စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.1K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 9

973 36 0
By Ex_0069

Unicode
Episode _ 9

" တေလွန်း.. ဟေ့ကောင်! တေလွန်း "

" ဟာ ဘာလဲကွာ..၊ စောစောစီးစီး "

" ဘယ်ကသာ စောရမှာလဲကွ...၊ မနက်ရှစ်နာရီတောင်ထိုးနေပြီ... ထအုံး! "

ကျုပ်လည်း ကျောင်းပိတ်ရက်လေးမို့ ဇိမ်နဲ့အိပ်ရာပေါ်မှာနှပ်နေမိသည်။ ဒါကို အလိုက်ကန်းဆိုးမသိတဲ့နိုင်ထွန်းဆိုတဲ့ကောင်က ကျုပ်ကို အတင်းနှိုးနေတော့တာပဲ။

" ဘာလဲကွာ... "

" ငါ မမကေသီနဲ့ချိန်းထားတယ်လေ...၊ အဲ့တာ မင်း အဖော်လိုက်ပေးကွာ "

" ဟ.. မင်းတို့ရည်းစားတွေချိန်းတွေ့တာကို ငါက ဘာလိုက်လုပ်ရမှာလဲကွ..၊ အားအားယားယား မလိုက်နိုင်ဘူးကွာ... ကိုယ့်ဘာသာ သွား! "

" ဟာ မင်းကလည်း သူငယ်ချင်းအချင်းချင်းကို...၊ မင်း ဒီပိတ်ရက်တော့ ရှင်မွှေးဆီ မသွားဘူးမလား....၊ လိုက်ခဲ့စမ်းပါကွာ... မမကေသီရဲ့သူငယ်ချင်းလည်း ပါမှာကွ..၊ သူက မင်းကို မေးနေတာလေ "

" မစောမူယာ လား "

" ဟုတ်တယ်...၊ မင်းကွာ မစောမူယာက ငါတို့ကျောင်းရဲ့အလှပဂေးနော်...၊ သူ့လိုလူက မင်းကို အရေးပေးတယ်ဆိုတာ တော်ရုံကုသိုလ်ကံနဲ့ရတာမဟုတ်ဘူးကွ...၊ ငါတို့ကျောင်းမှာ သူ့ကို လိုက်ပိုးပန်းနေကြတဲ့ကောင်တွေမှ ဒုနဲ့ဒေးပဲ "

" အဲ့တော့ ငါက ဘာလုပ်ရမှာလဲ... "

" ဟာကွာ... မင်း မစောမူယာကို နည်းနည်းလေးမှစိတ်မဝင်စားဘူးလား "

နိုင်ထွန်းက ကျုပ်ကို အတင်းလှော်ပေးနေသည်။ ကျုပ်ကလည်းကျုပ်ဗျ။ တစ်ကျောင်းလုံးရဲ့အလှပဂေးက အခွင့်အရေးပေးနေတာကို ကျုပ် မသိချင်ယောင်ဆောင်နေတာလေ။ မသိချင်ယောင်ဆောင်တယ်ဆိုတာထက် စိတ်မဝင်စားဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်။ ကျုပ်လည်း ယောက်ျားတစ်ယောက်ပဲဗျ။ မစောမူယာလို ရုပ်ရည်ကလည်းလှ၊ ခန္ဓာကိုယ်အချိုးအစားကလည်း ပြောစရာမရှိတဲ့သူကို သဘာကျတာပေါ့။ ဒါပေမဲ့ ကျုပ်က သဘောကျတာထက်မပိုဘူး။ အဲ့တာကြောင့် မစောမူယာက ဘယ်လိုပဲ ကျုပ်ကို ရေလာမြောင်းပေးလုပ်လုပ် ကျုပ်ကတော့ မစောမူယာနဲ့ ခပ်တန်းတန်းပဲနေသည်။

" မစောမူယာက တကယ့်အလှပဂေးနော်.....ဟေ့ကောင် "

" သူ့ဘာသာ လှလှမလှလှ ငါနဲ့မဆိုင်ဘူး၊ ငါ့စိတ်ထဲမှာ သူ့အပေါ် ဘာစိတ်မှမရှိဘူး၊ ယောက်ျားတို့သဘာဝ ငါ့မျက်စိထဲမှာ သူ့အလှကိုသဘောကျတာလောက်ပဲရှိတယ်...၊ မစောမူယာက ငါ့စိတ်ထဲထိမရောက်ဘူး နိုင်ထွန်း.... "

ကျုပ်လည်း ကျုပ်စိတ်ထဲရှိတဲ့အတိုင်း နိုင်ထွန်းကို ပြောလိုက်တယ်။ ဒီကောင်နိုင်ထွန်းက ကျုပ်ကို တက္ကသိုလ်ကျောင်းသားဘဝမှာ အခြားသူတွေလို ရည်းစားလေးထားစေချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်မှ သူတို့တွေကို စိတ်မဝင်စားတာ။ အဲ့တော့ ဒီကောင်နိုင်ထွန်း ဘယ်လောက်ပဲလှော်လှော် ကျုပ်ကတော့ အဲ့အတိုင်းပဲ၊ ဘယ်လိုမှရွေ့လာမှာမဟုတ်ဘူး။ အဲ့တာကို ဒီကောင်နိုင်ထွန်း သဘောပေါက်ဖို့ကောင်ူနေပြီ။

" အေးပါကွာ... ပြောမရလည်းနေတော့! "

" သိရင်လည်း မြန်မြန်ကြွတော့၊ ပိတ်ရက်လေးကို အိပ်ကောင်းချင်းမအိပ်ရဘူး... "

" လဒ!! သူ့ဟာလေးဆီ သွားမဲ့နေ့ကျ ဘယ်သူမှမနိုးသေးဘူး ဒီအဆောင်မှာ မင်းအရင်နိုးတာ... "

