🌹🌹ပန်တော်မူ🌹🌹(Completed)

By yoonshweyeethoon

133K 5.4K 125

သနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရ... More

ပန်တော်မူ အပိုင်း(1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အသိပေးချက်
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
sorry
အပိုင်း(13)
အပိုင်း(15)
အပိုင်း(16)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
တောင်းပန်ခြင်း
အပိုင်း(23)
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26) final
ကျေးဇူးတင်လွှာ
Promotion
Extra
Nèw fic
ရှင်းတမ်းလေးပါ
Thingyan...Present!!!
Present II

အပိုင်း(14)

3.7K 170 7
By yoonshweyeethoon

အခုဆို ပန့်ကိုယ်ဝန်က ၄လပြည့်ခါနီးပြီဖြစ်သည်။ အပျိုဗိုက်ဆိုတော့သိပ်တော့မထွက်သေး။ အာ့တာကိုပဲ မောင်နဲ့ ပန်းနုက သည်းသည်းလှုပ်နေတာ သူ့တို့ကို ပန်လဲ လက်မြှောက်အရှုံးပေးထားရသည်။ ခုဆို ပန့်ကို ဆိုင်ထဲလုံးဝကိုအဆင်းမခံ ဟိုဖက်ဆိုင်ကိိုလဲ ကိုသန့်စင်တစ်ယောက်ထဲဦးစီးနေရပြီးမောင်ကတော့ ဒီဖက်ဆိုင်ကို ပန့်အစားလာထိုင်ပေးသည်။ ပန်းနုကလဲ ပန် ဆိုင်ထဲ လာတာမြင်တာနဲ့တန်းမာန်သည်။ မောင် ကပိုဆိုးသည် အိမ်ပေါ်ထပ် က အိမ်အောက်ကိုဆင်းတာတောင် သူပါမှဆင်းရသည် ။.သူမပါရင် လုံးဝ အဆင်းမခံ ။.အာ့တော့ပန့်မှာအောက်ဆင်းချင်ရင် သူ့ကို အရင်လှမ်းခေါ်ရသည် မဟုရင် အာ့နေ့တရက်လုံး ပန့်ကိုစိတ်ဆိုးပြီးစကားမပြောတော့ပါ။

အရင်ကအာ့လောက်မဆိုးပါ ။ ကိုယ်ဝန် ၃လ ကျော် တော့ ပန်အပေါ်ကနေ အောက်ကိုအဆင်းလှေကား၃ထစ်လောက်အလိုမှာခြေချော်ကျတာမောင်မြင်ပြီး အဖမ်းမြန်လို့သာမဟုရင် ပန့်ကလေးလေး တခုခု ဖြစ်နေလောက်ပြီ။ မှတ်မိပါသေးတယ်အာ့နေ့တနေ့လုံးပန့်မှာ အဆူခံရတာကို အရီးလေးက လဲ မာန်သည်။.မောင်နဲ့ပန်းနုဆို အခုထိအာ့ကိစ္စနဲ့ပဲ ခြိမ်းခြောက်တုန်း လေ အာ့ထဲကစပြီး အောက်ထပ်ကို တစ်ယောက်ယောက်အဖော်မပါပဲ လုံးဝ မဆင်းရ ဆိုပြီး မောင်က အမိန့်ထုတ်ထားတာဖြစ်သည်။

ထမင်း ဟင်းတောင် မချက်ခိုင်း မောင်ကသူကိုယ်တိုင်ဝင်ချက်သည်။.ပန်က မနည်းတောင်းပန်ပြီးပြောမှ ဂရုစိုက်ပါမယ်လို့ကတိအထပ်ထပ်ပေးမှ ချက်ခိုင်းတာဖြစ်သည်။ ဒါတောင် ဆိုင်က ကောင်မလေးတစ်ယောက်ကို ပန့်အနားမှာ ခေါ်ထားခိုင်းသည်။.ပန်နဲ့အတူတူ ကူလုပ်ဖို့တဲ့လေ။ အဝတ်အစား တွေဆိုလဲ မောင် ကမလျှော်ခိုင်း။ ပန်က ခိုးလျှော်တာသိတော့မြို့ကနေ အဝတ်လျှော်စက် ဆိုလား ဝယ်ချလာသည်။ ရေချိုးလဲ နောက်ကတကောက်ကောက်နဲ့လိုက်သည် ချော်လဲမှာဆိုးလို့တဲ့လေ။ ပန့်မှာ ကိုယ်ဝန်သည်နဲ့မတူပဲ တရားခံနဲတောင်တူနေသည်အမြဲ မျက်စိဒေါက်ထောက်ပြီးကြည့်နေကြလို့ဖြစ်သည်။

