Between The Hate [ Completed ]

By Jeon_Khun

38.5K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

13

697 85 109
By Jeon_Khun

#zawgyi

" ဆရာ...မနက္မိုးလင္းလို႔ ေန႔လည္ေရာက္ပါေတာ့
မယ္၊ထသင့္ေနပါၿပီ "

မနက္မိုးလင္းသည္ေက်ာ္သြားတာမို႔ ေယာင္းဝူက
အလုပ္ကိုေစာေရာက္ေနေပမဲ့ ဆရာျဖစ္တဲ့သူက
ေနာက္က်ေနသည္မို႔ ဆရာ့အပိုင္ကိုေမးေတာ့
'မသိဘူး'ဟုေျဖလို႔ ဆရာ့ကြန္ဒိုကိုသာအေျပး
လာခဲ့တာျဖစ္သည္။

ဒီေရာက္ေတာ့ထင္ထားသည့္အတိုင္း ဆရာက
အိပ္ေကာင္းေနတုန္းပဲ။

" ဆရာ...ဆရာ...ဟိုမွာဆရာ့အပိုင္က မင္ဂယူနဲ႔
ၾကည္ႏူးေနၾကၿပီေနာ္... "

ေယာင္းဝူရဲ႕စကားေၾကာင့္ ကင္မ္ထယ္ေယာင္းက
အိပ္မႈံစုံဖြားထလာၿပီး သူ၏ေ႐ႊအိုေရာင္ဆံပင္ကို
သပ္တင္လိုက္သည္။suitအျပည့္ကိုေတာ့ အခုထိ
မခြၽတ္ရေသးဘူး။

" ေတာက္!ေဟ့ေကာင္!ငါနားညီးတယ္၊ဝင္ခဲ့ကြာ! "

ထယ္ေယာင္း ခပ္မာမာေအာ္လိုက္ရင္းအံဇြဲေပၚရွိ
ဖုန္းကိုယူလိုက္၏။ဖုန္းကိုဖြင့္ၿပီးၾကည့္ေတာ့
ဖုန္းအျပင္ပုံေလးဟာ ခ်စ္စရာေကာင္းသည့္
ဆံပင္ရွည္ေကာင္ေလး၏ပုံပင္ျဖစ္သည္။

သူၾကည့္ေနရင္းမွ နာရီကိုေရာက္သြားေတာ့ ၁၀နာရီထိုးလုနီးနီးျဖစ္သည္။ညကေသာက္တာအေတာ္မ်ားသြားၿပီးေနာက္ကိုကိုအလွေလးကိုလြမ္းကာ အိမ္သို႔သြားၾကည့္ခဲ့မိသည္။ကိုကိုအလွေလးအိမ္ေရာက္ေတာ့ အနမ္းေတြဆက္ၿပီး လက္ေတြကေနရာအႏွံ႔ေရာက္ခဲ့မိလို႔ တြန္းတာခံလိုက္တယ္။
ခါးေနာက္ေတာ့နာသြားလို႔ အိမ္ကိုသာျပန္လာၿပီး အိပ္လိုက္တာပင္ျဖစ္သည္။

" ဆရာ့အပိုင္ေတာင္အလုပ္ေရာက္ေနၿပီ၊မင္ဂယူနဲ႔
လာတာေနာ္ဗ်ာ၊ဆရာေနာက္က်တယ္... အာ့!
ဆရာမွားမယ္... "

အခန္းထဲဝင္ဝင္ခ်င္း ထယ္ေယာင္းကိုနားပူေအာင္
စကားဆိုေနသည့္ေယာင္းဝူကို ေခါင္းအုံးျဖင့္လွမ္း
ပစ္လိုက္ေတာ့ေရွာင္သည္။ဒါေတာင္မမွတ္ေသး။
ေျပာဖို႔ဆက္ခ်င္ေနသည္။

" ဆရာ့အပိုင္အလွေလးေတာင္ ႐ုံးကိုေရာက္လို႔ တစ္ေယာက္ထည္းဆရာ့အလုပ္ေတြလုပ္ေနရၿပီ၊
ေျပာေတာ့ ဆရာ့အပိုင္ကိုမပင္ပန္းေစခ်င္ဘူးဆို "

ေယာင္းဝူကေခါင္းအုံးကိုေကာက္တင္ရင္းျဖင့္
ေျပာေတာ့ ထယ္ေယာင္းကေခါင္းၿငိမ့္သည္။

" ကိုကိုအလွေလး အလုပ္လုပ္ေနတာကိုမင္းက
ဘာေၾကာင့္မ်ား မကူညီရတာလဲ၊ေဟ့ေကာင္...
ငါမင္းကိုခန္႔ထားတာ၊ငါနဲ႔ကိုကိုအလွေလးကို
ကူညီဖို႔အတြက္... "

ထယ္ေယာင္းကစိတ္မရွည္စြာျဖင့္ ေျပာေတာ့
ေယာင္းဝူက ရယ္ႀကဲႀကဲလုပ္သည္။ဒီေကာင့္ကို
ထယ္ေယာင္းၾကာေလ စိတ္မရွည္ခ်င္ေတာ့ဘူး။

တပည့္မို႔သာသည္းခံရတာ။တစ္ခါတစ္ေလ
သူ႔ကိုကိုအလွေလးကိုၾကဴးေနေတာ့ မ်က္ႏွာပို
စုတ္သြားေအာင္ ပိတ္႐ိုက္ခ်င္မိသည္။

" ကြၽန္ေတာ္က ကူညီေပးမယ္ေျပာပါတယ္၊ဆရာ့
အပိုင္က သူကေရသာမခိုခ်င္ဘူးဆိုလို႔ ဟိုေနရာ၊
ဒီေနရာကိုလည္း တစ္ေနရာဝင္၊တစ္ေနရာထြက္
လက္မွတ္လိုက္ၾကည့္၊ဆရာမလာခင္ အကုန္အစစ္
ေပးေနတာ၊ခဏေနၾကအစည္းအေဝးရွိတာမို႔
သူစီစဥ္ေပးထားေသးတယ္ "

" ငါသိၿပီ၊ေဟ့ေကာင္ မင္း႐ုံးကိုသြားႏွင့္လိုက္၊
ကိုကိုအလွေလးခိုင္းတာ အကုန္လုပ္ေပးထား၊
ငါေရခ်ိဳးၿပီးတာနဲထြက္လာခဲ့မယ္... "

ထယ္ေယာင္းအိပ္ယာေပၚမွဆင္းရင္း ေယာင္းဝူကို
ကိုကိုအလွေလးအတြက္ မွာစရာရွိတာေတြမွာေပး
လိုက္ေတာ့ နားေထာင္ျပန္သည္။

" ကြၽန္ေတာ္ေသခ်ာလုပ္ေပးလိုက္ပါ့မယ္၊ဒါနဲ႔
ဆရာခါးနာေနတာလား၊အဆင္မေျပရင္လည္း
အစ္ကိုဟိုေဆာ့ရွိကေန ေဆးခန္းျပၿပီးလာပါ
လား... "

ေယာင္းဝူက ခါးေနာက္ကိုဖိကာနာက်င္ေနဟန္ရွိ
သည့္ သူ႔ဆရာထယ္ေယာင္းကိုၾကည့္ကာေျပာေလသည္။ထယ္ေယာင္းကေခါင္းခါျပရင္းျဖင့္...

" ငါအဆင္ေျပတယ္၊ညက ကိုကိုအလွေလးအိမ္
သြားရင္းအနမ္းေတြၾကမ္းမိသြားရင္း ငါကေနရာ
တက္မိသြားလို႔ ကိုကိုအလွေလးကတြန္းတာခံလိုက္
ရတာ... "

" ဟာ..အဲ့ဒါနဲ႔ပဲ အသားနာခံၿပီးဘာလို႔ဆက္မတက္
ခဲ့တာလဲ၊ဆရာဗ်ာ...အဲ့ေနရာမွာကြၽန္ေတာ္သာဆို- "

ထယ္ေယာင္းကေျပာသည္ကို ေယာင္းဝူက
ရယ္ရင္း သူ႔အပိုင္ကိုကိုအလွေလးကိုၾကဴးစကား
ထက္လြန္တာေျပာေတာ့မည္။ထိုသည္ကို
ထယ္ေယာင္း အံႀကိတ္သံခပ္ဩဩျဖင့္....

" ေဟ့ေကာင္!!မင္းေနာက္ဆက္တြဲကိုေျပာရဲေျပာ
ၾကည့္...ငါမင္းကိုလုပ္ေတာ့မယ္!!သြားေတာ့.. "

" ဟဲဟဲ...ေဆာရီး ဆရာ၊ကြၽန္ေတာ္မွားသြားလို႔၊
သြားပါၿပီဗ်၊မနက္စာကို ႐ုံးေရာက္ရင္ကြၽန္ေတာ္
စီစဥ္ေပးထားပါ့မယ္.... "

ေယာင္းဝူကရယ္ႀကဲႀကဲလုပ္ကာ အ႐ိုေသေပးလို႔
အခန္းထဲမွထြက္သြားသည္။ေယာင္းဝူထြက္သြား
ေတာ့မွထယ္ေယာင္းလည္း သက္ျပင္းရွည္ခ်လို႔
အိပ္ယာမွထလို႔ေရခ်ိဳးခန္းထဲဝင္ရသည္။

ကိုကိုအလွေလးက သူ႔အစားအလုပ္ေတြနဲ႔
ပင္ပန္းေနတာၾကားလို႔ သူလက္မခံႏိုင္ဘူး။
ျဖစ္ႏိုင္ရင္ ကိုကိုအလွေလးနဲ႔သူ႔အေမကို
အိမ္မွာပဲေနေစခ်င္တာ။အခုေတာ့ မရႏိုင္ေသး
ဘူး။အပိုင္ယူၿပီးလို႔ကေတာ့ ပိုးေမြးသလိုေလးျဖင့္
ထားဖို႔အစီစဥ္ရွိေနၿပီးသား။

- - - - -

" ဟုတ္ကဲ့ပါ၊ကြၽန္ေတာ္က ဥကၠဌကင္မ္ကိုေသခ်ာ
ေလးေျပာေပးထားပါ့မယ္၊လိုအပ္တာရွိလည္း
ေသခ်ာေလးေျပာထားေပးပါ... "

တစ္ဖက္ကရွယ္ယာဝင္နဲ႔စကားေျပာရင္း သူ႔ဇနီးက
KIM VICTORYမွ လူႀကီးအမ်ိဳးသမီးဝတ္သည့္ Fashion Designsေတြကိုသေဘာက်ေနတာမို႔
စာအုပ္ဖတ္ၾကည့္ေနရင္း ကူးကလိုအပ္တာေတြကို
ရွင္းျပေပးေနသည္။

ထယ္ေယာင္းရဲ႕ Own Officeမွာေတာ့မဟုတ္ဘူး။
ကင္မ္ထယ္ေယာင္းမေရာက္ေသးတာမို႔ အခန္းထဲ
ေခၚမေဆြးေႏြးသင့္တာမို႔ ေယာင္းဝူကိုေျပာကာ
ကုမၸဏီကLobbyမွာ အနားယူေစရင္းမွလုပ္ငန္း
အေၾကာင္းေတြေျပာရင္း ရွယ္ယာရွင္၏ဇနီးပါလာ
တာမို႔ သူမကသေဘာက်ကာ ပုံေတြၾကည့္ၿပီးသား
ျဖစ္သြားခဲ့သည္။

" ရပါတယ္ကြယ္၊က်န္တာေတာ့မလိုအပ္ဘူး၊
အန္တီကေတာ့ ဒီအဝတ္စားကိုသေဘာက်တာမို႔ သီးသန္႔လိုခ်င္မိတယ္ "

ထိုအမ်ိဳးသမီးကစာအုပ္ထဲရွိ ဒီဇိုင္နာဆြဲထားသည့္
ေဆာင္းတြင္းဝတ္အေႏြးထည္အရွည္ကို လိုခ်င္သည္ျဖင့္ ေျပာလာသည္။

ဒီတိုင္းလိုခ်င္လို႔မွမရဘဲပိုင္ရွင္ဥကၠဌကိုေရာ၊
ဆြဲသည့္ဒီဇိုင္နာကိုပါ ေသခ်ာခြင့္ေတာင္းၿပီး
ဒီဇိုင္နာကိုေတာ့ရသင့္သေလာက္ feesသက္သက္
ရွင္းေပးရမည္ကို သူကေတာ့မိတ္ျဖစ္ေဆြျဖစ္
သေဘာျဖင့္ အလားကားလိုခ်င္သည္တဲ့။

ကူးအေတြးကိုေဖ်ာက္လို႔ ရွယ္ယာရွင္တို႔ကို
ၾကည့္မိေတာ့ သူ႔ေျပာမည့္စကားကိုေစာင့္ေနတာ။

" သီးသန္႔ဆိုတာက ကြၽန္ေတာ္တို႔ကေပးလို႔မရပါဘူး၊ဒီဇိုင္းက ဥကၠဌကင္မ္ပိုင္သလို၊ဆြဲတဲ့ဒီဇိုင္နာရဲ႕
ခြင့္ျပဳခ်က္ရယ္၊သူ႔ကိုေပးရမည့္ feesသက္သက္
ဆိုရင္ေတာ့ ဆြဲတဲ့လူလည္းအလကားမျဖစ္လို႔
အဲ့နည္းလမ္းကအဆင္ေျပပါတယ္ "

" မိတ္ျဖစ္ေဆြျဖစ္ေတာင္ မရဘူးပဲ... "

ကူးေလးကပိုၿပဳံးကာေျပာေတာ့ ထိုအမ်ိဳးသမီးက
မ်က္ႏွာငယ္ျဖင့္ျပန္ေျပာသည္။ကူးကေတာ့
ေခါင္းခါျပၿပီး ျပန္ၿပဳံးျပေတာ့ သူမဘာမွျပန္
မေျပာႏိုင္ေတာ့ဘူး။

ကူးသိတာေပါ့။ကူးေလးအရင္က ကိုယ္စားလွယ္
လုပ္ရတုန္းကဆို ကင္မ္လုပ္ငန္းစုအျပင္၊
အစရွိသည့္mallတိုင္းကို အဝတ္အစားအထုတ္၊
ပိတ္ထည္အထုတ္ေတြ ေတာ္ေတာ္မ်ားပို႔ေပးၿပီး
စာရင္းလိုက္ယူရသည္။အဲ့တုန္းကဆို ဆိုင္တိုင္းက
ကူးကိုမိတ္ျဖစ္ေဆြျဖစ္အျဖစ္ အပိုေပးဖို႔ေတာင္
ေတာင္းဆိုၾကသည္။

အလိမၼယ္နည္းလမ္းျဖင့္ 'လူႀကီးမင္းတို႔မွာထားတဲ့
အေရအတြက္အတိုင္းပဲလာပို႔တာမို႔ ပိုမယူခ်င္ပါနဲ႔'
ဟုသာအၿမဲျငင္းခဲ့ရသည္။တစ္ခါတစ္ေလ ကိုယ့္
ကုမၸဏီရဲ႕ဥကၠဌက အပိုေပးလိုက္လို႔ေျပာေတာ့မွ
ပိုေပးတာမ်ားသည္။

" သူမ်ားအားနာစိတ္ျဖစ္ရေအာင္ မလုပ္သင့္ဘူး၊
အတြင္းေရးမႉးဂြၽန္ကို အားနာပါတယ္၊အကယ္လို႔
ဒီအေႏြးထည္အတြက္ အန္ကယ္ကကိုယ္တိုင္ဘဲ
ဥကၠဌရွိမွာခြင့္ေတာင္းၿပီး ဒီဇိုင္နာကိုပါfees
ေသခ်ာေပးၿပီး ယူပါ့မယ္... "

ထိုအမ်ိဳးသမီးရဲ႕ခင္ပြန္းက ကူးအခက္​ေတြ႕ေနရသည္ကိုသိလို႔ ဝင္ျဖန္ေျဖလာသည္။ကူးက ထိုစကားေၾကာင့္ေခါင္းၿငိမ့္ၿပဳံးျပရင္း...

