တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

104K 9.1K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 12

1.7K 170 0
By Swae_Nyoe

12 01

အခန်း (၁၂)

အခုတလော ယန်ကျင်းမြို့တော်ကြီးမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတယ်။

လမ်းဘေးစားသောက်ဆိုင်တွေမှာ ဇာတ်လမ်းပုံပြင်ပြောသူ အရေအတွက်တောင် အနည်းငယ် တိုးလာသေးတယ်။ လူကြိုက်အများဆုံးကတော့ "ညအချိန် စွဲမက်ဖွယ် သီလရှင်တစ်ယောက်ဟာ ကျင့်ကြံနေရင်း အမြှီးကောက် မျောက်တစ်ကောင်က အထိတ်တလန့် ဖြစ်စေခဲ့ပြီး မမျှော်လင့်ပဲ ကြည်နူးစရာ မြင်ကွင်းဖြစ်သွားတယ်" ဆိုတာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မျိုးရိုးမြင့်တွေဟာ ဟယ်လင်ဘုရားကျောင်းမှာ အမွှေးတိုင်ဆက်ကပ်ကာ ပြန်လာခဲ့ကြပြီး သူတို့နဲ့ အတူ ထိတ်လန့်ဖွယ်သတင်းအချို့လည်းယူလာခဲ့တယ်။

ချင်ချန်းတောင်၊ ဟယ်လင်ဘုရားကျောင်းတွင် တာဝန်ခံထုန်မင်ရဲ့ အချစ်ဆုံး တပည့်ဝူကျင်းဟာ တကယ်တော့ တာဝန်မဲ့တဲ့ရဟန်းတစ်ပါး ဖြစ်တယ်။ သူက အိမ်ထောင်သည် အမျိုးသမီး အများစုကို ဖျက်စီးရမ်းကားခဲ့တဲ့အပြင် အနားက သီလရှင်ကျောင်းက သီလရှင်​ခေါင်းဆောင်ကိုတောင် အလွတ်မပေးခဲ့ဘူး။ ဟယ်လင်ကျောင်းတော်က လူသိများတဲ့ကျောင်း ဖြစ်တဲ့အညီ အရင်က မိန်းမငယ်လေးတွေ သခင်မကြီးတွေ လာရောက်ပြီး ဆုတောင်း အမွှေးတိုင်ပူဇော် ဆက်ကပ်ကြလေ့ရှိတယ်။

ဒီမကောင်းသတင်းကို ပျံ့သွားမှာ စိုးရိမ်တဲ့အတွက် ဆုတောင်းဖို့ သွားကြတဲ့ မိန်းမအများစုက တစ်လုံးတစ်ပါဒမှ မဟဖို့ကိုပဲ ရွေးချယ်ခဲ့ကြတယ်။ သူတို့က တခြားသူတွေရဲ့အမြင်မှာ တစ်နည်းနည်းနဲ့ ဒီကိစ္စထဲမှာ ပါဝင်ပက်သက်သွားပြီး သူတို့အ​ပြုအမူနဲ့ ​အကျင့်သိက္ခာ ပျက်စီးသွားမှာ ကြောက်တာကြောင့် ဖြစ်တယ်။ မကြာခင်မှာပဲ တစ်ယောက်ယောက်က ဒီပြဿနာကို ဧကရာဇ်ဆီ တင်ပြလိုက်ရာ အရှင်ဟုန်ရှောင်းသိသွားတော့ အလွန်အမင်း အမျက်ဒေါသ ထွက်သွားတော့တယ်။ သူက ဒီကိစ္စနဲ့ ဆက်စပ်တဲ့သူ အားလုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးစီရင်ခဲ့တဲ့အပြင် နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဟယ်လင်ကျောင်းတော်ကို ပိတ်ပစ်တဲ့အထိ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ လူအများစုက မတော်တဆ ချစ်သူနှစ်ယောက် ချိန်းတွေ့တာကို သူတို့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့ကြတယ်။ အမျိုးသမီးတွေက ဘာမှမပြောပေမဲ့ ယောက်ျားသားတွေကတော့ ကွက်ကွက်ကွင်းကွင်း စိတ်ဝင်တစားနဲ့ကို သီလရှင်မလေးကျင်းအန်က ဘယ်လောက်လှကြောင်းကို စိတ်ထက်သန်စွာ အချစ်ကိစ္စရပ်တစ်ခုလိုမျိုး အာပေါင်အာရင်းသန်သန် ပြောနေကြတော့တယ်။

ဘယ်လိုမဆို ဒီအချစ်ကိစ္စရပ်က ဧကရာဇ်ရဲ့အမျက်ကို ရခဲ့တာကလွဲပြီး မမျှော်လင့်ထားတဲ့ လူတစ်ယောက်ကလည်း ပါဝင်ပက်သက်နေခဲ့တယ်။ အဲ့ဒါကတော့ ကျိန်းသေပေါက် အကြီးအကဲ လက်ထောက် ကျန်းယွမ်ပိုင်ရဲ့ တရားဝင်သမီး ကျန်းလီပဲဖြစ်တယ်။

လွန်ခဲ့တဲ့ ၈နှစ်တုန်းက ဒုတိယကျန်းသခင်မလေးက သူ့ရဲ့ မိထွေးကို လှေကားပေါ်က တွန်းချပြီး ကိုယ်ဝန်ပျက်ကျစေခဲ့တယ်။ ဒါကြောင့် ကျန်းယွမ်ပိုင်က သူမရဲ့ လုပ်ရပ်အတွက် အပြစ်ပေးတဲ့အနေနဲ့ သူတို့ရဲ့မိသားစုဘုရားကျောင်းမှာ စာရိတ္တပြုပြင်ဖို့ ​စေလွှတ်လိုက်တယ်။ အဲ့အချိန်က စပြီး သူက လူတိုင်းရဲ့ အမြင်ကနေ ပျောက်ကွယ် သွားခဲ့တယ်။ ဒီကျော်မကောင်း ကြားမကောင်း ကိစ္စကြီးပေါ်သွားတော့လည်း ကျန်းသခင်မလေးက အံ့ဩဖွယ်ပဲ ကျင်းအန်မိန်းကလေးရဲ့ ကျောင်းမှာ ရှိနေခဲ့တယ်။ ဘယ်လောက်တောင် ဗိုလ်ကျခြယ်လှယ်ပြီး ဖျက်လိုဖျက်ဆီး ရှိလိုက်သလဲ။

သူ့ကို ဘုရားကျောင်းကို ပို့လိုက်တာကကောင်းပါတယ်။ သီလရှင်ဝတ်ဖို့ တကယ်ကြီး သူ့ဆံပင်သူ ဖြတ်ပစ်လိုက်ရတာလဲ ကောင်းတဲ့အရာ ဖြစ်နေတုန်းဘဲ။ ဒါပေမဲ့ ဒီလိုညှို့ယူဖမ်းစားတတ်တဲ့ သီလရှင်မျိုး လက်ထဲပို့လိုက်တဲ့ ကျန်းယွမ်ပိုင်ရဲ့လုပ်ရပ်​တွေက သိပ်တော့မရိုးသားဘူး။

ချန်သယ်အရာရှိ လျူယွမ်ဖုန်းရဲ့ဇနီးဟာ ဆုတောင်းဝတ်ပြုဖို့ ဟယ်လင်ဘုရားကျောင်းကို သွားခဲ့တယ်။ သီလရှင်ခေါင်းဆောင် ကျင်းအန်ရဲ့ကျောင်းမှာ ဒီကျန်းသခင်မလေးကို တွေခဲ့တာ ဖြစ်တယ်။

အဲ့တုန်းက အတော်လေး ညဥ့်နက်နေပေမဲ့ ယုတ်မာတဲ့ ဆရာလေးက ကိစ္စတွေကို ခက်ခဲအောင် လုပ်နေခဲ့တယ်။ သူမကို ပင်မခန်းမဆောင်ကြီးရဲ့ ခေါင်မိုးပေါက်နေတဲ့နေရာမှာ ဒူးထောက်ဖို့ ပြောခဲ့တယ်။ လျူယွမ်ဖုန်းရဲ့မှတ်တမ်းတွေက ကောင်းကောင်း အစီအစဉ်တကျ ရှိနေသေးတယ်။ ကျန်းယွမ်ပိုင်ရဲ့ အဆက်အသွယ်တွေက အတော်များများရှိပြီး သူက နက်နက်နဲနဲကို ခြေကုပ်ယူထားတယ်။ သူ့အပေါ် အမှားသွားလုပ်ဖို့ကတော့ သိပ်မကောင်းဘူး။ လျူယွမ်ဖုန်းရဲ့ မှတ်တမ်းတွေထဲမှာတော့ နည်းနည်းလေးတောင် ကျန်းယွမ်ပိုင်ရဲ့အပြစ်လို့ မပြောခဲ့ဘူး။ အမှန်တော့ အဲ့ဒါနဲ့ပြောင်းပြန် ကျန်းလီက အမှားတွေ လုပ်ခဲ့ရင်တောင် ငယ်သေးလို့ပါလို့ ဆိုခဲ့တယ်။ ထပ်ပေါင်းအနေနဲ့ ကလေးက မသင်ယူရသေးလို့၊ မိဘတစ်ယောက် အနေနဲ့ ဘယ်လိုလုပ် သူ့ရဲ့သမီးလေးကို အကျင့်စာရိတ္တ ယိုယွင်းပျက်စီးနေတဲ့ နေရာကို အပ်နှံစေနိုင်မှာလဲပေါ့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ယောက်ရဲ့ အကျင့်နဲ့အပြုအမူတွေကတော့ မေးခွန်းထုတ်စရာပဲ။ ကျန်းယွမ်ပိုင်ရဲ့ အနောက်ဘက်အိမ်တော်ရဲ့သခင်မ ကျီရှုးရန်ရဲ့ ပြုမူလုပ်ဆောင်ပုံတွေက အမေတစ်ယောက် အနေနဲ့ သိပ်ကို ပြင်းထန်လွန်းတယ်။ ကျီရှုးရန်ကို ကြည့်မယ်ဆို သူ့အဖေ ကျီယန်းလင်နဲ့ ကျီမိသားစုတွေနဲ့ အတူတူပဲ။ မှတ်တမ်းတွေက ရှင်းလင်းတယ်လို့ ထင်ရပေမဲ့ ကျန်းလီကို သီလရှင်ကျင်းအန်ဆီကို တမင်တကာ ကောင်းတဲ့ရည်ရွယ်ချက် မရှိဘဲ ပို့လိုက်တာက ကျီရှုးရန်ရဲ့ကိုယ်ရေးကိုယ်တာ အာဃာတတွေကြောင့် ဖြစ်ပြီး ကျင်းအန်ရဲ့လက်ကို သုံးကာ ကျန်းလီကို နှိပ်စက်ချင်လို့ဆိုတာကို တိုးတိုးတိတ်တိတ် ညွှန်ပြနေခဲ့တယ်။

အမှန်တော့ အစတုန်းက ဒီကိစ္စက အသေးအဖွဲသာ ဖြစ်တယ်။ ဒါပေမယ့်လည်း လက်ရှိ ဘုရင် ဧကရာဇ်ဟုန်ရှောင်းက ဧကရီမိဖုရားကြီးရဲ့ သားတော်အရင်း မဟုတ်ဘူး။ သူ့ရဲ့မယ်တော်က သူ့ကို မွေးပြီးပြီးချင်း ဆုံးသွားပြီး မိဖုရားကြီးကပဲပျိုးထောင်ပေးခဲ့တာဖြစ်တယ်။ တကယ်တော့ မိဖုရားကြီးမှာလည်း အိမ်ရှေ့စံသားတစ်ယောက်ရှိတော့ မိဖုရားကြီးက သူ့ကို မနှစ်မြို့ဘူး။ ငယ်ငယ်ထဲက သူဟာ အခက်အခဲ တော်တော်များများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ဧကရာဇ်ဟုန်ရှောင်းဟာ ဒုက္ခတွေ အားလုံးကို တိတ်တိတ်လေး သည်းခံခဲ့တယ်။ လက်ရှိနေရာကို မရောက်ခင်အထိ သူဟာ အာဏာရဖို့အတွက် တိုက်ခိုက်ခဲ့ရတယ်။

12 02

အဲ့ဒါကြောင့် ပိတ်သိမ်းထားတဲ့ လျူယွမ်ဖုန်းရဲ့ မှတ်တမ်းစာထဲက ဖြစ်ရပ်ဟာ သူ(ဧကရာဇ်)ကိုယ်တိုင် ခံစားခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်လည် အမှတ်ရစေခဲ့တယ်။ မွေးမိခင်ရဲ့ အစောကြီး သေဆုံးမှု၊ ရက်စက်တဲ့မိထွေး ကျီရှုးရန်ကို မုန်းတဲ့ခံစားချက်က သူ မိဖုရားကြီးနဲ့ ရှိခဲ့တုန်းကလိုပဲ။ အဲဒီတော့ သူနဲ့ ဖြစ်ရပ်ခြင်းတူတဲ့ ကျန်းသခင်မလေးအပေါ် သူ့စိတ်က ဘက်လိုက်နေမိတာကို မတတ်နိုင်တော့ဘူး။ သူက ကျန်းယွမ်ပိုင်ကို နန်းတွင်းစာကြည့်ခန်းထဲကို ဆင့်ခေါ်ပြီး အဲဒီအကြောင်းကို တခါတည်း ပြောခဲ့တယ်။

ကျန်းယွမ်ပိုင်က စာကြည့်ခန်းနဲ့ နန်းတော်ထဲက ထွက်လာပြီး သူ့အိမ်တော်ကို ပြန်ရောက်တော့ ပထမဆုံး ဦးစားပေး လုပ်ဆောင်တာက ကျန်းလီကို ချက်ချင်း ယန်ကျင်းကို ပြန်ခေါ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာပဲ။ ကျီရှုးရန်က ဒီသတင်းကြားပြီးပြီးချင်း အိမ်ထဲဝင်လာပြီး "သခင်ကြီး ဘာလို့ ရုတ်တရက်ကြီး သခင်မလေးနှစ်ကို ပြန်ခေါ်...."

*ဒုန်း*

ကျန်းယွမ်ပိုင်က သူ့လက်ထဲက မှတ်တမ်းစာလိပ်ကို ရုတ်တရက်ကြီး စားပွဲပေါ် ပစ်တင်လိုက်တော့ သူမက ချက်ချင်း ပါးစပ်ပိတ်လိုက်တယ်။ ကျန်းယွမ်ပိုင်က ဒီလိုဒေါသထွက်တာက မြင်ရခဲတာကြောင့် ဖြစ်တယ်။ ကျန်းယွမ်ပိုင်က သူ့ခေါင်းကို လှည့်လိုက်တယ်။

ပြောရမယ်ဆို သူက ကလေးအဖေတောင် ဖြစ်နေပြီ။ ဒီနှစ်အနည်းငယ်က ရှင်ဘုရင် လေးစားရတဲ့ ဆရာတစ်ယောက်၊ နန်းတွင်းရေးရာ အရာရှိလက်ထောက်အဖြစ် လုပ်ရင်း သေချာပေါက် ကုန်ဆုံးသွားခဲ့ပြီးပြီ။ သူက ငယ်ငယ်တုန်းကလို ချောမောပြီး မလွတ်လပ်တော့ပေမဲ့လည်း ဆွဲဆောင်မှုရှိ အရည်အချင်းရှိပြီး ရင့်ကျက်တဲ့ယောကျ်ားတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်တယ်။

ထပ်ပြောရရင် သူက အခုတခြားအရာရှိတွေနဲ့လည်း ဆက်ဆံရေးကောင်းပြီး ဘယ်ပြဿနာထဲမှ မြေစာပင် မဖြစ်တဲ့အတွက် သူက တည်ငြိမ်လာပြီး သူ့ကိုယ်သူ မာန်လျှော့ချလိုက်တာကြောင့် ကြင်နာပြီး ယဥ်ကျေးသိမ်မွေ့ လာခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အဲ့ကြင်နာတတ်တဲ့ပုံက လုံးဝ ပျောက်ကွယ်သွားပြီး ဝှက်ထားတဲ့ဒေါသတွေက နေရာယူသွားတယ်။

"ဒီနေ့ အရှင်က ငါ့ကို စာကြည့်ခန်းထဲကို ဆင့်ခေါ်တယ်။ ချန်သယ် အရာရှိ လျူယွမ်ဖုန်းက ငါ့ကို သူ့အစီရင်ခံစာထဲမှာ အတိအကျ ထည့်မဖော်ပြထားရင်တောင် ငါက ပါဝင်ပတ်သက် နေပြီးသားပဲ"

