မနက်ခင်းရဲ့အစမှာ ပန်တို့ဆိုင်လေးကတော့ စည်ကားစွာ ရောင်းချနေရတာပဲ ဖြစ်သည်။ ဆောင်းပြန်ဝင်လာတဲ့အချိန်ဆိုတော့ အနွေးထည်ဝယ်ယူသူများသည်။ မဂ်လာဆောင်တွေလဲရှိတော့ ရွာထဲ က မိန်းမပျိုများက မဂ်လာဆောင်ဝတ်ဖို့ အကျီအစတွေနဲ့ချိတ်ထမိန်တွေလာဝယ်ကြသည်။ တချိူ့မဂ်လာဆောင်တွေကျ ချက်ဖို့ပြုတ်ဖို့ ပစ္စည်းတွေကအစ စာရင်းနဲ့ဝယ်သွားပြီးမဂ်လာဆောင်ပြီးမှ ပိုက်ဆံလာချေကြသည်။ အာ့တော့ ပန်တို့ဆိုင်လေးက လူစီနေသည်။ ကောင်မလေးတွေလဲ မနားရပေ ပစ္စည်းချသူကချ စစ်သူကစစ် ထုပ်ပိုးပေးသူကပေးနှင့်ပန်နဲ့ ပန်းနုကတော့ ဒိုင်ခံစာရင်းရေးရသည်။ မောင်ကတော့ မရှိ မနက်က သူကြီး ခေါ်လို့သွားရသည် ဘာအကြောင်းတော့မသိပေ ။ဝယ်သူနည်းနည်းရှင်းသွားတော့မောင်ပြန်လာတာကိုဆိုင်ထဲက မြင်လိုက်၍ ပန်လဲ ဆိူင်ကိုပန်းနုမဲ့ခနထားပြီး မောင့်နောက်လိုက်သွားလိုက်သည်။ အိမ်ထဲရောက်တော့ မောင်က နောက်ဖေးမှာရေဝင်သောက်နေတာတွေ့၍ပန်လဲ ဧည့်ခန်းကသာထိုင်စောင့်နေလိုက်သည်။ ခနနေတော့မောင်ထွက်လာပြီးပန့်ဘေးနားဝင်ထိုင်ပြီးမှ ပန်က
" မောင် သူကြီး ကဘာတဲ့လဲ ''
" သြော် ရွာကို သူနာပြု တစ်ယောက်ရောက်မယ်တဲ့ အထက်က ချပေးတယ်ပြောတာပဲ အာ့တာမောင့်ကို အကူအညီတောင်းတာ မောင် ကဆရာဝန်လုပ်ဖူးတော့ လေအာ့သူနာပြုကိုကူညီပေးဖို့ပေါ့ကွာ အာ့အကြောင်းခေါ်ပြောတာ''
"သြော် ကောင်းတာပေါ့ မဟုရင် လူနာ အ ရေးတ ကြီး ဆိုမောင်ပဲ သွားနေရတာ အခုအဆင်ပြေသွားတာပေါ့''
" အင်းလေ အာ့တာကွာ မောင့်ကိုသွားကြိုခိုင်းတာ ပထမတော့ ရွာကလူတွေကိုသွားကြိုခိုင်းမလို့ဒါပေမဲ့အိမ်မှာကားရှိတော့ပိုအဆင်ပြေတယ်လေ အာ့တာ ကြောင့်မောင့် ကိုခေါ်ပြီး အကူအညီတောင်းတာ''
"ဘာဖြစ်လဲ မောင်ရဲ့ ကို့ရွာအတွက်ပဲ သွားလိုက်ပါ ''
"အင်း ပါ မောင် လဲ သွားမယ်လို့ပြောခဲ့ပါတယ်'' ပန်တို့အိမ်မှာ ကားဝယ်ထားတာသိပ်မကြာသေးပေ။ အိမ်စီးကားမဟုပေမဲ့ light truck ကားဆိုတော့ ပစ္စည်းရောလူရောတစုတစည်းထဲ တင်လို့ရတယ်လေ အာ့ကြောင့် သူကြီး ကအကူအညီတောင်းတာဖြစ်မည်။ ရွာကလူတွေသွားရင်လှည်းနဲ့ဆိုတော့ သိပ်အဆင်မပြေဘူးလေ ကို့ရွာကို လာပြီး ကျန်းမာရေး စောငိ့ရှောက်ပေးတာပဲ ကျေးဇူး တင်ရမည်။
ဒီနေ့မနက် မောင် ကဆရာမကိုသွားကြိုသည်ကိုသန့်စင်ကလဲ မြို့ကို စပါးသွားချတော့ ပန်းနုနဲ့ ပန်နဲ့နှစ်ေ ယာက်ဆိုင်မှာပတ်ချာလည်နေသည် ။ ဓာတ်မြေသြဇာ က ပန်ကသိပ်မသိလို ပန်းနုက လဲယောင်လည်လည် တော်သေးတာက ခန့်ထားတဲ့ကောင်လေးတွေကနားလည်လို့ အဆင်ပြေသွားတာဖြစ်သည်။
ခန့် ရွာထိပ်က လမ်းမကြီးကိုရောက်တော့ အစိမ်းရောင် ပါတိတ်ဝမ်းဆက်ဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ရသည်ဘေးမှာလဲ အထုတ်တွေနဲ့ဆိုတော့ ကျွန်တော်လဲ သွားမေးလိုက်သည်
" ညီမ က 'အေးရိပ်သာယာ' ရွာကိုလာတဲ့ သူနာပြု ထင်တယ် ''
" အာ ဟုပါတယ် အကိုက '' ကောင်မလေးကမေးတော့ ကျွန်တော်လဲ
" ဟုတ်တယ် အကိုက အာ့ရွာကနေ ညီမ ကိုလာကြိုဖို့လွှတ်လိုက်တဲ့သူ အာ့တာဆို အထုပ် တွေကားပေါ်တင်လိုက်မယ်နော်''
" အာ ဟုကဲ့ ကျေးဇူး တင်ပါတယ် နော် ''
ကျွန်တော် တို့လဲ ကားနဲ့ရွာဖက်ကို ပြန်မောင်းလာလိုက်သည်။ထိုကောင်မလေးက
"ညီမ နာမည် စိမ်းညို့သွယ် ပါ သွယ်လို့ ခေါ်လို့ရပါတယ် အကို့နာမည်ကရော'' ကောင်မလေးကမေးတော့
" အာ... အကို့ နာမည်က ခန့်တည်ကြည်မောင် ပါ ''
" သြော် ဟုကဲ့ '' သွယ် တစ်ယောက်ထဲ မတ်တပ်ရပ်စောင့်နေတာကြာပြီ တစ်ယောက်မှလာမကြိုသေးသလိုနေကလဲ ပူနေတော့အရမ်းပင်ပန်းလာသည်။ ထိုအချိန် အရပ်ရှည်ရှည်နဲ့ အကိုတစ်ယောက်က လာကြိုတာလို့ပြောပြီး အထုတ်တွေကို ကားပေါ်တင်ပေး၍ကားပေါ်တက်ခိုင်းပြီး ရွာထဲ ကိုမောင်းဝင်သွားသည်။ ကားမောင်းနေတဲ့အကို့ကို သွယ်ခနခန ခိုးကြည့်မိသည်။ အခူမှ မြင်ဖူးပေမဲ့ အကို့ကို သွယ်ရင်ခုန်မိသည်။ကားမောင်းနေတဲ့အကို့ပုံစံက သိပ်ကို ယောကျာ်းပီသ သည်။စတစ် လက်ရှည် လည်ကတုံးနဲ့ ပုဆိုး အစိမ်းကွက်လေးဝတ်ထားတဲ့အကိုကအရမ်းကို ကြည့်ကောင်းနေသည်။ မသိရင်သွယ်တို့နှစ် ယောက်ကဆင်တူ တွေလို့ဖြစ်နေတာလေ ကို့အ တွေးနဲ့ကို ကြည်နူးမိသည်။သွယ်လဲ နာမည်မေးကြည့်တော့ ' ခန့်တည်ကြည်မောင်' တဲ့ အကိုက စကားနည်းလွန်းသည် သွယ့်ဖက်ကမပြောရင် သူ့ကအရင်လူံးဝမပြောပေ။သွယ်လဲ ဆက်မပြောပဲနေလိုက်ပြီး အကို့ကိုပဲ ပြန်ကြည့် နေမိသည်။အကျီလက်ကိုခေါက်တင်ထားတဲ့အကိုက ညာဖက်လက်မှာနာရီပတ်ထားသည် ဘယ်ဘက် လက်ကိုအကြည့်ပို့မိတော့လက်သူကြွယ်မှာလက်စွပ်ဝတ်ထားတာကို မြင်တော့လန့်သွားသည်။ အကိုက. ပိုင်ရှင်ရှိပြီးသားလားဆိုပြီး နောက်မှကို့ဘာသာဖြည့်တွေးလိုက်သည် ဒီတိုင်း