တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

104K 9.1K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 9.1

1.8K 194 1
By Swae_Nyoe

အခန်း (၉.၁)

အချစ်ရေးရာ

သခင်မကြီးလျူရဲ့ နောက်ကွယ်မှာ မတ်တပ်ရပ်နေသော သခင်မကြီးတွေနဲ့ သခင်ကြီးတွေပါတဲ့ လူအုပ်ကြီးက သခင်မကြီးလျူရဲ့ ပဟေဠိဆန်တဲ့ စကားတွေကို ကြားရတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်။ ဒီဒုတိယသခင်မလေး ကျန်းက ပထမဇနီးရဲ့ မနာလိုစိတ်ကြီးမားတဲ့ သမီးအရင်း ဖြစ်ခဲ့တယ်။ သူမက သနားစရာကောင်းတဲ့ပုံ ပေါ်နေပေမဲ့၊ သူတို့က သူမကို ကူညီဖို့ဆိုရင်၊ ကျီရှုရန်ကို ဆန့်ကျင်နိုင်မှရလိမ့်မယ်။ အခုအချိန်မှာ၊ ဒုဝန်ကြီးအဆင့်ရှိတဲ့ ကာကွယ်ရေး ဝန်ကြီး ကျိဟာ ဧကရာဇ် ဟောင်ရှောင်ရဲ့ ယုံကြည်ရတဲ့ တစ်ဦး ဖြစ်ခဲ့တယ်။ အဲဒါအပြင် လက်ထောက်အကြီးအကဲရဲ့ မိသားစုကိစ္စတွေဆိုတာက ဘယ်သူမဆို စီမံခန့်ခွဲနိုင်တဲ့ အရာမဟုတ်ခဲ့ကြဘူး။ ဒါကြောင့်၊ လူတိုင်းက အကူအညီမပေးဘဲ စောင့်ကြည့်ဖို့သာ စီစဉ်ခဲ့ကြတယ်။

ဒုတိယကျန်းသခင်မလေးက သခင်မကြီးလျူကို စကားလုံးအနည်းငယ်နဲ့ နှုတ်ဆက်ရုံမျှသာ နှုတ်ဆက်ခဲ့ပေမဲ့၊ အဲ့ဒီနောက်မှာတော့ သခင်မကြီးလျူက သူမကို ယန်ကျင်းကို အတူတူပြန်လာဖို့ ချက်ခြင်း ကမ်းလှမ်းခဲ့လိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိခဲ့မှာလဲ။ လူတိုင်း အံ့သြခဲ့ရတာက၊ သခင်မကြီးလျူက ဒီမရင်းနှီးနဲ့ ကလေးမလေးကို ကူညီဖို့ရာ ကျီမိသားစုကို စော်ကားဖို့ရာ တွန့်ဆုတ်မနေခဲ့ကြဘူး။

လူတိုင်းကို ပိုပြီးတော့တောင် အံ့သြစေခဲ့တဲ့အရာက၊ ဒုတိယကျန်းသခင်မလေးက ငြင်းဆန်နေဆဲ ဖြစ်ခဲ့တယ်။

ကျန်းလီရဲ့ အဖြေကို ကြားလိုက်ရတဲ့အခါမှာ လူတိုင်းက အံ့အားသင့်သွားခဲ့ကြတယ်။ တုန်အာကလည်း သူမရဲ့ စိတ်ထဲကနေပါ စိုးရိမ်နေခဲ့တယ်။ သခင်မကြီးလျူက ကျန်းလိီကို မျက်နှာချင်းဆိုင် မေးမြန်းလိုက်တယ်။

"ဒုတိယကျန်းသခင်မလေး၊ အကြောင်းပြချက်က ဘာကြောင့်လဲ"

ကျန်းလီက ပြုံးပြီးတော့ ပြန်ဖြေလိုက်တယ်။

"ခမည်းတော်က ကျွန်မကို ကိုယ်ကျင့်တရားကို တိုးတက်ကောင်းမွန်လာစေဖို့ရာ မိသားစု ဘုရားကျောင်းကို ကျွန်မကို ပို့ခဲ့တယ်။ နေထိုင်ရတာ ခက်ခဲခဲ့ပေမဲ့၊ မိသားစုရဲ့ ငြိမ်းချမ်းမှုနဲ့ ကျန်းမာရေးအတွက် ကျွန်မ ဆုတောင်းပေးနိုင်ခဲ့တယ်။ လမ်းတစ်ဝက်မှာ စွန့်လွှတ်ပြီး အရှုံးပေးလိုက်ရင်၊ ဘုရားတရားကို ပြစ်မှားစော်ကာသလိုမျိုး ဖြစ်သွားလိမ့်မယ်။ အဲဒါအပြင် ခမည်းတော်က ကျွန်မကို ပြန်လာဖို့ ခွင့်မပြုသေးတဲ့အတွက် ကျွန်မက ကိုယ့်ဘာသာ မဆုံးဖြတ်ရဲပါဘူး"

သူမရဲ့ အကြောင်းပြချက်မှာ သူမရဲ့ မိခင်ကို ထိခိုက်နစ်နာစေတဲ့အတွက် အပြစ်ပေးခံရတာကို လုံးဝ ထုတ်မပြောခဲ့ဘူး။ သူမရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာပြီးတော့ မိသားစုတစ်စုလုံးအတွက် ကံကောင်းစေဖို့ရာ သူမကို ဒီနေရာကို စေလွှတ်လိုက်တာဆိုပြီးတော့သာ ပြောပြခဲ့တယ်။ ဒုတိယကျန်းသခင်မလေးက အသေးအဖွဲကိစ္စတွေကို ဝန်ခံတဲ့အချိန်မှာ၊ အဓိက စွပ်စွဲချက်တွေကို ရှောင်ရှားခဲ့ တယ်။ဆိုတာကို သူမပြောတာ နားထောင်နေတဲ့သူများက ခံစား သိရှိသွားခဲ့ကြတယ်။ ဒါပေမဲ့၊ သခင်မကြီးလျူရဲ့ နားထဲမှာတော့ တစ်ခြား အဓိပ္ပါယ်တစ်ခု ရှိနေပုံပေါ်နေခဲ့တယ်။

သခင်မကြီးလျူနဲ့ ရီကျန့်ကျန့်တို့ဟာ နှစ်အနည်းငယ်လောက်

မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြတယ်။ သူမက ရီကျန့်ကျန့်ကို ရိုးရိုးရှင်းရှင်းနေတတ်ပြီး စိတ်သဘောထားကောင်းတတ်သူအဖြစ် သိရှိခဲ့တယ်။ ဒါကြောင့်မို့၊ ရီကျန့်ကျန့်ရဲ့ သမီး ဖြစ်တဲ့သူက မနာလိုမုန်းတီးစိတ်များတတ်တဲ့သူဆိုတာကို သူမက မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ ကျန်းလီ မတော်တဆ ဖြစ်ခဲ့တဲ့ အဲ့အချိန်တုန်းက၊ သူမက သခင်မကြီးလျူနဲ့ ကျန်းမိသားစုနဲ့ နည်းနည်းတောင်မှ အဆက်အသွယ်မရှိခဲ့ဘူး။ ပြီးတော့ ကျီရှုရန်က တွန်းချခံရပြီးတော့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အချိန်တုန်းက၊ လူတွေအများကြီးရှိနေခဲ့တယ်။ သက်သေ အထောက်အထားတွေက ခိုင်လုံနေခဲ့တယ်။ သခင်မကြီးလျူက မယုံကြည်ခဲ့ပေမဲ့လဲ၊ အဲဒါကို ဖြေရှင်းဖို့ရာ တစ်ခြားနည်းလမ်း မရှိခဲ့ဘူး။

အခု သူမရဲ့ အရင်က အသိမိတ်ဆွေရဲ့ သမီးဖြစ်သူက ဒီနေရာမှာ အနိုင်ကျင့်ခံရတာကို မြင်လိုက်ရပြီးတော့၊ နွေးထွေး၊ ပျော့ပျောင်း၊ ရိုးရှင်းစွာ နေတတ်ပြီးတော့ ကြင်နာတတ်တာကိုပါ မြင်လိုက်ရတဲ့အခါ သခင်မကြီးလျူရဲ့ နှလုံးသားထဲမာ သံသယတွေက ကြီးထွားလာခဲ့တယ်။ ကျန်းလီက သူမ အမှားလုပ်ခဲ့တဲ့ ကိစ္စကို မဖော်ပြတာက၊ အစကတည်းက သူမက အမှားမလုပ်ခဲ့တာ ဖြစ်နိုင်ခဲ့တယ်။ သူမရဲ့ မိခင်ကို ထိခိုက်စေတယ်။ဆိုတာက အကြောင်းပြချက်တစ်ခုသာလျှင် ဖြစ်ခဲ့တယ်။ ဒီ သမီးလေးကို ညှဉ်းပန်းနှိပ်စက်ခံရဖို့ ဒီနေရာကို စေလွှတ်လိုက်တယ်။ဆိုတာက လူတွေက ယုံနိုင်စေဖို့ တမင်သက်သက် ဖန်တီးထားခြင်းဖြစ်ခဲ့တယ်။

ကျန်းလီရဲ့ နောက်ဆုံးစကားများကို နားထောင်ရင်းနဲ့၊ အရာရာတိုင်းက ကျန်းယွမ်ပိုင်ရဲ့စကားကို နားထောင်တာပဲ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျန်းယွမ်ပိုင်က ဒီသမီးအတွက်ကို ဘယ်တော့မှ မတွေ့ခဲ့ဘူးတာကိုတော့ စိတ်မကောင်းခဲ့ကြဘူး။

သခင်မကြီးလျူရဲ့ နှလုံးသားထဲမှာ မီးတွေ လောင်ကျွမ်းသွားပေမဲ့ ကျန်းလီက သူမကို တွေ့ဖို့ရာ ခေါင်းမော့ပြီးတော့ ချီတုံချတုံနဲ့ ပြောလိုက်တယ်။

" အဲဒါကို ပြောနေရင်းနဲ့၊ သခင်မကြီးက ဒီအချိန် ဘာ့ကြောင့် ဒီနေရာကို လာရတာလဲ မသိဘူး။ နောက်ပြီး ဒါတွေက ရော " သခင်မကြီးလျူရဲ့ နောက်ကွယ်က လူအုပ်ကြီးကို သူမမြင်ပြီးတော့ ထပ်မေးလိုက်တယ်။

" သခင်မကြိီးက ဒီကို အမွှေးတိုင် ထွန်းဖို့ လာတာ ဖြစ်နိုင်လား ၊ ပုံမှန်ဆိုရင် အမွှေးတိုင် ထွန်းဖို့ ဒီကို လာတဲ့သူတွေ သိပ်မရှိဘူး၊ တခြား တစ်ဖက်က ဟယ်လင် ဘုရားကျောင်းကိုသာ သွားကြတယ်။ ပြီးတော့ အခုအချိန်က အရမ်းနောက်ကျနေပြီ၊ သခင်မကြီးတို့နဲ့ လူကြီးမင်းတို့က ဒီမှာ အမွှေးတိုင် ထွန်းဖို့လာတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား"

အဲ့စကားလုံးများ ထွက်ပေါ်လာသောအခါမှာ၊ ဒီနေရာမှာရှိတဲ့ လူအားလုံးရဲ့ မျက်နှာပေါ်မှာ မတူညီသော အမူအရာတွေ ရှိနေခဲ့တယ်။ ရုတ်တရက် သခင်မကြီးလျူက တစ်ခဏလောက် တွေးနေပုံရပြီး၊ တစ်ခုခုကို တွေးမိသွားခဲ့တယ်။ ပြီးတော့ သူမက ကျန်းလီကို ဖြတ်ခနဲ မေးလိုက်တယ်။

"ဒီမိသားစုဘုရားကျောင်းက အရမ်းကောင်းတဲ့ မိသားစုဘုရားကျောင်းတစ်ခုတော့ မဟုတ်ပါဘူး။ သမီး အဖေက သမီးကို ဒီကို စေလွှတ်ပြီးကတည်းက၊ သင့်တော်တဲ့ မိသားစုဘုရားကျောင်းကို ရှာဖွေသင့်တယ်။ စိတ်တော့မဆိုးနဲ့၊ သမီးက ငါနဲ့အတူ ဒီကနေ ထွက်မသွားချင်ဘူးဆိုလို့၊ မနက်ဖြန် ငါက ဒီကနေ ယန်ကျင်းကို ပြန်တော့မယ်။ ဒါပေမဲ့ သမီး အ ဖေက သမီးကို အမြန် အိမ်ပြန်ခေါ်သင့်တယ်လို့တော့ ထင်တယ်။"

သူမ စကားလုံးတွေရဲ့ အဓိပ္ပါယ်က အရမ်း သိသာနေခဲ့တယ်။

ကျန်းလီက နားလည်သလိုပုံမျိုးနဲ့ ကြည့်နေခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ သူမက နားမလည်ခဲ့ဘူး။ သူမက ပြုံးရုံမျှသာပြုံးပြီး ပြန်ပြောလိုက်တယ်။

"အဲဒါဆိုရင်တော့ သခင်မကြီးကို ကျေးဇူးတင်ပါတယ်။"

သခင်မကြီးလျူက နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။

"တကယ်တော့ သမီးက ဒီလို ရိုးသားဖြူစင်နေစရာမလိုပါဘူး။ညနက်သန်းခေါင်မှာ၊ ခန်းမထဲမှာ ဒူးထောက်တယ်။ တရားမျှတမှုဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ရှိပါတယ်။ နှလုံးသားဟာ ဖြူစင်နေမယ်၊ စိတ်ရင်းမှန်ဖြစ်မယ်ဆိုရင်တော့၊ မြတ်စွာဘုရားက သိပါ လိမ့်မယ်။ သူမက သူမရဲ့ အစေခံမိန်းကလေးကို ခေါ်လိုက်တယ်။

"ယူရှန်း၊ သူမအနားမှာ ရက်အနည်းငယ်လောက်နေပြီးတော့ ဒုတိယ သခင်မလေးကျန်းကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ၊

ဒုတိယသခင်မလေးကျန်းမှာ အစေခံက တစ်ယောက်ပဲရှိတယ်။ အဲဒါက သူမအတံက် မလုံလောက်မှာကို စိုးရိမ်မိတယ်။"

အဲ့ဒီနောက်မှာ သူမက ကျန်းလီဘက်ကို လှည့်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။

"ဒုတိယသခင်မလေး ကျန်း မငြင်းရဘူးနော်။ သမီး အမေနဲ့ငါ

က သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာ။ ယူရှန်း ဒီကောင်မလေးက အန်တီရဲ့ ကိုယ်ပိုင် အစေခံ မိန်းကလေး တစ်ယောကပါ။ သူမက ကိုယ်ခံပညာအနည်းငယ် တတ်တယ်။ သမီး အနားမှာ သူရှိနေတာက၊ အန်တီ နည်းနည်းတော့ စိတ်ချရလိမ့်မယ်။ သမီး ယန်ကျင်းကို ပြန်လာတဲ့အချိန်ထိ ယူရှန်းကို သမီးနားမှာ ခေါ်ထားပြီးတော့ နောက်မှ အန်တီရဲ့ဘေးကို ပြန်ခွင့်ပေးလိုက်ပါ"

သူမရဲ့ အနီးကပ် အစေခံမိန်းကလေးကို ကျန်းလီဆီမှာ ငှားပေးပြီးတော့ ပြန်သွားခြင်းက၊ ကျန်းလီဟာ အရေးကြီးတဲ့ လူတစ်ယောက်လိုမျိုး သခင်မကြီးလျူက အသိအမှတ်ပြုလိုက်တာက ရှင်းလင်းသွားခဲ့တယ်။ ဒါက သိပ်မကြာတော့တဲ့ အနာဂတ်ကာလမှာ ကျန်းလီက ယန်ကျင်းမှာရှိတဲ့ ကျန်းမိသားစုဆီကို အမြန်ပြန်လာပြီးတော့ ကျန်းမိသားစုရဲ့ သခင်မလေး ဖြစ်လာတော့မယ်ဆိုတာကို ပြောနိုင်ခဲ့တယ်။

Continue Reading

You'll Also Like

223K 21.6K 146
ဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာ...
10K 388 6
This book is the Myanmar Translation of Quick transmigration Cannon Fodder counter attack REALM- 22 .
279K 30.5K 160
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
438K 47K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...