Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 28
-------------
ရှောင်ကျန့်ကဦးထုပ်လေးဆောင်းလို့ ဆင်းလာကာ မြို့အုပ်၀မ်ဘေး
သွားရပ်သည် မောင်ကဒီနေ့သူ့ကိုပွဲတစ်ခုခေါ်သွားမယ်လို့ပြောတယ်။
"မောင် ကျန့်ကျန့် ကြည့်လို့ကောင်းလားဟင်"
ကုတ်အရှည်လေးနဲ့ သူ့ရှေ့မှာလှည့်ပြလို့ ဦးထုပ်ကိုပါ ပြင်ဆောင်းလိုက်သည်။
"ဘယ်လိုလုပ်ရမလဲ"
"ဘာကိုလဲ"
"ချစ်ဖို့ကောင်းလွန်းလို့ မခေါ်သွားစေချင်တော့ဘူး"
"ဟင်....အဲ့တာဆို မောင်က ကျန့်ကျန့်တစ်ယောက်ထဲထားခဲ့မလို့လားဟင်"
မြို့အုပ်၀မ်က ပြုံးလို့ ရှောင်ကျန့်ကိုဖက်လိုက်ပြီး လည်ပင်းနား
ကိုမျက်နှာအပ်လို့ နမ်းလိုက်သည် ရှောင်ကျန့်ကြက်သီးတွေဖြန်းခနဲထသွားတယ် သူ့နားက ဟော်မုန်း
နံ့ထွက်နေလို့များလား။
"ကိုယ့်အမျိုးသားလေးမှန်းသိအောင်လို့ တစ်နိုင်ငံလုံးကိုပြရမှာပေါ့"
"ဟီး..."
"Betaဖြစ်နေလို့နော် အချစ်သာOmegaဆိုရင် အိမ်ထဲကနေအိမ်အပြင်တောင် ကိုယ်ပေးထွက်မှာမဟုတ်ဘူး"
"...."
"လာ သွားကြမယ်"
"အင်း"
ရှောင်ကျန့်ခပ်ပါးပါးပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည် မောင့်ကို
အမှန်အတိုင်းပြောပြချင်တယ်...ဒါပေမဲ့လည်း မောင်မုန်းသွားမှာလဲကြောက်တယ်။
"မောင် ခန..."
ကားပေါ်တက်ဖို့ပဲရှိသေးတယ် ရှောင်ကျန့်ကခေါ်တာကြောင့်
မေးဆက်ပြလိုက်သည်။
"မောင် အဲ့နက်ခ်တိုင်နဲ့မလိုက်ဘူး..."
"ဒါအသစ်လေ အချစ်ရဲ့ မောင်နဲ့မလိုက်ဘူးလား"
"ဟင့်အင်း...ဒါနဲ့လိုက်လောက်တယ်"
ရှောင်ကျန့်က ကုတ်အရှည်ကအိတ်ကပ်ထဲလိုက်နိူက် လိုက်ကာ
ဘူးအသေးလေးတစ်ခုပါလာသည် ဖွင့်ကာ ထုတ်လိုက်တော့အပြာ
ရင့်ရောင်လေးနက်ခ်တိုင်ကထွက်လာသည်။
"ကျန့်ကျန့် ပိုက်ဆံနဲ့၀ယ်ထားတာ"
"ဟုတ်လား...ဘယ်ကရလဲ"
"ဟွန်း...မောင့်စီကပိုက်ဆံနဲ့၀ယ်ထားတာမဟုတ်ပါဘူးနော်
ဖိုးဖိုးစီကနေမုန့်ဖိုးရတဲ့၃၀၀၀နဲ့၀ယ်ထားတာ"
"အော်...."
"ရပြီ လိုက်ဖက်သွားပြီ ကြိုက်လားမောင်"
"ကိုယ့်အချစ်က ဘာပဲဆင်ဆင်ကိုယ်ကြိုက်တာပေါ့"
"လာ သွားရအောင်"
"အင်း"
အတော်ကြာအောင်ထိ မောင်းပြီးတဲ့နောက်မှာတော့ သဘော်ဆိပ်
ကိုရောက်လာခဲ့သည် အဝေးကနေကြည့်မိတာ အရမ်းကိုကြီးတဲ့
ရေနံတင်သဘော်ကြီးတစ်ခုကကျောက်ချထားတယ် ကမ်းစပ်မှာ
လူတွေကပုရွက်ဆိတ်တွေလိုမျိုးပုံနေကြသည် ။
"မြို့အုပ်မင်း ရောက်လာပြီ အကုန်လုံး!!"
ကားရပ်လိုက်တာနဲ့ကြားရသောအသံပင် သူ့ဘက်ကိုလူတစ်ယောက်ကပြေးလာပြီး တံခါးလာဖွင့်ပေးသည်
အသံတွေကဆူညံပွတ်လောရိုက်နေကြတယ် လူတွေကသူတို့နဲ့
ခပ်ဝေးဝေးလေးတင်မှာရှိနေကြတယ် တစ်ချို့ကသူတို့ကိုကြည့်နေ
ကြတယ် တစ်ချို့ကတော့ သဘော်ကြီးကိုကြည့်နေကြတယ်။
"အချစ်ရေ...လာ..."
မြို့အုပ်၀မ် ခေါ်လို့ ဘေးကို မြန်မြန်သွားလိုက်သည် ဘေးကိုရောက်တာနဲ့အရှေ့ကြည့်လိုက်တော့ သက်ဆိုင်ရာအသီးသီးကအမတ်တွေက ဒီနေရာမှာရောက်နေကြတယ် ၀မ်မျိုးရိုးတွေနဲ့ ရှောင်မျိုးရိုးအချို့
လည်းရှိနေကြတယ် ။
"လာ မကြောက်နဲ့"
မြို့အုပ်၀မ်ကသူ့လက်ကိုဆွဲလို့ရှေ့ကနေသွားတယ် ရှောင်ကျန့်ကနောက်ကနေ လိုက်သည် ခဏနေတော့ဘေးချင်းကပ်ဖြစ်အောင်လို့ လိုက်သည်။
ရှောင်ကျန့် ဟိုဘက်ကိုကြည့်လိုက်တော့ ကင်မရာသမား
တွေ ရုပ်ရှင်ရိုက်နေတာလဲမဟုတ်ပါချေ။
"မြို့အုပ်မင်းတို့ ဒီပေါ်ကြွပါဗျ"
လှေကားလေးသုံးထစ်လောက်နဲ့မြင့်သော အပေါ်ကအမိုးလေးပါတဲ့စင်လေးတစ်ခုပင် အပေါ်ကိုတင်လိုက်တော့
ကြိုးဆွဲထားတဲ့ဝိုင်တစ်ပုလင်းပဲရှိတယ် သူတို့ရှေ့လေးတင်မှာခုနက
မြင်တွေ့ခဲ့ရတဲ့ သဘော်ကြီးရဲ့အနောက်ပိုင်း ။
"အချစ်လာကိုင်..."
ရှောင်ကျန့်ကဝိုင်ပုလင်းကိုကိုင်လိုက်တော့ မြို့အုပ်၀မ်ကသူ့လက်
ပေါ်တစ်ဆင့်ကိုင်လို့ လွှဲလိုက်သည်။
*ခွမ်း*
ဝိုင်ပုလင်းကသဘော်ကြီးရဲ့နောက်ဘက်ကိုရိုက်ချလိုက်တာနဲ့ ဝိုင်ပုလင်းကွဲသွားပြီးတဲ့နောက် သဘော်ကြီးရဲ့အသံကိုကြားရ
ပြီး သဘော်ကြီးကလည်းတစ်ဖြည်းဖြည်းနဲ့ သဘော်ဆိပ်က
နေထွက်ခွာနေလေပြီ လူတွေဘက်ကလက်ခုပ်သံတွေက တစ်မြို့လုံးကို ဖုံးလွှမ်း
နေသယောင် ပါသွားတဲ့သဘော်သားတွေကလည်း လက်ပြ
နေကြတယ် ။
"ဝါး...မိုက်တယ်...မောင် မောင် ကျန့်ကျန့်ထပ်လုပ်ချင်တယ်"
"နောက်တစ်ခေါက်မှပေါ့ အချစ်ရယ်"
"အခုဟုတ်ဘူးလားဟင်"
"ဟင့်အင်း"
"ဒါပဲလားဟင်ပွဲက...."
"ဟင့်အင်း...."
"...."
"ကိုယ်တို့စားသောက်ကြရဦးမယ် ဂုဏ်ပြုပွဲတွေရှိသေးတယ်"
"ဟုတ်!"
မြို့အုပ်၀မ်ကရှောင်ကျန့်လက်နှစ်ဖက်လုံးကို သူ့လက်နှစ်ဖက်လုံးနဲ့
ကိုင်ကာ နူတ်ခမ်းနားထိယူပြီး နမ်းလိုက်သည် ရှောင်ကျန့်မျက်နှာ
လေးတွေနီသွားတယ် ဘေးနားမှာလည်း ကင်မရာသမားတွေက
တဖြတ်ဖြတ်နဲ့ဓာတ်ပုံတွေရိုက်နေကြတယ် ။
"မြို့အုပ်မင်း...မင်းကတော်...အမှတ်တရပုံလေးတစ်ပုံလောက်"
ကင်မရာသမားတစ်ယောက်ကတောင်းဆိုတော့ မြို့အုပ်၀မ်ရဲ့လက်ကို
ရှောင်ကျန့်ချိတ်လိုက်ကာ ပြုံးလိုက်သည်။
"မောင် ပြုံးနော်"
"အင်း"
*ချလပ်*
"ရပါပြီဗျ ကျေးဇူးတင်ပါတယ် မြို့အုပ်မင်းတို့"
"အင်း"
"ဝေး...ငါတို့လည်းလာပြီလေ ငါတို့လည်းရိုက်မှာပေါ့ လာလာ"
ယွီမြို့အုပ်နဲ့စစ်ယမ်၊ စွေ့လျန်တို့က နေရာယူကြတယ် သူတို့တောင်
ပြင်ဆင်လို့မပြီးသေး အမျိုးသမီးတစ်ယောက်ရဲ့အသံကပေါ်ထွက်
လာလေတယ်။
"ကျွန်မရော...ပါလို့ရမလား"
ကြည့်လိုက်တော့မှ ယွမ်နင်ပဲ သူမဒီကိုဘာလို့ရောက်နေလဲဆိုတာ
မမေးမိတော့ပါဘူး သူမကလည်း အမတ်ရာထူးခပ်ကြီးကြီးထဲက
တစ်ယောက်ရဲ့သမီးပဲမဟုတ်ပါလား ။
"ကျွန်မက မင်းကတော်ဘေးမှာနေမယ်နော်"
"ဗျာ..အာ..ဟုတ်ကဲ့"
စွေ့လျန်ကဖယ်ပေးပြီးသူမ၀င်လိုက်ကာ ဓာတ်ပုံရိုက်လိုက်သည်
ရှောင်ကျန့်ဘာမှမပြောပါဘူး ဓာတ်ပုံရိုက်တာလေးကဘာဖြစ်မှာ
မို့လို့လဲ။
"ရပါပြီ...."
သူတို့ဓာတ်ပုံရိုက်ပြီးတော့ မြို့အုပ်၀မ်နဲ့အခြားသောအမတ်တွေ
ကဓာတ်ပုံ၀င်ရိုက်ကြတယ် ရှောင်ကျန့်ပုခုံးကိုမြို့အုပ်၀မ်ကဖက်
ထားကာ ပြုံးထားတယ် အချစ်ကဘေးနားမှာရှိနေလို့သာ
သူသာမရှိရင် မပြုံးဘူး။
"အိုက်ယား...ပင်ပန်းလိုက်တာ..."
ရှောင်ကျန့်ကားနားကိုအရင်ရောက်လာပြီး ကားကိုမှီထားသည်မောင်ကအရင်သွားနှင့်ဆိုလို့သာလာခဲ့တာ
ကျင်းရန်လည်းမရှိဘူး ကားတံခါးကို lock
ချသွားခဲ့တာ ဖွင့်မရ။
"ရှောင်ကျန့် မှတ်လား...."
ရှောင်ကျန့်ကြည့်လိုက်တော့ ယွမ်နင်ဆိုသော သူပင် သူမက
ပြုံးပြုံးလေးကြည့်နေတော့ ရှောင်ကျန့်ခေါင်းငြိမ့်ပြလိုက်သည်။
"၀မ့်ကိုဖိတ်ရင်မရမှာသိလို့...အဲ့တာ ရှင့်ကိုလာဖိတ်တာ"
"ဗျာ...ကျန့်ကျန့်ကိုလား ဘာကိုလဲဟင်"
"လာဖြစ်အောင်လာနော် ကျိန်းသေပေါက်ဆက်ဆက်လာခဲ့ပေးနော်"
ရှောင်ကျန့်လက်ထဲကို ဖိတ်စာလေးတစ်ခုကရောက်လာတယ်
Birthday partyတဲ့လေ ။
"ဟုတ်ကဲ့...မောင်အားရင်လာမယ်လေနော်"
"ကတိပေးပါ...လွန်တယ်လို့တော့မထင်ပါနဲ့ တို့ကအနောက်နိုင်ငံကို
ပြန်သွားရတော့မှာမို့လို့ ၅နှစ်လောက်ကြာမှာ အဲ့တာကြောင့်၀မ့်ကို
နောက်ဆုံးအနေနဲ့တွေ့ချင်လို့ပါ"
"ဟုတ်ကဲ့ ကျန့်ကျန့်နားလည်ပါတယ် ကတိပေးပါတယ်"
ယွမ်နင်ကရှောင်ကျန့်ကိုခေါင်းအစခြေအဆုံးကြည့်နေသည်
သူမအိမ်ကအစေခံတွေပြောတာက မင်းကတော်ကBetaတဲ့လေ။
"ကျွန်မကိုခွင့်ပြု...."
သူမစကားပြောလို့တောင်မဆုံးသေး သူမနှာခေါင်းထဲကိုဟော်မုန်း
အနံ့တစ်ခုကတိုး၀င်လာလေတယ် သူမကOmegaတစ်ယောက်
မို့လို့ အခြားOmegaအနံ့တွေကိုလည်းရနိုင်တယ် ရှောင်ကျန့်နားကများလား...။
"မောင်ကလည်းမလာသေးဘူး"
"ရှောင်ကျန့်...ဒီနားကအနံ့တစ်ခုရတယ်နော်"
"အာ...ဟုတ်လား..."
ရှောင်ကျန့်ကမလုံမလဲနဲ့ လည်ပင်းနားကိုအုပ်ကာဟိုကြည့်ဒီကြည့်
နဲ့လုပ်နေတော့ ယွမ်နင်တစ်ယောက်သံသယ၀င်လာသည်။
"ရှောင်ကျန့်...မဟုတ်မှလွဲရော..."
"ဘာကိုလဲ ကျဲကျဲ"
"မင်းက Omegaလား"
"...."
"အာ sorryနော် တို့ကလည်းOmegaဆိုတော့ အချင်းချင်း
သိတယ်လေ ပြီးတော့လည်း တို့ကရဲမင်းကြီးရဲ့တူမဆိုတော့
စစ်မေးတာတွေကိုလည်း သိတယ်လေ"
"...."
"ဘာလို့ လည်ပင်းကိုအုပ်ထားတာလည်း"
"ကျန့်ကျန့်.... ကျန့်ကျန့်"
"အင်း..."
ရှောင်ကျန့်ကြောက်လာကာ စိတ်တွေလူပ်ရှားပြီး အနံ့တွေပိုထုတ်မိ
သွားသည် ယွမ်နင်ပြုံးလိုက်တယ် Omegaတွေရဲ့ထုံးစံကဒါပဲ
စိတ်တွေလူပ်ရှားရင် ဟော်မုန်းအနံ့တွေထုတ်မိတတ်တယ်။
"ကျန့်ကျန့်က Omegaမဟုတ်ပါဘူးဗျ အနံ့ကလည်းအခြားကလာတာဖြစ်မှာပေ့ါ"
"အင်း ဟုတ်မှာပါလေ...ဒီမှာလူတွေအများကြီးဆိုတော့..."
"ဟုတ်ကဲ့..."
"တို့အထင်လွဲမိတာဖြစ်မယ် တောင်းပန်ပါတယ်နော်"
"ရပါတယ်..."
"မင်းကတော်....မင်းကတော် ကဒီရောက်နေတာကို တက်တက်
ကားပေါ်တက်တော့.... မိန်းကလေးယွမ် ခွင့်ပြုပါနော်..."
ကျင်းရန်က အပြေးလာပြီး ကားတံခါးlockကိုဖွင့်လိုက်ကာ
ရှောင်ကျန့်ကိုကားထဲအတင်းထိုးထည့်သည် ပြီးတာနဲ့ကားမောင်း
ထွက်သွားတော့တာပဲ ကျန်ရစ်နေခဲ့တဲ့ ယွမ်နင်ကတော့ ခပ်မဲ့မဲ့
ပြုံးလိုက်သည် ၀မ်ရေ...၀မ်...လိမ်တာကိုမုန်းပါတယ်ဆိုတဲ့ ရှင်က
အခုတော့ အချစ်ရဆုံးသူစီကနေ လိမ်တာခံလိုက်ရတယ်ပေါ့
အဟက်!...ပျော်ဖို့ကောင်းတော့မှာပဲ။
"မြို့အုပ်၀မ်ကဟိုဘက်မှာအမတ်တွေနဲ့စကားပြောနေတာ
မပြီးသေးလို့...မင်းကတော်ကိုအရင်လာကြိုတာ"
"...."
"မင်းကတော် မြို့အုပ်ရုံးကိုပဲပို့ပေးမယ်နော်"
"ဟင်...အင်း..."
"အဆင်ပြေရဲ့လား စိတ်နဲ့လူနဲ့မကပ်သလိုပဲနော်"
"ပင်ပန်းနေလို့ပါ...."
