းစကားကြောင့် ကျွန်တော် အိပ်နေရာကနေ ထပြီး တေလွန်းရဲ့နဖူးကိုစမ်းကြည့်လိုက်သည်။

" ကိုယ်တော့ မပူပါဘူး...၊ အစောနက လေတိုက်ထဲနေလိုက်လို့ထင်တယ်...၊ ဆေးသောက်မလား... "

" ဟင့်အင်း... ငါ့ကို ဖက်ထားပေးပါလား "

ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့သနားချင့်ဖွယ်ပြောနေတဲ့တေလွန်းက တကယ်ကိုသနားစရာကောင်းသည်။

" အင်း.. ငါ ဖက်ထားပေးမယ်၊ ဒီဘက်.. တိုး "

ကျုပ်စကားကို တကယ်ထင်ပြီး အစောနကထိ သူ့နားကပ်တာကိုငြင်းဆန်နေတဲ့ဆင်ပေါက်က ကုတင်ပေါ်ပြန်လှဲအိပ်လိုက်ရင်း သူ့အနားကိုကပ်ဖို့ခေါ်သည်။ ကျုပ်လိုချင်နေတဲ့အတိုင်းမို့ ကျုပ်လည်း ဆင်ပေါက်ရဲ့မျက်နှာကိုနီးနီးကပ်ကပ်မြင်ရတဲ့အထိ တိုးကပ်သွားသည်။ ပြတင်းပေါက်ကနေဖြာကျနေတဲ့လရောင်အောက်မှာ ဆင်ပေါက်ရဲ့မျက်နှာလေးက အနည်းငယ်နီရဲနေတယ်လို့ ကျုပ်ထင်တယ်။

" ဖက်ထားပေးလေ... "

" ဟင်..၊ အော် အေး... အေး "

ကျွန်တော့်အနားကိုချက်ချင်းရောက်လာတဲ့တေလွန်းကြောင့် ကျွန်တော် ရုတ်တရက်ပင် အသက်ရှုရပ်ထားမိတယ်။ အရမ်းနီးကပ်လွန်းတဲ့တေလွန်းရဲ့မျက်နှာက လရောင်အောက်မှာ ပြောစရာမရှိလောက်အောင် ယောက်ျားပီသသည်။ ထိုအတွေးကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားပြီး မျက်နှာပြင်တစ်ခုလုံးပူလောင်နေသလို ခံစားလိုက်ရသည်။

ကျုပ်ကိုဖက်ပြီး မျက်လုံးတွေအတင်းမှိတ်လိုက်တဲ့ဆင်ပေါက်ကြောင့် ကျုပ် အသံမထွက်အောင်ရယ်မိသည်။ ဗုဒ္ဓဟူးသားလေးက ရှက်နေတာပဲ။

ကျွန်တော်ရဲ့မျက်လုံးတွေကိုမှိတ်ထားပေမဲ့ တေလွန်း ကျွန်တော့်စိတ်က ကျွန်တော့်ကိုကြည့်နေမှန်းအလိုလိုသိနေတော့ အိပ်မရပေ။ ကျွန်တော် သူ့ကိုပြန်ပြောချင်ပေမဲ့ မျက်လုံးကိုမဖွင့်ရဲ။ အဲ့ကောင်ရဲ့စူးရှပြီးပြင်းထန်တဲ့အကြည့်တွေကို လုံးဝရင်မဆိုင်ရဲဘူး။ အဝေးကနေတောင် ဒူးတုန်အောင်ကြောက်ရတဲ့ထိုအကြည့်တွေကို အခုလိုနီးနီးကပ်ကပ်ကြည့်ရလောက်အောင်အထိ ကျွန်တော် မမိုက်မဲဘူးလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပဲ အတင်းအိပ်ပျော်သွားဖို့ကြိုးစားမိသည်။

" အင့်!... ဘာလုပ်တာလဲ တေလွန်း "

" မင်း.. ဖက်တာက သိပ်မနွေးဘူး၊ အာ့တာကြောင့်လေ... "

ရုတ်တရက် ကျွန်တော့်လက်ထဲကနေရုန်းထွက်ပြီး ကျွန်တော့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့တေလွန်းကြောင့် ကျွန်တော် တကယ်လန့်သွားတယ်။

" အိပ်တော့!... "

" လွှတ်ပေး...၊ ငါ.. ငါ မနေတတ်ဘူး တေလွန်း "

ကျုပ်ရင်ခွင်ထဲကနေရုန်းထွက်ဖို့လုပ်နေတဲ့ဆင်ပေါက်ကို ကျုပ် ခပ်တင်းတင်းလေး ဆွဲဖက်ပစ်လိုက်တယ်။

" အင့်!.. တေလွန်း "

" ချမ်းတယ်...၊ အခုလိုလေးက တကယ်နွေးနေတာပဲ "

ကျွန်တော် တေလွန်းရဲ့ရင်ခွင်ထဲမှ မနေရဲပေ။ သူကတော့ ဘယ်လိုနေမလဲမသိပေမဲ့ သူ့ရင်ခွင်ထဲမှာရှိနေတဲ့ကျွန်တော့်မှာ တာဝေးမာရသွန်ပြေးထားရတဲ့လူတစ်ယောက်လို ကျွန်တော်ရဲ့နှလုံးသားလေးမှာ တဒုတ်ဒုတ်နဲ့အဆက်မပြတ်ခုန်ပေါက်နေပြီး လူက မောဟိုက်လာသလိုပင်။ ဒါပေမဲ့ တေလွန်းက နေမှမကောင်းတာ၊ ချမ်းနေတာမို့ ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ ဒီတိုင်းငြိမ်ငြိမ်လေး သူ့ရင်ခွင်ထဲမှာပဲ အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။ တေလွန်းရဲ့ရင်ခွင်က တကယ် သူ့အတွက် နွေးထွေးသည်။

ကျုပ်ရင်ခွင်ထဲရောက်ပြီး ခဏလောက်အကြာမှာ ဗုဒ္ဓဟူးသားလေးက နှစ်နှစ်ခြိုက်ခြိုက်နဲ့အိပ်ပျော်သွားသည်။ ဟက်!.... အိပ်ချင်နေတာကို မူနေတဲ့ကျုပ်ရဲ့ဆင်ပေါက်လေး..။ ကျုပ် အိပ်ပျော်သွားတဲ့ဆင်ပေါက်ရဲ့ခေါင်းလေးကို တဝကြီးနမ်းရှိုက်လိုက်သည်။ အရပ်အမောင်းကွာခြားတာကြောင့် ကျုပ် ဆွဲဖက်လိုက်တာနဲ့ ဆင်ပေါက်ရဲ့မျက်နှာက ကျုပ်ရင်ဘတ်နားကိုကွက်တိရောက်သွားသည်။ ကျုပ် ဆင်ပေါက်ရဲ့မျက်နှာလေးကိုဆွဲမော့ကာ ပန်းသီးသဏ္ဍာန်နှုတ်ခမ်းလေးကို ပထမဆုံးအကြိမ်အဖြစ်နဲ့စွဲလမ်းစွာ နမ်းရှိုက်လိုက်တယ်။ ကျုပ်ရဲ့ဆင်ပေါက်ကတော့ လုံးဝကိုအိပ်မောကျနေတာဗျ။ ကျုပ် ဘာလုပ်လုပ် သိမဲ့ပုံတောင်မပေါ်ဘူး။ ဒါလည်း ကောင်းပါတယ်လေ။ ကျုပ်က လိုချင်တာကို ဘယ်လိုနည်းနဲ့မဆို ရအောင်ယူတတ်တဲ့သူဆိုတာကို ကျုပ်ရဲ့ဆင်ပေါက်လေး အခုလိုမသိတာကိုက ကျုပ်ရဲ့ကံအကောင်းဆုံးဆုတစ်ခုဗျ။

နောင်တစ်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျုပ်တို့သုံးယောက်စလုံး အိပ်ရက်ထနောက်ကျပြီးမှ နိုးကြတယ်။ ကျုပ်ကတော့ ညက တော်တော်ညဥ့်နက်မှအိပ်ပျော်သွားတာကြောင့်ဖြစ်ပြီး ဆင်ပေါက်နဲ့ဟိုကောင်ကတော့ မနက်ခင်းအုံ့မှိုင်းနေသောကောင်းကင်ကြီးကြောင့်ဖြစ်သည်။ မိုးကုန်ရာသီရောက်သော်လည်း အခုလို အခါကြီးရက်ကြီးတွေမှာ မိုးက ရွာတတ်သည်။ မနေ့ညကလည်း မိုးက ဖုန်သိပ်ရုံမျှ အနည်းငယ်ရွာထားသေးသည်။

" တေလွန်း... "

" အင်း "

" ဟိုလေ.. ငါတို့ ကြာကန်မှာလှေသွားစီးကြရအောင် "

အရီးနန်းမှုံပြင်ပေးတဲ့ကောက်ညှင်းပေါင်းနဲ့အကြော်ကိုစားနေတုန်း ကျုပ် ဘေးကနှစ်ယောက်က တစ်ခုခုကို ခပ်တိုးတိုးတိုင်ပင်နေတာက ဒီကိစ္စပင်။ ဒါက ကျုပ်ရဲ့ဆင်ပေါက်အကြံတော့ မဟုတ်၊ ဟိုကောင်သွားချင်တာပဲဖြစ်ရမယ်။

" အင်း ...၊ သွားလေ... "

" တကယ်!.. မင်း တကယ်ခွင့်ပြုပေးတာလား... "

" အေး... ဟိုသုံးကောင်ကိုပါ ခေါ်ခဲ့လိုက်မယ်... "

