Between The Hate [ Completed ]
By Jeon_Khun
38.3K 4.2K 7.6K
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးကေ... More
01
02
03
04
05
06
07
08
09
10
11
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]
12
707 84 96
By Jeon_Khun
- Zawgyi
အဆင်ပြေရဲ့လား "
ပြရင်းသာရှိသည်။
ထယ်ယောင်းကတော့ သူ့ကိုကိုအလှလေးကို ရုံးခန်းထဲမရောက်ခင်အထိကို စကားများနေ၏။
ကူးလေးကတော့ သူ့ရှိစိတ်မရောက်သေးဘဲ
သူ့ဂယူထံသို့သာ စိတ်ရောက်နေတာလေ။အတူ
ဆက်လျှောက်ကြရင်း ကူးအရင်ကအလုပ်လုပ်တဲ့
ဌာနကိုရောက်တော့ ကူးအတွေးဝင်သွားမိသည်။
အခုဆိုနားချိန်ကအများကြီးရှိသေးတာမို့ ဂယူနဲ့
သူတွေ့ချင်ပါသည်။ဒါကြောင့်မို့ သူ့ဘေးကနေ
လျှောက်နေသည့်ထယ်ယောင်းကိုခေါ်လိုက်ရင်း...
" ကင်မ်ထယ်ယောင်း ငါသန့်စင်ခန်းသွားချင်လို့၊
အဲ့ဒါမင်းက ရုံးခန်းထဲအရင်သွားနှင့်ပါလား "
ကူးလေးက မရဲတရဲဖြင့်ဆိုလိုက်တော့ ထယ်ယောင်းက ဟက်ခဲနဲရယ်သေးသည်။
ပြီးနောက်မှ ကူးလက်ကိုဆွဲကာပြောသည်။
" မသွားရပါဘူးကွာ၊မောင့်ရုံးခန်းထဲမှာ သန့်စင်ခန်းရှိတယ်၊အဲ့ကြမှာသွားစမ်းပါ "
" ကင်မ်ထယ်ယောင်း ငါ့ကိုခဏလောက်တော့
လွှတ်ထားပေးစမ်းပါဆို... "
ကူးကသူ့လက်ကိုဆွဲထားသည့် ထယ်ယောင်းရဲ့
လက်တွေကနေရုန်းထွက်သည်။ထယ်ယောင်းက
သူ့ကိုကိုအလှလေး၏ လက်တွေကိုမဖယ်ပေးဘဲ
ပိုလို့ကိုတင်းကြပ်နေအောင်ဆွဲထားသေးသည်။
တကယ် ကင်မ်ထယ်ယောင်းကမလွယ်ကြော။
အရမ်းလည်းအကြောတင်းသည်။ခေါင်းမာလွယ်လို့ ကူးမှာပြောရခက်ပါသည်။
" မောင်သိတယ်၊ကိုကို ခင်ဗျားဟိုလူရှိသွားမှာကို
မောင်သိနေတယ်၊ဖြစ်နိုင်ရင်မသွားပါနဲ့လား၊
မောင့်အနားမှာပဲ နေပေးစမ်းပါဗျာ "
ထယ်ယောင်းက ကူးလေးရဲ့လက်တွေကို မလွှတ်ပေးပါဘဲ ပိုလို့ကိုဆွဲထားလေသည်။
ကူးမှာတော့ ထယ်ယောင်းရဲ့တင်းကြပ်စွာ
ဆွဲထားသောလက်တွေကြား ရုန်းထွက်ရင်း....
" ကင်မ်ထယ်ယောင်း...ငါကချစ်သူရှိတယ်၊အင့်..
မင်းငါ့ကိုဆွဲထားတဲ့လက်တွေကို ငါလက်မခံဘူး၊
ပြီးတော့မင်းရဲ့စကားတွေကိုလည်း လက်မခံဘူး၊
ငါဆိုတဲ့ဂျွန်ဂျောင်ဂုကို ကင်မ်မင်ဂယူပဲပိုင်တာ၊
မင်းမှတ်ထား ကင်မ်ထယ်ယောင်း! အာ့! "
ထယ်ယောင်းကို ကူးလေးကမျက်လုံးတည့်တည့်
မော့ကြည့်ရင်း ခပ်စူးစူးဆိုလိုက်သည်။ထိုသည်ကို
မခံစားနိုင်တဲ့ထယ်ယောင်းက အံတင်းတင်းကြိတ်
ကာကူးငယ်ရဲ့ပုခုံးကိုစုဆောင့်ကိုင်လိုက်သည်။
" ကိုကိုအလှလေး!ခင်ဗျားကျုပ်ကိုထပ်ပြောရင်
ကျုပ်ရုံးခန်းထဲမှာ မင်္ဂလာဦးညဖြစ်သွားမှာ!
ခင်ဗျားသိလား! "
" မင်း...အရူးကောင်၊အရမ်းရူးတာပဲ၊ငါမင်းကို
မုန်းတယ်သိလား၊ငါ့ကိုချစ်သူရှိတာသိရဲ့နဲ့ ဟင့်
မင်းက အွတ်- "
ထယ်ယောင်း ကိုကိုအလှလေးရဲ့စကားတွေကို
မကြားချင်သဖြင့် နှုတ်ခမ်းတို့ကိုဖိကပ်နမ်းလိုက်
သည်။ကူးကတော့ရုန်းသည်။သူရုန်းတာက
အချည်းနှီးဖြစ်သော်လည်း ရသမျှအားဖြင့်ကို
ရုန်းနေတော့တာ။
ထယ်ယောင်းရဲ့အနမ်းတွေထဲ ကူးလေးထပ်ပြီး
ရုန်းမရတော့ချေ။ထိုသည်မို့ ကူးလေးမှာ ထယ်ယောင်းရဲ့နူးညံ့သည့်အနမ်းတွေနောက်
လိုက်ရသည်။သို့ပေမဲ့ ကူးလေးရဲ့အတွေးထဲ
အနမ်းခံနေရသည်ဆိုတဲ့အတွေးကြီးက ဝင်လာတာကြောင့် မျက်ရည်ကျမိသည်။
" ကျစ်!ကိုကိုခင်ဗျား ဘာလို့ငိုပြန်တာလဲကွာ၊
အဲ့ဒါတွေမောင်မကြိုက်တာ! "
" ငါမကြိုက်ဘူး... "
ထယ်ယောင်းကနမ်းသည်ကို မကြိုက်သဖြင့်
ကူးလေးကဆိုတော့ ထယ်ယောင်းရယ်သည်။
ကိုကိုအလှလေးရဲ့ပုံစံက ကလေးတစ်ယောက်လို
မကြိုက်သည့်အရာကိုမလုပ်ခိုင်းနေသည့်ကလေး
မျိုး။ထယ်ယောင်းဆိုသည်လည်း သူ့ကိုကိုက
မကြိုက်ဘူးဆိုရင် စချင်နေပါသည်လေ။
" ချစ်တယ်...မငိုနဲ့တော့ဗျာ၊မောင်တို့ ရုံးခန်းထဲ
သွားကြရအောင်လား၊မောင်တို့အလုပ်ရှိသေးတာ၊
ဒီအနမ်းကိုမောင်က ဆေးလိပ်သောက်တဲ့အစား
ယူတယ်လို့သဘောထားလိုက်တော့ "
ထိုသို့ပြောကာ ကူးရဲ့ပုခုံးကိုဖက်ကာ ရုံးခန်းဘက်
သို့ခြေလှမ်းတွေဦးတည်သွားလေသည်။သို့သော်
ကူးလေးနဲ့ထယ်ယောင်းအစအဆုံးနမ်းနေတာကို
မြင်သွားသည်ကတော့ ဌာနကဝန်ထမ်းဖြစ်သည့်
အစ်ကိုဂျွန်ဆော့နဲ့အစ်မယွန်းဟယ်သာဖြစ်၏။
" ဟယ်...ကူးလေးကအလုပ်လုပ်တာတောင်
ဘာကြောင့်လုပ်ရလဲထင်နေတာ၊ဥက္ကဌကင်မ်က
ကူးလေးကို သဘောကျနေတာကို "
အစ်မဟယ်ယွန်းက ဂျွန်ဆော့ဘေးကနေဖြင့်
လက်မောင်းကိုထုကာပြောလေသည်။အစ်ကိုဂျွန်
ဆော့မှာလည်း အစ်မယွန်းဟယ်ပြောသည့်စကား
ကြောင့် သူလည်းလက်ခံမိပါသည်။
" ငါ့အထင်တော့ ကူးနဲ့ဂယူကြားအနှောက်ဝင်လာ
ပြီလို့ထင်တယ်၊စိတ်တောင်မကောင်းဘူးကွာ၊
ဒီကလေးနှစ်ယောက်က ငါတို့နဲ့အလုပ်တူတူလုပ်
လာတဲ့အလျောက် ချစ်သူတွေဖြစ်တာစကားသိပ်
မများကြဘူူးလေ "
အစ်ကိုဂျွန်ဆော့က သက်ပြင်းရှည်ချကာဖြေ
လေသည်။အစ်မယွန်းဟယ်ကတော့ ဂျွန်ဆော့ရဲ့
စကားတွေနောက် ခေါင်းကိုတဆတ်ဆတ်ငြိမ့်လို့
ဖြေသည်။
" ငါအစထည်းက သိနေတာပါပဲ၊ငါစနောက်တာ
တောင် ဂယူကမကြိုက်ဘူးဖြစ်နေတာ၊နောက်ဆို
ဘယ်လိုတွေဖြစ်တော့မလဲမသိဘူး၊ဥက္ကဌက
ကူးလေးတို့ထက်ငယ်လို့ထင်တယ် တဇွတ်ထိုး
သိပ်ဆန်တာပဲ၊ငါဖြင့်မယုံနိုင်ဘူူး ဂျွန်ဆော့ရယ် "
" အင်း..ငါရောပဲ၊ဒီကိစ္စကို ဂယူ့ကိုမသိစေနဲ့ဦး၊
ကူးလေးဆိုလည်း သိစေချင်မှာမဟုတ်ပါဘူး၊
သူလည်းမတက်သာလို့သာဖြစ်နေမှာ "
အစ်မယွန်းဟယ်ပြောသည်ကို ဂျွန်ဆော့ကခေါင်း
ငြိမ့်ပြပြီး သူတို့အတူဌာနထဲပြန်ဝင်လာကြသည်။
အားလုံးကတော့ ထမင်းအတူစားထားကြတာမို့
ကော်ဖီသောက်ရင်း အစ်ကိုဂျောင်ဟွန်းက အိပ်နေတာဖြစ်ပြီး အစ်မယူရီကတော့ဖုန်းကြည့်
နေသည်။မင်ဂယူကတော့ အလုပ်ထဲသာအာရုံ
ရောက်နေတော့သည်။
သတိထားမိသည့်ဂျွန်ဆော့က ဝင်လာလာချင်းပင်
မင်ဂယူအနားသွားကာ မေးလိုက်လေသည်။
" မင်ဂယူ ကူးလေးမင်းရှီမလာဘူးလား "
ဂျွန်ဆော့ကမေးတော့ မင်ဂယူကစာရင်းတွေဖတ်
ရင်းကနေ ခေါင်းခါပြပါတော့သည်။ဂျွန်ဆော့
အတပ်သိလိုက်မိသည်။ခုနကကူးလေးလာတယ်
ဆိုတာက မင်ဂယူ့ရှိလာချင်လို့ဖြစ်နေသည်။
ကြည့်ရတာတော့ ဥက္ကဌကင်မ်ကတားထားလို့
နေမှာဖြစ်သည်။
" အစ်ကိုဂျွန်ဆော့က ဘာလို့မေးတာလဲ "
မင်ဂယူက သူ့စားပွဲပေါ်ကကော်ဖီကိုသောက်ရင်း
မေးလာလေသည်။ဂျွန်ဆော့ကတော့ ခေါင်းခါရင်း
'ဘာမှမဟုတ်ပါဘူး'ဟုသာငြင်းလေတော့သည်။
မင်ဂယူလည်း အစ်ကိုဂျွန်ဆော့မေးသည်ကြောင့်
စိတ်ထဲဘဝင်မကျကာ ဖြစ်နေတော့သည်။
သူလည်းချစ်ရတဲ့သူပါပဲ။ချစ်ရတဲ့သူဆိုတာထက်
ကူးရဲ့ချစ်သူပါ။ချစ်ရသူလေးနဲ့နေ့လည်စာအတူ
စားချင်လို့ ဥက္ကဌရဲ့ရုံးခန်းအကျော်လေးမှာ
တိတ်တိတ်လေးရပ်စောင့်နေတာ။ထိုသည်ကို
ထွက်လာလာချင်းကူးကို မတရားဆွဲခေါ်ကာ
ထမင်းစားဖို့ခေါ်သွားသည်ကို သူ့မျက်လုံးထဲ
မြင်လိုက်ရသည်ဖြင့် ယခုထက်ထိသူမဖျောက်
နိုင်သေးသည်။
" ကူးရယ်ကိုယ်ဘယ်လို ဆက်ရပါ့မလဲ "
စားပွဲပေါ်က ကူးနဲ့သူနဲ့အတူတွဲရိုက်ထားသည့်
ဓာတ်ပုံလေးကိုကြည့်ကာ မင်ဂယူဝမ်းနည်း
နေမိသည်။သူကူးကိုရအောင်လက်ထပ်မယ်။
သူချစ်တဲ့ကူးကို အခြားတစ်ယောက်ကို လုံးဝ
ပေးမည်မဟုတ်ပါလေ။
တင်မ် ~
မင်ဂယူတွေးနေရင်း ကူးထံမှမက်ဆေ့ချ်ရောက်
လာခဲ့သည်။သူဖုန်းဖွင့်ကာဖတ်လိုက်တော့ ပြုံးပျော်နေတဲ့အီမိုဂျီလေးဖြင့် စာပို့လေသည်။
' ဂယူ...ကူးဒီနေ့အလုပ်ဝင်တာ လစာအများကြီး
ရတယ်၊ညနေကြ ဂယူကအစ်ကိုတွေအစ်မတွေနဲ့
ကူးကို ကုမ္ပဏီရှေ့မှာစောင့်နေနော်၊ထွက်လာခဲ့
မယ်၊အားလုံးနဲ့အတူ ညနေစာစားကြမယ် ဟိဟိ '
ဟုရေးပို့တာဖြစ်သည်။
ဂယူပြုံးလိုက်သည်။ကူးလေးက ဘာလေးလုပ်ပြ
နေပါစေ။အရမ်းကိုချစ်ဖို့ကောင်းသည်လေ။
ဒါကြောင့်လည်း သူအတော့်ကိုချစ်နေရတာ။
မင်ဂယူလည်း ကူးပို့ထားသည့်စာလေးကို ပြန်ရိုက်ပို့လိုက်သည်။' ဟုတ်ပြီကိုယ်စောင့်မယ်၊
ချစ်တယ် ကူး... ' ဆိုသည်ဖြင်ပြန်ရိုက်ပို့တော့
ကူးဘက်ကယုန်လေးကအသဲပုံကိုင်ထားသည့်
ပုံလေးပြန်ပို့တော့သည်။
" ဟား...ချစ်စရာလေးကွာ ကူးရာ "
ဂယူအသည်းယားကာပြောလိုက်လေသည်။
သူပြောပါတယ်။ကူးလေးက ဘယ်လိုနေနေကို
ချစ်စရာကောင်းနေတာ။မင်ဂယူက အတူတွဲရိုက်
ထားသည့်ဓာတ်ပုံလေးကို နမ်းလိုက်ကာအားပြန်
ဖြည့်ပြီး အလုပ်ဆက်လုပ်နေသည်။
-----
ဥက္ကဌရုံးခန်းဘက်က ကူးလေးမှာလည်း
ကင်မ်ထယ်ယောင်းထံက လစာတွေအများကြီး
ရတာမို့ဂယူနဲ့အစ်ကိုတွေ၊အစ်မတွေအားလုံးကို
ညနေစာလိုက်ကျွေးဖို့ပြောဖြစ်သည်။ဒါဆိုဂယူနဲ့
တွေ့ဖို့တောင်အဆင်ပြေသွားသည်။
" မောင်ကအလုပ်ချိန်ကြီး ဖုန်းပေးကိုင်ထားတာ
လို့ပြောသလား ကိုကိုအလှလေး "
" မင်း...ငါ့ဖုန်းပြန်ပေးဆို! "
ကင်မ်ထယ်ယောင်း အလုပ်ကိစ္စအတွက်ယောင်းဝူ
ပို့ပေးလာသည့်အချက်အလက်တွေကို စစ်ဆေး
နေတုန်း ကိုကိုအလှလေးကဖုန်းကြည့်ကာပြုံးနေ
သည်မို့ အနားသွားကာဖုန်းကိုအလှလေးလက်ထဲ
ကနေဆွဲယူလိုက်လေသည်။သူကြည့်လိုက်တော့
ကိုကိုအလှလေးက ဟိုလူကိုစာပို့ထားတာ။
" အင်း...ရုံးဆင်းရင်ညနေစာစားမယ်ဆိုပါလား၊
မောင်မပါဘဲနဲ့ ကိုကိုအလှလေးသွားမှာပေါ့ "
ထယ်ယောင်းက ဖုန်းထဲကစာကိုဖတ်ရင်းဖြင့်
ပြောလေတော့ ကူးလေးမှာခေါင်းငုံ့ကာရှိသည်။
ထယ်ယောင်းအသည်းယားသွားသည်။ကိုကိုက
သူစိတ်ဘဝင်မကျတာရှိရင် နှုတ်ခမ်းချွန်ပြီး
ခေါင်းငုံ့နေတက်တာ။
အခုလည်း သူ့ကိုစိတ်ကောက်တော့မည်အမူအရာ
လုပ်ပြနေပါသေးသည်။ချစ်စရာကောင်းလိုက်တာ
ကိုကိုအလှလေးရာ။
" မောင်မေးတာဖြေလေ၊မောင့်ကိုကြတော့ ညနေစာစားထဲဝိုင်းထဲ ဘာလို့မခေါ်တာလဲ၊
မောင်ပေးထားတဲ့ပိုက်ဆံတွေ ပြန်သိမ်းရမလား "
ထယ်ယောင်းက ပြန်သိမ်းမည်ဆိုပြီးပြောတော့
မျက်ဝန်းဝိုင်းတွေက ဒေါသထွက်သလိုကြည့်၏။
ဒေါသထွက်သည်နဲ့မတူဘဲ မျက်ဝန်းဝိုင်းတွေက
ချစ်စရာကောင်းလိုက်တာဗျာ။
" မင်းနော်!မညစ်ပတ်နဲ့! "
ကိုကိုအလှလေးထံမှ ဒေါသထွက်ကာစိတ်ဆိုး
နေသည့်အသံလေးထွက်လာခဲ့လေသည်။
သည်စကားကြောင့် ထယ်ယောင်းလေးထောင့် ဆန်သည့်အပြုံးဖြင့်ပြုံးလိုက်ကာ....
" ဟော...မောင်မညစ်ပတ်ပါဘူးကွာ၊ဒါပေမဲ့
မောင့်ကိုပြောပြပါဦး၊ဘာကြောင့်သူတို့ကို
လိုက်ကျွေးချင်ရတာလဲ "
ထယ်ယောင်းကမေးတော့ ကိုကိုအလှလေးက
သူ့ကိုကြည့်ကာ နှုတ်ခမ်းလေးချွန်လို့ဖြေသည်။
ချစ်စရာလေး။
" မင်းဘဲငါ့ကိုဒီပိုက်ဆံတွေပေးထားတာလေ၊
လစာဆို၊ပြီးတော့အရင်က ငါကငါ့အမေကြောင့် အစ်ကိုတေ်အစ်မတွေကိုရတဲ့လစာနဲ့ ညနေစာ
မကျွေးဖူးဘူး၊အဲ့ခုတော့ ငါရတဲ့လစာတွေနဲ့
ညနေစာလိုက်ကျွေးမို့လေ "
နှုတ်ခမ်းလေးချွန်လို့ဖြေပုံလေးကို ထယ်ယောင်း
တအားသဘောကျပါသည်။အခုလည်း ချစ်စရာ
ကောင်းအောင်ပြောနေတဲ့ကိုကိုအလှလေးကြောင့်
ထယ်ယောင်းမှာ မနှောက်ယှက်ချင်တော့ပေ။
ကိုကိုအလှလေးက သိပ်ပျော်နေသည်မလား။
အပျော်တွေကိုသူမဖျက်ချင်ပေ။
ထယ်ယောင်း ကိုကိုအလှလေးရဲ့စကားကြောင့်
ပြုံးလိုက်ကာ သူ့အိတ်ကပ်ထဲကနေ Black
Cardကိုယူကာ ကိုကိုအလှလေးရှေ့ချပေး၏။
" ကိုကိုအလှလေးအတွက် မောင်ပေးတာ၊
ကိုကိုအလှလေးရဲ့လစာတွေကို မသုံးဘဲမောင့်
ပေးတဲ့cardကနေသုံးလိုက်... "
" ဟင့်အင်း...ငါမသုံးချင်ဘူးဒါကြီးကို၊မင်းဘဲ
အဲ့ဒါကိုယူထားလိုက်ပါ "
ကူးလေးက ထယ်ယောင်းပေးထားသည့်
Black cardကိုမသုံးချင်သည်မို့ ပြန်တိုးပေးလိုက်
လေသည်။ထိုသည်ကို ကင်မ်ထယ်ယောင်းက
သဘောမကျသည်မို့ ကူးလေးရဲ့လက်ဖြူလေးကို
ကိုင်ဆွဲကာ အတင်းထည့်ပေးသည်။
" မောင်နဲ့ကိုကိုအလှလေးကမဆိုင်ကြသေးပေမဲ့
မောင်ရှာသမျှအားလုံးကို ကိုကိုအလှလေးက
ပိုင်တယ်၊ယူထားလိုက်၊မောင်စကားကိုနှစ်ခါ
ထပ်မပြောချင်ဘူးကွာ "
ထယ်ယောင်းကအတင်းကိုထည့်ပေးတော့ ကူးမှာ
မယူချင်ဘဲယူထားလိုက်ရသည်။ဘယ်လောက်ပဲ
ကိုယ့်ကိုချစ်လို့ပေးသည်ဖြစ်စေ Black Cardက
တန်ဖိုးရှိသည်မို့ သူပြန်ပေးမှာပါ။
" ပြန်ပေးဖို့လည်း စိတ်ထဲတွေးမနေနဲ့ကိုကိုအလှ
လေး၊မောင်ကပြန်မယူဘူး၊နောက်ဆိုမောင်က
ဘာလုပ်လုပ် ကိုကိုအလှလေးရှိဘဲအပ်ရတော့
မှာ၊လိုအပ်တာဆိုသုံးထားလိုက် "
ထယ်ယောင်း ထိုသို့ပြောရင်းကူးလေးရဲ့နဖူးကို
ငုံ့နမ်းလိုက်ပြီး သူ့နေရာသူပြန်ထိုင်ကာစာရင်း
ပြန်စစ်နေသည်။ကူးလေးလည်း ထယ်ယောင်းကို
ကြည့်ကာအံ့ဩနေတော့သည်။
ကူးလေးစိတ်ထဲတွေးမိသည်။ဘာလို့အဲ့လောက်ထိငါ့ကိုအတော်သဘောကျနေရတာလဲ။ငါက
မင်းလိုမျိုးချမ်းသာတဲ့သူတစ်ယောက်လည်းမ
ဟုတ်ပါဘဲနဲ့ အတော့်ကိုချစ်တက်နေတာ။
ခဏအကြာတော့ ကင်မ်ထယ်ယောင်းလည်း အလုပ်လုပ်ရင်း ကူးလေးကလည်း အခုမှ အလုပ်စဝင်ပေမဲ့လို့ စာရင်းစစ်တာတွေ၊
ထယ်ယောင်းရဲ့အချိန်တွေကိုအသေအချာ
ဂရုစိုက်ရပါသည်။
ဒေါက်! ဒေါက်!
" ဆရာ...ကျွန်တော်ပါ၊အရေးကြီးကိစ္စလေး လာပြောတာပါ "
ယောင်းဝူကတံခါးခေါက်၍ ထယ်ယောင်းကို
ဦးစွာအသိပေးပါသည်။ဘယ်လောက်ပဲဆရာနဲ့
အလုပ်တူတူလုပ်နေရပါစေ ဆရာကသူ့ကိုလေး
စားတာကြိုက်သည်မို့ တံခါးခေါက်ဝင်ရပါသည်။
ဆရာ့အပိုင်ကတော့ တံခါးမရှိ၊ဓားမရှိကြိုက်သ
လိုဝင်ထွက်နိုင်ပါသည်။ယောင်းဝူအပြင်တစ်ခြား
သူတွေကတော့ အရင်ဝင်ခွင့်တောင်းရမည်ပေါ့။
" ဝင်ခဲ့... "
ယောင်းဝူကအခန်းထဲဝင်လာတော့ ကူးလေးကို
လှည့်ကြည့်ကာ နှုတ်ဆက်သေးသည်။ ကူးလေးလည်း ယောင်းဝူကသူ့ကိုနှုတ်ဆက်တော့
ခေါင်းငြိမ့်စွာဖြင့်ပြုံးပြလိုက်သည်။ထိုသည်ကို
ယောင်းဝူမှာ အပြုံးတွေကြောင့်ငေးမောနေမိ၏။
ထယ်ယောင်းက သူ့အနားကိုမလာသေးဘဲရပ်နေ
သည့်ယောင်းဝူကြောင့် လက်မှတ်ထိုးလက်စကို
ရပ်ကာကြည့်လိုက်တော့ သူ့ကိုကိုအလှလေးကို
ငေးကြည့်နေတာဖြစ်သည်။
ဘုတ် !
" အာ့!ဆရာရာ နာလိုက်တာ... "
ထယ်ယောင်း သူ့အလှလေးကိုကြည့်နေတဲ့
တပည့်ဖြစ်သည့်ယောင်းဝူကို စိတ်တိုစွာဖြင့် အနားမှာရှိတဲ့စာအုပ်အထူကြီးနဲ့ ပစ်လိုက်တာမို့
ကျောပြင်ကိုထိသွားကာ သူ့ဘက်လှည့်ကာ
အသံထွက်လာသည်။
" နောက်တစ်ခါကြ မင်းမျက်လုံးတွေပါဖောက်
ထုတ်ထားမှာ၊တောက်!လာရင်လည်းရိုးရိုးမလာဘူး၊ခင်ဗျားလေးကလည်း အဲ့ကောင်ကိုပြုံးပြနေ
စရာမလိုဘူး "
ကင်မ်ထယ်ယောင်းက ဒေါသထွက်သည်ဖြင့်
ယောင်းဝူကိုလည်းဆူသလို ဘယ်သူလာလာ
အပြုံးလေးနဲ့ပြန်လည်နှုတ်ဆက်တက်သည့်
သူ့ကိုကိုအလှလေးကိုလည်း ဆူလေသည်။
ကူးက ကင်မ်ထယ်ယောင်းရဲ့ကလေးဆန်ပုံကို
တိတ်တခိုးရယ်လိုက်ပါသေးသည်လေ။
" ဆရာရယ် ကျွန်တော်နောက်ဆိုမဖြစ်စေရပါဘူး၊
အခုကလည်း ဟဲဟဲ...အပြုံးလေးကလှလို့--
အဟမ်း...အလုပ်ကိစ္စလေးပြောပြပါရစေ "
ယောင်းဝူက ကျနေသည့်စာအုပ်ထူကြီးကိုပြန်
ကောက်ပေးရင်းကနေ စကားဆိုလာလေသည်။
ပြီးတော့ ဆရာ့အပိုင်ဆိုသည်ကိုအမွှန်းတင်သေး
တာ။အမွှန်းတင်ရင်း ဆရာ့ရဲ့စူးရှလွန်းသည့်
မျက်ဝန်းတွေကြောင့် ပြောမည့်စကားတောင်
ရပ်တန့်လိုက်ရပါသေးသည်။
" ပြောမှာဖြင့်ပြောတော့ ငါနားထောင်နေတယ် "
" အခန်းရှေ့မှာ ဧည့်သည်ရောက်နေတယ်၊ဟို
ဆရာ့ဒေါ်လေးရဲ့သူငယ်ချင်း-- "
" ဒေါ်လေးရဲ့သူငယ်ချင်းအဖိုးကြီးဟန်က ငါ့ကုမ္ပဏီကိုဘာလာလုပ်တာလဲကွာ "
ထယ်ယောင်းက စာရင်းတွေကိုသေချာစစ်ရင်း
လက်မှတ်တွေပြန်ထိုးနေပြီး စီစစ်နေသည်နှင့်
ယောင်းဝူကပြောသည့်စကားကြောင့် ဒေါသ
တစ်ကြီးပြန်ဖြေလာသည်။
" ဆရာ...စိတ်လျှော့ပါ၊အခုဟာကလေ အဲ့အဖိုးကြီးမဟုတ်တဲ့ သူ့သားလီယမ်တဲ့၊
ကြည့်ရတာ ဆရာ့အဒေါ်လွှတ်လိုက်တာနေမယ် "
ယောင်းဝူအပြောကြောင့် ထယ်ယောင်းတွေးလိုက်
ရင်းသက်ပြင်းရှည်ချကာ ခေါင်းငြိမ့်သည်။
ပြီးနောက် ထယ်ယောင်းက အလုပ်လုပ်နေသည့် သူ့ကိုကိုအလှလေးကိုလှမ်းကြည့်ရင်းပြောသည်။
" အဲ့ကောင်ကိုပေးဝင်လိုက်... "
" ဟုတ်ကဲ့ ဆရာ! "
ထယ်ယောင်းရဲ့ခွင့်ပြုချက်ရသည်နှင့် ယောင်းဝူက အခန်းအပြင်သို့ပြန်ထွက်သွားသည်။
အတန်ကြာတော့ ပုခုံးလွယ်သည့်အိတ်ကိုလွယ်လို့
အခန်းထဲဝင်လာတော့ အခန်းတံခါးမဝေးသည့်
နေရာနားကကူးလေးကိုမြင်တော့ မျက်ဝန်းတွေ
အံ့ဩသွားလေသည်။ကူးလေးမှာလည်း ဝင်လာ
သည့်သူကိုမလေးစားရာကျမည်ဆိုးတာကြောင့်
ထနှုတ်ဆက်ဖို့ပြင်သည်။
" အဲ့ဒါဘာလုပ်တာလဲ ကိုကိုအလှလေး၊
ပြန်ထိုင်နေလိုက်... "
ထယ်ယောင်းက ခုံကိုခပ်လျောလျောမှီထိုင်လို့
မက်တပ်ထရပ်တော့မည့်သူကိုကိုအလှလေးကို
တားလိုက်သည်။သည်တော့ ကူးလေးလည်း
လီယမ့်ကိုတွေ့လိုက်ရတာမို့ ဟိုနေ့ကကိစ္စကြောင့်
မျက်စောင်းလေးထိုးကာ ပြန်ထိုင်သွားချေသည်။
ထယ်ယောင်းသဘောကျသည်ဖြင့် မသိမသာ ပြုံးလိုက်ပါသည်။ကိုကိုအလှလေးက မာနခဲလေး
ဖြစ်တဲ့အပြင် မကျေနပ်ရင်လည်းချေတက်သေး
သည်။တကယ်ချစ်စရာကောင်းလိုက်တာ။
" ထိုင်ပါဦး၊ဘာကိစ္စနဲ့လာတွေ့မလဲဆိုတာလေး
သေချာရှင်းပြပေးပါဦး "
ထယ်ယောင်းကထိုင်ခိုင်းတော့ ဟန်လီယမ်က
နေရာမှာအကျအနထိုင်ကာ သူဝတ်ထားတဲ့
အင်္ကျီလေးကိုပြန်ပြင်နေလေသည်။ပြီးနောက်
ထယ်ယောင်းကိုပြန်မဖြေသေးဘဲ ကူးလေးဘက်သို့လှည့်ကာ....
" ဟိုအတွင်းရေးမှူး ရေသောက်ချင်တာမို့ သွားယူလာပေးပါလား "
" ကျွန်တော်က ဥက္ကဌကင်မ်ရဲ့အတွင်းရေးမှူးပါ၊
လူကြီးမင်းရဲ့ လက်တိုလက်တောင်းခိုင်းဖို့ရှိနေ
တာမဟုတ်ရပါဘူး "
လီယမ်ကပြောတော့ ကူးလေးကအလုပ်လုပ်ရင်း
မှဖြေလိုက်လေသည်။လီယမ်မှာတော့ သူ့လို
သူဌေးသားကိုတောင်ပြန်ချေပပြောဆိုသည့်သူ့ကို
အံံဩလွန်းသည်။ဘာအခြေအမြစ်မှမရှိဘဲ အစ်ကို့ထယ်အားကိုးနဲ့မိုက်ချင်နေသေးတာ။
" သူ့ကိုဘာမှခိုင်းစရာမလိုဘူး၊ငါအလုပ်တွေရှိ
သေးတယ်၊ကိစ္စရှိတယ်ဆိုလည်း အမြန်ပြော "
ထယ်ယောင်းက သူ့နေရာကနေထလာရင်း လီယမ်နဲ့ဝေးကွာလွန်းသည့် အကွာအဝေးကနေ
စကားစသည်။ထိုင်နေသည်တော့မဟုတ်။
မှန်တွေဖြင့်ဆောက်လုပ်ထားသည့် သူ၏ကုမ္ပဏီ
အပြင်ဘက်က တိုက်တွေဘက်လှည့်ကာစကား
ဆိုနေသေးတာ။
" လီယမ်က အစ်ကိုထယ်ရဲ့ကုမ္ပဏီမှာ ရှယ်ယာဝင်ဖို လာခွင့်တောင်းတာ၊ဒေါ်လေးက
အစ်ကိုထယ်နဲ့--- "
" မင်းကိုကြည့်ရတာ သန်ဘက်ခါကြကုမ္ပဏီဒေဝါ
လီခံရမှာမို့ ငါ့ရှိမှာရှယ်ယာလာဝင်တာလား၊
အံ့ဩစရာပဲ၊ဒေါ်လေးက ပိုက်ဆံအများကြီးရှိတာ
မင်းကိုမကူညီပေးဘူးလား "
ထယ်ယောင်းရဲ့စကားကြောင့် လီယမ့်မျက်နှာ
ခပ်တင်းတင်းဖြစ်သွားလေသည်။သို့ပေမဲ့
လီယမ်က သူချစ်နေရတဲ့သူမို့စကားကိုထိန်း
ပြောလေသည်။
" လီယမ်တို့ကချမ်းသာပါတယ်၊ဒါပေမဲ့လည်း
ဘယ်လိုပြောရမလဲ၊ဒေါ်လေးက စီပွားရေးအလုပ်
ချင်းတူနေတော့ အဆင့်အတန်းရှိတဲ့သူအချင်းပဲ
အလုပ်တွဲလုပ်ဖို့အတွက်ပြောတော့ လီယမ်က
လာလိုက်တာပါ၊တစ်ချို့လိုတော့ အလွယ်တကူ
နေရာရဖို့်ပုံစံတွေမလုပ်ပြဘူးရယ် "
လီယမ်ကကူးဘက်ကိုမသိမသာလှည့်ကာ
ပြောတဲ့စော်ကားလွန်းသည့်စကားကြောင့် ထယ်ယောင်းမှန်ထဲကနေမြင်နေရသည်မို့
လက်သီးကိုခပ်တင်းတင်းဆုပ်မိသည်။ဒါက
သူ့ကိုကိုအလှလေးကိုစော်ကားနေတာ။
" ဒါဆိုမင်းလည်းငါ့ကုမ္ပဏီကို အမှီပြုပြီး ရှယ်ယာလာမဝင်နဲ့လေ၊ရှင်းနေတာပဲကို... "
" အိုအို၊ဒေါ်လေးကိုယ်တိုင်က လီယမ့်ကို အစ်ကို့ထယ်ရဲ့ကုမ္ပဏီမှာခွင့်ပြုပေးပြီးသား "
ထယ်ယောင်းရဲ့စကားကို ထပ်မနာခံသေးဘဲ ထပ်ပြောလေသည်။ထယ်ယောင်းမှာတော့ ဟက်ခနဲရယ်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ....
" ဒါကဒေါ်လေးရဲ့ကုမ္ပဏီမဟုတ်ဘူး၊ငါ့ကုမ္ပဏီ၊
မင်းဟိုးအမြင့်ဆုံးပေါ်က နာမည်မတွေ့ဘူးလား၊
KIM VICTORYဆိုတာလေ၊ဒေါ်လေးနာမည်
တစ်ခုမှမရေးထားဘူး၊ကျစ်!စိတ်ပျက်တာ...
မင်းပြန်လိုက်တော့ "
ဒုန်း! ဘုန်း!
ထယ်ယောင်းက ဒေါသထွက်ကာသူ့ခုံပေါ်မှာ
ပြန်ထိုင်ရင်း ပစ္စည်းတွေကိုပစ်ချလိုက်သည်။
ကူးမှာတော့ ထယ်ယောင်းရဲ့ပုံစံကြောင့်
အလုပ်လုပ်နေရင်းမှ လှမ်းကြည့်လေသည်။
ကူးလေးတွေးမိသည်။ဒီကောင်လေးက
ဥက္ကဌကလက်မခံချင်ပါဘူးပြောသည်ကို
အတင်းအရောလိုက်ပြောပါသည်။အကြော
တင်းလိုက်တာ။
" အလုပ်ကိစ္စ-- "
" ငါတော်တော့လို့ပြောနေတယ်မဟုတ်လား!! "
လီယမ်က ထယ်ယောင်းဒေါသထွက်နေသည်ကို
သိရဲ့နဲ့လီယမ်က စကားဆက်တော့သည်။ကူး
လေးကတော့ ထယ်ယောင်းကိုအကြည်ပို့တော့
လီယမ်ကြောင့်စိတ်ညစ်နေသည်ကိုတွေ့လို့
သူထပြောရတော့သည်။
" လူကြီးမင်း စိတ်မရှိပါနဲ့၊ရှယ်ယာရှင်ကိစ္စကို
နောက်မှကျွန်တော်နဲ့ယောင်းဝူက ဆက်သွယ် ပေးပါ့မယ်၊အခုတော့ ပြန်လိုက်ပါတော့နော် "
" သိတယ်၊အစ်ကိုထယ်ကိုပြောမရလည်း မင်းတို့ကလာပြောပေးစရာမလိုဘူး "
ကူးလေးကိုတောင် ခပ်ပြတ်ပြတ်ပြောပြီးထွက်
သွားသည့်လီယမ်ကြောင့် ကူးလေးအလိုက်သင့်
ခေါင်းငြိမ့်လိုက်သည်။အရမ်းကြီးလည်း ရိုသေစွာ
မနှုတ်ဆက်ခဲ့ပါ။
လီယမ်လည်းထွက်သွားရော ကူးလေးသက်ပြင်း
ချလို့ ထယ်ယောင်းလွှင့်ပစ်ချထားသည့်ပစ္စည်း
တွေကိုကောက်ပေးသည်။ဒါတောင် ပစ္စည်းတွေ
ကောက်ပေးရင်း ထယ်ယောင်းကိုတောင် ဆုံးမနေပါသေးသည်။
" ကုမ္ပဏီအကြီးတစ်ခုနဲ့ ဥက္ကဌလည်းဖြစ်နေပြီ၊
ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ ဒေါသမထွက်သင့်ဘူး၊
အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို သေချာခွဲခြားရ
မယ်၊အပြင်မှာဘယ်လောက်ပဲ ကိုယ်နဲ့ရင်းနှီးမှု
ိမရှိပါစေ၊ကိုယ့်ဘက်က အလုပ်နဲ့ဆိုရင်သည်းခံ နားလည်ရမယ် အင့်..ကင်မ်ထယ်ယောင်း... "
ကူးကပစ္စည်းတွေချပြီး ပြန်စီပေးနေရင်း
ကူးလေးက ထယ်ယောင်းရဲ့အနားကိုရောက်ချ
သွားလေသည်။သည်တော့ထယ်ယောင်းမှာ
ခုံပေါ်ထိုင်ရင်းကနေ ကူးလေးရဲ့ခါးကနေဆွဲဖက်
လိုက်ကာ ကလေးတစ်ယောက်လိုကူးလေးရဲ့
ဗိုက်မှာကပ်လို့ ငြိမ်ငြိမ်လေးနေရင်း...
" ခဏလေးပါ၊မောင်ဒီလိုလေးဖက်ထားပါရစေ၊
မောင်...အရမ်းဒေါသထွက်လွန်းလို့ပါဗျာ "
" မင်းကငယ်သေးတယ်မဟုတ်လား၊အလုပ်ကို
သေချာမလုပ်နိုင်သေးရင်တောင် သည်းခံစိတ်
လေးတော့ထားပေးပါ ကင်မ်ထယ်ယောင်း "
ကူးက ထယ်ယောင်းဖက်ထားသည့်အတိုင်း
ခေတ္တမျှငြိမ်နေပေးပေမဲ့ ဆုံးမစကားလေးပြော
လိုက်ပါသေးသည်။ထယ်ယောင်းမှာ ကူးလေးရဲ့
စကားကိုပြန်ဖြေတော့သည်။
" မောင်က ကိုကိုအလှလေးကလွဲလို့ ဘယ်သူ့ကိုမှ
စိတ်မရှည်ချင်ဘူး၊မောင်က ကိုကိုအလှလေးကို
သိပ်ချစ်တာ၊မောင့်ကိုမချစ်သေးတာသိတယ်...
အကယ်လို့ ကိုကိုအလှလေးက မောင့်ကိုဒေါသ
ထွက်တာစိတ်မရှည်တာမကြိုက်ဘူးဆိုရင်
မောင်ပြင်ပါ့မယ်ကွာ...ဒါပေမဲ့ မောင့်ကိုငဲ့ညာပြီး
ချစ်ဖို့အရေးလေးစဉ်းစားပေးပါလား "
ထယ်ယောင်းက ကလေးတစ်ယောက်လိုပင်
အသံနူးညံ့စွာဖြင့်စကားဆိုလာလေသည်။
ကူးမှာလည်း သက်ပြင်းရှည်ချလို့ ထယ်ယောင်းရဲ့စကားကို ပြန်ဖြေသည်။
" ငါ့မှာဂယူရှိတယ် ကင်မ်ထယ်ယောင်း... "
" သိတယ်၊မောင်သိတယ်၊မောင်က...
မောင်ဆိုတဲ့ကင်မ်ထယ်ယောင်းက ခင်ဗျားကို
သိပ်ချစ်တာ...ကိုကိုအလှလေးကမောင့်ကို
ပြန်ချစ်လိမ့်မယ်လို့ မောင်ယုံကြည်နေတယ် "
ထယ်ယောင်းက သူ့ကိုဖက်ထားပြီးထိုစကားတွေ
တရဆက်ပြောလေသည်။ကူးလေးမှာတော့
မသိသာစွာဖြင့်ထယ်ယောင်းရဲ့ ရွှေအိုရောင်ဆံပင်
တွေကိုပွတ်ပေးလိုက်ရင်းသာရှိတော့သည်။
" ကင်မ်ထယ်ယောင်းရယ်.... "
ကူးလေးကဆံပင်တွေကိုပွတ်ပေးနေပေမဲ့လို့
ထယ်ယောင်းမှာတော့ ကူးရဲ့အထိအတွေ့ကို
သဘောကျဟန်ဖြင့် မသိမသာပြုံးလိုက်သည်။
-----
ညနေရောက်တော့ ကူးလေးကကုမ္ပဏီရဲ့အပြင်
ဘက်မှာ ဂယူနဲ့အတူအစ်ကို၊အစ်မတွေကို
စောင့်ရင်း နေ့လယ်ကထယ်ယောင်းပြောသည့်
စကားတွေကို ပြန်လည်တွေးနေမိလေသည်။
ယုံကြည်သည်တဲ့။ကူးက သူ့ကိုချစ်လာမယ်လို့
ယုံကြည်နေတာတဲ့။ဒါဘယ်လိုမှဖြစ်နိုင်တဲ့ကိစ္စမှ
မဟုတ်ပဲကို။သူ့မှာလည်းဂယူရှိနေတာမို့ ချစ်သူ
ရှိ၊ပိုင်ရှင်ရှိပြီးသားသူကို သူ့အတွေးတွေနဲ့တင်
ချစ်လာမည်လို့ ပြောလာသည်ဆိုထည်းက
ကလေးအတွေးလေးနဲ့ပါလေ။
" အရူး၊ဘယ်လိုတွေတောင် စကားတွေပြောတက်
နေရတာလဲမသိဘူး၊သူ့လိုသူဌေးသားက ငါ့လို
ဘာမှမဟုတ်တဲ့ လူလတ်တန်းစားဝန်ထမ်းကို
သဘောကျနေရတယ်လို့ "
ကူးလေး ဂယူတို့ကိုစောင့်ရင်းတိတ်တိတ်လေး
ပြောလိုက်သည်။သူလည်း သက်ပြင်းရှည်ချလို့
တကယ်စိတ်ညစ်လေသည်။ဘာလို့ပဲသူ့ကို
အဲ့လောက်ထိချစ်နေရတာလဲ။
" လူဆိုးကောင် သူ့ကြောင့်နဲ့ငါစိတ်တွေအရမ်း
တွေးနေရပြီ၊လွန်လွန်းပါတယ်... "
" ဘာတွေပြောနေတာလဲ ကူး... "
ကူးတစ်ယောက်ထည်း စကားတွေပြောနေရင်း
အနောက်ကနေဂယူက သူ့ခါးကနေဖက်လိုက်ပြီး
ပါးကိုအနမ်းပေးလိုက်တာမို့ ကူးလန့်သွားသည်။
ဂယူသူပြောတာများ ကြားသွားမလားပေါ့။
" ဟို....ဟို...ဘာမှမဟုတ်ပါဘူး၊ကူးဒီနေ့အလုပ်က
ကင်မ်ထယ်ယောင်းနဲ့သူ့ရှယ်ယာရှင်ကိစ္စတွေကို
လိုက်ရှင်းပေးလိုက်ရလို့ ပင်ပန်းတယ်လို့ပြောမိ
နေတာပါ ဂယူ... "
သူတွေးနေတာကို ဖုံးကွယ်ဖို့အတွက်ဂယူ့ကို
လိမ်လိုက်ရပါတော့သည်။ဂယူကတော့သူပြော
တာကိုမသိသည်မို့ ကူးကိုတစ်နေ့လုံးလွမ်းနေတာ
ဖြစ်သည်။တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ထားပြီး
ပါးကိုနမ်းနေတာ။
" အမလေး...မြင်လို့မကောင်းတာနော်၊တစ်နေ့
လေးပဲခွဲရတာကို အသည်းအသန်တွေဖက်နေ
လိုက်ကြတာ၊ကျွန်မကတော့ မျက်စိရှက်ပါ့ "
အစ်မယူရီတို့က သူတို့အနားကိုလျှောက်လာရင်း
ရွှတ်နောက်နောက်စလေသည်။ဂယူ့မှာတော့ ကူးပုခုံးကိုကိုင်ရင်း အစ်မယူရီဘက်လှည့်ကာ
စကားဆိုသည်။
" ကျွန်တော့်ချစ်သူကို ကျွန်တော်နမ်းတာဘာရှက်
စရာလိုလို့လဲဗျာ၊ကူးရဲ့ပါးဖောင်းလေးတွေကို
ကျွန်တော်ကသဘောကျပြီးမြတ်နိုးလွန်းလို့
နမ်းလိုက်တာဗျာ "
ဂယူကဂုဏ်ယူသလိုလေးပြောလေတော့ ကူးမှာ
ရှက်ကာ ဂယူ့ကိုတားရသေးသည်။တကယ်..
ဂယူကအရမ်းကိုဆိုးတက်သေးတာ။
" ဂယူကလည်း အစ်မတွေရှေ့ပြောမနေပါနဲ့ဆို၊
အခုကူးကဒကာခံမှာမို့ အစ်မတို့၊အစ်ကိုတို့
များများစားရမယ်နော် "
" အင်း...စားရမှာပေါ့၊ငါတို့ဂျောင်ကူးလေး အလုပ်သစ်ရသွားတဲ့အတွက် များများကိုစားပေး
ရမှာ၊ကဲ...ဘယ်ဆိုင်သွားရမလဲ "
ဂျွန်ဆော့ကမေးလေတော့ ကူးလေးမှာနှုတ်ခမ်း
လေးခွျှန်လို့ စဉ်းစားရသေးသည်။ဂယူ့မှာတော့
အသည်းယားလွန်းနေလို့ ပါးဖောင်းလေးကို
ထပ်ခါနမ်းလိုက်တော့ အစ်မယူရီက'အရမ်းကို
ပိုတာပဲ'ဟူ၍ထပ်ဖြေပါသည်။
သည်တော့သူတို့အတူအချိန်ဆက်မဆွဲနေတော့ဘဲ
ထမင်းစားဖို့အတွက်သာ အမြန်ဆုံးသွားကြ၏။
ကူးလေးက ဒီနေ့လစာများများရတာမို့ ထယ်ယောင်းပေးသည့်ကဒ်ကိုမသုံးပါဘဲ
သူ့လစာနဲ့သာအားလုံးအတွက်ရှင်းပေးခဲ့သည်။
" မေမေ...ကူးပြန်ရောက်ပါပြီ၊ဒီမှာမေမေ့အတွက်
ဗိုက်ဆာနေမှာဆိုးလို့ ဝယ်လာခဲ့တယ်၊ကူးလေး
ဂယူနဲ့ဈေးတစ်ခါထည်း ဝင်ပေးခဲ့တာ "
ပေါ့၊မေမေ...ဝမ်းသာပါတယ် "
အပြန်ကြတော့ မေမေ့အတွက်လိုအပ်တာလေး
ဝယ်ခဲ့ပြီး အိမ်အတွက်မေမေဈေးထပ်မသွားရ
အောင်လည်း ဂယူနဲ့အတူတူဝယ်ပေးခဲ့တာမို့
မေမေ့အတွက် ဗိုက်ဆာနေမည်ဆိုးလို့ထပ်ဝယ်
ပေးခဲ့ပါသေးသည်။မေမေကတော့ သူ့သားလေး
အလုပ်အဆင်ပြေသည်ဆိုလို့ ပျော်နေရင်း
သူ့လက်ထဲက မုန့်တွေကိုယူလေသည်။
" မေမေ...ကူးသန့်ရှင်းရေးလုပ်ပြီး အနားယူတော့မယ်၊ဒီနေ့လည်း မုန့်တွေစားခဲ့တာမို့
မေမေလည်း TVကြည့်ရင်းဝယ်လာပေးတာ
စားဦး၊ရေခဲသေတ္တာထဲကို ဘာမှထည့်မနေနဲ့ "
" ဟုတ်ပါပြီရှင်၊ကဲ...မြန်မြန်ဝင်တော့ကွယ်၊
မေမေလည်းဇာတ်လမ်းလေးကြည့်ရင်း သားဝယ်လာတာစားတော့မယ် "
ကူးလေးရဲ့အမေက ဇာတ်လမ်းကြည့်နေရင်း
သူ့သားဝယ်လာတဲ့ ပင်လယ်စာနဲ့အတူအစားစာ
အချို့ကိုထုတ်နေတော့သည်။ကူးလည်း မေမေ့ကိုကြည့်ကာ ပြုံးလိုက်ရင်းအခန်းထဲသို့
ဝင်လာခဲ့လေသည်။
အခန်းထဲရောက်တော့ ကူးလေးရေချိုးဖို့တွက်
ရေအရင်သောက်သည်။ရေအရင်သောက်ပြီးမှ
ရေချိုးခန်းထဲမှာ ရေပူရေအေးစပ်ကာရေချိုး
တော့သည်။ရေချိုးပြီးနောက်တော့ ကူးက
Cookyညအိပ်ဝတ်စုံကိုဝတ်လို့ အိပ်ဖို့အတွက်
ပြင်ဆင်နေတုန်းရှိသေး ဖုန်းဝင်လာခဲ့သည်။
ဂယူမဟုတ်သည့် ကင်မ်ထယ်ယောင်းဖြစ်နေတာ
မို့ ကူးလေးသက်ပြင်းထပ်ချမိပါသေးသည်။
ညဘက်ကြီးလည်း ဒီကောင်လေးဘာဖြစ်ချင်နေ
လဲမသိဘူး။
" ပြော...ဘာကိစ္စလဲ... "
" လွမ်းတယ်ကိုကိုအလှလေး၊မောင်က ကိုကိုအလှလေးကို လွမ်းနေတာကွာ... "
ကူးကအသံခပ်မာမာဖြင့် မေးလိုက်လေတော့
တစ်ဖက်ကနေသူ့ကိုလွမ်းကြောင်းပြောလာတဲ့
ကင်မ်ထယ်ယောင်းပါလေ။ကူးလေးမှာတော့
ထယ်ယောင်းရဲ့လွမ်းပါသည်ဆိုတာကို
လျစ်လျူရှုရင်း နှာမှုတ်လိုက်မိလေသည်။
" ဘာကိစ္စလဲ ကင်မ်ထယ်ယောင်း... "
ကူးကထပ်မေးပြန်တော့ ကင်မ်ထယ်ယောင်းမှာ
အသံအေးအေးလေးဖြင့် ကူးကိုပြောနေသည်။
တကယ်ပဲ၊ကူးလေးနဲ့ပဲကင်မ်ထယ်ယောင်းက
အရမ်းနူးညံ့နေတာ။
" မောင်အိမ်ရှေ့ရောက်နေတယ်၊ထွက်ခဲ့ပါလား၊
မောင်အရမ်းလွမ်းလို့တွေ့ချင်နေတယ်... "
" မေမေ မအိပ်သေးဘူး၊ငါထွက်မလာချင်လို့ "
ကူးကအပြင်မထွက်ချင်တော့တာမို့ မေမေ့ကိုသာ
လွှဲချလိုက်မိတော့သည်။ကင်မ်ထယ်ယောင်းက
တစ်ဖက်ကနေ ခပ်ဟဟရယ်နေတော့သည်။
" ဒါဆိုမောင်ဝင်လာခဲ့မယ်၊ကိုကိုခဏလေးစောင့်၊
မောင်ယောက္ခမကြီးနဲ့လာတွေ့မယ် "
ထယ်ယောင်းက အိမ်ရှေ့ဘဲလ်တောင်နှိပ်ဖို့ထိ
စနောက်လိုက်ပေမဲ့ ကူးထံကနေဒေါသသံလို
စူးရဲရဲလေးထွက်လာသည်။ဒေါသထွက်ရင်
ချစ်စရာလေးမို့ ကင်မ်ထယ်ယောင်း
ပိုစချင်မိပါသည်။
" မလာနဲ့!!ငါထွက်လာခဲ့မယ်၊ကင်မ်ထယ်ယောင်း..
မင်းနော် ငါ့ကိုတကယ်အရှုပ်ပေးတယ် "
တီ ~
ကူးကဖုန်းချလိုက်ပြီး အခန်းပြင်ထွက်လာတော့
မေမေကတော့ မအိပ်သေးပါလေ။ထုံးစံအတိုင်း
သူ့ဇာတ်လမ်းကိုသာ အာရုံတစိုက်ဖြစ်နေသည်။
သို့ပေမဲ့ သားဖြစ်တဲ့ကူးလေးကအမေကစိတ်မချ
မဖြစ်စေရန် ခွင့်တောင်းလိုက်သေးသည်။
" မေမေ ကူးဝယ်စရာလေးရှိလို့ လမ်းထိပ်ခဏ
လောက်ထွက်မယ်နော်၊အရမ်းမကြာပါဘူးနော်၊
ဖုန်းလည်းပါတာမို့ ကူးကိုဖုန်းဆက်လိုက်ပါ "
ကူးလေးကပြောတော့ မေမေက ရုပ်ရှင်ကြည့်ရင်းမှ စကားဆိုလာလေသည်။
" အင်းအင်း...သားဂရုစိုက်သွားဦးနော် "
" ဟုတ်ကဲ့ မေမေ ကူးသွားပြီဗျ "
မေမေ့ကိုရိုသေစွာဖြင့် နှုတ်ဆက်ပြီးနောက်
အပြင်သို့ထွက်လာသည်။ကူူလေးအိမ်ရှေ့တံခါးကိုဖွင့်လိုက်ရော ကင်မ်ထယ်ယောင်းရဲ့ကိုယ်က
သူ့ကိုယ်ငယ်လေးပေါ် ပြိုကျလာလေသည်။
" မောင့်အသက်ရောက်လာပြီပဲ၊မွှေးလိုက်တာ၊
မောင်က ကိုကိုအလှလေးရဲ့ ကိုယ်သင်းရနံ့ကို ကြိုက်တယ် "
ဒါတောင် ကင်မ်ထယ်ယောင်းက ကူးရဲ့ပုခုံးပေါ်
မျက်နှာတင်လိုက်ပြီး လည်တိုင်လေးတွေကို
တဖွဖွနမ်းလေတော့ ကူးမှာအတင်းဆွဲဖယ်ရ
သေးသည်။ဒီကောင်လေးအတော်ဆိုးတာ။
" ကင်မ်ထယ်ယောင်း မင်းသောက်လာတာလား၊
ဘာလို့သောက်နေရတာလဲ၊မနက်ကြအလုပ်လုပ်
ရမှာကို မနက်စောစောခေါင်းကိုက်တော့မှာပဲ "
ကူူးက မမြင်မကြည်ပေမဲ့လည်း ထယ်ယောင်းက
သူ့ထက်ငယ်သလို သူ့အလုပ်ရှင်လည်းဖြစ်တာ
ကြောင့် စိတ်ပူသလိုစကားဆိုလေသည်။ဒါကို
ကင်မ်ထယ်ယောင်းက ကူးစကားကိုနားမထောင်
ပါဘဲ လည်တိုင်တွေကိုနမ်းရင်းစုပ်ကိုက်နေတော့
ကူးနာသွားလို့ တွန်းထည့်လိုက်သည်။
" အာ့!ဟာဗျာ..မောင့်အသက်ကအားရှိလိုက်တာ၊
မောင့်ကိုအဲ့လောက်တွန်းလိုက်ရလား... "
ကူးတွန်းလိုက်သည်က အားပါသည်ကြောင့်
ထယ်ယောင်းရဲ့ကားကခံနေလိုက်တာမို့
မနာသွားချေ။နဲ့မို့ဆို ကင်မ်ထယ်ယောင်း အလှလေးရဲ့အားကြောင့် မြေပြင်ပေါ်သို့
ပြုတ်ကျလိမ့်မည်လေ။
" သွားပါပြီ၊အရာတော့ထင်ကုန်တော့မှာပဲ၊ငါ့မှာ
ကောင်းကောင်းလည်း မနေရတော့ဘူး၊ဟူး...
ကင်မ်ထယ်ယောင်းရယ် ငါ့ကိုမင်းကအတော်
နှောက်ယှက်နေတာပဲ၊မူးရင်အိမ်ပြန်ပါလား "
ကူးကထယ်ယောင်းစုပ်နမ်းလိုက်သည့် လည်တိုင်ကအမှတ်သားကိုကြည့်ကာ စိတ်ဆိုးသည့်လေသံဖြင့်ဆိုလေသည်။
ဒါတောင်ထယ်ယောင်းက ရယ်လိုက်ရင်း...
" မောင်မမူးဘူး၊မောင်ကအများကြီးသောက်တာ
တောင်မမူးဘူးကွာ၊ဒါပေမဲ့အခုကမူးလို့လုပ်နေ
တာမှမဟုတ်တာ၊လွမ်းလို့ အလွမ်းဓာတ်လေး
ယူနေတာလေဗျာ...မွှေးလိုက်တာ "
ထယ်ယောင်းပုံစံက အများကြီးသောက်လာပေမဲ့
မမူးသည့်ပုံစံဖြစ်ပါသည်။ဒါကြောင့်မို့ကူးအနား
ပိုတိုးကပ်ကာ ကူးရဲ့မေးဖျားလေးကိုဆွဲမော့
လိုက်ပြီး အကြည့်ချင်းစုံစေသည်။ကူးမှာလည်း
ကင်မ်ထယ်ယောင်းရဲ့ပုံစံကိုကြည့်ကာ အံ့ဩ
နေသည်မို့ မျက်ဝန်းလေးတွေဝိုင်းစက်နေသည်။
ထယ်ယောင်းရဲ့ပုံစံက နေ့လယ်ကအဝတ်အစား
ိဲနဲ့ဆိုပေမဲ့လို့ အရက်သောက်လာတာတောင်
အဝတ်အစားက ကပိုကရိုဖြစ်နေပေမဲ့
ဆွဲဆောင်မှုရှိသည့်သူ၏မျက်နှာရယ်ကြောင့်
ကူးမှာ အံ့ဩနေဆဲဖြစ်ပါသည်။
" ချစ်လိုက်တာ...မောင် ကိုကိုအလှလေးကို
တအားချစ်တာပဲ၊ချစ်တယ်... "
ထယ်ယောင်းက ကူးရဲ့မေးဖျားလေးကို ဆွဲမော့စေပြီးငုံ့ကြည့်ရင်း မျက်ဝန်းဝိုင်းတွေနဲ့ သူ့ကိုမော့ကြည့်နေသည့် ကိုကိုအလှလေးကို အသည်းယားမိသည်မို့ နှုတ်ခမ်းတို့ကိုအပိုင်
သိမ်းမိပါသေးသည်။ကူးမှာတော့ရုန်းထွက်ဖို့
တောင်မမှီလိုက်ဘဲ သူ့လက်တွေကိုတောင်
ချုပ်ထားခံလိုက်ရပါသည်လေ။
နှုတ်ခမ်းပါးလေးတွေကို ကင်မ်ထယ်ယောင်းက
တစ်လွှာစီစုပ်ယူနမ်းရှိုက်လိုက်ပြီး နှုတ်ခမ်းတွေကို
ကိုက်တက်ပါသေးသည်။ကူးမှာတော့ရုန်းထွက်
ပြန်တော့ ကင်မ်ထယ်ယောင်းရဲ့သန်မာတဲ့
လက်တစ်ဖက်ကသူ့လက်နှစ်ဖက်ကိုချုပ်ပြီး
တစ်ဖက်ကကူးရဲ့ခါးကနေတစ်ဆင့်ပင် ညဝတ်အင်္ကျီအောက်ထဲသို့ တိုးဝင်နေသည်မို့
ထယ်ယောင်းနှုတ်ခမ်းကိုကိုက်လိုက်ပြီး
အိမ်ထဲဝင်သွားသည်။
" မင်း...လူဆိုးကောင်! "
ထိုသို့ပြောကာ အိမ်ထဲဝင်သွားသည်မို့ ကင်မ်ထယ်ယောင်းမှာလည်း အကိုက်ခံလိုက်ရတဲ့
သူ့နှုတ်ခမ်းကိုကိုင်လို့ ပြုံးနေတော့သည်။
To be continued ~
ကိုကိုအလှလေးနဲ့မောင့်ရဲ့အပိုင်းတွေပိုထည့်
ပေးထားပါတယ်နော်ဗျ။
ကျွန်တော်One shotတွေထပ်ရေးရင်လေ
စာပိုင်းရှည်သည်ဖြစ်စေ၊တိုသည်ဖြစ်စေပေါ့
Zawgyiနဲ့Uniဆိုပြီး သီးသန့်တင်ပေးပါတော့
မယ်နော်ဗျ။မဟုတ်ရင် မတွေ့လို့ဆိုပြီး စာဖတ်သူလေးတွေကမေးကြလို့ပါ။
နှစ်သစ်ကူးကြ ဆာဖရိုက်လေးရှိပါတယ်လို့။
> >