နိုင်ထွန်းက ကျုပ်ကို မကျေမနပ်နဲ့ခြေထောက်နဲ့ကန်ပြီး ထွက်သွားသည်။ ကျုပ်လည်း ဒီကောင်ပြောတာမှန်နေတော့ ဘာမှဆက်ပြောမနေတော့ဘူးလေ။ ဆင်ပေါက်ဆီသွားဖို့က စျေးကားနဲ့ဆို နှစ်နရာရီခွဲလောက်ကြာတယ်။ စျေးကားတွေကလည်း မနက်ခင်းခြောက်နာရီတောင်မထိုးသေးဘူး... ရောက်လာတော့ ကျုပ်လည်း စျေးကားကိုမှီအောင် အိပ်ရာက စောထရသည်။ ဆင်ပေါက်ဆီကနေ အပြန်ကျရင်လည်း စျေးကားနဲ့ပဲပြန်ရသည်။ ညနေ လေးနာရီစျေးကားနဲ့ပဲ အမြဲပြန်ပေမဲ့ ဟိုတစ်ခေါက်ကတော့ ညရှစ်နာရီစျေးကားနဲ့ ပြန်လာရတယ်ဗျာ။ ဟိုကောင်ဆင်ပေါက်က ဟန်သာဆိုတဲ့အကောင်နဲ့ညစျေးတန်းသွားတာလေ။ ဟန်သာဆိုတဲ့ကောင်က ကျုပ်ရှိနေတာကို ဆင်ပေါက်ကို လာခေါ်တာလေ။ ဟိုကောင်ဆင်ပေါက်ကလည်း နှစ်ခါမခေါ်ရဘူး၊ တန်းလိုက်သွားတာ။ ဒါပေမဲ့ ကျုပ်ကိုပါ အဆစ်ခေါ်သွားတာလေ။ ကျုပ်ကလည်း သူတို့မခေါ်ရက် ဆင်ပေါက်ကို မသွားခိုင်းဘူး။ အဲ့တာကြောင့် ဆင်ပေါက်က ကျုပ်ကိုဇွတ်ခေါ်တာပေါ့။ ဟန်သာဆိုတဲ့ကောင်နဲ့ဆင်ပေါက်ကို သူငယ်ချင်းလုပ်ခွင့်ပေးထားတယ်လေ။ အဲ့နေ့က ကျုပ် ညရှစ်နာရီစျေးကားနဲ့ ပြန်ရတဲ့နေ့ပဲ။

နိုင်ထွန်းထွက်သွားတာနဲ့ ကျုပ်လည်း အိပ်ရေးဝအောင် ဆက်အိပ်နေလိုက်တယ်။ ကျုပ်နိုးလာတော့ နေ့လည်ဆယ်နာရီတောင်ခွဲပြီ။ ကျုပ်လည်း အိပ်ရာကနေလူးလဲထကာ ပေါင်ထိလိပ်တင်နေတဲ့ပုဆိုးကို အသေအချာပြန်ဝတ်ရင်း နောက်ဖေးပြေးရသည်။ ကျုပ်အကျင့်ကို သိတယ်မလား။ အိပ်ရာထတာနဲ့ ပထမဆုံးလုပ်ရတာက အပေါ့အရင်သွားတာပဲ။

" ဟေ့ကောင် နိုင်ထွန်း!!!.....၊ မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ... မျက်နှာက ခွေးချီးပုံတက်နင်းမိထားတဲ့အတိုင်း ရွံ့မဲ့နေတာ.. "

" တေလွန်း... "

" ..... "

ကျုပ်လည်း သွားတိုက်နေရင်းနဲ့မှ အုတ်ကန်ဘောင်ပေါ်မှာ တွေတွေကြီးထိုင်နေတဲ့နိုင်ထွန်းကို 'ပြော'ဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်သည်။

" မမကေသီ.. မမကေသီ ငါ့ကို လုပ်ရက်တယ်ကွာ "

" ထွီ! နိုင်ထွန်း ငါ့ကို သေချာပြောစမ်းပါ... ဘာဖြစ်လာတာလဲဆိုတာ၊ အခုလို ချီးစားထားတဲ့မျက်နှာမျိုးကြီးနဲ့မပြောစမ်းပါနဲ့ "

ကျုပ်ရဲ့ပါးစပ်ထဲက သွားတိုက်ဆေးအမြှုပ်တွေကိုထွေးချပြီး နိုင်ထွန်းကိုမေးလိုက်သည်။

" လဒ !! _ီးတဲ့မှ ချီးစားထားတဲ့မျက်နှာပါလား...၊ ငါ ဒီမှာ တကယ်ခံစားနေရတာကွ "

" မနက်ကပဲ မင်းတို့ချိန်းတွေ့ကြတာမဟုတ်ဘူးလား.... "

" အေး ဟုတ်တယ်...၊ ဒါပေမဲ့ ငါ့ကို ချိန်းတာက နှစ်ယောက်တည်းတွေ့ဖို့မဟုတ်ဘူးကွ..၊ မမကေသီက ပြောတယ်.. ငါ့ကို တွဲတာက သူ့ကောင်လေးနဲ့အဆင်မပြေလို့ သူကောင်လေးသဝန်တိုအောင် ဒီတိုင်းတွဲပြတာတဲ့၊ အခု သူ့ကောင်လေးနဲ့ပြန်အဆင်ပြေသွားပြီတဲ့ကွာ..... "

" အဲ့တော့ မင်းကို ထားခဲ့တာပေါ့ "

" အေးလို့....၊ မမကေသီ လုပ်ရက်တယ်ကွာ... "

" လုပ်ရက်တယ်.. မလုပ်ရက်ဘူးတွေပြောမနေနဲ့တော့...၊ မင်းက မကေသီကို လက်ထပ်ဖို့အထိ စဥ်းစားထားလို့လား... "

" ဟင် "

ကျုပ်မေးလိုက်တဲ့စကားကြောင့် နိုင်ထွန်းက ကြေကွဲလူငယ်လုပ်နေရာမှ ကြောင်အသွားသည်။

" ဟုတ်တယ်လေ...၊ မင်း... မကေသီနဲ့တွဲတာက မင်းရဲ့တက္ကသိုလ်ကျောင်းသားဘဝလောဂျစ်ကြီးကို ဒီတိုင်းအကောင်အထည်ဖော်တာလေ...၊ မင်း ရည်းစားစာလိုက်ပေးဖူးတာက မကေသီတစ်ယောက်တည်းမှ မဟုတ်တာ...၊ မကေသီ မပါရင်တောင် ဆယ်ယောက်ကျော်လောက်ကတော့ အေးဆေးပဲ၊ အဲ့ထဲကမှ မကေသီ အဖြေပြန်ပေးလို့ရည်းစားဖြစ်သွားတာလေ "

" ဒါတော့ ဒါပေါ့ကွာ...၊ ဒါပေမဲ့... "

" ဘာမှ..ဒါပေမဲ့မနေနဲ့တော့၊ ငါ ဗိုက်ဆာတယ် တစ်ခုခုသွားစားရအောင် "

" အေးပါကွာ....၊ အသည်းကွဲရမှာတောင် မင်းနဲ့ကျမှ တိုးလို့တန်းလန်းဖြစ်ရတယ်လို့ "

" ငါက အမှန်တရားကိုပြောတာလေ "

ကျုပ်လည်း မျက်နှာသစ်ပြီး ပုဆိုးခါးပုံစနဲ့မျက်နှာသုတ်ကာ နိုင်ထွန်းကိုခေါ်ပြီး ကျုပ်တို့နေတဲ့အဆောင်နဲ့သိပ်မဝေးသည့်ထမင်းဆိုင်မှာ မနက်စာစားလိုက်သည်။

