Back To December
By yurino39
830 101 5
" The more you love , the more it hurts " More
Back To December (1)
Back To December (2)
Back To December (4)
Back To December (5)
Happy New Year
Back To December (3)
96 15 0
By yurino39
(Unicode)
မိုးလင်းတာနဲ့ အခုဆို သူ့အတွက်ဂရုစိုက်ပေးမဲ့သူသက်သက်ရှိနေပြီဖြစ်သည်။
Ring ~
" ဟယ်လို ဟျော့ဂီလေး သားကို ဆေးကုပေးမဲ့ ဆရာဝန် ဒီနေ့အိမ်လာလိမ့်မယ်နော်အဲ့တာ လှမ်းပြောပေးတာ "
" ဟုတ်ကဲ့ မေ "
" အဲ့ဆိုဒါဘဲနော် သား "
" ဟုတ် " တစ်ချက်ကဖုန်းချသွားပင်မဲ့ သူ့ကို အဆင်ပြေရဲ့လား ဆိုတဲ့ မေးခွန်းကိုစောင့်နေတာကြောင့်ဖုန်းကို ကိုင်ထားဆဲ။
*ဒေါက်
" အထဲက နိုးပီလား အကို မင်းအတွက် မနက်စာပြင်ထားတာ "
အချိန်ကြာသူဘာမှပြန်မပြောတာကြောင့် အခန်းတံခါးပွင့်လာသည်။
" ဟင်နိုးပြီလား ဘာလို့ ပြန်မဖြေတာလဲ "
" ... "
" ငိုထားတာလား "
" မဟုတ်ပါဘူး "
" ဟုတ်ပါတယ် မျက်ရည်တောင်စို့နေသေးတာကို "
" အကို " မနက်မှတွေ့တယ်ဆိုပင်မဲ့ အခုလို စိတ်ပင်ပန်းတဲ့အချိန်မှာတော့ တစ်စုံတစ်ယောက်ကိုဖက်ပြီး ငိုထားချင်သည်။
အကိုက သူ့ကိုပြန်မဖက်ပေးဘဲ " အဆင်ပြေလား
ဘာလို့ အဲ့လိုငိုနေတာလဲ တစ်ခုခုခံစားနေရတာလား
အကိုအမှားလုပ်ထားတာရှိလို့လား "
" မဟုတ်ဘူး " အကိုက သူဖက်ထားတာကို ပြန်လွှတ်စေချင်တဲ့ပုံ။
" ခဏလေးဘဲ အခုလိုနေပေးလို့မရဘူးလား ဟျော့ အရမ်း စိတ်ညစ်နေလို့ပါ " ထိုအချိန်မှာမှ အကို့ရဲ့လက်ကသူ့ကျောပေါ်ကို ရောက်လာပြီး ဖွဖွလေး ကျောကို သပ်ချပေးနေသည်။
" မငိုနဲ့ မငိုနဲ့ လောကကြီးမှာငိုတာနဲ့ဘာမှဖြေရှင်းလို့မရဘူး မျက်ရည်တစ်စက်ကျတာနဲ့ အရှုံးပေးပြီးသားဖြစ်သွားပြီ အဲ့တော့ အကောင်းဆုံးကိုစဉ်းစားရမယ် ကိုယ်အပျော်ဆုံးဖြစ်အောင်နေရမယ် "
" အကို ဘာလို့ ဟျော့ကမိသားစုကံဆိုးရတာလဲ "
" အော် ဒါကတော့ လူတစ်ယောက်ကဘယ်တော့မှ ဘက်စုံမပြည့်စုံနိုင်ဘူးလေ "
အကို့ဆီကနေ သက်ပြင်းချသံတစ်ခုကြားလိုက်သည်။ အကို့ဆီမှာလည်း မိသားစုအပူတွေများရှိနေမလား?
" မင်းဒီနေ့စိတ်မပျော်ရင် ကစားကွင်းသွားကြမလား လိုက်ပို့ပေးမယ် "
" အတည်လား "
" အင်း "
" ဒါမဲ့ ဒီနေ့ဆရာဝန်လာမှာတဲ့ "
" ညနေမှဆို "
" အကိုကောသိနေတာလား"
" အင်း ခုနက မင်းအမေ ဖုန်းခေါ်လို့ "
" အဲ့ဆို ဟျော့အဝတ်စားလဲပြီးဆင်းခဲ့မယ် အောက်ထပ်မှာစောင့်နှင့်နော် "
" အွန်း "
အကိုလည်း အဝတ်လဲထားပုံပေါ်သည်။
အကိုက အဖြူလေးနဲ့ဆိုတကယ်သန့်ပြီး တကယ်ချောလွန်းသည်။
" စီးရဲလား "
" အကိုကလား ? "
" အင်း "
" ဒါပေါ့ မင်းစီးလို့မရဘူးနော် မင်းရောဂါနဲ့ဆိုမရဘူး
မစီးနဲ့ တခြားဟာစီးကြမယ် "
" ဘာမှ မဖြစ်ဘူး စိီးရအောင်နော် အကို လုပ်ပါ တစ်ခါဘဲ ဟျော့ဘာမှမဖြစ်စေရဘူးတကယ်ပြောတာ"
အီမင်ဟျောင်းက သူ့ကို တချက်ကြည့်ပြီး Roller coaster စီးသင့်မစီးသင့်စဉ်းစားနေသည်။ အကို့လက်ကိုဆွဲပြီး အယ်ဂယိုအသံတွေပါသုံးလိုက်တာကြောင့် မတတ်နိုင်တဲ့ အဆုံး အီမင်ဟျောင်းလည်း ခေါင်းညိတ်ရတော့သည်။
" တစ်ခါဘဲနော် "
" ဟုတ်ကတိပေးတယ်အကိုကောလိုက်စီးမှာမလား"
" ဒါပေါ့ မစီးလို့မရဘူးလေ"
Roller Coaster စထွက်သည်နှင့် အကိုက သူ့လက်ကိုလာက်ိုင်ထားပေးသည်။ စီးတဲ့ တောက်လျှောက် ထိုကိုင်ထားတဲ့လက်ကိုဘဲဆက်တိုက်ကြည့်နေမိသည်။
Roller coaster ပေါ်က ဆင်းလာတာနဲ့ အကို့ဆီက
အဆင်ပြေရဲ့လား ဆိုတဲ့အသံကိုအရင်ဆုံးကြားရတော့ ပိုပြီး ရင်ခုန်သလိုခံစားရသည်။
" ရရဲ့လား "
" အကို ခဏ မမေးနဲ့ ဟျော့နှလုံးအရမ်းခုန်နေလို့ "
" ဘာလို့လဲ ဘာလို့လဲ အာ့ကြောင့်ပြောတယ်မစီးပါနဲ့ဆို အခုတော့ဖြစ်ပြီလား အဆင်ပြေလား ဆေးခန်းသွားမလား ဆေးသောက်မလား "
ရောဂါကြောင့်မဟုတ်ဘဲ အကို့ကြောင့်လို့ဖြေလိုက်ရမလားပင်မသိတော့ပါ။အကိုက အဲ့ဒီလောက်တောင်ညို့ယူအားပြင်းပြီး လူကိုရင်ခုန်ရအောင်လုပ်သည်။
" အိမ်ပြန်ကြမလား "
" ဟုတ် "
အကိုက အိမ်ပြန်တဲ့ တစ်လမ်းလုံးသူ့မျက်နှာကိုသာ
ကြည့်နေသည်။အိမ်ကိုပြန်တော့ အိမ်ကိုတစ်ယောက်ယောက်ဝင်ထားတဲ့ပုံနဲ့တူနေတော့
နှစ်ယောက်သားကလန့်ရသေးသည်။
" ဟျောင့်ရေ ဟျော့ဂီလာပြီလား " သူ့ကိုမြင်မြင်ချင်းဂျဲနိုက အနားကိုလာပြီးပြေးဖက်သည်။
" မင်းတို့အိမ်မှာ သရဲရှိနေပြီထင်တယ်"
" ဘာလို့လဲ "
" မင်းအခန်းထဲကနေ အသံတွေကြားနေရတယ် ငါက မင်းထင်လို့ဝင်မလို့လုပ်ပင်မဲ့ ချောင်းဟန့်လိုက်တဲ့အသံကြားရတယ် ငါလည်းဝင်ပြီးတားမလို့ပင်မဲ့ ငါ့ကိုတစ်ခုခုလုပ်မှာစိုးလို့အောက်ထပ်ပြန်ပြေးဆင်းပြီး ပုန်းနေတာ "
ဂျဲနိုရဲ့ စကားကိုနားထောင်ပြီး နှစ်ယောက်လုံး
ကြောင်တောင်တောင်တွေဖြစ်ကုန်သည်။
ဂျဲနိုပြောသလို သူ့အခန်းတံခါးလည်းဖွင့်လိုက်ရော
ကောင်လေးတစ်ယောက်။ အဖြူရောင်ရှပ်လေနဲ့
တကယ် သန့်သန့်လေးပင်။
အကိုက ကျွန်တော်တို့နှစ်ယောက်ကိုနောက်မှာထားပြီး ထိုကောင်လေးကို စကားစလိုက်သည်။
" မင်းက ဘယ်ကလဲ "
" ဂျယ် ... "
" အသိတွေလား"
ထိုကောင်လေးကချက်ချင်းထလာပြီး ကဒ်တစ်
ကဒ်ကိုထုတ်ပြသည်။
"အာ ဆရာဝန်လား "
" ဟုတ်ပါတယ် အီဒုံဟျော့ကိုဆေးကုပေးဖို့ပြောထားတဲ့ဆရာဝန်ပါ "
" အော် ဆရာဝန်လေးကဘာလို့ဒီအခန်းထဲရောက်နေတာလဲ ဂျဲန်ိုနဲ့လည်းသိတာလား "
" မသိပါဘူး အီအိမ်တော်လူတစ်ယောက်လိုက်ပို့တာပါ ဒါအီဒုံဟျော့အခန်းဆိုလို့ဆေးကုဖို့စောင့်နေတာပါ "
" အော် " ဂျဲနိုကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး
အော်ရီမိသည်။
" ငါ့ကိုကာကွယ်မဲ့သူကလည်း သူခိုးဝင်တယ်ဆိုပြီးကြောက်လို့ပုန်းနေတယ်တဲ့ "
" မင်းရဲ့ဆရာဝန်မှန်းမှမသိတာငါလည်းပြီးတော့ချောင်းကြည့်တော့ သူက တစ်ခုခုကိုကုန်းပြီးလုပ်နေတာလေ "
" အဲ့တာက " အကုန်လုံးထိုဆရာဝန်လေးကို
ပြူးကြည့်မိသည်။
" ကျွန်တော့်အလုပ်ကိစ္စပါ ဆေးကုဖို့လာတာမလို့
ကျန်လူတွေအခန်းထဲကထွက်ပေးပါ "
" ဟုတ်ကဲ့ပါ "
အခုအချိန်တွင် ဆရာဝန်လေးနဲ့သူနဲ့နှစ်ယောက်တည်းကျန်သည်။
" ဆရာဝန်လေး ဆရာဝန်လေးက အသက်ဘယ်လောက်ရှိပြီလဲဟင် "
" ဘာလုပ်မလို့လဲ "
" ငယ်လို့ပါ ဒီတိုင်းမေးကြည့်တာ "
" ၂၃ ပါ "
" ဟုတ်လားး ကျွန်တော်တို့နဲ့တူတူဘဲကော ဆရာဝန်ဆိုလို့ အသက်ကြီးကြီးထင်တာ ငယ်ငယ်လေးဘဲ "
" ဆရာဝန်လေးနာမည်ဘယ်လိုခေါ်လဲ "
" နာဂျယ်မင်းပါ "
" ကျွန်တော်က အီဒုံဟျော့ပါ "
" မင်းကသိပ်စကားများတာဘဲ "
" ကျွန်တော်က အဖော်မရှိဘူးလေ အမြဲတစ်ယောက်တည်း "
" အကိုတွေမရှိတော့ဘူး မောင်နှမတွေ "
" ရှိပင်မဲ့ မနူးညံ့ဘူး ကောင်းကောင်းမဆက်ဆံပေးကြဘူးလေ "
" ငါမြင်တာတော့မင်းကိုချစ်ပါတယ် "
" ဆရာဝန်လေးက ကျွန်တော့်အကိုကိုမြင်ဖူးတာလား အိမ်သွားတုန်းကလား ကျွန်တော့်အကြောင်းပြောပြလိုက်တာလား "
" ဟုတ်ဘူးလေ အပြင်က မင်းနဲ့တူတူပါလာတာ မင်းအကိုမဟုတ်ဘူးလား မင်းနဲ့တောင်ရုပ်ဆင်သေးတယ် " ထင်လိုက်ပါသည် သူ့အကိုအရင်းတော့သူ့အကြောင်းမမေးဘူးဆိုတာ။
" ဟုတ်ပါဘူး အဲ့တာ ဟျော့ကိုလာဂရုစ်ိုက်ပြီး လာကူညီပေးတဲ့အကိုဘဲ"
" အော် အင်း ဒီမှာရေးပေးထားတဲ့ဆေးတွေတွေ့လား
အဲ့တာကို မနက် နေ့လည် ည ပုံမှန်သောက်ရမယ်နော်
အပြင်က အကိုကိုလည်းမှာထားလိုက်မယ် နော် နောက်တစ်ရက်ခြားမှ လာကြည့်ပေးမယ် "
" ဟုတ် ကျွန်တော်လိုက်ပို့ပေးမယ်လေ "
" ကျန်းမာရေးမကောင်းတဲ့သူက ဘာကိုလိုက်ပို့မှာလဲ နားနားနာနာနေ ဘယ်မှသိပ်မသွားနဲ့ "
" အာ့ဆို ကျန်းမာရေးကောင်းတဲ့သူကိုပို့ခိုင်းလိုက်မယ်လေ " ပြောလည်းပြောပြီး ဂျဲနိုကိုလှမ်းကြည့်လိုက်သည်။
" ဟ ငါကဘာလို့လဲ "
" ပို့ပေးပါကွာ နော် ငါ့ဆရာဝန်လေးကို "
" ရပါတယ် ငါကိုယ့်ကိုပြန်လိုက်မယ် "
" မဟုတ်တာ ဂျဲနို မင်းပြန်ပို့လိုက်သွားအမြန်"
" အမယ်လေး ခိုင်းလိုက်တာဟုတ်ပါပြီပို့ပေးပါမယ်"
ဂျဲနိုကော အဲ့ဆရာဝန်လေးကော မျက်နှာပျက်နေတာကိုသတိထားမိသည်။
ဆရာဝန်လေးနဲ့ သူရဲ့သူငယ်ချင်းကိုအပေါ်ထပ်ပြတင်းပေါက်ကနေလှမ်းကြည့်ပြီး ကြိတ်ရယ်နေသည်။
" အကိုပြောကြည့်သူတို့ကဘာလို့လိုက်ဖက်နေသလိုခံစားနေရတာလဲ "
" လာပါ ကိုယ့်အကြောင်းဘဲကိုယ်အရင်စဉ်းစား
ဆေးသောက်မယ် ပြီးတော့ အခုနက နှလုံးခုန်တာသက်သာရဲ့လား "
" အဲ့တာက "
" အဲ့တာက ဘာဖြစ်လဲ " အီမင်ဟျောင်းအကြည့်တွေကသူ့ကိုတစ်ခုခုဖြစ်မှာစိုးနေတဲ့ပုံ။
" ဖြစ်ဘူးပါဆို ဒီတိုင်း အဲ့လိုဖြစ်တတ်တယ်"
" အင်းပါ မင်းအဆင်ပြေရင်ပြီးရောလေ အဲ့ဆိုနားတော့ရေမိုးချိုးပြီး ထမင်းချက်စားကြရအောင် "
