CHANDLER { Ongoing }

By Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

part 6 U

5.2K 237 6
By Xylo_19

ဖေဖော်ဝါရီလ 17 ရက်

ဒီနေ့ကား ချန်ဒလာနှင့်သူ လက်ထပ်ရမည့်နေ့ပင် ။
ဗြုန်းစားကြီး ချက်ချင်းလက်ထပ်မည်ဆိုကာပြောလာသူကြောင့် သူ့မှာအလန့်တကြားဖြစ်ခဲ့ရသေး၏ ။
သူတစ်ပါး၏ စိတ်ဆန္ဒကိုမမေး သူထင်ရာသာဇွတ်လုပ်တတ်သေး၏ ။ အရာရာဟာသူ့စိတ်တိုင်းကျဆိုတာ သူလုပ်ချင်လာခဲ့ရင် ဘယ်ကြီးဖြစ်နေပါစေ တားလို့ရနိုင်မည်မဟုတ်ဘူးဆိုတာ ယိမ်းယိုင်ကောင်းကောင်းကြီးသိသည် ။ သူ့မှာလွန်ဆန်ခွင့်မရှိသလို ငြင်းပိုင်ခွင့်လည်းမရှိ ။

မနက်ကိုးနာရီကတည်းကစမည့်ပွဲသည် ခုချိန်ထိ သတို့သားတစ်ယောက်သည်ပေါ်မလာသေး ။
ဖိတ်ခေါ်သူများများစားစားလည်းမရှိလှ။ အကောင်ကြီးကြီးပတ်ဝန်းကျင်မှ လူသုံးယောက်လေးယောက်ကာ လာကာ အကိုဖြစ်သူ မျိုးပင်မှိုင်းလည်း ရောက်ရှိနေ၏ ။ အချိန်နာရီတွေတစ်ရွေ့ရွေ့
ကုန်လာသည်နှင့်အမျှ ချန်ဒလာဟာ ရောက်မလာသေး‌သလို တစ်စုံတစ်ယောက်မှလည်းသူ့ကိုလာခေါ်ခြင်းမရှိသေး ။ အဘစံကတော့ ခနစောင့်ဖို့သာ အတန်တန်ပြောနေ၏ ။

' တမင်တကာ လုပ်နေတာပဲ။ ကောင်းတယ်အချိန်လွန်လို့ မင်္ဂလာမဆောင်လိုက်ရလည်းသူ့အတွက်မနစ်နာဘူးလေ ။ '

ယိမ်းယိုင်လည်း စာချုပ်တစ်ခုမှာ လက်မှတ်ထိုးလိုက်ရုံပဲမို့ များများစားစား တွေးမနေ ။ သူ့အတွက်တော့ ဒီလိုကောင်နဲ့ ယူရမယ့်အစား ခွေးမြီးသာဖြတ်ယူလိုက်ချင်မိ၏ ။ အချိန်အတိုင်းအတာတစ်ခုရောက်ရင်ယောကျာ်းလေးနှစ်ယောက်ဖြစ်မည့် သူတို့နှစ်ယောက်စလုံး ကိုယ့်လမ်းကိုယ်သာ လျှောက်ရမည်သာ ။

ဒေါက် ! ဒေါက် !

"" ညီငယ် ! ""

"" ကိုကြီး ""

"" ငါ့ညီငယ်လေးက ဘယ်ချိန်ကြည့်ကြည့်ချောနေတော့တာပဲ ။ ""

"" နေပါ ။ မမြှောက်စမ်းပါနဲ့ ။ ""

"" ဟုတ်ပါပြီကွာ မြှောက်ပင့်လို့ကိုမရဘူး။
အင်းပေါ့လေ ပြိုင်စံရှားသူဌေးကြီးရဲ့
ယောကျာ်းဖြစ်တော့မယ်ဆိုတော့လည်း
အညတည လူသားတွေကိုမေ့ပြီပေါ့ ။
အင်းပါ အင်းပါ။ ""

ယိမ်းယိုင်ဘေးနားမှာ မတ်တပ်ရပ်နေသူကားမှန်ထဲကနေ မျက်ဖြူလှန်ပြကာ တစ်ချက်စိုက်ကြည့်ပေးလိုက်၏ ။ ထိုအခါမှသာ ..

"" ဟားဟား ဟုတ်ပါပြီကွာ မစတော့ပါဘူး။
ဒါဆိုလည်း အောက်ဆင်းရအောင် ။ ""

"" ဟိုကောင်က ရောက်နေပြီမို့လို့လား ။ ""

နာမည်တပ်မပြောတောင် ဘယ်သူ့ပြောမှန်း
မျိုးပင်မှိုင်းအတပ်သိ၏ ။

"" သူက‌အကို့ကို ခေါ်ခိုင်းလိုက်တာ ။ ""

ဟက်! သူကဒီလိုပေါ့လေ ။ တစ်မျိုး‌‌ကောင်းတာ
ပေါ့ သူလာမခေါ်တော့လည်း သူ့မျက်နှာ စောစောစီးစီးမမြင်ရဘူးပေါ့ ။

"" သူလာခေါ်တော့ နူနေမှာဆိုးလို့လား ""

"" သူနူမနူ မင်းတို့ချင်းညမှကြည့် !! ""

"" အစ်ကို !! ""

မျိုးပင်မှိုင်း ခေါင်းတစ်ချက်ခါလိုက်၏ ။ တစ်ယောက်ကလည်း အပေါ်ထပ်မတတ်နိုင်ဘူး ညောင်းတယ်ဟူ၍ ပေကပ်နေ၏ ။ ဟောနောက်တစ်ယောက်ကလည်း လာမခေါ်ရကောင်းမလားဆိုပြီး ရစ်နေပြန်၏ ။ ' နှစ်ယောက်သားက တယ်လည်းလိုက်ပါတယ် '။

••••••

အောက်ထပ်သို့ရောက်သည့်အခါ အကုန်လုံးရဲ့ မျက်လုံးများဟာသူ့အပေါ်ဒိုင်းခနဲ ။ ထိုအကြည့်များကိုသူမကြိုက် ချန်ဒလာလိုလူမျိုး၏ အိမ်ထောင်ဖက်ကို စပ်စုနေကြသည့်ပုံမျိုး ။ တစ်ချို့မျက်ဝန်းတွေ၌ မကျေနပ်မှု မနာလိုမှု အလိုမကျမှု စသည့် အကြည့်များဖြင့်ပြည့်နှက်နေသည်။ ယိမ်းယိုင် လူကဲခတ်မညံ့ ခုဧည့်ခန်းထဲတွင် သူ့ကိုနှစ်သက်သည့်လူသည်လက်ငါးချောင်းထောင်လို့ လက်သုံးချောင်းတောင်မပြည့် ။

"" သား ဒီကိုလာ !! ""

အဘစံက ချန်ဒလာနှင့် တစ်ခုံထဲ၌ နေရာချပေး၏ ။

"" ဟိုဘက်တိုး !! ""

ထိုင်လိုက်သည်နှင့် သူ့ဘက်ကိုသိသိသာသာတိုးကပ်လာသူ ...

"" မင်းဘာဖြစ်နေတာလည်း မင်းဘက်မှာနေရာကျယ်ကြီးလေ ။ မင်းမကျေနပ်ရင် မျက်နှာချင်းဆိုင်သွားထိုင် ။ ""

"" ကျုပ်ကိုပြန်မပြောနဲ့ ။ ကျုပ်က ဖြဲကားထိုင်ချင်တာ ။ဒီနေရာကျုပ်အရင်ရောက်နေတာ ကျုပ်ခုံ ။ ခင်ဗျားကနောက်မှလည်းလာသေး မကျေနပ်ရှေ့မှာ ခင်ဗျားဘာသာထိုင်လေ ။ ""

ယိမ်းယိုင်ဘေးရှိလူကို မျက်နှာတစ်ခုလုံး ကုတ်ခြစ်ချင်လိုက်မိ၏ ။ သို့သော်လည်းလက်တွေ့မှာတော့ လူကြီးတွေပါ ရှိနေသည့်အတွက် မျက်နှာမပျက်ချင်လို လုပ်ပြုံးကြီးပြုံးပြကာ ဘေးသို့သာ ခပ်နည်းနည်းထပ်တိုးပေးလိုက်၏ ။

အကုန်လုံးရဲ့ ရှေ့တည့်တည့်မှာ လူကြီးဖြစ်ဟန်တူသည့်လူကလည်း ချန်ဒလာနှင့် ယိမ်းယိုင်ကို တစ်လှည့်စီကြည့်နေ၏ ။ ပြီးကြပြီလားပေါ့..

ချန်ဒလာလည်း ထိုအရာကို သတိပြုမိသည့်အလား
ထိုလူကြီးကို တစ်ချက်မျှမော့ကြည့်လိုက်ကာ ..

"" ပြောပြော !! တိုရှင်းလိုရှင်း မြန်မြန်သာပြော ""

ချန်ဒလာ၏ စကားရမှသာ ထိုလူကြီးဟာလည်း
အမိန့်ဩဝါဒတို့ကို ‌အစွမ်းကုန်သိသ လောက်ဟောပြောနေတော့၏ ။အချိန်အားဖြင့်တစ်ဖြေးဖြေးကုန်ဆုံးလာတာနှင့်အမျှ ရှေ့ရှိလူကလည်း မင်္ဂလာစကားကို အားတတ်သရော်ပြောနေတာ၁၅ မိနစ်ကိုပင်ကျော်လွန်လာပြီဖြစ်သည် ။

ချန်ဒလာနားတစ်ဖက်ကိုလက်ညှိုးနှင့်ထိုးကော်ခပ်ပြင်းပြင်းတောက်စ်တစ်ချက်ခေါက်လိုက်၏။

တောက် !!

မင်္ဂလာစကားပြောနေသည့်လူ၏ အသံကိုပင် ဖုံးအုပ်ကာ တောက်ခေါက်သံဟာ ခပ်ပြင်းပြင်း ..

"" သခင်ငယ်လေး !! ""

အဘစံမှာ နာမည်ပဲခေါ်ကာဟန့်နိုင်၏ ။ ဘာမှထပ်မပြောနိုင်ဘာလို့ဆို့သူ့ကိုကြည့်လာသည့် ချန်ဒလာ၏အကြည့်စူးစူးကား ဒိုင်းခနဲ ..

"" ကျုပ်အိမ်ပေါ်တတ်ပြီး ခင်ဗျားကကျုပ်စကားကို အဖတ်မလုပ်တာလား ။ ကျုပ်က လိုရှင်းတိုရှင်းပြောဆို ပြောလိုက်လေ !! ခင်ဗျားတို့လူကြီးတွေတကယ်ကို အရစ်ရှည်တယ် ""

ကြားထဲမှ နားထောင်နေရသည့် ယိမ်းယိုင်တောင်မနေသာတော့ ။ လူကြီးသူမကို ဒီလိုပြောတတ်ဖို့ပင် သင်ထားသလား စိတ်ပျက်ဖို့ကောင်းလှ၏ ။

"" ချန်ဒလာ မင်းတော်စမ်း !! ဒါမင်း လူကြီးသူမကို ပြောရမယ့်စကားလား ""

"" စာချုပ်တစ်ခုပေါ်မှာ လက်မှတ်တစ်ခုထိုးရုံပဲကို
ဒါတွေကရေးကြီးခွင်ကျယ် ဘာလုပ်ရမှာလည်း !! ""

"" အေး ဒါဆိုလည်း မင်းလူကြီးသူမကို ဒီလိုပြောရမယ်လို့ မင်းအဖေတွေ မင်းကိုသင်ထားသလား ""

မျိုးပင်မှိုင်းအပါအဝင် ကျန်တဲ့လူတွေပါ ဖင်တစ်ကြွကြွဖြစ်ကုန်၏ ။ မျိုးပင်မှိုင်းဆို ဘယ်သူ့ဘက်ကပါပြီး ဘယ်သူ့ကိုတားရမလည်းတောင်မသိတော့ ။
လူနည်းစု ဖြစ်လို့သာ‌ တော်သေး၏ ။ ဧည့်ခန်းတစ်ခုလုံးမှာမှ ဧည့်သည်ဟူ၍ ငါးယောက်သာရှိနေသောကြောင့်ဖြစ်သည် ။မင်္ဂလာယူနေပါသည်ဆို အမင်္ဂလာကိုပါနောက်ကနေတစ်ဆက်ထဲခေါ်လာနေကြသည် ။

ယိမ်းယိုင်၏ စကားကြောင့် ချန်ဒလာ၏ မျက်နှာဟာ ‌တစ်ဟုန်ချင်းပြောင်းလဲသွား၏ ။မျက်ဝန်းနီတွေဟာလည်း ရှိရင်းစွဲအနီတွေထက် ပိုနီရဲလာသည်။ထို့နောက်အံကြိတ်သံကြီးဖြင့် ယိမ်းယိုင်ကိုလက်ညှိုးထိုးကာ...

"" ကျုပ်အဖေတွေကို မထိနဲ့!! ""

ယိမ်းယိုင်ရဲ့အကြည့်တွေဟာလည်း နည်းနည်းလေးမှ အောက်ကျမခံ ။

"" ရပါတယ် ဦးလေးတို့လည်း ပြန်တော့မယ် ။
မပြန်ခင် လက်စွပ်လေးတွေတော့ စွပ်လိုက်ကြပါ ။
ဒါကနှစ်ယောက်ကြားက မေတ္တာကိုချည်နှောင်ထားတာဆိုတော့ စွပ်လိုက်ကြနော်။ ""

ခုချိန်ထိ ကောင်လေးနှစ်ယောက်၏ အကြည့်တို့ကား စစ်ခင်းလျှက်။

အဘစံ စားပွဲ‌ခုံပေါ်တင်ထားသည့် လင်ဗန်းထဲမှ လက်စွပ်ဘူးလေးကိုယူကာ ကလေးနှစ်ယောက်နားထိုးပြလိုက်၏ ။

ထိုအခါမှ ချန်ဒလာဟာ လက်စွပ်နှစ်ကွင်းကြမှ
အနည်းငယ်မျှ သေးသည် ထင်ရသည့် လက်စွပ်‌ကိုယူလိုက်၏ ။ ထို့နောက်ယိမ်းယိုင်၏
လက်ကိုလည်း အားပါပါ
လှမ်းယူကိုင်ကာ ယိမ်းယိုင်၏ လက်သွယ်သွယ်လေး‌ဖြစ်သည့် လက်သူကြွယ်၌
နေရာချပေးလိုက်သည် ။

"" လုပ် !! မြန်မြန်စွပ်ပေး ကျုပ်နားချင်ပြီ ""

ယိမ်းယိုင် မျက်စောင်းတစ်‌ချက်လှမ်းထိုးလိုက်၏ ။ထို့နောက်လက်စွပ်ကိုလှမ်းယူကာ ပါးစပ်မှလည်း
ပွစိပွစိနှင့်တစ်တွတ်တွတ်ပြောနေပြန်သည် ။

"" ကျုပ်ကို မဆဲနဲ့ ။ ကျုပ်က ခင်ဗျားနှုတ်ခမ်း
လှုပ်ရုံနဲ့ ခန့်မှန်းတတ်တယ် ""

သေချာသည် ယိမ်းယိုင်ဆဲနေသည်မှာ သူ့ရဲ့လက်သုံးစကားတစ်ခုလို ဖြစ်နေသည့်
‌' သူတောင်းစား 'ဟူ၍သာ ။

လက်စွပ်ဝတ်ပေးပြီးသည်နှင့် မင်္ဂလာစကားပြောသူလူကြီးဆီမှလည်း ပျော်ရွှင်စွာ စကားသံထွက်ပေါ်လာ၏ ။ နောက်ဆုံးတော့ သူဒီအိမ်ထဲက ထွက်ရတော့မည်ပင် ။

"" ကဲ ဒါဆိုရင်ဖြင့် သခင်ငယ်လေးချန်ဒလာဟေဒန်နှင့် အစ်ကိုလေး ယိမ်းယိုင်မှိုင်းတို့၏ မင်္ဂလာပွဲဟာ အထမြေက်သွားပြီဖြစ်‌ကြောင်း ဂုဏ်ယူဝမ်း‌မြောက်စွာ ကြေညာလိုက်ရပါတယ်ခင်ဗျာ ""

လူကြီးရဲ့ဝမ်းမြောက်စွာပြောကြားနေသည့်အသံဆုံးသည်နှင့်ချန်ဒလာဟာလည်းမျက်မှောင်တွေကြုတ်လာကာ ...

"" ကျုပ်က သခင်ကြီး ။ ဒီအိမ်ရဲ့ သခင်ကြီး ""

ပြောပြီးကာနောက်သို့လှည့်မကြည့်
အိမ်ပေါ်သို့ ချန်ဒလာ ခပ်မြန်မြန်တတ်သွား
လိုက်သည် ။

အကုန်လုံးချန်ဒလာဘာပြောလို့ပြောမှန်းမသိ။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
ပြူးကြောင်ကြောင်ဖြစ်နေသည့်အချိန် အဘစံဟာ တစ်ခုခုကိုသတိရသွားသည့်နှယ့် ခပ်ပါးပါးလေးပြုံးလိုက်၏ ။ ' ဒီကောင်လေးသူ့ကိုသခင်ငယ်လေးဟုခေါ်လို့ ဖြစ်သွားတာပဲ ' ။

"" အဟင်း !! ""

•~•~•~•~•~•~•~•~•~•~

ယိမ်းယိုင် အခန်းထဲသို့ရောက်သည်နှင့် ‌လက်ကကိုင်ဆောင်ထားသည့် ဖုန်းလေးဟာ တစ်တီတီနှင့်မည်လာတော့၏ ။ ဖုန်းခေါ်ဆိုသူကို ကြည့်ကာ ရှေ့ဘက်ရှိ
ဝရံတာဘက်သို့ထွက်လာခဲ့တော့၏ ။ အိပ်ခန်းတစ်ခန်းဆိုပေမယ့် ယိမ်းယိုင်အရင်နေခဲ့သည့် အိမ်၏ ဧည့်ခန်းတစ်ခန်းမျှ ကြီးမားလှ၏ ။ ကုတင်၏ ခန်းဆီးလိုက်ကာ အနီရောင်ကို သုံးထားကာ ရှေ့တည့်တည့်ရှိ ဗီရိုကြီးဟာဆိုရင်ဖြင့် ဖြူစွတ်စွတ် အနီရောင်လှိုင်းတို့ဟာ အနည်းငယ်မျှရောယှက်နေ၏ ။
ခြေရင်း ဘေးဘက်နား၌လည်း ဆိုဖာရှည်ကြီးတစ်လုံးချထာကာ ဆိုဖာ၏ ရှေ့တည့်တည့်၌လည်း တီဗွီတစ်လုံးကို တပ်ဆင်ထားသည် ။ အပေါ်က မီးဆိုင်းကြီးဟာလည်းရွှေရောင်တွေ တစ်လက်လက်ဖြင့်တောက်ပနေကာ 360° လှည့်ပတ်နေသေး၏ ။

ဝရန်တာဘက်သို့ထွက်ဖို့ မှန်ပြင်တံခါးစကို တွန်းဖွင့်လိုက်သည်နှင့် အဖြူရောင်လိုက်ကာစတို့ဟာ
ယိမ်းယိုင်၏ မျက်နှာကိုပါတိုက်ခိုက်ကာ အိမ်ထဲသို့သာ တစ်ရွေ့ရွေ့ဝင်လာတော့၏ ။

"" ဟယ်လို !! ""

"" ယိမ်းယိုင် မင်းဘာလုပ်မှာလည်း ""

"" ဘာကိုလည်း !! ""

"" အေး မင်းရဲ့ ကျောက်မျက်ရတနာ
ဒီဇိုင်းက တစ်ဖက်ကုမ္ပဏီကဟာကို
ခိုးယူထားတာပါတဲ့ သူတို့မှာ သက်သေ အခိုင်အလုံရှိနေတယ် ။ ငါ့ဘက်ကလည်း ဘယ်လိုရှင်းရှင်းမရတော့ဘူး ။ ""

ယိမ်းယိုင် တန်းဘောင်ကို ကိုင်ထားသည့်လက်တို့ကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်မိ၏ ။ ထို့အတူ
အောက်နှုတ်ခမ်းကိုလည်း တစ်ချက်ဖိကိုက်လိုက်မိ၏ ။

သူတမင်တကာ လုပ်ကြံခံရတာပင် ။ သူနေ့ရော‌ညပါ ဒီ,ဒီဇိုင်းအပေါ် စိတ်နှစ်ပြီး ဆွဲခဲ့တာ သူသာလျှင်အသိဆုံး ။ သူသေသေချာချာ အဖွဲ့ခေါင်းဆောင်လက်ထဲ အပ်ခဲ့တာပင် ။ ပေါက်ကြားစရာလည်း အကြောင်းမရှိ ။

"" မင်းရုံးကို ခနလာခဲ့အုန်းကွာ။ ငါဒီမှာ
ခေါင်းမီးအရမ်းတောက်နေပြီ ။
မနက်ဖြန်ရှယ်ယာရှင် အစည်းအဝေး ရှိတယ် ။
မင်းလာဖြစ်အောင်လာခဲ့ ။ ""

"" ကျွန်တော် သေချာပေါက် လာခဲ့မယ် !! ""

ဂျောက် !

ရေချိုးခန်းထဲမှ တစ်ဘက်တစ်ထည်ကို ချက်အောက်နားထိပတ်လျှက် အိပ်ခန်းထဲဝင်လာသူကြောင့်
ယိမ်းယိုင်မှာလည်း အယောင်ယောင်အမှားမှား ဖုန်းကိုအမြန်ချလိုက်မိ၏ ။

"" ဟက် ! ကျုပ်မသိအောင် ဘယ်လင်ငယ်နဲ့များပြောနေလို့လည်း ။ ""

"" မင်းငါ့ကိုမစော်ကားနဲ့။ ""

"" နေပါအုန်း စောပါသေးတယ် ။
ကျုပ်က ခင်ဗျားကို ခနနေမှ စော်ကားမလို့ ။
ဘာလည်း ခင်ဗျားက မအောင့်နိုင်တော့ဘူးလား ။ ""

‌စကားသံဆုံးသည်နှင့် ချန်ဒလာတို့၏ အကြည့်တို့ဟာ သူ့အောက်ပိုင်းသို့ ကြည့်လာ၏ ။ သူပါ ယောင်ပြီး
‌ကိုယ့်အောက်ကို ပြန်ကြည့်လိုက်မိ၏ ။

"" ဟက် !! ခင်ဗျား‌မြွေဆိုဒ်လေး သေးသေးလေး ။
မြွေမြီး‌ရင်းလောက်တောင် မရှိဘူးထင်တယ် ။ ""

"" မင်း ... !! ငါဟာငါ ဘယ်ဆိုဒ်‌ဖြစ်ဖြစ် မင်းအရေးလား ။ ""

"" အင်းဟုတ်တယ် ကျုပ်အရေး ။
အဲ့တော့ ကျုပ်ကိုင်ကြည့်ချင်တယ် ။ ""

"" မဆီမဆိုင်တွေ !! ""

"" ခင်ဗျားဟာပေးကိုင်သလို ကျုပ်ဟာလည်း
ပြန်ပေးကိုင်မယ် ။ အင်းး သေချာတာကတော့ ခင်ဗျားလက်တောင်ဆံ့ပါ့မလား ၁၀လက်မ
အရှည် ၆လက်မပတ်ချာလည်ဆိုတော့ !! ။ ""

ထိုအပြောကြောင့်ပင် ယိမ်းယိုင် ,ချန်ဒလာ၏ အောက်ပိုင်းတစ်နေရာသို့ အကြည့်ရောက်ကာ တံတွေးတစ်ချက်မြိုချလိုက်မိ၏ ။ ထို့နောက်
ချန်ဒလာ၏ အကြည့်စူးစူးတို့ကို တစ်ဖန်ပြန်ကြည့်ကာ ...

"" မင်းတော်စမ်း ။ ရှေ့လျှောက်မင်းကိုထိနေရမယ့်
ငါ့ကိုယ်ငါတောင်မသတီသလို ဖြစ်လာပြီ ။ ဖြစ်နိုင်ရင် မင်းနဲ့ အိပ်‌နေရမယ့်အစား တစ်ခြားကောင်နဲ့ပဲ တစ်ညလောက်သွားနေပလိုက်ချင်တယ် !! ""

"" .... ""

ချန်ဒလာ သူ့နား ခြေလှမ်းကြဲကြီးတွေနဲ့ ခပ်မြန်မြန်လှမ်းလာခဲ့၏။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ချီမကာ ‌ဘေးနားရှိ စားပွဲပေါ်သို့ကောက်တင်လိုက်သည်။ သူကိုယ်တိုင်ကတော့ ယ်ိမ်းယိုင်၏ ပေါင်ကြားတွေကြားနေရာယူလာ၏ ။

"" ခင်ဗျား ဟုတ်တာလည်း မဟုတ်ပဲ အရမ်းစွာနေတာပဲ !! ""

