Ineluctable

By YaungYin

46.5K 5.2K 899

ရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ​၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်​၏။ Cover Photo Crd: More

မေတ္တာရပ်ခံပါရစေ
အပိုင်း(၁) Unicode
အပိုင်း(၂) Unicode
အပိုင်း(၃) Unicode
အပိုင်း(၄) Unicode
အပိုင်း(၅) Unicode
အပိုင်း(၆) Unicode
အပိုင်း(၇) Unicode
အပိုင်း(၈) Unicode
အပိုင်း(၉) Unicode
အပိုင်း(၁၀) Unicode
အပိုင်း(၁၁) Unicode
အပိုင်း(၁၂) Unicode
အပိုင်း(၁၃) Unicode
အပိုင်း(၁၄) Unicode
အပိုင်း(၁၅) Unicode
အပိုင်း(၁၆)Unicode
အပိုင်း(၁၇) Unicode
အပိုင်း(၁၈) Unicode
အပိုင်း(၁၉) Unicode
အပိုင်း(၂၀) Unicode
အပိုင်း(၂၁) Unicode
အပိုင်း(၂၂) Unicode
အပိုင်း(၂၃) Unicode
အပိုင်း(၂၄) Unicode
အပိုင်း(၂၅) Unicode
အပိုင်း(၂၆) Unicode
အပိုင်း(၂၇) Unicode
အပိုင်း(၂၈) Unicode
အပိုင်း(၂၉) Unicode
အပိုင်း(၃၀) Unicode
အပိုင်း(၃၁) Unicode
အပိုင်း(၃၂) Unicode
အပိုင်း(၃၃) Unicode
အပိုင်း(၃၄) Unicode
အပိုင်း(၃၅) Unicode
အပိုင်း(၃၆) Unicode
အပိုင်း(၃၇) Unicode
အပိုင်း(၃၈) Unicode
အပိုင်း(၃၉) Unicode
အပိုင်း (၄၀) Unicode
အပိုင်း(၄၁) Unicode
အပိုင်း(၄၂) Unicode
အပိုင်း(၄၃) Unicode
အပိုင်း(၄၄) Unicode
အပိုင်း(၄၅) Unicode
မေတ္တာရပ်ခံပါရစေ
အပိုင်း(၁) Zawgyi
အပိုင်း(၂) Zawgyi
အပိုင်း(၃) Zawgyi
အပိုင်း(၄) Zawgyi
အပိုင်း(၅) Zawgyi
အပိုင်း(၆) Zawgyi
အပိုင်း(၇) Zawgyi
အပိုင်း(၈) Zawgyi
အပိုင်း(၉) Zawgyi
အပိုင်း(၁၀) Zawgyi
အပိုင်း(၁၁) Zawgyi
အပိုင်း(၁၂) Zawgyi
အပိုင်း(၁၄) Zawgyi
အပိုင်း(၁၅) Zawgyi
အပိုင်း(၁၆) Zawgyi
အပိုင်း(၁၇) Zawgyi
အပိုင်း(၁၈) Zawgyi
အပိုင်း(၁၉) Zawgyi
အပိုင်း(၂၀) Zawgyi
အပိုင်း(၂၁) Zawgyi
အပိုင်း(၂၂) Zawgyi
အပိုင်း(၂၃) Zawgyi
အပိုင်း(၂၄) Zawgyi
အပိုင်း(၂၅) Zawgyi
အပိုင်း(၂၆) Zawgyi
အပိုင်း(၂၇) Zawgyi
အပိုင်း(၂၈) Zawgyi
အပိုင်း(၂၉) Zawgyi
အပိုင်း(၃၀) Zawgyi
အပိုင်း(၃၁) Zawgyi
အပိုင်း(၃၂) Zawgyi
အပိုင်း(၃၃) Zawgyi
အပိုင်း(၃၄) Zawgyi
အပိုင်း(၃၅) Zawgyi
အပိုင်း(၃၆) Zawgyi
အပိုင်း(၃၇) Zawgyi
အပိုင်း(၃၈) Zawgyi
အပိုင်း(၃၉) Zawgyi
အပိုင်း(၄၀) Zawgyi
အပိုင်း(၄၁) Zawgyi
အပိုင်း(၄၂) Zawgyi
အပိုင်း(၄၃) Zawgyi
အပိုင်း(၄၄) Zawgyi
အပိုင်း(၄၅) Zawgyi

အပိုင်း(၁၃) Zawgyi

54 7 0
By YaungYin

ကိုယ်လုပ်တော်ချီရှန့်​၏လက်ကို ဝမ်ဖိဖုရားကြီးကိုင် ဆွဲကာ နန်းတွင်းနတ်နန်းဆီသို့ကြွမြန်းလာ​၏။မိဖုရားကြီးတို့ဝင်လာတာမြင်သည့်အခါနတ်ဆရာယင်အန်းသည် လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံသည်။

"ဘာအကြောင်းကြောင့် နတ်နန်းကိုခြေဦးလှည့်လာရပါလဲ မိဖုရားကြီး..."

လက်ဖက်ရည်ငှဲ့ပေးရင်း နတ်ဆရာယင်အန်းထိုသို့မေးလာလျှင် ဝမ်မိဖုရားကြီးသည် ချီရှန့်ကိုငဲ့ကြည့်၍ပြုံးလိုက်သည်။ဂရုဏာသက်သည့်ဟန်ချီရှန့်​၏ဆံနွယ် များကိုသပ်ပေး၍ သက်ပြင်းလည်းငွေ့ငွေ့ချရင်း...

"စစ်တိုက်၊အမဲလိုက်ဖို့ပဲ ခေါင်းထဲရှိတဲ့ သားတော်ကို မိဖုရားတင်မြှောက်ဖို့နဲ့အိပ်ဆောင်ဝင်ဖို့အတွက်ပြောနေရတာ အကြိမ်ပေါင်းလည်းများနေပြီ...အစကတော့ သဘာဝအတိုင်းလေး ဖြစ်စေချင်ပေမယ့် အခုတော့ ကောင်းကင်ဘုံရဲ့အကူအညီနည်းနည်းလိုလာပြီထင်ပါရဲ့..."

ဝမ်မိဖုရားကြီး​၏စကားအသွားအလာကိုနတ်ဆရာယင်အန်းသဘောပေါက်ဟန်ဖြင့်ခေါင်းတညိတ်ညိတ်လုပ်သည်။လူသားတို့သည် သူတို့တတ်စွမ်းနိုင်ခြင်းမရှိသည့်ကိစ္စအား ကောင်းကင်ဘုံကိုအကူအညီတောင်းတတ်ကြသည်မှာအထူးအဆန်းမဟုတ်။

ချီရှန့်​၏ လက်ကို နတ်ဆရာယင်အန်းခွင့်တောင်းကာ ကိုင်လိုက်ပြီးလျှင် လက်ဖဝါးကိုဖြန့်၍လက္ခဏာကြည့်​၏။ဒီလက္ခဏာလမ်းကြောင်းများ​အတွက်သူ့အဖြေသည် ဘယ်အချိန်ကြည့်ကြည့်တစ်ခုတည်းဖြစ်သည်။ချီရှန့် တွင် နန်းသွေးကိုမွေးပေးရမည့်ဇာတာပါလာခြင်းမရှိ။ကျိန်းသေသည်က အရှင်​၏နှလုံးသားကိုဆုပ်ကိုင်နိုင် ခြင်းမရှိခြင်းကြောင့်သာဖြစ်လိမ့်မည်။

မေတ္တာဟူသည်လုပ်ယူ၍မရ၊ ပေးကမ်းသူနှင့်သာသက်ဆိုင်ခြင်းဖြစ်သည်ကြောင့် နန်းသွေးရခြင်းမရခြင်းသည်၊ တစ်ဖက်မိန်းကလေးနှင့်လည်းမဆိုင်၊ အရှင်နှင့်သာသက်ဆိုင်ခြင်းဖြစ်သည်။ထိုသို့ပြောနေရသော်လည်း သူသည် အရှင်​၏လက္ခဏာကို အရှင်လူမှန်းမသိတတ်သေးသည့်ငယ်စဉ်ကတစ်ခေါက်သာကြည့်ခဲ့ပေးဖူးပြီး၊ အရွယ်ရောက်လာသည့်အချိန်မှစ၍ ထပ်ကြည့်ပေးဖူးခြင်းမရှိတော့တာဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော်မိမိ​၏ကြိုးစားမှုကိုသာယုံကြည့်၍အခြားသောအရာများအား အယုံအကြည်ကင်းမဲ့သော အရှင်သည်သူ​၏နတ်နန်းကိုတစ်ခါမှရောက်လာခဲ့ဖူးခြင်းမရှိတာဖြစ်သည်။မင်းအဆက်ဆက် ကိုးကွယ်လာသည့် နတ်နန်းအား ဝမ်မိဖုရားကြီးကိုငဲ့ညှာသောသဘောဖြင့် ဆက်ထားပေးထားဟန်ရှိသည်။အရှင့်သဘောနှင့်သာဆိုလျှင် သူ့နတ်နန်းသည်နန်းပြင်ရောက်နေတာကြာပြီဖြစ်​၏။

"ချီရှန့်လေးရဲ့ လက္ခဏာက ဘယ်လိုလဲ...အရင်တိုင်းပဲမပြောင်းလဲဘူးမလား..."

ဝမ်မိဖုရားကြီးထုတ်မေးလာမှ နတ်ဆရာယင်အန်း​၏အတွေးများရပ်သွားသည်။မျှော်လင့်ချက်များပြည့်နှက်နေသည့် မိဖုရားကြီးကို သူသည်အမှန်ကိုအမှန်တိုင်းဆို၍မရ။ချီစစ်သူကြီး​၏သမီးဖြစ်သူချီရှန့်သည် ဝမ်မိဖုရားကြီး​၏ချစ်မြတ်နိုးမှုကိုရရှိထားသည်ကြောင့် သူ့အနေနဲ့ အမျက်တော်အရှမခံရရန်မြင်လျှင်မြင်သည့်အတိုင်းလည်းပြော၍မရဘဲ နေရာမြဲအောင် မုသားဆို၍နားထောင်ကောင်းအောင်ပြောရ​မည်ဖြစ်​၏။

"မိဖုရားလောင်း ချီရှန့်ရဲ့လက္ခဏာကိုကြည့်တိုင်း ကျွန်တော်မျိုးအင်မတန်မှ ဝမ်းမြောက်မိပါတယ်...ကျွန် တော်အရင်အခေါက်တွေတုန်းကပြောခဲ့သလိုပဲ သားဦးကို သားယောကျာ်းလေးမွေးပေးပြီး နန်းမွေပေးနိုင် မှာပါ..."

နတ်ဆရာယင်အန်း​၏အပြောကြောင့်ဝမ်မိဖုရားကြီးဘဝင်ခိုက်ဟန်ရှိသည်။ချီရှန့်​၏လက်ဖဝါးကိုဆုပ်နယ် ပေးရင်း နတ်ဆရာယင်အန်းကိုကြည့်ကာ...

"အဲ့တာတွေကဟုတ်ပါပြီ...အဲ့ကိစ္စတွေအကောင်အထည်ဖော်ဖို့အတွက် ရှင်တို့ရဲ့အရှင် တောင်နန်းဆောင်ကို အိပ်ဆောင်မြန်မြန်ဝင်ချင်တဲ့စိတ်ရှိအောင် အဆောင် အယောင်လေးတွေလုပ်ပါဦး..."

"မှန်လှပါ မိဖုရားကြီး...ခေတ္တခဏစောင့်ဆိုင်းတော်မူပါ..."

နတ်ဆရာယင်အန်း နတ်နန်း​၏အတွင်းဆောင်သို့ဝင် သွားသည်။မိုးနတ်မင်း​၏ရုပ်ထုတော်မှသည် အခြားသောနတ်မင်းအမျိုးမျိုးတို့​၏ရုပ်ထုများ၊ လှူဖွယ်ပစ္စည်းပစ္စယများဖြင့် အလွန်တရာခမ်းနားလှသောနတ်ကွန်း​၏အရှေ့၌ ချိတ်ဆွဲထားသည့် အဝါရောင်အဆောင် စက္ကူတစ်ခုကိုယူသည်။ထို့နောက်စုတ်တံတစ်ခုဖြင့်စာလုံးတချို့ရေးခြစ်ကာ နတ်ကွန်းရှေ့၌ ဒူးထောက်၍ ဂါထာများအမျိုးမျိုးရွတ်ဖတ်ပြီးလျှင် ထိုအဝါရောင်စက္ကူကို အနီရောင်စာအိတ်ထဲထည့်၍ပြန်ယူလာခဲ့​၏။

"ဒီစာအိတ်လေးကို အတတ်နိုင်ဆုံးကိုယ်နဲ့မကွာဆောင် ထားပါ..."

နတ်ဆရာယင်အန်းကမ်းပေးသည့်စာအိတ်အနီလေးကို ချီရှန့် တရိုတသေလှမ်းယူလိုက်ပြီး...

"ဒါလေးက ဘယ်လိုအဆောင်အယောင်မျိုးလဲ..."

"ပီယဓာတ်သဘောမျိုးပါ...အရှင်ရဲ့အာရုံစိုက်ခြင်းကိုတဖြည်းဖြည်းနဲ့ရလာပါလိမ့်မယ်...အရင်ဆုံးစမ်းကြည့်ပါ အကယ်၍ အလုပ်မဖြစ်ဘူးဆိုရင် ဒီထက်ပိုအဆင့်မြင့်တဲ့ အဆောင်မျိုးကိုထပ်လုပ်ပေးပါမယ်..."

ချီရှန့် လက်ထဲကအဆောင်အိတ်လေးကိုကြည့်ရင်းဝမ်မိဖုရားကြီးလည်းအင်မတန်သဘောကျသည်ကြောင့် နတ်ဆရာယင်အန်းအား ရွှေဒင်္ဂါးများထည့်ထားသည့်ဖဲအိတ်တစ်အိတ်ပေးခဲ့​၏။ထို့နောက် နတ်နန်းဆောင်မှသည် ချီရှန့်နှင့်အတူ ထီးတော်မိုးများရံရွှေတော် များခြံရံကာ ရှင်ဘုရင်​၏နန်းဆောင်ရှိရာသို့ကြွချီသွားကြ​၏။

"နောက်ထပ် ဘယ်တိုင်းပြည်ကိုတိုက်ယူဖို့ကြံရွယ် ထားပါသလဲ အရှင်..."

သူ့နန်းဆောင်​၏ဧည့်တွေ့ဆောင်သို့အခစားဝင်ပြီး စကားအစချီလာသည့် ချီစစ်သူကြီးကို ဝမ်ရိပေါ်ဓားသွေးရင်း ကြည့်လိုက်သည်။

"မနေ့တစ်နေ့ကမှ စစ်တိုက်ခဲ့တဲ့ ကျုပ်ကို နားနားနေနေ မနေစေချင်ပုံပဲ..."

"မဟုတ်ရပါဘူး အရှင်..."

မျက်နှာထားတည်နေသော ဝမ်ရိပေါ်ကို ချီစစ်သူကြီး ထိုင်နေလျက် ဦးညွတ်၍ တောင်းပန်ဟန်ပြုလိုက်​၏။အရှင့်ကိုသူ စိတ်အလိုမကျဖြစ်စေဖို့မရည်ရွယ်ခဲ့။ယခင် ပထမဦးဆုံးမင်တိုင်းပြည်ကိုသိမ်းပိုက်ခဲ့ပြီးချိန်၌ နောက်တစ်နေ့ပင်မကူးဘဲ ဟန်တိုင်းပြည်ကိုတိုက်ယူဖို့ စိတ်အားထက်သန်ခဲ့ပုံကို ပြန်လည်အမှတ်ရမိရင်း သူ့အနေနဲ့ ထိုသို့စကားစလိုက်ခြင်းသာဖြစ်သည်။

"အမဲလိုက်ဖို့ ကျွန်တော်မျိုးတို့ စီစဉ်ပေးရမလား..."

"ကျုပ်လုပ်ခိုင်းလား..."

"မလုပ်ခိုင်းပါဘူး..."

ဓားသာ ဆက်သွေးနေသည့်ဝမ်ရိပေါ်ကို ချီစစ်သူကြီးကြည့်သည်။အတန်ကြာသည့်အခါသူ့စိတ်ထဲမတင်မကျဖြစ်နေသည့် မေးခွန်းတစ်ခုအားထုတ်မေးဖို့အသင့်ပြင်လိုက်​၏။

"အရှင်စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် မေးခွန်းတစ်ခုလောက်မေးခွန်းပြုပါ..."

ဝမ်ရိပေါ်နှုတ်ဆိတ်နေသည်ကြောင့် ချီစစ်သူကြီးဆက်ပြီး...

"မို့လိဟွားတောက သုံ့ပန်းတစ်ဦးကိုမြောက်နန်းဆောင်မှာ စောင့်ကြပ်ထားရတဲ့ရည်ရွယ်ချက်ကိုကျွန်တော် မျိုးသိခွင့်ရှိနိုင်မလား...မြောက်နန်းဆောင်ဆိုတာ ကြီးကြယ်မြင့်မြတ်တဲ့နန်းဆောင်တစ်ခုဖြစ်လို့ သုံ့ပန်းတစ် ဦးကို ထားရင် သင့်တော်ပါ့မလား သုံးသပ်မိလို့ပါ..."

ဝမ်ရိပေါ် ဓားသွေးနေခြင်းကိုရပ်ကာဓားသွား ထက်မထက်ကို လက်မဖြင့်အသာပွတ်စမ်းကြည့်ပြီး လိုချင် သည့် အနေအထားရောက်နေပြီဖြစ်သည့်အခါဓားအိမ် အတွင်းသို့ပြန်ထည့်လိုက်ပြီးလျှင်...

"နောက်ဆို နန်းတွင်းက အချုပ်ခန်းတွေကို ထပ်ချဲ့သင့်တယ်..."

ထိုသို့ပြောပြီး လက်ဖက်ရည်ကိုတစ်ငုံချင်းသောက်နေသည့် ဝမ်ရိပေါ်ကြောင့် ချီစစ်သူကြီးတစ်ကိုယ်တည်းတွေးနေရတော့​၏။ဆိုလိုနေသည့်သဘောသည်"အချုပ်မဆံ့၍ မြောက်နန်းဆောင်မှာထိုသုံ့ပန်းကိုထားရခြင်းဖြစ်သည်"ဟူ၍ဖြစ်သည်။

အရှင်​၏မျက်နှာထက်၌ အပြုံးတစ်ခုခပ်ရေးရေးပေါ် နေသည်။ငယ်စဉ်ကတည်းက အနီးကပ်နေလာခဲ့သူဖြစ်၍ အန္တရာယ်ရှိသောအပြုံးတို့ဖြင့်သာရင်းနှီးကျွမ်းဝင်ခဲ့ပြီး ယခုလိုပြုံးနေခြင်းသည် မည်သည့်အဓိပ္ပာယ်ဖြစ် မှန်းမသိရ။

သေချာသည်က ထိုမြောက်နန်းဆောင်မှာရှိသော သုံ့ပန်းသည် အရှင့်အတွက်သုံ့ပန်းသဘောမျိုးလုံးဝမဖြစ်နိုင်။ဟန်တိုင်းပြည်ကိုသိမ်းယူပြီးမှ အတောမသတ်ခဲ့သေးဘဲဟန်တိုင်းပြည်အတွင်းခိုလှုံနေခဲ့ကြသည့် မို့လိဟွားတောမှလူများကို ပိုက်စိပ်တိုက်ရှာဖွေခိုင်းခဲ့ခြင်းသည် ထိုသုံ့ပန်းကြောင့်ဖြစ်နိုင်ခဲ့မည်လားဆိုတာလည်းမသိနိုင်။မို့လိဟွားတောကို စစ်တလင်းအဖြစ်ချနင်းခဲ့ခြင်းသည်လည်း...

ချီစစ်သူကြီး ခေါင်းကိုအသာခါလိုက်သည်။သူ့သုံးသပ်ချက်များ လွန်ကျူးသွားဟန်ရှိသည်။လောလောဆယ်သူစိတ်ပူရမည့်ကိစ္စသည် မြောက်နန်းဆောင်၌ လူရှိနေသည်ကြောင့် တောင်နန်းဆောင်ရှိသူ့သမီးသည် မြောက်နန်းဆောင်သို့ပြောင်းရွှေ့နေထိုင်ခွင့်မရမှာကိုပင်ဖြစ်​၏။

"မိဖုရားကြီး ကြွချီလာပါတယ်..."

