ဒီနေ့ ပန်ပန် တို့ရွာဦးကျောင်းမှာအလှူရှိတယ်လေ တစ်ရွာလုံး လဲ တက်ကြွနေကြတာပဲ။အချိန်တွေကုန်တာမြန်လိုက်တာ ကိုခန့်ရွာရောက်နေတာ ၄လ လောက်ရှိပြီဖြစ်သလို ပန်ပန်နဲ့လဲ တော်တော်ရင်းနှီးနေပြီ။ ရွာထဲက လူတွေလဲ ပန်ပန့်အပေါ် အရင်ကလောက် မဆိုးတော့ အခေါ်အပြောရှိလာကြပြီ ဖြစ်သည် ။ ကိုခန့်ရဲ့ကျေးဇူးတွေလို့ပြောရမှာပေါ့လေ။ ကိုခန့်က ရွာမှာတပတ်တခါ ကျန်းမာရေးအသိပညာ ပေးဟော ဲဲပြောပွဲ လုပ်ပေးတယ်။ ရာသီတုတ်ကွေးအကြောင်းတွေ၊ အမျိုးသမီးတွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရောဂါအကြောင်းတွေ ၊ သားဆက်ခြားနည်းတွေ စုံလို့နေတာပဲ အာ့လိုအကြောင်းတွေပြောတုန်းကဆိူလေ ပန်ပန်ဖြင့်သိပ်ရှက်တာပဲ နောက်မှ ဒါဟာ.ကျန်းမာရေးဗဟုသုတလို့ တဖြည်းဖြည်း နားလည်လာတာ။ ပန်ပန်တို့ရွာလေးက မြို့နဲ့တော်တော်လေး အလှမ်းဝေးတယ် အာ့တော့ ကျန်းမာရေး အသိကနည်းကြတယ် လေ တချို့ဆို မီးဖွားရင်းဆုံးသွားကြတာတွေရှိသလို ၊ တချို့ကျတော့လဲ စီးပွားရေး အဆင်မပြေရတဲ့အထဲ ကလေးကတပြုံကြီးနဲ့ဆိူတော့ပိုဆိုး ကုန်တာပဲ ခု ကိုခန့်က သေချာရှင်းပြမှ သူတို့ လဲနားလည်လာကြတာအာ့လိုတွေရှင်းပြရင် ဒွိလိင် အကြောင်းကိုပါထည့်ရှင်းပြပေးတယ်လေ ဒွိလိင်ဆိုတာ.ရွံစရာမဟုကြောင်း နိုင်ငံတကာမှာပါရှိကြောင်း ဘာမှ မထူးဆန်းကြောင်း အာ့လိုအမြဲ ပြောပြတယ် အစပိုင်းတော့ ဘယ်သူမှ သိပ်လက်မခံချင်ပူး နောက်ပိုင်း ပြောပြပါများမှ နည်းနည်းလက်ခံလာကြတာ။အခုဆို ပန်ပန်က ရွာစွန်မှာမနေရတော့ပူး အရင်က ဘွားမြ နဲ့တူတူနေတဲ့နေရာလေးမှာပဲပြန်နေတာလေ။ အခုဆို ပန်ပန်က ရွာထဲမှာအသီးအရွက်လေးတွေလဲ ရောင်းနေရပြီ ဘွားမြနဲ့နေတုန်းက ခြံနောက်မှာစိုက်ထားတာလေတွေက အစုံပဲလေ ရွာစွန်ကအိမ်ထက်ပိုများတယ်။အရင်လို ပန်ပန်ဆီက မဝယ်ချင်လို့ ပန်ပန်ထိထားတာရွံလို့ဆိုပြီမပြောကြတော့ဘူး။ ပန်ပန်တို့ရွာလေး က မြို့စျေးကိုတော်ရုံမသွားဖြစ် ကြဘူး လေမသွားဖြစ်တာထက်ရောက်ဖို့က ခက်တာကို ညအိပ်မှ ရတာ အာ့တော့ ရွာထဲမှာပဲ ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင် စိုက်ကြတာများတယ်။ ငါးအတွက်ကျ ရွာမှာချောင်းရှိတော့ မပူရဘူးလေချောင်းက နွေရောက်ရင်တောင် ရေမခမ်းဘူး။ အသားကလဲ ပေါ်တဲ့အိမ်ရှိရင်တော့စားရပါတယ် တခါတလေမှသာပေါ်ကြတော့ အသားစားရတာရှားတယ်။အခုလဲ အလှူအတွက် ကြိုပြီးမြို့သွားဝယ်ရတာ ကိုခန့်နဲ့ကိုသန့်စင်က ကူညီပြီးလိုက်ဝယ်ပေးတယ်လေ။ အခုလဲ ပန်းနုနဲ့ချိန်းထားတာအလှူကို ကူလုပ်ဖို့ အခူထိမလာသေးဘူးအာ့ကောင်မလေး အာ့တော့သူ့ကိုပဲထိုင်စောင့်နေလိုက်တယ်။