" တေလွန်း သီတင်းကျွတ်ကို ရွာပြန်မှာမလား...၊ သီတင်းကျွတ်ဆိုလို့ကွာ... ငါက မမကေသီကိုပါ ဒီတစ်ခါရွာပြန်ရင် အလည်ခေါ်ခဲ့မလို့ကွ.... "

" အေး ထငိုလို့ကတော့ မင်းမျက်ခွက် ဖိနပ်နဲ့ရိုက်မှာနော်...၊ ငါ ထမင်းလေးတော့ အေးအေးဆေးဆေးစားပါရစေကွာ...၊ ဘာလဲ မင်းက မကေသီမပါရင် ရွာကို ပြန်မလိုက်ဘူးလား..... "

" မဟုတ်တာ...၊ လိုက်မှာပေါ့ကွ... တိုးလွင်နဲ့ဇော်ဝင်းကို တွေ့ချင်သေးတယ်...၊ ဇော်ဝင်းကတော့ မင်းရဲ့အမကောင်းမှုနဲ့ အခုဆယ်တန်းပြန်ဖြေနေပြီလေ... "

" အဲ့ကောင်ဇော်ထွန်း ငါ့အမကို ဘာကြည့်ပြီးကြိုက်လဲဆိုတာ ငါ နားမလည်ဘူးကွာ... "

" မင်းကလည်း...၊ မစုက မင်းအမနော်... "

" အေးလေ.. ငါ့အမမို့ ပြောနေတာပေါ့...၊ မင်းတို့က ငါ့အမ ရုပ်လေးလှတာပဲမြင်တာလေ...၊ ငါ့အမဘယ်လောက်ထိ လက်ပေါက်ကပ်မှန်းမှ မသိကြတာ...၊ ဒီကြားထဲ အတိုင်အပြောကလည်း ထူသေး...၊ ပါးစပ်ကလည်း တစ်ဗျစ်ဗျစ်တစ်တောက်တောက်နဲ့၊ အမေတောင် အဲ့လောက်ထိ ပူညံပူညံမလုပ်ဘူး... "

" ဟား... မင်းနဲ့မစုက တစ်ကယ့်ကို " စနေ အင်္ဂါ မယှဥ်သာ " ပဲဟေ့၊ တွေ့တာနဲ့ တစောင်းစေးနဲ့မျက်ချေးပဲ ဟား... ဟား.... "

" ဟုတ်ပါ့ကွာ...၊ ငါ့အဘရောပဲ "

" အေး... ဟုတ်တယ်နော် မင်း အဘကလည်း အင်္ဂါပဲဟ "

ကျုပ်က သူများကိုမနှစ်သိမ့်တက်ပေမဲ့ အဲ့လူစိတ်ပေါ့ပါးသွားအောင်တော့ လုပ်ပေးတတ်တယ်ဗျ။ အခုလည်းကြည့်လေ ကျုပ်ကြောင့် ဒီကောင်နိုင်ထွန်း သူ့မမကေသီအကြောင်းကို မပြောတော့ဘူး။

ဇော်ဝင်းက ဆယ်တန်းကျပြီး ပြန်မဖြေဘူးလို့လုပ်နေပေမဲ့ ကျုပ်အမရဲ့ ဘွဲ့ရတဲ့သူကိုပဲ လက်ထပ်မှာဆိုတဲ့စကားကြောင့် အခု ဆယ်တန်းပြန်တက်နေတယ်လေ။ တိုးလွင်က သူ့မိဘတွေမရှိတော့ကတည်းက ရှစ်တန်းနဲ့ကျောင်းထွက်လိုက်တာမို့ အခု ရွာမှာ ဇော်ဝင်းနဲ့တိုးလွင်က ကျန်နေခဲ့သည်။

" မင်း ရှင်မွှေးကိုရော ပြောပြီးပြီလား... "

" အင်း ငါပြောပြီးပြီ... သူလည်း လိုက်မှာလေ..၊ ပြန်မဲ့နေ့မတိုင်ခင် သူ့ကိုအရင်သွားခေါ်ထားလိုက်မယ်... ပြီးမှ ငါတို့သုံးယောက် အတူတူပြန်ကြတာပေါ့ "

" အေး.... "

~~~~~~~~~~~~~~~~~~

သီတင်းကျွတ်လပြည့်မတိုင်မှီသုံးရက်လောက်အလိုကတည်းက ကျုပ် ကားဂိတ်မှာလက်မှတ်ဖြတ်ထားလိုက်ပြီး ရွာပြန်မဲ့နေ့မတိုင်ခင် ဆင်ပေါက်ကိုသွားခေါ်လိုက်တယ်။ ဒါပေမဲ့ ဆင်ပေါက်က ကျုပ်ကို မတိုင်ပင်ဘဲ ဟန်သာဆိုတဲ့ကောင်ကို ရွာအလည်လိုက်ဖို့ခေါ်ထားသည်။ ဒါ့ကြောင့် ရွာကိုပြန်မဲ့ကားလက်မှတ်က လေးစောင်ဖြစ်သွားသည်။

" ဆင်ပေါက်... "

" ဘာလဲလို့... "

" မင်း ဘာလို့အဲ့ကောင်ကိုခေါ်လာတာလဲ... "

" တေလွန်းရာ... မင်းကလည်း မနေ့ညကတည်းက အဲ့အကြောင်းကိုပြောနေတာမပြီးတော့ဘူးလား...၊ ဟန်သာ ကြားသွားရင် အားနာစရာကြီး! "

" အားမနာနိုင်ဘူးကွာ...၊ ဘယ့်နှယ့် ကျောင်းမှာတင်တွေ့ရတာအားမရလို့ ကျောင်းပိတ်ရက်တောင် မခွဲနိုင်၊ မခွာနိုင်ဖြစ်နေတာ... "

" တေလွန်း! မင်း ဆက်ပြောနေရင် ငါ စိတ်ဆိုးတော့မှာနော်... "

ဟုတ်တယ်။ မနေ့ညနေကတည်းက အခုမနက်ခင်း ရွာပြန်တဲ့ကားပေါ်ရောက်တဲ့အထိ ဒီစကားကိုချည်းပြောနေတာ...၊ ကြာလာတော့ ဒေါသထွက်လာပြီ။ ရှားရှားပါးပါးလေးရထားတဲ့ကိုယ့်သူငယ်ချင်းက ရွာပြန်ရင်လိုက်ချင်ပါတယ်လို့ အတင်းပြောနေတော့ ကိုယ်က မခေါ်ရင် ဘယ်လောက်ရိုင်းရာကျမလဲ။ ဒီလောက်လေးကို တေလွန်းက သူ့ကို နားမလည်ပေးဘူး။ အဲ့ကောင်သိတာက ကျွန်တော့်ကို ဘယ်လိုပြောရမယ်၊ ဆိုရမယ်၊ အနိုင်ယူရမယ်ဆိုတာပဲ အမြဲတွေးနေတဲ့အကောင်။ အခုလည်း ကျွန်တော်နဲ့ဟန်သာက တစ်တွဲ၊  သူနဲ့နိုင်ထွန်းက တစ်တွဲထိုင်ရမဲ့ခုံတွေကို ဟန်သာ့ဆီကနေ အတင်းကားလက်မှတ်ကိုလဲလိုက်တာလေ။ အစကတည်းက လဲချသ်ရင်လည်း ဟန်သာ့ကို ကားလက်မှတ်မပေးခင်ကတည်းက လဲထားပါ့လား။ အခုတော့။ ဒါက ဒင်း သေချာလုပ်တာလေ။ ဟန်သာ့ကို မကြည်ဖြူဘူးဆိုတာသိအောင်။ ကျွန်တော့်မှာ ဟန်သာ့ကို တော်တော်အားနာနေရတယ်။ တော်သေးတာပေါ့။ ကျွန်တော်နဲ့တေလွန်းအကြောင်းကို ဟန်သာက အတင်းမေးလို့ပြောပြထားတော့ တေလွန်းကို ဟန်သာက စိတ်မဆိုးတော့ဘူးလေ။ ဘာပဲဖြစ်ဖြစ်ပါ သူငယ်ချင်းဖြစ်တဲ့ကိုယ်ကတော့ ဟန်သာ့ကို တော်တော်အားနာသည်။

ဟိုဘက်ခုံမှာထိုင်နေတဲ့ဟန်သာ့ကို ကျွန်တော်လှမ်းကြည့်ရသေးတယ်။ တေလွန်းပြောနေတာတွေကိုများ ကြားသွားမလားလို့။ တော်သေးတယ်။ ဟန်သာက ကားပြတင်းပေါက်နဲ့နီးတဲ့ခုံမှာထိုင်ပြီး အိပ်ပျော်နေလို့။ ဟန်သာ့ဘေးက နိုင်ထွန်းလည်း အတူတူပဲ။ ဒီကို သူ့မြို့ကနေ မနက်ကားထွက်မဲ့ခုနှစ်နာရီအမီ သူ့ကားနဲ့အစောကြီးအရင်လာရတော့ ဟန်သာက ပင်ပန်းတာပေါ့။ ကျွန်တော်တောင် မနေ့ကတည်းက တေလွန်းက သူ့အဆောင်မှာညအိပ်ခိုင်းပြီးခေါ်ထားလို့လေ။ ဒီမှာနေတဲ့နိုင်ထွန်းတောင် ကားချိန်မီအောင်အစောကြီးထရတော့ အိပ်ရေးမဝဘူးထင်တယ်။ ဟန်သာ ပင်ပန်းတာကလည်း ဖြစ်သင့်တာပဲလေ။ အဲ့လိုတွေးမိတော့ ကျွန်တော့်မှာ ဟန်သာ့ကို ပိုပြီးတောင်အားနာရတယ်။ သူ့မှာ ကိုယ့်​မျက်နှာနဲ့ ရွာကိုလိုက်လာတမဟုတ်လား။ အခုတော့ ဘေးက စနေသားလုပ်ပေါက်က တော်တော်ကိုမျက်နှာပျက်စရာဖြစ်နေပြီ။

" တော်ပြီကွာ...၊ ငါ အစောကြီးထထားရတာ ခဏလောက်မှေးအုံးမယ်... "

ကျုပ်စကားကို အရေးမထားဘဲ အိပ်ဖို့ပြင်နေတဲ့ဆင်ပေါက်ကောင်။

" လာ... ငါ့ပခုံးပေါ်မှီအိပ်လိုက်...၊ ကားနောက်ခုံကိုမှီနေရင် ဇက်တွေနာနေမယ်... "

" အင်း... "

ကျုပ် ပခုံးပေါ်ကိုခေါင်းမှီပြီး မျက်လုံးမှိတ်အိပ်ပျော်သွားတဲ့ဆင်ပေါက်။ " ကိုယ့်ဝမ်းနာ ကိုယ်သာသိ " ဆိုတဲ့စကားအတိုင်း ကျုပ်ရဲ့စိတ်ကို ဒီငတုံးကောင်ဗုဒ္ဓဟူးသားက လုံးဝမရိပ်မိဘူးဗျာ။ ကျုပ်လည်း လူမှုရေးလောက်တော့ နားလည်ပါတယ်။ ဟန်သာဆိုတဲ့ကောင်တင်မဟုတ်ဘူး၊ ဆင်ပေါက်နဲ့ပတ်သတ်တဲ့ဘယ်သူစိမ်း၊ ဘယ်ယောက်ျားလေး၊မိန်းကလေးကိုမှ ကျုပ် သဘောမကောင်းနိုင်ပေ။ သူတို့မှာ အပြစ်မရှိပေမဲ့ ကျုပ်ကတော့ ဆင်ပေါက်နဲ့လာပတ်သတ်နေတာကိုက သူတို့ရဲ့အပြစ်တစ်ခုလို့သတ်မှတ်ထားတယ်။ ဒါ့ကြောင့်ပဲ ဟန်သာဆိုတဲ့ကောင်ကို ကျုပ် သဘောမကျတာဗျ။

Next episode .............

Zawgyi
Episode _ 9

" ေတလြန္း.. ေဟ့ေကာင္! ေတလြန္း "

" ဟာ ဘာလဲကြာ..၊ ေစာေစာစီးစီး "

" ဘယ္ကသာ ေစာရမွာလဲကြ...၊ မနက္ရွစ္နာရီေတာင္ထိုးေနၿပီ... ထအံုး! "

က်ဳပ္လည္း ေက်ာင္းပိတ္ရက္ေလးမို႔ ဇိမ္နဲ႔အိပ္ရာေပၚမွာႏွပ္ေနမိသည္။ ဒါကို အလိုက္ကန္းဆိုးမသိတဲ့ႏိုင္ထြန္းဆိုတဲ့ေကာင္က က်ဳပ္ကို အတင္းႏိႈးေနေတာ့တာပဲ။

