ဂျီမင်ထွက်သွားတော့ ဂျီမင်ရဲ့နောက်ကျောပြီး လီယွန်းဝူသည် တဆုံးကြည့်နေရင်းနဲ့မှ ဂျီမင်ထိုင်ခဲ့တဲ့နေရာကို ၀င်ထိုင်လိုက်သည် ။ ပြီးတော့ ခွက်အသစ်ကိုယူကာ အရက်ကိုငှဲ့လိုက်ပြီး
" ဒူနာ ..."
" ဟင့် .."
ဟန်ဆိုဟီးသည်လည်း ဂျီမင်ထွက်သွားတော့ အဆင်ပြေလားဆိုပြီး ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေလေသည် ။ ဘေးနားကို အလိုက်သင့်ပြောနေရတာလည်း ဟယ်ဆောင်လုပ်ငန်းရဲ့ မင်ဟိုပြောသလို အကောင်းဆုံး ဒီဇိုင်းနာဖြစ်နေလို့ပဲ ။
" ဂျီမင်ရဲ့အကြောင်းကို သိလား ?"
" ဟင့်အင်း ..ဒူနာကကိုယ့်ကိစ္စမဟုတ်တော့ မသိဘူး "
" ဟုတ်လား ?"
မယုံသလို မျက်၀န်းတွေနဲ့ သူမကိုကြည့်နေပေမဲ့လည်း သူမကတော့ ပြုံးသာပြုံးပြလိုက်သည်။ ဘာလို့အခုမှ အတင်းပြန်ကပ်ချင်နေတာလဲ ? ။ ကင်မ်ထယ်ယောင်းကို သူများထက်အရင်ပိုင်ထားခဲ့တာပဲ ။ အဲ့တုန်းကတော့ ဖောက်ပြန်ခဲ့ပြီးတော့ အခုမှ ကင်မ်ထယ်ယောင်းကို ပြန်လိုချင်နေတာတဲ့လား ? ။ အရှက်မရှိတာပဲ ။ "ကင်မ်ထယ်ယောင်းက လက်ထပ်ပြီးသွားပြီ၊ သူလက်ထပ်ထားတဲ့လူနဲ့ နင်နဲ့က တခြားစီပဲ" လို့ စိတ်ထဲကနေသာ ပြောလိုက်လေသည် ။
" ပြန်တော့မလို့လား ထယ်ယောင်း "
မင်ဟိုရဲ့အဖေနဲ့အမေကို စကားပြောပြီးတော့ ကင်မ်ထယ်ယောင်းနေရာကို ပြန်သွားမလို့လုပ်တော့ နေရာကိုကြည့်လိုက်တော့ မတွေ့ရတော့တဲ့ လူကြောင့် ခြေလှမ်းတွေကို ရပ်ပစ်လိုက်သည်။ ဒါကို ဘေးနားကယှဉ်ကာသွားနေတဲ့ မင်ဟိုက သတိထားမိပြီး
" ဘာလို့လဲ ?"
" ငါ့အိမ်ကလူကို မတွေ့လို့ "
ထိုအခါ မင်ဟိုပါ ကြည့်လိုက်သည်။ သူ့ရည်းစားနဲ့ ဘယ်အချိန်က ရောက်မှန်းမသိတဲ့ လီယွန်းဝူက ဂျီမင်ရဲ့နေရာမှာ ထိုင်နေလေသည် ။
" ဘယ်သွားပါလိမ့် .. Toilet သွားတာများလား ?"
ကင်မ်ထယ်ယောင်းရဲ့ ရှေ့ဆက်လိုက်ပြီး လီယွန်းဝူတို့ဝိုင်းဆီ ခြေလှမ်းရွေ့သွားလေသည် ။ လီယွန်းဝူကလည်း ကင်မ်ထယ်ယောင်းကို မြင်တာနဲ့
" ကိုကိုက ယွန်းဝူဖိတ်တာကျမလာဘူး "
" ဟန်ဆိုဟီး ..ဟိုတစ်ယောက်ရော "
ကင်မ်ထယ်ယောင်း ဟန်ဆိုဟီးကို ကြည့်ကာ မေးလိုက်သည်။ လီယွန်းဝူနည်းနည်းတော့ ဒေါသထွက်သွားသည်။ လစ်လျူရှုထားခြင်းကို ခံလိုက်ရတာ ။
" ကားပေါ်မှာပဲ စောင့်နေမယ်တဲ့ "
ထိုအခါ ကင်မ်ထယ်ယောင်းက လီယွန်းဝူကို ကြည့်လိုက်ပြီး
" သူတစ်ခုခုဖြစ်လို့လား ?"
လီယွန်းဝူသည် ကင်မ်ထယ်ယောင်းနဲ့အကြည့်ပြိုင်လိုက်သည်။ ဟန်ဆိုဟီးဘက်က တစ်ခုခုပြောလိုက်ရင် ကိုကိုဘာလုပ်မလဲ ? ။ တမင်တကာ လောင်းချလိုက်တယ်လို့ ပြောရမလား ...၊ လီယွန်းဝူထက် ဘာတွေသာနေလို့လဲ မေးလိုက်ရမလား ..? ။ အရင်တစ်ခါကလို ကိုကို့ရဲ့ဒယ်ဒီမောင်းထုတ်တိုင်း ထွက်သွားမှာတော့ မဟုတ်ဘူးနော် ။ ကိုကို့ကို အရယူပြီးမှ သွားမယ် ။
"မဟုတ်ပါဘူး ၊ ကားပေါ်မှာပဲ စောင့်ချင်တယ်ဆိုပြီး ထွက်သွားတာပါ "
လီယွန်းဝူကို ကြည့်နေရင်းကနေ အကြည့်လွှဲပြီး မင်ဟိုဘက်လှည့်ကာ
" သွားပြီ ..မအားရင်တော့ မလာသေးနဲ့အုံးပေါ့ ..ဘာလို့လဲမေးရအောင်လည်း မင်းကငမွဲမဟုတ်တော့ မမေးတော့ဘူး ၊ ကိစ္စကြီးတွေ အကူအညီလိုရင် ဖုန်းချက်ချင်းဆက်ပေါ့ "
" အေးပါ "
မင်ဟိုကိုရော ဟန်ဆိုဟီးကိုပါ နှုတ်ဆက်ပြီး ကင်မ်ထယ်ယောင်း ထွက်လာခဲ့တော့သည် ။ ကားဆီတောင်မရောက်သေး သူ့လက်ကို ဖမ်းဆွဲတဲ့လူကြောင့် ကင်မ်ထယ်ယောင်းတစ်ချက်ကြည့်ရင်း
" What do you want?"
လီယွန်းဝူက ကင်မ်ထယ်ယောင်းရဲ့အမေးကြောင့် ကင်မ်ထယ်ယောင်းနားနားကို ကပ်ကာ
" You.. "
ဆိုကာ နားကိုမထိမတိနမ်းလိုက်သည်။ ကင်မ်ထယ်ယောင်းသည် ခြေတစ်လှမ်းဆုတ်လိုက်သည်။ ပြီးတော့ လီယွန်းဝူရဲ့ ပုခုံးတစ်ဖက်ကို လက်တင်ပြီး အားကို လိုအပ်သည်ထက်ပိုသုံးပြီး ညှစ်လိုက်သည် ။
" အား ..."