"ဖြစ်တတ်ပါတယ် မင်းကတော်ကဒီလိုပွဲကြီးကိုပထမဆုံးတက်
ရတာမဟုတ်လား...ဒီလိုပါပဲ..."
"အင်း"
ရှောင်ကျန့်သက်ပြင်းချလိုက်သည် ယွမ်နင်ကသူOmegaမှန်းသိသွားပြီလား မဟုတ်သေးဘူး
သူငြင်းလိုက်တာပဲ...ဆေးကဘာဖြစ်နေတာများလဲ..အာနိသင်
မပြတာများလား....။
___________
စားသောက်ပွဲတော့ရောက်ပြီ မြို့တော်ခန်းမမှာလုပ်တယ် ဝိုင်းအကြီးကြီးမှာ အလယ်မှာအလှအပဆင်ထားတဲ့ လော့ယန်မြို့
ရဲ့တံဆိပ်ပါတဲ့ ရုပ်ထုခပ်ကြီးကြီးရှိတယ် ။
"မြို့အုပ်မင်း ရေနံသဘော်ကြီးကိုတည်ဆောက်နိုင်ခဲ့တဲ့အတွက်
ဂုဏ်ပြုပါတယ်"
"ဂုဏ်ပြုပါတယ် မြို့အုပ်မင်း!"
အမတ်အသီးသီးက ဝိုင်ခွက်တွေမြှောက်လို့ကောင်းချီးပေးကြတယ်
မြို့အုပ်၀မ်က ခေါင်းငြိမ့်ကာမတ်တပ်ရပ်ပြီး ကျေးဇူးတင်ကြောင်း
တွေပြောကာ ဝိုင်ခွက်ကိုကိုင်ပြီးမြှောက်လိုက်သည်။
"လော့ယန်မြို့ကြီး ငြိမ်းချမ်းတည်မြဲရေးအတွက်"
"လော့ယန်မြို့ကြီး ငြိမ်းချမ်းတည်မြဲရေးအတွက်!!"
အကုန်လုံးကဝိုင်ကိုသောက်ကျပေမဲ့ မြို့အုပ်၀မ်ကနူတ်ခမ်းထိရုံ
လောက်လေးပဲဟန်ပြကာ ပြန်ထိုင်လိုက်သည်။
"မြို့အုပ်၀မ် မင်းကတော်ကိုလည်း မိတ်ဆက်ပေးပါဦးဗျ အခုမှပွဲထုတ်လာရတယ်လို့..."
"အာ...ဟုတ်ကဲ့...အချစ်..."
"...."
"အချစ်...."
"...."
"အချစ်...အချစ်ရေ..."
"ဟမ်...ဟင် မောင်ဘာပြောတာလဲ"
"လာ ထ မိတ်ဆက်ပေးမလို့"
"...."
မြို့အုပ်၀မ်က ရှောင်ကျန့်လက်ကိုဆွဲလို့မတ်တပ်ရပ်ကာ ဂုဏ်ယူ
၀င့်ကြွားစွာနဲ့ ပြုံးလိုက်သည်။
"အားလုံးပဲ ဒါက ကျွန်တော့်အမျိုးသားလေး ရှောင်းရှောင်ကျန့်ပါဗျ
အခုကျွန်တော့်ရဲ့ အသက် ကျွန်တော့်ရဲ့အချစ်ဆုံးသောသူပေါ့"
*ဖြောင်း....ဖြောင်း*
လက်ခုပ်ဩဘာသံတွေကခန်းမထဲအပြည့် ရှောင်ကျန့်ပြုံးကာ
ထိုလက်ခုပ်သံတွေကိုကျေကျေနပ်နပ်ကြီးခံယူလိုက်သည်။
"မင်းကတော်က Omegaလားဗျ"
"အဲ့တာကဘာအရေးကြီးလို့လဲ အမတ်ချင်"
"တစ်မျိုးမထင်ပါနဲ့ဗျာ ဒီလောက်ချောပြီး လှနေမှတော့ Omega
လေးများလားလို့ပါ "
"ဘယ်ကသာ အမတ်ချင်ရယ် သူကBetaဗျ"
"ဘာကိုBetaလဲ ဘယ်Betaကများ ဒီလောက်ချောပြီးလှလို့လဲ
ဒါသေချာပေါက်Omegaပဲ"
"ကျုပ်ကBetaလို့ပဲကြားတာပါဗျာ အမတ်ဟွားရဲ့"
Omegaလား Betaလားဆိုတာခွဲနေကြတာ ဒီပွဲမှာသူတို့နှစ်ယောက်ထဲ မကြာလိုက်ပါ ရန်ဖြစ်ပြီးငြိမ်သွား
ကြတယ် ။
"အချစ်...လာ ဘာစားမလဲ"
"ပုဇွန်...ကျန့်ကျန့်ကပုဇွန်ကြိုက်တယ်"
"အခွံနွှာထားပြီးသား စားမလောက်ရင်ကိုယ့်စီမှာရှိတယ်စား"
"အဲ့တာကြောင့် မောင့်ကိုချစ်တာ ဟီး....အွန်...ဟာ ကျန်းစစ်!!"
ရှောင်ကျန့်ရဲ့မျက်စောင်းထိုးခုံလေးမှာ ကျန်းစစ်ထိုင်နေတာမို့လို့
လက်လှမ်းပြတယ် ကျန်းစစ်ကလည်းလက်ပြန်ပြတယ် ။
"သူနဲ့လည်းအခုမှပြန်တွေ့ရတာ မောင်...."
"...."
"မတွေ့ရတာကြာလို့လားမသိဘူး ချောလာလိုက်တာ"
"အင်း....ယွမ်နင်လည်း မတွေ့ရတာကြာလို့လားမသိဘူး လှလာတယ်"
"ဟွန့်... မောင်နော် ဘယ်လိုလုပ်ပြီး အဲ့မိန်းမကပါလာတာလဲ"
"အချစ်ကရော ဘာလို့အဲ့ကောင်အကြောင်းပါလာရတာလဲ"
"သူငယ်ချင်းပဲကို မောင်တို့ကရည်းစားဟောင်းလေ"
"ကိုယ်တို့ကအခုဘာမှပတ်သက်တော့တာမှမဟုတ်တာ"
"....."
သူတို့နှစ်ယောက်ကြားခဏတာတိတ်ဆိတ်သွားပြီး ရှောင်ကျန့်က
သူ့အိတ်ကပ်လေးထဲကနေဖိတ်စာလေးကိုထုတ်လိုက်သည်။
"ဒီမှာ မောင့်ရည်းစားဟောင်းဖိတ်တာ"
"အော် သူ့မွေးနေ့တောင်ရောက်ပြီကို"
"မောင်နော်....သူ့မွေးနေ့ကိုမှတ်ထားတာမဟုတ်လား..."
"မဟုတ်ပါဘူး ဒီမှာလေ ရက်စွဲရေးထားလို့လေ"
"ဘာပဲဖြစ်ဖြစ်မောင့်ကသူ့မွေးနေ့ကိုမှတ်ထားတာပဲလေ"
"အဲ့တာက သူ့မွေးနေ့ကိုနှစ်တိုင်းဖိတ်လို့လေ"
"ဟွန့်!...ကျန့်ကျန့်မွေးနေ့ကို ကျန်းစစ်ပဲမှတ်ထားတာ သူ့လိုသူငယ်ချင်းမျိုးရတာကံကောင်းတယ်"
"ကိုယ့်မွေးနေ့ကိုလဲ ယွမ်နင်ကမှတ်ထားပေးတာ...သူ့လိုမျိုးရည်းစားလေးတစ်ယောက်
ရှိခဲ့တာကောင်းတယ်"
"မောင်နော်...ကျန့်ကျန့်စိတ်ဆိုးတယ်နော် သူမအကြောင်းပါလာ
လို့မရဘူးလား"
"အဲ့တာ မင်းအရင်ပြင်လေ မင်းစကားတွေထဲမှာအဲ့ကောင်ပါလာ
လို့လေ"
"ခေါ်ဘူးမောင့်ကို"
"ငါရောပဲ "
တစ်ယောက်နဲ့တစ်ယောက်ခုနကနှင့်လုံး၀မတူ ကိုယ့်ရှေ့ကချထား
တဲ့ပန်းကန်ထဲကဟင်းကိုပဲနိူက်စားနေကြသည် ဘေးနားမှာထိုင်
နေသော အမတ်တွေကစကားတစ်ခွန်းမှမဟရဲကြ ဟိုးဘက်ကသူ
တွေကတော့စကားတွေတရီတမောနဲ့ပြောနေကြသည်။
မြို့အုပ်၀မ်ကိုဖားချင်လို့အနီး
အနားလာထိုင်ပါတယ်ဆိုမှသူ့ယောကျာ်းနဲ့ရန်ဖြစ်လို့ တင်းနေတာ
သူတို့တောင်စကားမပြောရဲဘူး။
"အင့်...."
မြို့အုပ်၀မ်က ပုဇွန်ပန်းကန်ကို ရှောင်ကျန့်ဘက်သို့ တူနဲ့အသာလေး
တွန်းကာ ရွှေ့ပေးလိုက်တယ် ရှောင်ကျန့်ကလည်း သူ့ထဲမှာပုဇွန်
ဟင်းကုန်သွားတော့မြို့အုပ်၀မ်တွန်းပေးလာတဲ့ပုဇွန်ကို နိူက်စား
နေသည် ဒီနှစ်ယောက်တစ်ကယ်ပဲ ရန်ဖြစ်ပြီးဂရုမစိုက်နိုင်ကြတာ
လဲမဟုတ်ပဲနဲ့။
"ဟော အချိုပွဲတွေလာပြီ"
ရေခဲမုန့် နဲ့ ကိတ်မုန့်အချို့
ကိုသူ့တို့ရှေ့မှာပဲချပေးလို့စားပြီးသားပန်းကန်တွေပြန်သိမ်းသွားကြတော့သည် ။
"မြို့အုပ်မင်း ဒါလိမ္မော်သီး ချိုချိုလေးဗျ ကျုပ်နိုင်ငံခြားအလည်အပတ်သွားတုံးက မြို့အုပ်မင်းအတွက်၀ယ်ခဲ့တာဗျ လက်ခံပေးပါ"
"အသီးများစားလို့ပဲရတယ် ဒီမှာမြို့အုပ်မင်း ဒါကလေ England
ကနေ၀ယ်ခဲ့တဲ့ နာရီပါဗျ မြို့အုပ်မင်းအတွက်၀ယ်ခဲ့တာနော်
လက်ခံပေးပါဗျ"
"...."
မြို့အုပ်မင်း အတွက် မြို့အုပ်မင်းအတွက်ဆိုပြီး ဖားနေလိုက်ကြ
တာလက်ဆောင်တွေကတစ်ပုံကြီးပင် မြို့အုပ်၀မ်ကလိမ္မော်သီးလေး
တစ်လုံးကိုယူလို့ခွာလိုက်ပြီး ရှောင်ကျန့်စီပေးလိုက်သည်။
နှစ်ယောက်သားဘာမှမပြောပေမဲ့လည်း မြို့အုပ်၀မ်ကရှောင်ကျန့်
ကိုဂရုစိုက်ရှာပါတယ် ရှောင်ကျန့်လည်းဘာမှမပြောပဲနဲ့ သူ့ယောကျာ်းခွာထားတဲ့လိမ္မော်သီးတွေကိုထိုင်စားနေလိုက်သည်။
တစ်ဖြည်းဖြည်းနဲ့အချိန်တွေကုန်လာလိုက်တာ ညတောင်ရောက်
နေလေပြီ စားသောက်ဂုဏ်ပြုပွဲစတာကညနေ၅နာရီမှ ယခု၈နာရီ
ထိုးနေလေပြီ ။
"ကဲ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ဗျ နောက်နှစ်ခါတွလည်း
ဒီလိုမျိုးသဘော်တွေကိုလွှတ်နိုင်အောင်လို့ကြိုးစားပေးကြပါဦး"
"ဟုတ်ကဲ့ မြို့အုပ်မင်း"
"ပွဲကိုတော့ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ် ကျွန်တော့်အမျိုးသား
အိပ်ချင်နေပြီမို့လို့ပါ"
""ဟုတ်ကဲ့ မြို့အုပ်မင်း ဂရုစိုက်ပါဗျ""
တစ်နေကုန်လုံးပင်ပန်းထားလို့ အိပ်ငိုက်နေစပြုနေတဲ့ရှောင်ကျန့်ကို
မြို့အုပ်၀မ်ကပွေ့လိုက်ကာ ခန်းမထဲကနေထွက်ခဲ့တော့သည်။
"ဝှား....အိပ်ချင်တယ်"
"...."
"မောင် အခုအိမ်ပြန်နေတာလားဟင်"
"အိမ်မပြန်လို့ဘယ်ပြန်ရမှာလဲ"
မြို့အုပ်၀မ်က ခပ်ပြတ်ပြတ်ပဲပြောလို့ ပြတင်းပေါက်ဘက်ကို
မျက်နှာမူထားတယ် မောင်ကစိတ်ဆိုးမပြေသေးဘူး ဘယ်လို
Alphaမျိုးလဲ အချော့ခံချင်နေတာ ဒီတစ်ယောက်ပဲရှိတယ်လို့
ရှောင်ကျန့်တွေးလိုက်သည် မောင်ကလည်းကလေးဆန်လိုက်တာ
ပါးကြီးနှစ်ဖက်ကလည်းဖောင်းလို့...ချစ်စရာကြီး...။
"အိမ်ပြန်ပြီးတော့ညတိုင်းလိုလိုပဲ...မောင့်ရဲ့ရင်ခွင်ထဲမှာပဲ အိပ်ချင်နေလို့...အိမ်ပြန်နေတာလားလို့မေးတာပါဗျ"
မြို့အုပ်၀မ်ကသူ့ဘက်ကိုလှည့်လာလို့ သူ့ကိုဖက်ထားသည်။
"အတတ်လေး...ချစ်လို့ကိုမ၀ဘူး"
"ဟီး....မောင်ကစချော့မလားလို့စောင့်နေတာ"
"အင်းပါကွာ ကိုယ်မှားပါတယ်..."
"မဟုတ်ပါဘူး ကျန့်ကျန့်မှားတာပါ မောင်မကြိုက်တာကိုပြောမိလို့ပါ"
"မဟုတ်ဘူး မောင်မှားတာပါ"
"ကျန့်ကျန့်မှားတာပါဆို"
"နှစ်ယောက်လုံးမှားတာကွာ..."
"နေဦး နှစ်ယောက်လုံးမှားတာဆိုပေမဲ့ ကျန့်ကျန့်မှားပုံမှားနည်းက
မှန်တယ်"
"....."
ရှောင်ကျန့်ကပြုံးပြလို့မောင့်ရဲ့ရင်ခွင်ထဲတိုး၀င်သည် မောင်ကဖက်ထားပေးတယ်။
"နောက်ခါကျရင် ကိုယ်ပဲချော့ပါမယ်..."
"အင်း...မောင်ပဲချော့ရမှာ ကျန့်ကျန့်ချောတာဒါနောက်ဆုံးနော်"
"အင်း...."
"အဟွတ်...အဟွတ်...ကျွန်တော့်ကိုငိုအောင်မလုပ်ပါနဲ့ဗျာ..."
ကားမောင်းနေတဲ့ကျင်းရန်ကလှမ်းပြောတော့ မြို့အုပ်၀မ်နဲ့ရှောင်ကျန့်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့
ပြုံးလိုက်ကြသည် ဟုတ်သားပဲသူတို့နှစ်ယောက်ထဲမှမဟုတ်တာ။
_________
(12.1.2024)
#Su🐼
Betaေယာင္ေဆာင္ေသာၿမိဳ႕အုပ္ကေတာ္
Part 28
-------------
ေရွာင္က်န႔္ကဦးထုပ္ေလးေဆာင္းလို႔ ဆင္းလာကာ ၿမိဳ႕အုပ္၀မ္ေဘး
သြားရပ္သည္ ေမာင္ကဒီေန႔သူ႔ကိုပြဲတစ္ခုေခၚသြားမယ္လို႔ေျပာတယ္။
"ေမာင္ က်န႔္က်န႔္ ၾကည့္လို႔ေကာင္းလားဟင္"
ကုတ္အရွည္ေလးနဲ႔ သူ႔ေရွ႕မွာလွည့္ျပလို႔ ဦးထုပ္ကိုပါ ျပင္ေဆာင္းလိုက္သည္။
"ဘယ္လိုလုပ္ရမလဲ"
"ဘာကိုလဲ"
"ခ်စ္ဖို႔ေကာင္းလြန္းလို႔ မေခၚသြားေစခ်င္ေတာ့ဘူး"
"ဟင္....အဲ့တာဆို ေမာင္က က်န႔္က်န႔္တစ္ေယာက္ထဲထားခဲ့မလို႔လားဟင္"
ၿမိဳ႕အုပ္၀မ္က ၿပဳံးလို႔ ေရွာင္က်န႔္ကိုဖက္လိုက္ၿပီး လည္ပင္းနား
ကိုမ်က္ႏွာအပ္လို႔ နမ္းလိုက္သည္ ေရွာင္က်န႔္ၾကက္သီးေတြျဖန္းခနဲထသြားတယ္ သူ႔နားက ေဟာ္မုန္း
နံ႔ထြက္ေနလို႔မ်ားလား။
"ကိုယ့္အမ်ိဳးသားေလးမွန္းသိေအာင္လို႔ တစ္ႏိုင္ငံလုံးကိုျပရမွာေပါ့"
"ဟီး..."
"Betaျဖစ္ေနလို႔ေနာ္ အခ်စ္သာOmegaဆိုရင္ အိမ္ထဲကေနအိမ္အျပင္ေတာင္ ကိုယ္ေပးထြက္မွာမဟုတ္ဘူး"
"...."