ခုမှ ချန်ဒလာ၏ မျက်နှာကို အသေးစိတ်မြင်ရ၏ ။ ကပြားဖြစ်သည့်အလျှောက် ချန်ဒလာ၏ ရုပ်ရည်သည် နိုင်ငံခြားရုပ်ဘက်သွားကာ မေးရိုးတွေဟာလည်း ထင်းကားနေ၏ ။ မျက်လုံးအောက်က မှည့်နက်ကလေးဟာလည်း ခုမှ ထင်ထင်ရှားရှား ။ အရမ်းနီးကပ်လွန်းသောကြောင့် ချန်ဒလာ၏ မျက်တောင်
‌မွှေး‌လေးကအစ တစ်ချောင်းချင်ပင်ရေတွက်နိုင်၏ ။
မျက်ရစ်မရှိသောကြောင့် မျက်မှောင်တို့ဟာလည်း အမြဲကျုံ့ထားသလို ဖြစ်နေတတ်‌ သေးသည်။ အရယ်အပြုံးမရှိသည့်မျက်နှာဟာလည်း တကယ်ကို အပြစ်ပြောစရာ မရှိသောကြောင့် ယိမ်းယိုင်မနာလိုတောင်ဖြစ်လာမိ၏ ။ ထို့နောက်စိုက်ကြည့်နေရင်းမှ ရုတ်တရက်ဆန်စွာပါပဲ ...

ပြွတ် !

"" မင်း မနမ်းနဲ့ ။ ဖယ်စမ်း ""

လက်တွေနဲ့ တွန်းဖယ်ကာ အတင်းရုန်းကန်လာသူ၏ လက်တွေကို ချန်ဒလာ လက်တစ်ဖက်ထဲဖြင့် ချုပ်ကိုင်လိုက်၏ ။

ပြွတ် !!

နှုတ်ခမ်းတစ်ခုလုံးကို အပေါ်တစ်လှည့် အောက်တစ်လှည့် တစ်လှည့်စီစုတ်ယူနေတော့၏ ။ ခန္ဓာကိုယ်ကို ပိုမိုအားထည့်ကာ ရုန်းတော့လည်းမရ ချုပ်ကိုင်ထားသည့်လက်တို့ကား ပိုမို အားပြင်းလာသည်သာ အဖက်တင်၏ ။ ချန်ဒလာ၏ သွေးကြောတွေထနေသည့် လက်ဖဝါးကြီးကြီးဟာလည်း ယိမ်းယိုင်၏ ခါးပေါ်၌ နေရာယူထားပြန်သည် ။ နမ်းလာတာကြာလာသည်အမျှ ချန်ဒလာတစ်ခုခုကိုအလိုမကျဖြစ်လာကာနှုတ်ခမ်းစောင်ကို တစ်ချက်ဖိကိုက်လာ၏ ။ နာကျင်‌လာသည့်တိုင် ယိမ်းယိုင်၏ နှုတ်ခမ်းပါးတို့ဟာ ပွင့်မလာခဲ့။

ချန်ဒလာဟေဒန် တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်ခုလုံးကို အပေါ်ကနေ လျှာဖြင့် တစ်ချက်လျက်
ချကာ ...

"" ကျစ် !! ပါးစပ် ဖွင့်စမ်း !! ""

ယိမ်းယိုင် ခေါင်းတစ်ချက်ခါပြလိုက်၏ ။

ထို့‌‌နောက်ပါးနှစ်ဖက်ကို အားပါပါဆွဲညစ်လာသောကြောင် ယိမ်းယိုင်အနည်းငယ်မျှ နာသွား‌လေသည် ။

"" ကျုပ်က သိပ်နမ်းချင်တယ်ထင်မနေနဲ့ ။
ခုချိန်ကတည်းက ခင်ဗျားကို တစ်ဆင့်ချင်းပြနေမှ နောက်ပိုင်း ကျုပ်ဖီးလ်မငုတ်မှာ !! ""

"" ... ""

"" ခင်ဗျား ပါးစပ်တွေ ခုချက်ချင်း ဖွင့်လိုက်စမ်း ။ ""

"" မင်းငါ့ကို အမိန့်မပေးနဲ့ ချန်ဒလာ !! ""

"" ကျစ် !! ဒီအိမ်မှာ ကျုပ်ရှိ‌နေသရွေ့ကတော့ ကျုပ်အမိန့်ကို နာခံရမှာပဲ ။ ကျုပ်ကပဲ အမိန့်ပေးမယ် ကျုပ်ကို အမိန့်လာမပေးနဲ့ !! ။ ခင်ဗျားမှာ ကျုပ်ကို ပြန်အော်ရအောင်ထိ အရည်အချင်းမရှိဘူး!!။ ကိုယ့်အဆင့်ကိုယ်သိစမ်း ခင်ဗျားက ကျုပ်စိတ်ရှိသလို လုပ်ပစ်လို့ရတဲ့ သက်ရှိသာသာပဲ ။ ကျုပ်ခင်ဗျားကို ဒီအခန်းထဲမှာမှ မဟုတ်ဘူး လမ်းမပေါ်တတ်-ိုးတောင် ကျုပ်ကိုဘယ်သူမှမတားနိုင်ဘူး!! ""

ယိမ်းယိုင်အံတစ်ချက်ကြိတ်လိုက်ကာ...

"" ကောင်းပြီ ။ ချန်ဒလာ မင်းလိုချင်တာ ဒါမလား
ယူလိုက်စမ်း မင်းယူလိုက်စမ်း !! ""

အပေါ်တီရှပ်ကို မြန်မြန်ချွတ်ကာ ပြောလာသူ ။
အပေါ်ပိုင်းတစ်ခုလုံးဗလာကျင်းကာယိမ်းယိုင်၏ ကိုယ်ပေါ်၌အဖြူရောင်ဘောင်းဘီတစ်ထည်သာကျန်နေ၏ ။

"" ကျစ် !! ကျုပ်က ခင်ဗျား ခံဖူးတဲ့ကောင်တွေလို မဟုတ်ဘူး !! ""

"" ... ""

"" ကျုပ်အတွက်မှ မဟုတ်ရင် လက်ဖျားမပြောနဲ့
လီးဖျားနဲ့တောင်မထိဘူး နားလည်ထားလိုက် !! ""

လက်ညှိုးထိုးကာပြောနေသူကိုသာ ယိမ်းယိုင်အသက်မရှိသလို ကြည့်နေမိ၏ ။

ဒုန်း !!

