CHANDLER { Ongoing }

By Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 3 U

5.7K 325 22
By Xylo_19

Competitors ပြိုင်ပွဲဝင်သူများ၏ နားနေခန်း

"" မင်းကော ဂျော့ကော တကယ်တော်တယ် ""

"" ကျွန်တော် တော်တာ ကျွန်တော်သိပါတယ် ။ ""

"" ဟား ဟုတ်ပါပြီကွာ ဒါနဲ့ ဘယ်နေ့ပြန်ဖို့စိတ်ကူးလည်း ။ ""

"" ဖြစ်နိုင်ရင်တော့ မနက်ဖြန်ပေါ့ ""

"" မနက်ဖြန်ပြန်ရအောင် Private လေယာဉ်မှ မဟုတ်တာ ""

ယိမ်းယိုင်အဝတ်တွေလွယ်အိတ်ထဲကောက်ထည့်နေတာကိုရပ်ကာ ဘေးရှိခုံတန်းမှာ ကောက်ထိုင်လိုက်သည်။

"" အဲ့တာဆို ထပ်‌စောင့်ရအုန်းမှာပဲ ""

"" ကိုစိုးသူလွင် ! ""

နှစ်ယောက်သားစကားပြောနေရင်း တံခါးဝမှ ဩရှရှ ခေါ်သံကြောင့် နှစ်ယောက်စလုံး လှည့်ကြည့်လိုက်သည် ။

"" ချန်ဒလာ ""

"" မတွေ့တာကြာပြီနော် ကိုစိုးသူလွင် ""

"" အာ အင်း ဟုတ်တယ်နော် ။ ""

"" ဟက် ! ကိုစိုးသူလွင်နောက်က ခေါက်ဆွဲခြောက်က ဘယ်သူ့ကလေးလဲ ""

"" ဘာဗျ !! ""

ချန်ဒလာ ‌မျက်စိရှေ့ရှိ ခေါက်ဆွဲခြောက်ဆံပင်ကေနှင့် ကောင်လေးကို တမင်တကာ မထိတထိပြောလိုက်ခြင်းသာ ..

ယိမ်းယိုင်ပြန်ပြောဖို့ ဟလိုက်ပေမယ့်လည်း အပြစ်ပြောစရာမရှိလောက်အောင် ရှေ့ရှိ လူက ပြည့်စုံနေလေသည် ။ ဒီဆံပင်ရဖို့ သူများတွေတောင် ငွေကုန်ကြေးကျခံပြီး လိုက်ကောက်ထားရတာလေ ။
သူကသာ ပိုက်ဆံကုန်စရာမလိုအောင် မွေးရာပါကောက်နေတာလေ ဘယ်လောက်အဖိုးတန်လိုက်လည်း ။

"" သူက ဦးဗလမှိုင်းရဲ့ သားငယ်လေ ""

"" ဒါလီယာဝမ်ရဲ့ လင်ပါသားလေးဆိုတာ ဘာလို့ ထည့်မပြောတာလည်း ""

"" ဒီမှာ မင်းကဘာမို့လို့ ငါ့အ‌ ကြောင်းဘယ်လိုသိ ... ""

စကားတောင်မဆုံးသေး မျက်မှောင်ကြုံ့ကာ စိုက်ကြည့်လာသူကြောင့် လက်ဖျားတွေပင် အေးစက်ကာတုန်လာခဲ့တော့သည် ။ ထိုအကြည့်မျိုး သူမမြင်ဖူးတာကြာပြီ၊ သူ့ကိုစိုက်ကြည့်နေသောမျက်ဝန်းနီတွေက ယိမ်းယိုင်အပေါ် တစ်ချက်လွှတ်အမိန့်နှင့် ငြိမ်ကျသွားအောင်စွမ်းဆောင်နေသည်။

ချန်ဒလာ ယိမ်းယိုင်ရဲ့ တီရှပ်ဖြူရောင်အင်္ကျီလေးကိုဆောင့်ဆွဲလိုက်ကာ ..

"" ကျုပ်ထက် အသက်ကြီးနေလည်း ကျုပ်က ဂရုစိုက်နေမှာ မဟုတ်ဘူးနော်။ ခင်ဗျားပါးစပ်က ကျုပ်ကို မရိုမသေ စကား‌တွေထပ်ထွက်မလာနဲ့ ။
တစ်ခါထပ်ထွက်လာတိုင်း ဘာလုပ်မယ်ဆိုတာ အာမ,မခံနိုင်ပေမယ့် ခင်ဗျားရဲ့နှုတ်ခမ်းတွေ စုတ်ပြတ်သတ်သွားလိမ့်မယ်ဆိုတာတော့ ကျုပ်အာမခံနိုင်တယ် !! ""

ချန်ဒလာ မနေ့ကဒါလီယာဝမ်အကြောင်းစုံစမ်းခိုင်းရင်း ယိမ်းယိုင်မှိုင်းအကြောင်းပါ သိခဲ့ရခြင်းဖြစ်သည်။ ကလေးမကျ ဘာမကျ ပုတတ်တတ်ကောင်လေးက သူ့ထက်နှစ်နှစ်မျှ ကြီးပါသည်တဲ့လေ .. ရှေ့ရှိကောင်လေးဟာ အရင်ကလို ကလေးရုပ်လေးတော့ မဟုတ်တော့ချေ ။ စတွေ့တုန်းကတောင် မနည်းကြည့်ယူခဲ့ရ၏ ။

"" ဟေး ! မဟုတ်သေးဘူးလေ ။ ချန်ဒလာ
မင်းတော်တော့ ""

စိုးသူလွင်လည်း မနေသာတော့ပဲ ဆုတ်ကိုင်ထားသည့် အင်္ကျီ‌ ပေါ်ကလက်တွေကို ဖြေနေရတော့သည် ။

"" ချန်ဒလာ ဘာအကြောင်းပဲရှိခဲ့ ရှိခဲ့စိတ်လျော့ကွာ ။ ဖြစ်ခဲ့သမျှတိုင်းက ယိမ်းယိုင်နဲ့မဆိုင်ဘူးလေ ။ ""

ချန်ဒလာက ဘယ်လောက်ပြောပြောစိတ်လျော့မည့်ပုံမပေါ် .. ယိမ်းယိုင်ကလည်း ဘာတွေပြောနေတာလည်းဆိုသည့်သဘောဖြင့် သူ့ကိုယ်သာ ကြည့်နေသည် ။

ချန်ဒလာ ရှေ့ရှိကောင်လေးနားတိုးကပ်သွားကာ

"" ကျုပ်ဆိုတဲ့ကောင်က အကုန်လုံးအထက်မှာ နေတဲ့ကောင် နောက်နှစ်ရက်နေရင်လည်း ခင်ဗျားအထက်ရောက်တော့မှာ ""

"" မင်းဘာကွ !! ""

ခွပ် !!

ထိုးလိုက်သည့်အားကမနည်းလှ မျက်နှာကိုချာခနဲ ။

"" ခင်ဗျား ကျုပ်ကိုထိုးရဲတယ်ပေါ့ ""

"" အေးထိုးတယ် ဘာဖြစ်လည်း ။ မင်းပြန်ထိုးချင်လား ရော့လေ ထိုး! တစ်ယောက်တစ်ချက် ""

အကောင်သေးသလောက်ဇကတော့မသေးလှ ။

ထိုးဟုဆိုကာ ပါးကို အတင်းထိုးပေးသူကား
ချန်ဒလာ တစ်စိုက်မတ်မတ် ကြည့်နေမိသည် ။
‌ပါးပေါ်၌ သွေးကြောစိမ်းလေးတွေကိုပင် စိမ်းဖန့်ဖန့်မြင်နေရသည် ။

ရင်ခွင်လောက်သာရှိသည့် ကောင်လေးရဲ့ နားနားသို့ ကိုယ်ကိုယ်ကိုင်းကာ ငုံ့လျှက် ...

"" ကျုပ်ကခင်ဗျားကို လက်နဲ့တော့မထိုးဘူး ။
10လက်မ လောက်ရှည်တဲ့ ကျုပ်ရဲ့တစ်‌
ချောင်းထဲသောလီးနဲ့ ထိုးပေးမယ်လေ
ခင်ဗျားကြိုက်မှာပါ ။ ""

"" မင်းခွေးစကားမပြောနဲ့ ချန်ဒလာ ။
မင်း စကားတွေ နယ်ကျွံမလာနဲ့ !! ""

ယိမ်းယိုင်အမှန်တကယ်ပင် စိတ်တိုနေပြီဖြစ်သည် ။ တစ်ခြားယောကျာ်းရှေ့မှာ သူ့ရဲ့သိက္ခာတွေကိုစော်ကားနေသည်မဟုတ်လား ..

"" မင်းမှာ အရှက်ကောရှိသေးလား ""

"" ကိုစိုးသူလွင်ထွက်သွား !! ""

"" ဘာကိစ္စနဲ့ကိုစိုးသူလွင်က ထွက်သွားရမှာလည်း ""

တစ်ချို့အကြောင်းတွေက စိုးသူလွင်ရှေ့မှာ ပြော၍ မဖြစ်နိုင် ။ ဒါကြောင့် ချန်ဒလာ ထွက်သွားခိုင်းနေခြင်း သာ ဒါကိုရှေ့ရှိ ခေါက်ဆွဲခြောက်ကနားမလည် ။

စိုးသူလွင်လည်းနှစ်ယောက်ကြား အမှန်တကယ်ကိုဗျာများနေ‌ လေသည်။

"" ကျုပ်စကားကို နှစ်ခါမပြောတတ်ဘူးဆိုတာ ခင်ဗျားကောင်းကောင်းသိတယ်နော် ။ ကိုစိုးသူလွင် ""

စိုးသူလွင် ယိမ်းယိုင်ထက် ချန်ဒလာရဲ့ဒေါသကိုပိုကြောက်သည် ထစ်ခနဲရှိလက်ပါသည့်ကောင် ..

"" ယိမ်းယိုင် ငါအပြင်မှာရှိနေမယ်နော် ""

ကိုစိုးသူလွင်တံခါးကို ငြင်ငြင်သာသာပိတ်ခဲ့ကာအပြင်ထွက်သွားလေသည် ။အခန်းထဲတွင်နှစ်ယောက်ထဲကျန်ရှိကာ လေထုကတော့စိမ်းသက်သက်။ နှစ်ယောက်လုံးဘက်မှလည်း စကားမစသေး ... မနေနိုင်တော့ယိမ်းယိုင်ဘက်ကပင် စပြောရသည့်အခြေအနေသို့ရောက်လာတော့သည် ။

"" မင်းဘာဖြစ်ချင်နေတာလည်း။ ဘာလို့ ဒီလိုတွေလုပ်နေတာလည်း ""

"" ကျုပ်ကိုလက်ထပ် ""

"" မင်းဘာပြောလိုက်တယ် !! ""

"" ခင်ဗျားနားထဲ လီးစို့ထားလို့ မကြားတာလား ""

စကားတွေဟာ ရင့်သီးလှကာ တစ်ဖက်လူနားဝင်ချိုအောင်ပင်မပြောတတ်။ သူ့ကို ဒီလိုမျိုး မိုက်မိုက်ရိုင်းရိုင်းလည်းဘယ်သူမှ မပြောဖူးသည့်အတွက် သူ့အနေနှင့် ဘက်ဆက်ပြောရမလည်းမသိအောင်ဆွံ့အနေမိသည်။

"" မင်း .. မင်း ""

ပြောလိုသည့်စကားတို့က လည်ချောင်းဝမှာ
တစ်ဆို့လျှက် အပြင်ဘက်သို့တစ်လုံးမှတော့
ထွက်မလာပေ ။

"" ကျုပ်နာမည် မင်းမင်း မဟုတ်ဘူး ။
ချန်ဒလာဟေဒန် .. ယိမ်းယိုင်မှိုင်းရဲ့တစ်ဦးတည်း
သောယောကျာ်းဖြစ်လာမယ့်သူ ချန်ဒလာဟေဒန် !! ""

"" မင်းမှာ ဘယ်ကသတ္တိတွေ ရှိလို့ ဒီလိုလုပ်နေရတာလည်း ။ မင်းနဲ့ငါ ခုချိန်ထိ ငါးခေါက်ပဲတွေ့ဖူးသေးတာ ။ မင်းမှာ ဘာအကြောင်းပြချက်တွေရှိနေလည်းမသိပေမယ့် မင်းကို ငါစိတ်မဝင်စားဘူး ""

"" ကျုပ်လည်းခင်ဗျားလိုခေါက်ဆွဲခြောက်ကေကို အားအားယားယား စိတ်မဝင်စားပါဘူး ။ကျုပ်ကခင်ဗျားကိုလိုချင်တာ။ ကျုပ်ဆိုတဲ့ကောင်က လိုချင်တဲ့အရာကို မဖြစ်ဖြစ်အောင်ယူနိုင်တဲ့ အာဏာနဲ့
ပါဝါလည်း ကျုပ်မှာရှိတယ်။
ခင်ဗျားသဘောပေါက်ထား ။ ""

"" ... ""

"" ဒီစာရွက်တွေ ခင်ဗျားကြည့်လိုက် ""

