11 01
အခန်း (၁၁)
တုန်အာက ကျန်းလီရဲ့ ရှင်းပြမှုအပြီး ခေါင်းညိတ်လိုက်တယ်။ နောက်တစ်ကြိမ် သူက တစ်ခုခုကို တွေးမိပြီး မေးလိုက်တယ်။
"အဲဒီသခင်မလျူက တကယ်လူကောင်းပဲ"
ပြီးတော့ သူက ကျန်းလီကို ကြည့်ရင်း ပီတိပြုံးလေးနဲ့ "တကယ်တော့ ဒီလိုနှစ်တွေ အများကြီးကြာပြီးတော့ ဒီအစေခံကတောင် သူ့ကို မမှတ်မိတော့ဘူး။ သခင်မလျူရဲ့တည်ရှိမှုကို မမလေး မှတ်မိနေဦးမယ်လို့တောင် မထင်ထားဘူး။ အခုတောင် သခင်မတွေ အများကြီး ရှိနေတာလေ ဒါပေမဲ့ ဒီသခင်မလျူကပဲ စကားပြောဖို့ လိုလိုလားလားရှိတာ"
ကျန်းလီက ပြုံးလိုက်တယ်။ သူမ ရွှီဖုန်းဖေးအဖြစ်နဲ့ ယန်ကျင်းကိုတက်လာတုန်းကလည်း သူကမကြာခဏ သခင်မလေးတွေနဲ့ အတင်းပြောနေကြဖြစ်တယ်။ ပြီးတော့ အခြားသူတွေ မသိတာက သူကငယ်ငယ်ကတည်းက အတော်ကောင်းတဲ့ မှတ်ဉာဏ်ရှိခဲ့တယ်။ ဒီကလူတွေကြောင့်ဘဲ ချန်သယ် အရာရှိ အိမ်တော်ရဲ့ သခင်မလျူနဲ့ အရင် ရှန်ယန်းမိသားစုရဲ့ ရီကျန်းကျန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း သိခဲ့ရတာ။
ဒီထက်မက သူမနဲ့သခင်မလျူရဲ့ တိုတောင်းတဲ့ တွေ့ဆုံမှုမှာတောင် သူမက သဘောကောင်းပြီး လူ့စိတ်နှလုံးကို တန်ဖိုးထား ကြင်နာတတ်သူ ဖြစ်တာကို သိရှိခဲ့ရတယ်။ အမျိုးသမီးတွေအပေါ်လည်း ညှာတာ ထောက်ထားသေးတယ်။ သူကဒီနေ့ သူ့ဂုဏ်ဒြပ်ကို အသုံးချပြီး အရင်အသိရဲ့ သမီးဖြစ်သူကို ကိုယ်ချင်းစာနာ ပေးခဲ့သေးတာက သူ သီလရှင်ကျောင်းကို ပို့ခံလိုက်ရတာရဲ့နောက်ကွယ်မှာ တခုခု ရှိနေတယ်ဆိုတာ အရိပ်အမြွက်ပေးနေသလိုပဲ။
ယုတ္တိရှိရှိ တွေးကြည့်မယ်ဆိုရင် သခင်မလျူက ဒီတိုင်း လက်ပိုက်ကြည့်နေမယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
"ဘာပဲဖြစ်ဖြစ် မမလေး" တုန်အာက တွန့်ဆုတ်ဆုတ်နဲ့ ပြောတယ်။ "သခင်မလျူက မြို့တော်ကို ပြန်လာပြီး မမလေးကို သခင်ကြီးဆီ ပြောပေးတယ် ဆိုရင်တောင် သခင်ကြီးက မမလေးကို ပြန်ခေါ်ဖို့ လူလွှတ် စီစဉ်ပေးပါ့မလား အဲ့လိုမှမဟုတ်ရင် မနက်ဖြန်မနက် သခင်မလျူနဲ့ တခါတည်း ဘာလို့ပြန်မလိုက်သွားတာလဲ"
ပုံမှန်ဆို တုန်အာက ကျန်းယွမ်ပိုင်က တစ်နေ့နေ့ သေချာပေါက် ကျန်းလီကို အိမ်ပြန်ဖို့လာခေါ်မယ်လို့ ယုံကြည်ရင်း ခိုင်ခိုင်မာမာ ပြောလေ့ရှိတာ ဒါပေမဲ့ ဒီလောက် နှစ်တွေအကြာကြီး ကျန်းယွမ်ပိုင်က ဒီသမီးအပေါ် ဘာစိတ်ဝင်စားမှုမှမပြတာ လူတိုင်း မျက်လုံးထဲမှာ မြင်နေရတာ ဆိုတော့ တုန်အာတစ်ယောက် အဲ့နေ့က တကယ် ရောက်လာ မလာကို သူ့ကိုယ်သူ မသေချာတော့ဘူး ။
"မပူပါနဲ့ အဖေက ငါတို့ကို ပြန်ခေါ်ဖို့ သေချာပေါက် တစ်ယောက်ယောက်ကို စီစဉ်ပေးပါလိမ့်မယ်" ကျန်းလီက ပြန်ပြောလိုက်တယ်။
လွန်ခဲ့တဲ့သုံးနှစ် ချန်သယ်အရာရှိဟာ ဒုအင်ပါယာစိစစ်ရေးအဖွဲ့ဝင်ရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်နေခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူနဲ့ ကျီရှုးရန်ရဲ့အဖေ ကျီယန်းလင် ထောက်ခံပေးထားတဲ့ ကျောင်းသားဟာ တစ်ယောက်နဲ့တစ်ယောက် ရန်လိုနေကြတာကြောင့် ဖြစ်တယ်။ ချန်သယ်အရာရှိမဖြစ်ခင် သူဟာ နယ်မြေအဆင့်ရာထူးပဲ ရှိသေးပြီး အဲ့ကျောင်းသားဟာ ကျီယန်းလင်ရဲ့ အဆက်အသွယ်နဲ့ ချန်သယ်အရာရှိ ဖြစ်ဖို့ ဒီလို အမြတ်ရှိတဲ့ အလုပ်ကို လုယူဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်တယ်။ တစုံတစ်ယောက်ရဲ့ အမှတ်ကို ဝင်ယူပြီး သူ့အရာရှိဖြစ်မဲ့ လမ်းကြောင်းကို ပိတ်ပင်တာက အရှင်လျိုနဲ့ ကျီယန်းလင်ကြားက အခြေအနေဟာ စောင့်ကြည့်စရာ မလိုဘဲ တည်တည်ငြိမ်ငြိမ်တော့ ရှိတော့မှာ မဟုတ်ဘူး။ သခင်မလျူက ယန်ကျင်းကို ပြန်လာပြီး ဒီပြဿနာကို ချန်သယ်အရာရှိဆီကို တင်ပြလိုက်သရွေ့ ပင်ကိုယ်အားဖြင့် ဉာဏ်ကောင်းတဲ့ ဒီလူက ကျီယန်းလင်ကို အရှုံးကို ခံစားစေဖို့ ဘယ်လက်လွတ်ခံပါ့မလဲ။ ဒီပြဿနာရဲ့ပင်ရင်းက ကျီမိသားစုရဲ့အမှာပဲ။ ထပ်ပေါင်းအနေဖြင့် ကျီရှုးရန်ဟာ သူ့ရဲ့ ကြင်နာရက်ရော၊ သဘောထားကြီးပြီး သည်းခံမှုရှိတဲ့ အကြီးအကဲလက်ထောက်ရဲ့ဇနီးဆိုတဲ့ပုံရိပ်ကို လူကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဂုဏ်သတင်းကို ပိုအရေးပေးမှာပဲ။ သူ့အနေနဲ့ မျိုးနွယ်အပေါ် မကြင်မနာ ဆက်ဆံတယ်ဆိုတဲ့ နာမည်မျိုး ကျန်အောင်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
"ငါက ခမ်းခမ်းနားနား ပြန်သွားချင်တာ ဒီတိုင်း ပြန်သွားချင်တာ မဟုတ်ဘူး" သူမလက်က စားပွဲကို ထိထားရင်း ပြောတယ်။
"သခင်မလျူနဲ့အတူ ပြန်သွားမယ်ဆိုရင် ဒီတိုင်း လိုက်သွားတာပဲ ဖြစ်နေလိမ့်မယ်။ ယန်ကျင်းမှာ အကြီးအကျယ် ဖြစ်မှာမဟုတ်ဘူး ဒါပေမဲ့ ငါတို့ကို ကြိုဆိုဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ် ဆိုရင်တော့ ယန်ကျင်းတစ်မြို့လုံးက သတိထားမိလိမ့်မယ် 'ကျန်းသခင်မလေးနှစ်က မြို့တော်ကို ပြန်လာတော့မယ်' ဆိုပြီး မျိုးရိုးမြင့်အသိုင်းအဝိုင်းက သတင်းရလိမ့်မယ်... ဒီလိုနည်းနဲ့ တရားဝင် ပြန်လာတာကို ခမ်းခမ်းနားနား စောင့်ကြည့်ကြလိမ့်မယ်" တုန်အာက မျက်တောင်ခပ်လိုက်ရင်း ဘာလို့မှန်းမသိ ပေမဲ့ အခုတလော သူတို့ရဲ့ မမလေးကို တောတော်လေး မရင်းနှီးသလို ခံစားနေရတယ်။ အရင်ကျန်းသခင်မလေးနှစ်က စိတ်လိုက်မာန်ပါ ခေါင်းမာရိုင်းစိုင်းပြီး စိတ်မြန်လက်မြန်နဲ့ အားနည်းတယ်။ အလွန် နူးညံ့ညင်သာ၊ အတော်တည်ငြိမ်ပြီး ဆက်ဆံဖို့ခက်တဲ့ အခုကျန်းသခင်မလေးနဲ့ ယှဥ်မယ်ဆိုရင် အတော်ကွာခြားနေခဲ့တယ်။
"စောင့်သာစောင့်နေလိုက်" ကျန်းလီဟာ သူ့မျက်ဝန်းတွေကို မှေးရင်း.. "မကြာခင် ဖြစ်လာလိမ့်မယ်"
ဒုတိယမြောက်နေ့ရဲ့ အရုဏ်တက်အချိန်တွင် သခင်မလျူက ယန်ကျင်းကို ပြန်ဖို့ စထွက်ခဲ့တယ်။
11 02
ကျန်တဲ့ သခင်မလေးတွေနဲ့ မိန်းမငယ်လေးတွေလည်း သူနဲ့အတူ လိုက်သွားကြတယ်။ သူတို့ပုံစံတွေက မကောင်းတဲ့ တစ်စုံတရာကို ရှောင်ချင်ကြသလိုမျိုးနဲ့ ဒီနေရာကနေ ထွက်ခွာဖို့ အလျင်လိုနေကြတယ်။ ပြန်စဉ်းစား ကြည့်မယ်ဆိုရင်လည်း ဟုတ်တာပါပဲ။ ဒီလို ဗုဒ္ဓဘာသာဝင်တွေရဲ့ သန့်ရှင်းမွန်မြတ်တဲ့ နေရာကနေ အပုပ်နံ့ ထွက်နေတော့လည်း ဒီအမျိုးသမီးတွေက ထွက်ပြေးဖို့ မစောင့်နိုင်ကြတာ သဘာဝပဲ။
ဟယ်လင်ဘုရားကျောင်း သာမက ကျန်းလီ အခုရှိနေတဲ့ သီလရှင်ကျောင်းမှာတောင် သီလရှင်တွေ အားလုံးဟာ တစ်ယောက်မကျန် အဝေးကို ရွှေ့ပြောင်းသွားကြပြီ ဖြစ်တယ်။ တစ်ညထဲမှာပဲ အနီးရှိ အစိုးရရုံးက သော့ခတ်ပြီး စစ်ကြောဖို့ ကျောင်းက သီလရှင်တွေ အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ သခင်မလျူက မထွက်ခွာခင် နေခဲ့တဲ့ ကျန်းလီရဲ့ လုံခြုံရေးအတွက် ကိုယ်ရံတော်နဲ့ အစေခံကောင်လေးအချို့ အပြင် သူမ(သခင်မလျူ)ရဲ့ အရင်းနှီးဆုံး အစေခံမလေး ယွီရှန်းကိုပါ ထားခဲ့ပေးတယ်။
ရထားလုံး စထွက်တော့မဲ့ အချိန်မှာပဲ သခင်မလျူက ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး ကျန်းလီကို ကြည့်ကာ စိတ်ပူနေဟန်နဲ့ ပြောလိုက်တယ်။
"ကျန်းသခင်မလေးနှစ် တကယ် ဒီမှာနေခဲ့ချင်တာလား... ငါဆက်တိုက် စဥ်းစားနေခဲ့ပေမဲ့ မသင့်တော်ဘူးလို့ ခံစားနေရတုန်းပဲ ငါတို့နဲ့အတူ မြို့တော်ကို ပြန်လိုက်ခဲ့တာက ပိုကောင်းလိမ့်မယ် ထင်တယ်"
ကျန်းလီက ညင်သာပေမဲ့ ခိုင်ခိုင်မာမာပဲ ငြင်းဆိုလိုက်တယ်။ အပြုံးလေးနဲ့ သူက ပြောတယ်။ "သခင်မရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အဖေ့ကို ကတိပေးခဲ့ပြီးပြီမို့ ကတိတည်ရမယ်လေ"
သခင်မလျူက ကျန်းယွမ်ပိုင်ရဲ့နာမည်ကို ကြားတာနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ရီကျန်းကျန်းရဲ့ အချိန်မတန်ခင် သေဆုံးမှုကို ပြန်သတိရသွားပြီး မျက်နှာက အနည်းငယ် ညှိုးငယ်သွားခဲ့တယ်။ သူက အတွေးတွေကနေ ထွက်ပြီး ကျန်းလီကို ကြည့်ကာ သက်ပြင်းချရင်း ဆိုတယ်။ "ကောင်းပြီလေ မင်းက စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုတော့လည်း ငါ အတင်း မတိုက်တွန်းတော့ပါဘူး။ မပူပါနဲ့ မင်းအဖေကို မင်းတို့ကို လာကြိုဖို့ တတ်နိုင်သမျှ အမြန်ဆုံး လူလွှတ်ပေးဖို့ ငါပြောပေးပါ့မယ်"
ပြီးနောက် သူက ယွီရှန်းဘက်ကို လှည့်ကာ ညွှန်ကြားလိုက်တယ်။
"ကျန်းသခင်မလေးကို ကောင်းကောင်း ဂရုစိုက်နော်"
ယွီရှန်းက ခေါင်းညိတ်တုံ့ပြန်တယ်။ ရထားလုံးဟာ ဖုန်တွေသဲတွေကို နောက်မှာ ချန်ထားရင်း ထွက်ခွာသွားပြီး နောက်ဆုံးတော့ မြင်ကွင်းက ပျောက်ကွယ်သွားတော့တယ်။ တုန်အာကအဝေးက ရထားလုံးကို ငေးကြည့်နေရင်း သူ့မျက်ဝန်းတွေက ဘယ်လိုပြောရမလဲ အားမရှိသလိုပဲ။ ဒီထွက်ခွာမှုအပြီး လူတွေ နောက်ထပ် ရောက်လာဦးမလားဆိုတာတော့ ဘယ်သူမှ မသိကြဘူး။
တုန်အာက မနေနိုင်ဘဲ ထုတ်မေးလိုက်တယ်။ "မမလေး ကျွန်မတို့ တကယ်ဘဲ ခမ်းခမ်းနားနားနဲ့ ပြန်သွားနိုင်မှာလားဟင်"
ကျန်းလီက ပြုံးပြီး "ဒါပေါ့"
သူမကသူ ပြန်လာတာကို အသက်ဝင်စွာ ခမ်းနားထည်ဝါစွာနဲ့ ဖြစ်ချင်ခဲ့တာ ယန်ကျင်းက မျိုးရိုးမြင့်တွေ အကုန်လုံးကို ဒီမထင်မရှား ဒုတိယသမီးရဲ့ တည်ရှိမှုကို သိစေချင်တာ ဒါမှ သူ့အတိတ်ဘဝကို ပြန်ပြင်ဆင်နိုင်ဖို့ဖြစ်တယ်။ ကျန်းသခင်မလေးနှစ်ဆိုတဲ့ ဒီဂုဏ်ဒြပ်က သူ့အတွက် မရေမတွက်နိုင်လောက်အောင် သက်သာလွယ်ကူ စေလိမ့်မယ်။ ဒီလိုမှဘဲ မင်းသမီးယုံနင်းကို ချဥ်းကပ်ဖို့ သူ့အတွက် သင့်တော်မှာ ဖြစ်တယ်။ မင်းသမီးယုံနင်း၊ ရှန်းယွီရုန်နဲ့ ဘုရင်ခံပါအပါအဝင် သူတို့ကို ကူညီပေးခဲ့တဲ့လူတွေအကုန်လုံးကို အဖေနဲ့ ရွှီကျောက်ရဲ့ အဖြစ်ကြောင့် မုန်းတီးမှုရန်ငြိုးတွေအတွက် သူမရဲ့ နှလုံးသားထဲမှာ အချိန်တိုင်း သတိရနေတယ်။ အချိန်တိုင်း စက္ကန့်တိုင်း သူမ မမေ့ရဲခဲ့ဘူး။ ယန်ကျင်းက လူစည်ကားပြီး ကောင်းမွန်တဲ့ နေရာတစ်ခု၊ အဲဒီလိုဘဲ သူမရဲ့လက်တုံ့ပြန်မှုကို စဖို့အတွက် ကွက်တိ နေရာကောင်းတစ်ခုဘဲ။
ကျန်းလီရဲ့ နှုတ်ခမ်းထောင့်စွန်းက အပြုံးက ပိုပြီး နက်နဲသွားတယ်။ ဘေးမှာ ရပ်နေတဲ့ ယွီရှန်းက ဒါကို မြင်သွားပြီး သူ့မျက်လုံးထဲမှာ အံ့သြမှုခပ်ပါးပါး ဖြစ်သွားတယ်။ ကျန်းအိမ်တော်ရဲ့ ဒုတိယသခင်မလေးက ငြင်းမရလောက်အောင် နူးညံ့သိမ်မွေ့တယ်။ သူပြုံးလိုက်တဲ့အခါ သန့်ရှင်းစင်ကြယ်တဲ့ ပန်းလေးတစ်ပွင့်လိုပဲ ဆိုပေမဲ့ အကြောင်းပြချက်မဲ့စွာနဲ့ ဝမ်းနည်းမှု အရိပ်အယောင်လည်း စွက်နေခဲ့တယ်။