" ဘာလဲကြာ... "

" ငါ မမေကသီနဲ႔ခ်ိန္းထားတယ္ေလ...၊ အဲ့တာ မင္း အေဖာ္လိုက္ေပးကြာ "

" ဟ.. မင္းတို႔ရည္းစားေတြခ်ိန္းေတြ့တာကို ငါက ဘာလိုက္လုပ္ရမွာလဲကြ..၊ အားအားယားယား မလိုက္ႏိုင္ဘူးကြာ... ကိုယ့္ဘာသာ သြား! "

" ဟာ မင္းကလည္း သူငယ္ခ်င္းအခ်င္းခ်င္းကို...၊ မင္း ဒီပိတ္ရက္ေတာ့ ရွင္ေမႊးဆီ မသြားဘူးမလား....၊ လိုက္ခဲ့စမ္းပါကြာ... မမေကသီရဲ့သူငယ္ခ်င္းလည္း ပါမွာကြ..၊ သူက မင္းကို ေမးေနတာေလ "

" မေစာမူယာ လား "

" ဟုတ္တယ္...၊ မင္းကြာ မေစာမူယာက ငါတို႔ေက်ာင္းရဲ့အလွပေဂးေနာ္...၊ သူ႔လိုလူက မင္းကို အေရးေပးတယ္ဆိုတာ ေတာ္ရံုကုသိုလ္ကံနဲ႔ရတာမဟုတ္ဘူးကြ...၊ ငါတို႔ေက်ာင္းမွာ သူ႔ကို လိုက္ပိုးပန္းေနၾကတဲ့ေကာင္ေတြမွ ဒုနဲ႔ေဒးပဲ "

" အဲ့ေတာ့ ငါက ဘာလုပ္ရမွာလဲ... "

" ဟာကြာ... မင္း မေစာမူယာကို နည္းနည္းေလးမွစိတ္မဝင္စားဘူးလား "

ႏိုင္ထြန္းက က်ဳပ္ကို အတင္းေလွာ္ေပးေနသည္။ က်ဳပ္ကလည္းက်ဳပ္ဗ်။ တစ္ေက်ာင္းလံုးရဲ့အလွပေဂးက အခြင့္အေရးေပးေနတာကို က်ဳပ္ မသိခ်င္ေယာင္ေဆာင္ေနတာေလ။ မသိခ်င္ေယာင္ေဆာင္တယ္ဆိုတာထက္ စိတ္မဝင္စားဘူးလို႔ေျပာရင္ ပိုမွန္လိမ့္မယ္။ က်ဳပ္လည္း ေယာက္်ားတစ္ေယာက္ပဲဗ်။ မေစာမူယာလို ရုပ္ရည္ကလည္းလွ၊ ခႏၶာကိုယ္အခ်ိဳးအစားကလည္း ေျပာစရာမရိွတဲ့သူကို သဘာက်တာေပါ့။ ဒါေပမဲ့ က်ဳပ္က သေဘာက်တာထက္မပိုဘူး။ အဲ့တာေၾကာင့္ မေစာမူယာက ဘယ္လိုပဲ က်ဳပ္ကို ေရလာေျမာင္းေပးလုပ္လုပ္ က်ဳပ္ကေတာ့ မေစာမူယာနဲ႔ ခပ္တန္းတန္းပဲေနသည္။

" မေစာမူယာက တကယ့္အလွပေဂးေနာ္.....ေဟ့ေကာင္ "

" သူ႔ဘာသာ လွလွမလွလွ ငါနဲ႔မဆိုင္ဘူး၊ ငါ့စိတ္ထဲမွာ သူ႔အေပၚ ဘာစိတ္မွမရိွဘူး၊ ေယာက္်ားတို႔သဘာဝ ငါ့မ်က္စိထဲမွာ သူ႔အလွကိုသေဘာက်တာေလာက္ပဲရိွတယ္...၊ မေစာမူယာက ငါ့စိတ္ထဲထိမေရာက္ဘူး ႏိုင္ထြန္း.... "

က်ဳပ္လည္း က်ဳပ္စိတ္ထဲရိွတဲ့အတိုင္း ႏိုင္ထြန္းကို ေျပာလိုက္တယ္။ ဒီေကာင္ႏိုင္ထြန္းက က်ဳပ္ကို တကၠသိုလ္ေက်ာင္းသားဘဝမွာ အျခားသူေတြလို ရည္းစားေလးထားေစခ်င္တာ နားလည္ပါတယ္။ ဒါေပမဲ့ က်ဳပ္မွ သူတို႔ေတြကို စိတ္မဝင္စားတာ။ အဲ့ေတာ့ ဒီေကာင္ႏိုင္ထြန္း ဘယ္ေလာက္ပဲေလွာ္ေလွာ္ က်ဳပ္ကေတာ့ အဲ့အတိုင္းပဲ၊ ဘယ္လိုမွေရြ့လာမွာမဟုတ္ဘူး။ အဲ့တာကို ဒီေကာင္ႏိုင္ထြန္း သေဘာေပါက္ဖို႔ေကာင္ူေနၿပီ။

" ေအးပါကြာ... ေျပာမရလည္းေနေတာ့! "

" သိရင္လည္း ျမန္ျမန္ႂကြေတာ့၊ ပိတ္ရက္ေလးကို အိပ္ေကာင္းခ်င္းမအိပ္ရဘူး... "

" လဒ!! သူ႔ဟာေလးဆီ သြားမဲ့ေန့က် ဘယ္သူမွမႏိုးေသးဘူး ဒီအေဆာင္မွာ မင္းအရင္ႏိုးတာ... "

ႏိုင္ထြန္းက က်ဳပ္ကို မေက်မနပ္နဲ႔ေျခေထာက္နဲ႔ကန္ၿပီး ထြက္သြားသည္။ က်ဳပ္လည္း ဒီေကာင္ေျပာတာမွန္ေနေတာ့ ဘာမွဆက္ေျပာမေနေတာ့ဘူးေလ။ ဆင္ေပါက္ဆီသြားဖို႔က ေစ်းကားနဲ႔ဆို ႏွစ္နရာရီခြဲေလာက္ၾကာတယ္။ ေစ်းကားေတြကလည္း မနက္ခင္းေျခာက္နာရီေတာင္မထိုးေသးဘူး... ေရာက္လာေတာ့ က်ဳပ္လည္း ေစ်းကားကိုမွီေအာင္ အိပ္ရာက ေစာထရသည္။ ဆင္ေပါက္ဆီကေန အျပန္က်ရင္လည္း ေစ်းကားနဲ႔ပဲျပန္ရသည္။ ညေန ေလးနာရီေစ်းကားနဲ႔ပဲ အၿမဲျပန္ေပမဲ့ ဟိုတစ္ေခါက္ကေတာ့ ညရွစ္နာရီေစ်းကားနဲ႔ ျပန္လာရတယ္ဗ်ာ။ ဟိုေကာင္ဆင္ေပါက္က ဟန္သာဆိုတဲ့အေကာင္နဲ႔ညေစ်းတန္းသြားတာေလ။ ဟန္သာဆိုတဲ့ေကာင္က က်ဳပ္ရိွေနတာကို ဆင္ေပါက္ကို လာေခၚတာေလ။ ဟိုေကာင္ဆင္ေပါက္ကလည္း ႏွစ္ခါမေခၚရဘူး၊ တန္းလိုက္သြားတာ။ ဒါေပမဲ့ က်ဳပ္ကိုပါ အဆစ္ေခၚသြားတာေလ။ က်ဳပ္ကလည္း သူတို႔မေခၚရက္ ဆင္ေပါက္ကို မသြားခိုင္းဘူး။ အဲ့တာေၾကာင့္ ဆင္ေပါက္က က်ဳပ္ကိုဇြတ္ေခၚတာေပါ့။ ဟန္သာဆိုတဲ့ေကာင္နဲ႔ဆင္ေပါက္ကို သူငယ္ခ်င္းလုပ္ခြင့္ေပးထားတယ္ေလ။ အဲ့ေန့က က်ဳပ္ ညရွစ္နာရီေစ်းကားနဲ႔ ျပန္ရတဲ့ေန့ပဲ။

ႏိုင္ထြန္းထြက္သြားတာနဲ႔ က်ဳပ္လည္း အိပ္ေရးဝေအာင္ ဆက္အိပ္ေနလိုက္တယ္။ က်ဳပ္ႏိုးလာေတာ့ ေန့လည္ဆယ္နာရီေတာင္ခြဲၿပီ။ က်ဳပ္လည္း အိပ္ရာကေနလူးလဲထကာ ေပါင္ထိလိပ္တင္ေနတဲ့ပုဆိုးကို အေသအခ်ာျပန္ဝတ္ရင္း ေနာက္ေဖးေျပးရသည္။ က်ဳပ္အက်င့္ကို သိတယ္မလား။ အိပ္ရာထတာနဲ႔ ပထမဆံုးလုပ္ရတာက အေပါ့အရင္သြားတာပဲ။

" ေဟ့ေကာင္ ႏိုင္ထြန္း!!!.....၊ မင္း ဒီမွာ ဘာထိုင္လုပ္ေနတာလဲ... မ်က္ႏွာက ေခြးခ်ီးပံုတက္နင္းမိထားတဲ့အတိုင္း ရြံ႔မဲ့ေနတာ.. "