လီယွန်းဝူသည် ကင်မ်ထယ်ယောင်းက ပုခုံးကိုညှစ်လိုက်တာကြောင့် မျက်ရည်ဝဲရသည့်အထိ နာကျင်သွားလေသည် ။
" ငါ့အဖြေကို အခုမပေးသေးဘူး ၊ ကဲ အလုပ်ကောင်းကောင်းလုပ်ကြတာပေါ့ "
လီယွန်းဝူသည် ထိုနေရာမှာပဲ ရပ်နေပြီး ကင်မ်ထယ်ယောင်းထွက်သွားတာကို ကြည့်နေမိလေသည် ။ ကြည့်နေရင်းကနေ လက်သီးကို ဆုပ်မိလိုက်သည် ။
" မနက်ကျရင် ဘယ်လိုဖြေရှင်းမလဲ ကိုကိုကြည့်ရအောင် "
တစ်ခါ ဆုံးရူံးဖူးရင် နောက်တစ်ခါတော့ ထပ်ပြီး ဆုံးရူံးမခံနိင်ဘူး ကိုကို ။ တရားနည်းလမ်းကျတာတွေ ၊ မကျတာတွေ ယွန်းဝူနားမလည်ဘူး ။ အဓိက က ကိုကို့ကို ယွန်းဝူပြန်ပိုင်ရဖို့ပဲ ။ ဒီအတွက် ဘာပဲ လုပ်ရလုပ်ရ အဆင်ပြေတယ် ။
....
ကားပေါ်က မျက်လုံးမှိတ်ကာနေပြီး သူကားထဲ၀င်တြော အရက်နံ့ကလည်း နှာခေါင်းထဲ တိုး၀င်လာတော့
" အရက်သောက်ထားတာလား ?"
" မြင်နေတာကို မသောက်ပဲနေမလား ?"
သူပြန်ဖြေတာကို ကင်မ်ထယ်ယောင်းကြားချင်မှ ကြားလိမ့်မယ် ။ သူကြားအောင်တော့ ပြောတာမျိုးလည်း မဟုတ် ။ တစ်ကိုယ်ရည် ကြားယုံသာ နှုတ်ခမ်းလှုပ်ယုံသာဖြစ်သည်။ ကင်မ်ထယ်ယောင်းကတော့ သူ့မျက်နှာနားမှာ နီးကပ်စွာ ရှိနေလေသည် ။
သူပတ်ထားတဲ့ ထိုင်ခုံခါးပတ်ကိုဆွဲဖြုတ်လိုက်ပြီး ညာဘက်လက်က သူ့လည်ပင်းကို လာကိုင်ပြီး နှုတ်ခမ်းကို စူးစူးရှရှ လာနမ်းလေသည်။ ဒီအနမ်းမိုးတွေအောက်မှာ သူရုန်းလို့ရော လွတ်နိုင်မှာတဲ့လား ? ။ ကင်မ်ထယ်ယောင်းရဲ့အနမ်းတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အားကို ဆုတ်ယူသလိုပင် ဖြစ်သည်။ ကင်မ်ထယ်ယောင်းဆီကနေရတဲ့ ရေမွှေးနံ့ ၊ အရက်နံ့ ၊ ကိုယ်သင်းရနံ့ အားလုံးက သူ့နှာခေါင်းထဲသို့ ၀င်ရောက်နေလေသည် ။ သူ့ခေါင်းကို ကိုင်ထားတဲ့ ကင်မ်ထယ်ယောင်းရဲ့လက်ကို ပြန်ကိုင်မိသည်။ ပြီးတော့ သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။
....
" ခန "
အခန်းနံရံနဲ့ ဆွဲကပ်ခံထားရယုံမက သူလက်တွေကို ဖစ်ညှစ်ထားတာကြောင့် အသံထွက်လိုက်မိတာဖြစ်သည်။ ဘာလို့ ကုတင်ပေါ်ကို မသွားပဲ အခန်းထဲ ၀င်၀င်ချင်းနေရာမှာ ဒီလို လာလုပ်နေရတာလဲ ? ။
သူ့စကားကြောင့် သူလည်ပင်းကို ဖိကပ်နမ်းနေရာကနေ ရပ်ပေးပြီး မျက်နှာချင်းဆိုင်လာကြည့်ရင်း မျက်လုံးဖြင့်သာ 'ဘာလဲ ' ဆိုပြီး မေးလေသည် ။
" လက် ..လက်နာတယ် "
တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတော့ သူ့လက်ကောက်နေရာတွေ နာလာလေသည် ။ ကင်မ်ထယ်ယောင်းပြန်တော့ မပြောပေမဲ့ လွှတ်ပေးသည်။ လက်ကို လွှတ်ပေးပြီးတော့ ခါးကို လက်နှစ်ဖက်နဲ့ လာဖက်ရင်း
" အရက်ဘယ်လောက်သောက်လာတာလဲ ?"
ခါးကို ဖက်ထားတဲ့လက်က တွန်းလိုက်တော့ ကင်မ်ထယ်ယောင်းရဲ့ ရင်ဘတ်နဲ့ သူ့ရင်ဘတ်လာကပ်လေသည် ။ သူ့လက်နစ်ဖက်က သူတို့နစ်ယောက်ကြားမှာ ခံလိုက်ပြီး
" မမူးရင်ရပြီ မလား ?"
" ကျုပ်ခွင့်မပြုရင် မသောက်ရဘူးလို့ ပြောထားတာမလား ?"
သူ့ခါးကို ဖက်ထားတဲ့ ကင်မ်ထယ်ယောင်းရဲ့လက်က ဆွဲမ,လိုက်တော့ ကြမ်းခင်းနဲ့ သူ့ခြေထောက်လွတ်သွားလေသည်။ အခန်းနံရံကနေ ကုတင်ပေါ်မှာ သူ့ကို ပစ်ချလိုက်လေသည်။ ဆိုဖာက အိစက်နေတာကြောင့် နာတော့မနာပေမဲ့ ပစ်ချလိုက်လို့ သူပြန်မထသေးခင် ကင်မ်ထယ်ယောင်းက သူ့အပေါ်လာတက်ခွလိုက်သည်။ သူ့မျက်နှာနားထိကို ကိုင်းချလာတော့ ကင်မ်ထယ်ယောင်းရဲ့ ဆွဲကြိုးက သူ့မေးရိုးကို လာရိုက်သည် ။ ကင်မ်ထယ်ယောင်းအ၀တ်အစားတွေကို ချွတ်တော့ ဂျီမင်မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။ ကင်မ်ထယ်ယောင်းက လက်ညိုးနဲ့ မျက်နှာကို ပြန်ဆွဲလှည့်ရင်း
" ကျုပ်ဘာလို့ခင်ဗျားကို ယူထားသလဲသိလား ?"
"....."
