အိပ်ယာနိုးတော့ နေ့လယ်ချိန်ကိုရောက်နေပြီးဖြစ်လေသည် ။ သူ့ခေါင်းအောက်မှာရှိနေတဲ့အရာက ခေါင်းအုံးလို အိနေတာမျိုးမဟုတ်တော့ မဖွင့်ချင်သေးတဲ့ မျက်လုံးကို အနည်းငယ်လောက်သာဖွင့်၍ဖွင့်လိုက်သည်။ ဘုရားရေ ပြီးတော့ သူ့လက်တစ်ဖက်က ဘာလို ကင်မ်ထယ်ယောင်းရဲ့ ရင်ဘတ်ကို ကိုင်ထားရတာပါလိမ့် ? ။ နေရာကလည်း သူကျုးကျော်ထားတာ ။ ၃,၄ယောက် အိပ်လို့ရတဲ့နေရာမှာ ကင်မ်ထယ်ယောင်းတစ်ကိုယ်စာပဲ အိပ်လို့ပဲရအောင်ထိ သူနေရာယူထားပြီးတောင် ကင်မ်ထယ်ယောင်းဘက်ကို တိုးကပ်သွားသည်။ အိပ်ချင်တောင် ပြေသွားပြီး မျက်လုံးများတောင် ပြူးသွားလေသည် ။ ခေါင်းကို အနောက်သို့ဆုတ်လိုက်သည် ။ ကင်မ်ထယ်ယောင်းရဲ့ကိုယ်ကလူပ်လာတော့ သူချက်ချင်းမျက်လုံးကို ပြန်မှိတ်မိသည်။ ဘာလိုတောင် အအိပ်ဆော့ပြီး ကင်မ်ထယ်ယောင်းနား သွားကပ်ရတာလဲ ? ။
" နိုးရင်ထတော့ သွားစရာရှိတယ် "
သိနေတာလား ? ။ သူနိုးတာကို သိနေတာပေါ့။ ဘာလိုသိတာလဲ ? ။ အကြာကြီး ကြည့်လိုက်မိလို့လား ? ။
မျက်လုံးအတင်းမှိတ်ထားတဲ့လူရဲ့ ခေါင်းအောက်က သူ့လက်ကို ဆွဲထုတ်လိုက်သည် ။ ပြီးတော့ ပုဝါကို လှမ်းယူကာ ခါးမှာ ပတ်လိုက်သည်။ ထိုအချိန်ထိ အိပ်ယာပေါ်မှာပဲ စွတ်ကို မျက်လုံးမှိတ်ထားတဲ့လူကို ခါးထောက်ကာ ကြည့်လိုက်ရင်
" ၁,၂,၃ ပြီးမှ မထရင် ညကကိစ္စကို ထပ်လုပ်ကြတာပေါ့ "
ထိုအခါ ချက်ချင်းငေါက်ခနဲ့ ထထိုင်သည် ။
" ဘာလဲ ဘာကိစ္စမှ မလုပ်ဘူး "
ကင်မ်ထယ်ယောင်း ကိုယ်ကိုလှည့်လိုက်ပြီး
" ဒီနေ့ Company ကိုမသွားဘူး ၊ အပြင်သွားစရာပဲ ရှိတယ် ညအထိနေရမှာ "
ထိုလောက်သာပြောပြီးကင်မ်ထယ်ယောင်း Bathroom ထဲကို ၀င်သွားလေသည်။ ဂျီမင်ကတော့ စောင်ပုံထဲကနေ မထွက်သေးပေ ။ ကင်မ်ထယ်ယောင်းကို မတွေ့တော့မှ bathrobe ကို ကောက်၀တ်လေသည်။ မျက်နှာသစ်ချင်ပေမဲ့ သစ်လို့မရသေးတာကြောင့် ပြတင်းပေါက်နားကိုသွားကာ အောက်တည့်တည့်က ပန်းပင်တွေကို ကြည့်လိုက်မိသည်။ ဥယာဉ်မှူးကောင်းကောင်းရှိတာကြောင့် ပန်းပင်တွေက လှပကာ စိုပြေနေလေသည်။ ။ ပြတင်းပေါက်ဘောင်ပေါ်မှာ ထူးထူးဆန်းဆန်းနဲ့ ဆေးလိပ်နဲ့မီးခြစ်ကို တင်ထားလေသည်။ ကင်မ်ထယ်ယောင်းက ပြတင်းပေါက်နားကို ဘယ်တုန်းကမှ မလာပါ ။ ဒါကို သူသတိထားမိသည် ။
ဘာရယ်မဟုတ် ကင်မ်ထယ်ယောင်းနေ့ညမပြတ် သောက်တက်တဲ့ဆေးလိပ်ကို သူ့နူတ်ခမ်းမှာ တေ့ကြည့်လိုက်သည် ။ ဒီအရသာက ဘယ်လိုနေမလဲပေါ့ ။ဆေးလိပ်ကို မီးခြစ်ပြီး ဖွာမလိုလုပ်တော့
" ဘာလုပ်နေတာလဲ ?"
ဘယ်အချိန်ကရောက်သလဲတော့မသိပါ သူ့လက်ချောင်းကြားထဲက ဆေးလိပ်ကို လုယူလိုက်သည်။ ပြီးတော့ ဆေးလိပ်ကို မီးမငြိမ်းပဲ ကင်မ်ထယ်ယောင်း ယူသောက်လိုက်သည် ။ bathrobe က ဖရိုဖရဲနဲ့ ။
" ......"
" အတက်ဆန်းတွေ လာစမ်းနေတယ် "
" မင်းက ထားထားတာကို ၊ ငါလည်း ယောင်္ကျားလေးပဲလေ .."
မီးခြစ်ကို တံခါးဘောင်ကို တင်ပေးလိုက်ပြီး Bathroom ထဲကို ၀င်မလိုလုပ်တော့ ကင်မ်ထယ်ယောင်းက သူ့လက်ကိုဖမ်းဆွဲပြီး
" စမ်းချင်တယ်မလား ?"
" ဟမ် .."
" ဟုတ်ပြီး သင်ပေးမယ် "
သူ့ကိုယ်တစ်ခြမ်းစောင်းအတိုင်းပဲ သူ့နားကိုတိုးလာပြီး ဆေးလိပ်ကို ဖွာလိုက်ပြီး သူ့နူတ်ခမ်းရဲ့ အလယ်တည့်တည့်ကို လာနမ်းပြီး ဆေးလိပ်ငွေ့အနည်းငယ်ကို လာထည့်သည် ။ ကင်မ်ထယ်ယောင်းရဲ့ အကြည့် ၊ လူပ်ရှားမူကအစ ၊ သူ့မေးရိုးကို ကိုင်ထားတဲ့ လက်ကအဆုံး သူ့ကို အံ့ဩစေသည် ။ ဆေးလိပ်အငွေ့တွေက သူသည်းမခံနိင်လောက်အောင် ဖြစ်၍ ကင်မ်ထယ်ယောင်းကို ပုခုံးကိုတွန်းလိုက်သည်။
" အဟွတ် ..အဟွတ် ..."
" ဘယ်လိုလဲ ..စမ်းအုံးမလား ?"
" တော်ပြီး ဖယ် "
သူ့မျက်နှာကို ထပ်လာကိုင်မလိုလုပ်သော ကင်မ်ထယ်ယောင်းရဲ့ လက်ကို ရိုက်ပုတ်ပြီး Bathroom ထဲကို ပြေးသာ၀င်မိတော့သည်။ အရည်မရ ၊ အဖက်မရတဲ့ ဆေးလိပ်ကို ဘာလိုကင်မ်ထယ်ယောင်းဒီလောက်သောက်နေမှန်း သူမသိတော့ပါ ။ ကင်မ်ထယ်ယောင်းမှ မဟုတ်ဘူး လူတော်တော်များများက ။
........
သွားစရာရှိတယ်ဆိုလို ခေါ်လာတာကိုသာလိုက်လာရတာ ဘယ်ကိုခေါ်လာမှန်းလဲမသိပါ ။ ကင်မ်ထယ်ယောင်းမောင်းတဲ့ ဘေးမှာသာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လိုက်ပါလာတာဖြစ်လေသည်။ ကင်မ်ထယ်ယောင်းက ပေါ့ပေါ့ပါးပါးအ၀တ်အစား၀တ်တာကို တွေ့ရင် သူလည်း ပေါ့ပေါ့ပါးပါးလိုက်၀တ်လေသည်။ ၀တ်စုံပြည့် ၀တ်ထားတယ်ဆိုရင်လည်း သူပါ လိုက်၀တ်ရလေသည်။ ဘာလိုလဲဆိုတော့ ကင်မ်ထယ်ယောင်းက သွားစရာရှိတယ်လို့ပြောရင် သူ့ကိုပါ ခေါ်သွားတာမို့ဖြစ်သည် ။ အခုလည်း ကင်မ်ထယ်ယောင်းက Shirt အင်္ကျီလက်တိုအသားရောင်ကို ဂျင်းဘောင်းဘီအပွနဲ့ တွဲ၀တ်ထားသည်။ ဒီတော့ သူလည်း အပြာရောင်၀မ်းဆက်အစင်းလေးကိုသာ တွဲပြီး ၀တ်ခဲ့လိုက်လေသည် ။
" Welcome "
ခြံတံခါးကို လာဖွင့်ပေးတဲ့ ဟန်ဆိုဟီး ။ ဂျီမင် ကတော့ ဘာအတွက်လဲဆိုတာကိုတော့ မသိပေမဲ့ ဟန်ဆိုဟီးနဲ့တွေ့ရတာမို့ ပျော်လေသည် ။ စင်၀င်အောက်မှာ ကားကိုရပ်လိုက်သည် ။ အိမ်ကို အသစ်စက်စက်ဖြစ်နေလေသည် ။အိမ်သစ်တက်ပွဲအတွက် အကြိုဖိတ်တာ ဖြစ်လေသည်။ ကားပေါ်ကနေဆင်းတော့ အိမ်ကနေထွက်လာတဲ့ မင်ဟိုကိုမြင်တော့
" ကင်မ်ထယ်ယောင်း မင်းဂျီမင်ကို ဒီကိုဘာလို့လာရလဲဆိုတာကို မပြောပြဘူးမလား ?"
" အခုရောက်ပြီးမလား ?"
ကင်မ်ထယ်ယောင်းက ကားနောက်ဖုံးကိုဖွင့်ကာ တစ်ခုခုနိူက်နေရင် ပြောလိုက်သည်။ မင်ဟိုတစ်ယောက် လက်သီးသာ ထောင်လိုက် ပေမဲ့ ဘာမှတော့မပြောချေ ။
" လာလေ ဂျီမင် "
ဟန်ဆိုဟီးက လက်လေးဆွဲကာ အိမ်ထဲကိုခေါ်သွားမလို့ လုပ်တော့ ကင်မ်ထယ်ယောင်း လက်ထဲက အထုတ်ကို မင်ဟိုဆီ ပေးလိုက်ရင်
" ကလေးမဟုတ်ဘူး ဒူနာ ၊ အဲလိုတွေ မလုပ်နဲ့ "
ကင်မ်ထယ်ယောင်းလေသံက အတည်တကျကိုပြောနေတာကြောင့် ဟန်ဆိုဟီး ဂျီမင်လက်ကို လွှတ်လိုက်လေသည်။ ဂျီမင် ကင်မ်ထယ်ယောင်းကိုပြန်ကြည့်လိုက်သည် ။ ကလေးမှ လက်ကိုင်ကျတာမို့လား ? ။ လူကြီးတွေပဲ ကိုင်တာပဲကို ။
" ကဲ ...ဒူနာလာ ..သူတို့ဘာသာ အိမ်ထဲ၀င်ချင်မှ ၀င်လာပါစေ ..ပွဲက ညမှ စမှာပဲ ..ခြံထဲမှာ နေရင်နေပါစေပေါ့ ၊ ဒူနာကတော့ ကျွန်တော့်ကို လာကူညီပေးနော် "
ဟန်ဆိုဟီးကို မင်ဟိုဆွဲခေါ်သွားလေသည်။ ဟန်ဆိုဟီးကတော့ ကင်မ်ထယ်ယောင်းကို ကုတ်ချင်ဖဲ့ချင်တဲ့မျက်နှာနဲ့ ကြည့်၍ သွားလေသည် ။
" ညာဘက်ခြံထောင့်မှာ ခွေးပေါက်စ တစ်ကောင်ရှိတယ် "
" ခွေး ..!!"
" ကိုင်မယ်ဆိုရင် အိမ်ပြန်တဲ့အခါ ဒီမှာရေချိုးသွားရမယ် .."
" တကယ်လား ?"
ကင်မ်ထယ်ယောင်းပြောတဲ့နေရာကို ဂျီမင်ခပ်မြန်မြန်ပင် သွားလိုက်သည်။ ခွေးအိမ် လှောင်လေးထဲမှာ ထည့်ထားတာ ။ တကယ်ကို သေးသေးလေး ၊ ၅လက်မလောက်ပင် ရှိလိမ့်အုံးမည်ဖြစ်သည် ။ ခွေးလှောင်အိမ်ရှေ့မှာ သူထိုင်ချလိုက်သည် ။ လိမ္မော်ရောင်လေးမို့ တအားချစ်ဖို့လည်း ကောင်းသလို အမွှေးအမျှင်ကလည်း ထူထပ်နေလေသည် ။
" သေးသေးကွေးကွေး ကလေးလေးပဲ "
သော့တပ်ထားပေမဲ့ သော့တော့မခတ်ထားတာကြောင့် အလွယ်တကူပင် သူဖွင့်လိုက်သည်။ ခွေးလေးက သူ့အပေါ်ကို ခုန်တက်လသည် ။
" အို ..ကလေးက ဦးဦးကို သိလို့လား ?"
လက်နစ်ဖက်နဲ့ ပွေ့ချီလိုက်ပြီး ခွေးနဲ့ နာခေါင်းလေးနဲ့ သူ့ရဲ့နှာခေါင်းကို ပွတ်လိုက်သည် ။
" လိမ္မာလိုက်တာ ကလေးက "
သူငယ်ငယ်က ဘေးအိမ်က အိမ်ပြောင်းသွားတော့ ခွေးကျန်ခဲ့တုန်းက သူ့အိမ်မှာ ခေါ်ထားခဲ့ဖူးသည်။ ဒါကြောင့်မို့ ခွေးတွေနဲ့ပတ်သက်လာရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလည်း သူသိသည် ။
" ပြောပါအုန်း မနေ့ညက ကိစ္စ "
ညဘက်အစားအသောက်စားဖို့အတွက် ခြံထဲမှာပဲ လုပ်ထားတဲ့နေရာမှာ ၀င်ထိုင်ရင် နစ်ယောက်သား စကားပြောလေသည် ။
" ငါကတော့ ဘာအကြောင်းမှပြောစရာမရှိဘူး "
" ဒါပေမဲ့ သတင်းတွေ ၊ ဆိုရှယ်မီဒီယာတွေမှာ ပလူပျံနေတာရော "
" သူတို့က အချိန်ပိုနေတာပဲ ၊ အားရင် သူများမကောင်းကြောင်းပဲ ပြောမှာပေါ့ "
ကင်မ်ထယ်ယောင်းက ခပ်ပေါ့ပေါ့ပြောသည်။ မင်ဟိုကတော့ ဒီလိုသတင်းထွက်လာတော့ ဖြေရှင်းသင့်သလောက် ဟယ်ဆောင်လုပ်ငန်းစုအတွက် ဖြေရှင်းရမှာပဲ ။မဟုတ်ရင် ရှယ်ယာတွေက လူပ်ခတ်သွားလိမ့်မယ် ။
" မင်းသူနဲ့ ပြန်တွဲဖို့လုပ်နေတာလား ?"
" မင်းငါ့ကို ဘာကောင်ထင်နေတာလဲ မင်ဟို ...ငါသူ့ကိုကြိုက်ခဲ့တာလား ..မင်းတို့ရဲ့မြှောက်ပေးမူကြောင့်လား ပြောစမ်းပါအုံး ၊ ငါ့ရဲ့ လိင်စိတ် ခံယူမူမသေချာသေးတဲ့အချိန်ကို မင်းတို့တွန်းပို့ခဲ့တာ မဟုတ်လား ?"
ကင်မ်ထယ်ယောင်းလေသံက ခပ်စပ်စပ်နိင်သည်။ မင်ဟိုရဲ့ စကားကို ဒေါသထွက်လို့လည်း ပါသည်။ မနေ့ညကပါတီကအပြန် ကိစ္စက ဒီမနက်ကို ပြန်နှံ့နေလေသည်။ ထိုအကြောင်းအရာက လီယွန်းဝူက သူ့နားရွက်ကို လာနမ်းတဲ့ပုံဖြစ်ပြီး " ဟယ်ဆောင်လုပ်ငန်းစုရဲ့ ဥဏ္ဍဌက သူ့ရဲ့ ရည်းစားဟောင်းနဲ့ ဖောက်ပြန်နေသလား " ဆိုတဲ့ ခေါင်းစဉ်တဲ့ တင်ထားတာဖြစ်သည်။
"ဟုတ်တယ် ....ဒါပေမဲ့ မင်းကြိုက်ခဲ့တာပဲလေ ..ဒါကြောင့်လည်း မင်းတို့တွဲခဲ့တာပဲမလား ?"
" အခုမင်းမျက်လုံးထဲမှာ ငါက ဖောက်ပြန်နေတဲ့ကောင်လို့ မြင်နေတာလား ?"
" မမြင်ပါဘူး ၊ ဒါပေမဲ့ ဖြစ်သမျှ အကြောင်းအရာတွေကိုတော့ မင်းရှင်းပြရမယ်လေ "
" သူ့ဟာသူ ငါ့အနားကို ကပ်လာတာ၊ ဘယ်သူတောင်းစားက ရိုက်လိုက်လဲ မသိဘူး ၊ ဒီပုံ ဘယ်က စဖြန့်လဲဆိုတာကို အရင်ရှာ "
" အိုကေလေ ..ဂျီမင်ရော သိလား ?"
" သိမှာမဟုတ်ဘူး ၊ YouTube channels တွေသာ ကြည့်တက်တာ "
" ဒါပေမဲ့ သူသိသင့်တယ်လေ ..."
" ငါရှင်းပြရအောင် မရူပ်ထားဘူး မင်ဟို ၊ ဒါကြောင့် ရှင်းပြစရာမလိုဘူး "
ခပ်ဝေးဝေးက ခွေးလေးနဲ့အတူ ဆော့ကစားနေတဲ့လူကို ကင်မ်ထယ်ယောင်းကြည့်လိုက်သည်။ ကင်မ်ထယ်ယောင်းကြည့်သလို မင်ဟိုလည်း လိုက်ကြည့်လေသည် ။
" ချစ်နေတာလား ?"
" ပေါက်ကရာတွေ .."
မင်ဟိုပြောတော့ ကင်မ်ထယ်ယောင်းငြင်းသည်။ တည်ငြိမ်စွာနဲ့ပဲ ဖြေလာတဲ့ ကင်မ်ထယ်ယောင်းကြောင့် မင်ဟို မျက်ခုံးသာ ပင့်လိုက်သည်။ မင်ဟိုလည်း ကင်မ်ထယ်ယောင်းရဲ့ ပုံစံကို မခန့်မှန်းတက်ပေ ။ မျက်နှာက အမြဲတမ်း တည်တံ့နေလို့ ။
" ချစ်ဖို့ ကြိုးစားကြည့်ပေါ့ ၊ လက်ထပ်ထားတာကို "
ဘေးက ဝိုင်ပုလင်းကိုယူကာ ဖန်ခွက်ထဲထည့်လိုက်သည် ။
" ဘယ်တော့ ယူမှာလဲ ?"
" အိမ်လည်း ပြီးပြီးဆိုတော့ နောက် ၂လ ၊ ၃လပေါ့ "
ဟန်ဆိုဟီးက အကင်ဗန်းတွေ ယူလာတော့ မင်ဟိုက သွားဝိုင်းသယ်လေသည် ။ ညဘက် ရောက်တော့ ပင်လယ်စာတွေအစုံ ကင်ပေးသလို ၊ အသားတွေကိုလည်း ကင်ပေးနေလေသည် ။
ခွေးနဲ့ဆော့ပြီးတော့ အိမ်ထဲ၀င်ကာ အပိုယူလာသော အ၀တ်အစားကိုယူပြီး ရေမိုးချိုး ကာ အ၀တ်အစားလဲလေသည် ။ ကင်မ်ထယ်ယောင်းကလည်း ဒီညသောက်ခွင့်ပေးထားတာမို့ ဟန်ဆိုဟီးထည့်ပေးသမျှကို သောက်လေသည် ။ ဟန်ဆိုဟီးကလည်း မူးရင် ပေါက်ကရာတွေ ပြောတက်သလို ၊ စိတ်ထဲမှာ သိမ်းထားတဲ့အရာတွေကိုလည်း ထုတ်ပြောတက်သည်။
" ဒီနစ်ယောက် ဖြစ်ပါ့မလား ?"
မင်ဟိုသည် ဟန်ဆိုဟီးနဲ့ ဂျီမင်ကိုကြည့်ကာ ကင်မ်ထယ်ယောင်းကို လှမ်းပြောလေသည် ။
" ဒူနာ ..ခွေးက ဘာလိုတစ်ကောင်ပဲ မွေးတာလဲ ?"
" လက်ဆောင်ပေးတဲ့လူက နစ်ကောင်၀ယ်ပေးမနိင်လို့လေ "
ဟန်ဆိုဟီးက မင်ဟိုကိုကြည့်ကာ လက်နစ်ချောင်းထောင်ပြီး ပြောသည်။ နစ်ယောက်လုံးက အသားဖြူသူမို့ အရက်သောက်ထားတာများတော့ ပါးလေးတွေ နီရဲနေလေသည်။ ဂျီမင်က အသားပိုဖြူသူမို့ နားရွက်လေးတွေကအစ နီရဲနေလေသည် ။
" အဲလိုပဲ ..ရည်းစားသက်တမ်းလေးကြာလာတာနဲ့ သူတို့တွေက သူတို့ချစ်သူတွေကို လက်ဆောင်ပေးဖို့တောင် တွန့်တိုသွားတယ်လေ ...အခုလည်းကြည့် ခွေးလေးပိစိလေးကို ၀ယ်လာပေးပြီး တစ်ကောင်ထဲ အထီးကျန်ခိုင်းတယ်လေ "
"ဒူနာ တစ်ကောင်ပဲရှိလို့လေ ကျွန်တော်တစ်ကောင်ပဲ ၀ယ်လာတာ "
"ဒူနာတော့ လက်ထပ်လိုက်ရင် ပိုဆိုးပြီးပဲ "
" ဟုတ်တယ် ပြန်စဉ်းစားရမယ် "
" အာ့..ဒီနစ်ယောက်တော့ "
မင်ဟိုပြန်ပြောလည်းပဲ ဟန်ဆိုဟီးကတော့ ခွက်ကိုမြှောက်ကာ ဂျီမင်ကို ကမ်းပေးရင်
" ဂျီမင်ရော ပြောစရာရှိလား ?"
" ရှိတယ် ..indiaဇာတ်လမ်းတွဲတွေကို ဒူနာကြည့်ဖူးလား ဒူနာ "
" အင်း ကြည့်ဖူးတယ် "
" ဘီလူးလေ ...ဘီလူးကားတွေ နန်းတွင်းကားလား ဘာလား "
" ဒဿဂီရီလား ?"
" ဟင့်အင်း ..ဒီအတိုင်း ဘီလူးပဲ ဒဿဂီရီရဲ့ နောက်လိုက် ဘီလူးလောက်ပေါ့ ..ဒူနာသိလား အဲဒီဘီလူးက ကင်မ်ထယ်ယောင်းနဲ့ တူတယ် အဟင့်.."
အကင်တွေစားနေတဲ့ မင်ဟိုရဲ့ ပါးစပ်ထဲက လွှတ်ခနဲ့ ထွက်ကျသွားလေသည်။ ဘေးနားက ကင်မ်ထယ်ယောင်းက ကြည့်သာကြည့်နေသည်။ ကင်မ်ထယ်ယောင်းတော့ ဒီမှာ ဘာမှမပြောပေမဲ့ အမူးပြေရင်တော့ ဂျီမင်တော့ ကွိုင်ပဲ ။
" ဘီလူးလား ?"
" ဟုတ်တယ်လေ ..သူတို့က ပြုံးလည်းဒီမျက်နှာ၊ မပြုံးလည်း ဒီမျက်နှာပဲ သူနဲ့ တော်တော်တူတယ် ဒူနာသိလား ....?"
ကင်မ်ထယ်ယောင်းအကြောင်းကို ဟန်ဆိုဟီးနဲ့ ပြောရတော့ ဘေးမှာ ကင်မ်ထယ်ယောင်းနဲ့ မင်ဟိုမရှိသလိုကို ဖြစ်နေလေသည် ။ ဟန်ဆိုဟီးကလည်း ဂျီမင်စကားကြောင့် ခေါင်းကိုကုတ်သည်။
" အင်း ...ကင်မ်ထယ်ယောင်းလည်း မပြုံးဘူးလေ ..ပြီးတော့ အဆွယ်တွေလည်းရှိတယ် "
" ဪ မင်ဟိုမှာလည်းရှိတယ် ၊ ဒင်းက ဒူနာနဲ့လွတ်တာနဲ့ ကောင်မလေးတွေကို ငမ်းတော့တာပဲ သရေကျတဲ့ အဆွယ်တွေ ၊ သူတို့သူငယ်ချင်းတွေ အတူတူပဲ"
ဂျီမင်က ရုတ်တရက်ငြိမ်သွားသည်။ စာပွဲခုံအောက်ကို ငုတ်ကြည့်ရင်
" အဖေ့ကိုတွေ့ချင်တယ် "
" ရား ..မင်းသူ့ကို သူအဖေနဲ့ ပေးမတွေ့ဘူးလား ?"
" မင်းရည်းစားကို အိမ်ထဲခေါ်သွားလိုက်တော့ "
ဟန်ဆိုဟီးရဲ့ ခေါင်းက စာပွဲခုံနဲ့ မိတ်ဆက်နေလေသည် ။ ဂျီမင်ကတော့ ငြိမ်ငြိမ်လေးဖြစ်နေလေသည်။
" ဒူနာ ..ဒူနာ ..အိမ်ပေါ်သွားရအောင် "
မင်ဟိုတစ်ယောက် ဟန်ဆိုဟီးကိုပွေ့ချီကာ အိမ်ထဲကို ခေါ်သွားလေသည် ။ အိမ်ရှငင်တောင် အိမ်ထဲ၀င်သွားပြီးမို့ ကင်မ်ထယ်ယောင်းက ထလိုက်သည် ။
" ပြန်ရအောင် .."
မူးနေတဲ့လူကို ကင်မ်ထယ်ယောင်းပြောလိုက်သည်။ ဂျီမင်က ခေါင်းကိုမော့လိုက်သည်။
" နည်းနည်းလောက် ထပ်သောက်လို့ရမလား ?"
" ဘယ်လောက် ထပ်သောက်ချင်နေသေးတာလဲ ...?"
" တစ်ပုလင်းလောက် .."
လက်ညိုးကို ထောင်ပြလိုက်သည်။ ကင်မ်ထယ်ယောင်းက ထပ်မမေးတော့ပဲ လက်မောင်းကနေ ဆွဲမလိုက်ပြီး လူကိုပွေ့ချီလိုက်သည်။
" တစ်ခွက်လောက်ရော .."
" တော်ပြီး ..ထပ်ပြီးသောက်ရင် လူကိုပစ်ချလိုက်မယ် "
ချီထားတဲ့လူပေါ်မှာ ငြိမ်ငြိမ်မနေပါ နားရွက်ကို လာကိုင်လိုက် ၊ နှာခေါင်းကို လာညှစ်လိုက်နဲ့ ။
" တစ်ငုံ့လောက်ရော.. "
အနီရောင် ၀မ်းဆက်လည်း လဲထားတာမို့ တစ်ကိုယ်လုံးက နီရဲနေလေသည် ။ ကားနောက်ခန်းမှာ ပွေ့ချီထားတဲ့လူကို ချပေးလိုက်သည် ။
" ခွေးလေးရော ခေါ်သွားလို့မရဘူးလား ?"
ကင်မ်ထယ်ယောင်း ပြန်မဖြေတော့ပါ ။ ကားကိုသာ မောင်း၍ ထွက်သွားလေသည် ။ အနောက်ခန်းမှာ ထိုင်နေတဲ့လူကတော့ နည်းနည်းလေးမှ ငြိမ်မနေပါ ။
"....."
" ခွေးလေးမွေးမယ်လေ နော် နော် .."
" ပတ်ဂျီမင် .. ဘာဖြစ်နေတာလဲ ?"
လေသံနည်းနည်းလေး မာတော့မှ ဂျီမင်ငြိမ်လေသည်။ ထိုအချိန်က ခနလေးသာ ဘယ်တုန်းကမှန်းမသိတဲ့ အင်္ကျီအိတ်ထဲက စပျစ်သီးကို ကင်မ်ထယ်ယောင်းပါးစပ်ထဲ လာထည့်သည် ။ ကင်မ်ထယ်ယောင်း ကားကိုရပ်ပစ်လိုက်သည် ။ ပြီးတော့ နောက်လှည့်ကြည့်ရင်
" ဒီကိုလာ .."
အရှေ့ခန်းကို လာဖို့ခေါ်တော့ ဂျီမင်ခေါင်းခါသည်။
" ရိုက်ဖို့လား ?"
" ပေါက်ကရာတွေပြောနေတာတွေ ရပ်လိုက်တော့ "
တကယ်မူးရင် ဘာမှမသိ ။ ဒါကြောင့်မို့ အရက်သောက်ဖို့ကို တားမြစ်ထားတာ ။ အနောက်ခန်းကနေ အရှေ့ခန်းကိုကူးလာတော့ ကင်မ်ထယ်ယောင်းခါးကိုဆွဲပွေ့ကာ ပေါင်ပေါ်မှာ ထိုင်စေလိုက်သည်။
" ဟင့် .."
" အခုကျုပ်က ခင်ဗျားယောင်္ကျားဆိုတာရော သိလား ?"
ဂျီမင် ခေါင်းကိုညိတ်သည်။ ကင်မ်ထယ်ယောင်းသည် သူ့ပေါ်ကလူကို တစ်ခြမ်းစောင်းပြောင်းပေးထိုင်ရင်
"သတိ မေ့နေရင်လည်း သတိရအောင် လုပ်ပေးမှာ "
"....."
" ပြော ..ဘာဖြစ်ချင်တာလဲ ?"
" ဟမ် ..ဖြစ်ချင်တာလား ?"
" မပြောချင်လည်း ထားလိုက် "
" ဟင့် ..အခုပဲ မေးပြီးတော့ "
မှေးကျင်းကျင်းမျက်လုံးလေးက နီရဲနေပြီး နူတ်ခမ်းကလည်း စူထော်ပြီး အသံမထွက်ရင်တောင် လူပ်စိလူပ်စိလုပ်နေလေသည် ။
" ငါ့ပါးကို ဘာလိုနမ်းတာလဲ ..နောက်တစ်ခါအတူအိပ်ရင် မနမ်းနဲ့ "
" ဘာလဲ အကြောင်းအရင်းက "
" ငါ့စိတ်တွေ တစ်မျိုးပဲ ၊ မကြိုက်ဘူး "
" ကျုပ်ကြိုက်တဲ့နေရာ နမ်းမှာပေါ့ "
" ပြောစရာရှိသေးတယ် "
လက်တစ်ဖက်ကို ပုခုံးလာကိုင်ပြီး ကျန်လက်တစ်ဖက်က နားနားကပ်လိုက်ပြီး နူတ်ခမ်းပါး ရွေ့သွားလေသည်။ ကျောက ယိုင်သွားတာမို့ ကင်မ်ထယ်ယောင်း လက်နဲ့ထိန်းလိုက်သည်။
" ဖြေးဖြေးလေး သွား "
" ဘာ .."
မကြားတကြားပြောလေသည်။ ဂျီမင်ပြောတဲ့ စကားအနက်အဓိပ္ပါယ်ကို ကင်မ်ထယ်ယောင်းနားမလည်ပေ ။
" ဖြေးဖြေးလုပ်လို့ "
ထိုတော့မှ ကင်မ်ထယ်ယောင်းနားလည်သွားသည်။ မူးနေတော့ ဒါမျိုးတွေအထိ ပြောနိင်တာပဲ ။ အံ့ဩစရာတော့မရှိပါ ။ အရက်မမူးရင် ပြောချင်မှ ပြောမှာ ။
" ဒါပဲလား ..?"
နားကနေခွာပြီး မျက်နှာချင်းလာဆိုင်သည်။ပြီးတော့ နှာခေါင်းဖြင့် ကင်မ်ထယ်ယောင်းရဲ့ ပါးကို ပွတ်နေလေသည်။ တကယ်ကို ကြောင်ပေါက်လေးလို ။
" ဒီည မလုပ်နဲ့ "
ကင်မ်ထယ်ယောင်းလက်တစ်ဖက်ကို ကျောကနေ ခါးကိုဆင်းကာ ပွေ့ဖက်လိုက်ရင် ကျန်လက်တစ်ဖက်က အရှေ့ကလည်ပင်းကို ကိုင်ထားသည် ။
" ဘယ်သူက ကျုပ်ပေါင်ပေါ်မှာ အငြိမ်မနေတာလဲ ?"
" အနမ်းနဲ့ ချေပေးမယ် ၊ မလုပ်ဘူး "
ဒါကိုတော့ ချက်ချင်းလုပ်သည်။ လက်နစ်ဖက်ကို ကင်မ်ထယ်ယောင်းရဲ့ ပါးကိုညှစ်ပြီး နူတ်ခမ်းကို နူတ်ခမ်းနဲ့ လာတေ့ပြီး ငြိမ်သွားလေသည်။ ဒါက အိပ်ပျော်သွားပြီးဆိုတဲ့ သဘော ။ အိပ်ပျော်သွားတဲ့လူကို ကင်မ်ထယ်ယောင်း အကြာကြီးကြည့်လိုက်သည်။
" နစ်ယောက်သား အပြန်လည်းနောက်ကျတယ် ၊ ဂျီမင်ဘာဖြစ်လို့လဲ ?"
" မူးနေလို့ "
" ဒါဆိုရင်တော့ မနက်ကျရင်တော့ အမူးပြေတဲ့ဟင်းရည် ချက်ပေးရမှပဲ "
အိမ်ပေါ်ထပ်ထိကို ပွေ့ချီလာရတော့ ဒယ်ဒီက လမ်းလျှောက်နေတာနဲ့တန်းတိုးလေသည်။ ထိုလောက်သာ ပြောပြီး အခန်းထဲသွားပြီးကုတင်ပေါ်မှာ သူ့ကိုယ်ပေါ်ကလူကို ချပေးလိုက်သည်။ အပြင်က ပြန်လာရင်ဒီအတိုင်းမအိပ်တက်တဲ့လူမို့ ရေချိုးလိုက်ပြီးတော့မှ ကုတင်ပါ်မှာ ၀င်လှဲလိုက်လေသည်။ ပြီးတော့ MacBook ကိုတစ်ချက်ကြည့်လိုက်သည်။လူပ်လူပ် ၊လူပ်လူပ်နဲ့ သူ့လက်မောင်းနားကိုတိုးလာတဲ့လူက ရင်ဘတ်ပေါ်ရောက်အောင်ထိ ခေါင်းက တက်လာလေသည် ။
Zawgyi
အိပ္ယာနိုးေတာ့ ေန႕လယ္ခ်ိန္ကိုေရာက္ေနၿပီးျဖစ္ေလသည္ ။ သူ႕ေခါင္းေအာက္မွာရွိေနတဲ့အရာက ေခါင္းအုံးလို အိေနတာမ်ိဳးမဟုတ္ေတာ့ မဖြင့္ခ်င္ေသးတဲ့ မ်က္လုံးကို အနည္းငယ္ေလာက္သာဖြင့္၍ဖြင့္လိုက္သည္။ ဘုရားေရ ၿပီးေတာ့ သူ႕လက္တစ္ဖက္က ဘာလို ကင္မ္ထယ္ေယာင္းရဲ႕ ရင္ဘတ္ကို ကိုင္ထားရတာပါလိမ့္ ? ။ ေနရာကလည္း သူက်ဳးေက်ာ္ထားတာ ။ ၃,၄ေယာက္ အိပ္လို႔ရတဲ့ေနရာမွာ ကင္မ္ထယ္ေယာင္းတစ္ကိုယ္စာပဲ အိပ္လို႔ပဲရေအာင္ထိ သူေနရာယူထားၿပီးေတာင္ ကင္မ္ထယ္ေယာင္းဘက္ကို တိုးကပ္သြားသည္။ အိပ္ခ်င္ေတာင္ ေျပသြားၿပီး မ်က္လုံးမ်ားေတာင္ ျပဴးသြားေလသည္ ။ ေခါင္းကို အေနာက္သို႔ဆုတ္လိုက္သည္ ။ ကင္မ္ထယ္ေယာင္းရဲ႕ကိုယ္ကလူပ္လာေတာ့ သူခ်က္ခ်င္းမ်က္လုံးကို ျပန္မွိတ္မိသည္။ ဘာလိုေတာင္ အအိပ္ေဆာ့ၿပီး ကင္မ္ထယ္ေယာင္းနား သြားကပ္ရတာလဲ ? ။
" နိုးရင္ထေတာ့ သြားစရာရွိတယ္ "
သိေနတာလား ? ။ သူနိုးတာကို သိေနတာေပါ့။ ဘာလိုသိတာလဲ ? ။ အၾကာႀကီး ၾကည့္လိုက္မိလို႔လား ? ။
မ်က္လုံးအတင္းမွိတ္ထားတဲ့လူရဲ႕ ေခါင္းေအာက္က သူ႕လက္ကို ဆြဲထုတ္လိုက္သည္ ။ ၿပီးေတာ့ ပုဝါကို လွမ္းယူကာ ခါးမွာ ပတ္လိုက္သည္။ ထိုအခ်ိန္ထိ အိပ္ယာေပၚမွာပဲ စြတ္ကို မ်က္လုံးမွိတ္ထားတဲ့လူကို ခါးေထာက္ကာ ၾကည့္လိုက္ရင္
" ၁,၂,၃ ၿပီးမွ မထရင္ ညကကိစၥကို ထပ္လုပ္ၾကတာေပါ့ "
ထိုအခါ ခ်က္ခ်င္းေငါက္ခနဲ႕ ထထိုင္သည္ ။
" ဘာလဲ ဘာကိစၥမွ မလုပ္ဘူး "
ကင္မ္ထယ္ေယာင္း ကိုယ္ကိုလွည့္လိုက္ၿပီး
" ဒီေန႕ Company ကိုမသြားဘူး ၊ အျပင္သြားစရာပဲ ရွိတယ္ ညအထိေနရမွာ "
ထိုေလာက္သာေျပာၿပီးကင္မ္ထယ္ေယာင္း Bathroom ထဲကို ၀င္သြားေလသည္။ ဂ်ီမင္ကေတာ့ ေစာင္ပုံထဲကေန မထြက္ေသးေပ ။ ကင္မ္ထယ္ေယာင္းကို မေတြ႕ေတာ့မွ bathrobe ကို ေကာက္၀တ္ေလသည္။ မ်က္ႏွာသစ္ခ်င္ေပမဲ့ သစ္လို႔မရေသးတာေၾကာင့္ ျပတင္းေပါက္နားကိုသြားကာ ေအာက္တည့္တည့္က ပန္းပင္ေတြကို ၾကည့္လိုက္မိသည္။ ဥယာဥ္မႉးေကာင္းေကာင္းရွိတာေၾကာင့္ ပန္းပင္ေတြက လွပကာ စိုေျပေနေလသည္။ ။ ျပတင္းေပါက္ေဘာင္ေပၚမွာ ထူးထူးဆန္းဆန္းနဲ႕ ေဆးလိပ္နဲ႕မီးျခစ္ကို တင္ထားေလသည္။ ကင္မ္ထယ္ေယာင္းက ျပတင္းေပါက္နားကို ဘယ္တုန္းကမွ မလာပါ ။ ဒါကို သူသတိထားမိသည္ ။
ဘာရယ္မဟုတ္ ကင္မ္ထယ္ေယာင္းေန႕ညမျပတ္ ေသာက္တက္တဲ့ေဆးလိပ္ကို သူ႕ႏူတ္ခမ္းမွာ ေတ့ၾကည့္လိုက္သည္ ။ ဒီအရသာက ဘယ္လိုေနမလဲေပါ့ ။ေဆးလိပ္ကို မီးျခစ္ၿပီး ဖြာမလိုလုပ္ေတာ့
" ဘာလုပ္ေနတာလဲ ?"
ဘယ္အခ်ိန္ကေရာက္သလဲေတာ့မသိပါ သူ႕လက္ေခ်ာင္းၾကားထဲက ေဆးလိပ္ကို လုယူလိုက္သည္။ ၿပီးေတာ့ ေဆးလိပ္ကို မီးမၿငိမ္းပဲ ကင္မ္ထယ္ေယာင္း ယူေသာက္လိုက္သည္ ။ bathrobe က ဖရိုဖရဲနဲ႕ ။
" ......"
" အတက္ဆန္းေတြ လာစမ္းေနတယ္ "
" မင္းက ထားထားတာကို ၊ ငါလည္း ေယာကၤ်ားေလးပဲေလ .."
မီးျခစ္ကို တံခါးေဘာင္ကို တင္ေပးလိုက္ၿပီး Bathroom ထဲကို ၀င္မလိုလုပ္ေတာ့ ကင္မ္ထယ္ေယာင္းက သူ႕လက္ကိုဖမ္းဆြဲၿပီး
" စမ္းခ်င္တယ္မလား ?"
" ဟမ္ .."
" ဟုတ္ၿပီး သင္ေပးမယ္ "
သူ႕ကိုယ္တစ္ျခမ္းေစာင္းအတိုင္းပဲ သူ႕နားကိုတိုးလာၿပီး ေဆးလိပ္ကို ဖြာလိုက္ၿပီး သူ႕ႏူတ္ခမ္းရဲ႕ အလယ္တည့္တည့္ကို လာနမ္းၿပီး ေဆးလိပ္ေငြ႕အနည္းငယ္ကို လာထည့္သည္ ။ ကင္မ္ထယ္ေယာင္းရဲ႕ အၾကည့္ ၊ လူပ္ရွားမူကအစ ၊ သူ႕ေမးရိုးကို ကိုင္ထားတဲ့ လက္ကအဆုံး သူ႕ကို အံ့ဩေစသည္ ။ ေဆးလိပ္အေငြ႕ေတြက သူသည္းမခံနိင္ေလာက္ေအာင္ ျဖစ္၍ ကင္မ္ထယ္ေယာင္းကို ပုခုံးကိုတြန္းလိုက္သည္။
" အဟြတ္ ..အဟြတ္ ..."
" ဘယ္လိုလဲ ..စမ္းအုံးမလား ?"
" ေတာ္ၿပီး ဖယ္ "
သူ႕မ်က္ႏွာကို ထပ္လာကိုင္မလိုလုပ္ေသာ ကင္မ္ထယ္ေယာင္းရဲ႕ လက္ကို ရိုက္ပုတ္ၿပီး Bathroom ထဲကို ေျပးသာ၀င္မိေတာ့သည္။ အရည္မရ ၊ အဖက္မရတဲ့ ေဆးလိပ္ကို ဘာလိုကင္မ္ထယ္ေယာင္းဒီေလာက္ေသာက္ေနမွန္း သူမသိေတာ့ပါ ။ ကင္မ္ထယ္ေယာင္းမွ မဟုတ္ဘူး လူေတာ္ေတာ္မ်ားမ်ားက ။
........
သြားစရာရွိတယ္ဆိုလို ေခၚလာတာကိုသာလိုက္လာရတာ ဘယ္ကိုေခၚလာမွန္းလဲမသိပါ ။ ကင္မ္ထယ္ေယာင္းေမာင္းတဲ့ ေဘးမွာသာ တိတ္တိတ္ဆိတ္ဆိတ္နဲ႕ လိုက္ပါလာတာျဖစ္ေလသည္။ ကင္မ္ထယ္ေယာင္းက ေပါ့ေပါ့ပါးပါးအ၀တ္အစား၀တ္တာကို ေတြ႕ရင္ သူလည္း ေပါ့ေပါ့ပါးပါးလိုက္၀တ္ေလသည္။ ၀တ္စုံျပည့္ ၀တ္ထားတယ္ဆိုရင္လည္း သူပါ လိုက္၀တ္ရေလသည္။ ဘာလိုလဲဆိုေတာ့ ကင္မ္ထယ္ေယာင္းက သြားစရာရွိတယ္လို႔ေျပာရင္ သူ႕ကိုပါ ေခၚသြားတာမို႔ျဖစ္သည္ ။ အခုလည္း ကင္မ္ထယ္ေယာင္းက Shirt အကၤ်ီလက္တိုအသားေရာင္ကို ဂ်င္းေဘာင္းဘီအပြနဲ႕ တြဲ၀တ္ထားသည္။ ဒီေတာ့ သူလည္း အျပာေရာင္၀မ္းဆက္အစင္းေလးကိုသာ တြဲၿပီး ၀တ္ခဲ့လိုက္ေလသည္ ။
" Welcome "
ၿခံတံခါးကို လာဖြင့္ေပးတဲ့ ဟန္ဆိုဟီး ။ ဂ်ီမင္ ကေတာ့ ဘာအတြက္လဲဆိုတာကိုေတာ့ မသိေပမဲ့ ဟန္ဆိုဟီးနဲ႕ေတြ႕ရတာမို႔ ေပ်ာ္ေလသည္ ။ စင္၀င္ေအာက္မွာ ကားကိုရပ္လိုက္သည္ ။ အိမ္ကို အသစ္စက္စက္ျဖစ္ေနေလသည္ ။အိမ္သစ္တက္ပြဲအတြက္ အႀကိဳဖိတ္တာ ျဖစ္ေလသည္။ ကားေပၚကေနဆင္းေတာ့ အိမ္ကေနထြက္လာတဲ့ မင္ဟိုကိုျမင္ေတာ့
" ကင္မ္ထယ္ေယာင္း မင္းဂ်ီမင္ကို ဒီကိုဘာလို႔လာရလဲဆိုတာကို မေျပာျပဘူးမလား ?"
" အခုေရာက္ၿပီးမလား ?"
ကင္မ္ထယ္ေယာင္းက ကားေနာက္ဖုံးကိုဖြင့္ကာ တစ္ခုခုနိူက္ေနရင္ ေျပာလိုက္သည္။ မင္ဟိုတစ္ေယာက္ လက္သီးသာ ေထာင္လိုက္ ေပမဲ့ ဘာမွေတာ့မေျပာေခ် ။
" လာေလ ဂ်ီမင္ "
ဟန္ဆိုဟီးက လက္ေလးဆြဲကာ အိမ္ထဲကိုေခၚသြားမလို႔ လုပ္ေတာ့ ကင္မ္ထယ္ေယာင္း လက္ထဲက အထုတ္ကို မင္ဟိုဆီ ေပးလိုက္ရင္
" ကေလးမဟုတ္ဘူး ဒူနာ ၊ အဲလိုေတြ မလုပ္နဲ႕ "
ကင္မ္ထယ္ေယာင္းေလသံက အတည္တက်ကိဳေျပာေနတာေၾကာင့္ ဟန္ဆိုဟီး ဂ်ီမင္လက္ကို လႊတ္လိုက္ေလသည္။ ဂ်ီမင္ ကင္မ္ထယ္ေယာင္းကိုျပန္ၾကည့္လိုက္သည္ ။ ကေလးမွ လက္ကိုင္က်တာမို႔လား ? ။ လူႀကီးေတြပဲ ကိုင္တာပဲကို ။
" ကဲ ...ဒူနာလာ ..သူတို႔ဘာသာ အိမ္ထဲ၀င္ခ်င္မွ ၀င္လာပါေစ ..ပြဲက ညမွ စမွာပဲ ..ၿခံထဲမွာ ေနရင္ေနပါေစေပါ့ ၊ ဒူနာကေတာ့ ကြၽန္ေတာ့္ကို လာကူညီေပးေနာ္ "
ဟန္ဆိုဟီးကို မင္ဟိုဆြဲေခၚသြားေလသည္။ ဟန္ဆိုဟီးကေတာ့ ကင္မ္ထယ္ေယာင္းကို ကုတ္ခ်င္ဖဲ့ခ်င္တဲ့မ်က္ႏွာနဲ႕ ၾကည့္၍ သြားေလသည္ ။
" ညာဘက္ၿခံေထာင့္မွာ ေခြးေပါက္စ တစ္ေကာင္ရွိတယ္ "
" ေခြး ..!!"
" ကိုင္မယ္ဆိုရင္ အိမ္ျပန္တဲ့အခါ ဒီမွာေရခ်ိဳးသြားရမယ္ .."
" တကယ္လား ?"
ကင္မ္ထယ္ေယာင္းေျပာတဲ့ေနရာကို ဂ်ီမင္ခပ္ျမန္ျမန္ပင္ သြားလိုက္သည္။ ေခြးအိမ္ ေလွာင္ေလးထဲမွာ ထည့္ထားတာ ။ တကယ္ကို ေသးေသးေလး ၊၅ လက္မလာက္ပင္ ရွိလိမ့္အုံးမည္ျဖစ္သည္ ။ ေခြးေလွာင္အိမ္ေရွ႕မွာ သူထိုင္ခ်လိဳက္သည္ ။ လိေမၼာ္ေရာင္ေလးမို႔ တအားခ်စ္ဖို႔လည္း ေကာင္းသလို အေမႊးအမွ်င္ကလည္း ထူထပ္ေနေလသည္ ။
" ေသးေသးေကြးေကြး ကေလးေလးပဲ "
ေသာ့တပ္ထားေပမဲ့ ေသာ့ေတာ့မခတ္ထားတာေၾကာင့္ အလြယ္တကူပင္ သူဖြင့္လိုက္သည္။ ေခြးေလးက သူ႕အေပၚကို ခုန္တက္လသည္ ။
" အို ..ကေလးက ဦးဦးကို သိလို႔လား ?"
လက္နစ္ဖက္နဲ႕ ေပြ႕ခ်ီလိုက္ၿပီး ေခြးနဲ႕ နာေခါင္းေလးနဲ႕ သူ႕ရဲ႕ႏွာေခါင္းကို ပြတ္လိုက္သည္ ။
" လိမၼာလိုက္တာ ကေလးက "
သူငယ္ငယ္က ေဘးအိမ္က အိမ္ေျပာင္းသြားေတာ့ ေခြးက်န္ခဲ့တုန္းက သူ႕အိမ္မွာ ေခၚထားခဲ့ဖူးသည္။ ဒါေၾကာင့္မို႔ ေခြးေတြနဲ႕ပတ္သက္လာရင္ ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကိုလည္း သူသိသည္ ။
" ေျပာပါအုန္း မေန႕ညက ကိစၥ "
ညဘက္အစားအေသာက္စားဖို႔အတြက္ ၿခံထဲမွာပဲ လုပ္ထားတဲ့ေနရာမွာ ၀င္ထိုင္ရင္ နစ္ေယာက္သား စကားေျပာေလသည္ ။
" ငါကေတာ့ ဘာအေၾကာင္းမွေျပာစရာမရွိဘူး "
" ဒါေပမဲ့ သတင္းေတြ ၊ ဆိုရွယ္မီဒီယာေတြမွာ ပလူပ်ံေနတာေရာ "
" သူတို႔က အခ်ိန္ပိုေနတာပဲ ၊ အားရင္ သူမ်ားမေကာင္းေၾကာင္းပဲ ေျပာမွာေပါ့ "
ကင္မ္ထယ္ေယာင္းက ခပ္ေပါ့ေပါ့ေျပာသည္။ မင္ဟိုကေတာ့ ဒီလိုသတင္းထြက္လာေတာ့ ေျဖရွင္းသင့္သေလာက္ ဟယ္ေဆာင္လုပ္ငန္းစုအတြက္ ေျဖရွင္းရမွာပဲ ။မဟုတ္ရင္ ရွယ္ယာေတြက လူပ္ခတ္သြားလိမ့္မယ္ ။
" မင္းသူနဲ႕ ျပန္တြဲဖို႔လုပ္ေနတာလား ?"
" မင္းငါ့ကို ဘာေကာင္ထင္ေနတာလဲ မင္ဟို ...ငါသူ႕ကိုႀကိဳက္ခဲ့တာလား ..မင္းတို႔ရဲ႕ျမႇောက္ေပးမူေၾကာင့္လား ေျပာစမ္းပါအုံး ၊ ငါ့ရဲ႕ လိင္စိတ္ ခံယူမူမေသခ်ာေသးတဲ့အခ်ိန္ကို မင္းတို႔တြန္းပို႔ခဲ့တာ မဟုတ္လား ?"
ကင္မ္ထယ္ေယာင္းေလသံက ခပ္စပ္စပ္နိင္သည္။ မင္ဟိုရဲ႕ စကားကို ေဒါသထြက္လို႔လည္း ပါသည္။ မေန႕ညကပါတီကအျပန္ ကိစၥက ဒီမနက္ကို ျပန္ႏွံ႕ေနေလသည္။ ထိုအေၾကာင္းအရာက လီယြန္းဝူက သူ႕နား႐ြက္ကို လာနမ္းတဲ့ပုံျဖစ္ၿပီး " ဟယ္ေဆာင္လုပ္ငန္းစုရဲ႕ ဥ႑ဌက သူ႕ရဲ႕ ရည္းစားေဟာင္းနဲ႕ ေဖာက္ျပန္ေနသလား " ဆိုတဲ့ ေခါင္းစဥ္တဲ့ တင္ထားတာျဖစ္သည္။
"ဟုတ္တယ္ ....ဒါေပမဲ့ မင္းႀကိဳက္ခဲ့တာပဲေလ ..ဒါေၾကာင့္လည္း မင္းတို႔တြဲခဲ့တာပဲမလား ?"
" အခုမင္းမ်က္လုံးထဲမွာ ငါက ေဖာက္ျပန္ေနတဲ့ေကာင္လို႔ ျမင္ေနတာလား ?"
" မျမင္ပါဘူး ၊ ဒါေပမဲ့ ျဖစ္သမွ် အေၾကာင္းအရာေတြကိုေတာ့ မင္းရွင္းျပရမယ္ေလ "
" သူ႕ဟာသူ ငါ့အနားကို ကပ္လာတာ၊ ဘယ္သူေတာင္းစားက ရိုက္လိုက္လဲ မသိဘူး ၊ ဒီပုံ ဘယ္က စျဖန႔္လဲဆိုတာကို အရင္ရွာ "
" အိုေကေလ ..ဂ်ီမင္ေရာ သိလား ?"
" သိမွာမဟုတ္ဘူး ၊ YouTube channels ေတြသာ ၾကည့္တက္တာ "
" ဒါေပမဲ့ သူသိသင့္တယ္ေလ ..."
" ငါရွင္းျပရေအာင္ မ႐ူပ္ထားဘူး မင္ဟို ၊ ဒါေၾကာင့္ ရွင္းျပစရာမလိုဘူး "
ခပ္ေဝးေဝးက ေခြးေလးနဲ႕အတူ ေဆာ့ကစားေနတဲ့လူကို ကင္မ္ထယ္ေယာင္းၾကည့္လိုက္သည္။ ကင္မ္ထယ္ေယာင္းၾကည့္သလို မင္ဟိုလည္း လိုက္ၾကည့္ေလသည္ ။
" ခ်စ္ေနတာလား ?"
" ေပါက္ကရာေတြ .."
မင္ဟိုေျပာေတာ့ ကင္မ္ထယ္ေယာင္းျငင္းသည္။ တည္ၿငိမ္စြာနဲ႕ပဲ ေျဖလာတဲ့ ကင္မ္ထယ္ေယာင္းေၾကာင့္ မင္ဟို မ်က္ခုံးသာ ပင့္လိုက္သည္။ မင္ဟိုလည္း ကင္မ္ထယ္ေယာင္းရဲ႕ ပုံစံကို မခန႔္မွန္းတက္ေပ ။ မ်က္ႏွာက အၿမဲတမ္း တည္တံ့ေနလို႔ ။
" ခ်စ္ဖို႔ ႀကိဳးစားၾကည့္ေပါ့ ၊ လက္ထပ္ထားတာကို "
ေဘးက ဝိုင္ပုလင္းကိုယူကာ ဖန္ခြက္ထဲထည့္လိုက္သည္ ။
" ဘယ္ေတာ့ ယူမွာလဲ ?"
" အိမ္လည္း ၿပီးၿပီးဆိုေတာ့ ေနာက္ ၂လ ၊ ၃လေပါ့ "
ဟန္ဆိုဟီးက အကင္ဗန္းေတြ ယူလာေတာ့ မင္ဟိုက သြားဝိုင္းသယ္ေလသည္ ။ ညဘက္ ေရာက္ေတာ့ ပင္လယ္စာေတြအစုံ ကင္ေပးသလို ၊ အသားေတြကိုလည္း ကင္ေပးေနေလသည္ ။
ေခြးနဲ႕ေဆာ့ၿပီးေတာ့ အိမ္ထဲ၀င္ကာ အပိုယူလာေသာ အ၀တ္အစားကိုယူၿပီး ေရမိုးခ်ိဳး ကာ အ၀တ္အစားလဲေလသည္ ။ ကင္မ္ထယ္ေယာင္းကလည္း ဒီညေသာက္ခြင့္ေပးထားတာမို႔ ဟန္ဆိုဟီးထည့္ေပးသမွ်ကို ေသာက္ေလသည္ ။ ဟန္ဆိုဟီးကလည္း မူးရင္ ေပါက္ကရာေတြ ေျပာတက္သလို ၊ စိတ္ထဲမွာ သိမ္းထားတဲ့အရာေတြကိုလည္း ထုတ္ေျပာတက္သည္။
" ဒီနစ္ေယာက္ ျဖစ္ပါ့မလား ?"
မင္ဟိုသည္ ဟန္ဆိုဟီးနဲ႕ ဂ်ီမင္ကိုၾကည့္ကာ ကင္မ္ထယ္ေယာင္းကို လွမ္းေျပာေလသည္ ။
" ဒူနာ ..ေခြးက ဘာလိုတစ္ေကာင္ပဲ ေမြးတာလဲ ?"
" လက္ေဆာင္ေပးတဲ့လူက နစ္ေကာင္၀ယ္ေပးမနိင္လို႔ေလ "
ဟန္ဆိုဟီးက မင္ဟိုကိုၾကည့္ကာ လက္နစ္ေခ်ာင္းေထာင္ၿပီး ေျပာသည္။ နစ္ေယာက္လုံးက အသားျဖဴသူမို႔ အရက္ေသာက္ထားတာမ်ားေတာ့ ပါးေလးေတြ နီရဲေနေလသည္။ ဂ်ီမင္က အသားပိုျဖဴသူမို႔ နား႐ြက္ေလးေတြကအစ နီရဲေနေလသည္ ။
" အဲလိုပဲ ..ရည္းစားသက္တမ္းေလးၾကာလာတာနဲ႕ သူတို႔ေတြက သူတို႔ခ်စ္သူေတြကို လက္ေဆာင္ေပးဖို႔ေတာင္ တြန႔္တိုသြားတယ္ေလ ...အခုလည္းၾကည့္ ေခြးေလးပိစိေလးကို ၀ယ္လာေပးၿပီး တစ္ေကာင္ထဲ အထီးက်န္ခိုင္းတယ္ေလ "
"ဒူနာ တစ္ေကာင္ပဲရွိလို႔ေလ ကြၽန္ေတာ္တစ္ေကာင္ပဲ ၀ယ္လာတာ "
"ဒူနာေတာ့ လက္ထပ္လိုက္ရင္ ပိုဆိုးၿပီးပဲ "
" ဟုတ္တယ္ ျပန္စဥ္းစားရမယ္ "
" အာ့..ဒီနစ္ေယာက္ေတာ့ "
မင္ဟိုျပန္ေျပာလည္းပဲ ဟန္ဆိုဟီးကေတာ့ ခြက္ကိုျမႇောက္ကာ ဂ်ီမင္ကို ကမ္းေပးရင္
" ဂ်ီမင္ေရာ ေျပာစရာရွိလား ?"
" ရွိတယ္ ..indiaဇာတ္လမ္းတြဲေတြကို ဒူနာၾကည့္ဖူးလား ဒူနာ "
" အင္း ၾကည့္ဖူးတယ္ "
" ဘီလူးေလ ...ဘီလူးကားေတြ နန္းတြင္းကားလား ဘာလား "
" ဒႆဂီရီလား ?"
" ဟင့္အင္း ..ဒီအတိုင္း ဘီလူးပဲ ဒႆဂီရီရဲ႕ ေနာက္လိုက္ ဘီလူးေလာက္ေပါ့ ..ဒူနာသိလား အဲဒီဘီလူးက ကင္မ္ထယ္ေယာင္းနဲ႕ တူတယ္ အဟင့္.."
အကင္ေတြစားေနတဲ့ မင္ဟိုရဲ႕ ပါးစပ္ထဲက လႊတ္ခနဲ႕ ထြက္က်သြားေလသည္။ ေဘးနားက ကင္မ္ထယ္ေယာင္းက ၾကည့္သာၾကည့္ေနသည္။ ကင္မ္ထယ္ေယာင္းေတာ့ ဒီမွာ ဘာမွမေျပာေပမဲ့ အမူးေျပရင္ေတာ့ ဂ်ီမင္ေတာ့ ကြိုင္ပဲ ။
" ဘီလူးလား ?"
" ဟုတ္တယ္ေလ ..သူတို႔က ၿပဳံးလည္းဒီမ်က္ႏွာ၊ မၿပဳံးလည္း ဒီမ်က္ႏွာပဲ သူနဲ႕ ေတာ္ေတာ္တူတယ္ ဒူနာသိလား ....?"
ကင္မ္ထယ္ေယာင္းအေၾကာင္းကို ဟန္ဆိုဟီးနဲ႕ ေျပာရေတာ့ ေဘးမွာ ကင္မ္ထယ္ေယာင္းနဲ႕ မင္ဟိုမရွိသလိုကို ျဖစ္ေနေလသည္ ။ ဟန္ဆိုဟီးကလည္း ဂ်ီမင္စကားေၾကာင့္ ေခါင္းကိုကုတ္သည္။
" အင္း ...ကင္မ္ထယ္ေယာင္းလည္း မၿပဳံးဘူးေလ ..ၿပီးေတာ့ အဆြယ္ေတြလည္းရွိတယ္ "
" ဪ မင္ဟိုမွာလည္းရွိတယ္ ၊ ဒင္းက ဒူနာနဲ႕လြတ္တာနဲ႕ ေကာင္မေလးေတြကို ငမ္းေတာ့တာပဲ သေရက်တဲ့ အဆြယ္ေတြ ၊ သူတို႔သူငယ္ခ်င္းေတြ အတူတူပဲ"
ဂ်ီမင္က ႐ုတ္တရက္ၿငိမ္သြားသည္။ စာပြဲခုံေအာက္ကို ငုတ္ၾကည့္ရင္
" အေဖ့ကိုေတြ႕ခ်င္တယ္ "
" ရား ..မင္းသူ႕ကို သူအေဖနဲ႕ ေပးမေတြ႕ဘူးလား ?"
" မင္းရည္းစားကို အိမ္ထဲေခၚသြားလိုက္ေတာ့ "
ဟန္ဆိုဟီးရဲ႕ ေခါင္းက စာပြဲခုံနဲ႕ မိတ္ဆက္ေနေလသည္ ။ ဂ်ီမင္ကေတာ့ ၿငိမ္ၿငိမ္ေလးျဖစ္ေနေလသည္။
" ဒူနာ ..ဒူနာ ..အိမ္ေပၚသြားရေအာင္ "
မင္ဟိုတစ္ေယာက္ ဟန္ဆိုဟီးကိုေပြ႕ခ်ီကာ အိမ္ထဲကို ေခၚသြားေလသည္ ။ အိမ္ရွငင္ေတာင္ အိမ္ထဲ၀င္သြားၿပီးမို႔ ကင္မ္ထယ္ေယာင္းက ထလိုက္သည္ ။
" ျပန္ရေအာင္ .."
မူးေနတဲ့လူကို ကင္မ္ထယ္ေယာင္းေျပာလိုက္သည္။ ဂ်ီမင္က ေခါင္းကိုေမာ့လိုက္သည္။
" နည္းနည္းေလာက္ ထပ္ေသာက္လို႔ရမလား ?"
" ဘယ္ေလာက္ ထပ္ေသာက္ခ်င္ေနေသးတာလဲ ...?"
" တစ္ပုလင္းေလာက္ .."
လက္ညိုးကို ေထာင္ျပလိုက္သည္။ ကင္မ္ထယ္ေယာင္းက ထပ္မေမးေတာ့ပဲ လက္ေမာင္းကေန ဆြဲမလိုက္ၿပီး လူကိုေပြ႕ခ်ီလိုက္သည္။
" တစ္ခြက္ေလာက္ေရာ .."
" ေတာ္ၿပီး ..ထပ္ၿပီးေသာက္ရင္ လူကိုပစ္ခ်လိဳက္မယ္ "
ခ်ီထားတဲ့လူေပၚမွာ ၿငိမ္ၿငိမ္မေနပါ နား႐ြက္ကို လာကိုင္လိုက္ ၊ ႏွာေခါင္းကို လာညွစ္လိုက္နဲ႕ ။
" တစ္ငုံ႕ေလာက္ေရာ.. "
အနီေရာင္ ၀မ္းဆက္လည္း လဲထားတာမို႔ တစ္ကိုယ္လုံးက နီရဲေနေလသည္ ။ ကားေနာက္ခန္းမွာ ေပြ႕ခ်ီထားတဲ့လူကို ခ်ေပးလိုက္သည္ ။
" ေခြးေလးေရာ ေခၚသြားလို႔မရဘူးလား ?"
ကင္မ္ထယ္ေယာင္း ျပန္မေျဖေတာ့ပါ ။ ကားကိုသာ ေမာင္း၍ ထြက္သြားေလသည္ ။ အေနာက္ခန္းမွာ ထိုင္ေနတဲ့လူကေတာ့ နည္းနည္းေလးမွ ၿငိမ္မေနပါ ။
"....."
" ေခြးေလးေမြးမယ္ေလ ေနာ္ ေနာ္ .."
" ပတ္ဂ်ီမင္ .. ဘာျဖစ္ေနတာလဲ ?"
ေလသံနည္းနည္းေလး မာေတာ့မွ ဂ်ီမင္ၿငိမ္ေလသည္။ ထိုအခ်ိန္က ခနေလးသာ ဘယ္တုန္းကမွန္းမသိတဲ့ အကၤ်ီအိတ္ထဲက စပ်စ္သီးကို ကင္မ္ထယ္ေယာင္းပါးစပ္ထဲ လာထည့္သည္ ။ ကင္မ္ထယ္ေယာင္း ကားကိုရပ္ပစ္လိုက္သည္ ။ ၿပီးေတာ့ ေနာက္လွည့္ၾကည့္ရင္
" ဒီကိုလာ .."
အေရွ႕ခန္းကို လာဖို႔ေခၚေတာ့ ဂ်ီမင္ေခါင္းခါသည္။
" ရိုက္ဖို႔လား ?"
" ေပါက္ကရာေတြေျပာေနတာေတြ ရပ္လိုက္ေတာ့ "
တကယ္မူးရင္ ဘာမွမသိ ။ ဒါေၾကာင့္မို႔ အရက္ေသာက္ဖို႔ကို တားျမစ္ထားတာ ။ အေနာက္ခန္းကေန အေရွ႕ခန္းကိုကူးလာေတာ့ ကင္မ္ထယ္ေယာင္းခါးကိုဆြဲေပြ႕ကာ ေပါင္ေပၚမွာ ထိုင္ေစလိုက္သည္။
" ဟင့္ .."
" အခုက်ဳပ္က ခင္ဗ်ားေယာကၤ်ားဆိုတာေရာ သိလား ?"
ဂ်ီမင္ ေခါင္းကိုညိတ္သည္။ ကင္မ္ထယ္ေယာင္းသည္ သူ႕ေပၚကလူကို တစ္ျခမ္းေစာင္းေျပာင္းေပးထိုင္ရင္
"သတိ ေမ့ေနရင္လည္း သတိရေအာင္ လုပ္ေပးမွာ "
"....."
" ေျပာ ..ဘာျဖစ္ခ်င္တာလဲ ?"
" ဟမ္ ..ျဖစ္ခ်င္တာလား ?"
" မေျပာခ်င္လည္း ထားလိုက္ "
" ဟင့္ ..အခုပဲ ေမးၿပီးေတာ့ "
ေမွးက်င္းက်င္းမ်က္လုံးေလးက နီရဲေနၿပီး ႏူတ္ခမ္းကလည္း စူေထာ္ၿပီး အသံမထြက္ရင္ေတာင္ လူပ္စိလူပ္စိလုပ္ေနေလသည္ ။
" ငါ့ပါးကို ဘာလိုနမ္းတာလဲ ..ေနာက္တစ္ခါအတူအိပ္ရင္ မနမ္းနဲ႕ "
" ဘာလဲ အေၾကာင္းအရင္းက "
" ငါ့စိတ္ေတြ တစ္မ်ိဳးပဲ ၊ မႀကိဳက္ဘူး "
" က်ဳပ္ႀကိဳက္တဲ့ေနရာ နမ္းမွာေပါ့ "
" ေျပာစရာရွိေသးတယ္ "
လက္တစ္ဖက္ကို ပုခုံးလာကိုင္ၿပီး က်န္လက္တစ္ဖက္က နားနားကပ္လိုက္ၿပီး ႏူတ္ခမ္းပါး ေ႐ြ႕သြားေလသည္။ ေက်ာက ယိုင္သြားတာမို႔ ကင္မ္ထယ္ေယာင္း လက္နဲ႕ထိန္းလိုက္သည္။
" ေျဖးေျဖးေလး သြား "
" ဘာ .."
မၾကားတၾကားေျပာေလသည္။ ဂ်ီမင္ေျပာတဲ့ စကားအနက္အဓိပၸါယ္ကို ကင္မ္ထယ္ေယာင္းနားမလည္ေပ ။
" ေျဖးေျဖးလုပ္လို႔ "
ထိုေတာ့မွ ကင္မ္ထယ္ေယာင္းနားလည္သြားသည္။ မူးေနေတာ့ ဒါမ်ိဳးေတြအထိ ေျပာနိင္တာပဲ ။ အံ့ဩစရာေတာ့မရွိပါ ။ အရက္မမူးရင္ ေျပာခ်င္မွ ေျပာမွာ ။
" ဒါပဲလား ..?"
နားကေနခြာၿပီး မ်က္ႏွာခ်င္းလာဆိုင္သည္။ၿပီးေတာ့ ႏွာေခါင္းျဖင့္ ကင္မ္ထယ္ေယာင္းရဲ႕ ပါးကို ပြတ္ေနေလသည္။ တကယ္ကို ေၾကာင္ေပါက္ေလးလို ။
" ဒီည မလုပ္နဲ႕ "
ကင္မ္ထယ္ေယာင္းလက္တစ္ဖက္ကို ေက်ာကေန ခါးကိုဆင္းကာ ေပြ႕ဖက္လိုက္ရင္ က်န္လက္တစ္ဖက္က အေရွ႕ကလည္ပင္းကို ကိုင္ထားသည္ ။
" ဘယ္သူက က်ဳပ္ေပါင္ေပၚမွာ အၿငိမ္မေနတာလဲ ?"
" အနမ္းနဲ႕ ေခ်ေပးမယ္ ၊ မလုပ္ဘူး "
ဒါကိုေတာ့ ခ်က္ခ်င္းလုပ္သည္။ လက္နစ္ဖက္ကို ကင္မ္ထယ္ေယာင္းရဲ႕ ပါးကိုညွစ္ၿပီး ႏူတ္ခမ္းကို ႏူတ္ခမ္းနဲ႕ လာေတ့ၿပီး ၿငိမ္သြားေလသည္။ ဒါက အိပ္ေပ်ာ္သြားၿပီးဆိုတဲ့ သေဘာ ။ အိပ္ေပ်ာ္သြားတဲ့လူကို ကင္မ္ထယ္ေယာင္း အၾကာႀကီးၾကည့္လိုက္သည္။
" နစ္ေယာက္သား အျပန္လည္းေနာက္က်တယ္ ၊ ဂ်ီမင္ဘာျဖစ္လို႔လဲ ?"
" မူးေနလို႔ "
" ဒါဆိုရင္ေတာ့ မနက္က်ရင္ေတာ့ အမူးေျပတဲ့ဟင္းရည္ ခ်က္ေပးရမွပဲ "
အိမ္ေပၚထပ္ထိကို ေပြ႕ခ်ီလာရေတာ့ ဒယ္ဒီက လမ္းေလွ်ာက္ေနတာနဲ႕တန္းတိုးေလသည္။ ထိုေလာက္သာ ေျပာၿပီး အခန္းထဲသြားၿပီးကုတင္ေပၚမွာ သူ႕ကိုယ္ေပၚကလူကို ခ်ေပးလိုက္သည္။ အျပင္က ျပန္လာရင္ဒီအတိုင္းမအိပ္တက္တဲ့လူမို႔ ေရခ်ိဳးလိုက္ၿပီးေတာ့မွ ကုတင္ပၚမွာ ၀င္လွဲလိုက္ေလသည္။ ၿပီးေတာ့ MacBook ကိုတစ္ခ်က္ၾကည့္လိုက္သည္။လူပ္လူပ္ ၊လူပ္လူပ္နဲ႕ သူ႕လက္ေမာင္းနားကိုတိုးလာတဲ့လူက ရင္ဘတ္ေပၚေရာက္ေအာင္ထိ ေခါင္းက တက္လာေလသည္ ။