ရှောင်းကျန့် သူ့ဘေးရောက်လာသည့်ဝမ်ရိပေါ်ကို လှည့်မကြည့်ဘဲမမြင်ချင်ယောင်ဆောင်ထားပြီးဆင် ပေါက်လေးများအားတိုက်ကျွေးမည့်နို့ဘူးများကိုပြင် ဆင်နေသည့်ဝန်ထမ်းများကိုသာကြည့်နေသည်။
သူ့ခန္ဓာကိုယ်အလေးချိန်အား သွယ်ဝိုက်နည်းဖြင့် "လေးသည်"ဟု ပြောခဲ့သည်ကြောင့်သိပ်ကျေနပ်ခြင်းမရှိတာလည်းပါမည်။
"ဆင်တွေကို နို့ဘူးတိုက်ရမယ့်အချိန်ရောက်လာပြီလား..."
စကားစပြောလာသည့်ဝမ်ရိပေါ်ကိုရှောင်းကျန့်ပြန်မဖြေ။မကြားလိုက်သလိုလုပ်ကာအသင့်ဖြစ်နေသောနို့ဘူးတစ်ဘူးကိုယူ၍ ဆင်ပေါက်လေးတစ်ကောင်၏နှုတ်ခမ်းဝသို့တေ့ပေးလိုက်၏။ထိုအခါဝမ်ရိပေါ်လည်း နို့ဘူးတစ်ဘူးကိုယူ၍ရှောင်းကျန့် လုပ်သည့်အတိုင်းပြုမူသည်။သို့သော်ဆင်ပေါက်လေးတစ်ကောင်အားနို့ဘူးတိုက်ခြင်းကိုပထမဦးဆုံးလုပ်ဖူးသည်ဖြစ်သည့်အခါ အပေါက်အလမ်းမတည့်ဖြစ်နေပြီး...
"ကိုယ့် လက်အနေအထား မှန်လား ခဏကြည့်ပေးနိုင် မလား..."
ယခုထိတိုင် ဘာစကားမှပြန်မပြောသည့်ရှောင်းကျန့် ကြောင့် ဝမ်ရိပေါ်သူ့လက်ထဲကနို့ဘူးကို ဝန်ထမ်းဆီသို့ပြန်ပေးလိုက်ပြီး ဘေးတစောင်းမြင်နေရသောရှောင်းကျန့်၏မျက်နှာကိုကြည့်လိုက်၏။
"စိတ်ကောက်နေတာလား..."
မှတ်တောင်ထားရဦးမယ်ဆိုသည့်အမူအရာကို ရှောင်းကျန့်လုပ်ကာ...
"ဟောင်ကောင် မပြန်သေးဘူးလား..."
"မင်း စိတ်ကောက်နေတာပဲ..."
ရှောင်းကျန့် ၏ဦးခေါင်းချာခနဲလှည့်လာသည်။
"Don't be absurb! ဘာကိုကြည့်ပြီး ကိုယ့်ကိုစိတ် ကောက်နေတယ်ပြောတာလဲ...ဘာကိစ္စကြောင့်ကိုယ်ကစိတ်ကောက်ရမှာလဲ...ထစ်ခနဲစိတ်ကောက်ရအောင် ကိုယ်ကမနူးမနပ်အရွယ်လား..."
"အဲ့တာဆို အခု ဘာဖြစ်နေတာလဲ..."
"ဘာဖြစ်နေလို့လဲ...အကယ်၍စိတ်ကောက်နေတာဆိုရင်လည်း ဝမ်နဲ့ဘာဆိုင်လဲ...ဟောင်ကောင်မပြန်ခင်တွေ့ချင်တယ်ဆို အခုတွေ့ပြီးပြီဆိုတော့ ပြန်တော့လေ..."
YOU ARE READING
Ineluctable
Randomရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: