Unicode
"ကိုကိုရေ ကျွန်တော်အဆင်သင့်ဖြစ်ပြီ....."
အခန်းထဲကနေလှမ်းအော်တဲ့ချာတိတ်ကြောင့်လင်းလက်အထုတ်အပိုးတွေကားထဲထည့်နေရာမှနေအိပ်ခန်းဆီသို့အမြန်ပြေးလာခဲ့လိုက်သည်။
" လာ ကိုယ်တွဲပေးမယ်ချာတိတ်......"
" ဘာကိုချာတိတ်လဲဗျာ...မောင်လို့ခေါ်ရပါမယ်ဆို....."
မျက်နှာကြီးစူပုတ်ကာပြောလာတဲ့ချာတိတ်ကြောင့်လင်းလက်သဘောတကျပြုံးလိုက်မိရင်းလည်တိုင်ကိုဖက်တွယ်လိုက်တော့ခပ်ငေးငေးပြန်ကြည့်လာသည်။
အင်း...အခုဆိုရင်ချာတိတ်မျက်လုံးကလည်းတစ်ခါတစ်ခါဝေဝါးတာလောက်သာရှိတော့ပြီးမြင်တော့ပြန်မြင်နေလေပေပြီ။
မင်္ဂလာဆောင်ပြီးနှစ်ပတ်လောက်အကြာကရှိမယ်ထင် ၊ ကုထုံးအသစ်တစ်ခုရလာတာမို့ချာတိတ်အတွက်အဆင်ပြေလို့ပြေငြားဆိုပြီးထိုကုထုံးနှင့်စမ်းသပ်ကုသပေးခဲ့မိလိုက်တာ။ မထင်မှတ်ဘဲအခုလိုမျိုးအနာနဲ့ဆေးတွေ့သွားတော့လည်းကောင်းတာပဲပေါ့။
" ဘာတွေကြည့်နေတာလဲကိုကို...ကိုယ့်ယောက်ျားကိုယ်ကြည့်မဝဖြစ်နေတာလား......"
" အဲ့ဒီ့လိုဆိုရင်ရောမောင်......"
အပြုံးရေးရေးနှင့်မျက်ဝန်းချင်းဆုံကြည့်ကာပြောလာတဲ့ကိုကိုကအသည်းယားစရာကောင်းလွန်းတာမို့ခါးကနေသိမ်းကျုံးဆွဲယူကာဖက်လိုက်တော့ပခုံးပေါ်မေးတင်လာပြန်သည်။ အငြိမ်မနေတဲ့လက်တွေကကျောပြင်ပေါ်ဟိုပြေးဒီပြေးနှင့်။
နေပါဦး...ကိုကိုအခုဘာလုပ်နေတာလဲ။
" မောင်......"
" ဗျာ ပြောလေကိုကို...ဘာပြောမလို့လဲ......"
စကားသာပြောနေရပေမယ့်လူကနည်းနည်းတော့မနေတတ်မထိုင်တတ်တော့။ ကျောပြင်ပေါ်လာထိတွေ့နေတဲ့လက်ချောင်းသွယ်သွယ်တွေကလည်ဂုတ်ပေါ်မှတစ်ဆင့်ဆံပင်တွေကြားတိုးဝင်ပွတ်သပ်လာပြန်တာမို့အသက်ရှူပါအောင့်ထားလိုက်ရသည်။
" ယောက်ျား......"
ခပ်ရှရှထွက်ပေါ်လာတဲ့အသံကခန္ဓာကိုယ်ထဲမှသွေးခုန်နှုန်းအားပိုမြန်လာစေသလိုလို ၊ အနည်းငယ်အပူချိန်မြင့်လာသလိုလိုဖြစ်လာစေသည်အထိညှို့ငင်သည်။ ခါးကိုသာပိုတိုးဖက်ရင်းအသံရှည်ဆွဲကာထူးမိတော့လည်တိုင်ပေါ်တစ်စတစ်စကျရောက်လာသည့်နှုတ်ခမ်းသား၏အထိအတွေ့တစ်ချို့။
ကိုကိုအခုဘာတွေလုပ်နေတာလဲ......။
" ကိုကို ကျွန်တော်တို့ကအခုခရီးသွားရမှာမဟုတ်လား......"
" အဲ့ဒီ့တော့ဘာဖြစ်လို့လဲကွာ......"
ပြောပြောဆိုဆိုနှင့်အတင်းဖက်တွယ်ကာနမ်းရှိုက်ရင်းကုတင်အနားသို့တိုးကပ်သွားလိုက်သည်။ အနမ်းမှာနစ်မျောနေတဲ့ကောင်လေးအားကုတင်ပေါ်ထိုင်စေလိုက်ပြီးကိုယ်ကပါသူ့ပေါင်ပေါ်ခွထိုင်လိုက်သည်နှင့်ထိကပ်ထားသည့်နှုတ်ခမ်းညိုတွေကဖယ်ခွာသွားပြန်တယ်။
" ဟို ခရီး...ခရီးနောက်ကျသွားမယ်လေ......"
" ဪ အေး ပြီးတာပဲ......"
စိတ်တိုနှင့်ပြောဆိုပြီးထသွားလိုက်တော့ချက်ချင်းဆိုသလိုလက်ကိုဖမ်းဆွဲကာသူ့ပေါင်ပေါ်ပြန်ထိုင်စေလာသည်။ ခါးကိုခပ်တင်းတင်းဖက်တွယ်ထားပြီးပခုံးပေါ်နမ်းရှုံ့နေသူကြောင့်လူကစိတ်တိုတိုနှင့်သာရုန်းမိတယ်။ တကယ်ပဲကိုယ်ကဇာတ်လမ်းစတုန်းကတော့သူမှလိုက်မလာဘဲနဲ့။
" စိတ်မဆိုးပါနဲ့မောင့်ကြင်နာသူလေးရယ်...မောင်ပြောချင်တာကခရီးနောက်ကျသွားမှာစိုးလို့မနက်ဖြန်မှသွားကြမလားလို့မေးမလို့ပါ ဒီနေ့ကျ အဟင်း အချိန်လွန်သွားမှာကျိန်းသေတယ်......"
နားရွက်ဖျားကိုမထိတထိနမ်းရှိုက်လိုက် ၊ အနည်းငယ်စုပ်ယူလိုက်လုပ်နေတဲ့ထူးထက်စေကြောင့်လင်းလက်သိပ်မနေတတ်တော့။ မိန်းကလေးမဟုတ်ပေမယ့်လည်းသူနဲ့ဆိုအမြဲအရှက်ပိုတတ်သည့်ကိုယ့်ကိုယ်ကိုသာဘဝင်မကျဖြစ်မိသည်။ ထူးထက်စေဆိုသည်မှာကလည်းဒါကိုသိလို့တမင်ကိုစနောက်နေကျ။
" ဘယ်ကလူကြီးလဲမသိပါဘူးကွာ ရှက်ပြီးမျက်နှာတွေနီရဲနေတာပါပဲ......"
ဟိုကြည့်ဒီကြည့်လုပ်ကာပြုံးစိစိပြောနေပြန်တဲ့သူကြောင့်စိတ်မလုံစွာနှင့်ကိုယ်မျက်နှာကိုယ်စမ်းမိသည်။ အနည်းငယ်ပူနေသယောင်မျက်နှာကတကယ်နီရဲနေလောက်မလားတော့မပြောတတ်ပေမယ့်လွတ်နေတဲ့ပါးတစ်ဖက်ကိုတော့ထူးထက်စေဆိုသည့်ကောင်ဆိုးလေးကအနမ်းပေးသွားပြီးလေပြီ။
" ကိုကိုကစထားမှတော့တာဝန်ယူရမယ်......"
" ဘာ...ဘာကိုတာဝန်ယူရမှာလဲ ငါဘာမှမလုပ်ထားဘူးလေ......"
စကားအဆုံးဆွဲပွေ့ခံလိုက်ရသည့်လင်းလက်ကိုယ်လေးကသူ့လက်ထဲမယ်စွေ့ခနဲ။ ကုတင်ပေါ်ကျရောက်သွားတဲ့ကိုယ့်ကိုအုပ်မိုးကာမျက်နှာအနှံ့နမ်းရှိုက်နေပြီးနှုတ်ခမ်းကိုလည်းတစ်ချက်တစ်ချက်ဆွဲစုပ်ယူသေးသည်။ ထို့နောက်အဆင့်တက်လာတဲ့အနမ်းတွေကတစ်စတစ်စနှင့်မို့ဒီနေ့ဖို့တော့ထိုကောင်လေးဆိုးသမျှဒဏ်ခံရပေအုံးမည်ပင်။
_____________________________________________
အနည်းငယ်အေးစိမ့်စိမ့်ရာသီဥတုကြောင့်မနက်ပိုင်းတွင်ကော်ဖီပူပူတစ်ခွက်နှင့်နေရောင်ခြည်အားထိတွေ့ရတာကိုသဘောကျလာမိတာကထည်ဝါ့ရဲ့ထပ်တိုးအကျင့်တစ်ခု။ အခုလည်းထုံးစံအတိုင်းခြံထဲဆင်းကာVitamin Dဓါတ်အပြည့်အဝပါဝင်သည့်နေရောင်ခြည်ကိုထိတွေ့ရင်းစိတ်တိုင်းကျဖျော်လာတဲ့အချိုကဲထားသည့်ကော်ဖီအားတစ်ငုံမော့သောက်လိုက်မိတော့မနက်ခင်းကတစ်ဝက်ပြည့်စုံသွားသယောင်။
" ဒေါက်တာ......"
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့်ကော်ဖီခွက်ကိုရှေ့ကစားပွဲအသေးလေးပေါ်ပြန်တင်ရင်းသဘောကျပြုံးမိသည်။ ခပ်ဖြည်းဖြည်းလှမ်းလာသည့်ခြေသံတချို့ကနီးကပ်လာပြီးနောက်အနောက်မှနေထွေးပွေ့သိုင်းဖက်လာချိန်မှာတော့ရင်ခွင်ကျယ်ထဲရောက်သွားရသည်နှင့်အတူနှလုံးသားကပါနွေးခနဲပေ။
" နိုးပြီးလားကလေး......"
ထည်ဝါ့အမေးကိုပြန်မဖြေဘဲခေါင်းညိတ်၍သာတုံ့ပြန်လာပုံအရတော့ဒီကလေးအခုထိအိပ်ချင်စိတ်မပြေသေးမှန်းသိသာလှသည်။ ကောင်လေးကမတ်တပ်ရပ်အနေအထားနှင့်ပခုံးပေါ်ခေါင်းကိုမှေးတင်ထားတာမို့သူ့ကိုယ်ပေါ်ကဂွမ်းစောင်ကပါထည်ဝါ့ကိုယ်ပေါ်အနည်းငယ်လွှမ်းခြုံလို့နေပြန်တယ်။ ဂွမ်းစောင်အထူကြောင့်လား ၊ ကောင်လေးကဖက်ထားတာကြောင့်များလားတော့မသိ ဆောင်းရာသီရဲ့အအေးဓါတ်ဆိုတာတောင်ဘယ်ရောက်လို့ရောက်မှန်းမသိတော့သလိုလိုပင်။
" အိပ်ချင်ရင်အိပ်ဦးလေကလေးရယ်...အခုကအပြင်မှာအေးမှာပေါ့......"
" ဟင့်အင်း ဒေါက်တာရှိနေတာပဲကို......"
" ကိုယ်ရှိတော့ဘာဖြစ်လဲ......"
အတင်းဖက်တွယ်ထားသောကောင်လေးအားခေါင်းအသာငဲ့စောင်းကာအမေးထုတ်မိတော့ပါးတစ်ဖက်ကိုဖိနမ်းကာပြောလာသည်က
' ဒေါက်တာရှိရင်နွေးတယ်လေ......' တဲ့။
ကဲ...ဒီကောင်လေးဘယ်လောက်အထိချွဲတတ်လာသလဲပဲကြည့်။
" ဒါပေမယ့်အပြင်မှာကတကယ်အရမ်းအေးနေတာကောင်လေးရဲ့......"
ပြောလိုက်မှတမင်ပိုငြိမ်ကျသွားတဲ့ကောင်လေးကထည်ဝါ့စကားကိုမကြားတာတော့မဖြစ်နိုင် ၊ မကြားယောင်ဆောင်တာပဲဖြစ်လိမ့်မည်။ ဘေးကိုအနည်းငယ်ကျနေတဲ့စောင်အစအားဆွဲယူကာကိုယ်ပါခြုံလိုက်ရင်းခန္ဓာကိုယ်ချင်းပိုနီးကပ်စေလိုက်တော့ထိကပ်သွားတဲ့ခန္ဓာကိုယ်နှစ်ခုကြားအနွေးဓါတ်ကပိုတိုးလို့လာသည်။ စိတ်ချရလောက်တော့မှကော်ဖီခွက်ကိုပြန်ယူသောက်မိပေတော့လည်တိုင်ဆီမျက်နှာအပ်လာတဲ့ကောင်လေးကအနမ်းသူခိုးလေးလုပ်နေတာမို့ထည်ဝါ့မှာမသိသလိုနေပေးရသေးတာကအလုပ်တစ်လုပ်။
ဒီကောင်လေးကတကယ့်ကိုအဆိုးလေးဖြစ်လာပါရောလား.......။
_____________________________________________
သားကိုကျောင်းပို့ပြီးသည်နှင့်မှိုင်းညှို့ခြေလှမ်းတွေကဆိုင်ဆီသို့သာဦးတည်လိုက်သည်။ ညာဘက်လက်ကောက်ဝတ်ပေါ်ကနာရီကိုကြည့်လိုက်တော့ 10 : 30 ။
သားရဲ့ကျောင်းနဲ့မှိုင်းညှို့ရဲ့ဆိုင်ကနည်းနည်းတော့ဝေးတာမို့ခပ်မြန်မြန်သုတ်ချေတင်ရတော့သည်။ တော်သေးတာကဒီနေ့ဆိုင်ကနေ့လည်ပိုင်းပဲဖွင့်ချိန်ရှိလို့သာ။ မဟုတ်ရင်လုံးဝအဆင်မပြေလောက်။
ခါတိုင်းဆိုဘတ်ထရီဆိုင်ကယ်လေးရှိပေမယ့်အခုတော့အဲ့ဒီ့ဆိုင်ကယ်ကလည်းပြင်ဆိုင်ရောက်နေတာမို့နောက်ရက်ကျရင်တော့သေချာပေါက်taxiခပိုထွက်တော့မှာပင်။
ခပ်မြန်မြန်သာလမ်းလျှောက်ရင်းအနည်းငယ်အောင်မြင်စပြုနေပြီဖြစ်တဲ့fashionဆိုင်လေးဆီစိတ်ရောက်မိတော့ကိုယ့်ကိုယ်ကိုအတွက်ပြုံးမိပြန်တယ်။
သဝဏ်...မင်းသိလား။
ငါလေအခုပိုက်ဆံကောင်းကောင်းရှာတတ်နေပြီ။ မင်းပြောသလိုပဲပိုက်ဆံရှာရတာတကယ်ပင်ပန်းတယ်။ လူပေါင်းစုံနဲ့ကြုံတွေ့ရတာတွေ ၊ ပြီးတော့အိမ်စရိတ်ကျောင်းစရိတ်မဖူလှုံမှာတွေကိုတွေးပူနေရတာတွေကတကယ်ပင်ပန်းတာပဲ။ မင်းလည်းအများကြီးပင်ပန်းခဲ့မှာပဲနော်။ နောက်ဆိုရင်ငါမင်းနဲ့အတူတူအလုပ်လုပ်ပြီးပိုက်ဆံကူရှာပေးမယ်လေ။
ကိုယ့်ကိုပစ်ပစ်ခါခါမုန်းတီးနေသည့်လူတစ်ယောက်အကြောင်းကိုသဘောတကျတွေးရင်းငိုနေမိပြန်တဲ့ပုံစံကအရူးနဲ့တူနေမလားတော့မသိပေမယ့်ဂရုမစိုက်စွာဘဲအတွေးနယ်ချဲ့နေမိပြန်တယ်။
သဝဏ်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းကမှိုင်းညှို့ကိုယ်ပိုင်အလုပ်အတွက်စီစဉ်နေခဲ့ပြီးသား။ အမှန်တော့အဲ့ဒီ့နေ့ကမှိုင်းညှို့သဝဏ့်အနောက်လိုက်သွားဖို့တွေးခဲ့မိသေးတယ်။ ဟူး...သားကငိုရင်းကနေရုတ်တရက်သတိလစ်သွားလို့သာ။ နောက်တစ်ခုကတော့သူနဲ့အတူရှိနေတဲ့တခြားသူတစ်ယောက်ကြောင့်လည်းပါတာပေါ့။
သားဆေးရုံတက်ရတဲ့အကြောင်းသူ့ဆီအသိပေးဖို့ကြိုးစားခဲ့ပေမယ့်သဝဏ်ကဖုန်းတစ်ချက်တောင်မကိုင်ခဲ့တာမို့အသိမပေးခဲ့ရဘူး။ အမြဲသူ့ဒယ်ဒီကိုပဲမေးနေတဲ့သားကိုတော့အကြောင်းတစ်မျိုးပြီးတစ်မျိုးနဲ့လိမ်ညာထားပေမယ့်လည်းလနဲ့ချီပြီဆိုမှတော့သားလည်းရိပ်မိရောပေါ့လေ။
"ဟူး......"
