တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

103K 9.1K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 1

4.5K 227 3
By Swae_Nyoe

တရားဝင်သမီးလက်ထပ်ထိမ်းမြားခြင်း

အခန်း (၁)

ဖုန်းဖေး

နွေရာသီကုန်ဆုံးခါနီးတဲ့ မေလမှာတော့၊ ရာသီဥတုဟာ သည်းမခံနိုင်လောက်အောင်ကို ပူပြင်းနေခဲ့တယ်။

နေမင်းကြီးဟာလဲ ယန်ကျင်းမြို့မှာ ထွန်းလင်းတောက်ပလျက် ရှိပြီးတော့ လမ်းဘေးစျေးသည် တွေကလည်း အရိပ်ခိုကာ စျေးရောင်းနေရတယ်။ အဲလို ပူပြင်းတဲ့ ရာသီဥတုမှာ၊ မျိုးရိုးကြီး မိသားစုက သခင်လေးတွေနဲ့ သခင်မလေးတွေဟာ အပြင်ကို သွားပြီး အပူဒဏ်ကို ခံစားဖို့ မုန်းတီးကြတယ်။ ကုန်စည်ထမ်းနေကြတဲ့ အလုပ်သမားတွေကပဲ လမ်းမပေါ်မှာ သွားလာနေကြတယ်။ မြို့လယ်က ရေတွင်းထဲမှာ ရေခဲသမျှ အေးအောင် ဆန်အရက်တွေကို စိမ်ထားတယ်။ ချမ်းသာ ကြွယ်ဝသူတွေက လောင်းကစား အိမ်တော်အတွင်းမှာ လောင်းကစားလိုက် သေရည်တစ်ခွက်အတွက် ကြေးပြားငါးပြား သုံးလိုက်ဖြင့် မငြီးငွေ့နိုင်အောင် ရှိနေကြတယ်။ အဲ့ငွေက သူတို့အတွက်တော့ ဆန်တစ်အိတ်ကို ဝယ်နိုင်တယ်။ ပြီးရင် သုံးရက်လောက်အထိ စားသောက်နိုင်တဲ့ ဆန်ပြုတ် နှစ်အိုးကို ချက်နိုင်ခဲ့တယ်။

မြို့ရဲ့ အရှေ့ထောင့်မှာ အိမ်အသစ်တစ်လုံး ရှိတယ်။ အစိုးရစာမေးပွဲ အမှတ်အများဆုံးရသူဆိုတဲ့ စာတန်းတစ်ခုကို တံခါးမကြီးရဲ့ အလယ်မှာ ချိတ်ဆွဲထားခဲ့တယ်။ ဒါကတော့ ဟောင်ရှောင်တိ အင်ပါယာဆုရ ကျောင်းသားရဲ့ စံအိမ်ကနေ ပြီးတော့ ရှင်းခယ့်ကို ပေးအပ်ထားတဲ့ ပထမဆု ဖြစ်တယ်။ အစိုးရစာမေးပွဲတွေမှာ အမှတ်အများဆုံးရသူကိုသာ ဂုဏ်ကျက်သရေ တိုးတက်စေဖို့ ဆိုပြီး ကမ္ဗည်းစာတန်းကို အစိုးရက အပ်နှင်းလေ့ရှိတယ်။ အမှတ်အများဆုံး ကျောင်းသားတစ်ယောက်က အဲလို ဆုချီးမြှင့်မှုမျိုးကိုသာ ရမယ်ဆိုရင်၊ သူ့ဘိုးဘေးဘီဘင် တစ်ဆက်လုံးက သက်တောင့်သက်သာနဲ့ နေနိုင်တယ်။

အသစ်စက်စက်အိမ်တော်နဲ့ ကမ္ဗည်းစာတန်းကို အစိုးရက အပ်နှင်းခဲ့တယ်။ အိမ်တော်အတွင်းက လူတွေက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြတယ်။ အပြင်ဘက်မှာ ဆိုရင်တော့ ပူပြင်းနေပေမဲ့၊ အပူဒဏ်ကို သက်သာစေဖို့ အိမ်တော်ထဲမှာ ထားတဲ့ ရေခဲတုံးတွေကြောင့်၊ တစ်ယောက်ယောက်က ခြံဝန်းထဲကို လျှောက်လှမ်း လာလေလေ၊ ပိုအေးလာလေလေကို ခံစားလာရလိမ့်မယ်။

နံရံနဲ့ ကပ်လျက် နောက်ဆုံးအခန်းဆီမှာတော့၊ လူသုံးယောက်က တံခါးရဲ့ အပြင်ဘက်မှာ ထိုင်နေကြတယ်။ သူတို့တွေက ပန်းရောင် ဂါဝန်ပါးပါးလေးတွေကို ဝတ်ထားတဲ့ လူငယ် နှစ်ယောက်နဲ့ ဝဝကစ်ကစ်နဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတို့တွေပဲ ဖြစ်ကြတယ်။ သူတို့ရဲ့ရှေ့က ခွေးခြေခုံလေးပေါ်မှာတော့ အခွံခွာထားတဲ့ အနီရောင် အစေ့အဆံတွေရယ်၊ ဇီးသီး ဟင်းချိုအိုး တစ်လုံးရယ်က ရှိနေတယ်။ တစ်ချိန်ထဲမှာပဲ အတင်းပြောရင်း နောက်လက်တစ်ဖက်ကတော့ စားသောက်နေဆဲ ဖြစ်နေခဲ့တယ်။ မမျှော်လင့်ပဲ၊ အရှင်သခင်ရှေ့မှာ နေရတာက လွတ်လပ်နေတယ်။

ဘယ်ဘက်အစွန်ဆုံးက အစေခံက ပြတင်းပေါက်ကို တစ်ချက် ပြန်လှည့်ကြည့်ပြီး ပြောလိုက်တယ်။ "ဆေးနံ့တွေ ရနေတယ်။ မသေသွားပေမဲ့လည်း ခံစားနေရတုန်းပဲ။ ဒါတွေက ဘယ်တော့များမှ အဆုံးသတ်မှာလဲ"

"ကဲ မိန်းကလေးရယ်၊ သခင်မအကြောင်း အတင်း ပြောတာလဲပြော၊ သခင်မက နင့်အရေခွံကို လာခွာနေပြန်မယ်" သက်လတ်ပိုင်း အမျိုးသမီးက သတိပေး နှိုးဆော်လိုက်တယ်။

အစေခံမိန်းကလေးက အဲဒါကို ကန့်ကွက်လာတယ်။

"အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သခင်ကြီးက သုံးလလောက်သခင်မ ုရဲ့ ခြံဝန်းထဲကို ခြေဦးတောင် မချဘူး"

သူမက သူမရဲ့အသံကို တိုးပြီး ဆက်ပြောလိုက်တယ်။

"ဒါတွေက အပြင်မှာ ဖြစ်တဲ့ ရန်ပွဲကြောင့်လို့ ပြောကြတာပဲ။ သခင်ကြီးက သနားကြင်နာမှုရှိလို့သာပေါ့"

သူမက သူမရဲ့နှုတ်ခမ်းတွေကို သပ်ပြီး ပြောလာပြန်တယ်။

"ငါကတော့ သူမ သေသွားတာ ပိုကောင်းမယ်လို့ ထင်တယ်။ ဒီဘဝမှာတော့ သူမရဲ့ ဂုဏ်သတင်းကလဲ ပျက်စီးသွားခဲ့ပြီ။ တစ်ခြားသူတွေသာ ဆိုရရင်တော့ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး"

အခြားအစေခံက ပြောခဲ့ပြီးတဲ့အထိ သက်လတ်ပိုင်းအမျိုးသမီးက ဘာမှမပြောခဲ့ဘူး

"တကယ်တော့ သခင်မက အရမ်းသနားစရာ ကောင်းတယ်။ လှတယ်။ သင်ယူလေ့လာတာလဲ တော်ပြီးတော့ စိတ်သဘောထား ကောင်းနေပေမဲ့ ဒီလို ကြုံရမယ်လို့ ဘယ်သူက သိမှာလဲ"

သုံးယောက်လုံးက အသံတိုးတိုးနဲ့ ပြောနေပေမဲ့၊ နေ့လည်ခင်း တိတ်ဆိတ်ချိန် ဖြစ်တာရယ်၊ တစ်နေရာနဲ့တစ်နေရာ သိပ်မဝေးတာရယ်ဆိုတော့ အခန်းအတွင်းက လူက စကားလုံးတိုင်းကိုရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

ရွှီဖုန်းဖေးဟာ လဲလျောင်းနေပေမဲ့ သူ့မျက်လုံးတွေမှာလဲ မျက်ရည်တွေက ရှိနေခဲ့တယ်။ သေးသွယ်တဲ့ မျက်နှာလေးက ချောင်ကျနေပြီး အသားအရောင်တွေကလည်း ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့တယ်။ နေမကောင်းဖြစ်နေပေမဲ့၊ ပိုပြီးလဲ ချစ်စရာကောင်းလာတယ်။

သူမရဲ့မျက်နှာကတော့ အမြဲတမ်းပဲ လှပနေတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ယန်ကျင်းရဲ့ ပထမဆုံး အလှလေးဆိုတဲ့ ဘွဲ့ကို ရရှိလာမှာ မဟုတ်ပါဘူး။ သူမ လက်ထပ်ထိမ်းမြားတဲ့နေ့က၊ ပျင်းနေတဲ့ သခင်လေးတစ်ယောက်က သူမရဲ့ မင်္ဂလာလှည်းကို ဝင်တိုက်ဖို့ သူတောင်းစားကို အမိန့်ပေးခဲ့တယ်။ သူမရဲ့ ခေါင်းဆောင်းက ကျွတ်သွားခဲ့ပြီး သူမရဲ့မျက်နှာက လှပနေတော့ လမ်းဘေးဘယ်ညာ နှစ်ဖက်လုံးက လူတွေကတောင် သူ့ကို ကြည့်ခဲ့ကြတယ်။ သူမရဲ့ဖခင်က တုန်ရှန်း၊ ရှမ်းယန်ခရိုင်စုထဲက ခရိုင်ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ရွှီဟိုင်ယန်ပဲ။ အဲ့အချိန်မှာ သူက ယန်ကျင်းမြို့တော်ကို လက်ထပ်ဖို့ သူ့သမီးကို မပို့ဆောင်ခင်မှာ စိုးရိမ်စိတ်ဝင်လာခဲ့တယ်။ "သမီး၊ သမီးရဲ့ လှပတဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့၊ ရှန်းယွီရုန်က သမီးကို တစ်ချိန်လုံး မကာကွယ်နိုင်တော့မှာကို အဖေ စိုးရိမ်နေမိတယ်။"

ရှန်းယွီရုန်က သူမရဲ့ ခင်ပွန်း ဖြစ်တယ်။

ရှန်းယွီရုန်က အစိုးရစာမေးပွဲမှာ အမှတ်အများဆုံးရသူက မဖြစ်ခင်က၊ ဆင်းရဲတဲ့ ကျောင်းသားတစ်ဦးသာ ဖြစ်ခဲ့တယ်။ သူ့မိသားစု ယန်ကျင်းမှာ နေထိုင်ပြီး အမေဘက်က အဘွားကျို့ကတော့ ရှမ်းယန်မှာ နေထိုင်တယ်။ နှစ်သစ်ကူး အပြီးမှာ အဘွားကျို့က ကွယ်လွန်သွားခဲ့တယ်။ ရှန်းယွီရုန်က ဈာပနအခမ်းအနားကို တက်ရောက်ဖို့ ရှမ်းယန်သို့ ပြန်လာခဲ့ကြတဲ့အချိန်မှာ ရွှီဖုန်းဖေးနဲ့ တစ်ယောက်နှင့်တစ်ယောက်ကို သိကျွမ်းသွားခဲ့ကြတယ်။

တုန်ရှန်းက ရှမ်းယန်ခရိုင်စုမှာရှိတဲ့ ကျေးလက်ငယ်တစ်ခုပါ။ ရွှီဟိုင်ယန်ကလဲ အရာရှိငယ်တစ်ဦးသာ ဖြစ်ခဲ့တယ်။ ရွှီဖုန်းဖေးရဲ့ မိခင်ဟာ ဖုန်းဖေးရဲ့ မောင်လေး၊ ရွှီကျောက်ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ အမျိုးသမီးစု သေဆုံးပြီးသွားတဲ့ နောက်မှာတော့၊ ရွှီဟိုင်ယန်ကလဲ အိမ်ထောင်မပြုတော့ဘဲ နေထိုင်လာခဲ့ပြီး၊ ဖုန်းဖေးရယ်၊ သူ့မောင်လေးရယ်၊ သူ့အဖေရယ်နဲ့ပဲ တစ်ယောက်အပေါ် တစ်ယောက်မှီခိုရင်း မိသားစုဘဝကို ရိုးရှင်းစွာ ဖြတ်ကျော်ခဲ့ကြတယ်။