လက်ထဲသို့မထည့်ပဲ မျက်နှာကိုပစ်ပေါက်လိုက်သည့် စာရွက်စာတမ်းတွေက သူ့ဖိနပ်နားသို့ ပြန့်ကျဲစွာ ပြုတ်ကျနေ‌သည် ။ သူမကြည့်ဘူးဟု တေးထားသမျှလည်း ဖိနပ်ပေါ်မှာကျနေသည့် မှိုင်းကုမ္ပဏီဆိုသည့်နာမည်ပါ‌နေသည့်စာရွက်ကြောင့် အမြန်ပင်ကောက်လိုက်တော့သည် ။

မှိုင်း Company ၏ အကြွေးစာရင်းမှတ်တမ်းများ

"" ခင်ဗျားအဖေကုမ္ပဏီက သုံးရက်နေရင် ဒေဝါလီခံရတော့မှာ လျော်ရမည့်ငွေပမာဏက ခင်ဗျားလက်ထဲ က စာရွက်တစ်ရွက်လုံးစာပဲ ""

"" .. ""

ယိမ်းယိုင် စာရွက်ကိုကြည့်ကာ မယုံကြည်နိုင် ။ ပမာဏက များလွန်းသည်ပင် တစ်သက်လုံးဆပ်ပါ့မယ်ဆိုတောင် မကျေနိုင်သည့် ပမာဏ ...

"" ကျုပ်ကိုလက်ထပ်! ဒီတွေအကုန်လုံး မရှိခဲ့ဘူးသလိုကျုပ်ကသတ်မှတ်ပေးမယ်။ခင်ဗျားမမေ့နဲ့ ကျုပ်သာတကယ်လုပ်ချင်ရင်ခင်ဗျားတို့ကို ဘယ်ဘုရားမှ ဆင်းမကယ်ပေးနိုင်ဘူး ""

"" ငါ .. ငါ ""

"" ခင်ဗျားတို့ထောင်နန်းစံချင်လို့လား ။ တစ်မိသားစုလုံးပြေးလွှတ်မယ်မထင်နဲ့ !! ""

"" ငါ့ကို အချိန်ပေးပါ။ ငါပြန်စဉ်းစား .. ""

"" ငါးမိနစ်အချိန်ရမယ် ။ ခုစဉ်းစား ကျုပ်ထိုင်စောင့်မယ် ""

"" ငါးမိနစ်ထဲနဲ့ ။ ငါကဘယ်လိုလုပ် ""

"" စာချုပ်တစ်ခု‌ပေါ်မှာ လက်မှတ်ထိုး ရုံပဲ‌လေ ။
ဘာတွေ အရေးကြီးခွင်ကျယ်စဥ်းစားမှာလည်း ။
ကျုပ်မှာ အချိန်မရှိဘူး ။ အချိန်တစ်မိနစ်ကုန်ပြီ ။ ""

ပြောပြီးပြီချင်းဆေးလိပ်ကိုမီးညှိလျှက် ဘေးရှိခုံတန်းမှာထိုင်ကာ သူ့အားစဉ်းစားလေဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြနေသည် ။

အချိန်တစ်ဖြေးဖြေး ကုန်လာသည်နှင့်အမျှ သူ့အတွေးတို့ဟာလည်းရောက်ရက်ခတ်လျှက် ...

အကိုက ဘာလို့ သူ့ကို ဖုံးကွယ်ထားရလည်း သူမသိတော့ ။ တစ်ယောက်ထဲကျိတ်လုပ်နေသည်တဲ့လား သူနားမလည်နိုင် သူကိုယ်တိုင်ကလည်း အလုပ်ကိစ္စတွေ စိတ်မဝင်စားသည့်တိုင်နည်းနည်းလေးတိုင်လှည့်မှ မကြည့်ခဲ့တာ ။ တစ်ကြိမ်တော့ တစ်ခါလောက်တော့ သူအကိုဖြစ်သူကို ကူညီချင်မိသည် ။ ခုချိန်ဆို အကိုဖြစ်သူဘယ်လောက်ဒုက္ခ ရောက်နေမလည်း ယိမ်းယိုင်ကောင်းကောင်းကြီးသိ‌ပေသည် ။
တစ်မိသားစုလုံး ဘဝပျက်မည့်အစား သူတစ်ယောက်ထဲ ဘဝပျက်လည်း နည်းတာမှ မဟုတ်တာ။

"" အချိန်ပြည့်ပြီ ဒါလင် ။ ""

"" ငါ ငါလက်ထပ်ပါ့မယ် မင်းကို ""

"" ဟက် ! ကျုပ်ရဲ့ခေါက်ဆွဲခြောက်လေးကတန်းဖြေတော့တာပဲ ။ ဒါနဲ့များအစောတုန်းက
ကျုပ်ကိုလက်ထပ်ချင်ရဲ့သားနဲ့ မူနေသေးတယ် ။ ဟုတ်တာပဲ ကျုပ်ရုပ်က လူတိုင်းနှစ်ခါပြန်မငြင်းနိုင်တဲ့ ရုပ်မျိုးလေ ။ ""

•~•~•~•~•~•~•~•~•~•~•~•~•~•~•~

ချန်ဒလာ၏ အိမ်ပြန်လိုက်ပို့မယ်စကားကြောင့် နှစ်ယောက်လုံး သူ့ကားပေါ်၌ ပါလာခြင်းသာ ..

ယိမ်းယိုင် တစ်လမ်းလုံးစကားလည်းမပြောနိုင်တော့ ပြောလည်းပြောချင်စိတ်မရှိတော့ သူအရမ်းပင်ပန်းနေသည်ပင် ။ ဖြစ်နိုင်ရင် ဘေးရှိလူကို မျက်နှာတစ်ခုလုံးစုတ်ပြတ်သွားအောင် ထိုးလိုက်ချင်သည်။

"" ဒါလင် အိမ်ရောက်ပြီ ""

"" မင်းငါ့ကိုအဲ့လိုမခေါ်စမ်းနဲ့ !! ""

"" ဟ ! ခေါ်တော့ ဘာဖြစ်လည်း မကြာခင်ပဲယူတော့မယ် ။ ဒါလင်ဆိုတာ ဒါ ငါ့လင် ဟဲ့ဆိုပြီး ကြိုတံဆိပ်ကပ်လိုက်တာလေ !! ""

"" ငါမင်းကိုချစ်မနေဘူး ။ ""

"" ကျုပ်လည်း ခေါက်ဆွဲခြောက် မကြိုက်ဘူး !! ""

တောက် !!

