"ပြင်ဦးလွှင်မှာတုန်းကလည်း ကေသီနဲ့ ဒီလိုပဲဆုံသေးတယ်နော်"
တိတ်ဆိတ်မှုကို မြနန္ဒာက စ၍ ဖြိုခွဲလိုက်သည်။
"ဟုတ်တယ်လေ"
ကျွန်မ ဘာကိုမကျေနပ်ဖြစ်နေတာလဲမသိပါ။
"အဲ့တုန်းကလည်း ဘယ်အနားကပေါ်လာမှန်းမသိဘူး၊အခုရော ဘယ်အနားကရောက်လာတာလဲ"
"မမဝေကို ကားပေါ်ကစောင့်နေရင်းနဲ့၊ဟိုတစ်ယောက်ကိုအရင်တွေ့တာ"
ခပ်ဆတ်ဆတ်ဖြစ်နေသော ကျွန်မအသံကို ထိန်းပေမယ့်လည်းမရ။
"အခုက မတော်တဆဆုံတာပါ၊ချိန်းထားတာ မဟုတ်ဘူး"
မြနန္ဒာ၏ အသံက ခပ်တိုးတိုး။
"ဘယ်သူကမေးနေလို့လဲ"
မြနန္ဒာ ခေါင်းငုံ့သွားပါသည်။ အို ကျွန်မ ဘာဖြစ်နေတာလဲမသိဘူး။
"ဆောရီး မြနန္ဒာရယ်၊ခုနက ဒေါသအရှိန်မပြေသေးလို့"
မြနန္ဒာ ပြုံးပါသည်။
"အို ၊ဘာပြုံးတာလဲ"
"ဘာမှမဟုတ်ပါဘူး ၊ရှေ့ကို ကြည့်ပြီးမောင်းပါကေသီရယ်၊ကားတွေသိပ်ရှုပ်နေတာ"
"ကေသီက အေးပေမယ့်၊ခုနက ဒေါသထွက်တာကျတော့လည်း "
"ဘာဖြစ်လို့လဲ"
"အို အရှေ့ကြည့်ပြီးမောင်းပါဆို"
"အဲ့ဆို ဘာဖြစ်လို့လဲ ပြောလေ"
"ချစ်ဖို့ကောင်းလို့ပါ၊ဘယ်လိုလေးလဲမသိဘူး၊အဲ့တုန်းက ရယ်ချင်တာကို အောင့်ထားရတယ်"
မြနန္ဒာ ကချစ်ဖို့ကောင်းတယ်ဆို၍ ရှက်သွားသော်လည်း ရယ်ချင်တယ်ဆိုသောကြောင့် ကျွန်မ ဒေါသထွက်ချင်လာပြန်သည်။
"ကျွန်မက တကယ်စိတ်ပူပြီး ဒေါသထွက်နေတာကို ရှင်ကရယ်ချင်တယ်ပေါ့ဟုတ်လား"
"အို မဟုတ်ပါဘူး၊ဒေါသမကြီးနဲ့လေကေသီရဲ့၊ အဲလိုပုံစံလေးကို အခုမှမြင်ဖူးလို့ပါ"
မြနန္ဒာ၏ ခပ်တိုးတိုးရယ်သံကြောင့် ကျွန်မ ရှက်လို့မဆုံးတော့ချေ။
"ဒါနဲ့ ဘယ်သူ့အားကိုးနဲ့ ဟိုတစ်ယောက်ကို ရှင်ကဘာလုပ်ချင်လို့လဲ လို့ပြောခဲ့တာလဲဟင်"
"Security အားကိုးနဲ့ပေါ့"
မြနန္ဒာ သဘောကျ၍ ရယ်သောအခါ ကျွန်မလည်း လိုက်ရယ်မိတော့သည်။ကျွန်မပုံစံက စ ချင်စရာဖြစ်နေသည်ထင်ပါသည် မြနန္ဒာ စ လို့မဆုံးတော့။ဟိုတစ်ညက အဖြစ်အပျက်ကိုလည်း သတိမရမိကြ။
ပြန်ရောက်သည့်အခါ မြနန္ဒာအခန်းထဲတွင် ရေခဲမရှိ၍ ကျွန်မအခန်းတွင် သွားယူရသည်။
"ဘာမှ မဖြစ်ပါဘူးဆို ကေသီရယ်"
မြနန္ဒာ၏ စကားကို မသိချင်ယောင်ဆောင်၍ ထိုင်ခိုင်းရသည်။
"အစ်မကြီးတစ်ယောက် ကောက်ရလိုက်သလိုပဲ"
