ထိပ်တန်းစုံတွဲက နည်းနည်း​လေး​...

By Fre_Rella

151K 12.9K 323

Title - The Top Couple Is A Bit Sweet [Myanmar Translation] Status in COO- 95 Chapters + 5 Extras အနုပညာ​လောက... More

Description
Synopsis
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Cahpter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5 (Final)
​ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Chapter - 75

923 98 2
By Fre_Rella

[Unicode]

အပိုင်း ၇၅။

ယခုအခိုက်တွင် စုန့်ယန်သည် ကျောင်းရှိ တောင်ကုန်းငယ်နောက်ဘက် နားခိုသည့်​နေရာတွင် ထိုင်ကာ အတွေးလွန်​နေသည်။

ကင်မရာသမားနှင့် ဝန်ထမ်းအများအပြားက သူ့ကို မနှောင့်ယှက်ပါ။ ကင်မရာသမားသည် ခြေလှမ်းအနည်းငယ်မျှပင် နောက်ပြန်ဆုတ်ကာ လူနှင့်နားခိုသည့်​နေရာအပြင် စိမ်းလန်းသောသစ်ပင်များနှင့် ​နေရာဘေးရှိ ကျောက်ခဲလမ်းကို ရိုက်ထားသည်။

ညနေခင်းကောင်းကင်သည် အပြာရောင်နှင့် အနီရောင်မီးတောက်များ ရောယှက်နေပြီး ခရမ်းရောင်နှင့် လိမ္မော်ရောင်အရိပ်များဖြင့် အမျိုးမျိုးဖြစ်နေသည်။ ပရော်ဖက်ရှင်နယ် ကင်မရာသမားတစ်ယောက်အနေဖြင့် ဖရိမ်၏ဖွဲ့စည်းပုံနှင့် မှန်ဘီလူးအ​ကြောင်းကို နားလည်​ပေသည်။ [ကမ္ဘာကြီးမှာမင်းနှင့်အတူ]သည် ရသစုံရှိုးဖြစ်သော်လည်း ပထမ season ကတည်းက လှပသောမြင်ကွင်းများစွာရှိခဲ့သည်။ အချို့သော ဇာတ်ဝင်ခန်းများကို​တောင် သူတို့၏ရုပ်ရှင်အရည်အသွေးကြောင့် ချီးကျူးခံရ​သေး၏။

ရုပ်ပုံများသည် ရိုးစင်းသော်လည်း မျက်စိထဲ၌ စွဲမက်ဖွယ်ကောင်းလှသည်။ စုန့်ယန်ဟာ ရသစုံရှိုးတွေမှာ ပါဝင်ခဲပါသည်။ ရုပ်သံလိုင်းမှရိုက်ကူးသော မှတ်တမ်းရုပ်ရှင်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုများမှလွဲ၍ ရိုက်ကွင်းတွင် သူ၏ဇာတ်ညွှန်းဖတ်ရှုနေချိန်မှာ အများအားဖြင့် ဤကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေ​တတ်သည်။

မှတ်တမ်းရုပ်ရှင်တွင် သူနှင့်ရင်းနှီးသော ဒါရိုက်တာယွိ​ဝေကွမ်းက စုန့်ယန်သည် အကင်းပါးသည့်ကလေးဖြစ်ကြောင်း ပြောခဲ့သည်။ သူသည် အတွင်းပိုင်းတွင် အထိမခံသူဖြစ်ပြီး တစ်ခါတစ်ရံတွင် အပြင်ပိုင်းမှာ​တော့ လျစ်လျူရှုထားတတ်ပုံ​ပေါ်​ပေသည်။ ထိုကဲ့သို့သောသူများသည် များသောအားဖြင့် သူတို့၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို မျက်နှာ​ပေါ်တွင် ထုတ်​ဖော်မပြကြဘဲ မာနကြီးပြီး ခပ်တန်းတန်း​နေတတ်​သော အထင်အမြင်ကို​တောင် ​ပေးစွမ်းသည်။ သို့သော် သူတို့သည် သတိရှိပြီး နားလည်မှုရှိ၍ သရုပ်ဆောင်ရာတွင် သဘာဝအတိုင်း ထက်မြက်​နေသည်။

မနေ့က ပရိုဂရမ်အဖွဲ့သားတွေနှင့် တွေ့ဆုံမေးမြန်းခဲ့​သော အတန်းပိုင်ဆရာမကတောင်မှ သူသည် အေးအေးဆေးဆေး သီးသန့်ရှိပြီး တခြားသူတွေနှင့်ဆက်ဆံဖို့ မလိုလားကြောင်း ပြောခဲ့​သေးသည်။ သို့သော် ဆရာများနှင့် သူ၏ရင်းနှီးသော သူငယ်ချင်းများသည် သူက ​ကောင်းမွန်​သော ကလေးတစ်​ယောက်ဖြစ်ကြောင်းသိကြသည်။

အကယ်၍ ဝမ်း​လောင်ရှီးဘက်မှ ဝန်ထမ်းများက သူ့ကို လာတိုက်တွန်းခြင်းသာ မဟုတ်ပါက စုန့်​လောင်ရှီး၏ တိတ်ဆိတ်ငြိမ်သက်​နေသော အခိုက်အတန့်ကို မည်သူကမှအနှောင့်အယှက်ပေးချင်စိတ် ရှိမည်မဟုတ်ပေ။

ဝန်ထမ်းတွေက သူ့အား မီးရှူးမီးပန်းရင်ပြင်ကိုသွားပြီး ဝမ်း​လောင်ရှီးနှင့် တွေ့​စေချင်သည်ဟု ပြောလာသည်။ ဝမ်းလိသည် မီးရှူးမီးပန်း ရင်ပြင်တွင် ရှိနေသည်ဟု စုန့်ယန်ကြားသောအခါတွင် သူသည် မျက်ခုံးအနည်းငယ်ကြုတ်လိုက်သည်။

"ဝမ်း​လောင်ရှီးက ဘာလို့အဲဒီမှာရှိနေတာလဲ?"

ဝန်ထမ်းတွေက နားမလည်ဟန်ဆောင်ပြီး "အဲဒါက ဒါရိုက်တာရဲ့ယာယီအစီအစဥ်ပါ"

စုန့်ယန်၏အကြည့်များသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူသည် မတ်တပ်ထရပ်ပြီး ဝန်ထမ်းညွှန်ကြားချက်အတိုင်း မီးရှူးမီးပန်းရင်ပြင်ကို သွားရန်ပြင်လိုက်သည်။

သူ့အတွက်၊ မီးရှူးမီးပန်းရင်ပြင်သည် ကောင်းသောအမှတ်တရများမဟုတ်သော်လည်း ရိုက်ကူး​ရေးလုပ်နေသောကြောင့် သူ့ခံစားချက်များကို သိသာ​​အောင်လုပ်လို့မရပေ။ သို့သော်လည်း သူသည် သူ၏ခံစားချက်အားလုံးကို ကောင်းစွာဖုံးကွယ်ထားနိုင်သော သူတစ်ယောက်မဟုတ်သောကြောင့် ရင်ပြင်ဆီသို့ ဦးတည်သွားသောအခါတွင် သူ့မျက်နှာသည် သိသိသာသာပင် မည်းမှောင်​နေသည်။

တစ်ဖက်တွင် လိုက်ပါလာသော ကင်မရာသမားသည် အလွန်စိတ်လှုပ်ရှားနေပါ၏။ သူတို့နီးကပ်လာသည်နှင့်အမျှ အနီးနားရှိ ကျောင်းသားများ၊ အထူးသဖြင့် မိန်းကလေးများသည် အချင်းချင်း လက်ကိုဆွဲကာ စိတ်လှုပ်ရှားစွာ ခုန်​ပေါက်​နေကြသည်။

"သူလာပြီ!၊ အား လာနေပြီ!"

စုန့်ယန်သည် မျက်လုံးများကို မော့ကာ ရင်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

သူသည် အနည်းငယ်အနီးမှုန်ပြီး ထိုအချိန်တွင် နေဝင်ခါနီးနေပြီဖြစ်သည်။ ကောင်းကင်သည် ​မှိုင်းပြာ​နေပြီး လင်းထိန်နေသောလမ်းမီးများကို အချိန်နှင့်တစ်ပြေးညီ ထွန်းညှိပေးထားကာ ရင်ပြင်တစ်ဝိုက်တွင် ပြန့်ကျဲနေသော အလင်းရောင်အရင်းအမြစ်များအဖြစ် ဖြစ်ပေါ်လာသည်။

ရင်ပြင်သည် အသက်ဝင်​နေသည်။ စုန့်ယန်၏ ရှုထောင့်မှကြည့်လျှင် နှလုံးသားပုံသဏ္ဍာန်ဖြင့် ထွန်းညှိထားသော ဖယောင်းတိုင်မီးမှိန်မှိန်များကြားတွင် မတ်တပ်ရပ်နေသည့် ရုပ်သဏ္ဍာန်​လေးတစ်ခုရှိသည်။

ထိုအမျိုးသားသည် ရုတ်တရက် လမ်း​လျှောက်တာရပ်တန့်သွား၏။

ကင်မရာသမားက အံ့အားသင့်သွားပြီး အမြန်ပြန်လှည့်ကာ "စုန့်​လောင်ရှီး၊ ဘာဖြစ်လို့ ရပ်လိုက်တာလဲ?"

စုန့်ယန်သည် ကင်မရာသမားနှင့် သူ၏လက်ရှိခံစားချက်များကို မဝေမျှနိုင်ဘဲ သူ့ပါးစပ်ကို အချည်းအနှီးဖွင့်လိုက်သည်။

လမ်းလျှောက်ရန် အချိန်အနည်းငယ်ယူရင်း နောက်ဆုံးတွင် အဝါ​ခြောက်လိ​​မ္မော်ရောင်​လေးကို သူတွေ့လိုက်ရသည်။

မင်ဖုန်းကျောင်းဝတ်စုံ၏ အဓိကအရောင်သည် ဆယ်နှစ်အတွင်း မပြောင်းလဲခဲ့ပေ။ ပုံစံနှင့်အသေးစိတ်အချက်များသာ အနည်းငယ်ပြောင်းလဲသွားသော်လည်း ထိုသည် သူ၏မှတ်ဉာဏ်ထဲမှ အဝါ​ခြောက်လိ​မ္မော်ရောင်နှင့် ထပ်တူကျနေသေးသည်။

သူမသည် အကကျောင်းသူတစ်ယောက်ဖြစ်ပြီး အထက်တန်းကျောင်းတွင် အတွေ့ရများဆုံး သူမ၏ဆံပင်ပုံစံမှာ မြင့်မြင့်ထုံးထားသော ဆံပင်ပုံစံဖြစ်ကြောင်း သတိရလိုက်မိသည်။ ယင်းသည် မြင့်မားပြီး လုံးဝန်းသောဆံပင်ပုံစံဖြစ်ပြီး ကြက်ဥတစ်လုံး၏ထိပ်တွင်ထိုင်နေသည့် ဆံပင်ပုံစံဖြစ်သည်။ နောက်ပိုင်း သူမ မင်းသမီးဖြစ်လာ​တော့ သူမ၏စတိုင်လ်အဖွဲ့ဟာ သူမအတွက် လှပသည့်ဆံပင်ပုံစံတွေကို မကြာခဏဖန်တီးပေးတာကြောင့် သူမကို ဒီဆံပင်ပုံစံနှင့် ထပ်ပြီးတွေ့ရခဲပါ၏။

ဒီနေ့မှာတော့ သူမ၏ဆံပင်​တွေကို ဆံထုံးပြန်ထုံးထားသည်။ ထိုသည် သန့်ရှင်းဖြူစင်ပြီး ချစ်စဖွယ်ကောင်းသလို နုပျိုပြီး အပြစ်ကင်းစင်သော အသွင်အပြင်ကို ပိုင်ဆိုင်ထားဆဲသာ။

ဝမ်းလိသည် ဖယောင်းတိုင်များနှင့် ပြုလုပ်ထားသည့် နှလုံးသားပုံသဏ္ဍာန်ထဲတွင် ရပ်နေကာ ဖယောင်းတိုင်များအားလုံး ပေါင်းစပ်ထားသည့် အလင်းရောင်သည် သူမ၏မျက်လုံးများမှ တောက်ပမှုနှင့် ဆွဲဆောင်မှုတို့ကို မမီနိုင်​ပေ။

သူမသည် သူချဉ်းကပ်လာသည်ကိုမြင်​တော့ ဂုဏ်ယူစွာ မေးကိုပင့်ကာ သူ့ကို ပြုံးပြလိုက်သည်။

ဝမ်းလိက ဘာမှပြောစရာမလို​ပေ: ဒီအခိုက်အတန့်မှာ သူနားလည်လိုက်​ချေပြီ။

သူမသည် လက်ကိုနောက်ပစ်ကာ တစ်ခုနှင့်တစ်ခုဆုပ်ကိုင်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကိုအနည်းငယ်လှုပ်ယမ်းလိုက်သည်။ သူမ၏စကတ်အောက်မှ ခြေထောက်များကို တင်းတင်းကြပ်ကြပ်စိထားကာ သူမ၏ခြေချောင်းများသည် မြေပြင်နှင့်ထိကာ ပွတ်မိနေပြီး ဖိနပ်ထိပ်ကို ကွာလုနီးပါးပင်။

သူမ၏နှုတ်ခမ်းများသည် အဖွင့်အပိတ်လုပ်ကာ ညည်း​နေသည်။ သူမဟာ အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရ​သော်လည်း နောက်ဆုံးမှာတော့ ​ပြောလိုက်သည် "ဒီဖယောင်းတိုင်တွေကို ကျွန်မကိုယ်တိုင် စီစဉ်ထားတာ အကြာကြီးကြာဘဲ၊ ဒါတွေက ရှင့်အတွက်"

အလွန်ရှက်စရာကောင်းသည့် အခြေအနေမျိုးမှာတောင် ဒါဟာ သူမ၏ကိုယ်ပိုင်အောင်မြင်မှုဟူ၍ ​ပြောနေဆဲပင်။

သူမသည် အရက်ကိုပိုသောက်မိခဲ့ရန် မျှော်လင့်မိ​နေသည်။ သူမသည် လုံလောက်စွာမူးမ​နေခဲ့ဘဲ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဆင်ထားသည့် ဇာတ်ညွှန်းကိုလည်း ထုတ်မပြောနိုင်​ပေ။

"ကောင်းပြီ၊ ရှင့်အတွက် မီးရှူးမီးပန်းတွေလည်း ပြင်ထားတယ်၊ ရှင့်အတွက် ​ဖောက်​​ပေးမယ်"

ဖယောင်းတိုင်များအပြင် အပြင်ဘက်တွင် မီးရှူးမီးပန်းအသေးစားများ ဝိုင်းဖွဲ့ထား​သေးသည်။ ဝမ်းလိသည် ဝန်ထမ်းထံမှ မီးခြစ်တစ်လုံးကိုငှားကာ မီးရှူးမီးပန်းများအား အသီးသီးမီးညှိလိုက်သည်။

အမြင့်မီတာဝက်ခန့်ရှိ မီးရှူးမီးပန်းတိုင်များသည် မြေပြင်မှ တစတစမြင့်တက်လာသည်။ ဝမ်းလိသည် စုန့်ယန်ကို ခပ်ဝေးဝေးသို့ ဆွဲသွားလိုက်သည်။

"နောက်ဆုတ်ပြီးကြည့်၊ မီးလောင်သွားရင် မကောင်းဘူး"

မီးရှူးမီးပန်းရင်ပြင်မှာ မီးရှူးမီးပန်းတွေနှင့် ကစားနေ​သော သာမန်ကျောင်းသားတွေဟာ ဒီအရေအတွက်ကို တစ်ခါတည်းဝယ်မှာ မဟုတ်​ပေ။ ပေါက်ကွဲနေသော မီးရှူးမီးပန်းများသည် ရင်ပြင်၏ဗဟိုဧရိယာကို နေ့အလင်းရောင်ကဲ့သို့ လင်းထိန်စေပြီး ကျောင်းသားများစွာအား စုဝေးလာစေရန် ဆွဲဆောင်ခဲ့သည်။ ဓာတ်ပုံဆရာအနည်းငယ်သည် ညမီးရှူးမီးပန်းများကြောင့် မြင်ကွင်းကိုဖမ်းယူနိုင်ရန်​တောင် သူတို့၏ကင်မရာများကို ချိန်ရွယ်ထားသည်။

ဝမ်းလိသည် သူမ၏အောင်မြင်မှုကို ကျေနပ်စွာ ကြည့်ပြီးနောက် စုန့်ယန်ကို မော့ကြည့်ကာ သူ၏တုံ့ပြန်မှုကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ သူပျော်နေသလား၊ ဒေါသထွက်နေသလား?။ သူမ၏ စိတ်အားထက်သန်သော အပြုအမူက သူ့ကို စိတ်သက်သာရာရစေမည်လား၊ အ​နှောင့်အယှက်ဖြစ်သွားမည်လားဆိုတာ သိချင်နေမိသည်။

ဝမ်းလိသည် စုန့်ယန်၏ဆယ့်ရှစ်နှစ်အရွယ်ကို ကာကွယ်ရန် ဘာလုပ်ရမည်ကို မသိသောကြောင့် အမှန်တကယ်ပင် ဒုက္ခရောက်ခဲ့သည်။ အတန်ကြာစဉ်းစားပြီးနောက် သူမသည် မင်ဖုန်းကျောင်းဝတ်စုံကို အစ်မကျစ်ထုန်ထံမှငှားကာ သူမ၏သံသယများကို အတည်ပြုရန် သူမ၏ဦးလေးအား ဖုန်းဆက်ခဲ့သည်။ နောက်ဆုံးမှာတော့ စုန့်ယန်က မဂ္ဂဇင်းမှာ "သူမ မလာခဲ့ဘူး"ဟု ရေးရသည့်အကြောင်းရင်းကို သူမသိလိုက်ရသည်။

​​သောက်ကျိုးနည်းဦးလေး!၊ နောက်နှစ် တရုတ်နှစ်သစ်ကူးမှာ သူမလုပ်ရမည့် ပထမဆုံးအရာကတော့ ဆံပင်ညှပ်ဖို့ပဲ။

(T/N. တရုတ်နှစ်သစ်ကူးမှာ ဆံပင်ညှပ်တာက ကိုယ့်အ​မေဘက်က ဦးလေးကို ကံဆိုး​စေပါတယ်)

ပရိုဂရမ်ရိုက်ပြီးနောက် သူမသည် ဝမ်းမိသားစုထံသွားပြီး ဝမ်းရန်နှင့် စာရင်းရှင်းမည်ဖြစ်သည်။ အခုအချိန်မှာတော့ သူမ၏စိတ်ထဲမှာ တစ်ခုတည်းသောအရာက စုန့်ယန်ကို ဘယ်လို​ဖွင့်​ပြောရမလဲဆိုသည်ပင်။

နည်းလမ်းမရှိခဲ့​ပေ။ သူမသည် ဇာတ်ညွှန်းရေးဆရာမဟုတ်ဘဲ မင်းသမီးတစ်​ယောက်ဖြစ်သည်။ သူမတွင် စိတ်ကူးများစွာမရှိသောကြောင့် များစွာစဉ်းစားပြီးနောက် ဤသည်မှာ သူမ တွေးနိုင်သော တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

သူမသည် အမှန်တကယ်ပင် အနည်းငယ်ကြောက်နေမိသည်။ စုန့်ယန် လုံးဝမလွှတ်ချနိုင်တော့မှာကို သူမစိုးရိမ်နေမိသည်။ သူက သ​ဘော​ကောင်းစွာဖြင့် သူမ့အား ခွင့်လွှတ်ရန် ရွေးချယ်ခဲ့သော်​တောင်မှ မကျေမနပ် အနည်းငယ်သာပြသမည်ဆိုလျှင် သူမ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ပေ။

ဝမ်းလိသည် သူမနှင့်စုန့်ယန်ကြား မည်သည့် အတားအဆီမျှ မလိုချင်​ပေ။ သူမဆီရောက်လာသောအခါ သူ၏မှတ်ဉာဏ်မှ မီးခိုးရောင်အရိပ်အမြွက်မျှ မလိုချင်ခဲ့ပါ။

စုန့်ယန်က သူမကို ကောင်းစွာဆက်ဆံတတ်ကာ သူမကိုအရမ်းချစ်ပြီး သူ့အချစ်က လှပနူးညံ့​ပေသည်။ သူမသည် အခြားသူများ အခွင့်ကောင်းယူတာကို နှစ်သက်သူမဟုတ်ပေ။ အိုင်​ဒေါလ်ဒရာမာတော်တော်များများမှာ သရုပ်ဆောင်ပြီးနောက်မှာတော့ လူနှစ်ယောက်ကြားက ခံစားချက်တွေက အပြန်အလှန်ဖြစ်သင့်​ကြောင့် နားလည်လာခဲ့ပါသည်။

သူမသည် သဘာဝအတိုင်း နူးညံ့သိမ်မွေ့သူမဟုတ်သော်လည်း ယခုမှစ၍ သင်ယူနိုင်မည်ဖြစ်သည်။

ထိုအမျိုးသားသည် နွေလေညင်းထဲတွင် ယိမ်းနွဲ့​နေ​သော ဖယောင်းတိုင်မီးတောက်များကဲ့သို့​ ခံစားချက်မျက်လုံးများဖြင့် သူမ့အား စေ့​စေ့ကြည့်နေသည်။

ကြက်​သေ​သေနေပြီးနောက်မှာ​တော့ သူ၏ကြည့်​ကောင်း​သော မျက်ခုံးမွှေးများမှာ တွန့်သွားကာ နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် စိထား​လေသည်။ သူ၏ပါးစပ်သည် ခြောက်သွေ့ကာ ခါးသက်သလို ခံစား​နေရပြီး သူ၏အာဒံပန်းသီးသည် ခက်ခက်ခဲခဲ အ​ပေါ်​အောက်လှိမ့်ဆင်း​နေသည်။ သူ တစ်ခုခုပြောချင်သော်လည်း စကားလုံးရှာမတွေ့​ပေ။

နောက်ဆုံးတွင် သူသည် သက်ပြင်းတစ်ချက်ချကာ မျက်လုံးထောင့်များတွင် နီရဲနေသောအရိပ်အမြွက်ကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။ ထိန်းမရသောအရာတစ်ခု သူ့မျက်လုံးများမှကျလာပြီး တုန်ရီနေသော မျက်တောင်များကို စိုစွတ်သွားစေသည်။

ဝမ်းလိသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်အောင် အနီးကပ်ရှိနေသည်။ သူမသည် အံ့အားသင့်စွာဖြင့် နှုတ်ခမ်းကို ကျယ်ကျယ်ဖွင့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် စုန့်ယန်က သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

"အား အား အား!!!"

"ဖက်နေကြတယ်!!!"

"ဝိုး၊ နမ်းတော့မယ်! နမ်း​တော့မယ်!"

ကျောင်းသားများ၏ အော်ဟစ်သံများကြားတွင် ကင်မရာသမားက မှန်ဘီလူးကို ချက်ချင်းချိန်ရွယ်လိုက်၏။

ဤကျောင်းသားငယ်များသည် စိတ်လှုပ်ရှားမှုအတွက် စိတ်အားထက်သန်ကြပြီး အရွယ်မရောက်သေးသူများအနေဖြင့် ချုပ်နှောင်မှုကင်းမဲ့ကြသည်။ သူတို့သည် အရှက်မဲ့စွာ အော်ဟစ်အားပေး​နေကြသည်။ ဒက်ဆီဘယ်များနှင့် သူတို့၏အသံများမှ စိတ်လှုပ်ရှားမှုများက သူတို့အား ပွေ့ဖက်ပြီး ပြင်သစ်အနမ်းကို နမ်း​စေချင်​နေသလို။

ဝန်ထမ်းတွေအားလုံးက အရွယ်ရောက်ပြီးဖြစ်၍ အ​တော်​လေး အေးအေးဆေးဆေးပင်။ အများအပြားက အကြည့်ချင်းဖလှယ်ကြပြီး သူတို့၏အမူအရာများမှာ ရယ်မောစရာ​ကောင်းသော်လည်း အနည်းငယ် အကူအညီမဲ့သွားကြသည်။

ဒါရိုက်တာယန်က တွက်ချက်မှုလွဲနေသည်။ သူသည် အဖွဲ့ချတ်ထဲတွင် ဝမ်း​လောင်ရှီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သူမ၏အကွက်သည် ခေတ်နောက်ကျလွန်းသည်ဟု ဆိုခဲ့သော်လည်း စုန့်​လောင်ရှီးသည် ထိုအတွက် ကျရှုံးသွားသည်။

ဆို​တော့ ဒီလှည့်ကွက်က အလုပ်ဖြစ်သ​ရွေ့ အသစ်လား အဟောင်းလားဆိုတာ အ​ရေးမကြီး​တော့​ပေ။

စုန့်ယန်က သူ့နှုတ်ခမ်းတွေကို ဖွဖွဖိကာ ငုံ့လိုက်ပြီး ခက်ခက်ခဲခဲနှင့် ခေါင်းကို သူမ့လည်ပင်းမှာ မြှုပ်လိုက်သည်။

သူသည် မိုက်ခရိုဖုန်းခလုတ်ကို ပိတ်လိုက်ပြီး ကျောင်းသားများ၏ အဆက်မပြတ်အော်ဟစ်သံများနှင့် မီးရှူးမီးပန်းပစ်သံများကြားတွင် နှာသံဖြင့် မရှင်းမလင်း​ပြောလာသည် “ကိုယ့်ကို ကင်မရာမရိုက်မိစေနဲ့”

ဝမ်းလိက သူ့ကို ပြန်ပွေ့ဖက်ထားရင်း သူမ လုံးဝအံ့အားသင့်သွားသည်။ ကလေးကိုချော့နေသလိုမျိုး သူ့အား မြန်မြန်နှစ်သိမ့်လိုက်သည် “လိမ္မာတယ် မငိုနဲ့”

စုန့်ယန်က တိုးတိုးလေးရယ်လိုက်ပြီး သူမလည်ပင်းကို ရှုရှိုက်ရင်း ဝမ်းလိအား မသိစိတ်က ထူးဆန်းသည့်ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ဒီလိုအနေအထားမျိုးကို အမြင်ခံရမှာကြောက်၍ သူက သူမကို အမြန်ပင်ပိုတင်းတင်းကြပ်ကြပ် ​ပွေ့ဖက်ထားရင်း သူ့လေသံက အပြစ်တင်​နေစဥ်မှာ မရှင်းမလင်းကာ ခြောက်​သွေ့​နေပြီး "မင်းက... စီစဥ်သူလား?"

"စီနီယာ" ဝမ်းလိက ပြုံးရင်း အခြားဘယ်သူမှ မကြားနိုင်​လောက်​သည့် သူတို့ပတ်ဝန်းကျင်က ဆူညံသံတွေကို အခွင့်​ကောင်းယူလိုက်သည်။ နောက်ဆုံးတော့ သူမ အပြောချင်ဆုံးစကားတွေကို သူ့နားထဲမှာ တိုးတိုးလေးပြောလိုက်​တော့၏ "ကျွန်မ ရှင့်ကို တိတ်တိတ်လေး ကြိုက်နေတာကြာပြီ၊ ကျွန်မ့ကောင်​လေး ဖြစ်​​ပေးလို့ရမလား?"

စုန့်ယန်၏အကြည့်များမှာ အေးခဲသွားသည်။ အထက်တန်းကျောင်းဝင်းအတွင်း ကျောင်းသားငယ်များဖြင့် ဝန်းရံထားသည့် အထက်တန်းကျောင်းဝတ်စုံဝတ်ထားသည့် ဝမ်းလိသည် လွန်ခဲ့သောဆယ်နှစ်ခန့်က သူလွဲ​ချော်သွားခဲ့သော ဝန်ခံသည့်မြင်ကွင်းကို ပြန်ယူလာကာ ဆယ်နှစ်အကြာတွင် ယင်းကို ပြန်ပေးရန်အတွက် တူညီ​သောနည်းလမ်းကို အသုံးပြုခဲ့သည်။

စုန့်ယန်ကို ပြန်တုံ့ပြန်လာသည့် အသက်ဆယ့်ခြောက်နှစ်အရွယ် ဝမ်းလိကဲ့သို့ပင်။

သူမက တိုက်ရိုက်မပြော​သော်လည်း နူးညံ့သိမ်မွေ့စွာ ဖုံးကွယ်ထားသည့်နည်းဖြင့် ​ပြောဆိုခြင်းကို သူတို့နှစ်ဦးသာ နားလည်နိုင်သည်။ သူ့လျှို့ဝှက်ချက်ကို သူမသိကြောင်း ပြောပြသော်လည်း သူမသည် ဝန်ထုပ်ဝန်ပိုးဟု မယူဆခဲ့ပေ။ ဆန့်ကျင်ဘက်တွင်၊ သူမသည် ကျေးဇူးတင်ပြီး ​ကျေနပ်စရာ​ကောင်း​အောင်ပင် အံ့သြဖွယ်ကောင်းလှသည်။

သူမသည် ဤချစ်ခြင်းမေတ္တာကို တူညီ​သောနည်းအတိုင်းပြန်​ပေးရန် ဆုံးဖြတ်ခဲ့သည်။

သူ သူမကို ချစ်သည့်အတိုင်းအတာအထိ သူ့ကို ချစ်​ပေးသည်။

ဤနည်းဖြင့်၊ လွန်ခဲ့သောဆယ်နှစ်က သူမ​မေ့နိုင်​သော၊ ပြန်မ​ပြောရဲ​သော စုန့်ယန်၏စွဲလမ်းမှုနှင့် ပျက်ပြယ်သွားသော ဒဏ်ရာသည် နောက်ဆုံး​တော့ သူမ​ကြောင့် အမှတ်ရစရာအသစ်များဖြင့် ပြည့်နှက်သွား​တော့သည်။

စီနီယာအားယန်သည် ဤအမှတ်တရအတွက် စိတ်မကောင်းဖြစ်မိတော့မည်မဟုတ်ပေ။ ဂျူနီယာအားလိက သူ့မှတ်ဉာဏ်တွေကို တောက်ပပြီး နွေးထွေး​သောအဝါရောင်လေးဖြစ်အောင် ​ပြောင်း​ပေးလိုက်​သောကြောင့် မီးရှူးမီးပန်းရင်ပြင်သို့လာရမှာကို သူ မကြောက်တော့ပါ။

သူက သူမကို တင်းတင်းကြပ်ကြပ်​ပွေ့ဖက်ထားပြီး လေးလေးနက်နက် သဘောတူညီသံပြုကာ ပြန်​ဖြေ​ပေးလိုက်သည် “ဝမ်း​မြောက်မိပါတယ်”

သူမကို သူ့ရင်ခွင်ထဲမှာ ​ပွေ့ဖက်ထားရင်း သူ့၏ပြင်းထန်​သောနှလုံးခုန်သံဟာ ဒရမ်တစ်ခုလို စည်းချက်ညီညီ တုန်ခါနေသည်။

သူ့နှလုံးသား တွေးနေတာက တကယ်ကောင်းတယ်။ သူသ​ဘောကျ​​နေတဲ့ ကောင်မလေးက မဂ္ဂဇင်းတွေမှာပါတဲ့ အမျိုးသမီးတွေထက် ပိုကောင်းတယ်။ သူမက ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးမိန်းကလေးတစ်​ယောက်။

——

နောက်ထပ်တစ်နေ့ ရိုက်ကူး​ရေးပြီးသွားတော့ အဖွဲ့က ဟိုတယ်ကို ပြန်သွားသည်။

ကားပေါ်တွင် အနားယူနေသော ဝမ်းလိသည် ဒါရိုက်တာယန်ထံမှ ဖုန်း​ခေါ်ဆိုမှု ရရှိလာသည်။ သူမသည် ခေါ်ဆိုမှုကိုဖြေကြားပြီး စပီကာဖွင့်ထားလိုက်သည်။

ဒါရိုက်တာယန်က အစကတည်းကပင် ရိုးရိုးသားသားပြောလာသည် "မနေ့ညက ရိုက်ကူးထားတာကို ခုနက ကြည့်လိုက်တယ်"

ဝမ်းလိ၏​လေသံက ရှက်ရွံ့​နေပြီး "ဘယ်လိုလဲ? ကျွန်မရဲ့​ဖျော်​ဖြေမှုက မကောင်းဘူးလား?"

"မဆိုးပါဘူး" ဒါရိုက်တာယန်က သူမကို ပထမဆုံး ချီးကျူးလိုက်ပြီး​​နောက် ချက်ချင်းပင် ရိုက်နှက်လာ​တော့သည် "ဒါပေမယ့် အကွက်က ခေတ်​နောက်ကျလွန်းတယ်"

ဝမ်းလိသည် ချက်ချင်းမျက်နှာပျက်သွား​တော့သည်။ သူမသည် စုန့်ယန်ကို အနည်းငယ် လွမ်းဆွေးသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ပါးစပ်ဟကာ အသံတိတ်ဖြင့် "အားလုံး ရှင့်အပြစ်ပဲ၊ ရှင့်ကို ​ကော်ပီယူလိုက်လို့"

စုန့်ယန်က အပြစ်မတင်ဘဲ နှုတ်ခမ်းကွေးသွားကာ ပါးစပ်ဟကာ ပြန်​ရေရွတ်​ပြောလိုက်သည် "တောင်းပန်ပါတယ် ကိုယ်မှားသွားတယ်"

ဝမ်းလိက သူ့ကို မျက်စောင်းထိုးပြီး ဒါရိုက်တာယန်ကို အမြန်ပြန်ပြောလိုက်သည် "ဘယ်နားက ​​ခေတ်​နောက်ကျ​နေလို့လဲ၊ ရင်ခုန်စရာ ကောင်းတယ်လို့ ကျွန်မ​တော့ထင်တာပဲ၊ စုန့်​လောင်ရှီးက ဘယ်လောက်​တောင် ထိမိသွားလဲ ကြည့်စမ်း၊ သူ...." သူမ လျှာကိုကိုက်လုမတတ်ဖြစ်ကာ "သူ ထိရှသွားတယ်​လေ!"

"ထိရှသွားတယ်? ငါ​တော့ မမြင်မိပါဘူး"

"ဒါရိုက်တာယန်၊ ရှင်က ပါဝင်တဲ့သူမဟုတ်​တော့ နားလည်မှာမဟုတ်ဘူး" ဝမ်းလိက ယုံကြည်ချက်ရှိရှိဖြင့် "ပရိသတ်တွေက နားလည်မှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် အပိုင်းရှစ်မှာ ပရိသတ်အားပေးမှု မြင့်မားမယ်လို့ ကျွန်မအာမခံတယ်"

ဒါရိုက်တာယန်က စ​နောက်ကာ "ရိုးရိုးသားသားပြောရရင် ငါသာဆိုရင် ငါ့ဇနီးက ဒီလိုရိုမန်တစ်ဆန်တာမျိုးလုပ်လာရင် ငါ သူမကိုဖက်ပြီး အဲဒီ​နေရာမှာဘဲ နင့်နင့်နဲနဲနမ်းရှိုက်မိမှာပဲ၊ ဒါတွေအားလုံးကို မင်းတို့​ရော လုပ်နိုင်ပါ့မလား?"

ဒါကိုကြားတော့ ဝမ်းလိအပါအဝင် ရှေ့ခန်းမှာ ထိုင်နေ​သော လက်ထောက်နှစ်ယောက်လည်း ရယ်မောလိုက်ကြ၏။

စုန့်ယန်ကသာ ငြိမ်သက်နေပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့လက်ချောင်းကို ပါးစပ်​ပေါ်ဖိကာ ကားပြတင်းပေါက်မှ အပြင်ကိုလှမ်းကြည့်​နေသည်။

"ဒါရိုက်တာယန်... ရှင့်ရဲ့ ဇနီးကို ဒီလောက်ထိ စွဲလမ်းနေမယ်လို့ ကျွန်မမမျှော်လင့်ထားမိဘူး" ဝမ်းလိက ရယ်ရင်း အကူအညီမဲ့ပြောလိုက်သည်။

"ဟုတ်တာ​ပေါ့၊ မင်းက ငါ့ကို ဘယ်သူထင်လို့လဲ?၊ လူတိုင်းက စုန့်ယန်လိုမဟုတ်ဘူး" ဒါရိုက်တာယန်က အလေးပေးပြောကြားခဲ့ပြီး "သူက ရသစုံရှိုးတွေမှာ အတွေ့အကြုံအများကြီးမရှိပေမယ့် မင်းက အတွေ့အကြုံရှိပြီးသားပဲဟာ၊ မင်း​ယောကျ်ားကို ခဏခဏခေါ်သွား​ပေးသင့်တယ်၊ သူတုံ့ပြန်တာက ထိုင်းလွန်းတယ်"

အံ့သြစရာကောင်းတာက၊ ဒါရိုက်တာယန်ဟာ စုန့်ယန်၏​ အောင့်အည်း​နေသည့်တုံ့ပြန်မှုကို မကျေမနပ်ဖြစ်နေပါသည်။

ဝမ်းလိက မကျေမနပ်လုံးဝမဖြစ်ပါ။

ဝမ်းလိက စုန့်ယန်ကို သဘာဝကျကျပင် ခုခံကာကွယ်​ပေးပြီး "ပတ်ဝန်းကျင်မှာ အသက်မပြည့်သေးတဲ့သူတွေ အများကြီးရှိတာကို၊ မ​သင့်​တော်တဲ့ပုံစံကိုပြတာက မ​ကောင်းသလို လူအများ​ရှေ့မှာ ချစ်ခင်ပြတာက မကောင်းဘူး"

ဒါရိုက်တာယန်က သ​ဘောမတူဘဲ "ဒီအသက်မပြည့်သေးတဲ့လူတွေက ဘာမှနားမလည်ဘူးလို့ ထင်​နေတာလား?၊ သူတို့က မင်းနဲ့စုန့်ယန်ထက် ပိုသိတယ်ဆိုတာ ယုံလား?"

"ဒါပေမယ့် အဲဒါက ထုတ်လွှင့်မှုကို ထိခိုက်စေရင် မကောင်းဘူး​​လေ၊ ကလေးတွေ တော်တော်များများက ကျွန်မတို့ရဲ့အစီအစဉ်ကို ကြည့်နေကြတာ"

"အဲဒါအတွက် စိတ်ပူဖို့ လိုလို့လား?၊ ငါတို့သာ သက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်တယ်ဆိုရင် မထုတ်လွှင့်ခင်မှာ တည်းဖြတ်လိုက်မှာ​ပေါ့"

ဝမ်းလိသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီး အကူညီမဲ့စွာဖြင့် "ဘာပဲဖြစ်ဖြစ် ရှင်ပြန်တည်းဖြတ်မယ်ဆိုမှ​တော့ ဘာလုပ်ဖို့ နမ်းရဦးမှာလဲ?"

တီဗီဒရာမာရိုက်ကူးခြင်းကဲ့သို့ပင်၊ ဒီအရာ​တွေသည် အလွန်ထိခိုက်လွယ်ပြီး ဆင်ဆာမဖြတ်နိုင်သော အချို့သောဇာတ်ကွက်များပင်။ ထိုအရာ​တွေကို ရိုက်ကူးခြင်းက အသုံးမဝင်ဘူးဆိုမှတော့ ဘာထူးမည်လဲ?။ အဲဒီဇာတ်ကွက်တွေကို ဇာတ်ညွှန်းကနေဖြုတ်လိုက်တာက ပိုအဆင်ပြေပါသည်။

ဒါရိုက်တာယန်က ခဏလောက် ငြိမ်သက်သွားပြီး အခိုင်အမာဆို၏ "မင်းတို့က မင်းတို့အပိုင်းလုပ်၊ ငါတို့က ငါတို့အပိုင်း ငါတို့လုပ်မယ်၊ ပြဿနာရှိလား?"

ဝမ်းလိက စိတ်ရှုပ်သွားသည် ။

"ဒါရိုက်တာယန်၊ ရှင် ဒီနေ့ အရက်သောက်ထားတာလား?"

"မ​သောက်ပါဘူး" ဒါရိုက်တာယန်က ပင်ပန်းစွာ သက်ပြင်းချလိုက်ပြီး "မင်းတို့နှစ်ယောက် ဘာမှ နားမလည်ဘူး၊ အိုး ​ကောင်းပြီ၊ ထားလိုက်​တော့..."

အဲဒီ့နောက်ပိုင်းမှာ သူတို့သည် ​နေ့ရိုက်ကူးရေးတွေအ​ကြောင်း မဆွေးနွေးတော့​ပေ။ အပိုင်း(၈)ကို နောက်တစ်ပတ်ထုတ်လွှင့်ချိန်မှာတော့ ထုတ်လုပ်ရေးအဖွဲ့က ပရဟိတတိုက်ရိုက်ထုတ်လွှင့်မှုတွေ ပြုလုပ်ပြီး အပိုင်းကို ပရိသတ်တွေနှင့်အတူ ပြန်လည်တုံ့ပြန်ဖို့ စီစဉ်နေသည်ဟု ဒါရိုက်တာယန်က ပြောလာသည်။

ဤညွှန်ကြားချက်များပေးပြီးနောက် ဒါရိုက်တာယန်က ဖုန်းချသွား​တော့သည်။

ကားသည် တိတ်ဆိတ်သွားသော်လည်း ဒါရိုက်တာယန်၏ ကားကြောင့် ဝမ်းလိသည် ယင်းကို နားမလည်နိုင်စွာ တွေးနေမိသည်။

အသက်ငါးဆယ်နီးပါးမှာတောင် ဒါရိုက်တာယန်က သူ့မိန်းမကို အရမ်းသဘောကျနေတုန်းပင်။ သူမနှင့်စုန့်ယန်သည် ငယ်ရွယ်သေးပြီး သူမသည် သူ့အတွက် ဒီလိုကြီးကြီးမားမား အံ့အားသင့်စရာကို ပြင်ဆင်ထားခဲ့သည်။ သူသည် လေးလေးနက်နက် တုန်လှုပ်သွားသော်လည်း သူ့တုံ့ပြန်မှုက အလွန်အမင်းထိုင်းမှိုင်း​နေသလိုပင်။

မ​နေ့က စုန့်ယန်သည် သူမ့အား နှစ်ပေါင်းများစွာ တိတ်တဆိတ်ချစ်နေခဲ့ကြောင်း ဝမ်းလိ သိလိုက်ရသောအခါ စုန့်ယန်သည် ထိုအချိန်က သူမအနားတွင်မရှိခဲ့သည်မှာ ကောင်းသည်ဟု ခံစားမိသည်။ ဒီလိုမှမဟုတ်ရင် သူမ၏စိတ်လှုပ်ရှားမှုကြောင့် သူမကိုယ်သူမ ​သေချာ​ပေါက်မထိန်းနိုင်ဘဲ သူ့အား တစ်ရှိန်ထိုး နမ်းလိုက်မိမှာသာ။

ဒီအကြောင်းကို သူမ ပိုတွေးလေလေ၊ ဒီလူက အေးစက်လွန်းတယ်ဟု သူမ ခံစားလာရလေလေပါပဲ။

သူသည် အထက်တန်းကျောင်းတုန်းက အေးစက်ပြီး ဆယ့်ခြောက်နှစ်အရွယ်ဝမ်းလိကို တွန်းထုတ်ခဲ့သည်။ အခု သူတို့နှစ်ယောက်လုံး ကြီးပြင်းလာပြီး ရုပ်ရှင်နှင့်တီဗီရှိုးအများကြီးမှာ ပါဝင်သရုပ်ဆောင်နေကြပြီဖြစ်​သော်လည်း သူဘာကြောင့် ဒီလောက်တောင် မထူးခြားသေးရတာလဲ?။ ဤစွဲမက်ဖွယ်ကောင်းပြီး အပေါ်ယံ ဖျော်ဖြေရေးနယ်ပယ်သည် သူ၏ကိုယ်ရည်ကိုယ်သွေးကို လုံးဝပြောင်းလဲသွား​အောင် မလုပ်နိုင်​သေးသည်လား?။

ဝမ်းလိက ဒါကို တလမ်းလုံးတွေးတော​နေပြီး အထက်တန်းကျောင်းက ရေခဲတမျှ​အေးစက်​သောစီနီယာက သူမ၏ရေခဲတမျှအေးစက်​သော ​ယောကျ်ားဖြစ်လာသည်ဟူ၍သာ နိဂုံးချုပ်လိုက်ပါ၏။ နောက်ဆယ်စုနှစ်အနည်းငယ်ကြာသူမ့ဘဝဟာ သနားစရာဟု ​တွေးလိုက်မိသည်။

နောက်ဆုံးတော့ သူတို့ ဟိုတယ်ကိုရောက်ပြီး အခန်းထဲဝင်သွား​​လိုက်သည်။ မထိန်းနိုင်​တော့ဘဲ သူမအထဲကို လှမ်းဝင်လာသည်နှင့် ဝမ်းလိက လေးနက်ဟန်ဆောင်ပြီး "စုန့်​လောင်ရှီး၊ ဒါရိုက်တာယန်​ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တယ်၊ ဒီညက ရှင့်ရဲ့တုံ့ပြန်မှုက...အ!"

သူမစကားမဆုံးခင် စုန့်ယန်က သူမကို ခါးကနေ'မ'လိုက်​သော​ကြောင့် လန့်ကာအော်လိုက်သည်။

ထိုလူထံမှ သာယာအေးမြသောရနံ့နှင့် သူ့စကားများက ဝမ်းလိ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူမ့အား အလိုလိုတုန်လှုပ်သွားစေသည်။ သူမ၏နှလုံးသည် အထိန်းအကွပ်မဲ့စွာ တဒိန်းဒိန်းခုန်​နေပြီး သူ့လည်ပင်းကို အလိုလိုဖက်တွယ်လိုက်၏။

"ကိုယ် တစ်လမ်းလုံးတောင့်ခံထားရတာ" စုန့်ယန်က တိုတိုတုတ်တုတ်ပင် "မင်း နောက်မှပြီးအောင်​ပြော​တော့​နော်"

*******************

T/N: ဒီ​နေ့ Paid မှာ အကုန်လုံးဝပြီးသွားပါပြီ။ အခုဒီမှာ အပိုင်း ၇၅ ​ရောက်ပြီဆို​တော့ အပိုင်း ၈၀ ​ရောက်ရင် paid ကို ၁၅၀၀ နဲ့ဝင်လို့ရမှာပါ။ ဒီကြားထဲ မ​စောင့်နိုင်လို့ ဝင်ချင်ရင်​တော့ ၂၀၀၀ ပါ။ Fre_Rella tele ကို လာ​ပြောလို့ရပါတယ်။
__________________________________

[Zawgyi]

အပိုင္း ၇၅။

ယခုအခိုက္တြင္ စုန္႔ယန္သည္ ေက်ာင္းရွိ ေတာင္ကုန္းငယ္ေနာက္ဘက္ နားခိုသည့္​ေနရာတြင္ ထိုင္ကာ အေတြးလြန္​ေနသည္။

ကင္မရာသမားႏွင့္ ဝန္ထမ္းအမ်ားအျပားက သူ႔ကို မေႏွာင့္ယွက္ပါ။ ကင္မရာသမားသည္ ေျခလွမ္းအနည္းငယ္မွ်ပင္ ေနာက္ျပန္ဆုတ္ကာ လူႏွင့္နားခိုသည့္​ေနရာအျပင္ စိမ္းလန္းေသာသစ္ပင္မ်ားႏွင့္ ​ေနရာေဘးရွိ ေက်ာက္ခဲလမ္းကို ႐ိုက္ထားသည္။

ညေနခင္းေကာင္းကင္သည္ အျပာေရာင္ႏွင့္ အနီေရာင္မီးေတာက္မ်ား ေရာယွက္ေနၿပီး ခရမ္းေရာင္ႏွင့္ လိေမၼာ္ေရာင္အရိပ္မ်ားျဖင့္ အမ်ိဳးမ်ိဳးျဖစ္ေနသည္။ ပေရာ္ဖက္ရွင္နယ္ ကင္မရာသမားတစ္ေယာက္အေနျဖင့္ ဖရိမ္၏ဖြဲ႕စည္းပုံႏွင့္ မွန္ဘီလူးအ​ေၾကာင္းကို နားလည္​ေပသည္။ [ကမာၻႀကီးမွာမင္းႏွင့္အတူ]သည္ ရသစုံရႈိးျဖစ္ေသာ္လည္း ပထမ season ကတည္းက လွပေသာျမင္ကြင္းမ်ားစြာရွိခဲ့သည္။ အခ်ိဳ႕ေသာ ဇာတ္ဝင္ခန္းမ်ားကို​ေတာင္ သူတို႔၏႐ုပ္ရွင္အရည္အေသြးေၾကာင့္ ခ်ီးက်ဴးခံရ​ေသး၏။

႐ုပ္ပုံမ်ားသည္ ႐ိုးစင္းေသာ္လည္း မ်က္စိထဲ၌ စြဲမက္ဖြယ္ေကာင္းလွသည္။ စုန္႔ယန္ဟာ ရသစုံရႈိးေတြမွာ ပါဝင္ခဲပါသည္။ ႐ုပ္သံလိုင္းမွ႐ိုက္ကူးေသာ မွတ္တမ္း႐ုပ္ရွင္တြင္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေမးျမန္းမႈမ်ားမွလြဲ၍ ႐ိုက္ကြင္းတြင္ သူ၏ဇာတ္ၫႊန္းဖတ္ရႈေနခ်ိန္မွာ အမ်ားအားျဖင့္ ဤကဲ့သို႔တိတ္ဆိတ္ၿငိမ္သက္ေန​တတ္သည္။

မွတ္တမ္း႐ုပ္ရွင္တြင္ သူႏွင့္ရင္းႏွီးေသာ ဒါ႐ိုက္တာယြိ​ေဝကြမ္းက စုန္႔ယန္သည္ အကင္းပါးသည့္ကေလးျဖစ္ေၾကာင္း ေျပာခဲ့သည္။ သူသည္ အတြင္းပိုင္းတြင္ အထိမခံသူျဖစ္ၿပီး တစ္ခါတစ္ရံတြင္ အျပင္ပိုင္းမွာ​ေတာ့ လ်စ္လ်ဴရႈထားတတ္ပုံ​ေပၚ​ေပသည္။ ထိုကဲ့သို႔ေသာသူမ်ားသည္ မ်ားေသာအားျဖင့္ သူတို႔၏ေပ်ာ္႐ႊင္မႈႏွင့္ ဝမ္းနည္းမႈမ်ားကို မ်က္ႏွာ​ေပၚတြင္ ထုတ္​ေဖာ္မျပၾကဘဲ မာနႀကီးၿပီး ခပ္တန္းတန္း​ေနတတ္​ေသာ အထင္အျမင္ကို​ေတာင္ ​ေပးစြမ္းသည္။ သို႔ေသာ္ သူတို႔သည္ သတိရွိၿပီး နားလည္မႈရွိ၍ သ႐ုပ္ေဆာင္ရာတြင္ သဘာဝအတိုင္း ထက္ျမက္​ေနသည္။

မေန႔က ပ႐ိုဂရမ္အဖြဲ႕သားေတြႏွင့္ ေတြ႕ဆုံေမးျမန္းခဲ့​ေသာ အတန္းပိုင္ဆရာမကေတာင္မွ သူသည္ ေအးေအးေဆးေဆး သီးသန႔္ရွိၿပီး တျခားသူေတြႏွင့္ဆက္ဆံဖို႔ မလိုလားေၾကာင္း ေျပာခဲ့​ေသးသည္။ သို႔ေသာ္ ဆရာမ်ားႏွင့္ သူ၏ရင္းႏွီးေသာ သူငယ္ခ်င္းမ်ားသည္ သူက ​ေကာင္းမြန္​ေသာ ကေလးတစ္​ေယာက္ျဖစ္ေၾကာင္းသိၾကသည္။

အကယ္၍ ဝမ္း​ေလာင္ရွီးဘက္မွ ဝန္ထမ္းမ်ားက သူ႔ကို လာတိုက္တြန္းျခင္းသာ မဟုတ္ပါက စုန္႔​ေလာင္ရွီး၏ တိတ္ဆိတ္ၿငိမ္သက္​ေနေသာ အခိုက္အတန႔္ကို မည္သူကမွအေႏွာင့္အယွက္ေပးခ်င္စိတ္ ရွိမည္မဟုတ္ေပ။

ဝန္ထမ္းေတြက သူ႔အား မီးရွဴးမီးပန္းရင္ျပင္ကိုသြားၿပီး ဝမ္း​ေလာင္ရွီးႏွင့္ ေတြ႕​ေစခ်င္သည္ဟု ေျပာလာသည္။ ဝမ္းလိသည္ မီးရွဴးမီးပန္း ရင္ျပင္တြင္ ရွိေနသည္ဟု စုန္႔ယန္ၾကားေသာအခါတြင္ သူသည္ မ်က္ခုံးအနည္းငယ္ၾကဳတ္လိုက္သည္။

"ဝမ္း​ေလာင္ရွီးက ဘာလို႔အဲဒီမွာရွိေနတာလဲ?"

ဝန္ထမ္းေတြက နားမလည္ဟန္ေဆာင္ၿပီး "အဲဒါက ဒါ႐ိုက္တာရဲ႕ယာယီအစီအစဥ္ပါ"

စုန္႔ယန္၏အၾကည့္မ်ားသည္ အနည္းငယ္ က်ဥ္းေျမာင္းသြားသည္။

သူသည္ မတ္တပ္ထရပ္ၿပီး ဝန္ထမ္းၫႊန္ၾကားခ်က္အတိုင္း မီးရွဴးမီးပန္းရင္ျပင္ကို သြားရန္ျပင္လိုက္သည္။

သူ႔အတြက္၊ မီးရွဴးမီးပန္းရင္ျပင္သည္ ေကာင္းေသာအမွတ္တရမ်ားမဟုတ္ေသာ္လည္း ႐ိုက္ကူး​ေရးလုပ္ေနေသာေၾကာင့္ သူ႔ခံစားခ်က္မ်ားကို သိသာ​​ေအာင္လုပ္လို႔မရေပ။ သို႔ေသာ္လည္း သူသည္ သူ၏ခံစားခ်က္အားလုံးကို ေကာင္းစြာဖုံးကြယ္ထားႏိုင္ေသာ သူတစ္ေယာက္မဟုတ္ေသာေၾကာင့္ ရင္ျပင္ဆီသို႔ ဦးတည္သြားေသာအခါတြင္ သူ႔မ်က္ႏွာသည္ သိသိသာသာပင္ မည္းေမွာင္​ေနသည္။

တစ္ဖက္တြင္ လိုက္ပါလာေသာ ကင္မရာသမားသည္ အလြန္စိတ္လႈပ္ရွားေနပါ၏။ သူတို႔နီးကပ္လာသည္ႏွင့္အမွ် အနီးနားရွိ ေက်ာင္းသားမ်ား၊ အထူးသျဖင့္ မိန္းကေလးမ်ားသည္ အခ်င္းခ်င္း လက္ကိုဆြဲကာ စိတ္လႈပ္ရွားစြာ ခုန္​ေပါက္​ေနၾကသည္။

"သူလာၿပီ!၊ အား လာေနၿပီ!"

စုန္႔ယန္သည္ မ်က္လုံးမ်ားကို ေမာ့ကာ ရင္ျပင္ဆီသို႔ လွမ္းၾကည့္လိုက္သည္။

သူသည္ အနည္းငယ္အနီးမႈန္ၿပီး ထိုအခ်ိန္တြင္ ေနဝင္ခါနီးေနၿပီျဖစ္သည္။ ေကာင္းကင္သည္ ​မႈိင္းျပာ​ေနၿပီး လင္းထိန္ေနေသာလမ္းမီးမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ထြန္းညႇိေပးထားကာ ရင္ျပင္တစ္ဝိုက္တြင္ ျပန႔္က်ဲေနေသာ အလင္းေရာင္အရင္းအျမစ္မ်ားအျဖစ္ ျဖစ္ေပၚလာသည္။

ရင္ျပင္သည္ အသက္ဝင္​ေနသည္။ စုန္႔ယန္၏ ရႈေထာင့္မွၾကည့္လွ်င္ ႏွလုံးသားပုံသ႑ာန္ျဖင့္ ထြန္းညႇိထားေသာ ဖေယာင္းတိုင္မီးမွိန္မွိန္မ်ားၾကားတြင္ မတ္တပ္ရပ္ေနသည့္ ႐ုပ္သ႑ာန္​ေလးတစ္ခုရွိသည္။

ထိုအမ်ိဳးသားသည္ ႐ုတ္တရက္ လမ္း​ေလွ်ာက္တာရပ္တန႔္သြား၏။

ကင္မရာသမားက အံ့အားသင့္သြားၿပီး အျမန္ျပန္လွည့္ကာ "စုန္႔​ေလာင္ရွီး၊ ဘာျဖစ္လို႔ ရပ္လိုက္တာလဲ?"

စုန္႔ယန္သည္ ကင္မရာသမားႏွင့္ သူ၏လက္ရွိခံစားခ်က္မ်ားကို မေဝမွ်ႏိုင္ဘဲ သူ႔ပါးစပ္ကို အခ်ည္းအႏွီးဖြင့္လိုက္သည္။

လမ္းေလွ်ာက္ရန္ အခ်ိန္အနည္းငယ္ယူရင္း ေနာက္ဆုံးတြင္ အဝါ​ေျခာက္လိ​​ေမၼာ္ေရာင္​ေလးကို သူေတြ႕လိုက္ရသည္။

မင္ဖုန္းေက်ာင္းဝတ္စုံ၏ အဓိကအေရာင္သည္ ဆယ္ႏွစ္အတြင္း မေျပာင္းလဲခဲ့ေပ။ ပုံစံႏွင့္အေသးစိတ္အခ်က္မ်ားသာ အနည္းငယ္ေျပာင္းလဲသြားေသာ္လည္း ထိုသည္ သူ၏မွတ္ဉာဏ္ထဲမွ အဝါ​ေျခာက္လိ​ေမၼာ္ေရာင္ႏွင့္ ထပ္တူက်ေနေသးသည္။

သူမသည္ အကေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး အထက္တန္းေက်ာင္းတြင္ အေတြ႕ရမ်ားဆုံး သူမ၏ဆံပင္ပုံစံမွာ ျမင့္ျမင့္ထုံးထားေသာ ဆံပင္ပုံစံျဖစ္ေၾကာင္း သတိရလိုက္မိသည္။ ယင္းသည္ ျမင့္မားၿပီး လုံးဝန္းေသာဆံပင္ပုံစံျဖစ္ၿပီး ၾကက္ဥတစ္လုံး၏ထိပ္တြင္ထိုင္ေနသည့္ ဆံပင္ပုံစံျဖစ္သည္။ ေနာက္ပိုင္း သူမ မင္းသမီးျဖစ္လာ​ေတာ့ သူမ၏စတိုင္လ္အဖြဲ႕ဟာ သူမအတြက္ လွပသည့္ဆံပင္ပုံစံေတြကို မၾကာခဏဖန္တီးေပးတာေၾကာင့္ သူမကို ဒီဆံပင္ပုံစံႏွင့္ ထပ္ၿပီးေတြ႕ရခဲပါ၏။

ဒီေန႔မွာေတာ့ သူမ၏ဆံပင္​ေတြကို ဆံထုံးျပန္ထုံးထားသည္။ ထိုသည္ သန႔္ရွင္းျဖဴစင္ၿပီး ခ်စ္စဖြယ္ေကာင္းသလို ႏုပ်ိဳၿပီး အျပစ္ကင္းစင္ေသာ အသြင္အျပင္ကို ပိုင္ဆိုင္ထားဆဲသာ။

ဝမ္းလိသည္ ဖေယာင္းတိုင္မ်ားႏွင့္ ျပဳလုပ္ထားသည့္ ႏွလုံးသားပုံသ႑ာန္ထဲတြင္ ရပ္ေနကာ ဖေယာင္းတိုင္မ်ားအားလုံး ေပါင္းစပ္ထားသည့္ အလင္းေရာင္သည္ သူမ၏မ်က္လုံးမ်ားမွ ေတာက္ပမႈႏွင့္ ဆြဲေဆာင္မႈတို႔ကို မမီႏိုင္​ေပ။

သူမသည္ သူခ်ဥ္းကပ္လာသည္ကိုျမင္​ေတာ့ ဂုဏ္ယူစြာ ေမးကိုပင့္ကာ သူ႔ကို ၿပဳံးျပလိုက္သည္။

ဝမ္းလိက ဘာမွေျပာစရာမလို​ေပ: ဒီအခိုက္အတန္႔မွာ သူနားလည္လိုက္​ေခ်ၿပီ။

သူမသည္ လက္ကိုေနာက္ပစ္ကာ တစ္ခုႏွင့္တစ္ခုဆုပ္ကိုင္လိုက္ၿပီး ရွက္႐ြံ႕စြာျဖင့္ ေခါင္းကိုအနည္းငယ္လႈပ္ယမ္းလိုက္သည္။ သူမ၏စကတ္ေအာက္မွ ေျခေထာက္မ်ားကို တင္းတင္းၾကပ္ၾကပ္စိထားကာ သူမ၏ေျခေခ်ာင္းမ်ားသည္ ေျမျပင္ႏွင့္ထိကာ ပြတ္မိေနၿပီး ဖိနပ္ထိပ္ကို ကြာလုနီးပါးပင္။

သူမ၏ႏႈတ္ခမ္းမ်ားသည္ အဖြင့္အပိတ္လုပ္ကာ ညည္း​ေနသည္။ သူမဟာ အခ်ိန္အေတာ္ၾကာေအာင္ ႐ုန္းကန္ခဲ့ရ​ေသာ္လည္း ေနာက္ဆုံးမွာေတာ့ ​ေျပာလိုက္သည္ "ဒီဖေယာင္းတိုင္ေတြကို ကြၽန္မကိုယ္တိုင္ စီစဥ္ထားတာ အၾကာႀကီးၾကာဘဲ၊ ဒါေတြက ရွင့္အတြက္"

အလြန္ရွက္စရာေကာင္းသည့္ အေျခအေနမ်ိဳးမွာေတာင္ ဒါဟာ သူမ၏ကိုယ္ပိုင္ေအာင္ျမင္မႈဟူ၍ ​ေျပာေနဆဲပင္။

သူမသည္ အရက္ကိုပိုေသာက္မိခဲ့ရန္ ေမွ်ာ္လင့္မိ​ေနသည္။ သူမသည္ လုံေလာက္စြာမူးမ​ေနခဲ့ဘဲ ယေန႔မြန္းလြဲပိုင္းတြင္ ျပင္ဆင္ထားသည့္ ဇာတ္ၫႊန္းကိုလည္း ထုတ္မေျပာႏိုင္​ေပ။

"ေကာင္းၿပီ၊ ရွင့္အတြက္ မီးရွဴးမီးပန္းေတြလည္း ျပင္ထားတယ္၊ ရွင့္အတြက္ ​ေဖာက္​​ေပးမယ္"

ဖေယာင္းတိုင္မ်ားအျပင္ အျပင္ဘက္တြင္ မီးရွဴးမီးပန္းအေသးစားမ်ား ဝိုင္းဖြဲ႕ထား​ေသးသည္။ ဝမ္းလိသည္ ဝန္ထမ္းထံမွ မီးျခစ္တစ္လုံးကိုငွားကာ မီးရွဴးမီးပန္းမ်ားအား အသီးသီးမီးညႇိလိုက္သည္။

အျမင့္မီတာဝက္ခန႔္ရွိ မီးရွဴးမီးပန္းတိုင္မ်ားသည္ ေျမျပင္မွ တစတစျမင့္တက္လာသည္။ ဝမ္းလိသည္ စုန္႔ယန္ကို ခပ္ေဝးေဝးသို႔ ဆြဲသြားလိုက္သည္။

"ေနာက္ဆုတ္ၿပီးၾကည့္၊ မီးေလာင္သြားရင္ မေကာင္းဘူး"

မီးရွဴးမီးပန္းရင္ျပင္မွာ မီးရွဴးမီးပန္းေတြႏွင့္ ကစားေန​ေသာ သာမန္ေက်ာင္းသားေတြဟာ ဒီအေရအတြက္ကို တစ္ခါတည္းဝယ္မွာ မဟုတ္​ေပ။ ေပါက္ကြဲေနေသာ မီးရွဴးမီးပန္းမ်ားသည္ ရင္ျပင္၏ဗဟိုဧရိယာကို ေန႔အလင္းေရာင္ကဲ့သို႔ လင္းထိန္ေစၿပီး ေက်ာင္းသားမ်ားစြာအား စုေဝးလာေစရန္ ဆြဲေဆာင္ခဲ့သည္။ ဓာတ္ပုံဆရာအနည္းငယ္သည္ ညမီးရွဴးမီးပန္းမ်ားေၾကာင့္ ျမင္ကြင္းကိုဖမ္းယူႏိုင္ရန္​ေတာင္ သူတို႔၏ကင္မရာမ်ားကို ခ်ိန္႐ြယ္ထားသည္။

ဝမ္းလိသည္ သူမ၏ေအာင္ျမင္မႈကို ေက်နပ္စြာ ၾကည့္ၿပီးေနာက္ စုန္႔ယန္ကို ေမာ့ၾကည့္ကာ သူ၏တုံ႔ျပန္မႈကို တိတ္တဆိတ္ေစာင့္ၾကည့္ေနသည္။ သူေပ်ာ္ေနသလား၊ ေဒါသထြက္ေနသလား?။ သူမ၏ စိတ္အားထက္သန္ေသာ အျပဳအမူက သူ႔ကို စိတ္သက္သာရာရေစမည္လား၊ အ​ေႏွာင့္အယွက္ျဖစ္သြားမည္လားဆိုတာ သိခ်င္ေနမိသည္။

ဝမ္းလိသည္ စုန္႔ယန္၏ဆယ့္ရွစ္ႏွစ္အ႐ြယ္ကို ကာကြယ္ရန္ ဘာလုပ္ရမည္ကို မသိေသာေၾကာင့္ အမွန္တကယ္ပင္ ဒုကၡေရာက္ခဲ့သည္။ အတန္ၾကာစဥ္းစားၿပီးေနာက္ သူမသည္ မင္ဖုန္းေက်ာင္းဝတ္စုံကို အစ္မက်စ္ထုန္ထံမွငွားကာ သူမ၏သံသယမ်ားကို အတည္ျပဳရန္ သူမ၏ဦးေလးအား ဖုန္းဆက္ခဲ့သည္။ ေနာက္ဆုံးမွာေတာ့ စုန္႔ယန္က မဂၢဇင္းမွာ "သူမ မလာခဲ့ဘူး"ဟု ေရးရသည့္အေၾကာင္းရင္းကို သူမသိလိုက္ရသည္။

​​ေသာက္က်ိဳးနည္းဦးေလး!၊ ေနာက္ႏွစ္ တ႐ုတ္ႏွစ္သစ္ကူးမွာ သူမလုပ္ရမည့္ ပထမဆုံးအရာကေတာ့ ဆံပင္ညႇပ္ဖို႔ပဲ။

(T/N. တ႐ုတ္ႏွစ္သစ္ကူးမွာ ဆံပင္ညႇပ္တာက ကိုယ့္အ​ေမဘက္က ဦးေလးကို ကံဆိုး​ေစပါတယ္)

ပ႐ိုဂရမ္႐ိုက္ၿပီးေနာက္ သူမသည္ ဝမ္းမိသားစုထံသြားၿပီး ဝမ္းရန္ႏွင့္ စာရင္းရွင္းမည္ျဖစ္သည္။ အခုအခ်ိန္မွာေတာ့ သူမ၏စိတ္ထဲမွာ တစ္ခုတည္းေသာအရာက စုန္႔ယန္ကို ဘယ္လို​ဖြင့္​ေျပာရမလဲဆိုသည္ပင္။

နည္းလမ္းမရွိခဲ့​ေပ။ သူမသည္ ဇာတ္ၫႊန္းေရးဆရာမဟုတ္ဘဲ မင္းသမီးတစ္​ေယာက္ျဖစ္သည္။ သူမတြင္ စိတ္ကူးမ်ားစြာမရွိေသာေၾကာင့္ မ်ားစြာစဥ္းစားၿပီးေနာက္ ဤသည္မွာ သူမ ေတြးႏိုင္ေသာ တစ္ခုတည္းေသာနည္းလမ္းျဖစ္သည္။

သူမသည္ အမွန္တကယ္ပင္ အနည္းငယ္ေၾကာက္ေနမိသည္။ စုန္႔ယန္ လုံးဝမလႊတ္ခ်ႏိုင္ေတာ့မွာကို သူမစိုးရိမ္ေနမိသည္။ သူက သ​ေဘာ​ေကာင္းစြာျဖင့္ သူမ့အား ခြင့္လႊတ္ရန္ ေ႐ြးခ်ယ္ခဲ့ေသာ္​ေတာင္မွ မေက်မနပ္ အနည္းငယ္သာျပသမည္ဆိုလွ်င္ သူမ ကိုယ့္ကိုယ္ကိုယ္ ခြင့္မလႊတ္ႏိုင္ေပ။

ဝမ္းလိသည္ သူမႏွင့္စုန္႔ယန္ၾကား မည္သည့္ အတားအဆီမွ် မလိုခ်င္​ေပ။ သူမဆီေရာက္လာေသာအခါ သူ၏မွတ္ဉာဏ္မွ မီးခိုးေရာင္အရိပ္အႁမြက္မွ် မလိုခ်င္ခဲ့ပါ။

စုန္႔ယန္က သူမကို ေကာင္းစြာဆက္ဆံတတ္ကာ သူမကိုအရမ္းခ်စ္ၿပီး သူ႔အခ်စ္က လွပႏူးညံ့​ေပသည္။ သူမသည္ အျခားသူမ်ား အခြင့္ေကာင္းယူတာကို ႏွစ္သက္သူမဟုတ္ေပ။ အိုင္​ေဒါလ္ဒရာမာေတာ္ေတာ္မ်ားမ်ားမွာ သ႐ုပ္ေဆာင္ၿပီးေနာက္မွာေတာ့ လူႏွစ္ေယာက္ၾကားက ခံစားခ်က္ေတြက အျပန္အလွန္ျဖစ္သင့္​ေၾကာင့္ နားလည္လာခဲ့ပါသည္။

သူမသည္ သဘာဝအတိုင္း ႏူးညံ့သိမ္ေမြ႕သူမဟုတ္ေသာ္လည္း ယခုမွစ၍ သင္ယူႏိုင္မည္ျဖစ္သည္။

ထိုအမ်ိဳးသားသည္ ေႏြေလညင္းထဲတြင္ ယိမ္းႏြဲ႕​ေန​ေသာ ဖေယာင္းတိုင္မီးေတာက္မ်ားကဲ့သို႔​ ခံစားခ်က္မ်က္လုံးမ်ားျဖင့္ သူမ့အား ေစ့​ေစ့ၾကည့္ေနသည္။

ၾကက္​ေသ​ေသေနၿပီးေနာက္မွာ​ေတာ့ သူ၏ၾကည့္​ေကာင္း​ေသာ မ်က္ခုံးေမႊးမ်ားမွာ တြန္႔သြားကာ ႏႈတ္ခမ္းမ်ားကို တင္းတင္းၾကပ္ၾကပ္ စိထား​ေလသည္။ သူ၏ပါးစပ္သည္ ေျခာက္ေသြ႕ကာ ခါးသက္သလို ခံစား​ေနရၿပီး သူ၏အာဒံပန္းသီးသည္ ခက္ခက္ခဲခဲ အ​ေပၚ​ေအာက္လွိမ့္ဆင္း​ေနသည္။ သူ တစ္ခုခုေျပာခ်င္ေသာ္လည္း စကားလုံးရွာမေတြ႕​ေပ။

ေနာက္ဆုံးတြင္ သူသည္ သက္ျပင္းတစ္ခ်က္ခ်ကာ မ်က္လုံးေထာင့္မ်ားတြင္ နီရဲေနေသာအရိပ္အႁမြက္ကို ဖုံးကြယ္ရန္ မ်က္လႊာခ်လိုက္သည္။ ထိန္းမရေသာအရာတစ္ခု သူ႔မ်က္လုံးမ်ားမွက်လာၿပီး တုန္ရီေနေသာ မ်က္ေတာင္မ်ားကို စိုစြတ္သြားေစသည္။

ဝမ္းလိသည္ အရာအားလုံးကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ေလာက္ေအာင္ အနီးကပ္ရွိေနသည္။ သူမသည္ အံ့အားသင့္စြာျဖင့္ ႏႈတ္ခမ္းကို က်ယ္က်ယ္ဖြင့္လိုက္ၿပီး ေနာက္တစ္စကၠန႔္တြင္ စုန္႔ယန္က သူမကို သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္၏။

"အား အား အား!!!"

"ဖက္ေနၾကတယ္!!!"

"ဝိုး၊ နမ္းေတာ့မယ္! နမ္း​ေတာ့မယ္!"

ေက်ာင္းသားမ်ား၏ ေအာ္ဟစ္သံမ်ားၾကားတြင္ ကင္မရာသမားက မွန္ဘီလူးကို ခ်က္ခ်င္းခ်ိန္႐ြယ္လိုက္၏။

ဤေက်ာင္းသားငယ္မ်ားသည္ စိတ္လႈပ္ရွားမႈအတြက္ စိတ္အားထက္သန္ၾကၿပီး အ႐ြယ္မေရာက္ေသးသူမ်ားအေနျဖင့္ ခ်ဳပ္ေႏွာင္မႈကင္းမဲ့ၾကသည္။ သူတို႔သည္ အရွက္မဲ့စြာ ေအာ္ဟစ္အားေပး​ေနၾကသည္။ ဒက္ဆီဘယ္မ်ားႏွင့္ သူတို႔၏အသံမ်ားမွ စိတ္လႈပ္ရွားမႈမ်ားက သူတို႔အား ေပြ႕ဖက္ၿပီး ျပင္သစ္အနမ္းကို နမ္း​ေစခ်င္​ေနသလို။

ဝန္ထမ္းေတြအားလုံးက အ႐ြယ္ေရာက္ၿပီးျဖစ္၍ အ​ေတာ္​ေလး ေအးေအးေဆးေဆးပင္။ အမ်ားအျပားက အၾကည့္ခ်င္းဖလွယ္ၾကၿပီး သူတို႔၏အမူအရာမ်ားမွာ ရယ္ေမာစရာ​ေကာင္းေသာ္လည္း အနည္းငယ္ အကူအညီမဲ့သြားၾကသည္။

ဒါ႐ိုက္တာယန္က တြက္ခ်က္မႈလြဲေနသည္။ သူသည္ အဖြဲ႕ခ်တ္ထဲတြင္ ဝမ္း​ေလာင္ရွီးကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး သူမ၏အကြက္သည္ ေခတ္ေနာက္က်လြန္းသည္ဟု ဆိုခဲ့ေသာ္လည္း စုန္႔​ေလာင္ရွီးသည္ ထိုအတြက္ က်ရႈံးသြားသည္။

ဆို​ေတာ့ ဒီလွည့္ကြက္က အလုပ္ျဖစ္သ​ေ႐ြ႕ အသစ္လား အေဟာင္းလားဆိုတာ အ​ေရးမႀကီး​ေတာ့​ေပ။

စုန္႔ယန္က သူ႔ႏႈတ္ခမ္းေတြကို ဖြဖြဖိကာ ငုံ႔လိုက္ၿပီး ခက္ခက္ခဲခဲႏွင့္ ေခါင္းကို သူမ့လည္ပင္းမွာ ျမႇဳပ္လိုက္သည္။

သူသည္ မိုက္ခ႐ိုဖုန္းခလုတ္ကို ပိတ္လိုက္ၿပီး ေက်ာင္းသားမ်ား၏ အဆက္မျပတ္ေအာ္ဟစ္သံမ်ားႏွင့္ မီးရွဴးမီးပန္းပစ္သံမ်ားၾကားတြင္ ႏွာသံျဖင့္ မရွင္းမလင္း​ေျပာလာသည္ “ကိုယ့္ကို ကင္မရာမ႐ိုက္မိေစနဲ႔”

ဝမ္းလိက သူ႔ကို ျပန္ေပြ႕ဖက္ထားရင္း သူမ လုံးဝအံ့အားသင့္သြားသည္။ ကေလးကိုေခ်ာ့ေနသလိုမ်ိဳး သူ႔အား ျမန္ျမန္ႏွစ္သိမ့္လိုက္သည္ “လိမၼာတယ္ မငိုနဲ႔”

စုန္႔ယန္က တိုးတိုးေလးရယ္လိုက္ၿပီး သူမလည္ပင္းကို ရႈရႈိက္ရင္း ဝမ္းလိအား မသိစိတ္က ထူးဆန္းသည့္ခံစားခ်က္ကို ျဖစ္ေပၚေစသည္။

ဒီလိုအေနအထားမ်ိဳးကို အျမင္ခံရမွာေၾကာက္၍ သူက သူမကို အျမန္ပင္ပိုတင္းတင္းၾကပ္ၾကပ္ ​ေပြ႕ဖက္ထားရင္း သူ႔ေလသံက အျပစ္တင္​ေနစဥ္မွာ မရွင္းမလင္းကာ ေျခာက္​ေသြ႕​ေနၿပီး "မင္းက... စီစဥ္သူလား?"

"စီနီယာ" ဝမ္းလိက ၿပဳံးရင္း အျခားဘယ္သူမွ မၾကားႏိုင္​ေလာက္​သည့္ သူတို႔ပတ္ဝန္းက်င္က ဆူညံသံေတြကို အခြင့္​ေကာင္းယူလိုက္သည္။ ေနာက္ဆုံးေတာ့ သူမ အေျပာခ်င္ဆုံးစကားေတြကို သူ႔နားထဲမွာ တိုးတိုးေလးေျပာလိုက္​ေတာ့၏ "ကြၽန္မ ရွင့္ကို တိတ္တိတ္ေလး ႀကိဳက္ေနတာၾကာၿပီ၊ ကြၽန္မ့ေကာင္​ေလး ျဖစ္​​ေပးလို႔ရမလား?"

စုန္႔ယန္၏အၾကည့္မ်ားမွာ ေအးခဲသြားသည္။ အထက္တန္းေက်ာင္းဝင္းအတြင္း ေက်ာင္းသားငယ္မ်ားျဖင့္ ဝန္းရံထားသည့္ အထက္တန္းေက်ာင္းဝတ္စုံဝတ္ထားသည့္ ဝမ္းလိသည္ လြန္ခဲ့ေသာဆယ္ႏွစ္ခန႔္က သူလြဲ​ေခ်ာ္သြားခဲ့ေသာ ဝန္ခံသည့္ျမင္ကြင္းကို ျပန္ယူလာကာ ဆယ္ႏွစ္အၾကာတြင္ ယင္းကို ျပန္ေပးရန္အတြက္ တူညီ​ေသာနည္းလမ္းကို အသုံးျပဳခဲ့သည္။

စုန္႔ယန္ကို ျပန္တုံ႔ျပန္လာသည့္ အသက္ဆယ့္ေျခာက္ႏွစ္အ႐ြယ္ ဝမ္းလိကဲ့သို႔ပင္။

သူမက တိုက္႐ိုက္မေျပာ​ေသာ္လည္း ႏူးညံ့သိမ္ေမြ႕စြာ ဖုံးကြယ္ထားသည့္နည္းျဖင့္ ​ေျပာဆိုျခင္းကို သူတို႔ႏွစ္ဦးသာ နားလည္ႏိုင္သည္။ သူ႔လွ်ိဳ႕ဝွက္ခ်က္ကို သူမသိေၾကာင္း ေျပာျပေသာ္လည္း သူမသည္ ဝန္ထုပ္ဝန္ပိုးဟု မယူဆခဲ့ေပ။ ဆန႔္က်င္ဘက္တြင္၊ သူမသည္ ေက်းဇူးတင္ၿပီး ​ေက်နပ္စရာ​ေကာင္း​ေအာင္ပင္ အံ့ၾသဖြယ္ေကာင္းလွသည္။

သူမသည္ ဤခ်စ္ျခင္းေမတၱာကို တူညီ​ေသာနည္းအတိုင္းျပန္​ေပးရန္ ဆုံးျဖတ္ခဲ့သည္။

သူ သူမကို ခ်စ္သည့္အတိုင္းအတာအထိ သူ႔ကို ခ်စ္​ေပးသည္။

ဤနည္းျဖင့္၊ လြန္ခဲ့ေသာဆယ္ႏွစ္က သူမ​ေမ့ႏိုင္​ေသာ၊ ျပန္မ​ေျပာရဲ​ေသာ စုန္႔ယန္၏စြဲလမ္းမႈႏွင့္ ပ်က္ျပယ္သြားေသာ ဒဏ္ရာသည္ ေနာက္ဆုံး​ေတာ့ သူမ​ေၾကာင့္ အမွတ္ရစရာအသစ္မ်ားျဖင့္ ျပည့္ႏွက္သြား​ေတာ့သည္။

စီနီယာအားယန္သည္ ဤအမွတ္တရအတြက္ စိတ္မေကာင္းျဖစ္မိေတာ့မည္မဟုတ္ေပ။ ဂ်ဴနီယာအားလိက သူ႔မွတ္ဉာဏ္ေတြကို ေတာက္ပၿပီး ေႏြးေထြး​ေသာအဝါေရာင္ေလးျဖစ္ေအာင္ ​ေျပာင္း​ေပးလိုက္​ေသာေၾကာင့္ မီးရွဴးမီးပန္းရင္ျပင္သို႔လာရမွာကို သူ မေၾကာက္ေတာ့ပါ။

သူက သူမကို တင္းတင္းၾကပ္ၾကပ္​ေပြ႕ဖက္ထားၿပီး ေလးေလးနက္နက္ သေဘာတူညီသံျပဳကာ ျပန္​ေျဖ​ေပးလိုက္သည္ “ဝမ္း​ေျမာက္မိပါတယ္”

သူမကို သူ႔ရင္ခြင္ထဲမွာ ​ေပြ႕ဖက္ထားရင္း သူ႔၏ျပင္းထန္​ေသာႏွလုံးခုန္သံဟာ ဒရမ္တစ္ခုလို စည္းခ်က္ညီညီ တုန္ခါေနသည္။

သူ႔ႏွလုံးသား ေတြးေနတာက တကယ္ေကာင္းတယ္။ သူသ​ေဘာက်​​ေနတဲ့ ေကာင္မေလးက မဂၢဇင္းေတြမွာပါတဲ့ အမ်ိဳးသမီးေတြထက္ ပိုေကာင္းတယ္။ သူမက ကမာၻေပၚမွာ အႏူးညံ့ဆုံးမိန္းကေလးတစ္​ေယာက္။

——

ေနာက္ထပ္တစ္ေန႔ ႐ိုက္ကူး​ေရးၿပီးသြားေတာ့ အဖြဲ႕က ဟိုတယ္ကို ျပန္သြားသည္။

ကားေပၚတြင္ အနားယူေနေသာ ဝမ္းလိသည္ ဒါ႐ိုက္တာယန္ထံမွ ဖုန္း​ေခၚဆိုမႈ ရရွိလာသည္။ သူမသည္ ေခၚဆိုမႈကိုေျဖၾကားၿပီး စပီကာဖြင့္ထားလိုက္သည္။

ဒါ႐ိုက္တာယန္က အစကတည္းကပင္ ႐ိုး႐ိုးသားသားေျပာလာသည္ "မေန႔ညက ႐ိုက္ကူးထားတာကို ခုနက ၾကည့္လိုက္တယ္"

ဝမ္းလိ၏​ေလသံက ရွက္႐ြံ႕​ေနၿပီး "ဘယ္လိုလဲ? ကြၽန္မရဲ႕​ေဖ်ာ္​ေျဖမႈက မေကာင္းဘူးလား?"

"မဆိုးပါဘူး" ဒါ႐ိုက္တာယန္က သူမကို ပထမဆုံး ခ်ီးက်ဴးလိုက္ၿပီး​​ေနာက္ ခ်က္ခ်င္းပင္ ႐ိုက္ႏွက္လာ​ေတာ့သည္ "ဒါေပမယ့္ အကြက္က ေခတ္​ေနာက္က်လြန္းတယ္"

ဝမ္းလိသည္ ခ်က္ခ်င္းမ်က္ႏွာပ်က္သြား​ေတာ့သည္။ သူမသည္ စုန္႔ယန္ကို အနည္းငယ္ လြမ္းေဆြးေသာအၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး ပါးစပ္ဟကာ အသံတိတ္ျဖင့္ "အားလုံး ရွင့္အျပစ္ပဲ၊ ရွင့္ကို ​ေကာ္ပီယူလိုက္လို႔"

စုန္႔ယန္က အျပစ္မတင္ဘဲ ႏႈတ္ခမ္းေကြးသြားကာ ပါးစပ္ဟကာ ျပန္​ေရ႐ြတ္​ေျပာလိုက္သည္ "ေတာင္းပန္ပါတယ္ ကိုယ္မွားသြားတယ္"

ဝမ္းလိက သူ႔ကို မ်က္ေစာင္းထိုးၿပီး ဒါ႐ိုက္တာယန္ကို အျမန္ျပန္ေျပာလိုက္သည္ "ဘယ္နားက ​​ေခတ္​ေနာက္က်​ေနလို႔လဲ၊ ရင္ခုန္စရာ ေကာင္းတယ္လို႔ ကြၽန္မ​ေတာ့ထင္တာပဲ၊ စုန္႔​ေလာင္ရွီးက ဘယ္ေလာက္​ေတာင္ ထိမိသြားလဲ ၾကည့္စမ္း၊ သူ...." သူမ လွ်ာကိုကိုက္လုမတတ္ျဖစ္ကာ "သူ ထိရွသြားတယ္​ေလ!"

"ထိရွသြားတယ္? ငါ​ေတာ့ မျမင္မိပါဘူး"

"ဒါ႐ိုက္တာယန္၊ ရွင္က ပါဝင္တဲ့သူမဟုတ္​ေတာ့ နားလည္မွာမဟုတ္ဘူး" ဝမ္းလိက ယုံၾကည္ခ်က္ရွိရွိျဖင့္ "ပရိသတ္ေတြက နားလည္မွာပါ၊ ဘယ္လိုပဲျဖစ္ျဖစ္ အပိုင္းရွစ္မွာ ပရိသတ္အားေပးမႈ ျမင့္မားမယ္လို႔ ကြၽန္မအာမခံတယ္"

ဒါ႐ိုက္တာယန္က စ​ေနာက္ကာ "႐ိုး႐ိုးသားသားေျပာရရင္ ငါသာဆိုရင္ ငါ့ဇနီးက ဒီလို႐ိုမန္တစ္ဆန္တာမ်ိဳးလုပ္လာရင္ ငါ သူမကိုဖက္ၿပီး အဲဒီ​ေနရာမွာဘဲ နင့္နင့္နဲနဲနမ္းရႈိက္မိမွာပဲ၊ ဒါေတြအားလုံးကို မင္းတို႔​ေရာ လုပ္ႏိုင္ပါ့မလား?"

ဒါကိုၾကားေတာ့ ဝမ္းလိအပါအဝင္ ေရွ႕ခန္းမွာ ထိုင္ေန​ေသာ လက္ေထာက္ႏွစ္ေယာက္လည္း ရယ္ေမာလိုက္ၾက၏။

စုန္႔ယန္ကသာ ၿငိမ္သက္ေနၿပီး စကားတစ္ခြန္းမွမေျပာဘဲ သူ႔လက္ေခ်ာင္းကို ပါးစပ္​ေပၚဖိကာ ကားျပတင္းေပါက္မွ အျပင္ကိုလွမ္းၾကည့္​ေနသည္။

"ဒါ႐ိုက္တာယန္... ရွင့္ရဲ႕ ဇနီးကို ဒီေလာက္ထိ စြဲလမ္းေနမယ္လို႔ ကြၽန္မမေမွ်ာ္လင့္ထားမိဘူး" ဝမ္းလိက ရယ္ရင္း အကူအညီမဲ့ေျပာလိုက္သည္။

"ဟုတ္တာ​ေပါ့၊ မင္းက ငါ့ကို ဘယ္သူထင္လို႔လဲ?၊ လူတိုင္းက စုန္႔ယန္လိုမဟုတ္ဘူး" ဒါ႐ိုက္တာယန္က အေလးေပးေျပာၾကားခဲ့ၿပီး "သူက ရသစုံရႈိးေတြမွာ အေတြ႕အႀကဳံအမ်ားႀကီးမရွိေပမယ့္ မင္းက အေတြ႕အႀကဳံရွိၿပီးသားပဲဟာ၊ မင္း​ေယာက်္ားကို ခဏခဏေခၚသြား​ေပးသင့္တယ္၊ သူတုံ႔ျပန္တာက ထိုင္းလြန္းတယ္"

အံ့ၾသစရာေကာင္းတာက၊ ဒါ႐ိုက္တာယန္ဟာ စုန္႔ယန္၏​ ေအာင့္အည္း​ေနသည့္တုံ႔ျပန္မႈကို မေက်မနပ္ျဖစ္ေနပါသည္။

ဝမ္းလိက မေက်မနပ္လုံးဝမျဖစ္ပါ။

ဝမ္းလိက စုန္႔ယန္ကို သဘာဝက်က်ပင္ ခုခံကာကြယ္​ေပးၿပီး "ပတ္ဝန္းက်င္မွာ အသက္မျပည့္ေသးတဲ့သူေတြ အမ်ားႀကီးရွိတာကို၊ မ​သင့္​ေတာ္တဲ့ပုံစံကိုျပတာက မ​ေကာင္းသလို လူအမ်ား​ေရွ႕မွာ ခ်စ္ခင္ျပတာက မေကာင္းဘူး"

ဒါ႐ိုက္တာယန္က သ​ေဘာမတူဘဲ "ဒီအသက္မျပည့္ေသးတဲ့လူေတြက ဘာမွနားမလည္ဘူးလို႔ ထင္​ေနတာလား?၊ သူတို႔က မင္းနဲ႔စုန္႔ယန္ထက္ ပိုသိတယ္ဆိုတာ ယုံလား?"

"ဒါေပမယ့္ အဲဒါက ထုတ္လႊင့္မႈကို ထိခိုက္ေစရင္ မေကာင္းဘူး​​ေလ၊ ကေလးေတြ ေတာ္ေတာ္မ်ားမ်ားက ကြၽန္မတို႔ရဲ႕အစီအစဥ္ကို ၾကည့္ေနၾကတာ"

"အဲဒါအတြက္ စိတ္ပူဖို႔ လိုလို႔လား?၊ ငါတို႔သာ သက္ေရာက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္တယ္ဆိုရင္ မထုတ္လႊင့္ခင္မွာ တည္းျဖတ္လိုက္မွာ​ေပါ့"

ဝမ္းလိသည္ စကၠန႔္အနည္းငယ္မွ် တုံ႔ဆိုင္းေနၿပီး အကူညီမဲ့စြာျဖင့္ "ဘာပဲျဖစ္ျဖစ္ ရွင္ျပန္တည္းျဖတ္မယ္ဆိုမွ​ေတာ့ ဘာလုပ္ဖို႔ နမ္းရဦးမွာလဲ?"

တီဗီဒရာမာ႐ိုက္ကူးျခင္းကဲ့သို႔ပင္၊ ဒီအရာ​ေတြသည္ အလြန္ထိခိုက္လြယ္ၿပီး ဆင္ဆာမျဖတ္ႏိုင္ေသာ အခ်ိဳ႕ေသာဇာတ္ကြက္မ်ားပင္။ ထိုအရာ​ေတြကို ႐ိုက္ကူးျခင္းက အသုံးမဝင္ဘူးဆိုမွေတာ့ ဘာထူးမည္လဲ?။ အဲဒီဇာတ္ကြက္ေတြကို ဇာတ္ၫႊန္းကေနျဖဳတ္လိုက္တာက ပိုအဆင္ေျပပါသည္။

ဒါ႐ိုက္တာယန္က ခဏေလာက္ ၿငိမ္သက္သြားၿပီး အခိုင္အမာဆို၏ "မင္းတို႔က မင္းတို႔အပိုင္းလုပ္၊ ငါတို႔က ငါတို႔အပိုင္း ငါတို႔လုပ္မယ္၊ ျပႆနာရွိလား?"

ဝမ္းလိက စိတ္ရႈပ္သြားသည္ ။

"ဒါ႐ိုက္တာယန္၊ ရွင္ ဒီေန႔ အရက္ေသာက္ထားတာလား?"

"မ​ေသာက္ပါဘူး" ဒါ႐ိုက္တာယန္က ပင္ပန္းစြာ သက္ျပင္းခ်လိုက္ၿပီး "မင္းတို႔ႏွစ္ေယာက္ ဘာမွ နားမလည္ဘူး၊ အိုး ​ေကာင္းၿပီ၊ ထားလိုက္​ေတာ့..."

အဲဒီ့ေနာက္ပိုင္းမွာ သူတို႔သည္ ​ေန႔႐ိုက္ကူးေရးေတြအ​ေၾကာင္း မေဆြးေႏြးေတာ့​ေပ။ အပိုင္း(၈)ကို ေနာက္တစ္ပတ္ထုတ္လႊင့္ခ်ိန္မွာေတာ့ ထုတ္လုပ္ေရးအဖြဲ႕က ပရဟိတတိုက္႐ိုက္ထုတ္လႊင့္မႈေတြ ျပဳလုပ္ၿပီး အပိုင္းကို ပရိသတ္ေတြႏွင့္အတူ ျပန္လည္တုံ႔ျပန္ဖို႔ စီစဥ္ေနသည္ဟု ဒါ႐ိုက္တာယန္က ေျပာလာသည္။

ဤၫႊန္ၾကားခ်က္မ်ားေပးၿပီးေနာက္ ဒါ႐ိုက္တာယန္က ဖုန္းခ်သြား​ေတာ့သည္။

ကားသည္ တိတ္ဆိတ္သြားေသာ္လည္း ဒါ႐ိုက္တာယန္၏ ကားေၾကာင့္ ဝမ္းလိသည္ ယင္းကို နားမလည္ႏိုင္စြာ ေတြးေနမိသည္။

အသက္ငါးဆယ္နီးပါးမွာေတာင္ ဒါ႐ိုက္တာယန္က သူ႔မိန္းမကို အရမ္းသေဘာက်ေနတုန္းပင္။ သူမႏွင့္စုန္႔ယန္သည္ ငယ္႐ြယ္ေသးၿပီး သူမသည္ သူ႔အတြက္ ဒီလိုႀကီးႀကီးမားမား အံ့အားသင့္စရာကို ျပင္ဆင္ထားခဲ့သည္။ သူသည္ ေလးေလးနက္နက္ တုန္လႈပ္သြားေသာ္လည္း သူ႔တုံ႔ျပန္မႈက အလြန္အမင္းထိုင္းမႈိင္း​ေနသလိုပင္။

မ​ေန႔က စုန္႔ယန္သည္ သူမ့အား ႏွစ္ေပါင္းမ်ားစြာ တိတ္တဆိတ္ခ်စ္ေနခဲ့ေၾကာင္း ဝမ္းလိ သိလိုက္ရေသာအခါ စုန္႔ယန္သည္ ထိုအခ်ိန္က သူမအနားတြင္မရွိခဲ့သည္မွာ ေကာင္းသည္ဟု ခံစားမိသည္။ ဒီလိုမွမဟုတ္ရင္ သူမ၏စိတ္လႈပ္ရွားမႈေၾကာင့္ သူမကိုယ္သူမ ​ေသခ်ာ​ေပါက္မထိန္းႏိုင္ဘဲ သူ႔အား တစ္ရွိန္ထိုး နမ္းလိုက္မိမွာသာ။

ဒီအေၾကာင္းကို သူမ ပိုေတြးေလေလ၊ ဒီလူက ေအးစက္လြန္းတယ္ဟု သူမ ခံစားလာရေလေလပါပဲ။

သူသည္ အထက္တန္းေက်ာင္းတုန္းက ေအးစက္ၿပီး ဆယ့္ေျခာက္ႏွစ္အ႐ြယ္ဝမ္းလိကို တြန္းထုတ္ခဲ့သည္။ အခု သူတို႔ႏွစ္ေယာက္လုံး ႀကီးျပင္းလာၿပီး ႐ုပ္ရွင္ႏွင့္တီဗီရႈိးအမ်ားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ေနၾကၿပီျဖစ္​ေသာ္လည္း သူဘာေၾကာင့္ ဒီေလာက္ေတာင္ မထူးျခားေသးရတာလဲ?။ ဤစြဲမက္ဖြယ္ေကာင္းၿပီး အေပၚယံ ေဖ်ာ္ေျဖေရးနယ္ပယ္သည္ သူ၏ကိုယ္ရည္ကိုယ္ေသြးကို လုံးဝေျပာင္းလဲသြား​ေအာင္ မလုပ္ႏိုင္​ေသးသည္လား?။

ဝမ္းလိက ဒါကို တလမ္းလုံးေတြးေတာ​ေနၿပီး အထက္တန္းေက်ာင္းက ေရခဲတမွ်​ေအးစက္​ေသာစီနီယာက သူမ၏ေရခဲတမွ်ေအးစက္​ေသာ ​ေယာက်္ားျဖစ္လာသည္ဟူ၍သာ နိဂုံးခ်ဳပ္လိုက္ပါ၏။ ေနာက္ဆယ္စုႏွစ္အနည္းငယ္ၾကာသူမ့ဘဝဟာ သနားစရာဟု ​ေတြးလိုက္မိသည္။

ေနာက္ဆုံးေတာ့ သူတို႔ ဟိုတယ္ကိုေရာက္ၿပီး အခန္းထဲဝင္သြား​​လိုက္သည္။ မထိန္းႏိုင္​ေတာ့ဘဲ သူမအထဲကို လွမ္းဝင္လာသည္ႏွင့္ ဝမ္းလိက ေလးနက္ဟန္ေဆာင္ၿပီး "စုန္႔​ေလာင္ရွီး၊ ဒါ႐ိုက္တာယန္​ေျပာတာ အဓိပၸာယ္ရွိတယ္လို႔ထင္တယ္၊ ဒီညက ရွင့္ရဲ႕တုံ႔ျပန္မႈက...အ!"

သူမစကားမဆုံးခင္ စုန္႔ယန္က သူမကို ခါးကေန'မ'လိုက္​ေသာ​ေၾကာင့္ လန္႔ကာေအာ္လိုက္သည္။

ထိုလူထံမွ သာယာေအးျမေသာရနံ႔ႏွင့္ သူ႔စကားမ်ားက ဝမ္းလိ၏ခႏၶာကိုယ္ကို လႊမ္းၿခဳံသြားကာ သူမ့အား အလိုလိုတုန္လႈပ္သြားေစသည္။ သူမ၏ႏွလုံးသည္ အထိန္းအကြပ္မဲ့စြာ တဒိန္းဒိန္းခုန္​ေနၿပီး သူ႔လည္ပင္းကို အလိုလိုဖက္တြယ္လိုက္၏။

"ကိုယ္ တစ္လမ္းလုံးေတာင့္ခံထားရတာ" စုန္႔ယန္က တိုတိုတုတ္တုတ္ပင္ "မင္း ေနာက္မွၿပီးေအာင္​ေျပာ​ေတာ့​ေနာ္"

*******************

T/N: ဒီ​ေန႔ Paid မွာ အကုန္လုံးဝၿပီးသြားပါၿပီ။ အခုဒီမွာ အပိုင္း ၇၅ ​ေရာက္ၿပီဆို​ေတာ့ အပိုင္း ၈၀ ေရာက္ရင္ Paid က ၁၅၀၀ နဲ႔ဝင္လို႔ရမွာပါ။ ဒီကျားထဲဝင္ခ်င္ရင္ေတာ့ ၂၀၀၀ ပါ။ Fre_Rella tele ကိုလာေပျာလို႔ရပါတယ္။
__________________________________

Continue Reading

You'll Also Like

62.5M 2.6K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...
16.5K 1.4K 5
လမ္​းခြဲျခင္​း မွတ္​စု - မိန္​းမတစ္​ေယာက္​ရဲ႕ လမ္​းခြဲျခင္​းအေၾကာင္​း လမ်းခွဲခြင်း မှတ်စု - မိန်းမတစ်ယောက်ရဲ့ လမ်းခွဲခြင်းအကြောင်း
201K 9K 105
own creation mature content normal love by alinkar nang 🌿 ငါလေးက ခွေးသွေးပက် စာအုပ်ထဲကိုဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် intro.... ငါလေးက ခွေးသွေးပက...
356K 34.1K 62
ခ်င္းလ်န္ သိထားတာ တစ္ခုရွိတယ္။ အဲဒါက သခင္ေလးမွာ ခ်စ္ရတဲ့ မိန္းမလွေလး ရွိေနတာပဲ။ အလိုမက်စြာနဲ႔ ေရကန္ကို ငံု႔ၾကည့္ေတာ့ အညိဳေဖ်ာ့ေရာင္အဝတ္အစားနဲ႔ အမ်ိဳ...