ကျုပ်ကို မယုံသင်္ကာနဲ့မေးတဲ့ဗုဒ္ဓဟူးသားလေးက တကယ့်ကို အံ့သြနေဟန်။ ကျုပ် ခွင့်မပြုလောက်ဘူးလို့ အသေထွက်ထားတဲ့ပုံပဲ။ အရက်ကစိတ်နဲ့ဆို ကျုပ် ခွင့်ပြုမှာမဟုတ်ပေမဲ့ အဘ ကျုပ်ကိုပြောခဲ့တဲ့စကားတွေကြောင့် ဆင်ပေါက်စကားကို ကျုပ်လည်း မငြင်းနေတော့။

~~~~~~~~~~~~~~~~~~~~~~~~~

" ဆရာအောင်ထူးမော်.... "

" ဟေ.. ကိုတိုး လား... "

" ဟုတ် ဆရာ "

ကျွန်တော့်အသံကြောင့် အိမ်ထဲကနေထွက်လာတဲ့ဆရာအောင်ထူးမော်။

" ဂစ်တာပြန်လာပို့တာလား.... "

" ဟုတ် ဆရာ...၊ ဒီမှာဗျ "

" အေး.. အေး "

ကျွန်တော်လည်း ဆရာရှေ့မှာအကြာကြီးမနေချင်တာကြောင့် ဆရာတို့ဝိုင်းထဲကနေ ပြန်ထွက်ဖို့ပြင်လိုက်သည်။

" ကိုတိုး... "

ကျွန်တော့်နာမည်ကို အဖျားဆွတ်ပြီး ကိုတပ်ခေါ်တတ်တဲ့တစ်ဦးတည်းသောလူသား။ ထိုလူဟာ ကျွန်တော့်ရဲ့ပထမဆုံးရင်ခုန်သံဖြစ်သည်။

" ဆရာ ကျွန်တော့်ကို အဲ့လိုမခေါ်ပါနဲ့...၊ ကျွန်တော့်ကို ထပ်ပြီးမနှိပ်စက်ပါနဲ့တော့ဗျာ... "

ကျွန်တော့်ရဲ့ဆယ်ကျော်သက်ရင်ခုန်သံဟာ ဆရာအောင်ထူးမော်ဖြစ်သည်။ စစချင်း ကျွန်တော် အရမ်းထိတ်လန့်သွားခဲ့တယ်။ ကျွန်တော်တို့အပေါ်မှာ သားသမီးအရင်းအချာတစ်ယောက်လို စေတနာဂရုဏာအပြည့်နဲ့ ပညာသင်ပေးနေတဲ့ဆရာကို ကျွန်တော် ဘယ်လိုစိတ်နဲ့များ ပစ်မှားနေမိတာလဲ။ အဲ့အချိန်က အရမ်းလည်း ရှက်ခဲ့မိတယ်။ ဒါပေမဲ့ ဆရာ့အပေါ်မှာချစ်မိသွားတဲ့အချစ်က စိတ်ကစားခဲ့တာမဟုတ်ဘဲ အခြား ဘယ်သူ့ကိုမှမျက်လုံးထဲမမြင်ရတော့လောက်အောင် ကျွန်တော့်ရင်ထဲမှာ အမြစ်တွယ်ခဲ့သည်။ ကျွန်တော့်ကိုကျွန်တော် သေချာသွားတဲ့အချိန် ကျွန်တော့်သူငယ်ချင်းတွေကို ဖွင့်ပြောပြခဲ့တယ်။ နိုင်ထွန်းတို့က ဘာမှမပြောပေမဲ့ တေလွန်းကတော့ ကျွန်တော့်စိတ်ကို သေချာပြန်သုံးသပ်သင့်သည်ဟု ပြောသည်။

ဘယ်လိုပဲ ထပ်ခါတလဲလဲသုံးသပ်ခဲ့၊ ဘယ်လိုပဲ မဖြစ်နိုင်ပါဘူးလို့ပြောလည်း ကျွန်တော့်စိတ်ဟာ တရာ့အပေါ်မှာပဲ ပြိုလဲနေခဲ့သည်။ ထို့ကြောင့်ပင် ဆရာ့အပေါ် မလုပ်သင့်တဲ့ကိစ္စတသ်ခုကို သူ လုပ်ခဲ့မိသည်။ အဲ့တာက သူ ထန်းရည်မူးအောင်သောက်ပြီး ဆရာ့ကိုဖွင့်ပြောခဲ့ခြင်းပင်။ သို့သော် ဆရာက သူ့လုပ်ရပ်ကို စိတ်ဆိုးမုန်းတီးမသွားဘဲ သူ့ကိုစိတ်ကစားလို့လုပ်မိခြင်းဟု သတ်မှတ်ပေးပြီး ခွင့်လွှတ်ပေးခဲ့သည်။ အဲ့နောက်ပိုင်း ခဏခဏ ကျွန်တော် ဆရာ့ကို တကယ်ချစ်ကြောင်း ရိုးရိုးသားသားနဲ့သက်သေပြဖို့ကြိုးစားခဲ့ပေမဲ့ ဆရာ့အမြင်မှာတော့ သူဟာ စိတ်ကစားနေတဲ့ဆယ်ကျော်သက်တစ်ယောက်ထက် မပိုခဲ့။ အဲ့တာကြောင့်လည်း အခုတော့ ဆရာဟာ အခြားရွာကမိန်းကလေးတစ်ဦးနဲ့မကြာခင်မှာ မိဘတွေသဘောအရ စေ့စပ်ကြောင်းလမ်းတော့မည်ဖြစ်သည်။

" ဟင်း.... မင်း ဘာလို့အဲ့လောက်ထိ ခေါင်းမာရတာလဲကွာ... "

ဆရာ့ဘက်က အခုလိုပြတ်သားနိုင်ပေမဲ့ မပြတ်နိုင်တဲ့ကျွန်တော်ကတော့ ဆရာ့ကိုအဝေးကနေပဲ ကြည့်နေရုံပေါ့။ ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့ကျွန်တော်ဟာ ဆရာနဲ့ပတ်သတ်လာရင် ဘယ်လောက်ထိအပြစ်တွေကျူးလွန်ထားမိမှန်းသိတာကြောင့် နောက်ထပ်ငရဲထပ်ကျလည်း ကျွန်တော် ကျေကျေနပ်နပ်ကြီးနဲ့အဆင်သင့်ဖြစ်နေပြီးသားပါ။ ဆရာပြောလာမဲ့နှစ်သိမ့်စကားတွေကို ကျွန်တော်ဆက်နားမထောင်ချင်တော့ပေ၊ ကံကောင်းစွာပဲ အဲ့ဒီအချိန် နိုင်ထွန်းနဲ့ရှင်မွှေးရဲ့ဟန်သာဆိုတဲ့ကောင် ရောက်လာသည်။

" ဟေး.. တိုးလွင် "

" ဘယ်သွားကြမလို့တုန်း... မင်းတို့က "

" ဆရာအောင်ထူးမော်ဆီက လှေခဏ သွားငှားမလို့ကွ "

နိုင်ထွန်းရဲ့စကားကြောင့် ကျွန်တော် မျက်နှာပျက်သွားသည်။

" လှေက ဘာလုပ်ဖို့လဲ...၊ "

" ဒီမှာလေကွာ...၊ ဒီကောင်က ကြာကန်မှာလှေသွားစီးမလို့တဲ့.. "

" ကြာကန်မှာ လှေနှစ်စီးရှိတာပဲ... "

" ငတေပေါ့ကွာ....၊ သူနဲ့ရှင်မွှေးက သပ်သပ်တစ်စီးစီးမှာတဲ့လေ....၊ တစ်စီးက မမစုနဲ့ဇော်ဝင်းရယ် ဒီကောင်ဟန်သာရယ် စီးမှာ..၊ မင်းနဲ့ငါ့အတွက်က လှေမရှိဘူးဟ...၊ အဲ့တာကြောင့် ငါ ဆရာ့ဆီက လှေကို လာငှားတာ.....၊ မင်းလည်း လိုက်ခဲ့လေ... "

" ငါ လှေစီးချင်ပေမဲ့ မစီးရဲဘူးကွ၊ ဟိုတစ်ခါကလို... "

" ဆရာလည်း လိုက်ခဲ့မယ်...၊ ဆရာ ကြာကန်ဘက်ရောက်တာ တော်တော်ကြာပြီ... "

" ဟင်.. "

ဆရာက ရုတ်တရက်ဝင်ပြောသည်။ ဆရာ့စကားကြောင့် ကျွန်တော်နဲ့နိုင်ထွန်း ကြောင်အသွားသည်။

" သွားမယ်လေ... နိုင်ထွန်းနဲ့ကိုတိုး "

" ဟို... မင်းတို့ပဲ စီးကြပါ၊ ငါ မလိုက်တော့ဘူး... "

" ဟာ တိုးလွင်ကလည်း...၊ လိုက်ခဲ့ပါဗျာ... လူများတော့ ပိုပျော်စရာကောင်းတာပေါ့ "

ဟန်သာဆိုတဲ့ကောင်က ဝင်ပြောသည်။ ကျွန်တော်လည်း အဲ့ကောင်ကိုငြင်းချင်ပေမဲ့ မကောင်းတာမို့ လက်ခံလိုက်သည်။

ပြဿနာက ကြာကန်ရောက်မှ စသည်။ မမစုက အလုပ်ရှိလို့ဆိုပြီး ပြန်သွားသည်။ အဲ့တာကြောင့် နိုင်ထွန်းက ဇော်ဝင်းနဲ့ဟန်သာတို့လှေပေါ် ပါသွားသည်။ တေလွန်းနဲ့ရှင်မွှေးကတော့ လှေကိုယူပြီး ကြာကန်အလယ်နားကိုပင်ရောက်နေပြီ။ ကျွန်တော်နဲ့ဆရာရယ် လှေတစ်စီးရယ်ပဲ ကျန်ခဲ့သည်။

" ကျွန်တော် မစီးတော့ဘူး....၊ ပြန်တော့မယ် "

ကျွန်တော် ကြာကန်နားကနေ ပြန်လှည့်ထွက်တော့ ဆရာက ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်သည်။

" ကိုတိုး စီးချင်တယ်မလား....၊ ဆရာနဲ့အတူတူ စီးလို့ရတယ်လေ... "

" ဟင့်အင်း... ကျွန်တော် မစီးတော့.. "

" လာပါ... "

ဆရာအောင်ထူးမော်က ကျွန်တော့်လက်ကိုအတင်းဆွဲပြီး လှေပေါ်ထိုင်စေကာ လှော်တက်ကိုယူပြီး ကမ်းကနေ စထွက်သည်။ ကျွန်တော်တို့ရွာက ကြာကန်က တော်တော်ကျယ်သည်။ ကန်ဆိုတာထက် အင်းဟုဆိုရမည်။

~~~~~~~~~~~~~~~~~~~~

" တေလွန်း!... "

" အင်း.. "

" မင်းကလေ ချီးကျူးလို့မရတဲ့ကောင် သိလား.... "

" ဘာလို့လဲ... "