"လာ သြားၾကမယ္"
"အင္း"
ေရွာင္က်န႔္ခပ္ပါးပါးၿပဳံးရင္း ေခါင္းၿငိမ့္ျပလိုက္သည္ ေမာင့္ကို
အမွန္အတိုင္းေျပာျပခ်င္တယ္...ဒါေပမဲ့လည္း ေမာင္မုန္းသြားမွာလဲေၾကာက္တယ္။
"ေမာင္ ခန..."
ကားေပၚတက္ဖို႔ပဲရွိေသးတယ္ ေရွာင္က်န႔္ကေခၚတာေၾကာင့္
ေမးဆက္ျပလိုက္သည္။
"ေမာင္ အဲ့နက္ခ္တိုင္နဲ႔မလိုက္ဘူး..."
"ဒါအသစ္ေလ အခ်စ္ရဲ႕ ေမာင္နဲ႔မလိုက္ဘူးလား"
"ဟင့္အင္း...ဒါနဲ႔လိုက္ေလာက္တယ္"
ေရွာင္က်န႔္က ကုတ္အရွည္ကအိတ္ကပ္ထဲလိုက္ႏိူက္ လိုက္ကာ
ဘူးအေသးေလးတစ္ခုပါလာသည္ ဖြင့္ကာ ထုတ္လိုက္ေတာ့အျပာ
ရင့္ေရာင္ေလးနက္ခ္တိုင္ကထြက္လာသည္။
"က်န႔္က်န႔္ ပိုက္ဆံနဲ႔၀ယ္ထားတာ"
"ဟုတ္လား...ဘယ္ကရလဲ"
"ဟြန္း...ေမာင့္စီကပိုက္ဆံနဲ႔၀ယ္ထားတာမဟုတ္ပါဘူးေနာ္
ဖိုးဖိုးစီကေနမုန႔္ဖိုးရတဲ့၃၀၀၀နဲ႔၀ယ္ထားတာ"
"ေအာ္...."
"ရၿပီ လိုက္ဖက္သြားၿပီ ႀကိဳက္လားေမာင္"
"ကိုယ့္အခ်စ္က ဘာပဲဆင္ဆင္ကိုယ္ႀကိဳက္တာေပါ့"
"လာ သြားရေအာင္"
"အင္း"
အေတာ္ၾကာေအာင္ထိ ေမာင္းၿပီးတဲ့ေနာက္မွာေတာ့ သေဘာ္ဆိပ္
ကိုေရာက္လာခဲ့သည္ အေဝးကေနၾကည့္မိတာ အရမ္းကိုႀကီးတဲ့
ေရနံတင္သေဘာ္ႀကီးတစ္ခုကေက်ာက္ခ်ထားတယ္ ကမ္းစပ္မွာ
လူေတြကပု႐ြက္ဆိတ္ေတြလိုမ်ိဳးပုံေနၾကသည္ ။
"ၿမိဳ႕အုပ္မင္း ေရာက္လာၿပီ အကုန္လုံး!!"
ကားရပ္လိုက္တာနဲ႔ၾကားရေသာအသံပင္ သူ႔ဘက္ကိုလူတစ္ေယာက္ကေျပးလာၿပီး တံခါးလာဖြင့္ေပးသည္
အသံေတြကဆူညံပြတ္ေလာ႐ိုက္ေနၾကတယ္ လူေတြကသူတို႔နဲ႔
ခပ္ေဝးေဝးေလးတင္မွာရွိေနၾကတယ္ တစ္ခ်ိဳ႕ကသူတို႔ကိုၾကည့္ေန
ၾကတယ္ တစ္ခ်ိဳ႕ကေတာ့ သေဘာ္ႀကီးကိုၾကည့္ေနၾကတယ္။
"အခ်စ္ေရ...လာ..."
ၿမိဳ႕အုပ္၀မ္ ေခၚလို႔ ေဘးကို ျမန္ျမန္သြားလိုက္သည္ ေဘးကိုေရာက္တာနဲ႔အေရွ႕ၾကည့္လိုက္ေတာ့ သက္ဆိုင္ရာအသီးသီးကအမတ္ေတြက ဒီေနရာမွာေရာက္ေနၾကတယ္ ၀မ္မ်ိဳး႐ိုးေတြနဲ႔ ေရွာင္မ်ိဳး႐ိုးအခ်ိဳ႕
လည္းရွိေနၾကတယ္ ။
"လာ မေၾကာက္နဲ႔"
ၿမိဳ႕အုပ္၀မ္ကသူ႔လက္ကိုဆြဲလို႔ေရွ႕ကေနသြားတယ္ ေရွာင္က်န႔္ကေနာက္ကေန လိုက္သည္ ခဏေနေတာ့ေဘးခ်င္းကပ္ျဖစ္ေအာင္လို႔ လိုက္သည္။
ေရွာင္က်န႔္ ဟိုဘက္ကိုၾကည့္လိုက္ေတာ့ ကင္မရာသမား
ေတြ ႐ုပ္ရွင္႐ိုက္ေနတာလဲမဟုတ္ပါေခ်။
"ၿမိဳ႕အုပ္မင္းတို႔ ဒီေပၚႂကြပါဗ်"
ေလွကားေလးသုံးထစ္ေလာက္နဲ႔ျမင့္ေသာ အေပၚကအမိုးေလးပါတဲ့စင္ေလးတစ္ခုပင္ အေပၚကိုတင္လိုက္ေတာ့
ႀကိဳးဆြဲထားတဲ့ဝိုင္တစ္ပုလင္းပဲရွိတယ္ သူတို႔ေရွ႕ေလးတင္မွာခုနက
ျမင္ေတြ႕ခဲ့ရတဲ့ သေဘာ္ႀကီးရဲ႕အေနာက္ပိုင္း ။
"အခ်စ္လာကိုင္..."
ေရွာင္က်န႔္ကဝိုင္ပုလင္းကိုကိုင္လိုက္ေတာ့ ၿမိဳ႕အုပ္၀မ္ကသူ႔လက္
ေပၚတစ္ဆင့္ကိုင္လို႔ လႊဲလိုက္သည္။
*ခြမ္း*
ဝိုင္ပုလင္းကသေဘာ္ႀကီးရဲ႕ေနာက္ဘက္ကို႐ိုက္ခ်လိုက္တာနဲ႔ ဝိုင္ပုလင္းကြဲသြားၿပီးတဲ့ေနာက္ သေဘာ္ႀကီးရဲ႕အသံကိုၾကားရ
ၿပီး သေဘာ္ႀကီးကလည္းတစ္ျဖည္းျဖည္းနဲ႔ သေဘာ္ဆိပ္က
ေနထြက္ခြာေနေလၿပီ လူေတြဘက္ကလက္ခုပ္သံေတြက တစ္ၿမိဳ႕လုံးကို ဖုံးလႊမ္း
ေနသေယာင္ ပါသြားတဲ့သေဘာ္သားေတြကလည္း လက္ျပ
ေနၾကတယ္ ။
"ဝါး...မိုက္တယ္...ေမာင္ ေမာင္ က်န႔္က်န႔္ထပ္လုပ္ခ်င္တယ္"
"ေနာက္တစ္ေခါက္မွေပါ့ အခ်စ္ရယ္"
"အခုဟုတ္ဘူးလားဟင္"
"ဟင့္အင္း"
"ဒါပဲလားဟင္ပြဲက...."
"ဟင့္အင္း...."
"...."
"ကိုယ္တို႔စားေသာက္ၾကရဦးမယ္ ဂုဏ္ျပဳပြဲေတြရွိေသးတယ္"
"ဟုတ္!"
ၿမိဳ႕အုပ္၀မ္ကေရွာင္က်န႔္လက္ႏွစ္ဖက္လုံးကို သူ႔လက္ႏွစ္ဖက္လုံးနဲ႔
ကိုင္ကာ ႏူတ္ခမ္းနားထိယူၿပီး နမ္းလိုက္သည္ ေရွာင္က်န႔္မ်က္ႏွာ
ေလးေတြနီသြားတယ္ ေဘးနားမွာလည္း ကင္မရာသမားေတြက
တျဖတ္ျဖတ္နဲ႔ဓာတ္ပုံေတြ႐ိုက္ေနၾကတယ္ ။
"ၿမိဳ႕အုပ္မင္း...မင္းကေတာ္...အမွတ္တရပုံေလးတစ္ပုံေလာက္"
ကင္မရာသမားတစ္ေယာက္ကေတာင္းဆိုေတာ့ ၿမိဳ႕အုပ္၀မ္ရဲ႕လက္ကို
ေရွာင္က်န႔္ခ်ိတ္လိုက္ကာ ၿပဳံးလိုက္သည္။
"ေမာင္ ၿပဳံးေနာ္"
"အင္း"
*ခ်လပ္*
"ရပါၿပီဗ် ေက်းဇူးတင္ပါတယ္ ၿမိဳ႕အုပ္မင္းတို႔"
"အင္း"
"ေဝး...ငါတို႔လည္းလာၿပီေလ ငါတို႔လည္း႐ိုက္မွာေပါ့ လာလာ"
ယြီၿမိဳ႕အုပ္နဲ႔စစ္ယမ္၊ ေစြ႕လ်န္တို႔က ေနရာယူၾကတယ္ သူတို႔ေတာင္
ျပင္ဆင္လို႔မၿပီးေသး အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသံကေပၚထြက္
လာေလတယ္။
"ကြၽန္မေရာ...ပါလို႔ရမလား"
ၾကည့္လိုက္ေတာ့မွ ယြမ္နင္ပဲ သူမဒီကိုဘာလို႔ေရာက္ေနလဲဆိုတာ
မေမးမိေတာ့ပါဘူး သူမကလည္း အမတ္ရာထူးခပ္ႀကီးႀကီးထဲက
တစ္ေယာက္ရဲ႕သမီးပဲမဟုတ္ပါလား ။
"ကြၽန္မက မင္းကေတာ္ေဘးမွာေနမယ္ေနာ္"
"ဗ်ာ..အာ..ဟုတ္ကဲ့"
ေစြ႕လ်န္ကဖယ္ေပးၿပီးသူမ၀င္လိုက္ကာ ဓာတ္ပုံ႐ိုက္လိုက္သည္
ေရွာင္က်န႔္ဘာမွမေျပာပါဘူး ဓာတ္ပုံ႐ိုက္တာေလးကဘာျဖစ္မွာ
မို႔လို႔လဲ။
"ရပါၿပီ...."
သူတို႔ဓာတ္ပုံ႐ိုက္ၿပီးေတာ့ ၿမိဳ႕အုပ္၀မ္နဲ႔အျခားေသာအမတ္ေတြ
ကဓာတ္ပုံ၀င္႐ိုက္ၾကတယ္ ေရွာင္က်န႔္ပုခုံးကိုၿမိဳ႕အုပ္၀မ္ကဖက္
ထားကာ ၿပဳံးထားတယ္ အခ်စ္ကေဘးနားမွာရွိေနလို႔သာ
သူသာမရွိရင္ မၿပဳံးဘူး။
"အိုက္ယား...ပင္ပန္းလိုက္တာ..."
ေရွာင္က်န႔္ကားနားကိုအရင္ေရာက္လာၿပီး ကားကိုမွီထားသည္ေမာင္ကအရင္သြားႏွင့္ဆိုလို႔သာလာခဲ့တာ
က်င္းရန္လည္းမရွိဘူး ကားတံခါးကို lock
ခ်သြားခဲ့တာ ဖြင့္မရ။
"ေရွာင္က်န႔္ မွတ္လား...."
ေရွာင္က်န႔္ၾကည့္လိုက္ေတာ့ ယြမ္နင္ဆိုေသာ သူပင္ သူမက
ၿပဳံးၿပဳံးေလးၾကည့္ေနေတာ့ ေရွာင္က်န႔္ေခါင္းၿငိမ့္ျပလိုက္သည္။
"၀မ့္ကိုဖိတ္ရင္မရမွာသိလို႔...အဲ့တာ ရွင့္ကိုလာဖိတ္တာ"
"ဗ်ာ...က်န႔္က်န႔္ကိုလား ဘာကိုလဲဟင္"
"လာျဖစ္ေအာင္လာေနာ္ က်ိန္းေသေပါက္ဆက္ဆက္လာခဲ့ေပးေနာ္"
ေရွာင္က်န႔္လက္ထဲကို ဖိတ္စာေလးတစ္ခုကေရာက္လာတယ္
Birthday partyတဲ့ေလ ။
"ဟုတ္ကဲ့...ေမာင္အားရင္လာမယ္ေလေနာ္"
"ကတိေပးပါ...လြန္တယ္လို႔ေတာ့မထင္ပါနဲ႔ တို႔ကအေနာက္ႏိုင္ငံကို
ျပန္သြားရေတာ့မွာမို႔လို႔ ၅ႏွစ္ေလာက္ၾကာမွာ အဲ့တာေၾကာင့္၀မ့္ကို
ေနာက္ဆုံးအေနနဲ႔ေတြ႕ခ်င္လို႔ပါ"
"ဟုတ္ကဲ့ က်န႔္က်န႔္နားလည္ပါတယ္ ကတိေပးပါတယ္"
ယြမ္နင္ကေရွာင္က်န႔္ကိုေခါင္းအစေျခအဆုံးၾကည့္ေနသည္
သူမအိမ္ကအေစခံေတြေျပာတာက မင္းကေတာ္ကBetaတဲ့ေလ။
"ကြၽန္မကိုခြင့္ျပဳ...."
သူမစကားေျပာလို႔ေတာင္မဆုံးေသး သူမႏွာေခါင္းထဲကိုေဟာ္မုန္း
အနံ႔တစ္ခုကတိုး၀င္လာေလတယ္ သူမကOmegaတစ္ေယာက္
မို႔လို႔ အျခားOmegaအနံ႔ေတြကိုလည္းရႏိုင္တယ္ ေရွာင္က်န႔္နားကမ်ားလား...။
"ေမာင္ကလည္းမလာေသးဘူး"
"ေရွာင္က်န႔္...ဒီနားကအနံ႔တစ္ခုရတယ္ေနာ္"
"အာ...ဟုတ္လား..."
ေရွာင္က်န႔္ကမလုံမလဲနဲ႔ လည္ပင္းနားကိုအုပ္ကာဟိုၾကည့္ဒီၾကည့္
နဲ႔လုပ္ေနေတာ့ ယြမ္နင္တစ္ေယာက္သံသယ၀င္လာသည္။
"ေရွာင္က်န႔္...မဟုတ္မွလြဲေရာ..."
"ဘာကိုလဲ က်ဲက်ဲ"
"မင္းက Omegaလား"
"...."
"အာ sorryေနာ္ တို႔ကလည္းOmegaဆိုေတာ့ အခ်င္းခ်င္း
သိတယ္ေလ ၿပီးေတာ့လည္း တို႔ကရဲမင္းႀကီးရဲ႕တူမဆိုေတာ့
စစ္ေမးတာေတြကိုလည္း သိတယ္ေလ"
"...."
"ဘာလို႔ လည္ပင္းကိုအုပ္ထားတာလည္း"
"က်န႔္က်န႔္.... က်န႔္က်န႔္"
"အင္း..."
ေရွာင္က်န႔္ေၾကာက္လာကာ စိတ္ေတြလူပ္ရွားၿပီး အနံ႔ေတြပိုထုတ္မိ
သြားသည္ ယြမ္နင္ၿပဳံးလိုက္တယ္ Omegaေတြရဲ႕ထုံးစံကဒါပဲ
စိတ္ေတြလူပ္ရွားရင္ ေဟာ္မုန္းအနံ႔ေတြထုတ္မိတတ္တယ္။
"က်န႔္က်န႔္က Omegaမဟုတ္ပါဘူးဗ် အနံ႔ကလည္းအျခားကလာတာျဖစ္မွာေပ့ါ"
"အင္း ဟုတ္မွာပါေလ...ဒီမွာလူေတြအမ်ားႀကီးဆိုေတာ့..."
"ဟုတ္ကဲ့..."
"တို႔အထင္လြဲမိတာျဖစ္မယ္ ေတာင္းပန္ပါတယ္ေနာ္"
"ရပါတယ္..."
"မင္းကေတာ္....မင္းကေတာ္ ကဒီေရာက္ေနတာကို တက္တက္
ကားေပၚတက္ေတာ့.... မိန္းကေလးယြမ္ ခြင့္ျပဳပါေနာ္..."
က်င္းရန္က အေျပးလာၿပီး ကားတံခါးlockကိုဖြင့္လိုက္ကာ
ေရွာင္က်န႔္ကိုကားထဲအတင္းထိုးထည့္သည္ ၿပီးတာနဲ႔ကားေမာင္း
ထြက္သြားေတာ့တာပဲ က်န္ရစ္ေနခဲ့တဲ့ ယြမ္နင္ကေတာ့ ခပ္မဲ့မဲ့
ၿပဳံးလိုက္သည္ ၀မ္ေရ...၀မ္...လိမ္တာကိုမုန္းပါတယ္ဆိုတဲ့ ရွင္က
အခုေတာ့ အခ်စ္ရဆုံးသူစီကေန လိမ္တာခံလိုက္ရတယ္ေပါ့
အဟက္!...ေပ်ာ္ဖို႔ေကာင္းေတာ့မွာပဲ။
"ၿမိဳ႕အုပ္၀မ္ကဟိုဘက္မွာအမတ္ေတြနဲ႔စကားေျပာေနတာ
မၿပီးေသးလို႔...မင္းကေတာ္ကိုအရင္လာႀကိဳတာ"
"...."
"မင္းကေတာ္ ၿမိဳ႕အုပ္႐ုံးကိုပဲပို႔ေပးမယ္ေနာ္"
"ဟင္...အင္း..."
"အဆင္ေျပရဲ႕လား စိတ္နဲ႔လူနဲ႔မကပ္သလိုပဲေနာ္"
"ပင္ပန္းေနလို႔ပါ...."
"ျဖစ္တတ္ပါတယ္ မင္းကေတာ္ကဒီလိုပြဲႀကီးကိုပထမဆုံးတက္
ရတာမဟုတ္လား...ဒီလိုပါပဲ..."
"အင္း"
ေရွာင္က်န႔္သက္ျပင္းခ်လိုက္သည္ ယြမ္နင္ကသူOmegaမွန္းသိသြားၿပီလား မဟုတ္ေသးဘူး
သူျငင္းလိုက္တာပဲ...ေဆးကဘာျဖစ္ေနတာမ်ားလဲ..အာနိသင္
မျပတာမ်ားလား....။
___________
စားေသာက္ပြဲေတာ့ေရာက္ၿပီ ၿမိဳ႕ေတာ္ခန္းမမွာလုပ္တယ္ ဝိုင္းအႀကီးႀကီးမွာ အလယ္မွာအလွအပဆင္ထားတဲ့ ေလာ့ယန္ၿမိဳ႕
ရဲ႕တံဆိပ္ပါတဲ့ ႐ုပ္ထုခပ္ႀကီးႀကီးရွိတယ္ ။
"ၿမိဳ႕အုပ္မင္း ေရနံသေဘာ္ႀကီးကိုတည္ေဆာက္ႏိုင္ခဲ့တဲ့အတြက္
ဂုဏ္ျပဳပါတယ္"
"ဂုဏ္ျပဳပါတယ္ ၿမိဳ႕အုပ္မင္း!"
အမတ္အသီးသီးက ဝိုင္ခြက္ေတြေျမႇာက္လို႔ေကာင္းခ်ီးေပးၾကတယ္
ၿမိဳ႕အုပ္၀မ္က ေခါင္းၿငိမ့္ကာမတ္တပ္ရပ္ၿပီး ေက်းဇူးတင္ေၾကာင္း
ေတြေျပာကာ ဝိုင္ခြက္ကိုကိုင္ၿပီးေျမႇာက္လိုက္သည္။
"ေလာ့ယန္ၿမိဳ႕ႀကီး ၿငိမ္းခ်မ္းတည္ၿမဲေရးအတြက္"
"ေလာ့ယန္ၿမိဳ႕ႀကီး ၿငိမ္းခ်မ္းတည္ၿမဲေရးအတြက္!!"
အကုန္လုံးကဝိုင္ကိုေသာက္က်ေပမဲ့ ၿမိဳ႕အုပ္၀မ္ကႏူတ္ခမ္းထိ႐ုံ
ေလာက္ေလးပဲဟန္ျပကာ ျပန္ထိုင္လိုက္သည္။
"ၿမိဳ႕အုပ္၀မ္ မင္းကေတာ္ကိုလည္း မိတ္ဆက္ေပးပါဦးဗ် အခုမွပြဲထုတ္လာရတယ္လို႔..."
"အာ...ဟုတ္ကဲ့...အခ်စ္..."
"...."
"အခ်စ္...."
"...."
"အခ်စ္...အခ်စ္ေရ..."
"ဟမ္...ဟင္ ေမာင္ဘာေျပာတာလဲ"
"လာ ထ မိတ္ဆက္ေပးမလို႔"
"...."
ၿမိဳ႕အုပ္၀မ္က ေရွာင္က်န႔္လက္ကိုဆြဲလို႔မတ္တပ္ရပ္ကာ ဂုဏ္ယူ
၀င့္ႂကြားစြာနဲ႔ ၿပဳံးလိုက္သည္။
"အားလုံးပဲ ဒါက ကြၽန္ေတာ့္အမ်ိဳးသားေလး ေရွာင္းေရွာင္က်န႔္ပါဗ်
အခုကြၽန္ေတာ့္ရဲ႕ အသက္ ကြၽန္ေတာ့္ရဲ႕အခ်စ္ဆုံးေသာသူေပါ့"
*ေျဖာင္း....ေျဖာင္း*
လက္ခုပ္ဩဘာသံေတြကခန္းမထဲအျပည့္ ေရွာင္က်န႔္ၿပဳံးကာ
ထိုလက္ခုပ္သံေတြကိုေက်ေက်နပ္နပ္ႀကီးခံယူလိုက္သည္။
"မင္းကေတာ္က Omegaလားဗ်"
"အဲ့တာကဘာအေရးႀကီးလို႔လဲ အမတ္ခ်င္"
"တစ္မ်ိဳးမထင္ပါနဲ႔ဗ်ာ ဒီေလာက္ေခ်ာၿပီး လွေနမွေတာ့ Omega
ေလးမ်ားလားလို႔ပါ "
"ဘယ္ကသာ အမတ္ခ်င္ရယ္ သူကBetaဗ်"
"ဘာကိုBetaလဲ ဘယ္Betaကမ်ား ဒီေလာက္ေခ်ာၿပီးလွလို႔လဲ
ဒါေသခ်ာေပါက္Omegaပဲ"
"က်ဳပ္ကBetaလို႔ပဲၾကားတာပါဗ်ာ အမတ္ဟြားရဲ႕"
Omegaလား Betaလားဆိုတာခြဲေနၾကတာ ဒီပြဲမွာသူတို႔ႏွစ္ေယာက္ထဲ မၾကာလိုက္ပါ ရန္ျဖစ္ၿပီးၿငိမ္သြား
ၾကတယ္ ။
"အခ်စ္...လာ ဘာစားမလဲ"
"ပုဇြန္...က်န႔္က်န႔္ကပုဇြန္ႀကိဳက္တယ္"
"အခြံႏႊာထားၿပီးသား စားမေလာက္ရင္ကိုယ့္စီမွာရွိတယ္စား"
"အဲ့တာေၾကာင့္ ေမာင့္ကိုခ်စ္တာ ဟီး....အြန္...ဟာ က်န္းစစ္!!"
ေရွာင္က်န႔္ရဲ႕မ်က္ေစာင္းထိုးခုံေလးမွာ က်န္းစစ္ထိုင္ေနတာမို႔လို႔
လက္လွမ္းျပတယ္ က်န္းစစ္ကလည္းလက္ျပန္ျပတယ္ ။
"သူနဲ႔လည္းအခုမွျပန္ေတြ႕ရတာ ေမာင္...."
"...."
"မေတြ႕ရတာၾကာလို႔လားမသိဘူး ေခ်ာလာလိုက္တာ"
"အင္း....ယြမ္နင္လည္း မေတြ႕ရတာၾကာလို႔လားမသိဘူး လွလာတယ္"
"ဟြန႔္... ေမာင္ေနာ္ ဘယ္လိုလုပ္ၿပီး အဲ့မိန္းမကပါလာတာလဲ"
"အခ်စ္ကေရာ ဘာလို႔အဲ့ေကာင္အေၾကာင္းပါလာရတာလဲ"
"သူငယ္ခ်င္းပဲကို ေမာင္တို႔ကရည္းစားေဟာင္းေလ"
"ကိုယ္တို႔ကအခုဘာမွပတ္သက္ေတာ့တာမွမဟုတ္တာ"
"....."
သူတို႔ႏွစ္ေယာက္ၾကားခဏတာတိတ္ဆိတ္သြားၿပီး ေရွာင္က်န႔္က
သူ႔အိတ္ကပ္ေလးထဲကေနဖိတ္စာေလးကိုထုတ္လိုက္သည္။
"ဒီမွာ ေမာင့္ရည္းစားေဟာင္းဖိတ္တာ"
"ေအာ္ သူ႔ေမြးေန႔ေတာင္ေရာက္ၿပီကို"
"ေမာင္ေနာ္....သူ႔ေမြးေန႔ကိုမွတ္ထားတာမဟုတ္လား..."
"မဟုတ္ပါဘူး ဒီမွာေလ ရက္စြဲေရးထားလို႔ေလ"
"ဘာပဲျဖစ္ျဖစ္ေမာင့္ကသူ႔ေမြးေန႔ကိုမွတ္ထားတာပဲေလ"
"အဲ့တာက သူ႔ေမြးေန႔ကိုႏွစ္တိုင္းဖိတ္လို႔ေလ"
"ဟြန႔္!...က်န႔္က်န႔္ေမြးေန႔ကို က်န္းစစ္ပဲမွတ္ထားတာ သူ႔လိုသူငယ္ခ်င္းမ်ိဳးရတာကံေကာင္းတယ္"
"ကိုယ့္ေမြးေန႔ကိုလဲ ယြမ္နင္ကမွတ္ထားေပးတာ...သူ႔လိုမ်ိဳးရည္းစားေလးတစ္ေယာက္
ရွိခဲ့တာေကာင္းတယ္"
"ေမာင္ေနာ္...က်န႔္က်န႔္စိတ္ဆိုးတယ္ေနာ္ သူမအေၾကာင္းပါလာ
လို႔မရဘူးလား"
"အဲ့တာ မင္းအရင္ျပင္ေလ မင္းစကားေတြထဲမွာအဲ့ေကာင္ပါလာ
လို႔ေလ"
"ေခၚဘူးေမာင့္ကို"
"ငါေရာပဲ "
တစ္ေယာက္နဲ႔တစ္ေယာက္ခုနကႏွင့္လုံး၀မတူ ကိုယ့္ေရွ႕ကခ်ထား
တဲ့ပန္းကန္ထဲကဟင္းကိုပဲႏိူက္စားေနၾကသည္ ေဘးနားမွာထိုင္
ေနေသာ အမတ္ေတြကစကားတစ္ခြန္းမွမဟရဲၾက ဟိုးဘက္ကသူ
ေတြကေတာ့စကားေတြတရီတေမာနဲ႔ေျပာေနၾကသည္။
ၿမိဳ႕အုပ္၀မ္ကိုဖားခ်င္လို႔အနီး
အနားလာထိုင္ပါတယ္ဆိုမွသူ႔ေယာက်ာ္းနဲ႔ရန္ျဖစ္လို႔ တင္းေနတာ
သူတို႔ေတာင္စကားမေျပာရဲဘူး။
"အင့္...."
