တစ်ရက်ကျော်မှ သိရတဲ့ ကင်မ်ထယ်ယောင်းနဲ့ လီယွန်းဝူကိစ္စ ။ သူတစ်ယောက်ကလွဲရင် တစ်လောကလူံက သိနေတဲ့အရာလို ။ ကင်မ်ထယ်ယောင်းကလည်း ဘာမှမပြောသလို ၊ မင်ဟိုတို့နဲ့ တွေ့တုန်းကလည်း အရိပ်အမြွတ်လေးတောင် မသိရပေ ။ သူပဲ တုံးလွန်းတာလား ? ။ အဓိက က ကင်မ်ထယ်ယောင်းပဲ ။ ကင်မ်ထယ်ယောင်းရဲ့ မျက်နှာမှာ ဘာမှကို မခံစားရတာ ။ ဖောက်ပြန်နေတယ်ပြောဖို့ကျ အဲကျတုန်းက သူ့နောက်ကို ဘယ်လောက်မှ မကြာဘူး လိုက်လာခဲ့တာပဲ ။ ဖောက်ပြန်ရင်တော့ ကောင်းသလို သူလည်း အေးချမ်းတယ်ဆိုပြီးတွေးနိင်ပေမဲ့ တက်လာတဲ့ ဓာတ်ပုံက ကင်မ်ထယ်ယောင်းဘက်က လူပ်ရှားနေတာ မရှိတော့ ပြောရခက်သည် ။
ဖောက်ပြန်တယ်ဆိုပါဆို သူ့ဘက်က တရားစွဲရအောင်လည်း ဒီနိင်ငံမှာ လိင်တူလက်ထပ်ခွင့်တောင် ပေးထားတာမှ မဟုတ်တာ ။ ထိုင်၀မ်မင်္ဂလာဆောင်လို့ ထိုင်၀မ်မှာ တရားသွားဆွဲရမှာလား ? ။
Company ကိုရောက်တဲ့အထိ Company က လူတွေရဲ့အကြည့်တွေက သူ့ဆီမှာပဲ ဝဲပျံနေလေသည်။ ကင်မ်ထယ်ယောင်းကလည်း အလုပ်ကိစ္စနဲ့ရူပ်နေလေသည် ။
" ဒူနာ .."
" ဟင့် ..ဂျီမင်ဘာလိုချင်လို့လဲ ?"
မနေ့ညက အကြောင်းလည်း ကျန်ပါသေးသည်။ အိမ်ကို ဘာလိုရောက်လာသလဲဆိုတာကို သူအခုထိ တွေ့လို့မရသေးပေ ။ ဒူနာထည့်ပေးသလောက်ကို သူသောက်လိုက်မိတာ ။ အဲနောက်ပိုင်းကို ဆက်မသိတော့ပါ ။ သူ သူ့ရဲ့ရုံးခန်းထဲမှာ မနေနိင်ပါ။ မနေ့ညက အကြောင်းလည်း သိဖို့လိုတယ် ။
" ဘာမှ မလိုချင်ပါဘူး ..ဟိုလေ ..မနေ့ညကအကြောင်းပဲ သိချင်လို့ ..ကျွန်တော်ဘာမှ မမှတ်မိလို့"
ဂျီမင်စကားကြောင့် ဟန်ဆိုဟီးလည်း ခေါင်းကုတ်လိုက်သည် ။ သူလည်းတကယ်မသိပေ ။ သူလည်း စသောက်တဲ့အချိန်နဲ့ တစ်ပုလင်းမကုန်ခံအထိပဲ သတိရတာ ။ ကျန်တာကို ဟန်ဆိုဟီးလည်း တစ်လုံးမှ မမှတ်မိပေ ။
" ဂျီမင်ရယ် ..ဒူနာတောင် ရုံးရောက်ရင် ဂျီမင့်ကို မေးမလို့ပါ "
"...."
ဆက်ပြောစရာမရှိတော့ပေ ။ ညက အမှားတွေလုပ်ခဲ့သလား ? ။ အိမ်ကတစ်ယောက်ကလည်း သူ့ကို ဘာဆိုဘာမှ မပြောဘူး ။ လစ်လျူရူလိုက်တာပဲလား ဘာလားတော့မသိ ။
" မင်ဟိုကတော့ ပြောတယ် ဒူနာတို့နစ်ယောက် ပြသာနာရှာလိုက်တယ်တဲ့ "
" တကယ် ...!!"
" အကြောင်းအရင်းတော့ မပြောပြဘူး ၊ မင်ဟိုရဲ့မျက်နှာကို ကြည့်ရသလောက်တော့ သေချာတယ် ၊ အမတို့ တော်တော် ပြသာနာရှာလိုက်ပုံပဲ "
ဂျီမင်ခေါင်းကို လက်နစ်ဖက်နဲ့ ကုတ်လိုက်သည်။ လစ်လျူရူထားတာမဟုတ်ပဲ ။ တစ်ခုခုဆိုရင် အတေအမှတ်ထားထားတာလား ? ။ ဘယ်အချိန်ရောက်မှ သူရှာမိတဲ့ ပြသာနာကို ကင်မ်ထယ်ယောင်းက ပြန်ပြောမှာလဲ ? ။
" Bossက တစ်ခုခုပြောလို့လား ?"
ဟန်ဆိုဟီးက အလုပ်ထဲရောက်ရင်တော့ ကင်မ်ထယ်ယောင်းကို "Boss " လို့ပဲ ခေါ်လေသည် ။ ဂျီမင်လည်း ခေါင်းခါလိုက်သည်။ မိုးလင်းကထဲကပြောရင် အကြောင်းမဟုတ်ပေမဲ့ ဘယ်အချိန်မှ ထပြောမလဲဆိုတာကို တွေးပြီးတော့ ပိုပူရတယ် ။ အရက်မြင်တာနဲ့ မနေနိင်တဲ့ ကိုယ့်ဟာကိုယ်လည်း စိတ်တိုတယ် ။ ခြေလှမ်းတွေကို ကင်မ်ထယ်ယောင်းရဲ့ ရုံးခန်းဘက်ကို ဦးတည်လိုက်သည်။
" Boss ဆီ သွားမလို့လား ?"
ဟန်ဆိုဟီးမေးတာကို ဂျီမင်ခေါင်းတောင်မညိတ်တော့ပဲ ရုံးခန်းထဲကို သွားလေသည်။ တံခါးခေါက်ပြီး ၀င်လိုက်တော့ မျက်မှန်အောက်က မျက်လုံးတွေက သူ့ကို ပင့်ကြည့်လေသည် ။ သူဘာလို ဒီရုံးခန်းထဲကို၀င်လာတာလဲ ? ။ တံခါးပေါက်နားမှာပဲ ရပ်ကာ ပြောဖို့စကားကို ရှာနေလေသည်။ ဘယ်လိုခေါင်းစဉ်နဲ့ မေးရမလဲ ? ။" ငါညက ပြသာနာ ရှာမိလိုက်လား ?" ဆိုပြီးတော့လား ? ။
" ဘာပြောဖို့လဲ ?"
ကင်မ်ထယ်ယောင်းရဲ့အသံထွက်လာတော့လည်း သူ့မှာ ခေါင်းစဉ်တစ်ခုမှ မရှိသေး ။ ဘာမေးရမလဲ ? ။
" လီယွန်းဝူနဲ့ ကိစ္စ "
ရုတ်တရက် ခေါင်းထဲကထွက်လာတာကို မေးလိုက်တာဖြစ်သည်။ ထိုအခါ ကင်မ်ထယ်ယောင်းက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်သည် ။
" ပြော .."
ပြော ...။ ပြောရမှာ ဒင်းလေ ။ သူက ဘာကိုပြောရမှာလဲ ? ။ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ၊ ဟုတ်ရင်လည်း ကွာရှင်းမယ်ဆိုတဲ့ အကြောင်းတွေတော့ သူတို့နစ်ယောက်ပြောဖို့ လိုအပ်တယ်လေ ။
" ပြောရမှာ မင်းလေ ၊ ငါက ဘာပြောရမှာလဲ ...ဒီကိစ္စဟုတ်ရင်ဟုတ်တယ် ၊ မဟုတ်ရင် မဟုတ်ဘူးပေါ့ "
" အဖြေက ဘာလိုချင်လို့လဲ ?"
ကင်မ်ထယ်ယောင်းရဲ့ အကြည့်တွေသည် laptop ပေါ်မှာပဲ ပြန်ရောက်သွားလေသည် ။ လက်ချောင်းတွေက လူပ်ရှားနေလေသည် ။
" ဖောက်ပြန်နေရင်တော့ ကွာရှင်းပေးပေါ့ ၊မင်းတို့လည်း လွတ်လွတ်လပ်လပ်တွေ့လို့ရတာပေါ့ "
ဒါက အကောင်းဆုံးနည်းလမ်းပဲ ။ ကင်မ်ထယ်ယောင်းရဲ့အနားမှာ မရှိရလေ အကောင်းဆုံးဖြစ်လေပဲ။ အင်း ..ရန်ဖြစ်စရာမရှိတော့ဘူးဆိုပေမဲ့ပေါ့။
" အဲတော့ ကွာရှင်းချင်တယ်ပေါ့ "
မျက်မှန်ကို ချွတ်လိုက်ကာ လမ်းထလျှောက်ရင် သူ့အနားကို ခြေလှမ်းတွေက လှမ်းလာလေသည် ။ သူ့ခြေထောက်ကလည်း အလိုလိုပင် နောက်တစ်လှမ်းဆုတ်မိသွားသည် ။
" မနေ့ညကတော့ အနားပဲကပ်နေပြီး ဒီမနက်တော့ ကွာရှင်းချင်တယ်ပေါ့ "
"...."
မနေ့ညက ကင်မ်ထယ်ယောင်းအနားကို သူကပ်သည်။ မဖြစ်နိင်တာ ။ သူက ဘာလိုကပ်ရမှာလဲ ? ။
" မဟုတ်တာတွေ မပြောနဲ့"
" ပြန်ပြောပြရမလား ..?"
" ဘာကိုလဲ ?"
သူ့အနောက်ထပ်ဆုတ်စရာလည်းမရှိတော့ တံခါးကခံနေလေသည် ။ ဒါပေမဲ့ ကင်မ်ထယ်ယောင်းက ထပ်တိုးလာတာကြောင့် လက်နဲ့ ရင်ဘတ်ကို တားလိုက်ပြီး
" အတူအိပ်ရအောင်ဆိုပြီး တစ်ညလုံးဂျီကျတုန်းက ခင်ဗျားရဲ့ videoကို ကျုပ်ရိုက်ထားတယ် ပြရမလား ?"
" ဘာ...!!"
"အတူအိပ်ရအောင် " ဆိုတဲ့စကားကို သူဘက်က စပြောတယ်ပေါ့လေ ။ မဖြစ်နိင်တာ ။ သုမူးရင် ဘာမှမသိဘူးဆိုပေမဲ့ အဲလောက်ထိတာ့ မဟုတ်သေးဘူး ။
" ပေါက်ကရာတွေ လာမပြောနဲ့ "
မဟုတ်တာတွေ လာပြောရင်တော့ သည်းမခံနိင်ပါ ။ ဒါက ဘယ်လိုမှသူပြောတာမဖြစ်နိင်ဘူး ။
"အိုကေလေ ..ဒါဆို video ပြမယ် "
ဖုန်းကို အင်္ကျီအိတ်ကပ်အထဲကနေ နိူက်ထုတ်တော့ ဂျီမင်ချက်ချင်းပဲ လက်ကိုဖမ်းဆွဲလိုက်သည်။ တကယ်ကြီးလား ? ။ ကင်မ်ထယ်ယောင်းက တကယ်ပြမှာလား ? ။
" မယုံဘူးမလား ..ပြမယ် "
" တော်ပြီး တော်ပြီး ....ငါပြောတာ လီယွန်းဝူကိစ္စပဲ ငါတို့ကိစ္စပဲ ၊ တကယ်လို မင်းဘက်က လီယွန်းဝူနဲ့ လက်တွဲချင်တယ်ဆိုရင် ငါချက်ချင်းကွာရှင်းပေးမယ် "
မျက်နှာချင်းဆိုင်ကတော့ လှည့်လိုက်ပြီး ကျောပေးကာ တံခါးဆွဲဖွင့်တော့
" ဘောင်းဘီအနောက်မှာ စိုနေတယ် "
" ဟမ် .."
ကင်မ်ထယ်ယောင်းရဲ့စကားကြောင့် ဂျီမင်ဘောင်းအနောက်သို့ ခေါင်းလှည့်ကြည့်သည် ။
" ဒီအရူးတော့..."
မဟုတ်က ဟုတ်ကတွေ လိုက်ပြောနေတာ ။ သူဘာမှမပေ ပေ ။ ဒေါသထွက်နေတဲ့ မျက်လုံး တွေနဲ့ကင်မ်ထယ်ယောင်းကို စောင်းကြည့်လိုက်သည် ။ ရိုက်ဖို့လက်ပြင်လိုက်ပေမဲ့သူ့လက်ကိုပြန်ချလိုက်သည်။
" ဘာလဲ ?"
သူ့ကိုယ်ကို ဆွဲလှည့်ပြီး မျက်နှာကိုငုံကိုင်းလာတော့ မျက်နှာကို လက်နစ်ဖက်နဲ့တွန်းရင်
" ဘာလုပ်တာလဲ ..ကွာရှင်းမယ်ပြောတဲ့လူကို "
သူ့မျက်နှာနားကို ကပ်လာမှာဆိုး၍ အသေအကြေကိုတွန်းပစ်နေမိလေသည် ။ ကင်မ်ထယ်ယောင်းကတော့ ခါးကိုလက်တစ်ဖက်နဲ့ သိမ်းပွေ့လိုက်ရင်
" မနေ့ညကဆန္ဒကို အခုပြည့်ပေးမယ် "
" ဘာလဲ မလုပ်ဘူး ၊ မထိနဲ့ ..လွှတ်နော် .."
တကယ်ကို ရုန်းရင်းဆန်ခတ်ပဲ ။ ဂျီမင်က ဘယ်လိုဖြစ်ဖြစ် ကင်မ်ထယ်ယောင်းထက်အကောင်သေးတော့ ကင်မ်ထယ်ယောင်းက အားထုတ်သုံးလာရင် ဂျီမင် ရူံးရသည် ။ မရတဲ့အဆုံး လက်မောင်းကို ဖမ်းကိုက်လိုက်သည်။ ခပ်ကြာကြာ ကိုက်ပြီးတော့မှ လွှတ်ပေးလိုက်သည် ။
" လွှတ်လိုက်နော် "
ထိုအခါ ကင်မ်ထယ်ယောင်းက လွှတ်ပေးလိုက်သည်။ ပြီးတော့ ဘာမှမပြောပဲ အလုပ်စာပွဲမှာ သွားပြန်ထိုင်လေသည် ။ သူ့ကိုတစ်ခုခုလုပ်လိမ့်မယ်လို့ ထင်လိုက်ပေမဲ့ ဘာမှကိုမပြောတော့တာ ။ သူလည်း အခန်းထဲမှာ ထွက်ခဲ့လိုက်သည် ။
....
" ကင်မ်ထယ်ယောင်းနဲ့ နေ့လယ်စာမစားဘူးလား ?"
မနေ့က ဖြစ်သွားတဲ့ကိစ္စကြောင့်လား ဘာလားတော့ သူလည်းမသိ ။ ကင်မ်ထယ်ယောင်းက အိမ်ပြန်ရောက်တာတောင် တစ်ယောက်နဲ့တစ်ယောက်က မရှိသလိုပင် နေကြလေသည်။ ညကလည်း ညစာဆင်းမစားပေ ။ သူကိုက်လိုက်တာလည်း သွားအဆွယ်တစ်၀က်လောက်ထိ မြှပ်သွားမှာ ကျိန်းသေသည်။ သူ့သွားမှာလည်း ကင်မ်ထယ်ယောင်းလက်မောင်ူက သွေးတွေ ပေနေခဲ့တာမို့ သူသိသည်။
" မင်ဟိုနဲ့ အလုပ်ရူပ်နေတယ် ၊နောက်နစ်အတွက် ပြင်ဆင်နေကြတယ် "
ဟန်ဆိုဟီးကို ခေါ်လာပြီး ဂျီမင်နစ်ယောက်သား နေ့လယ်စားကို ၀န်ထမ်းတွေစားတဲ့ ထမင်းစားတဲ့နေရာမှာ ထိုင်စားကြလေသည်။ အရင်ကတော့ ကင်မ်ထယ်ယောင်းနဲ့အတူစားတာဖြစ်သည်။
" ဒီနေ့ boss ရဲ့မွေးနေ့မလား ?"
" အင်း .."
ဟန်ဆိုဟီးပြောတော့လည်း ဂျီမင်ဖြေရသည်။ အိမ်ရောက်ရင် ကိတ်လုပ်ပေးလိုက်ရမလား ? ။
" အင်း ...ဒီနစ် company မှာအားနည်းတာဆိုလို ဒီဇိုင်းနာအပိုင်းပဲရှိတယ် ၊ လီယွန်းဝူက တော်တယ်ဆိုပေမဲ့ လိုသလောက် ဒီဇိုင်းဆန်းတွေကို ထုတ်ပေးနိင်ပါ့မလားပဲ "
" အင်း .."
" ဪ ဂျီမင်တို့က ဒီမှာလာစားတာပဲ "
သူတို့ဝိုင်းထဲကို ၀င်လာတဲ့ လီယွန်းဝူကြောင့် စကားပြောတာ ရပ်သွားလေသည်။ လီယွန်းဝူကလည်း ဝိုင်းထဲမှာ ၀င်ထိုင်လေသည် ။
" ယွန်းဝူမွေးနေ့ကိုဖိတ်ချင်လို့ "
" ဟမ် ...ဟိုတစ်နေ့က ယွန်းဝူမွေးနေ့မဟုတ်ဘူးလား ?"
မင်ဟိုရဲ့ မွေးနေ့တုန်းက ဖုန်းဆက်လာပြီးပြောတာ ကင်မ်ထယ်ယောင်းကို မွေးနေ့ပွဲလာဖို့ဖိတ်တာမဟုတ်ဘူးလား ? ။
" ကိုကိုနဲ့ တွဲတုန်းကလည်း အဲလိုပဲ နစ်ခါလုပ်တယ် ၊ ၁၀ရက်ကြိုတာက ချစ်ရဆုံးလူအတွက် သီးသန့်အချိန်ပေးတာ "
" ဪ"
ဟန်ဆိုဟီးမျင်ခုံးတွေ တစ်ဖက်နှိမ့် ၊ တစ်ဖက်မြင့် ဖြစ်သွားလေသည်။" သူ့ခင်ပွန်းရဲ့ရှေ့မှာ ဘာတွေ လာပြောနေတာလဲ ..နင်လူလို နားမလည်ဘူးလား "ဆိုပြီး မေးလိုက်ချင်ပေမဲ့ သူ့ဘေးမှာရှိတဲ့ ကင်မ်ထယ်ယောင်းရဲ့ ခင်ပွန်းကိုယ်တိုင်က ဘာမှမပြောတာမို့ သူလည်းအသံမထွက်ရဲပေ။
" ဒီနေ့ကတော့ အားလုံးကို ဖိတ်တာပေါ့ "
ဂျီမင်မျက်နှာရှေ့ကို ဖိတ်စာကမ်းပေးလေသည် ။ဂျီမင်လည်း ယူလိုက်သည်။ ထိုမှတစ်ဆင့် ယွန်းဝူက ဟန်ဆိုဟီးကိုပေးသည် ။ဟန်ဆိုဟီးလည်း ယူလိုက်သည် ။
" ဒါနဲ့ ..ယွန်းဝူတို့သတင်းကို တွေ့ပြီးပြီးလား ?"
ဒါတော့ ဂျီမင်နည်းနည်းစိတ်နှောက်လာသည်။ ဒါက တမင်ကို ရန်လိုက်စနေသလိုလည်း ခံစားရသည်။ "မင်းရရင်ယူပါ "လို့ ပြောထားပြီးပြီးပဲ ။ ဒါကို ဘာလို သူ့ကို ခလုတ်လာတိုက်နေရတာလဲ ?"
" ကိုယ့်ဆီက မင်းဘာသိချင်တာလဲ ?"
" ဂျီမင်ဘက်က ဘာမှမဖြစ်ဘူးလားဆိုတာကိုပေါ့ "
" မှန်ရင် ကင်မ်ထယ်ယောင်းက ပြောလိမ့်မယ် ၊ဒါပဲမလား ကိုယ်သွားတော့မယ် ၊ဒူနာ သွားရအောင် "
" ဂျီမင် ..ဟိုမှာ ကင်မ်ထယ်ယောင်းတို့ လာတယ် "
၀န်ထမ်းတွေရဲ့ ထမင်းစားတဲ့နေရာကို တစ်ခါမှ မလာဖူးတဲ့ ကင်မ်ထယ်ယောင်းကြောင့် ၀န်ထမ်းတွေလည်း စားနေရင်နဲ့မက်တပ်ထရပ်ကုန်ကြလေသည်။ သူကတော့ စားပြီးပြီးမို့ ထိုင်နေစရာအကြောင်းမရှိတော့ပါ ။ ငယ်ချစ်ဦးတွေသာ စကားလက်ဆုံကြပါစေပေါ့ ။
" ရော့ ဒီမှာကျန်သွားအုံးမယ် "
ဂျီမင်ထလိုက်တဲ့အချိန် ယွန်းဝူက အအေးခွက်ကို ကမ်းပေးတော့ ဂျီမင်ပုခုံးနဲ့ အအေးခွက်ကို တိုက်မိပြီး လီယွန်းဝူကိုပဲ အအေးတွေကပြန်စင်သွားလေသည် ။
" ပေကုန်ပြီး "
လီယွန်းဝူရဲ့မျက်နှာထိကို စင်သွားလေသည်။ လီယွန်းဝူဒီနေ့၀တ်ထားတဲ့ အင်္ကျီက အသားရောင်မို့ အအေးက စွန်းထင်းသွားလေသည်။ ဂျီမင်လည်း ဘာလုပ်ပေးရမှန်းမသိပဲ ဒီအတိုင်းပဲ ရပ်နေမိသည်။ သူတိုက်လိုက်တာမဟုတ်ဘူး ။ လီယွန်းဝူက သူပုခုံးကို အအေးခွက်နဲ့ အတင်းလာတိုက်အာင် လုပ်တာ ။
" ဂျီမင် ယွန်းဝူကိုစိတ်ဆိုးပြီး တမင်တိုက်လိုက်တာမလား ?"
ခုနက အကောင်း ။ ကင်မ်ထယ်ယောင်းလာမှ တစ်မျိုးဖြစ်သွားတာမို့ ဂျီမင်အခြေအနေကို ကြည့်လိုက်သည်။ ကင်မ်ထယ်ယောင်းနဲ့ ကင်မ်ထယ်ယောင်းနဲ့အတူပါလာတဲ့ ၀န်ထမ်းတစ်ယောက်က သူတို့ဘေးမှာ လာရပ်ရင်
" ဘာဖြစ်နေတာလဲ ?"
ဂျီမင်က ပြန်မဖြေပါ ။ ဟန်ဆိုဟီးက ပါးစပ်ပြင်ကာ ပြောတော့မလို လုပ်တော့မှ
" ဟန်ဆိုဟီး မင်ဟိုဆီက စာရင်းဖိုင်တွေ အရင်သွားယူလိုက်ပါ "
ဟန်ဆိုဟီးကလည်း အတွန့်တက်လို့မရတာကြောင့် ဂျီမင်ကိုတောင် မျက်လုံးဖြင့်သာ နူတ်ဆက်ပြီး ထွက်လာရလေသည် ။
" တက်လာတဲ့ သတင်းကြောင့် ဂျီမင်က စိတ်ဆိုးလို့နေမှာပါ ဒီလိုလုပ်တာ "
ဂျီမင် သည်းခံနိင်တဲ့အတိုင်းအတာထိကို လီယွန်းဝူက ကျော်လွန်သွားပြီးလို့ ထင်တယ်။ လီယွန်းဝူလာတုန်းက ပါလာတဲ့ ကော်ဖီအအေးကို လှမ်းယူကာ
" စိတ်ဆိုးရင် ပုခုံးနဲ့ မပတ်ဘူး ၊ ဒီလို လက်နဲ့ကိုင်ပြီး မင်းမျက်နှာကို ပတ်လိုက်မယ် "
စကားအဆုံး ၊ ဂျီမင်လက်ကလည်း ကော်ဖီအအေးရဲ့ အဖုံးကိုဖွင့်ကာ လီယွန်းဝူရဲ့ မျက်နှာကို ပက်ထဲလိုက်လေသည် ။ ၀န်ထမ်းတစ်ချို့ရဲ့ ပါးစပ်က အသံထွက်လာပေမဲ့
ကင်မ်ထယ်ယောင်းက ကြည့်လိုက်တာကြောင့် ပြန်ငုံသွားကြလေသည် ။
" ဘယ်လို လုပ်လိုက်တာလဲ ?"
လီယွန်းဝူထိုင်နေရမှာ ထလိုက်သည် ။ ဒေါသထွက်နေတဲ့ မျက်လုံးတွေကို ဂျီမင်ရင်ဆိုင်လိုက်ရသည်။ ကင်မ်ထယ်ယောင်း ဂျီမင်အရှေ့မှာ ပိတ်ရပ်လိုက်ပြီး
" သွားတော့ ငါခေါ်တဲ့အခန်း ငါ့ရုံးခန်းထဲကိုလာခဲ့ "
" ကိုကို .."
" ငါပြောတာ ကြားလား ..အခုသွားတော့ "
ကင်မ်ထယ်ယောင်းရဲ့အမိန့်ကိုတော့ လွန်ဆန်နိင်ပုံမရချေ ။ ချက်ချင်းပင် လီယွန်းဝူထွက်သွားလေသည်။ ကင်မ်ထယ်ယောင်းက ဂျီမင်ဘက် လှည့်လာပြီး
" ခင်ဗျား အခု ကျုပ်ရုံးခန်းထဲကိုသွား "
သူ့ကို အပြစ်ပြောတော့မလို့လား ? ။ ဒါပေမဲ့ သူကတော့ ပြန်ပြောမှာပဲ ။ ကိုယ့်ဟာကိုယ်နေနေတာကို ဘယ်သူအရင် လာထိတာလဲ ? ။
ခြေလှမ်းတွေ မသွားချင်လည်း အဲရုံးခန်းထဲကို ထပ်သွားရပြန်သည်။ သူ့အမှားလို လာပြောရင်တော့ ကျန်တဲ့လက်မောင်းကို ဆက်ကိုက်ပစ်အုံးမှာ ။
" ဒီကိစ္စ ဒီမှာပဲ ပြီးပါစေလို့ ပြောလိုက် ၊ အပြင်ကို သတင်းထွက်ရင် အလုပ်ပြုတ်မယ်လို့ ပြောလိုက် "
" ဟုတ် boss .."
ဘေးမှာ အတူပါလာတဲ့ ၀န်ထမ်းကို ကင်မ်ထယ်ယောင်းက ပြောလိုက်တာဖြစ်သည် ။ ကင်မ်ထယ်ယောင်းရဲ့ခြေလှမ်းတွေက ၀န်ထမ်းတွေ ထမင်းစားခန်းထဲက တစ်ဖြေးဖြေးရွေ့သွားလေသည်။
" အဲလိုပဲ ရပ်မှာလား ?"
သူ့ရုံးခန်းထဲကိုရောက်နေတာ ၁၅မိနစ်လောက်ရှိပြီး သူ့ဘေးရဲ့ ခပ်ကွာကွာမှာ ရပ်နေတဲ့လူကြောင့် ပြောလိုက်ရတာဖြစ်သည်။ ထိုအခါမှာ လာထိုင်ရင်
" ဘာပြောဖို့လဲ ?"
" ဘာလုပ်ထားလဲ ?"
" ငါ့အမှားလို့ မင်းပြောတာလား ..ငါတို့ပြောနေတာတွေကို မင်းက "
" ရော့ .."
ကင်မ်ထယ်ယောင်းစာပွဲပေါ်တင်ပေးတဲ့ ဖိုင်တွဲကို ယူလိုက်ပြီး ကြည့်လိုက်မိသည်
သူလုပ်ထားတဲ့ စာရင်းတွေက မှားနေတာ
"...."
" တွေ့လား ..ဘာလုပ်ထားလဲ ဆိုတာ "
" အဲဒါကလည်း မင်းကြောင့်ပဲ " လို့ ပြောလိုက်ချင်တယ် ။ မနေ့က စကားမပြောတာရော၊ တစ်ခုခုတုန့်ပြန်မှာကို လန့်နေတာကြောင့် ကောင်းကောင်းအလုပ်မလုပ်နိင်တာ ။
" အဲတာက မင်းမနေ့ညနေကထဲက စကားမပြောလို့ "
အပေါ်နူတ်ခမ်းနဲ့ အောက်နူတ်ခမ်းကို ကိုက်လိုက်မိသည်။ ပြီးတော့ အပြစ်ရှိသူတစ်ယောက်မို့ ခြေချောင်းထိပ်တွေက အငြိမ်မ နေနိင်ပဲ ဖြစ်နေလေသည် ။
ကင်မ်ထယ်ယောင်းက လက်ပိုက်ကာ ခြေကိုချိတ်လိုက်သည် ။
" အဲတာနဲ့ပဲ စာရင်းတွေ အတွဲလိုက် မှားတယ်ပေါ့ "
ဂျီမင်ခေါင်းညိတ်လိုက်သည် ။ ပြီးတော့ ဂျီမင် အားနာသလိုလည်း ဖြစ်သွားသည်။ ဒီအလုပ်မှာ အမှားအယွင်းအတိမ်းအစောင်းမခံတာကို ။
" ငါဘာကျွမ်းကျင်လဲ မင်းသိတာပဲ ၊ ငါဒါကိုမကျွမ်းကျင်လို မှားတယ်ဆိုတာထက် ပေါ့ဆမိတာမို့ ငါတောင်းပန်တယ် "
" ကိုယ့်အမှားကို ကိုယ်သိသားပဲ "
" ဒါဆို ပြင်ပေးမယ် "
" ဒီအခန်းထဲမှာပဲပြင်..အခုပြန်ပေးရမှာ "
ဂျီမင်နှာခေါင်းကို တွန့်ရူံသွားသည်။ ဒါပေမဲ့လည်း ဒါက ကိုယ့်အမှား ။ ကိုယ့်အမှားအတွက် ကိုယ်ပဲ တာ၀န်ယူရမှာ ။
" နေ့လယ်စာ မစားဘူးလား ?"
စားတဲ့ပုံလည်းမတွေ့လို့ ဂျီမင်ပါးစပ်က အလိုအလျောက်ပင် မေးလိုက်မိသည်။ ကင်မ်ထယ်ယောင်း ဘယ်ဘက်ပါးစောင်းထဲကို လျှာထိုးထဲရင်
" ကျုပ်ကို ကြိုက်နေတာလား ?"
" ဟမ် .."
ရုတ်တရက်ဆန်တဲ့အမေးကြောင့် ဂျီမင်ချက်ချင်းဖြေဖို့သတိမရပေမဲ့ စိတ်နဲ့လူနဲ့ကပ်တဲ့ အချိန်
" မင်းလိုလူကို ရူးတဲ့လူတွေပဲ ကြိုက်မှာ ၊ ငါက မရူးဘူး "
ကိုယ့်ဟာကိုယ် အထင်ကြီးလွန်းတာတော့ 9ကျော်တယ် ။ လူတကာက ဒင်းကိုကြိုက်နေလိမ့်မယ်လို့ ဘာလိုထင်နေတာပါလိမ့် ? ။ မျက်လုံးတွေကို စာရင်းဖိုင်တွေထဲကို ပြန်၍ အာရုံနှစ်လိုက်သည်။ စားချင်စား ၊ မစားချင်နေ ။ စိတ်ကောင်းထားပေးလို့ကို မရတဲ့လူ ။
ပို့စကပ်လေးကို ကင်မ်ထယ်ယောင်းရဲ့ ဘေးနားမှာ ချပေးလိုက်သည်။ ကင်မ်ထယ်ယောင်းကြည့်လိုက်တော့ ဂျီမင်ခေါင်းပြန်ငုံကာ စာရင်းတွေ ပြန်လုပ်နေလေသည် ။ ကင်မ်ထယ်ယောင်းလည်း ပို့စကပ်ကို ယူလိုက်ရင် ဖွင့်ကြည့်သည်။
" Happy birthday " ကလွဲရင် ဘာမှမရေးထားပါ ။
Zawgyi
တစ္ရက္ေက်ာ္မွ သိရတဲ့ ကင္မ္ထယ္ေယာင္းနဲ႕ လီယြန္းဝူကိစၥ ။ သူတစ္ေယာက္ကလြဲရင္ တစ္ေလာကလူံက သိေနတဲ့အရာလို ။ ကင္မ္ထယ္ေယာင္းကလည္း ဘာမွမေျပာသလို ၊ မင္ဟိုတို႔နဲ႕ ေတြ႕တုန္းကလည္း အရိပ္အႁမြတ္ေလးေတာင္ မသိရေပ ။ သူပဲ တုံးလြန္းတာလား ? ။ အဓိက က ကင္မ္ထယ္ေယာင္းပဲ ။ ကင္မ္ထယ္ေယာင္းရဲ႕ မ်က္ႏွာမွာ ဘာမွကို မခံစားရတာ ။ ေဖာက္ျပန္ေနတယ္ေျပာဖို႔က် အဲက်တဳန္းက သူ႕ေနာက္ကို ဘယ္ေလာက္မွ မၾကာဘူး လိုက္လာခဲ့တာပဲ ။ ေဖာက္ျပန္ရင္ေတာ့ ေကာင္းသလို သူလည္း ေအးခ်မ္းတယ္ဆိုၿပီးေတြးနိင္ေပမဲ့ တက္လာတဲ့ ဓာတ္ပုံက ကင္မ္ထယ္ေယာင္းဘက္က လူပ္ရွားေနတာ မရွိေတာ့ ေျပာရခက္သည္ ။
ေဖာက္ျပန္တယ္ဆိုပါဆို သူ႕ဘက္က တရားစြဲရေအာင္လည္း ဒီနိင္ငံမွာ လိင္တူလက္ထပ္ခြင့္ေတာင္ ေပးထားတာမွ မဟုတ္တာ ။ ထိုင္၀မ္မဂၤလာေဆာင္လို႔ ထိုင္၀မ္မွာ တရားသြားဆြဲရမွာလား ? ။
Company ကိုေရာက္တဲ့အထိ Company က လူေတြရဲ႕အၾကည့္ေတြက သူ႕ဆီမွာပဲ ဝဲပ်ံေနေလသည္။ ကင္မ္ထယ္ေယာင္းကလည္း အလုပ္ကိစၥနဲ႕႐ူပ္ေနေလသည္ ။
" ဒူနာ .."
" ဟင့္ ..ဂ်ီမင္ဘာလိုခ်င္လို႔လဲ ?"
မေန႕ညက အေၾကာင္းလည္း က်န္ပါေသးသည္။ အိမ္ကို ဘာလိုေရာက္လာသလဲဆိုတာကို သူအခုထိ ေတြ႕လို႔မရေသးေပ ။ ဒူနာထည့္ေပးသေလာက္ကို သူေသာက္လိုက္မိတာ ။ အဲေနာက္ပိုင္းကို ဆက္မသိေတာ့ပါ ။ သူ သူ႕ရဲ႕႐ုံးခန္းထဲမွာ မေနနိင္ပါ။ မေန႕ညက အေၾကာင္းလည္း သိဖို႔လိုတယ္ ။
" ဘာမွ မလိုခ်င္ပါဘူး ..ဟိုေလ ..မေန႕ညကအေၾကာင္းပဲ သိခ်င္လို႔ ..ကြၽန္ေတာ္ဘာမွ မမွတ္မိလို႔"
ဂ်ီမင္စကားေၾကာင့္ ဟန္ဆိုဟီးလည္း ေခါင္းကုတ္လိုက္သည္ ။ သူလည္းတကယ္မသိေပ ။ သူလည္း စေသာက္တဲ့အခ်ိန္နဲ႕ တစ္ပုလင္းမကုန္ခံအထိပဲ သတိရတာ ။ က်န္တာကို ဟန္ဆိုဟီးလည္း တစ္လုံးမွ မမွတ္မိေပ ။
" ဂ်ီမင္ရယ္ ..ဒူနာေတာင္ ႐ုံးေရာက္ရင္ ဂ်ီမင့္ကို ေမးမလို႔ပါ "
"...."
ဆက္ေျပာစရာမရွိေတာ့ေပ ။ ညက အမွားေတြလုပ္ခဲ့သလား ? ။ အိမ္ကတစ္ေယာက္ကလည္း သူ႕ကို ဘာဆိုဘာမွ မေျပာဘူး ။ လစ္လ်ဴ႐ူလိုက္တာပဲလား ဘာလားေတာ့မသိ ။
" မင္ဟိုကေတာ့ ေျပာတယ္ ဒူနာတို႔နစ္ေယာက္ ျပသာနာရွာလိုက္တယ္တဲ့ "
" တကယ္ ...!!"
" အေၾကာင္းအရင္းေတာ့ မေျပာျပဘူး ၊ မင္ဟိုရဲ႕မ်က္ႏွာကို ၾကည့္ရသေလာက္ေတာ့ ေသခ်ာတယ္ ၊ အမတို႔ ေတာ္ေတာ္ ျပသာနာရွာလိုက္ပုံပဲ "
ဂ်ီမင္ေခါင္းကို လက္နစ္ဖက္နဲ႕ ကုတ္လိုက္သည္။ လစ္လ်ဴ႐ူထားတာမဟုတ္ပဲ ။ တစ္ခုခုဆိုရင္ အေတအမွတ္ထားထားတာလား ? ။ ဘယ္အခ်ိန္ေရာက္မွ သူရွာမိတဲ့ ျပသာနာကို ကင္မ္ထယ္ေယာင္းက ျပန္ေျပာမွာလဲ ? ။
" Bossက တစ္ခုခုေျပာလို႔လား ?"
ဟန္ဆိုဟီးက အလုပ္ထဲေရာက္ရင္ေတာ့ ကင္မ္ထယ္ေယာင္းကို "Boss " လို႔ပဲ ေခၚေလသည္ ။ ဂ်ီမင္လည္း ေခါင္းခါလိုက္သည္။ မိုးလင္းကထဲကေျပာရင္ အေၾကာင္းမဟုတ္ေပမဲ့ ဘယ္အခ်ိန္မွ ထေျပာမလဲဆိုတာကို ေတြးၿပီးေတာ့ ပိုပူရတယ္ ။ အရက္ျမင္တာနဲ႕ မေနနိင္တဲ့ ကိုယ့္ဟာကိုယ္လည္း စိတ္တိုတယ္ ။ ေျခလွမ္းေတြကို ကင္မ္ထယ္ေယာင္းရဲ႕ ႐ုံးခန္းဘက္ကို ဦးတည္လိုက္သည္။
" Boss ဆီ သြားမလို႔လား ?"
ဟန္ဆိုဟီးေမးတာကို ဂ်ီမင္ေခါင္းေတာင္မညိတ္ေတာ့ပဲ ႐ုံးခန္းထဲကို သြားေလသည္။ တံခါးေခါက္ၿပီး ၀င္လိုက္ေတာ့ မ်က္မွန္ေအာက္က မ်က္လုံးေတြက သူ႕ကို ပင့္ၾကည့္ေလသည္ ။ သူဘာလို ဒီ႐ုံးခန္းထဲကို၀င္လာတာလဲ ? ။ တံခါးေပါက္နားမွာပဲ ရပ္ကာ ေျပာဖို႔စကားကို ရွာေနေလသည္။ ဘယ္လိုေခါင္းစဥ္နဲ႕ ေမးရမလဲ ? ။" ငါညက ျပသာနာ ရွာမိလိုက္လား ?" ဆိုၿပီးေတာ့လား ? ။
" ဘာေျပာဖို႔လဲ ?"
ကင္မ္ထယ္ေယာင္းရဲ႕အသံထြက္လာေတာ့လည္း သူ႕မွာ ေခါင္းစဥ္တစ္ခုမွ မရွိေသး ။ ဘာေမးရမလဲ ? ။
" လီယြန္းဝူနဲ႕ ကိစၥ "
႐ုတ္တရက္ ေခါင္းထဲကထြက္လာတာကို ေမးလိုက္တာျဖစ္သည္။ ထိုအခါ ကင္မ္ထယ္ေယာင္းက သူ႕ကို ေျခဆုံးေခါင္းဆုံးၾကည့္သည္ ။
" ေျပာ .."
ေျပာ ...။ ေျပာရမွာ ဒင္းေလ ။ သူက ဘာကိုေျပာရမွာလဲ ? ။ မဟုတ္ရင္ မဟုတ္တဲ့အေၾကာင္း ၊ ဟုတ္ရင္လည္း ကြာရွင္းမယ္ဆိုတဲ့ အေၾကာင္းေတြေတာ့ သူတို႔နစ္ေယာက္ေျပာဖို႔ လိုအပ္တယ္ေလ ။
" ေျပာရမွာ မင္းေလ ၊ ငါက ဘာေျပာရမွာလဲ ...ဒီကိစၥဟုတ္ရင္ဟုတ္တယ္ ၊ မဟုတ္ရင္ မဟုတ္ဘူးေပါ့ "
" အေျဖက ဘာလိုခ်င္လို႔လဲ ?"
ကင္မ္ထယ္ေယာင္းရဲ႕ အၾကည့္ေတြသည္ laptop ေပၚမွာပဲ ျပန္ေရာက္သြားေလသည္ ။ လက္ေခ်ာင္းေတြက လူပ္ရွားေနေလသည္ ။
" ေဖာက္ျပန္ေနရင္ေတာ့ ကြာရွင္းေပးေပါ့ ၊မင္းတို႔လည္း လြတ္လြတ္လပ္လပ္ေတြ႕လို႔ရတာေပါ့ "
ဒါက အေကာင္းဆုံးနည္းလမ္းပဲ ။ ကင္မ္ထယ္ေယာင္းရဲ႕အနားမွာ မရွိရေလ အေကာင္းဆုံးျဖစ္ေလပဲ။ အင္း ..ရန္ျဖစ္စရာမရွိေတာ့ဘူးဆိုေပမဲ့ေပါ့။
" အဲေတာ့ ကြာရွင္းခ်င္တယ္ေပါ့ "
မ်က္မွန္ကို ခြၽတ္လိုက္ကာ လမ္းထေလွ်ာက္ရင္ သူ႕အနားကို ေျခလွမ္းေတြက လွမ္းလာေလသည္ ။ သူ႕ေျခေထာက္ကလည္း အလိုလိုပင္ ေနာက္တစ္လွမ္းဆုတ္မိသြားသည္ ။
" မေန႕ညကေတာ့ အနားပဲကပ္ေနၿပီး ဒီမနက္ေတာ့ ကြာရွင္းခ်င္တယ္ေပါ့ "
"...."