ဂျီမင်ပြန်မဖြေပါ ။ ပြန်ဖြေတော့ရော အမှန်ပြောတာမို့လား ? ။ လူကို ဒေါသစိတ်တစ်ခုအတွက် ၊ အမုန်းအတွက်နဲ့ပဲ လက်ထပ်ထားတာကို ။
" ခင်ဗျားပြောသလို မုဒိန်းကောင်ဆိုတာကို ဒေါသထွက်လို့ ခင်ဗျားကို ယူပြီး ကျုပ်လိုလူနဲ့ နှစ်ပါးသွားစေချင်တာ "
မှန်နေတာပဲလေ ၊ မူးတာကို အခွင့်ကောင်းယူခဲ့တာပဲမလား ? ။ ဒါကို သူကပဲ စိတ်ဆိုးပြီး ဒေါသထွက်ရတယ်ရှိသေး ။
" မင်းငါ့ကို မုန်းလို့ယူထားတာ ငါသိတယ် "
သူပြောတဲ့စကားကြောင့် ကင်မ်ထယ်ယောင်းသူ့ကို အကြာကြီးစိုက်ကြည့်သည် ။ ပြီးတော့ လက်မနဲ့ လက်ညိုးသုံးကာ သူ့ပါးကို လာညှစ်ရင် အပေါ်နှုတ်ခမ်း ၊ အောက်နှုတ်ခမ်းတွေကို လာကိုက်သည်။ ပြီးတော့ နားနားကိုကပ်ပြီး
" ဟုတ်တယ် "
ထိုစကားပြောပြီးနောက် သူ့လက်ကိုကိုင်ပြီး ကင်မ်ထယ်ယောင်းက ဘောင်းဘီဇစ်ကို သူ့လက်နဲ့ ဆွဲဖွင့်သည်။ ဘောင်းဘီဇစ်ကို ဆွဲချပြီးတာနဲ့ သူ့လက် Boxer ထဲကို ထည့်ပြီး
" ကင်မ်ထယ်ယောင်း.. "
သူ့လက်ကို အမွှေးအမျှင်တွေနဲ့ ထိတဲ့အချိန် ပြန်၍ ဆွဲထုတ်လိုက်သည်။ ကင်မ်ထယ်ယောင်းရဲ့ ပိုင်ဆိုင်မှုကို သူနှစ်ခါတောင် မြင်ဖူးထားသည်။ ပြီးတော့ လန့်သည် ။ ဒီလိုမျိုးတွေ သူလုပ်မပေးချင်ပါ ။ ပြီးတော့ သူ videos တစ်ချို့ကိုလည်း ကြည့်ထားဖူးသည်။ လက်ထပ်ပြီးရင် ဒီကိစ္စတွေရှိလာမယ်ဆိုတာကို သိပေမဲ့ ထူးထူးဆန်းဆန်းပုံစံမျိုးတွေထိကို ကင်မ်ထယ်ယောင်းသူ့ဆီကို အတက်လာမစမ်းဖို့လည်း မျှော်လင့်မိသည်။ ဒါပေမဲ့ ကင်မ်ထယ်ယောင်းလက်ကတော့ သူ့လက်ကို ကိုင်ထားပြီး ဘောင်းဘီအတွင်းသို့ ထပ်ဆင်းသည်။ ကင်မ်ထယ်ယောင်းရဲ့အရာက သူ့လက်နဲ့ထိလိုက်တဲ့အချိန် သူ့မျက်နှာတစ်ခုလုံးပူထွက်သွားပြီး သူ့မျက်နှာနားမှာရှိတဲ့ ကင်မ်ထယ်ယောင်းရဲ့ရင်ဘတ်နဲ့ ကပ်လိုက်သည် ။
" ဘာလဲ ရှက်လို့လား ?"
မေးရဲတယ် ။ စိတ်ပေါက်ပေါက်နဲ့သာ ပြန်ပြောလိုက်ရင်က မကောင်းရှိအုံးမယ် ။ အခုသူ့လက်တစ်ဖက်က ဘယ်သူ့ဘောင်းဘီကြားထဲမှာ ရှိနေတာမို့လဲ ? ။
" မင်းလို အရှက်မရှိတဲ့လူမှ မဟုတ်တာ "
သူ့မျက်လုံးကို လှန်ပြီးကြည့်ကာပြောလိုက်သည်။ ထိုအခါ ကင်မ်ထယ်ယောင်း လှစ်ခနဲ့ ပြုံးသည်။ ဒါက ခနလေးဆိုပေမဲ့ သူမြင်ဖြစ်အောင် မြင်လိုက်ရသည် ။ ဒင်းက ပြုံးတာတောင် ချောတယ် ။ အမြင်ကပ်စရာကောင်းသည် ။ သူ့မျက်နှာနားမှာ လက်တစ်ဖက်ကို တံတောင်ဖြင့် လာထောက်သည် ။ ကျန်လက်တစ်ဖက်က သူ့လက်ပေါ်မှာရှိပြီး သူ့လက်ကို ရှေ့တိုးနောက်ငင်လုပ်တော့ သူ့လက်ထဲကအရာကြီးက ပိုမာပြီး ထောင်မတ်သွားတယ်လို့ ထင်မိလေသည် ။ ပြီးတော့ သူ့လက်ထဲကအရာကြီးက ပိုပြီးကြီးလာသလိုပဲ ။
" Huh..."
ကင်မ်ထယ်ယောင်းဆီက အသံထွက်လာလေသည် ။ ထိုဩရှရှအသံထဲမှာမှ လိုချင်တပ်မက်မှုက ရောပါနေတာ ။ သူ့လက်ပေါ်မှာရှိတဲ့ ကင်မ်ထယ်ယောင်းရဲ့လက်က ခပ်မြန်မြန်လှုပ်ရှားလေသည် ။ ဒါကိုအချိန်တော်တော်ကြာကြာထိကို သူ့လက်ကို မလွှတ်ပေးပဲ ပြုလုပ်နေလေသည် ။
ဘောင်းဘီကြားက သူ့လက်ကိုအုပ်မိုးထားတဲ့ ကင်မ်ထယ်ယောင်းရဲ့လက်က လွှတ်လိုက်ပြီး သူ့ပါးကို လာကိုင်ပြီး နှုတ်ခမ်းနဲ့ လာဖိကပ်နမ်းသည်။ ထိုအချိန် သူအသက်ရှူဖို့တောင် မေ့သွားတဲ့အထိပင် ဖြစ်မိလေသည်။ သူလက်ထဲမှာ အရည်တစ်ချို့ပေကျံသွားတာကိုတောင် သတိမထားမိတဲ့အချိန်အထိပဲ။
" မနက်မိုးလင်းတော့မယ်ဆိုပေမဲ့ တစ်မနက်လောက်တော့ အလုပ်ပျက်ကြတာပေါ့ "
ဘောင်းဘီကြားက သူ့လက်ကို ဆွဲထုတ်လိုက်ပြီး ကင်မ်ထယ်ယောင်းပြောတာတစ်ချို့ကို သူ မကြားပေ ။ လက်တစ်ဖက်ကတော့ သူ့ပါးကို ကိုင်ထားရင်နဲ့ပဲ နှုတ်ခမ်းကို ခနခနလာနမ်းနေသလို ကျန်လက်တစ်ဖက်နဲ့ သူ့အ၀တ်အစားတွေကို ချွတ်နေလေသည် ။
" ဟေး .."
ကြောင်အမ်းအမ်းတွေ ဖြစ်နေတဲ့လူကို ပါးနှစ်ဖက်ကို ညှစ်ကာ အသံပြုလိုက်သည်။
" ဟင့် ...!!"
" သတိမေ့မသွားနဲ့ .."
" ဘာကို သတိမေ့ .."
အသိစိတ်က လူနဲ့ပြန်ကပ်တဲ့အချိန်တော့ ခန္ဓာကိုယ်မှာတော့ အ၀တ်မကပ်တော့ပေ ။ သူတင်ပဲလားမဟုတ် ၊ သူ့ဗိုက်မှာ လာထောက်နေတဲ့အရာကြောင့် သိလိုက်လေသည် ။
" ကွန်ဒုံးရော .."
" ဘာလို့သုံးရမှာလဲ ?"
" သုံးရမှာပေါ့ ..မင်းက အခြားလူတွေနဲ့လည်း အိပ်တယ် "
ကွန်ဒုံးကိစ္စကို ချက်ချင်းသတိရတာနဲ့ ချက်ချင်းပြောမိလေသည်။ ကင်မ်ထယ်ယောင်းက လက်မခံ ။ ဒီကိစ္စက သူပြောတာကို လက်ခံရမယ် ။
" ခင်ဗျားနဲ့မို့ မသုံးဘူး "
" အာ့ .."
သူ့တင်ပါးကိုလာကိုင်ပြီး တင်ပါးနှစ်ခုရဲ့ အပ်ကြောင်းကြားထဲကို လက်ချောင်းက ၀င်လာတော့ ကင်မ်ထယ်ယောင်းကို သူပြန်တောင်မပြောနိုင်ပါ။
" ထပ်ပြောရင် ချောဆီပါ မပါပဲနေမယ် "
" နာတယ် .."
သူ့ခါး ကော့တက်သွားတော့ ခန္ဓာကိုယ်က မြင့်တက်သွားလေသည်။ သူမကြိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က ဒီအထိအတွေ့ကို သဘောကျနေလေသည်။ ခန္ဓာကိုယ်က အမြဲ ဖောက်ပြန်တဲ့သဘောမှာရှိသည်။ ဘယ်ဘက်လက်မကို မျက်လုံးပေါ်အုပ်လိုက်သည်။ ခပ်ဟဟဖြစ်နေတဲ့ သူ့နှုတ်ခမ်းကိုစိုစိုစွတ်စွတ်အရာ တစ်ခု လာထိတော့ လက်မဖိုးကို အနည်းငယ်ဖယ်ပြီးကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းနှုတ်ခမ်းနဲ့အတူရောက်ရှိလာတဲ့ လျှာက လာရက်နေတာဖြစ်သည်။ သူ့လက်နှစ်ဖက်ကိုဆွဲပြီး လည်ပင်း၌ ပေးသိုင်းဖက်ကာ အနမ်းတွေကို ဆက်လေသည် ။
တင်းကျပ်လွန်းတဲ့အတွင်းသားက သူ့လက်တစ်ချောင်းကိုတောင် ဆွဲညှစ်ထားလေသည်။ ခပ်မြန်မြန်ပဲ လက်ကသွားနေသလို အနမ်းတွေလည်းအဆက်မပြတ်ပေးမိသည်။ ပြီးတော့မှ သူ့ရဲ့လက်နောက်တစ်ချောင်းကို ထပ်တိုးရင် အရှိန်ကိုမြင့်တင်လိုက်သည်။ သူ့လက်တွေ တိုး၀င်တိုင်း ဒီလူရဲ့ဖြစ်ပျက်သွားတဲ့မျက်နှာကို သူကြည့်မိသည်။ အခြားလူတွေနဲ့ ဘာများ ကွာခြားနေလဲပေါ့ ။
" Uhhmmmm..."
ထယ်ယောင်းအချိန်မဆွဲတော့ပဲ ဖြေလျော့ပြီးသား သူ့ညီလေးကို ထိပ်၀လေးဆီကို တေ့လိုက်သည်။ ထိုအခါ သူ့အောက်ကလူက သူလည်ပင်းကိုပို၍ တင်းအောင်ဖက်ထားလေသည်။
" နာတယ် ..တအားနာတယ် .."
" ညှစ်မထားနဲ့လေ ..စိတ်ကိုလျှော့ထား"
ကင်မ်ထယ်ယောင်းရဲ့လက်က ဂျီမင်ရဲ့ ရင်ဘတ်ကိုဖိပေးလိုက်သည် ။ ပြီးတော့ကင်မ်ထယ်ယောင်း ဒူးစ်ဖက်ကိုကိုင်ပြီး ခါးကို တစ်ချက်ချင်းဆီလှုပ်ရှားသည်။
ဂျီမင်တစ်ယောက် အတွင်းသားထဲကို ၀င်လိုက်၊ ထွက်လိုက် လှုပ်ရှားလာတဲ့အရာကြောင့် အတင်းစေ့ထားတဲ့နှုတ်ခမ်းတောင် ခပ်ဟဟဖြစ်လာလေသည် ။
"Ugh ...."
ကင်မ်ထယ်ယောင်းရဲ့ခါးက ခပ်မြန်မြန်လှုပ်ရှားတိုင်း သူ့ခြေထောက်နဲ့ ခါးတစ်လျှောက်ထိ တုန်ခါသွားသည်။ ထိုအခါ ကင်မ်ထယ်ယောင်းတစ်ချက်ရပ်ပေးသည် ။ သူ့တုန်ခါမှု ရပ်သွားတော့မှ ကင်မ်ထယ်ယောင်း ဆက်၍ လှုပ်ရှားသည်။ အဆိုးဆုံးက သူ့ခန္ဓာကိုယ်က အလိုက်သင့် လက်ခံနေတာကိုပဲ ။ မကြိုက်ဘူး ။ သူ့ခန္ဓာကိုယ်က ဒီလိုဖြစ်နေတာကို မကြိုက်ဘူး ။ အခု သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဆန္ဒသည် သူ့အရာရဲ့ထိပ်မှာ အားလုံးစုပုံနေပြီး ထိန်းချုပ်မနိုင်တဲ့အခါ သူ့ဗိုက်ပေါ်နှင့် ကင်မ်ထယ်ယောင်းရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းဆီကို ပေကျံသွားလေသည်။
"....."
ရှက်လွန်းလို့ သေတော့မယ် ။ ဘာတွေ ဖြစ်နေတာလဲ မသိဘူး ။ ဒီခန္ဓာကိုယ်က ဒီလိုဖြစ်နေတာလဲ သူတကယ်မုန်းတယ် ။ သူကင်မ်ထယ်ယောင်းကို မုန်းသလို သူ့ခန္ဓာကိုယ်ကတော့ အခုလို သဘောတကျနဲ့ ရှိနေရမှာ မဟုတ်ပဲ တွန်းကန်နေရမှာမလား ? ။
ကင်မ်ထယ်ယောင်းက ဘာမှတော့မပြော ။ သူ့ခါးအောက်ကို လက်ထည့်ပြီး သူ့ခန္ဓာကိုယ်ကို မျက်တောင်တစ်ချက် ခတ်အတွင်းမှာ ဆွဲမှောက်လိုက်သည်။ ခေါင်းအုံးနဲ့ မျက်နှာ ထိကပ်သွားသလို ၊ သူ့လက်နစ်ဖက်ကလည်း ခေါင်းအုံးကိုသာ ညှစ်ထားပြီး မျက်နှာကိုတော့ ခေါင်းအုံးကနေ မဖော်တော့ပေ ။
ကျောပြင်ဖွေးဖွေးလေးက ခါးသိမ်သိမ်လေးက လှရက်လွန်းသည်။ တင်ပါးလုံးလုံးလေးကို သူ့လက်နဲ့ ဆုပ်ကိုင်လိုက်သည်။ ခေါင်းအုံးနဲ့ မျက်နှာကို တစ်သားထဲဖြစ်အောင် နေနေတဲ့လူကို သူသိပေမဲ့ မပြောမိပေ ။ ကျွတ်ထွက်သွားတဲ့ သူ့အရာကို ပြန်တေ့ပြီး ခါးကို အနည်းငယ် ဆွဲမလိုက်သည် ။ ပြီးတော့ တစ်၀က်လောက်ထိသွားပြီး ခေါင်းအုံးနဲ့ ဖိကပ်နေတဲ့လူဆီကို တစ်သားထဲဖြစ်အောင် ထပ်အိပ်လိုက်ပြီး ခြေထောက်ကတော့ V ပုံစံခွဲလိုက်သည်။
" မင်း ...မင်းကိုယ်လုံးနဲ့ ငါ့ကိုဖိသတ်မလို့လား ?"
ခေါင်းအုံးနဲ့ကပ်နေတဲ့မျက်နှာက သူ့ဘက်ကိုလှည့်လာပြီး ရန်ပြန်ထောင်သည်။ အဆုံးထိ မ၀င်သေးတဲ့အရာကို လက်ဖြင့် ဖိသွင်းလိုက်သည်။
" Hmmm.."
မျက်နှာကို ခေါင်းအုံးနဲ့ ပြန်ကပ်မလိုလုပ်တဲ့လူကို လက်နဲ့ ပြန်ဆွဲလှည့်ပြီး နှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။ အောက်ဘက်ကလည်းလှုပ်ရှားနေသလို အနမ်းတွေကိုလည်း မရပ်ပစ်ခဲ့ပါ ။ ကျန်လက်တစ်ဖက်က ပုခုံးကနေ ခါးထိကို ဆင်းလိုက်၊ တက်လိုက် လုပ်မိနေလေသည်။ သူ့ရဲ့ ပထမဆုံးအကြိမ် ပြီးမြောက်မှုကို အတွင်းထဲမှာသာ ပြီးလိုက်လေသည်။ ထိုအခါ ဂျီမင်တစ်ယောက် မျက်လုံးမျက်ဆံပြူးနဲ့ ဖြစ်နေလေသည်။ဒါပေမဲ့ သူ့အရာကို ဆွဲမထုတ်ပေးပါ ။ သူတစ်ခါပဲ ပြီးရသေးတာ ။တစ်ခါလောက်ပဲ ရပ်တန့်သွားတာတော့ သူ့သမိုင်းမှာ မရှိပေ ။
ဆေးလိပ်ကို မီးညှိလိုက်သည်။ အ၀တ်အစားကို မ၀တ်သေးပဲ ပြတင်းပေါက်နားမှာ သွားထိုင်လိုက်သည်။ မနက် ၅နာရီလောက်ပဲ ရှိသေးတာမို့ ပတ်၀န်းကျင်တစ်ခုလုံးကတော့ မလင်းရှင်းသေးပါ ။ ဆေးလိပ်ကို ဖွာရင်း ပြတင်းပေါက်ရဲ့ အောက်တည့်တည့်ကို ကြည့်လိုက်သည်။ အရာအားလုံးက သူ့ဘေးကလူ အိပ်ပျော်သွားတဲ့အချိန်က စ တိတ်ဆိတ်သွားတာ ။ သူ ဒီနေရာမှာ မထိုင်ဖြစ်တော့တာ ဘယ်လောက်ကြာပြီးလဲ ? ။ စိတ်ကူးအတွေးတွေနဲ့ လွင့်မျောနေခိုက် ဖုန်းဆီကနေ မက်ဆေ့၀င်လာသံကို သူကြားရလေသည် ။ ဆေးလိပ်ကို နှုတ်ခမ်းမှာခဲပြီး ထကာ စားပွဲက ဖုန်းကို ယူကာ ကုတင်ရင်းကို မှီလိုက်ကာ ခြေထောက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ထိုင်လိုက်သည် ။
တစ်ဖက်မှာ လူးလွန်းနေတဲ့ လူကိုကြည့်ပြီး လက်တစ်ဖက်ဖြင့် ခေါင်းကိုပွတ်ပေးလိုက်သည်။ ထိုအခါ တစ်ဖက်ကလူက ငြိမ်သက်သွားသည်။ ပြီးတော့ ဖုန်းမှာ ပို့ထားတဲ့ မင်ဆေ့ကို ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လိုက်ပေမဲ့ ချက်ချင်းပင် ဖုန်းကို ပြန်တင်လိုက်သည် ။
Zawgyi
ဂ်ီမင္ထြက္သြားေတာ့ ဂ်ီမင္ရဲ႕ေနာက္ေက်ာၿပီး လီယြန္းဝူသည္ တဆုံးၾကည့္ေနရင္းနဲ႕မွ ဂ်ီမင္ထိုင္ခဲ့တဲ့ေနရာကို ၀င္ထိုင္လိုက္သည္ ။ ၿပီးေတာ့ ခြက္အသစ္ကိုယူကာ အရက္ကိုငွဲ႕လိုက္ၿပီး
" ဒူနာ ..."
" ဟင့္ .."
ဟန္ဆိုဟီးသည္လည္း ဂ်ီမင္ထြက္သြားေတာ့ အဆင္ေျပလားဆိုၿပီး ေပ်ာက္ကြယ္သြားတဲ့အထိ ၾကည့္ေနေလသည္ ။ ေဘးနားကို အလိုက္သင့္ေျပာေနရတာလည္း ဟယ္ေဆာင္လုပ္ငန္းရဲ႕ မင္ဟိုေျပာသလို အေကာင္းဆုံး ဒီဇိုင္းနာျဖစ္ေနလို႔ပဲ ။
" ဂ်ီမင္ရဲ႕အေၾကာင္းကို သိလား ?"
" ဟင့္အင္း ..ဒူနာကကိုယ့္ကိစၥမဟုတ္ေတာ့ မသိဘူး "
" ဟုတ္လား ?"
