Dog Training (mm-translation)
Iced-mocha
22.2K 1.8K 134
Original name - 训犬 (Xùn quǎn) Original author - 雁一夏 (Yàn yī xià) Eng name - Dog Training Eng translator - Min... Еще
Synopsis
Chapter 1- Prologue (18+)
Chapter 2- ရွမ်ရွမ်
Chapter 3- S အဆင့်အယ်လ်ဖာ
Chapter 4 - နာကြည်းမှုနှင့်နာကျင်မှု
Chapter 6 - လက်စားချေဖို့အချိန်ကောင်းမဟုတ်သေးဘူး
Chapter 7 - ဖယ်ရိုမုန်းများထုတ်လွှတ်ခြင်း
Chapter 8 - သူ့ကိုကုတင်ပေါ်ပဲခေါ်သွားချင်တာ
Chapter 9 - ကြက်ဥထမင်းကြော်
❌အသိပေးစာ❌
Chapter 10 - ကိုယ်ကအမြဲတမ်းဒီလိုပါပဲ
Chapter 11 - လူပိုတစ်ယောက်တိုးလာပြီ
Chapter 12 - နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံး
Chapter 13 - အဲ့မှာပဲရပ်မနေနဲ့
Chapter 14 - ပျိုးမကြဲပဲရိတ်သိမ်းခြင်း
Chapter 15 - ကိုယ်ထိန်းချုပ်ဆေးတွေ မသောက်ချင်ဘူး
Chapter 16 - ငါမင်းကို နောက်နေတာမဟုတ်ဘူး
Chapter 17 - ကိုယ်အဆင်မပြေဘူး
Chapter 18 - အားရှောင်၊ ကျေးဇူးပြုပြီး
Chapter 19 - blank space
Chapter 20 - ဖရိုဖရဲနှင့် ရူပ်ထွေးနေသော နှလုံးသား
Chapter 5 - ဒီလောက်ပါပဲ
802 94 6
Iced-mocha
[Unicode]
လွန်ခဲ့တဲ့နှစ်ရက်ကသူ့ကိုအပြစ်ကင်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး 'ရွမ်ရွမ်' လို့ခေါ်တဲ့အမျိုးသားဟာဖုန့်ကျန့်ဖြစ်သည်။သူက Mမြို့တော်ရှိဖုန့်မိသားစု၏တစ်ဦးတည်းသောသားဖြစ်ပြီးရွမ်မိသားစုကိုယှဉ်နိုင်သူလည်းဖြစ်သည်။သူနဲ့ရွမ်ရှောင်းဟာအချိန်အတော်ကြာအောင်စီပွားရေးနယ်ပယ်မှာပြိုင်ဘက်တွေဖြစ်ခဲ့ကြသည်။နှစ်ပေါင်းများစွာမီးနဲ့ရေလိုအပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြသည်။သို့သော်နောက်ပိုင်းတွင်ဖုန့်ကျန့်သည် ရွမ်ကော်ပိုရေးရှင်း၏အမှုဆောင်များနှင့်ပူးပေါင်းကာရွမ်ရှောင်းကိုဖြုတ်ချခဲ့သည်။သူသည်အသက်ဆယ့်ကိုးနှစ်သာရှိသေးသောရွမ်မိသားစုတရားဝင်သမီး၏သားဖြစ်သူအထက်တန်းကျောင်းသားရွမ်ကျင်းကိုထောက်ပံ့ပြီးရွမ်ရှောင်းနေရာကိုဝင်ယူစေခဲ့သည်။
ထိုအချိန်တွင်ထင်ရှားကျော်ကြားတဲ့ဖုန့်ကျန့်သည်သူ၏တူဖြစ်သူရွမ်ကျင်းကိုအချိန်အတော်ကြာအောင်တိတ်တဆိတ်သဘောကျနေကြောင်းသူသိလိုက်ရသည်။သူ့ကိုလိုက်ပိုးရန်ဖုန့်ကျန့်သည်အရင်းအနှီးများစွာကိုသုံးကာရွမ်မိသားစု၏စည်းစိမ်များကိုရွမ်ရှောင်းဆီမှလုယူရန်ကူညီပေးခဲ့သည်။
စီးပွားရေးလောက၏ပြင်းထန်ပြီးရက်စက်ကြမ်းကြုတ်သောတိုက်ပွဲများကိုဆယ်နှစ်ကြာကြုံတွေ့ပြီးနောက် ရွမ်ရှောင်းသည်အနိုင်ရသူကအောင်မြင်မှုများကိုသိမ်းယူပြီး ရူံးနိမ်သူကနှိမ်နှင်းခံရမည်ဟူသော နိယာမတရားကိုသူသဘောပေါက်ပါသည်။သူ့အမှားကိုလက်ခံနိုင်ပြီး လူရွေးမှားခဲ့တာလည်းဝန်ခံပါတယ်။အခုလက်ရှိဆိုးဝါးလွန်းတဲ့သူ့ကံကြမ္မာကိုလည်း လက်ခံနိုင်ပါတယ်။ဒါပေမဲ့ သူ့ကိုဆန့်ကျင်တဲ့သူတွေကတော့ သူ့ကိုလှောင်ပြောင်နေကြတုန်းပဲ။
ဒီအချိန်မှာသူအားသွန်ခွန်စိုက်ကြိုးစားပြီး ငွေစုကာအခြေခံလူတန်းစားဘဝကနေအသစ်ပြန်လည်စတင်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ဒါပေမဲ့ သူထပ်ခါတလဲလဲပစ်မှတ်ထားတိုက်ခိုက်ခံရသည်။ကြိုးစားလိုက် ကျရူံးလိုက်နှစ်ခါဖြစ်ပြီးနောက် ရွမ်ရှောင်းသည်သူ့ကျရူံးမှုတွေရဲ့နောက်ကွယ်မှာ သူပြန်လာမည်ကိုမလိုလားသောသူတစ်ယောက်ရှိမည်ဟု ထင်မြင်လာမိသည်။သက်သေတွေကကြိုးကိုင်ခြယ်လှယ်သူရှိနေတယ်ဆိုတာ ပြနေတယ်။
ဒီနေရာမှာသူ့ကိုလိုလားတဲ့လူမရှိတာကြောင့် ရွေးချယ်စရာမရှိပဲ မြို့ကနေထွက်ခွာကာတခြားနေရာတစ်ခုတွင်ဘဝသစ်ပြန်စရန်ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူစီးနင်းလာသောအငှားကားမှာ လမ်းတဝက်တွင်မတော်တဆမှုဖြစ်ပွားခဲ့သည်။
သူပြန်နိုးလာတော့ ဆေးရုံရောက်နေပြီ။မတော်တဆမှုမှပြင်းထန်သောဒဏ်ရာများကြောင့် သူမေ့မြောနေတာသုံးရက်ခန့်ရှိပြီဖြစ်သည်။ပြန်နိုးလာသောအခါ သူ့ခြေထောက်များပြင်းထန်စွာထိခိုက်သွားပြီး အာရုံကြောများပျက်စီးကာ နောက်တစ်ကြိမ်ပြန်ရပ်နိုင်ရန်ခက်ခဲသွားပြီဖြစ်ကြောင်းသိလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ယာဉ်မောင်းသည်အလွန်နောင်တရနေပြီး သူ့အမှားကိုတာဝန်ယူခဲ့သည်။ဆေးရုံမှဆင်းပြီးနောက် သူသည်ခြေထောက်မလှုပ်ရှားနိုင်သောရွမ်ရှောင်းကို နေထိုင်ရာ‌နေရာအတည်တကျဖြစ်အောင်ကူညီပေးခဲ့သည်။
အခက်အခဲများနှင့်အဆင်မပြေမှုများကိုကြံ့ကြံ့ခံပြီးနောက်တွင် ရွမ်ရှောင်းသည်လက်တွေ့ဘဝနှင့်လိုက်လျောညီထွေဖြစ်အောင်နေရုံမှတစ်ပါးမတတ်နိုင်တော့ပေ။
