" ဒူနာ .."
" ဟင့် .."
ဒူနာရဲ့အလုပ်နေရာကိုအကြောင်းမရှိပဲသွားရင် ကင်မ်ထယ်ယောင်းပြောမှာဆိုး၍ စာရင်းဖိုင်တွဲကိုယူကာ သွားရလေသည်။
" ဟိုလေ ..သရဲက တကယ်ရှိလား ?"
" ဘုရားသခင် ..ဂျီမင်ဘာတွေမေးနေတာလဲ ..ဘာလဲ သရဲခြောက်ခံရလို့လား ?"
သရဲကြောက်ခံရလို့လားဆိုတော့လည်း မဟုတ် ၊ ခံစားရလားဆိုတော့လည်းမဟုတ် ကင်မ်ထယ်ယောင်းရဲ့ စကားတစ်ခွန်းထဲကြောင့်နဲ့ သူ့အတွက်က ထူးဆန်းသလို ခံစားရလေသည်။ ကြောက်တဲ့ ခံစားချက်တော့မဟုတ်ပေ ။
" မဟုတ်ပါဘူး ...မေးကြည့်တာပါ "
" အထူးအဆန်းအေး .."
ဟန်ဆိုဟီးက ဂျီမင်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ " ဒီကောင်လေး ဘာလာဖြစ်တာလဲ" ဆိုတဲ့သဘောကြည့်တာမျိုး ။
" ကင်မ်ထယ်ယောင်းရဲ့အမေနဲ့ ပတ်သက်ပြီးတော့ရော ဒူနာသိလား ?"
" ဟင့်အင်း ...ဒူနာသိလည်း ပြောလို့ရမှာ မဟုတ်ဘူး ၊ ဒါကို ကင်မ်ထယ်ယောင်းပြောပြမှာပဲ နားထောင်ပါ "
" ......"
ဘာလို့လဲ ? ။ ပြောပြလို့မရလောက်အောင် ၊ မပြောပြရဲလောက်အောင် ဘာတွေဖုံးကွယ်ထားတာလဲ ? ။ သူပို၍ သိချင်လာလေသည် ။ တစ်ခါတစ်ခါ ကင်မ်ထယ်ယောင်း က ခြံထဲကနေ သူ့တို့အခန်းကို မော့ကြည့်တက်သလို ၊ စိုက်ထားတဲ့ ဒီဇင်ဘာပန်းပဲ သူသိပြီး နာမည်အမှန်ကိုမသိတဲ့ ပန်းရှေ့မှာ အကြာကြီးရပ်နေတက်သည် ။
" ဂျီမင်ကတော့ သိဖို့လိုအပ်ပါတယ် ၊ Bossနဲ့ လက်ထပ်ထားတဲ့ လူတစ်ယောက်အနေနဲ့က သိကိုသိရမယ် "
" ....."
Lift ကနေ မင်ဟိုနဲ့အတူထွက်လာတဲ့ ကင်မ်ထယ်ယောင်းကို သူချက်ချင်းပင် သူ့ရုံးခန်းထဲကို သွားဖို့ ခြေလှမ်းပြင်လိုက်လေသည် ။ မဟုတ်ရင် အပြောဆိုးတဲ့လူက သူ့ကို အခန်းထဲပြောပြီး ပွနေအုန်းမှာ ။
အများအားဖြင့် အလုပ်အတွက်သာ ပါတီကို တက်ရတာများလေသည်။ စီးပွားရေးသမားနဲ့ နိင်ငံရေးသမားက အမြဲဒွန့်တွဲနေတက်တာကြောင့် နိင်ငံရေးသမားတွေရဲ့ ပါတီပွဲကိုလည်း တက်ရသေးသည်။ သူအမြဲစိတ်မပါပါ။ ဒီလိုနေရာမျိုးက အရက်ခွက်က တစ်ခွက်သောက်သာ အလှကိုင်ပြီး စကားပြောနေကြတက်တာ ။ ပြီးတော့ အရက်ကို အပြင်လူနဲ့ သောက်ခွင့်ကို ကင်မ်ထယ်ယောင်းက တင်းကျပ်စွာ တားမြစ်လိုက်သည်။ သူကတော့ မကျေနပ်ပေမဲ့ မနိင်တာမို့ ပြန်မ ပြောတော့ပေ ။
ဒီလကို ကင်မ်ထယ်ယောင်းက သူ့ကိုဒီဇိုင်းဘက်ကို ပို့လိုက်လေသည် ။ အချိန်ရရင် လီယွန်းဝူကလွဲရင် ကျန်တဲ့လူတွေရဲ့ ဒီဇိုင်းတွေကို သူအကဲဖြတ်ပေးတက်သလို ၊ လိုအပ်ရင်လည်း လိုတဲ့နေရာတွေကို ဆွဲပေးတက်သည်။။ လီယွန်းဝူကတော့ မင်ဟိုကိုင်တဲ့လူ ဖြစ်လေသည်။
" အစ်ကိုဂျီမင်ဒီလောက်တော်တာ ဒါကို ဒီဇိုင်းနာ ဘာလို့ မလုပ်တာလဲ ?"
ကောင်မလေးရဲ့ အပုံကို သူပြန်ဖြည့်ပေးရင် မေးတော့ သူ့လက်ရပ်တန့်သွားသည် ။ ပြသာနာတွေသာ မရှိခဲ့ရင် ကင်မ်ထယ်ယောင်းနဲ့သာ လက်မထပ်ဖြစ်ခဲ့ရင် သူ့အနာဂတ်က ပိုပြီး တောက်ပနေမလား ? ။ ထိုသို့ တွေးမိရင် ကင်မ်ထယ်ယောင်းကို သူမုန်းသည် ။ သူ့အနာဂတ်က ဘာမှမဖြစ်လာပဲ အိမ်ထောင်ဆိုတဲ့ ထောင်မှာပဲ ပိတ်လှောင်သွားခဲ့တာ ။
" အခုလက်ရှိအစ်ကို လုပ်နေရတဲ့အလုပ်ကိုလည်း ညီမသိသားပဲ "
ဝါသနာမပါတဲ့ စာရင်းတွေလုပ်နေရတာ သူ့အတွက်တော့ ငရဲလိုပဲ ။ ဒါကို ကင်မ်ထယ်ယောင်းလည်း သိလိမ့်မယ် သူဒီအလုပ်ကို သဘောမကျတာ ။
" ဟုတ်တယ်နော် ဒီမှာတော့ Boss ပြီးရင် အစ်ကိုဂျီမင်က အကြီးဆုံးပဲ "
ဘာကို ကြီး ။ အခုတောင် လူရဲ့ပုခုံးကို တစ်ဖက်ဖက်ရိုက်ပြီး စကားပြောနေတာ ။ မိန်းခလေးတွေ စကားပြောရင် ဘာလို လက်က ပါလာတာလဲ မသိတော့ပေ ။
" ကြည်နူးနေကြတာပဲ "
လီယွန်းဝူက သူတို့ဘေးမှာရှိနေတော့ လှမ်းပြောတာ ဖြစ်လေသည် ။ ဂျီမင်လည်း ဟိုနေ့က ကိစ္စပြီးသွားပြီးမို့ သူ့စိတ်ထဲမှာ ဘာမှမရှိတော့ပေ ။
" မဟုတ်တာ ယွန်းဝူရယ် ..အစ်ကိုဂျီမင်က အရမ်းခင်ဖို့ကောင်းလို့ပါ "
ကောင်မလေးက ဖြေရှင်းပေးနေပေမဒ့ ဂျီမင်ကတော့ " ကြည်နူးနေတာပဲ " ဆိုတဲ့စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။ သူ့ပုခုံးပေါ်မှာ ရှိနေတဲ့ သူမလက်ကို ဖယ်ဖို့ လုပ်ပေမဲ့
" ဟိုတစ်ယောက် "
အလုံခန်းမို့ ကင်မ်ထယ်ယောင်းရဲ့အသံက ဟိန်းခနဲ့မို့ အခန်းထဲမှာရှိတဲ့ လူတွေ လန့်သွားလေသည်။ Bossဖြစ်တာကြောင့် ပို၍ လန့်သွားပြီး မက်တပ်ထားရပ်လေသည်။ ကင်မ်ထယ်ယောင်း မျက်လုံးက သူ့ကို စိုက်ကြည့်နေတော့ ဂျီမင် သူ့ကိုယ်သူ လက်ညိုးထိုးပြီး
" ငါလား ?"
" အခု ကျုပ်အခန်းလိုက်ခဲ့ "
သေချာတာပေါ့ ။ "ကျုပ် " လို့သုံးတာ သူနဲ့အပြင် ဘယ်သူရှိလို့လဲ ? ။ ဆွဲနေတဲ့ ခံတံကို ချလိုက်သည် ။
" နောက်ပြီး မင်းတို့ကို ကြီးကြပ်ဖို့ မနက်ဖြန်ကစပြီး အသစ်တစ်ယောက်လာမယ် "
" ရှင် ..!!"
" ဗျ ..!!"
နေပါအုန်း ။ သူဒီဘက်ပိုင်းကို ကိုင်တာ တစ်လတောင် မရှိသေးဘူးလေ ။ အခု သူ့ကိုအလုပ်ဖြုတ်လိုက်တာလား အသစ်ထပ်လာမယ်ဆိုတော့ ။
အတွေးတွေနဲ့ ခြေလှမ်းတွေက ကင်မ်ထယ်ယောင်းရှိတဲ့နေရာဆီကို တစ်ရွေ့ရွေ့သွားနေလေသည်။
" ကျုပ်ဆီကလွတ်တာနဲ့ ပျော်နေတာပဲနော် "
သူ့နားကပ်ကာ သွားစေ့ကာ လေသံဖြင့် ခပ်တိုးတိုးပြောတော့ ကင်မ်ထယ်ယောင်းကို သူစောင်းငဲ့ကြည့်ရင်
" ဟုတ်တယ် ..မင်းနဲ့ခပ်ဝေးဝေးမှာ နေရရင် ပျော်ရတာချည်းပဲ ၊ မင်းနဲ့ ဝေးလေ ပျော်လေပဲ "
စူးရှခက်ထန်တဲ့ မျက်လုံးတွေအဖြစ် ကင်မ်ထယ်ယောင်းက သူ့ပုခုံးနစ်ဖက်ကို လာကိုင်ပြီး ဖိမလို လုပ်ပြီးမှ လက်ကို ပြန်ချလိုက်သည် ။
" လိုက်ခဲ့ "
" ဟွန်း ..."
သူ့ကို ကျောခိုင်းကာ အရင်ထွက်သွားလေသည် ။ သူကတော့ ခပ်အေးအေးသာသာပဲ လိပ်ကလေး သွားသလိုပင် သွားနေမိလေသည်။ အိမ်မှာသာဆိုရင် Taylor swift ရဲ့ " Shake it off" သီချင်းနဲ့ ကပြီးမှာ သွားမည်ဖြစ်သည် ။ ကင်မ်ထယ်ယောင်းနဲ့ စတွေ့တွေ့ချင်းကနဲ့ အခုလက်ရှိ သူ့ပုံစံက ပြောင်းလဲလာတယ်လို့ သူထင်မိပေသည် ။
" အလုပ်အတွက် ပို့ထားတာ အခုဘာလုပ်နေတာလဲ ?"
" အလုပ်လုပ်နေတယ်လေ မင်းမတွေ့ဘူးလား ?"
" ခင်ဗျားရုံးခန်းက နောက်နေ့ကစပြီး ကျုပ်အခန်းထဲမှာ ဖြစ်သွားပြီး "
" ဘာ ..ဘာလို့လဲ ..ဘာလို မင်းအခန်းထဲမှာ နေရမှာလဲ ?"
" ခင်ဗျား အခန်းက ကိုယ်ပိုင်ပစ္စည်းတွေ သွားသိမ်း "
" ကင်မ်ထယ်ယောင်း .."
" နစ်ခါ မပြောဘူး "
" စောက်ရူး ..တစ်ကိုယ်ကောင်းသမား "
ကြားရင် ကြားပါစေပြီးရင် ကြားအောင်ပြောလိုက်သည်။ ပြီးတော့မှ ထွက်လာခဲ့လိုက်သည် ။ လူကို အရုပ်များ ထင်နေသလားမသိ ။ ဟိုမှာထားလိုက် ၊ ဒီမှာ ထားလိုက်နဲ့ ။ တအားအမြင်ကပ်စရာကောင်းသည် ။
....
" အဖေ့ဖဲကြွေးတွေက မကုန်နိင်သေးဘူးလား ?"
သုံးလလောက်မှာ အဖေဆီကိုသွားခွင့်ပေးသော ကင်မ်ထယ်ယောင်းကြောင့် အခွင့်အရေးရတာနဲ့ အဖေ့ဆီကို တန်းပြေးလာခဲ့ပေမဲ့ ရောက်လာတော့အမောဆို့သွားလေသည်။။သားတစ်ယောက်လုံးကို အလဲအထပ်လုပ်ပြီးတာတော့ ဒီလောင်းကစားကို မဖြတ်နိင်သေးပေ။ ကင်မ်ထယ်ယောင်းပေးထားတဲ့ ပမာဏကလည်း သိပ်ကို များတယ်ဆိုတာကို သူသိသည်။ ဒီသုံးလအတွင်းမှာ အဖေ ဘယ်လိုများ သုံးလိုက်သလဲ ? ။
" အဖေဆော့တာနည်းနည်းပါ သားရယ် ၊ ချေးထားတဲ့ အတိုးက တက်တက်လာတာ "
" အဖေ့ဆီကို လာဖို့တောင် လန့်သွားပြီး "
ထိုင်နေတဲ့ ဆိုဖာကနေ မက်တပ်ထရပ်လိုက်တော့ အဖေကသူ့ကို မော့ကြည့်သည်။ အဖေသည် သူ့ကို အားကိုးတကြီးနဲ့ ကြည့်နေလေသည်။ ထိုကြောင့် သူ့စိတ်ကို လျှော့လိုက်သည်။ အဖေက အဖေပဲဆိုတဲ့ အသိက သူ့ကိုလွတ်မသွားစေခဲ့ပါ ။
" အဖေ့အမှားတွေပါ "
" ကျွန်တော်မှာ အလုပ်လုပ်လို့ရတဲ့ သုံးလစာတော့ရှိတယ် ၊ အခုအဖေ့ကိုပေးခဲ့မယ် ၊ ကျန်တာတော့ ကျွန့်တော်မှာ မရှိဘူး "
" သားက ကင်မ်ထယ်ယောင်းရဲ့ .."
" ကျွန်တော် ဘယ်လိုပြောပြီးတောင်းရမှာလဲ ... အဖေ့ဆီကို လာဖို့တောင် မနည်းပြောရတဲ့လူကို 'ငါ့အဖေ ပိုက်ဆံလိုနေလို့ မင်းထုတ် ပေးနိင်မလား ' ဆိုပြီးတော့လား ? "
ထိုအခါ အဖေက အသံတိတ်သွားလေသည်။
" အဖေ လောင်းကစားနဲ့ ပြတ်မှာပဲ ကျွန်တော်နဲ့ စကားဆက်ပြောကြရအောင် "
နဂိုကထဲကပေးဖို့ ရည်ရွယ်ထားတဲ့ သူအလုပ်ကနေ ကင်မ်ထယ်ယောင်းပေးတဲ့ လစာကို အဖေ့ကိုအကုန်ပေးလိုက်လေသည် ။ ကျန်တာ အဖေ့နဲ့ စကားဆက်မပြောတော့ပဲ သူထွက်လာခဲ့လိုက်လေသည်။ အလုပ်နားရက်မို့ ကင်မ်ထယ်ယောင်း ဘူဆန်ကမ်းခြေကို လာရင် လိုက်ပို့ပေးတာ ဖြစ်သည်။ သူဖုန်းဆက်တော့ လာကြိုပေးလေသည်။ အိမ်ထဲမပြောနဲ့ ခြံထဲတောင် မ၀င်ပါ ကင်မ်ထယ်ယောင်းက ။ ကားပေါ်ရောက်သည်ဆိုတာနဲ့
" ကျုပ်ကို ခင်ဗျားအဖေအတွက်ဆိုရင် ဘာကိစ္စတစ်ခုမှ မပြောနဲ့ "
" သိတယ် "
အဖေ့ကြောင့် စိတ်ညစ်ရတဲ့အထဲ ဘေးကလူကြောင့်ပါ ပို၍ စိတ်ညစ်ရလေသည်။ ဒါကြောင့် သူကားမှန်ကိုချပြီး လက်နစ်ဖက်ကိုတင်ကာ ခေါင်းမှီချလိုက်လေသည်။
" ဘယ်သူ့အိမ်လဲ ?"
ခေါ်လာတဲ့ အိမ်လေးက တောင်ကုန်းအမြင့်လေးမှာ ရှိနေပြီး သူတို့ဟိုအိမ်မှာရှိတဲ့ ဒီဇင်ဘာပန်းတွေ အများကြီး စိုက်ထားလေသည်။ ဘူဆန်မှာ ဒီလိုနေရာရှိတာ သူမသိပေ ။
" ၀င် .."
အိမ်ထဲ၀င်တော့ ဥရောပခေတ်ဟောင်းစတိုင် အပြင်ဆင်အတိုင်း ဆောက်လုပ်ထားတာ ဖြစ်လေသည်။ မီးဆိုင်း၊ မီးသီးတွေကအစ ဥရောပ ဒီဇိုင်းတွေသာ ဖြစ်လေသည် ။
လှေကားတက်တဲ့နေရာမှာ ပန်းချီကားချပ်တွေ အများကြီးရှိလေသည် ။ လှေကားအပေါ်ဆုံးမှာ ကင်မ်ထယ်ယောင်းရဲ့ဒယ်ဒီနဲ့ကင်မ်ထယ်ယောင်းပုံကို တွေ့တော့မှ ကင်မ်ထယ်ယောင်းတို့အိမ်မှန်း သိရလေသည်။ ကင်မ်ထယ်ယောင်းဘေးက ရပ်နေတဲ့ အမျိုးသမီးကို သူသေချာရပ်ကြည့်လိုက်သည်။ ကင်မ်ထယ်ယောင်းလို လူမျိုးကို မွေးထုတ်ပေးတဲ့သူမကလည်း သိပ်ကို လှပလေသည် ။ မထိရက် ၊ မကိုင်ရက်ကလေး ။ အန်ကယ်ဆို ဘယ်လောက်များ ချစ်လိုက်မလဲ ? ။
" ဒီမှာ ညအိပ်မယ် "
သူ့နောက်မှာ လာရပ်ရင် ကင်မ်ထယ်ယောင်းက ပြောသည်။ ကင်မ်ထယ်ယောင်းက အရက်သောက်ထားတာလား ? ။ အရက်နံ့က သူ့ကို စူးစူးဝါးဝါး ရနေလေသည်။
" အ၀တ်အစား ပိုမပါလာဘူး "
" ဒီမှာရှိတယ် "
စောကဒက် တက်ခွင့်မရလိုက်ပါ။ အင်းပေါ့ ကင်မ်ထယ်ယောင်းလူမျိုးက အစစအရာရာ ကြိုတင်ပြီးမှပဲ လုပ်တက်တာကို သူမေ့နေသားပဲ ။
အခန်းထဲရောက်တော့လည်း ဟိုအိမ်နဲ့မတူ ၊ ဒီအိမ်ရဲ့အငွေ့အသက်ကိုက ဥရောပကို ရောက်သွားသလိုကို ခံစားရလေသည်။ သုံးထားတဲ့ အရောင်က ဆင်ဆွယ်ရောင် ဖြစ်နေတာမို့ သန့်နေလေသည်။ သူလည်း သဘောကျလေသည် ။
" ကျုပ်တစ်လလောက် ဒီမှာမရှိဘူး "
"...."
အပြင်မှာပဲ သူတို့ညစားကို စားခဲ့တာမို့ အိမ်ကိုရောက်တာနဲ့ ရေမိုးချိုးက ကုတင်ပေါ်တက်ပြီး အိပ်ဖို့အလုပ်သာ ရှိလေသည်။ ကင်မ်ထယ်ယောင်းရဲ့အကျင့်တစ်ခုက အပန်းဖြေဖို့ဆိုရင် အလုပ်တွေကို ယူမလာတက်ပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ပစ်ထားတက်သည် ။
" ဒါရိုက်ဘာအသစ်တစ်ယောက် ရောက်လာလိမ့်မယ် "
" ငါမလိုက်ရဘူးလား ?"
သူ့ကိုယ်သူတောင် မစဉ်းစားလိုက်ရပဲ အလိုအလျောက် ပြောမိတဲ့စကားဖြစ်နေလေသည်။ ကင်မ်ထယ်ယောင်းက ပက်လက်အိပ်ရင် သူ့ဘက်ကို လှည့်လိုက်တော့ သူ့မျက်နှာကို ဖုံးအောင် စောင်ကိုဆွဲခြုံလိုက်ပြီး တစ်ဖက်လှည့်လိုက်သည် ။
" လိုက်ချင်လို့လား ?"
လိုက်ချင်လို့လား ' မေးတော့ ဂျီမင်ခေါင်းခါလိုက်သည်။ လိုက်ရင်စိတ်ညစ်ရမယ် ၊ ကင်မ်ထယ်ယောင်းမရှိရင် သူလွတ်လပ်တယ် ။ ကောင်းတယ် သူဒီမှာပဲ နေခဲ့မယ် ။
" မလိုက်ဘူး "
သူအငြင်းစကားဆိုလိုက်တော့ ကင်မ်ထယ်ယောင်းအချိန်တော်တော်ကြာကြာတိတ်သွားသည် ။ ပြီးတော့မှ
" ကျုပ်မရှိဘူးဆိုပြီး ခင်ဗျားအဖေကို လာတွေ့တာမျိုး မလုပ်နဲ့ ၊ ကျုပ်မရှိဘူးဆိုရင် လာခွင့်ရမယ် မထင်နဲ့ "
" ဒါင့ါအဖေလေ .. ငါ့အဖေ သေရေးရှင်ရေး ကိစ္စရှိရင်ရော မသွားရဘူးလား ?"
ကင်မ်ထယ်ယောင်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်အာင် ပြန်လှည့်လိုက်သည်။
" ကျုပ်က မသွားရဘူးဆိုရင် ဘာဖြစ်ဖြစ်မသွားရဘူး "
မျက်တောင်တောင် မခတ်ပဲ ပြောနေတဲ့ ကင်မ်ထယ်ယောင်းရဲ့ မျက်နှာကို ကုတ်ဖဲ့လိုက်ချင်မိသည်။
" မင်းလည်းအဖေရှိတယ် ၊ မင်း မင်းအဖေကို မတွေ့ရရင် ဘယ်လိုနေမလဲ ..မင်းမှာ နှလုံးသား မရှိဘူး ဒါကြောင့် မစာနာတက်တာ ၊ မင်းဖြစ်ချင်တာနဲ့ လုပ်ချင်တာကို လုပ်ဖို့ပဲ သိတယ် "
" ကျုပ်ဒယ်ဒီနဲ့ ခင်ဗျားအဖေက ပုံစံမတူဘူး ၊ မတိုင်းနဲ့ "
" ဘာ ...!!"
" ငါ့အဖေက မင်းအမြင်မှာ နှိမ့်ကျတယ်ဆိုရင် ငါ့ကို ဘာလိုလက်ထပ်ခဲ့သေးလဲ..အဖေတောင် နှိမ့်ကျရင် သူ့သားဖြစ်တဲ့ငါလည်း နှိမ့်ကျမှာပဲ ၊ ငါ့ကို လက်ထပ်လိုက်တဲ့ မင်းလည်း အလိုလိုနှိမ့်ကျသွားပြီးပဲ "
သူတို့နစ်ယောက် တစ်ယောက်ကိုတစ်ယောက်အကြည့်ပြိုင်နေသလို စကားနိင်လည်း ထိုးနေလေသည် ။
" ကတ်တွက်ပြီး စကားကို မပြောနဲ့ "
" ဟုတ်တယ် ၊ ငါ့အဖေက မကောင်းတဲ့လူ ၊ ငါလက်ခံတယ် ၊ မင်းရော ..မင်းရော ဘယ်လိုလူမျိုးလဲ ?"
" စကားကို ရပ်လိုက်တော့ .."
" မင်းက မင်းအတ္တကိုပဲ ကြည့်တဲ့ကောင် ၊ အတ္တသမား "
အခြားလူတစ်ယောက်က အဖေ့ကို စော်ကားတာမျိုးတော့ သူလက်မခံနိင်ပါ။ ပြီးတော့ သု့လက်ထပ်ထားတဲ့ ကင်မ်ထယ်ယောင်းက သူ့အဖေကို နည်းနည်းလေးမှ မလေးစားပေးတာ ပိုဆိုးသည်။ သည်းမခံနိင်လွန်းလို့ စကားတွေ အဆုံးထိ မပြောနိင်တော့ မျက်ရည်အဖြစ် ကျဆင်းသွားလေသည်။ ကင်မ်ထယ်ယောင်းမြင်မှာဆိုး၍ တစ်ဖက်သို့ လှည့်လိုက်တော့ အနောက်ကနေ သူ့ခါးကိုဆွဲပြီး သူ့ကျောနဲ့ ရင်ဘတ်ကပ်အောင်ထိ ဆွဲလိုက်လေသည်။ သူ့ခါးကို လာကိုင်တဲ့ ကင်မ်ထယ်ယောင်းရဲ့ လက်ကို တစ်ဖက်ဖက် ရိုက်ရင်
" လွှတ်နော် .."
" ဒီအိမ်မှာ သရဲရှိတော့ ဈေးပေါပေါနဲ့ရောင်းလို့ ၀ယ်ထားတာ "
"......"
သရဲ ...။ သရဲရှိလို့ ဈေးပေါပေါနဲ့ ဒီအိမ်ကို ၀ယ်ထားတာ ။ မျက်လုံးထဲက မျက်ရည်တွေက ကြောက်လန့်စိတ်ကြောင့်ပဲလားတော့ မသိ ထွက်မလာတော့ချေ ။ ဒီအိမ်ကလည်း တောင်ကုန်းမြင့်မှာဆိုတော့ ဘေးအိမ်က ရှိမနေချေ ။ တိတ်ဆိတ်လွန်းတော့ ဌက်သံတွေ ၊ ခွေးသံတွေသာ ကြားရလေသည်။ အချိန်ကို ကြည့်လိုက်တော့ ၁၁နာရီလောက်ရှိပြီး ဖြစ်လေသည်။ ခွေးကလည်း ဆွဲဆွဲငင်ငင်ကို ဟောင်တာ ။ စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်သည်။
" တကယ်ရှိလို့လား ?"
" မယုံရင် ထွက်ကြည့် .."
" မင်းနော် .."
စောင်အောက်မှာ အငြိမ်မနေနိင်ပါ။ ငယ်ငယ်က သရဲကြောက်လာဆိုတော့လည်းမဟုတ် ။ အခုမှ ကင်မ်ထယ်ယောင်းကြောင့် ။ ဟိုအိမ်မှာရော ဒီအိမ်မှာရော ။ စောင်အောက်မှာ သူအငြိမ်မနေပဲ ဟိုဘက်လှည့်လိုက် ၊ ဒီဘက်လှည့်လိုက် လုပ်နေမိလေသည်။
" ကင်မ်ထယ်ယောင်း မင်း..မင်းလေ ..သရဲမြင်ရတာလား ?"
" အင်း .."
စောင်အောက်က အသက်ရူကြပ်တော့ နှာခေါင်းထိ ဖော်လိုက်သည်။ ကင်မ်ထယ်ယောင်းက သူ့ကို ငုံကြည့်နေလေသည်။ ကင်မ်ထယ်ယောင်းက အကြည့်တွေက ခုနကနဲ့မတူ ပြောင်းလဲသွားလေသည် ။
" ရုပ်ရှင်ထဲက ပုံစံမျိုးလား ?"
" အင်း .."
" အဲတာဆို အမေရိကန်ကားထဲလိုလား ၊ ကိုးရီယားကားထဲကလိုလား ၊ မလေးရှားလိုလား ၊ အိန္ဒိယလိုလား ၊ ထိုင်းလိုလား ?"
" နာဇီတွေလို "
ဂျီမင်ခေါင်းသည် ကင်မ်ထယ်ယောင်းရဲ့ လက်မောင်းနားကို တစ်ရွေ့ရွေ့နဲ့တက်လာလေသည်။
" နာဇီ ..နာဇီသရဲကားက ဟာသကားလေ .."
" အင်း ..."
" မင်းစနေတာလား ?"
ရွှတ် ... ။
" ..."
သူ့ပါးပေါ်သို့ အေးစက်စက်နဲ့ နူးညံ့တဲ့အရာတစ်ခုက ဖြတ်ခနဲ့ ထိကပ်လိုက်တဲ့အချိန် သူ့အသက်တောင် မရူတော့ဘူးလို့ ထင်ပါသည် ။ ထိုအရာသည် ကင်မ်ထယ်ယောင်းရဲ့နူတ်ခမ်းတစ်စုံသာ ဖြစ်လေသည် ။
ကင်မ်ထယ်ယောင်းသည် ကိုယ်ကိုတစ်ခြမ်းစောင်းလိုက်ပြီး သူ့လက်မောင်းနားမှာ ရှိနေတဲ့လူနားဆီ ငုံကိုင်းပြီး နားရွက်ကို ဖိနမ်းလိုက်သည်။
" ကင်မ်...ကင်မ်.."
စကားလုံးတောင် မကွဲနိင်တဲ့အခြေအနေအထိ ဖြစ်နေတဲ့လူကို ကြည့်ရင် နူတ်ခမ်းကို ဖိနမ်းလိုက်ကာ ကျန်လက်တစ်ဖက်က ခါးနားစက အင်္ကျီအောက်သို့ လျို၀င်သွားလေသည်။
နူးညံ့စွာနဲ့ သူ့နူတ်ခမ်းတစ်လွှာချင်းဆီကို နမ်းလာတဲ့ ကင်မ်ထယ်ယောင်းရဲ့ အနမ်းကိုတော့ သူပြန်မတုံ့ပြန်မိပေ။ ဒါက သူလိုချင်လို့မှာ မဟုတ်တာ ။ ဒါပေမဲ့ ...
" ဟင့် ...."
အနမ်းတွေက သိပ်သည်းလာပြီး အလျင်အမြန်လည်းဆန်လာသလို အသက်ရူသံတွေလည်း ကျယ်လာသလို နူတ်ခမ်းခြင်း ပွတ်ဆွဲသံတွေကလည်း တိတ်ဆိတ်လွန်းတဲ့ ဒီအိမ်ထဲမှာတော့ rock ဂီတကို ဖန်တီးပေးနေမိလေသည် ။
ပြွတ် ...။
Zawgyi
" ဒူနာ .."
" ဟင့် .."
" ဟိုလေ ..သရဲက တကယ်ရှိလား ?"
" အထူးအဆန်းအေး .."
" ......"
" ....."
" ကြည်နူးနေကြတာပဲ "
" ဟိုတစ်ယောက် "
" ငါလား ?"
" ရှင် ..!!"
" ဗျ ..!!"
" လိုက်ခဲ့ "
" ဟွန်း ..."
" ကင်မ်ထယ်ယောင်း .."
" နစ်ခါ မပြောဘူး "
....
" အဖေ့အမှားတွေပါ "
" သိတယ် "
" ဘယ်သူ့အိမ်လဲ ?"
" ၀င် .."
" ဒီမှာ ညအိပ်မယ် "
" အ၀တ်အစား ပိုမပါလာဘူး "
" ဒီမှာရှိတယ် "
"...."
" ငါမလိုက်ရဘူးလား ?"
" လိုက်ချင်လို့လား ?"
" မလိုက်ဘူး "
" ဘာ ...!!"
" စကားကို ရပ်လိုက်တော့ .."
" လွှတ်နော် .."
"......"
" တကယ်ရှိလို့လား ?"
" မယုံရင် ထွက်ကြည့် .."
" မင်းနော် .."
" အင်း .."
" အင်း .."
" နာဇီတွေလို "
" အင်း ..."
" မင်းစနေတာလား ?"
ရွှတ် ... ။
" ..."
" ကင်မ်...ကင်မ်.."
" ဟင့် ...."
ပြွတ် ...။