မယုံသလို မ်က္၀န္းေတြနဲ႕ သူမကိုၾကည့္ေနေပမဲ့လည္း သူမကေတာ့ ၿပဳံးသာၿပဳံးျပလိုက္သည္။ ဘာလို႔အခုမွ အတင္းျပန္ကပ္ခ်င္ေနတာလဲ ? ။ ကင္မ္ထယ္ေယာင္းကို သူမ်ားထက္အရင္ပိုင္ထားခဲ့တာပဲ ။ အဲ့တုန္းကေတာ့ ေဖာက္ျပန္ခဲ့ၿပီးေတာ့ အခုမွ ကင္မ္ထယ္ေယာင္းကို ျပန္လိုခ်င္ေနတာတဲ့လား ? ။ အရွက္မရွိတာပဲ ။ "ကင္မ္ထယ္ေယာင္းက လက္ထပ္ၿပီးသြားၿပီ၊ သူလက္ထပ္ထားတဲ့လူနဲ႕ နင္နဲ႕က တျခားစီပဲ" လို႔ စိတ္ထဲကေနသာ ေျပာလိုက္ေလသည္ ။
" ျပန္ေတာ့မလို႔လား ထယ္ေယာင္း "
မင္ဟိုရဲ႕အေဖနဲ႕အေမကို စကားေျပာၿပီးေတာ့ ကင္မ္ထယ္ေယာင္းေနရာကို ျပန္သြားမလို႔လုပ္ေတာ့ ေနရာကိုၾကည့္လိုက္ေတာ့ မေတြ႕ရေတာ့တဲ့ လူေၾကာင့္ ေျခလွမ္းေတြကို ရပ္ပစ္လိုက္သည္။ ဒါကို ေဘးနားကယွဥ္ကာသြားေနတဲ့ မင္ဟိုက သတိထားမိၿပီး
" ဘာလို႔လဲ ?"
" ငါ့အိမ္ကလူကို မေတြ႕လို႔ "
ထိုအခါ မင္ဟိုပါ ၾကည့္လိုက္သည္။ သူ႕ရည္းစားနဲ႕ ဘယ္အခ်ိန္က ေရာက္မွန္းမသိတဲ့ လီယြန္းဝူက ဂ်ီမင္ရဲ႕ေနရာမွာ ထိုင္ေနေလသည္ ။
" ဘယ္သြားပါလိမ့္ .. Toilet သြားတာမ်ားလား ?"
ကင္မ္ထယ္ေယာင္းရဲ႕ ေရွ႕ဆက္လိုက္ၿပီး လီယြန္းဝူတို႔ဝိုင္းဆီ ေျခလွမ္းေ႐ြ႕သြားေလသည္ ။ လီယြန္းဝူကလည္း ကင္မ္ထယ္ေယာင္းကို ျမင္တာနဲ႕
" ကိုကိုက ယြန္းဝူဖိတ္တာက်မလာဘူး "
" ဟန္ဆိုဟီး ..ဟိုတစ္ေယာက္ေရာ "
ကင္မ္ထယ္ေယာင္း ဟန္ဆိုဟီးကို ၾကည့္ကာ ေမးလိုက္သည္။ လီယြန္းဝူနည္းနည္းေတာ့ ေဒါသထြက္သြားသည္။ လစ္လ်ဴရႈထားျခင္းကို ခံလိုက္ရတာ ။
" ကားေပၚမွာပဲ ေစာင့္ေနမယ္တဲ့ "
ထိုအခါ ကင္မ္ထယ္ေယာင္းက လီယြန္းဝူကို ၾကည့္လိုက္ၿပီး
" သူတစ္ခုခုျဖစ္လို႔လား ?"
လီယြန္းဝူသည္ ကင္မ္ထယ္ေယာင္းနဲ႕အၾကည့္ၿပိဳင္လိုက္သည္။ ဟန္ဆိုဟီးဘက္က တစ္ခုခုေျပာလိုက္ရင္ ကိုကိုဘာလုပ္မလဲ ? ။ တမင္တကာ ေလာင္းခ်လိဳက္တယ္လို႔ ေျပာရမလား ...၊ လီယြန္းဝူထက္ ဘာေတြသာေနလို႔လဲ ေမးလိုက္ရမလား ..? ။ အရင္တစ္ခါကလို ကိုကို႔ရဲ႕ဒယ္ဒီေမာင္းထုတ္တိုင္း ထြက္သြားမွာေတာ့ မဟုတ္ဘူးေနာ္ ။ ကိုကို႔ကို အရယူၿပီးမွ သြားမယ္ ။
"မဟုတ္ပါဘူး ၊ ကားေပၚမွာပဲ ေစာင့္ခ်င္တယ္ဆိုၿပီး ထြက္သြားတာပါ "
လီယြန္းဝူကို ၾကည့္ေနရင္းကေန အၾကည့္လႊဲၿပီး မင္ဟိုဘက္လွည့္ကာ
" သြားၿပီ ..မအားရင္ေတာ့ မလာေသးနဲ႕အုံးေပါ့ ..ဘာလို႔လဲေမးရေအာင္လည္း မင္းကငမြဲမဟုတ္ေတာ့ မေမးေတာ့ဘူး ၊ ကိစၥႀကီးေတြ အကူအညီလိုရင္ ဖုန္းခ်က္ခ်င္းဆက္ေပါ့ "
" ေအးပါ "
မင္ဟိုကိုေရာ ဟန္ဆိုဟီးကိုပါ ႏႈတ္ဆက္ၿပီး ကင္မ္ထယ္ေယာင္း ထြက္လာခဲ့ေတာ့သည္ ။ ကားဆီေတာင္မေရာက္ေသး သူ႕လက္ကို ဖမ္းဆြဲတဲ့လူေၾကာင့္ ကင္မ္ထယ္ေယာင္းတစ္ခ်က္ၾကည့္ရင္း
" What do you want?"
လီယြန္းဝူက ကင္မ္ထယ္ေယာင္းရဲ႕အေမးေၾကာင့္ ကင္မ္ထယ္ေယာင္းနားနားကို ကပ္ကာ
" You.. "
ဆိုကာ နားကိုမထိမတိနမ္းလိုက္သည္။ ကင္မ္ထယ္ေယာင္းသည္ ေျခတစ္လွမ္းဆုတ္လိုက္သည္။ ၿပီးေတာ့ လီယြန္းဝူရဲ႕ ပုခုံးတစ္ဖက္ကို လက္တင္ၿပီး အားကို လိုအပ္သည္ထက္ပိုသုံးၿပီး ညွစ္လိုက္သည္ ။
" အား ..."
လီယြန္းဝူသည္ ကင္မ္ထယ္ေယာင္းက ပုခုံးကိုညွစ္လိုက္တာေၾကာင့္ မ်က္ရည္ဝဲရသည့္အထိ နာက်င္သြားေလသည္ ။
" ငါ့အေျဖကို အခုမေပးေသးဘူး ၊ ကဲ အလုပ္ေကာင္းေကာင္းလုပ္ၾကတာေပါ့ "
လီယြန္းဝူသည္ ထိုေနရာမွာပဲ ရပ္ေနၿပီး ကင္မ္ထယ္ေယာင္းထြက္သြားတာကို ၾကည့္ေနမိေလသည္ ။ ၾကည့္ေနရင္းကေန လက္သီးကို ဆုပ္မိလိုက္သည္ ။
" မနက္က်ရင္ ဘယ္လိုေျဖရွင္းမလဲ ကိုကိုၾကည့္ရေအာင္ "
တစ္ခါ ဆုံး႐ူံးဖူးရင္ ေနာက္တစ္ခါေတာ့ ထပ္ၿပီး ဆုံး႐ူံးမခံနိင္ဘူး ကိုကို ။ တရားနည္းလမ္းက်တာေတြ ၊ မက်တာေတြ ယြန္းဝူနားမလည္ဘူး ။ အဓိက က ကိုကို႔ကို ယြန္းဝူျပန္ပိုင္ရဖို႔ပဲ ။ ဒီအတြက္ ဘာပဲ လုပ္ရလုပ္ရ အဆင္ေျပတယ္ ။
....
ကားေပၚက မ်က္လုံးမွိတ္ကာေနၿပီး သူကားထဲ၀င္ေၾတာ အရက္နံ႕ကလည္း ႏွာေခါင္းထဲ တိုး၀င္လာေတာ့
" အရက္ေသာက္ထားတာလား ?"
" ျမင္ေနတာကို မေသာက္ပဲေနမလား ?"
သူျပန္ေျဖတာကို ကင္မ္ထယ္ေယာင္းၾကားခ်င္မွ ၾကားလိမ့္မယ္ ။ သူၾကားေအာင္ေတာ့ ေျပာတာမ်ိဳးလည္း မဟုတ္ ။ တစ္ကိုယ္ရည္ ၾကားယုံသာ ႏႈတ္ခမ္းလႈပ္ယုံသာျဖစ္သည္။ ကင္မ္ထယ္ေယာင္းကေတာ့ သူ႕မ်က္ႏွာနားမွာ နီးကပ္စြာ ရွိေနေလသည္ ။
သူပတ္ထားတဲ့ ထိုင္ခုံခါးပတ္ကိုဆြဲျဖဳတ္လိုက္ၿပီး ညာဘက္လက္က သူ႕လည္ပင္းကို လာကိုင္ၿပီး ႏႈတ္ခမ္းကို စူးစူးရွရွ လာနမ္းေလသည္။ ဒီအနမ္းမိုးေတြေအာက္မွာ သူ႐ုန္းလို႔ေရာ လြတ္နိုင္မွာတဲ့လား ? ။ ကင္မ္ထယ္ေယာင္းရဲ႕အနမ္းေတြက သူ႕ခႏၶာကိုယ္တစ္ခုလုံးမွာရွိတဲ့အားကို ဆုတ္ယူသလိုပင္ ျဖစ္သည္။ ကင္မ္ထယ္ေယာင္းဆီကေနရတဲ့ ေရေမႊးနံ႕ ၊ အရက္နံ႕ ၊ ကိုယ္သင္းရနံ႕ အားလုံးက သူ႕ႏွာေခါင္းထဲသို႔ ၀င္ေရာက္ေနေလသည္ ။ သူ႕ေခါင္းကို ကိုင္ထားတဲ့ ကင္မ္ထယ္ေယာင္းရဲ႕လက္ကို ျပန္ကိုင္မိသည္။ ၿပီးေတာ့ သူ႕မ်က္လုံးေတြကို မွိတ္လိုက္သည္။
....
" ခန "
အခန္းနံရံနဲ႕ ဆြဲကပ္ခံထားရယုံမက သူလက္ေတြကို ဖစ္ညွစ္ထားတာေၾကာင့္ အသံထြက္လိုက္မိတာျဖစ္သည္။ ဘာလို႔ ကုတင္ေပၚကို မသြားပဲ အခန္းထဲ ၀င္၀င္ခ်င္းေနရာမွာ ဒီလို လာလုပ္ေနရတာလဲ ? ။
သူ႕စကားေၾကာင့္ သူလည္ပင္းကို ဖိကပ္နမ္းေနရာကေန ရပ္ေပးၿပီး မ်က္ႏွာခ်င္းဆိုင္လာၾကည့္ရင္း မ်က္လုံးျဖင့္သာ 'ဘာလဲ ' ဆိုၿပီး ေမးေလသည္ ။
" လက္ ..လက္နာတယ္ "
တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားေတာ့ သူ႕လက္ေကာက္ေနရာေတြ နာလာေလသည္ ။ ကင္မ္ထယ္ေယာင္းျပန္ေတာ့ မေျပာေပမဲ့ လႊတ္ေပးသည္။ လက္ကို လႊတ္ေပးၿပီးေတာ့ ခါးကို လက္ႏွစ္ဖက္နဲ႕ လာဖက္ရင္း
" အရက္ဘယ္ေလာက္ေသာက္လာတာလဲ ?"
ခါးကို ဖက္ထားတဲ့လက္က တြန္းလိုက္ေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ ရင္ဘတ္နဲ႕ သူ႕ရင္ဘတ္လာကပ္ေလသည္ ။ သူ႕လက္နစ္ဖက္က သူတို႔နစ္ေယာက္ၾကားမွာ ခံလိုက္ၿပီး
" မမူးရင္ရၿပီ မလား ?"
" က်ဳပ္ခြင့္မျပဳရင္ မေသာက္ရဘူးလို႔ ေျပာထားတာမလား ?"
သူ႕ခါးကို ဖက္ထားတဲ့ ကင္မ္ထယ္ေယာင္းရဲ႕လက္က ဆြဲမ,လိုက္ေတာ့ ၾကမ္းခင္းနဲ႕ သူ႕ေျခေထာက္လြတ္သြားေလသည္။ အခန္းနံရံကေန ကုတင္ေပၚမွာ သူ႕ကို ပစ္ခ်လိဳက္ေလသည္။ ဆိုဖာက အိစက္ေနတာေၾကာင့္ နာေတာ့မနာေပမဲ့ ပစ္ခ်လိဳက္လို႔ သူျပန္မထေသးခင္ ကင္မ္ထယ္ေယာင္းက သူ႕အေပၚလာတက္ခြလိုက္သည္။ သူ႕မ်က္ႏွာနားထိကို ကိုင္းခ်လာေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ ဆြဲႀကိဳးက သူ႕ေမးရိုးကို လာရိုက္သည္ ။ ကင္မ္ထယ္ေယာင္းအ၀တ္အစားေတြကို ခြၽတ္ေတာ့ ဂ်ီမင္မ်က္ႏွာကို တစ္ဖက္လွည့္လိုက္သည္။ ကင္မ္ထယ္ေယာင္းက လက္ညိုးနဲ႕ မ်က္ႏွာကို ျပန္ဆြဲလွည့္ရင္း
" က်ဳပ္ဘာလို႔ခင္ဗ်ားကို ယူထားသလဲသိလား ?"
"....."