" ပန်ပန်ရေ ပန်ပန်'' ဟောအတွေးမှမဆုံးသေးလာပါပြီ လူမမြင်ရသေးဘူး အသံသာအရင်ကြားရတာပဲ ပန်းနုကလေ သွက်သွက်လက်လက်လေးနဲ့ ချစ်စရာလေး အခုလဲ စံမြန်းဝမ်းဆက်လေးနဲ့ဆံပင်လေး နှစ်ဖက်ခွဲစီးထားတာ သိပ်ချစ်ဖို့ကောင်းတာပဲ။
" အမလေး ညည်းကို မျှော်နေတာပါတော် ပေါ်မှ လာပါတော့မလားလို့ '' ပန်ပန်ပြောလိုက်တော့ ဟီးကနဲရယ်ပြ ပြီး မျက်နှာချိူသွေးလာလေတယ်။
" အေးပါ ပန်ပန်ရယ် ငါလဲ လာတာပဲ အိမ်က အမေက စကားတွေများနေလို့ပါ ဒါနဲ့ငါ့သူငယ်ချင်းလေးက သိပ်လှနေတာပဲ ရွာက ကာလသား တေွမျက်လုံး ကျွတ်ကျတော့မယ်"
" အပိုတွေ လာမြန်မြန်သွားမယ် နောက်ကျနေပြီကူလုပ်ပေးမလို့ပါဆိူမှ ''
" လာပါပြီ ဖြည်းဖြည်းသွားပါဟ'' ရှေ့ကနေသွားနေတဲ့ပန်ပန်ဟာလေ အနီရောင်ချည်ဝမ်းဆက်လေးနဲ့ ဆံပင်ကို ဖဲပြားအနီလေးနဲ့စည်းထားသေးတယ် သိပ်ကိုလှနေတာ သူများ တွေနဲ့ဆို မလိုက်တဲ့အနီက ပန်ပန် နဲ့မှသိပ်ကိုလိုက်ဖက်နေရော ပန်းနု သူငယ်ချင်း လေးက အမြဲငေးချင်စရာလေး ယဥ်ယဥ်လေးနဲ့ချောတယ်ဆိူတာသူမှအစစ်။
ရွာဦးကျောင်းရောက်တော့ ပန်ပန်တို့ မိန်းကလေးတွေက ကျွေးတဲ့မွေးတဲ့ေနရာမှာနေရပြီး ကာလသားတွေကတော့ဟင်းရည်ချိူင့်လိုက်ထည့်ပေးလေရဲ့ ဘုန်းကြီး ကျောင်းအလှူဆိူတော့လဲ အသားတွေဘာတွေမပါဘူး ငါးခြောက်နှပ်ရယ် သရက်ချည်သုပ်ရယ် ပဲကြီးဟင်းညိုလေးနဲ့ မြိန်ရေ ရှက်ရေ စားသောက်နေလိုက်ကြတာ ပန်ပန်တိူ့ရွာမှာ အာ့လိုလဲတနှစ်တခါ စုပေါင်းပြီးအလှူလုပ်ကြတယ်လေတခါတလေ ပန်ပန်လဲ အာ့လိုအလှူသိပ်လုပ်ချင်တာ ကြည်နူးဖိူ့ကောင်းတယ်လေ။ အကုန်လုံး လဲကျွေးမွေးပြီးရော ပန်ပန်တို့ လူငယ်အဖွဲ့က ဝိုင်းပြီးစားသောက်ကြတယ် အကုန်လုံး ဝိုင်းဖွဲ့စားကြတော့ပျော်ဖိူ့တော့အကောင်းသား ဒီကြားထဲ ပန်းနုက ကိုခန့်နဲ့လိုက်စလို့ နေရခက်တာက ပါသေးတယ်။ကိုခန့်က ဟင်းထည့်ပေးတော့ ပန်းနုကလိုက်စ အကုန်လုံး ကလဲ ပန်းနုလိုပဲ လျှောက်စနေကြတော့ ပန်ပန်မျက်နှာထားစရာနေရာမရှိဘူးတကယ်ပဲ ကိုခန့်ကတော့ဘာမပြောပဲ ပြုံးရုံသာပြုံးနေတယ်လေ။ပန်ပန် ခုလိုနေရတာကိုပဲကျေနပ်နေပါပြီလေ ဘာမှထပ်မလိုချင်တော့ဘူးရွာကလူတွေလဲ ပန်ပန်အပေါ်အမြင်တွေကြည်လာပြီ။ အရင်လို မဟုတော့ဘူး ဒါပေမဲ့ အာ့အထဲ ဒေါ်စိန်ကတော့မပါဘူး သူကတော့ခုထိပန်ပန်ကိုကြည့်မရဖြစ်နေတုန်းပဲ ဘာလို့လဲ ဆိုတာစဥ်းစားမရတာ ဒါပေမဲ့ ပန်ပန် ကတော့ဘယ်လိုမှသဘောမထားပါဘူး အချိန်တန်ရင်သူ့ဘာသာအဆင်ပြေသွားလိမ့်မယ်။
" ပန် ၂ရက်လောက်နေရင် ကိုယ် မြို့ကို ခနသွားရဦးမယ် ဆေးတွေ ဝယ်ဖို့လေ ပန် ဘာမှာဦးမလဲ '' ရွာဦးကျောင်းကပြန်တော့ ပန်းနုရဲ့စနက်တွေကြောင့် ကိုခန့်နဲ့သူနဲ့အတူတူပြန်ဖို့ဖြစ်လာတယ်လေ နှစ်ယောက်အတူတူလာနေရင်းနဲ့ ကိုခန့်က အရင် စမေးလာတဲ့စကားက.' မြို့ကိုဘာမှာဦးမလဲတဲ့ ' ကိုခန့်က မြို့သွားရင် တခုမဟုတခုဝယ်လာပေးတတ်တယ် မုန့်တိူ့ ခေါင်းစီးကွင်း ကလစ် အာ့လိုမျိုးလေးတွေပေါ့ ပန်ပန်က ဝယ်မလာပါနဲ့ပြောလဲ မရဘူးသူက ပန်စေချင်လို့ပါ စားစေချင်လို့ပါသူ့စေတနာကိုအသိအမှတ်ပြုပေးတဲ့အနေနဲ့မငြင်းပါနဲ့တဲ့ ' ကဲပန်ပန်ဘာဆက်ပြောရ အခုလဲ ဘာမမှာဘူးပြောလဲ ဝယ်လာဦးမှာပဲ။
" မမှာတော့ပါဘူး ကိူခန့်ရယ် ကိုခန့်လဲ ဝယ်မလာနဲ့နော် အမြဲကြီးအားနာလို့ ''
" အားနာစရာလူတွေလား ပန်ရယ် ကိုယ်က ခင်လို့ပါ...ဘာလဲ ပန်က ကိုယ်ခင်သလို မခင်လို့လား ''
" မဟုပါဘူး ကိုခန့်ရယ် ပန်က အာ့လိုသဘောမဟုပါဘူး ''
" အာ့တာဆိုလဲ ပြီးတာပဲ ထပ်မငြင်းနဲ့တော့နော်''
" ဟုကဲ့ '' ကိုခန့်က အမြဲအာ့လိုပဲ ပန်ပန်လဲ တဖြည်းဖြည်း နဲ့ ကိုခန့်အပေါ်သံယောဇဥ်တွေပိုလာမိတော့မလိုပဲ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး ကိုယ်လိုလူနဲ့ ကိုခန့်လို လူက ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ ပန်ပန့်ကို ဒီထက် မေတ္တာတွေမထားပါနဲ့လားကိုခန့််ရယ် ပန်ပန် လောဘတွေတက်မိတော့မယ်။
အမြဲ ကိုယ့်အပေါ်မှာဂရုတစိုက်ရှိခဲ့တဲ့ကိုခန့်ကို သူသံယောဇဥ်တွေပိုမိနေတာသူအသိ အာ့လိုတွေဖြစ်မှာဆိုးလို့ အမြဲ ရှောင်နေပေမဲ့လဲ မရပူး တဖြည်းဖြည်း နဲ့ပိုပြီးကျိန်းသေလာတဲ့ကိုယ့်ခံစားချက်ကိုသိလေ ကိုခန့်ကို ရင်မဆိုင်ရဲလေပဲအာ့တာကြောင့်သူ့စိတ်ကိုသူထိန်းထားပါတယ် အမြဲတမ်းလဲထိန်းသွားမှာပါ ပန်ပန်က လေ မောင့်အပေါ် ထားတဲ့အချစ်ကို အမြဲအမြတ်တနိူးသိမ်းဆည်းသွားမှာ အမြဲတမ်းပေါ့။ ' မောင် ' ဟုတ်တယ် ပန်ပန် တိုးတိတ်စွာပေးထားမိတဲ့နာမ်စားလေး ကို့ထက်အသက်ကြီးမှန်းသိပေမဲ့ အာ့လို ပဲခေါ်ချင်မိတယ် ဒါပေမဲ့ ခေါ်ခွင့်မှ မရှိတာ မောင်ရယ် ပန်ပန့်ဘဝနဲ့ မဖြစ်နိူင်တာတွေကိုမမှန်းရဲပါဘူး။ အာ့တာကြောင့် တိတ်တဆိတ်နဲ့ရင်ထဲမှာပဲခေါ်နေပါ့မယ် ' မောင် ' ဆိူတဲ့နာမ်စားလေးကို မြတ်နိုးလို့ တန်ဖိူးထားမိလို့ ရင်ထဲက အမြတ်တနိုးနဲ့ ခေါ်မိတာမလို့ .......
" ဟဲ့ မိပန်မ ညည်းကြားပြီးပြီလား ရွာကို ဒေါ်စိန့်သမီး ခင်သက်ထား ပြန်လာပြီတဲ့ မနက်က. မိသင်ဇာ တို့ ပြောနေတာကြားခဲ့တယ်'' ပန်းနု ကအိမ်ကိုအလည်လာရင်းပြောပြနေတာကိုငြိမ်သာနားထောင်နေလိုက်တယ် ခင်သက်ထား ကိုသူသိတာပေါ့ရွာရဲ့ကွမ်းတောင်ကိုင်လေ ပညာတတ် မိဘတွေကပိုက်ဆံတတ်နိုင်တော့မြို့ကိုကျောင်းသွားတက်နေတာ ခုကျောင်းပိတ်ရက်ပြန်လာတယ်ထင်ပါ့ ။ ပန်ပန်နဲ့သူနဲ့ပြသနာ မဖြစ်ပေမဲ့ သူက ပန်ပန့်ကိုကြည့်မရဘူး လေ ငယ်ငယ်ထဲကပေါ့ အမြဲရန်လိုနေခဲ့တာ အခူလဲ ပြန်ရောက်လာပြီတဲ့ ဘာတွေပြသနာဖြစ်ဦးမလဲမသိ ဖြစ်လာခဲ့ရင် ရှောင်ရမှာကို့တာဝန်ပဲလေ သူတို့က ပက်သက်လို့ ကောင်းတဲ့လူတွေမဟုဘူး။.
" ဟဲ့ ပန်ပန် ငါပြောတာကြားလား ဘာတွေတွေးနေတာလဲ ''
" ကြားပါတယ် အေ ဘာမတွေးပါဘူး သူပြန်လာတော့ရောဘာဖြစ်လဲ သူ့ရွာသူပြန်လာတာလေ ငါက တားလို့မှ မရတာကို ''
" အေး တားမရတာသိတယ် အာ့ကောင်မက နင့်ကိုအလကားနေရန်ရှာနေတာလေ ငယ်ငယ်ထဲက ပဲ ခုပြန်ရောက်လာရင်ဘယ်လိုလာဦးမလဲ မသိဘူး ပြသနာဖြစ်လာခဲ့ရင်လဲ ဘာမှငြိမ်ခံနေစရာမလိုဘူးနော် ညည်း ''
" သြော် ပန်းနုရယ် သူတို့ နဲ့ငါကအ ခြေ အနေ ခြင်းမတူဘူး လေ အာ့တော့ ပြသနာဖြစ်လာရင်ငြိမ်ခံနေရင်နေ မနေရင် ပြသနာမဖြစ်အောင်ရှောင်ရမှာပေါ့ ''
" ညည်းအာ့လိုတွေ ဖြစ်နေလို့ သူက ပိုနိူင်တာ အိုအေ ငါ့သူငယ်ချင်း လာထိလို့ကတော့ ငါနဲ့တွေ့သွားမယ် ပန်းနုတဲ့ တနုပဲ ရှိတယ် နှစ်နှရှိရင် ပြုတ်စားပြစ်မယ် ဟွန့် '' ပန်းနုက မျက်နှာကိူအမျိုးမျိုးနဲ့လုပ်ပြနေတော့ သူ့မှာရီလိုက်ရသေးတယ် ဒီသူငယ်ချင်းလေးက သူ့အတွက်ဘုရားပေးတဲ့ ဆုလာဘ်တွေထဲက တစ်ခုပဲ
" သြော် ဒါနဲ့ ကိုခန်တို့ရောပြန်လာသံမကြားသေးဘူး ဒီတခါ မြို့သွားတာကြာတယ်နော်''
" အမယ် ကောင်မ ဘာလဲ လွမ်းနေပြီလား ဟင် ဟုတ်တယ် မလား ''
" အာ..ပန်းနုနော် ငါက ဒီအတိုင်းမေးတာပါဘာစိတ်မှ မရှိဘူး ''
".အေးပါ ထားပါတော့ ထားပါ တော့ ဒီနေ့ပြန်ရောက်မယ်ပြောတာပဲ ကဲ ငါလဲ ပြန်မယ် ရောက်တာကြာပြီ အမေ ပြောတော့မယ်အိမ်မှာဘာမလုပ်ပဲ နင့်ဆီလာနေလို့ ''
" ဟုပါပြီ သွားပါ ရှင် အရီးလေးကိုလဲ ပြောလိုက်ဦး ငါနောက်ရက်မှလာခဲ့မယ် လို့ နောက်ဖေးကအသီးတွေခူးနေရတော့ခုရက်ပိုင်းမအားလို့ သေချာပြောလိုက်ဦး ''
" အေးပါပြောလိုက်ပါ့မယ် မဟုရင်တောင် အမေက နင့်ကိုမေးနေတာ ဟ ငါပြောလိုက်မယ် ပြန်ပြီနော် '' ပန်းနုပြန်သွားမှ သူလဲ နောက်ဖေးခြံသွားပြီး ဟင်းရွက်တွေခူးဖို့လူပ်လိုက်တယ် အခုဆို ပန်ပန့်ခြံလေးက ထပ်တိုးပြီးစိုက်ထားတော့ ဟင်းသီးဟင်းရွက်က အစုံရသလို များလဲများတယ် တချို့ ဟင်းရွက်ရောင်းချင်တဲ့သူက ဖောက်သည် ပြန်ယူကြသလို တချို့က အိမ်စားဖို့လာဝယ်ကြတယ် ။ တနိုင်တပိုင်လေးလုပ်ပေမဲ့ ပန်ပန် တစ်ယောက်စာ စားဝတ်နေရေးက အဆင်ပြေတယ်ပြောရမယ်။
" အမလေး မိသက်ထားရယ် ညည်းက ပိုတောင်လှလာသေးတယ်အေ မြို့သူကြီးကျနေတာပဲ ငါတောင် ကြည့်ရင်းသဘောကျလာတယ် ရွာက ကာလသားတွေဆိူပြောမနေနဲ့တော့ ''
" အမယ် အာ့လိုမမြှောက်လဲ ငါက မြို့ကနေ မုန့်တွေဝယ်လာပါတယ်နော် ''
" ငါက တကယ်ပြောတာပါဟဲ့ မယုံရင် အရီးလေး ကိုမေးကြည့်ပါ့လား ''
" အာ့တာတော့ဟုတယ် သမီးရဲ့သမီးက တစ်ခါပြန်လာရင်တစ်ခါပိုလှလာတယ် ဒါပေမဲ့ အေ ရွာထဲက ဘယ်အကောင်ကိုမှငါ့သမီးနဲ့သဘောမတူနိုင်ပါဘူး အေ ငါ့သမီးက ပညာကတတ်သေး ရုပ်ကလဲပြောစရာမရှိပူး ဒီရွာက အကောင်တွေကတစ်ယောက်မှအဖြစ်မရှိပါဘူးအေ '' ဝါဝါနဲ့ သက်ထားနဲ့ ပြောနေတဲ့စကားကို အမေက ကြားထဲက ဝင်ပြောလေရဲ့ အမေ မပြောတောင် သက်ထားကတော့ရွာက ကာလသားတွေကိုကြည့်မရပါဘူး အမြဲ လယ်နဲ့ချောင်း ပဲ လုပ်နေရတော့ ကြည့်ပျော်ရှုပျော်လောက်ပဲရှိကြတာ ( မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုချင်မရှိပါ စာသဘောပဲဖတ်ပေးကြပါ)
" ဒါပေမဲ့ အရီးလေးကလဲ ကိုသန့်စင်က မြို့ကပြန်လာတာလေ ပြီးတော့ ဆရာလေးလဲရှိတာကိုး ဆရာလေးနဲ့ဆို သက်ထားနဲ့သိပ်လိုက်မှာ ''
" သန့်စင်က တော့မဆိူးပါဘူး ဒါပေမဲ့ သူလဲ သိပ်တော့မထူးပါဘူးအေ ဒါပေမဲ့ ဆရာလေးနဲ်ဆို မဆိုးဘူး ငါ့သမီးက ချောတာနဲ့ဆရာလေးကခန့်တာနဲ့ကွက်တိပဲ ငါ့သမီးလိုလူနဲ့မှ ဆရာလေးနဲ့လိုက်ဖက်မှာပေါ့အေ''
" ဟုတ်တယ် အရီးလေး အရီးလေးပြောတာဝါဝါ လဲ ထောက်ခံတယ် '' အမေက ရေနွေးကြမ်းသောက်ရင်းပြောနေတဲ့စကားကို ဝါဝါကလဲ ထောက်ခံနေလေရဲ့ နှစ်ယောက်ဘာတွေပြောမှန်းမသိ သက်ထား ပဲ နားမလည်ဖြစ်နေတာကြောင်းမေးကြည့်လိုက်တယ်။
" ဝါဝါနဲ့အမေ ဘယ်က ဆရာလေးလဲ ဘယ်သူ့ကိုပြောနေတာ တို့ ရွာမှာဆရာမှမရှိတာ ''