နောက်ပိုင်းတွင်သူသည် လက်ကျန်ငွေအနည်းငယ်ဖြင့်စာအုပ်ဆိုင်ဖွင့်ပြီး ဆိုင်အကူဝန်ထမ်းတစ်ယောက်ကိုငှားရမ်းခဲ့သည်။ဝင်ငွေသိပ်မများပေမဲ့ အနည်းဆုံးတော့စားသောက်နေထိုင်ဖို့မပူရတော့ဘူးလေ။
ဝှီးလ်ချဲပေါ်မှာသုံးနှစ်လောင်ထိုင်ပြီးနောက် ဒီအသုံးမကျတဲ့ခန္ဓာကိုယ်နဲ့ဆိုသူ့ရည်မှန်းချက်တွေမပြောနဲ့ ‌‌ေခြ‌ထောက်‌လေးတစ်ချက်တောင်မလှုပ်နိုင်ဘူးဆိုတာသူသဘောပေါက်ခဲ့ရသည်။ကံကောင်းစွာနဲ့ပဲလက်ရှိဘဝကို သူမြန်မြန်ဆန်ဆန်ကျင့်သားရလာခဲ့သည်။သူ့ဘဝကလွန်ခဲ့တဲ့သုံးနှစ်လောက်ကနဲ့မိုးမြေလိုကွာခြားပေမဲ့ အေးချမ်းပြီးသက်တောင့်သက်သာရှိနေဆဲပါ။သူ့အသက်ကလည်းမငယ်တော့တောကြောင့်ရုန်းကန်လိုစိတ်လည်းမရှိတော့ချေ။အခုအချိန်မှာတော့သူဟာဒီတိတ်ဆိတ်တဲ့စာအုပ်ဆိုင်လေးမှာအေးအေးချမ်းချမ်းနဲ့နေချင်ရုံပါပဲ။ဒီလောက်ပါပဲ။
အတိတ်ကိုပြန်တွေးကြည့်ရင်နာကြည်းမိပေမယ့်ဘဝကိုတော့ဆက်သွားရမှာပဲလေ။ရွမ်ရှောင်းသည်သူ့ခံစားချက်များကိုမျိုသိပ်ထားလိုက်ပြီး စာအုပ်စင်အမြင့်ကြောင့်နေရာချမထားနိုင်လိုက်သည့်စာအုပ်များကိုကောင်တာနောက်ရှိမထင်မရှားနေရာသို့ပို့ထားလိုက်သည်။ဆိုင်ကိုသန့်ရှင်းသပ်ရပ်အောင်လုပ်ပြီးချိန်မှာတော့ အချိန်အရမ်းနောက်ကျနေပြီဆိုတာတွေ့လိုက်ရသည်။ထို့ကြောင့်ဆိုင်အဝင်ဝသို့ဘီးကိုလှိမ့်သွားကာ တံခါးဖွင့်လိုက်သည်။
လျှပ်စစ်ဖြင့်အဖွင့်အပိတ်လုပ်ရသောတံခါး(electric roller shutter door)ကိုဖွင့်လိုက်သည်နှင့်အရပ်ရှည်ပြီးခန့်ညားသောပုံရိပ်တစ်ခုကရွမ်ရှောင်း၏မြင်ကွင်းထဲဝင်လာခဲ့သည်။
ဝင်ပေါက်နားကလှေကားပေါ်မှာထိုင်နေတဲ့လူ
‌ကသူ့နောက်ကတံခါးဖွင့်သံကိုကြားလိုက်ပုံရသည်။သူ့ခြေထောက်တွေကိုရပ်လိုက်ပြီးသူ့နောက်ဘက်ရှိဆိုင်တံခါးရှိရာဘက်ကိုလှည့်လာကြသည်။
Electric roller shutter door
6.1.2024 (Sat)
12:30 pm
[Zawgyi]
6.1.2024 (Sat)
12:30 pm
Продолжить чтение
Вам также понравится
123K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
41.6K 3.8K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...
2.1M 162K 36
No descriptions here