တောက်တစ်ချက်ခေါက်လျှက် ဘေးရှိလူကို ခပ်စူးစူးကြည့်လိုက်သည်။ ကျက်သတုန်းကောင်ကလည်းသူ့ကို ခပ်ထေ့ထေ့ကြည့်ကာ ဘာလဲဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြ၏။ဒီလိုကောင်နဲ့ကံကြမ္မာက ဘာလို့များတစ်ဖန်ဆုံစည်းစေပြန်ရတာလဲ။သူ့နဲ့ကောရှေ့ဆက်ရမယ့်နေ့ရက်တိုင်းကအဆင်ပြေနိုင်ပါ့မလား။နှစ်ယောက်လုံးအတွက်သဟဇတကောဖြစ်နိုင်ရဲ့လား။တကယ်ပါယောကျာ်းတစ်ယောက်နဲ့လက်ထပ်ရတာလွယ်တယ်များထင်နေခဲ့တာလား။အိမ်ထောင်ရေးသာယာမှုကိုပါ အမျိုးသားအချင်းချင်းအပြည့်အဝပေးဆောင်နိုင်တယ်လို့များထင်နေတာလား။ချက်ချင်းပြောင်းလဲသွားတဲ့အနာဂတ်သူ့ဘဝထဲဘယ်လိုဂြိုလ်ဆိုးကထွက်ဝင်လာအုန်းမလဲစိတ်ရှုပ်စရာ။

ယိမ်းယိုင်သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ထို့‌နောက်ကား‌ပေါ်မှခပ်မြန်မြန်ဆင်းကာအိမ်ထဲသို့သာ ဆောင့်ကြီးအောင့်ကြီးတန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။အပြုအမူတွေက ကလေးဆန်နေမယ်ဆိုလည်းမတတ်နိုင် ခုချိန်မှာ ထို့ကောင့်မျက်နှာကိုသာ ပါးချ၊နားချသာလုပ်လိုက်ချင်တယ်။

ယိမ်းယိုင်ထွက်သွားသည်နှင့်နောက်မှာကျန်ခဲ့သည့် ကိုစိုးသူကပဲ ...

"" ချန်‌ဒလာ ကောင်းကောင်းပြန်အုန်း ! ""

ချန်ဒလာလည်း ကားပေါ်မှမြန်မြန်ဆင်းကာဒါလီယာဝမ်အကြောင်းမေးမိတော့သည်။‌စောက်ရမ်းသတိရနေလို့တော့မထင်လိုက်နဲ့။ဒါလီယာဝမ်နဲ့ ယိမ်းယိုင်မှိုင်းကို ဖြစ်နိုင်ရင်တစ်ညတောင်တူတူထပ်မထားချင်စောက်ကျင့်မကောင်းတာတွေက ဓါတ်ကူးတတ်တယ်လေ။

"" ကိုစိုးသူ ဒါလီယာဝမ်ကော ! ""

စိုးသူလွင်သက်ပြင်းကို ခပ်ပြင်းပြင်းတစ်ချက်ချလိုက်ကာ

"" ချန်ဒလာ ! မင်းဘယ်သူ့အတွက် လက်စားချေချေ ယိမ်းယိုင်ကိုမထိခိုက် ... ""

"" မောင် .. မောင်မလား ""

စိုးသူလွင်ရဲ့စကားသို့မဆုံးလိုက် အိမ်ထဲမှ ပြေးထွက်ကာချန်ဒလာကိုပြေးဖတ်လာသူ ဒါလီယာဝမ်ကြောင့်ရှေ့ဆက်မည့်စကားတို့ကားမစွမ်းသာခဲ့။

ခါးထက်၌ ကပ်တွယ်လျှက် ဖတ်ထားသူကြောင့် ချန်ဒလာတုပ်တုပ်ပင် မလှုပ်နိုင် ။ ရေမွှေးနံ့ ပြင်းပြင်းကလည်း နှာခေါင်းဝသို့ ခပ်ပြင်းပြင်းဝင်လာကာ ခေါင်းတစ်ခုလုံးကိုပင် ချာချာလည်မူးသွားစေနိုင်သည် ။

"" ဒါလီယာဝမ် ကျုပ်ကိုလွှတ်ပေး !! ""

"" မောင်ရယ် ငါအရမ်းလွမ်းနေခဲ့လို့ပါ ""

"" ကျစ် ! ဒီမှာ ယောက္ခမကြီး ။
ခင်ဗျားလွှတ်ပေးစမ်းပါ ။ ""

"" မောင် မင်းမကို ဘယ်လိုကြီးခေါ်လိုက်တာလဲ ""

"" .. ""

စိုးသူလွင်နှစ်ယောက်လုံးကို ဆက်မကြည့်ချင်တော့ ချန်ဒလာလုပ်ရပ်တွေကိုလည်း အံ့ဩသည် ။ မချစ်ပဲ ယိမ်းယိုင်ကို ဘာလို့ယူချင်နေရတာလည်း ။ ချန်ဒလာ ခံစားချက်တွေကိုလည်း သူနားလည်သည် ။ ယိမ်းယိုင်နဲ့ မသိခင်ကတည်းက ချန်ဒလာဟာဘေးချင်းကပ်အိမ်မှာနေခဲ့ကာ သူ့အတွက်တော့
ညီလေးတစ်ယောက်ဖွယ် ။

' ဘာတွေပဲလုပ်လုပ် ယိမ်းယိုင်အပေါ်မထိရောက်ဖို့တော့မျှော်လင့်မိတယ် '

"" ကျွန်တော်က အမသားနဲ့ လက်ထပ်မယ့်လူ ။
အမ အနေအထိုင်ကြီး ဆင်ခြင်လိုက်ရင်ကောင်းမယ် ။ ""

"" ဟင့် ! မောင်ရယ် ပထမတစ်ခါက ဦးဗလမှိုင်းက မောင်နဲ့မကို ခွဲတယ် ။ ခု သူ့သားက မောင်နဲ့ မကို ဝေးအောင်ထပ်လုပ်အုန်းမယ်ဆို မလည်းသေတော့မလိုပဲ ""

ချန်ဒလာ မျက်ရည်တွေရွှဲနစ်နေသည့်
ဒါလီယာဝမ်ကို ကြည့်ကာ ..

"" အဲ့တာ ခင်ဗျားကိစ္စလေ ။ ကျုပ်နဲ့ ဘာဆိုင်လို့လည်း ။ ""

"" မောင်အရင်ကနဲ့ မတူတော့ဘူး ။ မောင်မကို မချစ်တော့ဘူးလား ။ ""

"" ကျုပ်ခင်ဗျားပေါ်ချစ်ခဲ့တာတွေက ၁၆ နှစ်အရွယ်ကတည်းက အကုန်လုံးပျောက်ကွယ်ကုန်ပြီ ။ ကျုပ်ကိုသတ်ပစ်ဖို့ အကြိမ်ကြိမ်လုပ်နေတဲ့လူကို ကျွန်တော်က ဆက်ချစ်နေရမှာလား ။ခင်ဗျား အရင်က အနုနည်းနဲ့ကျုပ်နားကပ်ခဲ့သလို ခုတစ်ခါ ခင်ဗျားနားအကြမ်းနည်းနဲ့ ကျုပ်ကပြန်ကပ်ရုံပဲ ။ ""

"" မောင်ဘာတွေပြော ... ""

အ့ !

ချန်ဒလာ , ဒါလီယာဝမ်ရဲ့ ပါးစောင်ကို အားပါပါဆွဲညစ်လိုက်ကာ ..

"" ခင်ဗျားကော ခင်ဗျားအဖေကော ကျုပ်လက်ထဲက ဒီတစ်ခါပြေးမလွတ်တော့ဘူး !! ။ ""

"" မောင်အဲ့ချိန်ကတည်းက သိနေခဲ့တာလား ။ဘာလို့များ မင်းကို သတ်ဖို့လုပ်ခဲ့တဲ့ငါ့ကို အဲ့ကတည်းကပြန်မသတ်ခဲ့လည်း ။ ""

"" ကျုပ်မှာ လူတစ်ယောက်ကိုလွယ်လွယ်ကူကူသတ်လို့ရနိုင်တဲ့ အာဏာ
မရှိသေးလို့ပဲ ။ ခုချိန်မှာတော့ ခင်ဗျားတို့ ဘယ်လိုပြေးပြေး ကျုပ်ဆိုတဲ့ကောင်က ခင်ဗျားတို့ကို အနုနည်းနဲ့ ငရဲ ဆိုတာဘာလည်းဆိုတာ တစ်ဖြေးဖြေးပြပေးမယ် ။ ""

"" ဦးဗလမှိုင်းက သူ့မိန်းမကို ထိမယ့်သူကို ငြိမ်နေမယ်ထင်လား။ အပြတ်ပြတ်နဲ့သွေးမထွက်ခင် မောင်ငါ့ကို ရွေးချယ်လိုက် !! ""

"" ခင်ဗျားရဲ့ယောကျာ်းကလည်း ခုချိန်မှာ ကျုပ်ဘယ်လိုလုပ်လုပ် တောက်ချလိုက်လို့ရတဲ့ အခြေအနေပဲ ။ နောက်ပြီးကျုပ်ရဲ့ ရွေးချယ်မှုက အမြဲတမ်း ခင်ဗျားမဟုတ်တာတော့သေချာတယ် ယောက္ခမကြီး ။ ""

"" မင်းရဲ့ စည်းစိမ်တွေကြောင့်သာမဟုတ်ရင် မင်းကိုအဲ့ကတည်းက အသေသတ်ပစ်လိုက်မှာ !! ""

"" ဟက် !! ""

ဆွဲညစ်ထားသည့်လက်ကိုလွှတ်ကာ လှည့်ထွက်သွားသူကို တစ်စိုက်မတ်မတ် လိုက်ကြည့်နေမိသည် ။

"" မင်းရဲ့ အရာရာတိုင်းက ဒါလီယာဝမ်ဆိုတဲ့ ငါ့ရှေ့မှာပဲ ဦးညွှတ်စေရမယ် !! ""

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

အိမ်ပြန်ရောက်သည်နှင့် ဝရန်တာဘက်ထွက်ကာ ဆေးလိပ်ကို တစ်ဘူးလုံးထိုင်သောက်ပြစ်နေမိသည်မှာ အချိန်ဘယ်လောက်ကုန်သွားသည်တောင်မသိ ။ အဆုတ်အတွင်းထိ ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြန်မှုတ်ထုတ်လိုက်သည့် အ‌ငွေ့တို့ဟာလည်း ခပ်များများ ....

ဘောင်းဘီ အိတ်ကပ်ထဲထည့်ထားသည့် ဖုန်းကို ထုတ်လိုက်ကာ တစ်စုံတစ်ဦးထံ ဖုန်းခေါ်ဆိုလိုက်သည် ။ အချိန်တော်တော်ကြာသည်နှင့် တစ်တီ တီ ဖြင့် နောက်ဆုံးမှသာ အသံကိုကြားရသည် ။

"" ဟယ်ရီ !! ပျင်းနေလား ""

လက်တစ်ဖက်ကလည်း ဆေးလိပ်ကိုကိုင်ကာ ဆေးလိပ်သောက်မပျက် ...

"" ဟုတ်ကဲ့ ။ အိပ်ချင်နေပါပြီ ""

"" ငါမေးတာ မင်းပျင်းနေလားမေးတာ ။ ""

"" ပျင်းပါတယ် ""

"" မြန်မာနိုင်ငံ မသွားခင် တစ်ခုခုလုပ်ချင်နေတ
ယ် ! ""

"" ဗျာ ! သခင်ကြီး အက်စတွန်က ကျွန်တော်ကို
ဝမ်တိန် ပေးထားတယ် မဖြစ်ဘူး ။ ""

"" ငါ့ဦးလေး နှစ်ယောက်လုံးကို ငါပိုင်ပါတယ် ""

သူပြောရင်းတစ်ချက်ရီမိသွားသည် ။ အဖေနဲ့အမေ သေပြီးကတည်းက ဦးလေးနှစ်ယောက်ဖြစ်သူ
အက်စတွန်နှင့် ဝသုန်ဟေဒန်တို့ကား သူ၏ အဖေအမေ နေရာဝင်ယူလိုက်ခြင်း ။ နောက်ပြီး သူတို့နှစ်ဦးကား သူမမွေးခင်ကတည်းက အမှန်တကယ်ကိုလည်း ချစ်သူတွေဖြစ်နေပြန်သည် ။ အဖေက ကနေဒါလူမျိုးဖြစ်ကာ အက်စတွန်ရဲ့အကိုပင် ။ အမေဖြစ်သူကတော့ ဝသုန်ဟေဒန်ရဲ့ တစ်ဦးတည်းသောညီမဖြစ်သည် ။

အဖေနှင့်အမေ သေဆုံးသည့်အရွယ်၌ သူအသက် 3 နှစ်သာရှိသေး‌သည်။ အိမ်တော်ထိန်းအဘ၏ လက်ပေါ်၌ ကြီးပြင်းခဲ့ရသူဖြစ်၍ အဖေအမေနှင့် သူရဲ့အတိတ်တို့ဟာ ဝိုးတိုးဝါးတား ။ အဖေနှင့်အမေ အသတ်ခံရမှုတွင် ဒါလီယာဝမ်တို့ မိသားစု လက်ချက်မှန်း ၁၆ နှစ်အရွယ်မှ ဦးလေးဖြစ်သူ
ဝသုန်ဟေဒန်ပြောပြခဲ့လိုသာ သိရှိခဲ့တာ ဖြစ်သည် ။
ဒါလီယာဝမ်ကိုယ်တိုင်ကလည်း သူ့အပေါ် သတ်ပစ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသူပင်။

ဦးလေးနှစ်ယောက်စလုံးကလည်း ယောကျာ်းလေးနှစ်ယောက်ဖြစ်သည့်တိုင် သူ့အပေါ်တော့ လိုလေ‌သေးမရှိအောင် ဖခင်မေတ္တာကော မိခင်မေတ္တာကောကျေပွန်ခဲ့ကြသူနှစ်ဦးပင် ။

ဖုန်းထဲမှ ဘာသံမှမကြား ငြိမ်သက်နေသူကား ဟယ်ရီအသိပေးလိုက်လေသည် ။

"" သခင်လေးက ဘာလုပ်ချင်တာလည်း ။ ""

"" အရင်ဆုံး ဂိုဏ်းကိုသွားရအောင် !! ""

"" ဟုတ်ကဲ့ သခင်လေး ။ ကျွန်တော်လာခေါ်လှည့်ပါမယ် ""

ည ၂ နာရီထိုးကြီး ခေါင်းဆောင်လာမည်ဆိုသည့်အတွက် အဖွဲ့ဝင်သားတွေဟာလည်း အကုန်လုံး ရှုပ်ရှက်ခတ်နေတော့သည် ။

"" တစ်ညလုံး ခေါင်းဆောင်က မအိပ်တော့ဘူးလား။ ""

"" တစ်နေ့လုံး လေ့ကျင့်ကွင်းဆင်းထားရတာလေကွာ ။ ခုမှနားတုန်းရှိသေးတယ် ။ ဘာကြီးမှန်းလည်း မသိဘူး။ ""

"" သူမအိပ်တိုင်း ငါတို့ကိုပါ နှိုးနေတယ် ။
အဲ့တာကြောင့်မိန်းမ မရတာ။ ""

"" ‌တိတ်တိတ်နေတော့။ နောက်မှ အတိုးနဲ့ အရင်းနဲ့ ပေါင်းအိပ်ကြမယ် ။ ရှေ့မှာ ရောက်နေပြီ ။ ""

ကွင်းပြင်ကြီးတစ်ခုလုံး အဖွဲ့သားတွေရဲ့ တစ်ခွန်းစ နှစ်ခွန်းစ စကားသံတို့ကား ပြည့်နှက်နေလေသည် ။

"" မနက်ဖြန် ငါမြန်မာနိုင်ငံကို ဆင်းမယ် !! ။ ""

ရိုးရိုးပုံမှန်အတိုင်းပြောတာတောင် အသံနက်နက်ကြီးဟာ ကွင်းပြင်ကျယ်ကြီးကို ဟိန်းခနဲ ...

"" ငါမရှိတုန်း မင်းတို့ အသစ်လေးတွေကို ဂျိမ်းက ကြည့်ကြပ်ပေးလိမ့်မယ် ။ ""

"" အသစ်တွေက လွဲရင် တော်တော်များများ ငါနဲ့ လိုက်ခဲ့ ။ ဒီနဲ့ ယမ်ပါ တစ်ခါထဲ ခေါ်ခဲ့ ။ ကြားလား ငါပြောတာ !! ""

"" ကြားပါတယ် သခင်လေး ။ ""

အကုန်အမိန့်ပေးပြီးသည်နှင့် နောက်ဘက်ရှိ ဟယ်ရီဘက်ကိုလှည့်ကာ..

"" ဟယ်ရီ!! ""

"" ဟုတ်ကဲ့ သခင်လေး ""

"" မနက်ဖြန်လိုက်မယ့်လူစာရင်းတွေ တစ်ခါထဲ အပြီးလုပ် ။ ""

"" ဗျာ ! မအိပ်ရတော့ဘူးလား။ ""

"" မအိပ်နဲ့ !! ""

•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

"" ကိုစိုးသူ ကျွန်တော်တို့ သူ့လေယာဉ်နဲ့ အတည်ကြီး ပြန်ကြမှာလား ပြန်စဉ်းစားပါအုန်း။ ""

"" စဉ်းစား မနေဘူး ။ လေယာဉ်ခသက်သာတယ် ။ ""

"" ဂျော့ကကော ။ ""

"" ခေါ်ခဲ့တဲ့ ။ ငါလည်း ဒီမှာ မနေတော့ဘူး
မြန်မာနိုင်ငံ အပြီးပြန်မှာ ခရီးပတ်နေတာ တော်ပြီ ။ ""

စိုးသူလွင် ကနေဒါမှာ နေတာ တစ်နှစ်ပြည့်နေပြီပင် ။ အလုပ်ကိစ္စနှင့် ပတ်သတ်၍ ကနေဒါကို ရောက်လာခဲ့ခြင်း ။

တီ ! တီ ! တီ !

အိမ်ရှေ့ရှိ ကားသံကြောင့်နှစ်ယောက်စလုံး ခြံထဲသို့ ဆင်းလာခဲ့ကြသည် ။ ဒါလီယာဝမ်ပါ ခြံထဲသို့ရောက်ရှိနေကာ မျက်နှာကတော့မသာမယာ။

"" ယိမ်း ဒါလင် !! ""

"" ငါ့ကို အဲ့လိုကြီး မခေါ်နဲ့ !! ""

"" ကိုယ့်ယောကျာ်းကို ကိုယ်ခေါ်တာပဲ
ဘာဖြစ်လည်း ။ ""

"" မင်းလိုလူနဲ့ ငါစကားမပြောချင်ဘူး။ မျက်နှာပြောင်လိုက်တိုက်မနေနဲ့ ။ ""

"" ကျုပ် Skincare တယ် မျက်နှာပြောင်မဟုတ်ဘူး ။ ""

"" .... ""

ယိမ်းယိုင်သက်ပြင်းတစ်ချက်ချကာ ဘာမှမပြောတော့ ကြည့်သာကြည့်နေမိတော့သည် ။

"" တတ် ! ကားပေါ် ။ ""

ဒါလီယာဝမ်ပါ ချန်ဒလာရဲ့ကားပေါ်တတ်ဖို့ပြင်လိုက်သည်နှင့် ခပ်ဖြောင့်ဖြောင့်လူနှစ်ဦးက တားထားလေသည် ။

"" မင်းတို့ ဘာလုပ်တာလည်း ။ ""

"" သခင်လေးက အမဒါလီယာဝမ်ကို ကိုယ့်ကားနဲ့ သွားချင်သွား ။ မသွားချင် ကျွန်တော်တို့ကားနဲ့ လိုက်ခဲ့ဖို့မှာထားပါတယ် ။ ""

"" မင်းတို့ငါဘယ်သူလည်းဆိုတာ မသိတာလား။ ""

"" အမဘယ်သူလည်းဆိုတာ မသိချင်ဘူး ။
သေချာတာကတော့ အမက သခင်လေးနဲ့ အကိုလေးယိမ်းယိုင်လောက် အရေးမပါပါဘူး ။ ""

"" ဘာ !! ""

"" ကျွန်တော်တို့နှင့် လိုက်ခဲ့ပါ ။ ""

"" ဖယ် ! ငါ့ကို လွှတ်စမ်း ။ ""

ဒါလီယာဝမ်လည်း အင်အားချင်းမမျှသည့်အတွက် ဆွဲခေါ်သူ‌တွေနောက် ယက်ကန်ယက်ကန်ဖြင့် ပါသွားလေသည် ။

ယိမ်းယိုင်အပြင်ဘက်ရှိ ဒါလီယာဝမ်ကို လူနှစ်ယောက်က ဆွဲခေါ်သွားသည်ကို မြင်လိုက်သောကြောင့် ...

"" ကိုစိုးသူ ဒါလီယာဝမ်က ကျွန်တော်တို့နဲ့ မလိုက်ဘူးလား။ ""

"" ဟမ် ! ငါမသိဘူးလေ ""

"" ကိုယ် တစ်ခြားကားနဲ့ လိုက်ခိုင်းလိုက်တာ ။ ""

"" မင်းဘာလုပ်တာလည်း။ မင်းနေရာတကာဝင်ပါလှချည်လား။
သူလည်းတစ်နည်းအားဖြင့်ကြည့်ရင် ငါ့မိသားစုဝင်ပဲ ။ ""

"" ဟုတ်တယ် ကျုပ်ကားပေါ် ခင်ဗျားကလွဲဘယ်သူမှ တတ်တာ မကြိုက်ဘူး။ ကိုစိုးသူလွင်တောင် မတတ်သာလို့ခေါ်ထားတာ ။ ""

စိုးသူလွင် , ချန်ဒလာ၏ စကားကြောင့် ခုချက်ချင်းတောင် ပြန်ဆင်းရတော့မလို့ပင် ။

"" ငါ ပြန်ဆင်းလိုက်ရမလား ။ ""

"" မလိုဘူး ကိုစိုးသူ။ ဒီကောင်တမင်တကာ လုပ်နေတာ ! ""

ချန်ဒလာလည်း ဘေးရှိ ခေါက်ဆွဲခြောက်ထုပ် လေးကို ဘာမှပြောမနေတော့ ။ ဟုတ်သည်လေ ကားပေါ် အပုပ်အပွတွေ မတင်ချင်ပေ ။ ကားကိုသာ မောင်းထွက်ခဲ့လေသည် ။ လမ်းလေးခွစုံလုံးမှ ကားအမဲရောင်တို့ဟာ တစ်စီးပြီး တစ်စီး ထွက်လာကာ ချန်ဒလာ ကားနောက်မှထပ်ကြပ်မကွာ ပါလာတော့သည် ။

"" နောက်ကကားတွေက ငါတို့ကားနောက်ဘာလိုက်လုပ်ကြတာလည်း ။ ""

"" ဪ ! ယောကျာ်းနောက် သူတို့ခေါင်းဆောင်က ပါသွားတော့။သူတို့လည်း ခေါင်းဆောင်ကို မခွဲနိုင်လို့ လိုက်လာတယ်ထင်ပါတယ် ။ ""

•~•~•~•~•~•~•~•~•~•~•~•~•~•~•~

YYZ Toronto Pearson International Airport

ချန်ဒလာတို့လေယာဉ်ကွင်းထဲရောက်သည်နှင့် ဟယ်ရီက ကြိုရောက်နေကာ လမ်းညွှန်နေတော့သည် ။

"" သခင်လေးတို့ ဒီဘက်မှာပါ ။ ""

"" ဟယ်ရီ Pilot ကဘယ်သူလည်း ""

"" Pilot ဂျော်ဒန်ပါ ။ အကုန်လုံးလည်း စစ်ပြီးသားပါ ။ ဒီ နဲ့ ယမ် အပြင် မြင်းတစ်ကောင်လည်း ရောက်‌နှင့်နေပြီးသားပါ သခင်လေး ။ ""

လေယာဉ်တွေများစွာထားရှိနေသည့် ကွင်းကို မြင်နိုင်ရင် မှန်ပြင်တွေနှင့် ကာရံထားလေသည် ။ ယိမ်းယိုင် ဖန်ပြင်နားရှိ တိုးကပ် သွားကာ ကျယ်ဝန်းလှသည့် ကွင်းပြင်ကြီးကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုနေမိသည် ။

တစ်ဖြေးဖြေး မှန်ပြင်နားထိ တိုးကပ်လာသည်း
လေယာဥ်တစ်စီး ။ ဖြူဖွေးသန့်ရှင်း နေသည့် ကိုယ်ထည်ပေါ်၌ Chandler ဆိုသည့် စာတန်းကိုလည်း ပုံဖော်ထားလေသည် ။ စာတန်းကိုအမဲရောင်နှင့်ဖော်ထားသည့်အတွက် လေယာဉ်ပျံ၏ ကိုယ်ထည်ပေါ်၌ ထင်းလင်းနေပေသည် ။

ချန်ဒလာ မှန်ပြင်နား မတ်တပ်ရပ်နေသူကား အနောက်ကနေ တစိုက်မတ်မတ်ကြည့်နေမိသည် ။ အဖြူရောင်ရှပ်လက်ရှည်အပေါ်မှ အပြာရင့်ရောင် vest လက်ရှည်ကို ထပ်ဝတ်ဆင်ထားကာ ရှပ်အင်္ကျီနှင့် Vest ကိုရောလျှက် အပေါ်သို့ခေါက်တင်ထားလေသည် ။ အောက်က ဘောင်းဘီကလည်း အမဲရောင်ကိုဝတ်ဆင်ထားကာ တစ်ကယ့်ကို အသဲယားစရာလေးပင် ။ လက်တစ်ဖက်က ပလက်တီနမ်ချိန်းကြိုးပုံစံ လက်ပတ်လေးကိုဝတ်ဆင်ထားကာ အသားဖွေးဖွေးလေးပေါ်၌ တင့်တင့်တယ်တယ် ။

"" ယိမ်း ဒါလင် !! ဘာ‌တွေကြည့်နေတာလည်း ။ ""

"" မင်း အရမ်းအကြွားသန်တာပဲ ""

"" ဟင် ! ဘာကို ... ""

သူ့ဘက်ကို လှည့်မလာ ရှေ့တည့်တည့်ကိုသာ ကြည့်နေသူ၏ အကြည့်နောက် လိုက်ကြည့်‌မိသည်နှင့် သူ့နာမည်ထိုးထားသည့် လေယာဉ်တစ်စီးကား ပိတ်ရပ်ထားလေသည် ။

"" ရှိလို့ကြွားတာပဲ ""

ခေါင်းလှည့်ကာ ကြည့်လာ၏ မျက်ဝန်းတို့က နူးညံ့ခြင်းအပြည့် ။ အရင်ရက်တွေကလို ဒေါသထွက်ခြင်း အလျဉ်းမရှိ ပကတိအေးချမ်းလှပေသည် ။

ထိုအကြည့်တွေကို ချန်ဒလာ ကြာကြာရင်မဆိုင်ချင် ။

"" ဒါလင် ! သွားရအောင် ။ ""

လေယာဉ်ပေါ်ရောက်သည့်တိုင် လူ သိပ်မရှိ ။ ကိုစိုးသူက တစ်ယောက်ထဲထိုင်နေသည် ။ ဟယ်ရီ အပြင် နောက်ထပ်‌ လူလေးယောက်က နောက်ဆုံးနားတွင် ထိုင်နေလေသည် ။

"" ချန်ဒလာ ဒါလီယာဝမ်ကော !! ""

"" ဪ သူကလား ရိုးရိုးသာမာန်တန်းမှာ ""

"" မင်း ဘယ်လိုတွေ လုပ်နေတာလည်း ""

"" သူက ယောကျာ်းတွေနားနေနေရရင် ပျော်နေတဲ့လူ အဲ့တာကြောင့် ထည့်ပေးထားတာ ""

"" ငါပြန်သွားခေါ်မယ် ""

"" ကျစ် ! ခင်ဗျားမသွားနဲ့။ ဒီနေရာကနေ တစ်လှမ်းမှမရွေ့ဘဲ ကျုပ်အနားငြိမ်ငြိမ် လာထိုင်နေ။ ""

"" ငါကဘယ်လိုစိတ်နဲ့ ထိုင်နေ .. ""

"" ခင်ဗျားကို ကျုပ်ပြောနေတယ်။ ကျုပ်အနား ခုချက်ချင်းထိုင်နေ။ ""

ယိမ်းယိုင် မျက်မှောင်တွေ ကြုပ်လျက် ကြည့်နေသူကြောင့် သူ့ရဲ့သွားခေါ် လိုသည့် ဆန္ဒတွေကို ချိုးနှိမ်လိုက်ရသည် ။ ချန်ဒလာ၏အသက်ရှူသံတွေဟာလည်း ပြင်းထန်ကာအပြင်ဘက်ကပင် ကြားနေရလေသည် ။
ဘာမှ ဆက်မပြောဘဲ ခေါ်နေသူ၏ အနားနားကပ်ကာ ဝင်ထိုင်လိုက်ရသည် ။

ညဘက်သို့ကူးပြောင်းလာကာ တစ်ဖြေးဖြေးပဲ မှောင်လာနေပြီ ဖြစ်သည် ။ တိမ်တွေနဲ့ ထူထပ်ကာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ပေ။ အချိန်ကြာလှနေသည့်အမျှ သူ့၏မျက်ခွံတို့ဟာလည်းလေးလံကာ ပို၍ပင် အိပ်ငိုက်လာလေတော့သည် ။

ခိုက်မျည်းလာသည့်မျက်ဝန်း‌ တွေကဖွင့်ဖို့ပဲ အားမရှိတော့ ။ ခန္ဓာကိုယ်ကို အနည်းငယ်မျှရှောချလျှက် တံခါးဘောင်ဘက်မှီကာ အိပ်ဖို့ပြင်လိုက်တော့သည် ။

"" ကျုပ်ပုခုံးပေါ်မှီ ။ ""

"" ရတယ် ။ငါအရမ်းအိပ်ချင်နေလို့ ။ ""

မျက်လုံးကလည်း ပွင့်မလာ ။ တံခါးဘောင်ကိုမှီမြဲမှီဆဲ ..

"" ကျစ် ! စကားဆို တစ်ခွန်းထဲနဲ့ နားမလည်ဘူး။
အမြဲနှစ်ခွန်းလောက်ပြောနေရမှ ။ ကျုပ်ပုခုံးပေါ်မှီလို့ !! ""

အသံနက်ကြီးနှင့် အော်လိုက်သောကြောင့် လေယာဉ်ပေါ်ရှိ သူများတွေပင် အလန့်တကြားဖြစ်လာတော့သည်။

"" မင်းဘယ်လိုဖြစ်နေတာလည်း ။ ""

"" ကျုပ်ပုခုံးပေါ်မှီဖို့ပြောနေတာလေ ။ ""

နောက်ရှိ ကိုစိုးသူလည်း ခုမှ ပြဿနာသို့ သဘောပေါက်သည်နှယ် ။ ဘာမဟုတ်တာလေးနဲ့ ထထကိုက်နေကြသည် ပင် ။

"" ဟိုက မင်းကို သူ့ပုခုံးပေါ်မှီခိုင်းလည်း စိတ်ကျေနပ်အောင်မှီပေးလိုက်စမ်းပါ ""

ယိမ်းယိုင်လည်း ကိုစိုးသူ၏စကားကြောင့် မမှီချင် မှီချင်ဖြင့် သူ့ပုခုံးပေါ်သို့ ခေါင်းတင်လိုက်တော့သည် ။ မကြာလိုက် သူဘာမှ မကြားနိုင်တော့အောင် ထိုလူ့ ပုခုံးပေါ်၌ အသက်ရှူသံပုံမှန်လေးဖြင့် အချိန်အကြာကြီး အိပ်ပျော်သွားခဲ့ပြီပင် ။

•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

4 • 1• 2024 •
Xylo
• vote & com •

Continue Reading

You'll Also Like

9.3K 681 22
တချိန်က ဘယ်အရာကိုမှဂရုမစိုက်စွာပြုံးပျော်နေခဲ့သော ရှားပိုင်ဇေဟူသည့် လူရွယ်လေးသည် သူသိပ်ချစ်လှပါသောမောင့်ကိုတွေ့ခဲ့ချိန်မှစ၍ သူ့၏ဘဝသည် ကပြောင်းကပြန်ဖြ...
12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. •• in which a homeless boy goes to audition for an entertainment company, and there...
553K 17.9K 91
Harry James Potter has noticed Draco Lucian Malfoy disappearing from time to time from classes just as Lupin had been. Soon Harry realizes that Malfo...
30.8K 627 68
Author: Shaoyu/少予 Category: Tanmei fiction Status: 69 chapter Shu Ran listened to a story about an educated youth before going to bed. When a certain...