အိမ်ဆောင်ဧည့်ခန်း၏ခေါင်းရင်းတွင်ရှောင်းကျန့်ထိုင် ကာ စားပွဲခုံထက်လက်ထောက်မေးတင်၍အရှေ့ခပ်လှမ်းလှမ်း၌ ဒူးထောက်နေသူကိုကြည့်နေသည်။ဒူးထောက်ထားသူ၏ဘေးပတ်လည်တွင် ဒီယေဂိုအပါအဝင် အခြားသောစံပယ်နက်ဂိုဏ်းသားတချို့လည်းဝန်းရံလျက်ရှိ၏။
"ဘယ်နှစ်က ဂိုဏ်းထဲဝင်လာတာလဲ..."
"မနှစ်ကပါ..."
ဒီယေဂိုဝင်ဖြေပေးလာသည့်အခါရှောင်းကျန့် နားလည်သလိုခေါင်းကိုတဆတ်ဆတ်ညိတ်သည်။
"အင်းပေါ့...မနှစ်ကမှဝင်လာတာဆိုတော့ အရှင်လတ် လတ်အရည်ခွံစုတ်တာတွေကိုဘယ်မြင်ဖူး၊ကြုံဖူးဦးပါ့မလဲ..."
ဒူးထောက်ထားသူအား ရှောင်းကျန့် တစိမ့်စိမ့်ဆက်လက်စိုက်ကြည့်နေပြီး သက်ပြင်းလေးချကာ...
"ဖြေပါဦး မင်းရယ်...ကိုယ့်အပေါ်ဘာကြောင့်သစ္စာဖောက်လဲ..."
"....."
"ကိုယ် မင်းတို့အားလုံးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာပဲကို...သာမန်ဝန်ထမ်းတစ်ဦးရဲ့လစာထက်အဆပေါင်းများစွာသာတဲ့ လစာတွေကိုပေးကမ်းခဲ့တာပဲလေ...သစ္စာမရှိနိုင်ဘူးဆိုရင်အစကတည်း က ဂိုဏ်းထဲမဝင်လာပါနဲ့လား...ဒါမှမဟုတ် သစ္စာဖောက်မယ်ဆိုရင်လည်း မမိအောင်လုပ်မှပေါ့...အခုတော့ ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ..."
ရှောင်းကျန့် "ဟူး"ဆိုပြီးလေပူမှုတ်ထုတ်သည့်အသံသဲ့သဲ့တစ်ခုပြုလိုက်ပြီးလျှင် ဒီယေဂိုကိုလှလှလေးကြည့် လိုက်သည်။ထိုအကြည့်ကိုနားလည်သည့်ဒီယေဂိုသည် ဂိုဏ်းသားတို့အား ခပ်တိုးတိုးအမိန့်ပေးလိုက်ပြီးနောက် ဂိုဏ်းသားတို့သည် ဒူးထောက်နေသောသစ္စာဖောက်၏ အပေါ်ပိုင်းအဝတ်အစားများကိုချွတ်ယူ၏။သစ္စာဖောက်သည် ရုန်းကန်နေသော်လည်း အရာမထင်ဘဲ ခဏ လေးအတွင်း၌ အပေါ်ပိုင်းဗလာကျင်းသွားသည်။
ထိုအခါ ဂိုဏ်းသားနှစ်ဦးသည် ထိုသစ္စာဖောက်၏ အနောက်ဘက်တွင်နေရာယူ၍ မလှုပ်နိုင်အောင်ချုပ်ထားပြီး၊ နောက်ထပ်ဂိုဏ်းသားတစ်ဦးမှာမူ တစ်လက်မအရှည်ရှိသည့် သံချောင်းများထည့်ထားသော ကြွေပန်းကန်တစ်ခုနှင့် သံရိုက်တူတစ်ချောင်းကိုယူလာပြီး သစ္စာဖောက်၏နောက်ကျောတွင်နေရာယူလိုက်ပြန်၏။
YOU ARE READING
Ineluctable
Randomရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: