သကြ်န်တွင်းမှာဆိူင်လဲ ပိတ်သလို ရက်တိုင်းလဲ စတုဒိသာကျွေးတော့ပန်တိုအိမ်မှာလူမပျက်ပေ။ ဆိုင်က ကလေးတွေအတွက်အိမ် ရှေ့ မှာမဏ္ဍပ်ထိုးပေးထားတော့ရွာထဲက ကလေး တွေရော လူငယ်တွေပါရေလာကစားကြသည်။ ဒီနေ့ အတက်နေ့ဖြစ်လို့ ထမင်းကျွေးမည်။အရင်နေ့တွေက မုန့်လုံးရေပေါ်၊ ရွေရင်အေး ၊ ပေါင်မုန့်အူန်းနို့ဆမ်း အမျိုးမျိူးကျွေးတော့ အိမ်မှာလုပ်တဲ့ကိုင်တဲ့သူနဲ့လူမပျက်။ ပန်းနုကလဲ အိမ်မှာပဲလာနေပေးသည်။ ပန် လဲ အိမ်ထဲက သိပ်မထွက်ဖြစ်ပါ အိမ်ရှေ့မှာရေတွေနဲ့ဆိုတော့ချော်လဲမှာစိုးတာလဲပါသည်။.မောင် ကလဲ ခုထိ ပန့်ကို စကားအကောင်းမပြောသေး။ လုပ်ပေးစရာရှိတာတွေအကုန်လုပ်ပေးပေမဲ့စကားကတော့ လိုအပ်မှသာပြောသည်အရင် လိုမျိူး ပန့်ဘေးနားမှာနေပြီး စကားတွေဘာတွေပြောတာလဲမလုပ်သူ့ဘာသာစာရင်းလူပ်သည် ။ အချိန်တန်လို့ လုပ်ပေးစရာရှိရင် တော့လုပ်ပေးသည်။ ပန်လဲ ဒီနေ့ တော့ရအောင်တောင်းပန်ပြီးစကားပြောမယ်လို့တွေးထားလိုက်သည်။ အခုလဲ ကြည့်လေ အောက်က ထမင်းဟင်း ချက်တဲ့လူတွေနားမှာ သွား ကူလုပ်ရင်းစကားပြောနေတယ်။
"ဟဲ့ ပန်ပန် အောက်ကိုဆင်းမလား ငါတွဲပေးမယ်လေ''
"အမလေး ပန်းနုရယ် မလုပ်ပါနဲ့ တော်ကြာဟိုတနေ့ကထက်ဆိုးနေပါ့မယ်ဟယ် ခုထိတောင် စကားပြောသေးတာမဟုဘူး''
"အမလေး ကိုကြီး ကလဲ တော်တော်အသဲမာတာပဲ ''
"ဘယ်တတ်နိုင်ပါ့မလဲ ပန်းနုရယ်ငါက.သူမကြိုက်တာကိုလုပ်ထားတာကိုဟဲ့''
"အေးပါဟယ် အခုကလဲ နင်တို့ အလှူလေ ဟယ် နင့်မျက်နှာလေးတော့ပြဦးမှပေါ့ဟဲ့အရင်ရက်တွေကလဲ မထွက်ဘူးမလား ''
"ဖြစ်ပါ့မလားဟယ် မောင် ကစိတ်ဆိူးနေကာမှ''
"ရပါတယ်ဟာ ငါပါတာပဲကို ငါအကျီရွေးပေးမယ် နင်ရေချိူးတော့'' ပန်းနုကပြောပြီး ရေချိူးခန်းထဲ တွဲပို့ပေးသည်။ ပန် ရေချိူးပြီးထွက်လာတော့ ပန်းနုက မှန်တင်ခုံရှေ့အထိ တွဲခေါ်သွားသည်။ ပန်းနုက ဗိုက်ဖုံးအကျီ မိုးပြာရောင်လေးနဲ့အဖြူပေါ်မှာအပြာပွင့်လေးတွေပါတဲ့ထမိန်လေး ကိူထူတ်ပေးထားသည်။.အကျီဝတ်လဲပြီးရော ပန်းနုက သနပ်ခါးပါ တခါထဲသွေးပေးထားတော့အဆင်သင့်လိမ်းရုံသာ။ ဆံပင်ကိုလဲ သူပဲ တခါဖြီးပေးပြီး ခေါင်းစီးကွင်း အပြာရောင်လေးနဲ့စီးပေးသည်။အကုန်လုံးလဲ ပြီးရော ပန်းနုနဲ့ပန် လဲ အိမ်ရှေ့ကိုထွက်လာလိုက်သည်။
"ဆရာလေး ပန်ပန်လဲမတွေ့ပါလား အကြိုနေ့ထဲကခုထိ နေမကောင်းလို့များလား''
"မဟုပါဘူး ကိုအောင်ပု ရာ အိမ်ထဲမှာရှိပါတယ်နေလဲကောင်းတယ် ရေတွေနဲ့ဆိုတော့ချော်လဲစိုးလို့လေ '' ရွာထဲက ကူညီချက်ပြုတ်ပေးတဲ့အဖွဲထဲက အကိုတစ်ယောက်ကမေးလို့ ခန့်ပြန်ဖြေရသေးသည်။ ပန့်ကိုစကားမပြောတာ.ဒီနေ့နဲ့ဆို၄ရက် ရှိပြီ သူ့ကို လုပ်ပေးစရှိတာလေးတွေ လုပ်ပေးတိုင်းမျက်နှာငယ်လေးနဲ့အမြဲ လိုက်ကြည့်နေမှန်းလဲသိသည်။.ကိုယ့်မျက်နှာတင်းထားတော့မခေါ်ရဲ ဖြစ်နေတာ။ ဒီနေ့တော့ ပြန်ခေါ်မယ်လို့တွေးထားသည်။ သန့်စင်ရော ပန်းနုက ပါ. သူ့ဖက်ကာဝင်ပြောပေးသည် မသိရင်ကိုက လူဆိုးကြီးကျလို့ အခုလိုစိတ်ဆိုးမှတော်ကာကျမှာ မဟုရင် ပိုဆိုးတော့မှာကိုပဲသိသည်။ သကြ်န်စထဲကအိမ်ထဲမှာပဲနေသည်။ စတုဒိသာကျွေးလို့ လာစားတဲ့သူတွေကိုလဲ အိမ်ရှေ့ကသာကြည့်သည် ။.အနားထိမလာ.အာ့လိုကျပြန်တော့လဲသနားဖို့တော့ကောင်းသား အာ့တာကြောင့် ဒီနေ့အလှူကိုတော့ အပြင်ထွက်ဖို့သွားခေါ်လိုက်မည်။
" ဟိုမှာ ပန်ပန်ထွက်လာပြီး တည်ကြည်ရ. ပန်းနု သွားခေါ်လာတာပဲ ဖြစ်မယ် သူ့ခမျာလဲကွာအမြဲ အိမ်ထဲ ကြီးပဲနေနေရတာ ထွက်ပါစေကွာမင်းထပ်မာန်မနေနဲ့''
"အေးပါကွာ'' ကိုက ခေါ်မယ်တွေးတုန်း သူကထွက်လာတယ်ဆိုလို့ လှည့် ကြည့်မိ တော့ဗိုက်ဖုံးအကျီ မိုးပြာလေးကိုထမိန်အပြာလေးနဲ့တွဲဝတ်ထားတဲ့ ပန်က အရမ်းလှနေသည်။.ကိုယ့်မိန်းမ မို့ ကိုပြောတာမဟုဘူး ပန်ကလေ သိပ်လှတာ။ အခုလို ဗိုက်ပူလေးနဲ့ ဆိုတော့လဲ အမြင်တစ်မျိုးလှတာပဲ ပြောရင်းနဲ့ကိုတွေထိုင်နေတဲ့အနားကိုရောက်လာသည်။
"ကဲ ကိုကြီး ပန်ပန့် ကိုထားခဲ့မယ် နော် ပန်းနုလုပ်စရာလေးရှိလို့ ကိုအောင်ပုတိူ့ရော ဟင်းအိုးတွေဘာတွေသွားကြည့်ဦးလေ'' ပန်းနုက မျက်စိတစ်ဖက်မိတ်ပြပြီးပြောမှ ကိုအောင်ပုကထွက်သွားသည်။
"အေး ဟုသားပဲ ဟေ့ရောင်သန့်စင် မင်းပါလိုက်ခဲ့ကွာ''
"အေးအေးလိုက်ခဲ့မယ် တည်ကြည်ရေ သွားကြည့်လိုက်ဦးမယ်'' သန့်စင် ရော ကိုအောင်ပုရောက ပြောပြောဆိုဆိုနဲ့ထွက်သွားသည်။ ပန်းနုကလဲ ဘယ်ထွက်သွားမှန်းမသိကို့ဘေးမှာခုံမှာက ပန်က ထိုင်နေသည်။ ကျွန်တော်လဲ ထ ထွက်သွားမယ်အလုပ်မှာ...ပန်ကလက်ကိုဆွဲ ပြီး ခေါ်သည်
"မောင်....'' ပန်းနုက တမင်တကာ ကိုသန့်စင်တို့ကို ပထုတ်သွားတာ ပန်သိသည်။ ပန်က စကားပြောမယ်အလုပ် မောင် ကပါထလိုက်သွားမယ်လုပ်နေလို့ ကပျာကသီ မောင့်လက်လှမ်းဆွဲပြီးခေါ်လိုက်မှမောင်ကပြန်ကြည့်လာသည်။
"ဟို.... ပန် မောင့်ကိုပြောစရာရှိလို့ ခန ထိုင်ပါလားဟင်'' ပန်ပြောတော့ မောင်ကခုံမှာ ပြန် ထိုင်သည်။
"ပန်....ပန် တောင်းပန်ပါတယ် မောင်ရယ် ပန့်ကိုစကားမပြောပဲတော့ မနေပါနဲ့တော့နော် ပန်မနေတတ်လို့ပါ နောက်တခါမောင်မကြိုက်တဲ့အရာတွေကို မလုပ်တော့ဘူးလို့ ပန်ကတိပေးပါတယ်နော်..မောင်''
ပန်ကလှမ်းခေါ်လို့ လှည့်ကြည့်မိတော့ မျက်နှာငယ်လေးနဲ့ကိုယ့်ကိုတောင်းပန်နေသည်။ ဒါပေမဲ့ လွယ်လွယ်ခွင့်လွှတ်ပေးလို့မရ အာ့တာကြောင့် ပန်ဆွဲထားတဲ့လက်ကိုဖြုတ်ပြီး
"ကိုယ်ဟိုဖက်ခနသွားကြည့်မလို့ ဒီမှာပဲထိုင်နေ ပြန်လာခဲ့ မယ်'' လို့လဲပြောပြီးထွက်သွားဖို့အလုပ်ပန်က ထ ငိုတော့ကျွန်တော်ပြာ သွားသည်။.အိမ်ထောင် မကျခင်ကရော ကျပြီးတော့ရော ပန်ငိုတာ တခါမှမမြင်ဘူး အခု ငိုတယ်ဆိုတော့ ကျွန်တော် လဲ ကပျာကယာ ခုံမှာပြန်ထိုင်ပြီး ချော့ရသည်။
ပန်ပြောတာကိုမောင်ကအဆုံးထိတော့နားထောင်ပေးပေမဲ့ စကားလဲဆုံးရောပန့်လက်ကို ဖြုတ်ပြီး ဟိုဖက်သွားမယ်လဲဆိုရောပန်ဝမ်းနည်းပြီး ငိုမိတော့သည်။အိမ်ထောင်
သက်တမ်းတစ်လျှောက်မှာ မောင်ကခုလောက်ထိစိတ်မဆိူးဘူးပါ။.ပန် ပြန်တောင်းပန်လိုက်ရင်အမြဲအဆင်ပြေသွားတတ်သည်။ အခုတောင်းပန်ပေမဲ့မောင်က ခွင့်မလွှတ်တဲ့ပုံစံဆိုတော့ ပန် တော်တော် ဝမ်းနည်းပြီးငိုတော့မှ မောင် ကပြန်ထိုင်ပြီးချော့သည်။
"ပန် ကလဲ ကွာဘာလို့ ငိုရတာလဲ တိတ်တိတ် မငိုနဲ့''
"ဟင့် မောင် က အင့် ပန် တောင်းပန် အင့်နေတာကို ဂရုမှမစိုက်တာ ဟင့်.ဟင့် '' ကျွန်တော်ဒီတခါ တော်တော်လွန်သွားတာထင်တယ် ပန်က ရှိုက်ကြီးတငင်ကို ငိူနေတာ ကိုယ်ဝန်ကြောင့်စိတ်အပြောင်းအလဲ မြန်တာလဲ ဖြစ်မည်။
"မဟုပါဘူး ကွာ ဟိုဖက်က ပဲဟင်းအိုးသွားကြည့်မလို့ပါကွာ မငိုရဘူး တိတ် တိတ် မေမေက ငိုနေတော့ ဗိုက်ထဲက ကလေးလေးလဲ ဝမ်းနည်းနေမှာပေါ့ ပြီးတော့ကိုယ်ဝန် ဆောင်ချိန်ငိုရင် မွေးလာတဲ့ကလေးက မျက်လုံးပြူးတတ်တယ်တဲ့'' ကျွန်တော်အာ့လိုပြောလိုက်မှပန်က ဟုလို့လားဆိုတဲ့အကြည့်နဲ့ကြည့်လာသည်။
"တကယ် ပြောတာလား ''
"တကယ် ပြောတာ ပေါ့ အာ့ကြောင့် မငိုရဘူးနော်''
"မောင် ကဘယ်က ကြားတာတုန်း ''
"လူကြီး တွေပြောတာကြားဘူးတာလေ အာ့ကြောင့်တိတ်တော့ ကြည့်ပါဦး ကြောင်ချီးရုပ်လေးဖြစ်နေပြီ'' ကျွန်တော် လဲ ပါးစပ်ကချော့လိုက် လက်က လဲ မျက်ရည် တွေသုတ်ပေးလိုက်နဲ့ အလုပ်ရှုပ်နေရသည်။.အာ့ကျမှ ပန်ကအငိုတိတ်သွားတော့သည်။
"အာ့ဆို ပန့်ကိုခွင့်လွှတ်တယ်မလားဟင် ပန်ကလေ မောင့်စကားကိုနားမထောင်တာ မဟုပါဘူး မောင် ပင်ပန်းနေတာကိုမကြည့်ရက်လို့ကူလုပ်ပေးတာပါ''
"ဟုပါပြီ ဗျာ မောင်နားလည်ပါတယ် ပန်းနုရောသန့်စင်ကရော.မောင့်ကိုပြောကြပါတယ်''
"အာ့တာဆိုဘာဖြစ်လို့ မောင် က ပန့်ကိုစကားမပြောတာလဲ ပန့်မှာ ဘယ်လောက်အားငယ်ရလဲ အရင်ထဲက လျစ်လျူရှုခံရတဲ့ဝေဒနာကိုခံစားဖူးပေမဲ့ မောင့်ရဲ့ဂရုစိုက်မှူတွေမှာ ပျော်မွေ့နေကာမှ မောင်က ပန့်ကိုလျစ်လျူရှုထားတော့ ပန်အရမ်းလဲ ဝမ်းနည်းတာပဲ''
ဟုသားပဲ ကျွန်တော် အာ့တာကိုမေ့သွားတယ် ။ပန်ကအရင်ကရွာသားတွေဆီက လျစ်လျူရှုတာကိုခံခဲ့ရဘူးတော့ အခုကျွန်တော်ကလဲ အာ့လိုထပ်လုပ်တော့သူတော်တော်ခံစားရမှာအာ့တာကိုထည့်မတွေးပဲ ကျွန်တော့်စိတ်ကိုပဲ ရှေ့တန်းတင်နေမိတာ ပန့်ရဲ့စိတ်ကိုထည့်မတွေးမိလိုက်ဘူး ။သူ့ခမျာ ကိုယ်ဝန်ကြီးနဲ့ကို ဘယ်လောက် တောင်အားငယ်နေမလဲ ။ ဟာကွာ ခန့်ရာ မင်းတော်တော် မကောင်းတဲ့ ကောင်ပဲ။
"မောင် တောင်းပန်ပါတယ် အချစ် ရယ် မောင် ပန့်ရဲ့ခံစားချက်ကို ထည့်မတွေးမိဘူး မောင်တကိုယ်ကောင်းဆန်သွားမိတယ် မောင်မှားပါတယ်ကွာ ''
"ဟုတ်တယ် မောင် က တကိုယ်ကောင်းဆန်တယ် ပန့်ကိုလဲ ပြစ်ထားတယ် ကလေးလေးကိုလဲပြစ်ထားတယ် မောင် မကောင်းဘူး ''
"ဟုပါတယ်ကွာ မောင်မကောင်းတာနော် နောက်ဆိုအာ့လိုမလုပ်တော့ဘူးနော် မောင်ကတိပေးတယ်ဟုပြီလား '' အာ့ကျမှ ပဲပန့်မျက်နှာလေးက ပြန်ကြည်လာသည်။
"ကိုကြီး ရေ ထမင်း ကျွေးတော့မယ်တဲ့ အာ့တာကိုကြီးလာကြည့်ပေးဦး '' ကျွန်တော် တိူ့နှစ်ယောက်စကားပြောနေစဥ် ပန်းနုက လှမ်းအော်ပြောသည်။.နာရီတချက်ကြည့်မိတော့၁၁နာရီထိူးနေပြီ။.အာ့တာကြောင့် လှမ်းခေါ်တာထင်သည်။ ကျွန်တော် တိူ့က ၁၁နာရီ ထမင်း ကျွေးမှာလေ သက်သက်လွတ်ပဲဟင်းနဲ့ ငရုတ်သီးကြော် သရက်ချည်သုတ် ကျွေးမှာ ကျွန်တော်လဲပန့်ကို
"ပန် မောင် သွားလိုက်ဦးမယ် ဒီမှာခနထိုင်နေနော် ဟိုမှာလူရှုပ်နေတုန်း ပန်လဲမှာဆိုးလိူ့''
"ပန် ပါလိုက်ခဲ့မယ်လေ မောင်ရဲ့ ဟိုနေရာလေးက လူရှင်းတယ် အာ့မှာထိုင်နေမယ် ပန်လဲ ကြည့်ချင်တယ်'' ပန်ပြောတဲ့နေရာကိုကြည့်မိတော့ လူရှင်းနေတာနဲ့ ခေါ်သွားဖို့တွေးလိုက်သည်။ ဒီနေရာမှာစိတ်မချလို့သာထားခဲ့ဖို့လုပ်လိုက်တာ တကယ်တမ်းတခုခုဆို ကျွန်တော် တို့နဲ့အလှမ်းဝေးတော့ အဆင်မပြေ အာ့ကြောင့်
"ဟုပြီလေ လိုက်ခဲ့ လာမောင်တွဲမယ်ဖြည်းဖြည်းထနော်'' ပန်တို့ ထမင်း ကျွေးတဲ့နေရာရောက်တော့မောင်က ထမင်း ကျွေးမဲ့ရုံထဲဝင်သွားသည်။ ထမင်းရုံက အိမ်ရှေ့က မြေကွပ်လပ်ရှိတဲ့နေရာမှာပဲ ရုံသဘောမျိုးထိူးထားလိုက်သည်။.တစ်ရွာလုံးနီးပါး လာစားတာဆိုတော့ ပန်ကြည့်နေရင်းပီတိဖြစ်မိသည်။
သွယ် ခုရက်ထဲ အကို့တို့အိမ်ဖက်မရောက်ဖြစ်တာများသည်။.တမင်မသွားတာဆိုပိုမှန်မည်။ ဟိုတစ်ယောက်ကို ကလေး ပျက်ကျအောင်လုပ်ချင်သော်လဲ အကိုက အနားမှာတဝဲလည်လည်ဆိုတော့အခွင့်မသာ။.ဆေးရည်ဖြစ်ဖြစ် ထိုးဆေး ဖြစ်ဖြစ်ထိုးဖိူ့ကျတော့လဲ သူ့မှာက အကိုတစ်ယောက်လုံးရှိတော့ ဆေးခန်းလဲ မလာ သွယ့်မှာ ဘာမှမတတ်နိူင်ဖြစ်နေရသည်။ သွယ်သိပါသည် အပြစ်မရှိတဲ့ကလေးတစ်ယောက်ကိုသတ်ရတာငရဲ ကြီးမှန်း.ယုတ်မာမှန်းဒါပေမဲ့ မတတ်နိုင် အချစ်နဲ့စစ်မှာမတရားတာမရှိဘူးမလား။ အကို့ကိုသွယ့်အပိုင်ဖြစ်စေချင်တာဆိုတော့ တရားတာမတရားတာတွေသွယ်မစဥ်းစားချင် ငရဲကြီးမယ်ဆိုရင်လဲ နောက်ဘဝကျမှသာ အပြစ်တွေကို ပေးဆပ်တော့မည်။
အကို့တို့အိမ်မှာသကြ်န်ရက် ကို အလှူဆက်တိုက်လုပ်သည်။ သွယ့်ကိုလဲရွာကလူတွေခေါ်လို့ သွားမိသည်။ အလှူသွားတာဆိုပေမဲ့ဟိုတစ်ယောက်ကို တခုခု လုပ်ဖို့သွားတာလို့တွေးရင်ပိုမှန်မည်။.ဒါပေမဲ့ အကြတ်နေ့ရောက်တဲ့အထိ သူထွက်လာတာ မမြင်မိအမြဲရှာနေပေမဲ့ လုံးဝကိုမမြင်မိ ရွာကလူတွေမေးကြည့်ခါမှ အကိုက မထွက်ခိုင်းတာတဲ့လေ သွယ်ပိုပြီး မနာလိုဖြစ်မိသည်။.သူ့နေရာမှာသွယ်ဆိုရင်ရောလို့တွေးမိတော့သွယ်ပြုံးမိသည်။
ဒီနေ့တော့ သွယ့်ဆုတောင်းကို ကြားသွားတယ်ထင် ကံတရားကသွယ့်ကိုမျက်နှာသာပေးလာသည်။ အကို့ မိန်းမက အောက်ကိုဆင်းလာတယ် လေ။.ပထမတော့ ဟိုဖက်မှာဆိုတော့သွယ်သွားလို့ အဆင်မပြေလို့ အခြေအနေပဲစောင့်ကြည့်မိ နေ ပေမဲ့။ မကြာပါ အကိုနဲ့သူက ဒီဖက်ကို ထွက်လာတော့သွယ်ပျော်မိသွားသည်။.အကိုက ထမင်း ရုံထဲဝင်သွားပြီး ဟိုတစ်ယောက်ကတော့ဘေးမှာမတ်တပ်ရပ်နေသည်။ အနားမှာလဲ ဘယ်သူမှ မရှိ အကုန်သူ့အာရုံနဲ့သူဆိူတော့ သွယ်လဲ အနားကပ်လိူက်သည်။အရိပ်အခြေကြည့်ပြီး သူ့ကိုတွန်းလိုက်သည်။ အရှေ့မှာလဲမြေကဗလာဆိုတော့ မှောက်ရပ်သာကျသွားရင် ကလေးက လုံးဝ ပျက်ကျမှာပဲ ဖြစ်သည် ။သွယ်လဲ အာ့ နေရာမှာမ နေ တော့ပဲ ထွက်လာလိုက်သည် အဓိကက သူမှောက်လဲ ပြီး က လေး ပျက်ကျဖို့သာဖြစ်သည်။အခုလို မှောက်လဲသွားရင် ကျိန်းသေးကလေးအဖတ်တင်မည်မဟု အာ့တာကြောင့်သွယ်ပျော်နေမိသည်။ ကို့ အတွေးနဲ့ကိုပျော်နေမိတဲ့သူက မကောင်းမှုဆိုတာ.ဆိတ်ကွယ်ရာမရှိဘူးဆိုတာကိုမေ့နေပုံပင်။
ပန်ထမင်းကျွေးနေတာကိုကြည့်ရင်း ရှေ့ကိူနည်းနည်း တိုးပြီး ကြည့်မိသည်။ မောင် ကလဲ ခနခနလှည့်ကြည့်လို့အဆင်ပြေကြောင်း ကိုပါးစပ်လှုပ်ရုံ ပြောရသေးသည်။ ထမင်း ရုံမှာလူကို မပြက်ဘူး တဖွဲ့ပြီးမှတဖွဲ့ ဝင်ကြတာဆိုတော့အရမ်းကြီးတော့ရှုတ်ရှုပ်ခတ်မနေ။ ထမင်း လိုက်ပွဲထည့်သူနဲ့ ပဲဟင်းထည့်ပေးတဲ့သူတွေလက်မလည်ကိုဖြစ်နေသည်။.ပန်လဲ ကြည့်ရင်းနဲ့အရှိန်ပါပြီးရှေ့ကိုနည်းနည်းထပ်တိူးမိသည်။ ရှေ့ကို အာရုံရောက်နေတဲ့အချိန် နောက်ကနေတစ်ယောက်ယောက်ကတွန်းလိုက်ပေမဲ့ ဘယ်လိုမှအရှိန်ထိန်းလို့မရ။ထို့ပြင် ကြောက်လဲကြောက်မိတော့ မောင်ကိုတာတမိသည်
"အားးး မောင့်'' ခုချိန်ပန်တွေးမိတာက ပန့်ဗိုက်ထဲက မောင့်ကလေးလေး တစ်ခုဖြစ်မှာကိုပင် ကလေးလေးသာ တခူခုဖြစ်ရင် ပန် ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မည်မဟုပေ။ အရှိန်နဲကျပြီလို့ထင်လိုက်ပေမဲ့ တစ်ယောက်ယောက်ဝင်ထိန်းပေးလို့ မှောက်ရပ်မလှဲတာဖြစ်သည်။.အာ့ကျမှပဲ ပန်လဲစိတ်ကိုလျှော့ချနိုင်ပြီး ထိန်းပေးတဲ့သူကိုမော့အကြည့်
"ဟင်...ကိုသန်းဇော် ''
ခန့် ပထမတော့ ထမင်း ကျွေးတဲ့ရုံကိုခန ကြည့်ရုံတင်ဒါပေမဲ့လူတအားကျလာတော့ ပဲဟင်းလိုက်ထည့်ပေးတဲ့သူကနည်းနေပြီး အဆင်မပြေ ပန့် ကိုလှမ်းကြည့်တော့ ခုနကနေရာမှာပဲရပ်နေတော့ အဆင်ပြေတယ်ဆိုပြီး ပဲဟင်းလိုက်ထည့်ပေးနေလိုက်သည်။.ခနကြာတော့ ပန်ကိုကြည့်မိချိန် ပန်ကရှေ့နည်းနည်းရောက်လာသည်။သူလဲ ကြည့်နေရင်းပီတိဖြစ်နေတယ်ထင်သည်။ ခန့်လဲ အမှုမဲ့အမှတ်မဲ့နေပြီး ထမင်းရုံထဲကိုသာအာရုံစိုက်မိချိန်ပန့်အော်သံကိုကြားမိလို့လှည့်အကြည့် ကျွန်တော့် မျက်လုံးတွေပြာပြီး ဘာမမြင်တော့ပေ လက်ထဲက ချိုင့်ကိုလဲဘယ်နားချမိမှန်းမသိ ပန့်ဆီသာပြေးသွားမိသည်။.အနားမရောက်ခင်မှာတင်ပန်က အောက်ကို လဲ ကျတော့မည်ဖြစ်သည်။.ပန်သာတခုခုဖြစ်ရင်ဆိူတဲ့အတွေးနဲ့တင် ဆောင်တည်ရာမရ.သိူပေမဲ့ ပန်လဲမကျခင်တစ်ယောက်ယောက်ကထိန်းပေးလိုက်တာမြင်သည်။.ကျွန်တော် လဲ ဘာမှမတွေးနိုင် ပန့်အနားလဲရောက်ရောပန့်ကိုသာပွေ့ပြီးမေးမိသည်
"ပန် ပန် အဆင်ပြေလားဟင် ဘယ်နားနာနေလဲ ဘာဖြစ်သွားသေးလဲ ဟင်'' ပန့်ကို ပွေ့ပြီး အိမ်ထဲချီခေါ်ရင်း ပါးစပ်ကလဲ တောက်လျှောက်မေးနေမိသည်။.ပန်က ကျွန်တော့်အကျီစကို တင်းကြပ်နေအောင်ဆုပ်ထားပြီး စကားလုံးဝပြန်မပြောမျက်လုံးကိုသာမှိတ်နေသည်။.သူလဲ တော်တော်လန့်သွားမည်။.ပန်းနုတို့ကလဲ ရုတ်တရက်ဆိုတော့ဘာလုပ်ရမှန်းမသိဒါပေမဲ့ အလှူကလဲ မပြီးသေးတော့သူတိူ့ပဲဆက်ဦးစီးပြီးကျွေးနေသည်။ ဆိုင်က ကောင်လေးတစ်ယောက်ကတော့နောက်ကလိုက်လာပေးသည်။
အိမ်ထဲလဲရောက်ရောပန့်ကို ဆိုဖာပေါ်သေချာတင်ပေးလိုက်ပြီး
"ပန် အဆင်ပြေလားဟင် ဗိုက်ထဲကရောနာနေသေးလား'' တရစပ်မေးနေမိသည် ပန်က ခုထိမျက်လုံးမဖွင့်သလ်ို ဆုပ် ထားသည် အကျီစကိုလဲ လွှတ်မပေးသေးတော့ ခန့်စိုးရိမ်မှုက ပိုမြင့်တက်လာသည်။.ခနကြာတော့မှ ပန့်ဆီက အသံကြားရသည်
"ဟင့်....မောင့်.. အာ့ ဗိုက်ကနာနေတယ်. ဟင့် ကလေးလေး တစ်ခုခုဖြစ်ပြီးလားမသိဘူး မောင်ရယ် ကြည့်ပေးပါဦး '' ပန်က ပထမဆုံးပြောတဲ့စကားက ကလေးကိုကြည့်ပေးဖို့သာဖြစ်သည်။ ခန့်လဲ ပန့်ကိုသေချာနေရာပြင်ပေးပြီးဗိုက်ကိုစမ်းလိုက်တော့ ကလေးက အဆင်ပြေသည် နေရာလွှဲတာဘာညာမရှိ ဗိုက်နာတာကလဲ ရုတ်တရက်ဆိုတော့ ပန်လန့်သွားတဲ့အရှိန်ကြောင့်ဖြစ်မည်။ခန့်လဲ ဆိုင်ကကောင်လေးကို.အခန်းထဲကဆေးအိတ်သွားယူခိုင်းလိုက်သည်။ ပန်ကိုယ်ဝန်စရှိထဲက ဆေးပစ္စည်းကိုအစုံဝယ်ထားတော့အခု အဆင့်သင့်ပင်
"ပန် ဘာမှ မစိုးရိမ်နဲ့နော် ကလေးလေးက ဘာမှမဖြစ်ဘူး ပန်ရဲ့ မောင် အခန်းထဲအရင်ပို့ပေးမယ်နော် ပြီးရင်ဆေးထိုးပြီး အားဆေးချိတ်ပေးမယ်ဟုပြီလား'' ကျွန်တော် ပြောတော့ ပန်ကခေါင်းငြိမ့်ပြသည်။အခန်းထဲကိုပွေ့ချီပြီး ဝင်သွားတော့ ခုနကကောင်လေးကထွက်လာသည်။.အာ့တာနဲ့သူကိုပါပြန်ဝင်ခိူင်းပြီးဆေးအိတ်ကိုချခိုင်းပြီး အပြင်ပြန်ထွက်ခိူင်းလိုက်သည်။ ကောင်လေးထွက်သွားမှ ပန့်ကို အားဆေးချိတ်ပေးပြီး စောင်ခြုံပေးလိုက်သည်။ ပန်ကတော့ လန့်သွားတဲ့အရှိန်ရယ်ဆေးအရှိန်ရယ်နဲ့ဆိုတော့ တဖြည်းဖြည်း မျက်လုံး စင်းလာပြီး အိပ်ပျော်သွားသည်။
ခုနကတုန်းက ခန့်သိပ်ကိုလန့်သွားတာ တခုခုသာဖြစ်ခဲ့ရင် ပန့်ကိုသာရွေးချယ်မှာဖြစ်သည်။ ကလေးလေးကို လဲချစ်ပေမဲ့ ခန့်ဘဝမှာ ပန်က အရေးကြီးဆုံးပင် အိပ်ပျော်နေတဲ့ပန့်ရဲ့ဗိုက်ကိုဖွဖွလေးပွတ်ပြီး စကားပြောနေမိသည်
"ဖေဖေ တောင်းပန်ပါတယ် ကလေးရယ် ဖေဖေဂရုမစိုက်မိလို့ ခုလိုဖြစ်ရတာ လန့်သွားတယ်မလားဟင်'' ဆိုပြီးဗိုက်လေးကိုနမ်းလိုက်သည်။.ပြီး တော့ ပန့်နဖူးကိူလဲနမ်းလိုက်သည်။ ပန်ချော်လဲတာ သွေးရိုးသားရိုးမဟု တစ်ယောက်ယောက်က တွန်းလိုက်တာဖြစ်မည်။ အာ့လူကိုသိရရင် ခန့်လုံးဝခွင့်မလွှတ်နိုင်ပါ။.သူ့ကြောင့် ပန်နဲ့ကလေးလေး တခုခုဖြစ်တော့မလို့။ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျိန်းသေပေါက် အပြစ်ကိုတော့ပြန်ပေးဆပ်ရမည်။.အပြင်ကိုလဲထွက်မနေတော့ပါ ပန်းနုနဲ့သန့်စင်ပဲ ဆက်လုပ်လိမ့်မည်။.ခုချိန်ပန့်ဘေးနားကနေ.တဖဝါးမှမခွာချင်ပါ။ပန့်လက် လေးကိုဖွဖွကိုင်ရင်း တောင်းပန်စကားကိုသာအထပ်ထပ်ရွတ်နေမိတော့သည်။
..........................................
Yoon
မနေ့ကညပိုင်းတင်ပေးမယ်ဆိုပြီး တူမ လေး ကျောင်းကပွဲအတွက်အကသင်ပေးနေရလို့ အားတာနဲ့တင်မပေးဖြစ်တာပါ။.မနက်ကျတော့လဲ မအားလို့ပါ အာ့တာကြောင့်တောင်းပန်ပါတယ်လို့။....
################################
zawgi
"ဖြစ်ပါ့မလားဟယ် မောင် ကစိတ်ဆိုးနေကာမှ''
"ကဲ ကိုကြီး ပန်ပန့် ကိုထားခဲ့မယ် နော် ပန်းနုလုပ်စရာလေးရှိလို့ ကိုအောင်ပုတို့ရော ဟင်းအိုးတွေဘာတွေသွားကြည့်ဦးလေ'' ပန်းနုက မျက်စိတစ်ဖက်မိတ်ပြပြီးပြောမှ ကိုအောင်ပုကထွက်သွားသည်။
"ဟင့် မောင် က အင့် ပန် တောင်းပန် အင့်နေတာကို ဂရုမှမစိုက်တာ ဟင့်.ဟင့် '' ကျွန်တော်ဒီတခါ တော်တော်လွန်သွားတာထင်တယ် ပန်က ရှိုက်ကြီးတငင်ကို ငိုနေတာ ကိုယ်ဝန်ကြောင့်စိတ်အပြောင်းအလဲ မြန်တာလဲ ဖြစ်မည်။
"တကယ် ပြောတာလား ''
"ပန် မောင် သွားလိုက်ဦးမယ် ဒီမှာခနထိုင်နေနော် ဟိုမှာလူရှုပ်နေတုန်း ပန်လဲမှာဆိုးလို့''
"ဟင်...ကိုသန်းဇော် ''
..........................................
Yoon