မေန႕ညက ကင္မ္ထယ္ေယာင္းအနားကို သူကပ္သည္။ မျဖစ္နိင္တာ ။ သူက ဘာလိုကပ္ရမွာလဲ ? ။
" မဟုတ္တာေတြ မေျပာနဲ႕"
" ျပန္ေျပာျပရမလား ..?"
" ဘာကိုလဲ ?"
သူ႕အေနာက္ထပ္ဆုတ္စရာလည္းမရွိေတာ့ တံခါးကခံေနေလသည္ ။ ဒါေပမဲ့ ကင္မ္ထယ္ေယာင္းက ထပ္တိုးလာတာေၾကာင့္ လက္နဲ႕ ရင္ဘတ္ကို တားလိုက္ၿပီး
" အတူအိပ္ရေအာင္ဆိုၿပီး တစ္ညလုံးဂ်ီက်တဳန္းက ခင္ဗ်ားရဲ႕ videoကို က်ဳပ္ရိုက္ထားတယ္ ျပရမလား ?"
" ဘာ...!!"
"အတူအိပ္ရေအာင္ " ဆိုတဲ့စကားကို သူဘက္က စေျပာတယ္ေပါ့ေလ ။ မျဖစ္နိင္တာ ။ သုမူးရင္ ဘာမွမသိဘူးဆိုေပမဲ့ အဲေလာက္ထိတာ့ မဟုတ္ေသးဘူး ။
" ေပါက္ကရာေတြ လာမေျပာနဲ႕ "
မဟုတ္တာေတြ လာေျပာရင္ေတာ့ သည္းမခံနိင္ပါ ။ ဒါက ဘယ္လိုမွသူေျပာတာမျဖစ္နိင္ဘူး ။
"အိုေကေလ ..ဒါဆို video ျပမယ္ "
ဖုန္းကို အကၤ်ီအိတ္ကပ္အထဲကေန နိူက္ထုတ္ေတာ့ ဂ်ီမင္ခ်က္ခ်င္းပဲ လက္ကိုဖမ္းဆြဲလိုက္သည္။ တကယ္ႀကီးလား ? ။ ကင္မ္ထယ္ေယာင္းက တကယ္ျပမွာလား ? ။
" မယုံဘူးမလား ..ျပမယ္ "
" ေတာ္ၿပီး ေတာ္ၿပီး ....ငါေျပာတာ လီယြန္းဝူကိစၥပဲ ငါတို႔ကိစၥပဲ ၊ တကယ္လို မင္းဘက္က လီယြန္းဝူနဲ႕ လက္တြဲခ်င္တယ္ဆိုရင္ ငါခ်က္ခ်င္းကြာရွင္းေပးမယ္ "
မ်က္ႏွာခ်င္းဆိုင္ကေတာ့ လွည့္လိုက္ၿပီး ေက်ာေပးကာ တံခါးဆြဲဖြင့္ေတာ့
" ေဘာင္းဘီအေနာက္မွာ စိုေနတယ္ "
" ဟမ္ .."
ကင္မ္ထယ္ေယာင္းရဲ႕စကားေၾကာင့္ ဂ်ီမင္ေဘာင္းအေနာက္သို႔ ေခါင္းလွည့္ၾကည့္သည္ ။
" ဒီအ႐ူးေတာ့..."
မဟုတ္က ဟုတ္ကေတြ လိုက္ေျပာေနတာ ။ သူဘာမွမေပ ေပ ။ ေဒါသထြက္ေနတဲ့ မ်က္လုံး ေတြနဲ႕ကင္မ္ထယ္ေယာင္းကို ေစာင္းၾကည့္လိုက္သည္ ။ ရိုက္ဖို႔လက္ျပင္လိုက္ေပမဲ့သူ႕လက္ကိုျပန္ခ်လိဳက္သည္။
" ဘာလဲ ?"
သူ႕ကိုယ္ကို ဆြဲလွည့္ၿပီး မ်က္ႏွာကိုငုံကိုင္းလာေတာ့ မ်က္ႏွာကို လက္နစ္ဖက္နဲ႕တြန္းရင္
" ဘာလုပ္တာလဲ ..ကြာရွင္းမယ္ေျပာတဲ့လူကို "
သူ႕မ်က္ႏွာနားကို ကပ္လာမွာဆိုး၍ အေသအေၾကကိုတြန္းပစ္ေနမိေလသည္ ။ ကင္မ္ထယ္ေယာင္းကေတာ့ ခါးကိုလက္တစ္ဖက္နဲ႕ သိမ္းေပြ႕လိုက္ရင္
" မေန႕ညကဆႏၵကို အခုျပည့္ေပးမယ္ "
" ဘာလဲ မလုပ္ဘူး ၊ မထိနဲ႕ ..လႊတ္ေနာ္ .."
တကယ္ကို ႐ုန္းရင္းဆန္ခတ္ပဲ ။ ဂ်ီမင္က ဘယ္လိုျဖစ္ျဖစ္ ကင္မ္ထယ္ေယာင္းထက္အေကာင္ေသးေတာ့ ကင္မ္ထယ္ေယာင္းက အားထုတ္သုံးလာရင္ ဂ်ီမင္ ႐ူံးရသည္ ။ မရတဲ့အဆုံး လက္ေမာင္းကို ဖမ္းကိုက္လိုက္သည္။ ခပ္ၾကာၾကာ ကိုက္ၿပီးေတာ့မွ လႊတ္ေပးလိုက္သည္ ။
" လႊတ္လိုက္ေနာ္ "
ထိုအခါ ကင္မ္ထယ္ေယာင္းက လႊတ္ေပးလိုက္သည္။ ၿပီးေတာ့ ဘာမွမေျပာပဲ အလုပ္စာပြဲမွာ သြားျပန္ထိုင္ေလသည္ ။ သူ႕ကိုတစ္ခုခုလုပ္လိမ့္မယ္လို႔ ထင္လိုက္ေပမဲ့ ဘာမွကိုမေျပာေတာ့တာ ။ သူလည္း အခန္းထဲမွာ ထြက္ခဲ့လိုက္သည္ ။
....
" ကင္မ္ထယ္ေယာင္းနဲ႕ ေန႕လယ္စာမစားဘူးလား ?"
မေန႕က ျဖစ္သြားတဲ့ကိစၥေၾကာင့္လား ဘာလားေတာ့ သူလည္းမသိ ။ ကင္မ္ထယ္ေယာင္းက အိမ္ျပန္ေရာက္တာေတာင္ တစ္ေယာက္နဲ႕တစ္ေယာက္က မရွိသလိုပင္ ေနၾကေလသည္။ ညကလည္း ညစာဆင္းမစားေပ ။ သူကိုက္လိုက္တာလည္း သြားအဆြယ္တစ္၀က္ေလာက္ထိ ျမႇပ္သြားမွာ က်ိန္းေသသည္။ သူ႕သြားမွာလည္း ကင္မ္ထယ္ေယာင္းလက္ေမာင္ူက ေသြးေတြ ေပေနခဲ့တာမို႔ သူသိသည္။
" မင္ဟိုနဲ႕ အလုပ္႐ူပ္ေနတယ္ ၊ေနာက္နစ္အတြက္ ျပင္ဆင္ေနၾကတယ္ "
ဟန္ဆိုဟီးကို ေခၚလာၿပီး ဂ်ီမင္နစ္ေယာက္သား ေန႕လယ္စားကို ၀န္ထမ္းေတြစားတဲ့ ထမင္းစားတဲ့ေနရာမွာ ထိုင္စားၾကေလသည္။ အရင္ကေတာ့ ကင္မ္ထယ္ေယာင္းနဲ႕အတူစားတာျဖစ္သည္။
" ဒီေန႕ boss ရဲ႕ေမြးေန႕မလား ?"
" အင္း .."
ဟန္ဆိုဟီးေျပာေတာ့လည္း ဂ်ီမင္ေျဖရသည္။ အိမ္ေရာက္ရင္ ကိတ္လုပ္ေပးလိုက္ရမလား ? ။
" အင္း ...ဒီနစ္ company မွာအားနည္းတာဆိုလို ဒီဇိုင္းနာအပိုင္းပဲရွိတယ္ ၊ လီယြန္းဝူက ေတာ္တယ္ဆိုေပမဲ့ လိုသေလာက္ ဒီဇိုင္းဆန္းေတြကို ထုတ္ေပးနိင္ပါ့မလားပဲ "
" အင္း .."
" ဪ ဂ်ီမင္တို႔က ဒီမွာလာစားတာပဲ "
သူတို႔ဝိုင္းထဲကို ၀င္လာတဲ့ လီယြန္းဝူေၾကာင့္ စကားေျပာတာ ရပ္သြားေလသည္။ လီယြန္းဝူကလည္း ဝိုင္းထဲမွာ ၀င္ထိုင္ေလသည္ ။
" ယြန္းဝူေမြးေန႕ကိုဖိတ္ခ်င္လို႔ "
" ဟမ္ ...ဟိုတစ္ေန႕က ယြန္းဝူေမြးေန႕မဟုတ္ဘူးလား ?"
မင္ဟိုရဲ႕ ေမြးေန႕တုန္းက ဖုန္းဆက္လာၿပီးေျပာတာ ကင္မ္ထယ္ေယာင္းကို ေမြးေန႕ပြဲလာဖို႔ဖိတ္တာမဟုတ္ဘူးလား ? ။
" ကိုကိုနဲ႕ တြဲတုန္းကလည္း အဲလိုပဲ နစ္ခါလုပ္တယ္ ၊ ၁၀ရက္ႀကိဳတာက ခ်စ္ရဆုံးလူအတြက္ သီးသန႔္အခ်ိန္ေပးတာ "
" ဪ"
ဟန္ဆိုဟီးမ်င္ခုံးေတြ တစ္ဖက္ႏွိမ့္ ၊ တစ္ဖက္ျမင့္ ျဖစ္သြားေလသည္။" သူ႕ခင္ပြန္းရဲ႕ေရွ႕မွာ ဘာေတြ လာေျပာေနတာလဲ ..နင္လူလို နားမလည္ဘူးလား "ဆိုၿပီး ေမးလိုက္ခ်င္ေပမဲ့ သူ႕ေဘးမွာရွိတဲ့ ကင္မ္ထယ္ေယာင္းရဲ႕ ခင္ပြန္းကိုယ္တိုင္က ဘာမွမေျပာတာမို႔ သူလည္းအသံမထြက္ရဲေပ။
" ဒီေန႕ကေတာ့ အားလုံးကို ဖိတ္တာေပါ့ "
ဂ်ီမင္မ်က္ႏွာေရွ႕ကို ဖိတ္စာကမ္းေပးေလသည္ ။ဂ်ီမင္လည္း ယူလိုက္သည္။ ထိုမွတစ္ဆင့္ ယြန္းဝူက ဟန္ဆိုဟီးကိုေပးသည္ ။ဟန္ဆိုဟီးလည္း ယူလိုက္သည္ ။
" ဒါနဲ႕ ..ယြန္းဝူတို႔သတင္းကို ေတြ႕ၿပီးၿပီးလား ?"
ဒါေတာ့ ဂ်ီမင္နည္းနည္းစိတ္ေႏွာက္လာသည္။ ဒါက တမင္ကို ရန္လိုက္စေနသလိုလည္း ခံစားရသည္။ "မင္းရရင္ယူပါ "လို႔ ေျပာထားၿပီးၿပီးပဲ ။ ဒါကို ဘာလို သူ႕ကို ခလုတ္လာတိုက္ေနရတာလဲ ?"
" ကိုယ့္ဆီက မင္းဘာသိခ်င္တာလဲ ?"
" ဂ်ီမင္ဘက္က ဘာမွမျဖစ္ဘူးလားဆိုတာကိုေပါ့ "
" မွန္ရင္ ကင္မ္ထယ္ေယာင္းက ေျပာလိမ့္မယ္ ၊ဒါပဲမလား ကိုယ္သြားေတာ့မယ္ ၊ဒူနာ သြားရေအာင္ "
" ဂ်ီမင္ ..ဟိုမွာ ကင္မ္ထယ္ေယာင္းတို႔ လာတယ္ "
၀န္ထမ္းေတြရဲ႕ ထမင္းစားတဲ့ေနရာကို တစ္ခါမွ မလာဖူးတဲ့ ကင္မ္ထယ္ေယာင္းေၾကာင့္ ၀န္ထမ္းေတြလည္း စားေနရင္နဲ႕မက္တပ္ထရပ္ကုန္ၾကေလသည္။ သူကေတာ့ စားၿပီးၿပီးမို႔ ထိုင္ေနစရာအေၾကာင္းမရွိေတာ့ပါ ။ ငယ္ခ်စ္ဦးေတြသာ စကားလက္ဆုံၾကပါေစေပါ့ ။
" ေရာ့ ဒီမွာက်န္သြားအုံးမယ္ "
ဂ်ီမင္ထလိုက္တဲ့အခ်ိန္ ယြန္းဝူက အေအးခြက္ကို ကမ္းေပးေတာ့ ဂ်ီမင္ပုခုံးနဲ႕ အေအးခြက္ကို တိုက္မိၿပီး လီယြန္းဝူကိုပဲ အေအးေတြကျပန္စင္သြားေလသည္ ။
" ေပကုန္ၿပီး "
လီယြန္းဝူရဲ႕မ်က္ႏွာထိကို စင္သြားေလသည္။ လီယြန္းဝူဒီေန႕၀တ္ထားတဲ့ အကၤ်ီက အသားေရာင္မို႔ အေအးက စြန္းထင္းသြားေလသည္။ ဂ်ီမင္လည္း ဘာလုပ္ေပးရမွန္းမသိပဲ ဒီအတိုင္းပဲ ရပ္ေနမိသည္။ သူတိုက္လိုက္တာမဟုတ္ဘူး ။ လီယြန္းဝူက သူပုခုံးကို အေအးခြက္နဲ႕ အတင္းလာတိုက္အာင္ လုပ္တာ ။
" ဂ်ီမင္ ယြန္းဝူကိုစိတ္ဆိုးၿပီး တမင္တိုက္လိုက္တာမလား ?"
ခုနက အေကာင္း ။ ကင္မ္ထယ္ေယာင္းလာမွ တစ္မ်ိဳးျဖစ္သြားတာမို႔ ဂ်ီမင္အေျခအေနကို ၾကည့္လိုက္သည္။ ကင္မ္ထယ္ေယာင္းနဲ႕ ကင္မ္ထယ္ေယာင္းနဲ႕အတူပါလာတဲ့ ၀န္ထမ္းတစ္ေယာက္က သူတို႔ေဘးမွာ လာရပ္ရင္
" ဘာျဖစ္ေနတာလဲ ?"
ဂ်ီမင္က ျပန္မေျဖပါ ။ ဟန္ဆိုဟီးက ပါးစပ္ျပင္ကာ ေျပာေတာ့မလို လုပ္ေတာ့မွ
" ဟန္ဆိုဟီး မင္ဟိုဆီက စာရင္းဖိုင္ေတြ အရင္သြားယူလိုက္ပါ "
ဟန္ဆိုဟီးကလည္း အတြန႔္တက္လို႔မရတာေၾကာင့္ ဂ်ီမင္ကိုေတာင္ မ်က္လုံးျဖင့္သာ ႏူတ္ဆက္ၿပီး ထြက္လာရေလသည္ ။
" တက္လာတဲ့ သတင္းေၾကာင့္ ဂ်ီမင္က စိတ္ဆိုးလို႔ေနမွာပါ ဒီလိုလုပ္တာ "
ဂ်ီမင္ သည္းခံနိင္တဲ့အတိုင္းအတာထိကို လီယြန္းဝူက ေက်ာ္လြန္သြားၿပီးလို႔ ထင္တယ္။ လီယြန္းဝူလာတုန္းက ပါလာတဲ့ ေကာ္ဖီအေအးကို လွမ္းယူကာ
" စိတ္ဆိုးရင္ ပုခုံးနဲ႕ မပတ္ဘူး ၊ ဒီလို လက္နဲ႕ကိုင္ၿပီး မင္းမ်က္ႏွာကို ပတ္လိုက္မယ္ "
စကားအဆုံး ၊ ဂ်ီမင္လက္ကလည္း ေကာ္ဖီအေအးရဲ႕ အဖုံးကိုဖြင့္ကာ လီယြန္းဝူရဲ႕ မ်က္ႏွာကို ပက္ထဲလိုက္ေလသည္ ။ ၀န္ထမ္းတစ္ခ်ိဳ႕ရဲ႕ ပါးစပ္က အသံထြက္လာေပမဲ့
ကင္မ္ထယ္ေယာင္းက ၾကည့္လိုက္တာေၾကာင့္ ျပန္ငုံသြားၾကေလသည္ ။
" ဘယ္လို လုပ္လိုက္တာလဲ ?"
လီယြန္းဝူထိုင္ေနရမွာ ထလိုက္သည္ ။ ေဒါသထြက္ေနတဲ့ မ်က္လုံးေတြကို ဂ်ီမင္ရင္ဆိုင္လိုက္ရသည္။ ကင္မ္ထယ္ေယာင္း ဂ်ီမင္အေရွ႕မွာ ပိတ္ရပ္လိုက္ၿပီး
" သြားေတာ့ ငါေခၚတဲ့အခန္း ငါ့႐ုံးခန္းထဲကိုလာခဲ့ "
" ကိုကို .."
" ငါေျပာတာ ၾကားလား ..အခုသြားေတာ့ "
ကင္မ္ထယ္ေယာင္းရဲ႕အမိန႔္ကိုေတာ့ လြန္ဆန္နိင္ပုံမရေခ် ။ ခ်က္ခ်င္းပင္ လီယြန္းဝူထြက္သြားေလသည္။ ကင္မ္ထယ္ေယာင္းက ဂ်ီမင္ဘက္ လွည့္လာၿပီး
" ခင္ဗ်ား အခု က်ဳပ္႐ုံးခန္းထဲကိုသြား "
သူ႕ကို အျပစ္ေျပာေတာ့မလို႔လား ? ။ ဒါေပမဲ့ သူကေတာ့ ျပန္ေျပာမွာပဲ ။ ကိုယ့္ဟာကိုယ္ေနေနတာကို ဘယ္သူအရင္ လာထိတာလဲ ? ။
ေျခလွမ္းေတြ မသြားခ်င္လည္း အဲ႐ုံးခန္းထဲကို ထပ္သြားရျပန္သည္။ သူ႕အမွားလို လာေျပာရင္ေတာ့ က်န္တဲ့လက္ေမာင္းကို ဆက္ကိုက္ပစ္အုံးမွာ ။
" ဒီကိစၥ ဒီမွာပဲ ၿပီးပါေစလို႔ ေျပာလိုက္ ၊ အျပင္ကို သတင္းထြက္ရင္ အလုပ္ျပဳတ္မယ္လို႔ ေျပာလိုက္ "
" ဟုတ္ boss .."
ေဘးမွာ အတူပါလာတဲ့ ၀န္ထမ္းကို ကင္မ္ထယ္ေယာင္းက ေျပာလိုက္တာျဖစ္သည္ ။ ကင္မ္ထယ္ေယာင္းရဲ႕ေျခလွမ္းေတြက ၀န္ထမ္းေတြ ထမင္းစားခန္းထဲက တစ္ေျဖးေျဖးေ႐ြ႕သြားေလသည္။
" အဲလိုပဲ ရပ္မွာလား ?"
သူ႕႐ုံးခန္းထဲကိုေရာက္ေနတာ ၁၅မိနစ္ေလာက္ရွိၿပီး သူ႕ေဘးရဲ႕ ခပ္ကြာကြာမွာ ရပ္ေနတဲ့လူေၾကာင့္ ေျပာလိုက္ရတာျဖစ္သည္။ ထိုအခါမွာ လာထိုင္ရင္
" ဘာေျပာဖို႔လဲ ?"
" ဘာလုပ္ထားလဲ ?"
" ငါ့အမွားလို႔ မင္းေျပာတာလား ..ငါတို႔ေျပာေနတာေတြကို မင္းက "
" ေရာ့ .."
ကင္မ္ထယ္ေယာင္းစာပြဲေပၚတင္ေပးတဲ့ ဖိုင္တြဲကို ယူလိုက္ၿပီး ၾကည့္လိုက္မိသည္
သူလုပ္ထားတဲ့ စာရင္းေတြက မွားေနတာ
"...."
" ေတြ႕လား ..ဘာလုပ္ထားလဲ ဆိုတာ "
" အဲဒါကလည္း မင္းေၾကာင့္ပဲ " လို႔ ေျပာလိုက္ခ်င္တယ္ ။ မေန႕က စကားမေျပာတာေရာ၊ တစ္ခုခုတုန႔္ျပန္မွာကို လန႔္ေနတာေၾကာင့္ ေကာင္းေကာင္းအလုပ္မလုပ္နိင္တာ ။
" အဲတာက မင္းမေန႕ညေနကထဲက စကားမေျပာလို႔ "
အေပၚႏူတ္ခမ္းနဲ႕ ေအာက္ႏူတ္ခမ္းကို ကိုက္လိုက္မိသည္။ ၿပီးေတာ့ အျပစ္ရွိသူတစ္ေယာက္မို႔ ေျခေခ်ာင္းထိပ္ေတြက အၿငိမ္မ ေနနိင္ပဲ ျဖစ္ေနေလသည္ ။
ကင္မ္ထယ္ေယာင္းက လက္ပိုက္ကာ ေျခကိုခ်ိတ္လိုက္သည္ ။
" အဲတာနဲ႕ပဲ စာရင္းေတြ အတြဲလိုက္ မွားတယ္ေပါ့ "
ဂ်ီမင္ေခါင္းညိတ္လိုက္သည္ ။ ၿပီးေတာ့ ဂ်ီမင္ အားနာသလိုလည္း ျဖစ္သြားသည္။ ဒီအလုပ္မွာ အမွားအယြင္းအတိမ္းအေစာင္းမခံတာကို ။
" ငါဘာကြၽမ္းက်င္လဲ မင္းသိတာပဲ ၊ ငါဒါကိုမကြၽမ္းက်င္လို မွားတယ္ဆိုတာထက္ ေပါ့ဆမိတာမို႔ ငါေတာင္းပန္တယ္ "
" ကိုယ့္အမွားကို ကိုယ္သိသားပဲ "
" ဒါဆို ျပင္ေပးမယ္ "
" ဒီအခန္းထဲမွာပဲျပင္..အခုျပန္ေပးရမွာ "
ဂ်ီမင္ႏွာေခါင္းကို တြန႔္႐ူံသြားသည္။ ဒါေပမဲ့လည္း ဒါက ကိုယ့္အမွား ။ ကိုယ့္အမွားအတြက္ ကိုယ္ပဲ တာ၀န္ယူရမွာ ။
" ေန႕လယ္စာ မစားဘူးလား ?"
စားတဲ့ပုံလည္းမေတြ႕လို႔ ဂ်ီမင္ပါးစပ္က အလိုအေလ်ာက္ပင္ ေမးလိုက္မိသည္။ ကင္မ္ထယ္ေယာင္း ဘယ္ဘက္ပါးေစာင္းထဲကို လွ်ာထိုးထဲရင္
" က်ဳပ္ကို ႀကိဳက္ေနတာလား ?"
" ဟမ္ .."
႐ုတ္တရက္ဆန္တဲ့အေမးေၾကာင့္ ဂ်ီမင္ခ်က္ခ်င္းေျဖဖို႔သတိမရေပမဲ့ စိတ္နဲ႕လူနဲ႕ကပ္တဲ့ အခ်ိန္
" မင္းလိုလူကို ႐ူးတဲ့လူေတြပဲ ႀကိဳက္မွာ ၊ ငါက မ႐ူးဘူး "
ကိုယ့္ဟာကိုယ္ အထင္ႀကီးလြန္းတာေတာ့ 9ေက်ာ္တယ္ ။ လူတကာက ဒင္းကိုႀကိဳက္ေနလိမ့္မယ္လို႔ ဘာလိုထင္ေနတာပါလိမ့္ ? ။ မ်က္လုံးေတြကို စာရင္းဖိုင္ေတြထဲကို ျပန္၍ အာ႐ုံႏွစ္လိုက္သည္။ စားခ်င္စား ၊ မစားခ်င္ေန ။ စိတ္ေကာင္းထားေပးလို႔ကို မရတဲ့လူ ။
ပို႔စကပ္ေလးကို ကင္မ္ထယ္ေယာင္းရဲ႕ ေဘးနားမွာ ခ်ေပးလိုက္သည္။ ကင္မ္ထယ္ေယာင္းၾကည့္လိုက္ေတာ့ ဂ်ီမင္ေခါင္းျပန္ငုံကာ စာရင္းေတြ ျပန္လုပ္ေနေလသည္ ။ ကင္မ္ထယ္ေယာင္းလည္း ပို႔စကပ္ကို ယူလိုက္ရင္ ဖြင့္ၾကည့္သည္။
" Happy birthday " ကလြဲရင္ ဘာမွမေရးထားပါ ။