ဝတ်ထားတာ ဖြစ်မယ်လို့ တချိူ့ယောကျာ်းလေးတွေလဲ ရွှေဝတ်ကြသည်လေ။ ဒီတစ်ခါ တာဝန်ကျတာ သွယ်အတွက် ကံကောင်းတယ်ပြောရမည်။ပထမကရွာဆိူတော့ မသွားချင်လို့စိတ်ညစ်မိပေမဲ့ အခု ကျတော့ ရွာကိုပို့ပေးတဲ့ဆေးရုံအုပ်ကိုပဲကျေးဇူးတင်မိသည်။ သူ့ကြောင့်အကိုနဲ့ တွေ့ရတာမလား အတွေးတောင်မဆုံးသေးပူး ကားရပ်လိုက်တာကြောင့် ဘေးကိုကြည့်မိတော့ ရွာကိုရောက်နေပြီဖြစ်သည်။အကိုက ကားပေါ် ကအရင်ဆင်းပြီးအထုတ်တွေကိုချနေပြီမို့သွယ်လဲ ကားပေါ်ကဆင်းလိုက်သည်။ ထို့နောက် လူတွေစုနေတဲ့ အိမ်ထဲကိုသာဝင်သွားလိုက်သည်။
" အော် ဒီက ကလေးမ က မြို့ကပို့လိုက်တဲသူနာပြုထင်တယ် '' ထိူင်ခုံမှာထိုင်နေတဲ့ဦးလေးတစ်ယောက်ကပြောတော့ သွယ်လဲ
" ဟုပါတယ် ဦးလေး သွယ့်နာမည် စိမ်းညို့သွယ် ပါ မြို့က လွှတ်လိုက်တဲ့ သူနာပြုပါ''
"အေးပါကွယ် ဦးလေးက ရွာက သူကြီး ဒါက ဦးအမျိူးသမီး ဒေါ်စုမြတ်တဲ့ ဟိုကတော့ရွာသားတွေပါ သမီးကိုလာကြိုတဲ့သူကိုတော့သိပြီးသားမလား ''
"ဟုကဲ့သမီးသိပါတယ် ''
" အေးပါကွယ် သမီးက ဦးလေးတို့အိမ်မှာပဲနေပေါ့ ဆေးခန်းလေးကအဆင့်သင့်ပဲ အရင်က. ဆရာလေး ခန့် ဖွင့်တယ်လေ အခုတော့သူကလဲ စီးပွားရေး နဲ့ဆိုတော့လဲမဖွင့်နိုင်တော့ဘူး အခူလိုသမီးရောက်လာတော့ဝမ်းသာတယ်ကွယ်'' သူကြီး နဲ့သွယ်နဲ့ပြောနေတုန်း အကိုက သူကြီး ကိုနှုတ်ဆက်ပြီး ကားမောင်းပြီးပြန်ထွက်သွားသည်။သွယ်လဲ ပစ္စည်းတွေသိမ်းစရာရှိတာသိမ်းပြီးနေရာချဖိူ့ သူကြီးကတော်ခေါ်တဲ့နောက်ပဲ လိုက်သွားလိုက်သည်။
ပန်တို့ အလုပ်ရှုပ်နေတဲ့အချိန်မောင်ကပြန်ရောက်လာပြီး ဆိုင်ကိုဝင်ကူသည်။မောင်ရောက်လာလို့သာပဲ မဟုရင် ဆေးတွေကို ပန် နားမလည်ဘူးေလကောင်လေးတွေကလဲသိပ်မသိကြတော့ မောင်နဲ့မှ အဆင်ပြေတာဖြစ်သည်။အကုန်ရောင်းချပြီးတော့ နေ့လည်ထမင်းစားနားချိန်ရောက်ပြီးမို့ ကလေးတွေကထမင်းစားနေကြပြီး မောင်နဲ့ပန်က အိမ်ထဲဝင်လာလိုက်သည်။ ကိုသန့်စင် နဲ့ ပန်းနု ကအိမ်ကိုပြန်စားသည်ဒီမှာစားပါ ပြောလဲမရ အိမ်မှာအရီးလေးတစ်ယောက်ထဲမလို့ ဆိုပြီးအမြဲပြန်သည်။ပန်လဲ ထမင်းပွဲပြင်ပြီး မောင် ကိုခေါ်လိုက်သည်စားသောက်နေရင်း မနက်က သွားကြိုတဲ့ကိစ္စကိုမေးရသေးသည်
"မောင် မနက်က သွားကြိုတာ အဆင်ပြေလား''
"ပြေပါတယ် ပန်ရယ် အခုမှပဲမောင်လဲစိတ်ချမ်းသာတော့တယ်''
"ဘာလို့လဲ မောင်ရဲ့ '' ပန်ကမေးတော့
" ဘာဖြစ်ရမှာလဲ တခါတလေ ညပိုင်း တွေလာခေါ်ရင် ပန်ကတစ်ယောက်ထဲ ကျန်ခဲ့ရတာလေ ပြီးတော့ မောင်နဲ့ပန်က ညပိုင်းပဲအတူတူနေရတာ မနက်ကျဆိူင်ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာလေ အခု ဆရာမရောက်လာတော့အဆင်ပြေတာပေါ့''
"ဟုပါပြီ မောင်ရယ် ကဲစား...ဒီမှာမောင်ကြိုက်တဲ့ ငါးပေါင်းချက်ထားတာ''
"အင်းပါ စားနေပါတယ်အများကြီးစားမယ်ဟုပြီလား.'' ထမင်း ဝိုင်းလေးက တစ်ယောက်တပြန်ဟင်းထည့်ပေးရင်းနဲ့ကြည်နူးစရာအတိအပြင်လူမြင်ရင်တောင်အားကျစရာပင် ။ ပန်တို့ တွေအိမ်ထောင်ကျတာ တနှစ်ပြည့်သွားပေမဲ့ အခုထိ တစ်ယောက်နဲ့တစ်ယောက် အရင်တိူင်းချစ်တုန်းပဲ ဖြစ်သည်။တနေ့တခြားအချစ်တွေပိုတိုးလာတာပဲရှိသည်။ ရန်ဖစ်တာလဲမရှိသလိုစိတ်ဆိူးစိတ်ကောက်လဲ ခနသာ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့အတွက် ပန်တို့အိမ်ထောင်ရေးလေးက သာယာချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။
သွယ် ရွာကို ရောက်တာ တစ်လပြည့်ပြီဖြစ်သလိုရွာကလူတွေနဲ့လဲ အကုန်ရင်းနှီးနေပြီဖြစ်သည်။ အကို့အကြောင်းကိုလဲသိရပြီဖြစ်သည်။ ရွာထဲက ကောင်မလေးတစ်ယောက်ကိုမေးကြည့်တော့ကောင်မလေးက အကုန်ပြောပြသည်။ အကိုက ဒီရွာက လူမဟုတ်သလို ဆရာဝန်တစ်ယောက်ဖြစ်သည်တဲ့ ပြီးတော့ အိမ်ထောင် နဲ့တဲ့လေ အာ့စကားကြားရတော့ သွယ်အိပ်မက်တွေရိုက်ချိူးခံရသလိုပဲ ဒါပေမဲ့ နောက်ထပ်ပြောလာတဲ့စကားတွေကိုကြားရတော့သွယ် မျှော်လင့်ချက်ရေးရေးလေးဖြစ်ပေါ်လာရသည်။ အာ့စကားက အကိုယူထားတဲ့သူက မိန်းမအစစ်မဟုဘူးတဲ့လေ ဒွိလိင်တဲ့ သွယ်လဲစာသင်ဖူးတော့ ဒွိလိင် တွေအကြောင်းကိုသင်ဘူးသလိုဖတ်လဲဖတ်ကြည့်ဘူးသည်။ ဒွိလိင်ဆိုတာ လိင်နှစ်မျိူးပါတဲ့သူဖြစ်သည် ။မိန်းမလိုနေလဲ တကယ် မိန်းမ အစစ်မှမဟုတာ အချိန်ကြာလာရင် အကိုငြီးငွေ့သွားမှာပဲလေပြီးတော့ဒွိလိင်တွေက မ ဟော်မုန်းများမှကလေး ရနိုင်ကြတာဖြစ်ပြီး ကျားဟော်မုန်းများတဲ့သူဆို ကလေးမရနိူင်ဘူးလို့ ဖတ်ဘူးသည်။ပြီးတော့ အကိုယူထားတဲ့သူက ခုထိကလေးမရသေးဘူးတဲ့သူတိူ့ညားတာ တနှစ်ကျော်နေပေမဲ့အခုထိကလေးမရသေးတော့ ကျားဟော်မုန်းများတဲ့သူပဲ ဖြစ်ရမည်။ ဘယ်ယောကျာ်းမဆို ကလေးလိုချင်ကြတာပဲ ဖြစ်သည်။ ကိုယ်ရဲ့သွေးနဲ့ဖြစ်တည်လာတဲ့ကလေးကို မလိုချင်တဲ့ယောကျာ်းဆိူတာမရှိဘူးလေ။ ကလေးဆိုတာ အိမ်တစ်အိမ်ရဲ့ဆည်းလည်း တဲ့။ အခုအကိုယူထားတဲ့သူက ကလေးမရနိုင်မှတော့ အကိုလဲအချိန်ကြာလာရင် ငြီး ပြီးကွာ ပြစ်မှာ ကျိန်း သေ သည်။အာ့အချိန်ကျမှသွယ်က အကိုနဲ့ အဆင်ပြေအောင်ကြိုးစားမည်။ အာ့တစ်ယောက်ဖက်ကမကျေနပ်ရင်လဲ ပိုင်ဆိုင်မှု အနည်းငယ်ပေးလိုက်မည်လေ ဘာဖြစ်လဲ အကိုက ပိုက်ဆံအရှာတော်တယ်တဲ့ အခုလိုအခြေအနေဖြစ်လာတာကလဲ အကို့ရဲ့ရှာဖွေကြိုးစားမှုကြောင့်ပဲလေ။ သွယ်ကတော့ကို့အတွေးနဲ့ကိုပီတိဖြစ်မိသည်။ အခုလဲ အကို့ကိုတွေ့ချင်လို့ အကို့ဆိုင်ဖက်ကိုသွားမလို့ပဲ ဖြစ်သည်။ ဆိုင်ရောက်တော့ အကို့ကိုမတွေ့လို့မေးကြည့်မယ်လုပ်ခါမှ အကိုက အိမ်ဖက်ကနေဆိုင်ထဲကိုဝင်လာသည် အကို့ဘေးမှာလဲ ကောင်မလေး တစ်ယောက်ပါလာတာတွေ့သည် အကို့က သွယ့်ကိုမြင်တော့
" သြော် ညီမ စိမ်းညို့သွယ်ပါလား စျေးလာဝယ်တာလား '' အကိုကနှုတ်ဆက်တော့သွယ်လဲ
" ဟုတ်တယ် အကို စျေးလာဝယ်တာအကို့ကိုမမြင်လို့မေးတော့မလို့''
" အကို့က အိမ်ထဲဝင်နေတာလေ ဒီမှာပေါ့ ကလေးပေါက်စတယောက် စကားနားမထောင်လို့ပြောနေရတာ '' အကိုကပြောပြီးခုနကကောင်မလေးကိုပြုံးပြီးကြည့်နေသည်ပြီးကာမှ
" ညီမ ကိုမိတ်ဆက်ပေးရဦးမယ် ဒါက အကို့ အမျိုးသမီးလေ ပန်တော်မူ တဲ့ ပန် အာ့တာက မောင်ပြောတဲ့ဆရာမလေ '' အကိုမိတ်ဆက်ပေးမှ ခူနက ကောင်မလေးက အကိုယူထားတဲ့ဒွိလိင်ဆိူတဲ့တစ်ယောက် ဆိုတာ သိရသည်။ သွယ်စာအုပ်ထဲမှာမြင်ဘူးတဲ့ဒွိလိင်တွေလိုမဟုပဲ အသားလေးကဖြူပြီးမျက်နှာလေးက ဝိုင်းဝိုင်းလေးနဲ့ ခန္ဓာကိုယ် ကလဲတကယ့်မိန်းမ အတိုင်းအတော်ကိူကြည့်ကောင်းသည် ကြည့်ကောင်းတာထက်ချောတယ်လှတယ်ပြောရင်ပိုမှန်မည်။သွယ်တွေးနေရင်းအာ့တစ်ယောက်ကသွယ့်ကိုပြန်နှုတ်ဆက်သည်
"ဟုတ် အမ မောင်ပြောဘူးလို့သိနေပေမဲ့လူကခုမှတွေ့ဘူးတာ အမက အရမ်းလှတာပဲနော်''
" အာ.ကျေးဇူးတင်ပါတယ် ညီမလဲ လှပါတယ် အာ့တာကြောင့် အကိုက သည်းသည်းလှုပ်နေတာဖြစ်ရမယ် '' သွယ်ကအာ့လိုပြောတော့ အကိုက
"ဟုတ်တယ် ညီမရေ သည်းသည်းလှုပ်နေရတယ် အခုတောင်ခေါင်းမူးတယ်ပြောပြီးမနားပဲဆိုင်ထဲဆင်းလာလို့ ပြောနေရတာ''
"မောင် ကလဲ ပန် က ဘာမှမဖြစ်ပါဘူး ရင်ပြည့်ပြီးမူးတာဖြစ်မှာပါ မနက်က ထမင်းကြော်စားတာများသွားလို့ အမကိူအားနာစရာ''
"သြော်ဒါနဲ့ အကိုတို့က ကလေးမရသေးတာလား မယူသေးတာ လား '' သွယ်တမင် မသိချင်ယောင်ဆောင်ပြီး မေးလိုက်တော့ အာ့တစ်ယောက်မျက်နှာက ပျက်သွားသည်။ အကိုက
" မယူသေးတာလေ အကို့မှာ ဒီကလေးလေးတောင်ချစ်မဝသေးလို့ တမင်မယူတာ''
"သြော် အင်း ပါ အာ့ဆိုသွယ်ပြန်ပြီနော်''
"အင်း ပါ ညီမ '' ဆရာမလေး ပြန်သွားမှ ခန့်လဲ ပန့်ကိုကြည့်မိတော့ပန်က မျက်နှာ သိပ်မကောင်း ကျွန်တော် လဲ
" ပန် ကလဲကွာစိတ်မကောင်းဖြစ်နေပြန်ပြီလား မောင်ဘာမဖြစ်ပါဘူးဆို''
"ဒါပေမဲ့.......''' ပန်ပြန်ပြောမယ်လုပ်တော့မောင်က ပန်နှုတ်ခမ်းနားက်ု လက်ညိုးနဲ့လာပိတ်ပြီး
" ရှူးး.....မောင်ပြောမယ်နားထောင် ခုနကပြောသလိုပဲ မောင့်မှာဒီကလေးလေးကိုတောင်ချစ်မဝသေးဘူး အာ့ကြောင့်ကလေး မရသေးတာကိုခေါင်းထဲမထည့်နဲ့ဟုပြီလား လိမ်မာတယ်.. ရွှတ် '' မောင် ကပြောပြီး ပန့်နဖူးကို နမ်းပြီးဟိုဖက်ဆိုင်ကိုထွက်သွားသည်။ ဘယ်လောက်ပဲ မောင်က မလိုချင်ဘူး ပြောပြော မောင်လဲယောကျာ်းပဲလေ သူ့ရင်သွေးတော့လိုချင်မှာပဲလေ ပန် ကအတွေးထဲမျောနေရင်း ပန်းနုက ေခါ်မှ သတိဝင်တော့သည်။
" ဟဲ့ မိပန်မ ခုနကတစ်ယောက်က ဘယ်သူလဲ ဘယ်က လဲ ''
"သြော် ရွာကိုရောက်လာတဲ့သူနာပြုလေ ဘာဖြစ်လို့ လဲ '' ပန်ကမေးတော့
" အမလေး ကိုကြီး ကို အကို အကို နဲ့ ပါးစပ်အမြှပ်ထွက်မတတ်ခေါ်နေတာ ပန်ပန် ကို့လူကိုထိန်းနော်'' ပန်းနုက မျက်နှာကို မဲ့ရွဲ့ပြပြီးပြောတော့
"ပန်းနု တိုးတိူးပြောပါဟယ် နင်ကလဲ မဟုတာတွေ လျှောက် ပြောပြန်ပြီ မောင့်မှာ အိမ်ထောင်ရှိမှန်းသိပြီးသားလေ ပြီးတော့ သူကလဲ အာ့လို လုပ်ပါ့မလားဟဲ့ မောင့်ကိုလဲ ငါယုံတယ်''
"ကိုကြီး ကိုယုံရတာတော့ငါသိပါတယ် ဒါပေမဲ့ ခုခေတ်မိန်းမတွေက ယုံရတာမဟုပူး အိမ်ထောင် ရှိလဲ မချန်ပူး ပြီးတော့ခုနက သူကိုကြီးကို ကြည့်တဲ့အကြည့်ကမရိုးဘူး နင်သတိထားကြားလား ''
"အေးပါဟယ် သတိထားပါ့မယ် '' ပန်းနုကစေတနာနဲ့ပြောပေမဲ့သူတစ်ပါးအပေါ်အထင်နဲ့တော့သံသယမဖြစ်ချင် မောင့်ကို ယုံတာလဲ ပါမည် ။ ထားပါ တော့ လေ စျေးရောင်းဖို့ပဲ အာရုံစိုက်တော့မည်။ ခုရက်ထဲ ခေါင်းက အမြဲမဟုတောင် ခနခနမူးနေသည်ဒါပေမဲ့လဲ ခနပဲဆိုတော့ မောင့်ကိုမပြောရဲခု မနက် တောင် ပန်းနုကိုပြောနေရင်းသူကကြားသွားသေးသည်။
ရွာမှာ စုပေါင်း ပြီးလမ်းခင်းဖို့အတွက် သူကြီး က ခေါ်လို့ မောင်ကတော့သွားသည် ပန်ကတော့ အိမ် မှာပဲ ကျန်ခဲ့လိုက်သည် ခေါင်းက နည်းနည်းမူးနေတာနဲ့ မလိုက်ဖြစ် ဆိုင်ကလဲ တနဂ်နွေ ဆိုတော့ ပိတ်သည် ။တစ်ပတ်ကိုတစ်ရက်တော့ နားရက်ပေးလိုက်သည်မဟုရင် ကလေးတွေလဲ ပင်ပန်းသည်လေ နားရက်လေးရှိတော့ သူတို့ အတွင်အဆင်ပြေတာပေါ့
ခန့် သူကြီး အိမ်ကပြန်မယ်လုပ်တော့ ဆရာမ က စကားပြောစရာရှိလို့ ခနနေပါဦးဆိူလို့ စောင့်နေလိုက်သည် တကယ်တော့ အိမ်ကိုပြန်ချင်နေပြီဖြစ်သည်အိမ်မှာပန်က နေသိပ်မကောင်း တစ်ယောက် ထဲ ကျန်ခဲ့တော့ စိတ်မချဖြစ်ရသည်လေ ခနကြာတော့ ဆရာမလဲ ထွက်လာပြီး ကျွန်တော် တို့လဲ အေးဆေး စကားပြောလို့ရမဲ့နေရာသွားလိုက်သည်။
" ညီမ ဘာပြောစရာရှိလို့လဲ အိမ်မှာ ပန်က နေသိပ်မကောင်းလို့ ပြန်ချင်လို့ ပြောချင်ရင်မြန်မြန်လေးပြောပေးပါလား '' ကျွန်တော် ပြောတော့သူက
"အကိုသူ့ကိုသိပ်ချစ်တာပဲလား '' ရုတ်တရက်ကြီးထမေးတော့ ကျွန်တော်ကြောင်သွားတယ် ကျွန်တော် ထင်တာဆေးအကြောင်း လူနာအကြောင်းပြောမယ်ထင်တာ ခုလိုမေးမယ်မထင်တော့ ဘာမှမပြောပဲနေမိတာကိုသူကထပ်မေးသည်
" ဖြေပေးပါ အကို သူ့ကိုသိပ်ချစ်တာ ပဲလား''
" ချစ် တာပေါ့ကျွန်တော်က တစ်သက်မှာတစ်ယောက်ပဲချစ်ရမယ်လို့တွေးထားတာ အာ့တစ်ယောက်ကလဲ ပန် ပဲ ဘာလို့မေးတာလဲ ''
ကျွန်တော် မေးတော့သူက
" အကို သွယ်ကို ထင်ချင်သလိုထင်နိုင်ပါတယ် ဘယ်လိုထင်ထင်ကိစ္စ မရှိဘူး သွယ်တည့်ပဲပြောမယ် သွယ် အကို့ကို ချစ်တယ် '' ကျွန်တော် တော်တော် အံသြ သွားတယ်မထင်ထားဘူးလေ
" ဗျာ ခနလေး ကျွန်တော့်မှာ အိမ်ထောင် ရှိတာသိရဲ့သားနဲ့ဒီလို စကားမျိူးကိုပြောတယ်ဆိုတော့ ''
"သွယ်ပြောပြီးပါပြီး သွယ့်ကို ကြိုက်သလိုထင်နိူင်ပါတယ်လို့ အကို့မှာအိမ်ထောင်ရှိတာသိပေမဲ့သူက မိန်းမအစစ်မှ မဟုတာ အကို့ကိုဘယ်လောက်သာယာမှုပေးနိုင်မှာမို့လို့လဲ ပြီးတော့ သူက ကလေးလဲ မရနိုင်ဘူးမလား '' သူကအာ့လိုတွေပြောလာတော့ ကျွန်တော် လဲအားမနာနိုင်တော့ပူး
" ဒီမှာ မစိမ်းညို့သွယ် ကျွန်တော် ပြောပြမယ်သေချာနားထောင်ပေးပါ ပန့်ကို ချစ်ထဲက သူကဒွိလိင်မှန်းကျွန်တော်သိတယ် သိသိရက်နဲ့သူတားနေတဲ့ကြားက ကျွန်တော် ရအောင်ယူခဲ့တာပြီးတော့ ကျွန်တော် က သူ့ကိုချစ်လို့ယူထားတာ ကျွန်တော် အတွက်သာယာမှုပေးနိုင်ဖို်မဟုဘူး အိမ်ထောင်တစ်ခုမှာ အိပ်ရာပေါ်က ကိစ္စ ပါမှ တည်မြဲတာမဟုပါဘူး မစိမ်းညို့သွယ် အယူအဆမှားနေသလိုပဲ နောက်တခုက သူက ကျွန်တော့်အတွက်ကလေးမွေးမပေးနိုင်လဲရတယ် ကလေးရှိမှ သူ့ကိုကျွန်တော်က ချစ်တာ မဟုဘူး ကလေးမရှိလဲ သူ့အပေါ်ထားတဲ့အချစ်က လျော့သွားမှာမဟုဘူး ကျွန်တော် ရွာကို လာပြီး ကျန်းမာရေး စောင့်ရှောက်မှူပေးတဲ့အပြင် မစိမ်းညို့သွယ် ရဲ့သိက္ခာကိုထောက်ထားပြီး ကျွန်တော် ဒီလောက်ပဲပြောပါရစေ နောက် နောင် ကျွန်တော်နဲ့မပက်သက်ပါနဲ့ဆေးကိစ္စ လူနာကိစ္စကလွဲရင်စကားလာမပြောပါနဲ့ အခုကိစ္စကိုလဲ မစိမ်းညို့သွယ် မပြောခဲ့ဘူးလို့ပဲ ကျွန်တော် မှတ်ယူလိုက်ပါ့မယ် ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး '' ကျွန်တော် လဲပြောပြီးလှည့်ထွက်လာလိုက်သည်။အစထဲက သူ့ရဲ့အကြည့်တွေကိုသတိထားမိပေမဲ့မဟုလောက်ဘူးပဲထင်ခဲ့တာအခုတော့ ထိုသို့မဟု သူကပေါ်တင်ဖွင့်ပြောလာသည်။တခါထဲအပြတ်ပြောပြစ်လိုက်သည်နောက်ကိုထပ်ပြီးဆက်နွယ်လာမည်ကိုစိုး၍ဖြစ်သည်။ဒီကိစ္စကြောင့်ပန့်ကိုလဲ စိတ်မညစ်စေချင်ပါ။
အကိုက သူ့ယူထားတဲ့သူကိုချစ်တာသိပေမဲ့ဒီလောက်ထိလို့မထင်ထားပေ။ သူ့လိုမျိုးလူကိုတောင်ငြင်းရလောက်တဲ့အထိကို ချစ်တာဖြစ်သည်။ဒါပေမဲ့ သွယ် လက်မလျှော့နိုင်ပါ။အကိုကငြင်းတော့ရောဘာဖြစ်လဲ။ ဟိုတစ်ယောက် ကိုသွားပြောမည်။ဟိုတနေ့က ကလေးကိစ္စပြောတော့မျက်နှာပျက်သွားတာကိုမြင်လိုက်သည်။ ကလေး ကိစ္စ နဲ့ခြိမ်းခြောက်ရင်တော့ရလောက်မည်။ ဘာပဲဖြစ်ဖြစ် အကို့ကိုသွယ့်အပိုင်ဖြစ်အောင်ကြိုးစားရမည်။အကိုစောင့်ကြည့်နေလိုက်ပါ အကိုက တနေ့မှာသွယ်အပိုင်ဖြစ်ကိုဖြစ်လာရမယ်။
ကောင်မလေးတစ်ယောက်ကတော့ ရုပ်လေးနဲ့မှမလိုက် မျက်နှာမှာကောက်ကျစ်မှုတို့အပြည့်သူ့ရဲ့ အတ္တတွေက သူ့ကိုပဲပူလောင်နေတာသူမသိ သူများအပေါ်မကောင်းတာ ကြံစည်ဖို့စဥ်းစားနေပြီးအာ့အကြံက သူ့ကိုဒုက္ခရောက်စေမှာသူမသိ........
.........................................
Yoon
ဒွိလိင် အကြောင်းက yoon လဲဖတ်ဘူးတဲ့fic ထဲကအကြောင်းကိုထည့်ရေးပေးထားတာပါ။ yoonလဲသိပ်မသိပါဘူးနော် ။ အာ့ficကိုလဲ crd ပေးပါတယ် 😁