Back To December
By yurino39
844 102 5
" The more you love , the more it hurts " More
Back To December (1)
Back To December (3)
Back To December (4)
Back To December (5)
Happy New Year
Back To December (2)
119 16 0
By yurino39
(Unicode)
" ဟျော့ အောက်ထပ်မှာ မေမေတို့ခေါ်နေတယ် "
" ဟုတ်ဆင်းသွားလိုက်မယ် "
ဧည့်ခန်းမှာလူတွေစုံနေကတည်းက သူတစ်ခုခုကိုရိပ်မိလိုက်သည်။
" ထိုင် ဟျော့လေး "
" မေမေတို့ဘာပြောမလို့လဲ "
" အဲ့တာက " မေမေက စကားစချင်ပင်မဲ့အားနာပြီးမပြောရဲတဲ့ပုံပေါက်နေသည်။မေမေက လက်ကိုလှမ်းကိုင်လာပြီး
"သားလေး မင်းအကိုမင်္ဂလာဆောင်မှာသိတယ်မလား
အဲ့တာ မင်းအကိုရဲ့ မိန်းမဘက်က အမျိုးတွေက ဒီအိမ်မှာလာပြီးနေချင်တယ်ဆိုလို့ မေမေတို့လည်း လက်ခံလိုက်တယ်သားရယ် အဲ့တာ သား... "
" ဟျော့ဂီနားလည်ပါတယ် မေမေ သားဘာလုပ်ပေးရမလဲဘဲပြောပါ ကိစ္စမရှိဘူး "
" သားကို မေမေတို့ အားနာပင်မဲ့တခြားအိမ်တစ်အိမ်
ဝယ်ပြီးထားပေးပါမယ် ပြီးတော့ လူတွေလည်းခေါ်ထားပေးမယ်လေနော် ဟျော့ဂီလည်းမပျင်းရအောင် "
" ဟင့်အင်း ဟျော့ တစ်ယောက်တည်းဘဲနေမယ် ဟျော့မလိုဘူး "
" အဲ့လိုလည်းမဟုတ်ဘူးလေသားရယ်နေလိုက်ပါ တစ်ယောက် တစ်ယောက်တော့ သားကိုပြုစုမဲ့သူရှာပေး
မယ်လေနော်ရတယ်မလား မဟုတ်ရင် မေမေစိတ်မချဘူး"
" မေမေ စိတ်မချဘူး ? မေမေ မေမေစိတ်မချရင် သားကိုအဲ့ကို လုပ်စရာအကြောင်းမရှိဘူး မေမေတို့က မေမေတို့ကောင်းဖို့ဘဲကြည့်ကြတယ် တစ်ခါမှ ဟျော့စိတ်ချမ်းသာလား မမေးဖူးဘူး လုပ်ချင်တာအကုန်လုပ်လိုက်ကြတယ်
အခုကျမှ ပစ်ထားချင်မှ စိတ်ပူတယ်စိတ်မချဘူးတဲ့လား "
" မဟုတ်ဘူး ဟျော့လေး "
ထိုအချိန်သူ့ရဲ့ အကိုဖြစ်သူက သူ့အင်္ကျီကော်လံစကိုဆွဲပြီး မျက်နှာကိုထိုးလိုက်သည်။
" မင်း ကိုယ့်အမေကိုပြန်ပြောစရာလားအဲ့လို "
" သား မင်းညီကိုအဲ့လိုမလုပ်ရဘူးလေ သူနေမကောင်းတာသားလည်းသိရက်နဲ့ ထိုင်ပါ
စိတ်ကိုလျော့"
" မင်း မမွေးလာခဲ့ရင်ကောင်းမယ် အီဒုံဟျော့ "
သူ့အစ်ကိုရဲ့စကားကိုသူလည်းပြန်တွေးမိလိုက်သည်။သူလည်း အမှန်တကယ် မမွေးလာရင်ကောင်းလိမ့်မည်။
" ငါလည်းအဲ့လိုတွေးတယ် ဘယ်တော့မှ ငါ့ဘက်ကိုမှမကြည့်ပေးကြတာ လောကမှာရှိနေလည်းဘယ်ထူးမှာလဲ "
" အေးး မင်းတကယ်ဘဲ မိသားစုအတွက်ကံဆိုးစေတဲ့သူ အမေ သူ့အတွက်အိမ်အမြန်ရှာပေးပြီး အဲ့ကိုဘဲပို့လိုက်တော့ သား သူ့မျက်နှာမမြင်ချင်ဘူး "
အခုချိန်ထိ အမေတို့ကသူလဲကျနေတာကိုမထူဘဲ
သူ့အကိုနောက်ကိုသာလိုက်သွားကြသည်။
အခန်းထဲရောက်ရောက်ချင်း သူ့ရဲ့တစ်ယောက်တည်းသော သူငယ်ချင်းကိုဖုန်းဆက်လိုက်သည်။
" ဂျဲနို အိမ်လာမလား "
" ဘာလို့လဲ အသံလည်းမကောင်းပါလား အခုလာခဲ့မယ် ဟျော့ စောင့်နေနော် "
ဂျဲနိုက သူ့အိမ်ကိုလာလာချင်းအခန်းထဲဝင်လာပြီး
အဖျားတွေစမ်းကြည့်သည်။
" နေမကောင်းဘူးလား? တစ်ခုခုဖြစ်လို့လား?
ဘယ်နားနေမကောင်းလို့လဲ ငါ့က်ိုပြော "
သူ့ကိုကြည့်ပြီး ငိုချလိုက်မိသည်။
"ဂျဲနို ရာာာာ "
" ဟျော့ ဘာလို့ငိုတာလဲလို့ ငါ့ကိုပြောပါဆို မင်းငိုရင်မနေတတ်လို့ပြော ငါဘာလုပ်ပေးရမလဲ အပြင်သွားပီး မုန့်သွားစားချင်လို့လား လိုက်ပို့ပေးမယ်လေ "
" ... "
" ပြောပါအုံး တစ်ခုခု "
" ငါအရမ်းစိတ်ညစ်လာပြီ မေမေတို့က ငါ့ကိုဒီအိမ်မှာမရှိစေချင်ကြတော့ဘူးထင်တယ် "
" ဘယ်လိုဖြစ်လို့လဲ " သူက ကျွန်တော့်ရဲ့ပါးပြင်ပေါ်မှာကျလာတဲ့မျက်ရည်ကိုသုတ်ပေးပြီးပြောလာသည်။
" ငါ့အကိုမင်္ဂလာဆောင်တော့မယ် သူလက်ထပ်ရင်
သူ့ကောင်မလေးဘက်ကအမျိုးတွေက ငါတို့အိမ်မှာ လာနေမှာတဲ့ အဲ့တာ ငါရှိနေရင် အဆင်မပြေလို့ထင်တယ် ငါ့ကိုတခြားအိမ်ပို့ပေးမလို့တဲ့ "
" ဟျော့ဂီရယ် "
" ဂျဲနို ငါဘာလို့အခုလိုမိသားစုကံမကောင်းရတာလဲငါ့ကိုမှ ဘာလို့မချစ်ကြရတာလဲ "
" အဲ့လိုမတွေးပါနဲ့ မင်းဘေးမှာငါရှိတယ်လေနော်
သူတို့မနေခိုင်းလဲ ဘာဖြစ်လဲ မနေနဲ့ပေါ့ မင်းတခြားအိမ်ရောက်ရင်ငါလည်းလာလို့ရတာဘဲ ငါနဲ့တူတူပိုအပြင်တွေတောင်သွားလို့ရအုံးမယ်လေ ဟုတ်ဖူးလားအဲ့တော့ စိတ်ကိုအေးအေးထား အရမ်း
ငိုလိုက်ရင်ခေါင်းကိုက်တယ်မဟုတ်လား"
ဂျဲနိုကတော့ ထုံးစံအတိုင်းသူတစ်ခုခုဖြစ်ရင် ဘေးမှာရှိပေးနေတဲ့သူဖြစ်သည်။ ဂျဲနိုသာရှိရင်သူ့အတွက်လုံခြုံမှုရသည်။ တကယ်လို့ ဂျဲနိုလောက်သာ သူ့အကိုစိတ်ကောင်းနည်းနည်းရှိမယ်ဆိုရင်လည်းကောင်းလိမ့်မည်။
" အီမင်ဟျောင်းနော် "
" ဟုတ်ပါတယ် "
" ဒီအလုပ်မင်းနဲ့အဆင်ပြေနိုင်မယ်ထင်လား"
" ထင်ပါတယ် ကျွန်တော်ဂရုစိုက်ပေးနိုင်ပါတယ် "
"အိုခေလေ ဦးလေးတို့သားအငယ်က နည်းနည်း
ဂျစ်ကန်ကန်နိုင်တဲ့သူမလို့ပြီးတော့သူ့ရဲ့ရောဂါကလည်း
ဆိုးဝါးတာမလို့ အဲ့တော့ မင်းဘဲ သေချာကြည့်ပေးပါ လစာကိုတော့ မင်းတောင်းတာထက်၂ဆပေးပါမယ်
နေစရာကလည်းအဲ့မှာဘဲဆိုတော့အဆင်ပြေတယ်မလား"
" ရပါတယ် အဆင်ပြေပါတယ်"
" အိုခေလေ ဒါဆိုလည်း မင်းကို အိမ်လိပ်စာနဲ့လစာပေးပေးလိုက်မယ် သွားလိုက်ရင်ရပီ အဲ့မှာ သားလေးရှိတယ်"
" ဟုတ်ကဲ့ပါ "
နောက်ဆုံးသူနဲ့အဆင်ပြေမဲ့အလုပ်သူရှာတွေ့ခဲ့သည်။
ရောဂါသည်သူဌေးသားလေးကို ဂရုစိုက်ပေးရမှာဖြစ်ပြီး
ကျန်တာမလိုအပ်ပေ။ ထိုကောင်လေးကို ၂၄နာရီကြည့်ပေးနေရင်ရပြီဖြစ်သည်။ လစာကလည်းအလွန်ကောင်းပြီးနေတာကလည်း ထိုကောင်လေးနဲ့တူတူနေရမည်
ဖြစ်တာကြောင့် လက်ခံလိုက်သည်။
အခုချိန်သူ့အတွက် အလုံခြုံဆုံးနဲ့အဆင်ပြေဆုံးက
ထိုအိမ်ဘဲဖြစ်နေလိမ့်မည်။
" ငါ့ကို ခဏခဏလာတွေ့ပေးနော် ဂျဲနို ငါကြောက်တယ် "
" အင်းပါ ငါကျောင်းပြီးတာနဲ့မင်းအိမ်ကိုဝင်ခဲ့မယ်လေနော် မကြောက်နဲ့ တစ်ခုခုဆိုဖုန်းဆက်လိုက် မင်းအိမ်ကဌားပေးထားတဲ့ အခုလာမဲ့သူကိုလည်းသိပ်မယုံနဲ့အုံးကြားလား အခုခေတ်ကြီးကရတာမဟုတ်ဘူး အဲ့တော့ သတိနဲ့နေမှရမယ် မင်းက အားလည်းရှိတာလည်းမဟုတ်ဘူး
အဲ့တော့ပိုဆိုးပိုဂရုစိုက်ရမယ်နော်ကြားလား "
" အင်းပါ "
ခဏကြာတော့သူတို့ခြံကို Bell တီးသံလေးကြားလိုက်
သည်။ ဂျဲနိုက အပေါ်က ပြတင်းပေါက်ကနေဘယ်သူလဲဆိုတာလှမ်းကြည့်လိုက်သည်။
" လာပြီထင်တယ် "
" အသက်ကြီးပြီလား "
" အရမ်းမကြီးဘူး ငယ်သေးတယ် ငါတို့နဲ့မတိမ်းမရမ်းလေးဘဲ လာအောက်ဆင်းကြမယ် "
" ... " မလိုက်ချင်တဲ့အကြည့်နဲ့ကြည့်လိုက်တော့ လက်ကိုဆွဲပြီး အောက်ထပ်ကို ဆွဲခေါ်လာသည်။
" မင်္ဂလာပါ အကိုက !!! "
" အီမင်ဟျောင်းလို့ခေါ်ပါတယ် အဲ့ဘက်ကကောင်လေးက ကျွန်တော် ဂရုစိုက်ပေးရမဲ့ ... "
" ကျွန်တော်မဟုတ်ပါဘူး သူပါ " သူ့ကို လက်ဆွဲပြီးရှေ့
ထုတ်လိုက်သည်။
" မင်္ဂလာပါ အီဒုံဟျော့လို့ခေါ်ပါတယ် "
" ဟုတ်ကဲ့ပါ ကျွန်တော်က အီမင်ဟျောင်းပါ "
" ဒါနဲ့ အကို့အသက်က ? "
" မင်းတို့ထက် အသက်ကြီးတယ်"
" အော် ဟုတ် ကျွန်တော်ကတော့ဒီက အီဒုံဟျော့ရဲ့
သူငယ်ချင်းပါ အီဂျဲန်ိုလို့ခေါ်ပါတယ် "
" ဟုတ်ကဲ့ပါ "
" ဟျော့ငါပြန်တော့မယ် အကိုလည်းလာပြီဆိုတော့နေခဲ့တော့နော် "
" အင်း "
"တစ်ခုခုဆိုဖုန်းဆက်နော် ... "
"ဒါနဲ့အကို အကို့ကို ပြောထားတယ်ထင်တယ်"
" ဟုတ်ပြောထားပါတယ် သေချာလေးမထိခိုက်အောင်
ဂရုစိုက်ပေးလိုက်ပါမယ် "
" ဟုတ်ကဲ့ပါ ဒါဆိုစိတ်ချပါပြီ ဟျော့ တာ့တာ "
" အွန်း ဂရုစိုက်သွားနော် "
" အင်း အကို ကျွန်တော့်ကိုခွင့်ပြုပါအုံး "
ထိုအကိုက ဂျဲနိုကိုခေါင်းသာညိတ်ပြလိုက်သည်။
သူက ချက်ချင်း ကျွန်တော့်မျက်နှာကိုချက်ချင်းကြည့်လာသည်။
" ဗိုက်ဆာနေပြီလား "
" ဟင့်အင်း အိမ်မှာစားလာတယ်"
" တစ်ခုခုစားချင်ရင်ပြောနော် "
" အကိုချက်ကျွေးမလို့လား "
" မဟုတ်ဘူး မှာကျွေးမလို့ ကို ချက်လိုက်ရင်မင်းစား
နိုင်မှာမဟုတ်ဘူး အဲ့တာကြောင့် "
ထိုကောင်လေးကိုသူရင်း"နှီး" မြင်ဖူးနေသည်။
" ဟျော့ အကိုနေရမဲ့အခန်းလိုက်ပြပေးမယ်လေ"
" အင်းအင်း "နှစ်ယောက်လုံးအပေါ်ထပ်ကိုတတ်လာ
ခဲ့သည်။
" ဟိုဘေးကဟျော့အခန်း "
" မင်းဘေးကအခန်းမှာ ကို နေလိုက်မယ်လေ "
" ဟင် "
" တစ်ခုခုဆို ကို့ကို လှမ်းခေါ်လိုက်လို့ရတာပေါ့ အကိုအဲ့မှာဘဲနေလိုက်မယ်နော် "
" ဟုတ်ဟုတ် "
" ပြီးတော့ အကို့ကို မင်းဖုန်းနံပါတ်လေးပေးထား တစ်ခုခုဆို ဖုန်းဆက်လိုက် "
"ရပါတယ် အကိုရဲ့ မစိုးရိမ်ပါနဲ့ ဟျော့အခြေအနေအဲ့လောက်မဆိုးပါဘူး အဲ့တာကြောင့် "
" မဟုတ်ဘူး မင်းကို ဂရုစိုက်ရမှာ အကို့တာဝန်ဖြစ်နေလို့
