အခန်း (၆.၁)
မျောက်
အမျိုးသားကျန့်က ကျန်းလီကို ကြောင်တောင်တောင်နဲ့ ကြည့်နေခဲ့တယ်။
ဒီစကားတွေနဲ့ နွေးထွေးနူးညံ့တဲ့ အသွင်အပြင်ရှိတဲ့ သူမက လူချမ်းသာ မိသားစုရဲ့ လက်မထပ်ရသေးတဲ့ သမီးတစ်ယောက်နဲ့ တကယ်ကို ဆင်တူနေခဲ့တယ်။ ဒါပေမဲ့ ဒီသခင်မလေးက ချဲ့ကားလွန်းတယ်လို့ သူက မတွေးဘဲ မနေနိုင်ခဲ့ဘူး။
သူက သံသယဖြစ်နေပေမဲ့၊ အမျိုးသားကျန့် က တခြားနေရာတွေကို သွားဖို့ အလျင်စလို ဖြစ်နေခဲ့တယ်။ ကျန်းလီက ဟာသလုပ်နေတာ ဖြစ်ပြီး ကိတ်မုန့်အတွက် ငွေ ကုန်ခံမှာ မဟုတ်ဘူးလို့ သူက ထင်နေခဲ့တယ်။ အားလုံး ပြီးတဲ့ အချိန်မှာတော့၊ သခင်ရော၊ အစေခံရော နှစ်ယောက်စလုံးက ဒီနေရာမှာ နေထိုင်တာဖြစ်ပြီးတော့ သူတို့မှာ ငွေအများကြီးမရှိဘူးဆိုတာကို မြင်တဲ့သူအားလုံးက သိနိုင်ခဲ့တယ်။ သာမာန် လူချမ်းသာတွေက ကိတ်မုန့်ဝယ်ဖို့ ကြေးပြား လေးဆယ်ကို ထုတ်သုံးဖို့ နှစ်ခါမစဉ်းစားခဲ့ပေမဲ့ နွေးထွေးတဲ့ အဝတ်အစားတောင် မဝတ်နိုင်တဲ့ ကလေးနှစ်ယောက်အတွက်ကျ သိပ်ပြီး မသင့်လျော်ခဲ့ဘူး။
"သမီး မုန့်တွေ အများကြီးဝယ်ရင်၊ သမီး စားလို့မကုန်ခင်မှာ ပုပ်သိုးကုန်လိမ့်မယ်" အမျိုးသားကျန့်လျန်က သူမကို သတိမပေးဘဲ မနေနိုင်ခဲ့ဘူး။
ကျန်းလီက ပြောလိုက်တယ်။
"အဆင်ပြေပါတယ်။ ကျွန်မတို့ အကုန်စားနိုင်တယ်"
ပြောရန်လိုတဲ့စကားတွေကို ပြောပြီးတဲ့နောက်မှာ အမျိုးသား ကျန့်က ဘာမှ ထပ်မပြောတော့ဘူး။ ထိုကြေးပြားများက အခြားသူများရဲ့ ကြေးပြားများ ဖြစ်သွားခဲ့ပြီး၊ သူနှင့်အတူသယ်လာတဲ့ ကိတ်မုန့်အများကြီးကို ကျန်းလီက ဝယ်ယူခဲ့တယ်။ အိမ်ကို စောစောပြန်နိုင်တဲ့အတွက် သူက ပျော်ရွှင်နေခဲ့တယ်။ ဒါပေမဲ့ သူက ဘာကြောင့် စိတ်ပူနေခဲ့ရတာလဲ။
တစ်ဖက်မှာတော့၊ တုန်အာက ကျန်းလီရဲ့ စကား ကို ပဟေဠိဖြစ်နေခဲ့ပြီး၊ ကျန်းလီရဲ့ အမိန့် မနာခံတာလဲမဟုတ်ဘဲနဲ့ သူမရဲ့စိတ်ထဲမှာတော့ ပူပင်သောကများက ရှိနေခဲ့တယ်။ အပြန်လမ်းမှာတော့၊ မုန့်တွေ အပြည့်ပါတဲ့ ခြင်းတောင်းကြီးက သူတို့အနီးအနားက ဖြတ်သွားတဲ့ မီးခိုးရောင်ဝတ် သီလရှင်များကိုပါ ဆွဲဆောင်နိုင်ခဲ့တယ်။ သူတို့တွေ လုယူလာမှာကို ကြောက်ပြီးတော့ တုန်အာက ခြင်းတောင်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခဲ့တယ်။
စိုစွတ်သောအခန်းသို့ရောက်တဲ့အခါမှာ၊ တုန်အာက ခြင်းတောင်းကို စားပွဲပေါ်တင်ပြီးတဲ့နောက်မှာ တံခါးမကြီးကိုပိတ်ခဲ့တယ်။ နောက်ဆုံးတော့ တုန်အာက မထိန်းနိုင်ဘဲ မေးလိုက်တယ်။
"သခင်မလေးက ဘာကြောင့် ဒီလောက်အများကြီး ၀ယ်ခဲ့တာလဲ"
ကျန်းလီက သူမကို မကြည့်ခဲ့ဘူး။ သူမက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးတော့ ပြတင်းပေါက်မှတစ်ဆင့် တောင်ထွတ်များ တက်ဆင်းနေတဲ့ ချင်းချန်း တောင်တန်းကြီးကို မြင်နေခဲ့ရတယ်။ ဆောင်းရာသီ၏ နှင်းများက အရည်ပျော်တာ ကြာနေခဲ့ပြီး၊ မျက်စိတစ်ဆုံး ကြည့်လိုက်ရင် တောင်များကို ဖုံးအုပ်ထားတဲ့ မက်မွန်ပွင့်များက နူးညံ့သိမ်မွေ့ပြီး ပြိုင်ဘက်ကင်း အလှတစ်ခုလိုမျိုး တောင်များကို ပန်းရောင်ဆိုးထားသလိုမျိုး ဖြစ်နေခဲ့တယ်။
သူမက တုန်အာ မြင်နိုင်တဲ့ အကွာအဝေးကို လက်ညိုးထိုးပြလိုက်တယ်။
"ကြည့်စမ်း"
တုန်အာက ပြတင်းပေါက်နားကို ကပ်ကြည့်လိုက်တော့၊ အဝေးက မက်မွန်ပင်တစ်ပင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ အမြီးကောက်ကောက်နဲ့ မျောက်တစ်ကောင်ကို လက်နှစ်ဘက်မှာလည်း အသီးတွေနဲ့ ဆုပ်ကိုင်ပြီး ပျော်ရွှင်နေတာကို တွေ့လိုက်ရတယ်။
တုန်အာက ပဟေဠိဖြစ်သွားခဲ့တယ်။
"အဲဒါ မျောက်တစ်ကောင်ပဲလေ။ အဲဒီမျောက်တွေနဲ့ ဒီနေရာမှာ ဘာကို မြင်ရမှာလဲ"
ချင်းချန်တောင်တန်းကြီးပေါ်မှာ မျောက်တွေ အများကြီး ရှိခဲ့တယ်။ ပြီးတော့ သူတို့တွေက အနှောင့်အယှက်ပေးတတ်တယ်။ ဒီနေရာမှာရှိတဲ့ မျောက်တွေဟာ လူတွေနဲ့ အဆင်ပြေပါတယ်။ အထူးသဖြင့် ဟယ်လင် ဘုရားကျောင်းကို လာတဲ့လူတွေနဲ့ ပိူပြီး အဆင်ပြေတယ်။ ဘုရားဖူးလာတဲ့ လူအများစုက သစ်ပင်ပေါ်မှာ ဆော့ကစားနေတဲ့ မျောက်တွေကို တွေ့တော့ မြေပဲတွေ၊ သကြားလုံးတွေကို ပစ်ကျွေးခဲ့ကြတယ်။ ဆောင်းရာသီမှာတော့ အစာရေစာ ရှားပါးတာကြောင့်၊ မျောက်တွေက ခရီးသွားတွေ လက်ထဲက အစာတွေကို လုယူတတ်ကြတယ်။ နွေရာသီနဲ့ နွေဦးရာသီမှာတော့ မျောက်တွေအတွက် အစာရေစာမရှားပါးခဲ့ဘူး၊ ဒါကြောင့်မို့ မျောက်တွေက ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘဲ သူတို့ဘာသာ ဆော့ကစားနေခဲ့ကြတယ်။
