🌹🌹ပန်တော်မူ🌹🌹(Completed)

By yoonshweyeethoon

134K 5.4K 125

သနားစရာကောင်းp ရွာရဲ့အပယ်ခံ ဒွိလိင် ကောင်လေး တစ်ယောက်နဲ့ မိဘတေမရှိတော့လို့သူငယ်ချင်းနေတဲ့ရွာကိုလိုက်လာတဲ့ ဆရ... More

အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အသိပေးချက်
အပိုင်း(5)
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
အပိုင်း(12)
sorry
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
အပိုင်း(17)
အပိုင်း(18)
အပိုင်း(19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
တောင်းပန်ခြင်း
အပိုင်း(23)
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26) final
ကျေးဇူးတင်လွှာ
Promotion
Extra
Nèw fic
ရှင်းတမ်းလေးပါ
Thingyan...Present!!!
Present II

ပန်တော်မူ အပိုင်း(1)

12.7K 355 4
By yoonshweyeethoon

ပူလောင်ပြင်းပြတဲ့ မွန်းတည့်ချိန် တိတ်ဆိတ်ခြောက်ကပ်နေတဲ့ နေရာမှာလူတွေ တဖွဲဖွဲ ပြန်သွား ကြသော်လဲ တစ်ယောက်ထဲသော ကောင်မလေး ကတော့ ထိုင်ရာက မထနိုင်အား မျက်စိရှေ့က မြင်နေရတဲ့ မြေပုံကိုသာ မျက်တောင်မခတ်စတမ်းကြည့်နေမိသည် မျက်ဝန်းဝိုင်းလေးထဲက မျက်ရည် များလဲ ကျလို့ပေါ့....
" သမီး ပန်ပန် တအားလဲ ဝမ်းမနည်းပါနဲ့ကွယ် ဘွားမြ မရှိတော့လဲ ဒေါ်ကြီးနုတို့ရှိပါတယ်ကွယ် ညည်းသူငယ်ချင်းပန်းနုလဲရှိတာပဲ အားမငယ်ပါနဲ့ အေ "

" ဟုကဲ့ ဒေါ်ကြီး နု လာပေးလိူ့ကျေးဇူးတင်ပါတယ် ဒေါ်ကြီးနုရယ် မဟုရင်ပန်ပန်တစ်ယောက်ထဲ ဘာလုပ်ရမလဲတောင်မသိတော့ဘူး"

" ကဲ ကဲ ဒေါ်ကြီး တို့လဲ ပြန်မယ် ပန်ပန် ပါတခါထဲ လိူက်ခဲ့လေ "

"ပန်ပန် ခနနေဦးမယ် ဒေါ်ကြီး ရယ် "

"အေးပါကွယ် အာ့ဆိုဒေါ်ကြီးပြန်မယ် အကြာကြီး မနေနဲ့နော်"

"ဟုကဲ့"

ဒေါ်ကြီးနုပြန်သွားမှ သူ့ရှေ့ကမြေပုံလေးကိုပြန်ကြည့်မိသည် မျက်ရည်များကမဆည်နိုင်အောင်ပါပဲ သူကျမှ ကံဆိုးလိုက်တာရွာကလူတွေပြောသလို သူက ကံဆိူးမှုတွေပဲရှိနေတဲ့သူထင်ပါရဲ့သူ့နာမည် 'ပန်တော်မူ' တဲ့ မေမေပေးခဲ့တဲ့နာမည်လေးပေါ့ သူ​မွေးတဲ့နေ့မှာ အဖေဖြစ်သူက ပိုးထိပြီးဆုံးတယ် ရွာကလူတွေကတော့ အဖေဆုံးတာသူ့ကြောင့်တဲ့ အင်းလေ သူကိုယ်တိုင်ကိုက မိန်းမ မှန်းမသိယောကျာ်းမှန်းမသိ လိင်နှစ်မျိူးပါတဲ့သူကိုး။အမေကတော့ ဘယ်သူတွေဘာပြောပြော သူ့ကိုဂရုတစိုက်ရှိခဲ့တယ် သူမွေးတဲ့နေ့မှာအိမ်ရှေ့က ပန်းပင်တွေက ပန်းတွေဝေနေအောင်ပွင့်လို့ 'ပန်တော်မူ 'ဆိူတဲ့နာမည်လေးပေးခဲ့တာတဲ့ ရွာက လူတွေကတော့သူ့ဆိုမြင်တာနဲ့ရှောင်ကြတာကြီးပဲ သူတို့ ကလေးတွေနဲ့လဲ ပေးမဆော့ဘူး ကံဆိူးမှာဆိုးလိူ့တဲ့လေ ပန်ပန်ကလဲ ရှောင်ခဲ့ပါတယ် ။ဒါပေမဲ့ ကံဆိုးမှူတွေက ပန်ပန်ရဲ့ဘဝမှာ မကုန်နိူင်ဘူးထင်ပါတယ် ပန်ပန်အသက် ၁၆ နှစ်မှာအမေက လဲထပ်ဆုံးပြန်တယ် အားကိုးမရှိတော့တဲ့ပန်ပန် ကို တရွာလူံးက မခေါ်ချင်ကြပေမဲ့ ဘွားမြကတော့ ခေါ်မွေးစားခဲ့တယ် ဘွားမြကလေ ပန်ပန့် ကိုသိပ်ချစ်တာ သိပ်လဲ ဂရုစိုက် တယ် ပန်ပန်ကိုယ်တိုင်လဲ ဘွားမြကို ကိူ့အဘွားအရင်းတစ်ယောက်လိုချစ်တယ် ပြုစု တယ် မနက်ဆို ဘွားဝေယျာဝေစ္စ အကုန်လုပ်ပေးပြီး ကောက်စိူက်တယ် ပျိူးနုတ်တယ် ရွာထဲက လူတွေက ပန်ပန်နဲ့သာမပက်သက်ချင်တာ ပန်ပန့်ကိုကျသိပ်နှိမ်ပြီးသိပ်ခိုင်းချင်ကြတာ မတန်တဆ ပေးခိုင်းချင်တာ ဒါပေမဲ့ ပန်ပန် မညည်းညူပါဘူး ဘွားအတွက်ရှာကျွေးရတယ်ဆိုတဲ့စိတ်နဲ့ပဲ အကုန်သည်းခံ ခဲ့တယ် ခုတော့ ပန်ပန် ဘဝမှာအားကိုးစရာဘွားလဲ မရှိတော့ပူး ရွာထဲကလူတွေကတော့ပြောစရာထပ်တွေ့တာပေါ့ဘွားဆုံးတာသူ့ကြောင့်တဲ့လေ သူ့အတွက်နဲ့ ဘွား အသုဘတောင်လူသိပ်မစည်ခဲ့ပူး ခုတော့ သူတစ်ယောက်ထဲ ကျန်ခဲ့ပြီ သူ့မှာအားကိုးစရာမရှိတော့ပူး.....
ပန်ပန်က ဒွိလိင်ဆိုပေမဲ့ မိန်းကလေးလိုပဲဝတ်တယ်စားတယ် အာ့လိုနေရတာကိုလဲ သဘောကျတယ် ပန်ပန် ၁၄နှစ်လောက်ကျ အမျိုးသမီးသဘာဝက ဖြစ်လာတယ် မိန်းကလေးတစ်ယောက်လို ဖွံဖြိုးလာတယ် အာ့ကြောင့်အမေကလဲ မိန်းကလေးလိုနေခိုင်းတယ် အမေကလေ ပန်ပန်ကိုဆံပင်ရှည်ထားခိုင်းတာငယ်ငယ်ထဲက ခုဆို ပန်ပန်ဆံပင်က တင်ပါးတောင်ဖုံးနေပြီးအမေက ခနခနပြောတယ်'' ပန်လေး သမီးက ဆံပင်အရှည်လေးနဲ့သိပ်လှတာပဲတဲ့'' ပန်ပန်ကတောသူလို့မထင်ရလောက်အသားအရေကဖွေးနေတာ မျက်နှာဝိုင်းဝိုင်း မျက်ခုံးလေးတွေတန်းပြီး မျက်တောင်လေးတွေဆိူတာကော့စင်းနေတာခန္ဓာကိုယ်လေးကလဲ ပြည့်ပြည့်တင်းတင်းလေးဆိုတော့ ရွာထဲက ကာလသားတွေအကြိုက်ပေါ့ ဒါပေမဲ့ ထိကပါးရိကပါးလုပ်ချင်ကြတာကများပါတယ် ပန်ပန်လို လူမျိူးက်ုဘယ်သူကယူမှာတဲ့လဲ...

ဘာလိုလိုနဲ့ ဘွားဆုံးတာ တောင်တလပြည့်တော့မယ် သူလဲနေသားကျလာပါပြီး တဖြည်းဖြည်း နဲ့ ကောက်စိုက်လိုက်ဖို့အတွက်ပြင်ဆင်နေတုန်း သူ့နာမည် ခေါ် သံကိုကြားလိုက်ရတယ်။
" ပန်ပန် ရေ ပန်ပန်"

"ဟေ ဝင်ခဲ့ ပန်းနုရေ ငါစောင့်နေတာနင့်ကို လာသွားကြမယ် လေ "

"ခနလေး ပန်ပန် ငါလာတာသူကြီးက နင့်ကိုခေါ်ခိုင်းလို့ဟ"

"ဟုလား ဘာတဲ့လဲ "

" ငါလဲ အာ့တာ့တော့မသိပူးအေ့ ကြာပါတယ်ဟာသွားကြည့်ရအောင် ''

"အေးအေး လာသွားကြမယ်"

ဒီလို နဲ့ပန်ပန်တို့လဲ သူကြီးအိမ်ထွက်ခဲ့ကြတယ် သူကြီးအိမ်ရောက်တော့ ရွာသူရွာသားတွေအကုန်စုနေကြလို့ အံသြ သွားရတယ် ဒါပေမဲ့ လဲ ခနပါပဲ သူကြီးထိုင်နေတဲ့နေရာရောက်အောင်သွားပြီးမေးလိုက်တယ် ။

"သူကြီး ပန်ပန့် ကိုခေါ်တယ်ဆို"

"အေး ဟုတ်တယ် ငါပြောရမှာ စိတ်မကောင်းပေမဲ့ မိပန် ညည်းကို ရွာသားတွေက ရွာထဲမှာမထားချင်ပူးတဲ့ အာ့တာ ညည်းရွာစွန်မှာထွက်နေပေးပါ "

"ရှင် ဘာဖြစ်လို့ လဲ သူကြီး ရယ် ပန်ပန်ဘာလုပ်မိလို့လဲ ''

"ဟဲ့ကောင်မ ညည်းဘာမလုပ်လဲ ညည်းကိုရွာထဲမထားနိူင်ပူး ညည်းကြောင့်ရွာခိုက်မှာဆိုးတယ်အေ့ ခုတောင် ဘွားမြက ဆုံးသွားရတာလေ ''

ရွာထဲ က ဒေါ်စိန်က ထပြောတော့တစ်ယောက်တစ်ပေါက်ဆီ ပန်ပန့် ကို အပြစ်ပြောကြရော.။

" အာ့လို တော့မပြောကြပါနဲ့အေ ဘွားမြက. အသက်ကြီးပြီးလေ လူကြီး ရောဂါကြောင့်ဆုံးရတာ ပန်ပန့်အပြစ်မှ မဟုတာ အေ့ သူကြီး ကလဲ သေချာပြန်စဥ်းစားကြည့်ပါဦးရွာစွန်ဆိုတာကလဲရွာပြင်နားရောက်ခါနီးပြီး မိန်းကလေး တစ်ယောက် ထဲမထားနိူင်ပါဘူးတော် ညည်းတို့လဲ သမီးတွေမွေးထားကြတာပဲ ကိုယ်ချင်းစာစမ်းပါအေ့''

"အမလေးတော် အမနုကလဲ သူ့ဟာက မိန်းမ မှန်းမသိ ယောကျာ်မှန်းမသိတာကို သူမွေးတဲ့နေ့မှာ ပဲသူ့အဖေ ပိုးထိတာလေ အမေကျပြန်တော့ရော ကောက်ခါငင်ခါထ ဆုံးတာ ဘွားမြကအသက်ကြီးပေမဲ့ ကျန်းမာပါတယ်အေ့ အာ့ကောင်မ ရောက်မှ တရှောင်ရှောင် ဖြစ်တာ ''

"အိုအေ ကျုပ်တို့လဲ မနေနိုင်ပူးတော့သူနဲ့တရွာထဲ အရင်တုန်းက သူ့အမေ မျက်နှာနဲ့ဘွားမြကြောင့်သာမပြောတာခုတော့မရတော့ပူးအေ့ သူ့ကိုမထားနိုင်ပူး ''

ဒေါ်ကြီး နုက. ပန်ပန် ဖက်က ကာကွယ်ပြောနေပေမဲ့ ဒေါ်စိန်နဲ့ ဒေါ် ခင်ကြည်က ဝင်ပြောတော့ ရွာသားတွေကပါဝင် ထောက်ခံတဲ့အတွက်သူကြီးလဲ မနေသာတော့ဘူး သူကြီး က. မျက်နှာ မကောင်းပေမဲ့ ပန်ပန်ဖက်ကိုလှည့်ကြည့်ပြီးပြောတယ်

"ပန်ပန် ရယ် ဦးလေးလဲ မတတ်နိူင်လို့ပါ ရွာသားတွေကလက်မခံတော့ဦးလေး လဲပြောမရလို့ပါကွယ် ငါ့တူမကြီးက ဦးလေးကိုနားလည်ပေးပါကွယ် ''

" ဟုကဲ့ ပန်ပန် နားလည်ပါတယ် ပန်ပန် ထွက်ပေးပါ့မယ် ''

ကျွန်မလဲ အာ့စကားပြောပြီးသူကြီးအိမ်ကနေထွက်ခဲ့တော့တယ် မျက်ရည်တွေလဲကျရင်းပေါ့ ပန်ပန် အိမ်လဲ ပြန်ရောက်ရော ပန်ပန့်အဝတ်တွေကို အထုပ်လေးထုပ်ပြီးရွာစွန်ထွက်ဖို့ ပြင်လိုက်တယ် အကုန်ထုပ်ပိုးပြီးတဲ့အချိန်မှာ ပန်းနုတို့သားအမိတွေရောက်ချလာကြတယ်

"သမီး ပန်လေး စိတ်မပူနဲ့ နော် ဒေါ်ကြီးလဲ ခနခနလာခဲ့မယ် ညည်းသူငယ်ချင်းလဲလာအိပ်ပေးလိမ့်မယ် မစိူးရိမ်နဲ့သိလား ''

ဒေါ်ကြီးက မျက်ရည်လေးဝဲတဲတဲနဲ့ဆိုတယ် ပန်းနုတို့သားအမိပဲပန်ပန်အပေါ်ကောင်းကြတာ သူတို့ က ပန်ပန်အတွက်တော့မိသားစုလိုပါပဲ

"ရပါတယ် ဒေါ်ကြီးရယ် မလိုပါဘူး ပန်းနုလာရင်ဒေါ်ကြီးက တစ်ယောက်ထဲလေ ပန်ပန်အတွက်မပူပါနဲ့ နော် ''

ပန်ပန်ပြောလိုက်တော​ဒေါ်ကြီးက ပန်ပန်လက်လေးကိူင်ပြီး '' ဒေါ်ကြီးက ရွာထဲမှာနေရတာပါ ဘာမဖြစ်ပူး သမီးကိူ သာ ဒေါ်ကြီးက စိတ်ပူတာ ဒေါ်ကြီးပြောတာလက်ခံပါသမီးရယ်နော်''

" ဟုပါတယ် ပန်ပန် ရယ် နောက်ရက်ဆို မြို့က အကိုကလဲ ပြန်လာတော့မှာ အာ့ကြောင့် အမေ့အတွက်မပူနဲ့ ဟုပြီးလား''

ပန်းနုကပါဝင်ပြောတဲ့အတွက် ပန်ပန်လက်ခံလိုက်ရတယ် ဒီလိုနဲ့ပန်ပန်နေရမဲ့ရွာစွန်ကိုထွက်ခဲ့တော့တယ်။ ရွာစွန်မှာတဲအိမ်လေး ဆောက်ထားတဲ့အတွက် နေဖို့ကတော့တကူးတက ဆောက်စရာမလို နည်းနည်းတော့ပြင်ရမှာပေါ့လေ ပန်ပန်တိူ့လျှောက်လာရင်းနဲ့ ရွာစွန်ကိုရောက်လာတယ် ။တဲဆိုပေမဲ့ ပန်ပန်တစ်ယောက်စာအတွက် အဆင်ပြေပါတယ် ဓနိမိုး ထရံကာထားပြီး ခြံစည်းရိုးလေးပါခတ်ပေးထားတော့ပိုအဆင်ပြေတယ် အရင်က ရွာစွန်မှာနေခဲ့တဲ့သူက သေသွားတော့ တဲအိမ်လေးကဒီအတိုင်း ကျန်ခဲ့တာ အိမ်ဘေးမှာရေတွင်းလေးက အဆင်သင့်ဆိုတော့ရေအတွက်တော့စိတ်ပူစရာမလိုတော့ပူး နောက်ဖေးဘက်မှာ သီးပင်စားပင်လေးတွေစိုက်ထားပေမဲ့ ရေသေချာမလောင်းဖြစ်တော့ ညိုးနွမ်းနေကြပြီ သေချာ ပြန်စိုက်ရင်တော့ အပင်လေးတွေ ရှင်လောက်ပါတယ် ပန်ပန်လဲ အတွေးတွေကိုရပ်ပြီး အိမ်ကိုရှင်းဖို့ ပြင်လိုက်တယ်။ ဒေါ်ကြီးနုကတော့ လိုက်ပို့ပြီး ပြန်သွားလေရဲ့ ထမင်း ဟင်းချက်ဖိူ့တဲ့လေ ပန်ပန် အတွက်ပါ ထည့်ချက်မှာမို့ ထပ်မချက်ဖို့ပါမှာသွားလေတယ်။ ဒေါ်ကြီးပြန်သွားပြီးသိပ်မကြာခင်ပဲအိမ်လေးကိုရှင်းလို့ပြီးသွားတယ် အိမ်ကသိပ်မကျယ်တော့ပိုမြန်တာပေါ့ ဘုရားခန်းလေးရယ် ထရံကာပြီး ကန့်ထားတဲ့အခန်းလေးရယ် သန့်ရှင်းရေးလုပ်ပြီးတော့ပန်ပန် အဝတ်ထုပ်ကိုသေချာ သိမ်းဆည်းပြီးအိမ်ရှေ့ပြန်ထွက်လိုက်တယ် ။ပန်းနုကတော့ အိမ်ရှေ့ကွပ်ပြစ်မှာ ခေါင်းပေါင်းစနဲ့ယပ်ခပ်နေလေရဲ့ အင်းလေ သိပ်မကျယ်ပေမဲ့လဲမနေတာကြတော့ဖုန်ကအတော်များနေတာဆိုတော့ သေချာတိုက်ချွတ်ရတာနဲ့သူလဲမောပြီးပေါ့။ပန်ပန်သူငယ်ချင်းလေးကလေသိပ်ချစ်ဖို့ကောင်းတာ အသားကသိပ်မဖြူပေမဲ့ညိုတဲ့အထဲလဲမပါဘူး ဆံပင်က ခါးလယ်လောက်နဲ့သိပ်ယဥ်တာ ပန်ပန်အတွက်တော့သူငယ်ချင်းလိုရောညီအမ လိုပါ ချစ်ရတဲ့တစ်ဦးတည်းသော တစ်ယောက်ထဲသော သူငယ်ချင်းမလေး ဘယ်သူမှသူငယ်ချင်း မလုပ်ချင်တဲ့သူ့ကို သူငယ်ချင်းလုပ်ရအောင်လို့လာပြောတဲ့ကောင်မလေး တခြားကလေးတွေက အနိုင်ကျင့်ရင် ကာကွယ်ပြီးရန်ဖြစ်ပေးတဲ့သူ့သူငယ်ချင်းလေး ။သူ့ကိုငေးနေလို့ထင်ပါရဲ့ ပန်ပန်ကို လှည့်ကြည့်ပြီးမေးလာတယ် '' ဘာဖြစ်လို့ လဲတဲ့ '' ပန်ပန်ခေါင်းပဲ ခါပြလိုက်ပါတယ် သူငယ်ချင်း နှစ်ယောက်ရောက်တတ်ရာရာလျှောက်ပြောနေလိုက်တာဒေါ်ကြီးနု အိမ်ထဲ ဝင်လာတာတောင်မသိလိုက်မိတဲ့အထိဒေါ်ကြီးယူလာတဲ့ ထမင်းနဲ့ဟင်းက်ို သေချာပြင်ဆင်ပြီး ဝိုင်းဖွဲ့စားလိုက်ကြတယ် စားသောက်ပြီးတော့ ဒေါ်ကြီးက စကားစလာတယ်

"သမီး ပန်ပန် အခုဘာဆက်လုပ်မယ်စိတ်ကူးလဲ ပျိုးနုတ်တယ်ကောက်စိုက်တယ်ဆိုပေမဲ့ မိုးရာသီကျအာ့အလုပ်တွေကလဲ နားရတယ်လေ မိုးကလဲ ကျတော့ သမီးဘယ်လိုစဥ်းစားထားလဲ''

" ပန်ပန်မှာ စုထားတာလေးတွေတော့ရှိပါတယ်ခုလောလောဆယ်တော့ မိုးမကျခင်အထိ လယ်ထဲပဲလိုက်ရမှာပဲ နောက်ဖေးခြံထဲကိုရှင်းပြီးသီးပင်စားပင်လေးတွေစိုက်မယ်တော့စိတ်ကူးဖြစ်တယ်ရောင်းဖို့မလောက်ပေမဲ့အိမ်စားလိူ့တော့ရတယ် ကျန်တာကတော့အရင်လိုပဲတော့ဒေါ်ကြီးရယ်ကြုံရာပေါ့''

"အေးပါ သမီးရယ် ခြံစိုက်ရင်ဒေါ်ကြီးဆီမှာမျိုးစေ့ရော ပျိုးပင်ပါ လာယူ ခရမ်းနဲ့ကာလီ ပျိုးထားတယ် ''

" ဟုကဲ့ဒေါ်ကြီး "

"ကဲကဲ ဒေါ်ကြီးလဲ ပြန်် မယ်ပန်းနုလဲ တခါထဲ လိုက်ခဲ့ရေမိုးချိူးပြီး ပြန်လွှတ်လိုက်မယ် ဟုပြီးလား ''

" ဟု '' ဒေါ်ကြီးတို့ ပြန်မှ သူလဲ နောက်ဖေးခြံလေးကိုဝင်ရှင်းလိုက်တယ် အပင်ညိုးနေတာတွေကို ဆွဲနုတ် ခြံထောင့်လေးသွားပုံ တဖြည်းဖြည်း နဲ့ နေရာလေးက ရှင်းလာမှသေချာကြည့်မိတယ် ကျယ်သားပဲ မြေနေရာလေးက မြေကြီးလေးတွေကိုသေချာ မြောင်းပြန်ဖော် အဆင်သင့်ဖြစ်အောင် သေချာနေရာလုပ်ထားရတယ် နောက်ရက်မှ ဒေါ်ကြီးဆီက နွားချေး နည်းနည်းသွားယူပြီးမြေသြဇာ လုပ်ရမယ် ။ပန်ပန့်ကို မိန်းကလေး လိုနေတယ်ဆိုပြီး အထင်မသေးနဲ့ ပေါက်ပြားပေါက်တူး အကုန်ကိူင်တတ် လုပ််တတ်တယ် ပန်ပန့်ကိုဆို ဘယ်သူမှ မကူညီချင်ပူးလေ အာ့ကြောင့်ကိုယ့်အား ကိုယ် ကိုးတတ်အောင်အကုန်လုပ်ကြည့်တယ်ပထမတော့အဆင်မပြေပေမဲ့နောက်တော့လဲ လုပ်တတ်သွားတာပဲ အကုန်ပြီးမှ ရေချိုးဖို့ပြင်လိုက်တယ် ။.ရေချိူးပြင်ဆင်ပြီးတော့ ပန်းနုကပြန်ရောက်လာတယ်လေ။ ထမင်း စားဖို့ပြင်ဆင်ပြီးစားလိုက်ကြတယ် နေ့ခင်းကကြီးတော်ပို့ပေးတဲ့ ဟင်းနဲ့ထမင်းလေးကိုပဲမျှတစားလိုက်တယ် စားသောက်ပြီးအိပ်ဖို့အိပ်ရာခင်း ဘုရားရှိခိုး ပြီးမှ အိပ်စက်လိုက်တယ်နက်ဖန်အတွက်ရင်ဆိူင်ရမှာတွေတွေးရင်းပေါ့....

တုံ..တုံ..တုံ ရွာဦးကျောင်းက အုန်းမောငိးခေါက်သံကြားတော့ ပန်ပန် နိူးလာတယ် ပန်းနုကတော့အိပ်တုန်း အိပ်ရာကထ မျက်နှာသစ်ပြီး အရင်ရက်က ဝယ်ထားတဲ့ ဆန်ကိုဆေး မီးမွှေးပြီးထမင်းအိုးတည်ထားလိုက်တယ် ငါးခြောက်လေးနည်းနည်းကျန်တာကိုဖုတ်ပြီး သေချာနွှင်ဆီလေးဆမ်းပြီး သိမ်းထားလိုက်တယ် ကြီးဒေါ်ပေးတဲ့ ဟင်းထဲက ငါးပိရည်လေး ပြန်နွှေးပြီး အုပ်ဆောင်းအုပ်ပြီး ဘုရားရေချမ်းကပ် ဆွမ်းတော်ကပ် ဘုရား ရှိခိူးအမျှပေးဝေပြီးတော့ ပန်းနုလဲနိုးလာတယ် နှစ်ယောက်သားထမင်းစားပြီး လယ်ထဲသွားဖိူ့ ပြင်လိုက်တယ် ထမင်း ချိုင့်ကတော့ ဒီနေ့တရက်ကိုကြီးတော် နု ကိုပဲ အကူအညီတောင်းရမှာပဲ ။ လယ်ထဲရောက်တော့ လုပ်စရာရှိတဲ့ပျိုးနုတ်ကောက်စိုက်ကိုပဲ ဇောက်ချလုပ်လိုက်တယ် ပြောဆိူနေကြတဲ့စကားတွေကိုလျစ်လျူရှုပြီးတော့ပေါ့အမြဲကြားနေရတော့လဲ နားရည်က ဝနေပြီးလေ မထူးဆန်းတော့ဘူး ။ ပန်းနုကတော့ အမြဲ အာ့လိုပြောသံကြားတာနဲ့ရန်ဖြစ်ပြီးသားခုတောင် မနည်းပြောထားလို့ရတာ ကောက်စိုက်ပြီးနေ့လည်ကျတော့ ဒေါ်ကြီးလာပို့တဲ့ထမင်းချိုင့်ကို စားသောက်ပြီး ခနတဖြုတ်နားကြတယ်ညနေ ကောက်စိူက်ကအပြန်စကားတ​ပြောပြောနဲ့ ပြန်လာစဥ် ထန်းရည်နံ့ရလို့မော့ကြည့်မှ ရွာထဲက အမူးသမား ကိုသန်းဇော်နဲ့သူ့အပေါင်းအပါတွေဆ ကိုသန်းဇော်က ဒေါ်ကြီး စိန်သားလေ အမေကတော့ ပန်ပန်ကိုကြည့်မရသလောက် သားကတော့အသေရရအရှင်ရရ. အမြဲလိုက် နှောင့်ယှက်နေကြ အခုလဲလာပြန်ပြီ။

"ပန်ကလေး ဘယ်ကပြန်တာလဲကိုကြီးက ပန်ကလေးကိုစကားတွေပြောချင်နေတာ''

" ဒီမှာကိုသန်းဇော် ရှင်မူးနေလဲ အေးဆေးနေပါကျွန်မ သူငယ်ချင်း ကိုမနှောင့်ယှက်ပါနဲ့ ''

" နင်နဲ့ဘာဆိုင်လို့ဝင်ပြောနေရတာလဲ ငါ့ဘာသာ ပန်ကလေး ကို ပြောနေတာ မဆိုင်တဲ့သူဝင်မပါနဲ့ ''

ကိုသန်းဇော်ကပြောတော့ ပန်းနုကပြန်ရန်တွေ့လေတယ်ကြာရင် ရန်ပွဲ ဖြစ်တော့မှာမို့လို့ ပန်ပန်ကပဲ ဝင်ပြောလိုက်ရတယ်။

"ဒီ မှာ ပန်းနုက ကျွန်မ သူငယ်ချင်း ရှင်ကသာဘာမဆိုင်တာ ကိူ့လမ်းကိုသွားပါ ကျွန်မကို လိုက်မနှောင့်ယှက်ပါနဲ့ လာ ပန်းနု သွားမယ်''
ပန်ပန်လဲ ပန်းနုလက်ဆွဲ ပြီးထွက်လာလိုက်တယ် ။

" အမလေး သူ့လိုအရက်သမားက များငါ့သူငယ်ချင်းကိုမှန်းရဲသေးတယ် ''

" ကဲပါ ပန်းနုရယ်လာပါ ငါလဲ စိတ်မဝင်စားပါဘူးဟယ် ''

"အေးပါနင့်ကို ဘယ်သူနဲ့မှသဘောမတူပူးသိလား ဒါပေမဲ့ ငါ့အကိုတော့မပါဘူး ဟီး ဟီး ''

" အမယ် ကောင်မ နင်နော်ငါက ကိုသန့်စင်ကို အကိုလိုပဲသဘောထားတာပါ တခြားဘာစိတ်မှ မရှိဘူး ''

" နင်ကလဲဟာ ငါကနင့်ကိုပဲယောင်းမတော်ချင်တဲ့ဥစ္စာ ကြိုက်လိုက်ပါ့လားဟယ် ငါ့အကို ကိုလေ ငါ့အကိုက ချောပါတယ်ဟဲ့ ပညာလဲတတ်တယ် အမေကလဲ နင်နဲ့ဆိုသဘောတူမှာဟ ''

" ငါသိပါတယ် ပန်းနုရယ် ဒါပေမဲ့ ငါမှ မကြိုက်တာ ဟယ်ဒါနဲ့ကိုသန့်စင် ပြန်လာတော့မယ်ဆို အရီးလေးပြောတာကြားမိတယ် အာ့တာ ဟုလား''

" အေး.ဟုတ်တယ် ဟ ဒီတခါတော့အပြီးပြန်လာတာပြောတယ် အမေလဲ အသက်ကြီးနေပြီးလေ ငါကလဲ တော်ရုံဘာမလုပ်တတ်ဘူး အိမ်ကလယ်တွေကို ဦးစီးဖို့ ပြန်လာမယ်ပြောတာပဲ သူ့ သူငယ်ချင်း ပါ ပါလာမှာတဲ့ ''

" ဟုလား ကောင်းပါတယ် လေ အရီးလေးလဲ အသက်ကြီးလာပြီးဆိုတော့ စကားကောင်းနေတာနဲ့အိမ်ကိုရောက်မှာမဟုတော့ပူး မြန်မြန်ပြန် မယ်လာ ''

" အေးပါဟာ ဗိုက်တောင်ဆာလာသလိုပဲမြန်မြန်ပြန်မယ် ''

" ချက်ချင်း ပဲနော် '' ပန်ပန်လဲ ပန်းနုကို မျက်စောင်းသာထိုးလိုက်တယ် သူ့အကိုကို ချီးမွမ်းနေတုန်းက ဗိုက်ဆာတာသတိမရဘူး ခူမှပဲသတိရတော့ တကယ်ထဲ ဒီလိုနဲ့သူတိူ့လဲရွာစွန်က အိမ်လေးဆီကို ပြန်ခဲ့ကြတယ်။
ကောင်မလေးနှစ်ယောက် ပျော်ရွှင်စွာ အိမ်ပြန်သွားတဲ့မြင်ကွင်းလေးက ကြည်နူးစရာသိပ်ကောင်းတဲ့မြင်ကွင်းလေးပါပဲ
ရှေ့ဆက်ရမဲ့ အနာဂတ်မှာ ပန်ပန် ရဲ့ ဘဝဟာ ဘယ်လို့ဖြစ်လာမလဲဆိုတာ ကံဇာတ်ဆရာပဲသိနိုင် တော့မယ်

.............................
Yoon

Continue Reading

You'll Also Like

11.8K 478 27
aizawa's daily dose of head aches
142K 3.6K 47
Blakelyn and Harry finally have their own place with their little family. As they start to deal with their adult lives, stress and hard decisions may...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
452K 13K 27
"I know you were once Anakin Skywalker, my father..." "That name no longer has any meaning to me." Anakin Skywalker is in for an eye-opening experien...