သူက ဆက်ပြောတယ်။

"လီအာ အိမ်ပြန်လာတာကို ကြိုဆိုဖို့က အရှင်ပြောချင်တဲ့ ရည်ရွယ်ချက်ပဲ"

"နောက်ပြီးတော့ လက်ရှိဘုရင်ရဲ့ မယ်တော်က မိဖုရားခေါင်ကြီးမှ မဟုတ်တာ" ကျန်းယွမ်ပိုင်က ခပ်တိုးတိုးမျှသာ ပြောလိုက်တယ်။ သူက ဧကရာဇ်ဟုန်ရှောင်းရဲ့ဆရာ ဖြစ်ပြီး ပလ္လင်ပေါ်တက်ဖို့ လမ်းညွှန်ပေးခဲ့တာကြောင့် ဧကရာဇ်ရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်းကြီး နားလည်တယ်။

ဒါကြောင့် ဒီကိစ္စက မတော်တဆ ရှင်ဘုရင်ရဲ့ နှလုံးသည်းညှာကို လှုပ်ခတ်မိသွားမှာကို စိုးရိမ်နေတယ်။ ကျန်းလီကို ပြန်သွားမခေါ်ဖို့ကတော့ စဥ်းစားစရာတောင် မလိုတော့ဘူး။ သူ့စိတ်ထဲမှာတော့ ဧကရာဇ်က ငယ်ငယ်ကလို မဟုတ်တော့ဘဲ နေရာတကာမှာ စုံစမ်းကာကိုယ်တိုင် ပါဝင်ပက်သက် လာတာကြာပြီလို့ တွေးနေမိတယ်။ အတောင်စုံကာ သန်မာလာတော့ အာဏာရဲ့ အရသာကို ပျော်ပျော်ကြီး ခံစားနေတော့တယ်။ မည်သို့ပင်ဖြစ်စေကာမူ သူကတော့ မလိုက်နာ၊ မနာခံတာတွေကို သည်းမခံနိုင် ဖြစ်လာတော့တယ်။ ရှင်ဘုရင်ကိုယ်တိုင်က ဒီကိစ္စအပေါ် ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားလာထဲက သူ(ဧကရာဇ်)က ဒါကို ဆောင်ရွက်စေချင်ခဲ့တယ်။ သူသာ မလိုက်နာခဲ့လို့ကတော့ ဘုရင့်စိတ်ထဲမှာ ဒါက တော်ဝင်အမိန့်ကို မနာခံတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်။

"ဒါ့အပြင် လီအာကလည်း ငါတို့ကျန်းမိသားစုရဲ့ သမီးအမှန်ပဲလေ"

သူက သက်ပြင်းချလိုက်ပြီး

"သူ့ကို အပြင်မှာ လျှောက်သွားနေစေတာကလည်း စိတ်ပူစရာပဲလေ"

သူက ကျီရှုးရန်ကို ကြည့်ပြီး တိတ်တိတ်လေး မေးလိုက်တယ်။

"ငါ့ကို အပြစ်မတင်ဘူးမလား"

ဒီအချိန်မှာတော့ သူက တည်ငြိမ်တဲ့ သွင်ပြင် ပြန်ဖြစ်သွားပြီး သူ့သူငယ်အိမ်တွေက လိပ်ပြာမလုံမှုတွေ ပြည့်နေတော့တယ်။

12 03

ကျီရှုးရန်က ပြုံးလိုက်ပြီး သူ့ကိုထွေးပိုက်ဖို့ အခွင့်အရေးကို လက်လွတ်မခံဘဲ ပြောလိုက်တယ်။ "သခင်ကြီး ဘာတွေ ပြောနေတာလဲ ကျွန်မကို အငြှိုးကြီးတဲ့မိန်းမလို့ ထင်နေတာလား။ ဒုတိယသခင်မလေးက ကျန်းမိသားစုနဲ့ သခင့်ရဲ့ သမီးအရင်းပဲလေ အဲဒီအချိန်တုန်းကလည်း သူက ငယ်သေးလို့ အမှားလုပ်ခဲ့မိတာပါ။ နှစ်တွေတောင် ဒီလောက် ကြာနေပြီကို ကျွန်မ စိတ်ထဲ မထားတော့ပါဘူး။ သခင်ကြီးက သူ့ကို ပြန်ခေါ်ချင်တယ် ဆိုရင်လည်း ကျွန်မ အထိန်းတော်တစ်ယောက်ကို တခြားအရာတွေ ပြင်ဆင်ဖို့အတွက် စီစဥ်ထားလိုက်ပါ့မယ်။ တစ်ယောက်ယောက်ကို ခေါ်ပြီး အခန်းတစ်ခန်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် တတ်နိုင်သမျှ အမြန်ဆုံး လုပ်လိုက်ပါ့မယ်"