ရွှီဖုန်းဖေးကလဲ လက်ထပ်ရမဲ့ အရွယ်ကို ရောက်ရှိလာခဲ့တယ်။ သူမက အတော် လှပတော့၊ တော်ဝင်မိသားစုနဲ့ ချမ်းသာတဲ့မိသားစုက သခင်လေးတွေက သူမနဲ့ စေ့စပ်ဖို့ ရောက်ရှိလာခဲ့ကြတယ်။ ရွှီဟိုင်ယန်ရဲ့ အထက်လူကြီးကတောင်မှ သူရဲ့ဒုတိယဇနီးလုပ်ပေးဖို့ ဖုန်းဖေးကို ကမ်းလှမ်းခဲ့တယ်။ ရွှီဟိုင်ယန်ကတော့ သဘာဝအတိုင်း ငြင်းဆန်ခဲ့တယ်။ ပြီးတော့ သူမ ကလေးဘဝကတည်းက သူ့အမေကို ဆုံးရှုံးခဲ့ရတော့၊ ရွှီဟိုင်ယန်က သူ့သမီးကို အရမ်းချစ်တယ်။ ရွှီဖုန်းဖေးက အလွန် ထက်မြက်ပြီး လိမ္မာတယ်။ ရွှီဟိုင်ယန်ကလဲ ဖုန်းဖေး စားဖို့၊ သောက်ဖို့ကို ဘယ်သောအခါမှ မပြတ်လတ်စေခဲ့ဘူးဘူး။ ဒါကြောင့်ပဲ ရွှီမိသားစုက အရာရှိငယ်တစ်ဦးသာ ဖြစ်နေပေမဲ့ ဖုန်းဖေးကတော့ ဂုဏ်သရေရှိ မိန်းကလေးများထက်ကို ပိုပြီး အဆင့်အတန်း မြင့်မားနေတယ်။

ဒါကြောင့် ရွှီဟိုင်ယန်က သူ့လက်ဖဝါးပေါ်မှာ ကြီးပြင်းလာသော သမီးလေးကို အိမ်ထောင်ရက်သား ချပေးဖို့ကို စိုးရိမ်နေခဲ့တယ်။ အဆင့်အတန်းမြင့်တဲ့ အိမ်တော်မှာက လှပတဲ့အဝတ်အစားတွေနဲ့ စားကောင်းသောက်ဖွယ်တွေ ရှိနေပေမဲ့လည်း၊ စိတ်မကောင်းစွာနဲ့ ရွှီဖုန်းဖေးကတော့ ရှန်းယွီရုန်ကိုသာ စိတ်ဝင်စားခဲ့တယ်။

ရှန်းယွီရုန်က စိတ်သဘောထားဖြူစင်ပြီး အရည်အချင်း ရှိတဲ့သူဆိုပေမဲ့ အရည်အချင်း တစ်ခုနဲ့ မရပ်တည်နိုင်ခင် အထိတော့ ပြဿနာ တစ်ခုလို ဖြစ်နေတယ်။ ဘာဖြစ်ဖြစ် ရွှီဖုန်းဖေးက ရှန်းယွီရုန်နဲ့ ယန်ကျင်းမှာ လက်ထပ်ရတော့မယ်။ နောက်တစ်ခုအနေနဲ့ဆိုရင် ရွှီဖုန်းဖေးက အလွန်လှနေဆဲပါပဲ။ တုန်ရှန်းမှာက ရွှီဟိုင်ယန်က သူမကို စောင့်ရှောက် ပေးနိုင်သေးတယ်။ ယန်ကျင်းမှာက တော်ဝင်မျိူးနွယ်တွေနဲ့ သူရဲ့ သားသမီး၊ မြေး၊ မြစ်များစွာ ရှိနေတော့ ပြဿနာဖြစ်လာရင် ရှန်းယွီရုန်က သူမကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ရွှီဖုန်းဖေးက ရှန်းယွီရုန်ကို သူမ သဘောကျရုံနဲ့ပဲ လက်ထပ်ခဲ့တယ်။

ရှန်းယွီရုန်နဲ့ လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာခဲ့ပေမဲ့ သူ့ယောကျ်ားဘက်ကအမေက ဆိုးဆိုးရွားရွားတွေကို ပြုမူပြီး၊ နစ်နာခဲ့ရတာတွေ အများကြီး ရှိနေပေမဲ့၊ ရှန်းယွီရုန်က သူမကို တတ်နိုင်သမျှ သနားကြင်နာပြီး စာနာပေးတာကြောင့် အဲဒီမကျေနပ်တာတွေအားလုံးဟာ ပျောက်ဆုံးသွားခဲ့ရ တယ်။

လွန်ခဲ့တဲ့နှစ်နွေဦးရာသီက၊ ရှန်းယွီရုန်က အစိုးရဝင်ခွင့် စာမေးပွဲတွေအားလုံးကို အမှတ်အများဆုံးနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တယ်။ ဧကရာဇ်က အိမ်တော်တစ်လုံးနဲ့ ကမ္ဗည်းပြားတစ်ခုကို ချီးမြှင့်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ရှန်းယွီရုန်ကို ဘာသာရေးဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်ခဲ့တယ်။ စက်တင်ဘာလမှာတော့ အမေရှန်းရဲ့ မွေးနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်၊ ဖုန်းဖေးမှာ ကိုယ်ဝန်ရှိလာခဲ့ပြီး ပျော်ရွှင်မှုတွေက နှစ်ဆ ရောက်ရှိလာခဲတယ်။ ရှန်းကျားယန်က ဧည့်သည်တော်တွေနဲ့ ဖိတ်ကြားထားသော တော်ဝင်မျိုးနွယ်တွေကိုပါ ဖိတ်ကြားခဲ့တယ်။

အဲ့ဒီနေ့ဟာ ရွှီဖုန်းဖေးရဲ့ အိပ်မက်ဆိုး ဖြစ်လာခဲ့တယ်။

အမှန်တကယ်ကတော့၊ သူမဟာ ဘာတွေ ဖြစ်ပျက်သွားခဲ့မှန်းကို မသိခဲ့ဘူး။ စားပွဲပေါ်မှာရှိတဲ့ ဇီးသီးဝိုင်အနည်းငယ်ကို သောက်လိုက်ပြီးတဲ့အခါမှာ သူမက အိပ်ငိုက်လာခဲ့တယ်။ အိမ်ဖော်က သူမကိုတွေ့တော့ အနားယူနိုင်ဖို့ သူမရဲ့အခန်းထဲကို ပြန်ခေါ်လာပေးခဲ့တယ်။ အော်သံတွေကြောင့် သူမဟာ နိုးထလာခဲ့ပြီးနောက်မှာတော့၊ သူမရဲ့ အခန်းထဲမှာ လူတွေ အများကြီးကို တွေ့လိုက်ရတယ်။ သူမ မသိတဲ့ သူစိမ်းအမျိုးသားတစ်ဦးနဲ့ သူမပုံစံဟာ ဖရိုဖရဲလို ဖြစ်နေခဲ့ပြီးတော့ သူမယောကျ်ားရဲ့မိခင်နဲ့ အမျိုးသမီးငယ်များစွာဟာ တံခါးဝမှာ သူမအား ရွံရှာစရာ၊ စက်ဆုပ်စရာ တစ်ခုလို ကြည့်နေခဲ့ကြတယ်။

သူမဟာ အရှက်ရသွားခဲ့ပြီး မျက်နှာမပြနိုင်အောင် ဖြစ်သွားခဲ့တယ်။ သူမက ဒီကိစ္စကို ရှင်းပြနေပေမဲ့ အကျိုးမရှိခဲ့ဘူး။ အရာရှိတစ်ယောက်ရဲ့ ဇနီးက အခုလို ပုံစံမျိုးနဲ့ ဧည့်သည်တွေ အများကြီးရှေ့မှာ အရှက်ကွဲခဲ့ရတယ်။ ဒီသတင်းဟာ အပြင်ဘက်ကို ပျံ့နှံ့သွားခဲ့တယ်။

သူမကို နောက် အိမ်တော်အပြင်ဘက်သို့ မောင်းထုတ်သင့်ပေမဲ့၊ ရှန်းယွီရုန်က အဲလို မလုပ်ခဲ့ဘူး။ ရွှီဖုန်းဖေးဟာ ကိုယ်ဝန်ပျက်ကျမှာကို စိုးရိမ်တာကြောင့် အိပ်ရာထဲမှာ လဲလျောင်းနေတဲ့အချိန်မှာ၊ ရွှီကျောက်ဟာ ဒီအဖြစ်အပျက်ကို ကြားတော့ ယန်ကျင်းကို အပြေးအလွှား လာခဲ့ပြီး သူက ရှန်းခရိုင်စုကို မရောက်ခင်မှာပဲ ညဘက်မှာ ဓားပြတွေနဲ့ တွေ့ကာ အသတ်ခံရပြီး မြစ်ထဲမှာ အလောင်းကောင်အဖြစ်နဲ့ သေဆုံးသွားခဲ့ရတယ်။

ဒီသတင်းဆိုးတွေကို သူမ ကြားတဲ့အခါမှာတော့၊ သူမက တုန်ရှန်းကို သတင်း ပြန်မပို့ရဲတော့ဘူး။ သူမဟာ ရွှီကျောက်ကို မတွေနိုင်တော့ပေမဲ့၊ သူ့အတွက် စျာပနအခမ်းအနားကို ပြုလုပ်ပေးခဲ့တယ်။ သိပ်မကြာခင်မှာ သူမက နေမကောင်းဖြစ်ခဲ့တာ သုံးလတောင် ကြာခဲ့တယ်။ သုံးလအတွင်း ရှန်းယွီရုန်က သူမကို လာပြီး မတွေ့ဆုံခဲ့ဘူးဘူး။

သူမဟာ ဖျားနေတဲ့ ကုတင်ပေါ်မှာပဲ လေးလေးနက်နက် တွေးနေခဲ့တယ်။ ရှန်းယွီရုန်က သူမကို အထင်လွဲသွားခဲ့တာလား၊ ဒါမှမဟုတ်ရင် သူမကို တမင်တကာ အသည်းမာစွာနဲ့ဆက်ဆံခဲ့သလား။ အချိန်ကြာကြာ သူမက တွေးတောနေခဲ့ပြီး၊ အစေခံတွေရဲ့ နှုတ်က ခါးသီးတဲ့ စကားတွေထဲက တချို့အရာတွေကို တွေးကြည့် မိလိုက်တဲ့အခါမှာတော့၊ အမှန်တရားကို ဘယ်တော့မှ ဖော်ပြခွင့်ရတော့မှာမဟုတ်ပါဘူး။

ရွှီဖုန်းဖေးဟာ လဲလျောင်းနေရာကနေ ထထိုင်ဖို့ ကြိုးစားလိုက်တယ်။ ကုတင်နံဘေးမှာတော့ ခါးသက် တဲ့ အနံ့တွေ ထွက်ပေါ်နေခဲ့ပြီး အေးစက်စက်ဖြစ်နေခဲ့တဲ့ ဆေးပန်ကန်လုံး ရှိနေခဲ့တယ်။ သူမဟာ ဆေးပန်းကန်လုံးကို ယူလိုက်ပြီး ခန္ဓာကိုယ်ကို ဆန့်ကာ ချယ်ရီပန်းအိုးထဲကို ဆေးပန်းကန်လုံးထဲက ဆေးတွေ လောင်းထည့်လိုက်တယ်။

ရုတ်တရက် တံခါး တွန်းဖွင့်ခြင်းခံလိုက်ရတဲ့ အသံကို ကြားလိုက်ရတယ်။

ရွှီဖုန်းဖေးက သူမရဲ့ခေါင်းကို မော့လိုက်တော့ ဂါဝန်အနားစလေးတွေကို မြင်လိုက်ရတယ်။

မိန်းမပျိုက အဆင့်အတန်းမြင့်မြင့် ၀တ်ဆင်ထားပြီး သူမရဲ့ မျက်ခုံးကို အနည်းငယ် ပင့်တင်လို့ ဂုဏ်ယူနေဟန် ပေါ်တယ်။ ရွှီဖုန်းဖေးရဲ့ လက်ထဲက ဆေးပန်းကန်လုံးပေါ် မျက်လုံးတွေ ကျလာပြီး အံ့အားသင့်တဲ့ အမူအရာတွေက သူမရဲ့မျက်နှာပေါ်မှာ ပေါ်လာခဲ့ပြီးတော့ ပြုံးကာ ပြောလိုက်တယ်။ "ဒီလိုလား"

ရွှီဖုန်းဖေးက ဆေးပန်းကန်လုံးကို ချလိုက်ပြီးတော့ အခန်းထဲကို ဝင်လာတဲ့ လူကို ကြည့်လိုက်တယ်။ သန်မာတဲ့ အိမ်အကူ နှစ်ယောက်က နောက်ကလိုက်လာပြီး တံခါးကို ပိတ်လိုက်တယ်။ အပြင်မှာ အတင်းပြောနေကြတဲ့ အိမ်ဖော်တွေက ဘယ်အချိန်က ပျောက်ကွယ်သွားမှန်းတောင် မသိလိုက်ရဘူး။ လေထဲက ပုစဉ်းရင်ကွဲတွေရဲ့ အသံကလွဲပြီး ကျန်တာ ဘာကိုမှ မကြားနိုင်ခဲ့ဘူး။

ရွှီဖုန်းဖေးက ဂါရဝပြုလိုက်တယ်။ "ယုံနင်းမင်းသမီး"

ယုံနင်းမင်းသမီးက ပြုံးပြလိုက်တယ်။ သူမက ပြုံးလိုက်ပြီး သူမ၏ဆံထိုး ပေါ်မှာရှိတဲ့ လက်မအရွယ် တောင်ပင်လယ်က ပုလဲကလည်း လှုပ်ရမ်းနေတယ်။ အဲဒါရဲ့ တောက်ပြောင်မှုက လူတွေရဲ့ မျက်လုံးတွေကို ကျိန်းသွားစေခဲ့တယ်။ ။

တောင်တရုတ်ပင်လယ်ရှိ ပုလဲက မြေဧကကောင်း ၁၀ဝဝဝ နဲ့ ညီမျှတယ်။ အင်ပါယာမင်းဆက်ရဲ့ ဆွေတော်၊ မျိုးတော်တွေက အကောင်းဆုံးအရာတွေကိုသာ အမြဲသုံးစွဲကြတယ်။ သူတို့က လူတွေ ဆင်းရဲဒုက္ခတွေကို မစားသောက်ကြဘူး၊ အခြားသူတွေက သူတို့ဘဝတစ်လျှောက်လုံး စိတ်တောင်မကူးရဲတဲ့ အရာများ၊ ဆွေတော်မျိုးတော်တွေဆီမှာ ရှိနေပေမဲ့ အခြားသူများ၏ ဥစ္စာကို ယူသွားပြိး ခိုးယူလုယက်ထားခြင်းသာ ဖြစ်တယ်။

"မင်း လုံးဝ အံ့သြမသွားဘူးပဲ" ယုံနင်းမင်းသမီးက ထုတ်ပြောလိုက်တယ်။ "စာသင်သားရှန်းက ပြောပြထားပြီးပြီးလား"

စာသင်သားရှန်းလို့ သူမ က တရင်းတနှီး ခေါ်တယ်။ ရွှီဖုန်းဖေးရဲ့လည်ချောင်းက ချိုမြိန်လာပြီး သူမက အဲဒါကို မထိန်းနိုင်တော့ဘူး။ တစ်ခဏလောက်ကြာပြီးတော့၊ သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ "ကျွန်တော်မျိုးမက သူ လူကိုယ်တိုင် လာပြောမှာကို စောင့်ဆိုင်းနေတာပါ "

ရွှီဖုန်းဖေးက လုံးဝ မိုက်မဲနေတာ မဟုတ်ဘူး၊ ရွှီဟိုင်ယန်က သူမကို အလွန် ထက်ထက်မြက်မြက် ဖြစ်အောင် သင်ကြားပေးထားခဲ့ဖူးတယ်။ သူမဟာ နေမကောင်း ဖြစ်ပြီး၊ အိမ်တော်မှာ ထိန်းသိမ်းခံနေရကာ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခဲ့နေရပေမဲ့၊ ရွှီကျောက် သေဆုံးရသည့် အကြောင်းအရင်း အပါအဝင် အပြန်အလှန် အဆက်သွယ်တွေ ရှိခဲ့ပြီး၊ အဲဒါက မှားနေတယ်။ဆိုတာကိုပါ သိရှိခဲ့ရတယ်။

သူမက သူမအစေခံရဲ့ နှုတ်ထွက်စကားတွေအရ ဘာတွေက ဖြစ်ပျက်နေတာလဲဆိုတာကိုတော့ သူမ သိခဲ့ပါတယ်။

ရှန်းယွီရုန်က ငယ်ငယ်ရွယ်ရွယ်နဲ့ အစိုးရအရာရှိ ဖြစ်လာပြီး အောင်မြင်လာခဲ့တယ်။ ရွှီဖုန်းဖေးက အဘက်ဘက်က ပြည့်စုံနေပေမဲ့၊ ခရိုင်တရားသူကြီး၏ သမီးသာ ဖြစ်တယ်။ ရှန်းယွီရုန်က ယုံနင်းမင်းသမီးရဲ့ အာရုံစိုက်မှုကို ရခဲ့တယ်။ ချန်ကျန်းမှာ သူတို့က တိတ်တဆိတ် နေခဲ့တာများ ဖြစ်နိုင်မလား၊ တိုတိုပြောရမယ်ဆို ဟွာမင်းသမီးရဲ့ ရွှေလက်တွဲနိုင်မဲ့အခွင့်အရေးမှာ ရွှီဖုန်းဖေးက အနှောင့်အယှက်တစ်ခုလို ဖြစ်နေခဲ့တယ်။

ရွှီဖုန်းဖေးက မတော်တဆဖြစ်ခဲ့တဲ့နေ့ကို သတိရသွားခဲ့တယ်။ အမေရှန်းက ဧည့်ခံပွဲလုပ်တဲ့နေ့မှာ ယုံနင်းမင်းသမီးကလည်း လူအုပ်ထဲမှာ ရှိနေခဲ့တယ်။ သူမက မှတ်မိသွားတော့၊ ယုံနင်းမင်းသမီးရဲ့ နှုတ်ခမ်းပေါ်က ဘဝင်ခိုက်နေတဲ့ သော အပြုံးတစ်ခုကိုပင် မှတ်မိသွားခဲ့တယ်။

အမှန်တရားက ရှင်းလင်းသွားပြီ။

"စာသင်သားရှန်းက စိတ်ပျော့တယ်။" ယုံနင်းမင်သမီးက ကုလားထိုင်ပေါ်မှာထိုင်ပြီး သူမကို ကြည့်လိုက်တယ်။ "ဒီမင်းသမီးက ရက်စက်တဲ့လူတော့ မဟုတ်ပါဘူး။ အစကအတိုင်း ကောင်းကောင်းမွန်မွန်နေဖို့ စိတ်ကူးမရှိတဲ့ မင်းကို ငါက ဖြည့်ဆည်းပေးချင်လာတယ်။"

သူမက စားပွဲပေါ်က ဆေးပန်ကန်လုံးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ "ဘာလို့ ဒီလိုလုပ်နေတာလဲ"

ရွှီဖုန်းဖေးကတော့ ဟန်ဆောင်ပြီးတော့ကို မပြုံးနိုင်တော့ဘူး ဒါပေမဲ့ ခါးခါးသီးသီး ရယ်လိုက်တယ်။

နေ့တိုင်း ဆေးတစ်ခွက်နဲ့၊ တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို သူမက သတိပြုမိပြီး ဆေးအားလုံးကို ပန်းအိုးထဲ လောင်းထည့်ခဲ့လိုက်တယ်။ သူတို့အကုန်လုံးက သူမကို နေမကောင်း ဖြစ်စေပြီးတော့ ယုံနင်းမင်းသမီးနဲ့ လက်ထပ်ခွင့်ပြုလိုက်တာ ယုတ္တိရှိတယ်။ ဆိုပြီးတော့ သူမကို ငြင်းဆန်ခဲ့တယ်။ ရွှီဟိုင်ယန်က သူမကို ငယ်ငယ်ကတည်းက နောက်ဆုံးအချိန် မတိုင်ခင်မှာ ကိုယ့်ကိုယ်ကို မသတ်သေရဘူးဆိုပြီး ပြောဖူးတယ်။ အဲဒါပြီးရင် ဘာအကြောင်းကြောင့်လဲ။ ဒီအိမ်ထောင်ရေး ဖောက်ပြန်သူ နှစ်ယောက်က သူမကို ဘာကြောင့် ကြံစည်ခဲ့ကြတာလဲ၊ ဒါပေမဲ့ သူမကို သေပါဆိုပြီး အစပြု တောင်းဆိုနေတာလား။ သူမက ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။

ရွှီဖုန်းဖေးရဲ့ အသံက လှောင်ပြောင်သံတွေ ပါနေပြီး ပြောလိုက်တယ်။ "အိမ်ထောင်ရေးကို ဖမ်းယူဖို့၊ မူရင်းစုံတွဲကို သတ်၊ ဇနီးကို သတ်တဲ့လား၊ မင်းသမီး ရည်ရွယ်ချက်ကောင်းတွေနဲ့ပါပဲ ဖန်ဖေး သင်ယူလိုက်ရပါတယ်။"

ယုံနင်းမင်းသမီးရဲ့ ဒေါသက တစ်ခဏတာလောက် ပေါက်ကွဲလာပေမဲ့၊ ခဏအကြာမှာ သူမက ငြိမ်သက်သွားခဲ့ပြီး၊ မတ်တပ်ရပ်ကာ စားပွဲဆီသို့ လျှောက်လှမ်းသွားပြီး ညိုးနွမ်းသွားတဲ့ ချယ်ရီပန်းရှိတဲ့ အိုးကို ကောက်ယူလိုက်တယ်။ ချယ်ရီပန်းပန်းအိုးက လက်ဖဝါးလောက်သာ ကြီးမားပြီး အဖြူရောင် ကြွေများကို နူးညံ့ပြီး၊ ချစ်စရာပုံ ဖြစ်အောင် ရေးထွင်းထားတယ်။

ယုံနင်းမင်းသမီးက ပန်းအိုးများနဲ့ ကစားကာ၊ သူမကို ပြုံးပြီးပြောလိုက်တယ်။ "မင်း သိလား၊ မင်းမောင်လေး ဘယ်လိုသေသွားတာလဲ ဆိုတာ"

ရွှီဖုန်းဖေးရဲ့ ကျောက တစ်ခဏလောက် တောင့်တင်းသွားခဲ့တယ်။

"မင်းရဲ့မောင်လေးက လူသိမများပေမဲ့ တော်တော်ငယ်သေးတာပဲ" ယုံနင်းမင်းသမီးက သူမရဲ့ အမူအရာတွေကို ချီးကျူးနေခဲ့တယ်။

"ဒါတွေက မမှန်ကန်ဘူးဆိုပေမဲ့ သူက သက်သေအချို့ကို တကယ် ရှာတွေ့လာပြီး နန်းတော်ကို ထိခိုက်စေတဲ့ သူ့ကို တရားစွဲမယ်လို့ ပြောတယ်။ "

ယုံနင်းမင်းသမီးက ထိတ်လန့်နေတဲ့ သူ့ရင်ဘတ်ကို အနည်းငယ် ပွတ်သပ်ပေးရင်း ဆက်ပြောလိုက်တယ်။

"သူက ထက်မြက်တယ်။ အစိုးရကို ညတွင်းချင်း တွေ့နိုင်ခဲ့တယ်။ ဒါပေမဲ့ အစိုးရက ငါနဲ့ ဆက်ဆံရေး ကောင်းတယ်။ဆိုတာကို သူ မသိခဲ့ဘူး။ ဒီကိစ္စကို မင်း နည်းနည်းတော့ ပြောပြလိုက်ရမှာ.."

ယုံနင်းမင်းသမီး က သူ့လက်တွေကို ဖြန့်ပြီး နောင်တရစွာနဲ့ ပြောလိုပ်တယ်။

"သနားစရာ ကောင်းလိုက်တာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီနန်းတော်က စစ်ရေးဗျူဟာကို မြင်ရတာတော့ မဆိုးပါဘူး၊ မဟုတ်ရင် သူ့ဇနီးရဲ့ဘဝကို ခိုးယူလိုက်ဖို့ဆိုတာက ဖြစ်လာမှာမဟုတ်ဘူး"

ရွှီဖုန်းဖေးက အံကြိတ်ရလွန်းလို့ သူ့သွားတွေ ကျိုးလုမတတ်ဖြစ်သွားခဲ့တယ်။

ရွှီကျောက် သေဆုံးမှုက တခြားကိစ္စတစ်ခုကြောင့် ဆိုတာကို သူမက အချိန်အကြာကြီး သံသယ ဖြစ်ခဲ့ရတယ်။ ရွှီကျောက်က တုန်ရှန်းမှာ ကိုယ်ခံပညာ လေ့ကျင့်ရန် သိုင်းပညာဆရာနောက်ကို လိုက်ခဲ့တယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လဲတော်တာကို၊ ဓားပြလက်ထဲ ဘယ်လို သေသွားခဲ့ရတာလဲ။ ဒါပေမဲ့လဲ အမှန်တရားက အခုလိုမျိုး ဖြစ်နေမယ်ဆိုတာကိုတော့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ့မောင်ရဲ့ မတရားမှုကို ပေါ်ထွက်လာဖို့ မျှော်လင့်ရင်း၊ ယုံနင်းမင်းသမီနဲ့ ရှန်းယွီရုန်တို့ရဲ့ ယုတ်မာမှုကို တွေ့လိုက်ရတယ်။ သူက ဒါတွေကို အရာရှိကို တွေ့ပြီး အရေးယူနိုင်ဖို့ အတွက်ပါ စိတ်လှုပ်ရှားနေခဲ့တယ်။ ဘယ်သူသိမှာလဲ ကာကွယ်ပေးတဲ့ အရာရှိက၊ ရန်သူ ဖြစ်နေတယ်။ဆိုတာကို။

သူမက ပြောလိုက်တယ်။ "အရှက်မရှိလိုက်တာ၊ အရှက်မရှိလိုက်တာ"

ယုံနင်းမင်းသမီးက မျက်ခုံးမွှေးကို ပင့်လိုက်ပြီး လှောင်ပြောင်ပြီး ပြောလိုက်တယ်။ " မင်း ဘာအတွက် ရှင်သန်နေတာလဲ၊ မင်းအဖေရဲ့ သတင်းကို သိမှာကြောက်လို့ နေ့တိုင်း ဒီနေရာကနေ အပြင်ကို ဘယ်တော့မှ မသွားတဲ့ နင့်ကို နန်းတော်ကနေပြီး အထူးတလည်အနေနဲ့ မင်းကို လာပြောပြပေးတာပါ။ မင်းမိသားစုကို ယိုယွင်းပျက်စီး စေခဲ့တာက မင်းပဲ၊ အခုဆို မင်းအဖေလည်း သင်ခန်းစာရလောက်ပါပြီ။ မင်းမောင်ကို သတ်တာက ဓားပြတွေဆိုတာလဲ မင်းသိသွားပြီ ပြီးတော့ မင်းအဖေကလဲ ရူးသွားတယ်။ "

ရွှီဖုန်းဖေးက အံ့အားသင့်သွားပြီး အော်ပြောလိုက်တယ်။ "မဖြစ်နိုင်ဘူး"

ယုံနင်းမင်းသမီးက အော်ရယ်ကာ ပြောလိုက်တယ်။ "မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်သလားဆိုတာကို အပြင်ထွက်ပြီး အိမ်ဖော်တွေကို မေးကြည့်လို့ရတယ်။"

ရွှီဖုန်းဖေးရဲ့စိတ်တွေက ဆောက်တည်ရာမရ ဖြစ်သွားခဲ့တယ်။ ရွှီဟိုင်ယန်က ကျော်ကြားမှုနှင့် ကံကြမ္မာကို ဂရုမစိုက်တတ်တဲ့သူ တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ဘဝ တစ်လျှောက်လုံးကို တုန်ရှန်းမှာ အရာရှိတစ်ဦးအနေနဲ့ တာဝန်ထမ်းခဲ့ပြီးတော့ ဖြောင့်မတ်တည်ကြည်တဲ့ လူတစ်ဦးဖြစ်တယ်။ သူက ဒီပုံစံနဲ့ ဘယ်လိုကြောင့် သေဆုံးခဲ့ရတာလဲ။ သူ မသေဆုံးခင်မှာ သူ့ရဲ့သားသမီးတွေ သေဆုံးသွားခဲ့တာက၊ သူ့ကို ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသတွေနဲ့ သေဆုံးစေတဲ့ အကြောင်းပြချက် ဖြစ်သွားခဲ့တယ်။ ဒီသတင်းတွေကို ရွှီဟိုင်ယန်က ကြားသိပြီးတဲ့နောက်မှာ ဘယ်လို ခံစားနေရမလဲဆိုတာကို ရွှီဖုန်းဖေးဟာ တကယ်ကို မမှန်းဆနိုင်ခဲ့တော့ဘူး။

အလုပ်ကြိုးစားတဲ့သူတွေက မြှုပ်နှံခြင်းမခံရဘဲ သေဆုံးနေရချိန်မှာ၊ တစ်ခြားသူတွေကို နာကျင်စေပြီး သတ်ဖြတ်နေတဲ့သူတွေက ချမ်းသာကြွယ်ဝကြတယ်။ဆိုတာက တကယ် ဖြစ်နေခဲ့တယ်။

ယုံနင်းမင်းသမီးက အတော်ကြာအောင် စကားပြောပြီးတဲ့နောက်မှာတော့ စိတ်မရှည်နိုင်အောင် ဖြစ်လာခဲ့တယ်။ သူမက စားပွဲပေါ်မှာ ချယ်ရီပန်းပင်အိုးကို ထားလိုက်ကာ တောင့်တင်းခိုင်မာတဲ့ အစေခံနှစ်ယောက်ကို ရှေ့တိုးဖို့ အချက်ပြလိုက်တယ်။

သူမရဲ့ရည်ရွယ်ချက်ကို ရွှီဖုန်းဖေးက ရိပ်မိသွားခဲ့တဲ့အခါ၊ အော်ပြောလိုက်တယ်။ "မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ"

ဂုဏ်ယူနေပြီး ဂရုမစိုက်တဲ့ အပြုံးတွေရှိနေတဲ့ ယုံနင်းမင်းသမီးက ပြောလိုက်တယ်။

"ရွှီဖုန်းဖေး၊ နင်က မြင့်မြတ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တယ်။ နှိုင်းယှဥ်မရတဲ့ ရုပ်ရည်နဲ့ အရည်အချင်းတွေ ရှိနေပေမဲ့၊ တခြားယောကျ်ားနဲ့ တရားမဝင် ပေါင်းသင်းတဲ့ ပြစ်မှုကို မကျုးလွန်ဘဲ မနေနိုင်ခဲ့ဘူး။ လအနည်းငယ်အတွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာတွေတော့ ရှိခဲ့ပါတယ်။ စာသင်သားရှန်းက နင့်ကို အရင်ကအတိုင်း ဆက်ဆံပေးပေမဲ့၊ နင်က ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ဒါကြောင့် အခွင့်အရေး ယူပြီး စာသင်သားရှန်းက အိမ်တော်မှာ မရှိချိန်မှာ ကိုယ့်ဘာသာကိုယ် ဆွဲကြိုးချ သေလိုက်တယ်။"

အဲ့စကားတွေကို ပြောပြီးတဲ့နောက်မှာ သူမက မတ်တပ်ရပ်လိုက်တယ်။

"အဲလိုလေးဆို ဘယ်လိုလဲ။ ဒီလို နည်းမျိုးက နင့်မျက်နှာကြောင့်ဆို ရမှာမဟုတ်ဘူး"

ယုံနင်းမင်းသမီးက သူ့မျက်နှာ အနေအထားကို ပြောင်းလဲလိုက်ပြီး၊ ညာတာမှု ကင်းမဲ့စွာ ပြောလိုက်ပြန်တယ်။

"ငါ့စာသင်သားရှန်းရဲ့ ဂုဏ်သိက္ခာကြောင့်သာ မဟုတ်ရင်၊ ဒီမင်းသမီးက နင့်ကို အခုလို သက်ညှာပေးမှာ မဟုတ်ဘူး"

"နင်တို့ ဘယ်လိုတောင် လုပ်ရဲတာလဲ" ရွှီဖုန်းဖေးက ဒေါသတွေ ပေါက်ကွဲလာကာ အော်ဟစ်လိုက်တယ်။ ရွှီဖုန်းဖေးရဲ့ လှုပ်ရှားမှုတွေကို တွေ့တဲ့အချိန်မှာတော့၊ အစေခံတွေက သူမကို လာဖမ်းချုပ်ထားခဲ့တယ်။

"ဒီမင်းသမီးက စာသင်သားရှန်းနဲ့ မေတ္တာသက်ဝင်နေတယ်။ ဒါပေမဲ့၊ နင်က ရှိနေနှင့်ပြီးသား ဖြစ်နေတယ်။ ငါက နင့်ကိုတော့ သည်းမခံနိုင်ဘူး။ နင်က တော်ဝင်မိသားစုက ဆိုရင်တော့၊ ဒီမင်းသမီးက အများကြီး အားထုတ်နေရအုံးမှာ။ ဒါပေမဲ့၊ နင့်အဖေက ခရိုင်အရာရှိတစ်ဦးပါပဲ။ ခရိုင်တွေ၊ ကျေးရွာအစုတွေက ဘယ်လောက်အများကြီး ရှိနေတာလဲ။ နင်တို့ ရွှီမိသားစုက မြက်ပင်ထက် ဘာမှမပိုတဲ့ လူတွေပါပဲ။ နောင်ဘဝမှာ၊ နင် မမွေးလာခင်၊ ကိုယ်မွေးဖွားလာမဲ့ မိသားစုကို ဂရုတစိုက်နဲ့ စဥ်းစားရွေးချယ်တတ်ဖို့ သတိရ"

ရွှီဖုန်းဖေးက ဒီအခြေအနေကို လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ သူမက အသက်ရှင်နိုင်မဲ့ အခွင့်အရေးမှန်သမျှကို ဆုပ်ကိုင်ပြီး သေမင်းတံခါးဝကို မသွားရဖို့ရာ ရုန်းကန်နေခဲ့ရတယ်။ ဒါပေမဲ့ သူမက အာဏာနှင့် ဖိနှိပ်မှုတွေကို မတွန်းလှန်နိုင်ခဲ့ဘူး။

ပြတင်းပေါက် အပြင်ဘက်မှာ၊ ရွှီဖုန်းဖေးက ရင်းနှီးသော ပုံရိပ်ကို ဖျတ်ခနဲ မြင်လိုက်ရတယ်။

ရွှီဖုန်းဖေးက မျှော်လင့်ချက် ရောင်ခြည်တန်းလေး တစ်ဖန် မွေးဖွားလာခဲ့ပြီးတော့ အော်ပြောလိုက်တယ်။

"ရှန်းယွီရုန်၊ ရှန်းယွီရုန်၊ နင်က ငါ့ကို ဒီလိုဆက်ဆံတာကို ကောင်းကင်ဘုံက ခွင့်လွှတ်နေမှာ မဟုတ်ဘူး"

ပြတင်းပေါက် အပြင်ဘက်မှာရှိတဲ့ ပုံရိပ်ကတော့ ပုန်းဖို့ ထွက်ပြေးသွားသလိုမျိုး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

ယုံနင်းမင်းသမီးက အော်ပြောလိုက်တယ်။

"နင်တို့ ဘာကို စောင့်နေသေးတာလဲ၊ အခုလုပ်လိုက်တော့ "

အစေခံနှစ်ယောက်က ရှေ့တိုးလာပြီး နှင်းလို ဖြူဆွတ်နေတဲ့ပိုးထည်နဲ့ ရွှီဖုန်းဖေးရဲ့လည်ပင်းကို ပတ်လိုက်တယ်။ ပိုးထည်က မိန်းမလှတစ်ဦးရဲ့ အသားအရေလိုမျိုး ချောမွတ်တယ်။ မိန်းမလှလေးရဲ့ လည်ပင်းမှာပတ်တဲ့ ပိုးထည်က စုန့်ကျန်းဟယ်က အမျိုးသမီးကျောက်ရဲ့ နှစ်စဥ် နန်းတော်ဆီကို ဆက်တဲ့ ဂုဏ်ပြုလက်ဆောင် ဖြစ်တယ်။ အဲ့ပိုးထည်က ရွှေတစ်ထောင်နဲ့ ညီမျှခဲ့တယ်။ သတ်ဖြတ်သူအဖြစ် ရွေးချယ်ခံထားရတဲ့လူရဲ့ လက်နက်ကတောင်မှ အဲ့လောက် တန်ဖိုးရှိနိုင်တယ်။ဆိုတာကို ရုန်းကန်နေရင်းနဲ့ ရွှီဖုန်းဖေးက တွေးတောနေခဲ့တယ်။

ယုံနင်းမင်းသမီးက တစ်မီတာအကွာမှာ ရပ်နေကာ သေလုမြောပါးနဲ့ငါးတစ်ကောင်လို ရုန်းကန်နေရတာကို ညာတာတမှုကင်းမဲ့စွာ ကြည့်နေခဲ့တယ်။ သူမက ထေ့ငေါ့ပြီးတော့လဲ ပြောလိုက်တယ်။ "နင်က ထူးခြားတဲ့ ရုပ်ရည်နဲ့ အရည်အချင်းတွေ ရှိနေတယ်။ဆိုပေမဲ့ အဆုံးသတ်မှာတော့ အရာရှိငယ်တစ်ယောက်ရဲ့ သမီးပဲဆိုတာကို သတိရထား။ ဒီမင်းသမီးက နင့်ကို သတ်ဖြတ်ရင်တောင်မှ၊ ပုရွက်ဆိတ်ကို နင်းခြေလိုက်ရသလိုမျိုးပဲ ရိုးရှင်းပါတယ်။ "

သူမက ရုန်းကန်နေစဥ်မှာပဲ ချယ်ရီပန်း ပန်းအိုးကို တိုက်ချမိလိုက်တယ်။ အဲဒါက မြေပြင်ပေါ်ကို ကျကာ ကွဲအက်သွားခဲ့ပြီး ခါးသက်တဲ့ ရနံ့တွေက ထွက်လာခဲ့တယ်။ ပန်းအိုးထဲကနေ ထွက်လာတဲ့ ညှိုးနွမ်းနေတဲ့ အကိုင်းအခက်တွေက ရှင်သန်ဖို့ရာ ခက်ခဲနေတဲ့ အလှလေးကို ပြသနေသလိုမျိုး ဖြစ်နေခဲ့တယ်။

ဧပြီလမှာ၊ ဖုန်းဖေးရဲ့ဘဝက အဆုံးသတ်ကို ရောက်ရှိသွားခဲ့တယ်။

Continue Reading

You'll Also Like

20K 1.8K 28
ယုမန်မန်သည် ဥက္ကဌရဲ့ ထွက်ပြေးသွားသောသတို့သမီးဝတ္ထုထဲက " ဘန်းကိတ် ၊ မီးဖိုထဲက ဘန်းကိတ် " အဖြစ်သို့ ကူးပြောင်းလာခဲ့တယ်။ သူ့(မ)အမေက သန်မာပြီး သိမ်...
403K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
523K 76.6K 160
Disclaimer : I'm not own this novel. I'm just translate to MM langauge Eng Title- I become a burdensome child after transmigrating Author(s)- Biting...
61.6K 6.5K 92
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...