" ေတလြန္း... "

" ..... "

က်ဳပ္လည္း သြားတိုက္ေနရင္းနဲ႔မွ အုတ္ကန္ေဘာင္ေပၚမွာ ေတြေတြႀကီးထိုင္ေနတဲ့ႏိုင္ထြန္းကို 'ေျပာ'ဆိုတဲ့သေဘာနဲ႔ ေမးေငါ့ျပလိုက္သည္။

" မမေကသီ.. မမေကသီ ငါ့ကို လုပ္ရက္တယ္ကြာ "

" ထြီ! ႏိုင္ထြန္း ငါ့ကို ေသခ်ာေျပာစမ္းပါ... ဘာျဖစ္လာတာလဲဆိုတာ၊ အခုလို ခ်ီးစားထားတဲ့မ်က္ႏွာမ်ိဳးႀကီးနဲ႔မေျပာစမ္းပါနဲ႔ "

က်ဳပ္ရဲ့ပါးစပ္ထဲက သြားတိုက္ေဆးအျမႇဳပ္ေတြကိုေထြးခ်ၿပီး ႏိုင္ထြန္းကိုေမးလိုက္သည္။

" လဒ !! _ီးတဲ့မွ ခ်ီးစားထားတဲ့မ်က္ႏွာပါလား...၊ ငါ ဒီမွာ တကယ္ခံစားေနရတာကြ "

" မနက္ကပဲ မင္းတို႔ခ်ိန္းေတြ့ၾကတာမဟုတ္ဘူးလား.... "

" ေအး ဟုတ္တယ္...၊ ဒါေပမဲ့ ငါ့ကို ခ်ိန္းတာက ႏွစ္ေယာက္တည္းေတြ့ဖို႔မဟုတ္ဘူးကြ..၊ မမေကသီက ေျပာတယ္.. ငါ့ကို တြဲတာက သူ႔ေကာင္ေလးနဲ႔အဆင္မေျပလို႔ သူေကာင္ေလးသဝန္တိုေအာင္ ဒီတိုင္းတြဲျပတာတဲ့၊ အခု သူ႔ေကာင္ေလးနဲ႔ျပန္အဆင္ေျပသြားၿပီတဲ့ကြာ..... "

" အဲ့ေတာ့ မင္းကို ထားခဲ့တာေပါ့ "

" ေအးလို႔....၊ မမေကသီ လုပ္ရက္တယ္ကြာ... "

" လုပ္ရက္တယ္.. မလုပ္ရက္ဘူးေတြေျပာမေနနဲ႔ေတာ့...၊ မင္းက မေကသီကို လက္ထပ္ဖို႔အထိ စဥ္းစားထားလို႔လား... "

" ဟင္ "

က်ဳပ္ေမးလိုက္တဲ့စကားေၾကာင့္ ႏိုင္ထြန္းက ေၾကကြဲလူငယ္လုပ္ေနရာမွ ေၾကာင္အသြားသည္။

" ဟုတ္တယ္ေလ...၊ မင္း... မေကသီနဲ႔တြဲတာက မင္းရဲ့တကၠသိုလ္ေက်ာင္းသားဘဝေလာဂ်စ္ႀကီးကို ဒီတိုင္းအေကာင္အထည္ေဖာ္တာေလ...၊ မင္း ရည္းစားစာလိုက္ေပးဖူးတာက မေကသီတစ္ေယာက္တည္းမွ မဟုတ္တာ...၊ မေကသီ မပါရင္ေတာင္ ဆယ္ေယာက္ေက်ာ္ေလာက္ကေတာ့ ေအးေဆးပဲ၊ အဲ့ထဲကမွ မေကသီ အေျဖျပန္ေပးလို႔ရည္းစားျဖစ္သြားတာေလ "

" ဒါေတာ့ ဒါေပါ့ကြာ...၊ ဒါေပမဲ့... "

" ဘာမွ..ဒါေပမဲ့မေနနဲ႔ေတာ့၊ ငါ ဗိုက္ဆာတယ္ တစ္ခုခုသြားစားရေအာင္ "

" ေအးပါကြာ....၊ အသည္းကြဲရမွာေတာင္ မင္းနဲ႔က်မွ တိုးလို႔တန္းလန္းျဖစ္ရတယ္လို႔ "

" ငါက အမွန္တရားကိုေျပာတာေလ "

က်ဳပ္လည္း မ်က္ႏွာသစ္ၿပီး ပုဆိုးခါးပံုစနဲ႔မ်က္ႏွာသုတ္ကာ ႏိုင္ထြန္းကိုေခၚၿပီး က်ဳပ္တို႔ေနတဲ့အေဆာင္နဲ႔သိပ္မေဝးသည့္ထမင္းဆိုင္မွာ မနက္စာစားလိုက္သည္။

" ေတလြန္း သီတင္းကြၽတ္ကို ရြာျပန္မွာမလား...၊ သီတင္းကြၽတ္ဆိုလို႔ကြာ... ငါက မမေကသီကိုပါ ဒီတစ္ခါရြာျပန္ရင္ အလည္ေခၚခဲ့မလို႔ကြ.... "

" ေအး ထငိုလို႔ကေတာ့ မင္းမ်က္ခြက္ ဖိနပ္နဲ႔ရိုက္မွာေနာ္...၊ ငါ ထမင္းေလးေတာ့ ေအးေအးေဆးေဆးစားပါရေစကြာ...၊ ဘာလဲ မင္းက မေကသီမပါရင္ ရြာကို ျပန္မလိုက္ဘူးလား..... "

" မဟုတ္တာ...၊ လိုက္မွာေပါ့ကြ... တိုးလြင္နဲ႔ေဇာ္ဝင္းကို ေတြ့ခ်င္ေသးတယ္...၊ ေဇာ္ဝင္းကေတာ့ မင္းရဲ့အမေကာင္းမႈနဲ႔ အခုဆယ္တန္းျပန္ေျဖေနၿပီေလ... "

" အဲ့ေကာင္ေဇာ္ထြန္း ငါ့အမကို ဘာၾကည့္ၿပီးႀကိဳက္လဲဆိုတာ ငါ နားမလည္ဘူးကြာ... "

" မင္းကလည္း...၊ မစုက မင္းအမေနာ္... "

" ေအးေလ.. ငါ့အမမို႔ ေျပာေနတာေပါ့...၊ မင္းတို႔က ငါ့အမ ရုပ္ေလးလွတာပဲျမင္တာေလ...၊ ငါ့အမဘယ္ေလာက္ထိ လက္ေပါက္ကပ္မွန္းမွ မသိၾကတာ...၊ ဒီၾကားထဲ အတိုင္အေျပာကလည္း ထူေသး...၊ ပါးစပ္ကလည္း တစ္ဗ်စ္ဗ်စ္တစ္ေတာက္ေတာက္နဲ႔၊ အေမေတာင္ အဲ့ေလာက္ထိ ပူညံပူညံမလုပ္ဘူး... "

" ဟား... မင္းနဲ႔မစုက တစ္ကယ့္ကို " စေန အဂၤါ မယွဥ္သာ " ပဲေဟ့၊ ေတြ့တာနဲ႔ တေစာင္းေစးနဲ႔မ်က္ေခ်းပဲ ဟား... ဟား.... "

" ဟုတ္ပါ့ကြာ...၊ ငါ့အဘေရာပဲ "

" ေအး... ဟုတ္တယ္ေနာ္ မင္း အဘကလည္း အဂၤါပဲဟ "

က်ဳပ္က သူမ်ားကိုမႏွစ္သိမ့္တက္ေပမဲ့ အဲ့လူစိတ္ေပါ့ပါးသြားေအာင္ေတာ့ လုပ္ေပးတတ္တယ္ဗ်။ အခုလည္းၾကည့္ေလ က်ဳပ္ေၾကာင့္ ဒီေကာင္ႏိုင္ထြန္း သူ႔မမေကသီအေၾကာင္းကို မေျပာေတာ့ဘူး။

ေဇာ္ဝင္းက ဆယ္တန္းက်ၿပီး ျပန္မေျဖဘူးလို႔လုပ္ေနေပမဲ့ က်ဳပ္အမရဲ့ ဘြဲ႔ရတဲ့သူကိုပဲ လက္ထပ္မွာဆိုတဲ့စကားေၾကာင့္ အခု ဆယ္တန္းျပန္တက္ေနတယ္ေလ။ တိုးလြင္က သူ႔မိဘေတြမရိွေတာ့ကတည္းက ရွစ္တန္းနဲ႔ေက်ာင္းထြက္လိုက္တာမို႔ အခု ရြာမွာ ေဇာ္ဝင္းနဲ႔တိုးလြင္က က်န္ေနခဲ့သည္။

" မင္း ရွင္ေမႊးကိုေရာ ေျပာၿပီးၿပီလား... "

" အင္း ငါေျပာၿပီးၿပီ... သူလည္း လိုက္မွာေလ..၊ ျပန္မဲ့ေန့မတိုင္ခင္ သူ႔ကိုအရင္သြားေခၚထားလိုက္မယ္... ၿပီးမွ ငါတို႔သံုးေယာက္ အတူတူျပန္ၾကတာေပါ့ "

" ေအး.... "

~~~~~~~~~~~~~~~~~~

သီတင္းကြၽတ္လျပည့္မတိုင္မွီသံုးရက္ေလာက္အလိုကတည္းက က်ဳပ္ ကားဂိတ္မွာလက္မွတ္ျဖတ္ထားလိုက္ၿပီး ရြာျပန္မဲ့ေန့မတိုင္ခင္ ဆင္ေပါက္ကိုသြားေခၚလိုက္တယ္။ ဒါေပမဲ့ ဆင္ေပါက္က က်ဳပ္ကို မတိုင္ပင္ဘဲ ဟန္သာဆိုတဲ့ေကာင္ကို ရြာအလည္လိုက္ဖို႔ေခၚထားသည္။ ဒါ့ေၾကာင့္ ရြာကိုျပန္မဲ့ကားလက္မွတ္က ေလးေစာင္ျဖစ္သြားသည္။

" ဆင္ေပါက္... "

" ဘာလဲလို႔... "

" မင္း ဘာလို႔အဲ့ေကာင္ကိုေခၚလာတာလဲ... "

" ေတလြန္းရာ... မင္းကလည္း မေန့ညကတည္းက အဲ့အေၾကာင္းကိုေျပာေနတာမၿပီးေတာ့ဘူးလား...၊ ဟန္သာ ၾကားသြားရင္ အားနာစရာႀကီး! "

" အားမနာႏိုင္ဘူးကြာ...၊ ဘယ့္ႏွယ့္ ေက်ာင္းမွာတင္ေတြ့ရတာအားမရလို႔ ေက်ာင္းပိတ္ရက္ေတာင္ မခြဲႏိုင္၊ မခြာႏိုင္ျဖစ္ေနတာ... "

" ေတလြန္း! မင္း ဆက္ေျပာေနရင္ ငါ စိတ္ဆိုးေတာ့မွာေနာ္... "

ဟုတ္တယ္။ မေန့ညေနကတည္းက အခုမနက္ခင္း ရြာျပန္တဲ့ကားေပၚေရာက္တဲ့အထိ ဒီစကားကိုခ်ည္းေျပာေနတာ...၊ ၾကာလာေတာ့ ေဒါသထြက္လာၿပီ။ ရွားရွားပါးပါးေလးရထားတဲ့ကိုယ့္သူငယ္ခ်င္းက ရြာျပန္ရင္လိုက္ခ်င္ပါတယ္လို႔ အတင္းေျပာေနေတာ့ ကိုယ္က မေခၚရင္ ဘယ္ေလာက္ရိုင္းရာက်မလဲ။ ဒီေလာက္ေလးကို ေတလြန္းက သူ႔ကို နားမလည္ေပးဘူး။ အဲ့ေကာင္သိတာက ကြၽန္ေတာ့္ကို ဘယ္လိုေျပာရမယ္၊ ဆိုရမယ္၊ အႏိုင္ယူရမယ္ဆိုတာပဲ အၿမဲေတြးေနတဲ့အေကာင္။ အခုလည္း ကြၽန္ေတာ္နဲ႔ဟန္သာက တစ္တြဲ၊  သူနဲ႔ႏိုင္ထြန္းက တစ္တြဲထိုင္ရမဲ့ခံုေတြကို ဟန္သာ့ဆီကေန အတင္းကားလက္မွတ္ကိုလဲလိုက္တာေလ။ အစကတည္းက လဲခ်သ္ရင္လည္း ဟန္သာ့ကို ကားလက္မွတ္မေပးခင္ကတည္းက လဲထားပါ့လား။ အခုေတာ့။ ဒါက ဒင္း ေသခ်ာလုပ္တာေလ။ ဟန္သာ့ကို မၾကည္ျဖဴဘူးဆိုတာသိေအာင္။ ကြၽန္ေတာ့္မွာ ဟန္သာ့ကို ေတာ္ေတာ္အားနာေနရတယ္။ ေတာ္ေသးတာေပါ့။ ကြၽန္ေတာ္နဲ႔ေတလြန္းအေၾကာင္းကို ဟန္သာက အတင္းေမးလို႔ေျပာျပထားေတာ့ ေတလြန္းကို ဟန္သာက စိတ္မဆိုးေတာ့ဘူးေလ။ ဘာပဲျဖစ္ျဖစ္ပါ သူငယ္ခ်င္းျဖစ္တဲ့ကိုယ္ကေတာ့ ဟန္သာ့ကို ေတာ္ေတာ္အားနာသည္။

ဟိုဘက္ခံုမွာထိုင္ေနတဲ့ဟန္သာ့ကို ကြၽန္ေတာ္လွမ္းၾကည့္ရေသးတယ္။ ေတလြန္းေျပာေနတာေတြကိုမ်ား ၾကားသြားမလားလို႔။ ေတာ္ေသးတယ္။ ဟန္သာက ကားျပတင္းေပါက္နဲ႔နီးတဲ့ခံုမွာထိုင္ၿပီး အိပ္ေပ်ာ္ေနလို႔။ ဟန္သာ့ေဘးက ႏိုင္ထြန္းလည္း အတူတူပဲ။ ဒီကို သူ႔ၿမိဳ႔ကေန မနက္ကားထြက္မဲ့ခုႏွစ္နာရီအမီ သူ႔ကားနဲ႔အေစာႀကီးအရင္လာရေတာ့ ဟန္သာက ပင္ပန္းတာေပါ့။ ကြၽန္ေတာ္ေတာင္ မေန့ကတည္းက ေတလြန္းက သူ႔အေဆာင္မွာညအိပ္ခိုင္းၿပီးေခၚထားလို႔ေလ။ ဒီမွာေနတဲ့ႏိုင္ထြန္းေတာင္ ကားခ်ိန္မီေအာင္အေစာႀကီးထရေတာ့ အိပ္ေရးမဝဘူးထင္တယ္။ ဟန္သာ ပင္ပန္းတာကလည္း ျဖစ္သင့္တာပဲေလ။ အဲ့လိုေတြးမိေတာ့ ကြၽန္ေတာ့္မွာ ဟန္သာ့ကို ပိုၿပီးေတာင္အားနာရတယ္။ သူ႔မွာ ကိုယ့္​မ်က္ႏွာနဲ႔ ရြာကိုလိုက္လာတမဟုတ္လား။ အခုေတာ့ ေဘးက စေနသားလုပ္ေပါက္က ေတာ္ေတာ္ကိုမ်က္ႏွာပ်က္စရာျဖစ္ေနၿပီ။

" ေတာ္ၿပီကြာ...၊ ငါ အေစာႀကီးထထားရတာ ခဏေလာက္ေမွးအံုးမယ္... "

က်ဳပ္စကားကို အေရးမထားဘဲ အိပ္ဖို႔ျပင္ေနတဲ့ဆင္ေပါက္ေကာင္။

" လာ... ငါ့ပခံုးေပၚမွီအိပ္လိုက္...၊ ကားေနာက္ခံုကိုမွီေနရင္ ဇက္ေတြနာေနမယ္... "

" အင္း... "

က်ဳပ္ ပခံုးေပၚကိုေခါင္းမွီၿပီး မ်က္လံုးမိွတ္အိပ္ေပ်ာ္သြားတဲ့ဆင္ေပါက္။ " ကိုယ့္ဝမ္းနာ ကိုယ္သာသိ " ဆိုတဲ့စကားအတိုင္း က်ဳပ္ရဲ့စိတ္ကို ဒီငတံုးေကာင္ဗုဒၶဟူးသားက လံုးဝမရိပ္မိဘူးဗ်ာ။ က်ဳပ္လည္း လူမႈေရးေလာက္ေတာ့ နားလည္ပါတယ္။ ဟန္သာဆိုတဲ့ေကာင္တင္မဟုတ္ဘူး၊ ဆင္ေပါက္နဲ႔ပတ္သတ္တဲ့ဘယ္သူစိမ္း၊ ဘယ္ေယာက္်ားေလး၊မိန္းကေလးကိုမွ က်ဳပ္ သေဘာမေကာင္းႏိုင္ေပ။ သူတို႔မွာ အျပစ္မရိွေပမဲ့ က်ဳပ္ကေတာ့ ဆင္ေပါက္နဲ႔လာပတ္သတ္ေနတာကိုက သူတို႔ရဲ့အျပစ္တစ္ခုလို႔သတ္မွတ္ထားတယ္။ ဒါ့ေၾကာင့္ပဲ ဟန္သာဆိုတဲ့ေကာင္ကို က်ဳပ္ သေဘာမက်တာဗ်။

Next episode .............

Continue Reading

You'll Also Like

13K 328 27
ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoin...
2.7K 70 17
ကိုကို ကျွန်တော်ကြောက်တယ် ရှိုင်းရိပ်ခန့် .............. ငါ့ကလေးကိုဘယ်သူထိရဲသလဲ သျှင်းကောင်းထက် .................. start _ 14.8.2023 end _ ......
6.2K 690 6
᯼ 𝐇𝐚𝐥𝐥𝐨𝐰𝐞𝐞𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐑𝐨𝐦𝐚𝐧𝐜𝐞 𝟏 ᯼ Truth or Dare? And my biggest mistake was choosing the dare. Living my life alone it's feel...
1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။