"ငါ့ဇနီးက သိပ်ကို နားလည်ပေးတတ်တာပဲ ဒီကမ္ဘာပေါ်မှာ မင်းလို နောက်တစ်ယောက် ရှာလို့ရမှာတောင် မဟုတ်ဘူး" ကျန်းယွမ်ပိုင်က သူမကို ရင်ခွင်ထဲမှာ ဖက်ထားရင်း သက်ပြင်းချပြီး ပြောလိုက်တယ်။

"ဒါက ကျွန်မလုပ်ရမဲ့အရာတွေပါပဲ ကျွန်မက ဒီတိုင်း..." သူမအသံက ဂရုတစိုက် ဖြစ်သွားပြီး "သခင်မလေးနဲ့ ပိုပြီး အဆင်ပြေချင်ရုံပါပဲ" အဲ့စကားမှာ အမှန်တော့ ကြောက်ရွံ့မှု အချို့ တွဲပါနေခဲ့တယ်။

သူမစကားကြားပြီးနောက် ကျန်းယွမ်ပိုင်က ၆နှစ်အရွယ် ကျန်းလီရဲ့ လုပ်ရပ်ကို ပြန်သတိရသွားပြီး မျက်မှောင်ကြုံ့လိုက်တယ်။ သူက ကျီရှုးရန်ကို ကြည့်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်တယ်။

"သူမက အခု ကလေး မဟုတ်တော့ပါဘူး။ တကယ်လို့ သူမ ထပ်မိုက်ရိုင်းပြီး စော်ကားလာလို့ကတော့ သူ့ကို ပေါ့ပေါ့လေး အလွတ်ပေးလိုက်မှာ မဟုတ်ဘူး"

ကျန်းယွမ်ပိုင်က သူမကို အနည်းငယ် ထပ်နှစ်သိမ့်ပေးပြီးတော့ ကျန်းလီကို လူလွှတ်ပြန်ခေါ်ဖို့ စီစဥ်စရာတွေအတွက် ထွက်သွားတော့တယ်။ သူ ထွက်သွားပြီးတာနဲ့ ကျန်းယို့ရောင်က အစေခံလေးနဲ့အတူ အပြေးအလွှား ရောက်လာပြီး ပြောတယ်။

"အမေ သိပြီးပြီလား ကျန်းလီကလေ သူ..."

"ယို့ရောင်!" သူမစကား မဆုံးခင်ဘဲ ဖြတ်တားလိုက်ပြီး တံခါးတွေ ပြူတင်းပေါက်တွေ အကုန် ပိတ်ခိုင်းလိုက်တယ်။ ပြီးတာနဲ့ သူမကို အပြစ်တင်ဆုံးမတော့တယ်။

"ဘယ်လိုဖြစ်လို့ ဒီလောက် စိတ်မြန်လက်မြန်နဲ့ ရိုင်းရတာလဲ"

ယို့ရောင်ကမကျေနပ်ချက်နဲ့အတူပါးစပ်ဟလိုက်ပြီး "အမေ ဒါက သမီးရိုင်းတာ မဟုတ်ဘူး။ အဖေက အစ်မကျန်းလီကို ပြန်ခေါ်ချင်နေတယ်ဆိုပြီး ကြားလိုက်လို့ ဘာတွေဖြစ်နေတာလဲ အတော်လေး အဆင်ပြေနေတာ ကြာပြီကို ရုတ်တရက်ကြီး ဘာလို့အခုမှ ပြန်ခေါ်ဖို့ သတိရသွားတာလဲ"

ကျီရှုးရန်က မျက်မှောင်ကြုံ့ရင်း.. "ယို့ရောင် သူ့ကို အာရုံမထားဖို့ ငါဘယ်နှစ်ခါပြောရမလဲ သူက ဒီတိုင်း အနှေးနဲ့အမြန် နင်းခြေခံရမဲ့ ပေါင်းပင်သာသာဘဲ။ သမီးကသာ ကျန်းမိသားစုရဲ့ ဂုဏ်ယူစရာ အသိအမှတ်ပြုထိုက်တဲ့ တရားဝင်သမီးပဲ။ ဘာလို့ သူ့ကို အာရုံထားပြီး ပူပန်နေစရာလိုလဲ"

ယို့ရောင်က စိတ်မလျှော့နိုင်သေးဘဲ ထပ်ပြောချင်နေတယ်။ "ဒါပေမဲ့..."

"သူ တကယ်ပြန်လာတယ်ဆိုတော့ရော ဘာအရေးလဲ အခုချိန် ဒီအိမ်တော်မှာ အားလုံးကို ထိန်းချုပ်ထားတဲ့သူက နင့်အမေ ငါပဲ။ သူ ပြန်လာတာနဲ့ပဲ အမြတ်တစ်ခုခု ရသွားမှာမို့လို့လား... ဒီတစ်ကြိမ်တော့ သူက ဒီတိုင်း ကံကောင်းသွားတာအပြင် ဘာမှမပိုဘူး"

"အမေ သူ့ကို ပြန်ပို့လိုက်လို့ မရဘူးလား"

ယို့ရောင်က စိတ်တိုတိုနဲ့ မေးတယ်။ ကျီရှုးရန်က ခေါင်းခါလိုက်တယ်။ ဒါကို လုပ်ချင်တာက ကျန်းယွမ်ပိုင်အစား တခြားတစ်ယောက်သာဆိုရင် သူအသာလေး လှည့်ကွက်တစ်ခုလောက် ကစားလိုက်လို့ရတယ်။

ကျန်းလီ မြို့တော်ကို ပြန်လာတဲ့လမ်းမှာ လူတချို့လွှတ် လုပ်ကြံခိုင်းလိုက်ပြီး သူမက ကံဆိုးသွားခဲ့တာလို့ ပြောလိုက်ရုံပဲ။ ဒါပေမဲ့ ပြည့်ရှင်ကိုယ်တိုင်က ဒါကို အရေးလုပ်တာကတော့ စိတ်မကောင်းစရာပဲ။ လမ်းမှာ မတော်တဆ တစ်ခုခု ဖြစ်သွားလို့ကတော့ ကျန်းမိသားစုတစ်ခုလုံး နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်။

ကျန်းလီကို ဘာမတော်တဆမှ အဖြစ်ခံလို့ မရဘဲ ဂရုတစိုက် ကိုယ်ရံတော်တွေ လိုက်ပါစောင့်ရှောက်တဲ့ ပုံစံနဲ့ ဧကရာဇ်ထံ ပြန်လည် ပို့ဆောင်ရမှာက လူအများကို အတော်မပျော်မရွှင် ဖြစ်စေတယ်။

"ဒုက္ခပေးလို့မရဘူး" ကျီရှုးရန်က အေးစက်စက် ပြောတယ်။

"၇နှစ်လောက်နေခဲ့ရုံနဲ့ သူ့ကိုယ်သူ အရမ်းတော်ပြီး တခြားလူတွေထက် သာလွန်တယ်လို့ ထင်နေတာ။ သူပြန်လာတာလည်း ကောင်းတာပဲ.. သူတစ်ကြိမ် ပြန်လာတိုင်း ငါက သူ့ကို လက်လျှော့သွားအောင်လုပ်ဖို့ နည်းတွေကို လွယ်လွယ်ကူကူ ရှာလိုက်မှာပေါ့။ အဲ့တော့မှပဲ သူ မြို့တော်ကို ပြန်လာတာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ခံစားသွားရမှာ"

Telegram အပိုင်း ၄၃အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

224K 21.6K 146
ဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာ...
168K 28.4K 55
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen...
20K 1.8K 28
ယုမန်မန်သည် ဥက္ကဌရဲ့ ထွက်ပြေးသွားသောသတို့သမီးဝတ္ထုထဲက " ဘန်းကိတ် ၊ မီးဖိုထဲက ဘန်းကိတ် " အဖြစ်သို့ ကူးပြောင်းလာခဲ့တယ်။ သူ့(မ)အမေက သန်မာပြီး သိမ်...
284K 38.6K 103
»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest