(Unicode)
ညနေခင်း၏ ဝင်ခါနီး နေမင်းကြီးက ပုစွန်ဆီရောင်သမ်းနေလေသည်။အခန်းကျယ်ကြီးထဲက
ခုတင်လေးပေါ်မှာတစ်ယောက်တည်းလှဲနေရတာလည်း ခြောက်ခြားစရာ။
" ဟျော့ဂီလေး " အပြင်မှာတံခါးခေါက်ပြီး လာခေါ်သံ။
" ဝင်လာမယ်နော် "
ဒုံဟျော့ကဘယ်သူလဲဆိုတာတစ်ချက်ကြည့်လိုက်ပြီးပြန်ပြီး အိပ်နေသည်။
" ဆေးသောက်ချိန်ရောက်ပြီ "
" မသောက်ဘူး "
" မသောက်လို့မရဘူး ဟျော့လေး ထ လာပါဆေးသောက်ကြမယ်လေနော် အဲ့တာမှ ရောဂါကသက်သာမှာပေါ့ ဟုတ်ဘူးလား ထနော် အန်တီလေးကဟျော့ဆေးသောက်ရင် အပြင်ကိုဟျော့လည်လို့
ရအောင်ပြောပေးမယ် "
သူက ကုတင်ကနေကုန်းထလာပြီး
" အတည်နော် တီလေး အရင်တစ်ခါကလည်းပြောမယ်ဆိုပြီး မပြောပေးဘူးလေ "
" ပြောပေးပါတယ် ဟျော့မိဘတွေက မအားလို့တဲ့ အခုကျ တီလေး ဟျော့နဲ့ဟျော့သူငယ်ချင်း
နှစ်ယောက်တည်းသွားလို့ရအောင်ပြောပေးမယ် "
" ကတိပေး "
သူ့ရဲ့ဘဝတွင်အဖေနဲ့ အမေထက် တီလေးကိုပိုချစ်သည်။ တီလေးကသာသူ့ကိုအတွေးပေးနိုင်ဆုံး၊ တီလေးကသာသူ့ကိုအချစ်ဆုံးဆိုတာကို
တွေးထားသည်။တီလေးမရှိရင်သူလည်း အသက်ရှင်တော့မည်မဟုတ်ပါ။
" ပေးပါ့ရှင် "
" တီလေး သားကိုလေ တစ်ခုလောက်ကူညီပါလား"
" အပြင်ထွက်တာကလွဲပြီးကြိုက်တာပြောကြည့်"
" တီလေးရယ် "
" တီလေးရယ်မလုပ်နဲ့ အခုတောင် မင်းသူငယ်ချင်းနဲ့
သွားဖို့တောင်တီလေး အတိုက်အခံလုပ်ပြီး ပြောရမှာ
မိဘတွေစိတ်ပူတတ်တာ ဟျော့လည်းသိရက်နဲ့ "
မိဘတွေစိတ်ပူတယ်ဆိုတာ ကျန်းမာရေးကိုမဟုတ်ဘဲသူ့လို ရောဂါသည်တစ်ယောက်က
Sunflower Group ရဲ့သားဆိုတာကို မသိစေချင်လို့ဘဲ။ ဒါကြောင့် အိမ်ကနေထွက်ခွင့်မပေးခြင်းဖြစ်သည်။
" အာ့ဆို ဂျဲနိုနဲ့တော့ တကယ်သွားရမှာနော်မဟုတ်
ရင်ဟျော့နောက်နေ့ဆေးတွေမသောက်ဘူး အကုန်လွှင့်ပစ်မှာ "
" အိုခေရှင် အခုတော့ အိပ်တော့ "
ငယ်ငယ်ကတည်းက သူများနည်းတူမဆော့ရဘဲ
ကိုယ့်အိပ်ခန်းထဲတွင်သာနေရသည်။ စာတွေကိုသူများနည်းတူသင်ရတယ်ဆိုပင်မဲ့ ကျောင်းမသွားရဘဲ အိမ်မှာဘဲ အကောင်းဆုံးဆရာတွေက်ိုခေါ်ပေးထားပြီး စာမေးပွဲဖြေလျှင် ဆေးရုံမှာသာဖြေဖြစ်တာများလှသည်။အပြင်လုံးလုံးမထွက်ရတာမျိုးမဟုတ်ဘဲ တစ်လတစ်ခါမှသာ အိမ်ကလိုက်ပို့ပေးသည်။
ဂျဲနိုနဲ့ ခင်ရသည့်အကြောင်းအရင်းကလည်း ဂျဲနိုရဲ့မိဘမျက်နှာတွေကြောင့်သာဖြစ်သည်။ သို့သော်
သူငယ်ချင်းဆက်ဆံရေးက တခြားသူတွေထက်ပိုမြဲလှသည်။ ဂျဲနိုက အပြင်မှာကျောင်းတတ်ပြီးအိမ်လာ
ရင် သူကျောင်းမှာဘယ်လိုဂိမ်းဆော့ရကြောင်း၊
လေ့လာရေးခရီးဘယ်လိုထွက်ရသည့်အကြောင်းများကိုပြန်လည်မျှဝေပေးတတ်သူဖြစ်သည်။
တီလေးရဲ့ အတင်းတောင်းဆိုမှုကြောင့် ဂျဲနိုနဲ့အတူ
တစ်ရက်အပြင်လည်ခွင့်ရလိုက်သည်။
" မင်းမှာလည်း အပြင်ထွက်ရဖို့ ခက်လိုက်တာ မိန်းကလေးတွေတောင်မင်းလောက်ခက်မယ်မထင်ဘူးကွာ "
" ငါက ချောလို့ အိမ်ကလှောင်ထားတာကွ အဲ့လိုမပြောနဲ့ "
" မင်းအကြောင်းမသိရင်ခက်မယ် ကဲပါလာဒီနေ့အပြတ်ကဲမယ် မင်းကိုငါနေရာစုံလိုက်ပို့ပေးမယ်"
"ယုံကြည်လိုက်ပြီ " ရင်ဘတ်ကိုပုတ်ပြလိုက်တော့
ဂျဲနိုက မျက်လုံးဖြင့်သူ့ကိုပြုံးပြပြီး ဆွဲခေါ်သွားသည်။
ဂျဲနိုက သူ့ကို တစ်ရက်လုံး နေရာစုံပို့ပေးပြီး
အကြောင်းစုံလိုက်ရှင်းပြသည်။ တီလေးပြီးရင်
ဂျဲနိုကသူ့ကို ဂရုအစိုက်ပေးဆုံးနဲ့ မေတ္တာအပေးဆုံးလူတစ်ယောက်လည်းဖြစ်သည်။
" ခဏလေး ဂျဲနို ငါမောလာလို့ "
" ရလား ငါကုန်းပိုးပေးရမလား "
" ရပါတယ်ကွ မလိုဘူး အခုဘယ်သွားကြမလဲ"
" Hotpot သွားစားကြမလား "
" လက်ခံတယ် "
Hotpot ဆိုင်ကိုခေါ်သွားပြီး အသားတွေကိုကိုယ်တိုင်ကင်ပေးပြီး ပုစွန်တွေအကုန်သူဘဲအခွံခွါပေးနေသည်။
" ဒီနားမှာ ညော်တယ် အပြင်ခဏထွက် စားလို့ရရင်ခေါ်လိုက်မယ် သွား "
သူ့ကို ချစ်တဲ့မျက်လုံးလေးနဲ့ကြည့်လိုက်တော့
သူက " လာပြီးကြည့်မနေနဲ့ မင်းတစ်ခုခုဖြစ်ရင်
တီလေးငါ့ကိုလုပ်မှာစိုးလို့သွား "
" အာအီးဂူးးး ငါတို့ဂျဲနိုလေးအများကြီး ကြီးလာပြီဘဲ "ခေါင်းကိုပုတ်ပေးတော့ သူက ကင်နေတဲ့အကင်ညှပ်နဲ့ပစ်ရန်ဟန်ပြသည်။
အပြင်မှာ ဂျဲနိုလာခေါ်တာကိုစောင့်ပြီး ရှေ့ခုံတွင်ထိုင်နေလေသည်။ ထိုအချိန်တွင်ကောင်လေးတစ်ယောက်က သူ့အရှေ့တွင် cigarettes လာဖွာနေတာကြောင့် ချောင်းသံတိုးတိုးလေးထွက်လာသည်။
ထိုကောင်လေးက တစ်ချက်လှည့်ကြည့်လာကာ
ဆေးလိပ်သောက်လက်စကို မီးသတ်လိုက်ပြီး
ပြန်ထွက်သွားသည်။ ထိုကောင်လေးရဲ့ ပုံရိပ်က သူ့မျက်လုံးထဲက လုံးဝမထွက်ဘဲကျန်ရှိနေသည်။
" ဘယ်သူ့ကိုကြည့်နေတာလဲ " ဂျဲနိုသူ့ကိုခေါ်လိုက်မှအသိစိတ်ပြန်ကပ်လာသည်။
" အော်အင်း ဒီတိုင်းပါ ဟိုနားက ကောင်လေးတစ်ယောက် "
" လာ ဟိုမှာအကင်ရပီ စားကြအမြန်ပြန်ကြမယ်
နောက်ကျလာပြီ "
" အင်း လာပြီ "
ထိုဟူဒီအမဲနဲ့ကောင်လေးကိုသာ လိုက်ရှာပြီး လိုက်ကြည့်နေမိသည်။ သူ့ရဲ့ မျက်ဝန်းတွေက တကယ်စိတ်ဝင်စားဖို့ကောင်းလွန်းသည်။
Cigarettes သောက်နေတဲ့ပုံကလည်းပုံမှန်ကောင်လေးတွေနဲ့ မတူဘဲအရမ်းမိုက်တယ်ဆိုပြီး ခံစားနေရသည်။ရင်ထဲမှာကျန်နေသည်တဲ့လား~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" အီမင်ဟျောင်း မပြေးနဲ့ "
သူ့နောက်ကို လူတစ်စုက အသည်းအသန်လိုက်နေသည်။ ထိုလူတွေလက်ထဲမရောက်ရန် အစွမ်းကုန်ကြိုးစားနေရသည်။ ထိုလူတွေလက်ထဲသူရောက်တာနဲ့ အသက်တောင်ရှိတော့မည်မဟုတ်ပါ။
အကြွေးး ?
သူ့မိဘတွေရဲ့ လောင်းကစားကိစ္စကြောင့်သူတို့မိသားစုလည်းပျက်စီးပြီးအကြွေးတွေလည်းတင်နေခဲ့သည်။
မိဘတွေက ကိုယ်တိုင်အဆုံးစီရင်သွားပြီး
သူ့ကို အကြွေးတွေနဲ့သာထားခဲ့သည်။ အိမ်တွင်လည်းနေလို့မဖြစ်သလို အိမ်ရှေ့တွင်အကြွေးရှင်တွေနေ့တိုင်းရှိနေသည်။အခုဆို သူ့အတွက်အိမ်လည်းမရှိတော့သလို မိသားစုလည်းမရှိတော့ပေ။
သူ့အတွက် အခုချိန်တွင် အဖေတို့နဲ့နည်းတူ ကိုယ့်ကိုယ်ကို
သတ်သေဖို့ကလွှဲပြီးကျန်တာမစဉ်းစားမိတော့ပေ။
အလင်းရောင်မရှိတဲ့ မှောင်မိုက်နေတဲ့နေရာမှာသူထပ်ပြီးမနေနိုင်တော့ပါ~
ဘဝတွေကထင်ထားတာထက်ပိုခက်ခဲတာဘဲလား?
(Zawgyi)
ညေနခင္း၏ ဝင္ခါနီး ေနမင္းႀကီးက ပုစြန္ဆီေရာင္သမ္းေနေလသည္။အခန္းက်ယ္ႀကီးထဲက
ခုတင္ေလးေပၚမွာတစ္ေယာက္တည္းလွဲေနရတာလည္း ေျခာက္ျခားစရာ။
" ေဟ်ာ့ဂီေလး " အျပင္မွာတံခါးေခါက္ၿပီး လာေခၚသံ။
" ဝင္လာမယ္ေနာ္ "
ဒုံေဟ်ာ့ကဘယ္သူလဲဆိုတာတစ္ခ်က္ၾကည့္လိုက္ၿပီးျပန္ၿပီး အိပ္ေနသည္။
" ေဆးေသာက္ခ်ိန္ေရာက္ၿပီ "
" မေသာက္ဘူး "
" မေသာက္လို႔မရဘူး ေဟ်ာ့ေလး ထ လာပါေဆးေသာက္ၾကမယ္ေလေနာ္ အဲ့တာမွ ေရာဂါကသက္သာမွာေပါ့ ဟုတ္ဘူးလား ထေနာ္ အန္တီေလးကေဟ်ာ့ေဆးေသာက္ရင္ အျပင္ကိုေဟ်ာ့လည္လို႔
ရေအာင္ေျပာေပးမယ္ "
သူက ကုတင္ကေနကုန္းထလာၿပီး
" အတည္ေနာ္ တီေလး အရင္တစ္ခါကလည္းေျပာမယ္ဆိုၿပီး မေျပာေပးဘူးေလ "
" ေျပာေပးပါတယ္ ေဟ်ာ့မိဘေတြက မအားလို႔တဲ့ အခုက် တီေလး ေဟ်ာ့နဲ႔ေဟ်ာ့သူငယ္ခ်င္း
ႏွစ္ေယာက္တည္းသြားလို႔ရေအာင္ေျပာေပးမယ္ "
" ကတိေပး "
သူ႔ရဲ႕ဘဝတြင္အေဖနဲ႔ အေမထက္ တီေလးကိုပိုခ်စ္သည္။ တီေလးကသာသူ႔ကိုအေတြးေပးႏိုင္ဆုံး၊ တီေလးကသာသူ႔ကိုအခ်စ္ဆုံးဆိုတာကို
ေတြးထားသည္။တီေလးမရွိရင္သူလည္း အသက္ရွင္ေတာ့မည္မဟုတ္ပါ။
" ေပးပါ့ရွင္ "
" တီေလး သားကိုေလ တစ္ခုေလာက္ကူညီပါလား"
" အျပင္ထြက္တာကလြဲၿပီးႀကိဳက္တာေျပာၾကည့္"
" တီေလးရယ္ "
" တီေလးရယ္မလုပ္နဲ႔ အခုေတာင္ မင္းသူငယ္ခ်င္းနဲ႔
သြားဖို႔ေတာင္တီေလး အတိုက္အခံလုပ္ၿပီး ေျပာရမွာ
မိဘေတြစိတ္ပူတတ္တာ ေဟ်ာ့လည္းသိရက္နဲ႔ "
မိဘေတြစိတ္ပူတယ္ဆိုတာ က်န္းမာေရးကိုမဟုတ္ဘဲသူ႔လို ေရာဂါသည္တစ္ေယာက္က
Sunflower Group ရဲ႕သားဆိုတာကို မသိေစခ်င္လို႔ဘဲ။ ဒါေၾကာင့္ အိမ္ကေနထြက္ခြင့္မေပးျခင္းျဖစ္သည္။
" အာ့ဆို ဂ်ဲႏိုနဲ႔ေတာ့ တကယ္သြားရမွာေနာ္မဟုတ္
ရင္ေဟ်ာ့ေနာက္ေန႔ေဆးေတြမေသာက္ဘူး အကုန္လႊင့္ပစ္မွာ "
" အိုေခရွင္ အခုေတာ့ အိပ္ေတာ့ "
ငယ္ငယ္ကတည္းက သူမ်ားနည္းတူမေဆာ့ရဘဲ
ကိုယ့္အိပ္ခန္းထဲတြင္သာေနရသည္။ စာေတြကိုသူမ်ားနည္းတူသင္ရတယ္ဆိုပင္မဲ့ ေက်ာင္းမသြားရဘဲ အိမ္မွာဘဲ အေကာင္းဆုံးဆရာေတြက္ိုေခၚေပးထားၿပီး စာေမးပြဲေျဖလွ်င္ ေဆး႐ုံမွာသာေျဖျဖစ္တာမ်ားလွသည္။အျပင္လုံးလုံးမထြက္ရတာမ်ိဳးမဟုတ္ဘဲ တစ္လတစ္ခါမွသာ အိမ္ကလိုက္ပို႔ေပးသည္။
ဂ်ဲႏိုနဲ႔ ခင္ရသည့္အေၾကာင္းအရင္းကလည္း ဂ်ဲႏိုရဲ႕မိဘမ်က္ႏွာေတြေၾကာင့္သာျဖစ္သည္။ သို႔ေသာ္
သူငယ္ခ်င္းဆက္ဆံေရးက တျခားသူေတြထက္ပိုၿမဲလွသည္။ ဂ်ဲႏိုက အျပင္မွာေက်ာင္းတတ္ၿပီးအိမ္လာ
ရင္ သူေက်ာင္းမွာဘယ္လိုဂိမ္းေဆာ့ရေၾကာင္း၊
ေလ့လာေရးခရီးဘယ္လိုထြက္ရသည့္အေၾကာင္းမ်ားကိုျပန္လည္မွ်ေဝေပးတတ္သူျဖစ္သည္။
တီေလးရဲ႕ အတင္းေတာင္းဆိုမႈေၾကာင့္ ဂ်ဲႏိုနဲ႔အတူ
တစ္ရက္အျပင္လည္ခြင့္ရလိုက္သည္။
" မင္းမွာလည္း အျပင္ထြက္ရဖို႔ ခက္လိုက္တာ မိန္းကေလးေတြေတာင္မင္းေလာက္ခက္မယ္မထင္ဘူးကြာ "
" ငါက ေခ်ာလို႔ အိမ္ကေလွာင္ထားတာကြ အဲ့လိုမေျပာနဲ႔ "
" မင္းအေၾကာင္းမသိရင္ခက္မယ္ ကဲပါလာဒီေန႔အျပတ္ကဲမယ္ မင္းကိုငါေနရာစုံလိုက္ပို႔ေပးမယ္"
"ယုံၾကည္လိုက္ၿပီ " ရင္ဘတ္ကိုပုတ္ျပလိုက္ေတာ့
ဂ်ဲႏိုက မ်က္လုံးျဖင့္သူ႔ကိုၿပဳံးျပၿပီး ဆြဲေခၚသြားသည္။
ဂ်ဲႏိုက သူ႔ကို တစ္ရက္လုံး ေနရာစုံပို႔ေပးၿပီး
အေၾကာင္းစုံလိုက္ရွင္းျပသည္။ တီေလးၿပီးရင္
ဂ်ဲႏိုကသူ႔ကို ဂ႐ုအစိုက္ေပးဆုံးနဲ႔ ေမတၱာအေပးဆုံးလူတစ္ေယာက္လည္းျဖစ္သည္။
" ခဏေလး ဂ်ဲႏို ငါေမာလာလို႔ "
" ရလား ငါကုန္းပိုးေပးရမလား "
" ရပါတယ္ကြ မလိုဘူး အခုဘယ္သြားၾကမလဲ"
" Hotpot သြားစားၾကမလား "
" လက္ခံတယ္ "
Hotpot ဆိုင္ကိုေခၚသြားၿပီး အသားေတြကိုကိုယ္တိုင္ကင္ေပးၿပီး ပုစြန္ေတြအကုန္သူဘဲအခြံခြါေပးေနသည္။
" ဒီနားမွာ ေညာ္တယ္ အျပင္ခဏထြက္ စားလို႔ရရင္ေခၚလိုက္မယ္ သြား "
သူ႔ကို ခ်စ္တဲ့မ်က္လုံးေလးနဲ႔ၾကည့္လိုက္ေတာ့
သူက " လာၿပီးၾကည့္မေနနဲ႔ မင္းတစ္ခုခုျဖစ္ရင္
တီေလးငါ့ကိုလုပ္မွာစိုးလို႔သြား "
" အာအီးဂူးးး ငါတို႔ဂ်ဲႏိုေလးအမ်ားႀကီး ႀကီးလာၿပီဘဲ "ေခါင္းကိုပုတ္ေပးေတာ့ သူက ကင္ေနတဲ့အကင္ညႇပ္နဲ႔ပစ္ရန္ဟန္ျပသည္။
အျပင္မွာ ဂ်ဲႏိုလာေခၚတာကိုေစာင့္ၿပီး ေရွ႕ခုံတြင္ထိုင္ေနေလသည္။ ထိုအခ်ိန္တြင္ေကာင္ေလးတစ္ေယာက္က သူ႔အေရွ႕တြင္ cigarettes လာဖြာေနတာေၾကာင့္ ေခ်ာင္းသံတိုးတိုးေလးထြက္လာသည္။
ထိုေကာင္ေလးက တစ္ခ်က္လွည့္ၾကည့္လာကာ
ေဆးလိပ္ေသာက္လက္စကို မီးသတ္လိုက္ၿပီး
ျပန္ထြက္သြားသည္။ ထိုေကာင္ေလးရဲ႕ ပုံရိပ္က သူ႔မ်က္လုံးထဲက လုံးဝမထြက္ဘဲက်န္ရွိေနသည္။
" ဘယ္သူ႔ကိုၾကည့္ေနတာလဲ " ဂ်ဲႏိုသူ႔ကိုေခၚလိုက္မွအသိစိတ္ျပန္ကပ္လာသည္။
" ေအာ္အင္း ဒီတိုင္းပါ ဟိုနားက ေကာင္ေလးတစ္ေယာက္ "
" လာ ဟိုမွာအကင္ရပီ စားၾကအျမန္ျပန္ၾကမယ္
ေနာက္က်လာၿပီ "
" အင္း လာၿပီ "
ထိုဟူဒီအမဲနဲ႔ေကာင္ေလးကိုသာ လိုက္ရွာၿပီး လိုက္ၾကည့္ေနမိသည္။ သူ႔ရဲ႕ မ်က္ဝန္းေတြက တကယ္စိတ္ဝင္စားဖို႔ေကာင္းလြန္းသည္။
Cigarettes ေသာက္ေနတဲ့ပုံကလည္းပုံမွန္ေကာင္ေလးေတြနဲ႔ မတူဘဲအရမ္းမိုက္တယ္ဆိုၿပီး ခံစားေနရသည္။ရင္ထဲမွာက်န္ေနသည္တဲ့လား~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" အီမင္ေဟ်ာင္း မေျပးနဲ႔ "
သူ႔ေနာက္ကို လူတစ္စုက အသည္းအသန္လိုက္ေနသည္။ ထိုလူေတြလက္ထဲမေရာက္ရန္ အစြမ္းကုန္ႀကိဳးစားေနရသည္။ ထိုလူေတြလက္ထဲသူေရာက္တာနဲ႔ အသက္ေတာင္ရွိေတာ့မည္မဟုတ္ပါ။
အေႂကြးး ?
သူ႔မိဘေတြရဲ႕ ေလာင္းကစားကိစၥေၾကာင့္သူတို႔မိသားစုလည္းပ်က္စီးၿပီးအေႂကြးေတြလည္းတင္ေနခဲ့သည္။
မိဘေတြက ကိုယ္တိုင္အဆုံးစီရင္သြားၿပီး
သူ႔ကို အေႂကြးေတြနဲ႔သာထားခဲ့သည္။ အိမ္တြင္လည္းေနလို႔မျဖစ္သလို အိမ္ေရွ႕တြင္အေႂကြးရွင္ေတြေန႔တိုင္းရွိေနသည္။အခုဆို သူ႔အတြက္အိမ္လည္းမရွိေတာ့သလို မိသားစုလည္းမရွိေတာ့ေပ။
သူ႔အတြက္ အခုခ်ိန္တြင္ အေဖတို႔နဲ႔နည္းတူ ကိုယ့္ကိုယ္ကို
သတ္ေသဖို႔ကလႊဲၿပီးက်န္တာမစဥ္းစားမိေတာ့ေပ။
အလင္းေရာင္မရွိတဲ့ ေမွာင္မိုက္ေနတဲ့ေနရာမွာသူထပ္ၿပီးမေနႏိုင္ေတာ့ပါ~
ဘဝေတြကထင္ထားတာထက္ပိုခက္ခဲတာဘဲလား?