ကျွန်မ သူ့ကို မော့မကြည့်ပေမယ့် ပြုံးမိသည်။
"အရင်ကတော့ အစ်မနှစ်ယောက်ပဲရှိတယ်ဆိုပေမယ့်၊အခုတော့ သုံးယောက်ပေါ့နော်"
ရေခဲကပ်ပေးနေသော ကျွန်မလက်များ မတည်ငြိမ်ဖြစ်သွားရသည်။သူ ဘာလို့ ကျွန်မကို ဒီလောက်စချင်နေရတာလဲမသိ။သူ့မျက်စိထဲမှာ ကျွန်မကို ကလေးတစ်ယောက်လို့များ မြင်နေတာလားမသိဘူး။
မော့ကြည့်မိသောအခါ ပြုံးစစဖြင့် ကျွန်မကို ငုံ့ကြည့်နေသည်။မြနန္ဒာ အကြည့်ကရိုးရိုးသားသား၊ညီမငယ်လေးကို စနေသော အစ်မတစ်ယောက်လိုမျိုး။
ဒါပေမယ့် ကျွန်မက မရိုးသားနိုင်သူလေ မြနန္ဒာရယ်။ကျွန်မ သူ့ပါးတစ်ဖက်ကို ဖျတ်ခနဲ လှမ်းနမ်းလိုက်မိသည်။ ရည်ရွယ်မထားဘဲ ၊ကိုယ့်ကိုကိုယ် သတိမထားမိဘဲ နမ်းလိုက်မိခြင်းပါ။
မြနန္ဒာ ၏ ပါးနှစ်ဖက် ရဲသွားသည်ကို ကြည့်၍ ကျွန်မလည်း လန့်သွားသည်။ဒါပေမယ့် သူဘာမှ မပြောပါ။ရှက်ပြုံးသာ ပြုံးလေသည်။
"သက်သာသွားပြီကေသီ၊ကျေးဇူးတင်ပါတယ်ကွယ်"
မြနန္ဒာဆီမှ ကျေးဇူးတင်စကားကြားရသည့်အခါ သူ ကျွန်မအပေါ် သူစိမ်းဆန်လိုက်တာဟု တွေးမိသည်။ပြီးတော့ အားငယ်မိပြန်သည်။
သူ့အနားမှာ ဆက်နေချင်သေးသော်လည်း သူ မကြိုက်မှာစိုးပြန်သဖြင့် အခန်းသာပြန်ခဲ့သည်။
လက်တော့ ဖွင့်လိုက်သည့်အခါ အီးမေးလ် တစ်စောင်ရောက်နေသည်။UK မှာနေနေသည့် ကျွန်မသူငယ်ချင်း ဆီမှဖြစ်သည်။ သူလက်ရှိအလုပ်လုပ်နေသည့် ဆေးရုံတွင် လူလို၍ ကျွန်မတောင်းထားသည့် ဆေးရုံအချက်အလက်များ၊အလုပ်လျှောက်လျှင် လိုအပ်သည်များကို ပေးပို့လာခြင်းဖြစ်သည်။
ကျွန်မ သက်ပြင်းခပ်သဲ့သဲ့ချမိပါသည်။မြနန္ဒာ ရယ် ရှင်နဲ့ ဝေးရာကို ထွက်သွားဖို့ ကျွန်မကြိုးစားနေမိပြီသိလား။
ဖေဖေနှင့်မေမေကတော့ ယခင်က UK သွားပြီးအလုပ်လုပ်၊မလုပ်လျှင်လည်း ပါရဂူဘွဲ့ယူဖို့ တိုက်တွန်းတိုင်း အမြဲခေါင်းခါခဲ့သည့် ကျွန််မကို UK သွား၍ အလုပ်လုပ်ချင်သည်ဆို၍ အံ့သြနေလေသည်။
မမဝေသိလျှင်တော့ သူ့ကိုမတိုင်ပင်ရကောင်းလားဟု ဆူပါလိမ့်မည်။ကျွန်မလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ဖြစ်နေ၍ မပြောဖြစ်။ဆရာ ဂျေမီကိုတော့ အရင်ဆုံးပြောပြဖြစ်ခဲ့ပါသည်။ဆရာက အားပေးရှာသည်။UK မှာရှိနေသော ဆရာ့သူငယ်ချင်းတစ်ချို့နှင့်လည်း ဆက်သွယ်ပေးသည်။
မြနန္ဒာကိုတော့ ဘယ်လိုပြောရမလဲမသိသေး။သူ ဝမ်းသာမည်လား၊ ဝမ်းနည်းမည်လား။ကျွန်မ သေချာမသိပါ။
ကျွန်မ အခန်းပြန်ရောက်တော့ သိပ်ပင်ပန်းနေခဲ့သည်။ပြန်လာခါနီးလေးတွင်မှ လူနာတစ်ဦး ရုတ်တရက်ထဖောက်၍ အလုပ်ရှုပ်သွားခဲ့သည်။အတတ်နိုင်ဆုံး အသက်ကယ်သော်လည်းမရတော့။လူနာက အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦး။လူနာရှင် နှစ်ယောက်မှာ လူနာ၏ မောင်နှမတွေဖြစ်ဟန်တူပါသည်။သေဆုံးကြောင်းအတည်ပြုပေးလိုက်ပြီးနောက် အလုပ်သမားများကအလောင်းကို ရေခဲတိုက်သို့ သယ်သွားလေသည်။
ကျွန်မ၏ ဆရာဝန်သက်တမ်းတစ်လျှောက် ဒီလိုအဖြစ်အပျက်မျိုးတွေ ကြုံခဲ့ပေါင်းများပြီဖြစ်သော်လည်း အခုတော့ ထူးထူးခြားခြား စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိနေခဲ့သည်။ထိုအခါတွင်မှ လူနာရှင်နှစ်ယောက်ပြန်ရောက်လာပြီး သေဆုံးချိန်လွဲနေ၍ ရေခဲတိုက်မှ အလောင်းထုတ်မပေးသောကြောင့် သေဆုံးချိန်ပြန်ရေးပေးဖို့ လာပြောသည်။
ကျွန်မ စိတ်ဓာတ်ကျသွားရသည်။ရေခဲတိုက်နဲ့သူတို့ တွင် တစ်ဖက်ကတော့ လွဲနေတာသေချာသည်။
လူနာတစ်ယောက်၏ သေဆုံးချိန်ဆိုတာ လက်လွတ်စပယ် ရေးပေးလို့မရကြောင်း၊သေချာအတည်ပြုပြီးမှ သေဆုံးသည်ဟု သတ်မှတ်ရတာဖြစ်ကြောင်း ရှင်းပြပေမယ့် မရ။အလောင်းပြန်သယ်သွားချင်ကြောင်းကိုသာ ထပ်ခါထပ်ခါပြောနေလေသည်။ သူတို့နှစ်ယောက်၏ ငိုချင်ပေမယ့် ကျွန်မတို့ရှေ့တွင် ဟန်ကိုယ့်ဖို့ ထိန်းထားရသော အခြေအနေကို နားလည်မိပါသည်။ ထိုအခါ ငြိမ်းကို သတိရလိုက် ၊ကိုအောင်ကို ဆုံးရှုံးထားရသော မြနန္ဒာကို သတိရလိုက်ဖြင့် ကျွန်မ စိတ်များ ပိုရှုပ်ထွေးလာတော့သည်။
အခြေအနေကို သဘောပေါက်၍ မမဝေက ဝင်ထိန်းလိုက်သည်။ မမဝေပဲ ကျွန်မကို ကားမောင်းပြီး ပြန်ပို့ပေးသွားခြင်းဖြစ်သည်။ မြနန္ဒာကို သတိရမိပြန်သည်။ပင်ပန်းနေချိန် မှီချဖို့ မြနန္ဒာ၏ပုခုံးတဖက်ကို လိုအပ်လာခဲ့သည်။တင်းထားခဲ့ရသော စိတ်ဓာတ်များကို ဖြေလျှော့ဖို့၊ အေးစက်နေခဲ့သော လက်ဖဝါးများကို မြနန္ဒာ၏လက်များနှင့် ထွေးဆုပ်ပြီးနွေးစေဖို့ ကျွန်မသူ့ကို သိပ်လိုအပ်နေပါသည်။
တံခါးနား ရောက်ပြီးမှ ပြန်လှည့်လာမိသည်။ကျွန်မဖက်က တဖက်သတ်အတွေးတစ်ခုတည်းဖြင့် မြနန္ဒာကိုလိုအပ်နေခဲ့ပါလားဟု အားငယ်လာသည်။ ကျွန်မ ဘာမှ မစားဖြစ်ဘဲ အိပ်ယာပေါ်တွင် လှဲနေခဲ့သည်။
ဘယ်အချိန် အိပ်ပျော်သွားသလဲ မသိလိုက်။အိပ်မက်ဆိုးများ မက်နေခဲ့သည်။အိပ်မက်ထဲတွင်ညနေက ဆုံးသွားသော လူနာ၏ လူနာရှင်နှစ်ယောက်နှင့်အတူ ရှိနေခဲ့သည်။ ထိုနှစ်ယောက်နှင့် စကားများနေရင်း လန့်နိုးလာခဲ့၏။
"အို ကေသီ"
"ဟင် မြနန္ဒာ"
"ကေသီ အပူကြီးပြီးယောင်နေတာ"
အို ဟုတ်သား၊ကျွန်မ တကိုယ်လုံး ချွေးတွေချည်းပဲ။
စိုးရိမ်တကြီး ကြည့်နေသော မြနန္ဒာ၏ မျက်နှာကို မြင်သောအခါ ကျွန်မ သူ့ကို တင်းကျပ်စွာ ဖက်ထားမိသည်။ပြီးမှ နောင်တရမိကာ ပြန်ခွာလိုက်ရသည်။
"မြနန္ဒာ ဘယ်လိုရောက်နေတာလဲ"
"ကေသီ တံခါးကို လော့ခ်မချထားဘူးလေ၊တော်သေးတာပေါ့၊တို့လာကြည့်မိလို့၊ ရေပတ်တိုက်ပေးနေတာတောင် အပူကမကျဘူး၊ဆေးရုံသွားရအောင်"
"ဆေးရုံသွားစရာမလိုပါဘူးမြနန္ဒာရယ်၊ ဟိုအထက်မှာ ဆေးဗူးရှိတယ်၊ရေနဲ့ ဆေးနဲ့ပဲယူပေး"
ဆေးသောက်ပြီးနောက် မြနန္ဒာသည် ကျွန်မကို အလိုမကျသလိုကြည့်နေပြန်သည်။
"ကေသီ ၊မင်းဖုန်းခဏငှား၊မင်းမမဝေဆီဖုန်းဆက်ပေးပါလား"
"ကျွန်မ အဆင်ပြေပါတယ်ဆို မြနန္ဒာရယ်"
"ကဲ တို့ စကားကို နားထောင်စမ်းပါကေသီရယ်၊ပေး တို့ပြောမယ်"
သိပ်မကြာလိုက် မမဝေရောက်လာသည်။မမဝေသည် ကျွန်မကို ဆေးထိုးပေးပြီး၍ ဆေးပုလင်းတစ်ဗူးချိတ်ထားပေးခဲ့သည်။
"တို့ နေပေးရဦးမလားကေသီ"
"မလိုပါဘူး မမဝေရယ်၊ မမေဝေမှာ အိမ်မှာ ကလေးတွေနဲ့ကို မြန်မြန်ပြန်မှပေါ့"
"အံမယ်၊ မမမှာ မမယောကျ်ား တစ်ယောက်လုံးရှိပါသေးတယ်၊ကိုယ့်အတွက်သာပူပါနော်"
မမဝေသည် ပြောရင်းက မြနန္ဒာကို ကြည့်လိုက်သဖြင့် ကျွန်မမျက်နှာပူသွားရသည်။မြနန္ဒာသည်လည်း မမဝေ၏ စကားကိုသဘောပေါက်၍ထင်၏။ မျက်လွှာ ချပစ်သည်။
"နေမကောင်းတဲ့သူကို ဒီလိုပဲ အားပေးရသလားမမဝေ"
မမဝေက ရယ်ပါသည်။
"မမက စတာပါကွာ၊မြနန္ဒာ တစ်ယောက်လုံးရှိနေတာပဲ ဘာအားငယ်စရာလိုလို့လဲ၊ကေသီ့ကို စိတ်ချမယ်နော် မြနန္ဒာ"