" အဲ့လိုဆိုေတာ့ ကြၽန္ေတာ္ကအမ်ားႀကီးေက်းဇူး
တင္ပါတယ္၊အဆင္ေျပသြားတာေပါ့၊ဥကၠဌလာရင္
ေျပာလိုက္မွာမို႔ စိတ္မပူပါနဲ႔ေနာ္... "

" ေကာင္းပါၿပီ၊ဒါဆိုအန္ကယ္တို႔ကို ခြင့္ျပဳပါဦး "

ထိုလုပ္ငန္းရွင္အန္ကယ္က သူ႔ဇနီးလက္ကိုဆြဲလို႔
ထရပ္ေတာ့ ကူးကပါအလိုက္သိသည့္အေနျဖင့္
ႏႈတ္ဆက္သည္။သူ႔ဇနီးကေတာ့ကူးေလးကို
မၾကည္တၾကည္ၿပဳံးျပကာသူ႔ခင္ပြန္းလက္တို
ဆြဲလို႔ ထြက္သြားေတာ့သည္။

" ဟူး...ကိုယ္စားလွယ္လုပ္တုန္းကလည္း စကား
ေျပာထိန္းရတာ ပင္ပန္းတယ္၊ဟင္း..အခုလည္း
စကားေျပာေတြ ထိန္းရတာပင္ပန္းတယ္...အဲ့ဒီ
ကင္မ္ထယ္ေယာင္းလည္း အခုထက္ထိအလုပ္ကို
မလာႏိုင္ေသးဘူး၊ညက club,barေတြတက္ေနတာေနမယ္... "

ကူးေလးကဟိုလင္မယားထြက္သြားေတာ့မွ သက္ျပင္းရွည္ခ်ကာ ထယ္ေယာင္းကိုအတင္းတုတ္
ေနသည္။ဟိုကသူမွသူျဖစ္ေနတာမို႔ ေျခဆန္႔ဖို
မစဥ္းစားေနဘူး။

" ဟဲဟဲ...ဆရာ့အပိုင္ပင္ပန္းေနၿပီလား... "

" အာ...မပင္ပန္ပါဘူးေယာင္းဝူ၊ဒါေတြက.. "

ကူးအတင္းတုတ္ေနရင္း ေယာင္းဝူကလက္ထဲ
စားစရာအျပည့္ျဖင့္ေရာက္ခ်လာသည္။ကူးက
ေမးေတာ့ ေယာင္းဝူကရယ္ရင္း...

" ဆရာညက ေသာက္တာမ်ားသြားေတာ့ အိပ္လိုက္တာ မထႏိုင္ေတာ့ဘဲအိပ္ေနလို႔မနက္စာစားခ်ိန္
ေနာက္က်ေနလို႔ ဝယ္လာေပးတာ၊မဟုတ္ရင္ေတာ့
ကြၽန္ေတာ္က အေငါက္ခံရမွာ "

" အာ...ဟုတ္လား "

ကူးေလးကရယ္ရင္းေျပာေတာ့ ေယာင္းဝူက
လက္ထဲအိတ္ေတြဆြဲထားရင္း ရယ္ျပေလသည္။

" ဆရာ့အပိုင္...ဆရာ့အပိုင္ညကတြန္းလိုက္လို႔
ဆရာညကခါးနာသြားတာေလ၊အေတာ္နာေနတာ
ထင္တယ္၊ခါးကိုေတာင္ကိုင္ၿပီးထေနရတာ... "

" အို... "

ေယာင္းဝူးကမ်က္ႏွာငယ္ေလးျဖင့္ ပိုပိုသာသာ
ေျပာလိုက္ေတာ့ ကူးေလးမွာညကသူတြန္းလိုက္
တာေၾကာင့္ ကင္မ္ထယ္ေယာင္းခါးနာသြားတာကို
ေတြးမိရင္း စိတ္မေကာင္းျဖစ္မိသြားသည္။

ဒါေၾကာင့္ပင္ ကူးေလးကလက္ထဲစာရင္းစာအုပ္
ေတြထပ္သိမ္းလိုက္ရင္း စကားဆိုသည္။

" ေယာင္းဝူေလး...ခါးကပ္ပလာစတာေလး ႏွစ္ခုေလာက္ဝယ္လာခဲ့ေပးပါလား၊ၿပီးေတာ့ လက္ထဲက
အထုတ္ေတြအစ္ကို႔ကိုေပးလိုက္ပါ၊တစ္ခါတည္း
အခန္းထဲယူသြားေပးမယ္ "

ေယာင္းဝူခ်က္ခ်င္းပင္ မ်က္ႏွာမွာအၿပဳံးေတြ
မသတ္ႏိုင္ေအာင္ျဖစ္သြားခဲ့သည္။ဆရာ့နဲ႔သူ႔အပိုင္
အတြက္ သူကိုယ္တိုင္ကလမ္းေဖာက္ေနသည္မို႔
ဆရာ့အပိုင္ကေတာ့ ထိုအကြက္ထဲလွလွခ်ည္း
ဝင္သြားေတာ့၏။

" ရပါတယ္၊ကြၽန္ေတာ္ ဝင္ထားေပးခဲ့မယ္၊ဒီ
အထုတ္ေတြကလက္ေတြနာမယ္၊ကြၽန္ေတာ္ကပဲ
သြားထားလိုက္မယ္၊ႀကဳံတုန္းလက္ထဲကစာရင္း
ေတြပါေပးသြားလိုက္ေနာ္... "

ေယာင္းဝူကေျပာရင္း ကူးလက္ထဲကစာရင္းေတြ
ပါသယ္ယူသြားၿပီး ထယ္ေယာင္းရဲ႕အခန္းထဲသို႔
ဝင္သြားေတာ့သည္။သည္ေတာ့မွကူးေလးလည္း
စဥ္းစားမိတာတစ္ခုရွိလို႔ တစ္ေနရာဘက္သို႔
ထြက္လာခဲ့သည္။

- - - - -

" ဟင္း...ေသာက္ထားတဲ့သူဆိုေတာ့ လန္းဆန္းေအာင္ ပ်ားသံပရာေဖ်ာ္ရမယ္ထင္တယ္ "

ကူးေကာ္ဖီေတြေဖ်ာ္သည့္အခန္းသို႔ ေရာက္လာ
ခဲ့ေလသည္။သူတို႔လည္းအရင္က ေကာ္ဖီေဖ်ာ္ဖို႔
ဒီေနရာကိုလာရင္း ဂယူကလန္းဆန္းေအာင္
ပ်ားရည္သံပရာေသာက္တက္တာမို႔သူေဖ်ာ္ေပး
ေနၾကျဖစ္လို႔ ပ်ားရည္ရွိေနတာကူးသိသည္။

ဖန္ခြက္ထဲေရအနည္းငယ္ထည့္လိုက္ၿပီး
အဆင္သင့္ရွိေနသည့္ သံပရာသီးတစ္လုံးကို
ဓါးျဖင့္လွီျခမ္းလိုက္ၿပီး အစိတ္စိတ္ေလးေတြ
ပိုလွီးလိုက္သည္။ၿပီးေနာက္ေတာ့ ေကာ္ဖီထုတ္
ေတြတင္ထားသည့္ ဗီ႐ိုစင္ေပၚမွာပ်ားရည္ပုလင္း
ဗူးေလးရွိေနသည္။

ထိုပ်ားရည္ပုလင္းကိုယူၿပီး ႏွစ္ဇြန္းမွ်ထည့္လိုက္သည္။ၿပီးေတာ့မွေဘးမွာအသင့္ရွိသည့္ သံပရာသီးစိတ္ေတြကို ႏွစ္စိတ္ေလာက္ညႇစ္ထည့္လိုက္ၿပီး
သၾကားတစ္ဇြန္းထည့္ကာ ေမႊေနလိုက္သည္။

အရသာကသူေဖ်ာ္ေနၾကအတိုင္းမို႔ မျမည္းဘဲ
ထိုေနရာကိုျပန္သန္႔ရွင္းရင္း ဖန္ခြက္ေအာက္မွာ
ခံထို႔ဖန္ျပားေရာ၊ေကာ္ဗန္းျပားေလးအေပၚတင္
ၿပီးေဘးနားမွာ သံပရာစိတ္ေလးအနည္းငယ္
ထည့္ၿပီး ဥကၠဌအခန္းဘက္သို႔ျပန္လာသည္။

" သူအခုထိမေရာက္ေသးဘူးပဲ... အင့္...
ကင္မ္ထယ္ေယာင္း... "

ကူးေလးက သူ႔ကိုယ္တိုင္လုပ္ထားသည့္
ပ်ားသံပရာေဖ်ာ္ရည္ကို ထယ္ေယာင္းရဲ႕စားပြဲမွာ
တင္လိုက္တုန္းရွိေသး စားပြဲေအာက္ကေနထြက္
လာတာမို႔ ကူးေလးကထယ္ေယာင္းရဲ႕ခုံေပၚသို႔
လန္႔ကာထိုင္ခ်မိသြားသည္။

" ကိုကိုအလွေလး ဘယ္သြားေနတာလဲဗ်ာ၊ေမာင္
လိုက္ရွာေနတာ ေနရာႏွံ႔ေနၿပီ၊ဟိုေကာင့္ကိုလည္း
ေမးၾကည့္ေတာ့ အခန္းထဲမွာရွိေနတယ္တဲ့ "

" သိပါၿပီ၊ဒါေပမယ့္..ငါ့ကိုတအားႀကီး
မဖက္ထားနဲ႔ေလ... "

ထယ္ေယာင္းက ကူးေလးကိုေတြ႕ေရာခါးကေန
ဖက္လို႔ ကူးေလးရဲ႕ဗိုက္နားမ်က္ႏွာအပ္ကာျဖင့္
ကေလးတစ္ေယာက္လို ခြၽဲေနေလသည္။ကူးမွာ
အေနရခက္သည္မို႔ ႐ုန္းေနတာ။ဒါေတာင္တင္း
ၾကပ္ေနေအာင္ဖက္ထားတာျဖစ္သည္။

" ဘယ္ေတြသြားေနတာလဲကြာ... "

ထယ္ေယာင္းက ကူးလက္ေလးကိုယူလိုက္ရင္း
သူ႔ပါးျပင္ထက္အပ္ကာ ေမးလိုက္ေလသည္။

" မင္းအတြက္ ပ်ားသံပရာေဖ်ာ္ေပးတာ၊ဒါက
ေသာက္ထားတဲ့သူေတြအတြက္ ေခါင္းအုံတာဆို
သက္သာေစတယ္... "

ကူးေလးအေျပာေၾကာင့္ ထယ္ေယာင္းၿပဳံးလိုက္
ကာ သူ႔ခုံေပၚကပ်ားသံပရာရည္ခြက္ကိုလွည့္ၾကည့္
မိလိုက္ေလ၏။ထယ္ေယာင္းအၿပဳံးေတြမပ်က္ႏိုင္
ေတာ့ဘူး။သူ႔အတြက္ ပထမဆုံးကိုကိုအလွေလး
လုပ္ေပးသည့္ မနက္ခင္းအားေဆးကိုေသာက္ရ
ေတာ့မွာျဖစ္သည္။

" ခ်စ္တယ္၊ေမာင္...ကိုကိုအလွေလးကိုအရမ္း
ခ်စ္တာပဲ၊ေမာင့္ကို ဒီလိုေဖ်ာ္ေပးတဲ့အတြက္
ေမာင္ေက်းဇူးတင္ပါတယ္ဗ်ာ... "

ထယ္ေယာင္းက ဒူးေထာင္လိုက္သည္မို႔နဂိုက
သူ႔အရပ္ကလည္းရွည္ေနတာမို႔ ကူးေလးရဲ႕ႏႈတ္
ခမ္းထက္အနည္းငယ္ျမင့္သြားေပမဲ့ ျပန္ငုံ႔နမ္း၏။
ခပ္ဖြဖြျမန္ျမန္ေလးနမ္းတာမို႔ ကူးေလးမေရွာင္မိ
လိုက္ဘူး။

ေဒါက္!

" အဟမ္း...ဆရာ..နည္းနည္းေလာက္ေလး မနက္စာစားဖို႔ၾကည့္ပါဦး၊မၾကာခင္ေန႔လည္စာအတြက္
ေရာက္ေတာ့မယ္၊အခုေတာ့အရင္မနက္စာေလး
စားပါဦး... "

" ဟာ...ဒီေကာင္! "

ထယ္ေယာင္းကနမ္းေနတုန္းရွိေသး ေယာင္းဝူက
အခန္းထဲဝင္လာၿပီးမွ ပိတ္ထားသည့္တံခါးကို
လွမ္းေခါက္ကာ သူတို႔ကိုအသံေပးသည္။
ထယ္ေယာင္းေဒါသထြက္လို႔ လွမ္းဆဲမိ႐ုံ႔ပဲ။

" ဆရာ့အပိုင္...ေတာင္းထားတာေလးယူပါဦး "

ကူးေလးရွက္သြားပါသည္။ေယာင္းဝူကို သူ႔နာမည္
ကိစၥေၾကာင့္ ေျပာဖို႔ကိုခုနကသူ႔ဆရာအေၾကာင္းမို႔
မေျပာေနေတာ့ဘဲ သူမသိလို႔ေခၚတာျဖစ္မည္ဆို
ရင္းေနတာ။ဒါကိုေယာင္းဝူကဆက္ေခၚေနလို႔
အရွက္ပိုတိုးသည္။

ထယ္ေယာင္းကေတာ့ ကူးေပးထားသည့္
ပ်ားသံပရာရည္ကိုတစ္ခ်ိဳင့္ထဲ ေမာ့ေသာက္ရင္း
ခုံေပၚျပန္ထိုင္သည္။

" အာ...ေက်းဇူးပါ... "

ကူးေလးက ထိုင္ခုံကေနထလိုက္သလို
ထယ္ေယာင္းလည္း ဒူးေထာက္ထားရာကေန
ထရပ္လိုက္သည္။ကူးေလးက ေယာင္းဝူရဲ႕
လက္ထဲက ခါးကပ္ပလာစတာကိုယူလိုက္၏။

" ေယာင္းဝူ...ေန႔လယ္စာကိုဒီမွာပဲစီစဥ္ေပးေတာ့၊
ေန႔လယ္စာကို ငါတို႔ဒီမွာစားမယ္၊ေကာင္းတာေတြ
စီစဥ္ထားလိုက္...အခုေတာ့သြားေတာ့! "

" ဟုတ္ကဲ့ ဆရာ၊ကြၽန္ေတာ္ စီစဥ္ေပးပါ့မယ္၊
ဆရာ့အပိုင္...သြားၿပီေနာ္ဗ်... "

ထယ္ေယာင္းက ေယာင္းဝူကိုမွာစရာရွိတာေတြ
မွာေနေလသည္။ေယာင္းဝူမွာ သူ႔ဆရာစကားကို
တေသြမသိမ္းနားေထာင္လို႔ ကူးေလးကိုေတာင္
အစစ္ႏႈတ္ဆက္သြားေသးသည္။

ကူးေလးမွာ သူ႔ကိုထိုနာမည္ကိုသာထပ္ေခၚလို႔
ရွက္ကာျဖင့္ မတက္သာဘဲေခါင္းၿငိမ့္ျပလိုက္၏။

" ကိုကိုအလွေလး...ေမာင့္အခ်ိန္ဇယားေလးေတြ
ေျပာေပးပါဦး၊ဒါနဲ႔ကိုကိုအလွေလးရဲ႕ မနက္က
အလုပ္အေတြ႕အႀကဳံေလးေျပာပါဦး... "

ထယ္ေယာင္းက သူ႔အေပၚကုတ္ကိုခြၽတ္လိုက္ရင္း
နက္ကတိုင္ကိုပါ ခြၽတ္ခ်လိုက္ေတာ့ကူးက အမ်က္
ျမည္သည့္မ်က္ဝန္းတို႔ျဖင့္ၾကည့္သည္။

" ေနပါဦး၊ကင္မ္ထယ္ေယာင္း!အခုမွမနက္ပိုင္းပဲ
ရွိေသးတယ္၊နက္ကတိုင္ကိုမခြၽတ္နဲ႔ေလ... "

ကူးေလးက ခါးကပ္ပလာစတာကိုခုံေပၚခ်ရင္းထယ္ေယာင္းအနားလာကာ နက္ကတိုင္ကိုျပန္ဝတ္
ေပးလိုက္ေတာ့ ခ်က္ခ်င္းကိုၿငိမ္ၾကသြားသည္။
ကူးကနက္ကတိုင္ကို ေသခ်ာျပင္ဝတ္ေပးရင္းျဖင့္
ထယ္ေယာင္းက သေဘာက်စြာၿငိမ္ၾကည့္ေန၏။

ထယ္ေယာင္းသိသည္။ကိုကိုအလွေလးရဲ႕စိတ္က
သပ္သပ္ရပ္ရပ္ေနေစခ်င္တာ။ဒါကိုသိလို႔ သူက
ထိုကဲ့သို႔ ျပဳမူလိုက္ရျခင္းျဖစ္ပါသည္။

" ေမာင္က စိတ္က်ဥ္းၾကပ္ရင္မေနတက္ဘူး "

ထယ္ေယာင္းက ခ်က္ခ်င္းဆိုသလိုက်ားေပါက္
ေလးအသြင္ေျပာင္းသြားကာ ကူးေလးကိုေမာ့
ၾကည့္လို႔ေျပာသည္။ကူးကေတာ့ မ်က္ေစာင္းလွလွ
ေလးထိုးလိုက္ရင္း နက္ကတိုင္ကိုခပ္ေလ်ာေလ်ာ
ေလးဝတ္ေပးသည္။

" ဂယူဆို မနက္ေစာေစာသူစိတ္က်ဥ္းၾကပ္လို႔
ခြၽတ္ခ်င္ရင္ေတာင္ ငါ့မ်က္ႏွာၾကည့္ၿပီၿငိမ္တယ္၊
သူက မင္းလိုမဆိုးဘူး ကင္မ္ထယ္ေယာင္း... "

ကူးေလးရဲ႕စကားေၾကာင့္ ထယ္ေယာင္းရဲၿပဳံးရိပ္
သန္းေနသည့္ ႏႈတ္ခမ္းေတာင္မဲ့က်သြားသည္။
ခ်က္ခ်င္းဆိုသလိုေဒါသက ထိန္းမႏိုင္ဘဲျဖစ္ကာ
အသက္ကိုျပင္းျပင္းရႈရင္း....

" ကိုကိုအလွေလး...ေမာင္တို႔ႏွစ္ေယာက္ထည္းရွိ
ေနခ်ိန္ဆို အဲ့လူအေၾကာင္းကိုမေျပာပါနဲ႔လား၊
ကိုကိုအလွေလးကသာ ၿပဳံးရင္းေျပာျပေနေပမဲ့
ေမာင့္ရင္ထဲဘယ္ေလာက္ခံစားရလဲသိလား၊
ေမာင္နာက်င္တာကိုေရာ သိတာမလို႔လားကြာ "

ကူးေလး ထယ္ေယာင္းကိုအားနာမိသြားသည္။
ထယ္ေယာင္းကသူ႔ကိုခ်စ္ေနတဲ့သူမို႔ သူ႔ေရွ႕မွာမွ
ဂယူ႔အေၾကာင္းေျပာမိသြားသည္။သူကအားနာလို႔
ရွိေသး ထယ္ေယာင္းကသူ႔ခါးကိုျပန္ထိန္းၿပီး
မနက္စာစားဖို႔ ထသြားသည္။

" ကင္မ္ထယ္ေယာင္း... "

ကူးေလးက ထယ္ေယာင္းရဲ႕ခါးနာတာကိုသတိရ
သြားသည္ျဖင့္ စားပြဲေပၚကခါးကပ္ပလာစတာကို
အေျပးယူကာ ေခၚလိုက္သည္။

" အင္း... "

ထယ္ေယာင္းက စိတ္မေက်မနပ္ျဖစ္သြားတာမို႔
ခပ္ျပတ္ျပတ္ထူးလိုက္သည္။သို႔ေပမဲ့ သူထိုင္တဲ့
အနားကိုေရာက္လာသည့္ ကိုကိုအလွေလးက
သူ႔ေရွ႕ကို ခါးကပ္ပလာစတာႏွစ္ခုေပးသည္။

" ငါေတာင္းပန္ပါတယ္ ကင္မ္ထယ္ေယာင္း၊ငါက
မွားသြားတာပါ၊ၿပီးေတာ့ မင္းကလည္းခ်စ္ေနတဲ့
သူမို႔နာက်င္ရမယ္ဆိုတာ ငါနားလည္ပါတယ္၊
ေရာ့...ခါးကပ္ပလာစတာေလးကပ္လိုက္ေနာ္ "

ကူးေလးက ထယ္ေယာင္းေရွ႕ခါးကပ္ပလာစတာ
ေပးလိုက္သည္။ထယ္ေယာင္းက ထိုပလာစတာကို
ၾကည့္ရင္း ေျပာသည္။

" ေမာင္က ဘယ္လိုကပ္ရမွာလဲ၊ေနာက္ေက်ာကို
လက္ေျပာင္းျပန္ႀကီး လက္လိမ္ၿပီးကပ္ရမွာလား၊
ဒီဒါဏ္ရာက ကိုကိုအလွေလးေၾကာင့္ျဖစ္လို႔ ကိုယ္
တိုင္ကပ္ေပးရမယ္... "

" အင္းပါ၊ကပ္ေပးပါ့မယ္၊ဒါျဖင့္...ေန႔လယ္စာ
စားၿပီးရင္ မင္းရဲ႕အခ်ိန္ကရွယ္ယာရွင္ေတြနဲ႔
အစည္းေဝးမရွိဘူး၊ဒါေပမဲ့ mallလိုက္စစ္ရမယ္၊
ၿပီးရင္ ဒီဇိုင္းဌာနကသူေတြကိုအစည္းေဝးသေဘာ
မ်ိဳး ဒီဇိုင္းအသစ္ေတြအတြက္ေဆြးေႏႊးရမယ္... "

ကူးေလးက သူကပ္ေပးမယ္ဟုေျပာရင္း အလုပ္အေၾကာင္းပါေျပာသြားေတာ့ ထယ္ေယာင္းက
စားေနသည့္စားလက္စကိုရပ္ကာ ထလိုက္သည္။

" ေမာင္သိၿပီ၊အခန္းထဲလိုက္ခဲ့ေတာ့... "

ထယ္ေယာင္းကထရပ္လိုက္ရင္း ကူးေလးကိုလက္
ကေနဆြဲေခၚကာ သူ႔႐ုံးခန္းထဲကအခန္းတစ္ခုထဲ
ေခၚသြားသည္။ထိုအခန္းက ထယ္ေယာင္းရဲ႕
နားေနခန္းလိုပါပဲ။ပင္ပန္းေနလို႔အနားယူခ်င္ရင္
ဝင္အိပ္႐ုံပဲ။ထယ္ေယာင္း အခန္းတံခါးကိုေတာ့
ပိတ္မေနေတာ့ဘူး။

" ပလာစတာကပ္ဖို႔ကို အဲ့ေလာက္ထိလိုလို႔လား၊
အျပင္မွာကပ္လည္းရတာပဲကို... "

ကူးေလးက ထယ္ေယာင္းအခန္းကိုေဝ့ဝိုက္ၾကည့္ရင္းျဖင့္ေျပာသည္။ထယ္ေယာင္းက ေျပာေနတာ
ကိုဂ႐ုမစိုက္ရင္းျဖင့္ နက္ကတိုင္ကိုျပန္ခြၽတ္ရင္း
သူ႔အေပၚရွပ္အနက္ကိုပါ ခြၽတ္ခ်လိုက္ေတာ့
အေပၚပိုင္းဗလာေၾကာင့္ ကူးေလးတစ္ဖက္သို႔
လွည့္လိုက္မိသည္။

ထယ္ေယာင္းက အၿမဲတမ္းလိုလိုအားကစားလိုက္
စားသူျဖစ္တာမို႔ မို႔ေမာက္ေနတဲ့ရင္အုပ္ႀကီးရယ္၊
ထြားသင့္သေလာက္ထြားသည့္ လက္ေမာင္းနဲ႔
ထယ္ေယာင္းရဲ႕ခႏၶာကိုယ္အခ်ိဳးအစားေရာ
ေပၚေနသည့္ six packလိုင္းေတြကအေတာ့္ကို
ခပ္မိုက္မိုက္။

" ေမာင္တအားမိုက္ေနလို႔ ၾကည့္တာမလား၊မပူနဲ႔၊
ေမာင္က ကိုကို႔အပိုင္ဗ်... "

ထယ္ေယာင္းကရယ္ရင္းေျပာၿပီး အိပ္ယာေပၚ
ေမွာက္အိပ္လိုက္သည္။ကူးကေတာ့ သူ႔ကိုေျပာ
သြားတဲ့ထယ္ေယာင္းရဲ႕စကားေၾကာင့္ပင္
မ်က္ေစာင္းလွလွေလးထိုးလိုက္ကာ သူလည္း
ဖိနပ္်ခြၽတ္လို႔အိပ္ယာေပၚကေဘးေထာင့္နားမွာထိုင္လိုက္ၿပီး ခါးကပ္ပလာစတာထုပ္ကို
ေဖာက္ေနသည္။ၿပီးေနာက္မွ ထယ္ေယာင္းနာေန
သည့္ေနရာကို လိုက္စမ္းၾကည့္သည္။

" အာ့!...အဲ့ခါးနားနာေနတာ... "

ကူးကခါးဆုံနားကိုထိမိေတာ့ နာက်င္စြာေအာ္လိုက္
သည့္ထယ္ေယာင္းရဲ႕အသံေၾကာင့္ ကူးေလးမွာ
ပိုအားနာသြားသည္။ေသခ်ာၾကည့္ေတာ့မွ
အဲ့ေနရာကနည္းနည္းေယာင္ေနတာျဖစ္သည္။

" ေတာင္းပန္ပါတယ္၊အရမ္းနာသြားမွာပဲ...
တကယ္ဆိုမင္းလည္း မင္းအသားကိုနာေအာင္
လုပ္လို႔၊ငါ့ကိုနာေအာင္ ျပန္လုပ္သင့္တာ "

ကူးေလးက ပလာစတာကပ္ခြာကိုေသခ်ာခြာရင္း
ေျပာသည္။ထယ္ေယာင္းက ေမွာက္အိပ္ေနရင္းမွ
ရယ္လိုက္ကာ...

" လက္ထပ္ၿပီးရင္ေတာ့ ေမာင္ကနာေအာင္အႀကိမ္
ေပါင္းလုပ္မိမယ္ထင္တယ္ဗ်ာ.... "

" ဘာစကားေျပာတာလဲ၊ေက်ာျပင္က္ိုထိုးခ်လိုက္
မွာေနာ္၊မ်က္ႏွာေျပာင္မေနဘဲ ၿငိမ္ၿငိမ္ေန... "

ကူးေလးက ကပ္ခြာကပ္ေပးရင္းေျပာေတာ့
ထယ္ေယာင္းၿငိမ္ၾကသြားသည္။အဲ့လိုပါဘဲ
ထယ္ေယာင္းက အဖိုး၊မိဘေတြနဲ႔အေဒၚ၊
က်န္တဲ့သူ႔သူငယ္ခ်င္းေတြေျပာတာေတာင္
လက္မခံရင္သာေနပါေစ သူခ်စ္တဲ့သူနဲ႔ဆို
ၿငိမ္ၾကသြားပါသည္။

ကူးေလး ထယ္ေယာင္းၿငိမ္ၾကသြားပုံၾကည့္ကာ
ၿပဳံးမိပါသည္။ဆိုးသာဆိုးတက္တာ။ဒီလိုဆူရင္
အလိုလိုၿငိမ္က်သြားေသးတာ။

" ကင္မ္ထယ္ေယာင္း...မင္းဒီလိုနားခ်င္ေသးရင္
နားလိုက္ေနာ္၊ငါစာရင္းလုပ္စရာေလးေတြရွိတယ္၊
စားစရာေတြသိမ္း-- ကင္မ္ထယ္ေယာင္း!!! "

" ေမာင္နဲ႔တစ္ခါေလာက္ ဖက္အိပ္ရေအာင္...
အား...ကိုယ္လုံးေလးကေသးေသးေလးကြာ... "

ထယ္ေယာင္းက ထသြားေတာ့မည့္ကူးရဲ႕လက္ကို
အျမန္ဆြဲလိုက္ေတာ့ ကူးကသူ႔ေဘးျပန္ေရာက္လာၿပီးလဲက်သြားသည္။ဒါကိုထယ္ေယာင္းက ကိုယ္ေသးေသးေလးကိုဖက္လိုက္ရင္း ရင္ခြင္ထဲထည့္
ထားလိုက္သည္။

ခါးသာနာေနတာ အသားက်ေတာ့ရွယ္ယူတက္တဲ့
သူမ်ိဳးက ကင္မ္ထယ္ေယာင္းသာျဖစ္သည္။
ကူးကေတာ့ ႐ုန္းေပမဲ့သူ႔ကိုယ္တစ္ခုလုံးကို
သိမ္းႀကဳံးဖက္ယူရင္း ကူးေလးရဲ႕ေက်ာျပင္ကို
သူ႔ဗလာက်င္းေနတဲ့ရင္ခြင္ထဲထည့္ကာ ခါးကို
ဖက္ထားသည္။

" ေမာင္ ခင္ဗ်ားေလးကိုသိပ္ခ်စ္တယ္...ေမာင့္ရဲ႕
ပထမဆုံးခ်စ္ဖူးတဲ့သူက ခင္ဗ်ားေလးျဖစ္သလို၊
ေမာင့္ရဲ႕အခ်စ္ဦး၊ေမာင္ရဲ႕တစ္ဘဝလုံးက
ကင္မ္ထယ္ေယာင္းရဲ႕ကင္မ္ေဂ်ာင္ဂုအတြက္.. "

ထယ္ေယာင္း သူ႔ကိုကိုအလွေလးကိုသူ႔ခ်စ္ေၾကာင္းေတြကို ထုတ္ေဖာ္ျပသပါေသးသည္။
လက္ေတြ႕လည္းျပသလို၊ႏႈတ္နဲ႔ပါျပသည္။
သူေတြးသည္က ကိုကိုအလွေလးသာသူ႔ကို
စိတ္ယိုင္လာရင္ေကာင္းမည္ဟူ၍သာ။

" ငါထေတာ့မယ္လို႔ ကင္မ္ထယ္ေယာင္း... "

သူ႔အေျပာကိုဂ႐ုမစိုက္သည့္အျပင္ ခါးေသးအား
ပိုတင္းၾကပ္ေအာင္ဖက္ကာ ကူးေလးရဲ႕ဂုတ္ကို
ခပ္ဖြဖြနမ္းလိုက္ၿပီးအိပ္သြားသည္။ဒါေတာင္
ခါးေသးေလးကိုဖက္ထားသည့္လက္ေတြက
နည္းနည္းေလးေတာ့မွ မေလ်ာ့သြားဘူး။

ကူးလည္း႐ုန္းမရမဲ့အတူတူ ခဏေလာက္ေတာ့
သည္းခံၿပီးေနရင္းမွ ရင္ခြင္ေႏြးေႏြးေၾကာင့္
ကူးေလးပါအိပ္ေပ်ာ္သြားေတာ့သည္။

- - - - -

ေယာင္းဝူ အခန္းသီးသန္႔မွာအလုပ္လုပ္ေနရင္းမွ
ေအာက္ကလုံၿခဳံေရးတစ္ေယာက္က ဥကၠဌႀကီး
လာသည္ဟုေျပာေရာ ေယာင္းဝူမွာကုတ္ျပန္ဝတ္
ကာ ေအာက္ကိုျပန္ဆင္းလာရသည္။

ေျမညီထပ္ကိုေရာက္ေတာ့ ဥကၠဌႀကီးကတစ္ဦး
ထည္းလာတာသာျဖစ္သည္။ဝန္ထမ္းေတြကသိလို႔
ႏႈတ္ဆက္ေနၾကရင္း ေယာင္းဝူကဆံပင္ေတြပါ
ေသခ်ာျပင္လိုက္ၿပီး အနားအျမန္ေျပးရသည္။

" ဥကၠဌႀကီး၊ဘယ္ကေနဘယ္လိုေရာက္လာ
တာလဲခင္ဗ်... "

ေယာင္းဝူကေမးသည္ကို ဥကၠဌႀကီးကင္မ္က
မ်က္ေမွာင္ႀကဳံ႕ကာၾကည့္လိုက္ရင္းေျပာသည္။

" ငါ့ပိုင္တဲ့ကုမၸဏီေတာင္ ငါလာခ်င္တဲ့အခ်ိန္လာ
လို႔မရဘူးလား၊ငါျဖတ္႐ိုက္လိုက္ရ... "

" အခုကဆရာ့ ကုမၸဏီျဖစ္ေနၿပီေလဗ်ာ၊ဒီေတာ့
ျပန္ယူဖို႔မ်ားလာတာလားလို႔ ေမးၾကည့္တာပါ "

ေယာင္းဝူက ခပ္ေနာက္ေနာက္ဆိုလိုက္ေတာ့
ကင္မ္ထယ္ေဆာင္းက ေခါင္းကို႐ိုက္လိုက္သည္။
တကယ္သားအဖႏွစ္ေယာက္ ေယာင္းဝူကိုဆို
ရွယ္အႏိုင္က်င့္တာ။

" ဥကၠဌကေတာ္နဲ႔တိုင္မယ္ဗ်ာ၊ကြၽန္ေတာ့္ကို
အႏိုင္က်င့္ေနတာ သားအဖႏွစ္ေယာက္လုံးက "

ေယာင္းဝူကငိုမဲ့မဲ့လုပ္ကာေျပာေတာ့
ကင္မ္ထယ္ေဆာင္းက ေရွ႕ကေနထြက္သည္။
ၿပီးေနာက္ ဓါတ္ေလွကားအတူစီးရင္းသူ႔သားရွိတဲ့
အခန္းကိုလာရန္သာျဖစ္သည္။

" ကုမၸဏီအေျခအေနဘယ္လိုရွိလဲ၊မင္းဆရာေရာ
ခန္႔ေပးထားတဲ့ အတြင္းေရးမႉးနဲအဆင္ေျပလား "

ထယ္ေယာင္းအလုပ္စစဝင္ခ်င္းမွာ သူ႔အေဖအရင္
ခန္႔ထားေပးသည့္ အတြင္းေရးမႉးမေလးက ထယ္ေယာင္းနဲ႔အဆင္မေျပတာမို႔ ထုတ္လိုက္ရသည္။

" မေျပပါဘူးဗ်၊အဲ့အတြင္းေရးမႉးက ဆရာbar
သြားတုန္းက သူ႔ကိုအီစီကလီလာလုပ္တဲသူျဖစ္
ေနလို႔ ထုတ္လိုက္တာ၊ဆရာကေျပာပါေသးတယ္၊
ဒယ္ဒီက အလုပ္တြက္လူေခၚတာညံ့တယ္ဆိုၿပီး
ေျပာေနေသးတာ... "

ေယာင္းဝူကရယ္ရင္းေျပာေတာ့ ဥကၠဌႀကီးက
သူ႔သားအေၾကာင္းနားေထာင္ရင္း ျပန္ေျပာသည္။

" ဒါနဲ႔ပဲကိုကိုအလွေလးဆိုတဲ့ သူ႔ဟာေလးကို
မရရေအာင္ အတြင္းေရးမႉးအတြက္ခန္႔လိုက္တယ္
ဆိုပါေတာ့ကြာ... "

ေယာင္းဝူကေတာင္ မေျပာရေသးဘဲဆရာ့အေဖက
ေျပာလာသည္မို႔ အံ့အားသင့္သြားသည္။
ဥကၠဌႀကီးက သူသိေနပါသည္ဆိုသည့္အထာျဖင့္
ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ ရယ္ေနေလသည။

" ဥကၠဌႀကီးက ဘယ္လိုသိေနတာလဲ... "

" ဒယ္ဒီက သူ႔ေျမးေျခၿငိမ္ေနတယ္ေျပာလို႔ သူပါစုံစမ္းရင္း၊ငါပါစုံစမ္းရင္း သိလာတာပါပဲ၊ဟင္း..
ေကာင္ေလးက တြဲေနတဲ့သူရွိတယ္ၾကားတယ္ "

ဥကၠဌႀကီးက သူ႔သားအေၾကာင္းကိုေသခ်ာစြာ
စုံစမ္းထားပုံရသည္။အတိအက်ကိုပင္ေသခ်ာ
စုံစမ္းထားတာမို႔ တစ္ပုံစံထည္းသာျဖစ္သည္။
ဒါေတာင္အဖိုးျဖစ္သူပါ ေျမးအေၾကာင္းသိခ်င္လို႔
စုံစမ္းထားသည္။

" ဟုတ္တယ္၊ေနာက္ေတာ့လည္း ဆရာနဲ႔ျဖစ္သြား
မွာပါ၊တအားႀကီးစိတ္မပူပါနဲ႔၊ဆရာ့သူငယ္ခ်င္း
ေတြဆိုလည္း ဆရာ့ကိုဝိုင္းေျမာက္ေပးၾကတာ၊
အဆင္ေျပပါတယ္ဗ်ာ... "

ေယာင္းဝူက သူ႔ဆရာ၏ပုံစံကိုသိတာမို႔ေျပာသည္။
ထယ္ေယာင္းရဲ႕အေဖက သူ႔သားအေၾကာင္းကိုသိလို႔တားခိုင္းတာကိုေတာင္ သူတို႔ကေတာင္ ေျမာက္ေပးေနၾကသည္တဲ့။အရမ္းကိုခ်စ္ေနၾကတာ။

" ဪ...ငါတို႔ကငါ့သားတဇြတ္ထိုးလုပ္မွာဆိုးလို႔
မင္းကိုတားခိုင္းေနတာကို မင္းတို႔ကပါေျမာက္ေပး
ေနတာတဲ့လား၊ေနပါဦးကြာ..ဒီေကာင့္ကိုသူ႔အေမနဲ႔
တိုင္ရမယ္၊သူကသူ႔အေမေလာက္ဆိုရတယ္... "

" ဟုတ္မွသာလုပ္ပါ၊ဟိုဆရာ့အပိုင္က ဥကၠဌႀကီးနဲ႔
ဥကၠဌကေတာ္လိုပဲ၊ဥကၠဌကေတာ္က ဥကၠဌႀကီးကို
ကင္မ္ထယ္ေဆာင္းဆိုတာနဲ႔ဆရာ့အပိုင္ကလည္း
ဆရာ့ကိုကင္မ္ထယ္ေယာင္းဆိုတာနဲ႔ ဆရာ့မွာၿငိမ္ေနေရာပဲ... "

ေယာင္းဝူစကားေၾကာင့္ ကင္မ္ထယ္ေဆာင္းက
မ်က္ခုံးတို႔ပင့္တင္မိသည္။ကင္မ္ထယ္ေယာင္းတို႔
ဆိုးတယ္ထင္မိတာ သူ႔ဟာေလးနဲ႔ၾကေတာ့ၿငိမ္ကုတ္ေနတက္တဲ့က်ားေပါက္ပဲ။

" အိမ္မွာေတာ့က်ားဘုရင္၊သူ႔ခ်စ္ရတဲ့သူနဲၾက
က်ားေပါက္ေလးျဖစ္သြားတာပဲ၊တကယ္...
ကင္မ္ထယ္ေဆာင္းရဲ႕သားပီသပါတယ္ "

သည္လိုနဲ႔သူတို႔စကားဆက္ေျပာရင္း ထိပ္ဆုံးထပ္
သို႔ေရာက္လာခဲ့ၾကသည္။သူ႔သား႐ုံးခန္းနားကို
ေရာက္ဖို႔မလိုေပမဲ့ လမ္းေအးေဆးေလွ်ာက္ကာ
စကားေျပာၾကသည္။

" အဲ့အတြင္းေရးမႉးေလးက အလုပ္လုပ္တာအဆင္
ေျပေနၾကလား.... "

" အဆင္ေျပတာေပါ့၊အခုေတာင္အခန္းေရွ႕ေရာက္
ၿပီ၊ဆရာ့ကိုၾကည့္လိုက္၊သူ႔ဟာေလးကိုၾကည့္ၿပီး
အလုပ္လုပ္ေနမွာ..... "

ေယာင္းဝူကေျပာရင္း အခန္းေရွ႕ေရာက္ေနၿပီမို႔
တံခါးေခါက္ၾကည့္သည္။အေဖေတာင္တံခါး
ေခါက္ၿပီးမွဝင္ရသည္အထိ မင္ေယာင္းဝူက
တပည့္ေကာင္းပီသသည္။

ေဒါက္! ေဒါက္!

" ဆရာ...ဥကၠဌႀကီး​ေရာက္လာပါတယ္... "

ထယ္ေယာင္းအခန္းကို ေယာင္းဝူကတံခါးေခါက္
ေသာ္လည္း ဆရာအျပင္ထြက္ရင္ေတာင္ဆရာ့
အပိုင္ကလာေရာက္ ဖြင့္ေပးလို႔ရတာျဖစ္သည္။
အခုေတာ့ ႏွစ္ေယာက္လုံးမရွိတာမ်ားလား။

" ငါ့သူ႔အေဖပဲ..ဝင္သြားလိုက္ေတာ့မယ္... "

ေယာင္းဝူကတံခါးဖြင့္ေပးၿပီးေနာက္ေတာ့
ဥကၠဌႀကီးနဲ႔အတူ အထဲဝင္သြားေတာ့
ထယ္ေယာင္းရဲ႕စားပြဲေပၚမွာ ေသာက္ၿပီးသား
ပ်ားရည္ခြက္ရယ္၊ဧည့္ေတြ႕ဆိုဖာမွာေတာ့
မနက္စာေတြက ဒီတိုင္းျပန္႔က်ဲေနသည္။

အတြင္းေရးမႉးရဲ႕စားပြဲကိုၾကည့္ျပန္ေတာ့လည္း
အိတ္ေလးနဲ႔စာ႐ြက္ေတြသာရွိသည္။ထို႔အတူ
ေယာင္းဝူက ဥကၠဌႀကီးကိုပြင့္ေနသည့္
သူ႔သားနားေနခန္းကိုလက္ညိဳးထိုးျပသည္။

" ဟဲဟဲ...ဆရာအိပ္တဲ့အခန္းကတံခါးပြင့္ေနတယ္ "

ေယာင္းဝူစကားေၾကာင့္ ဥကၠဌႀကီးက
သူ႔သားနားေနခန္းနားကိုေလွ်ာက္သြားၾကည့္ေတာ့
ယွက္တြဲထားသည့္ေျခအိတ္အနက္တစ္စုံနဲ႔
ေျခအိတ္အျဖဴတစ္စုံေလးကိုေတြ႕လို႔
ပိုတိုးၾကည့္ေရာသူ႔သားထယ္ေယာင္းက
ထိုေကာင္ေလးကိုလြတ္ထြက္သြားမတက္ေအာင္ဖက္ကာ ႏွစ္ေယာက္အတူအိပ္ေနၾကသည္တဲ့။

ေယာင္းဝူကေတာ့ နည္းနည္းအဆင္ေျပေနၿပီဆိုလို႔
ဥကၠဌႀကီးရဲ႕အေနာက္ကေန ရယ္ေနေတာ့သည္။
သူ႔သားမွာေတာ့ သူတို႔လာတာေတာင္မသိသည္
အထိအိပ္ေနၿပီ။

ဥကၠဌႀကီးက သူ႔သားကင္မ္ထယ္ေယာင္းကိုၾကည့္
ရင္းမွ ေယာင္းဝူကို တံခါးပိတ္လိုက္ဖို႔မ်က္စျပတ္ျပသည္။သည္ေတာ့ေယာင္းဝူက ရယ္ရင္းျဖင့္
တံခါးကိုျဖည္းျဖည္းပိတ္လိုက္သည္။

" ကင္မ္ထယ္ေယာင္းက အေဖ့ထက္ေတာင္မွ လက္သြက္ေနတာပါလားကြာ... "

သည္ေတာ့မွဥကၠဌႀကီးက သူ႔သားကိုဆက္မေတြ႕
ေတာ့ဘဲ ေယာင္းဝူကိုမွာစရာရွိတာေတြမွာၿပီး
အိမ္ကိုသာျပန္သြားေတာ့သည္။အိမ္ေရာက္ရင္
ေတာ့ သူ႔ဇနီးကိုသူတို႔သားအေၾကာင္းကိုေျပာျပ
မွာေတာ့ ေသခ်ာသေလာက္ရွိေနပါသည္။

To be continued ~

ကင္မ္ထယ္ေယာင္းႀကီးက သူ႔ကိုကိုအလွေလးနဲ႔ဆိုက်ားေပါက္ေလးျဖစ္သြားပါၿပီခင္ဗ်ာ။

> >

#unicode

" ဆရာ...မနက်မိုးလင်းလို့ နေ့လည်ရောက်ပါတော့
မယ်၊ထသင့်နေပါပြီ "

မနက်မိုးလင်းသည်ကျော်သွားတာမို့ ယောင်းဝူက
အလုပ်ကိုစောရောက်နေပေမဲ့ ဆရာဖြစ်တဲ့သူက
နောက်ကျနေသည်မို့ ဆရာ့အပိုင်ကိုမေးတော့
'မသိဘူး'ဟုဖြေလို့ ဆရာ့ကွန်ဒိုကိုသာအပြေး
လာခဲ့တာဖြစ်သည်။

ဒီရောက်တော့ထင်ထားသည့်အတိုင်း ဆရာက
အိပ်ကောင်းနေတုန်းပဲ။

" ဆရာ...ဆရာ...ဟိုမှာဆရာ့အပိုင်က မင်ဂယူနဲ့
ကြည်နူးနေကြပြီနော်... "

ယောင်းဝူရဲ့စကားကြောင့် ကင်မ်ထယ်ယောင်းက
အိပ်မှုံစုံဖွားထလာပြီး သူ၏ရွှေအိုရောင်ဆံပင်ကို
သပ်တင်လိုက်သည်။suitအပြည့်ကိုတော့ အခုထိ
မချွတ်ရသေးဘူး။

" တောက်!ဟေ့ကောင်!ငါနားညီးတယ်၊ဝင်ခဲ့ကွာ! "

ထယ်ယောင်း ခပ်မာမာအော်လိုက်ရင်းအံဇွဲပေါ်ရှိ
ဖုန်းကိုယူလိုက်၏။ဖုန်းကိုဖွင့်ပြီးကြည့်တော့
ဖုန်းအပြင်ပုံလေးဟာ ချစ်စရာကောင်းသည့်
ဆံပင်ရှည်ကောင်လေး၏ပုံပင်ဖြစ်သည်။

သူကြည့်နေရင်းမှ နာရီကိုရောက်သွားတော့ ၁၀နာရီထိုးလုနီးနီးဖြစ်သည်။ညကသောက်တာအတော်များသွားပြီးနောက်ကိုကိုအလှလေးကိုလွမ်းကာ အိမ်သို့သွားကြည့်ခဲ့မိသည်။ကိုကိုအလှလေးအိမ်ရောက်တော့ အနမ်းတွေဆက်ပြီး လက်တွေကနေရာအနှံ့ရောက်ခဲ့မိလို့ တွန်းတာခံလိုက်တယ်။
ခါးနောက်တော့နာသွားလို့ အိမ်ကိုသာပြန်လာပြီး အိပ်လိုက်တာပင်ဖြစ်သည်။

" ဆရာ့အပိုင်တောင်အလုပ်ရောက်နေပြီ၊မင်ဂယူနဲ့
လာတာနော်ဗျာ၊ဆရာနောက်ကျတယ်... အာ့!
ဆရာမှားမယ်... "

အခန်းထဲဝင်ဝင်ချင်း ထယ်ယောင်းကိုနားပူအောင်
စကားဆိုနေသည့်ယောင်းဝူကို ခေါင်းအုံးဖြင့်လှမ်း
ပစ်လိုက်တော့ရှောင်သည်။ဒါတောင်မမှတ်သေး။
ပြောဖို့ဆက်ချင်နေသည်။

" ဆရာ့အပိုင်အလှလေးတောင် ရုံးကိုရောက်လို့ တစ်ယောက်ထည်းဆရာ့အလုပ်တွေလုပ်နေရပြီ၊
ပြောတော့ ဆရာ့အပိုင်ကိုမပင်ပန်းစေချင်ဘူးဆို "

ယောင်းဝူကခေါင်းအုံးကိုကောက်တင်ရင်းဖြင့်
ပြောတော့ ထယ်ယောင်းကခေါင်းငြိမ့်သည်။

" ကိုကိုအလှလေး အလုပ်လုပ်နေတာကိုမင်းက
ဘာကြောင့်များ မကူညီရတာလဲ၊ဟေ့ကောင်...
ငါမင်းကိုခန့်ထားတာ၊ငါနဲ့ကိုကိုအလှလေးကို
ကူညီဖို့အတွက်... "

ထယ်ယောင်းကစိတ်မရှည်စွာဖြင့် ပြောတော့
ယောင်းဝူက ရယ်ကြဲကြဲလုပ်သည်။ဒီကောင့်ကို
ထယ်ယောင်းကြာလေ စိတ်မရှည်ချင်တော့ဘူး။

တပည့်မို့သာသည်းခံရတာ။တစ်ခါတစ်လေ
သူ့ကိုကိုအလှလေးကိုကြူးနေတော့ မျက်နှာပို
စုတ်သွားအောင် ပိတ်ရိုက်ချင်မိသည်။

" ကျွန်တော်က ကူညီပေးမယ်ပြောပါတယ်၊ဆရာ့
အပိုင်က သူကရေသာမခိုချင်ဘူးဆိုလို့ ဟိုနေရာ၊
ဒီနေရာကိုလည်း တစ်နေရာဝင်၊တစ်နေရာထွက်
လက်မှတ်လိုက်ကြည့်၊ဆရာမလာခင် အကုန်အစစ်
ပေးနေတာ၊ခဏနေကြအစည်းအဝေးရှိတာမို့
သူစီစဥ်ပေးထားသေးတယ် "

" ငါသိပြီ၊ဟေ့ကောင် မင်းရုံးကိုသွားနှင့်လိုက်၊
ကိုကိုအလှလေးခိုင်းတာ အကုန်လုပ်ပေးထား၊
ငါရေချိုးပြီးတာနဲထွက်လာခဲ့မယ်... "

ထယ်ယောင်းအိပ်ယာပေါ်မှဆင်းရင်း ယောင်းဝူကို
ကိုကိုအလှလေးအတွက် မှာစရာရှိတာတွေမှာပေး
လိုက်တော့ နားထောင်ပြန်သည်။

" ကျွန်တော်သေချာလုပ်ပေးလိုက်ပါ့မယ်၊ဒါနဲ့
ဆရာခါးနာနေတာလား၊အဆင်မပြေရင်လည်း
အစ်ကိုဟိုဆော့ရှိကနေ ဆေးခန်းပြပြီးလာပါ
လား... "

ယောင်းဝူက ခါးနောက်ကိုဖိကာနာကျင်နေဟန်ရှိ
သည့် သူ့ဆရာထယ်ယောင်းကိုကြည့်ကာပြောလေသည်။ထယ်ယောင်းကခေါင်းခါပြရင်းဖြင့်...

" ငါအဆင်ပြေတယ်၊ညက ကိုကိုအလှလေးအိမ်
သွားရင်းအနမ်းတွေကြမ်းမိသွားရင်း ငါကနေရာ
တက်မိသွားလို့ ကိုကိုအလှလေးကတွန်းတာခံလိုက်
ရတာ... "

" ဟာ..အဲ့ဒါနဲ့ပဲ အသားနာခံပြီးဘာလို့ဆက်မတက်
ခဲ့တာလဲ၊ဆရာဗျာ...အဲ့နေရာမှာကျွန်တော်သာဆို- "

ထယ်ယောင်းကပြောသည်ကို ယောင်းဝူက
ရယ်ရင်း သူ့အပိုင်ကိုကိုအလှလေးကိုကြူးစကား
ထက်လွန်တာပြောတော့မည်။ထိုသည်ကို
ထယ်ယောင်း အံကြိတ်သံခပ်ဩဩဖြင့်....

" ဟေ့ကောင်!!မင်းနောက်ဆက်တွဲကိုပြောရဲပြော
ကြည့်...ငါမင်းကိုလုပ်တော့မယ်!!သွားတော့.. "

" ဟဲဟဲ...ဆောရီး ဆရာ၊ကျွန်တော်မှားသွားလို့၊
သွားပါပြီဗျ၊မနက်စာကို ရုံးရောက်ရင်ကျွန်တော်
စီစဥ်ပေးထားပါ့မယ်.... "

ယောင်းဝူကရယ်ကြဲကြဲလုပ်ကာ အရိုသေပေးလို့
အခန်းထဲမှထွက်သွားသည်။ယောင်းဝူထွက်သွား
တော့မှထယ်ယောင်းလည်း သက်ပြင်းရှည်ချလို့
အိပ်ယာမှထလို့ရေချိုးခန်းထဲဝင်ရသည်။

ကိုကိုအလှလေးက သူ့အစားအလုပ်တွေနဲ့
ပင်ပန်းနေတာကြားလို့ သူလက်မခံနိုင်ဘူး။
ဖြစ်နိုင်ရင် ကိုကိုအလှလေးနဲ့သူ့အမေကို
အိမ်မှာပဲနေစေချင်တာ။အခုတော့ မရနိုင်သေး
ဘူး။အပိုင်ယူပြီးလို့ကတော့ ပိုးမွေးသလိုလေးဖြင့်
ထားဖို့အစီစဥ်ရှိနေပြီးသား။

- - - - -

" ဟုတ်ကဲ့ပါ၊ကျွန်တော်က ဥက္ကဌကင်မ်ကိုသေချာ
လေးပြောပေးထားပါ့မယ်၊လိုအပ်တာရှိလည်း
သေချာလေးပြောထားပေးပါ... "

တစ်ဖက်ကရှယ်ယာဝင်နဲ့စကားပြောရင်း သူ့ဇနီးက
KIM VICTORYမှ လူကြီးအမျိုးသမီးဝတ်သည့် Fashion Designsတွေကိုသဘောကျနေတာမို့
စာအုပ်ဖတ်ကြည့်နေရင်း ကူးကလိုအပ်တာတွေကို
ရှင်းပြပေးနေသည်။

ထယ်ယောင်းရဲ့ Own Officeမှာတော့မဟုတ်ဘူး။
ကင်မ်ထယ်ယောင်းမရောက်သေးတာမို့ အခန်းထဲ
ခေါ်မဆွေးနွေးသင့်တာမို့ ယောင်းဝူကိုပြောကာ
ကုမ္ပဏီကLobbyမှာ အနားယူစေရင်းမှလုပ်ငန်း
အကြောင်းတွေပြောရင်း ရှယ်ယာရှင်၏ဇနီးပါလာ
တာမို့ သူမကသဘောကျကာ ပုံတွေကြည့်ပြီးသား
ဖြစ်သွားခဲ့သည်။

" ရပါတယ်ကွယ်၊ကျန်တာတော့မလိုအပ်ဘူး၊
အန်တီကတော့ ဒီအဝတ်စားကိုသဘောကျတာမို့ သီးသန့်လိုချင်မိတယ် "

ထိုအမျိုးသမီးကစာအုပ်ထဲရှိ ဒီဇိုင်နာဆွဲထားသည့်
ဆောင်းတွင်းဝတ်အနွေးထည်အရှည်ကို လိုချင်သည်ဖြင့် ပြောလာသည်။

ဒီတိုင်းလိုချင်လို့မှမရဘဲပိုင်ရှင်ဥက္ကဌကိုရော၊
ဆွဲသည့်ဒီဇိုင်နာကိုပါ သေချာခွင့်တောင်းပြီး
ဒီဇိုင်နာကိုတော့ရသင့်သလောက် feesသက်သက်
ရှင်းပေးရမည်ကို သူကတော့မိတ်ဖြစ်ဆွေဖြစ်
သဘောဖြင့် အလားကားလိုချင်သည်တဲ့။

ကူးအတွေးကိုဖျောက်လို့ ရှယ်ယာရှင်တို့ကို
ကြည့်မိတော့ သူ့ပြောမည့်စကားကိုစောင့်နေတာ။

" သီးသန့်ဆိုတာက ကျွန်တော်တို့ကပေးလို့မရပါဘူး၊ဒီဇိုင်းက ဥက္ကဌကင်မ်ပိုင်သလို၊ဆွဲတဲ့ဒီဇိုင်နာရဲ့
ခွင့်ပြုချက်ရယ်၊သူ့ကိုပေးရမည့် feesသက်သက်
ဆိုရင်တော့ ဆွဲတဲ့လူလည်းအလကားမဖြစ်လို့
အဲ့နည်းလမ်းကအဆင်ပြေပါတယ် "

" မိတ်ဖြစ်ဆွေဖြစ်တောင် မရဘူးပဲ... "

ကူးလေးကပိုပြုံးကာပြောတော့ ထိုအမျိုးသမီးက
မျက်နှာငယ်ဖြင့်ပြန်ပြောသည်။ကူးကတော့
ခေါင်းခါပြပြီး ပြန်ပြုံးပြတော့ သူမဘာမှပြန်
မပြောနိုင်တော့ဘူး။

ကူးသိတာပေါ့။ကူးလေးအရင်က ကိုယ်စားလှယ်
လုပ်ရတုန်းကဆို ကင်မ်လုပ်ငန်းစုအပြင်၊
အစရှိသည့်mallတိုင်းကို အဝတ်အစားအထုတ်၊
ပိတ်ထည်အထုတ်တွေ တော်တော်များပို့ပေးပြီး
စာရင်းလိုက်ယူရသည်။အဲ့တုန်းကဆို ဆိုင်တိုင်းက
ကူးကိုမိတ်ဖြစ်ဆွေဖြစ်အဖြစ် အပိုပေးဖို့တောင်
တောင်းဆိုကြသည်။

အလိမ္မယ်နည်းလမ်းဖြင့် 'လူကြီးမင်းတို့မှာထားတဲ့
အရေအတွက်အတိုင်းပဲလာပို့တာမို့ ပိုမယူချင်ပါနဲ့'
ဟုသာအမြဲငြင်းခဲ့ရသည်။တစ်ခါတစ်လေ ကိုယ့်
ကုမ္ပဏီရဲ့ဥက္ကဌက အပိုပေးလိုက်လို့ပြောတော့မှ
ပိုပေးတာများသည်။

" သူများအားနာစိတ်ဖြစ်ရအောင် မလုပ်သင့်ဘူး၊
အတွင်းရေးမှူးဂျွန်ကို အားနာပါတယ်၊အကယ်လို့
ဒီအနွေးထည်အတွက် အန်ကယ်ကကိုယ်တိုင်ဘဲ
ဥက္ကဌရှိမှာခွင့်တောင်းပြီး ဒီဇိုင်နာကိုပါfees
သေချာပေးပြီး ယူပါ့မယ်... "

ထိုအမျိုးသမီးရဲ့ခင်ပွန်းက ကူးအခက်​တွေ့နေရသည်ကိုသိလို့ ဝင်ဖြန်ဖြေလာသည်။ကူးက ထိုစကားကြောင့်ခေါင်းငြိမ့်ပြုံးပြရင်း...

" အဲ့လိုဆိုတော့ ကျွန်တော်ကအများကြီးကျေးဇူး
တင်ပါတယ်၊အဆင်ပြေသွားတာပေါ့၊ဥက္ကဌလာရင်
ပြောလိုက်မှာမို့ စိတ်မပူပါနဲ့နော်... "

" ကောင်းပါပြီ၊ဒါဆိုအန်ကယ်တို့ကို ခွင့်ပြုပါဦး "

ထိုလုပ်ငန်းရှင်အန်ကယ်က သူ့ဇနီးလက်ကိုဆွဲလို့
ထရပ်တော့ ကူးကပါအလိုက်သိသည့်အနေဖြင့်
နှုတ်ဆက်သည်။သူ့ဇနီးကတော့ကူးလေးကို
မကြည်တကြည်ပြုံးပြကာသူ့ခင်ပွန်းလက်တို
ဆွဲလို့ ထွက်သွားတော့သည်။

" ဟူး...ကိုယ်စားလှယ်လုပ်တုန်းကလည်း စကား
ပြောထိန်းရတာ ပင်ပန်းတယ်၊ဟင်း..အခုလည်း
စကားပြောတွေ ထိန်းရတာပင်ပန်းတယ်...အဲ့ဒီ
ကင်မ်ထယ်ယောင်းလည်း အခုထက်ထိအလုပ်ကို
မလာနိုင်သေးဘူး၊ညက club,barတွေတက်နေတာနေမယ်... "

ကူးလေးကဟိုလင်မယားထွက်သွားတော့မှ သက်ပြင်းရှည်ချကာ ထယ်ယောင်းကိုအတင်းတုတ်
နေသည်။ဟိုကသူမှသူဖြစ်နေတာမို့ ခြေဆန့်ဖို
မစဥ်းစားနေဘူး။

" ဟဲဟဲ...ဆရာ့အပိုင်ပင်ပန်းနေပြီလား... "

" အာ...မပင်ပန်ပါဘူးယောင်းဝူ၊ဒါတွေက.. "

ကူးအတင်းတုတ်နေရင်း ယောင်းဝူကလက်ထဲ
စားစရာအပြည့်ဖြင့်ရောက်ချလာသည်။ကူးက
မေးတော့ ယောင်းဝူကရယ်ရင်း...

" ဆရာညက သောက်တာများသွားတော့ အိပ်လိုက်တာ မထနိုင်တော့ဘဲအိပ်နေလို့မနက်စာစားချိန်
နောက်ကျနေလို့ ဝယ်လာပေးတာ၊မဟုတ်ရင်တော့
ကျွန်တော်က အငေါက်ခံရမှာ "

" အာ...ဟုတ်လား "

ကူးလေးကရယ်ရင်းပြောတော့ ယောင်းဝူက
လက်ထဲအိတ်တွေဆွဲထားရင်း ရယ်ပြလေသည်။

" ဆရာ့အပိုင်...ဆရာ့အပိုင်ညကတွန်းလိုက်လို့
ဆရာညကခါးနာသွားတာလေ၊အတော်နာနေတာ
ထင်တယ်၊ခါးကိုတောင်ကိုင်ပြီးထနေရတာ... "

" အို... "

ယောင်းဝူးကမျက်နှာငယ်လေးဖြင့် ပိုပိုသာသာ
ပြောလိုက်တော့ ကူးလေးမှာညကသူတွန်းလိုက်
တာကြောင့် ကင်မ်ထယ်ယောင်းခါးနာသွားတာကို
တွေးမိရင်း စိတ်မကောင်းဖြစ်မိသွားသည်။

ဒါကြောင့်ပင် ကူးလေးကလက်ထဲစာရင်းစာအုပ်
တွေထပ်သိမ်းလိုက်ရင်း စကားဆိုသည်။

" ယောင်းဝူလေး...ခါးကပ်ပလာစတာလေး နှစ်ခုလောက်ဝယ်လာခဲ့ပေးပါလား၊ပြီးတော့ လက်ထဲက
အထုတ်တွေအစ်ကို့ကိုပေးလိုက်ပါ၊တစ်ခါတည်း
အခန်းထဲယူသွားပေးမယ် "

ယောင်းဝူချက်ချင်းပင် မျက်နှာမှာအပြုံးတွေ
မသတ်နိုင်အောင်ဖြစ်သွားခဲ့သည်။ဆရာ့နဲ့သူ့အပိုင်
အတွက် သူကိုယ်တိုင်ကလမ်းဖောက်နေသည်မို့
ဆရာ့အပိုင်ကတော့ ထိုအကွက်ထဲလှလှချည်း
ဝင်သွားတော့၏။

" ရပါတယ်၊ကျွန်တော် ဝင်ထားပေးခဲ့မယ်၊ဒီ
အထုတ်တွေကလက်တွေနာမယ်၊ကျွန်တော်ကပဲ
သွားထားလိုက်မယ်၊ကြုံတုန်းလက်ထဲကစာရင်း
တွေပါပေးသွားလိုက်နော်... "

ယောင်းဝူကပြောရင်း ကူးလက်ထဲကစာရင်းတွေ
ပါသယ်ယူသွားပြီး ထယ်ယောင်းရဲ့အခန်းထဲသို့
ဝင်သွားတော့သည်။သည်တော့မှကူးလေးလည်း
စဥ်းစားမိတာတစ်ခုရှိလို့ တစ်နေရာဘက်သို့
ထွက်လာခဲ့သည်။

- - - - -

" ဟင်း...သောက်ထားတဲ့သူဆိုတော့ လန်းဆန်းအောင် ပျားသံပရာဖျော်ရမယ်ထင်တယ် "

ကူးကော်ဖီတွေဖျော်သည့်အခန်းသို့ ရောက်လာ
ခဲ့လေသည်။သူတို့လည်းအရင်က ကော်ဖီဖျော်ဖို့
ဒီနေရာကိုလာရင်း ဂယူကလန်းဆန်းအောင်
ပျားရည်သံပရာသောက်တက်တာမို့သူဖျော်ပေး
နေကြဖြစ်လို့ ပျားရည်ရှိနေတာကူးသိသည်။

ဖန်ခွက်ထဲရေအနည်းငယ်ထည့်လိုက်ပြီး
အဆင်သင့်ရှိနေသည့် သံပရာသီးတစ်လုံးကို
ဓါးဖြင့်လှီခြမ်းလိုက်ပြီး အစိတ်စိတ်လေးတွေ
ပိုလှီးလိုက်သည်။ပြီးနောက်တော့ ကော်ဖီထုတ်
တွေတင်ထားသည့် ဗီရိုစင်ပေါ်မှာပျားရည်ပုလင်း
ဗူးလေးရှိနေသည်။

ထိုပျားရည်ပုလင်းကိုယူပြီး နှစ်ဇွန်းမျှထည့်လိုက်သည်။ပြီးတော့မှဘေးမှာအသင့်ရှိသည့် သံပရာသီးစိတ်တွေကို နှစ်စိတ်လောက်ညှစ်ထည့်လိုက်ပြီး
သကြားတစ်ဇွန်းထည့်ကာ မွှေနေလိုက်သည်။

အရသာကသူဖျော်နေကြအတိုင်းမို့ မမြည်းဘဲ
ထိုနေရာကိုပြန်သန့်ရှင်းရင်း ဖန်ခွက်အောက်မှာ
ခံထို့ဖန်ပြားရော၊ကော်ဗန်းပြားလေးအပေါ်တင်
ပြီးဘေးနားမှာ သံပရာစိတ်လေးအနည်းငယ်
ထည့်ပြီး ဥက္ကဌအခန်းဘက်သို့ပြန်လာသည်။

" သူအခုထိမရောက်သေးဘူးပဲ... အင့်...
ကင်မ်ထယ်ယောင်း... "

ကူးလေးက သူ့ကိုယ်တိုင်လုပ်ထားသည့်
ပျားသံပရာဖျော်ရည်ကို ထယ်ယောင်းရဲ့စားပွဲမှာ
တင်လိုက်တုန်းရှိသေး စားပွဲအောက်ကနေထွက်
လာတာမို့ ကူးလေးကထယ်ယောင်းရဲ့ခုံပေါ်သို့
လန့်ကာထိုင်ချမိသွားသည်။

" ကိုကိုအလှလေး ဘယ်သွားနေတာလဲဗျာ၊မောင်
လိုက်ရှာနေတာ နေရာနှံ့နေပြီ၊ဟိုကောင့်ကိုလည်း
မေးကြည့်တော့ အခန်းထဲမှာရှိနေတယ်တဲ့ "

" သိပါပြီ၊ဒါပေမယ့်..ငါ့ကိုတအားကြီး
မဖက်ထားနဲ့လေ... "

ထယ်ယောင်းက ကူးလေးကိုတွေ့ရောခါးကနေ
ဖက်လို့ ကူးလေးရဲ့ဗိုက်နားမျက်နှာအပ်ကာဖြင့်
ကလေးတစ်ယောက်လို ချွဲနေလေသည်။ကူးမှာ
အနေရခက်သည်မို့ ရုန်းနေတာ။ဒါတောင်တင်း
ကြပ်နေအောင်ဖက်ထားတာဖြစ်သည်။

" ဘယ်တွေသွားနေတာလဲကွာ... "

ထယ်ယောင်းက ကူးလက်လေးကိုယူလိုက်ရင်း
သူ့ပါးပြင်ထက်အပ်ကာ မေးလိုက်လေသည်။

" မင်းအတွက် ပျားသံပရာဖျော်ပေးတာ၊ဒါက
သောက်ထားတဲ့သူတွေအတွက် ခေါင်းအုံတာဆို
သက်သာစေတယ်... "

ကူးလေးအပြောကြောင့် ထယ်ယောင်းပြုံးလိုက်
ကာ သူ့ခုံပေါ်ကပျားသံပရာရည်ခွက်ကိုလှည့်ကြည့်
မိလိုက်လေ၏။ထယ်ယောင်းအပြုံးတွေမပျက်နိုင်
တော့ဘူး။သူ့အတွက် ပထမဆုံးကိုကိုအလှလေး
လုပ်ပေးသည့် မနက်ခင်းအားဆေးကိုသောက်ရ
တော့မှာဖြစ်သည်။

" ချစ်တယ်၊မောင်...ကိုကိုအလှလေးကိုအရမ်း
ချစ်တာပဲ၊မောင့်ကို ဒီလိုဖျော်ပေးတဲ့အတွက်
မောင်ကျေးဇူးတင်ပါတယ်ဗျာ... "

ထယ်ယောင်းက ဒူးထောင်လိုက်သည်မို့နဂိုက
သူ့အရပ်ကလည်းရှည်နေတာမို့ ကူးလေးရဲ့နှုတ်
ခမ်းထက်အနည်းငယ်မြင့်သွားပေမဲ့ ပြန်ငုံ့နမ်း၏။
ခပ်ဖွဖွမြန်မြန်လေးနမ်းတာမို့ ကူးလေးမရှောင်မိ
လိုက်ဘူး။

ဒေါက်!

" အဟမ်း...ဆရာ..နည်းနည်းလောက်လေး မနက်စာစားဖို့ကြည့်ပါဦး၊မကြာခင်နေ့လည်စာအတွက်
ရောက်တော့မယ်၊အခုတော့အရင်မနက်စာလေး
စားပါဦး... "

" ဟာ...ဒီကောင်! "

ထယ်ယောင်းကနမ်းနေတုန်းရှိသေး ယောင်းဝူက
အခန်းထဲဝင်လာပြီးမှ ပိတ်ထားသည့်တံခါးကို
လှမ်းခေါက်ကာ သူတို့ကိုအသံပေးသည်။
ထယ်ယောင်းဒေါသထွက်လို့ လှမ်းဆဲမိရုံ့ပဲ။

" ဆရာ့အပိုင်...တောင်းထားတာလေးယူပါဦး "

ကူးလေးရှက်သွားပါသည်။ယောင်းဝူကို သူ့နာမည်
ကိစ္စကြောင့် ပြောဖို့ကိုခုနကသူ့ဆရာအကြောင်းမို့
မပြောနေတော့ဘဲ သူမသိလို့ခေါ်တာဖြစ်မည်ဆို
ရင်းနေတာ။ဒါကိုယောင်းဝူကဆက်ခေါ်နေလို့
အရှက်ပိုတိုးသည်။

ထယ်ယောင်းကတော့ ကူးပေးထားသည့်
ပျားသံပရာရည်ကိုတစ်ချိုင့်ထဲ မော့သောက်ရင်း
ခုံပေါ်ပြန်ထိုင်သည်။

" အာ...ကျေးဇူးပါ... "

ကူးလေးက ထိုင်ခုံကနေထလိုက်သလို
ထယ်ယောင်းလည်း ဒူးထောက်ထားရာကနေ
ထရပ်လိုက်သည်။ကူးလေးက ယောင်းဝူရဲ့
လက်ထဲက ခါးကပ်ပလာစတာကိုယူလိုက်၏။

" ယောင်းဝူ...နေ့လယ်စာကိုဒီမှာပဲစီစဥ်ပေးတော့၊
နေ့လယ်စာကို ငါတို့ဒီမှာစားမယ်၊ကောင်းတာတွေ
စီစဥ်ထားလိုက်...အခုတော့သွားတော့! "

" ဟုတ်ကဲ့ ဆရာ၊ကျွန်တော် စီစဥ်ပေးပါ့မယ်၊
ဆရာ့အပိုင်...သွားပြီနော်ဗျ... "

ထယ်ယောင်းက ယောင်းဝူကိုမှာစရာရှိတာတွေ
မှာနေလေသည်။ယောင်းဝူမှာ သူ့ဆရာစကားကို
တသွေမသိမ်းနားထောင်လို့ ကူးလေးကိုတောင်
အစစ်နှုတ်ဆက်သွားသေးသည်။

ကူးလေးမှာ သူ့ကိုထိုနာမည်ကိုသာထပ်ခေါ်လို့
ရှက်ကာဖြင့် မတက်သာဘဲခေါင်းငြိမ့်ပြလိုက်၏။

" ကိုကိုအလှလေး...မောင့်အချိန်ဇယားလေးတွေ
ပြောပေးပါဦး၊ဒါနဲ့ကိုကိုအလှလေးရဲ့ မနက်က
အလုပ်အတွေ့အကြုံလေးပြောပါဦး... "

ထယ်ယောင်းက သူ့အပေါ်ကုတ်ကိုချွတ်လိုက်ရင်း
နက်ကတိုင်ကိုပါ ချွတ်ချလိုက်တော့ကူးက အမျက်
မြည်သည့်မျက်ဝန်းတို့ဖြင့်ကြည့်သည်။

" နေပါဦး၊ကင်မ်ထယ်ယောင်း!အခုမှမနက်ပိုင်းပဲ
ရှိသေးတယ်၊နက်ကတိုင်ကိုမချွတ်နဲ့လေ... "

ကူးလေးက ခါးကပ်ပလာစတာကိုခုံပေါ်ချရင်းထယ်ယောင်းအနားလာကာ နက်ကတိုင်ကိုပြန်ဝတ်
ပေးလိုက်တော့ ချက်ချင်းကိုငြိမ်ကြသွားသည်။
ကူးကနက်ကတိုင်ကို သေချာပြင်ဝတ်ပေးရင်းဖြင့်
ထယ်ယောင်းက သဘောကျစွာငြိမ်ကြည့်နေ၏။

ထယ်ယောင်းသိသည်။ကိုကိုအလှလေးရဲ့စိတ်က
သပ်သပ်ရပ်ရပ်နေစေချင်တာ။ဒါကိုသိလို့ သူက
ထိုကဲ့သို့ ပြုမူလိုက်ရခြင်းဖြစ်ပါသည်။

" မောင်က စိတ်ကျဥ်းကြပ်ရင်မနေတက်ဘူး "

ထယ်ယောင်းက ချက်ချင်းဆိုသလိုကျားပေါက်
လေးအသွင်ပြောင်းသွားကာ ကူးလေးကိုမော့
ကြည့်လို့ပြောသည်။ကူးကတော့ မျက်စောင်းလှလှ
လေးထိုးလိုက်ရင်း နက်ကတိုင်ကိုခပ်လျောလျော
လေးဝတ်ပေးသည်။

" ဂယူဆို မနက်စောစောသူစိတ်ကျဥ်းကြပ်လို့
ချွတ်ချင်ရင်တောင် ငါ့မျက်နှာကြည့်ပြီငြိမ်တယ်၊
သူက မင်းလိုမဆိုးဘူး ကင်မ်ထယ်ယောင်း... "

ကူးလေးရဲ့စကားကြောင့် ထယ်ယောင်းရဲပြုံးရိပ်
သန်းနေသည့် နှုတ်ခမ်းတောင်မဲ့ကျသွားသည်။
ချက်ချင်းဆိုသလိုဒေါသက ထိန်းမနိုင်ဘဲဖြစ်ကာ
အသက်ကိုပြင်းပြင်းရှုရင်း....

" ကိုကိုအလှလေး...မောင်တို့နှစ်ယောက်ထည်းရှိ
နေချိန်ဆို အဲ့လူအကြောင်းကိုမပြောပါနဲ့လား၊
ကိုကိုအလှလေးကသာ ပြုံးရင်းပြောပြနေပေမဲ့
မောင့်ရင်ထဲဘယ်လောက်ခံစားရလဲသိလား၊
မောင်နာကျင်တာကိုရော သိတာမလို့လားကွာ "

ကူးလေး ထယ်ယောင်းကိုအားနာမိသွားသည်။
ထယ်ယောင်းကသူ့ကိုချစ်နေတဲ့သူမို့ သူ့ရှေ့မှာမှ
ဂယူ့အကြောင်းပြောမိသွားသည်။သူကအားနာလို့
ရှိသေး ထယ်ယောင်းကသူ့ခါးကိုပြန်ထိန်းပြီး
မနက်စာစားဖို့ ထသွားသည်။

" ကင်မ်ထယ်ယောင်း... "

ကူးလေးက ထယ်ယောင်းရဲ့ခါးနာတာကိုသတိရ
သွားသည်ဖြင့် စားပွဲပေါ်ကခါးကပ်ပလာစတာကို
အပြေးယူကာ ခေါ်လိုက်သည်။

" အင်း... "

ထယ်ယောင်းက စိတ်မကျေမနပ်ဖြစ်သွားတာမို့
ခပ်ပြတ်ပြတ်ထူးလိုက်သည်။သို့ပေမဲ့ သူထိုင်တဲ့
အနားကိုရောက်လာသည့် ကိုကိုအလှလေးက
သူ့ရှေ့ကို ခါးကပ်ပလာစတာနှစ်ခုပေးသည်။

" ငါတောင်းပန်ပါတယ် ကင်မ်ထယ်ယောင်း၊ငါက
မှားသွားတာပါ၊ပြီးတော့ မင်းကလည်းချစ်နေတဲ့
သူမို့နာကျင်ရမယ်ဆိုတာ ငါနားလည်ပါတယ်၊
ရော့...ခါးကပ်ပလာစတာလေးကပ်လိုက်နော် "

ကူးလေးက ထယ်ယောင်းရှေ့ခါးကပ်ပလာစတာ
ပေးလိုက်သည်။ထယ်ယောင်းက ထိုပလာစတာကို
ကြည့်ရင်း ပြောသည်။

" မောင်က ဘယ်လိုကပ်ရမှာလဲ၊နောက်ကျောကို
လက်ပြောင်းပြန်ကြီး လက်လိမ်ပြီးကပ်ရမှာလား၊
ဒီဒါဏ်ရာက ကိုကိုအလှလေးကြောင့်ဖြစ်လို့ ကိုယ်
တိုင်ကပ်ပေးရမယ်... "

" အင်းပါ၊ကပ်ပေးပါ့မယ်၊ဒါဖြင့်...နေ့လယ်စာ
စားပြီးရင် မင်းရဲ့အချိန်ကရှယ်ယာရှင်တွေနဲ့
အစည်းဝေးမရှိဘူး၊ဒါပေမဲ့ mallလိုက်စစ်ရမယ်၊
ပြီးရင် ဒီဇိုင်းဌာနကသူတွေကိုအစည်းဝေးသဘော
မျိုး ဒီဇိုင်းအသစ်တွေအတွက်ဆွေးနွှေးရမယ်... "

ကူးလေးက သူကပ်ပေးမယ်ဟုပြောရင်း အလုပ်အကြောင်းပါပြောသွားတော့ ထယ်ယောင်းက
စားနေသည့်စားလက်စကိုရပ်ကာ ထလိုက်သည်။

" မောင်သိပြီ၊အခန်းထဲလိုက်ခဲ့တော့... "

ထယ်ယောင်းကထရပ်လိုက်ရင်း ကူးလေးကိုလက်
ကနေဆွဲခေါ်ကာ သူ့ရုံးခန်းထဲကအခန်းတစ်ခုထဲ
ခေါ်သွားသည်။ထိုအခန်းက ထယ်ယောင်းရဲ့
နားနေခန်းလိုပါပဲ။ပင်ပန်းနေလို့အနားယူချင်ရင်
ဝင်အိပ်ရုံပဲ။ထယ်ယောင်း အခန်းတံခါးကိုတော့
ပိတ်မနေတော့ဘူး။

" ပလာစတာကပ်ဖို့ကို အဲ့လောက်ထိလိုလို့လား၊
အပြင်မှာကပ်လည်းရတာပဲကို... "

ကူးလေးက ထယ်ယောင်းအခန်းကိုဝေ့ဝိုက်ကြည့်ရင်းဖြင့်ပြောသည်။ထယ်ယောင်းက ပြောနေတာ
ကိုဂရုမစိုက်ရင်းဖြင့် နက်ကတိုင်ကိုပြန်ချွတ်ရင်း
သူ့အပေါ်ရှပ်အနက်ကိုပါ ချွတ်ချလိုက်တော့
အပေါ်ပိုင်းဗလာကြောင့် ကူးလေးတစ်ဖက်သို့
လှည့်လိုက်မိသည်။

ထယ်ယောင်းက အမြဲတမ်းလိုလိုအားကစားလိုက်
စားသူဖြစ်တာမို့ မို့မောက်နေတဲ့ရင်အုပ်ကြီးရယ်၊
ထွားသင့်သလောက်ထွားသည့် လက်မောင်းနဲ့
ထယ်ယောင်းရဲ့ခန္ဓာကိုယ်အချိုးအစားရော
ပေါ်နေသည့် six packလိုင်းတွေကအတော့်ကို
ခပ်မိုက်မိုက်။

" မောင်တအားမိုက်နေလို့ ကြည့်တာမလား၊မပူနဲ့၊
မောင်က ကိုကို့အပိုင်ဗျ... "

ထယ်ယောင်းကရယ်ရင်းပြောပြီး အိပ်ယာပေါ်
မှောက်အိပ်လိုက်သည်။ကူးကတော့ သူ့ကိုပြော
သွားတဲ့ထယ်ယောင်းရဲ့စကားကြောင့်ပင်
မျက်စောင်းလှလှလေးထိုးလိုက်ကာ သူလည်း
ဖိနပ်ျချွတ်လို့အိပ်ယာပေါ်ကဘေးထောင့်နားမှာထိုင်လိုက်ပြီး ခါးကပ်ပလာစတာထုပ်ကို
ဖောက်နေသည်။ပြီးနောက်မှ ထယ်ယောင်းနာနေ
သည့်နေရာကို လိုက်စမ်းကြည့်သည်။

" အာ့!...အဲ့ခါးနားနာနေတာ... "

ကူးကခါးဆုံနားကိုထိမိတော့ နာကျင်စွာအော်လိုက်
သည့်ထယ်ယောင်းရဲ့အသံကြောင့် ကူးလေးမှာ
ပိုအားနာသွားသည်။သေချာကြည့်တော့မှ
အဲ့နေရာကနည်းနည်းယောင်နေတာဖြစ်သည်။

" တောင်းပန်ပါတယ်၊အရမ်းနာသွားမှာပဲ...
တကယ်ဆိုမင်းလည်း မင်းအသားကိုနာအောင်
လုပ်လို့၊ငါ့ကိုနာအောင် ပြန်လုပ်သင့်တာ "

ကူးလေးက ပလာစတာကပ်ခွာကိုသေချာခွာရင်း
ပြောသည်။ထယ်ယောင်းက မှောက်အိပ်နေရင်းမှ
ရယ်လိုက်ကာ...

" လက်ထပ်ပြီးရင်တော့ မောင်ကနာအောင်အကြိမ်
ပေါင်းလုပ်မိမယ်ထင်တယ်ဗျာ.... "

" ဘာစကားပြောတာလဲ၊ကျောပြင်က်ိုထိုးချလိုက်
မှာနော်၊မျက်နှာပြောင်မနေဘဲ ငြိမ်ငြိမ်နေ... "

ကူးလေးက ကပ်ခွာကပ်ပေးရင်းပြောတော့
ထယ်ယောင်းငြိမ်ကြသွားသည်။အဲ့လိုပါဘဲ
ထယ်ယောင်းက အဖိုး၊မိဘတွေနဲ့အဒေါ်၊
ကျန်တဲ့သူ့သူငယ်ချင်းတွေပြောတာတောင်
လက်မခံရင်သာနေပါစေ သူချစ်တဲ့သူနဲ့ဆို
ငြိမ်ကြသွားပါသည်။

ကူးလေး ထယ်ယောင်းငြိမ်ကြသွားပုံကြည့်ကာ
ပြုံးမိပါသည်။ဆိုးသာဆိုးတက်တာ။ဒီလိုဆူရင်
အလိုလိုငြိမ်ကျသွားသေးတာ။

" ကင်မ်ထယ်ယောင်း...မင်းဒီလိုနားချင်သေးရင်
နားလိုက်နော်၊ငါစာရင်းလုပ်စရာလေးတွေရှိတယ်၊
စားစရာတွေသိမ်း-- ကင်မ်ထယ်ယောင်း!!! "

" မောင်နဲ့တစ်ခါလောက် ဖက်အိပ်ရအောင်...
အား...ကိုယ်လုံးလေးကသေးသေးလေးကွာ... "

ထယ်ယောင်းက ထသွားတော့မည့်ကူးရဲ့လက်ကို
အမြန်ဆွဲလိုက်တော့ ကူးကသူ့ဘေးပြန်ရောက်လာပြီးလဲကျသွားသည်။ဒါကိုထယ်ယောင်းက ကိုယ်သေးသေးလေးကိုဖက်လိုက်ရင်း ရင်ခွင်ထဲထည့်
ထားလိုက်သည်။

ခါးသာနာနေတာ အသားကျတော့ရှယ်ယူတက်တဲ့
သူမျိုးက ကင်မ်ထယ်ယောင်းသာဖြစ်သည်။
ကူးကတော့ ရုန်းပေမဲ့သူ့ကိုယ်တစ်ခုလုံးကို
သိမ်းကြုံးဖက်ယူရင်း ကူးလေးရဲ့ကျောပြင်ကို
သူ့ဗလာကျင်းနေတဲ့ရင်ခွင်ထဲထည့်ကာ ခါးကို
ဖက်ထားသည်။

" မောင် ခင်ဗျားလေးကိုသိပ်ချစ်တယ်...မောင့်ရဲ့
ပထမဆုံးချစ်ဖူးတဲ့သူက ခင်ဗျားလေးဖြစ်သလို၊
မောင့်ရဲ့အချစ်ဦး၊မောင်ရဲ့တစ်ဘဝလုံးက
ကင်မ်ထယ်ယောင်းရဲ့ကင်မ်ဂျောင်ဂုအတွက်.. "

ထယ်ယောင်း သူ့ကိုကိုအလှလေးကိုသူ့ချစ်ကြောင်းတွေကို ထုတ်ဖော်ပြသပါသေးသည်။
လက်တွေ့လည်းပြသလို၊နှုတ်နဲ့ပါပြသည်။
သူတွေးသည်က ကိုကိုအလှလေးသာသူ့ကို
စိတ်ယိုင်လာရင်ကောင်းမည်ဟူ၍သာ။

" ငါထတော့မယ်လို့ ကင်မ်ထယ်ယောင်း... "

သူ့အပြောကိုဂရုမစိုက်သည့်အပြင် ခါးသေးအား
ပိုတင်းကြပ်အောင်ဖက်ကာ ကူးလေးရဲ့ဂုတ်ကို
ခပ်ဖွဖွနမ်းလိုက်ပြီးအိပ်သွားသည်။ဒါတောင်
ခါးသေးလေးကိုဖက်ထားသည့်လက်တွေက
နည်းနည်းလေးတော့မှ မလျော့သွားဘူး။

ကူးလည်းရုန်းမရမဲ့အတူတူ ခဏလောက်တော့
သည်းခံပြီးနေရင်းမှ ရင်ခွင်နွေးနွေးကြောင့်
ကူးလေးပါအိပ်ပျော်သွားတော့သည်။

- - - - -

ယောင်းဝူ အခန်းသီးသန့်မှာအလုပ်လုပ်နေရင်းမှ
အောက်ကလုံခြုံရေးတစ်ယောက်က ဥက္ကဌကြီး
လာသည်ဟုပြောရော ယောင်းဝူမှာကုတ်ပြန်ဝတ်
ကာ အောက်ကိုပြန်ဆင်းလာရသည်။

မြေညီထပ်ကိုရောက်တော့ ဥက္ကဌကြီးကတစ်ဦး
ထည်းလာတာသာဖြစ်သည်။ဝန်ထမ်းတွေကသိလို့
နှုတ်ဆက်နေကြရင်း ယောင်းဝူကဆံပင်တွေပါ
သေချာပြင်လိုက်ပြီး အနားအမြန်ပြေးရသည်။

" ဥက္ကဌကြီး၊ဘယ်ကနေဘယ်လိုရောက်လာ
တာလဲခင်ဗျ... "

ယောင်းဝူကမေးသည်ကို ဥက္ကဌကြီးကင်မ်က
မျက်မှောင်ကြုံ့ကာကြည့်လိုက်ရင်းပြောသည်။

" ငါ့ပိုင်တဲ့ကုမ္ပဏီတောင် ငါလာချင်တဲ့အချိန်လာ
လို့မရဘူးလား၊ငါဖြတ်ရိုက်လိုက်ရ... "

" အခုကဆရာ့ ကုမ္ပဏီဖြစ်နေပြီလေဗျာ၊ဒီတော့
ပြန်ယူဖို့များလာတာလားလို့ မေးကြည့်တာပါ "

ယောင်းဝူက ခပ်နောက်နောက်ဆိုလိုက်တော့
ကင်မ်ထယ်ဆောင်းက ခေါင်းကိုရိုက်လိုက်သည်။
တကယ်သားအဖနှစ်ယောက် ယောင်းဝူကိုဆို
ရှယ်အနိုင်ကျင့်တာ။

" ဥက္ကဌကတော်နဲ့တိုင်မယ်ဗျာ၊ကျွန်တော့်ကို
အနိုင်ကျင့်နေတာ သားအဖနှစ်ယောက်လုံးက "

ယောင်းဝူကငိုမဲ့မဲ့လုပ်ကာပြောတော့
ကင်မ်ထယ်ဆောင်းက ရှေ့ကနေထွက်သည်။
ပြီးနောက် ဓါတ်လှေကားအတူစီးရင်းသူ့သားရှိတဲ့
အခန်းကိုလာရန်သာဖြစ်သည်။

" ကုမ္ပဏီအခြေအနေဘယ်လိုရှိလဲ၊မင်းဆရာရော
ခန့်ပေးထားတဲ့ အတွင်းရေးမှူးနဲအဆင်ပြေလား "

ထယ်ယောင်းအလုပ်စစဝင်ချင်းမှာ သူ့အဖေအရင်
ခန့်ထားပေးသည့် အတွင်းရေးမှူးမလေးက ထယ်ယောင်းနဲ့အဆင်မပြေတာမို့ ထုတ်လိုက်ရသည်။

" မပြေပါဘူးဗျ၊အဲ့အတွင်းရေးမှူးက ဆရာbar
သွားတုန်းက သူ့ကိုအီစီကလီလာလုပ်တဲသူဖြစ်
နေလို့ ထုတ်လိုက်တာ၊ဆရာကပြောပါသေးတယ်၊
ဒယ်ဒီက အလုပ်တွက်လူခေါ်တာညံ့တယ်ဆိုပြီး
ပြောနေသေးတာ... "

ယောင်းဝူကရယ်ရင်းပြောတော့ ဥက္ကဌကြီးက
သူ့သားအကြောင်းနားထောင်ရင်း ပြန်ပြောသည်။

" ဒါနဲ့ပဲကိုကိုအလှလေးဆိုတဲ့ သူ့ဟာလေးကို
မရရအောင် အတွင်းရေးမှူးအတွက်ခန့်လိုက်တယ်
ဆိုပါတော့ကွာ... "

ယောင်းဝူကတောင် မပြောရသေးဘဲဆရာ့အဖေက
ပြောလာသည်မို့ အံ့အားသင့်သွားသည်။
ဥက္ကဌကြီးက သူသိနေပါသည်ဆိုသည့်အထာဖြင့်
ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ရယ်နေလေသည။

" ဥက္ကဌကြီးက ဘယ်လိုသိနေတာလဲ... "

" ဒယ်ဒီက သူ့မြေးခြေငြိမ်နေတယ်ပြောလို့ သူပါစုံစမ်းရင်း၊ငါပါစုံစမ်းရင်း သိလာတာပါပဲ၊ဟင်း..
ကောင်လေးက တွဲနေတဲ့သူရှိတယ်ကြားတယ် "

ဥက္ကဌကြီးက သူ့သားအကြောင်းကိုသေချာစွာ
စုံစမ်းထားပုံရသည်။အတိအကျကိုပင်သေချာ
စုံစမ်းထားတာမို့ တစ်ပုံစံထည်းသာဖြစ်သည်။
ဒါတောင်အဖိုးဖြစ်သူပါ မြေးအကြောင်းသိချင်လို့
စုံစမ်းထားသည်။

" ဟုတ်တယ်၊နောက်တော့လည်း ဆရာနဲ့ဖြစ်သွား
မှာပါ၊တအားကြီးစိတ်မပူပါနဲ့၊ဆရာ့သူငယ်ချင်း
တွေဆိုလည်း ဆရာ့ကိုဝိုင်းမြောက်ပေးကြတာ၊
အဆင်ပြေပါတယ်ဗျာ... "

ယောင်းဝူက သူ့ဆရာ၏ပုံစံကိုသိတာမို့ပြောသည်။
ထယ်ယောင်းရဲ့အဖေက သူ့သားအကြောင်းကိုသိလို့တားခိုင်းတာကိုတောင် သူတို့ကတောင် မြောက်ပေးနေကြသည်တဲ့။အရမ်းကိုချစ်နေကြတာ။

" ဪ...ငါတို့ကငါ့သားတဇွတ်ထိုးလုပ်မှာဆိုးလို့
မင်းကိုတားခိုင်းနေတာကို မင်းတို့ကပါမြောက်ပေး
နေတာတဲ့လား၊နေပါဦးကွာ..ဒီကောင့်ကိုသူ့အမေနဲ့
တိုင်ရမယ်၊သူကသူ့အမေလောက်ဆိုရတယ်... "

" ဟုတ်မှသာလုပ်ပါ၊ဟိုဆရာ့အပိုင်က ဥက္ကဌကြီးနဲ့
ဥက္ကဌကတော်လိုပဲ၊ဥက္ကဌကတော်က ဥက္ကဌကြီးကို
ကင်မ်ထယ်ဆောင်းဆိုတာနဲ့ဆရာ့အပိုင်ကလည်း
ဆရာ့ကိုကင်မ်ထယ်ယောင်းဆိုတာနဲ့ ဆရာ့မှာငြိမ်နေရောပဲ... "

ယောင်းဝူစကားကြောင့် ကင်မ်ထယ်ဆောင်းက
မျက်ခုံးတို့ပင့်တင်မိသည်။ကင်မ်ထယ်ယောင်းတို့
ဆိုးတယ်ထင်မိတာ သူ့ဟာလေးနဲ့ကြတော့ငြိမ်ကုတ်နေတက်တဲ့ကျားပေါက်ပဲ။

" အိမ်မှာတော့ကျားဘုရင်၊သူ့ချစ်ရတဲ့သူနဲကြ
ကျားပေါက်လေးဖြစ်သွားတာပဲ၊တကယ်...
ကင်မ်ထယ်ဆောင်းရဲ့သားပီသပါတယ် "

သည်လိုနဲ့သူတို့စကားဆက်ပြောရင်း ထိပ်ဆုံးထပ်
သို့ရောက်လာခဲ့ကြသည်။သူ့သားရုံးခန်းနားကို
ရောက်ဖို့မလိုပေမဲ့ လမ်းအေးဆေးလျှောက်ကာ
စကားပြောကြသည်။

" အဲ့အတွင်းရေးမှူးလေးက အလုပ်လုပ်တာအဆင်
ပြေနေကြလား.... "

" အဆင်ပြေတာပေါ့၊အခုတောင်အခန်းရှေ့ရောက်
ပြီ၊ဆရာ့ကိုကြည့်လိုက်၊သူ့ဟာလေးကိုကြည့်ပြီး
အလုပ်လုပ်နေမှာ..... "

ယောင်းဝူကပြောရင်း အခန်းရှေ့ရောက်နေပြီမို့
တံခါးခေါက်ကြည့်သည်။အဖေတောင်တံခါး
ခေါက်ပြီးမှဝင်ရသည်အထိ မင်ယောင်းဝူက
တပည့်ကောင်းပီသသည်။

ဒေါက်! ဒေါက်!

" ဆရာ...ဥက္ကဌကြီး​ရောက်လာပါတယ်... "

ထယ်ယောင်းအခန်းကို ယောင်းဝူကတံခါးခေါက်
သော်လည်း ဆရာအပြင်ထွက်ရင်တောင်ဆရာ့
အပိုင်ကလာရောက် ဖွင့်ပေးလို့ရတာဖြစ်သည်။
အခုတော့ နှစ်ယောက်လုံးမရှိတာများလား။

" ငါ့သူ့အဖေပဲ..ဝင်သွားလိုက်တော့မယ်... "

ယောင်းဝူကတံခါးဖွင့်ပေးပြီးနောက်တော့
ဥက္ကဌကြီးနဲ့အတူ အထဲဝင်သွားတော့
ထယ်ယောင်းရဲ့စားပွဲပေါ်မှာ သောက်ပြီးသား
ပျားရည်ခွက်ရယ်၊ဧည့်တွေ့ဆိုဖာမှာတော့
မနက်စာတွေက ဒီတိုင်းပြန့်ကျဲနေသည်။

အတွင်းရေးမှူးရဲ့စားပွဲကိုကြည့်ပြန်တော့လည်း
အိတ်လေးနဲ့စာရွက်တွေသာရှိသည်။ထို့အတူ
ယောင်းဝူက ဥက္ကဌကြီးကိုပွင့်နေသည့်
သူ့သားနားနေခန်းကိုလက်ညိုးထိုးပြသည်။

" ဟဲဟဲ...ဆရာအိပ်တဲ့အခန်းကတံခါးပွင့်နေတယ် "

ယောင်းဝူစကားကြောင့် ဥက္ကဌကြီးက
သူ့သားနားနေခန်းနားကိုလျှောက်သွားကြည့်တော့
ယှက်တွဲထားသည့်ခြေအိတ်အနက်တစ်စုံနဲ့
ခြေအိတ်အဖြူတစ်စုံလေးကိုတွေ့လို့
ပိုတိုးကြည့်ရောသူ့သားထယ်ယောင်းက
ထိုကောင်လေးကိုလွတ်ထွက်သွားမတက်အောင်ဖက်ကာ နှစ်ယောက်အတူအိပ်နေကြသည်တဲ့။

ယောင်းဝူကတော့ နည်းနည်းအဆင်ပြေနေပြီဆိုလို့
ဥက္ကဌကြီးရဲ့အနောက်ကနေ ရယ်နေတော့သည်။
သူ့သားမှာတော့ သူတို့လာတာတောင်မသိသည်
အထိအိပ်နေပြီ။

ဥက္ကဌကြီးက သူ့သားကင်မ်ထယ်ယောင်းကိုကြည့်
ရင်းမှ ယောင်းဝူကို တံခါးပိတ်လိုက်ဖို့မျက်စပြတ်ပြသည်။သည်တော့ယောင်းဝူက ရယ်ရင်းဖြင့်
တံခါးကိုဖြည်းဖြည်းပိတ်လိုက်သည်။

" ကင်မ်ထယ်ယောင်းက အဖေ့ထက်တောင်မှ လက်သွက်နေတာပါလားကွာ... "

သည်တော့မှဥက္ကဌကြီးက သူ့သားကိုဆက်မတွေ့
တော့ဘဲ ယောင်းဝူကိုမှာစရာရှိတာတွေမှာပြီး
အိမ်ကိုသာပြန်သွားတော့သည်။အိမ်ရောက်ရင်
တော့ သူ့ဇနီးကိုသူတို့သားအကြောင်းကိုပြောပြ
မှာတော့ သေချာသလောက်ရှိနေပါသည်။

To be continued ~

ကင်မ်ထယ်ယောင်းကြီးက သူ့ကိုကိုအလှလေးနဲ့ဆိုကျားပေါက်လေးဖြစ်သွားပါပြီခင်ဗျာ။

> >

Continue Reading

You'll Also Like

941 54 12
It's 1978, Joe & Jill are on their first overseas trip as a married couple. Joe has to step in as Chairman of a Senate Committee so Jill is hostess f...
32.2K 2.1K 35
jk : ကိုကို့ ကိုချစ်တယ် ညီကိုတွေလိုမဟုတ်တဲ့ ချစ်ခြင်းမျိုးနဲ့ချစ်တယ် taehyung: ဟင့်အင်း ကိုကိုတို့က ညီကိုတွေလေ kookie လေးကစိတ်ကစားတဲ့အရွယ်မို့ ကိုက...
32.2K 2.5K 10
Top Tae Bottom Kook Zawgyi & Unicobe Start - March.19.2021 End - July.16.2021
665K 40.7K 105
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...