" အကို " လက်ကိုလှမ်းဆွဲလိုက်ပြီး တစ်ခုခုပြောဟန်ပြင်လိုက်သည်။
" အင်း "
" အကို ဒိီနေ့ညဟျော့နဲ့တူတူရုပ်ရှင်လိုက်ကြည့်ပေးမလား အကို အားရင်လေ "
" ရပါတယ် ငါက မအားဘူးဆိုတာမရှိဘူးလေ
မင်းကိုလိုက်ဂရုစိုက်ပေးရမှာဟာကို ထမင်းစားပြီး
ကြည့်ကြတာပေါ့ "
" ဟီးတကယ်နော် အာ့ကြောင့် အကိုကိုချစ်တာ "
ပြောလည်းပြောပြီး အီမင်ဟျောင်းပါးကိုရုတ်တရက်ပြွတ်ကနဲနမ်းပြီး အခန်းထဲပြေးသွားသည်။
အီမင်ဟျောင်းတစ်ယောက်ထိုအခြေအနေကြီးကနေ
ပြန်အဆင်ပြေဖို့ကြိုးစားနေရသည်။ ကလေး
တစ်ယောက်နမ်းတာကိုဘာလို့ရင်ဒီလောက်ခုန်နေရ
တာပါလိမ့်ဆိုတဲ့အတွေးများလည်းစဉ်းစားမိသည်။
" အီမင်ဟျောင်း စိတ်ထိန်းသူက ကလေးလေးဘဲ
မင်းထိန်းပေးရမဲ့သူ မင်းအလုပ်ရှင်လည်းမမှားဘူး
ဒါကြောင့်စည်းမကျော်မိစေနဲ့ " ဆိုတဲ့အတွေးရိုက်ချက်တွေကခေါင်းထဲကိုဆက်တိုက်ဝင်လာသည်။
ထမင်းအတူစားတဲ့အချိန် မပြောသင့်တဲ့စကားကိုပြောလိုက်မိတယ်ဆိုပါတော့။
" မင်း ဒီနေ့ညနေက အပြုအမူက တစ်ဖက်လူက်ိုမမေးဘဲလုပ်တာ ရိုင်းတယ်လို့ အကိုမြင်တယ်ပြီးတော့ အကိုအဲ့လိုစည်းကျော်တာမကြိုက်ဘူး မင်းကငယ်သေးတယ်လေ အကိုလည်းမကောင်းဘူး"
" အင်း စည်းမကျော်ကြတာပေါ့ "
ထိုကလေးက စားပွဲကနေထသွားပြီး သူ့ထမင်းပန်းကန်ကိုယူသွားသည်။
တံခါးကိုခေါက်လိုက်ပြီး " တံခါးဖွင့် "
" စည်းမကျော်ပါနဲ့ ကိုယ့်ဟာကိုနေလေ ဘာလို့
ဟျော့ကို ဂရုလာစိုက်နေတာလဲ "ထိုကလေးအသံမှာ ငိုသံပါနေတာကို သတိထားမိသည်။
" မဟုတ်ဘူး အကိုရှင်းပြမှာမလို့ တံခါးဖွင့်"
" မဖွင့်ဘူး အခန်းထဲမှာ ထမင်းစားမှာမလို့ လာမခေါ်ပါနဲ့ ဆေးသောက်ချိန်ရောက်ရင် အခန်းရှေ့ချထားလိုက် ဟျော့ထွက်သောက်လိုက်မယ် "
" အဲ့လိုမရဘူး အခုဖွင့်ပေး "
" မဖွင့်ဘူး အခုထွက်သွားပေးပါ စည်းမကျော်ကြရအောင် အကိုလည်း ကိုယ့်ဟာကိုနေပါ "
" မဟုတ်ဘူး " ထိုကလေး သွေးပူနေတာကိုသိတာမလို့ ဘာမှမပြောဘဲ ထွက်လာခဲ့လိုက်သည်။
တဖန်ပြန်ပြီး ထိုကလေးအခန်းတံခါးကိုထပ်ခေါက်မိသည်။
" ထွက်ခဲ့ပါတော့ကွာ "
" ဘာလို့လဲ အကိုပျော်တယ်မလား "
" မဟုတ်ဘူး "
" အကိုကို့တောင်းပန်ပါတယ် ဟျော့မှာအဲ့လိုမှီခိုစရာလူမရှိလို့ အကို့ကို ချစ်လို့ နမ်းမိတာလေးပါ ဟျော့လွန်သွားရင် တောင်းပန်ပါတယ် " ထိုကလေးက ငိုသံပင်မဟုတ်တော့ဘဲ ငိုပြီးပါပြောနေတာမလို့
သူက ပိုပြီးနာကျင်ရပါသည်။
" ဟျော့ ငယ်ငယ်ကတည်းက ဟျော့အကိုရဲ့ အချစ်တွေကိုတစ်ခါမှမရဖူးတာမလို့ ဟျော့အဲ့လိုဖြစ်သွားတာပါ တောင်းပန်ပါတယ် "
" အကိုလည်းတောင်းပန်တာမလို့တံခါးဖွင့်ပေးပါတော့ နော် "
" ဖွင့်ထားတယ် ဝင်ခဲ့လို့ရတယ် "
ထိုကလေးရဲ့ အခန်းဖွင့်ဖွင့်ပေးချင်း တံခါးအောက်ဘက်မှာထိုင်ပြီးငိုနေတဲ့ကလေးကိုမြင်လိုက်ရသည်။ ငိုနေတဲ့ ထိုကလေးကို ချက်ချင်းပြေးပြီးထွေးဖက်လိုက်သည်။
" တောင်းပန်ပါတယ် "
ထိုကလေးမှာ ဘာတွေ စိတ်ဒဏ်ရာများနေတာလဲမသိပင်မဲ့ ထိုကောင်လေး ဒီထက်ပိုပြီး ကာကွယ်ပေးရမယ်ဆိုတာ သူသိလိုက်ရသည်။
" ဝမ်းမနည်းပါနဲ့တော့ အကို့ကိုလည်းတောင်းပန်စရာမလိုတာမလို့ မငိုရတော့ဘူးနော် မျက်ရည်သုတ်လိုက်ပြီးရင်ရုပ်ရှင်ကြည့်ချင်တယ်ဆို မင်းကြိုက်တဲ့ကားပြမယ်လေ "
" ဟျော့ ဟျော့ အဲ့လောက်အော်ခံရတာကိုကြောက်တယ် အကို အဲ့တာကြောင့်နောက်အကိုဟျော့ကို မအော်တော့ဘူးလို့ကတိပေးပါ "
" ပေးတယ် " ထိုစကားကိုပြောပြောပြီးချင်း ငိုနေတဲ့ကလေးကို သူ့ရင်ခွင်ထဲပေးငိုထားလိုက်သည်။
" ရုပ်ရှင်သွားကြည့်ရအောင် " ချက်ချင်းမျက်ရည်တွေသုတ်ပြီးဆိုဖာပေါ်မှာသွားထိုင်နေတဲ့ထိုကလေးက တကယ်ထူးဆန်းသည်။
" အကို ဘာကားကြည့်ချင်လဲ "
" ရတယ် မင်းကြိုက်တာကြည့် "
" shinchan cartoon ကြည့်မယ်အာ့ဆို "
" ကာတွန်းကြီးလား "
" အင်းလေ သိဘူးလား မသိရင်ပိုကောင်းတယ်
ကြည့်ရအောင် "
*မင်းကတကယ့်ကလေးလေးဘဲ*
သူကြည့်ချင်တဲ့ကားဆိုပြီး၊မငိုက်ရဘူးလို့လည်းပြောသွားပြီး အီမင်ဟျောင်းလက်မောင်းပေါ်မှာအိပ်ပျော်သွားတဲ့ ကလေးလေးပါ။
ထိုကလေးကိုကြည့်ရတာအရမ်းအိပ်မောကျနေတဲ့ပုံမလို့ မနိုးရက်တော့ဘဲ တစ်ညလုံးသူ့လက်မောင်းပေါ်မှာဘဲ အိပ်စေခဲ့သည်။ အီမင််ဟျောင်းရဲ့ ဘဝတစ်ခုလုံးမှာ
သူ့လက်မောင်းပေါ်ပထမဆုံးအိပ်နိုင်တဲ့သူက ထိုကလေးဖြစ်မယ်လို့ လုံးဝမထားထားခဲ့မိပါ။
ထိုညက သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာရက်
တစ်ရက်ဖြစ်မယ်လို့ သတ်မှတ်ထားခဲ့သည်။
(Zawgyi)
Ring ~
" ဟုတ်ကဲ့ မေ "
" အဲ့ဆိုဒါဘဲနော် သား "
*ဒေါက်
" ... "
" ငိုထားတာလား "
" မဟုတ်ပါဘူး "
" အတည်လား "
" အင်း "
" ညနေမှဆို "
" အကိုကောသိနေတာလား"
" အွန်း "
" စီးရဲလား "
" အကိုကလား ? "
" အင်း "
" ဘာမှ မဖြစ်ဘူး စီးရအောင်နော် အကို လုပ်ပါ တစ်ခါဘဲ ဟျော့ဘာမှမဖြစ်စေရဘူးတကယ်ပြောတာ"
" တစ်ခါဘဲနော် "
" ရရဲ့လား "
" အိမ်ပြန်ကြမလား "
" ဟုတ် "
" ဘာလို့လဲ "
ကောင်လေးတစ်ယောက်။ အဖြူရောင်ရှပ်လေနဲ့
တကယ် သန့်သန့်လေးပင်။
" မင်းက ဘယ်ကလဲ "
" ဂျယ် ... "
" အသိတွေလား"
ကဒ်ကိုထုတ်ပြသည်။
"အာ ဆရာဝန်လား "
" အော် ဆရာဝန်လေးကဘာလို့ဒီအခန်းထဲရောက်နေတာလဲ ဂျဲနိုနဲ့လည်းသိတာလား "
အော်ရီမိသည်။
ပြူးကြည့်မိသည်။
" ဟုတ်ကဲ့ပါ "
" ဘာလုပ်မလို့လဲ "
" ၂၃ ပါ "
" နာဂျယ်မင်းပါ "
" ဟုတ်ပါဘူး အဲ့တာ ဟျော့ကိုလာဂရုစိုက်ပြီး လာကူညီပေးတဲ့အကိုဘဲ"
" ဟ ငါကဘာလို့လဲ "
" အဲ့တာက "
" အင်း "
" အကို ဒီနေ့ညဟျော့နဲ့တူတူရုပ်ရှင်လိုက်ကြည့်ပေးမလား အကို အားရင်လေ "
ကြည့်ကြတာပေါ့ "
" မင်း ဒီနေ့ညနေက အပြုအမူက တစ်ဖက်လူကိုမမေးဘဲလုပ်တာ ရိုင်းတယ်လို့ အကိုမြင်တယ်ပြီးတော့ အကိုအဲ့လိုစည်းကျော်တာမကြိုက်ဘူး မင်းကငယ်သေးတယ်လေ အကိုလည်းမကောင်းဘူး"
" ထွက်ခဲ့ပါတော့ကွာ "
" မဟုတ်ဘူး "
" တောင်းပန်ပါတယ် "
" ကာတွန်းကြီးလား "
ကြည့်ရအောင် "
*မင်းကတကယ့်ကလေးလေးဘဲ*
Continue Reading
You'll Also Like
1M 38.5K 90
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
485K 20K 61
โ•ฐโ”ˆโžค *โ‹†โ ๐ข'๐ ๐ซ๐š๐ญ๐ก๐ž๐ซ ๐ง๐จ๐ญ ๐ฅ๐จ๐ฌ๐ž ๐ฆ๐ฒ ๐œ๐จ๐Ÿ๐Ÿ๐ž๐ž ๐ญ๐š๐›๐ฅ๐ž ๐š๐ฌ ๐š ๐ซ๐ž๐ฌ๐ฎ๐ฅ๐ญ ๐จ๐Ÿ ๐ฒ๐จ๐ฎ ๐ฉ๐ข๐ฌ๐ฌ๐ข๐ง๐  ๐จ๐Ÿ๐Ÿ ๐ญ๐ก๐š๐ญ ๐ญ๐ข๐ฆ๐ž-๐›...
86.4K 2.5K 70
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...