တံခါးကို အားပြင်းပြင်းဆောင့်ပိတ်ကာ
ဆေးလိပ်ဘူးနှင့်ဖုန်းကိုယူကာ ချန်ဒလာ အပြင်ဘက်သို့ထွက်လာခဲ့၏ ။ ချန်ဒလာ ယိမ်းယိုင်ကို အမှန်တကယ်ကို စိတ်တိုမိသည် ။ အကြောင်းအရင်းတွေသာ မရှိခဲ့ရင် ချန်ဒလာ သူ့ကိုလက်ထပ်မည့်တောင်မဟုတ် ။ သိပ်ကို ဘဝင့်မြင့်နေသည့်ကောင်။ ယိမ်းယိုင်ဟာ ဦးရိုးရာမင်း၏ သွေးသား‌ဆိုတာနဲ့တင် သူ့မှာ မုန်းပစ်ဖို့ စိတ်ခံစားချက်တို့ဟာ မြင့်တတ်နေသည် ။ ဒီလိုအချိန်၌ သူ့အတွက်အဖော်ကောင်းဟာ ဆေးလိပ်ပင် ၊ တစ်လိပ်ပြီးတစ်လိပ်ရှူရှိုက်နေချင်မိသည် သူ့ရဲ့စိတ်အစဉ် အားလုံးဟာလည်း ထိုအငွေ့တွေနှင့်အတူလွင့်ပါသွားရင်ကောင်းလိမ့်မည်။

အိမ်ရဲ့ ပထမထပ်သို့တတ်လာကာဘယ်ဘက်အစွန်အခန်းအဝတ်လဲခန်းရှိနေသည် ။ ချန်ဒလာထိုအခန်းသို့ဝင်လိုက်ကာ ဘောင်းဘီ အမဲကိုဝတ်ဆင်လိုက်သည် ။ အပေါ်ဆုံးအထပ်၌ ချန်ဒလာ၏ သီးသန့်အထပ်ကြီးဖြစ်ကာ ဘယ်သူမှ တတ်ခွင့် မရှိ ။ အဝတ်လဲခန်း ၊ နာရီတွေထားရာတစ်ခန်း ၊ သေနတ်တွေထားရာခန်း ၊ ထို့နောက် အရက်တွေ ထားရာ ဘားအသေးစားလေးလည်း ရှိလေသည်။ အဝတ်အစားဝတ်ပြီးသည်နှင့် ခြံထဲသို့ဆင်းကာ ရေကူးကန်ဘေးရှိ ခုံပေါ်၌ ထိုင်ကာ ဆေးလိပ်တွေကိုသာ တစ်လိပ်ပြီးတစ်လိပ်ဖွာနေမိသည် ။

ဒီအချိန်မှ မဲမှောင်နေသည့် ကောင်းကင်ကြီး၌ ကြယ်တွေဟာလည်း ပိုပြီးတောက်ပကာ လှပနေသည်။ ချန်ဒလာ ဆေးလိပ်သောက်နေရင်းမှ ကောင်းကင်ကြီးသို့သာ အကြောင်းမရှိငေးစိုက်ကြည့်မိ၏ ။ ကြယ်တွေဟာ လှပသည် အမှောင်ထုကြီးကြားမှ ထိုးထွက်ကာ အလင်းပြနေသေး၏။ စိတ်ညစ်လာသည့် အချိန်တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ရတာ
ချန်ဒလာ နှစ်သက်၏ ။ ဘာလို့ဆို တိမ်တွေဟာ ဖြူစင်သည်လေ အရောင်းဆိုးခြင်းမရှိချေ ။ သူ့လို အနက်ရောင် အရောင်အဆင်း‌တွေပြည့်နှက်နေသည့်လူတစ်ယောက်ဟာလည်း တစ်ခါတစ်လေတော့ ဖြူစင်ရှင်းသန့်သည့်အရာ‌တွေကို ငေးမောကြည့်ရတာ ကြိုက်နှစ်သက်သည်‌လေ။ တစ်ခါတစ်လေတော့လည်း သူတွေးမိပါသည် ။

' သူ့ရဲ့လက်ဟာ Gun တွေကိုင်လာတဲ့လက် ။
တစ်ခါတစ်လေတော့လည်းပန်းပြောင်းကိုင်ချင်မိ၏။'

တီ ! တီ ! တီ !

ဘေးနားမှာ ချထားသည့်ဖုန်းလေးဟာ တစ်တီတီဖြင့် ။ ခေါ်ဆိုသူကို ကြည့်တော့လည်း နံပါတ်စိမ်းဖြစ်နေသည့်အတွက် ချန်ဒလာ စိတ်ထဲစနိုးစနောင့်ဖြစ်သွားရ၏ ။ ဒီအချိန်ကြီးသူ့ကိုခေါ်မည့်လူဟာ ဟယ်ရီ ကလွဲပြီးမရှိ ။ ကိုင်ရမလားချရမလား တွေဝေနေစေမှာပဲ ကိုင်လိုသည့်စိတ်အစဉ်တို့ဟာကြီးစိုးလာခဲ့တော့၏ ။

"" ဟယ်လို !! ""

"" မင်းငါ့ကို မေ့နေပြီလား ။ ချန်ဒလာဟေဒန် !! ""

ချန်ဒလာ ဒီအသံကို ကောင်းကောင်းကြီးမှတ်မိ၏ ။

"" ဦးရိုးရာမင်း !! ""

"" အို .. မင်းက ငါ့အသံကို မှတ်မိနေတာပဲ ""

"" ခင်ဗျား ဘာကိစ္စကျုပ်ကိုဖုန်းဆက်တာလည်း!! ""

ဖုန်းပြောသံဟာ ခေတ္တမျှ တိတ်ဆိတ်သွားကာ ...

