အသုံးမ၀င်သောမိထွေးသည် လင်ပါသာ...
By Minute_Book
14.2K 1.3K 48
လင်း၀မ်သည် စာအုပ်ထဲကူးပြောင်းလာပြီး အသက်ငယ်ငယ်လေးသာရှိသေးသော ML ၏မိထွေးဖြစ်လာခဲ့သည်။ ထိုဈေးပေါသော ယောင်္ကျား... More
Intro
🥦 Chapter 1
🥦 Chapter 3
🥦 Chapter 4
🥦 Chapter 5
🥦 Chapter 6
🥦 Chapter 7
🥦 Chapter 8
Biblio Bay App
🥦 Chapter 9
🥦 Chapter 10
🥦 Chapter 11
🥦 Chapter 12
🥦 Chapter 13
🥦 Chapter 14
🥦 Chapter 15
🥦 Chapter 16
🥦 Chapter 17
🥦 Chapter 18
🥦 Chapter 19
Birthday Sale 15% OFF
🥦 Chapter 20
🥦 Chapter 2
784 98 0
By Minute_Book
🥦 Chapter 2
🥦 He Didn’t Even Lift the Lid off the Pot
လင်းဝမ်၏နှလုံးသားသည် နူးညံပျော့ပျောင်းသွားသည်။ 'ဒါ.. တိုက်ရိုက်ထုတ်လွင့်ပြသတဲ့အစီအစဉ်တစ်ခုပဲလေ...'
လင်းဝမ်သည် သူ(မ)၏ယခင်ကမ္ဘာ၌ Streamer တစ်ယောက်ဖြစ်ခဲ့ဖူးသည်။
သူ(မ)၏ငယ်ဘ၀၌ဆင်းရဲဒုက္ခများစွာကြုံတွေ့ခဲ့ရသည်။ လင်းဝမ်သည် မိဘများကွာရှင်းပြီးနောက် ပိုင်း၌ တစ်ယောက်ထံမှ အခြားတစ်ယောက်ထံသို့ အကြိမ်ပေါင်းများစွာစွန့်ပစ်ခံခဲ့ရသည်။ ကွာရှင်းပြီးနောက် မိဘဆရာအစည်းအဝေးပွဲများတွင် အဘိုး အဘွားများသည်  မိဘများအစားတက်ရောက်ပေးခဲ့ရသည်။ အဘိုးအဘွားများဆုံးပါးသွားသည့် နောက် သူ့ထံ အားကိုးစရာမည်သူမှမရှိခဲ့ပေ။
လင်းဝမ်သည် အခြေအနေကိုနားလည်သဘော ပေါက်ပြီ လက်ထောက်ချင်ကိုသဘောတူလိုက်သည်။ သူ(မ)၏ ဗီရိုထဲတွင် အစီစဉ်နှင့်လိုက်ဖက်မည့်အားကစားဝတ်စုံတစ်စုံကို ထုတ်ဝတ်လိုက်ပြီး ဆံပင်ကိုမြင်းမြီးဏ္ဍာန်ခပ်မြင့်မြင့်စည်းထားလိုက်သည်။ Reality Show တွင် ယခုလိုသာ ဝတ်ဆင်သင့်သည်ဟုထင်သည်။ လင်းဝမ်၏ ပုံံစံကိုမြင်ရသည်မှာ ငယ်ရွယ်နုပျိုနေကာ လန်းဆန်းတက်ကြွ သည့်ပုံစံပေါက်နေသည်။
လင်းဝမ်သည် တကယ့်လက်တွေ့ဘဝတွင် သူ(မ) ၏ကျန်းမာရေးကို ထိန်းသိမ်းရန်အလွန်အရေးကြီးနေပြီဖြစ်သည်။ သူ ရရှိထားသည့် ငွေကြေးအများစုကိုအသားအရေထိန်းသိမ်းဖို့်အတွက် ကောင်းမွန်သည့်ထုတ်ကုန်များကိုသာအသုံးပြုခဲ့သည်။ တစ်ခါ ကအွန်လိုင်းပေါ်တွင်ပြောဆိုထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် အမျိုးသမီးတစ်ယောက်၏မျက်နှာသည်  McLaren နှင့် အဆင်ပြေတယ်ဟုတွေ့လိုက်သည်။  သို့သော် ထိုအကြောင်းအရာသည် အနည်းငယ်ချဲ့ကားပြောဆိုထားသလိုဖြစ်နေပေမဲ့လည်း တချို့အကြောင်းအရာတွေကတော့ မှန်ကန်လောက်မည်ဟုသူထင်သည်။ လင်းဝမ်သည် အလှအပကိုထိန်း သိမ်းရခြင်းကိုကြိုက်နှစ်သက်သူဖြစ်သည်။ သူ(မ) ၏အသားအရေမှာဖြူဖွေးနေပြီး အပြစ်အနာအဆာကင်းစင်သည်။ သူ(မ)ကိုမြင်ရသည်မှာ ကလေးမျက်နှာလေးလို နူးညံသည့်အသားအရေကို ပိုင်ဆိုင်ထားပြီးငယ်ငယ်ရွယ်ရွယ်နှင့် အရမ်းနုပျိုနေသည့်ပုံစံပေါ်နေသည်။
လင်းဝမ် လှေကားမှဆင်းလာချိန်တွင် လီကျို့ခိုင် အံ့အားသင့်သွားသည်။ သူ့ကိုယ်သူ လီကျို့ခိုင်ရဲ့ အမဆိုပြီး တခြားသူတွေကို မိတ်ဆက်ရင်တောင်မှ ယုံကြည်ကြမည်မှာသေချာသလောက်ပင်။
“အန်တီ ဘာတွေလုပ်နေတာလဲ ? သွားကြမယ်"
လင်းဝမ်သည် သူ့ ဦးထုပ်ဖြူ၏အစွန်းကိုကိုင်ကာမြှောက်ပြလိုက်သည်။
"အန်တီ ဘာလို့ လက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ ကျောပိုးအိတ်ကိုယူလာတာလဲ ? သားတို့ လန်ရွာမှာ တစ်ပတ်လောက်နေရမှာနော် !”
လီကျို့ခိုင်သည် လင်းဝမ်၏ကျောတွင် လွယ်ထားသည့်အနက်ရောင်သားရေကျောပိုးအိတ်ကို လက်ညိုးထိုးပြီးပြောလိုက်သည်။
ကိုယ့်အဝတ်အစားကို ကိုယ်တိုင်ပြင်ဆင်ခဲ့ရပေမယ့်လည်း သူ(မ)က မိဘတစ်ယောက်အနေနဲ့ ချက် ပြုတ်တာလောက်တော့ တာဝန်ယူသင့်တယ်လေမဟုတ်ဘူးလား ? လီကျို့ခိုင် စဉ်းစားလိုက်မိသည်။ အဆိုပါ ပရိုဂရမ်၏စည်းမျဉ်းအရဆိုလျှင် အစား အသောက်များကိုပြင်ပမှ ယူဆောင်လာခွင့်မပြုပေ။ ပြိုင်ပွဲဝင်များသည် ၎င်းတို့ကိုပြိုင်ပွဲအတွင်း လဲ လှယ်ခြင်း (သို့မဟုတ်) ဝယ်ယူထားသည့်ပစ္စည်းများကို တခြားမိသားစုများနှင့် လဲလှယ်ခြင်းသာပြုလုပ်နိုင်သည်။
“ဒီအဝတ်အစားတွေက ခြောက်ဖို့လွယ်တယ်၊ နည်းနည်းပဲထည့်လာတာ ၊ အိတ်ထဲမှာ ဘီစကွတ်၊ ဝက် ပေါင်ခြောက်နဲ့ ဝက်အူချောင်းတွေလည်း ဖိသိပ်ထည့်ထားသေးတယ်။”
လင်းဝမ်သည် ပစ္စည်းအများကြီးယူဆောင်ကာ အပြင်ထွက်ရခြင်းကိုမုန်းတီးသည်။ ထိုရွာတွင် (၇) ရက်လောက်နေရမည်ဖြစ်သော်လည်း သူ အခုတည်းက ခရီးဆောင်အိတ်ဆွဲနေရတာကို ပင်ပန်းနေပြီ။
လီကျို့ခိုင်သည် သူ့အား ခဏလောက်စိုက်ကြည့်လိုက်ပေမဲ့ ဘာမှဆက်မပြောလာတော့ဘဲ လင်းဝမ်ကို လက်မသာထောင်ပြလိုက်တော့သည်။
………
လန်ကျေးရွာရှိ 'We Are Also Very Ordinary' တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပါဝင်ရန် မိသားစုငါးစုရောက်ရှိလာခဲ့သည်။ လီကျို့ရွှမ်တို့မိသားစုအပြင် အခြားမိသားစုလေးစုပါအသီးသီးရောက်ရှိလာကြသည်။
လီကျို့ရွှမ်သည် အဆိုပါအစီအစဉ်တွင် ပါဝင်သည့် နာမည်ကြီး Cele တစ်ဦးဖြစ်ပြီး သူ၏ဖခင်သည် စီးပွားရေးလောကတွင် လွှမ်းမိုးနိုင်သူဖြစ်သော ကြောင့်လည်း သူ့အားပိုလို့ထင်ရှားစေ သည်။ ပွဲစီ စဉ်သည့်အဖွဲ့မှ ၎င်းတို့အတွက် ရွာသူကြီးအိမ်တွင် နေထိုင်ရန်စီစဉ်ပေးခဲ့သည်။ သို့သော် လီကျို့ရွှမ်သည် ထိုရွာရှိ အပျက်အစီးဆုံးအိမ်ဖြစ်သည့် အန်တီဝမ်၏အိမ်တွင်နေထိုင်ရန်ရွေးချယ်ခဲ့သည်။ လင်းဝမ်တွေးတာသာ အမှန်ဆိုလျှင် လီယန်ချန်သည် အနည်းငယ်ကြောက်စရာကောင်းသည်။ ထိုအစီ အစဉ်တွင် သူ(မ)ပါဝင်ရန်ငြင်းဆန်ရသည်မှာ မထူးဆန်းပေ။
လီကျို့ရွှမ်သည် သူမျက်စိနှင့်တပ်အပ်မမြင်ရဘူးဆိုလျှင် ရန်မြို့နှင့် ကီလိုမီတာ (၃၀၀) ခန့်ဝေးပြီး ယခုလိုချောင်ကျသည့် ရွာလေးတွင်ရှိနေရသည်ဆိုတာကို ဘယ်တုန်းကမှယောင်လို့တောင်တွေးကြည့်ခဲ့ဖူးမည်မဟုတ်ချေ။
လီကျို့ရှင်းသည် နာကြည်းမှုများတွေဖြင့်ပြည့်နှက်နေသည်။
"အစ်ကို ရူးနေတာလား ? ဒါ ဇွန်လလေ! ကြွက်တွေ အင်းဆက်တွေ အစုလိုက်၊ အပြုံလိုက်ရှိနေမှာသေ ချာတယ်၊ ဒီလောက်ပျက်စီယိုယွင်းနေတဲ့ အိမ်ကို မင်း ရွေးချယ်ခဲ့တာ ! အကိုနဲ့အတူ အငယ်ဆုံးလေးကိုပဲခေါ်လာခဲ့သင့်တယ်။ ကျွန်တော့်ကို ဘာလို့ဒီကိုခေါ်လာတာလဲ ? အဲ့အမျိုး သမီးနဲ့ ပြဿနာဖြစ်မှာကို အကို မကြောက်ဘူးလား ?”
လီကျို့ရွှမ်၏ ထူထဲနေသောမျက်ခုံးမွှေးများ သည် တွန့်ချိုးသွားသည်။
"သူ့ကို Show ကြောင့်သာ ဒီကိုခေါ်လာခဲ့တာ၊ အဖေသာ သူ့ကို ဒီမှာတွေ့လိုက်ရင် လိုက်လာမယ်လို့ ငါ ထင်တယ်။ သူ ငါ တို့ကိုထားခဲ့ဖို့လွယ်တယ်ဆိုရင် တောင် လင်းဝမ်ကိုတော့ တစ်ယောက်ထဲထားခဲ့ဖို့ သည်းခံနိုင်မှာမဟုတ်ဘူး"
လီကျို့ရှင်းသည် သူ့အစ်ကိုကြီး ဘာကြောင့် လင်းဝမ်အား လိုက်ပါရန်အတင်းအကြပ်တောင်းဆိုခဲ့သည်ကို နောက်ဆုံး နားလည်သွားသည်။ သူ့အစ်ကို့ပုခုံးကိုလှမ်းဖက်လိုက်ပြီး
“အကိုပြောတာ အဓိပ္ပါယ်ရှိတယ်… ဒါပေမယ့် ကျွန်တော်နဲ့ သူ့ကြားမှာ ပဋိပက္ခမဖြစ်နိုင်ဘူး ဆိုတာတော့ ကတိမပေးနိုင်ဘူးနော်”
နေ့လည် ငါးနာရီထိုးပြီးနောက် ညီအကိုနှစ်ယောက် စလုံးဗိုက်ဆာလာကြသည်။ ဖခင်ထံမှ မေတ္တာကိုရယူနိုင်ဖို့ ၎င်းတို့ဆန္ဒဖြစ်ပြီး ဘယ် တုန်းကမှမရရှိခဲ့ဖူးသော်လည်း ပိုက်ဆံကိစ္စနှင့်ပတ်သတ်၍ဘယ် တုန်းကမှ တွန့်တိုခြင်းမရှိချေ။ အနည်းဆုံးတော့ သူတို့ဆာလောင်မနေသင့်ဘူး မဟုတ်ပါလား ? အိတ်ထဲမှရိက္ခာခြောက်များကို သိမ်ငယ်စိတ်ဖြင့်စွန့်ပစ်လိုက်ကြသည်။
သို့သော် ၎င်းတို့တွင် ပိုက်ဆံရှိလျှင်တောင်မှ ထိုနေ ရာ၌သုံးစွဲရန်အခွင့်မရှိသောကြောင့် အရေးမကြီး‌ ပေ။ ၎င်းတို့ကိုယ်တိုင်ချက်ပြုတ်ရမည် မဟုတ်ဟုထင်ထားခဲ့သည်။ ၎င်းတို့သည် အိမ်မှာပင်ဂက်စ်မီးဖိုကိုတစ်ခါမှမကိုင်ခဲ့ဖူးတာကြောင့် ရွှံ့မီးဖိုဆိုပါကပိုလို့တောင်ဆိုးသည်။ လင်းဝမ် ချက်ပြုတ်သည်ကို စောင့်မျှော်နေကြသော်လည်း ညဥ့်နက်လုနီးပါဖြစ်နေပြီဖြစ်သည်။
အိမ်နီးနားချင်းများ၏ မီးဖိုခေါင်းတိုင်မှ မီးခိုးများထွက်လာပြီး လေထဲတွင်ချက်ပြုတ်ထားသော အသားနံ့များပြည့်နေခဲ့သည်။ သူတို့ မိထွေးကတော့ အခုချိိန်ထိကို ရောက်မလာသေးဘူး။ မိသားစုတစ် စုဆီမှ ချက်ပြုတ်ထားသည့်အရသာရှိသောအစား အသောက်များကို ညနေ ၅:၃၀ တွင် ထုတ်လွင့်ပြသမည်ဟု ပွဲစီစဉ်သူများကပြောခဲ့သည်။
ချမ်းသာသည့်အသိုင်းအဝိုင်းတွင်လည်း နွေးထွေးမှုဖြင့် အတူတကွယှဉ်တွဲနေထိုင်ကြောင်း သက်သေပြရန်အတွက် မိသားစုအားလုံးသည် ၎င်းတို့၏စွမ်း ဆောင်ရည်များကိုကင်မရာရှေ့တွင်ပြသရန် အစွမ်း ကုန်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပြီး ချမ်းသာသူများသည် ဒီနေရာ၌ ချက်ပြုတ်စားသောက်ဖို့အတွက်ရောက်လာတာမျိုးမဟုတ်ချေ။ ၎င်းတို့်၏ ဘဝအတွေ့အကြုံနှင့် အရည်အချင်းတချို့ရှိကြောင်းပြသရန်အတွက်လည်း ဤနေရာသို့ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ထို Show သည် ၎င်းတို့၏ အောင်မြင်ကျော် ကြားမှုကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခုလည်းဖြစ်လာနိုင်သည်။
ဒါရိုက်တာသည် မည်သည့်အစားသောက်မှမရှိသေးသလို လက်ဖက်ရည်တစ်အိုးပင်မပြင်ဆင်နိုင်သေးသည့် လီကျို့ရွှမ်ရဲ့မိသားစုကိုကြည့်ကာ ရှော့ရသွားပြီး ခေါင်းခါလိုက်သည်။
လီကျို့ရွှမ်သည် သူ့မျက်နှာအားကင်မရာပေါ်တွင်  မပြရသေးသော်လည်း သူ၏သန်းနှင့်ချီသော ပရိ သတ်များကစောင့်ကြည့်နေကြပြီဖြစ်ပြီး ထုတ်လွင့်မှုမျက်နှာပြင်တွင် Comment များသည် ကျည်ဆန်လိုလျင်မြန်စွာရွေ့လျားနေကြသည်။
[ရွှမ်ရွှမ်က  ဒီတစ်ခေါက် သူ့ညီလေးနှစ်ယောက်ကိုပါ Show ကိုခေါ်လာတယ်လို့ကြားတယ်၊ အကိုကြီးတောင် အရမ်းချောနေတာဆိုတော့ သူ့ညီလေးတွေလည်း ကြည့်ကောင်းမှာသေချာတယ်။ ငါ သူတို့ကို တွေ့ဖို့မျှော်လင့်နေမိပြီ။]
[ဘာ ? သူ့မိထွေးလည်း အတူတူပါလာတယ်တဲ့! လုပ်ကြပါဦး!]
[သူ့မိထွေးက ငါတို့ ရွှမ်ရွှမ်ထက် နှစ်နည်းနည်းပဲကြီးတယ်လို့ကြားတယ်။ သူ ကလေးသုံးယောက်ကိုစောင့်ရှောက်နိုင်မယ်ဆိုတာ သေချာလို့လား ?]
[သူက ရွှမ်ရွှမ်ရဲ့ကျော်ကြားမှုကို ဖျက်စီးပစ်ဖို့များ ဒီကိုလိုက်လာတာ မဟုတ်ဘူးလား ? ငါသားလေးတွေကိုတွေ့ချင်လို့သာ မဟုတ်ရင် သူ့ကြောင့် ဒီ Show ကိုမကြည့်ဘဲနေမိလိမ့်မယ်။]
[စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးလီယန်ချန်က သူ့ဇနီးဟောင်းကိုအရမ်းချစ်တယ်လို့ ကောလာဟလတွေကြားတယ်၊ သူ့ဇနီးဟောင်းသေပြီး ခုနစ်နှစ်ကြာတဲ့အထိ တစ်ယောက်တည်းဖြတ်သန်းလာခဲ့တာပဲကို၊ဘာကြောင့် ဒီအမျိုးသမီးကိုရုတ်တရက်ကြီးလက်ထပ်ခဲ့ရတာလဲ ? ဒီအမျိုးသမီးက Boss လီရဲ့ ပုံရိပ်ကိုရိုက်ချိုးနိုင်မယ့် ကျားတစ်ကောင်လား ဒါမှမဟုတ် အပျက်မလားဆိုတာ စောင့်ကြည့်ချင်ပါသေးရဲ့]
[သူ့လို မိထွေးမျိုးကို ဘယ်သူကဂရုစိုက်မှာလဲ ? ငါတို့ကတော့ ရွှမ်ပေါင်ကို တွေ့ဖို့ဒီကိုလာတာဟေ့]
[လီယန်ချန်က အင်တာဗျူးတွေကို ဘယ်တော့မှ လက်မခံဘူးလို့ကြားဖူးတယ်။ ဒီတစ်ခေါက်စာရင်းထဲမှာ သူ ပါပေမဲ့ အခုထိပြန်မရောက်သေးဘူးလို့ ငါ ကြားတယ်။ ဆိုတော့ သူ လာမှာလား ? မလာဘူးလား ?]
[သူက အကျင့်မကောင်းတဲ့ အဘိုးကြီးပဲဖြစ်ရမယ်။ အဲ့ဒါကြောင့် သူရဲ့ပုံစံကို အင်တာနက်ပေါ်မှာရှာလို့မရတာနေမယ်]
ကျည်ဆန်လိုမန့်များသည် Screen တွင် လီမိသားစုအကြောင်းဆွေးနွေးမှုများနှင့်ပြည့်နှက်နေခဲ့သည်။
လင်းဝမ်နှင့် လီကျို့ခိုင်တို့သည် နောက်ငါးမိနစ်အကြာတွင်ရောက်ရှိလာခဲ့သည်။ လီကျို့ခိုင်သည် သူ့အစ်ကိုတွေဆီကိုပြေးသွားလိုက်သည်။ လင်းဝမ် သူရှေ့က လူနှစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။ အရပ်အရှည်ဆုံးတစ်ယောက်က လီကျို့ရွှမ်ဟုယူဆရပြီး သုံးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်မည်ဟုထင်ရသည်။ သူသည် ထိပ်တန်းနာမည် ကြီးတစ်ယောက်ဖြစ်ပြီး ဝတ္ထု၏အဓိကဇာတ်လိုက်ဖြစ်သည်။ သူရဲ့ခြေထောက်တွေကိုထပ်ကာ စမတ်ကျကျထိုင်နေသည်။ မျက်လွှာကိုချထားပြီး သူ၏ မျက်နှာပေါ်တွင်မျက်တောင်များမှပန်ကာပုံသဏ္ဍာန် အရိပ်တစ်ခုပေါ်လာသည်။ သူ(မ)ထက်ပင် အသားအရည်ကပိုကြည်လင်နေသေးသည်။ လင်းဝမ်ရောက်လာတာကိုမြင်တော့ လီကျို့ရွှမ်သည် မော့ပင်ကြည့်မလာချေ။
တခြားတစ်ယောက်ကတော့ အသားနည်းနည်းညိုတဲ့ပုံပေါက်သည်။ သူက မျက်မှောင်ကြုတ်ထားပြီး နှုတ်ခမ်းအနည်းငယ်စူကာ ခြေထောက်တွေကိုလှုပ် ယမ်းနေသည်။ သူ့ကိုကြည့်ရသည်မှာ ထူးခြားသည့် အင်္ဂါရပ်တွေရှိပုံပေါ်သည်။ ဝတ္ထုထဲတွင် ထိုသူသည် လူ့အသွင်ပြောင်းလဲထားသည့်နတ်ဆိုးတစ်ကောင် ဖြစ်သည့် ဒုတိယသားဖြစ်သည်ဟုဖော်ပြနေသည်။ ကုန်းကျဲ့သည် အင်တာနက်ကဖေးကိုမကြာခဏလာရောက်တတ်သူဖြစ်ပြီး သူ့အမည်ကားလီကျို့ရှင်းဖြစ်သည်။
“မြန်မြန်လုပ်ပြီးချက်တော့ ၊ ကျွန်တော်တို့ကို ဆာပြီးသေအောင်လုပ်နေတာလား ? ခင်ဗျားတော် တော်စိတ်ပျက်ဖို့ကောင်းတာပဲ”
ဟု လီကျို့ရှင်းပြောဆိုလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ကျိုးနေသည့်ခွေးခြေခုံကိုကန်ထုတ်လိုက်သည်။
လင်းဝမ်သည် သူ့အားမကြည်ဖြူဖြစ်နေသည့် သားကို သင်ခန်းစာတစ်ခုသင်ပေးချင်သော်လည်း ကင်မရာမန်းမှ ၎င်းတို့ဆီ ကင်မရာကိုယူဆောင်လာသောကြောင့် ဇနီးသည်နှင့် မိခင်ကောင်းတစ်ယောက်၏ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးစားလိုက်သည်။
"ကင်မရာ ၁၊ နေရာယူ"
ကင်မရာသမားက Walkie-talkie (စကားပြောစက်)ဖြင့်ပြောနေခဲ့သည်။
“မီးဖိုချောင်မှာတပ်ဆင်ထားတဲ့ ကင်မရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု စပါပြီ"
ဟုအသံဖမ်းရာမှ အတည်ပြုချက်ထွက်ပေါ်လာသည်။
[သား‌လေး၊ မား ရောက်ပြီ။ ငါ့သားက ဘာလို့ ဒီလိုမကောင်းတဲ့နေရာမှာ နေနေရတာလဲ...]
[မင်း ခြင်ဆေးကော ယူလာလား ? မဟုတ်သေးပါဘူး။ အဲ့မှာပလပ်ခုံရှိမှာမဟုတ်ဘူး၊ ခြင်ဆေးဖြန်းတဲ့ဘူးကောယူလာလား ?]
[မင်းတို့အားလုံး ဟင်းချက်နေကြတာမဟုတ်ဘူးလား ? မင်းတို့ရဲ့မီးဖိုချောင်က ဘာလို့လှုပ်ရှားမှုတစ်ခုမှမရှိရတာလဲ ဟေ ?]
လင်းဝမ်သည် သေးငယ်သည့်ခုံတန်းရှည်လေးပေါ်တွင် သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်ထောက်၍ထိုင်နေသည်ကိုမြင်သည်နှင့် ပရိသတ်များပြောဆိုကြတော့သည်။
[Wheatley ရဲ့အနီရောင်ဝက်သားပြုတ်က ငါ အပြင်ကနေတောင် တီဗီထဲကဟင်းနံ့ကိုရနေပြီ။]
[ဦးထုပ်‌ဆောင်းထားတဲ့ အဲ့ဒီကောင်မလေးက ငါတို့သားကို ခိုးသွားတဲ့ မိထွေးမှတ်လား ? သူက အရမ်းနုပျိုနေတာပဲ! သူ ဘာလုပ်နေတာလဲ ? ဟင်းချက်ဖို့ အိုးအဖုံးကိုတောင် မဖွင့်ရသေးဘူး ???]
[အဲ့ဒါ လင်းဝမ်လား ? သူက တည်ကြည်ပြီး နုပျိုနေတာပဲ။ သူ့ခြေထောက်တွေက ရှည်လျားသွယ်လျနေပြီးတော့ မျက်နှာကလည်းနုဖက်နေတာပဲ။ အိုး ဘုရားသခင်၊ မိန်းမတစ်ယောက်အနေနဲ့ သူမကို တစ်ချက်လောက်လှမ်းကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ သူက Celebrity တစ်ယောက်လိုမျိုးပဲ လှလိုက်တာ။]
[လီယန်ချန်ကစီးပွားရေးလောကမှာအရမ်းကျော် ကြားတဲ့သူလေ။ ဒါပေမယ့် သူ့ပုံရိပ်ကိုဘယ်လိုလုပ်လွှမ်းမိုးနိုင်မှာလဲ ?]
[ငါတို့သားလေးကို ဗိုက်ဆာအောင်လုပ်ရင်တော့ သူ့ကို သင်ခန်းစာကောင်းကောင်းပေးရမယ်။]
[မင်းတို့ လီယန်ချန်ကိုတွေ့ဖူးလား ? ဧည့်သည်အား လုံးကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ တွေ့နေရတယ်။ ငါ ဘာလို့ သူ့ကိုမတွေ့ရသေးတာလဲ ? သူစာရင်းထဲပါလာတာကို ငါ တော်တော်အံ့သြမိတယ်။ ဒါ Show ရဲ့လှည့်ကွက်ပဲ]
[တခြားမိသားစုလေးစုက မိဘတွေအကုန်လုံးဒီမှာရှိနေကြတယ်။ ငါတို့ ရွှမ်ရွှမ်လေးတစ်ယောက် တည်း မယုံကြည်ရတဲ့ မိထွေးနဲ့ရှိနေတယ်။ ဘယ် လောက်တောင် သနားဖို့ကောင်းလိုက်လဲ !]
ငါတို့ လင်းဝမ်ကို Show ကနှုတ်ထွက်ဖို့ အလေးအနက်တောင်းဆိုပါတယ်။ ရွှမ်ရွှမ်ကို သူ့ညီငယ်လေးနှစ်ယောက်နဲ့ပဲ မစ်ရှင်တွေ ဆက်လုပ်ခိုင်းလိုက်ပါ]
[ရွှမ်ရွှမ့်အတွက် နွေးထွေးတဲ့လေထုလေးရဖို့ခက်ခဲနေလိမ့်မယ်။ မားတို့က သားကိုပိုချစ်တယ်နော်။]
🥦🥦🥦🥦🥦🥦🥦🥦
🥦 Chapter 02
🥦 He Didn’t Even Lift the Lid off the Pot
………
"ကင်မရာ ၁၊ နေရာယူ"
Continue Reading
You'll Also Like
Lila ✔ By E
Teen Fiction
1.7M 47.2K 42
Lila Rose Cooper. An outgoing thirteen year old girl, living a good life with her dad for company. So what happens when her life is flipped upside d...
1.5M 129K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.4K 218 14
ဇာတ်လမ်းအကျဉ်း ဂျက်သည် အခြားအပြိုင်ကမ္ဘာတစ်ခုသို့ရောက်ရှိသွားပြီး အပြစ်သားများအားနှိမ်းနင်းလျှင် ဆုရရှိသောတရားစီရင်ရေးစနစ်တစ်ခုတွင် ပိတ်မိသွားခဲ့သည်။...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...