ဒီနေ့တော့ ပန်နည်းနည်း လွတ်လပ်နေသည်။.မောင် မြို့ကိုသွားတယ်လေ ။ ကိုယ်ဝန်ရှိတယ်လို့စသိတဲ့နေ့ထဲက မြို့ ကို လုံးဝမလိုက်တာ တလနီးပါးရှိနေပြီ။ ပစ္စည်းသွားဝယ်တာဖြစ်ဖြစ် စပါး တို့ပဲ တို့ မြို့ကပွဲရုံကိုသွားပို့ရင်ပဲ ဖြစ်ဖြစ် ကိုသန့်စင်တစ်ယောက်ထဲသာသွားရသည်။ ဆိုင်က ကောင်လေး ကိုတော့အဖော်ခေါ်သွားတတ်သည်။.ဒီတစ်ခေါက်တော့ ဘာစိတ်ကူးပေါက်လဲ မသိ မောင်ကသူပါလိုက်မည်ဆိုပြီး လိုက်သွားသည်။

လွတ်လပ်တယ်ဆိုပေမဲ့အပြည့်အဝတော့မဟု။ မောင်မရှိ လဲ ပန်းနုကရှိသေးသည်အခုတောင်  ပျင်းလို့ ဆိုပြီး ဆိုင်ထဲလာထိုင် နေလို့ပြောလို့ကို မပြီးနိူင်ပါ။ သူ့ပဲ ကြောက်နေရသည်။ ဒါပေမဲ့ ဗိုက်ထဲက ကလေးနဲ့ ကိုင်ပေါက်ရင်တော့ဘာမဆိုအကုန်လုပ်ပေးသည်။ အခုလဲ အကောင်အထည်တောင်မပေါ်သေးနဲ့ဗိုက်ထဲက ကလေးက ပျင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ထဲလာထိုင်ခွင့်ရတာဖြစ်သည်။ ကလေးလေး ကိုခုတုံးလူပ်မိလို့စိတ်ထဲကသာတောင်းပန်လိုက်ရသည်။

"ပန်ပန် ကလေ ပြောလို့မရဘူး ဒီမှာ ပစ္စည်း တွေနဲ့ကြပ်နေတာကို ဆင်းလာတယ်''

"အပေါ်မှာ တစ်ယောက်ထဲ ပျင်းလို့ပါဆို ပန်းနုကလဲ ငါငြိမ်ငြိမ်လေးထိူင်နေမယ်လေ ဟုပြီလား''

"အေး သဘော သဘော ဒါနဲ့ ငါနင့်ကိုပြောစရာရှိသေးတယ် ရွာထဲ မှာဒေါ်စိန်တိူ့သားအမိတွေ ပြန်ရောက်နေတယ်ဟ''

"ဟင်....'' သူပြောတော့ ပန် အံ့သြသွားသည်။.ဒေါ်စိန်တို့က ပန်နဲ့ ပြသနာတက်ပြီးထဲက မြို့ကို သူ့သမီးနဲ့အတူ လိုက်သွားတာ တနှစ်တောင် ကျော်နေပြီး အခုမှ ပြန်လာတာဆိုတော့ နည်းနည်းတော့စိတ်ထဲ တမျိူးဖြစ်သွားသည်။

"အေး ဟုတ်တယ် အာ့တာ နင်သတိထားဦးနော် ကိုသန်းဇော် ကြီးလဲ ပါတယ် ပြောတယ်ဟ ရွာကလယ်တွေကိုလာရောင်းတာတဲ့မြို့မှာပဲ အပြီးနေတော့မယ်​ပြောတယ်''

"ဟုလား ကောင်း ပါတယ်  ပြီးတော့ငါလဲအိမ်ထောင်ကျနေပြီပဲဟယ် အိမ်ထောင်ရှိတဲ့သူကိုတော့ ကိုသန်းဇော် ကမနှောင့်ယှက်လောက်ပါဘူး '' 

"အမလေး နင်က ဟိုတစ်ယောက် ကိုမေ့နေတာလား ''  ပန်းနုပြောတာကို ပန်သဘောပေါက်ပါသည်။.ဟိုဆရာမလေး ကိုပြောနေတာဖြစ်သည်။ ပန်က ပန်းနုကိုလဲပြောပြထားတော့သူကအကုန်သိနေတာဖြစ်သည်။ ဆရာမလေး မြင်ရင်အခုထိစကားကို အကောင်းမပြော။ ပန်ကတော့ သိပ်လဲစိတ်ထဲမထားတော့ပါ။ ကို့ယောကျာ်းကို  အပိုင်လိုချင်ပါတယ်လို့လာပြောတာကို ပန်စိတ်မဆိုးဘူးဆိုရင် လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ မောင့်ကို ပန်ယုံသည်။.ပန့်ယုံပေးတာနဲ့တန်အောင်မောင်ကလဲ အာ့ဆရာမလေးနဲ့ခပ်ကင်းကင်းသာနေတော့သည်။

သူ့အကြောင်း ပြောနေရင်း နဲ့ သူ့ကို မတွေ့တာ ပြသနာဖြစ်ပြီးတဲ့နေ့ထဲက ဖြစ်သည်။ ပန်ကိုယ်တိုင်လဲ အိမ်ထဲကနေအပြင်သိပ်မထွက်ဖြစ်တာလဲ ပါမည်။ ဒါပေမဲ့ ပန်ကိုယ်ဝန်ရှိတယ်ဆိုတာသိပြီး နောက်နေ့ မောင်က ရွာက ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေကိုပိုက်ဆံလိုက်ဝေသည်။ ဆိုင်က ကလေးတွေကိုလဲ မုန့်ဖိုးပေးလိုက်သေးသည်။.အာ့နေ့ကတော့ ဆိုင်ကို ဆေးဝယ်စရာရှိလို့ဆိုပြီးလာတာကို တွေ့လိုက်သေးသည်။.အာ့နောက်ပိုင်း ကစပြီးမတွေ့တော့တာဖြစ်သည်။

ခန့်ဒီနေ့မြို့ကို သန့်စင် နဲ့အတူလိုက်လာခဲ့သည်။သန့်စင်ရယ်ဆိုင် က..ကောင်လေးတစ်ယောက်ရယ်ပဲ.လွှတ်နေတာ ပန်ကိုယ်ဝန်စရှိထဲက ဖြစ်သည်။ဒီနေ့တော့ ခန့်ဝယ်စရာလေးတွေရှိလို့ မြို့ကို လိုက်လာခဲ့တာဖြစ်သည်။.သန့်စင် ကို ပွဲရုံမှာထားခဲ့ ပြီး ခန့်က စျေးထဲ ဖက်ကိုထွက်လာလိုက်သည်။.အခု ခန့်ရောက်နေတာအမျိုးသမီး ဝတ်အကျီ ဆိုင်မှာ ဖြစ်သည်။ ခန့်လဲဆိုင်ထဲဝင်ရော ဆိုင်က ဝန်ထမ်းကောင်မလေးက

"ဘာလိုချင်လို့လဲ  အကို ဘာ ရှာပေးရမလဲ '' ကျွန်တော် ကဟိုဒီလိုက်ကြည့်နေတာမို့လို့ ကောင်မလေး က မေးတာဖြစ်လောက်မည်။.ကျွန်တော်လဲ

"ဟို ညီမလေး ဗိုက်ဖုံးအကျီလေး လိုချင်လို့''

"သြော် ဟုကဲ့ ရှိတယ် အကို ဘယ် size ထဲ က ပြပေးရမလဲရှင့်''

"သူက ပိန်တယ် ညီမလေး အရပ်လဲ နည်းနည်းတော့ ပုတယ် ဆိုတော့ ဘယ်size လောက်အဆင်ပြေမလဲ ညီမလေးရွေးပေးပါ့လား''

"ဟု အကို အာ့တာကိုဒီsize လောက်ဆို အဆင်ပြေလောက် လား ''   ကျွန်တော် လဲကောင်မလေး ပြတာကိုတချက်ကြည့်လိုက်တော့ ပန့်ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်နေသည်

