ထိပ်တန်းစုံတွဲက နည်းနည်း​လေး​...

By Fre_Rella

152K 12.9K 323

Title - The Top Couple Is A Bit Sweet [Myanmar Translation] Status in COO- 95 Chapters + 5 Extras အနုပညာ​လောက... More

Description
Synopsis
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Cahpter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5 (Final)
​ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter - 82

964 125 5
By Fre_Rella

[Unicode]

အပိုင်း ၈၂။

ရှုရှင်းရွယ်သည် ပြောပြီးသွားသည်နှင့် သူ့တုံ့ပြန်မှုကို ကြည့်ချင်သဖြင့် ထိုလူကို မရဲတရဲကြည့်လိုက်သည်။

သို့သော် သူမ မျှော်မှန်းထားသည့်အတိုင်း ဒေါသ သို့မဟုတ် အံ့သြမှုမရှိခဲ့။

စုန့်ယန်က ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် ရယ်မြူးရိပ် ရောင်ပြန်ဟပ်နေ၏။

ဤတုံ့ပြန်မှုကို ရှုရှင်းရွယ် မမျှော်လင့်ထားသလို သူ့ရယ်မောသံများဆီက သူမ ခဏတာဖမ်းစားခံလိုက်ရသည်။

စုန့်ယန်သည် ရှင်းလင်းနေသောမျက်ခုံးနှင့် တောက်ပသောမျက်လုံးများဖြင့် အမြဲတမ်း ချောမောသည့်အသွင်အပြင်ရှိပေသည်။ သူသည် နယ်ပယ်ထဲသို့ စောစောဝင်ရောက်ကာ နှစ်ပေါင်းများစွာကြာအောင် ဂုဏ်တင်ခံခဲ့ရသောကြောင့် သူ့ထံမှ ထွက်ပေါ်လာသော ရင့်ကျက်သည့်စိတ်ထားက သူ့ကို ခပ်တန်းတန်းဖြစ်နေစေသော်လည်း မာနကြီးတဲ့ပုံမပေါ်စေပေ။ စင်ပေါ်မှာပဲဖြစ်ဖြစ်၊ စင်အောက်မှာပဲဖြစ်ဖြစ်၊ လူတွေက သူ့ဆီက မျက်လုံးလွှဲဖို့ခက်ပါသည်။

ရှုရှင်းရွယ်သည် လူသစ်တစ်ဦးဖြစ်ပြီး ပွဲဦးထွက်မှ ယခုအချိန်အထိ သူမ၏လမ်းခရီးမှာ မလွယ်ကူခဲ့ပေ။ သူမသည် အောင်မြင်လိုသောဆန္ဒ ပြင်းပြပြီး စုန့်ယန်ကဲ့သို့ ယောက်ျားများကို ပြင်းပြင်းပြပြ လေးစားချစ်ခင်တတ်သည်။ သူမ သူတို့ကိုထိလို့မရတော့ သူတို့အား မော်ကြည့်ရမည့် စီနီယာပုဂ္ဂိုလ်များအဖြစ် သဘောထားခဲ့သည်။ ယခုမူ သူမ သူ့ရှေ့တွင်ရပ်နေသဖြင့် မိုက်မဲသောအတွေးအချို့က သူမ၏ကျိုးကြောင်းဆီလျော်တတ်မှုကို အလိုလိုလွှမ်းမိုးသွားလေသည်။

အကယ်၍ သူမသာ ဒီအမျိုးသားကို အရယူနိုင်မည်ဆိုပါက... အရာအားလုံးတွင် ထူးချွန်သည့် စီနီယာအစ်မထံမှ သူ့ကို ဆွဲထုတ်နိုင်မည်ဆိုလျှင်...။

ထိုက သူမကိုယ်သူမ "သက်သေပြခြင်း" နှင့် ညီမျှပေလိမ့်မည်။

ဒါရိုက်တာကော၏ပံ့ပိုးကူညီမှုမရှိရင်တောင် သူမဟာ သူမ့အစ်မထက် ပိုသန်မာနေသေးမည်ပင်။

ရှုရှင်းရွယ်က သတိထားကာ သူမ၏လေသံပြောင်းလိုက်ပြီး ချီတုံချတုံနှင့် "အမှန်ပါ၊ စီနီယာဝမ်းနဲ့ အဲဒီသင်တန်းသား နှစ်ယောက်တည်းတွေ့တာကို ကျွန်မ အများကြီးတွေ့ဖူးတယ်၊ အဲဒီသင်တန်းသားကိုကြည့်တဲ့ စီနီယာဝမ်းရဲ့ အကြည့်တွေကလည်း ထူးဆန်းနေတာ၊ နောက်ဆုံးအကြိမ်တုန်းကဆို သူတို့က နာနေခန်းထဲမှာ နာရီဝက်ကျော်ကြာအောင် အတူရှိနေတာရယ်၊ သူတို့ထွက်လာတော့ စီနီယာဝမ်းရဲ့အဝတ်အစားတွေက နည်းနည်းဖိုသီဖတ်သီဖြစ်နေတာ ကျွန်မတွေ့လိုက်တယ်..."

စုန့်ယန်၏ပထမဆုံးတုံ့ပြန်မှုသည် ရှုရှင်းရွယ် လိမ်နေသလား၊ မလိမ်နေသလားဆိုတာမဟုတ်ဘဲ ထိုနေ့က တစ်ယောက်ယောက်ကို သူတို့အားဖမ်းမိဖို့ "အခွင့်အရေး"ဖြစ်စေပြီး သူမ၏အဝတ်အစားများ ရှုပ်ပွစေလောက်အောင်ထိ မောင်နှမနှစ်ယောက် နားနေခန်းထဲမှာ ရန်ဖြစ်နေသလားဆိုတာသာ။

သူသည် တစ်ချိန်လုံးတိတ်ဆိတ်နေဆဲဖြစ်သလို သူ့ဖုန်းကလည်း အသံသွင်းနေသေးသည်။ ထိုလူ၏တိတ်ဆိတ်မှုသည် ရှုရှင်းရွယ်အား သွယ်ဝိုက်သောနည်းဖြင့် အားပေးနေပြီး သူမသည် အစီအစဉ်ရိုက်ကူးနေစဉ်တွင် ဝမ်းလိနှင့် ထိုသင်တန်းသားတို့ကြားက သံသယဖြစ်ဖွယ်အချက်များအကြောင်းကို ဆက်လက်ပြောပြလာသည်။

"စီနီယာဝမ်းက ပုံမှန်ဆို အရမ်းကောင်းတဲ့သူတစ်ယောက်ပါ၊ ကုမ္ပဏီမှာဆို သူမက ကျွန်မကို ဂရုစိုက်ပေးတယ်ရယ်၊ ကျွန်မသာ အကြိမ်ပေါင်းများစွာမတွေ့ခဲ့ရင် သူမ ရှင့်အပေါ်ဖောက်ပြန်နေတယ်လို့ ယုံမှာမဟုတ်ဘူး၊ ပြီးတော့ ဒါက ရှင်နဲ့ရှင့်မိန်းမကြားက ကိစ္စပါ၊ ကျွန်မက အပြင်လူတစ်ယောက်ဆိုတာသိသလို ဝင်စွက်ဖက်ဖို့လည်း မသင့်တော်ဘူးလေ၊ ကျွန်မက တခြားသူရဲ့စီးပွားရေးမှာ ဝင်စွက်ဖက်နေတယ်လို့တောင် ပြောလို့ရပါတယ်၊ ဒါပေမယ့် ကျွန်မဝင်စွက်ဖက်နေရင်တောင် ရှင်အမှောင်ထဲမှာပဲဆက်ရှိနေမှာကို ကျွန်မ မလိုချင်ဘူး စုန့်လောင်ရှီး၊ စီနီယာဝမ်းက ဘာလို့ရှင်ကို စိတ်လိုလက်ရနာကျင်စေတာဆိုတာ ကျွန်မတကယ် နားမလည်နိုင်ဘူး၊ ကျွန်မသာဆိုရင်...."

ရှုရှင်းရွယ်က ဝမ်းနည်းညိုးငယ်နေဟန်ဖြင့် "ထားလိုက်ပါ၊ ကျွန်မ ကယောင်ချောက်ချားဖြစ်နေတာဘဲ၊ စုန့်လောင်ရှီး ရှင့်အပေါ်ထားတဲ့ ကျွန်မ့ခံစားချက်တွေကို ရှင်ဘာလို့ ဂရုမစိုက်ရတာလဲ?၊ ဒါပေမယ့် ရှင်စိတ်မရှိဘူးဆိုရင် စီနီယာဝမ်းကြောင့် နာကျင်တာကို ခဏမေ့ထားနိုင်ဖို့ ကျွန်မကူညီပေးနိုင်မယ်ဆိုရင် ကျွန်မ အချိန်မရွေးရှိနေပေးမယ်"

စုန့်ယန်သည် သူ့ရှေ့မှလူကို အေးအေးဆေးဆေးကြည့်ကာ သူ့မိန်းမထံမှ ဒီလိုသနားစရာကောင်းသော ဖျော်ဖြေမှုမျိုးကို တစ်သက်လုံး မတွေ့ရလောက်ဟု တွေးမိနေသည်။ အကယ်၍ သူ့မိန်းမသာဖြစ်ခဲ့ပါက သူမက ဒီလိုပြောလိမ့်မည် "ကျွန်မ ရှင့်ကိုသဘောကျသွားတာကိုက ရှင်ကံကောင်းတာ၊ ကျွန်မကိုကျေးဇူးတင်လိုက် man" သို့မဟုတ် အကျိုးသက်ရောက်မှု တစ်ခုခုရှိမည့်အရာပေါ့။

ရှုရှင်းရွယ်က အများကြီးပြောခဲ့ပြီး စုန့်ယန်၏တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်နေလေသည်။

"ပြီးပြီလား?"

စုန့်ယန်၏လေသံက သူမ့စကားတွေကို လုံးဝနားမထောင်သလို တည်ငြိမ်နေဆဲသာ။

ရှုရှင်းရွယ်၏မျက်လုံးထောင့်မှ ကျဆင်းလာသော မျက်ရည်များမှာ မယုံကြည်နိုင်စွာ ပြန်ဆုတ်သွားပြီး သူမက ခေါင်းညိတ်ကာ "အင်း"

"ကောင်းပြီ" စုန့်ယန်က သူ့လက်ထောက်ကို ဖုန်းဆက်ပြီး "အားခန်၊ ဒီကိုလာခဲ့"

လွန်ခဲ့သည့်ဆယ်မိနစ်ခန့်က အနီးနားတွင် ပုန်းအောင်းနေသည့် လက်ထောက်အားခန်က ပြန်ပေါ်လာတော့သည်။

"သူမကို ဒါရိုက်တာကော အခန်းထဲပြန်ပို့ပေးလိုက်"

ထိုစကားကိုပြောပြီးနောက် စုန့်ယန်သည် လှည့်ကာ သူ့အခန်းဆီသို့လျှောက်သွားလိုက်သည်။ သူ ဒီနေ့ အရက်နည်းနည်းသောက်ကာ ရှုရှင်းရွယ်၏ရှည်လျားတဲ့စကားတွေကို နားထောင်ရင်း အချိန်ဖြုန်းခဲ့ပြီးနောက် အခုတော့ သူ့အခန်းကိုပြန်သွားပြီး ခဏလောက်လဲချင်နေ၏။

"ဟုတ်ကဲ့" အားခန်က ခေါင်းညိတ်လိုက်ပြီး ရှုရှင်းရွယ်ဘက်လှည့်ကာ "မစ္စရှု?"

ရှုရှင်းရွယ်က စုန့်ယန်ကို မယုံနိုင်စွာဖြင့် အော်ခေါ်လိုက်သည် "စုန့်လောင်ရှီး!"

စုန့်ယန်က စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။ သူ့စိတ်နေစိတ်ထားက ဘယ်တော့မှမပျော့ညံ့သလို ဘယ်တော့မှမချစ်ခင်မကြင်နာတတ်ပြီး သူ မဆက်ဆံချင်သောလူတွေအတွက်တော့ သူဟာစိတ်မရှည်တတ်ပေ။

သူ့မိန်းမနှင့် သူမ့မောင်လေးကြားက ဆက်ဆံရေးကို လူသိရှင်ကြားထုတ်ဖော်ခဲ့ခြင်းမရှိသလို သူကလည်း တိုက်ရိုက်ပတ်သက်မှုလည်းမရှိသောကြောင့် အခြားသူများကို ခွင့်ပြုချက်မရှိဘဲ ပြောပြပိုင်ခွင့်မရှိပေ။

ဝမ်းလိနှင့် ရှုလိတို့သည် မောင်နှမများမဟုတ်သော်တောင်မှ အထောက်အထားမရှိသည့်အတွက် ရှုရှင်းရွယ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုလို့ရ၏။

ရှုရှင်းရွယ်၏ မရေရာသောစကားလုံးများက သူ့ကို ပို၍ပင်စိတ်အနှောင့်အယှက်ဖြစ်စေပုံရသည်။

"ငါ သူမကိုချစ်တယ်၊ အဲဒါနဲ့တင် လုံလောက်ပြီ၊ မင်းအပူပဲ မင်းဂရုစိုက်စမ်းပါ"

ထိုစကားပြောပြီးသည်နှင့်အတူ စုန့်ယန်ထွက်သွားလေသည်။ သူသည် အခန်းထဲဝင်လာပြီး တံခါးကိုပိတ်လိုက်၏။

ရှုရှင်းရွယ်သည် ပြင်းထန်စွာနာကျင်ရပြီး သူမ၏ပါးပြင်များမှာတော့ ပူလောင်လာကာ မကြုံစဖူးသော ရှုံးနိမ့်မှုခံစားချက်က သူမ၏မာနကို ဖြိုခွဲပစ်လိုက်လေသည်။

စုန့်ယန်၏စကားများသည် ဝမ်းဘိက သူ့ကို နာကျင်စေရင်တောင်၊ ဝမ်းလိက အမှားလုပ်မိရင်တောင် သူမက ဘယ်တော့မှအခွင့်အရေးမရှိဟု သူမကို သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်သည်သာ။ သူ သူမကို အထင်သေး၏။

ဝမ်းလိ၏တည့်တိုးရွဲ့စောင်းလှောင်ပြောင်မှုနှင့် နှိုင်းယှဉ်ပါက စုန့်ယန်၏စကားများက သူမကို ပို၍အရှက်ရစေသည်။

ရှုရှင်းရွယ်က သူမအခန်းထဲကို ဘယ်လိုပြန်ရောက်မှန်းတောင် မသိလိုက်ပေ။

ကုတင်ပေါ်ရှိ ကျယ်လောင်စွာ ဟောက်နေသော အဘိုးကြီးကိုကြည့်ပြီး ရုတ်တရက် အထင်နဲ့အမြင်တခြားဆီ ဖြစ်နေသလို ခံစားလိုက်ရသည်။ သူမသည် ဤနေရာသို့ရောက်ဖို့ များစွာအနစ်နာခံခဲ့ရပြီး သူမ၏စီနီယာအစ်မနှင့်ယှဉ်လျှင် နှိမ့်ကျနေဆဲဖြစ်သည်။

သူမသည် ပွဲဦးထွက်အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ မဆုတ်မနစ်လေ့ကျင့်ခဲ့ရသော်လည်း ရှိုးတွင် လေထီးခုန်သွားသော ဝမ်းလိသည် မျက်စိကျစရာအကောင်းဆုံး ဒိုင်ဖြစ်လာခဲ့သည်။ သူမ(ရှုရှင်းရွယ်)သည် ရုပ်ရှင်အရင်းမြစ်ကောင်းတစ်ခုကို ရရှိထားပြီး စုန့်ယန်နှင့် ပူးပေါင်းချင်သော်လည်း သူက ဇာတ်ညွှန်းကိုငြင်းဆိုဖို့တောင် တွန့်ဆုတ်မနေဘဲ ထိုအစား ဝမ်းလိနှင့် ပိုမိုကောင်းမွန်သော ရုပ်ရှင်အရင်းအမြစ်တစ်ခုကို ကြေညာခဲ့သည်။

သူမသည် စီနီယာအစ်မထက် ပိုကောင်းကြောင်း သက်သေပြချင်ရုံလေးသာ။ သူမ၏စီနီယာအစ်မဖြစ်သူက ဒီထိရောက်ဖို့ နှစ်ပေါင်းများစွာအချိန်ယူခဲ့ရပြီး အနုပညာရှင်များစွာတစ်သက်တာမှာ တစ်နှစ်အတွင်း မတက်လှမ်းနိုင်သည့်အမြင့်ကို ရောက်ရှိနေသည်။ အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာရှိလား?။

ရှုရှင်းရွယ်သည် ကုတင်ခြေရင်းတွင်ထိုင်ကာ ဖုန်းကိုလော့ခ်ဖွင့်လိုက်ပြီး ဝေ့ပေါ်မှမားကတ်တင်းအကောင့်တစ်ခုထံက တွန်းအားပေးအကြောင်းကြားစာတစ်စောင်ကို တိုက်ဆိုင်စွာလက်ခံရရှိလိုက်သည်။

သူမ၏ရုပ်ရှင်တရားဝင်ပုံများသည် မမျှော်လင့်ဘဲ ဝမ်းလိရိုက်ကူးထားသည့် ဂိမ်းထောက်ခံချက်အတွက် ပရိုမိုးရှင်းဓာတ်ပုံများလောက် ကြည့်ကောင်းမနေ။

[နှိုင်းယှဥ်ခြင်းက ရက်စက်နိုင်တယ်]

[ဝမ်းလိအတွက်တော့ လွှမ်းမိုးနေတာက ပုံမှန်ပဲ မဟုတ်လား?၊ အခုခေတ်က ဘယ်အိုင်ဒေါလ်မဆို မိန်းကလေးအဖွဲ့မှာပါနိုင်သလို ထိပ်တန်းနာမည်ကြီးအဆင့်ကိုတောင် ရနေကြပြီ၊ သူတို့ထဲမှာ ဝမ်းလိလို နတ်သမီးနဲ့တူတဲ့အလှတရား ဘယ်လောက်ရှိလို့လဲ]

[အသက်အရွယ်တူတဲ့မင်းသမီးတွေထဲမှာ ဝမ်းလိရဲ့ရုပ်ရည်က အကောင်းဆုံးနဲ့တန်းတူပဲ၊ သူမကို ရှုရှင်းရွယ်နဲ့နှိုင်းတာက မမျှတဘူး]

ရှုရှင်းရွယ် အသက်ပြင်းပြင်းရှူရင်း ဝေ့ပေါ်ကိုပိတ်လိုက်ကာ သူမ့ဖုန်းထဲမှဗီဒီယိုတစ်ခုကို ဖွင့်လိုက်၏။

အရည်အချင်းပြရှိုး ပြီးဆုံးချေတော့မည်။ နောက်ဆုံးအပိုင်းကို ရိုက်ကူးပြီးသောအခါ ကုမ္ပဏီ၏ဝမ်းလိအပေါ် အလေးထားမှုနှင့်အတူ ရှိုးတစ်ဝိုက် စန်းတင်ကြော်ငြာခြင်းများ လျော့နည်းသွားသည်နှင့် ဤသံသယဖြစ်ဖွယ်တောင်မရှိသော လျှို့ဝှက်ရိုက်ကူးထားသည့် ဗီဒီယိုများသည် လူထုဆက်ဆံရေးအဖွဲ့အတွက် ကိုင်တွယ်ဖြေရှင်းလို့မရနိုင်ပေ။

သူမ မစောင့်နိုင်တော့။

ခုနက သူမ စုန့်ယန်ကို ပြောပြနေချိန်မှာ ရှုရှင်းရွယ်က ဝမ်းလိနှင့် ရှုလိတို့ သီးသန့်တွေ့ဆုံမှုကို အကြိမ်ပေါင်းများစွာ မျက်မြင်တွေ့ခဲ့ရသည်ကိုသာ ပြောခဲ့ပြီး ဖြစ်ရပ်တိုင်းကိုလည်း မှတ်တမ်းတင်ထားသည်ဟု မပြောခဲ့ပေ။

စုန့်ယန်၏နှလုံးသားသည် ဝမ်းလိဆီသို့ ခြွင်းချက်မရှိတိမ်းစောင်းနေမှန်း သူမသိပါသည်။ ထို့ကြောင့် သူမသည် လူးသာလွန့်သာချန်ထားခဲ့ပြီး ရိုက်ကူးထားသော ဗီဒီယိုများကို စုန့်ယန်အား မပြသခဲ့ပေ။

——

ရှုရှင်းရွယ်သည် စုန့်ယန်က သူတို့စကားပြောနေကို အသံဖမ်းထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် ဝမ်းလိထံသို့ အသံဖမ်းထားသည်ကို ပို့လိုက်ပြီး ဤ "နားလည်မှုလွဲမှားခြင်း" ကို မောင်နှမနှစ်ယောက် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သိချင်မိ၏။

ဝမ်းလိသည် ဤအသံဖမ်းထားသည်ကို လက်ခံရရှိသောအခါတွင် ပါပါရာဇီက သူမ၏ဘေးတွင်ရှိနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်တော့သည်။

သူမနှင့် ရှုလိတို့သည် မောင်နှမများဖြစ်သည်ကို အခြားသူများက မသိကြသော်တောင်မှ ရှုလိသည် ကင်မရာရှေ့တွင် သူမအပေါ် အမြဲတမ်း ဂရုမစိုက်တတ်ပေ။ သူမ ရှုလိကို ပါတနာအဖြစ်ရွေးချယ်ခဲ့သည့် စတုတ္ထအဆင့်ဖျော်ဖြေမှုအပြင် သူတို့ကြားက အပြန်အလှန်တုံ့ပြန်မှုများနှင့် ဖန်သားပြင်ပေါ်ဓာတုဗေဒမိမှုက ရှားပါးပါသည်။ ရှုလိနှင့် သူမ၏ဆက်ဆံရေးကို တစ်ယောက်ယောက်က နားလည်မှုလွဲလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။

သို့သော် တွေးကြည့်ရင် အဓိပ္ပါယ်ရှိပါသည်။

သူမကိုယ်တိုင်က အများကြီးမတွေးထားသော်လည်း တခြားသူတွေ၏အမြင်မှာတော့ ဒါကို "အပြစ်ရှိစိတ်" သို့မဟုတ် "တမင်တကာ ရှောင်ရှားခြင်း" ဟု မြင်နိုင်လောက်သည်။

ဒီလိုတွေးတာ ရှုရှင်းရွယ်တစ်ယောက်တည်းတင် မဟုတ်ပါ။

[မင်းရဲ့ပွဲဦးထွက်အတွက်]၏ စတုတ္ထမြောက်ဖျော်ဖြေတင်ဆက်မှုသည် အစောပိုင်းပေါက်ကြားမှုများနှင့် နည်းပြဆရာများနှင့် ကိုယ်တွေ့အမြင်များကြောင့် တော်တော်လေးပျံ့နှံ့သွားခဲ့သည်။ အပိုင်းမထုတ်လွှင့်မီတွင်ပင် သီးသန့်အွန်လိုင်း streaming ပလပ်ဖောင်းသည် ထိုညက သုံးစွဲသူအရေအတွက်အလွန်အကျွံကြောင့် စာမျက်နှာအတိုချုံ့သွားခြင်းကို ကြုံတွေ့ခဲ့ရသည်။

အပိုင်းသည် ပေါက်ကြားမှုကဲ့သို့ပင် စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။ နည်းပြယန်နှင့် သင်တန်းသားအချို့၏ စင်မြင့်ဖျော်ဖြေမှုသည်ပရိသတ်အာရုံစိုက်ခံခဲ့ရပြီး သင်တန်းသားများနှင့် သူတို့၏စီနီယာလုပ်ဖော်ကိုင်ဖက်များကြား ပူးပေါင်းဆောင်ရွက်သည့်အဆင့်များတွင် အဓိကဒိုင်ဝမ်းလိ ဦးဆောင်သည်က ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။

မူရင်းအဆိုတော်၊ စီစဉ်မှု သို့မဟုတ် ကကွက်အရဖြစ်စေ မူရင်းသီချင်းသည် ပြည်ပတွင် နှစ်ပေါင်းများစွာ ရေပန်းစားခဲ့ပြီးဖြစ်သည်။ ယောကျ်ားလေး-မိန်းကလေးနှစ်ယောက်က တီးလုံးသံပြင်းပြင်းဖြင့် ဂျူနီယာလေးများ သင်ယူရမည့် ကာဗာသီချင်းဖြစ်နေဆဲပင်။ စျေးကြီးသော မူပိုင်ခွင့်အခကြေးငွေကို မဖြုန်းတီးစေရန်အတွက် ထုတ်လုပ်ရေးအဖွဲ့သည် ဇာတ်ခုံဒီဇိုင်းနှင့် အကျိုးသက်ရောက်မှုများကို ကြိုးပမ်းအားထုတ်ခဲ့ပေသည်။

ဝမ်းလိသည် အရင်က ရှိုးတွင် မတူညီသော အကနှစ်ခုကို ဖျော်ဖြေခဲ့ပြီး တစ်ခုစီသည် မတူညီသောပုံစံကို ပြသခဲ့၏။ ဒီတစ်ခါမှာတော့ သူမဟာ လုံးဝကို ပုံစံအသစ်နှင့်တင်ဆက်ပေးထားသည်။

သူမသည် မော်တော်ဆိုင်ကယ် သားရေဂျာကင်အင်္ကျီနှင့် ကြိုးမဲ့ဂါဝန်တိုကို ၀တ်ဆင်ထားကာ သူမ၏ခါးအထိရှိသော ရွှေရောင်ဆံပင်များမှာ စင်းကျနေကာ ဆက်စီဆန်သောခံစားချက်ကို ရစေသည်။

လေ့ကျင့်ပါတနာရှုလိသည် သူ၏ပုံမှန်သန့်ရှင်းပြီး ချစ်စရာမိတ်ကပ်ပုံစံကို ပြောင်းလဲကာ အနည်းငယ်ထူသော မီးခိုးရောင်မျက်လုံးမိတ်ကပ်ကို ရွေးချယ်ထားသည်။ သူသည် ဤစင်မြင့်ဖျော်ဖြေပွဲတွင် အလယ်နေရာအတွက် ရွေးချယ်ခံထားရသောကြောင့် ဝမ်းလိဝတ်ဆင်သည်နှင့်လိုက်ဖက်မည့် မော်တော်ဆိုင်ကယ် သားရေဂျာကင်အင်္ကျီ ၀တ်ဆင်ခဲ့သည်။

ကြမ်းတမ်းပြီး အားကြီးသော ၁၉၇၀၊ ၁၉၈၀ လောက်ကလူငယ်တို့ လိုက်စားကြသည့် စည်းချက်လွှမ်းသောဂီတကို လှုံ့ဆော်ထားသည့်အသွင်အပြင်ဖြင့် သူတို့နှစ်ဦးစလုံးဟာ စတိုင်လ်ကြီးကြီးမားမားကို ပြောင်းလဲထားသည်။ သူတို့၏အတွဲအကအတွက် ကကွက်သည် ပြင်းထန်ပြီး တောက်ပသောမီးမောင်းထိုးပြမှုအောက်တွင် အမြင်အာရုံက တကယ်ကိုလှပပေသည်။

အွန်လိုင်းကြည့်ရှုသူများနှင့် တိုက်ရိုက်ကြည့်ရှုသည့်ပရိသတ်များမှ မှတ်ချက်စာတန်းများသည် အော်ဟစ်နေသည်သာဖြစ်သည်။

[အား ငါသေပြီ၊ ငါသေပြီ၊ ငါသေသွားပြီ!]

[အိုင်ဒေါလ်မွေးဖွားလာတာ၊ ရှောင်လိ!၊ အမေ့အချစ်က ဆိုးလာတာဘဲ]

[စန်းလီကျဲ၊ ငါတို့ကို ပရိသတ်တွေ့ဆုံပွဲတစ်ခု လုပ်ပေးပါ]

[မင်းမိန်းမကို ခိုးနေတယ် @စုန့်ယန်]

ရှုလိသည် ဝမ်းလိ၏ခါးနှင့် တင်ပါးကြားတွင် သူ့လက်ကို ချထားသည့်အမူအရာတစ်ခု ပြုလုပ်ထားသော်လည်း သူမကို အမှန်တကယ်မထိထားပေ။ သူ့လက်သီးကို အပေါ်ဘက်အနည်းငယ်တိုးထားသည်။

[ရှောင်လိ- ယောက်ျားလေးပါရမီရှင်မော်ဒယ်! အမေ ဂုဏ်ယူတယ်!]

အက၏နောက်ဆုံးအကွက်မှာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အနီးကပ်ကြည့်လိုက်၏။ ရှုလိသည် မျက်လွှာချကာ သူ့လက်မောင်းထဲမှ ဝမ်းလိကို ကြည့်လိုက်၏။ သူ့နဖူးမှာ ချွေးများစိုစွတ်လာကာ မျက်နှာအနည်းငယ်နီမြန်းလာပြီး အသက်ရှုပြင်းထန်လာသည်။ သူ ပြင်းပြင်းထန်ထန်အသက်ရှုမှုကြောင့်
သူ့အာဒမ်ပန်းသီးလှုပ်ရှားမှုသည် အဆက်မပြတ်အထက်အောက်ရွေ့လျားနေသည်။

ဝမ်းလိက သူ့ကိုမော့ကြည့်ကာ စင်မြင့်ပေါ်ရှိ အလင်းရောင်အောက်တွင် သူ့ကို ပြုံးပြလိုက်ပြီး တစ်ခုခုပြောလိုက်သည်။

ရှုလိက သူ့နှုတ်ခမ်းကိုသူဖိလိုက်ပြီး အကြည့်တွေကို ရှောင်လိုက်၏။

[စန်းလီက သူအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်လို့ပြောလိုက်တာ ဟုတ်တယ်မလား?]

[ဝူးဝူးဝူး၊ ငါတို့ ရှောင်လိက အသက်ရှုမဝနေတာတောင် ဆွဲဆောင်မှုရှိပြီး သူ့အနှစ်သာရက အပြစ်ကင်းတဲ့လူငယ်တစ်ယောက်လိုပါပဲ]

[တောင်းပန်ပါတယ် ကျွန်မကို စက္ကန့်ပိုင်းလောက် fangirl ဖြစ်ခွင့်ပေးပါ၊ ရင့်ကျက်ပြီးသား senpai နဲ့ ရှက်ရွံ့တတ်တဲ့ ခွေးကလေးကြား အပြန်အလှန်ဆက်ဆံမှုက တကယ်ကို စွဲလမ်းစရာပဲ]

[အရင်က အစွန်းရောက်တဲ့သူတွေက ထွက်သွားနိုင်ပါတယ်၊ Senpai က Kouhai ကို ချီးကျူးနေရုံလေးပဲ၊ fangirl တွေ မင်းအမေကိုကျော်သွားတော့!]

ရှိုးထုတ်လွှင့်ပြီးနောက်တွင် နည်းပြယန်ကျွင်းနှင့် အဓိကဒိုင်ဝမ်းလိတို့၏ ဖျော်ဖြေတင်ဆက်မှုများသည် ဆိုရှယ်မီဒီယာပေါ်တွင် လျှင်မြန်စွာ နာမည်ကြီးလာပြီး ရေပန်းစားလာလေသည်။

[ပင်မစာမျက်နှာမှာရှိတဲ့ မင်းရဲ့အဖွဲ့က ဒီနှစ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု စင်မြင့်ဖျော်ဖြေပွဲနှစ်ခုကို မမြင်ဖူးသူတိုင်းကို ခွင့်မပြုပါဘူး၊ တစ်ခုက အမျိုးသားဟော်မုန်းတွေ အပြည့်နဲ့ ပေါက်ကွဲထွက်နေတဲ့စင်မြင့်ဖြစ်ပြီး နောက်တစ်ခုကတော့ တင်းမာမှုမြင့်မားတဲ့ နှစ်ယောက်တွဲဖျော်ဖြေမှုပဲ၊ လာကြည့်ကြ!!!၊ ငါ ထပ်ပြောမယ်!၊ ဝမ်းလိသာ အိုင်ဒေါလ်တစ်ယောက်ဖြစ်လာရင် သူမက အိုင်ဒေါလ်နယ်ပယ်မှာ ထိပ်တန်းဖြစ်လာမှာ သေချာတယ်၊ ပြီးတော့ ရှုလိ၊ ဖုံးကွယ်ထားတဲ့ရတနာပဲ၊ သူက ချစ်စရာလည်းကောင်းတယ် မိုက်လည်းမိုက်တယ်!၊ အတူတူ vote ကြရအောင်၊ ရှုလိက မနက်ဖြန် ပွဲဦးထွက်မှာ]

ဤစင်မြင့်ဖျော်ဖြေပွဲကို ရှိုးထုတ်လုပ်ရေးအဖွဲ့မှ ပရိသတ်ဝန်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် မဲပေးမှုအဆင့်သတ်မှတ်ခြင်းအပိုင်းမရှိခဲ့ပေ။ ဖျော်ဖြေပွဲပြီးပြီးချင်းမှာပဲ နောက်ဆုံးအုပ်စုပွဲဦးထွက်ည ရောက်လာချေပြီ။ အဆင့်များတွင် နောက်ကျကျန်နေခဲ့သော ရှုလိသည် အဓိကဒိုင်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် လူကြိုက်များမှု မြင့်တက်လာခဲ့သည်။ အဖွဲ့ပွဲဦးထွက်ညကို ဦးဆောင်သည့် ရက်သတ္တပတ်တွင် သူ၏အွန်လိုင်းပေါ်ပြူလာမှာ အရှိန်အဟုန်မြင့်လာပြီး ထိပ်ဆုံး 3 ဦးသို့ ရောက်ရှိသွားသည်။

အဓိကဒိုင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ရှုလိ၏ကျော်ကြားမှုကို မြှင့်တင်ပေးပြီး ကောင်းသောအရာဖြစ်လာသည်။ သို့သော်လည်း ဖျော်ဖြေရေးစင်မြင့်မှာ အာရုံစိုက်မှုများရရှိလာပြီးနောက် အငြင်းပွားဖွယ်ရာမှတ်ချက်များ ပိုမိုထွက်ပေါ်လာခဲ့သည်။

မူလက ရှုလိ-ဝမ်းလိ CP သည် Arctic Circle ကဲ့သို့အေးစက်နေခဲ့ပြီး "Double Li" CP လို ချိုသာသောအခိုက်အတန့်များကို ပွင့်ပွင့်လင်းလင်းခံစားခွင့်ရရန် မဖြစ်နိုင်ပေ။ သို့သော် အချို့သော စျေးကွက်ရှာဖွေရေးအကောင့်များမှ အထင်အမြင်လွဲမှားစေသော ပရိုမိုးရှင်းဆောင်းပါးအချို့ကြောင့် ဤ CP ပရိသတ်များမှာ လူထုမျက်စိကျလာကြတော့သည်။

ပွဲဦးထွက်ညအထိ အပတ်များအတွင်း စျေးကွက်ရှာဖွေရေးအကောင့်များ တိုးလာကာ ထပ်တူအကြောင်းအရာများကို စတင်ထုတ်ဝေလာသည်။

[ဝမ်းလိနဲ့ သင်တန်းသားရှုလိတို့ကြားက စင်မြင့်ပူးပေါင်းဆောင်ရွက်တာက သိသိသာသာကို အာရုံစိုက်မှုတွေရလာတာဘဲ၊ အချို့အင်တာနက်အသုံးပြုသူတွေက ရှိုးရဲ့အရင်အပိုင်းတွေက သူတို့နှစ်ယောက်ကြားက မရေရာတဲ့အပြန်အလှန်တုံ့ပြန်မှုတွေကို သတိပြုမိကြတယ်တဲ့၊ 'Double Li' CP က အမှန်လား?]

ပရိသတ်များအတွက် ကျော်ကြားသောစုစည်းရာနေရာဖြစ်သော ဝေ့ပေါ်တွင် ဤမရိုးသားသော မားကတ်တင်းအကောင့်များကို ဝေဖန်ရန်ရည်ရွယ်ချက်ဖြင့် ပရိသတ်များစွာ စည်းလုံးညီညွတ်နေကြသည်။

[??? သတိပေးချက်၊ အားလုံးပြေးကြ]

[တကယ်ကိုပဲ၊ ငါတို့ရဲ့ရှောင်လိကို ဖယ်ပြီး ပွဲဦးထွက်ညမှာ ငါတို့ရဲ့ချစ်ရတဲ့ ဝမ်းလိကိုပဲ အာရုံစိုက်ပါ~]

[မင်းရဲ့ နှစ်စဉ် KPI အတွက် စန်းလီရဲ့သွေးကို အားကိုးနေတယ်ပေါ့၊ မားကတ်တင်းအကောင့်?၊ ဟီးဟီး]

[စန်းလီက အိမ်ထောင်ကျပြီးသား၊ လိုင်ချီးရဲ့ပရိသတ်တွေ တန်း report ထုကြ]

[မင်းရဲ့ပွဲဦးထွက်အတွက်]၏ ယခင်အပိုင်းများတွင် ဝမ်းလိနှင့် ရှုလိတို့၏ အသေးစားအပြုအမူများနှင့် အပြန်အလှန်တုံ့ပြန်မှုများကို ခွဲခြမ်းစိတ်ဖြာရန် ဖိုရမ်တစ်ခုတွင် အင်တာနက်အသုံးပြုသူများက စတင်လာသော်တောင်မှ သူတို့၏ကြိုးပမ်းအားထုတ်မှုအားလုံးကို အခြေအမြစ်မရှိသောစွပ်စွဲမှုများအဖြစ် ပရိသတ်များကပယ်ချခဲ့ပြီး အစီရင်ခံစာများနှင့် ထိုပို့စ်များကို ဖျက်ပစ်ခဲ့သည်။

မှတ်ချက်များကို ထိန်းချုပ်သည့်ပရိသတ်များ၏အကူအညီဖြင့် အဆိုပါမှားယွင်းသော စျေးကွက်ရှာဖွေရေးအပိုင်းများသည် လှုပ်လှုပ်ရွရွများစွာ မဖန်တီးတော့ပေ။ သို့သော်လည်း၊ ရင်းနှီးမြှုပ်နှံသူများနှင့်ပလက်ဖောင်းများမှ ခိုင်မာသောအရောင်းမြှင့်တင်ခြင်းနှင့် စျေးကွက်ချဲ့ထွင်ခြင်းတို့ဖြင့် ပွဲဦးထွက်ညတွင် [မင်းရဲ့ပွဲဦးထွက်အတွက်]သည် မကြုံစဖူးလူကြိုက်များသည့်အဆင့်သို့ ရောက်ရှိသွားသည်။ သင်တန်းသားများနှင့်ပတ်သက်သော စျေးကွက်ရှာဖွေရေး အကြောင်းအရာများနှင့် ၀ယ်လိုအားများသည် ဝေ့ပေါ်ကို လွှမ်းမိုးသွားပြီး ပရိသတ်များအတွက် ပြပွဲတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ဤမကြုံစဖူး ဖောင်းပွမှုကြားတွင် ကျောထောက်နောက်ခံပြုထားသော အထောက်အထားဖြင့် ကောလာဟလများထွက်ပေါ်လာသည်။

[အထူးသတင်း- [မင်းရဲ့ပွဲဦးထွက်အတွက်]၊ အမျိုးသမီးထိပ်တန်းသရုပ်ဆောင်တစ်ဦးနဲ့ လူကြိုက်များပြီး ပွဲဦးမထွက်ရသေးတဲ့ ယောက်ျားလေးအိုင်ဒေါလ်တို့က အချစ်ဇာတ်ခင်းနေတယ်]

ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ အဓိကပို့စ်က ဗီဒီယိုများစွာကို တိုက်ရိုက်ထည့်သွင်းထားသည်။

ထိုအရာတွေကို အရည်အချင်းပြရှိုး၏စတူဒီယိုအတွင်း၊ ကားများနှင့် သန့်စင်ခန်းများ အတွင်းရော အပြင်တွင်ပါ ရိုက်မိထားသည်။ ရိုက်ကူးရေးရှုထောင့်များသည် ဂန္တဝင်လျှို့ဝှက်ကင်မရာရိုက်ချက်များဖြစ်ပြီး ရှင်းလင်းပြတ်သားသော ဗီဒီယိုများဖြစ်ပေသည်။ လူတိုင်းသည် အဓိကဇာတ်ကောင်များနှင့် ရင်းနှီးနေကြပြီး ဗီဒီယိုတစ်ခုစီသည် မိနစ်နှစ်ဆယ်ကျော်ကြာလေသည်။ OP သည် အရှိန်မြှင့်ပြီး မယုံကြည်သူများအတွက် cloud သိုလှောင်မှုပလပ်ဖောင်းတွင် မူရင်းနှင့်မကွဲလွဲသော ဗီဒီယိုများကိုသာ ကမ်းလှမ်းမည်ဟု အခိုင်အမာဆိုလာသည်။

တစ်နည်းဆိုရသော် ဝမ်းလိနှင့် ရှုလိတို့သည် သူတို့ကြား ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိသော်တောင်မှ ဤဗီဒီယိုများအတွင်း အနည်းဆုံး မိနစ်နှစ်ဆယ်ကြာ နှစ်ယောက်တည်းအတူကုန်ဆုံးခဲ့ကြသည်။ သို့သော်၊ သူတို့သည် ရှိုးကင်မရာများကို ရည်ရွယ်ချက်ရှိရှိရှောင်၍ ကားထဲ သို့မဟုတ် အဝတ်လဲခန်းအတွင်း ယောကျ်ားလေးနှင့် မိန်းကလေးနှစ်ယောက်တည်းအတူရှိနေခြင်းက သာမန်တွေးခေါ်သူတိုင်း၏ စိတ်ထဲတွင် စိတ်ကူးစိတ်သန်း အများအပြားဖြစ်ပေါ်စေ၏။

ဤ "အချစ်ဇာတ်ခင်းကောလဟလ"သည် လူထုအတွက် အရမ်းကိုဆန်းကြယ်သော ဖြစ်ရပ်ဖြစ်ပြီး အတည်မပြုရသေးသော်လည်း လူမှုဗေဒပညာရှင် Albert နှင့် Posterman ၏ ကောက်ချက်အရ ကောလဟာလ (r) = အရေးပါမှု (i) x ရှုပ်ထွေးမှု (a) ဖြစ်သည်။ ဝမ်းလိနှင့် ရှုလိတို့သည် လူထုအာရုံအထွတ်အထိပ်ဖြစ်သောကြောင့် အရေးပါမှုကတော့ ပြောနေစရာမလိုပေ၊ လူအများအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ရှုပ်ထွေးမှုသည် မရှင်းလင်းသောမှတ်ချက်များ သီတင်းတပတ်ကြာအောင် ပေါင်းစုလာသည်နှင့် လူအများကြား သိချင်စိတ်ပြင်းပြလာတော့သည်။

ရလဒ်အနေနှင့် နာရီပိုင်းအတွင်းမှာပဲ #ဝမ်းလိဖောက်ပြန်နေ ဆိုသည့် hashtag က ဝေ့ပေါ်မှာ ရေပန်းစားလာတော့သည်။

ဤ Trending topic က ပေါက်ကွဲသွားတော့သည်။ ဝမ်းလိ၏ ကိုယ်ရေးကိုယ်တာ ပရိတ်သတ်အသိုင်းအဝိုင်းနှင့် ယန်လိ၏ ပရိသတ်အသိုင်းအဝိုင်းနှစ်ခုစလုံးသည် အဆိုးမြင်များဖြင့် လျင်မြန်စွာပြည့်လျှံသွားခဲ့သည်။

ပရိသတ်မည်မျှပင်ရှိစေကာမူ သူတို့သည် Trending topic ကြောင့် ဖြစ်ပေါ်လာသော အဆိုးမြင်မှတ်ချက်ထိုးစစ်ကို မထိန်းချုပ်နိုင်ပေ။

[အဓိကဒိုင်နဲ့ သင်တန်းသားတွေက ဖောက်ပြန်နေတာလား?၊ အနာဂတ်အရည်အချင်းပြရှိုးတွေက ဆန့်ကျင်ဘက်လိင် ဧည့်သည်တွေကို ဖိတ်ကြားဖို့ သတ္တိရှိကြပါဦးမလား?]

[အင်တာနက်ပေါ်က ပရိသတ်သုံးရာစလုံး အရည်အချင်းပြရှိုးကို ညှိုးနွမ်းစေတဲ့ ဒီနာမည်ပျက်စရာ အိုင်ဒေါလ်စုံတွဲကို မြန်မြန်စွန့်ပစ်ဖို့ ငါနဲ့လာပေါင်းပါ]

[လျှော်ဖြူပရိသတ်တွေ လာပြီး ငါတို့နဲ့ထိပ်တိုက်ရင်ဆိုင်ကြ၊ မင်းတို့လို အသုံးမကျတဲ့သူအတွက် ကြီးကျယ်ခမ်းနားတဲ့စင်မြင့်ပေါ့]

စင်မြင့်နောက်မှာ မိတ်ကပ်ပြင်နေရင်း ဝမ်းလိ၏လက်တွေ တုန်နေသည်။

ဤအတွင်းရေးဖော်ထုတ်မည့်အချိန်ကို ရှင်းရှင်းလင်းလင်း တွက်ချက်ထားပေသည်။

ပွဲဦးထွက်ညတွင် ထုတ်လုပ်ရေးအဖွဲ့၊ ဧည့်သည်များနှင့် သင်တန်းသားများအားလုံးသည် ရှိုး၏နောက်ဆုံးစင်မြင့်များဖြင့် အလုပ်ရှုပ်နေသဖြင့် လုံးဝအာရုံမစိုက်နိုင်ကြပေ။ ထို့အပြင်၊ တိုက်ရိုက်ထုတ်လွှင့်သည့်ညမှာ အဓိကဒိုင်နှင့် သင်တန်းသား၏ အချစ်ဇာတ်ခင်းအရှုပ်တော်ပုံသည် ယခင်ကတည်းက ပြင်းထန်သောလေထုကို ပိုမိုပြင်းထန်လာစေသည်။ ထိုသည် ထုတ်လုပ်ရေးအဖွဲ့နှင့် ပတ်သက်နေသည့်ပုဂ္ဂိုလ်နှစ်ဦးအတွက် ကြီးမားသောအရှုပ်တော်ပုံတစ်ခုဖြစ်ခဲ့သော်လည်း အဖွဲ့ဖွဲ့စည်းသည့်ညတွင် အခြားပါဝင်သူများကို မထင်မှတ်ဘဲ ထိတွေ့စေခဲ့သည်။

ဝမ်းလိသည် လက်ထပ်ထားပြီးသားဖြစ်ပြီး၊ သူမသည် အလွန်မျှော်လင့်ထားသည့်ရုပ်ရှင် [ရေခဲမြို့တော်]တွင် ပါဝင်မည်ဟု ကြေညာထားသည်။ ထိုသည် ဒီနှစ်အတွက် ထိပ်တန်းအဆင့်ရင်းနှီးမြုပ်နှံမှုများ၊ ကြယ်ပွင့်ထုတ်လုပ်ရေးအဖွဲ့နှင့် A-list သရုပ်ဆောင်များပါဝင်သည့် အမျှော်လင့်ဆုံးရုပ်ရှင်ပရောဂျက်တစ်ခုဖြစ်သည်။ ဤကဲ့သို့ ထိပ်တန်းရုပ်ရှင် အရင်းအမြစ်ကို အာမခံခြင်းသည် ဝမ်းလိက သူမ၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်း အသွင်ပြောင်းခြင်းတွင် ပထမဆုံးခြေလှမ်းကို တရားဝင် လှမ်းနိုင်ပြီဟူ၍ပင်။

သို့သော် သူမသည် ဤအရင်းအမြစ်ကို သေချာအောင်လုပ်နိုင်ခဲ့ပြီး အပြင်လူများအတွက်မူ သူမ့အား စုန့်ယန်နှင့်ဆက်ဆံရေးမှ ခွဲထွက်၍မရနိုင်ပေ။

[Sheng Tang Fantasy]အတွက် သူမ၏ လက်ရှိထောက်ခံချက်အပြင်၊ ဤဂိမ်းအတွက် ယခင်ကပြောရေးဆိုခွင့်ရှိသူမှာ စုန့်ယန်ဖြစ်သည်။ ဂိမ်းကုမ္ပဏီက သူမကိုချဉ်းကပ်လာသောအခါ သူတို့သည် သူမမှတစ်ဆင့် စုန့်ယန်နှင့် seasonသစ်ထောက်ခံမှုအတွက် ပူးပေါင်းဆောင်ရွက်မှုရရှိရန် မျှော်လင့်နေကြသည်။

လွန်ခဲ့သည့်လအနည်းငယ်တွင် စုန့်ယန်သည် ရုပ်ရှင်အတွက် ပြင်ဆင်ရန် [Sheng Tang Fantasy]အတွက် ထောက်ခံချက်အပါအဝင် စီးပွားရေးအခွင့်အလမ်းများစွာကို ငြင်းပယ်ခဲ့သည်။ သို့သော်လည်း ဝမ်းလိ၏ချိတ်ဆက်မှုကြောင့် ဂိမ်းကုမ္ပဏီသည် သူတို့၏လာမည့်နှစ်ပတ်လည်အခမ်းအနားနှင့် မိုဘိုင်းဂိမ်းမိတ်ဆက်ပွဲအတွက် ဘရန်းပဓာနသီချင်းကို သီဆိုရန် အဆိုတော်တစ်ဦးကိုဖိတ်ခေါ်ရန် လိုအပ်နေပါသည်။ ကျားရွေ့၏ CEO ကျန်းသည် ဤကောင်းမွန်သောအရင်းအမြစ်ကို အခြားသူ၏လက်သို့ မကျရောက်စေလိုဘဲ တူညီသောကုမ္ပဏီမှ ရှုရှင်းရွယ်ကို တန်းအကြံပြုပေးလိုက်သည်။

ကုမ္ပဏီတစ်ခုတည်းမှဖြစ်သည့် ရှုရှင်းရွယ်သည် အရင်က ဒါရိုက်တာကောထံမှ ရုပ်ရှင်အရင်းအမြစ်ကိုရယူခဲ့ဖူးသည်။ [ရေခဲမြို့တော်]လောက် မကြီးသော်လည်း တခြားတက်သစ်စကြယ်ပွင့်တော်တော်များများကို လွှမ်းမိုးဖို့ လုံလောက်ပါ၏။ လူတော်တော်များများသည် ကျားရွေ့က ဤစီနီယာ-ဂျူနီယာအတွဲကိုမြှင့်တင်ဖို့ ကုန်ကျစရိတ်ကို နှမြောခြင်းမရှိကြောင်း ပြောနေကြသည်။

ဤဖောက်ပြန်သော ကောလာဟလသာ အမှန်ဖြစ်ပါက သူမ၏ရုပ်ရှင်အရင်းမြစ်သည် ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ ဂိမ်းထောက်ခံချက်နှင့် ယင်း၏ နှစ်ပတ်လည်အခမ်းအနားသည် ထောင့်စွန်းလေးတွင် ရှိနေတော့မည်။ ဂိမ်းကုမ္ပဏီသည် အစားထိုးဖို့ ပြောရေးဆိုခွင့်ရှိသူအသစ်ကို ရှာဖွေရန် အချိန်မရှိသော်လည်း ကုမ္ပဏီတစ်ခုတည်းမှ ရှုရှင်းရွယ်သည် သူမနေရာအား အစားထိုးဖို့ဖြစ်နိုင်ချေများသည်။

စုန့်ယန်မှ ပို့လာသည် ယခင်အသံသွင်းချက်များအပေါ်အခြေခံပြီးတော့ရော အလွယ်တကူခန့်မှန်းနိုင်ကြသော ပရိသတ်များအတွက် ဤအချက်အလက်များ ပေါက်ကြားခဲ့သူမှာ သိသာပါသည်။

သူမ တခြားဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ထရပ်ပြီး အစ်မဒန်ကို ချက်ချင်းသွားရှာဖို့ ဝမ်ဝမ်ကို ပြောလိုက်၏။

သူမ၏ဆံပင်ပုံစံက တစ်ဝက်သာ ပြီးသေးသော်လည်း ဝမ်းလိက သင်တန်းသားတွေ၏ အဝတ်လဲခန်းဆီသို့ တည့်တည့်သွားလိုက်သည်။

ဒီအချိန်မှာ ဖုံးကွယ်ထားစရာမလိုတော့။

သင်တန်းသားတစ်ဖွဲ့သည် မနူတ်ဆက်ဘဲဝင်လာသည့် ဧည့်သည်ဒိုင်ကို တွေ့လိုက်ကြပြီး အမူအရာများမှာ အမျိုးမျိုးဖြစ်သွားသည်။ ရှုလိသည် အွန်လိုင်းသတင်းကို မြင်ပြီးတာသိသာပြီး သူက အေးစက်စက်အမူအရာဖြင့် နှုတ်ဆိတ်နေသည်။

"အားလုံး ကျေးဇူးပြုပြီး ခဏလောက်ထွက်ပေးပါ၊ ငါ ရှုလိနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်"

သင်တန်းသားတွေနှင့် ဝန်ထမ်းတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ရှုလိ၏လေသံမှာ တည်ငြိမ်နေပြီး "ရှုရှင်းရွယ်လုပ်လိုက်တာ"

ဝမ်းလိက မျက်လုံးပြူးပြီး "မင်းဘယ်လိုသိလဲ"

"အရင်က ကျွန်တော်တို့သီးသန့်တွေ့တဲ့ အကြိမ်တိုင်း သူမကိုတွေ့တယ်" ရှုလိက အေးစက်သောလေသံဖြင့် "သူမ ဒီနေ့ကိုစောင့်နေတာ ကျွန်တော်သိသားဘဲ"

"စောစောသိတာများ ငါ့ကိုဘာလို့ကြိုမပြောတာလဲ?"

ရှုလိက သူ့မျက်လုံးတွေကို မှိတ်ထားပြီး ဝန်ခံလိုက်သည် "ကျွန်တော်ကိုက 'အ'လွန်းတာ၊ သူမမှာ အထောက်အထားမရှိလို့ ဘာမှမဖော်ထုတ်လောက်ဘူးလို့ထင်ခဲ့တာ"

"ငတုံးကောင်၊ ဖျော်ဖြေရေးနယ်ပယ်မှာ ရှင်သန်ဖို့က မလွယ်ဘူးဟ၊ တခြားသူတွေကို ဒုက္ခရောက်အောင်လုပ်တဲ့အခါ အထောက်အထားက အရေးမကြီးဘူး" ဝမ်းလိက သက်ပြင်းချပြီး ခဏငြိမ်သက်ပြီးနောက် သူမက ဆက်ပြော၏ "ငါ မန်နေဂျာကို ဆက်သွယ်ပြီးပြီ၊ ရှင်းလင်းထုတ်ပြန်ချက်ကို ခဏနေရေးပြီးတာနဲ့ ထုတ်ပြန်လိမ့်မယ်၊ အစီအစဉ်အဖွဲ့က Trending topic ကို ဖယ်ရှားနိုင်တယ်လို့ ပြောပေမယ့် PR အဖွဲ့က အခု ဒီမှာဖျန်ဖြေပေးလို့မရတော့ဘူး၊ ပရိသတ်တွေက ခန်းမထဲကို ဝင်နေပေါ့၊ သူတို့ပြောသမျှကို ငါတို့ထိန်းချုပ်လို့မရဘူး၊ ငါ အရင်ဆုံး အများသိအောင်ရှင်းပြဖို့ စင်ပေါ်တက်ပြီးမှ မင်းတစ်ကိုယ်တော်ဖျော်ဖြေလိုက်"

ရှုလိက အေးအေးဆေးဆေး မေး၏ "အစ်မက ဘာလို့ စင်ပေါ်အရင်တက်ရမှာလဲ?"

"ပရိသတ်တွေ အများကြီးရှိတော့ မျက်မမြင်နားမကြားပြီး ရှင်းလင်းချက်တွေကို မကြားရ၊ မမြင်ရတဲ့သူတွေ ရှိစမြဲပဲ၊ မင်းကို ကြက်ဥနဲ့ပေါက်မှာ မကြောက်ဘူးလား" ဝမ်းလိက ပြောလိုက်သည်။

"အစ်မကရော မကြောက်ဘူးလား?"

"ငါက မင်းထက်စောပြီး ပွဲဦးထွက်ခဲ့တာပါ၊ ငါ အရင်က ဝေဖန်မှုတွေအများကြီးကြုံခဲ့ရပြီးတာတောင် လွတ်မြောက်ခဲ့သေးတာဘဲ၊ ဒါက ငါ့အတွက် ပမွှားလေးပဲ၊ ဒါပေမယ့် မင်းကျ မတူတော့ဘူးလေ၊ မင်းက မကြုံဖူးဘူး" ဝမ်းလိက သူ့အပေါ်ဖိအားတွေ အရမ်းများအောင် မပေးချင်တော့ တည်ငြိမ်မှုရှိသော လေသံဖြင့် "အွန်လိုင်းပေါ်တက်ပြီး မင်းနဲ့ပတ်သက်တဲ့ အမုန်းမှတ်ချက်တွေကို ဖတ်ကြည့် ဒါမှမဟုတ် ဝေ့ပေါ်မှာ မင်းရဲ့ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်တွေကို စစ်ကြည့်လိုက်လေ၊ အဲဒါတွေက သည်းမခံနိုင်စရာတွေပဲ၊ မင်းမှာ စိတ်ဓာတ်ကြံ့ခိုင်မှု နည်းနည်းလောက်အားနည်းသွားရင် မင်း သေကြောင်းကြံဖို့ စိတ်ကူးမိမှာဘဲ၊ နားလည်လား?"

ရှုလိသည် သူမ၏သွေးဆောင်အညာစကားကို တုတ်တုတ်မလှုပ်ပဲ ကျောက်တုံးကဲ့သို့နေကာ ဆို၏ "ကျွန်တော့်အစ်မမို့လို့ဆိုပြီး သူရဲကောင်းတစ်ယောက်လို လုပ်မနေနဲ့"

"မင်းက ငါမောင်လေးလေ၊ မင်း ငယ်ငယ်က အိမ်စာမပြီးတော့ ငါပဲ ပြီးအောင်ကူပေးခဲ့ရတာ၊ ငါမဟုတ်ရင် မင်းကို ဘယ်သူကကာကွယ်ပေးမှာလဲ?"

"မေ့လိုက်စမ်းပါ၊ အစ်မ ကျွန်တော့်ကိုကူတွက်ခဲ့တဲ့ သင်္ချာပုစ္ဆာနည်းနည်းတောင် မှားသေးတာကို"

ဝမ်းလိသည် အပြစ်ရှိစိတ်ဖြင့် မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် မျက်နှာထားတင်းမာကာ "ကျေးဇူးကန်းတဲ့ သေနာလေး၊ မင်းအတွက် ငါလုပ်ပေးခဲ့တာတွေ အားလုံးကိုတော့မမှတ်မိဘဲ ဒီအသေးအဖွဲကိစ္စတွေကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိတယ်ပေါ့၊ ဟမ်?"

"ကျွန်တော် အားလုံးကိုမှတ်မိတယ်" ရှုလိက မျက်လွှာချပြီး နှုတ်ခမ်းကိုအသာဖိကာ အသံတိုးတိုးလေးနှင့် "အဲဒါကြောင့် ဒီတစ်ခါ ကျွန်တော်အကြွေးပြန်ဆပ်မယ်၊ ကျွန်တော် စင်ပေါ် အရင်သွားလိုက်မယ်၊ ရှင်းလင်းချက်ပြီးတာနဲ့ ဘယ်သူမှကြက်ဥမပစ်တော့ရင် အစ်မ ဆက်သွားလို့ရပြီ"

ဝမ်းလိသည် တစ်ခုခုပြောလိုဟန်ဖြင့် ပါးစပ်ဖွင့်လိုက်သော်လည်း ရှုလိ၏မထီမဲ့မြင်အကြည့်ကြောင့် တိတ်ဆိတ်သွားပေသည်။

"အစ်မရဲ့ဆံပင်ပုံစံက ဘာဖြစ်နေတာလဲ?၊ ရှုပ်နေတာပဲ၊ သေချာပြင်လိုက်ဦး" ရှုလိက ပြောလိုက်သည်။

ဝမ်းလိက ချက်ချင်းစိတ်ဆိုးသွားပြီး "မင်းကို နှစ်သိမ့်ပေးဖို့သာ အလျင်လိုမနေရင် ငါ့ဆံပင်တစ်ဝက်ပဲပြီးသေးတာကို ပြေးလာပါ့မလား?"

ရှုလိက သူမကို တစ်ချက်ကြည့်လိုက်ပြီး မာနကြီးသည့်လေသံဖြင့် "ယောက်ျားတစ်ယောက်အနေနဲ့ ကျွန်တော်က အစ်မရဲ့နှစ်သိမ့်မှုကို ဘာလို့လိုရမှာလဲ?"

"သေနာလေး၊ မင်းကိုယ်မင်းယောက်ျားတစ်ယောက်လို့ ခေါ်ရအောင် ဘယ်သူလို့ထင်နေလဲ?" ဝမ်းလိက သူ့စိတ်တွေမထိခိုက်တာကို မြင်လိုက်ရတော့ သူမလက်ကို ဝှေ့ယမ်းလိုက်ရင်း စိတ်အေးလက်အေးဖြင့် "ဒါဆို မင်း စင်ပေါ်အရင်သွား၊ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံရေးအစောင့်တွေရှိတယ်၊ ငါ ရှုရှင်းရွယ်ကိုသွားရှာပြီး လက်တုံ့ပြန်လိုက်ဦးမယ်"

ရှုလိက သဘောတူလိုက်သည်။

ဝမ်းလိက နောက်ဆုံးတော့ပြုံးပြီး စနောက်ကာ မေးလိုက်၏ "မင်းက ပွဲဦးထွက်တောင်မလုပ်ရသေးဘဲနဲ့ ငါ့လို ထိပ်တန်းအမျိုးသမီးအနုပညာရှင်နဲ့ ဖောက်ပြန်တဲ့အရှုပ်အရှင်းတွေ ရှိနေပြီပဲ၊ ဂုဏ်ယူလား?"

ရှုလိက သူ့နှုတ်ခမ်းကိုကွေးလိုက်ပြီး "-ျီးကို ဂုဏ်ယူ၊ ရွံရှာစရာကောင်းလိုက်တာ"

"ငါ မင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်၊ မင်းရဲ့ စကားလုံးတွေကို မှန်မှန်ကန်ကန်ပြန်စီလိုက်နော် မဟုတ်လို့ အညိုမည်းစွဲမျက်နှာနဲ့ စင်ပေါ်သွားရရင် ငါ့အဆိုးမဆိုနဲ့"

"အစ်မ ကျွန်တော့်ကို အခွင့်အရေးတစ်ရာပေးရင်တောင် ကျွန်တော့အဖြေက အတူတူပဲ" ရှုလိက သူ့မျက်နှာတွင် ဆန့်ကျင်သည့်အကြည့်ဖြင့် မျက်မှောင်ကြုတ်ကာ "အစ်မနဲ့ ပတ်သက်နေတယ်လို့ ကောလာဟလတွေထွက်နေတာကို ကျွန်တော်က ဂုဏ်ယူပါ့မလား?၊ ကျွန်တော်က ရူးနေလို့လား?"

ဝမ်းလိက ပြင်းပြင်းထန်ထန်ဖြင့် "ဟုတ်တယ် မင်းရူးနေတာ၊ မင်းအစ်မ ဘယ်လောက်လှတယ်ဆိုတာ တန်ဖိုးမထားဘဲ ခေါင်းထဲမှာရူးနေတာလေ"

ရှုလိက ခဏလောက်အေးခဲသွားပြီး သူ့ရှေ့က တကယ်ကို အတော်လေးလှပလွန်းသည့် မျက်နှာလေးကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်၏။

ဝမ်းလိက သူ့အပြုံးကြောင့်လန့်သွားပြီး "မင်းပါးစပ်လှုပ်သွားတာလား?"

ရှုလိက သူမကိုလျစ်လျူရှုပြီး မသက်ဆိုင်သောပုံစံဖြင့် "ကျွန်တော် အစ်မအတွက်မွေးနေ့လက်ဆောင် ကြိုပေးမယ်"

"ဒီလိုအချိန်မျိုးမှာ မွေးနေ့လက်ဆောင်ရတဲ့အခါကျ ငါက ဂရုစိုက်နေဦးမယ်လို့ ထင်လို့လား?" ဝမ်းလိက မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် "ဒီကိစ္စကို ပြေလည်တဲ့အထိစောင့်ရအောင်၊ ပြီးရင် ငါတို့ အိမ်ပြန်ပြီး အဆူခံကြတာပေါ့"

ဦးလေး၏အေးစက်စက်မျက်နှာကို တွေးလိုက်ရုံနှင့်ပင် သူမကို ဒေါသထွက်စေပေသည်။

ဝမ်းလိက အိမ်ပြန်မယ်ပြောနေသည်ကို ကြားတော့ ရှုလိ၏မျက်နှာက ဖြူဖျော့သွားသည်။

မောင်နှမအချင်းချင်း အချစ်ဇာတ်ခင်းသည်ဟု ကောလာဟလတွေထွက်မှာကိုတော့ မကြောက်ကြသော်လည်း ဦးလေးဆီကအဆူခံရမှာကိုတော့ ကြောက်ကြပေသည်။

——

သင်တန်းသားများ၏ အဝတ်လဲခန်းမှ ထွက်လာသောအခါ ဝမ်းလိသည် အခြားသူများ၏ အကြည့်များကို ခေတ္တလျစ်လျူရှုလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း ရှင်းဖို့ လိုအပ်သည်ကိုသာ ချက်ချင်း ရှင်းလင်းရမည်၊ ထိုအခိုက်အတန့်တွင် သူမ၏အသက်ရှူမှုကို မဖြန်တီးချင်ပေ။

သူမသည် ရှုရှင်းရွယ်၏အ၀တ်လဲခန်းဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

ထိုအတောအတွင်း ဝန်ထမ်းများ၏စီစဉ်မှုဖြင့် ရှုလိသည် ပထမဆုံးသော တစ်ကိုယ်တော်ဖျော်ဖြေသူအဖြစ် စင်မြင့်ပေါ်သို့ တက်သွားသည်။

ပွဲဦးထွက်ညကို တိုက်ရိုက်ထုတ်လွှင့်နေပြီး ခန်းမထဲတွင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကာ တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများပေါ်ရှိ မှတ်ချက်စာတန်းများသည် မတူညီသောတုံ့ပြန်မှုများဖြင့် အသက်ဝင်နေသည်။

သို့သော်လည်း ဝမ်းလိ စိတ်ကူးထားသလောက်တော့ မဆိုးပေ။ ပွဲက ဆူညံနေသော်လည်း ဘယ်သူမှ ကြက်ဥမပစ်ကြပေ။

ထို့ပြင် ပလက်ဖောင်းပေါ်ရှိ အမုန်းတရားများဖြင့် ပြည့်နှက်နေသော မှတ်ချက်စာတန်းများကို ပရိသတ်များထံမှ ရှင်းလင်းချက်မက်ဆေ့ချ်များဖြင့် အစားထိုးထားသည်။

[ဝေဖန်ဖို့ အလျင်စလိုမလုပ်ပါနဲ့၊ ဝေ့ပေါ်ကိုအရင်သွားကြည့်ပါ၊ ဖတ်ပြီးရင် ကိုယ့်ပါးကို ပြန်ရိုက်ခံရတယ်လို့ မခံစားရတော့မှ ဝေဖန်ဖို့ ပြန်လာပါ]

[တရားဝင်ရှင်းလင်းချက်ကိုဖတ်ဖို့ အရမ်းပျင်းနေရင် ရှုရှီမောက်ရဲ့စတူဒီယိုကိုရှာလိုက်၊ ဒီမောင်နှမနှစ်ယောက်ကို အချစ်ဇာတ်ခင်းတယ်ဆိုတဲ့ ကောလာဟလတွေ ဖြန့်တာက အဓိပ္ပါယ်မဲ့လိုက်တာ၊ ဘယ်သူက ဦးနှောက်ထိခိုက်နေတာလဲ?]

[ရှုရှီမောက်ရဲ့စတူဒီယိုကို ဝေ့ပေါ်မှာတန်းရှာလိုက်၊ စန်းလီနဲ့ ရှောင်လိတို့က တကယ့်မွေးချင်းတွေပဲ!၊ သူတို့က ဆရာကြီးရှုရှီမောက်ရဲ့ ကလေးတွေတဲ့!၊ သူတို့အချစ်ဇာတ်ခင်းတယ်လို့ ကောလဟာလတွေဖြန့်တဲ့သူတိုင်း သေသွားနိုင်တယ်]

မှတ်ချက်စာတန်းများသည် ဆက်လက်ရွေ့လျားနေပြီး ရှုပ်ထွေးနေသော အင်တာနက်အသုံးပြုသူတစ်စုကို ဝေ့ပေါ်တွင် ရှာဖွေရန် လှုံ့ဆော်ပေးနေသည်။

ဝေ့ပေါ်တွင် ထိပ်တန်းရေပန်းစားနေသည့် အကြောင်းအရာသည် မူလက ဝမ်းလိ၏ PR အဖွဲ့မှ ပြင်ဆင်ထားသည့် ရှင်းလင်းချက်ထုတ်ပြန်ချက်ဖြစ်သော်လည်း ယခုအခါ ထိုသည် လွန်ခဲ့သောမိနစ်အနည်းငယ်က ရှုရှီမောက်ထံမှ ဝေ့ပေါ်ပို့စ်ဖြစ်လာသည်။

ရှုရှီမောက်: [ဒီကလေးနှစ်ယောက်ရှိလို့ ဂုဏ်ယူမိတယ်၊ @ဝမ်းလိလိုင်ချီး @ကမ္ဘာကြီးမှာမင်းနှင့်အတူ-ရှုလိ [ပုံ] ]

ဓာတ်ပုံတွင် လူငယ်ရှုရှီမောက်သည် အလယ်တွင်ရပ်နေကာ သူ၏လက်ကောက်ဝတ်ကို ဘယ်ဘက်တွင် ချစ်ခင်စွာဆုပ်ကိုင်ထားသော ငယ်ရွယ်နေဆဲအသွင်အပြင်ရှိသည့် ဝမ်းလိနှင့် ညာဘက်တွင် လူငယ်လေးရှုလိက သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်ကို မြင်တွေ့ရပေမည်။

တစ်ခါတစ်ရံတွင် PR ထုတ်ပြန်ချက်သည် မည်မျှ ကောင်းမွန်စွာဖန်တီးထားပါစေ၊ ရှင်းလင်းချက်သည် မည်မျှပင်ရိုးသားနေပါစေ၊ အချို့သောသူများသည် ယင်းကိုဖတ်ရန် အလွန်ပျင်းကြသည်။ ယုတ္တိရှိရှိပြောရလျှင်ပင် သူတို့သည် အဓိကပြဿနာကို ရှောင်ကြဉ်သည်ဟု ဆိုကြလိမ့်မည်။ သူတို့သည် သူတို့ယုံချင်သည့်အရာကိုသာ ယုံကြည်ကြပြီး တိုက်ရိုက်ရှင်းလင်းချက်၏ ဖြေရှင်းချက်နှင့် နှိုင်းယှဉ်နိုင်သည့် စကားလုံးပမာဏမရှိပါ။

ဤအတည်ပြုထားသော ဝေ့ပေါ်အကောင့်နှင့် ဓာတ်ပုံဟောင်းသည် မည်သည့် PR ထုတ်ပြန်ချက်ထက်မဆို ယခုအချိန်တွင် ပိုမိုထိရောက်လေသည်။

တစ်ချိန်တည်းမှာပင် ခန်းမကျယ်ကြီးထဲတွင် စင်မြင့်ပေါ်၌ အလင်းတန်းများစွာကို ထိုးထားပေသည်။ ရှုလိသည် ပထမဆုံးဖျော်ဖြေသူအနေဖြင့် သူ၏ယခင် ပန့်ခ်ပုံစံအသွင်အပြင်ကို ဆက်လက်လုပ်ဆောင်ခြင်းမရှိပေ။ ယင်းအစား သူသည် အဖြူရောင်ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီဖြင့် နုပျိုသောအသွင်သို့ ပြန်သွားကာ သူ၏ဖြူဖွေးသောမျက်နှာက နူးညံ့ကာ ပညာရှိဆန်နေသည်။ ပထမအချီမှာ သူသည် သူ့ပုံစံအတိုင်း ဂစ်တာတစ်လုံးကိုင်ထား၏။

"အသံအင်ဂျင်နီယာက သီချင်းဖွင့်ဖို့ မလိုပါဘူး၊ နောက်ဆုံးမိနစ်မှာ ကျွန်တော့်ရဲ့တစ်ကိုယ်တော်သီချင်းကို ပြောင်းချင်တာနဲ့ ရုတ်တရက် ဖြစ်သွားတယ်၊ ဒီသီချင်းက မကြာသေးခင်ကမှ ရေးထားတာဖြစ်ပြီး ကျွန်တော်ရည်ရွယ်ချင်တဲ့သူအပါအဝင် ဘယ်သူမှ မကြားရသေးပါဘူး၊ ကောင်းလား မကောင်းလားဆိုတာတော့ ကျွန်တော်မသိဘူး"

"သူမရဲ့ မွေးနေ့ရောက်တော့မယ်၊ ဒါက သူမအတွက် မွေးနေ့လက်ဆောင်ပါ" ရှုလိက သူ့ကနဦးအေးစက်သောအမူအယာကနေ ရှက်ပြုံးလေးပြုံးပြီး ကြည်လင်နူးညံ့နေကာ "ဒီသီချင်းက ကျွန်တော့အစ်မကြီး ဝမ်းလိကို ရည်စူးပြီး 'အစ်မ'လို့ ခေါ်ပါတယ်၊ ကြိုပြီး သူမကို ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

[???]

[မောင်နှမတွေ???]

[ကောလဟလ စခဲ့တဲ့လူက သေသွားလောက်တယ်]

[စန်းလီနဲ့ ရှောင်လိတို့က ဆရာကြီးရှုရှီမောက်ရဲ့ သားသမီးအစစ်အမှန်တွေ၊ မောင်နှမတွေပဲ၊ စန်းလီက မဖောက်ပြန်ခဲ့ဘူး၊ စန်းလီနဲ့ အလှလေးတို့က သဘာဝအတိုင်းကို ပေါင်းစည်းရမှာ]

**********************

T/N. သတင်းကောင်းလေးရှိပါတယ် update က နားရက်မရှိတော့ပါဘူး နေ့တိုင်း‌တင်ပေးပါမယ်
_________________________________

[Zawgyi]

အပိုင္း ၈၂။

ရႈရွင္း႐ြယ္သည္ ေျပာၿပီးသြားသည္ႏွင့္ သူ႔တုံ႔ျပန္မႈကို ၾကည့္ခ်င္သျဖင့္ ထိုလူကို မရဲတရဲၾကည့္လိုက္သည္။

သို႔ေသာ္ သူမ ေမွ်ာ္မွန္းထားသည့္အတိုင္း ေဒါသ သို႔မဟုတ္ အံ့ၾသမႈမရွိခဲ့။

စုန္႔ယန္က ၿပဳံးလိုက္ၿပီး သူ႔မ်က္လုံးထဲတြင္ ရယ္ျမဴးရိပ္ ေရာင္ျပန္ဟပ္ေန၏။

ဤတုံ႔ျပန္မႈကို ရႈရွင္း႐ြယ္ မေမွ်ာ္လင့္ထားသလို သူ႔ရယ္ေမာသံမ်ားဆီက သူမ ခဏတာဖမ္းစားခံလိုက္ရသည္။

စုန္႔ယန္သည္ ရွင္းလင္းေနေသာမ်က္ခုံးႏွင့္ ေတာက္ပေသာမ်က္လုံးမ်ားျဖင့္ အၿမဲတမ္း ေခ်ာေမာသည့္အသြင္အျပင္ရွိေပသည္။ သူသည္ နယ္ပယ္ထဲသို႔ ေစာေစာဝင္ေရာက္ကာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဂုဏ္တင္ခံခဲ့ရေသာေၾကာင့္ သူ႔ထံမွ ထြက္ေပၚလာေသာ ရင့္က်က္သည့္စိတ္ထားက သူ႔ကို ခပ္တန္းတန္းျဖစ္ေနေစေသာ္လည္း မာနႀကီးတဲ့ပုံမေပၚေစေပ။ စင္ေပၚမွာပဲျဖစ္ျဖစ္၊ စင္ေအာက္မွာပဲျဖစ္ျဖစ္၊ လူေတြက သူ႔ဆီက မ်က္လုံးလႊဲဖို႔ခက္ပါသည္။

ရႈရွင္း႐ြယ္သည္ လူသစ္တစ္ဦးျဖစ္ၿပီး ပြဲဦးထြက္မွ ယခုအခ်ိန္အထိ သူမ၏လမ္းခရီးမွာ မလြယ္ကူခဲ့ေပ။ သူမသည္ ေအာင္ျမင္လိုေသာဆႏၵ ျပင္းျပၿပီး စုန္႔ယန္ကဲ့သို႔ ေယာက္်ားမ်ားကို ျပင္းျပင္းျပျပ ေလးစားခ်စ္ခင္တတ္သည္။ သူမ သူတို႔ကိုထိလို႔မရေတာ့ သူတို႔အား ေမာ္ၾကည့္ရမည့္ စီနီယာပုဂၢိဳလ္မ်ားအျဖစ္ သေဘာထားခဲ့သည္။ ယခုမူ သူမ သူ႔ေရွ႕တြင္ရပ္ေနသျဖင့္ မိုက္မဲေသာအေတြးအခ်ိဳ႕က သူမ၏က်ိဳးေၾကာင္းဆီေလ်ာ္တတ္မႈကို အလိုလိုလႊမ္းမိုးသြားေလသည္။

အကယ္၍ သူမသာ ဒီအမ်ိဳးသားကို အရယူႏိုင္မည္ဆိုပါက... အရာအားလုံးတြင္ ထူးခြၽန္သည့္ စီနီယာအစ္မထံမွ သူ႔ကို ဆြဲထုတ္ႏိုင္မည္ဆိုလွ်င္...။

ထိုက သူမကိုယ္သူမ "သက္ေသျပျခင္း" ႏွင့္ ညီမွ်ေပလိမ့္မည္။

ဒါ႐ိုက္တာေကာ၏ပံ့ပိုးကူညီမႈမရွိရင္ေတာင္ သူမဟာ သူမ့အစ္မထက္ ပိုသန္မာေနေသးမည္ပင္။

ရႈရွင္း႐ြယ္က သတိထားကာ သူမ၏ေလသံေျပာင္းလိုက္ၿပီး ခ်ီတုံခ်တုံႏွင့္ "အမွန္ပါ၊ စီနီယာဝမ္းနဲ႔ အဲဒီသင္တန္းသား ႏွစ္ေယာက္တည္းေတြ႕တာကို ကြၽန္မ အမ်ားႀကီးေတြ႕ဖူးတယ္၊ အဲဒီသင္တန္းသားကိုၾကည့္တဲ့ စီနီယာဝမ္းရဲ႕ အၾကည့္ေတြကလည္း ထူးဆန္းေနတာ၊ ေနာက္ဆုံးအႀကိမ္တုန္းကဆို သူတို႔က နာေနခန္းထဲမွာ နာရီဝက္ေက်ာ္ၾကာေအာင္ အတူရွိေနတာရယ္၊ သူတို႔ထြက္လာေတာ့ စီနီယာဝမ္းရဲ႕အဝတ္အစားေတြက နည္းနည္းဖိုသီဖတ္သီျဖစ္ေနတာ ကြၽန္မေတြ႕လိုက္တယ္..."

စုန္႔ယန္၏ပထမဆုံးတုံ႔ျပန္မႈသည္ ရႈရွင္း႐ြယ္ လိမ္ေနသလား၊ မလိမ္ေနသလားဆိုတာမဟုတ္ဘဲ ထိုေန႔က တစ္ေယာက္ေယာက္ကို သူတို႔အားဖမ္းမိဖို႔ "အခြင့္အေရး"ျဖစ္ေစၿပီး သူမ၏အဝတ္အစားမ်ား ရႈပ္ပြေစေလာက္ေအာင္ထိ ေမာင္ႏွမႏွစ္ေယာက္ နားေနခန္းထဲမွာ ရန္ျဖစ္ေနသလားဆိုတာသာ။

သူသည္ တစ္ခ်ိန္လုံးတိတ္ဆိတ္ေနဆဲျဖစ္သလို သူ႔ဖုန္းကလည္း အသံသြင္းေနေသးသည္။ ထိုလူ၏တိတ္ဆိတ္မႈသည္ ရႈရွင္း႐ြယ္အား သြယ္ဝိုက္ေသာနည္းျဖင့္ အားေပးေနၿပီး သူမသည္ အစီအစဥ္႐ိုက္ကူးေနစဥ္တြင္ ဝမ္းလိႏွင့္ ထိုသင္တန္းသားတို႔ၾကားက သံသယျဖစ္ဖြယ္အခ်က္မ်ားအေၾကာင္းကို ဆက္လက္ေျပာျပလာသည္။

"စီနီယာဝမ္းက ပုံမွန္ဆို အရမ္းေကာင္းတဲ့သူတစ္ေယာက္ပါ၊ ကုမၸဏီမွာဆို သူမက ကြၽန္မကို ဂ႐ုစိုက္ေပးတယ္ရယ္၊ ကြၽန္မသာ အႀကိမ္ေပါင္းမ်ားစြာမေတြ႕ခဲ့ရင္ သူမ ရွင့္အေပၚေဖာက္ျပန္ေနတယ္လို႔ ယုံမွာမဟုတ္ဘူး၊ ၿပီးေတာ့ ဒါက ရွင္နဲ႔ရွင့္မိန္းမၾကားက ကိစၥပါ၊ ကြၽန္မက အျပင္လူတစ္ေယာက္ဆိုတာသိသလို ဝင္စြက္ဖက္ဖို႔လည္း မသင့္ေတာ္ဘူးေလ၊ ကြၽန္မက တျခားသူရဲ႕စီးပြားေရးမွာ ဝင္စြက္ဖက္ေနတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္၊ ဒါေပမယ့္ ကြၽန္မဝင္စြက္ဖက္ေနရင္ေတာင္ ရွင္အေမွာင္ထဲမွာပဲဆက္ရွိေနမွာကို ကြၽန္မ မလိုခ်င္ဘူး စုန္႔ေလာင္ရွီး၊ စီနီယာဝမ္းက ဘာလို႔ရွင္ကို စိတ္လိုလက္ရနာက်င္ေစတာဆိုတာ ကြၽန္မတကယ္ နားမလည္ႏိုင္ဘူး၊ ကြၽန္မသာဆိုရင္...."

ရႈရွင္း႐ြယ္က ဝမ္းနည္းညိဳးငယ္ေနဟန္ျဖင့္ "ထားလိုက္ပါ၊ ကြၽန္မ ကေယာင္ေခ်ာက္ခ်ားျဖစ္ေနတာဘဲ၊ စုန္႔ေလာင္ရွီး ရွင့္အေပၚထားတဲ့ ကြၽန္မ့ခံစားခ်က္ေတြကို ရွင္ဘာလို႔ ဂ႐ုမစိုက္ရတာလဲ?၊ ဒါေပမယ့္ ရွင္စိတ္မရွိဘူးဆိုရင္ စီနီယာဝမ္းေၾကာင့္ နာက်င္တာကို ခဏေမ့ထားႏိုင္ဖို႔ ကြၽန္မကူညီေပးႏိုင္မယ္ဆိုရင္ ကြၽန္မ အခ်ိန္မေ႐ြးရွိေနေပးမယ္"

စုန္႔ယန္သည္ သူ႔ေရွ႕မွလူကို ေအးေအးေဆးေဆးၾကည့္ကာ သူ႔မိန္းမထံမွ ဒီလိုသနားစရာေကာင္းေသာ ေဖ်ာ္ေျဖမႈမ်ိဳးကို တစ္သက္လုံး မေတြ႕ရေလာက္ဟု ေတြးမိေနသည္။ အကယ္၍ သူ႔မိန္းမသာျဖစ္ခဲ့ပါက သူမက ဒီလိုေျပာလိမ့္မည္ "ကြၽန္မ ရွင့္ကိုသေဘာက်သြားတာကိုက ရွင္ကံေကာင္းတာ၊ ကြၽန္မကိုေက်းဇူးတင္လိုက္ man" သို႔မဟုတ္ အက်ိဳးသက္ေရာက္မႈ တစ္ခုခုရွိမည့္အရာေပါ့။

ရႈရွင္း႐ြယ္က အမ်ားႀကီးေျပာခဲ့ၿပီး စုန္႔ယန္၏တုံ႔ျပန္မႈကို စိတ္အားထက္သန္စြာ ေစာင့္ေနေလသည္။

"ၿပီးၿပီလား?"

စုန္႔ယန္၏ေလသံက သူမ့စကားေတြကို လုံးဝနားမေထာင္သလို တည္ၿငိမ္ေနဆဲသာ။

ရႈရွင္း႐ြယ္၏မ်က္လုံးေထာင့္မွ က်ဆင္းလာေသာ မ်က္ရည္မ်ားမွာ မယုံၾကည္ႏိုင္စြာ ျပန္ဆုတ္သြားၿပီး သူမက ေခါင္းညိတ္ကာ "အင္း"

"ေကာင္းၿပီ" စုန္႔ယန္က သူ႔လက္ေထာက္ကို ဖုန္းဆက္ၿပီး "အားခန္၊ ဒီကိုလာခဲ့"

လြန္ခဲ့သည့္ဆယ္မိနစ္ခန႔္က အနီးနားတြင္ ပုန္းေအာင္းေနသည့္ လက္ေထာက္အားခန္က ျပန္ေပၚလာေတာ့သည္။

"သူမကို ဒါ႐ိုက္တာေကာ အခန္းထဲျပန္ပို႔ေပးလိုက္"

ထိုစကားကိုေျပာၿပီးေနာက္ စုန္႔ယန္သည္ လွည့္ကာ သူ႔အခန္းဆီသို႔ေလွ်ာက္သြားလိုက္သည္။ သူ ဒီေန႔ အရက္နည္းနည္းေသာက္ကာ ရႈရွင္း႐ြယ္၏ရွည္လ်ားတဲ့စကားေတြကို နားေထာင္ရင္း အခ်ိန္ျဖဳန္းခဲ့ၿပီးေနာက္ အခုေတာ့ သူ႔အခန္းကိုျပန္သြားၿပီး ခဏေလာက္လဲခ်င္ေန၏။

"ဟုတ္ကဲ့" အားခန္က ေခါင္းညိတ္လိုက္ၿပီး ရႈရွင္း႐ြယ္ဘက္လွည့္ကာ "မစၥရႈ?"

ရႈရွင္း႐ြယ္က စုန္႔ယန္ကို မယုံႏိုင္စြာျဖင့္ ေအာ္ေခၚလိုက္သည္ "စုန္႔ေလာင္ရွီး!"

စုန္႔ယန္က စိတ္အေႏွာင့္အယွက္ျဖစ္သြားပုံရသည္။ သူ႔စိတ္ေနစိတ္ထားက ဘယ္ေတာ့မွမေပ်ာ့ညံ့သလို ဘယ္ေတာ့မွမခ်စ္ခင္မၾကင္နာတတ္ၿပီး သူ မဆက္ဆံခ်င္ေသာလူေတြအတြက္ေတာ့ သူဟာစိတ္မရွည္တတ္ေပ။

သူ႔မိန္းမႏွင့္ သူမ့ေမာင္ေလးၾကားက ဆက္ဆံေရးကို လူသိရွင္ၾကားထုတ္ေဖာ္ခဲ့ျခင္းမရွိသလို သူကလည္း တိုက္႐ိုက္ပတ္သက္မႈလည္းမရွိေသာေၾကာင့္ အျခားသူမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ေျပာျပပိုင္ခြင့္မရွိေပ။

ဝမ္းလိႏွင့္ ရႈလိတို႔သည္ ေမာင္ႏွမမ်ားမဟုတ္ေသာ္ေတာင္မွ အေထာက္အထားမရွိသည့္အတြက္ ရႈရွင္း႐ြယ္ကို အသေရဖ်က္မႈျဖင့္ တရားစြဲဆိုလို႔ရ၏။

ရႈရွင္း႐ြယ္၏ မေရရာေသာစကားလုံးမ်ားက သူ႔ကို ပို၍ပင္စိတ္အေႏွာင့္အယွက္ျဖစ္ေစပုံရသည္။

"ငါ သူမကိုခ်စ္တယ္၊ အဲဒါနဲ႔တင္ လုံေလာက္ၿပီ၊ မင္းအပူပဲ မင္းဂ႐ုစိုက္စမ္းပါ"

ထိုစကားေျပာၿပီးသည္ႏွင့္အတူ စုန္႔ယန္ထြက္သြားေလသည္။ သူသည္ အခန္းထဲဝင္လာၿပီး တံခါးကိုပိတ္လိုက္၏။

ရႈရွင္း႐ြယ္သည္ ျပင္းထန္စြာနာက်င္ရၿပီး သူမ၏ပါးျပင္မ်ားမွာေတာ့ ပူေလာင္လာကာ မႀကဳံစဖူးေသာ ရႈံးနိမ့္မႈခံစားခ်က္က သူမ၏မာနကို ၿဖိဳခြဲပစ္လိုက္ေလသည္။

စုန္႔ယန္၏စကားမ်ားသည္ ဝမ္းဘိက သူ႔ကို နာက်င္ေစရင္ေတာင္၊ ဝမ္းလိက အမွားလုပ္မိရင္ေတာင္ သူမက ဘယ္ေတာ့မွအခြင့္အေရးမရွိဟု သူမကို သြယ္ဝိုက္ေသာနည္းျဖင့္ သတိေပးလိုက္သည္သာ။ သူ သူမကို အထင္ေသး၏။

ဝမ္းလိ၏တည့္တိုး႐ြဲ႕ေစာင္းေလွာင္ေျပာင္မႈႏွင့္ ႏႈိင္းယွဥ္ပါက စုန္႔ယန္၏စကားမ်ားက သူမကို ပို၍အရွက္ရေစသည္။

ရႈရွင္း႐ြယ္က သူမအခန္းထဲကို ဘယ္လိုျပန္ေရာက္မွန္းေတာင္ မသိလိုက္ေပ။

ကုတင္ေပၚရွိ က်ယ္ေလာင္စြာ ေဟာက္ေနေသာ အဘိုးႀကီးကိုၾကည့္ၿပီး ႐ုတ္တရက္ အထင္နဲ႔အျမင္တျခားဆီ ျဖစ္ေနသလို ခံစားလိုက္ရသည္။ သူမသည္ ဤေနရာသို႔ေရာက္ဖို႔ မ်ားစြာအနစ္နာခံခဲ့ရၿပီး သူမ၏စီနီယာအစ္မႏွင့္ယွဥ္လွ်င္ ႏွိမ့္က်ေနဆဲျဖစ္သည္။

သူမသည္ ပြဲဦးထြက္အခြင့္အေရးအတြက္ ႏွစ္ေပါင္းမ်ားစြာ မဆုတ္မနစ္ေလ့က်င့္ခဲ့ရေသာ္လည္း ရႈိးတြင္ ေလထီးခုန္သြားေသာ ဝမ္းလိသည္ မ်က္စိက်စရာအေကာင္းဆုံး ဒိုင္ျဖစ္လာခဲ့သည္။ သူမ(ရႈရွင္း႐ြယ္)သည္ ႐ုပ္ရွင္အရင္းျမစ္ေကာင္းတစ္ခုကို ရရွိထားၿပီး စုန္႔ယန္ႏွင့္ ပူးေပါင္းခ်င္ေသာ္လည္း သူက ဇာတ္ၫႊန္းကိုျငင္းဆိုဖို႔ေတာင္ တြန႔္ဆုတ္မေနဘဲ ထိုအစား ဝမ္းလိႏွင့္ ပိုမိုေကာင္းမြန္ေသာ ႐ုပ္ရွင္အရင္းအျမစ္တစ္ခုကို ေၾကညာခဲ့သည္။

သူမသည္ စီနီယာအစ္မထက္ ပိုေကာင္းေၾကာင္း သက္ေသျပခ်င္႐ုံေလးသာ။ သူမ၏စီနီယာအစ္မျဖစ္သူက ဒီထိေရာက္ဖို႔ ႏွစ္ေပါင္းမ်ားစြာအခ်ိန္ယူခဲ့ရၿပီး အႏုပညာရွင္မ်ားစြာတစ္သက္တာမွာ တစ္ႏွစ္အတြင္း မတက္လွမ္းႏိုင္သည့္အျမင့္ကို ေရာက္ရွိေနသည္။ အဲဒါနဲ႔ပတ္သက္ၿပီး တစ္ခုခုမွားေနတာရွိလား?။

ရႈရွင္း႐ြယ္သည္ ကုတင္ေျခရင္းတြင္ထိုင္ကာ ဖုန္းကိုေလာ့ခ္ဖြင့္လိုက္ၿပီး ေဝ့ေပၚမွမားကတ္တင္းအေကာင့္တစ္ခုထံက တြန္းအားေပးအေၾကာင္းၾကားစာတစ္ေစာင္ကို တိုက္ဆိုင္စြာလက္ခံရရွိလိုက္သည္။

သူမ၏႐ုပ္ရွင္တရားဝင္ပုံမ်ားသည္ မေမွ်ာ္လင့္ဘဲ ဝမ္းလိ႐ိုက္ကူးထားသည့္ ဂိမ္းေထာက္ခံခ်က္အတြက္ ပ႐ိုမိုးရွင္းဓာတ္ပုံမ်ားေလာက္ ၾကည့္ေကာင္းမေန။

[ႏႈိင္းယွဥ္ျခင္းက ရက္စက္ႏိုင္တယ္]

[ဝမ္းလိအတြက္ေတာ့ လႊမ္းမိုးေနတာက ပုံမွန္ပဲ မဟုတ္လား?၊ အခုေခတ္က ဘယ္အိုင္ေဒါလ္မဆို မိန္းကေလးအဖြဲ႕မွာပါႏိုင္သလို ထိပ္တန္းနာမည္ႀကီးအဆင့္ကိုေတာင္ ရေနၾကၿပီ၊ သူတို႔ထဲမွာ ဝမ္းလိလို နတ္သမီးနဲ႔တူတဲ့အလွတရား ဘယ္ေလာက္ရွိလို႔လဲ]

[အသက္အ႐ြယ္တူတဲ့မင္းသမီးေတြထဲမွာ ဝမ္းလိရဲ႕႐ုပ္ရည္က အေကာင္းဆုံးနဲ႔တန္းတူပဲ၊ သူမကို ရႈရွင္း႐ြယ္နဲ႔ႏႈိင္းတာက မမွ်တဘူး]

ရႈရွင္း႐ြယ္ အသက္ျပင္းျပင္းရွဴရင္း ေဝ့ေပၚကိုပိတ္လိုက္ကာ သူမ့ဖုန္းထဲမွဗီဒီယိုတစ္ခုကို ဖြင့္လိုက္၏။

အရည္အခ်င္းျပရႈိး ၿပီးဆုံးေခ်ေတာ့မည္။ ေနာက္ဆုံးအပိုင္းကို ႐ိုက္ကူးၿပီးေသာအခါ ကုမၸဏီ၏ဝမ္းလိအေပၚ အေလးထားမႈႏွင့္အတူ ရႈိးတစ္ဝိုက္ စန္းတင္ေၾကာ္ျငာျခင္းမ်ား ေလ်ာ့နည္းသြားသည္ႏွင့္ ဤသံသယျဖစ္ဖြယ္ေတာင္မရွိေသာ လွ်ိဳ႕ဝွက္႐ိုက္ကူးထားသည့္ ဗီဒီယိုမ်ားသည္ လူထုဆက္ဆံေရးအဖြဲ႕အတြက္ ကိုင္တြယ္ေျဖရွင္းလို႔မရႏိုင္ေပ။

သူမ မေစာင့္ႏိုင္ေတာ့။

ခုနက သူမ စုန္႔ယန္ကို ေျပာျပေနခ်ိန္မွာ ရႈရွင္း႐ြယ္က ဝမ္းလိႏွင့္ ရႈလိတို႔ သီးသန႔္ေတြ႕ဆုံမႈကို အႀကိမ္ေပါင္းမ်ားစြာ မ်က္ျမင္ေတြ႕ခဲ့ရသည္ကိုသာ ေျပာခဲ့ၿပီး ျဖစ္ရပ္တိုင္းကိုလည္း မွတ္တမ္းတင္ထားသည္ဟု မေျပာခဲ့ေပ။

စုန္႔ယန္၏ႏွလုံးသားသည္ ဝမ္းလိဆီသို႔ ႁခြင္းခ်က္မရွိတိမ္းေစာင္းေနမွန္း သူမသိပါသည္။ ထို႔ေၾကာင့္ သူမသည္ လူးသာလြန္႔သာခ်န္ထားခဲ့ၿပီး ႐ိုက္ကူးထားေသာ ဗီဒီယိုမ်ားကို စုန္႔ယန္အား မျပသခဲ့ေပ။

——

ရႈရွင္း႐ြယ္သည္ စုန္႔ယန္က သူတို႔စကားေျပာေနကို အသံဖမ္းထားလိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ေပ။

သူသည္ ဝမ္းလိထံသို႔ အသံဖမ္းထားသည္ကို ပို႔လိုက္ၿပီး ဤ "နားလည္မႈလြဲမွားျခင္း" ကို ေမာင္ႏွမႏွစ္ေယာက္ မည္သို႔ကိုင္တြယ္ေျဖရွင္းမည္ကို သိခ်င္မိ၏။

ဝမ္းလိသည္ ဤအသံဖမ္းထားသည္ကို လက္ခံရရွိေသာအခါတြင္ ပါပါရာဇီက သူမ၏ေဘးတြင္ရွိေနေၾကာင္း ႐ုတ္တရက္ သေဘာေပါက္လိုက္ေတာ့သည္။

သူမႏွင့္ ရႈလိတို႔သည္ ေမာင္ႏွမမ်ားျဖစ္သည္ကို အျခားသူမ်ားက မသိၾကေသာ္ေတာင္မွ ရႈလိသည္ ကင္မရာေရွ႕တြင္ သူမအေပၚ အၿမဲတမ္း ဂ႐ုမစိုက္တတ္ေပ။ သူမ ရႈလိကို ပါတနာအျဖစ္ေ႐ြးခ်ယ္ခဲ့သည့္ စတုတၳအဆင့္ေဖ်ာ္ေျဖမႈအျပင္ သူတို႔ၾကားက အျပန္အလွန္တုံ႔ျပန္မႈမ်ားႏွင့္ ဖန္သားျပင္ေပၚဓာတုေဗဒမိမႈက ရွားပါးပါသည္။ ရႈလိႏွင့္ သူမ၏ဆက္ဆံေရးကို တစ္ေယာက္ေယာက္က နားလည္မႈလြဲလိမ့္မည္ဟု သူမမထင္ထားခဲ့ေပ။

သို႔ေသာ္ ေတြးၾကည့္ရင္ အဓိပၸါယ္ရွိပါသည္။

သူမကိုယ္တိုင္က အမ်ားႀကီးမေတြးထားေသာ္လည္း တျခားသူေတြ၏အျမင္မွာေတာ့ ဒါကို "အျပစ္ရွိစိတ္" သို႔မဟုတ္ "တမင္တကာ ေရွာင္ရွားျခင္း" ဟု ျမင္ႏိုင္ေလာက္သည္။

ဒီလိုေတြးတာ ရႈရွင္း႐ြယ္တစ္ေယာက္တည္းတင္ မဟုတ္ပါ။

[မင္းရဲ႕ပြဲဦးထြက္အတြက္]၏ စတုတၳေျမာက္ေဖ်ာ္ေျဖတင္ဆက္မႈသည္ အေစာပိုင္းေပါက္ၾကားမႈမ်ားႏွင့္ နည္းျပဆရာမ်ားႏွင့္ ကိုယ္ေတြ႕အျမင္မ်ားေၾကာင့္ ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့သည္။ အပိုင္းမထုတ္လႊင့္မီတြင္ပင္ သီးသန႔္အြန္လိုင္း streaming ပလပ္ေဖာင္းသည္ ထိုညက သုံးစြဲသူအေရအတြက္အလြန္အကြၽံေၾကာင့္ စာမ်က္ႏွာအတိုခ်ဳံ႔သြားျခင္းကို ႀကဳံေတြ႕ခဲ့ရသည္။

အပိုင္းသည္ ေပါက္ၾကားမႈကဲ့သို႔ပင္ စိတ္လႈပ္ရွားစရာေကာင္းခဲ့သည္။ နည္းျပယန္ႏွင့္ သင္တန္းသားအခ်ိဳ႕၏ စင္ျမင့္ေဖ်ာ္ေျဖမႈသည္ပရိသတ္အာ႐ုံစိုက္ခံခဲ့ရၿပီး သင္တန္းသားမ်ားႏွင့္ သူတို႔၏စီနီယာလုပ္ေဖာ္ကိုင္ဖက္မ်ားၾကား ပူးေပါင္းေဆာင္႐ြက္သည့္အဆင့္မ်ားတြင္ အဓိကဒိုင္ဝမ္းလိ ဦးေဆာင္သည္က ဆြဲေဆာင္မႈအရွိဆုံးျဖစ္သည္။

မူရင္းအဆိုေတာ္၊ စီစဥ္မႈ သို႔မဟုတ္ ကကြက္အရျဖစ္ေစ မူရင္းသီခ်င္းသည္ ျပည္ပတြင္ ႏွစ္ေပါင္းမ်ားစြာ ေရပန္းစားခဲ့ၿပီးျဖစ္သည္။ ေယာက်္ားေလး-မိန္းကေလးႏွစ္ေယာက္က တီးလုံးသံျပင္းျပင္းျဖင့္ ဂ်ဴနီယာေလးမ်ား သင္ယူရမည့္ ကာဗာသီခ်င္းျဖစ္ေနဆဲပင္။ ေစ်းႀကီးေသာ မူပိုင္ခြင့္အခေၾကးေငြကို မျဖဳန္းတီးေစရန္အတြက္ ထုတ္လုပ္ေရးအဖြဲ႕သည္ ဇာတ္ခုံဒီဇိုင္းႏွင့္ အက်ိဳးသက္ေရာက္မႈမ်ားကို ႀကိဳးပမ္းအားထုတ္ခဲ့ေပသည္။

ဝမ္းလိသည္ အရင္က ရႈိးတြင္ မတူညီေသာ အကႏွစ္ခုကို ေဖ်ာ္ေျဖခဲ့ၿပီး တစ္ခုစီသည္ မတူညီေသာပုံစံကို ျပသခဲ့၏။ ဒီတစ္ခါမွာေတာ့ သူမဟာ လုံးဝကို ပုံစံအသစ္ႏွင့္တင္ဆက္ေပးထားသည္။

သူမသည္ ေမာ္ေတာ္ဆိုင္ကယ္ သားေရဂ်ာကင္အက်ႌႏွင့္ ႀကိဳးမဲ့ဂါဝန္တိုကို ၀တ္ဆင္ထားကာ သူမ၏ခါးအထိရွိေသာ ေ႐ႊေရာင္ဆံပင္မ်ားမွာ စင္းက်ေနကာ ဆက္စီဆန္ေသာခံစားခ်က္ကို ရေစသည္။

ေလ့က်င့္ပါတနာရႈလိသည္ သူ၏ပုံမွန္သန႔္ရွင္းၿပီး ခ်စ္စရာမိတ္ကပ္ပုံစံကို ေျပာင္းလဲကာ အနည္းငယ္ထူေသာ မီးခိုးေရာင္မ်က္လုံးမိတ္ကပ္ကို ေ႐ြးခ်ယ္ထားသည္။ သူသည္ ဤစင္ျမင့္ေဖ်ာ္ေျဖပြဲတြင္ အလယ္ေနရာအတြက္ ေ႐ြးခ်ယ္ခံထားရေသာေၾကာင့္ ဝမ္းလိဝတ္ဆင္သည္ႏွင့္လိုက္ဖက္မည့္ ေမာ္ေတာ္ဆိုင္ကယ္ သားေရဂ်ာကင္အက်ႌ ၀တ္ဆင္ခဲ့သည္။

ၾကမ္းတမ္းၿပီး အားႀကီးေသာ ၁၉၇၀၊ ၁၉၈၀ ေလာက္ကလူငယ္တို႔ လိုက္စားၾကသည့္ စည္းခ်က္လႊမ္းေသာဂီတကို လႈံ႕ေဆာ္ထားသည့္အသြင္အျပင္ျဖင့္ သူတို႔ႏွစ္ဦးစလုံးဟာ စတိုင္လ္ႀကီးႀကီးမားမားကို ေျပာင္းလဲထားသည္။ သူတို႔၏အတြဲအကအတြက္ ကကြက္သည္ ျပင္းထန္ၿပီး ေတာက္ပေသာမီးေမာင္းထိုးျပမႈေအာက္တြင္ အျမင္အာ႐ုံက တကယ္ကိုလွပေပသည္။

အြန္လိုင္းၾကည့္ရႈသူမ်ားႏွင့္ တိုက္႐ိုက္ၾကည့္ရႈသည့္ပရိသတ္မ်ားမွ မွတ္ခ်က္စာတန္းမ်ားသည္ ေအာ္ဟစ္ေနသည္သာျဖစ္သည္။

[အား ငါေသၿပီ၊ ငါေသၿပီ၊ ငါေသသြားၿပီ!]

[အိုင္ေဒါလ္ေမြးဖြားလာတာ၊ ေရွာင္လိ!၊ အေမ့အခ်စ္က ဆိုးလာတာဘဲ]

[စန္းလီက်ဲ၊ ငါတို႔ကို ပရိသတ္ေတြ႕ဆုံပြဲတစ္ခု လုပ္ေပးပါ]

[မင္းမိန္းမကို ခိုးေနတယ္ @စုန္႔ယန္]

ရႈလိသည္ ဝမ္းလိ၏ခါးႏွင့္ တင္ပါးၾကားတြင္ သူ႔လက္ကို ခ်ထားသည့္အမူအရာတစ္ခု ျပဳလုပ္ထားေသာ္လည္း သူမကို အမွန္တကယ္မထိထားေပ။ သူ႔လက္သီးကို အေပၚဘက္အနည္းငယ္တိုးထားသည္။

[ေရွာင္လိ- ေယာက္်ားေလးပါရမီရွင္ေမာ္ဒယ္! အေမ ဂုဏ္ယူတယ္!]

အက၏ေနာက္ဆုံးအကြက္မွာ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ အနီးကပ္ၾကည့္လိုက္၏။ ရႈလိသည္ မ်က္လႊာခ်ကာ သူ႔လက္ေမာင္းထဲမွ ဝမ္းလိကို ၾကည့္လိုက္၏။ သူ႔နဖူးမွာ ေခြၽးမ်ားစိုစြတ္လာကာ မ်က္ႏွာအနည္းငယ္နီျမန္းလာၿပီး အသက္ရႈျပင္းထန္လာသည္။ သူ ျပင္းျပင္းထန္ထန္အသက္ရႈမႈေၾကာင့္
သူ႔အာဒမ္ပန္းသီးလႈပ္ရွားမႈသည္ အဆက္မျပတ္အထက္ေအာက္ေ႐ြ႕လ်ားေနသည္။

ဝမ္းလိက သူ႔ကိုေမာ့ၾကည့္ကာ စင္ျမင့္ေပၚရွိ အလင္းေရာင္ေအာက္တြင္ သူ႔ကို ၿပဳံးျပလိုက္ၿပီး တစ္ခုခုေျပာလိုက္သည္။

ရႈလိက သူ႔ႏႈတ္ခမ္းကိုသူဖိလိုက္ၿပီး အၾကည့္ေတြကို ေရွာင္လိုက္၏။

[စန္းလီက သူအလုပ္ေကာင္းေကာင္းလုပ္ခဲ့တယ္လို႔ေျပာလိုက္တာ ဟုတ္တယ္မလား?]

[ဝူးဝူးဝူး၊ ငါတို႔ ေရွာင္လိက အသက္ရႈမဝေနတာေတာင္ ဆြဲေဆာင္မႈရွိၿပီး သူ႔အႏွစ္သာရက အျပစ္ကင္းတဲ့လူငယ္တစ္ေယာက္လိုပါပဲ]

[ေတာင္းပန္ပါတယ္ ကြၽန္မကို စကၠန္႔ပိုင္းေလာက္ fangirl ျဖစ္ခြင့္ေပးပါ၊ ရင့္က်က္ၿပီးသား senpai နဲ႔ ရွက္႐ြံ႕တတ္တဲ့ ေခြးကေလးၾကား အျပန္အလွန္ဆက္ဆံမႈက တကယ္ကို စြဲလမ္းစရာပဲ]

[အရင္က အစြန္းေရာက္တဲ့သူေတြက ထြက္သြားႏိုင္ပါတယ္၊ Senpai က Kouhai ကို ခ်ီးက်ဴးေန႐ုံေလးပဲ၊ fangirl ေတြ မင္းအေမကိုေက်ာ္သြားေတာ့!]

ရႈိးထုတ္လႊင့္ၿပီးေနာက္တြင္ နည္းျပယန္ကြၽင္းႏွင့္ အဓိကဒိုင္ဝမ္းလိတို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားသည္ ဆိုရွယ္မီဒီယာေပၚတြင္ လွ်င္ျမန္စြာ နာမည္ႀကီးလာၿပီး ေရပန္းစားလာေလသည္။

[ပင္မစာမ်က္ႏွာမွာရွိတဲ့ မင္းရဲ႕အဖြဲ႕က ဒီႏွစ္ဖြဲ႕ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ စင္ျမင့္ေဖ်ာ္ေျဖပြဲႏွစ္ခုကို မျမင္ဖူးသူတိုင္းကို ခြင့္မျပဳပါဘူး၊ တစ္ခုက အမ်ိဳးသားေဟာ္မုန္းေတြ အျပည့္နဲ႔ ေပါက္ကြဲထြက္ေနတဲ့စင္ျမင့္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ တင္းမာမႈျမင့္မားတဲ့ ႏွစ္ေယာက္တြဲေဖ်ာ္ေျဖမႈပဲ၊ လာၾကည့္ၾက!!!၊ ငါ ထပ္ေျပာမယ္!၊ ဝမ္းလိသာ အိုင္ေဒါလ္တစ္ေယာက္ျဖစ္လာရင္ သူမက အိုင္ေဒါလ္နယ္ပယ္မွာ ထိပ္တန္းျဖစ္လာမွာ ေသခ်ာတယ္၊ ၿပီးေတာ့ ရႈလိ၊ ဖုံးကြယ္ထားတဲ့ရတနာပဲ၊ သူက ခ်စ္စရာလည္းေကာင္းတယ္ မိုက္လည္းမိုက္တယ္!၊ အတူတူ vote ၾကရေအာင္၊ ရႈလိက မနက္ျဖန္ ပြဲဦးထြက္မွာ]

ဤစင္ျမင့္ေဖ်ာ္ေျဖပြဲကို ရႈိးထုတ္လုပ္ေရးအဖြဲ႕မွ ပရိသတ္ဝန္ေဆာင္မႈတစ္ခုအျဖစ္ သတ္မွတ္ထားေသာေၾကာင့္ မဲေပးမႈအဆင့္သတ္မွတ္ျခင္းအပိုင္းမရွိခဲ့ေပ။ ေဖ်ာ္ေျဖပြဲၿပီးၿပီးခ်င္းမွာပဲ ေနာက္ဆုံးအုပ္စုပြဲဦးထြက္ည ေရာက္လာေခ်ၿပီ။ အဆင့္မ်ားတြင္ ေနာက္က်က်န္ေနခဲ့ေသာ ရႈလိသည္ အဓိကဒိုင္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ လူႀကိဳက္မ်ားမႈ ျမင့္တက္လာခဲ့သည္။ အဖြဲ႕ပြဲဦးထြက္ညကို ဦးေဆာင္သည့္ ရက္သတၱပတ္တြင္ သူ၏အြန္လိုင္းေပၚျပဴလာမွာ အရွိန္အဟုန္ျမင့္လာၿပီး ထိပ္ဆုံး 3 ဦးသို႔ ေရာက္ရွိသြားသည္။

အဓိကဒိုင္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းက ရႈလိ၏ေက်ာ္ၾကားမႈကို ျမႇင့္တင္ေပးၿပီး ေကာင္းေသာအရာျဖစ္လာသည္။ သို႔ေသာ္လည္း ေဖ်ာ္ေျဖေရးစင္ျမင့္မွာ အာ႐ုံစိုက္မႈမ်ားရရွိလာၿပီးေနာက္ အျငင္းပြားဖြယ္ရာမွတ္ခ်က္မ်ား ပိုမိုထြက္ေပၚလာခဲ့သည္။

မူလက ရႈလိ-ဝမ္းလိ CP သည္ Arctic Circle ကဲ့သို႔ေအးစက္ေနခဲ့ၿပီး "Double Li" CP လို ခ်ိဳသာေသာအခိုက္အတန႔္မ်ားကို ပြင့္ပြင့္လင္းလင္းခံစားခြင့္ရရန္ မျဖစ္ႏိုင္ေပ။ သို႔ေသာ္ အခ်ိဳ႕ေသာ ေစ်းကြက္ရွာေဖြေရးအေကာင့္မ်ားမွ အထင္အျမင္လြဲမွားေစေသာ ပ႐ိုမိုးရွင္းေဆာင္းပါးအခ်ိဳ႕ေၾကာင့္ ဤ CP ပရိသတ္မ်ားမွာ လူထုမ်က္စိက်လာၾကေတာ့သည္။

ပြဲဦးထြက္ညအထိ အပတ္မ်ားအတြင္း ေစ်းကြက္ရွာေဖြေရးအေကာင့္မ်ား တိုးလာကာ ထပ္တူအေၾကာင္းအရာမ်ားကို စတင္ထုတ္ေဝလာသည္။

[ဝမ္းလိနဲ႔ သင္တန္းသားရႈလိတို႔ၾကားက စင္ျမင့္ပူးေပါင္းေဆာင္႐ြက္တာက သိသိသာသာကို အာ႐ုံစိုက္မႈေတြရလာတာဘဲ၊ အခ်ိဳ႕အင္တာနက္အသုံးျပဳသူေတြက ရႈိးရဲ႕အရင္အပိုင္းေတြက သူတို႔ႏွစ္ေယာက္ၾကားက မေရရာတဲ့အျပန္အလွန္တုံ႔ျပန္မႈေတြကို သတိျပဳမိၾကတယ္တဲ့၊ 'Double Li' CP က အမွန္လား?]

ပရိသတ္မ်ားအတြက္ ေက်ာ္ၾကားေသာစုစည္းရာေနရာျဖစ္ေသာ ေဝ့ေပၚတြင္ ဤမ႐ိုးသားေသာ မားကတ္တင္းအေကာင့္မ်ားကို ေဝဖန္ရန္ရည္႐ြယ္ခ်က္ျဖင့္ ပရိသတ္မ်ားစြာ စည္းလုံးညီၫြတ္ေနၾကသည္။

[??? သတိေပးခ်က္၊ အားလုံးေျပးၾက]

[တကယ္ကိုပဲ၊ ငါတို႔ရဲ႕ေရွာင္လိကို ဖယ္ၿပီး ပြဲဦးထြက္ညမွာ ငါတို႔ရဲ႕ခ်စ္ရတဲ့ ဝမ္းလိကိုပဲ အာ႐ုံစိုက္ပါ~]

[မင္းရဲ႕ ႏွစ္စဥ္ KPI အတြက္ စန္းလီရဲ႕ေသြးကို အားကိုးေနတယ္ေပါ့၊ မားကတ္တင္းအေကာင့္?၊ ဟီးဟီး]

[စန္းလီက အိမ္ေထာင္က်ၿပီးသား၊ လိုင္ခ်ီးရဲ႕ပရိသတ္ေတြ တန္း report ထုၾက]

[မင္းရဲ႕ပြဲဦးထြက္အတြက္]၏ ယခင္အပိုင္းမ်ားတြင္ ဝမ္းလိႏွင့္ ရႈလိတို႔၏ အေသးစားအျပဳအမူမ်ားႏွင့္ အျပန္အလွန္တုံ႔ျပန္မႈမ်ားကို ခြဲျခမ္းစိတ္ျဖာရန္ ဖိုရမ္တစ္ခုတြင္ အင္တာနက္အသုံးျပဳသူမ်ားက စတင္လာေသာ္ေတာင္မွ သူတို႔၏ႀကိဳးပမ္းအားထုတ္မႈအားလုံးကို အေျခအျမစ္မရွိေသာစြပ္စြဲမႈမ်ားအျဖစ္ ပရိသတ္မ်ားကပယ္ခ်ခဲ့ၿပီး အစီရင္ခံစာမ်ားႏွင့္ ထိုပို႔စ္မ်ားကို ဖ်က္ပစ္ခဲ့သည္။

မွတ္ခ်က္မ်ားကို ထိန္းခ်ဳပ္သည့္ပရိသတ္မ်ား၏အကူအညီျဖင့္ အဆိုပါမွားယြင္းေသာ ေစ်းကြက္ရွာေဖြေရးအပိုင္းမ်ားသည္ လႈပ္လႈပ္႐ြ႐ြမ်ားစြာ မဖန္တီးေတာ့ေပ။ သို႔ေသာ္လည္း၊ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ပလက္ေဖာင္းမ်ားမွ ခိုင္မာေသာအေရာင္းျမႇင့္တင္ျခင္းႏွင့္ ေစ်းကြက္ခ်ဲ႕ထြင္ျခင္းတို႔ျဖင့္ ပြဲဦးထြက္ညတြင္ [မင္းရဲ႕ပြဲဦးထြက္အတြက္]သည္ မႀကဳံစဖူးလူႀကိဳက္မ်ားသည့္အဆင့္သို႔ ေရာက္ရွိသြားသည္။ သင္တန္းသားမ်ားႏွင့္ပတ္သက္ေသာ ေစ်းကြက္ရွာေဖြေရး အေၾကာင္းအရာမ်ားႏွင့္ ၀ယ္လိုအားမ်ားသည္ ေဝ့ေပၚကို လႊမ္းမိုးသြားၿပီး ပရိသတ္မ်ားအတြက္ ျပပြဲတစ္ခုအျဖစ္ ေျပာင္းလဲသြားေလသည္။

ဤမႀကဳံစဖူး ေဖာင္းပြမႈၾကားတြင္ ေက်ာေထာက္ေနာက္ခံျပဳထားေသာ အေထာက္အထားျဖင့္ ေကာလာဟလမ်ားထြက္ေပၚလာသည္။

[အထူးသတင္း- [မင္းရဲ႕ပြဲဦးထြက္အတြက္]၊ အမ်ိဳးသမီးထိပ္တန္းသ႐ုပ္ေဆာင္တစ္ဦးနဲ႔ လူႀကိဳက္မ်ားၿပီး ပြဲဦးမထြက္ရေသးတဲ့ ေယာက္်ားေလးအိုင္ေဒါလ္တို႔က အခ်စ္ဇာတ္ခင္းေနတယ္]

ေဝ့လည္ေၾကာင္ပတ္မလုပ္ဘဲ အဓိကပို႔စ္က ဗီဒီယိုမ်ားစြာကို တိုက္႐ိုက္ထည့္သြင္းထားသည္။

ထိုအရာေတြကို အရည္အခ်င္းျပရႈိး၏စတူဒီယိုအတြင္း၊ ကားမ်ားႏွင့္ သန႔္စင္ခန္းမ်ား အတြင္းေရာ အျပင္တြင္ပါ ႐ိုက္မိထားသည္။ ႐ိုက္ကူးေရးရႈေထာင့္မ်ားသည္ ဂႏၲဝင္လွ်ိဳ႕ဝွက္ကင္မရာ႐ိုက္ခ်က္မ်ားျဖစ္ၿပီး ရွင္းလင္းျပတ္သားေသာ ဗီဒီယိုမ်ားျဖစ္ေပသည္။ လူတိုင္းသည္ အဓိကဇာတ္ေကာင္မ်ားႏွင့္ ရင္းႏွီးေနၾကၿပီး ဗီဒီယိုတစ္ခုစီသည္ မိနစ္ႏွစ္ဆယ္ေက်ာ္ၾကာေလသည္။ OP သည္ အရွိန္ျမႇင့္ၿပီး မယုံၾကည္သူမ်ားအတြက္ cloud သိုေလွာင္မႈပလပ္ေဖာင္းတြင္ မူရင္းႏွင့္မကြဲလြဲေသာ ဗီဒီယိုမ်ားကိုသာ ကမ္းလွမ္းမည္ဟု အခိုင္အမာဆိုလာသည္။

တစ္နည္းဆိုရေသာ္ ဝမ္းလိႏွင့္ ရႈလိတို႔သည္ သူတို႔ၾကား ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈမရွိေသာ္ေတာင္မွ ဤဗီဒီယိုမ်ားအတြင္း အနည္းဆုံး မိနစ္ႏွစ္ဆယ္ၾကာ ႏွစ္ေယာက္တည္းအတူကုန္ဆုံးခဲ့ၾကသည္။ သို႔ေသာ္၊ သူတို႔သည္ ရႈိးကင္မရာမ်ားကို ရည္႐ြယ္ခ်က္ရွိရွိေရွာင္၍ ကားထဲ သို႔မဟုတ္ အဝတ္လဲခန္းအတြင္း ေယာက်္ားေလးႏွင့္ မိန္းကေလးႏွစ္ေယာက္တည္းအတူရွိေနျခင္းက သာမန္ေတြးေခၚသူတိုင္း၏ စိတ္ထဲတြင္ စိတ္ကူးစိတ္သန္း အမ်ားအျပားျဖစ္ေပၚေစ၏။

ဤ "အခ်စ္ဇာတ္ခင္းေကာလဟလ"သည္ လူထုအတြက္ အရမ္းကိုဆန္းၾကယ္ေသာ ျဖစ္ရပ္ျဖစ္ၿပီး အတည္မျပဳရေသးေသာ္လည္း လူမႈေဗဒပညာရွင္ Albert ႏွင့္ Posterman ၏ ေကာက္ခ်က္အရ ေကာလဟာလ (r) = အေရးပါမႈ (i) x ရႈပ္ေထြးမႈ (a) ျဖစ္သည္။ ဝမ္းလိႏွင့္ ရႈလိတို႔သည္ လူထုအာ႐ုံအထြတ္အထိပ္ျဖစ္ေသာေၾကာင့္ အေရးပါမႈကေတာ့ ေျပာေနစရာမလိုေပ၊ လူအမ်ားအတြက္ အလြန္စိတ္ဝင္စားဖြယ္ေကာင္းေသာ ျဖစ္ရပ္တစ္ခုျဖစ္ၿပီး ရႈပ္ေထြးမႈသည္ မရွင္းလင္းေသာမွတ္ခ်က္မ်ား သီတင္းတပတ္ၾကာေအာင္ ေပါင္းစုလာသည္ႏွင့္ လူအမ်ားၾကား သိခ်င္စိတ္ျပင္းျပလာေတာ့သည္။

ရလဒ္အေနႏွင့္ နာရီပိုင္းအတြင္းမွာပဲ #ဝမ္းလိေဖာက္ျပန္ေန ဆိုသည့္ hashtag က ေဝ့ေပၚမွာ ေရပန္းစားလာေတာ့သည္။

ဤ Trending topic က ေပါက္ကြဲသြားေတာ့သည္။ ဝမ္းလိ၏ ကိုယ္ေရးကိုယ္တာ ပရိတ္သတ္အသိုင္းအဝိုင္းႏွင့္ ယန္လိ၏ ပရိသတ္အသိုင္းအဝိုင္းႏွစ္ခုစလုံးသည္ အဆိုးျမင္မ်ားျဖင့္ လ်င္ျမန္စြာျပည့္လွ်ံသြားခဲ့သည္။

ပရိသတ္မည္မွ်ပင္ရွိေစကာမူ သူတို႔သည္ Trending topic ေၾကာင့္ ျဖစ္ေပၚလာေသာ အဆိုးျမင္မွတ္ခ်က္ထိုးစစ္ကို မထိန္းခ်ဳပ္ႏိုင္ေပ။

[အဓိကဒိုင္နဲ႔ သင္တန္းသားေတြက ေဖာက္ျပန္ေနတာလား?၊ အနာဂတ္အရည္အခ်င္းျပရႈိးေတြက ဆန႔္က်င္ဘက္လိင္ ဧည့္သည္ေတြကို ဖိတ္ၾကားဖို႔ သတၱိရွိၾကပါဦးမလား?]

[အင္တာနက္ေပၚက ပရိသတ္သုံးရာစလုံး အရည္အခ်င္းျပရႈိးကို ညႇိဳးႏြမ္းေစတဲ့ ဒီနာမည္ပ်က္စရာ အိုင္ေဒါလ္စုံတြဲကို ျမန္ျမန္စြန္႔ပစ္ဖို႔ ငါနဲ႔လာေပါင္းပါ]

[ေလွ်ာ္ျဖဴပရိသတ္ေတြ လာၿပီး ငါတို႔နဲ႔ထိပ္တိုက္ရင္ဆိုင္ၾက၊ မင္းတို႔လို အသုံးမက်တဲ့သူအတြက္ ႀကီးက်ယ္ခမ္းနားတဲ့စင္ျမင့္ေပါ့]

စင္ျမင့္ေနာက္မွာ မိတ္ကပ္ျပင္ေနရင္း ဝမ္းလိ၏လက္ေတြ တုန္ေနသည္။

ဤအတြင္းေရးေဖာ္ထုတ္မည့္အခ်ိန္ကို ရွင္းရွင္းလင္းလင္း တြက္ခ်က္ထားေပသည္။

ပြဲဦးထြက္ညတြင္ ထုတ္လုပ္ေရးအဖြဲ႕၊ ဧည့္သည္မ်ားႏွင့္ သင္တန္းသားမ်ားအားလုံးသည္ ရႈိး၏ေနာက္ဆုံးစင္ျမင့္မ်ားျဖင့္ အလုပ္ရႈပ္ေနသျဖင့္ လုံးဝအာ႐ုံမစိုက္ႏိုင္ၾကေပ။ ထို႔အျပင္၊ တိုက္႐ိုက္ထုတ္လႊင့္သည့္ညမွာ အဓိကဒိုင္ႏွင့္ သင္တန္းသား၏ အခ်စ္ဇာတ္ခင္းအရႈပ္ေတာ္ပုံသည္ ယခင္ကတည္းက ျပင္းထန္ေသာေလထုကို ပိုမိုျပင္းထန္လာေစသည္။ ထိုသည္ ထုတ္လုပ္ေရးအဖြဲ႕ႏွင့္ ပတ္သက္ေနသည့္ပုဂၢိဳလ္ႏွစ္ဦးအတြက္ ႀကီးမားေသာအရႈပ္ေတာ္ပုံတစ္ခုျဖစ္ခဲ့ေသာ္လည္း အဖြဲ႕ဖြဲ႕စည္းသည့္ညတြင္ အျခားပါဝင္သူမ်ားကို မထင္မွတ္ဘဲ ထိေတြ႕ေစခဲ့သည္။

ဝမ္းလိသည္ လက္ထပ္ထားၿပီးသားျဖစ္ၿပီး၊ သူမသည္ အလြန္ေမွ်ာ္လင့္ထားသည့္႐ုပ္ရွင္ [ေရခဲၿမိဳ႕ေတာ္]တြင္ ပါဝင္မည္ဟု ေၾကညာထားသည္။ ထိုသည္ ဒီႏွစ္အတြက္ ထိပ္တန္းအဆင့္ရင္းႏွီးျမဳပ္ႏွံမႈမ်ား၊ ၾကယ္ပြင့္ထုတ္လုပ္ေရးအဖြဲ႕ႏွင့္ A-list သ႐ုပ္ေဆာင္မ်ားပါဝင္သည့္ အေမွ်ာ္လင့္ဆုံး႐ုပ္ရွင္ပေရာဂ်က္တစ္ခုျဖစ္သည္။ ဤကဲ့သို႔ ထိပ္တန္း႐ုပ္ရွင္ အရင္းအျမစ္ကို အာမခံျခင္းသည္ ဝမ္းလိက သူမ၏ သ႐ုပ္ေဆာင္အသက္ေမြးဝမ္းေၾကာင္း အသြင္ေျပာင္းျခင္းတြင္ ပထမဆုံးေျခလွမ္းကို တရားဝင္ လွမ္းႏိုင္ၿပီဟူ၍ပင္။

သို႔ေသာ္ သူမသည္ ဤအရင္းအျမစ္ကို ေသခ်ာေအာင္လုပ္ႏိုင္ခဲ့ၿပီး အျပင္လူမ်ားအတြက္မူ သူမ့အား စုန္႔ယန္ႏွင့္ဆက္ဆံေရးမွ ခြဲထြက္၍မရႏိုင္ေပ။

[Sheng Tang Fantasy]အတြက္ သူမ၏ လက္ရွိေထာက္ခံခ်က္အျပင္၊ ဤဂိမ္းအတြက္ ယခင္ကေျပာေရးဆိုခြင့္ရွိသူမွာ စုန္႔ယန္ျဖစ္သည္။ ဂိမ္းကုမၸဏီက သူမကိုခ်ဥ္းကပ္လာေသာအခါ သူတို႔သည္ သူမမွတစ္ဆင့္ စုန္႔ယန္ႏွင့္ seasonသစ္ေထာက္ခံမႈအတြက္ ပူးေပါင္းေဆာင္႐ြက္မႈရရွိရန္ ေမွ်ာ္လင့္ေနၾကသည္။

လြန္ခဲ့သည့္လအနည္းငယ္တြင္ စုန္႔ယန္သည္ ႐ုပ္ရွင္အတြက္ ျပင္ဆင္ရန္ [Sheng Tang Fantasy]အတြက္ ေထာက္ခံခ်က္အပါအဝင္ စီးပြားေရးအခြင့္အလမ္းမ်ားစြာကို ျငင္းပယ္ခဲ့သည္။ သို႔ေသာ္လည္း ဝမ္းလိ၏ခ်ိတ္ဆက္မႈေၾကာင့္ ဂိမ္းကုမၸဏီသည္ သူတို႔၏လာမည့္ႏွစ္ပတ္လည္အခမ္းအနားႏွင့္ မိုဘိုင္းဂိမ္းမိတ္ဆက္ပြဲအတြက္ ဘရန္းပဓာနသီခ်င္းကို သီဆိုရန္ အဆိုေတာ္တစ္ဦးကိုဖိတ္ေခၚရန္ လိုအပ္ေနပါသည္။ က်ားေ႐ြ႕၏ CEO က်န္းသည္ ဤေကာင္းမြန္ေသာအရင္းအျမစ္ကို အျခားသူ၏လက္သို႔ မက်ေရာက္ေစလိုဘဲ တူညီေသာကုမၸဏီမွ ရႈရွင္း႐ြယ္ကို တန္းအႀကံျပဳေပးလိုက္သည္။

ကုမၸဏီတစ္ခုတည္းမွျဖစ္သည့္ ရႈရွင္း႐ြယ္သည္ အရင္က ဒါ႐ိုက္တာေကာထံမွ ႐ုပ္ရွင္အရင္းအျမစ္ကိုရယူခဲ့ဖူးသည္။ [ေရခဲၿမိဳ႕ေတာ္]ေလာက္ မႀကီးေသာ္လည္း တျခားတက္သစ္စၾကယ္ပြင့္ေတာ္ေတာ္မ်ားမ်ားကို လႊမ္းမိုးဖို႔ လုံေလာက္ပါ၏။ လူေတာ္ေတာ္မ်ားမ်ားသည္ က်ားေ႐ြ႕က ဤစီနီယာ-ဂ်ဴနီယာအတြဲကိုျမႇင့္တင္ဖို႔ ကုန္က်စရိတ္ကို ႏွေျမာျခင္းမရွိေၾကာင္း ေျပာေနၾကသည္။

ဤေဖာက္ျပန္ေသာ ေကာလာဟလသာ အမွန္ျဖစ္ပါက သူမ၏႐ုပ္ရွင္အရင္းျမစ္သည္ ေပ်ာက္ကြယ္သြားမည္ျဖစ္ၿပီး၊ ဂိမ္းေထာက္ခံခ်က္ႏွင့္ ယင္း၏ ႏွစ္ပတ္လည္အခမ္းအနားသည္ ေထာင့္စြန္းေလးတြင္ ရွိေနေတာ့မည္။ ဂိမ္းကုမၸဏီသည္ အစားထိုးဖို႔ ေျပာေရးဆိုခြင့္ရွိသူအသစ္ကို ရွာေဖြရန္ အခ်ိန္မရွိေသာ္လည္း ကုမၸဏီတစ္ခုတည္းမွ ရႈရွင္း႐ြယ္သည္ သူမေနရာအား အစားထိုးဖို႔ျဖစ္ႏိုင္ေခ်မ်ားသည္။

စုန္႔ယန္မွ ပို႔လာသည္ ယခင္အသံသြင္းခ်က္မ်ားအေပၚအေျခခံၿပီးေတာ့ေရာ အလြယ္တကူခန္႔မွန္းႏိုင္ၾကေသာ ပရိသတ္မ်ားအတြက္ ဤအခ်က္အလက္မ်ား ေပါက္ၾကားခဲ့သူမွာ သိသာပါသည္။

သူမ တျခားဘာကိုမွဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ထရပ္ၿပီး အစ္မဒန္ကို ခ်က္ခ်င္းသြားရွာဖို႔ ဝမ္ဝမ္ကို ေျပာလိုက္၏။

သူမ၏ဆံပင္ပုံစံက တစ္ဝက္သာ ၿပီးေသးေသာ္လည္း ဝမ္းလိက သင္တန္းသားေတြ၏ အဝတ္လဲခန္းဆီသို႔ တည့္တည့္သြားလိုက္သည္။

ဒီအခ်ိန္မွာ ဖုံးကြယ္ထားစရာမလိုေတာ့။

သင္တန္းသားတစ္ဖြဲ႕သည္ မႏူတ္ဆက္ဘဲဝင္လာသည့္ ဧည့္သည္ဒိုင္ကို ေတြ႕လိုက္ၾကၿပီး အမူအရာမ်ားမွာ အမ်ိဳးမ်ိဳးျဖစ္သြားသည္။ ရႈလိသည္ အြန္လိုင္းသတင္းကို ျမင္ၿပီးတာသိသာၿပီး သူက ေအးစက္စက္အမူအရာျဖင့္ ႏႈတ္ဆိတ္ေနသည္။

"အားလုံး ေက်းဇူးျပဳၿပီး ခဏေလာက္ထြက္ေပးပါ၊ ငါ ရႈလိနဲ႔ ႏွစ္ေယာက္တည္း စကားေျပာခ်င္တယ္"

သင္တန္းသားေတြႏွင့္ ဝန္ထမ္းေတြက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီးေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ခြာသြားၾကသည္။

ရႈလိ၏ေလသံမွာ တည္ၿငိမ္ေနၿပီး "ရႈရွင္း႐ြယ္လုပ္လိုက္တာ"

ဝမ္းလိက မ်က္လုံးျပဴးၿပီး "မင္းဘယ္လိုသိလဲ"

"အရင္က ကြၽန္ေတာ္တို႔သီးသန႔္ေတြ႕တဲ့ အႀကိမ္တိုင္း သူမကိုေတြ႕တယ္" ရႈလိက ေအးစက္ေသာေလသံျဖင့္ "သူမ ဒီေန႔ကိုေစာင့္ေနတာ ကြၽန္ေတာ္သိသားဘဲ"

"ေစာေစာသိတာမ်ား ငါ့ကိုဘာလို႔ႀကိဳမေျပာတာလဲ?"

ရႈလိက သူ႔မ်က္လုံးေတြကို မွိတ္ထားၿပီး ဝန္ခံလိုက္သည္ "ကြၽန္ေတာ္ကိုက 'အ'လြန္းတာ၊ သူမမွာ အေထာက္အထားမရွိလို႔ ဘာမွမေဖာ္ထုတ္ေလာက္ဘူးလို႔ထင္ခဲ့တာ"

"ငတုံးေကာင္၊ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ရွင္သန္ဖို႔က မလြယ္ဘူးဟ၊ တျခားသူေတြကို ဒုကၡေရာက္ေအာင္လုပ္တဲ့အခါ အေထာက္အထားက အေရးမႀကီးဘူး" ဝမ္းလိက သက္ျပင္းခ်ၿပီး ခဏၿငိမ္သက္ၿပီးေနာက္ သူမက ဆက္ေျပာ၏ "ငါ မန္ေနဂ်ာကို ဆက္သြယ္ၿပီးၿပီ၊ ရွင္းလင္းထုတ္ျပန္ခ်က္ကို ခဏေနေရးၿပီးတာနဲ႔ ထုတ္ျပန္လိမ့္မယ္၊ အစီအစဥ္အဖြဲ႕က Trending topic ကို ဖယ္ရွားႏိုင္တယ္လို႔ ေျပာေပမယ့္ PR အဖြဲ႕က အခု ဒီမွာဖ်န္ေျဖေပးလို႔မရေတာ့ဘူး၊ ပရိသတ္ေတြက ခန္းမထဲကို ဝင္ေနေပါ့၊ သူတို႔ေျပာသမွ်ကို ငါတို႔ထိန္းခ်ဳပ္လို႔မရဘူး၊ ငါ အရင္ဆုံး အမ်ားသိေအာင္ရွင္းျပဖို႔ စင္ေပၚတက္ၿပီးမွ မင္းတစ္ကိုယ္ေတာ္ေဖ်ာ္ေျဖလိုက္"

ရႈလိက ေအးေအးေဆးေဆး ေမး၏ "အစ္မက ဘာလို႔ စင္ေပၚအရင္တက္ရမွာလဲ?"

"ပရိသတ္ေတြ အမ်ားႀကီးရွိေတာ့ မ်က္မျမင္နားမၾကားၿပီး ရွင္းလင္းခ်က္ေတြကို မၾကားရ၊ မျမင္ရတဲ့သူေတြ ရွိစၿမဲပဲ၊ မင္းကို ၾကက္ဥနဲ႔ေပါက္မွာ မေၾကာက္ဘူးလား" ဝမ္းလိက ေျပာလိုက္သည္။

"အစ္မကေရာ မေၾကာက္ဘူးလား?"

"ငါက မင္းထက္ေစာၿပီး ပြဲဦးထြက္ခဲ့တာပါ၊ ငါ အရင္က ေဝဖန္မႈေတြအမ်ားႀကီးႀကဳံခဲ့ရၿပီးတာေတာင္ လြတ္ေျမာက္ခဲ့ေသးတာဘဲ၊ ဒါက ငါ့အတြက္ ပမႊားေလးပဲ၊ ဒါေပမယ့္ မင္းက် မတူေတာ့ဘူးေလ၊ မင္းက မႀကဳံဖူးဘူး" ဝမ္းလိက သူ႔အေပၚဖိအားေတြ အရမ္းမ်ားေအာင္ မေပးခ်င္ေတာ့ တည္ၿငိမ္မႈရွိေသာ ေလသံျဖင့္ "အြန္လိုင္းေပၚတက္ၿပီး မင္းနဲ႔ပတ္သက္တဲ့ အမုန္းမွတ္ခ်က္ေတြကို ဖတ္ၾကည့္ ဒါမွမဟုတ္ ေဝ့ေပၚမွာ မင္းရဲ႕ကိုယ္ေရးကိုယ္တာ မက္ေဆ့ခ်္ေတြကို စစ္ၾကည့္လိုက္ေလ၊ အဲဒါေတြက သည္းမခံႏိုင္စရာေတြပဲ၊ မင္းမွာ စိတ္ဓာတ္ႀကံ့ခိုင္မႈ နည္းနည္းေလာက္အားနည္းသြားရင္ မင္း ေသေၾကာင္းႀကံဖို႔ စိတ္ကူးမိမွာဘဲ၊ နားလည္လား?"