ကောင်းကင်ကြီးဆီသို့မျက်နှာမူကာလေပူတစ်ချက်မှုတ်ထုတ်မိတော့လူကနည်းနည်းတော့ပေါ့ပါးသွားသယောင်။ အိတ်ကိုသေချာပြင်လွယ်ရင်းခြေလှမ်းတို့ကိုပြန်စတင်ရန်ဟန်ပြင်မိစဉ်ရုတ်တရက်ဖျတ်ခနဲမြင်လိုက်ရတဲ့လူရိပ်။ စိတ်မလုံစွာနဲ့အနောက်ကိုလှည့်ကြည့်မိတော့ဘယ်သူမှမတွေ့တာကြောင့်ခြေလှမ်းတစ်လှမ်းကိုခပ်ကျဲကျဲလှမ်းလိုက်သည်။
" မှိုင်း......"
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်မှိုင်းညှို့ခြေလှမ်းတို့ကတုံ့ခနဲ။ ဒီအသံက...ဒီအသံက...သူကဘယ်လိုလုပ်ပြီးအခုထိ။
" မှိုင်း...ကိုယ်ပြန်လာပြီလေ မှိုင်းရဲ့......"
အနားကိုပိုကပ်လာတဲ့အသံကြောင့်လှည့်ကြည့်မိတော့ထော့နဲ့ထော့နဲ့နှင့်မှိုင်းညှို့ဆီလျှောက်လာတဲ့ထိုသူ။ မျက်နှာပေါ်မှာအမာရွတ်တစ်ချို့ရှိနေပေမယ့်လို့နှစ်ပေါင်းများစွာပက်သက်ခဲ့တဲ့ပက်သက်မှုအရထိုသူကယစ်ဆိုတာသက်သေပြစရာမလိုလောက်အောင်မှတ်မိသည်။
" ကိုယ်ပြောတဲ့နေရာလေးမှာသေချာစီစဉ်ခဲ့ပြီးပြီ...အခြေတကျလည်းဖြစ်နေပြီ မှိုင်းပြောခဲ့တယ်မဟုတ်လား...အခြေကျသွားရင်မှိုင်းရယ် သားလေးရယ် ကိုယ်ရယ်အတူတူနေကြမယ်ဆို......"
အပြုံးတစ်ပွင့်နှင့်ပြောဆိုကာမှိုင်းညှို့လက်ကိုသူ့လက်နှစ်ဖက်နှင့်အုပ်ကိုင်ရင်းပြောနေပြန်တဲ့ယစ်။ ထိုနေ့က...သူမှိုင်းညှို့ဆီရောက်လာတဲ့အဲ့ဒီ့နေ့က မှိုင်းညှို့သူ့ကိုဖြစ်သလိုအကြောင်းပြချက်ပေးပြီးနှင်ထုတ်လိုက်မိတဲ့စကားကိုသူကအတည်ထင်ပြီးတကယ်ပဲအခြေကျအောင်ကြိုးစားနေတယ်တဲ့လား။
" ကိုယ်နဲ့လိုက်ခဲ့ပါတော့မှိုင်းရယ်...ကိုယ်တို့ရဲ့မိသားစုဘဝလေးကိုထူထောင်ပြီးပျော်ပျော်ရွှင်ရွှင်နေကြမယ်လေ......"
" ဖယ်......"
ပြောပြောဆိုဆိုနှင့်လက်ကိုအတင်းဆွဲဖယ်ကာဆောင့်တွန်းလိုက်တော့ခြေထောက်သိပ်ကောင်းပုံမရသည့်သူကလမ်းမပေါ်သို့ပစ်စလက်ခတ်လဲကျသည်။ မှိုင်းညှို့ကိုအပြစ်တင်ပုံမရဘဲအံ့ဩသလိုသာငေးကြည့်နေတဲ့မျက်ဝန်းတွေကအခုထိမှိုင်းညှို့ကိုချစ်နေသေးတယ်ဆိုတဲ့သက်သေ။
" ငါဘယ်နှခါပြောရမှာလဲယစ်...ငါမင်းကိုမချစ်တော့ဘူး ငါအခုမြတ်သဝဏ်ကိုပဲချစ်တာ ငါသူ့ကိုပဲပြန်ရအောင်ကြိုးစားမှာ ငါသူနဲ့ပဲအတူနေချင်တော့တာလို့......"
" ဟင့်အင်း မဟုတ်ဘူး...မှိုင်းအမှတ်မှားနေတာ မှိုင်းသူ့ကိုချစ်တာမဟုတ်ဘူး မှိုင်းကအရင်ကလိုသူ့ရဲ့ဂရုစိုက်မှုတွေကိုပြန်လိုချင်နေရုံပဲ......"
ခပ်အေးအေးတုံ့ပြန်စကားကမှိုင်းညှို့ကိုအနည်းငယ်တွေဝေသွားစေတာတော့အမှန်။ မှိုင်းညှို့ကိုယ်တိုင်လည်းအခုအထိဒီအဖြေကိုမသဲကွဲသေး။ သေချာတာကတော့မြတ်သဝဏ်ကိုအရင်လိုပိုင်ဆိုင်ထားချင်သည်။ အရင်ကလိုပဲအမြဲအလျှော့ပေးပြီးပြောသမျှခေါင်းငုံ့ခံတတ်တဲ့သူမျိုး ၊ မှိုင်းညှို့သေဆိုသေရှင်ဆိုရှင်နှင့်မျက်လုံးတောင်လှန်မကြည့်ရဲတဲ့အဲ့ဒီ့ကောင်လေးကိုပြန်လိုချင်မိတာပဲသိသည်။
" မှိုင်းမချစ်ဘဲနဲ့ဘာဖြစ်လို့များသူ့ကိုဒုက္ခပေးနေရတာလဲ...သူကမှိုင်းကိုမချစ်တော့ဘူးလေ အဲ့ဒါကြောင့်မှိုင်းကလည်းကိုယ်နဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေလိုက်ပါတော့......"
" တော်တော့ယစ်...ငါမင်းဆီဘယ်တော့မှပြန်လာမှာမဟုတ်ဘူး ပြီးတော့မင်းကမြတ်သဝဏ်လိုမျိုးချစ်ပေးနိုင်မှာမှမဟုတ်တာ......အဲ့ဒါကြောင့်ငါ့ရှေ့မှာထပ်ပေါ်မလာမိစေနဲ့......"