" နင်က ဘယ်သိမလဲသက်ထားရယ် ခုမှပြန်ရောက်တာကို ကိုသန့်စင်နဲ့တူတူ ပါလာတာဟ မြို့ဆရာဝန်တဲ့ နာမည်က 'ခန်တည်ကြည်မောင် ' တဲ့ အရမ်းချောတာ ''
" အမလေး ဘယ်လောက်ချောနိုင်မှာမို့လို့လဲ ကိုသန့်စင် သူငယ်ချင်း ဆိုတော့သူလိုပဲနေမှာပေါ့ မြို့ က ဆိုတိုင်းချောတာမှမဟုတာ ''
"အေးပေါ့နင်က မမြင်ဘူးသေးလို့ပြောနေတာ နက်ဖန်မှ သာကြည့် သူကတပတ်တခါ ကျန်းမာရေး ဟောပြောပွဲလေး လုပ်ပေးတယ် ''
" အေးပါ နင်ကညွှန်းလွန်းလို့လ်ိုက်ကြည့်လိုက်ပါ့မယ် '' ပြောပြီး ဝါဝါက အမေနဲ့ ဆက်စကားပြောနေပေမဲ့ သက်ထားကတော့ ဆရာလေး ဆိုသူအကြောင်းပဲတွေးနေမိတယ် သူက မြို့မှာကျောင်းတက်လာတာကြာပြီးချောပေ့ ခန့်ပေ့ဆိူတဲ့ယောကျာ်းတွေကိုတွေ့ဘူးပြီးသားဆိုတော့မထူးဆန်းပေမဲ့ ဝါဝါက သိပ်ကိုအမွှန်းတင်နေလို့ စိတ်ဝင်စားမိတယ် ။
ဘယ်လောက်ပဲချောနေပါစေ အချိန်တန်ရင်သက်ထားခြေဖဝါးအောက်ရောက်ကြရမှာကြီးပဲ သက်ထားအလှကို ဘယ်ယောကျာ်းမှ မလွန်ဆန်နိုင်ကြဘူးလေ။သူ့ဘာသာတွေးရင်ကျေနပ်မိနေတဲ့သူဟာ အလှဂုဏ်မောက်ပြီး မောက်မာနေတဲ့မိန်းကလေး ဖြစ်နေတာကိူတော့သူ့ဘာသာသိမယ်မထင်ပါ။
" ပန်ပန်လေး ဘယ်ကိုသွားမလိူ့လဲ ''
" အရီးလေး နုတိူ့အိမ်ကိုလေ အရီးလှရေ ဟင်းရွက်လေးတွေ ခူးလို့ နည်းနည်းသွားပေးမလို့ ''
" အေးပါ သွားသွား နေတွေကပူပါဘိနဲ့ ဒီကောင်မလေး အဆောင်းလဲ မပါပါလား ''
" ဟုတ်တယ် အရီးလှရေ လောလော လောလောနဲ့ ထွက်လာတာမေ့လာလို့ အရီးရောဘယ်ကိုတုန်း ''
" ဟိုဖက် ပိုင်းကိုလေ ဝက်သား ပေါ်တယ်ဆိုလို့ သွားဆွဲမလို့ ''
" ဟုကဲ့ အရီးလေး အာ့ဆို ပန်ပန်သွားတော့မယ်နော် '' အပြာနုရောင်ချည်ဝမ်းဆက်လေးဝတ်ပြီး ဆံပင်လေးကိုဖွတ်မြီးတစ်ချောင်းထဲထိူးထားတဲ့ ပန်ပန်က သိပ်ကို ငေးမောချင်စရာလေ အပူအပင်ကင်းစွာသွားနေတဲ့သူကို တစ်နေရာက ရပ်ကြည့်နေတဲ့မျက်လုံးတွေကိုတော့ သတိမထားမိပေ။
" ဟဲ့ ဝါဝါ အာ့ကောင်မ ဘယ်လိုလုပ်ရွာထဲ ပြန်ရောက် နေတာလဲဒီကြားထဲ ရွာကလူတွေကလဲ သူ့ကို အရင်လိုမဟုတော့ပါလားဟ ''
" သြော် ပန်ပန့်ကို ပြောနေတာလား အရင်ကတော့ ရွာစွန်ထုတ်ထားတာလေ အခုကျ ဆရာလေးရဲ့ ဟောပြောပွဲ ကြောင့်ရွာကလူတွေလဲ အမြင်ကျယ်လာတော့ အရင်လိုမဟုတော့ဘူးဟ အခုဆို အရင်ကဘွားမြနေတဲ့နေရာမှာပဲနေတာလေ ဟင်းသီးဟင်းရွက်လေးတွေရောင်းတယ်ရွာထဲမှာဖောက်သည်သဘောပေါ့''