" မင်း ဒါ သပ်သပ်အကျင့်ယုတ်တာလေ... "

" ဟား... အဓိကက လှေစီးဖို့မလား... "

" ဒါတော့ ဒါပေါ့၊ ဒါပေမဲ့... "

ကျုပ်ကို ထက်တွန့်တက်ချင်နေတဲ့ဆင်ပေါက်ကို ကျုပ် မျက်မှောင်ကျုံ့ပြီးကြည့်ပေးလိုက်တယ်။ အဲ့တော့မှ အဲ့ကောင် ပါးစပ်ကလေးက ပိတ်သွားတယ်ဗျာ။ ကျုပ်ပြောပါတယ်... ကျုပ် ဒီဗုဒ္ဓဟူးသားကို တမင်အလျော့မပေးတာမဟုတ်ဘူး...၊ ဒီဗုဒ္ဓဟူးသားဆင်ပေါက်ကောင်က ကျုပ် နည်းနည်းလေးအလျော့ပေးတာနဲ့ ကျုပ်ခေါင်းပေါ် တက်ထိုင်ချင်တဲ့အကောင်။

ဟန်သာ့ကို အခြားလှေနဲ့ထည့်ပေးလိုက်တဲ့တေလွန်းကို စိတ်ဆိုးတာကြောင့် အခုလိုတွေပြောနေရပေမဲ့ တေလွန်းက မျက်မှောင်ကျုံ့သွားတော့ ကျွန်တော်လည်း ကိုယ့်ပါးစပ်ကို ပိတ်ထားလိုက်ရတယ်။ ကျွန်တော်မေ့နေတာ..။ ဒီကောင် ဒီလောက်ကြီးထိ လိုက်လျောပေးတာကိုပဲ ကျေးဇူးတင်ရမယ်မလား...။ တကဟ်ဆို တေလွန်းဆိုတဲ့သူက ကျွန်တော့်ကို အခုလို အလိုလိုက်တယ်ဆိုတာ မရှိသလောက်ကို ခပ်ရှားရှားရယ်လေ။

" ငါတို့ ကြာပန်းခူးသွားရအောင်...နော် တေလွန်း!... "

" ..... "

" ဟင်... ခူးသွားမယ်မလား "

" ...... "

" မင်းကလည်း ငါ တောင်းပန်ပါတယ်ကွာ....၊ ဟို ငါက အိမ်ရှင်ဆိုတော့ မကောင်းလို့ပါ... "

" ဟင်း.... ထားလိုက်တော့! ဟိုနားမှာ ကြာနီတွေရှိတယ်... "

ကျွန်တော့်ကိုစကားပြန်မပြောတော့ တေလွန်းစိတ်ခုသွားမှန်း သိတာကြောင့် ကျွန်တော် တောင်းပန်လိုက်တယ်။

အရောင်စုံဖူးပွင့်နေတဲ့ကြာကန်ကြီးထဲမှာ လှေသုံးစီးဟာ တစ်နေရာစီမှာရှိနေသည်။

" ဟေး!!!... တေလွန်း!! ဟိုမှာ တိုးလွင်နဲ့ဆရာ့လှေမှောက်သွားတယ်ဟ.... "

ကျုပ်နဲ့ဆင်ပေါက် နိုင်ထွန်းရဲ့အော်သံကြောင့် ကျုပ်တို့လှေနဲ့မနီးမကမ်းမှာရှိတဲ့ဆရာတို့လှေကို လှမ်းကြည့်လိုက်တယ်။ တကယ်ကို ဆရာတို့လှေက ရေပေါ်မှာမှောက်နေသည်။ ကျုပ်တို့နဲ့မဝေးပေမဲ့ ကြာပန်းခူးတာကိုပဲ နှစ်ယောက်စလုံးအာရုံစိုက်နေတာကြောင့် ဆရာတို့လှေမှောက်သွားတာကို ကျုပ်တို့ သတိမထားမိခြင်းဖြစ်သည်။

" ဗွမ်း!!! "

" ဆင်ပေါက်!! "

ကျုပ် ဆရာတို့လှေကိုလှမ်းကြည့်နေတုန်း ဆင်ပေါက်က လှေပေါ်ကနေ ရေထဲကိုခုန်ချသွားသည်။

Next episode .................

Zawgyi
Episode _ 12

" ေတလြန္း.. မင္း ဟိုဘက္နည္းနည္းတိုးပါအံုး... "

ကြၽန္ေတာ္ ေဘးကိုအတင္းကပ္ၿပီးလိုက္အိပ္ေနတဲ့ေတလြန္း။ ကြၽန္ေတာ့္ကို လာေတာင္းပန္တဲ့သူက ကိုယ့္အိမ္ကိုျပန္မအိပ္ဘဲ ကြၽန္ေတာ္နဲ႔ဟန္သာ ႏွစ္ေယာက္ၾကားထဲကိုအတင္းတိုးေဝ႔ွၿပီး ဝင္အိပ္ေနတယ္ေလ။ ကုတင္က လူႏွစ္ေယာက္အိပ္ေလာက္သာက်ယ္တာမို႔ လူသံုးေယာက္အိပ္တဲ့အခါ တကယ္ကိုက်ဥ္းက်ပ္သည္။

" မင္းကလည္း... "

" ငါ ျပဳတ္က်ေတာ့မယ္ေလ... "

ကြၽန္ေတာ္လည္း ေဘးကအိပ္ေနတဲ့ဟန္သာ့ကို ေခါင္းေထာင္ၿပီးၾကည့္လိုက္တယ္။ ကြၽန္ေတာ္တို႔ေၾကာင့္ အိပ္မရမွာစို႔လို႔ေလ။ ဒါေပမဲ့ သေကာင့္ကားက အိပ္ေနတာ သေရေတြမ်ားေတာင္က်လို႔...၊ ေတာ္ေသးတယ္.. အိပ္ေနရင္း မေဟာက္တက္လို႔၊ ေရာက္ခါစေန့ကေတာ့ အိပ္ယာအေျပာင္းအလဲမို႔မအိပ္တက္ဘူး..ဘာေလးညာေလးနဲ႔၊ ခုက် အိပ္ေနလိုက္တာမ်ား သိုးလို႔။

" ဆင္ေပါက္... "

" အင္း.. ဘာလဲ "

" ငါ ခ်မ္းတယ္.. "

" ဟင္.. ခ်မ္းတယ္? "

ေတလြန္းစကားေၾကာင့္ ကြၽန္ေတာ္ အိပ္ေနရာကေန ထၿပီး ေတလြန္းရဲ့နဖူးကိုစမ္းၾကည့္လိုက္သည္။

" ကိုယ္ေတာ့ မပူပါဘူး...၊ အေစာနက ေလတိုက္ထဲေနလိုက္လို႔ထင္တယ္...၊ ေဆးေသာက္မလား... "

" ဟင့္အင္း... ငါ့ကို ဖက္ထားေပးပါလား "

ကြၽန္ေတာ့္ကို မ်က္ႏွာငယ္ေလးနဲ႔သနားခ်င့္ဖြယ္ေျပာေနတဲ့ေတလြန္းက တကယ္ကိုသနားစရာေကာင္းသည္။

" အင္း.. ငါ ဖက္ထားေပးမယ္၊ ဒီဘက္.. တိုး "

က်ဳပ္စကားကို တကယ္ထင္ၿပီး အေစာနကထိ သူ႔နားကပ္တာကိုျငင္းဆန္ေနတဲ့ဆင္ေပါက္က ကုတင္ေပၚျပန္လွဲအိပ္လိုက္ရင္း သူ႔အနားကိုကပ္ဖို႔ေခၚသည္။ က်ဳပ္လိုခ်င္ေနတဲ့အတိုင္းမို႔ က်ဳပ္လည္း ဆင္ေပါက္ရဲ့မ်က္ႏွာကိုနီးနီးကပ္ကပ္ျမင္ရတဲ့အထိ တိုးကပ္သြားသည္။ ျပတင္းေပါက္ကေနျဖာက်ေနတဲ့လေရာင္ေအာက္မွာ ဆင္ေပါက္ရဲ့မ်က္ႏွာေလးက အနည္းငယ္နီရဲေနတယ္လို႔ က်ဳပ္ထင္တယ္။

" ဖက္ထားေပးေလ... "

" ဟင္..၊ ေအာ္ ေအး... ေအး "

ကြၽန္ေတာ့္အနားကိုခ်က္ခ်င္းေရာက္လာတဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ္ ရုတ္တရက္ပင္ အသက္ရႈရပ္ထားမိတယ္။ အရမ္းနီးကပ္လြန္းတဲ့ေတလြန္းရဲ့မ်က္ႏွာက လေရာင္ေအာက္မွာ ေျပာစရာမရိွေလာက္ေအာင္ ေယာက္်ားပီသသည္။ ထိုအေတြးေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လံုး ရိွန္းတိန္းဖိန္းတိန္းျဖစ္သြားၿပီး မ်က္ႏွာျပင္တစ္ခုလံုးပူေလာင္ေနသလို ခံစားလိုက္ရသည္။

က်ဳပ္ကိုဖက္ၿပီး မ်က္လံုးေတြအတင္းမိွတ္လိုက္တဲ့ဆင္ေပါက္ေၾကာင့္ က်ဳပ္ အသံမထြက္ေအာင္ရယ္မိသည္။ ဗုဒၶဟူးသားေလးက ရွက္ေနတာပဲ။

ကြၽန္ေတာ္ရဲ့မ်က္လံုးေတြကိုမိွတ္ထားေပမဲ့ ေတလြန္း ကြၽန္ေတာ့္စိတ္က ကြၽန္ေတာ့္ကိုၾကည့္ေနမွန္းအလိုလိုသိေနေတာ့ အိပ္မရေပ။ ကြၽန္ေတာ္ သူ႔ကိုျပန္ေျပာခ်င္ေပမဲ့ မ်က္လံုးကိုမဖြင့္ရဲ။ အဲ့ေကာင္ရဲ့စူးရွၿပီးျပင္းထန္တဲ့အၾကည့္ေတြကို လံုးဝရင္မဆိုင္ရဲဘူး။ အေဝးကေနေတာင္ ဒူးတုန္ေအာင္ေၾကာက္ရတဲ့ထိုအၾကည့္ေတြကို အခုလိုနီးနီးကပ္ကပ္ၾကည့္ရေလာက္ေအာင္အထိ ကြၽန္ေတာ္ မမိုက္မဲဘူးေလ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုပဲ အတင္းအိပ္ေပ်ာ္သြားဖို႔ႀကိဳးစားမိသည္။

" အင့္!... ဘာလုပ္တာလဲ ေတလြန္း "

" မင္း.. ဖက္တာက သိပ္မေနြးဘူး၊ အာ့တာေၾကာင့္ေလ... "

ရုတ္တရက္ ကြၽန္ေတာ့္လက္ထဲကေနရုန္းထြက္ၿပီး ကြၽန္ေတာ့္ကို သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္တဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ္ တကယ္လန္႔သြားတယ္။

" အိပ္ေတာ့!... "

" လႊတ္ေပး...၊ ငါ.. ငါ မေနတတ္ဘူး ေတလြန္း "

က်ဳပ္ရင္ခြင္ထဲကေနရုန္းထြက္ဖို႔လုပ္ေနတဲ့ဆင္ေပါက္ကို က်ဳပ္ ခပ္တင္းတင္းေလး ဆြဲဖက္ပစ္လိုက္တယ္။

" အင့္!.. ေတလြန္း "

" ခ်မ္းတယ္...၊ အခုလိုေလးက တကယ္ေနြးေနတာပဲ "

ကြၽန္ေတာ္ ေတလြန္းရဲ့ရင္ခြင္ထဲမွ မေနရဲေပ။ သူကေတာ့ ဘယ္လိုေနမလဲမသိေပမဲ့ သူ႔ရင္ခြင္ထဲမွာရိွေနတဲ့ကြၽန္ေတာ့္မွာ တာေဝးမာရသြန္ေျပးထားရတဲ့လူတစ္ေယာက္လို ကြၽန္ေတာ္ရဲ့ႏွလံုးသားေလးမွာ တဒုတ္ဒုတ္နဲ႔အဆက္မျပတ္ခုန္ေပါက္ေနၿပီး လူက ေမာဟိုက္လာသလိုပင္။ ဒါေပမဲ့ ေတလြန္းက ေနမွမေကာင္းတာ၊ ခ်မ္းေနတာမို႔ ကြၽန္ေတာ္လည္း ဘာမွဆက္မေျပာေတာ့ဘဲ ဒီတိုင္းၿငိမ္ၿငိမ္ေလး သူ႔ရင္ခြင္ထဲမွာပဲ အိပ္ေပ်ာ္ဖို႔ႀကိဳးစားလိုက္သည္။ ေတလြန္းရဲ့ရင္ခြင္က တကယ္ သူ႔အတြက္ ေနြးေထြးသည္။

က်ဳပ္ရင္ခြင္ထဲေရာက္ၿပီး ခဏေလာက္အၾကာမွာ ဗုဒၶဟူးသားေလးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔အိပ္ေပ်ာ္သြားသည္။ ဟက္!.... အိပ္ခ်င္ေနတာကို မူေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလး..။ က်ဳပ္ အိပ္ေပ်ာ္သြားတဲ့ဆင္ေပါက္ရဲ့ေခါင္းေလးကို တဝႀကီးနမ္းရိႈက္လိုက္သည္။ အရပ္အေမာင္းကြာျခားတာေၾကာင့္ က်ဳပ္ ဆြဲဖက္လိုက္တာနဲ႔ ဆင္ေပါက္ရဲ့မ်က္ႏွာက က်ဳပ္ရင္ဘတ္နားကိုကြက္တိေရာက္သြားသည္။ က်ဳပ္ ဆင္ေပါက္ရဲ့မ်က္ႏွာေလးကိုဆြဲေမာ့ကာ ပန္းသီးသ႑ာန္ႏႈတ္ခမ္းေလးကို ပထမဆံုးအႀကိမ္အျဖစ္နဲ႔စြဲလမ္းစြာ နမ္းရိႈက္လိုက္တယ္။ က်ဳပ္ရဲ့ဆင္ေပါက္ကေတာ့ လံုးဝကိုအိပ္ေမာက်ေနတာဗ်။ က်ဳပ္ ဘာလုပ္လုပ္ သိမဲ့ပံုေတာင္မေပၚဘူး။ ဒါလည္း ေကာင္းပါတယ္ေလ။ က်ဳပ္က လိုခ်င္တာကို ဘယ္လိုနည္းနဲ႔မဆို ရေအာင္ယူတတ္တဲ့သူဆိုတာကို က်ဳပ္ရဲ့ဆင္ေပါက္ေလး အခုလိုမသိတာကိုက က်ဳပ္ရဲ့ကံအေကာင္းဆံုးဆုတစ္ခုဗ်။

ေနာင္တစ္ေန့ သီတင္းကြၽတ္လျပည့္ေန့မွာ က်ဳပ္တို႔သံုးေယာက္စလံုး အိပ္ရက္ထေနာက္က်ၿပီးမွ ႏိုးၾကတယ္။ က်ဳပ္ကေတာ့ ညက ေတာ္ေတာ္ညဥ့္နက္မွအိပ္ေပ်ာ္သြားတာေၾကာင့္ျဖစ္ၿပီး ဆင္ေပါက္နဲ႔ဟိုေကာင္ကေတာ့ မနက္ခင္းအံု႔မိႈင္းေနေသာေကာင္းကင္ႀကီးေၾကာင့္ျဖစ္သည္။ မိုးကုန္ရာသီေရာက္ေသာ္လည္း အခုလို အခါႀကီးရက္ႀကီးေတြမွာ မိုးက ရြာတတ္သည္။ မေန့ညကလည္း မိုးက ဖုန္သိပ္ရံုမ်ွ အနည္းငယ္ရြာထားေသးသည္။

" ေတလြန္း... "

" အင္း "

" ဟိုေလ.. ငါတို႔ ၾကာကန္မွာေလွသြားစီးၾကရေအာင္ "

အရီးနန္းမႈံျပင္ေပးတဲ့ေကာက္ၫွင္းေပါင္းနဲ႔အေၾကာ္ကိုစားေနတုန္း က်ဳပ္ ေဘးကႏွစ္ေယာက္က တစ္ခုခုကို ခပ္တိုးတိုးတိုင္ပင္ေနတာက ဒီကိစၥပင္။ ဒါက က်ဳပ္ရဲ့ဆင္ေပါက္အႀကံေတာ့ မဟုတ္၊ ဟိုေကာင္သြားခ်င္တာပဲျဖစ္ရမယ္။

" အင္း ...၊ သြားေလ... "

" တကယ္!.. မင္း တကယ္ခြင့္ျပဳေပးတာလား... "

" ေအး... ဟိုသံုးေကာင္ကိုပါ ေခၚခဲ့လိုက္မယ္... "

က်ဳပ္ကို မယံုသကၤာနဲ႔ေမးတဲ့ဗုဒၶဟူးသားေလးက တကယ့္ကို အံ့ၾသေနဟန္။ က်ဳပ္ ခြင့္မျပဳေလာက္ဘူးလို႔ အေသထြက္ထားတဲ့ပံုပဲ။ အရက္ကစိတ္နဲ႔ဆို က်ဳပ္ ခြင့္ျပဳမွာမဟုတ္ေပမဲ့ အဘ က်ဳပ္ကိုေျပာခဲ့တဲ့စကားေတြေၾကာင့္ ဆင္ေပါက္စကားကို က်ဳပ္လည္း မျငင္းေနေတာ့။

~~~~~~~~~~~~~~~~~~~~~~~~~

" ဆရာေအာင္ထူးေမာ္.... "

" ေဟ.. ကိုတိုး လား... "

" ဟုတ္ ဆရာ "

ကြၽန္ေတာ့္အသံေၾကာင့္ အိမ္ထဲကေနထြက္လာတဲ့ဆရာေအာင္ထူးေမာ္။

" ဂစ္တာျပန္လာပို႔တာလား.... "

" ဟုတ္ ဆရာ...၊ ဒီမွာဗ် "

" ေအး.. ေအး "

ကြၽန္ေတာ္လည္း ဆရာေရ႔ွမွာအၾကာႀကီးမေနခ်င္တာေၾကာင့္ ဆရာတို႔ဝိုင္းထဲကေန ျပန္ထြက္ဖို႔ျပင္လိုက္သည္။

" ကိုတိုး... "

ကြၽန္ေတာ့္နာမည္ကို အဖ်ားဆြတ္ၿပီး ကိုတပ္ေခၚတတ္တဲ့တစ္ၪီးတည္းေသာလူသား။ ထိုလူဟာ ကြၽန္ေတာ့္ရဲ့ပထမဆံုးရင္ခုန္သံျဖစ္သည္။

" ဆရာ ကြၽန္ေတာ့္ကို အဲ့လိုမေခၚပါနဲ႔...၊ ကြၽန္ေတာ့္ကို ထပ္ၿပီးမႏိွပ္စက္ပါနဲ႔ေတာ့ဗ်ာ... "

ကြၽန္ေတာ့္ရဲ့ဆယ္ေက်ာ္သက္ရင္ခုန္သံဟာ ဆရာေအာင္ထူးေမာ္ျဖစ္သည္။ စစခ်င္း ကြၽန္ေတာ္ အရမ္းထိတ္လန္႔သြားခဲ့တယ္။ ကြၽန္ေတာ္တို႔အေပၚမွာ သားသမီးအရင္းအခ်ာတစ္ေယာက္လို ေစတနာဂရုဏာအျပည့္နဲ႔ ပညာသင္ေပးေနတဲ့ဆရာကို ကြၽန္ေတာ္ ဘယ္လိုစိတ္နဲ႔မ်ား ပစ္မွားေနမိတာလဲ။ အဲ့အခ်ိန္က အရမ္းလည္း ရွက္ခဲ့မိတယ္။ ဒါေပမဲ့ ဆရာ့အေပၚမွာခ်စ္မိသြားတဲ့အခ်စ္က စိတ္ကစားခဲ့တာမဟုတ္ဘဲ အျခား ဘယ္သူ႔ကိုမွမ်က္လံုးထဲမျမင္ရေတာ့ေလာက္ေအာင္ ကြၽန္ေတာ့္ရင္ထဲမွာ အျမစ္တြယ္ခဲ့သည္။ ကြၽန္ေတာ့္ကိုကြၽန္ေတာ္ ေသခ်ာသြားတဲ့အခ်ိန္ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကို ဖြင့္ေျပာျပခဲ့တယ္။ ႏိုင္ထြန္းတို႔က ဘာမွမေျပာေပမဲ့ ေတလြန္းကေတာ့ ကြၽန္ေတာ့္စိတ္ကို ေသခ်ာျပန္သံုးသပ္သင့္သည္ဟု ေျပာသည္။

ဘယ္လိုပဲ ထပ္ခါတလဲလဲသံုးသပ္ခဲ့၊ ဘယ္လိုပဲ မျဖစ္ႏိုင္ပါဘူးလို႔ေျပာလည္း ကြၽန္ေတာ့္စိတ္ဟာ တရာ့အေပၚမွာပဲ ၿပိဳလဲေနခဲ့သည္။ ထို႔ေၾကာင့္ပင္ ဆရာ့အေပၚ မလုပ္သင့္တဲ့ကိစၥတသ္ခုကို သူ လုပ္ခဲ့မိသည္။ အဲ့တာက သူ ထန္းရည္မူးေအာင္ေသာက္ၿပီး ဆရာ့ကိုဖြင့္ေျပာခဲ့ျခင္းပင္။ သို႔ေသာ္ ဆရာက သူ႔လုပ္ရပ္ကို စိတ္ဆိုးမုန္းတီးမသြားဘဲ သူ႔ကိုစိတ္ကစားလို႔လုပ္မိျခင္းဟု သတ္မွတ္ေပးၿပီး ခြင့္လႊတ္ေပးခဲ့သည္။ အဲ့ေနာက္ပိုင္း ခဏခဏ ကြၽန္ေတာ္ ဆရာ့ကို တကယ္ခ်စ္ေၾကာင္း ရိုးရိုးသားသားနဲ႔သက္ေသျပဖို႔ႀကိဳးစားခဲ့ေပမဲ့ ဆရာ့အျမင္မွာေတာ့ သူဟာ စိတ္ကစားေနတဲ့ဆယ္ေက်ာ္သက္တစ္ေယာက္ထက္ မပိုခဲ့။ အဲ့တာေၾကာင့္လည္း အခုေတာ့ ဆရာဟာ အျခားရြာကမိန္းကေလးတစ္ၪီးနဲ႔မၾကာခင္မွာ မိဘေတြသေဘာအရ ေစ့စပ္ေၾကာင္းလမ္းေတာ့မည္ျဖစ္သည္။

" ဟင္း.... မင္း ဘာလို႔အဲ့ေလာက္ထိ ေခါင္းမာရတာလဲကြာ... "

ဆရာ့ဘက္က အခုလိုျပတ္သားႏိုင္ေပမဲ့ မျပတ္ႏိုင္တဲ့ကြၽန္ေတာ္ကေတာ့ ဆရာ့ကိုအေဝးကေနပဲ ၾကည့္ေနရံုေပါ့။ ဗုဒၶဘာသာလူမ်ိဳးျဖစ္တဲ့ကြၽန္ေတာ္ဟာ ဆရာနဲ႔ပတ္သတ္လာရင္ ဘယ္ေလာက္ထိအျပစ္ေတြက်ူးလြန္ထားမိမွန္းသိတာေၾကာင့္ ေနာက္ထပ္ငရဲထပ္က်လည္း ကြၽန္ေတာ္ ေက်ေက်နပ္နပ္ႀကီးနဲ႔အဆင္သင့္ျဖစ္ေနၿပီးသားပါ။ ဆရာေျပာလာမဲ့ႏွစ္သိမ့္စကားေတြကို ကြၽန္ေတာ္ဆက္နားမေထာင္ခ်င္ေတာ့ေပ၊ ကံေကာင္းစြာပဲ အဲ့ဒီအခ်ိန္ ႏိုင္ထြန္းနဲ႔ရွင္ေမႊးရဲ့ဟန္သာဆိုတဲ့ေကာင္ ေရာက္လာသည္။

" ေဟး.. တိုးလြင္ "

" ဘယ္သြားၾကမလို႔တုန္း... မင္းတို႔က "

" ဆရာေအာင္ထူးေမာ္ဆီက ေလွခဏ သြားငွားမလို႔ကြ "

ႏိုင္ထြန္းရဲ့စကားေၾကာင့္ ကြၽန္ေတာ္ မ်က္ႏွာပ်က္သြားသည္။

" ေလွက ဘာလုပ္ဖို႔လဲ...၊ "

" ဒီမွာေလကြာ...၊ ဒီေကာင္က ၾကာကန္မွာေလွသြားစီးမလို႔တဲ့.. "

" ၾကာကန္မွာ ေလွႏွစ္စီးရိွတာပဲ... "

" ငေတေပါ့ကြာ....၊ သူနဲ႔ရွင္ေမႊးက သပ္သပ္တစ္စီးစီးမွာတဲ့ေလ....၊ တစ္စီးက မမစုနဲ႔ေဇာ္ဝင္းရယ္ ဒီေကာင္ဟန္သာရယ္ စီးမွာ..၊ မင္းနဲ႔ငါ့အတြက္က ေလွမရိွဘူးဟ...၊ အဲ့တာေၾကာင့္ ငါ ဆရာ့ဆီက ေလွကို လာငွားတာ.....၊ မင္းလည္း လိုက္ခဲ့ေလ... "

" ငါ ေလွစီးခ်င္ေပမဲ့ မစီးရဲဘူးကြ၊ ဟိုတစ္ခါကလို... "

" ဆရာလည္း လိုက္ခဲ့မယ္...၊ ဆရာ ၾကာကန္ဘက္ေရာက္တာ ေတာ္ေတာ္ၾကာၿပီ... "

" ဟင္.. "

ဆရာက ရုတ္တရက္ဝင္ေျပာသည္။ ဆရာ့စကားေၾကာင့္ ကြၽန္ေတာ္နဲ႔ႏိုင္ထြန္း ေၾကာင္အသြားသည္။

" သြားမယ္ေလ... ႏိုင္ထြန္းနဲ႔ကိုတိုး "

" ဟို... မင္းတို႔ပဲ စီးၾကပါ၊ ငါ မလိုက္ေတာ့ဘူး... "

" ဟာ တိုးလြင္ကလည္း...၊ လိုက္ခဲ့ပါဗ်ာ... လူမ်ားေတာ့ ပိုေပ်ာ္စရာေကာင္းတာေပါ့ "

ဟန္သာဆိုတဲ့ေကာင္က ဝင္ေျပာသည္။ ကြၽန္ေတာ္လည္း အဲ့ေကာင္ကိုျငင္းခ်င္ေပမဲ့ မေကာင္းတာမို႔ လက္ခံလိုက္သည္။

ျပႆနာက ၾကာကန္ေရာက္မွ စသည္။ မမစုက အလုပ္ရိွလို႔ဆိုၿပီး ျပန္သြားသည္။ အဲ့တာေၾကာင့္ ႏိုင္ထြန္းက ေဇာ္ဝင္းနဲ႔ဟန္သာတို႔ေလွေပၚ ပါသြားသည္။ ေတလြန္းနဲ႔ရွင္ေမႊးကေတာ့ ေလွကိုယူၿပီး ၾကာကန္အလယ္နားကိုပင္ေရာက္ေနၿပီ။ ကြၽန္ေတာ္နဲ႔ဆရာရယ္ ေလွတစ္စီးရယ္ပဲ က်န္ခဲ့သည္။

" ကြၽန္ေတာ္ မစီးေတာ့ဘူး....၊ ျပန္ေတာ့မယ္ "

ကြၽန္ေတာ္ ၾကာကန္နားကေန ျပန္လွည့္ထြက္ေတာ့ ဆရာက ကြၽန္ေတာ့္လက္ကိုလွမ္းဆြဲလိုက္သည္။

" ကိုတိုး စီးခ်င္တယ္မလား....၊ ဆရာနဲ႔အတူတူ စီးလို႔ရတယ္ေလ... "

" ဟင့္အင္း... ကြၽန္ေတာ္ မစီးေတာ့.. "

" လာပါ... "

ဆရာေအာင္ထူးေမာ္က ကြၽန္ေတာ့္လက္ကိုအတင္းဆြဲၿပီး ေလွေပၚထိုင္ေစကာ ေလွာ္တက္ကိုယူၿပီး ကမ္းကေန စထြက္သည္။ ကြၽန္ေတာ္တို႔ရြာက ၾကာကန္က ေတာ္ေတာ္က်ယ္သည္။ ကန္ဆိုတာထက္ အင္းဟုဆိုရမည္။

~~~~~~~~~~~~~~~~~~~~

" ေတလြန္း!... "

" အင္း.. "

" မင္းကေလ ခ်ီးက်ူးလို႔မရတဲ့ေကာင္ သိလား.... "

" ဘာလို႔လဲ... "

" မင္း ဒါ သပ္သပ္အက်င့္ယုတ္တာေလ... "

" ဟား... အဓိကက ေလွစီးဖို႔မလား... "

" ဒါေတာ့ ဒါေပါ့၊ ဒါေပမဲ့... "

က်ဳပ္ကို ထက္တြန္႔တက္ခ်င္ေနတဲ့ဆင္ေပါက္ကို က်ဳပ္ မ်က္ေမွာင္က်ံဳ႔ၿပီးၾကည့္ေပးလိုက္တယ္။ အဲ့ေတာ့မွ အဲ့ေကာင္ ပါးစပ္ကေလးက ပိတ္သြားတယ္ဗ်ာ။ က်ဳပ္ေျပာပါတယ္... က်ဳပ္ ဒီဗုဒၶဟူးသားကို တမင္အေလ်ာ့မေပးတာမဟုတ္ဘူး...၊ ဒီဗုဒၶဟူးသားဆင္ေပါက္ေကာင္က က်ဳပ္ နည္းနည္းေလးအေလ်ာ့ေပးတာနဲ႔ က်ဳပ္ေခါင္းေပၚ တက္ထိုင္ခ်င္တဲ့အေကာင္။

ဟန္သာ့ကို အျခားေလွနဲ႔ထည့္ေပးလိုက္တဲ့ေတလြန္းကို စိတ္ဆိုးတာေၾကာင့္ အခုလိုေတြေျပာေနရေပမဲ့ ေတလြန္းက မ်က္ေမွာင္က်ံဳ႔သြားေတာ့ ကြၽန္ေတာ္လည္း ကိုယ့္ပါးစပ္ကို ပိတ္ထားလိုက္ရတယ္။ ကြၽန္ေတာ္ေမ့ေနတာ..။ ဒီေကာင္ ဒီေလာက္ႀကီးထိ လိုက္ေလ်ာေပးတာကိုပဲ ေက်းဇူးတင္ရမယ္မလား...။ တကဟ္ဆို ေတလြန္းဆိုတဲ့သူက ကြၽန္ေတာ့္ကို အခုလို အလိုလိုက္တယ္ဆိုတာ မရိွသေလာက္ကို ခပ္ရွားရွားရယ္ေလ။

" ငါတို႔ ၾကာပန္းခူးသြားရေအာင္...ေနာ္ ေတလြန္း!... "

" ..... "

" ဟင္... ခူးသြားမယ္မလား "

" ...... "

" မင္းကလည္း ငါ ေတာင္းပန္ပါတယ္ကြာ....၊ ဟို ငါက အိမ္ရွင္ဆိုေတာ့ မေကာင္းလို႔ပါ... "

" ဟင္း.... ထားလိုက္ေတာ့! ဟိုနားမွာ ၾကာနီေတြရိွတယ္... "

ကြၽန္ေတာ့္ကိုစကားျပန္မေျပာေတာ့ ေတလြန္းစိတ္ခုသြားမွန္း သိတာေၾကာင့္ ကြၽန္ေတာ္ ေတာင္းပန္လိုက္တယ္။

အေရာင္စံုဖူးပြင့္ေနတဲ့ၾကာကန္ႀကီးထဲမွာ ေလွသံုးစီးဟာ တစ္ေနရာစီမွာရိွေနသည္။

" ေဟး!!!... ေတလြန္း!! ဟိုမွာ တိုးလြင္နဲ႔ဆရာ့ေလွေမွာက္သြားတယ္ဟ.... "

က်ဳပ္နဲ႔ဆင္ေပါက္ ႏိုင္ထြန္းရဲ့ေအာ္သံေၾကာင့္ က်ဳပ္တို႔ေလွနဲ႔မနီးမကမ္းမွာရိွတဲ့ဆရာတို႔ေလွကို လွမ္းၾကည့္လိုက္တယ္။ တကယ္ကို ဆရာတို႔ေလွက ေရေပၚမွာေမွာက္ေနသည္။ က်ဳပ္တို႔နဲ႔မေဝးေပမဲ့ ၾကာပန္းခူးတာကိုပဲ ႏွစ္ေယာက္စလံုးအာရံုစိုက္ေနတာေၾကာင့္ ဆရာတို႔ေလွေမွာက္သြားတာကို က်ဳပ္တို႔ သတိမထားမိျခင္းျဖစ္သည္။

" ဗြမ္း!!! "

" ဆင္ေပါက္!! "

က်ဳပ္ ဆရာတို႔ေလွကိုလွမ္းၾကည့္ေနတုန္း ဆင္ေပါက္က ေလွေပၚကေန ေရထဲကိုခုန္ခ်သြားသည္။

Next episode .................

Continue Reading

You'll Also Like

13.1K 328 27
ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoin...
2.7K 70 17
ကိုကို ကျွန်တော်ကြောက်တယ် ရှိုင်းရိပ်ခန့် .............. ငါ့ကလေးကိုဘယ်သူထိရဲသလဲ သျှင်းကောင်းထက် .................. start _ 14.8.2023 end _ ......
242K 14.7K 43
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light
35.9K 1.5K 10
A glimpse in to the married life of the complicated star crossed lovers arnav and khushi.