ကျန်တာကိုစိတ်မဝင်စားဘူး " သူပြောတဲ့အတိုင်းဆို
ဖုန်းနံပါတ်တောင်းချင်လို့မဟုတ်ဘဲ အလုပ်အရ တောင်းနေသလိုဖြစ်နေသည်။
" ဒါပါ ဟျော့ဖုန်းနံပါတ် "
သူက သူ့ဖုန်းနဲ့မှတ်လိုက်ပြီးခေါ်လာသည်။
" ဝင်တယ်မလားအဲ့မှာ အဲ့တာအကို့ဖုန်း တစ်ခုခုဆို
ခေါ်လိုက်နော်"
" ဟုတ်ကဲ့ "
" လောလောဆယ် မလိုသေးဘူးဆိုတော့အခန်းထဲမှာနေလို့ရတယ်မလား တစ်ခုခုဆို... "
" ရပါတယ်သွားလို့ရတယ် ဟျော့ လိုမှလာခေါ်ပါ့မယ် "
" အာ့ဆို သွားခွင့်ပြုပါအုံး "
" ဟုတ်ကဲ့ "
ထိုအကိုနဲ့သူနဲ့အဆင်ပြေပါ့မလားစဉ်းစားမိသည်။
တူတူနေတယ်ဆိုတာလည်း အခေါ်အပြောရင်းနှီးနေမှ
အဆင်ပြေတာကိုအခုက လိုမှစကားပြောရမလို
ဖြစ်နေသည်။
သူနဲ့လည်း တခြားပြောစရာမရှိ လုပ်စရာလည်းမရှိတာကြောင့် အခန်းပြန်ပြီးခဏဝင်အိပ်နေလိုက်သည်။
ဒုန်းး *
သူ့အခန်းတံခါးကို ဆောင့်ပြီး ဝင်လာတဲ့အသံ။
" အိပ်နေတာလား တစ်ခုခုဖြစ်နေတာလားလို့စိတ်ပူလိုက်ရတာ ခေါ်တာလည်းမထူးလို့လေ "
" အကိုက ခေါ်သေးတာလား "
" အင်း "
" ဘယ်လိုခေါ်လို့လဲ ဟျော့ကဖြင့်မကြားမိပါဘူး"
" ဒီတိုင်းဘဲ အထဲကကောင်လေးလို့လေ ခေါ်တာ"
" အထဲကကောင်လေး? ဟျော့လို့ခေါ်လို့ရပါတယ်
နာမည်က အီဒုံဟျော့ပါဆို "
" ကို သူများနာမည်ကိုအဲ့လိုအဖျားစွတ်ပြီးမခေါ်တတ်လို့"
" အော် ဒါဆို " ဘာပြောရမလဲတောင်မသိတော့
အောင်ဖြစ်သွားသည်။
" ရပါတယ် အကိုဘယ်လိုခေါ်ခေါ် "
" ထမင်းစားကြတော့မလား "
" မင်းဗိုက်ဆာပီလား တစ်ခုခုချက်ကြမလား"
" အွန်း ဒီနေ့ အိမ်မှာ ဘာမှမဝယ်ထည့်ရသေးဘူးကော ဘာနဲ့ချက်ကြမှာလဲ အပြင်မှာဝယ်စားကြမလား မှာလိုက်မယ်လေ "
" အွန်း မမှာပါနဲ့ သွားစားကြမယ်အကိုစားနေကြဆိုင်ရှိတယ် သွားမလား "
" အင်း သွားတာပေါ့ ဒါနဲ့ " သူ့ရဲ့အင်္ကျီကိုဆွဲလိုက်သည်။
" ဟျော့ ကားမမောင်းတတ်ဘူး ပြီးတော့bus
မစီးတတ်ဘူး "
သူက လက်ကိုဆွဲထားလိုက်ပြီး "အကို ပါတယ်လေသွား
မယ် အကိုလိုက်ပို့မယ် အကိုက မင်းကိုဂရုစိုက်ဖို့တာဝန်ယူထားတာလေ လုံခြုံမှုကတော့စိတ်ချပါ "
အကို့ရဲ့ ဂရုစိုက်မှုက သူ့ကို အားတွေအပြည့်ပေးစေသည်။ အကိုနဲ့တူတူရှိနေရင် အဆင်ပြေပြီလို့လည်းခံစားရသည်။
အကိုခေါ်သွားတဲ့ဆိုင်က မေမေတို့စားနေကျဆိုင်လောက်မဟုတ်ပင်မဲ့ နည်းနည်းလေးတော့မဆိုးရှာပါဘူး။
" မင်းအဆင်ပြေရဲ့လား "
" ဟုတ်ရပါတယ် "
" ဒီမှာက အပြင်အဆင်နည်းနည်းညံ့ပင်မဲ့ အရသာကတော့ကောင်းတယ် မင်းကိုပါစားစေချင်လို့ "
" ရပါတယ် ဟျော့အဆင်ပြေပါတယ် "
အကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်။
" အကို ဟိုဖက် ခဏသွားမယ်နော်ပြန်လာမယ် "
" ဟုတ်ကဲ့ "
သူ့ရဲ့စပ်စုတဲ့စိတ်လေးနဲ့လိုက်ကြည့်မိသည်။
အကိုက ဆေးလိပ်သောက်တတ်တယ်တဲ့လား?
ဘာလို့အဲ့လိုမြင်ကွင်းကိုမြင်ဖူးနေရတာလဲ?
ဆေးလိပ်မီးသတ်နေတာမြင်လိုက်တော့ ဆိုင်ထဲကို
ပြန်ဝင်လာလိုက်သည်။
" စားစရာတွေရောက်နေပြီဘဲ မစားသေးဘူးလား"
" အကိုဘယ်သွားတာလဲ "
" အဲ့တာက ... "
" ဆေးလိပ်သောက်လာတာမလား "
" အွန်း မင်း ဘယ်လိုသိ "
" အနံ့ထွက်နေတယ်လေ ကျွန်တော်အဲ့လောက်တော့သိပါတယ်နော် "
" ဆောရီးပါ အကိုက မင်းရှေ့သောက်ရင် မင်းရောဂါထိမှာစိုးလို့ မသောက်တာ "
" မဟုတ်ဘူး ဟျော့ပြောနေတာ ဟျော့ရှေ့မှာမသောက်လို့မဟုတ်ဘူး ဆေးလိပ်က အကို့ကျန်းမာရေးအတွက်
မကောင်းဘူးလေ "
" ... "
" စိတ်ဆိုးသွားတာလား ဆောရီးပါ ဟျော့က စိတ်ပူပြီးပြောတာ အော်သလိုဖြစ်သွားတယ် "
" ရပါတယ် နောက် အကိုလျော့သောက်လိုက်မယ် "
" လိမ္မာတာဟီး " အကိုက သူ့ကို တစ်ချက်ကြည့်ပြီး
ပြုံးလိုက်တာကိုသူမြင်လိုက်သည်။
အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းအကိုက နာရီကိုလှမ်း
ကြည့်ပြီး အခန်းထဲကိုပြေးဝင်သွားသည်။ကိစ္စတစ်ခု
ရှိတယ်ထင်ပင်မဲ့ သူသောက်ရမဲ့ဆေးတွေယူလာပေးပြီး
ရေပါခပ်လာပေးသည်။
" ဒါက ? "
" မင်းရဲ့ ဆေးတွေလေ သောက်လိုက်အုံး တော်သေးတယ် အချိန်ကျော်တော့မလို့ ရော့ "
ဆေးသောက်တာကိုလိုက်ကြည့်ပေးနေတဲ့ အကို့ပုံလေးက တကယ် ထူးဆန်းအောင်ချစ်စရာကောင်းနေသည်။
အကိုရယ် ဟျော့တို့တွေ့တာတကယ်နောက်ကျတာဘဲ...
(Zawgyi)
" ထိုင် ဟျော့လေး "
" မဟုတ်ဘူး ဟျော့လေး "
စိတ်ကိုလျော့"
" ဂျဲနို အိမ်လာမလား "
ဘယ်နားနေမကောင်းလို့လဲ ငါ့ကိုပြော "
"ဂျဲနို ရာာာာ "
" ... "
" ပြောပါအုံး တစ်ခုခု "
" ဟျော့ဂီရယ် "
" အီမင်ဟျောင်းနော် "
" ဟုတ်ပါတယ် "
" ရပါတယ် အဆင်ပြေပါတယ်"
" ဟုတ်ကဲ့ပါ "
" အင်းပါ "
" လာပြီထင်တယ် "
" အသက်ကြီးပြီလား "
" မင်္ဂလာပါ အကိုက !!! "
ထုတ်လိုက်သည်။
" ဒါနဲ့ အကို့အသက်က ? "
" 22ပါ "
သူငယ်ချင်းပါ အီဂျဲနိုလို့ခေါ်ပါတယ် "
" ဟုတ်ကဲ့ပါ "
" အင်း "
" ဗိုက်ဆာနေပြီလား "
ခဲ့သည်။
" ဟိုဘေးကဟျော့အခန်း "
" ဟင် "
" ဟုတ်ဟုတ် "
ခေါ်လိုက်နော်"
" ဟုတ်ကဲ့ "
" ဟုတ်ကဲ့ "
ဖြစ်နေသည်။
ဒုန်းး *
" အကိုက ခေါ်သေးတာလား "
" အင်း "
အောင်ဖြစ်သွားသည်။
" ထမင်းစားကြတော့မလား "
မစီးတတ်ဘူး "
" မင်းအဆင်ပြေရဲ့လား "
" ဟုတ်ရပါတယ် "
" ဟုတ်ကဲ့ "
ပြန်ဝင်လာလိုက်သည်။
" အကိုဘယ်သွားတာလဲ "
" အဲ့တာက ... "
" အွန်း မင်း ဘယ်လိုသိ "
မကောင်းဘူးလေ "
" ... "
ရေပါခပ်လာပေးသည်။
" ဒါက ? "
Continue Reading
You'll Also Like
136K 2.7K 44
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
409K 12.3K 94
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
94.9K 2.9K 75
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...
177K 9.6K 44
╰┈➤ *⋆❝ 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐢'𝐝 𝐩𝐚𝐬𝐬 𝐮𝐩 𝐚 𝐟𝐫𝐞𝐞 𝐭𝐫𝐢𝐩 𝐭𝐨 𝐢𝐭𝐚𝐥𝐲? 𝐢 𝐥𝐢𝐭𝐞𝐫𝐚𝐥𝐥𝐲 𝐤𝐞𝐞𝐩 𝐦𝐲 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐢𝐧 𝐦𝐲 �...