သီလရှင်ကျောင်းဘက်ခြမ်းမှာတော့၊ အေးလဲအေးပြီး၊ အစာရေစာကလဲ မကြာခဏ ရှားပါးတဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ပျော်ရွှင်စရာတွေ မရှိတာကြောင့်၊ မျောက်တွေက မရှိသလောက် နည်းပါးခဲ့တယ်။
"နင်သွားပြီးတော့ ကိတ်မုန့်တွေ ယူလာခဲ့"
ကျန်းလီက ပြောတယ်။
ကျန်းလီရဲ့ အမိန့်အတိုင်း တုန်အာက သစ်ကြားသီးကိတ်မုန့်အနည်းငယ်ကို ယူလာခဲ့တယ်။
ကျန်းလီဟာ ကိတ်မုန့်တွေ ကို အပိုင်းသေးသေးလေးတွေအဖြစ် ချေမွလိုက်ပြီး အဝေးက သစ်ပင်ပေါ်က မျောက်တွေကို လက်ရမ်းပြလိုက်တယ်။ ဖြစ်နိုင်တာကတော့ အမျိုူသားကျန့်ရဲ့ ကိတ်မုန့်က အရမ်းချိုပြီးတော့ သစ်ကြားသီးကိတ်မုန့်ရဲ့ အနံ့ကလည်း အမြီးကောက်ကောက် မျောက်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတယ်။ မျောက်က စားချင်စိတ်နဲ ပြတင်းပေါက်ဆီကို မြန်မြန်နဲ့ သတိဝီရီယကြီးစွာ လာခဲ့ပြီးတော့ ကျန်းလီရဲ့လက်ထဲက သစ်ကြားသီးကိတ်မုန့်ကို ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ရှေ့ကိုတော့ ထပ်မတိုးလာရဲခဲ့ဘူး။
ကျန်းလီက ရှေ့တိုးလာပြီး သူမရဲ့ လက်ကို ဖြန့်လိုက်တယ်။ နောက်ဆုံးမှာတော့ မျောက်က သစ်ကြားသီးကိတ်ရဲ့ ဆွဲဆောင်မှုကို သည်းမခံနိုင်ခဲ့တော့ဘူး။ မျောက်က သူ့ခြေသည်းကို ဆန့်ထုတ်လိုက်ပြီး ကိတ်မုန့်တစ်တုံးကို ခိုးယူလိုက်တယ်။ ပြီးတော့ ကျန်းလီကို နောက်ကျောပေးပြီးတော့ ကျောက်တုံးနောက်ကို ပြေးကာ ကိတ်မုန့်ကို စားခဲ့တယ်။ မျောက်က စားပြီးသွားတော့ ၊ လက်ထဲမှာ သစ်ကြားသီးကိတ်အချို့ကို ကိုင်ထားပြီး ပြုံးနေတဲ့မျက်နှာနဲ့ ကျန်းလီကို ပြတင်းပေါက်နားမှာ ထပ်မြင်လိုက်ရတယ်။ မျောက်ရဲ့ အာရုံကြောတွေက ပိုကြီးလာပြီး၊ ကျန်းလီရဲ့လက်ထဲက ကိတ်မုန့်တစ်တုံးကို ယူဖို့ နောက်တစ်ကြိမ် ပြန်ပြေးလာခဲ့တယ်။