" သြော် ဟုလား ထားပါလေ ငါ့အကြောင်းမှမဟုတာ လာသွားကြမယ် နောက်ကျ နေရင်နေပူတယ် ''
" အရီးလေးရေ ပန်းနု ငါဝင်လာပြီနော် ''
" ဟော ပန် ပါ့လား လာလေ အမေနဲ့ ပန်းနုက မရှိပူး ဟိုဖက် ခန ထွက်သွားတယ် သန့်စင်ကလဲ လယ်ထဲဖက်သွားတယ်ဘာလို့လဲ ''
"အော် ကိုခန့် ဘာမှ အထွေအထူး မရှိပါဘူး ဟင်းရွက်လေးတွေလာပေးရင်းနဲ့ အရီးလေးဆီလာတာ မလာဖြစ်တာ ကြာနေလို့ ကိုခန့် ဒီနေ့ ဟောပြောပွဲ မလုပ်ဘူးလား''
" လုပ်မှာ ပန် ရဲ့ ခနနေရင်သွားမှာသူကြီးက လူစုပြီးပြီတဲ့ အခုပဲသွားတော့မှာ ပန် ပါ တခါထဲ လိုက်ခဲ့ လေ ''
" မလိုက် တော့ဘူးလေ ပြီးမှ ပန်းနုနဲ့လိုက်ခဲ့လိုက်မယ် ပန်းနုကိုစောင့်လိုက်ဦးမယ် ''
" အာ့တာဆို ကိုယ် သွားပြီနော် ''
" ဟုကဲ့ ''
ဟောပြောပွဲနေရာရောက်တော့လူတောင်စုံနေပြီ အာ့တော့ကိုလဲ ရှည်ရှည်ဝေးဝေး မပြောပဲ အဓိက အကြောင်းအရာကိူပဲပြောလိုက်တော့တယ် သူတိူ့မှာ လဲ အလုပ်ရှိကြမှာပဲလေ ခုလိုလာပေးကြတာနဲ့တင် ကျေးဇူး တင်ဖို့ကောင်းနေပြီ။
" ကဲ လူစုံပြီဆို စပြောမယ်နော် အခုလို မိုးအကုန် ဆောင်းအကူးရာသီအကူအပြောင်းအချိန်မှာ ရာသီ တုတ်ကွေးဖြစ်တတ်တယ် များသောအားဖြင့် ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ အထူးဂရုစိုက်ရမယ် ရေချိူးတာ ကအစ ကဲ ဆရာက ဘယ်လို တွေဂရုစိုက်ရမယ်ဆိုတာကိုသေချာရှင်းပြမယ်နော် ''
ရှေ့က ဆရာလေးက အားကြိုးမာန်တက်ရှင်းပြနေပေမဲ့သက်ထားကတော့ ဆရာလေးပြောတာဘာမကြားရပဲနဲ့ ဆရာလေးကိုသာငေးနေမိတယ် ပြီးတော့ ဝါဝါ ပြောတာကိုလဲ လက်ခံလိုက်တယ် သိပ်ကိူကြည့်ကောင်းပြီးသိပ်ခန့်တဲ့သူဆိုတာကိုပေါ့။ ဟောပြောပွဲ သာပြီးသွားတယ် သက်ထားတော့ဘာမသိလိုက်ဘူး အမေက ဆရာလေးနဲ့မိတ်ဆက်ပေးမယ်ဆိုလိူ့ ဝမ်းသာအားရ အမေ့နောက်ကလိုက်သွားမိတယ် ။ အနားလဲရောက်ရော အမေက ဆရာလေးကိုခေါ်လိုက်တယ် ဆရာလေးက သူကြီး နဲ့စကားပြောနေရင်းက လှည့်ကြည့်လာတယ် ။ သူကြီး ကိုနှုတ်ဆက်ပြီး ကိုတွေဖက်လှည့်လာမှ အနီးကပ်မြင်ရတဲ့မျက်နှာက သိပ်ကိုယောကျာ်းပီသတယ် စတစ်ကော်လံနဲ့ယောပုဆိုးတွဲဝတ်ထားတဲ့သူက ရှင်းသန့်ပြီး မျက်လုံးလွဲချင်စရာမရှိဘူး။
" သြော် အန်တီ ပါ့လား ဟောပြောပွဲလာတာထင်တယ်''
" ဟုတ်တယ် ဆရာလေးရေ ပြီးတော့ဆရာလေးကိုမိတ်ဆတ်ပေးရဦးမယ် ဒါ အန်တီ သမီးလေ နာမည်က ခင်သက်ထားတဲ့ မြို့မှာကျောင်းသွားတက်နေတာ ခနပြန်လာတာ လေ''
" ဟုကဲ့ တွေ့ရတာဝမ်းသာပါတယ် ညီမ သက်ထား '' ကိုက နှုတ်ဆက်လိုက်ပေမဲ့ သူကဘာစကားမှပြန်မလာတော့အို့တို့အမ်းတန်းတောင်ဖြစ်သွားတယ်သူ့အမေက သတိပေးလိုက်မှပြန်နှုတ်ဆက်လာလေတယ်။
" ဟုကဲ့ တွေ့ရတာဝမ်းသာပါတယ် ကိုမောင် သြော် ကိုမောင်လိူ့ခေါ်လိူ့ရတယ်မလားဟင် နာမည်က အမေတိူ့ပြောပြထဲက သိနေပြီးသားဆိူတော့ အရှည်မခေါ်ချင်တော့လို့ ပြီးတော့သက်ထားထက်လဲ အသက်ကြီးမယ်ထင်တယ် ''
" ရပါတယ် အဆင်ပြေသလိုခေါ်ပါ ဒါဆို အန်တီ ကျွန်တော့်ကို ခွင့်ပြုပါဦးဆေးခန်းဖွင့်ရဦးမှာမို့လို့ ညီမရောပဲခွင့်ပြုပါဦး ''
" ဟုကဲ့ ပါ ဆရာလေးရယ်သွားသွား အန်တီ တို့ကစကားရှည်နေသလို ဖြစ်နေတာ အားနာလိုက်တာ''
" ရပါတယ် အန်တီ သွားပြီဗျာ့ '' ထွက်သွားတဲ့ကျောပြင်ကျယ်ကို သက်ထား မျက်စိတဆုံးလိုက်ကြည့်နေမိတာ အမေ ပြောမှ သတိဝင်တော့တဲ့အထိ ရှင်က သိပ်ကို ညို့နိုင်လွန်းတယ် ကိုမောင်
" ကဲ သမီး မျက်လုံး ကြီး လဲကပ်ပါသွားဦးမယ် ဘယ်လို လဲ ဆရာလေးကိုသဘောကျလား''
" အမေကလဲ ဘာမှန်းလဲမသိပူး ''
"ဟဲ့ ညည်း ကလဲအေ ကြိုက်ရင်ကြိုက်တယ်ပေါ့ သားအမိပဲဘာရှက် ကြိုက်နေရင်လဲကို့ဖက်ပါအောင်လုပ်အေ ဟိူကောင်မ မိပန်က ဆရာလေးနဲ့တတွဲတွဲအေ့ တော်ကြာသူ့နောက်ပါမှာဆိုးတာ ''
" ဟင် ကိုမောင် က အာ့ကောင်မနဲ့အာ့လောက်တောင်ရင်းနှီးနေပြီလား''
" ဟုတ်တယ် အာ့တာကြောင့် ညည်းကိုပြောရတာပေါ့အေ ''
" စိတ်ချပါ အမေရယ် သူ့လို လူကို ဆရာလေးက ကြိုက်ပါ့မလား အပျင်းပြေကစားတာနေမှာပါပြီးတော့ကိုမောင်က သက်ထား အလှကို မငြင်းနိုင်ပါဘူး အချိန်တန်ရင် ကိုမောင်က သမီးအပိုင်ကို ဖြစ်လာမှာ ''
" အေးပါ ငါ့သမီးကိုယုံံပြီးသား '' စောင့်နေလိုက်ပါကိုမောင် တချိန်ကျ ရင် သက်ထားမှသက်ထားဖြစ်လာစေရမယ် ကိုမောင် ကသက်ထားတစ်ယောက်ထဲ အတွက်ဖြစ်စေရမယ်။သားအမိနှစ်ယောက် စလုံး အတွေးကိုယ်စီနဲ့ ကို့ဘာသာအကျေနပ်ကြီးကျေနပ်ပြီး ပြုံးနေလေရဲ့ ....
,................................
Yoon