ၿမိဳ႕အုပ္၀မ္က ပုဇြန္ပန္းကန္ကို ေရွာင္က်န႔္ဘက္သို႔ တူနဲ႔အသာေလး
တြန္းကာ ေ႐ႊ႕ေပးလိုက္တယ္ ေရွာင္က်န႔္ကလည္း သူ႔ထဲမွာပုဇြန္
ဟင္းကုန္သြားေတာ့ၿမိဳ႕အုပ္၀မ္တြန္းေပးလာတဲ့ပုဇြန္ကို ႏိူက္စား
ေနသည္ ဒီႏွစ္ေယာက္တစ္ကယ္ပဲ ရန္ျဖစ္ၿပီးဂ႐ုမစိုက္ႏိုင္ၾကတာ
လဲမဟုတ္ပဲနဲ႔။
"ေဟာ အခ်ိဳပြဲေတြလာၿပီ"
ေရခဲမုန႔္ နဲ႔ ကိတ္မုန႔္အခ်ိဳ႕
ကိုသူ႔တို႔ေရွ႕မွာပဲခ်ေပးလို႔စားၿပီးသားပန္းကန္ေတြျပန္သိမ္းသြားၾကေတာ့သည္ ။
"ၿမိဳ႕အုပ္မင္း ဒါလိေမၼာ္သီး ခ်ိဳခ်ိဳေလးဗ် က်ဳပ္ႏိုင္ငံျခားအလည္အပတ္သြားတုံးက ၿမိဳ႕အုပ္မင္းအတြက္၀ယ္ခဲ့တာဗ် လက္ခံေပးပါ"
"အသီးမ်ားစားလို႔ပဲရတယ္ ဒီမွာၿမိဳ႕အုပ္မင္း ဒါကေလ England
ကေန၀ယ္ခဲ့တဲ့ နာရီပါဗ် ၿမိဳ႕အုပ္မင္းအတြက္၀ယ္ခဲ့တာေနာ္
လက္ခံေပးပါဗ်"
"...."
ၿမိဳ႕အုပ္မင္း အတြက္ ၿမိဳ႕အုပ္မင္းအတြက္ဆိုၿပီး ဖားေနလိုက္ၾက
တာလက္ေဆာင္ေတြကတစ္ပုံႀကီးပင္ ၿမိဳ႕အုပ္၀မ္ကလိေမၼာ္သီးေလး
တစ္လုံးကိုယူလို႔ခြာလိုက္ၿပီး ေရွာင္က်န႔္စီေပးလိုက္သည္။
ႏွစ္ေယာက္သားဘာမွမေျပာေပမဲ့လည္း ၿမိဳ႕အုပ္၀မ္ကေရွာင္က်န႔္
ကိုဂ႐ုစိုက္ရွာပါတယ္ ေရွာင္က်န႔္လည္းဘာမွမေျပာပဲနဲ႔ သူ႔ေယာက်ာ္းခြာထားတဲ့လိေမၼာ္သီးေတြကိုထိုင္စားေနလိုက္သည္။
တစ္ျဖည္းျဖည္းနဲ႔အခ်ိန္ေတြကုန္လာလိုက္တာ ညေတာင္ေရာက္
ေနေလၿပီ စားေသာက္ဂုဏ္ျပဳပြဲစတာကညေန၅နာရီမွ ယခု၈နာရီ
ထိုးေနေလၿပီ ။
"ကဲ အကုန္လုံးကို ေက်းဇူးတင္ပါတယ္ဗ် ေနာက္ႏွစ္ခါတြလည္း
ဒီလိုမ်ိဳးသေဘာ္ေတြကိုလႊတ္ႏိုင္ေအာင္လို႔ႀကိဳးစားေပးၾကပါဦး"
"ဟုတ္ကဲ့ ၿမိဳ႕အုပ္မင္း"
"ပြဲကိုေတာ့ဒီေလာက္နဲ႔ပဲရပ္လိုက္ပါေတာ့မယ္ ကြၽန္ေတာ့္အမ်ိဳးသား
အိပ္ခ်င္ေနၿပီမို႔လို႔ပါ"
""ဟုတ္ကဲ့ ၿမိဳ႕အုပ္မင္း ဂ႐ုစိုက္ပါဗ်""
တစ္ေနကုန္လုံးပင္ပန္းထားလို႔ အိပ္ငိုက္ေနစျပဳေနတဲ့ေရွာင္က်န႔္ကို
ၿမိဳ႕အုပ္၀မ္ကေပြ႕လိုက္ကာ ခန္းမထဲကေနထြက္ခဲ့ေတာ့သည္။
"ဝွား....အိပ္ခ်င္တယ္"
"...."
"ေမာင္ အခုအိမ္ျပန္ေနတာလားဟင္"
"အိမ္မျပန္လို႔ဘယ္ျပန္ရမွာလဲ"
ၿမိဳ႕အုပ္၀မ္က ခပ္ျပတ္ျပတ္ပဲေျပာလို႔ ျပတင္းေပါက္ဘက္ကို
မ်က္ႏွာမူထားတယ္ ေမာင္ကစိတ္ဆိုးမေျပေသးဘူး ဘယ္လို
Alphaမ်ိဳးလဲ အေခ်ာ့ခံခ်င္ေနတာ ဒီတစ္ေယာက္ပဲရွိတယ္လို႔
ေရွာင္က်န႔္ေတြးလိုက္သည္ ေမာင္ကလည္းကေလးဆန္လိုက္တာ
ပါးႀကီးႏွစ္ဖက္ကလည္းေဖာင္းလို႔...ခ်စ္စရာႀကီး...။
"အိမ္ျပန္ၿပီးေတာ့ညတိုင္းလိုလိုပဲ...ေမာင့္ရဲ႕ရင္ခြင္ထဲမွာပဲ အိပ္ခ်င္ေနလို႔...အိမ္ျပန္ေနတာလားလို႔ေမးတာပါဗ်"
ၿမိဳ႕အုပ္၀မ္ကသူ႔ဘက္ကိုလွည့္လာလို႔ သူ႔ကိုဖက္ထားသည္။
"အတတ္ေလး...ခ်စ္လို႔ကိုမ၀ဘူး"
"ဟီး....ေမာင္ကစေခ်ာ့မလားလို႔ေစာင့္ေနတာ"
"အင္းပါကြာ ကိုယ္မွားပါတယ္..."
"မဟုတ္ပါဘူး က်န႔္က်န႔္မွားတာပါ ေမာင္မႀကိဳက္တာကိုေျပာမိလို႔ပါ"
"မဟုတ္ဘူး ေမာင္မွားတာပါ"
"က်န႔္က်န႔္မွားတာပါဆို"
"ႏွစ္ေယာက္လုံးမွားတာကြာ..."
"ေနဦး ႏွစ္ေယာက္လုံးမွားတာဆိုေပမဲ့ က်န႔္က်န႔္မွားပုံမွားနည္းက
မွန္တယ္"
"....."
ေရွာင္က်န႔္ကၿပဳံးျပလို႔ေမာင့္ရဲ႕ရင္ခြင္ထဲတိုး၀င္သည္ ေမာင္ကဖက္ထားေပးတယ္။
"ေနာက္ခါက်ရင္ ကိုယ္ပဲေခ်ာ့ပါမယ္..."
"အင္း...ေမာင္ပဲေခ်ာ့ရမွာ က်န႔္က်န႔္ေခ်ာတာဒါေနာက္ဆုံးေနာ္"
"အင္း...."
"အဟြတ္...အဟြတ္...ကြၽန္ေတာ့္ကိုငိုေအာင္မလုပ္ပါနဲ႔ဗ်ာ..."
ကားေမာင္းေနတဲ့က်င္းရန္ကလွမ္းေျပာေတာ့ ၿမိဳ႕အုပ္၀မ္နဲ႔ေရွာင္က်န႔္ကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လို႔
ၿပဳံးလိုက္ၾကသည္ ဟုတ္သားပဲသူတို႔ႏွစ္ေယာက္ထဲမွမဟုတ္တာ။
_________
(12.1.2024)
#Su🐼