"အင်း ညီမလေး အာ့ size ထဲက ပုံစံကွဲလေးတွေရှိတယ်မလား ''

"ဟု ရှိတယ် အကို ၅မျိူးရှိတယ် ညီမ ပုံစံလေးတွေပြပေးရမလား ''

"ရတယ် ညီမလေး မပြနဲ့တော့ အကို့ကို တစ်မျိုး ၂ထည်စီနဲ့ ၁၀ထည်ပေးနော်''

"ဟုကဲ့ အကို ''  ခန့်လဲ ခနစောင့်နေရင်းနဲ့ ထမိန်လေးတွေစီ အကြည့်ရောက်သွားသည်။ ပန့်မှာက ဝမ်းဆက်တွေပဲရှိတာများသည်။ ဗိုက်ဖုံးအကျီပဲ ဝယ်သွားရင် တွဲဝတ်ဖို့ ထမိန်က လိုသေးတယ်လေ အာ့တော့ ကျွန်တော် လဲ ထမိန်ပါဝယ်ဖို့ တွေးပြီး ခုနက ကောင်မလေးကိုခေါ်လိုက်သည်

"ညီမလေး အကို့ကို အာ့အကျီလေးတွေနဲ့လိုက်မဲ့ ထမိန်လေးတွေပါ တခါထဲ ထုတ်ပေးပါနော် ''

"ဟုကဲ့ အကို ထမိန်ကရောဘယ်ပုံစံထဲက လိုချင်လဲ ဒါလေးတွေက ခုရက်ထွက်တာ ချည်လေးတွေဆိုတော့အေးလဲအေးတယ် ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရတာအဆင်ပြေတယ်အကို''   ကျွန်တော်လဲ သူပြတာလေး တချက်ကြည့်တော့ ထမိန်လေးတွေက လှတယ်ဗျာ့ ပြောင်ပေါ်မှာအပွင့်လေးတွေက အကြီး အသေးစုံနေရော ပြီးတော့ အလုံးလေးတွေနဲ့လဲ ရှိသေးသည်။ ခုက တဖြည်းဖြည်း နွေဝင်လာတော့နောက်ဆို ပူတော့မှာ ဒါလေးတွေနဲ့ဆိုပန် အပူသက်သာလောက်မည်။ ကိုယ်ဝန်သည်တွေက အပူဒဏ်မခံနိုင်ကြဘူးလေ အာ့တော့ ဒါလေးတွေပဲယူဖို့တွေးလိုက်သည်။

"ဟုပြီ ညီမလေး အာ့တာဆို အာ့ထဲက ပုံစံ အစုံလေး ထည့်ပေးနော်  ဒါနဲ့လေ ထမိန်တွေက တခါ ထဲ ချုပ်ပေးလားဟင်''

"ဟုကဲ့ အကိုတခါထဲ ချုပ်ချင်ရင် ချုပ်ပေးပါတယ် ''

"အာ့တာ ဆိုလဲ တခါထဲ ချုပ်ပေးပါနော်ညီမ ချုပ်ခသက်သက်ပေးပါ့မယ်''

"ဟုကဲ့ အကို အာ့တာဆို ခနလေးစောင့်ပေးပါနော် ''  ဆိုပြီး ကောင်မလေးက ထမိန်တွေယူပြီး နောက်ဖက်ထဲဝင်သွားသည်။.ကျွန်တော်လဲခုံမှာထိုင်စောင့်နေလိုက်သည်။ ခနကြာတော့ ကောင်မလေးက. အထုတ်နှစ်ထုတ်ဆွဲ ပြီးထွက်လာသည်။ ကျွန်တော် လဲ ကျသင့်ငွေကိုရှင်းပြီး ပြန်မယ်လုပ်တော့ ဆိုင်က ကောင်မလေးက

"အကိုက. အမျိုးသမီးကို အတော်ချစ်ပုံရတယ်နော် ထမိန်က အစ ဝယ်ပေး တော့လေ  ညီမတောင် အာ့အမကို အားကျမိတယ်''   ကောင်မလေးက ပွင့်ပွင့်လင်းလင်း ပြော တော့ကျွန်တော်လဲ ပြုံးလိုက်မိသည် ပြီးမှ

"အင်း ညီမရဲ့ အကိုက သူ့ကိုသိပ်ချစ်တာ ''