နန်းဆောင်ရှေ့ရှိအစောင့်တစ်ဦး​​၏ကြေညာမှုကြောင့် ချီစစ်သူကြီး နေရာမှချက်ချင်းထကာ ဝမ်မိဖုရားကြီးကို အရိုအသေပေး၍ နေရာပေးလိုက်သည်။ဝမ်မိဖုရားကြီးနှင့်ကပ်လျက်ပါလာသည့်သမီးဖြစ်သူကိုလည်းမြင်သည်ကြောင့် အသိအမှတ်ပြုခေါင်းညိတ်ပြသည်။

ရာထူးအဆင့်အရ ဝမ်မိဖုရားကြီးသည် ဝမ်ရိပေါ်ကိုဦးတစ်ချက်ညွတ်လိုက်ပြီး၊ချီရှန့်သည်လည်း မိဖုရားကြီးနှင့်အတူတစ်ပြိုင်နက်အရိုအသေပေးလိုက်​ပြီးလျှင် ဝမ်မိဖုရားကြီး​၏ နေရာချမှုကြောင့် ချီရှန့်သည် ဝမ်ရိပေါ်​၏ဘေးတွင်နေရာယူလိုက်​၏။

"မယ်တော်တို့ ကံကောင်းတယ်ဆိုရမှာပေါ့...သားတော်ရဲ့အဆောင်ကိုလာသာလာရတာ လူရှိရဲ့လား မသေချာဘူး...ခါတိုင်းဆို စစ်ရေးလေ့ကျင့်ကွင်းထဲအမြဲရောက်နေတာဆိုတော့..."

ဝမ်မိဖုရားကြီးနှင့် ချီစစ်သူကြီးတို့ဆက်၍စကားစမြည်ပြောနေကြစဉ် ဝမ်ရိပေါ် အကြောင်းသင့်တစ်ခွန်းစနှစ်ခွန်းစ ဝင်ပြောရင်း...

"အရှင့်ရဲ့ လက်ဖက်ရည်ခွက်ကို ဖြည့်ပေးပါရစေ..."

သူ​၏အာရုံသည် သူ့အရှေ့ကကြွေခွက်အလွတ်ထဲသို့ အလိုက်သတိလက်ဖက်ရည်ပြန်ဖြည့်ပေးနေသည့် ချီရှန့်ဆီသို့ရောက်သွား​၏။ချီရှန့်​၏နူးညံ့သိမ်မွေ့သော ဟန်ပန်ကိုဝမ်ရိပေါ် လေ့လာနေသည့်ဟန် အသေအချာကြည့်သည်။အကြည့်များသည်အချိန်ကြာမြင့် လာသည့်အခါ ချီရှန့်​၏မျက်နှာပြင်တစ်ခုလုံးရှက်သွေးဖြာဟန် ပန်းရောင်သန်းလာပြီးလျှင် လက်များသည်လည်း တုန်လာသည်ကြောင့် ခွက်ထဲအပြည့်ဖြည့်ပေးပြီးသည်နှင့် လက်ဖက်ရည်အိုးကို ပြန်ချလိုက်သည်။

"လူတစ်ယောက်ကို ဒီလိုမျိုးယဉ်ပါး သိမ်မွေ့အောင် ဘယ်လိုပုံသွင်းထားတာလဲ..."

ချီရှန့်ကိုကြည့်နေရင်းမှ ချီစစ်သူကြီးဘက်သို့လှည့်၍ မေးလိုက်သည့်ဝမ်ရိပေါ် ကြောင့်ဝမ်မိဖုရားကြီးနှင့်ချီရှန့်တို့အကြည့်ချင်းဆုံသွားရသည်။ဒါဟာပထမဦးဆုံးအနေဖြင့် ဝမ်ရိပေါ်ဘက်မှ ချီရှန့်နှင့်ပတ်သက်၍စိတ်ဝင်စားမှုပြလာခြင်းဖြစ်ပြီး၊ဝမ်မိဖုရားကြီး​၏စိတ်ထဲ၌မူ နတ်ဆရာယင်အန်းပြုလုပ်ပေးလိုက်သောအဆောင်​၏အကျိုးသက်ရောက်မှုဟုတစ်ထစ်ချယုံကြည်လိုက်​၏။

ချီစစ်သူကြီးအား မေးသောမေးခွန်းကို ဝမ်မိဖုရားကြီးဝင်ဖြေသည်။

"ချီရှန့်လေး ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာ မိဘတွေဆိုဆုံးမတာလည်းတစ်ကြောင်းပေါ့...အဓိကကတော့မွေးရာပါဗီဇလေးကို က နူးနူးညံ့ညံ့လေးဖြစ်ခဲ့လို့လေ သားတော်..."

"မို့လိဟွားတောထဲက လူတွေရဲ့ပင်ကိုဗီဇကလည်းယဉ် ကျေးသိမ်မွေ့ကြတယ်လို့ ကြားဖူးထားကြတယ်မဟုတ်လား..."

အဘယ်ကြောင့်အဆက်အစပ်မရှိ မို့လိဟွားတောအ ကြောင်းရောက်သွားလဲဆိုတာ ဝမ်မိဖုရားကြီးမသိသော်လည်း...

"အင်း ဟုတ်တယ် သားတော်...မယ်တော်လည်းအဲ့လိုကြားဖူးနားဝရှိတယ်..."

"တစ်တောလုံးသိမ်မွေ့ကြတဲ့အထဲမှာ ကြောင်ရိုင်းတစ် ကောင်ကပ်ပါလာတဲ့သဘောပေါ့..."

ရယ်ခြင်းလည်းမဟုတ်၊ ပြုံးခြင်းလည်းမဟုတ် နှုတ်ခမ်းထောင့်တစ်ဖက်ကိုကွေးညွတ်ကာ နေရာမှထပြီး အိပ်ဆောင်ရှိရာသို့ပြန်သွားသည့် ဝမ်ရိပေါ်ကြောင့်
ဝမ်မိဖုရားနှင့်တကွ ချီစစ်သူကြီးနှင့် ချီရှန်တို့သည်အလိုက်သတိဖြင့်နေထိုင်ရာအဆောင်များအသီးသီးဆီသို့ပြန်သွားကြ​၏။
.
.
.
.
.

ညအချိန်ရောက်သည့်အခါအိပ်ဆောင်ထဲရှိသောမီးခွက်ကိုရှောင်းကျန့်မီးညှိပြီးလျှင် ကြမ်းပြင်ထက်ချထားသည့် ဝတ်စုံကိုကောက်ယူ၍လက်ထဲပွေ့ပိုက်လိုက်​၏။ထို့နောက် အိပ်ဆောင်အပြင်ဘက်၌ ထွန်းညှိထားသည့် မီးအရောင်များကိုလည်းတွေ့ရသည်ကြောင့်ပိတ်ထားသောတံခါးအား အတွင်းထဲမှ တဒေါက်ဒေါက်အသံမြည်အောင်ခေါက်၍...

"အပြင်မှာတစ်ယောက်ယောက်ရှိလား..."

"....."

"အပြင်မှာ တစ်ယောက်ယောက်ရှိကြလား..."

"ဒေါက်...ဒေါက်..."

"အပြင်မှာလူရှိနေတာသိတယ်နော်...ပြန်ထူးပေး..."

ရှောင်းကျန့်အဆက်မပြတ် တံခါးခေါက်လိုက်မေးလိုက်လုပ်နေသည်ကြောင့် အပြင်ဘက်မှာရှိသောရံရွှေတော်နှစ်ဦးအနက်တစ်ဦးသည်အရဲကိုး၍ပြန်ဖြေလာသည်။

"ဟုတ်...ဟုတ်ကဲ့...ကျွန်တော်မျိုးမတို့ရှိပါတယ်...ဘာ အလိုရှိလို့ပါလဲရှင့်..."

"ရေဘယ်မှာချိုးလို့ရလဲ..."

"ရေချိုးချင်လို့လားရှင့်..."

"အင်း..."

"အိပ်ဆောင်ဘယ်ဘက်မှာရှိတဲ့ တံခါးပေါက်တစ်ခုကိုတွေ့လားရှင့်...အဲ့တာ ရေချိုးဆောင်ရဲ့ဝင်ပေါက်ပါ..."

"အဲ့တံခါးကိုဖွင့်လို့မရဘူး..."

"ဟုတ်...ကျွန်တော်မျိုးမတို့ ချိုးရေပြင်ဆင်ပြီးရင်တံခါးဖွင့်ပေးပါ့မယ်..."

"တစ်လက်စတည်း ဒီအိပ်ဆောင်တံခါးကိုရောဖွင့်ပေးလို့ရလား..."

"ဒါတော့ မရပါဘူး ရှင့်..."

ပြတ်ပြတ်သားသားငြင်းဆန်လိုက်သည့်ရံရွှေတော်နှစ်ဦးသည် ရေချိုးဆောင်ဆီသို့တခြားသောဝင်ပေါက် ဆီမှသွားပြီး ရေချိုးသစ်သားကန်ထဲသို့ရေများဖြည့်ခြင်းကိုပြုလုပ်ကြသည်​။အားလုံးပြည့်စုံအဆင်သင့်ဖြစ်သွားသည့်အခါ ရေချိုးဆောင်​၏တံခါးသည်ပွင့်လာပြီး အထဲသို့ရှောင်းကျန့်ဝင်မလာခင်မှာပင် ရံရွှေတော် နှစ်ဦးသည် အပြင်ဘက်သို့ထွက်ကာ တခြားဘက်မှတံခါးကိုပြန်ပိတ်လိုက်ပြီဖြစ်​၏။

ရေချိုးဆောင်ကို ရှောင်းကျန့်အကဲခတ်သလိုကြည့်သည်။ နံရံ​၏အပေါ်ဘက်၌သစ်သားချောင်းများဖြင့်ကာရံထားသည့် လေဝင်လေထွက်အပေါက်တစ်ခုရှိသည် ကိုတွေ့သည့်အခါ ထိုအပေါက်သည်အပြင်လောကနှင့် ဆက်စပ်နေသည်လားသိရအောင် ရရာပစ္စည်းခု၍အနီးကပ်သွားကြည့်လိုက်သော်လည်း၊အဆောင်အတွင်းမှာပဲရှိနေသေးကြောင်းသိရ​၏။

စိတ်ပျက်ခြင်းတို့ဖြစ်ပေါ်သွားသောရှောင်းကျန့်သည် ခမ်းနားသည့်ရေချိုးဆောင်အလယ်ရှိ ရေချိုးကန်နှင့် ရေစည်များကိုကြည့်လိုက်သည်။ရေစိမ်ချိုး၍လည်းရသလို၊ ရေစည်များအတွင်းမှရေအား ရေမှုတ်ဖြင့်ခပ် ချိုးလို့အောင်လည်း စီစဉ်ပေးထားကြခြင်းဖြစ်​၏။

ရေချိုးကန်ရှိရာသို့ရှောင်းကျန့်လျှောက်လာရင်းအာရုံထဲတွင် ရေတံခွန်မှစီးဆင်းသည့်ရေများ​၏ပုံရိပ်နှင့်ယခုလိုလေးဘက်လေးတန် သစ်သားများဖြင့်ကာရံထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်းကာရံထားသည့်တောင်နံရံများ​၏ပုံရိပ်များဝင်ရောက်လာ​၏။

ရေတံခွန်စီးသံ၊ စိမ့်စမ်းသံ၊ ရေလာသောက်ကြသော တောကောင်ငယ်လေးများ​၏မြည်တွန်တောက်တီးသံ စသည့်အရာများပျောက်ဆုံးနေပါသော ရေချိုးဆောင်အတွင်းတွင် ရှောင်းကျန့်​၏စိတ်ထဲကျဉ်းကြပ်မှုများသာဖြစ်ပေါ်နေ​၏။

ရှောင်းကျန့်ရေချိုးဆောင်အတွင်းရောက်နေသည့်အချိန်တွင် ရံရွှေတော်တို့သည်အိပ်ဆောင်အတွင်းပြန့်ကျဲနေသည့်အရာများကို အချိန်အသေအချာယူ၍ ပြန်စီကာ သန့်ရှင်းပေးခြင်းများ၊ ကြမ်းတိုက်ပေးခြင်းများ၊ အိပ်စက်ရာ အိပ်ရာခင်းကို သေချာပြန်ခင်းကျင်းပေးခြင်းများပြုလုပ်ပေးကြ​ပြီးလျှင် အိပ်ဆောင်ကိုအပြင်ဘက်မှတံခါးပြန်ပိတ်ထားလိုက်ကြ​၏။

"အ...အရှင်...ခွင့်လွှတ်ပေးတော်မူပါ လက်ထဲမှာ ထမင်းဝိုင်းကိုင်ထားလို့ မမြင်မိတာပါ..."