မမဝေသည် အနှောင့်အသွားမလွတ်အောင် ပြော၍ မြနန္ဒာကိုနှုတ်ဆက်ကာ ပြန်သွားလေသည်။
Zawgyi
"ျပင္ဦးလႊင္မွာတုန္းကလည္း ေကသီနဲ႕ ဒီလိုပဲဆုံေသးတယ္ေနာ္"
တိတ္ဆိတ္မႈကို ျမနႏၵာက စ၍ ၿဖိဳခြဲလိုက္သည္။
"ဟုတ္တယ္ေလ"
ကြၽန္မ ဘာကိုမေက်နပ္ျဖစ္ေနတာလဲမသိပါ။
"အဲ့တုန္းကလည္း ဘယ္အနားကေပၚလာမွန္းမသိဘူး၊အခုေရာ ဘယ္အနားကေရာက္လာတာလဲ"
"မမေဝကို ကားေပၚကေစာင့္ေနရင္းနဲ႕၊ဟိုတစ္ေယာက္ကိုအရင္ေတြ႕တာ"
ခပ္ဆတ္ဆတ္ျဖစ္ေနေသာ ကြၽန္မအသံကို ထိန္းေပမယ့္လည္းမရ။
"အခုက မေတာ္တဆဆုံတာပါ၊ခ်ိန္းထားတာ မဟုတ္ဘူး"
ျမနႏၵာ၏ အသံက ခပ္တိုးတိုး။
"ဘယ္သူကေမးေနလို႔လဲ"
ျမနႏၵာ ေခါင္းငုံ႕သြားပါသည္။ အို ကြၽန္မ ဘာျဖစ္ေနတာလဲမသိဘူး။
"ေဆာရီး ျမနႏၵာရယ္၊ခုနက ေဒါသအရွိန္မေျပေသးလို႔"
ျမနႏၵာ ၿပဳံးပါသည္။
"အို ၊ဘာၿပဳံးတာလဲ"
"ဘာမွမဟုတ္ပါဘူး ၊ေရွ႕ကို ၾကည့္ၿပီးေမာင္းပါေကသီရယ္၊ကားေတြသိပ္ရႈပ္ေနတာ"
"ေကသီက ေအးေပမယ့္၊ခုနက ေဒါသထြက္တာက်ေတာ့လည္း "
"ဘာျဖစ္လို႔လဲ"
"အို အေရွ႕ၾကည့္ၿပီးေမာင္းပါဆို"
"အဲ့ဆို ဘာျဖစ္လို႔လဲ ေျပာေလ"
"ခ်စ္ဖို႔ေကာင္းလို႔ပါ၊ဘယ္လိုေလးလဲမသိဘူး၊အဲ့တုန္းက ရယ္ခ်င္တာကို ေအာင့္ထားရတယ္"
ျမနႏၵာ ကခ်စ္ဖို႔ေကာင္းတယ္ဆို၍ ရွက္သြားေသာ္လည္း ရယ္ခ်င္တယ္ဆိုေသာေၾကာင့္ ကြၽန္မ ေဒါသထြက္ခ်င္လာျပန္သည္။
"ကြၽန္မက တကယ္စိတ္ပူၿပီး ေဒါသထြက္ေနတာကို ရွင္ကရယ္ခ်င္တယ္ေပါ့ဟုတ္လား"
"အို မဟုတ္ပါဘူး၊ေဒါသမႀကီးနဲ႕ေလေကသီရဲ႕၊ အဲလိုပုံစံေလးကို အခုမွျမင္ဖူးလို႔ပါ"
ျမနႏၵာ၏ ခပ္တိုးတိုးရယ္သံေၾကာင့္ ကြၽန္မ ရွက္လို႔မဆုံးေတာ့ေခ်။
"ဒါနဲ႕ ဘယ္သူ႕အားကိုးနဲ႕ ဟိုတစ္ေယာက္ကို ရွင္ကဘာလုပ္ခ်င္လို႔လဲ လို႔ေျပာခဲ့တာလဲဟင္"
"Security အားကိုးနဲ႕ေပါ့"
ျမနႏၵာ သေဘာက်၍ ရယ္ေသာအခါ ကြၽန္မလည္း လိုက္ရယ္မိေတာ့သည္။ကြၽန္မပုံစံက စ ခ်င္စရာျဖစ္ေနသည္ထင္ပါသည္ ျမနႏၵာ စ လို႔မဆုံးေတာ့။ဟိုတစ္ညက အျဖစ္အပ်က္ကိုလည္း သတိမရမိၾက။
ျပန္ေရာက္သည့္အခါ ျမနႏၵာအခန္းထဲတြင္ ေရခဲမရွိ၍ ကြၽန္မအခန္းတြင္ သြားယူရသည္။
"ဘာမွ မျဖစ္ပါဘူးဆို ေကသီရယ္"
ျမနႏၵာ၏ စကားကို မသိခ်င္ေယာင္ေဆာင္၍ ထိုင္ခိုင္းရသည္။
"အစ္မႀကီးတစ္ေယာက္ ေကာက္ရလိုက္သလိုပဲ"
ကြၽန္မ သူ႕ကို ေမာ့မၾကည့္ေပမယ့္ ၿပဳံးမိသည္။
"အရင္ကေတာ့ အစ္မႏွစ္ေယာက္ပဲရွိတယ္ဆိုေပမယ့္၊အခုေတာ့ သုံးေယာက္ေပါ့ေနာ္"
ေရခဲကပ္ေပးေနေသာ ကြၽန္မလက္မ်ား မတည္ၿငိမ္ျဖစ္သြားရသည္။သူ ဘာလို႔ ကြၽန္မကို ဒီေလာက္စခ်င္ေနရတာလဲမသိ။သူ႕မ်က္စိထဲမွာ ကြၽန္မကို ကေလးတစ္ေယာက္လို႔မ်ား ျမင္ေနတာလားမသိဘူး။
ေမာ့ၾကည့္မိေသာအခါ ၿပဳံးစစျဖင့္ ကြၽန္မကို ငုံ႕ၾကည့္ေနသည္။ျမနႏၵာ အၾကည့္ကရိုးရိုးသားသား၊ညီမငယ္ေလးကို စေနေသာ အစ္မတစ္ေယာက္လိုမ်ိဳး။
ဒါေပမယ့္ ကြၽန္မက မရိုးသားနိုင္သူေလ ျမနႏၵာရယ္။ကြၽန္မ သူ႕ပါးတစ္ဖက္ကို ဖ်တ္ခနဲ လွမ္းနမ္းလိုက္မိသည္။ ရည္႐ြယ္မထားဘဲ ၊ကိုယ့္ကိုကိုယ္ သတိမထားမိဘဲ နမ္းလိုက္မိျခင္းပါ။
ျမနႏၵာ ၏ ပါးႏွစ္ဖက္ ရဲသြားသည္ကို ၾကည့္၍ ကြၽန္မလည္း လန့္သြားသည္။ဒါေပမယ့္ သူဘာမွ မေျပာပါ။ရွက္ၿပဳံးသာ ၿပဳံးေလသည္။
"သက္သာသြားၿပီေကသီ၊ေက်းဇူးတင္ပါတယ္ကြယ္"
ျမနႏၵာဆီမွ ေက်းဇူးတင္စကားၾကားရသည့္အခါ သူ ကြၽန္မအေပၚ သူစိမ္းဆန္လိုက္တာဟု ေတြးမိသည္။ၿပီးေတာ့ အားငယ္မိျပန္သည္။
သူ႕အနားမွာ ဆက္ေနခ်င္ေသးေသာ္လည္း သူ မႀကိဳက္မွာစိုးျပန္သျဖင့္ အခန္းသာျပန္ခဲ့သည္။
လက္ေတာ့ ဖြင့္လိုက္သည့္အခါ အီးေမးလ္ တစ္ေစာင္ေရာက္ေနသည္။UK မွာေနေနသည့္ ကြၽန္မသူငယ္ခ်င္း ဆီမွျဖစ္သည္။ သူလက္ရွိအလုပ္လုပ္ေနသည့္ ေဆး႐ုံတြင္ လူလို၍ ကြၽန္မေတာင္းထားသည့္ ေဆး႐ုံအခ်က္အလက္မ်ား၊အလုပ္ေလွ်ာက္လွ်င္ လိုအပ္သည္မ်ားကို ေပးပို႔လာျခင္းျဖစ္သည္။
ကြၽန္မ သက္ျပင္းခပ္သဲ့သဲ့ခ်မိပါသည္။ျမနႏၵာ ရယ္ ရွင္နဲ႕ ေဝးရာကို ထြက္သြားဖို႔ ကြၽန္မႀကိဳးစားေနမိၿပီသိလား။
ေဖေဖႏွင့္ေမေမကေတာ့ ယခင္က UK သြားၿပီးအလုပ္လုပ္၊မလုပ္လွ်င္လည္း ပါရဂူဘြဲ႕ယူဖို႔ တိုက္တြန္းတိုင္း အၿမဲေခါင္းခါခဲ့သည့္ ကြၽန္္မကို UK သြား၍ အလုပ္လုပ္ခ်င္သည္ဆို၍ အံ့ၾသေနေလသည္။
မမေဝသိလွ်င္ေတာ့ သူ႕ကိုမတိုင္ပင္ရေကာင္းလားဟု ဆူပါလိမ့္မည္။ကြၽန္မလည္း ကိုယ့္အေၾကာင္းနဲ႕ကိုယ္ျဖစ္ေန၍ မေျပာျဖစ္။ဆရာ ေဂ်မီကိုေတာ့ အရင္ဆုံးေျပာျပျဖစ္ခဲ့ပါသည္။ဆရာက အားေပးရွာသည္။UK မွာရွိေနေသာ ဆရာ့သူငယ္ခ်င္းတစ္ခ်ိဳ႕ႏွင့္လည္း ဆက္သြယ္ေပးသည္။
ျမနႏၵာကိုေတာ့ ဘယ္လိုေျပာရမလဲမသိေသး။သူ ဝမ္းသာမည္လား၊ ဝမ္းနည္းမည္လား။ကြၽန္မ ေသခ်ာမသိပါ။
ကြၽန္မ အခန္းျပန္ေရာက္ေတာ့ သိပ္ပင္ပန္းေနခဲ့သည္။ျပန္လာခါနီးေလးတြင္မွ လူနာတစ္ဦး ႐ုတ္တရက္ထေဖာက္၍ အလုပ္ရႈပ္သြားခဲ့သည္။အတတ္နိုင္ဆုံး အသက္ကယ္ေသာ္လည္းမရေတာ့။လူနာက အသက္သုံးဆယ္ေက်ာ္ အမ်ိဳးသမီးတစ္ဦး။လူနာရွင္ ႏွစ္ေယာက္မွာ လူနာ၏ ေမာင္ႏွမေတြျဖစ္ဟန္တူပါသည္။ေသဆုံးေၾကာင္းအတည္ျပဳေပးလိုက္ၿပီးေနာက္ အလုပ္သမားမ်ားကအေလာင္းကို ေရခဲတိုက္သို႔ သယ္သြားေလသည္။
ကြၽန္မ၏ ဆရာဝန္သက္တမ္းတစ္ေလွ်ာက္ ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ ႀကဳံခဲ့ေပါင္းမ်ားၿပီျဖစ္ေသာ္လည္း အခုေတာ့ ထူးထူးျခားျခား စိတ္ထဲတြင္ ရႈပ္ေထြးေနာက္က်ိေနခဲ့သည္။ထိုအခါတြင္မွ လူနာရွင္ႏွစ္ေယာက္ျပန္ေရာက္လာၿပီး ေသဆုံးခ်ိန္လြဲေန၍ ေရခဲတိုက္မွ အေလာင္းထုတ္မေပးေသာေၾကာင့္ ေသဆုံးခ်ိန္ျပန္ေရးေပးဖို႔ လာေျပာသည္။
ကြၽန္မ စိတ္ဓာတ္က်သြားရသည္။ေရခဲတိုက္နဲ႕သူတို႔ တြင္ တစ္ဖက္ကေတာ့ လြဲေနတာေသခ်ာသည္။
လူနာတစ္ေယာက္၏ ေသဆုံးခ်ိန္ဆိုတာ လက္လြတ္စပယ္ ေရးေပးလို႔မရေၾကာင္း၊ေသခ်ာအတည္ျပဳၿပီးမွ ေသဆုံးသည္ဟု သတ္မွတ္ရတာျဖစ္ေၾကာင္း ရွင္းျပေပမယ့္ မရ။အေလာင္းျပန္သယ္သြားခ်င္ေၾကာင္းကိုသာ ထပ္ခါထပ္ခါေျပာေနေလသည္။ သူတို႔ႏွစ္ေယာက္၏ ငိုခ်င္ေပမယ့္ ကြၽန္မတို႔ေရွ႕တြင္ ဟန္ကိုယ့္ဖို႔ ထိန္းထားရေသာ အေျခအေနကို နားလည္မိပါသည္။ ထိုအခါ ၿငိမ္းကို သတိရလိုက္ ၊ကိုေအာင္ကို ဆုံးရႈံးထားရေသာ ျမနႏၵာကို သတိရလိုက္ျဖင့္ ကြၽန္မ စိတ္မ်ား ပိုရႈပ္ေထြးလာေတာ့သည္။
အေျခအေနကို သေဘာေပါက္၍ မမေဝက ဝင္ထိန္းလိုက္သည္။ မမေဝပဲ ကြၽန္မကို ကားေမာင္းၿပီး ျပန္ပို႔ေပးသြားျခင္းျဖစ္သည္။ ျမနႏၵာကို သတိရမိျပန္သည္။ပင္ပန္းေနခ်ိန္ မွီခ်ဖိဳ႕ ျမနႏၵာ၏ပုခုံးတဖက္ကို လိုအပ္လာခဲ့သည္။တင္းထားခဲ့ရေသာ စိတ္ဓာတ္မ်ားကို ေျဖေလွ်ာ့ဖို႔၊ ေအးစက္ေနခဲ့ေသာ လက္ဖဝါးမ်ားကို ျမနႏၵာ၏လက္မ်ားႏွင့္ ေထြးဆုပ္ၿပီးႏြေးေစဖို႔ ကြၽန္မသူ႕ကို သိပ္လိုအပ္ေနပါသည္။
တံခါးနား ေရာက္ၿပီးမွ ျပန္လွည့္လာမိသည္။ကြၽန္မဖက္က တဖက္သတ္အေတြးတစ္ခုတည္းျဖင့္ ျမနႏၵာကိုလိုအပ္ေနခဲ့ပါလားဟု အားငယ္လာသည္။ ကြၽန္မ ဘာမွ မစားျဖစ္ဘဲ အိပ္ယာေပၚတြင္ လွဲေနခဲ့သည္။
ဘယ္အခ်ိန္ အိပ္ေပ်ာ္သြားသလဲ မသိလိုက္။အိပ္မက္ဆိုးမ်ား မက္ေနခဲ့သည္။အိပ္မက္ထဲတြင္ညေနက ဆုံးသြားေသာ လူနာ၏ လူနာရွင္ႏွစ္ေယာက္ႏွင့္အတူ ရွိေနခဲ့သည္။ ထိုႏွစ္ေယာက္ႏွင့္ စကားမ်ားေနရင္း လန့္နိုးလာခဲ့၏။
"အို ေကသီ"
"ဟင္ ျမနႏၵာ"
"ေကသီ အပူႀကီးၿပီးေယာင္ေနတာ"
အို ဟုတ္သား၊ကြၽန္မ တကိုယ္လုံး ေခြၽးေတြခ်ည္းပဲ။
စိုးရိမ္တႀကီး ၾကည့္ေနေသာ ျမနႏၵာ၏ မ်က္ႏွာကို ျမင္ေသာအခါ ကြၽန္မ သူ႕ကို တင္းက်ပ္စြာ ဖက္ထားမိသည္။ၿပီးမွ ေနာင္တရမိကာ ျပန္ခြာလိုက္ရသည္။
"ျမနႏၵာ ဘယ္လိုေရာက္ေနတာလဲ"
"ေကသီ တံခါးကို ေလာ့ခ္မခ်ထားဘူးေလ၊ေတာ္ေသးတာေပါ့၊တို႔လာၾကည့္မိလို႔၊ ေရပတ္တိုက္ေပးေနတာေတာင္ အပူကမက်ဘဴး၊ေဆး႐ုံသြားရေအာင္"
"ေဆး႐ုံသြားစရာမလိုပါဘူးျမနႏၵာရယ္၊ ဟိုအထက္မွာ ေဆးဗူးရွိတယ္၊ေရနဲ႕ ေဆးနဲ႕ပဲယူေပး"
ေဆးေသာက္ၿပီးေနာက္ ျမနႏၵာသည္ ကြၽန္မကို အလိုမက်သလိုၾကည့္ေနျပန္သည္။
"ေကသီ ၊မင္းဖုန္းခဏငွား၊မင္းမမေဝဆီဖုန္းဆက္ေပးပါလား"
"ကြၽန္မ အဆင္ေျပပါတယ္ဆို ျမနႏၵာရယ္"
"ကဲ တို႔ စကားကို နားေထာင္စမ္းပါေကသီရယ္၊ေပး တို႔ေျပာမယ္"
သိပ္မၾကာလိုက္ မမေဝေရာက္လာသည္။မမေဝသည္ ကြၽန္မကို ေဆးထိုးေပးၿပီး၍ ေဆးပုလင္းတစ္ဗူးခ်ိတ္ထားေပးခဲ့သည္။
"တို႔ ေနေပးရဦးမလားေကသီ"
"မလိုပါဘူး မမေဝရယ္၊ မေမေဝမွာ အိမ္မွာ ကေလးေတြနဲ႕ကို ျမန္ျမန္ျပန္မွေပါ့"
"အံမယ္၊ မမမွာ မမေယာက်္ား တစ္ေယာက္လုံးရွိပါေသးတယ္၊ကိုယ့္အတြက္သာပူပါေနာ္"
မမေဝသည္ ေျပာရင္းက ျမနႏၵာကို ၾကည့္လိုက္သျဖင့္ ကြၽန္မမ်က္ႏွာပူသြားရသည္။ျမနႏၵာသည္လည္း မမေဝ၏ စကားကိုသေဘာေပါက္၍ထင္၏။ မ်က္လႊာ ခ်ပစ္သည္။
"ေနမကာင္းတဲ့သူကို ဒီေလာက္ေတာင္ အားေပးရသလားမမေဝ"
မမေဝက ရယ္ပါသည္။
"မမက စတာပါကြာ၊ျမနႏၵာ တစ္ေယာက္လုံးရွိေနတာပဲ ဘာအားငယ္စရာလိုလို႔လဲ၊ေကသီ့ကို စိတ္ခ်မယ္ေနာ္ ျမနႏၵာ"
မမေဝသည္ အႏွောင့္အသြားမလြတ္ေအာင္ ေျပာ၍ ျမနႏၵာကိုႏႈတ္ဆက္ကာ ျပန္သြားေလသည္။