"ဟု အာ့အမတော့ ကံကောင်းတာပဲနော် အကို့လိုလူကိုရတာ''

"မဟုဘူး...ညီမလေးရဲ့ အကိုက ကံကောင်းတာ သူ့ကို ရလို့''   ကျွန်တော်လဲပြောပြီးထွက်လာလိုက်သည်။ ပန့်က ကျွန်တော့်ကို ရလို့ ကံကောင်းတာ မဟုပါ။.ကျွန်တော်ကပန့်လို လူမျိုးကို ရလို့ကံကောင်းတာဖြစ်သည်။ ပန့်က ကျွန်တော့် အတွက်တော့ အရမ်း တန်ဖိုး ရှိတဲ့ လူဖြစ်သည်။.ဘယ်အချိန် ဘယ်လိုအခြေအနေမျိုးရောက်ရောက် ပန့်ကိုပဲ​ေရွးချယ်မိမှာဖြစ်သည်။

သွယ်  ရွာထဲကို တော်ရုံမသွားဖြစ်ပါ ။.မသွားဖြစ်ဘူးဆိုတာထက်တမင်မသွားတာဖြစ်သည်။ ဟိုတလောကတော့ အကို့ဆိုင်ဖက်ရောက်သေးသည်။.အကိုက သူ့မိန်းမ ကိုယ်ဝန်ရလို့တဲ့လေရွာထဲကကလေးတွေနဲ့လူကြီး တချိူ့ကို ပိုက်ဆံဝေပေးနေတာကိုယ်ဝန်ရှိ နေပြီလို့ ဟို တစ်ယောက် ပြောပေမဲ့ သွယ် မယုံလို့သွားကြည့်တာမှားသွားသည်။.အကိုကပြုံးနေတာပါးစပ်ကို မစိတော့ပေ။.အရမ်းကို ပျော်နေတာဖြစ်သည်။.သွယ်လဲ လိုတဲ့ဆေးပစ္စည်း တချို့ကိုဝယ်ပြီးပဲ ပြန်ခဲ့လိုက်သည်။.မ ကြည့်နိုင်ပါ အကိုက သွယ်ကြောင့် မဟုပဲ တခြားသူကြောင့်ပြုံးပျော်နေတာကို အာ့တာကြောင့်အကို့ကို နှုတ်တောင်မဆက်ပဲ ပြန်လာခဲ့သည်။ နှုတ်ဆက်နေလဲ အပိုပဲလေ အကိုက. မပက်သက်ပါနဲ့ပြောထားတဲ့အတွက်ကြောင့်သွယ် နှုတ်ဆက်လဲ အကို့အတွက်အရေးပါမည်မဟု။

ဒီနေ့တော့ ရွာထဲကို ထွက်လာခဲ့သည်။.ဟိုတ နေ့ကသူကြီး အိမ်ကို အန်တီတစ်ယောက်နဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသည်။.သွယ်ရောက်နေတဲ့အတောအတွင်းတခါမှမမြင်ဘူးလို့မေးကြည့်မိမှ သူတို့ က မြို့ပြောင်းသွား တနှစ်ကျော်လောက်ရှိပြီတဲ့လေ။.ပြီးတော့ ဘာလို့ မြို့ကို ပြောင်းလဲ ဆိုတာလဲ သိရပြီဖြစ်သည်။.အစကတော့ ကောင်မလေးက သိပ်မပြောချင် သွယ်က စကားကိုအစ်မေးမှထွက်လာတာဖြစ်သည်။အခု သွယ် အာ့လူဆီသွားနေတာဖြစ်သည်။.သူက ဟိုတစ်ယောက်ကို အသေရရ အရှင်ရရ ဖြစ်နေတာဆိုတော့ သွယ်နဲ့ပူးပေါင်းလို့ရတယ်လေ အာ့တာကြောင့်ထွက်လာတာဖြစ်သည်။.ထွက်သာလာတာ သူ့ကဘယ်မှာမှန်းသွယ်မသိ လျှောက် ရင်းလျှောက်ရင်းနဲ့ရွာထိပ်ရောက်ခါနီးမှ အာ့လူကိုတွေ့သည် သူက ရွာပြင်ဖက်ကလာတာဖြစ်မယ် ထန်းရည်နံ့နည်းနည်းရတော့ ထန်းတော့ကပြန်လာတာပဲ ဖြစ်ရမည်။.သွယ်လဲ သူ့ရှေ့သွားရပ်တော့ သူက သွယ်ကို တချက်ကြည့်ပြီး ဘေးကနေရှောင်ထွက်သွားဖို့လုပ်တော့

"ဒီမှာ သွယ် ရှင် နဲ့ပြောစရာရှိလို့ ခန နားထောင်ပေးပါ့လား ''   သွယ်ပြောတော့ သူကသွယ့်ကို တချက်ကြည့်ပြီး

"ဒီမှာ ကောင်မလေး နင်နဲ့ငါနဲ့ဘာမှပြောစရာမရှိဘူးထင်တယ်နော် ပြီးတော့နင့်ကိုငါမသိဘူး ''   ပြောပြီး ထပ်ထွက်သွားဖို့လုပ်လို့သွယ်လဲကပျာကသီ

" ပန်တော်မူ အကြောင်းဆိုရင်ရော ရှင့်မှာပြောစရာရှိပြီထင်တယ်'' သွယ်ပြောတော့ သူက ရပ်သွားသည် သွယ် တချက်ပြုံးလိုက်မိသည် ပန်တော်မူ ဆိုတာနဲ့ရပ်သွားနဲ့သူကို ကြည့်ပြီး

"ပန်ပန့်အကြောင်းကို မင်းကဘာပြောမှာလဲ''

"ကျွန်မ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး ကျွန်မ အကို့ကို ချစ်တယ်အပိုင်လိုချင်တယ် ''

"အကို ဘယ်က အကို လဲ အာ့တာနဲ့ ပန်ပန်က ဘာဆိုင်လို့လဲ ''

"ကျွန်မ စကားပြောလောသွားလို့ ကိုခန့်တည်ကြည်မောင်ကိုပြောတာ ကျွန်မ အကို့ကို လိုချင်တယ် ''

"အာ့တော့ အာ့တာငါနဲ့ဘာဆိုင်လဲ ''

"ရှင်က ပန်တော်မူ ကို ချစ်နေတာမလား အာ့တော့ ရှင်နဲ့ကျွန်မ နှစ်ယောက် ပေါင်းပြီး သူတို့ နှစ်ယောက်ကိုခွဲလိုက်ရင်ရှင်လဲ ပန်တော်မူ ကိုရမယ် ကျွန်မလဲ အကို့ကိုရမယ်''

"နေပါဦး ငါက မင်းနဲ့ပူးပေါင်းမယ်လို့ မင်းက ဘာလို့ထင်နေရတာလဲ ''

"ရှင် ကပန်တော်မူကို အရှင်ရရ အသေရရ လိုချင်နေတာလေ မဟုဘူးလား ''

" ဟုတ်တယ် ငါပန်ပန့်ကိုလိုချင်တယ်''    အာ့လူက ပြောတော့ သွယ် လဲ ပြုံးမိသွားသည် သွယ်ထင်တဲ့အတိူင်း ဖြစ်လာတော့မယ်လေဒါပေမဲ့သူဆက်ပြောတဲ့စကားက သွယ့်ကို စိတ်ပျက်စေတယ်

"ဒါပေမဲ့ အာ့တာ အရင်က အခု ပန်ပန် ကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီ ပြီးတော့သူတို့မှာ ကလေးလဲရှိနေပြီ သူများမိသားစုကိုခွဲ ရလောက်တဲ့အထိ ငါမယုတ်မာဘူး''ပြောပြီး သူကလှည့်ထွက်ဖို့အလုပ်

"အမလေး အရက်သမားက များ အသံကောင်းဟစ်လို့ ''   သွယ်လဲ သူကြားတောင်တမင်ပြောလိုက်သည်ထိုအခါသူက

" အေးဟုတယ် ငါက အရက်သမား ဒါပေမဲ့ ငါက အရက်ပဲသောက်တာ နင့်လို သူများမိသားစုကိုဖြိုခွဲဖို့ကြံနေတဲ့သူလို မယုတ်မာဘူး  ''

"ရတယ်  ရှင်နဲ့ ပူးပေါင်းလို့ရမလားလို့ လာပြောကြည့်တာ မရလဲ ကျွန်မဘာသာတစ် ယောက်ထဲလုပ်မယ် ''

"မင်းကဘာကိစ္စ သူများယောကျာ်းကို အရမ်းတွေလိုချင်နေရတာလဲ ငါစဥ်းစားမရဘူး မင်းကိုကြည့်ရသလောက်တော့ ရုပ်လေးလဲ ချောပါတယ် ပညာလေးလဲ တတ်မဲ့ပုံပါအာ့တာကို ဘယ်လိုကြောင့် ဒီလို ဖြစ်နေရတာလဲ''

"အာ့တာကျွန်မ ကိစ္စ ပါဘာလို့လဲဆိူတော့ အကို့ကို ကျွန်မ ချစ်လို့လေ''

"သူက ရောမင်းကိုချစ်လိူ့လား''

"သူမချစ်လဲ ဘာဖြစ်လဲ ကျွန်မ ချစ်နေရင်ရပြီလေ ရှင်မကူညီနိုင်ရင်ကို့လမ်းကိုသွား ကျွန်မကို ဆရာကြီး လာမလုပ်နဲ့''

"အေးပါ ငါကလဲ သွားမှာပါဒါပေမဲ့တခုလောက်ပြောလိုက်ဦးမယ် မင်းက သူ့ကို ချစ်တာမှ မဟုတာ အတ္တကြီးနေတာ တနေ့  မင်းအတ္တကြောင့်မင်း ဒုက္ခရောက်ရလိမ့်မယ်အာ့တာတော့မှတ်ထား '' ထိုလူက ပြောပြီးထွက်သွားလေသည်။.သွယ်လဲ ဒေါသထွက်လို့ တောက်တချက်ခတ်လိုက်သည်

"တောက်.. သူ့လိုလူကများ ငါ့ကိုဆရာလုပ်နေတယ် သူမကူညီလဲနေ ငါ့ဘာသာ ပဲ လုပ်ရတော့မှာပေါ့''   သွယ်လဲ ရွာထဲသာဝင်ခဲ့လိုက်ခပ်သုတ်သုတ်ဝင်လာလိုက်သည် တော်ကြာတစ်ယောက်ယောက်မြင်နေမှ ဒုက္ခရောက်မှာဆိုးသောကြောင့်ဖြစ်သည်။

မောင်ပြန်လာပြီ လို့ဖုန်းဆက်ထားလို့ ပန်အိမ်ထဲမှာပဲ စောင့်နေလိုက်သည်။.တော်ကြာ ဆိုင်ထဲဆင်းနေလို့ အဆူခံရမှာစိုးလို့ ပင် ဖြစ်သည်။ ခနနေတော့ကားသံကြားလိုက်သည် မောင်တို့ ပြန်လာပြီထင်သည်။ ကားသံကြားပြီး သိပ်မကြာမောင်က အထုတ်တွေဆွဲပြီးအိမ်ထဲဝင်လာသည် ပြီးတော့ ပန်ထိုင်နေတဲ့ ခုံနားကို လျှောက်လာပြီး အထုတ်တွေကိုခုံပေါ်တင်ရင်း ဝင်ထိုင်သည်

"ပန် နေကောင်းတယ်မလား ခေါင်းရောမူးသေးလား ''

"မမူးဘူး ကောင်းပါတယ် မောင်ရဲ့''  ပန်က ကိုယ်ဝန် စရှိတဲ့က သူများတွေလိုအန်တာဘာညာမရှိပါ နည်းနည်း မူးတာလောက်သာရှိသည်။.အာ့တာကြောင့်မောင်ကမေးတာဖြစ်မည်။

"ဘာတွေဝယ်လာတာလဲ မောင်ရဲ့''  ပန်ကမေးတော့

" ဒီမှာလေ ပန့်အတွက်ဗိုက်ဖုံးအကျီဝယ်လာတာ ပြီးတော့ အကျီနဲ့တွဲဝတ်ဖို့ ထမိန်တွေရောပဲ ထမိန်တွေကချုပ်ပြီးသား အဆင်သင့်ဝတ်ရုံပဲ ''  မောင် က အထုတ် တွေထဲက နေ တခုချင်းစီကို ပါးစပ်က ရွတ်ပြလိုက် နဲ့ အလုပ်ရှုပ်နေသည်။.ပန်လဲ ကြည့်လိုက်တော့ ကလေး ပုံလေးတွေ ဖြစ်သည်။.ပန့်အတွက် ကိုယ်ဝန်သည်အားဆေးတွေရောအသီးတွေရောစုံနေတာပဲ