"" ငါမင်းနဲ့ လောင်းကစား တစ်ခုလောက်လုပ်ချင်တယ် !! ""

"" ဟက် !! ခင်ဗျားက ကြောက်လို့ ဒီလိုစကားပြောနေတာလား !! ""

"" ငါပြောတာကို နားထောင်ကြည့်ပါအုန်း !! ""

"" ... ""

"" တစ်နှစ်အတွင်း ငါ့မြေးကို ပြန်လာခေါ်မယ် ။
ဒီကြားထဲသူ့ကိုမင်းဘက်ပါအောင်
လုပ်ခွင့်ရှိတယ်!! ""

"" ဟက် !! ခင်ဗျားမြေးလိုအဆင့်ကို ကျုပ်ဘက်ပါအောင်လုပ်ရမယ်ပေါ့ စိတ်ကူးယ‌ဉ်လှချည်လား !! ""

"" တန်ရာတန်ကြေးကငါနဲ့ဒါလီယာဝမ်ရဲ့
အသက်!! ""

ချန်ဒလာ အနည်းငယ်မျှမျက်မှောင်ကြုတ်လိုက်မိသည်။ လက်ထဲကဆေးလိပ်တိုကိုလည်း မြေကြီးပေါ်သို့ပစ်ချကာ ဖိနပ်ဖြင့် ဖိနင်းလိုက်၏ ။

"" အချိန်တစ်နှစ်ပြည့်လို့ ငါ့မြေးက မင်းကိုရွေးချယ်ခဲ့တယ် ဆိုရင် ငါနဲ့ ဒါလီယာဝမ်ရဲ့ အသက်က မင်းရဲ့ခြေထောက်နား ကျရောက်နေစေရမယ် ။ ""

"" ယိမ်းယိုင်က ခင်ဗျားတို့ကို ရွေးခဲ့ရင် ကျုပ်ရဲ့အသက်ပေါ့ ! ""

"" မင်းက သဘောပေါက်လွယ်သားပဲ ""

"" ဟက်!! ကျုပ်သဘောတူတယ် !! ခင်ဗျားတို့ကို ရော့အင့်သတ်လိုက်လို့ ဘယ် ပျော်စရာကောင်းမလည်း ကြားထဲ ကစားပွဲလေးတစ်ခုရှိနေမှ ပျော်စရာကောင်းမှာပေါ့ !! ""

ဆေးလိပ်ကို နောက်တစ်လိပ်ထပ်ညှိလျှက် တစ်ချက်ရှုရှိုက်ကာ ပြောလိုက်၏။

စကားသံတို့ဆုံးသည်နှင့် ဖုန်းသံတို့ဟာလည်းတိခနဲ ။

အသက်တွေ လောင်းကြေးထပ်ထားသည့် သူတို့ပွဲ ။
ဘယ်သူက နိုင်မည်ရှုံးမည်ကိုကြိုမတွတ်နိုင် ။

ချန်ဒလာ ဘေးရှိ ခုံတန်းကို
လက်ဖြင့်တစ်တောက်တောက်ခေါက်ကာအကြောင်းအရာတစ်ခုကိုပဲ ထပ်တလဲလဲစဥ်းစား‌
နေမိ၏။ လူတစ်ယောက်ကို သူ့ဘက်ပါဖို့ ဆွဲဆောင်ရမည်ဆိုတာ မဖြစ်နိုင် ။ သူလိုလူအတွက်ပိုဆိုး၏
မချစ်သော်လည်းအောင့်ကာနမ်းဆိုတာလည်း မဖြစ်ချင် ။ မျက်စိကိုစုံမှိတ်ကာ ခေါင်းကိုနှိပ်လျှက် သူ့ရဲ့ဦးနှောက်ကို ခနအနားပေးလိုက်၏ ။
အချိန်တစ်ခုကြာသည့်အခါ တစ်စုံတစ်ခုကို အဖြေရသွားခဲ့သည် ၊ လူတိုင်းဟာ ဂရုစိုက်မှုတွေ ၊ ဦးစားပေးမှုတွေ ၊ သံယောဇဉ်တွေကြား ရုန်းမထွက်နိုင်အောင် နစ်မွန်းတတ်ကြလေသည် ။ ရုန်းထွက်နိုင်ဖို့ဆိုရင်တောင် အချိန်တစ်ခုတော့ လိုသည်မဟုတ်လား တစ်ချိန်က သူ့လိုပေါ့ ။ ထို့‌‌နောက် ခုံပေါ်လှဲနေရာမှထကာအိမ်ထဲသို့ကြီးမားကျယ်‌ပြန့်သော ခြေလှမ်းကြီးများဖြင့် ခပ်မြန်မြန်ဝင်သွားတော့၏ ။
.
.
ချန်ဒလာ အခန်းထဲသို့ ပြန်ရောက်သည့်အခါ၌ ယိမ်းယိုင်ဟာ ကုတင်ဘေးဘက်အစွန်းဆုံးထိတိုးကပ်ကာ အိပ်နေပြီပင်ဖြစ်သည် ။

တကယ်ဆို ယိမ်းယိုင်အိပ်မပျော်သေးပေ။
ချန်ဒလာ၏ တံခါးဖွင့်သံကိုကြားသောကြောင့် စောင်ကိုပုခုံးထိဆွဲကာမျက်ဝန်းတို့ကို အမြန်မှိတ်လိုက်ခြင်း ။ အခန်းထဲရောက်သည်နှင့် ချန်ဒလာဘာတွေလုပ်နေလည်းဆိုတာ အသံခပ်ဖျင်းဖျင်းတော့ကြားနေရသည် ။ထို့နောက် ကုတင်၏တစ်ဖက်ခြမ်းဟာအိခနဲငြိမ့်ကျသွား၏ ။

အချိန်တစ်ခုကြာသည့်ခါ ယိမ်းယိုင်၏ ခါးပေါ်သို့ ရောက်လာသည့် လက်တစ်ဖက်ကြောင့် ယိမ်းယိုင်အသားပင်တစ်ချက်တုန်သွား၏ ။

ထိုအရာကို သတိပြုမည့်သည့် ချန်ဒလာကပဲ ...

"" ခင်ဗျား မအိပ်သေးတာ ကျုပ်သိတယ် ။ ""

"" .. ""

"" ကျုပ်တောင်းပန်တယ် !! ""

ထိုအခါမှ ယိမ်းယိုင်ဘက်က ပြန်ပြီးစကားစလာ၏။

"" ဘာကိုလဲ !! ""

"" ခုနပြောခဲ့တာတွေ အတွက် ။ ကျုပ်နည်းနည်းရိုင်းသွားတယ် ""

"" မင်းဟာ နည်းနည်းလေးမဟုတ်ဘူး ။ !!
ငါ့သိက္ခာကော ငါ့မာနကော ... ""

ယိမ်းယိုင် ချန်ဒလာ ဘက်သို့မျက်နှာချင်းဆိုင်လှည့်လာ၏ ။ လက်တစ်ဖက်ကို ခေါင်းခုကာ သူ့ကိုငုံ့ကြည့်နေ၏ ။ အမှောင်ထဲမှာတောင် ချန်ဒလာ၏ မျက်နှာဟာ ကြည်ရှင်းနေလေသည် ။

"" ကျုပ်ရိုင်းတာ ဗီဇ ဖြစ်နေပြီ ။
ချန်ဒလာနဲ့ ရိုင်းတာကို ခွဲလို့တောင်မရဘူး။
နောက်တစ်ခါဆိုရင်တော့ ဆင်ခြင်မယ် ။ ""

တကယ်ကို အရစ်ရှည်နေသေးသည့် ကောင်လေးပါပင် ။ ချန်ဒလာ
သိပ်စိတ်မရှည်လှတော့။ .

"" မင်းက ဆင်ခြင်မယ်ဆိုတော့ လုံးလုံးကြီး
မဖျက်ဘူးဆိုတဲ့သဘောပေါ့ ။ဒါနဲ့
မင်းအပြောင်းအလဲ မြန်လှချည်လား !! ""

"" ကျုပ်ကို အဘစံဆူလိုက်တယ် !! ""

ချန်ဒလာ ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်ခြင်း ။
ခုချိန်ဘေးရှိကောင်လေးသူ့ကို ယုံဖို့အရေးကြီးလှ၏ ။

"" အဲ့တာ ခင်ဗျားကြောင့် !! ""

ယိမ်းယိုင် ခပ်ပါးပါးလေး ပြုံးလိုက်မိ၏ ။

"" ငါမင်းပြောနေတာတွေ မယုံဘူး !! မင်းငါ့ကို လက်ထပ်ခဲ့တာကလည်း ငါ့အဒေါ် ဒါလီယာဝမ်ကိစ္စနဲ့ ပတ်သတ်နေလိမ့်မယ်ဆိုတာ ငါသိတယ် !! ""

ချန်ဒလာ ခေါင်းအောက်ခုထားသည့်လက်တွေဖြင့် လက်သီးတစ်ချက်ဆုတ်လိုက်မိ၏။စကားတစ်ခုစီတိုင်းကိုအထအနလိုက်‌ကောက်ကာတကယ်ကို ပြောရဆိုရ ခက်သည့်ကောင် ။

ယိမ်းယိုင်၏ခါးပေါ်ဖက်တွယ်ထားသည့်လက်တွေကို ပိုအားထည့်လိုက်ကာ..

"" ခင်ဗျားအပေါ် ကျုပ်ကောင်းပေးနိုင်တယ်ဆိုတာ ကျုပ်ပါးစပ်နဲ့မဟုတ်ပဲ လက်တွေ့သက်သေပြရင်ရပြီမလား !! ""

"" ကောင်းပြီလေကြည့်သေးတာပေါ့ ။ ""

"" ခင်ဗျားက ကျုပ်ရဲ့အိမ်ထောင်ဖက် ဖြစ်နေပြီ ။
ကျုပ်က လေးစားရလိမ့်မယ် ။ ကျုပ်မှ ခင်ဗျားကို
မလေးစားရင် ကျုပ်ရဲ့လက်အောက်ငယ်သားတွေကလည်း ခင်ဗျားကို လေးစားမှာ မဟုတ်ဘူး ! ""

"" မင်းက နားလည်သားပဲ ။ ဒါမယ့်ငါ့မင်းကို ယုံကြည်ပါတယ်လို့မဆိုလိုဘူး ။ ""

"" ခင်ဗျားပြောတဲ့ အဓိပ္ပါယ် ကျုပ်နားလည်တယ်
။ ခုတော့ အိပ်ကြရအောင် ။""

"" အင်း ! ""

"" ဒါနဲ့ ကျုပ်တို့မင်္ဂလာဦးည ကျုပ်ဘာမှလည်း
မသွင်းလိုက်ရဘူး !! ""

"" ဘာ !! ""

"" ထားပါ ။ နောက်ရက်တွေရှိသေးတာပဲ
နောက်ရက်မှသွင်းမယ် ။ခုကျုပ်ခင်ဗျားကို ခနဖက်ထားမယ် !! ""

ယိမ်းယိုင်ကစကားပြန်မပြောခေါင်းတစ်ချက်ငြိမ့်ပြကာတစ်ဖက်သို့ပြန်လှည့်သွား၏။

' ဟက် !! ငါကလည်းသူနဲ့ တော်တော် မျက်နှာ
ချင်းဆိုင် အိပ်ချင်နေတာဆိုတော့ '

အသက်ရှူသံခပ်ပြင်းပြင်းကိုကြားလာသည်နှင့်
ချန်ဒလာ၏ မျက်ဝန်းတို့ဟာ တစ်ဖန်ပြန်ဖွင့်ဟလာကာ ဖက်တွယ်ထားသည့်လက်ကို ခပ်မြန်မြန်ဖယ်ခွါပစ်လိုက်၏ ။ ထို့နောက်ရေချိုးခန်းထဲသို့ဝင်ကာရေဖြင့်လက်တစ်ဖက်ကိုဆေးကြောနေမိ၏ ။ရှေ့ရှိမှန်ပေါ်မှာ ပေါ်နေသည့် သွေးရောင်လွှမ်းနေသည့် အကြည့်တို့ဟာ စူးရှကာမာန်အပြည့်နှင့်ပင် ။

ချန်ဒလာ စွဲဆောင်မှုရှိစွာမှန်တွင်ပေါ်နေသည့်
ကိုယ့်,ကိုယ်ကိုကြည့်ကာ ..

"" ဒီပွဲမှာလည်း ကျုပ်ပဲနိုင်ရလိမ့်မယ် !! ""

•~•~•~•~•~•~•~•~•~•~•~•~•~•~

12 • 1 • 2024 •
Xylo
• vote & com •









Continue Reading

You'll Also Like

12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. •• in which a homeless boy goes to audition for an entertainment company, and there...
9.5K 683 22
တချိန်က ဘယ်အရာကိုမှဂရုမစိုက်စွာပြုံးပျော်နေခဲ့သော ရှားပိုင်ဇေဟူသည့် လူရွယ်လေးသည် သူသိပ်ချစ်လှပါသောမောင့်ကိုတွေ့ခဲ့ချိန်မှစ၍ သူ့၏ဘဝသည် ကပြောင်းကပြန်ဖြ...
686 98 4
وەن شۆت ( کورتە چیرۆک ) بۆ هەموو کەیپۆپ و ئەکتەر و هەرچیەک بتانەوێت🤍 چیرۆکەکان موڵکی خۆمن بردن و کۆپیکردنی لاوازیت دەسەلمێنێت جا خۆت ریپۆرت باران مە...
30.8K 627 68
Author: Shaoyu/少予 Category: Tanmei fiction Status: 69 chapter Shu Ran listened to a story about an educated youth before going to bed. When a certain...