ရႈလိသည္ သူမ၏ေသြးေဆာင္အညာစကားကို တုတ္တုတ္မလႈပ္ပဲ ေက်ာက္တုံးကဲ့သို႔ေနကာ ဆို၏ "ကြၽန္ေတာ့္အစ္မမို႔လို႔ဆိုၿပီး သူရဲေကာင္းတစ္ေယာက္လို လုပ္မေနနဲ႔"

"မင္းက ငါေမာင္ေလးေလ၊ မင္း ငယ္ငယ္က အိမ္စာမၿပီးေတာ့ ငါပဲ ၿပီးေအာင္ကူေပးခဲ့ရတာ၊ ငါမဟုတ္ရင္ မင္းကို ဘယ္သူကကာကြယ္ေပးမွာလဲ?"

"ေမ့လိုက္စမ္းပါ၊ အစ္မ ကြၽန္ေတာ့္ကိုကူတြက္ခဲ့တဲ့ သခ်ၤာပုစာၦနည္းနည္းေတာင္ မွားေသးတာကို"

ဝမ္းလိသည္ အျပစ္ရွိစိတ္ျဖင့္ မ်က္ေတာင္ခတ္လိုက္ၿပီး ႐ုတ္တရက္ မ်က္ႏွာထားတင္းမာကာ "ေက်းဇူးကန္းတဲ့ ေသနာေလး၊ မင္းအတြက္ ငါလုပ္ေပးခဲ့တာေတြ အားလုံးကိုေတာ့မမွတ္မိဘဲ ဒီအေသးအဖြဲကိစၥေတြကိုေတာ့ ရွင္းရွင္းလင္းလင္း မွတ္မိတယ္ေပါ့၊ ဟမ္?"

"ကြၽန္ေတာ္ အားလုံးကိုမွတ္မိတယ္" ရႈလိက မ်က္လႊာခ်ၿပီး ႏႈတ္ခမ္းကိုအသာဖိကာ အသံတိုးတိုးေလးႏွင့္ "အဲဒါေၾကာင့္ ဒီတစ္ခါ ကြၽန္ေတာ္အေႂကြးျပန္ဆပ္မယ္၊ ကြၽန္ေတာ္ စင္ေပၚ အရင္သြားလိုက္မယ္၊ ရွင္းလင္းခ်က္ၿပီးတာနဲ႔ ဘယ္သူမွၾကက္ဥမပစ္ေတာ့ရင္ အစ္မ ဆက္သြားလို႔ရၿပီ"

ဝမ္းလိသည္ တစ္ခုခုေျပာလိုဟန္ျဖင့္ ပါးစပ္ဖြင့္လိုက္ေသာ္လည္း ရႈလိ၏မထီမဲ့ျမင္အၾကည့္ေၾကာင့္ တိတ္ဆိတ္သြားေပသည္။

"အစ္မရဲ႕ဆံပင္ပုံစံက ဘာျဖစ္ေနတာလဲ?၊ ရႈပ္ေနတာပဲ၊ ေသခ်ာျပင္လိုက္ဦး" ရႈလိက ေျပာလိုက္သည္။

ဝမ္းလိက ခ်က္ခ်င္းစိတ္ဆိုးသြားၿပီး "မင္းကို ႏွစ္သိမ့္ေပးဖို႔သာ အလ်င္လိုမေနရင္ ငါ့ဆံပင္တစ္ဝက္ပဲၿပီးေသးတာကို ေျပးလာပါ့မလား?"

ရႈလိက သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး မာနႀကီးသည့္ေလသံျဖင့္ "ေယာက္်ားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္က အစ္မရဲ႕ႏွစ္သိမ့္မႈကို ဘာလို႔လိုရမွာလဲ?"

"ေသနာေလး၊ မင္းကိုယ္မင္းေယာက္်ားတစ္ေယာက္လို႔ ေခၚရေအာင္ ဘယ္သူလို႔ထင္ေနလဲ?" ဝမ္းလိက သူ႔စိတ္ေတြမထိခိုက္တာကို ျမင္လိုက္ရေတာ့ သူမလက္ကို ေဝွ႔ယမ္းလိုက္ရင္း စိတ္ေအးလက္ေအးျဖင့္ "ဒါဆို မင္း စင္ေပၚအရင္သြား၊ ဘယ္လိုပဲျဖစ္ျဖစ္ လုံၿခဳံေရးအေစာင့္ေတြရွိတယ္၊ ငါ ရႈရွင္း႐ြယ္ကိုသြားရွာၿပီး လက္တုံ႔ျပန္လိုက္ဦးမယ္"

ရႈလိက သေဘာတူလိုက္သည္။

ဝမ္းလိက ေနာက္ဆုံးေတာ့ၿပဳံးၿပီး စေနာက္ကာ ေမးလိုက္၏ "မင္းက ပြဲဦးထြက္ေတာင္မလုပ္ရေသးဘဲနဲ႔ ငါ့လို ထိပ္တန္းအမ်ိဳးသမီးအႏုပညာရွင္နဲ႔ ေဖာက္ျပန္တဲ့အရႈပ္အရွင္းေတြ ရွိေနၿပီပဲ၊ ဂုဏ္ယူလား?"

ရႈလိက သူ႔ႏႈတ္ခမ္းကိုေကြးလိုက္ၿပီး "-်ီးကို ဂုဏ္ယူ၊ ႐ြံရွာစရာေကာင္းလိုက္တာ"

"ငါ မင္းကို ေနာက္တစ္ႀကိမ္ အခြင့္အေရးေပးမယ္၊ မင္းရဲ႕ စကားလုံးေတြကို မွန္မွန္ကန္ကန္ျပန္စီလိုက္ေနာ္ မဟုတ္လို႔ အညိဳမည္းစြဲမ်က္ႏွာနဲ႔ စင္ေပၚသြားရရင္ ငါ့အဆိုးမဆိုနဲ႔"

"အစ္မ ကြၽန္ေတာ့္ကို အခြင့္အေရးတစ္ရာေပးရင္ေတာင္ ကြၽန္ေတာ့အေျဖက အတူတူပဲ" ရႈလိက သူ႔မ်က္ႏွာတြင္ ဆန႔္က်င္သည့္အၾကည့္ျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ "အစ္မနဲ႔ ပတ္သက္ေနတယ္လို႔ ေကာလာဟလေတြထြက္ေနတာကို ကြၽန္ေတာ္က ဂုဏ္ယူပါ့မလား?၊ ကြၽန္ေတာ္က ႐ူးေနလို႔လား?"

ဝမ္းလိက ျပင္းျပင္းထန္ထန္ျဖင့္ "ဟုတ္တယ္ မင္း႐ူးေနတာ၊ မင္းအစ္မ ဘယ္ေလာက္လွတယ္ဆိုတာ တန္ဖိုးမထားဘဲ ေခါင္းထဲမွာ႐ူးေနတာေလ"

ရႈလိက ခဏေလာက္ေအးခဲသြားၿပီး သူ႔ေရွ႕က တကယ္ကို အေတာ္ေလးလွပလြန္းသည့္ မ်က္ႏွာေလးကို စိုက္ၾကည့္ရင္း ႐ုတ္တရက္ ၿပဳံးလိုက္၏။

ဝမ္းလိက သူ႔အၿပဳံးေၾကာင့္လန႔္သြားၿပီး "မင္းပါးစပ္လႈပ္သြားတာလား?"

ရႈလိက သူမကိုလ်စ္လ်ဴရႈၿပီး မသက္ဆိုင္ေသာပုံစံျဖင့္ "ကြၽန္ေတာ္ အစ္မအတြက္ေမြးေန႔လက္ေဆာင္ ႀကိဳေပးမယ္"

"ဒီလိုအခ်ိန္မ်ိဳးမွာ ေမြးေန႔လက္ေဆာင္ရတဲ့အခါက် ငါက ဂ႐ုစိုက္ေနဦးမယ္လို႔ ထင္လို႔လား?" ဝမ္းလိက မ်က္ေမွာင္ၾကဳတ္ကာ စိတ္ပ်က္လက္ပ်က္ျဖင့္ "ဒီကိစၥကို ေျပလည္တဲ့အထိေစာင့္ရေအာင္၊ ၿပီးရင္ ငါတို႔ အိမ္ျပန္ၿပီး အဆူခံၾကတာေပါ့"

ဦးေလး၏ေအးစက္စက္မ်က္ႏွာကို ေတြးလိုက္႐ုံႏွင့္ပင္ သူမကို ေဒါသထြက္ေစေပသည္။

ဝမ္းလိက အိမ္ျပန္မယ္ေျပာေနသည္ကို ၾကားေတာ့ ရႈလိ၏မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။

ေမာင္ႏွမအခ်င္းခ်င္း အခ်စ္ဇာတ္ခင္းသည္ဟု ေကာလာဟလေတြထြက္မွာကိုေတာ့ မေၾကာက္ၾကေသာ္လည္း ဦးေလးဆီကအဆူခံရမွာကိုေတာ့ ေၾကာက္ၾကေပသည္။

——

သင္တန္းသားမ်ား၏ အဝတ္လဲခန္းမွ ထြက္လာေသာအခါ ဝမ္းလိသည္ အျခားသူမ်ား၏ အၾကည့္မ်ားကို ေခတၱလ်စ္လ်ဴရႈလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ရွင္းရွင္းလင္းလင္း ရွင္းဖို႔ လိုအပ္သည္ကိုသာ ခ်က္ခ်င္း ရွင္းလင္းရမည္၊ ထိုအခိုက္အတန္႔တြင္ သူမ၏အသက္ရွဴမႈကို မျဖန္တီးခ်င္ေပ။

သူမသည္ ရႈရွင္း႐ြယ္၏အ၀တ္လဲခန္းဆီသို႔ တန္းတန္းမတ္မတ္သြားလိုက္သည္။

ထိုအေတာအတြင္း ဝန္ထမ္းမ်ား၏စီစဥ္မႈျဖင့္ ရႈလိသည္ ပထမဆုံးေသာ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖသူအျဖစ္ စင္ျမင့္ေပၚသို႔ တက္သြားသည္။

ပြဲဦးထြက္ညကို တိုက္႐ိုက္ထုတ္လႊင့္ေနၿပီး ခန္းမထဲတြင္ စိတ္လႈပ္ရွားစြာျဖင့္ ေအာ္ဟစ္ေနကာ တိုက္႐ိုက္ထုတ္လႊင့္သည့္ ပလက္ေဖာင္းမ်ားေပၚရွိ မွတ္ခ်က္စာတန္းမ်ားသည္ မတူညီေသာတုံ႔ျပန္မႈမ်ားျဖင့္ အသက္ဝင္ေနသည္။

သို႔ေသာ္လည္း ဝမ္းလိ စိတ္ကူးထားသေလာက္ေတာ့ မဆိုးေပ။ ပြဲက ဆူညံေနေသာ္လည္း ဘယ္သူမွ ၾကက္ဥမပစ္ၾကေပ။

ထို႔ျပင္ ပလက္ေဖာင္းေပၚရွိ အမုန္းတရားမ်ားျဖင့္ ျပည့္ႏွက္ေနေသာ မွတ္ခ်က္စာတန္းမ်ားကို ပရိသတ္မ်ားထံမွ ရွင္းလင္းခ်က္မက္ေဆ့ခ်္မ်ားျဖင့္ အစားထိုးထားသည္။

[ေဝဖန္ဖို႔ အလ်င္စလိုမလုပ္ပါနဲ႔၊ ေဝ့ေပၚကိုအရင္သြားၾကည့္ပါ၊ ဖတ္ၿပီးရင္ ကိုယ့္ပါးကို ျပန္႐ိုက္ခံရတယ္လို႔ မခံစားရေတာ့မွ ေဝဖန္ဖို႔ ျပန္လာပါ]

[တရားဝင္ရွင္းလင္းခ်က္ကိုဖတ္ဖို႔ အရမ္းပ်င္းေနရင္ ရႈရွီေမာက္ရဲ႕စတူဒီယိုကိုရွာလိုက္၊ ဒီေမာင္ႏွမႏွစ္ေယာက္ကို အခ်စ္ဇာတ္ခင္းတယ္ဆိုတဲ့ ေကာလာဟလေတြ ျဖန႔္တာက အဓိပၸါယ္မဲ့လိုက္တာ၊ ဘယ္သူက ဦးေႏွာက္ထိခိုက္ေနတာလဲ?]

[ရႈရွီေမာက္ရဲ႕စတူဒီယိုကို ေဝ့ေပၚမွာတန္းရွာလိုက္၊ စန္းလီနဲ႔ ေရွာင္လိတို႔က တကယ့္ေမြးခ်င္းေတြပဲ!၊ သူတို႔က ဆရာႀကီးရႈရွီေမာက္ရဲ႕ ကေလးေတြတဲ့!၊ သူတို႔အခ်စ္ဇာတ္ခင္းတယ္လို႔ ေကာလဟာလေတြျဖန႔္တဲ့သူတိုင္း ေသသြားႏိုင္တယ္]

မွတ္ခ်က္စာတန္းမ်ားသည္ ဆက္လက္ေ႐ြ႕လ်ားေနၿပီး ရႈပ္ေထြးေနေသာ အင္တာနက္အသုံးျပဳသူတစ္စုကို ေဝ့ေပၚတြင္ ရွာေဖြရန္ လႈံ႕ေဆာ္ေပးေနသည္။

ေဝ့ေပၚတြင္ ထိပ္တန္းေရပန္းစားေနသည့္ အေၾကာင္းအရာသည္ မူလက ဝမ္းလိ၏ PR အဖြဲ႕မွ ျပင္ဆင္ထားသည့္ ရွင္းလင္းခ်က္ထုတ္ျပန္ခ်က္ျဖစ္ေသာ္လည္း ယခုအခါ ထိုသည္ လြန္ခဲ့ေသာမိနစ္အနည္းငယ္က ရႈရွီေမာက္ထံမွ ေဝ့ေပၚပို႔စ္ျဖစ္လာသည္။

ရႈရွီေမာက္: [ဒီကေလးႏွစ္ေယာက္ရွိလို႔ ဂုဏ္ယူမိတယ္၊ @ဝမ္းလိလိုင္ခ်ီး @ကမာၻႀကီးမွာမင္းႏွင့္အတူ-ရႈလိ [ပုံ] ]

ဓာတ္ပုံတြင္ လူငယ္ရႈရွီေမာက္သည္ အလယ္တြင္ရပ္ေနကာ သူ၏လက္ေကာက္ဝတ္ကို ဘယ္ဘက္တြင္ ခ်စ္ခင္စြာဆုပ္ကိုင္ထားေသာ ငယ္႐ြယ္ေနဆဲအသြင္အျပင္ရွိသည့္ ဝမ္းလိႏွင့္ ညာဘက္တြင္ လူငယ္ေလးရႈလိက သူ႔လက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည္ကို ျမင္ေတြ႕ရေပမည္။

တစ္ခါတစ္ရံတြင္ PR ထုတ္ျပန္ခ်က္သည္ မည္မွ် ေကာင္းမြန္စြာဖန္တီးထားပါေစ၊ ရွင္းလင္းခ်က္သည္ မည္မွ်ပင္႐ိုးသားေနပါေစ၊ အခ်ိဳ႕ေသာသူမ်ားသည္ ယင္းကိုဖတ္ရန္ အလြန္ပ်င္းၾကသည္။ ယုတၱိရွိရွိေျပာရလွ်င္ပင္ သူတို႔သည္ အဓိကျပႆနာကို ေရွာင္ၾကဥ္သည္ဟု ဆိုၾကလိမ့္မည္။ သူတို႔သည္ သူတို႔ယုံခ်င္သည့္အရာကိုသာ ယုံၾကည္ၾကၿပီး တိုက္႐ိုက္ရွင္းလင္းခ်က္၏ ေျဖရွင္းခ်က္ႏွင့္ ႏႈိင္းယွဥ္ႏိုင္သည့္ စကားလုံးပမာဏမရွိပါ။

ဤအတည္ျပဳထားေသာ ေဝ့ေပၚအေကာင့္ႏွင့္ ဓာတ္ပုံေဟာင္းသည္ မည္သည့္ PR ထုတ္ျပန္ခ်က္ထက္မဆို ယခုအခ်ိန္တြင္ ပိုမိုထိေရာက္ေလသည္။

တစ္ခ်ိန္တည္းမွာပင္ ခန္းမက်ယ္ႀကီးထဲတြင္ စင္ျမင့္ေပၚ၌ အလင္းတန္းမ်ားစြာကို ထိုးထားေပသည္။ ရႈလိသည္ ပထမဆုံးေဖ်ာ္ေျဖသူအေနျဖင့္ သူ၏ယခင္ ပန႔္ခ္ပုံစံအသြင္အျပင္ကို ဆက္လက္လုပ္ေဆာင္ျခင္းမရွိေပ။ ယင္းအစား သူသည္ အျဖဴေရာင္ရွပ္အက်ႌ၊ ဂ်င္းေဘာင္းဘီျဖင့္ ႏုပ်ိဳေသာအသြင္သို႔ ျပန္သြားကာ သူ၏ျဖဴေဖြးေသာမ်က္ႏွာက ႏူးညံ့ကာ ပညာရွိဆန္ေနသည္။ ပထမအခ်ီမွာ သူသည္ သူ႔ပုံစံအတိုင္း ဂစ္တာတစ္လုံးကိုင္ထား၏။

"အသံအင္ဂ်င္နီယာက သီခ်င္းဖြင့္ဖို႔ မလိုပါဘူး၊ ေနာက္ဆုံးမိနစ္မွာ ကြၽန္ေတာ့္ရဲ႕တစ္ကိုယ္ေတာ္သီခ်င္းကို ေျပာင္းခ်င္တာနဲ႔ ႐ုတ္တရက္ ျဖစ္သြားတယ္၊ ဒီသီခ်င္းက မၾကာေသးခင္ကမွ ေရးထားတာျဖစ္ၿပီး ကြၽန္ေတာ္ရည္႐ြယ္ခ်င္တဲ့သူအပါအဝင္ ဘယ္သူမွ မၾကားရေသးပါဘူး၊ ေကာင္းလား မေကာင္းလားဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး"

"သူမရဲ႕ ေမြးေန႔ေရာက္ေတာ့မယ္၊ ဒါက သူမအတြက္ ေမြးေန႔လက္ေဆာင္ပါ" ရႈလိက သူ႔ကနဦးေအးစက္ေသာအမူအယာကေန ရွက္ၿပဳံးေလးၿပဳံးၿပီး ၾကည္လင္ႏူးညံ့ေနကာ "ဒီသီခ်င္းက ကြၽန္ေတာ့အစ္မႀကီး ဝမ္းလိကို ရည္စူးၿပီး 'အစ္မ'လို႔ ေခၚပါတယ္၊ ႀကိဳၿပီး သူမကို ေပ်ာ္႐ႊင္စရာ ေမြးေန႔ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္"

[???]

[ေမာင္ႏွမေတြ???]

[ေကာလဟလ စခဲ့တဲ့လူက ေသသြားေလာက္တယ္]

[စန္းလီနဲ႔ ေရွာင္လီတို႔က ဆရာႀကီးရႈရွီေမာက္ရဲ႕ သားသမီးအစစ္အမွန္ေတြ၊ ေမာင္ႏွမေတြပဲ၊ စန္းလီက မေဖာက္ျပန္ခဲ့ဘူး၊ စန္းလီနဲ႔ အလွေလးတို႔က သဘာဝအတိုင္းကို ေပါင္းစည္းရမွာ]

**********************

T/N. သတင္းေကာင္းေလးရွိပါတယ္ update က နားရက္မရွိေတာ့ပါဘူး ေန႔တိုင္း‌တင္ေပးပါမယ္
_________________________________

Continue Reading

You'll Also Like

372K 14.6K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
670 53 33
ေကာင္းကင္ဘံုမွ ႏွင္ထုတ္ခံရသော နတ္မိစၦာ၊ နိမိတ္ဆိုးႏွင့္ ေမးြဖြြားလာသော မိန္းကလေးတစ္ေယာက္၊ ပ်က္စီးေတာ့မည့္ တိုင္းျပည္ရဲ့ အိမ္ေရွ႕စံ...
292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...