Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 24
_____________
နေ့စဉ်နေ့တိုင်းလိုလိုပဲ ပြေးဆွဲပြီး လူတွေအများကြီးအမြဲစည်ကားနေတဲ့ လော့ယန်မြို့ရဲ့ဘူတာရုံက
နေအမျိုးသမီးတစ်ယောက်ထွက်လာတယ် ဂါ၀န်ဒူးဖုံးပြီးဦးထုပ်ဆောင်းထားကာ အထက်တန်းစားဆန်ဆန်
၀တ်ထားတဲ့သူမကို ထွက်သွားထွက်လာလုပ်နေကြသော
အမျိုးသားတွေက လည်ပြန်ကြည့်နေကြလေတယ် သူမကတော့
ရပ်ထားတဲ့ကားနားကိုသွားပြီး ငှားလိုက်တယ်။
"မြို့အုပ်ရုံးကိုမောင်းပေးနော်"
မြို့အုပ်ရုံးထဲကို၀င်တော့ အထဲကသူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ စာရေးမလေးတွေကဘာကူညီပေးရမလဲလို့လာလာမေးကြတယ်။
"တို့က...၀မ်နဲ့တွေ့ချင်ရုံပါပဲ"
"ရှင်....မြို့အုပ်ကိုပြောတာလား"
"အင်း..."
"အကြောင်းကြားပေးပါ့မယ် ခဏနော်"
"ရတယ်..ရတယ် အလုပ်ရူပ်မခံပါနဲ့တော့ တို့ပဲတက်သွားလိုက်ပါ့မယ် ၀မ့်ရဲ့...ဘယ်လိုပြောရမလဲ...သူငယ်ချင်းဟောင်းတစ်ယောက်ပေါ့"
"...."
သူမကလှေကားထစ်တွေတိုင်းမှာ ဒေါက်ဖိနပ်သံက တဒေါက်ဒေါက်
ကဆူညံလွန်းပါတယ် သူမအခန်းရှေ့ရောက်ပြီးတံခါးခေါက်ဖို့ပြင်
လိုက်ပေမဲ့ မခေါက်ပစ်တော့ပါ တံခါးဆွဲဖွင့်လို့အထဲ၀င်လာလိုက်သည်။
"မတွေ့တာကြာပြီနော် ၀မ်...."
"ယွမ်နင်..."
"တော်ပါသေးတယ် ယွမ်ရဲ့ နာမည်ကိုမှတ်မိနေသေးလို့ပေါ့..."
"...."
"ပြန်လာတာ...၀မ်နဲ့တွေ့ချင်လို့ အစကတော့ ပါးရဲ့အမိန့်ကြောင့်
အနောက်နိုင်ငံမှာပညာသွားသင်ရတာ...သိပ်ကိုနောင်တရတာပဲ"
"...."
"ဆိုတော့...၀မ်... ငါတို့တွေ အရင်လိုမျိုးပြန်နေ...."
သူမမြို့အုပ်၀မ်ရဲ့အနောက်ကိုကြည့်မိတော့ အံ့ဩသွားရပါတယ်
အနောက်တိုင်းဆန်ဆန်မဂ်လာဆောင်ထားသောပုံထဲမှာ ၀မ် နဲ့
နောက်ကောင်လေးနဲ့အတူတူရိုက်ထားတယ် သူမ၀မ့်ကိုပဲကြည့်နေ
ခဲ့လို့ ဒီဓာတ်ပုံကိုမမြင်ခဲ့ပါ။
*ချောက်*
"မောင်ရေ...ကျန့်ကျန့်ပျင်းလို့လာတယ်..."
တံခါးဖွင့်လို့ ပြုံးပျော်စွာနဲ့၀င်လာတဲ့ကောင်လေးကဓာတ်ပုံထဲက
၀မ်ရဲ့ကောင်လေး...။(နင်ရှပြီ)
"အာ...ဧည့်သည်ရှိတာကို...ကျန့်ကျန့်ဒီနားမှာပဲထိုင်နေမယ်နော်"
"ရတယ်...အချစ်...သူကအခုပြန်တော့မှာ"
ထိုကောင်လေးကိုတစ်လှည့် မြို့အုပ်၀မ်ကိုတစ်လှည့် သူမကြည့်နေ
မိပြီး မျက်ရည်တွေကမျက်လုံးနားမှာဝှေ့သီနေပြီ ။
"ကျဲကျဲက ဘာလို့ငိုတာလဲဟင်..."
"၀မ်..ရက်စက်တယ်...ယွမ့်ကိုစောင့်နေပါဆိုပြီး ပြောခဲ့တာတောင်မှ...."
"ငါစောင့်နေမယ်ဆိုပြီးပြောမိလို့လား"
"....."
သူမကပါးစပ်ကိုအုပ်ကာ ငိုယိုပြီးအခန်းထဲကနေပြေးထွက်သွားတော့သည် ရှောင်ကျန့်ကတော့ လိုက်ကြည့်နေရှာသည် ဘာတွေလဲဟ...။
"ကျဲကျဲ နေဦးလေ...."
"အချစ်...လိုက်ခေါ်စရာမလိုဘူး..အရေးကြီးဧည့်သည်မဟုတ်လို
အဆင်ပြေတယ်"
"...."
ရှောင်ကျန့်ကလက်လေးပိုက်လို့ မြို့အုပ်၀မ်ရှေ့လမ်းလျှောက်လာ
ပြီး ကိုယ်ကိုအနည်းငယ်ကိုင်းလို့ မြို့အုပ်၀မ်ကိုစိုက်ကြည့်နေသည်။
"မောင်...မှန်မှန်ပြောနော်..."
"အင်း...."
"ခုနက ကျဲကျဲကို....အလုပ်ဖြုတ်လိုက်တယ်မဟုတ်လား"
"...."
"အဲ့ကျဲကျဲသနားပါတယ်...စာရေးမတွေထဲမှာလဲမတွေ့မိပါဘူး
ဘယ်ဌာနကလူလဲ..."
"ကိုယ်ပြောပြီးသွားပြီ အရေးမကြီးဘူး သူ့အကြောင်းထပ်မပြောရအောင်"
"မောင်က...ကျန့်ကျန့်ကိုမပြောပြဘူး...."
"...."
"ကျန့်ကျန့်စိတ်ဆိုးတယ် မောင်ကအခြားမိန်းကလေးနဲ့ရုံးခန်းထဲမှာ
နှစ်ယောက်ထဲစကားပြောနေတာ အကြောင်းအရင်းလေးပြောပြကြည့်ပေါ့..."
"ကိုယ် မပြောပြချင်ဘူး သူနဲ့ကသာမာန်စကားပြောတာပဲ"
"...."
"ကိုယ့်ကိုသူနဲ့တွေ့တာ သ၀န်တိုလို့လား..."
"မ..မတိုပါဘူး..."
"အဲ့တာဆိုဘာကြောင့်လဲ..."
"ဟို...ဟိုဟာလေ...မောင်ကကွာ သူနဲ့နှစ်ယောက်ထဲစကားပြောနေတော့ အခြားသူတွေမြင်ရင်
အထင်လွဲမှာကြောက်လို့ပါဗျ"
"...."
ရှောင်ကျန့်ရဲ့ဖြေရှင်းချက်ကြောင့် မြို့အုပ်၀မ်က ပြုံးစိပြုံးစိ နဲ့ ခေါင်းတစ်ငြိမ့်ငြိမ့် နဲ့ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေတော့ ရှောင်ကျန့်အတင်းငြင်းသည် ။
"မောင်ကလည်း...ကျန့်ကျန့်ပြောသလိုပါပဲဆို..."
"အင်းပါ..."
"မောင်နော်...အဲ့ရုပ်ကြီးက ကျန့်ကျန့်ကိုစနေသလိုလိုကြီးနဲ့..."
"ကိုယ်လည်း ဘာမှမလုပ်မိပါဘူး မင်းဖြေရှင်းတာလေးကိုလက်ခံလိုက်တာပဲလေ"
"ဟွန်း...."
ရှောင်ကျန့်က ဆူပုတ်ပုတ်လေးနဲ့ အသံပါထွက်လာတော့ မြို့အုပ်၀မ်ခိုးရီလိုက်သည် ။
"ဟာ...မောင်နော် မရီနဲ့ မရီနဲ့လို့..."
"ခွီ...."
"မောင်ရာ..! ဟုတ်တယ် ! ကျန့်ကျန့်သ၀န်တိုတယ်...!"
ရီတာကိုရပ်လို့ မေးထောက်ကာ ရှောင်ကျန့်ကိုခေါင်းလေးအနည်းငယ်စောင်းလို့ကြည့်နေသည်
ရှက်သွားပုံပေါ်ပါတယ် ရှောင်ကျန့်မျက်နှာလေးတွေနီရဲသွားပြီး
ပြေးထွက်သွားတော့သည် ။
🐰🐷
ရှောင်ကျန့်မှာမြို့အုပ်ရုံးခန်းထဲတောင်မပြန်သွားဘူး အိမ်မှာပဲထိုင်
နေလေသည် ကျန်းစစ်ကိုလည်း ထမင်းကျွေးမယ်လို့လှမ်းခေါ်ထားတယ် သူ့ကိုသ၀န်တိုအောင်လုပ်
နောက်ပြီးစထားတာ ကျန့်ကျန့်မကျေနပ်ဘူး...။
*တောင်...တောင်*
ဧည့်ခန်းထဲကနာရီသံက၆နာရီထိုးနေလေပြီ မြို့အုပ်၀မ်ပြန်လာတော့မည် ကျန်းစစ်ကလည်း လာမှာဆိုတော့
ဟွန်း...ပြန်စရတာပေါ့...။
"ကျန့်ကျန့်ရေ...ကိုယ်လာတယ်နော်"
"အွန်း...ထိုင်..."
၁၅မိနစ်နေတော့ ကျန်းစစ်ရောက်လာပြီး စကားတွေထိုင်ပြောဖြစ်တယ် ၁နာရီ.... ၂နာရီ....၃နာရီ....
ကြာခဲ့ပြီ ည၉နာရီတိတိကိုရောက်ခဲ့ပြီ ကျန်းစစ်ကိုလည်းခေါ်ထား
ရတာအားနာလာတော့ ထမင်းကျွေးပြီးပြန်လွှတ်လိုက်တယ် ၉နာရီခွဲတော့မှ မြို့အုပ်၀မ်ပြန်ရောက်လာလေတယ်။
"ဟွန့်!..."
ရှောင်ကျန့်ခြေဆောင့်ကာ အိမ်ပေါ်ထပ်ကိုတက်သွားတယ် အလကားလူကြီး အိမ်ကိုနောက်ကျမှပြန်လာတယ်...လက်စားချေဖို့တွေးထားတာကို။
နာရီ၀က်နေတော့မှ ရောက်လာတော့ ရှောင်ကျန့် ခုတင်ပေါ်လှဲကာ
စောင်ကြီးခြုံလို့ မြို့အုပ်၀မ်ကိုကျောပေးထားတယ် ခဏကြာတော့
ရှောင်ကျန့်ကုန်းထလာပြီး မြို့အုပ်၀မ်ကိုကြည့်လိုက်သည် သူကတော့ကိုယ့်ကိုစိတ်ဆိုးနေတဲ့ရုပ်ကြီးနဲ့ ဆိုးပေါ့...ကိုယ်ကလည်း
နှစ်ဆပြန်ဆိုးရမှာပေါ့....။
"ရှောင်ကျန့်..."
မြို့အုပ်၀မ်အသံက အရင်လိုမျိုးလေသံမဟုတ်ဘဲ နည်းနည်းမာသည်။
"...."
"ကိုယ်ခေါ်နေတယ်လေ..."
"ပြော..."
"ကျန်းစစ်ကိုထမင်းဖိတ်ကျွေးတယ်ဆို..."
"ဟုတ်တယ်..."
"သူ့ကိုဘာလုပ်မလို့လဲ..."
"ကျန့်ကျန့် သူငယ်ချင်းမို့ ထမင်းဖိတ်ကျွေးတာ ဘာဖြစ်လဲ"
"ကျန်တဲ့သူတွေရော..ဖိတ်ပါလား ဘာလို့သူ့တစ်ယောက်ထဲကိုပဲ…..."
"သူ့ကိုပိုခင်လို့ပေါ့ဗျ"
"ကိုယ်မကြိုက်ဘူးနော်..."
"မကြိုက်လဲမတက်နိုင်ဘူး....မနက်ဖန်သူ့အိမ်သွားဦးမှာ"
"ရှောင်ကျန့်....ကိုယ်မကြိုက်ဘူးဆို မလုပ်နဲ့နော်..."
"ဟွန့်! သူ့ကြတော့ မိန်းကလေးနဲ့သီးသန့်စကားပြောရတာနဲ့
အိမ်ကိုထမင်းလေးဖိတ်ကျွေးမိတာကို ဖြစ်ပျက်နေတာ"
"...."
"မြို့အုပ်၀မ်ကရော...ဘာလို့နောက်ကျတာလဲ...."
"အဖိုးအိမ်သွားနေလို့ "
"အဲ့တာကျန့်ကျန့်ကိုလည်းလာခေါ်ပါလား…."
"ကိုယ်၈နာရီမှအလုပ်ပြီးတာ ပျက်ခဲ့တဲ့နှစ်ရက်အတွက်လုပ်နေရလို့ ကိုယ်လည်းမသိဘူး လမ်းရောက်တော့မှ ကျင်းရန်ကအဖိုး
ခေါ်တယ်ပြောလို့ သွားတာ"
"ဘာလို့လဲ...."
"အဖိုးခေါ်လို့သွားတာ အဲ့မှာယွမ်ရောက်နေလို့တဲ့"
"ယွမ်ဆိုတာက နေ့လည်ကတွေ့ခဲ့တဲ့ကျဲကျဲလား"
"ဟုတ်တယ်"
"ကျန့်ကျန့်လည်းမကြိုက်ဘူးနော်...သူမနဲ့သွားတွေ့နေတာ"
"သူမနဲ့သွားတွေ့တာမှမဟုတ်တာ အဖိုးကခေါ်လို့သွားတာလေ"
"ဟွန့်....! ကျန့်ကျန့်မကြိုက်ဘူး...."
"အေး...ငါလည်းမင်းကျန်းစစ်နဲ့တွေ့တာမကြိုက်ဘူး!"
"အဲ့တာထမင်းဖိတ်ကျွေးတာပါဆို!!"
"ရှောင်ကျန့် မင်းလေသံတွေတင်းနေတယ်နော်..."
"ဟုတ်တယ်ဟာ!!"
"ရှောင်ကျန့်!!"
သူတို့နှစ်ယောက်ကြားလေသံတွေကတင်းမာလွန်းပြီး ရှောင်ကျန့်က မျက်ရည်တွေဝဲတက်လာကာ ခုတင်ပေါ်လှဲလိုက်ပြီး ကျောပေးထား
လိုက်တယ်။
"ဟင်း...."
"ရွှတ်!..."
မြို့အုပ်၀မ်ကသက်ပြင်းချကာ ရှောင်ကျန့်ဘေးထိုင်လိုက်ပြီး
ရှောင်ကျန့်လက်မောင်းလေးကိုကိုင်လိုက်သည်။
"ရှောင်ကျန့်...."
"အင့်!"
မြို့အုပ်၀မ်လက်ကပုတ်ထုတ်ခြင်းခံလိုက်ရတော့ မြို့အုပ်၀မ်ကထပ်ကိုင်သည်။
"ရှောင်ကျန့်....ကိုယ်....ကိုယ်..တောင်းပန်ပါတယ်..."
"ရွှတ်!....ဟင့်!"
"မငိုနဲ့တော့နော်....ကိုယ်မုန့်၀ယ်ကျွေးမယ်လေ....မနက်ဖြန်ကျရင် မင်းနဲ့ကိုယ်နဲ့ မုန့်ဆိုင်သွားမယ်လေနော်"
"...."
"ကိုယ်လည်းမသိပါဘူး...သူကအဖိုးစီသွားမယ်မှန်း အဖိုးခေါ်တယ်ဆိုလို့ကိုယ်သွားတာပါ..."
"အဲ့တာ..အခြားသူစီပဲသွားပြော...."
"အချစ်....ကျန့်ကျန့်ရေ....လောင်ဖော...မငိုနဲ့နော်...
ကိုယ်တောင်းပန်ပါတယ်နော်..."
"အဲ့တာဆိုဘာလို့ကျန့်ကျန့်ကိုအော်လဲ...."
"ကိုယ်လည်း....မင်းလိုမျိုးဖြစ်နေလို့ပေါ့..."
"ဘာလဲ...သ၀န်တိုတာလား"
"အင်း...ဟုတ်တယ်...ကိုယ်အရမ်းသ၀န်တိုတယ်..."
"...."
လှည့်ကြည့်လာသောမျက်နှာလေးပေါ် ဝဲကျနေတဲ့ဆံပင်လေးတွေ
ကိုအသာလေးသပ်ပေးလိုက်သည် ။
*မွှ..*
မြို့အုပ်၀မ်က ရှောင်ကျန့်နဖူးလေးကိုအမြတ်တနိုးနဲ့နမ်းပြီး မျက်ရည်တွေကိုသုတ်ပေးနေလိုက်သည်။
"နောက်ဆို...ကိုယ်မကြိုက်တာမလုပ်နဲ့..."
"အွန်း...မြို့အုပ်၀မ်လည်း အဲ့မိန်းကလေးနဲ့မတွေ့နဲ့"
"ဘာကိုမြို့အုပ်လဲ..."
"ဟီး.....မှားလို့ဗျ...မောင်.."
"ထမင်းဖိတ်ကျွေးတာကဖိတ်ကျွေးရတယ် အခြားသူတွေပါခေါ်
ကျွေးချည်..."
"အင်း...မောင်လည်း သူမနဲ့တွေ့ရင် ကျန့်ကျန့်နဲ့အတူရှိမှတွေ့ရမယ်နော်
အကယ်လို့ကျန့်ကျန့်မပါဘဲနဲ့ သူမနဲ့လမ်းမှာတွေ့ရင် မသိချင်ယောင်ဆောင်နော်"
"အင်း...."
"ဒါနဲ့ ခုနကပြောတဲ့စကားလေ...ကျန့်ကျန့်ကိုမနက်ဖန်ကျရင်
မုန့်လိုက်၀ယ်ကျွေးနော်"
"အင်း....၀ယ်ကျွေးမယ်...အချစ်ကကြိုက်တာ၀ယ်စား ကြိုက်တာ၀ယ် ကိုယ်လိုက်ရှင်းပေးမယ်"
"ဟီး...အဲ့တာတွေကြောင့် မောင့်ကို....."
ရှောင်ကျန့်ကဆက်မပြောပဲရပ်နေတော့ မြို့အုပ်၀မ်ကမျှော်လင့်သလိုလေးနဲ့ စိုက်ကြည့်လာလေတယ်
ဘယ်ကိုမှအကြည့်မလွှဲသလိုမျက်တောင် တောင်ခတ်ရဲ့လားတောင်မသိ လူကိုနေရခက်အောင်လို့။
"ဆက်ပြောလေ...မောင့်ကို ဘာဖြစ်လဲ"
"ကျန့်ကျန့်အိပ်ချင်နေပြီ...ဝှား...."
"မရဘူး...မအိပ်ရဘူး..."
"မသိဘူး အိပ်ပြီ..."
မျက်လုံးမှိတ်သွားတဲ့ရှောင်ကျန့်ကို မြို့အုပ်၀မ်က အတင်းလိုက်နိူးပြီး မအိပ်အောင်လို့လိုက်လုပ်သည် ။
"ပြောလေ"
"ကျန့်ကျန့်အဲ့တာကို အရင်မပြောချင်ဘူး...မောင်အရင်ပြောမှပြောမယ်"
"ကိုယ်က မင်းအရင်ပြောတာကိုလိုချင်တာ"
"မရပါဘူး မောင်အရင်ပြော"
"ဟင့်အင်း မင်းအရင်ပြော"
"မောင်နော်...အကျင့်မပုတ်နဲ့ မောင်အရင်ပြောဆို!"
"မင်းအရင်ပြောလေ..."
"မပြောတော့ဘူး..."
"အေး ငါလည်းမပြောဘူးကွာ...."
မြို့အုပ်၀မ်ကသူ့ပေါ်ကနေဖယ်ပြီးဘေးနားလာလှဲသည် နှစ်ယောက်သားကျောပေးထားကြတယ် လှည့်ကြည့်ချင်နေကြတာ
သူတို့အပြင်မရှိတော့......နောက်ဆုံးသည်းမခံနိုင်လို့ နှစ်ယောက်သားပြိုင်တူလှည့်ကြည့်လာသည်။
"အတူတူပြောမယ်"
"အင်း"
"ချစ်တယ်"
"ချစ်တယ်"
နှစ်ယောက်လုံးကြောင်ကြည့်နေကြပြီး နှလုံးခုန်သံတွေကလည်း
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြားနေကြရပြီ ရှောင်ကျန့်ဘက်ကနေအရင်ဆုံး ပြောဖို့အတွက်ပါးစပ်လေးဟလိုက်တော့ မြို့အုပ်၀မ်ကလာနမ်းသည်။
*ပြွတ်စ်*
"ကိုယ်မင်းကို အရမ်းချစ်တယ် ရှောင်ကျန့်"
"အွန်း...ကျန့်ကျန့်လည်း...မောင်ဆိုတဲ့ ၀မ်ရိပေါ်ကို အရမ်းချစ်ပါတယ် လွန်ခဲ့တဲ့၂နှစ်ထဲက ချစ်ခဲ့ရတာပါ.."
ရှောင်ကျန့်ကမြို့အုပ်၀မ်ကို ဖက်ထားလိုက်တော့ ပြန်လည်တုံ့ပြန်ပေးတယ် ။
"ဟမ်...လွန်ခဲ့တဲ့၂နှစ်ကလား ကိုယ်တောင်မသိဘူး"
"ဘယ်သိမလဲ အရူးကြီးရဲ့....မြို့အုပ်အသစ်တင်မြှောက်ပွဲမှာ ပါးပါးနဲ့အတူလိုက်လာရင်းနဲ့ ထောင့်တစ်နေရာလေးမှာထိုင်နေရင်း
မောင့်ကိုစတွေ့ခဲ့ရတာ...အဲ့မှာ….အဲ့မှာ...ရွှတ်!...."
ပြောရင်းနဲ့ရှောင်ကျန့်ကငိုလာတာကြောင့် မြို့အုပ်၀မ်က နောက်ကျောလေးကိုလက်နဲ့ပုတ်ပေးသည်။
"အဲ့မှာ ၀မ်ရိပေါ် ဆိုတဲ့ မောင့်ကို ပထမဆုံးမြင်ပြီး ရင်ခုန်ခဲ့ရတာ...."
"...."
"ဒါပေမဲ့...မောင့်ကိုစကားပြောဖို့က ကြောက်တယ် မောင်ကမျက်နှာကြီးတည်ပြီး ဆေးလိပ်တွေရော အရက်တွေပါ
သောက် နောက်ပြီး ကျန့်ကျန့် ပါးပါးကိုလည်း ဘုကလန့်လိုက်ပြောဆိုတော့...."
"ကိုယ်က ကြောက်ဖို့ကောင်းခဲ့တာပဲ..."
"အင်း....အဲ့နေ့ကနေစပြီး မောင့်ကိုမတွေ့ရတော့ဘူး ကျန့်ကျန့်လည်းဖူးစာမပါဘူးဆိုပြီး စိတ်လျှော့ခဲ့တာ...ရွှတ်! ဒါပေမဲ့
ဘွဲ့ရပြီးတော့ မောင်နဲ့လက်ထပ်လိုက်ရတာ...."
"...."
"မောင်ကိုအစကကျန့်ကျန့်ကြောက်သေးတယ်....ကျန့်ကျန့်ဘက်ကလည်းဖုံးကွယ်ထားတာတွေရှိ...."
"ဟမ်..."
ရှောင်ကျန့်ပါးစပ်ကိုချက်ချင်းပိတ်လိုက်ကာ စကားတွေလွန်သွားခဲ့တာကိုပြန်ဖိဖို့စကားရှာနေရသည်။
"အဲ့မှာ...မောင်က ချစ်တဲ့သူတွေ့ရင်ကွာရှင်းမယ်ဆိုပြီးတော့...
ပြောလာတာနဲ့ ကျန့်ကျန့်လဲနောက်ဆုတ်ခဲ့ရတာပါ...အီး...ဟီး...ရွှတ်!"
ဖုံးထားစရာစကားမရှိတာနဲ့ စကားလမ်းကြောင်းပြောင်းချလိုက်ရသည် မြို့အုပ်၀မ်ပြန်အစမဖော်ပါစေနဲ့ ။
"ကိုယ်ကတော့ချစ်တဲ့သူတွေ့ခဲ့ရပြီ.....တောင်းပန်ပါတယ်နော်....
မင်းကိုနာကျင်စေခဲ့မိလို့...ချစ်တယ်...ရှောင်ကျန့် ကိုယ်ကနောက်ဆုံးမှချစ်တယ်လို့ပြောပေမဲ့လည်း ကတိပေးပါတယ်
မင်းကိုအခြားအရာတွေထက်ပိုချစ်ပါ့မယ်...."
"အင်း...."
ရှောင်ကျန့်မေးဖျားလေးတွေကိုကိုင်ကာမော့စေတော့ အလိုက်တသိလေးနဲ့မျက်နှာလေးမော့ပေးလာပြီး နူတ်ခမ်းချင်းလေးကလည်းထပ်တူကျစေလျက်။
------------------
(1.1.2024)
#Su🐼
ကြိုက်မယ်လို့မျှော်လင့်ပါတယ် အကုန်လုံးကလည်းဖွင့်ပြောစေချင်တာဆိုတော့...ဖွင့်ပြောလိုက်ပါပြီ
နှစ်သစ်လက်ဆောင်ပေါ့ 😗😗
Part 24
_____________
"အင်း..."
"...."
"ယွမ်နင်..."
"...."
"...."
*ချောက်*
ဝမ်ရဲ့ကောင်လေး...။(နင်ရှပြီ)
"....."
"ကျဲကျဲ နေဦးလေ...."
အဆင်ပြေတယ်"
"...."
"အင်း...."
"...."
ဘယ်ဌာနကလူလဲ..."
"...."
"...."
"မ..မတိုပါဘူး..."
"အဲ့တာဆိုဘာကြောင့်လဲ..."
"...."
"အင်းပါ..."
"ဟွန်း...."
"ခွီ...."
ပြေးထွက်သွားတော့သည် ။
🐰🐷
*တောင်...တောင်*
ဟွန်း...ပြန်စရတာပေါ့...။
"အွန်း...ထိုင်..."
"ဟွန့်!..."
"ရှောင်ကျန့်..."
"...."
"ကိုယ်ခေါ်နေတယ်လေ..."
"ပြော..."
"ဟုတ်တယ်..."
"သူ့ကိုဘာလုပ်မလို့လဲ..."
"ကိုယ်မကြိုက်ဘူးနော်..."
"...."
"အဖိုးအိမ်သွားနေလို့ "
"ဘာလို့လဲ...."
"ဟုတ်တယ်"
"ဟုတ်တယ်ဟာ!!"
"ရှောင်ကျန့်!!"
လိုက်တယ်။
"ဟင်း...."
"ရွှတ်!..."
"ရှောင်ကျန့်...."
"အင့်!"
"ရွှတ်!....ဟင့်!"
"...."
"ဘာလဲ...သ၀န်တိုတာလား"
"...."
*မွှ..*
"ဘာကိုမြို့အုပ်လဲ..."
"ဟီး.....မှားလို့ဗျ...မောင်.."
ကျွေးချည်..."
"အင်း...."
"မရဘူး...မအိပ်ရဘူး..."
"မသိဘူး အိပ်ပြီ..."
မျက်လုံးမှိတ်သွားတဲ့ရှောင်ကျန့်ကို မြို့အုပ်ဝမ်က အတင်းလိုက်နိုးပြီး မအိပ်အောင်လို့လိုက်လုပ်သည် ။
"ပြောလေ"
"မင်းအရင်ပြောလေ..."
"မပြောတော့ဘူး..."
"အတူတူပြောမယ်"
"အင်း"
"ချစ်တယ်"
"ချစ်တယ်"
*ပြွတ်စ်*
"...."
"...."
"ဟမ်..."
"အင်း...."
------------------
(1.1.2024)
#Su🐼
နှစ်သစ်လက်ဆောင်ပေါ့