ရံရွှေတော်များသည်ရှောင်းကျန့်မစားတော့သောထမင်းဝိုင်းတို့အား အဆောင်အတွင်းမှယူထုတ်သွားဖို့လုပ်စဉ် အဆောင်အတွင်းသို့ဝင်လာသည့်ဝမ်ရိပေါ်နှင့်မျက်နှာချင်းဆိုင်တိုက်မိသလိုဖြစ်သွားသည့်အခါ ပြာပြာသလဲပင် လက်ထဲကထမင်းဝိုင်းများကိုချ၍အရိုအသေပေးလိုက်​၏။ဝမ်ရိပေါ်​၏အာရုံသည်သူ့ကိုအရိုအသေပေးနေသော ရံရွှေတော်များအပေါ်၌မရှိဘဲထမင်းဝိုင်းများပေါ်၌ရှိနေပြီး မျက်ခုံးများကိုတွန့်ချိုးလိုက်သည်။

ပထမ ထမင်းဝိုင်းသည် တစ်ချက်မျှပင်တို့ထားဟန်မရှိအရာမယွင်းရှိနေသည်။ဒုတိယ ဝိုင်းသည်လည်းထိုနည်းလည်းကောင်းပင်ဖြစ်ပြီး၊တတိယမြောက်ဝိုင်းတွင်မူ ထမင်းအဖြူချည်းသာသုံးလေးဇွန်းစာခန့်ခပ်စားထားဟန်ရပြီး၊ ဟင်းပွဲများသည်အရာမယွင်းဖြစ်နေသည်။သို့သော် ပန်းကန်တစ်ခုမှာမူ ပြောင်စင်နေသည်ကိုတွေ့ရသည်ကြောင့်တွန့်ချိုးထားသည့်မျက်ခုံးများသည်ပြန်ပြေလျော့သွားပြီး...

"အဲ့ ပန်းကန်ထဲမှာ ဘာရှိခဲ့တာလဲ..."

ဝမ်ရိပေါ် လက်ညိုးညွှန်ပြရာပန်းကန်လွတ်ဆီသို့ ကြည့်လိုက်သောရံရွှေတော်သည်...

"အချိုပွဲအဖြစ် နှင်းသစ်တော်သီးကိုအစိပ်လိုက်လေးတွေထည့်ထားခဲ့တာပါ အရှင်..."

"အဲ့အသီးတွေကို အလုံးလိုက် ပန်းကန်အပြည့်ထပ်ယူလာခဲ့..."

ထိုသို့မိန့်ပြီးသည်နှင့် "အမိန့်တော်အတိုင်းပါအရှင်"ဟူ သည့် စကားကိုဝမ်ရိပေါ်မစောင့်တော့ဘဲအိပ်ဆောင်အတွင်းသို့ဝင်ရောက်လာခဲ့​၏။သို့သော်လူနှင့်တူသည့်အရာဟူ၍ တစွန်းတစ မမြင်ရသည့်အခါ မျက်နှာသည်တင်းသွားလျက် ရေသံတချို့ကြားလိုက်သည် ကြောင့် အကျိုးအကြောင်းသိရရန်အသံလာရာဖြစ် သော ရေချိုးဆောင်တံခါးကိုခြေထောက်ဖြင့်ကန်၍ တွန်းဖွင့်လိုက်​၏။

ဝမ်ရိပေါ် ​၏ခြေလှမ်းတို့သည်ရှေ့ဆက်လှမ်းလို့မရတော့ဘဲ ရေချိုးဆောင်အဝင်ဝ၌ပင် ယတိပြတ်ရပ်စဲလို့သွား​​၏။ ရေချိုးကန်ထဲမှထွက်ဖို့ပြင်နေသည့် ဖြူလျလျကိုယ်သဏ္ဌာန်ပိုင်ရှင်သည်လည်း မျက်ဝန်းအိမ် များကျယ်ဝန်းသွား၍ ကြက်သေသေလျက်ရှိကာ ချက်ချင်းလက်ငင်းပင် ရေချိုးကန်ထဲခန္ဓာကိုယ်ကိုပြန်ငုံ့ဝင်လိုက်​၏။ထိုထိတိုင်ဝမ်ရိပေါ်သည်တစ်နေရာတည်း၌ မတ်တပ်ဆက်ရပ်နေလျက်...

"ဗွမ်း...! "

သူရှိရာသို့ လှမ်းပက်လိုက်သည့်ရေများဝတ်ရုံထက်စင်သွားသည့်အခါမှသတိဝင်လာဟန်ရှိပြီးဒေါသစိတ် ကြောင့် ဘာမှဆက်မတွေးနိုင်ဘဲ အရှေ့သို့ဆက်တိုးသွားလျှင်ပဲ...

"ဘာလာလုပ်တာလဲ...ထွက်သွားစမ်း...! "

"ခွမ်း...ခလွမ်း...! "

ရေနဲ့ပက်ရုံတင်မကဘဲ ရေမှုတ်နဲ့ပါကောက်ပေါက်လိုက်သူကြောင့် ဝမ်ရိပေါ် လျင်မြန်စွာရှောင်လိုက်ကာတစ်ဆက်တည်း၌ရေချိုးဆောင်​၏အပြင်ကိုထွက်သွားပြီး တံခါးကို ကျိုးလုမတတ်ဆောင့်ပိတ်လိုက်​၏။

ဝမ်ရိပေါ်​သူ​၏လက်သီးကိုကျစ်နေအောင်ဆုပ်သည်။မျက်နှာတစ်ခုလုံးပူထူနေကာ လည်ချောင်းကိုခက်ခက်ခဲခဲရှင်း၍ ခင်းကျင်းထားသောအိပ်ရာထက်ဝင်ထိုင်လိုက်​၏။

"ဒေါက်...ဒေါက်..."

"နှင်းသစ်တော်သီးတွေ လာပို့တာပါအရှင်..."

"ဝင်ခဲ့..."

ခပ်ပြတ်ပြတ်အမိန့်ကြောင့် နှင်းသစ်တော်သီး ငါးလုံးခန့်ကို တစ်လုံးနဲ့တစ်လုံးထပ်ဆင့်ပြီးထည့်လာသောပန်းကန်ပြားကို စားပွဲခုံပုတစ်လုံးထက်ချပေးခဲ့သည့် ရံရွှေတော်သည် ချက်ချင်းပင်ပြန်ထွက်သွားသည်။စိတ်ဝင်စားစရာမကောင်းသော်လည်း ပန်းကန်ထဲကနှင်းသစ် တော်များကို ဝမ်ရိပေါ်အကြောင်းပြချက်မဲ့စိုက်ကြည့် နေစဉ်...

အတန်ကြာသည့်နောက် ရေချိုးဆောင်​၏တံခါးသည် ပွင့်ဟလာပြီး အထဲမှရှောင်းကျန့်ထွက်လာ​သည်။ရှောင်းကျန့်​၏ကိုယ်ထက်တွင်အဖြူရောင်နှင့်အစိမ်းရောင်ပြေး စပ်ထားသောပိုးသားဝတ်စုံသည်နေရာယူထားလျက်၊ မစိုမခြောက် ဆံနွယ်ရှည်တို့သည်တစ်ဖက်တည်းသို့စုသိမ်းထားသည်ကြောင့် ဘယ်ဘက်ပုခုံးထက်တွင်တစုတစည်းနေရာယူလျက်ရှိ​ကာ လည်တိုင်ညာဘက်​၏သွေးကြောစိမ်းတို့သည်ကျော့ရှင်းစွာပေါ်လွင်လို့နေ​၏။

ရှောင်းကျန့်​၏ခြေဖဝါးတို့သည်ကြမ်းပြင်နှင့်မထိကပ်သည့်အလား ခြေလှမ်းတို့သည်ညင်သာတိတ်ဆိတ်လွန်းကာ တရွေ့ရွေ့သာဖြစ်နေရင်း၊ နှင်းသစ် တော်သီးများကိုမြင်သည့်အခါမျက်လုံးသည်အရောင်လက်သွားပြီး ထိုနေရာသို့ရောက်သွားသည့်အခါ ထိပ်ဆုံးမှာရှိနေသော နှင်းသစ်တော်သီးကိုဦးဖယ်သည့်သဘောလက်နဲ့ဆုပ်ကိုင်ထားပြီးလျှင် ကျန်သည့်နှင်းသစ်တော်များအား ပန်းကန်ထဲမှထုတ်၍ ခုနကကိုင်ထားသောနှင်းသစ်တော်သီးကိုသာပန်းကန်ထဲပြန်ထည့်လိုက်​၏။

ရှောင်းကျန့်ဘာလုပ်နေမှန်းမသိသော်လည်း၊သူ့ကိုမရှိသည့်လူတစ်ဦးကဲ့သို့မမြင်ချင်ဆောင်ထားဟန်ရှိသည့်အမူအရာတစ်ခုချင်းဆီတိုင်းကိုဝမ်ရိပေါ်ကြည့် မြဲဆက်ကြည့်နေသည်။

ရှောင်းကျန့်သည်နှင်းသစ်တော်သီး တစ်လုံးထည့်ထားသော ပန်းကန် ကိုသေချာကိုင်ယူကာ အိပ်ဆောင်​၏ အရှေ့တောင်ထောင့်အရပ်သို့သွား၍ ဒူးထောက်ထိုင်လိုက်ပြီးလျှင် လက်ထဲက ပန်းကန်ကိုသူ့အရှေ့တွင်ချပြီးတစ်စုံတစ်ရာကိုမှန်းဆ၍ပူဇော်ဟန် လက်အုပ်ချီကာ မျက်လုံးများကိုမှိတ်ချလိုက်​၏။ထိုအခါဝမ်ရိပေါ်​၏မျက်ခုံးများအတန်ငယ်တွန့်ချိုးသွားသည်။

မို့လိဟွားတော၌ကြီးပြင်းလာသောလူများသည် သူတို့ကိုယ်သူတို့ မိုးနတ်မင်းနှင့်အနီးစပ်ဆုံးလူများဟုသတ် မှတ်ထားကြခြင်းကြောင့် နေ့စဉ်ပူဇော်ပသဝတ်ပြုဆုတောင်းခြင်းများပြုလုပ်တတ်ကြခြင်းဖြစ်ရာ ရှောင်းကျန့်သည်လည်း မည်သည့်အခြေအနေမျိုးမှာရောက်နေပါစေ ပျက်ကွက်လိုခြင်းမရှိတာဖြစ်​၏။

လက်အုပ်ချီစုထားသည့်ရှောင်းကျန့်​၏လက်သွယ်များသည် ကြာပန်းအဖူးအငုံကဲ့သို့ကော့ညွတ်ပန်းရောင်သန်းနေသလို၊ မျက်လုံးမှိတ်ချထားသည်ကြောင့်ပန်းနုရောင်မျက်ခွံမို့မို့တို့သည်ထင်ရှားနေပြီး မျက်တောင်စိပ်စိပ်တို့​၏အရိပ်သည် အိပ်ဆောင်အတွင်းရှိညမီးအရှိန်ဖြင့်မျက်ဝန်းအောက်ခြေတွင်ထင်ဟပ်နေ​၏။

ဆုတောင်းစာတို့ရွတ်ဖတ်နေသည့်နှုတ်ခမ်းတို့သည်ငုံဖူးတစ်လှည့်၊ ပြေပြန့်တစ်လှည့် တလှုပ်လှုပ်ဖြစ်လို့နေကာ အေးချမ်းနေသည့်မျက်နှာပြင်သည် မြင်မိသူတိုင်းအတွက် စိတ်​နှလုံးချမ်းမြေ့ခြင်းကိုပေးနိုင်စွမ်းရှိလျက်...

တစ်ခုခုလွင့်စင်သွားသံကြောင့်ရှောင်းကျန့်​၏မျက်လုံးများပြန်ပွင့်လာပြီး၊ လက်ဖြင့်ဖယ်ရှားခံလိုက်ရခြင်းလား၊ခြေဖြင့်ဖယ်ရှားခံလိုက်ရခြင်းလား မသဲကွဲသည့်ပန်းကန်တခြား နှင်းသစ်တော်သီးတခြားဖြစ်လို့သွားသောမြင်ကွင်းကိုတွေ့သည်။တရားခံဖြစ်သောဝမ်ရိပေါ်ကို ရှောင်းကျန့် စူးရဲစွာမော့ကြည့်ပြီး...

"ဘာလုပ်တာလဲ...! "

"ဒီနန်းတွင်းထဲမှာကျုပ်ကလွဲလို့ခင်ဗျားဘယ်သူ့ကိုမှဦးထိပ်ပန်စရာမလိုဘူး..."

"ငရဲကျမယ့်လူ..."ဟုရှောင်းကျန့်တစ်လုံးချင်းပီပီသသပြောကာအသီးပန်းကန်ကိုပြန်ကောက်ယူဖို့လုပ်သည်။သို့သော်ရှောင်းကျန့်​၏လက်ကိုဝမ်ရိပေါ်ကြားဖြတ်ဆုပ်ကိုင်လိုက်ပြီး...

"မပူနဲ့...ကျုပ်ငရဲကျရင် ခင်ဗျားလည်းအတူလိုက်ခဲ့ရမှာ..."

"လွှတ်...! "

ဝမ်ရိပေါ်​၏လက်ထဲမှရှောင်းကျန့်အတင်းရုန်းသည်။လွတ်နေသည့်လက်တစ်ဖက်ဖြင့်ဝမ်ရိပေါ်​ကိုထုရိုက်ဖို့ကြိုးစားလိုက်လျှင်ပဲ ထိုလက်သည်လည်း ချုပ်ကိုင်ခံလိုက်ရပြီး...

"ခင်ဗျားရဲ့လက်နော်...ခင်ဗျားရဲ့အဲ့လက်...! "

ဝမ်ရိပေါ် ဒေါသသံဖြင့်ခက်ထန်စွာအော်၍ ရှောင်းကျန့်​၏တစ်ကိုယ်လုံးကိုသိုင်းချုပ်ကာ အိပ်ရာရှိရာသို့အတင်းဆွဲခေါ်သွား၍ရှောင်းကျန့်​၏ကျောပြင်ကိုအိပ် ယာထက်ကပ်ပြီး အပေါ်မှအုပ်မိုးဖိထားလိုက်​၏။

"လုပ်...ခင်ဗျားလုပ်...လက်နဲ့ရိုက်ရင် ခင်ဗျားအဘိုးရဲ့လက်ကိုကျုပ်သွားဖြတ်မယ်...ခြေနဲ့ကန်ရင် ခင်ဗျားအဘိုးရဲ့ ခြေထောက်နှစ်ဖက်လုံးပြတ်ပြီလို့သာမှတ်ထားလိုက်..."

ဝမ်ရိပေါ်​၏ခြိမ်းခြောက်စကားကြောင့် လက်ဖြင့်တစ် သွယ်၊ ခြေဖြင့်တစ်လှည့်ခုခံနေသည့်ရှောင်းကျန့်ငြိမ် ကျသွားသည်။ထိုအခါမှ ဝမ်ရိပေါ်ခနဲ့သည့်ဟန်ဖြင့်...

"အခုအချိန်မှာ ခင်ဗျားပူဇော်ပသနေတဲ့ နတ်မင်းတွေလည်း ခင်ဗျားကိုလာမကယ်နိုင်ဘူးမလား..."

လူတစ်ဦး​၏ကိုးကွယ်ယုံကြည်မှုကိုစော်ကားနေသည့်ဝမ်ရိပေါ်ကိုရှောင်းကျန့် အော့နှလုံးနာစွာကြည့် သည်။

စက်ဆုပ်လွန်းသည်ကြောင့်ရှောင်းကျန့်ဆက်ကြည့်လိုစိတ်မရှိသည့်ဟန်မျက်နှာလွှဲဖို့လုပ်လိုက်စဉ်ရှောင်းကျန့်​၏မျက်နှာကို ဝမ်ရိပေါ်ပြန်ဆွဲလှည့်လိုက်ပြီး၊ အကြည့်စူးစူးမျက်ဝန်းများအားနှုတ်ခမ်းဖြင့်ပိတ်၍ဖိကပ်လိုက်​၏။မျက်လုံးမှိတ်ချလိုက်သည့်ရှောင်းကျန့်ကြောင့်မျက်ခွံမို့မို့တို့ထက်ဝမ်ရိပေါ်​၏နှုတ်ခမ်းများခိုနားသွားပြီး၊ရုန်းကန်နေသည့်ကြား အတင်းအကြပ်ဘယ်ညာတစ် လှည့်စီထိတွေ့ပြီးမှ ပြန်ခွာပေးလိုက်ကာ...

"ကျုပ်ကို အဲ့မျက်လုံးတွေနဲ့ထပ်ပြီး ကျိန်ဆဲရဲကျိန်ဆဲကြည့်..."

ပြောပြီးရှောင်းကျန့်​၏လက်တစ်ဖက်ကိုဝမ်ရိပေါ်ဆွဲယူသည်။လက်ဖမိုးကိုသူ့နှုတ်ခမ်းများဖြင့်ခပ်ကြမ်းကြမ်းပွတ်တိုက်လိုက်ပြီး...

"ဒါက ကျုပ်ကိုကုတ်လို့..."

ဝမ်ရိပေါ်ပြောရင်း ရှောင်းကျန့်​​၏မျက်နှာကိုအပေါ်စီးမှစိုက်ကြည့်နေပြီး နှာခေါင်းထိပ်ချင်းထိစပ်တော့မည်အထိနီးကပ်လိုက်ပြီးမှ ရပ်တန့်ကာ အိပ်ရာနှင့်လက်တစ်ကမ်းမှာရှိသည့် မီးခွက်ကိုမီးငြိမ်းလိုက်​၏။အိပ်ဆောင်တစ်ခုလုံးအမှောင်ကျသွားလျှင်ပဲအုပ်မိုးထားရာမှဖယ်ပေးလိုက်ပြီးရှောင်းကျန့်​၏ကိုယ်ကိုဘေးတစောင်းအနေအထားဆွဲလှည့်လိုက်​၏။

ကျောပြင်နွေးနွေးသည် ဝမ်ရိပေါ်​၏ရင်ဘတ်နှင့်အပ်သွားသည်။ဦးခေါင်းသေးသေးသည်သူ​၏လက် မောင်းပေါ်ရောက်လို့နေကာ၊လက်သွယ်သွယ်နှစ်ဖက်သည်သူ​၏လက်တစ်ဖက်တည်းဖြင့်ချုပ်ကိုင်ခြင်းခံထားရပြီး၊ခြေတံသွယ်များသည်သူ​၏ခြေထောက်များဖြင့်ယှက်တွယ်ချုပ်နှောင်ခြင်းခံရသည့်အဖြစ်သို့ကျရောက်သွား​၏။

"ကျုပ်ဒီညဒီမှာအိပ်မှာ...ရုန်းလိုက်ကန်လိုက်နဲ့ကျုပ်ကိုအိပ်ရေးပျက်အောင်မလုပ်နဲ့..."

ဝမ်ရိပေါ်အမိန့်ဆန်ဆန်ပြောပြီး ပန်းရနံ့လိုလိုသင်းပျံ့နေသည့်လည်တိုင်ရင်းနှင့်ပုခုံးကြားသူ့မျက်နှာကိုအပ်ကာတစ်ဆုံးရှိုက်ပြီးမျက်လုံးများမှိတ်ချလိုက်​၏။

ရင်ခွင်ထဲကတစ်ယောက်က အားမတန်ပေမယ့်မာန်မလျော့။တုတ်တုတ်မလှုပ်နိုင်ဖြစ်နေလျက် ဒေါသကြောင့်ထင်သည်။ပူကျစ်နေသည့်ခန္ဓာကိုယ်သည်တဆတ်ဆတ်တုန်နေ​သည်။ပြန်ရုန်းနိုင်ခြင်းမရှိသော်လည်း ဇွဲလျော့ခြင်းမရှိဘဲရရာနည်းဖြင့် အသံတိတ်ကြိတ်ပြီးခုခံနေသေးသည်။

"တော်တော့..."

"....."

"တော်-တော့-လို့..."

စကားဖြင့်တားနေလျက်ဝမ်ရိပေါ်​၏လက်ဖျံသည်တဆစ်ဆစ်ဖြစ်လာရင်း...

"မတော်သေးဘူးလား ခင်ဗျား..."

သည်းခံနိုင်မှုမရှိတော့သည့်အဆုံးသူ့ရင်ခွင်ထဲချုပ် ထားသည့်ခန္ဓာကိုယ်ကိုတွန်းထုတ်ကာ ထထိုင်လိုက်​၏။အိပ်ရာဘေးရှိမီးခွက်ကိုပြန်ထွန်းလိုက်ပြီးလျှင်မီးရောင်အောက်မြင်နေရသည်က...

သူ့လက်ဖျံပေါ်ကသွေးစို့နေသည့်ကိုက်ရာတစ်ခုနှင့် နောင်တဟူ၍အလျဉ်းရှိမနေသည့်မထုံတက်သေးမျက်နှာနုနု။

Continue Reading

You'll Also Like

200K 4.5K 67
imagines as taylor swift as your mom and travis kelce as your dad
1.2M 57.8K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
24.2K 857 20
"baby can we please make love on a mattress full of hundreds" ♡♡♡ dedicated to our baby Tupac Shakur published nov. 25, 2019 cover by me & all of the...
291K 8.2K 137
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."