"မောင့် ဒါကြီးက ဘာကြီးလဲ ဟင် ခေါင်းအုံးလား ခေါင်းအုံးက တမျိူးကြီးပဲ ''

"အာ့တာ ကိုယ်ဝန်သည်တွေအတွက်ထုတ်ထားတဲ့ ခေါင်းအုံးလေ ကိုယ်ဝန်လရင့်လာရင်အိပ်ရတာအဆင်မပြေဘူးလေ ဟိုဖက်ဒီဖက်လှည့်ဖို့က အာ့တာကြောင့်ဝယ်လာတာ''

"မောင်ရယ် ပန့်ဗိုက်က ခုမှ၄လ ရှိသေးတာလေ ပြီးတော့ မလိုပါဘူး အာ့တာတွေ''

"အခုက ၄လဆိုပေမဲ့ နောက်ကျ လရင့်လာမှာပဲလေ အာ့တာကြောင့်တခါထဲဝယ်လာလိုက်တာ မလိုဘူးတော့ ရှိမလား ရှိနေတော့ပိုအဆင်ပြေတာပေါ့ ကွာ အကျီလေးတွေကို တနေ့တစ်ထည်ဝတ်နော် ခုညနေရေချိုးပြီး ဝတ်လိုက်နော်''

"မောင် ကလဲ ဗိုက်ထွက်မှ ဝတ်မယ်လေ အခုသိမ်းထားလိုက်မယ်''

"မရဘူး အခုဝတ် မောင်က ပန့်ကို ဗိုက်ဖုံးအကျီလေးနဲ့မြင်ချင်တာလေကွာ ညနေဝတ်ပြနော်''

"အင်း ပါ ဝတ်ပါ့မယ် ပြီးတော့ မောင့်ကိုပြောရဦးမယ်သိလား '' ပန်ပြောတော့

"အင်း ပြောပါ ဦး ''

"ဒီလိုလေ သကြ်န်  နီးနေပြီလေ အာ့တာ သကြ်န်တွင်းမှာ စတုဒိသာကျွေးမလားလို့မောင့်ကိုတိုင်ပင်တာ''

" ကျွေးလေ ပန်ရဲ့ အလှူ လုပ်တာပဲကွာ မောင့်ကိုပြောစရာမလိုပါဘူး ''

"အာ့လိုလဲ ဘယ်ဟုမလဲ မောင်ရဲ့ မောင်က အိမ်ထောင်ဦးစီးလေ ပြီးတော့ စီးပွားရှာနေတဲ့သူဆိုတော့ မောင့်ခွင့်ပြုချက်လိုတာပေါ့''

"ဟုပါပြီ ကွာ အာ့တာကြောင့် မောင်က ပန့်ကိုချစ်နေရတာ'' မောင်ကပြောပြီ ပန့်ကို သိုင်းဖက်ရင်း ပါးကိုနမ်းလိုက်သည်။ဧည့်ခန်းထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့သာပြည့်နေသည်။

ဒါပေမဲ့ နောက်ရက်ကျ သူတို့အာ့လိုပျော်နိုင်ပါ့မလားဆိုတာကိုသိရင်ရော အခုလိုပဲ ပျော်နေပါ့မလား။

................,.....................

Yoon

မနက်က ခေါင်းကိုက်ပြီး မျက်စိတွေလဲစပ်နေလို့တင်မပေးဖြစ်တာပါ.
စာတော့စစ်မထားဘူး ဖြည့်ဖတ်ပေးနော်

Continue Reading

You'll Also Like

4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
523 105 5
" ပန်းပွင့်တွေက မြင့်မြတ်တယ်။ ပန်းတွေရဲ့အဓိပ္ပါယ်ကိုနားလည်ခြင်းက တော်၀င်ဘာသာစကားတစ်ခုကိုတတ်မြောက်ခြင်းတဲ့။ ပြောထွက်ဖို့ခက်ခဲတဲ့စကားလုံးတွေကိုပန်းတွေန...
11.6K 475 27
aizawa's daily dose of head aches
1.3M 100K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...