🌹🌹ပန်တော်မူ🌹🌹(Completed)
By yoonshweyeethoon
134K 5.4K 125
သနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရ... More
ပန်တော်မူ အပိုင်း(1)
အပိုင်း (3)
အပိုင်း (4)
အသိပေးချက်
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
sorry
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
တောင်းပန်ခြင်း
အပိုင်း(23)
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26) final
ကျေးဇူးတင်လွှာ
Promotion
Extra
Nèw fic
ရှင်းတမ်းလေးပါ
Thingyan...Present!!!
Present II
အပိုင်း (2)
5.7K 304 4
By yoonshweyeethoon
ပန်ပန် ရွာစွန်ထွက်နေတာတောင်တပတ်ပြည့်တော့မည် ပန်းနုကအမြဲလာနေပေးသလို ကြီးတော်နုကလဲ ဟင်းပို့ပေးမြဲ ပင် နောက်ဖေးက အခင်းလေးတွေကလဲ စားဖို့လောက်တော့ အသီးလေးတွေရနေပြီ။ အခုလဲ လယ်ထဲသွားဖို့ နောက်ဖေးက ကန်စွန်းခင်းက ကန်စွန်းရွက်လေး နည်းနည်းနဲ့ကာလီသီးလေးနည်းနည်း ကူးခဲ့လိုက်တယ် အရင်ဦးဆုံး ကန်စွန်းရွက်တွေကိုသေချာထွင်ပြီး ရေဆေး ကြက်သွန်ဖြူ လေး နွှာ ပြီးအဆင်သင့်လုပ်ထားလိုက်တယ် ထမင်းအိူးက အစောကြီးထဲက ကျက်ပြီးသားဆိုတော့ ဟင်းအတွက်ပဲချက်ရတော့မည်ဖြစ်သည် ။ အရင်ဆုံး ကန်စွန်းရွက်ကြော်ဖိူ့ ဆီအိူးအရင်တင်ဆနွင်းမှုန့်လေးနည်းနည်းထည့် ဆီဆူမှ ခွာထားတဲ့ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီးထည့်ကြော် ကျက်ရင် ရေဆေးထားတဲ့ကန်စွန်းရွက်ထည့်အရသာအတွက်ဆားနဲနဲအချိုမှုန့်နဲနဲ ထည့်ပြီး ကန်စွန်းရွက်လဲ နွမ်းရောအရသာမြည်းပြီးချရုံပင်.ပြီးတော့ ကြက်ဥလေး ကို ကြက်သွန်နီနဲ့ကာလီသီးလေးညှပ်ထည့်ပြီး  ခေါက်ကြော်လိုက်သည်။ တောမှာက အသီးအရွက်လောက်ပဲစားတာများသည်အသားငါးကျ မြို့စျေးက ​​ဝယ်စားရတာဆိူတော့ အသီးအရွက်ပဲချက်စားဖြစ်တာများသည်။ ချက်လိူ့ပြုတ်လို့လဲပြီးရော လယ်ထဲသွားဖို့ထမင်းချိုင့်လေးထုပ်လ်ိုက်သည် ။ ဒီနေ့တော့တစ်ယောက်ထဲသွားရမည်ဖြစ်သည် ပန်းနုက သူ့အကိုမြို့ကပြန်လာမည်ဖြစ်၍ ကြီးတော်နဲ့ ကူပြီး ချက်ပြုတ်ဖို့အတွက်လယ်ထဲကို လိုက်မည်မဟု ။ ပန်းနု အကိုက မြိူ့မှာအလုပ်သွားလုပ်တာပန်ပန်တို့ ၁၃နှစ်လောက်ထဲကဖြစ်မည် အခုဆို ၅နှစ်တောင်ကြာပြီ တခါတလေပြန်လာတတ်ပေမဲ့ခုကအပြီးပြန်လာတာလို့ တော့ပန်းနုကပြောတာပဲ အကိုသန့်ဇင်က ပန်ပန်တို့ထက်  ၈နှစ်လောက်ကြီးမည်။ သူများအကြောင်းတွေးရင်းနဲ့အလုပ်သွားဖိူ့မေ့နေတာမြန်မြန်သွားမှ မဟုရင် အဆူခံထိနေဦးမယ်။
ရွာလမ်းတစ်လျှောက်ထန်းပင်တွေနဲ့ အုပ်မှိုင်းစိမ်းစိုနေသည့်အပြင် ကျေးငှက်များ၏ တကျီကျီ အော်မြည်သံကသာယာလွန်းလှသည်။လေလေး တဖြူးဖြူးနဲ့လက်ဆတ်တဲ့လေကိုရှုရှိုက်ရတဲ့အတွက်စိတ်ကိုကြည်လင် စေသည်မှာမြို့ကြီးနဲ့တော့တခြားစီပင် ခန့် က မိဘတေမရှိတဲ့တစ်ကောင်ကြွက်ဖြစ်သည်။ မြို့မှာ အဆောင်တူတူငှားနေသည့်သူငယ်ချင်းရွာကို လိုက်ခဲ့ ခြင်းဖြစ်သည်။ မြို့မှာ နေရင် အမေ့ကိုပိုလွမ်းမိမည်မှာစိုးသည်လဲပါသည်။ ခန့်တို့က သားအမိနှစ်ယောက်ပဲရှိတော့တာဖြစ်သည် ။အဖေ ဆုံးသွားထဲက အမေတစ်ယောက်ထဲ ပြုစုစောင့်ရှောက်ခဲ့တာဖြစ်သည် ။ အမေ့ဖြစ်စေချင်လွန်းတဲ့ဆရာဝန်ဖြစ်အောင်ကြိုးစားပြီး အလုပ်ရတဲ့အချိန်အမေ့ကိုတဖန်လုပ်ကျွေးရမည့်အချိန်ကျမှအမေ့နှလုံးရောဂါက ကျွမ်းနေပြီတဲ့လေ သားတစ်ယောက်ဖြစ်ပြီ ကို့အမေဘာဖြစ်နေလဲတောင်မသိ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကို့အမေကို မကယ်နိုင်ခဲ့တဲ့အတွက်နောင်တရလို့လဲ မဆုံးဘူး ။ အာ့တာကြောင့်မြို့မှာဆက်မနေပဲ သန့်စင်နောက်ကိုလိုက်လာခဲ့တာဖြစ်သည်။ အခုတော့လိုက်လာရကျိုးနပ်ပေသည် တိတ်ဆိတ်တဲ့အပြင် သန့်ရှင်းလက်ဆက်မှုက ဘာနဲ့မှနှိုင်းမရ ခန့်လို တိတ်ဆိတ်တာကိူကြိုက်တဲ့သူအတွက်တော့အဆင်ပြေတာထပ်ကိုပိုသေးသည်။ ရွာထဲမှာဆေးခန်းလေးဖွင့်ပြီး အေးအေးဆေးဆေးသာအခြေချတော့မည်လို့စဥ်းစားထားသည်။
" ဟေ့ရောင် တည်ကြည်  မင်း သဘောကျလား ငါ့တို့ရွာကို ဘယ်လိုနေလဲ မင်းအကြိုက်တွေ့ရဲ့လား'' သန့်စင်လာမေးမှသာ အတွေးကမ္ဘာထဲမှ ထွက်မိတော့သည်။
"အေးကွာ ငါတော့သဘောကျတာထက်ကိုပိုသေးတယ် ရွာထဲရောက်ခါနီးလေပိုအေးချမ်းလေပဲကွ ငါတော့တော်တော်ကို ကြိုက်နေတာဟေ့''
" အေးပါကွာ မင်းသဘောကျရင် ပြီးတာပဲ ရွာထဲရောက်ရင် ပိုတောင်သဘောကျဦးမှာငါတော့မြင်ယောင်သေးတယ် ဒါနဲ့ လှည်းက ခုထိမလာသေးတာလား ဘာဖြစ်နေတာပါလိမ့် ငါအမေ့ကိုသေချာပြောထားရက်နဲ့ အမေကတော့ကွာမေ့ပြန်ပြီထင်တယ်''
"မင်းကလဲ ကွာ လူကြီးဆိုတော့လဲတခါတလေ မေ့တာပေါ့ လာပါကွာ ဖြည်းဖြည်းချင်း လမ်းလျှောက်ကြတာပေါ့ အပင်ရိပ်တွေနဲ့ဆိုတော့သိပ်မပူပါဘူးကွ''
"အေးပါကွာ သွားကြတာပေါ့ ဟူးးးး ''  သန့်စင်က သက်ပြင်းချပြီးပြောလေသည် အာ့ကောင်ကလေ တောမှာနေတယ်သာပြောတာ လမ်းလျှောက်ရတာသိပ်ပျင်းတဲ့ကောင် နည်းနည်းဆိုတာနဲ့သူ့မှာ မောနေတာ တကယ့်ကောင်သူငယ်ချင်း နှစ်ယောက်စကားတပြောပြောနဲ့လမ်းလျှောက်လာရင် ရွာလမ်းဖက်က လှည်းကိူလှမ်းမြင်လိုက်ရတဲ့အတွက်သန့်စင်​ကိုပြောလိုက်သည်။
" ဟေ့ရောင် သန့်စင် ဟိူမှာလှည်းတစီးတော့တွေ့တယ်ကွ ဟုလားတော့မသိဘူး ''အာ့လို ပြောလိုက်မှပဲမျက်နှာက နည်းနည်းရွှင်ပြီး သေချာကြည့်တော့တယ်
" ဟုတ်တယ် ကွ ငါ့ အကိုဝမ်းကွဲ ကွ အမလေးတော်သေးတာပေါ့ကွာ ငါ ရွာအထိ လမ်းလျှောက်သွားရမယ်ထင်နေတာ''
" မင်းကလဲ ကွာ ယောကျာ်းမဟုတဲ့အတိုင်းပဲ ညည်းလိုက်တာတကယ်ပဲ ''
လှည်းကတဖြည်းဖြည်းနဲ့ခန့် တို့အနားလဲရောက်ရော သန့်စင်က လှမ်းတားလိုက်တယ်
"ဗျို့  ကိုရင်တာတီး  ကျုပ်တို့က ဒီမှာဗျာ့ ကြာလိုက်တာဗျာ  လမ်းလျှောက်နေရတာ.ခြေတိုတော့မယ်''
" အေးပါကွာ ငါလဲ ကောက်ရိုးသွားဆွဲရသေးလို့ပါကွာ  ပြောနေတာကြာတယ်လာတက် ဟိုဧည့်သည် ညီလေး လဲ တက်နော် နောက်ကျသွားလို့ တောင်းပန်တယ်ငါ့ညီရာ ''
" ရပါတယ်ဗျာ ကျွန်တော်တို့လမ်းလျှောက်လာတာသိပ်မကြာသေးဘူး ''
ဒီလိုနဲ့ လှည်းနဲ့ ရွာထဲကို ဆက်သွားလိုက် တော့သိပ်မဝေးဘူးလို့ထင်ရတဲ့ရွာက နာရီဝက်နီးပါးလောက် သွားရသားဗျာ့ လမ်းသာလျှောက်ရရင် တော်တော်ကြာမယ်ထင်သည်။ သန့်စင်ညည်းလဲ ညည်းချင်စရာဗျာ့။ရွာထဲလဲရောက်ရော အေးချမ်းလိုက်တာဗျာ သစ်ရိပ်ဝါးရိပ်တွေနဲ့ပိုတောင်အေးချမ်းသေးလမ်းမှာ တွေ့တာထပ်ကို ပိုတယ်။ တွေးနေရင်းနဲ့လှည်းရပ်လို့ ကြည့်မိတော့ ဝါးလေးတေနဲ့ခြံစည်းရိုးခတ်ထားတဲ့ ပျဥ်ထောင်အိမ်တစ်ထပ်လေး သပ်သပ်ရပ်ရပ်နဲ့နေချင်စရာလေး
" ကဲ တည်ကြည်ရေ ငါတို့အိမ်တော့ရောက်ပြီ ဆင်းကွာလာအမေနဲ့မိတ်ဆက်ပေးမယ်'' ပြောရင်းနဲ့သန့်စင်က သူ့အမေကိုလှမ်းခေါ်လေတယ်  '' အမေရေ အမေ ကျုပ်တိူ့ရောက်ပြီဗျို့''
" အေးအေး လာပြီသားရေ''
အသံကြားလို့လှမ်းကြည့်မိတော့ အသားညိုပြီး အရပ်ရှည်ရှည်နဲ့အန်တီက ထွက်လာလေရဲ့အနားလဲရောက်ရော
" သား ရောက်လာပြီလား အမေ့ကမျှော်နေတာ သမီးရေ ပန်းနု ညည်းအကိုတိူ့အတွက် ရေနွေးကြမ်းလေး လုပ်ဦးလေ ''အန်တီ ကနောက်ကိုလှမ်းအော်လိုက်တဲ့အချိန် ကောင်မလေးတစ်ယောက်ရေနွေးကြမ်းဗန်းလေးကိုင်ပြီးထွက်လာလေတယ် သန့်စင်ပြောနေကျ သူ့ညီမလေး ဖြစ်ရမည်။
" အကိုကြီး ပန်းနုကမျှော်နေတာတော့ ပန်းနုအတွက်ဘာပါလဲဟင် ''
" ဟဲ့ကောင်မလေး ခုမှ ခရီးကရောက်တဲ့သူကို ဘာတွေလျှောက်ပြေအမောပြေအောင်နားပါစေဦး ညည်းနှယ့်အေ ငါလုပ်လိုက်ရ''
" အမေကလဲ ''
" သွားနောက်ဖေးမှာဟင်းအိုးသွားကြည့်သွား''
" ဟွန့် ''  ဆိုပြီး မျက်စောင်းထိုးသွားတဲ့ကလေးမက တကယ်ကိုကလေးစိတ်
"အာ့တာပဲ ကြည့်သားရေ မင်းညီမကတော့ ဆိုးတုန်းပဲ ဒါနဲ့ဒီက သားလေးကဘယ်သူတုန်းကွယ့်''
" အမေ့ကိုမိတ်ဆက်ပေးရဦးမယ် ဒါက သားသူငယ်ချင်းလေ နာမည်က ခန့်တည်ကြည်မောင် တဲ့ ဆရာဝန်ဗျာ့ သားနဲ့ ရွာကိုလိုက်လာတာလေ ရွာမှာပဲနေဖို့ ''  သန့်စင်က မိတ်ဆတ်ပေးတော့ ခန့်လဲ အန်တီ ဖက်လှည့်ပြီးပြုံးပြလိုက်တယ်
" တွေ့ရတာဝမ်းသာပါတယ် အန်တီ သားကိုလဲ သန့်စင်လိုမျိုး ဆုံးမနိုင်ပါတယ် အန်တီရဲ့သားလိုပဲသဘောထားပါ''
" အေးပါကွယ် ဒါနဲ့ ရွာမှာနေဖို့ လိုက်လာတာဆိုတော့အလည်သဘောလား ''
" မဟုဘူး အမေရဲ့ တည်ကြည်က ဒီမှာပဲ အပြီးနေတော့မှာ သူ့အမေ ဆုံးထားတာ သိပ်မကြာသေးဘူးလေ သူ့မှာအမေတစ်ယောက်ပဲရှိတော့တာလေ အခုရှိတဲ့အမေကလဲ ဆုံးပြီဆိုတော့ သူက ရွာမှာအပြီးနေဖို့ လိုက်လာတာ''
" အေးပါကွယ် ဒီလိုဆိူတော့လဲ နေပေါ့ကွယ်အန်တီ့ကိုလဲ အမေလိုပဲသဘောထားပေါ့ကွယ် ဟုပြီလား အခုတော့ခနနားလိုက်ဦးပြီးမှထမင်းစား အမေ ဟိုဖက်ခြမ်းက ဝက်သားရလို့ အချိုလေးချက်ထားတယ် ''
"ဟင် ဝက်သားချက်တာလား ''
"အေးလေ နင့်အကြိုက်ချက်ထားတာလေ သန့်စင်ရယ် ဘာဖြစ်လို့ ''
" တည်ကြည်က ဝက်သားအမဲသားမစားဘူး အမေရဲ့ အာ့တာကြောင့်''
" ဟယ်အာ့တာဆိုဘယ်လိုလုပ်ရ အမေက မသိလို့ ပါကွယ် ''
" ရပါတယ် အမေရယ် အဆင်ပြေတာနဲ့စားပါမယ် သန့်စင် ငါ့အတွက်မပူပါနဲ့ကွာ ဟုပြီလား''
" အေးပါကွယ် ခန နားပြီးရေချိူးတော့လေပြီးရင်ထမင်းစားဖို့ ခေါ်လိုက်မယ်''
" ဟု အမေ ''   ''ဟုကဲ့အန်တီ ''
သန့်စင်အမေကိုနှုတ်ဆက်ပြီး ရေမိူးချိုးဖို့လုပ်လိုက်တယ် ပစည်း​ေတွ ​ေသချာနေရာချပြီး ရေချိုး လိုက်ကြတယ် ရေချိုးပြီးမှပဲ လန်းသွားတော့သည် ကားစီးရတာနဲ့  လှည်းစီးရတာနဲ့ဆိုတော့ နောက်ရက်မှပဲဆေးခန်းဖွင့်ဖို့လုပ်ရတော့မှာပဲ  ခန့်တို့ရေချိူးပြီးသိပ်မကြာဘူး အန်တီက ထမင်းစား ဖို့လှမ်းခေါ်တာနဲ့ ထမင်းစားဖို့သွားလိုက်ကြတယ်ဟင်းတွေကစုံလို့ ဝက်သားအချိုချက် ပုန်းရည်ကြီးသုပ် ပဲကြီးဟင်းရည်လေးနဲ့ ဟိုဖက်က ကြက်ဥကိုဆူးပုပ်နဲ့ကြော်ထားတာထင်တယ် စုံနေရောပဲကျွန်တော်တို့လဲဆာဆာနဲ့စားလိုက်ကြတယ် ။ စားသောက်နေရင်းနဲ့သန့်စင်က ထပြောလေရဲ့ '' အမေ့ ကြက်ဥ ဆူးပုပ်လေးကစားကောင်းလိုက်တာ ဘယ်သူကြော်တာလဲ ''
ကျွန်တော်လဲအာ့တာပဲတွေးနေတာဗျာ့ ကြက်ဥက ဆူးပုပ်နံသင်းသင်းလေးနဲ့ဆိုတော့ဆိမ့်ဆိမ့်လေး ကာလီသီးလေးတေပါညှပ်ထည့်ထားတော့ချိုဆိမ့်လေးကိုမှ စပ်စပ် လေးဗျာ ကျွန်တော်လဲသိချင်ဇောနဲ့နားစွင့်နေမိတယ်။
" သြော် ပန်ပန်လေး လာပို့သွားတာသားရဲ့ အမေလဲ သားခန့်က ဝက်သားမစားဘူးဆိုတော့ ဘာလုပ်ပေးရမလဲ မသိဖြစ်နေတဲ့အချိန် ပန်ပန်လာပို့တော့ကွက်တိဖြစ်သွားတာ ''
" ဟုသား ပန်ပန် ဆိူမှ အာ့ကောင်မလေးတောင်မတွေ့ပါလား အမေရဲ့ ဘွားမြရောပဲ''
"  ပန်ပန်လေးကသနားစရာလေးပါသားရယ် ဘွားမြက ဆုံးသွားတာ တလကျော်ပြီလေ ''
" ဟောဗျာ  ဘယ်လိုဖြစ်တာတုန်းအမေရဲ့အာ့တာဆိုအာ့ကလေးမက ရောဘယ်ရောက်''
" အမလေး ရွာထဲကလူတွေအကြောင်းသိတယ်မလား အစထဲက ပန်လေးကို သိပ်ကြည့်ရတာမဟုပူးလေ ဘွားမြလဲ ဆုံးရော ရွာထဲ လက်မခံနိုင်ဘူးဆိုလို့ရွာစွန်က တဲလေးမှာသွားနေရတယ်လေ မင်းညီမ ပန်းနုကအဖော်သွားနေပေးတယ် '' 
အဒေါ်က စိတ်မကောင်းစွာပြောတော့ ကျွန်တော် လဲ အာ့ကောင်မလေးကိုသနားမိတယ်ဗျာ့ အကြောင်း စုံမသိပေမဲ့လဲ မိန်းကလေးတစ်ယောက်ထဲ ရွာစွန်မှာနေရတာဆိူတော့ လေ ကျွန်တော် လဲဆက်နားထောင်နေလိုက်တယ်။
" ရွာကလူတွေကလဲသိပ်ခက်တာပဲဗျာ မဟုတာကိုအယူသီးနေတယ် ဘယ်ခေတ်ရောက်နေပြီမို့လို့တုန်းသူကြီးကရောဘာမပြောဘူးလား ''
" သားရယ် သူကြီး လဲ ဘယ်တတ်နိုင်ပါ့မလဲ တစ်ရွာနဲ့တစ်ယောက်ဆိုတော့လဲ အမေလဲ အိမ်ခေါ်ထားချင်ပေမဲ့ ဘယ်လိုမှပြောမရလို့ပါကွယ် ကဲပါဆက်စား အေးကုန်မယ် ဒါနဲ့ သားခန့်ကရောဆေးခန်းဖွင့်မဲ့ကိစ္စ သူကြီး ကိုသွားပြောမှထင်တယ် '
သန့်စင် ကိုပြောနေရင်းနဲ့သူ့ကိုဆက်ပြောလာတာမို့ သူလဲပြန်ဖြေမိသည်
" ဟုကဲ့ အန်တီ  သား လဲ တွေးထားပါတယ် နက်ဖန်လောက်သွားပြောလိုက်မယ် အန်တီ ''
" အေးပါကွယ် အမေ့ကို ရင်းရင်းနှီးနှီး အမေလို့ပဲခေါ်ပါကွယ် ရပါတယ်''
" ဟုကဲ့ပါ အမေ ''
ကျွန်တော်တို့လဲ စားသောက်ပြီးနားလိုက်ကြတယ် နက်ဖန်သူကြီးအိမ်သွားရဦးမယ်လေ ။
" ပန်ပန်ရေ ပန်ပန် ဘယ်ရောက်နေတာလဲမသိပူး ဒီကောင်မလေး  မိပန် ''
" ဟေ ငါအိမ်နောက်ဖေးမှာဟေ့ စွတ်အော်နေတယ် လာပြီ လာပြီ  .. ကဲပြော မိပန်းမ ဘာတုန်းအေ အလန့်တကြားနဲ့ညည်းကလဲ ''
" အမယ် ကျုပ်က ညည်းအတွက်ဟင်းယူလာတာပါတော် ဒီမှာ ညည်းဝက်သားမစားမှန်းသိလို့ ပဲကြီးအရည်သောက်လေး လာပေးတာ ခုနကထဲကထည့်ပေးဖို့ မေ့သွားလို့ ''
" ရပါတယ် အေ ဒါနဲ့ကိုသန့်စင်တို့ရောရောက်ပြီလား ''
" ရောက်နေပြီတော် ခုနက ညည်းဟင်းလာပေးထဲက ပဲတော့် ငါ့ကိုကြီး သူငယ်ချင်း က ဆရာဝန်တဲ့ ချောလိုက်တာလဲ မင်းသား ကျနေရောပဲ  သူကရွာမှာ အခြေချတော့မှာတဲ့ အဟိ ရွာထဲက ကောင်မတွေ တဝဲလည်လည် ​ဖြစ်နေမှာမြင်ယောင်ပါရဲ့''
" ဟုလား ခုနက ငါလဲ မမြင်မိပါဘူးဟယ် ဟင်းပေးပြီးထွက်လာလိုက်တာဆိုတော့ ဒါနဲ့ ညည်းထမင်းစားပြီးပြီလာမစားရသေးရင်တခါထဲဝင်စားသွားဘာမှတော့မရှိပူး ကြက်ဥကြော်ပဲရှိတယ် ''
" အမလေး စားမှာ စားမှာ အာ့ကြောင့်အိမ်ကတောင်စားမလာဘူး ညည်း ချက်ရင်ငပိဖုတ်တောင် သိပ်အရသာရှိတာအေ့''
" အမလေး မြှောက်မပြောလဲ ကျွေးပါတယ်အေ လာသွားစားရအောင် ''
အသူရိန်နေမင်းကြီး ကလဲ သူရဲ့တာဝန်အရ အရှေ့အရပ်က ထွက်ပေါ်လာသလို ကျေးငှက်တွေကလဲ တကျီကျီနဲ့ တေးဆိူ နေကြပုံက သိပ်ကိုသာယာတယ်ဗျာ ကျွန်တော်လဲဆက်အိပ်မရတာနဲ့ထပြီး မျက်နှာသစ် ပြီးအိမ်ရှေ့ ထွက်ခဲ့ လိုက်သည်
" ဟယ် သား ခန့်နိုးလာပြီးလား လာဒီမှာအမေ ကောက်ညှင်းပေါင်း ထားတယ် ငါးရံ့ခြောက်လေးဆီစိမ်ထားတယ်သားရဲ့ ရော့ ရေနွေးကြမ်းလေးနဲ့ တွဲစား ''
" ဟုကဲ့ အမေ ရပါတယ် အမေရယ် သိပ်အထွေအထူးမလုပ်ပါနဲ့ ကြုံရာနဲ့စားရလဲအဆင်ပြေပါတယ် တကူးတက ကြီး မလုပ်နဲ့ ''
" အမလေး ဘာမှအားနာစရာမလိုပူး အမေတိူ့က ထုံးစံပဲ အာ့လိုပဲ ပေါင်းစားနေကြဘာမှအထွေအထူးမရှိဘူး ''
" ဟုတယ် ကွ တည်ကြည်ရ စားသာစား အားမနာနဲ့  '' လို့ပြောရင် သန်စင်က ငါးခြောက်ဖုတ် တခုကိုယူစားလိုက်တယ်
" အမေ့ ငါးခြောက်က ပေါ့ပေါ့ လေးနဲ့စားကောင်းတယ်နော်  ဖုတ်ထားတာလဲ မွမွလေး ''
" စားကောင်းရင်စား အာ့တာလဲ သမီး ပန်လေး လာပေးထားတာဟိုရက်က သူလယ်ထဲမှာငါးဖမ်းရင်း ငါးရံ့အကောင်ကြီးတွေရလို့ ခွဲ ပြီးနေလှမ်းထားတာတဲ့ အာ့တာအမေ့ကိုလာပေးရင်း တခါထဲ ဖုတ်ပါပေးသွားတာ  အခုစားခါနီးမှ ဆီစိမ်လိုက်တာ ''
" အာ့ကောင်မလေး ဘာလုပ်လုပ် စား လို့ ကိုကောင်းတာ ဗျာ့ ''
" အမလေး အာ့တာတော့ဟုတယ် သားရေ ပန်လေးက လက်ဆိပ်ရှိတယ် ''
သူတို့ သားအမိပြောနေတဲ့ ပန်ပန် ဆိူတဲ့ကောင်မလေးအကြောင်း ကို တော်တော်စိတ်ဝင်စားလာပြီဗျာ့ လူမတွေ့ရပေမဲ့ဒီလောက်အရာရာတော်နေတဲ့ ကောင်မလေးကြား ရသလောက်လဲ လိမ်မာမဲ့ပုံ ပဲ အာ့တာကို ဘာလို့ ရွာထဲ မှာမထားကြတာပါလိမ့်
" ဟေ့ရောင် စားပြီးရင် သူကြီး အိမ်သွားကြမယ် လေ မင်းဆေးခန်းကိစ္စ သွားပြောကြမယ် ''  သန့်စင်ပြောမှ ကျွန်တော် လဲ အမြန်စားသောက်ပြီး အမေ့ကိုပြောပြီးသူကြီးအိမ်ဖက်ထွက်ခဲ့တော့သည်။
" သူကြီး ရေ သူကြီး  ''
" ဟေ ဘာလဲကွ ဘယ်သူတုန်းလာလေ အိမ်ထဲဝင်ခဲ့ ''
" ဟုကဲ့ ''  ကျွန်တော်တို့လဲဝိုင်းထဲကိုဝင်သွားလိုက်တယ်အထဲရောက်တော့ သူကြီးဆိုတဲ့သူကစကားစလာတယ်။
" သြော် ဘယ်သူများလဲလို့ မယ်နု သား မောင်သန့်စင်ပါလားကွ မြို့က ဘယ်တုန်းက ပြန်ရောက်တာလဲ ''
" ဟုတ်တယ် သူကြီး ရေ မနေ့ကမှ ပြန်ရောက်တာ  အခုလဲ သူကြီး ကိုပြောစရာရှိလို့ လာတာ  ''
" ဟုလား ဒါဖြင့်ပြောလေကွာ ဘာကိစ္စ လဲဆိုတာ ''
" ဒီလိုသူကြီးရေ ဒါက ကျုပ်သူငယ်ချင်းဗျာ့နာမည်က ခန့်တည်ကြည်မောင်တဲ့  မြို့က ဆရာဝန် သူက ဒီမှာအခြေချပြီးဆေးခန်းလေးဖွင့်ချင်တယ် ဆိုလို့ အာ့တာ သူကြီးကိုလာပြောတာ''
" ဟာ ကောင်းတာပေါ့ကွာ တို့ရွာမှာဆေးခန်းက မရှိဘူးကွ ဆေးမီးတိုနဲ့ပဲ ကုကြရတာ မြို့တက်ကုနိုင်ရင်ကု မကုနိုင်ရင်ရွာမှာဒီလိုပဲ နေကြရတာခုလိုကြားရတာ ဝမ်းသာတယ်ကွာ''
" အာ့တာသူကြီးကို နေရာလေး လုပ်ပေးဖို့ ပြောမလို့ဗျာ ''
" ဒါများ ကွာ ရွာကျောင်းရဲ့ ဘေးမှာ အရင်က မြို့က ဆရာဝန်တွေ  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ဖို့ ခနလာကြတုန်းကဆောက်ထားတဲ့ ဆေးခန်းလေးရှိတယ်လေ အာ့မှာ လုပ်ကြပေါ့ကွာ ''
" ဟုကဲ့ ကျေးဇူး တင်ပါတယ်  ဦးလေး ခုလို ကူညီတဲ့အတွက်''
" မလိုပါဘူးကွာ ငါတို့ ကပိုတောင်ကျေးဇူးတင်ရဦးမယ် ကိူ့ရွာအတွက်ပဲလေ''
" ဟုကဲ့ အာ့တာဆို  ကျွန်တော် တို့ကို ခွင့်ပြုပါဦး ''
" အေးအေး မောင်ရင်ရေ ''
ကျွန်တော် တို့လဲ သူကြီး ကိုနှုတ်ဆက်ပြီး ပြန်လာခဲ့တော့တယ် အပြန်မှာသန့်စင်က လယ်ကွင်းဖက်ကို လိုက်ပြမယ်ဆိုလို့ထွက်ခဲ့ကြတယ် ဆေးခန်းက နက်ဖန်စဖွင့်မှာလေ ဆေး တေွကလဲ မြို့ကနေ ယူလာခဲ့တာမြို့မှာလဲ ဆေးခန်းပဲဖွင့်ခဲ့တာဆိုတော့ အဆင်ပြေတာပေါ့ ။ ကျွန်တော် တို့လဲ လျှောက်ရင်းလျှောက်ရင်းနဲ့လယ်ကွင်းနားရောက်တော့ ကောင်မလေးနှစ်ယောက်နဲ့  ယောကျာ်းလေးတစ်စု ရုန်းရင်းဆန်ခတ်ဖြစ်နေတာတွေ့လို အနားပြေးသွားမှာသန့်စင်ညီမလေး ဖြစ်နေတာဗျာ့
" ဟဲ့ သန်းဇော် နင်ကို အမြဲပြောတယ်ငါ့သူငယ်ချင်းကို မနှောင့်ယှက်နဲ့ ဆိုတာ နင် နားမလည်တာလား နားမပါတာလား ဟေ ''
" ဟာကွာ နင်နဲ့ဘာဆိုင်လိုတုန်း ပန်းနုရဲ့ ဘာလဲ နင်က ငါ့ကြိုက်နေလို့လား ''
" ထွီ ရွံလိုက်တာ နင့်ကြိုက်မဲ့အစား ခွေးအမြှီးဖြတ်ပြီး ရည်းစားတော်ပလိုက်မယ် ''
" ဘာ ဒီ ကောင်မ '' သန်းဇော်ဆိုတဲ့တစ်ယောက်က ပန်းနုကို ရိုက်ဖို့လက်မြှောက်တဲ့အချိန် ကျွန်တော် ရောက်တဲ့အချိန်ကွက်တိကျသွားလို့သာပဲ
" ဘာဖြစ်နေကြတာလဲ... ဟမ် ပန်းနုပြောစမ်း ဘာဖြစ်နေတာလဲ''
" ကိုကြီး  ဒီမှာ လေ ဒီအမူးကောင်ပေါ့ ပန်းနုတို့ကို လိုက်နှောင့်ယှက်နေလို့ '' ပန်းနု က အာ့လိုလဲ ပြောရော ဟိုကောင်တွေက ကပြာကယာပြောလာတယ်
" မဟုပါဘူး ကိုသန့်စင်ရယ် ကျုပ်က. ခများ ညီမကို ဘာမလူပ်ပါဘူး ဟောဒီက ပန်ပန်လေးနဲ့ပဲစကားပြောချင်လို့ပါ ''
" ဒီမှာ သန်းဇော် မင်း မူးနေရင်လဲ အေးဆေးနေလေကွာ ဘာကိစ္စ လိုက်နှောင့်ယှက် ငါသူကြီးနဲ့တိုင်ရမလားပြော''
" မလုပ်ပါနဲ့ ကို သန့်စင် ရယ် ကျုပ်တို့သွားပါ့မယ်'' ဆိုပြီး ထွက်သွားလေရဲ့ သူတိူ့သွားမှ ဒီဖက်လှည့်ကြည့်မိတော့ သန့်စင်ညီမလေးရယ် နောက်တစ်ယောက်က သူတို့ ပြောနေကျ ပန်ပန် ဆိုတဲ့ကောင်မလေးထင်တယ် ကောင်မလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိူတဲ့ဆုနဲ့ပြည့်တယ်ပြောရမယ် တကယ် ချစ်စရာလေး ဆံပင်လေးက ရှည်ရှည်လေးနဲ့ယဥ်တယ်ပြောရပေမဲ့သူ့ရုပ်လေးက ကလေးရုပ်လေးနဲ့ဗျာ့။
" ကဲ ပန်းနုနဲ့ ပန်ပန်က လယ်ထဲသွားမှာမလား သွားကြ ဂရုစိုက် ကြဦး ''
" ဟုကဲ့ ကိုကြီး  သွားပြီ နော် လာပန်ပန် '' ဆိုပြီး ပန်းနုက အာ့ကောင်မလေး လက်ကိုဆွဲပြီးထွက်သွားမှ ကျွန်တော် လဲ သန့်စင်ဖက်လှည့်ပြီးမေးမိတော့တယ်
" သန့်စင် အာ့တာ မင်းတို့ ပြောနေတဲ့ ပန်ပန် ဆိုတဲ့တစ်ယောက်လား ''
" အေးကွ ဟုတ်တယ်  ပန်ပန်လေ နာမည်က. ပန်တော်မူ တဲ့ ''
"ပန်တော်မူ  ပန်တော်မူ တဲ့လားနာမည်လေးက ''
" ဟုတ်တယ် ကွ မင်းသိချင််ရင်နောက်မှပြောပြမယ် ခုတော့ ရွာထဲ ပြန်ရအောင်အမေ မျှော်နေတော့မယ်ကွ''
အာ့တာ နဲ့ပဲ ကျွန်တော် တို့လဲရွာထဲဝင်ခဲ့တော့တယ် ပန်ပန်ဆိုတဲ့တစ်ယောက်အကြောင်း​လဲစဥ်းစားရင်းပေါ့....
.......….…..............................
Yoon
Continue Reading
You'll Also Like
1.4M 121K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
21.8K 2.1K 27
924 363 16
ئێرە ئامادەیی یۆنگسانە ئەگەر بتەوێ بژیت پێویستە لە تاقیکردنەوەکانی قوتابخانە دەربچی بەڵام ئایە قوتابییەکان دەردەچن لە تاقیکردنەوەکان!؟ -پرسیاری کۆتا...
11.8K 478 27
aizawa's daily dose of head aches