ပြောစရာရှိတာပြောဆိုပြီးစကားဆုံးသည်နှင့်ထိုနေရာမှထွက်လာခဲ့လိုက်သည်။ ဖြတ်လမ်းလိုလမ်းမနေရာမို့အနည်းငယ်လူပြတ်တာကြောင့်မှိုင်းညှို့တို့နှစ်ယောက်ဒီလိုအချေအတင်ဖြစ်နေပုံကိုဘယ်သူမှတော့မြင်လိုက်ပုံမရ။ အနည်းငယ်ငဲ့စောင်းကြည့်ပြီးယစ်တစ်ယောက်ခုနကနေရာတွင်သာဆက်ထိုင်နေသေးတာသေချာမှလမ်းကိုခပ်သွက်သွက်လျှောက်ကာဆိုင်ကိုဦးတည်လိုက်တော့တယ်။
နောက်ဆိုဒီလမ်းကနေသွားလို့မဖြစ်တော့ဘူးပဲ......။
_____________________________________________
တစ်ချက်တောင်လှည့်မကြည့်တဖြည်းဖြည်းဝေးသထက်ဝေးသွားသည့်ကျောပြင်လေးကိုမလှုပ်မယှက်နှင့်သာငေးကြည့်နေမိသည်။
' မင်းတောင်အခြေတကျမရှိဘဲစုတ်ပြတ်နေတာကို ငါနဲ့သားကဘယ်လိုယုံကြည်ပြီးလိုက်ခဲ့ရမလဲ......' တဲ့။
အဲ့ဒီ့နေ့ကလူကိုမသတီသလိုလို ၊ ရွံသလိုလိုကြည့်ပြီးပြောလာတဲ့ကျွန်တော့်ချစ်သူလေးရဲ့စကားတွေ။ အခြေကျရင်အတူတူနေကြမယ်လို့ပြောခဲ့တဲ့စကားတွေကအမြဲကြုံခဲ့ရသလိုအလိမ်အညာကတိစကားတွေမှန်းမသိခဲ့ဘဲကျွန်တော်ဆိုတဲ့သူကယုံခဲ့မိပြန်တာပါပဲ။
သာမန်အနေအထားလောက်လေးပဲရှိတဲ့အိမ်လေးရယ် ၊ ခြံဝန်းကျယ်ကျယ်လေးရယ်။ သားအတွက်ကျောင်းနဲ့မနီးမဝေးမှာရှိပြီးတော့မှိုင်းနဲ့ကျွန်တော့်အတွက်ကျစီးပွားရေးလုပ်လို့ကောင်းမယ့်နေရာမျိုးလေးလည်းရှိမယ်။ သားရဲ့ကျောင်းပိတ်ရက်တွေဆိုအတူတူလမ်းလျှောက်ထွက်ကြဖို့ပန်းခြံနဲ့လည်းသိပ်မဝေးဘဲနဲ့ ဈေးကိုလည်းအရမ်းကြီးမဝေးတဲ့နေရာမျိုးလေး။
အခုတော့ကျွန်တော့်စိတ်ကူတွေကသဲထဲရေသွန်ဖြစ်ပြီထင်ပါရဲ့......။
မြင်ကွင်းထဲမှနေပျောက်ကွယ်သွားတဲ့ပုံရိပ်လေးကြောင့်လူကမနည်းအားယူကာမတ်တပ်ရပ်မိတော့ထိခိုက်ထားတဲ့ခြေထောက်တွေကဒဏ်မခံနိုင်စွာပင်လမ်းမထက်လဲကျပြန်သည်။ မှိုင်းတွန်းထုတ်လိုက်ကတည်းကနာသွားတာမှန်ပေမယ့်သူလေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလိာ့ကတစ်ကြောင်း ၊ ကိုယ့်ကိုအထင်သေးမှာစိုးတာကတစ်ကြောင်းကြောင့်စိတ်ကိုတင်းထားပြီးဘာမှမဖြစ်သလိုနေခဲ့မိလိုက်တာ။ အခုတော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံရှိပါရောလား။
မထနိုင်တဲ့အနေအထားကြောင့်အတင်းလုပ်ယူမနေဘဲနာကျင်မှုသက်သာစေရန်ခဏငြိမ်ကာထိုင်နေလိုက်သည်။ မျက်ရည်စတွေကိုလက်ခုံဖြင့်ဖိသုတ်ပစ်လိုက်ပြီးကောင်းကင်ပေါ်မော့ကြည့်လိုက်တော့ကတိစကားတွေကိုအမြဲတမ်းတုံးအ,စွာယုံကြည်ခဲ့မိတဲ့ကိုယ့်ကိုကောင်းကင်ကြီးကပင်လှောင်ပြောင်နေသယောင်။
" အဟား...တကယ်ကိုငါကအရမ်းတုံးခဲ့တာပဲ......"
ဟုတ်တယ်...ခက်ထန်ယစ်ဆိုတဲ့ကျွန်တော်ကသိပ်ကိုတုံးအတဲ့ငတုံး။ ကျွန်တော်ကကိုယ်ချစ်ရတဲ့လူတွေရဲ့စကားဆိုရင်ဘာကိုမှမစဉ်းစားနိုင်တော့တဲ့အထိအသိဉာဏ်မဲ့စွာနဲ့အမြဲယုံကြည်မိတတ်တယ်။
' ဒီမှာခဏနေခဲ့ မေမေပြန်လာခဲ့မယ်နော်...... ' ဆိုပြီးမိဘမဲ့ဂေဟာမှာထားခဲ့တာတောင်ကျွန်တော်ဆိုတဲ့ကောင်ကမေမေပြန်လာမယ်အထင်နဲ့စောင့်နေခဲ့ဖူးတယ်။ ' လိမ်လိမ်မာမာနေရင်သားအမေပြန်လာတဲ့အထိခေါ်ထားပေးမယ်...... ' လို့ပြောခဲ့တဲ့ဂေဟာမှူးကိုလည်းကျွန်တော့်ကိုပိုက်ဆံတွေပုံပေးပြီးမွေးစားဖို့တောင်းလာတဲ့သူလက်ထဲအလွယ်တကူထည့်ပေးလိုက်တဲ့အချိန်မတိုင်ခင်အထိကောင်းကောင်းကြီးယုံကြည်ခဲ့ဖူးတာပဲ။ ပြီးတော့ ' သားကိုဒယ်ဒီ့သားအရင်းလိုစောင့်ရှောက်ပေးမှာ......' ဆိုတဲ့ကျွန်တော့်မွေးစားအဖေရဲ့စကား။ လူတွေသိကြတဲ့ကျွန်တော့်ဒယ်ဒီ ၊ ကျွန်တော့်အဖေ။ သူ့ရဲ့အတ္တလောဘတွေအတွက်ကျွန်တော့်ကိုအသုံးချခဲါတဲ့အဲ့ဒီ့လူ။ သူ့စကားတွေကိုလည်းကျွန်တော်ကအကြွင်းမဲ့ယုံကြည်ခဲ့ဖူးသေးတာ။
နောက်ဆုံးတော့ဘာများပြန်ရလိုက်သလဲ။
မေမေကလည်းဂေဟာကနေပြန်လာမခေါ်ခဲ့သလို ၊ ဂေဟာမှူးကလည်းပိုက်ဆံကိုဦးစားပေးခဲ့တာပဲ။ သားအရင်းလိုချစ်ပေးမယ်ဆိုတဲ့သူကလည်းသူ့ရဲ့စံသတ်မှတ်ချက်တွေမပြည့်ရင်တိရစ္ဆာန်လောက်တောင်မှအရေးမပေးခဲ့ဖူးဘူး။ ဒဏ်ရာဒဏ်ချက်တွေနဲ့တောင်ဒယ်ဒီကကောင်းစေချင်လို့ဆုံးမတာပါလို့တွေးခဲ့မိတုန်း။
အဲ့ဒီ့လောက်အထိကိုကျွန်တော်ကတုံးခဲ့တာမျိုး......။
အခုလည်းပဲကျွန်တော်ကချစ်ရသူရဲ့အလိမ်အညာစကားကိုအတည်ထင်ပြီးကျွန်တော်ကယုံကြည်ခဲ့ပြန်ပြီကို။
လူတိုင်းကကျွန်တော့်ကိုဆိုလိမ်ကြတယ်...အမြဲတမ်းမတည်နိုင်တဲ့ကတိပဲပေးတတ်ကြတယ်။
အင်း...ကျွန်တော်ကလိမ်ဖို့လွယ်လို့ထင်ပါရဲ့။
################################
Zawgyi
"ကိုကိုေရ ကြၽန္ေတာ္အဆင္သင့္ျဖစ္ၿပီ....."
အခန္းထဲကေနလွမ္းေအာ္တဲ့ခ်ာတိတ္ေၾကာင့္လင္းလက္အထုတ္အပိုးေတြကားထဲထည့္ေနရာမွေနအိပ္ခန္းဆီသို႔အျမန္ေျပးလာခဲ့လိုက္သည္။
" လာ ကိုယ္တြဲေပးမယ္ခ်ာတိတ္......"
" ဘာကိုခ်ာတိတ္လဲဗ်ာ...ေမာင္လို႔ေခၚရပါမယ္ဆို....."
မ်က္ႏွာႀကီးစူပုတ္ကာေျပာလာတဲ့ခ်ာတိတ္ေၾကာင့္လင္းလက္သေဘာတက်ၿပဳံးလိုက္မိရင္းလည္တိုင္ကိုဖက္တြယ္လိုက္ေတာ့ခပ္ေငးေငးျပန္ၾကည့္လာသည္။
အင္း...အခုဆိုရင္ခ်ာတိတ္မ်က္လုံးကလည္းတစ္ခါတစ္ခါေဝဝါးတာေလာက္သာရွိေတာ့ၿပီးျမင္ေတာ့ျပန္ျမင္ေနေလေပၿပီ။
မဂၤလာေဆာင္ၿပီးႏွစ္ပတ္ေလာက္အၾကာကရွိမယ္ထင္ ၊ ကုထုံးအသစ္တစ္ခုရလာတာမို႔ခ်ာတိတ္အတြက္အဆင္ေျပလို႔ေျပျငားဆိုၿပီးထိုကုထုံးႏွင့္စမ္းသပ္ကုသေပးခဲ့မိလိုက္တာ။ မထင္မွတ္ဘဲအခုလိုမ်ိဳးအနာနဲ႔ေဆးေတြ႕သြားေတာ့လည္းေကာင္းတာပဲေပါ့။
" ဘာေတြၾကည့္ေနတာလဲကိုကို...ကိုယ့္ေယာက္်ားကိုယ္ၾကည့္မဝျဖစ္ေနတာလား......"
" အဲ့ဒီ့လိုဆိုရင္ေရာေမာင္......"
အၿပဳံးေရးေရးႏွင့္မ်က္ဝန္းခ်င္းဆုံၾကည့္ကာေျပာလာတဲ့ကိုကိုကအသည္းယားစရာေကာင္းလြန္းတာမို႔ခါးကေနသိမ္းက်ဳံးဆြဲယူကာဖက္လိုက္ေတာ့ပခုံးေပၚေမးတင္လာျပန္သည္။ အၿငိမ္မေနတဲ့လက္ေတြကေက်ာျပင္ေပၚဟိုေျပးဒီေျပးႏွင့္။
ေနပါဦး...ကိုကိုအခုဘာလုပ္ေနတာလဲ။
" ေမာင္......"
" ဗ်ာ ေျပာေလကိုကို...ဘာေျပာမလို႔လဲ......"
စကားသာေျပာေနရေပမယ့္လူကနည္းနည္းေတာ့မေနတတ္မထိုင္တတ္ေတာ့။ ေက်ာျပင္ေပၚလာထိေတြ႕ေနတဲ့လက္ေခ်ာင္းသြယ္သြယ္ေတြကလည္ဂုတ္ေပၚမွတစ္ဆင့္ဆံပင္ေတြၾကားတိုးဝင္ပြတ္သပ္လာျပန္တာမို႔အသက္ရွဴပါေအာင့္ထားလိုက္ရသည္။
" ေယာက္်ား......"
ခပ္ရွရွထြက္ေပၚလာတဲ့အသံကခႏၶာကိုယ္ထဲမွေသြးခုန္ႏႈန္းအားပိုျမန္လာေစသလိုလို ၊ အနည္းငယ္အပူခ်ိန္ျမင့္လာသလိုလိုျဖစ္လာေစသည္အထိညႇိဳ႕ငင္သည္။ ခါးကိုသာပိုတိုးဖက္ရင္းအသံရွည္ဆြဲကာထူးမိေတာ့လည္တိုင္ေပၚတစ္စတစ္စက်ေရာက္လာသည့္ႏႈတ္ခမ္းသား၏အထိအေတြ႕တစ္ခ်ိဳ႕။
ကိုကိုအခုဘာေတြလုပ္ေနတာလဲ......။
" ကိုကို ကြၽန္ေတာ္တို႔ကအခုခရီးသြားရမွာမဟုတ္လား......"
" အဲ့ဒီ့ေတာ့ဘာျဖစ္လို႔လဲကြာ......"
ေျပာေျပာဆိုဆိုႏွင့္အတင္းဖက္တြယ္ကာနမ္းရႈိက္ရင္းကုတင္အနားသို႔တိုးကပ္သြားလိုက္သည္။ အနမ္းမွာနစ္ေမ်ာေနတဲ့ေကာင္ေလးအားကုတင္ေပၚထိုင္ေစလိုက္ၿပီးကိုယ္ကပါသူ႔ေပါင္ေပၚခြထိုင္လိုက္သည္ႏွင့္ထိကပ္ထားသည့္ႏႈတ္ခမ္းညိဳေတြကဖယ္ခြာသြားျပန္တယ္။
" ဟို ခရီး...ခရီးေနာက္က်သြားမယ္ေလ......"
" ဪ ေအး ၿပီးတာပဲ......"
စိတ္တိုႏွင့္ေျပာဆိုၿပီးထသြားလိုက္ေတာ့ခ်က္ခ်င္းဆိုသလိုလက္ကိုဖမ္းဆြဲကာသူ႔ေပါင္ေပၚျပန္ထိုင္ေစလာသည္။ ခါးကိုခပ္တင္းတင္းဖက္တြယ္ထားၿပီးပခုံးေပၚနမ္းရႈံ႕ေနသူေၾကာင့္လူကစိတ္တိုတိုႏွင့္သာ႐ုန္းမိတယ္။ တကယ္ပဲကိုယ္ကဇာတ္လမ္းစတုန္းကေတာ့သူမွလိုက္မလာဘဲနဲ႔။
" စိတ္မဆိုးပါနဲ႔ေမာင့္ၾကင္နာသူေလးရယ္...ေမာင္ေျပာခ်င္တာကခရီးေနာက္က်သြားမွာစိုးလို႔မနက္ျဖန္မွသြားၾကမလားလို႔ေမးမလို႔ပါ ဒီေန႔က် အဟင္း အခ်ိန္လြန္သြားမွာက်ိန္းေသတယ္......"
နား႐ြက္ဖ်ားကိုမထိတထိနမ္းရႈိက္လိုက္ ၊ အနည္းငယ္စုပ္ယူလိုက္လုပ္ေနတဲ့ထူးထက္ေစေၾကာင့္လင္းလက္သိပ္မေနတတ္ေတာ့။ မိန္းကေလးမဟုတ္ေပမယ့္လည္းသူနဲ႔ဆိုအၿမဲအရွက္ပိုတတ္သည့္ကိုယ့္ကိုယ္ကိုသာဘဝင္မက်ျဖစ္မိသည္။ ထူးထက္ေစဆိုသည္မွာကလည္းဒါကိုသိလို႔တမင္ကိုစေနာက္ေနက်။
" ဘယ္ကလူႀကီးလဲမသိပါဘူးကြာ ရွက္ၿပီးမ်က္ႏွာေတြနီရဲေနတာပါပဲ......"
ဟိုၾကည့္ဒီၾကည့္လုပ္ကာၿပဳံးစိစိေျပာေနျပန္တဲ့သူေၾကာင့္စိတ္မလုံစြာႏွင့္ကိုယ္မ်က္ႏွာကိုယ္စမ္းမိသည္။ အနည္းငယ္ပူေနသေယာင္မ်က္ႏွာကတကယ္နီရဲေနေလာက္မလားေတာ့မေျပာတတ္ေပမယ့္လြတ္ေနတဲ့ပါးတစ္ဖက္ကိုေတာ့ထူးထက္ေစဆိုသည့္ေကာင္ဆိုးေလးကအနမ္းေပးသြားၿပီးေလၿပီ။
" ကိုကိုကစထားမွေတာ့တာဝန္ယူရမယ္......"
" ဘာ...ဘာကိုတာဝန္ယူရမွာလဲ ငါဘာမွမလုပ္ထားဘူးေလ......"
စကားအဆုံးဆြဲေပြ႕ခံလိုက္ရသည့္လင္းလက္ကိုယ္ေလးကသူ႔လက္ထဲမယ္ေစြ႕ခနဲ။ ကုတင္ေပၚက်ေရာက္သြားတဲ့ကိုယ့္ကိုအုပ္မိုးကာမ်က္ႏွာအႏွံ႔နမ္းရႈိက္ေနၿပီးႏႈတ္ခမ္းကိုလည္းတစ္ခ်က္တစ္ခ်က္ဆြဲစုပ္ယူေသးသည္။ ထို႔ေနာက္အဆင့္တက္လာတဲ့အနမ္းေတြကတစ္စတစ္စႏွင့္မို႔ဒီေန႔ဖို႔ေတာ့ထိုေကာင္ေလးဆိုးသမွ်ဒဏ္ခံရေပအုံးမည္ပင္။
_____________________________________________
အနည္းငယ္ေအးစိမ့္စိမ့္ရာသီဥတုေၾကာင့္မနက္ပိုင္းတြင္ေကာ္ဖီပူပူတစ္ခြက္ႏွင့္ေနေရာင္ျခည္အားထိေတြ႕ရတာကိုသေဘာက်လာမိတာကထည္ဝါ့ရဲ႕ထပ္တိုးအက်င့္တစ္ခု။ အခုလည္းထုံးစံအတိုင္းၿခံထဲဆင္းကာVitamin Dဓါတ္အျပည့္အဝပါဝင္သည့္ေနေရာင္ျခည္ကိုထိေတြ႕ရင္းစိတ္တိုင္းက်ေဖ်ာ္လာတဲ့အခ်ိဳကဲထားသည့္ေကာ္ဖီအားတစ္ငုံေမာ့ေသာက္လိုက္မိေတာ့မနက္ခင္းကတစ္ဝက္ျပည့္စုံသြားသေယာင္။
" ေဒါက္တာ......"
႐ုတ္တရက္ၾကားလိုက္ရေသာအသံေၾကာင့္ေကာ္ဖီခြက္ကိုေရွ႕ကစားပြဲအေသးေလးေပၚျပန္တင္ရင္းသေဘာက်ၿပဳံးမိသည္။ ခပ္ျဖည္းျဖည္းလွမ္းလာသည့္ေျခသံတခ်ိဳ႕ကနီးကပ္လာၿပီးေနာက္အေနာက္မွေနေထြးေပြ႕သိုင္းဖက္လာခ်ိန္မွာေတာ့ရင္ခြင္က်ယ္ထဲေရာက္သြားရသည္ႏွင့္အတူႏွလုံးသားကပါေႏြးခနဲေပ။
" ႏိုးၿပီးလားကေလး......"
ထည္ဝါ့အေမးကိုျပန္မေျဖဘဲေခါင္းညိတ္၍သာတုံ႔ျပန္လာပုံအရေတာ့ဒီကေလးအခုထိအိပ္ခ်င္စိတ္မေျပေသးမွန္းသိသာလွသည္။ ေကာင္ေလးကမတ္တပ္ရပ္အေနအထားႏွင့္ပခုံးေပၚေခါင္းကိုေမွးတင္ထားတာမို႔သူ႔ကိုယ္ေပၚကဂြမ္းေစာင္ကပါထည္ဝါ့ကိုယ္ေပၚအနည္းငယ္လႊမ္းၿခဳံလို႔ေနျပန္တယ္။ ဂြမ္းေစာင္အထူေၾကာင့္လား ၊ ေကာင္ေလးကဖက္ထားတာေၾကာင့္မ်ားလားေတာ့မသိ ေဆာင္းရာသီရဲ႕အေအးဓါတ္ဆိုတာေတာင္ဘယ္ေရာက္လို႔ေရာက္မွန္းမသိေတာ့သလိုလိုပင္။
" အိပ္ခ်င္ရင္အိပ္ဦးေလကေလးရယ္...အခုကအျပင္မွာေအးမွာေပါ့......"
" ဟင့္အင္း ေဒါက္တာရွိေနတာပဲကို......"
" ကိုယ္ရွိေတာ့ဘာျဖစ္လဲ......"
အတင္းဖက္တြယ္ထားေသာေကာင္ေလးအားေခါင္းအသာငဲ့ေစာင္းကာအေမးထုတ္မိေတာ့ပါးတစ္ဖက္ကိုဖိနမ္းကာေျပာလာသည္က
' ေဒါက္တာရွိရင္ေႏြးတယ္ေလ......' တဲ့။
ကဲ...ဒီေကာင္ေလးဘယ္ေလာက္အထိခြၽဲတတ္လာသလဲပဲၾကည့္။
" ဒါေပမယ့္အျပင္မွာကတကယ္အရမ္းေအးေနတာေကာင္ေလးရဲ႕......"
ေျပာလိုက္မွတမင္ပိုၿငိမ္က်သြားတဲ့ေကာင္ေလးကထည္ဝါ့စကားကိုမၾကားတာေတာ့မျဖစ္ႏိုင္ ၊ မၾကားေယာင္ေဆာင္တာပဲျဖစ္လိမ့္မည္။ ေဘးကိုအနည္းငယ္က်ေနတဲ့ေစာင္အစအားဆြဲယူကာကိုယ္ပါၿခဳံလိုက္ရင္းခႏၶာကိုယ္ခ်င္းပိုနီးကပ္ေစလိုက္ေတာ့ထိကပ္သြားတဲ့ခႏၶာကိုယ္ႏွစ္ခုၾကားအေႏြးဓါတ္ကပိုတိုးလို႔လာသည္။ စိတ္ခ်ရေလာက္ေတာ့မွေကာ္ဖီခြက္ကိုျပန္ယူေသာက္မိေပေတာ့လည္တိုင္ဆီမ်က္ႏွာအပ္လာတဲ့ေကာင္ေလးကအနမ္းသူခိုးေလးလုပ္ေနတာမို႔ထည္ဝါ့မွာမသိသလိုေနေပးရေသးတာကအလုပ္တစ္လုပ္။
ဒီေကာင္ေလးကတကယ့္ကိုအဆိုးေလးျဖစ္လာပါေရာလား.......။
_____________________________________________
သားကိုေက်ာင္းပို႔ၿပီးသည္ႏွင့္မႈိင္းညႇိဳ႕ေျခလွမ္းေတြကဆိုင္ဆီသို႔သာဦးတည္လိုက္သည္။ ညာဘက္လက္ေကာက္ဝတ္ေပၚကနာရီကိုၾကည့္လိုက္ေတာ့ 10 : 30 ။
သားရဲ႕ေက်ာင္းနဲ႔မႈိင္းညႇိဳ႕ရဲ႕ဆိုင္ကနည္းနည္းေတာ့ေဝးတာမို႔ခပ္ျမန္ျမန္သုတ္ေခ်တင္ရေတာ့သည္။ ေတာ္ေသးတာကဒီေန႔ဆိုင္ကေန႔လည္ပိုင္းပဲဖြင့္ခ်ိန္ရွိလို႔သာ။ မဟုတ္ရင္လုံးဝအဆင္မေျပေလာက္။
ခါတိုင္းဆိုဘတ္ထရီဆိုင္ကယ္ေလးရွိေပမယ့္အခုေတာ့အဲ့ဒီ့ဆိုင္ကယ္ကလည္းျပင္ဆိုင္ေရာက္ေနတာမို႔ေနာက္ရက္က်ရင္ေတာ့ေသခ်ာေပါက္taxiခပိုထြက္ေတာ့မွာပင္။
ခပ္ျမန္ျမန္သာလမ္းေလွ်ာက္ရင္းအနည္းငယ္ေအာင္ျမင္စျပဳေနၿပီျဖစ္တဲ့fashionဆိုင္ေလးဆီစိတ္ေရာက္မိေတာ့ကိုယ့္ကိုယ္ကိုအတြက္ၿပဳံးမိျပန္တယ္။
သဝဏ္...မင္းသိလား။
ငါေလအခုပိုက္ဆံေကာင္းေကာင္းရွာတတ္ေနၿပီ။ မင္းေျပာသလိုပဲပိုက္ဆံရွာရတာတကယ္ပင္ပန္းတယ္။ လူေပါင္းစုံနဲ႔ႀကဳံေတြ႕ရတာေတြ ၊ ၿပီးေတာ့အိမ္စရိတ္ေက်ာင္းစရိတ္မဖူလႈံမွာေတြကိုေတြးပူေနရတာေတြကတကယ္ပင္ပန္းတာပဲ။ မင္းလည္းအမ်ားႀကီးပင္ပန္းခဲ့မွာပဲေနာ္။ ေနာက္ဆိုရင္ငါမင္းနဲ႔အတူတူအလုပ္လုပ္ၿပီးပိုက္ဆံကူရွာေပးမယ္ေလ။
ကိုယ့္ကိုပစ္ပစ္ခါခါမုန္းတီးေနသည့္လူတစ္ေယာက္အေၾကာင္းကိုသေဘာတက်ေတြးရင္းငိုေနမိျပန္တဲ့ပုံစံကအ႐ူးနဲ႔တူေနမလားေတာ့မသိေပမယ့္ဂ႐ုမစိုက္စြာဘဲအေတြးနယ္ခ်ဲ႕ေနမိျပန္တယ္။
သဝဏ္နဲ႔ေနာက္ဆုံးေတြ႕ခဲ့တဲ့အခ်ိန္ကတည္းကမႈိင္းညႇိဳ႕ကိုယ္ပိုင္အလုပ္အတြက္စီစဥ္ေနခဲ့ၿပီးသား။ အမွန္ေတာ့အဲ့ဒီ့ေန႔ကမႈိင္းညႇိဳ႕သဝဏ့္အေနာက္လိုက္သြားဖို႔ေတြးခဲ့မိေသးတယ္။ ဟူး...သားကငိုရင္းကေန႐ုတ္တရက္သတိလစ္သြားလို႔သာ။ ေနာက္တစ္ခုကေတာ့သူနဲ႔အတူရွိေနတဲ့တျခားသူတစ္ေယာက္ေၾကာင့္လည္းပါတာေပါ့။
သားေဆး႐ုံတက္ရတဲ့အေၾကာင္းသူ႔ဆီအသိေပးဖို႔ႀကိဳးစားခဲ့ေပမယ့္သဝဏ္ကဖုန္းတစ္ခ်က္ေတာင္မကိုင္ခဲ့တာမို႔အသိမေပးခဲ့ရဘူး။ အၿမဲသူ႔ဒယ္ဒီကိုပဲေမးေနတဲ့သားကိုေတာ့အေၾကာင္းတစ္မ်ိဳးၿပီးတစ္မ်ိဳးနဲ႔လိမ္ညာထားေပမယ့္လည္းလနဲ႔ခ်ီၿပီဆိုမွေတာ့သားလည္းရိပ္မိေရာေပါ့ေလ။
"ဟူး......"
ေကာင္းကင္ႀကီးဆီသို႔မ်က္ႏွာမူကာေလပူတစ္ခ်က္မႈတ္ထုတ္မိေတာ့လူကနည္းနည္းေတာ့ေပါ့ပါးသြားသေယာင္။ အိတ္ကိုေသခ်ာျပင္လြယ္ရင္းေျခလွမ္းတို႔ကိုျပန္စတင္ရန္ဟန္ျပင္မိစဥ္႐ုတ္တရက္ဖ်တ္ခနဲျမင္လိုက္ရတဲ့လူရိပ္။ စိတ္မလုံစြာနဲ႔အေနာက္ကိုလွည့္ၾကည့္မိေတာ့ဘယ္သူမွမေတြ႕တာေၾကာင့္ေျခလွမ္းတစ္လွမ္းကိုခပ္က်ဲက်ဲလွမ္းလိုက္သည္။
" မႈိင္း......"
႐ုတ္တရက္ၾကားလိုက္ရတဲ့အသံေၾကာင့္မႈိင္းညႇိဳ႕ေျခလွမ္းတို႔ကတုံ႔ခနဲ။ ဒီအသံက...ဒီအသံက...သူကဘယ္လိုလုပ္ၿပီးအခုထိ။
" မႈိင္း...ကိုယ္ျပန္လာၿပီေလ မႈိင္းရဲ႕......"
အနားကိုပိုကပ္လာတဲ့အသံေၾကာင့္လွည့္ၾကည့္မိေတာ့ေထာ့နဲ႔ေထာ့နဲ႔ႏွင့္မႈိင္းညႇိဳ႕ဆီေလွ်ာက္လာတဲ့ထိုသူ။ မ်က္ႏွာေပၚမွာအမာ႐ြတ္တစ္ခ်ိဳ႕ရွိေနေပမယ့္လို႔ႏွစ္ေပါင္းမ်ားစြာပက္သက္ခဲ့တဲ့ပက္သက္မႈအရထိုသူကယစ္ဆိုတာသက္ေသျပစရာမလိုေလာက္ေအာင္မွတ္မိသည္။
" ကိုယ္ေျပာတဲ့ေနရာေလးမွာေသခ်ာစီစဥ္ခဲ့ၿပီးၿပီ...အေျခတက်လည္းျဖစ္ေနၿပီ မႈိင္းေျပာခဲ့တယ္မဟုတ္လား...အေျခက်သြားရင္မႈိင္းရယ္ သားေလးရယ္ ကိုယ္ရယ္အတူတူေနၾကမယ္ဆို......"
အၿပဳံးတစ္ပြင့္ႏွင့္ေျပာဆိုကာမႈိင္းညႇိဳ႕လက္ကိုသူ႔လက္ႏွစ္ဖက္ႏွင့္အုပ္ကိုင္ရင္းေျပာေနျပန္တဲ့ယစ္။ ထိုေန႔က...သူမႈိင္းညႇိဳ႕ဆီေရာက္လာတဲ့အဲ့ဒီ့ေန႔က မႈိင္းညႇိဳ႕သူ႔ကိုျဖစ္သလိုအေၾကာင္းျပခ်က္ေပးၿပီးႏွင္ထုတ္လိုက္မိတဲ့စကားကိုသူကအတည္ထင္ၿပီးတကယ္ပဲအေျခက်ေအာင္ႀကိဳးစားေနတယ္တဲ့လား။
" ကိုယ္နဲ႔လိုက္ခဲ့ပါေတာ့မႈိင္းရယ္...ကိုယ္တို႔ရဲ႕မိသားစုဘဝေလးကိုထူေထာင္ၿပီးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကမယ္ေလ......"
" ဖယ္......"
ေျပာေျပာဆိုဆိုႏွင့္လက္ကိုအတင္းဆြဲဖယ္ကာေဆာင့္တြန္းလိုက္ေတာ့ေျခေထာက္သိပ္ေကာင္းပုံမရသည့္သူကလမ္းမေပၚသို႔ပစ္စလက္ခတ္လဲက်သည္။ မႈိင္းညႇိဳ႕ကိုအျပစ္တင္ပုံမရဘဲအံ့ဩသလိုသာေငးၾကည့္ေနတဲ့မ်က္ဝန္းေတြကအခုထိမႈိင္းညႇိဳ႕ကိုခ်စ္ေနေသးတယ္ဆိုတဲ့သက္ေသ။
" ငါဘယ္ႏွခါေျပာရမွာလဲယစ္...ငါမင္းကိုမခ်စ္ေတာ့ဘူး ငါအခုျမတ္သဝဏ္ကိုပဲခ်စ္တာ ငါသူ႔ကိုပဲျပန္ရေအာင္ႀကိဳးစားမွာ ငါသူနဲ႔ပဲအတူေနခ်င္ေတာ့တာလို႔......"
" ဟင့္အင္း မဟုတ္ဘူး...မႈိင္းအမွတ္မွားေနတာ မႈိင္းသူ႔ကိုခ်စ္တာမဟုတ္ဘူး မႈိင္းကအရင္ကလိုသူ႔ရဲ႕ဂ႐ုစိုက္မႈေတြကိုျပန္လိုခ်င္ေန႐ုံပဲ......"
ခပ္ေအးေအးတုံ႔ျပန္စကားကမႈိင္းညႇိဳ႕ကိုအနည္းငယ္ေတြေဝသြားေစတာေတာ့အမွန္။ မႈိင္းညႇိဳ႕ကိုယ္တိုင္လည္းအခုအထိဒီအေျဖကိုမသဲကြဲေသး။ ေသခ်ာတာကေတာ့ျမတ္သဝဏ္ကိုအရင္လိုပိုင္ဆိုင္ထားခ်င္သည္။ အရင္ကလိုပဲအၿမဲအေလွ်ာ့ေပးၿပီးေျပာသမွ်ေခါင္းငုံ႔ခံတတ္တဲ့သူမ်ိဳး ၊ မႈိင္းညႇိဳ႕ေသဆိုေသရွင္ဆိုရွင္ႏွင့္မ်က္လုံးေတာင္လွန္မၾကည့္ရဲတဲ့အဲ့ဒီ့ေကာင္ေလးကိုျပန္လိုခ်င္မိတာပဲသိသည္။
" မႈိင္းမခ်စ္ဘဲနဲ႔ဘာျဖစ္လို႔မ်ားသူ႔ကိုဒုကၡေပးေနရတာလဲ...သူကမႈိင္းကိုမခ်စ္ေတာ့ဘူးေလ အဲ့ဒါေၾကာင့္မႈိင္းကလည္းကိုယ္နဲ႔အတူတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနလိုက္ပါေတာ့......"
" ေတာ္ေတာ့ယစ္...ငါမင္းဆီဘယ္ေတာ့မွျပန္လာမွာမဟုတ္ဘူး ၿပီးေတာ့မင္းကျမတ္သဝဏ္လိုမ်ိဳးခ်စ္ေပးႏိုင္မွာမွမဟုတ္တာ......အဲ့ဒါေၾကာင့္ငါ့ေရွ႕မွာထပ္ေပၚမလာမိေစနဲ႔......"
ေျပာစရာရွိတာေျပာဆိုၿပီးစကားဆုံးသည္ႏွင့္ထိုေနရာမွထြက္လာခဲ့လိုက္သည္။ ျဖတ္လမ္းလိုလမ္းမေနရာမို႔အနည္းငယ္လူျပတ္တာေၾကာင့္မႈိင္းညႇိဳ႕တို႔ႏွစ္ေယာက္ဒီလိုအေခ်အတင္ျဖစ္ေနပုံကိုဘယ္သူမွေတာ့ျမင္လိုက္ပုံမရ။ အနည္းငယ္ငဲ့ေစာင္းၾကည့္ၿပီးယစ္တစ္ေယာက္ခုနကေနရာတြင္သာဆက္ထိုင္ေနေသးတာေသခ်ာမွလမ္းကိုခပ္သြက္သြက္ေလွ်ာက္ကာဆိုင္ကိုဦးတည္လိုက္ေတာ့တယ္။
ေနာက္ဆိုဒီလမ္းကေနသြားလို႔မျဖစ္ေတာ့ဘူးပဲ......။
_____________________________________________
တစ္ခ်က္ေတာင္လွည့္မၾကည့္တျဖည္းျဖည္းေဝးသထက္ေဝးသြားသည့္ေက်ာျပင္ေလးကိုမလႈပ္မယွက္ႏွင့္သာေငးၾကည့္ေနမိသည္။
' မင္းေတာင္အေျခတက်မရွိဘဲစုတ္ျပတ္ေနတာကို ငါနဲ႔သားကဘယ္လိုယုံၾကည္ၿပီးလိုက္ခဲ့ရမလဲ......' တဲ့။
အဲ့ဒီ့ေန႔ကလူကိုမသတီသလိုလို ၊ ႐ြံသလိုလိုၾကည့္ၿပီးေျပာလာတဲ့ကြၽန္ေတာ့္ခ်စ္သူေလးရဲ႕စကားေတြ။ အေျခက်ရင္အတူတူေနၾကမယ္လို႔ေျပာခဲ့တဲ့စကားေတြကအၿမဲႀကဳံခဲ့ရသလိုအလိမ္အညာကတိစကားေတြမွန္းမသိခဲ့ဘဲကြၽန္ေတာ္ဆိုတဲ့သူကယုံခဲ့မိျပန္တာပါပဲ။
သာမန္အေနအထားေလာက္ေလးပဲရွိတဲ့အိမ္ေလးရယ္ ၊ ၿခံဝန္းက်ယ္က်ယ္ေလးရယ္။ သားအတြက္ေက်ာင္းနဲ႔မနီးမေဝးမွာရွိၿပီးေတာ့မႈိင္းနဲ႔ကြၽန္ေတာ့္အတြက္က်စီးပြားေရးလုပ္လို႔ေကာင္းမယ့္ေနရာမ်ိဳးေလးလည္းရွိမယ္။ သားရဲ႕ေက်ာင္းပိတ္ရက္ေတြဆိုအတူတူလမ္းေလွ်ာက္ထြက္ၾကဖို႔ပန္းၿခံနဲ႔လည္းသိပ္မေဝးဘဲနဲ႔ ေဈးကိုလည္းအရမ္းႀကီးမေဝးတဲ့ေနရာမ်ိဳးေလး။
အခုေတာ့ကြၽန္ေတာ့္စိတ္ကူေတြကသဲထဲေရသြန္ျဖစ္ၿပီထင္ပါရဲ႕......။
ျမင္ကြင္းထဲမွေနေပ်ာက္ကြယ္သြားတဲ့ပုံရိပ္ေလးေၾကာင့္လူကမနည္းအားယူကာမတ္တပ္ရပ္မိေတာ့ထိခိုက္ထားတဲ့ေျခေထာက္ေတြကဒဏ္မခံႏိုင္စြာပင္လမ္းမထက္လဲက်ျပန္သည္။ မႈိင္းတြန္းထုတ္လိုက္ကတည္းကနာသြားတာမွန္ေပမယ့္သူေလးစိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးလိာ့ကတစ္ေၾကာင္း ၊ ကိုယ့္ကိုအထင္ေသးမွာစိုးတာကတစ္ေၾကာင္းေၾကာင့္စိတ္ကိုတင္းထားၿပီးဘာမွမျဖစ္သလိုေနခဲ့မိလိုက္တာ။ အခုေတာ့ကိုယ့္ထိုက္နဲ႔ကိုယ့္ကံရွိပါေရာလား။
မထႏိုင္တဲ့အေနအထားေၾကာင့္အတင္းလုပ္ယူမေနဘဲနာက်င္မႈသက္သာေစရန္ခဏၿငိမ္ကာထိုင္ေနလိုက္သည္။ မ်က္ရည္စေတြကိုလက္ခုံျဖင့္ဖိသုတ္ပစ္လိုက္ၿပီးေကာင္းကင္ေပၚေမာ့ၾကည့္လိုက္ေတာ့ကတိစကားေတြကိုအၿမဲတမ္းတုံးအ,စြာယုံၾကည္ခဲ့မိတဲ့ကိုယ့္ကိုေကာင္းကင္ႀကီးကပင္ေလွာင္ေျပာင္ေနသေယာင္။
" အဟား...တကယ္ကိုငါကအရမ္းတုံးခဲ့တာပဲ......"
ဟုတ္တယ္...ခက္ထန္ယစ္ဆိုတဲ့ကြၽန္ေတာ္ကသိပ္ကိုတုံးအတဲ့ငတုံး။ ကြၽန္ေတာ္ကကိုယ္ခ်စ္ရတဲ့လူေတြရဲ႕စကားဆိုရင္ဘာကိုမွမစဥ္းစားႏိုင္ေတာ့တဲ့အထိအသိဉာဏ္မဲ့စြာနဲ႔အၿမဲယုံၾကည္မိတတ္တယ္။
' ဒီမွာခဏေနခဲ့ ေမေမျပန္လာခဲ့မယ္ေနာ္...... ' ဆိုၿပီးမိဘမဲ့ေဂဟာမွာထားခဲ့တာေတာင္ကြၽန္ေတာ္ဆိုတဲ့ေကာင္ကေမေမျပန္လာမယ္အထင္နဲ႔ေစာင့္ေနခဲ့ဖူးတယ္။ ' လိမ္လိမ္မာမာေနရင္သားအေမျပန္လာတဲ့အထိေခၚထားေပးမယ္...... ' လို႔ေျပာခဲ့တဲ့ေဂဟာမႉးကိုလည္းကြၽန္ေတာ့္ကိုပိုက္ဆံေတြပုံေပးၿပီးေမြးစားဖို႔ေတာင္းလာတဲ့သူလက္ထဲအလြယ္တကူထည့္ေပးလိုက္တဲ့အခ်ိန္မတိုင္ခင္အထိေကာင္းေကာင္းႀကီးယုံၾကည္ခဲ့ဖူးတာပဲ။ ၿပီးေတာ့ ' သားကိုဒယ္ဒီ့သားအရင္းလိုေစာင့္ေရွာက္ေပးမွာ......' ဆိုတဲ့ကြၽန္ေတာ့္ေမြးစားအေဖရဲ႕စကား။ လူေတြသိၾကတဲ့ကြၽန္ေတာ့္ဒယ္ဒီ ၊ ကြၽန္ေတာ့္အေဖ။ သူ႔ရဲ႕အတၱေလာဘေတြအတြက္ကြၽန္ေတာ့္ကိုအသုံးခ်ခဲါတဲ့အဲ့ဒီ့လူ။ သူ႔စကားေတြကိုလည္းကြၽန္ေတာ္ကအႂကြင္းမဲ့ယုံၾကည္ခဲ့ဖူးေသးတာ။
ေနာက္ဆုံးေတာ့ဘာမ်ားျပန္ရလိုက္သလဲ။
ေမေမကလည္းေဂဟာကေနျပန္လာမေခၚခဲ့သလို ၊ ေဂဟာမႉးကလည္းပိုက္ဆံကိုဦးစားေပးခဲ့တာပဲ။ သားအရင္းလိုခ်စ္ေပးမယ္ဆိုတဲ့သူကလည္းသူ႔ရဲ႕စံသတ္မွတ္ခ်က္ေတြမျပည့္ရင္တိရစာၦန္ေလာက္ေတာင္မွအေရးမေပးခဲ့ဖူးဘူး။ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ေတာင္ဒယ္ဒီကေကာင္းေစခ်င္လို႔ဆုံးမတာပါလို႔ေတြးခဲ့မိတုန္း။
အဲ့ဒီ့ေလာက္အထိကိုကြၽန္ေတာ္ကတုံးခဲ့တာမ်ိဳး......။
အခုလည္းပဲကြၽန္ေတာ္ကခ်စ္ရသူရဲ႕အလိမ္အညာစကားကိုအတည္ထင္ၿပီးကြၽန္ေတာ္ကယုံၾကည္ခဲ့ျပန္ၿပီကို။
လူတိုင္းကကြၽန္ေတာ့္ကိုဆိုလိမ္ၾကတယ္...အၿမဲတမ္းမတည္ႏိုင္တဲ့ကတိပဲေပးတတ္ၾကတယ္။
အင္း...ကြၽန္ေတာ္ကလိမ္ဖို႔လြယ္လို႔ထင္ပါရဲ႕။
################################