ဂ်ီမင္ျပန္မေျဖပါ ။ ျပန္ေျဖေတာ့ေရာ အမွန္ေျပာတာမို႔လား ? ။ လူကို ေဒါသစိတ္တစ္ခုအတြက္ ၊ အမုန္းအတြက္နဲ႕ပဲ လက္ထပ္ထားတာကို ။
" ခင္ဗ်ားေျပာသလို မုဒိန္းေကာင္ဆိုတာကို ေဒါသထြက္လို႔ ခင္ဗ်ားကို ယူၿပီး က်ဳပ္လိုလူနဲ႕ ႏွစ္ပါးသြားေစခ်င္တာ "
မွန္ေနတာပဲေလ ၊ မူးတာကို အခြင့္ေကာင္းယူခဲ့တာပဲမလား ? ။ ဒါကို သူကပဲ စိတ္ဆိုးၿပီး ေဒါသထြက္ရတယ္ရွိေသး ။
" မင္းငါ့ကို မုန္းလို႔ယူထားတာ ငါသိတယ္ "
သူေျပာတဲ့စကားေၾကာင့္ ကင္မ္ထယ္ေယာင္းသူ႕ကို အၾကာႀကီးစိုက္ၾကည့္သည္ ။ ၿပီးေတာ့ လက္မနဲ႕ လက္ညိုးသုံးကာ သူ႕ပါးကို လာညွစ္ရင္ အေပၚႏႈတ္ခမ္း ၊ ေအာက္ႏႈတ္ခမ္းေတြကို လာကိုက္သည္။ ၿပီးေတာ့ နားနားကိုကပ္ၿပီး
" ဟုတ္တယ္ "
ထိုစကားေျပာၿပီးေနာက္ သူ႕လက္ကိုကိုင္ၿပီး ကင္မ္ထယ္ေယာင္းက ေဘာင္းဘီဇစ္ကို သူ႕လက္နဲ႕ ဆြဲဖြင့္သည္။ ေဘာင္းဘီဇစ္ကို ဆြဲခ်ၿပီးတာနဲ႕ သူ႕လက္ Boxer ထဲကို ထည့္ၿပီး
" ကင္မ္ထယ္ေယာင္း.. "
သူ႕လက္ကို အေမႊးအမွ်င္ေတြနဲ႕ ထိတဲ့အခ်ိန္ ျပန္၍ ဆြဲထုတ္လိုက္သည္။ ကင္မ္ထယ္ေယာင္းရဲ႕ ပိုင္ဆိုင္မႈကို သူႏွစ္ခါေတာင္ ျမင္ဖူးထားသည္။ ၿပီးေတာ့ လန႔္သည္ ။ ဒီလိုမ်ိဳးေတြ သူလုပ္မေပးခ်င္ပါ ။ ၿပီးေတာ့ သူ videos တစ္ခ်ိဳ႕ကိုလည္း ၾကည့္ထားဖူးသည္။ လက္ထပ္ၿပီးရင္ ဒီကိစၥေတြရွိလာမယ္ဆိုတာကို သိေပမဲ့ ထူးထူးဆန္းဆန္းပုံစံမ်ိဳးေတြထိကို ကင္မ္ထယ္ေယာင္းသူ႕ဆီကို အတက္လာမစမ္းဖို႔လည္း ေမွ်ာ္လင့္မိသည္။ ဒါေပမဲ့ ကင္မ္ထယ္ေယာင္းလက္ကေတာ့ သူ႕လက္ကို ကိုင္ထားၿပီး ေဘာင္းဘီအတြင္းသို႔ ထပ္ဆင္းသည္။ ကင္မ္ထယ္ေယာင္းရဲ႕အရာက သူ႕လက္နဲ႕ထိလိုက္တဲ့အခ်ိန္ သူ႕မ်က္ႏွာတစ္ခုလုံးပူထြက္သြားၿပီး သူ႕မ်က္ႏွာနားမွာရွိတဲ့ ကင္မ္ထယ္ေယာင္းရဲ႕ရင္ဘတ္နဲ႕ ကပ္လိုက္သည္ ။
" ဘာလဲ ရွက္လို႔လား ?"
ေမးရဲတယ္ ။ စိတ္ေပါက္ေပါက္နဲ႕သာ ျပန္ေျပာလိုက္ရင္က မေကာင္းရွိအုံးမယ္ ။ အခုသူ႕လက္တစ္ဖက္က ဘယ္သူ႕ေဘာင္းဘီၾကားထဲမွာ ရွိေနတာမို႔လဲ ? ။
" မင္းလို အရွက္မရွိတဲ့လူမွ မဟုတ္တာ "
သူ႕မ်က္လုံးကို လွန္ၿပီးၾကည့္ကာေျပာလိုက္သည္။ ထိုအခါ ကင္မ္ထယ္ေယာင္း လွစ္ခနဲ႕ ၿပဳံးသည္။ ဒါက ခနေလးဆိုေပမဲ့ သူျမင္ျဖစ္ေအာင္ ျမင္လိုက္ရသည္ ။ ဒင္းက ၿပဳံးတာေတာင္ ေခ်ာတယ္ ။ အျမင္ကပ္စရာေကာင္းသည္ ။ သူ႕မ်က္ႏွာနားမွာ လက္တစ္ဖက္ကို တံေတာင္ျဖင့္ လာေထာက္သည္ ။ က်န္လက္တစ္ဖက္က သူ႕လက္ေပၚမွာရွိၿပီး သူ႕လက္ကို ေရွ႕တိုးေနာက္ငင္လုပ္ေတာ့ သူ႕လက္ထဲကအရာႀကီးက ပိုမာၿပီး ေထာင္မတ္သြားတယ္လို႔ ထင္မိေလသည္ ။ ၿပီးေတာ့ သူ႕လက္ထဲကအရာႀကီးက ပိုၿပီးႀကီးလာသလိုပဲ ။
" Huh..."
ကင္မ္ထယ္ေယာင္းဆီက အသံထြက္လာေလသည္ ။ ထိုဩရွရွအသံထဲမွာမွ လိုခ်င္တပ္မက္မႈက ေရာပါေနတာ ။ သူ႕လက္ေပၚမွာရွိတဲ့ ကင္မ္ထယ္ေယာင္းရဲ႕လက္က ခပ္ျမန္ျမန္လႈပ္ရွားေလသည္ ။ ဒါကိုအခ်ိန္ေတာ္ေတာ္ၾကာၾကာထိကို သူ႕လက္ကို မလႊတ္ေပးပဲ ျပဳလုပ္ေနေလသည္ ။
ေဘာင္းဘီၾကားက သူ႕လက္ကိုအုပ္မိုးထားတဲ့ ကင္မ္ထယ္ေယာင္းရဲ႕လက္က လႊတ္လိုက္ၿပီး သူ႕ပါးကို လာကိုင္ၿပီး ႏႈတ္ခမ္းနဲ႕ လာဖိကပ္နမ္းသည္။ ထိုအခ်ိန္ သူအသက္ရႉဖို႔ေတာင္ ေမ့သြားတဲ့အထိပင္ ျဖစ္မိေလသည္။ သူလက္ထဲမွာ အရည္တစ္ခ်ိဳ႕ေပက်ံသြားတာကိုေတာင္ သတိမထားမိတဲ့အခ်ိန္အထိပဲ။
" မနက္မိုးလင္းေတာ့မယ္ဆိုေပမဲ့ တစ္မနက္ေလာက္ေတာ့ အလုပ္ပ်က္ၾကတာေပါ့ "
ေဘာင္းဘီၾကားက သူ႕လက္ကို ဆြဲထုတ္လိုက္ၿပီး ကင္မ္ထယ္ေယာင္းေျပာတာတစ္ခ်ိဳ႕ကို သူ မၾကားေပ ။ လက္တစ္ဖက္ကေတာ့ သူ႕ပါးကို ကိုင္ထားရင္နဲ႕ပဲ ႏႈတ္ခမ္းကို ခနခနလာနမ္းေနသလို က်န္လက္တစ္ဖက္နဲ႕ သူ႕အ၀တ္အစားေတြကို ခြၽတ္ေနေလသည္ ။
" ေဟး .."
ေၾကာင္အမ္းအမ္းေတြ ျဖစ္ေနတဲ့လူကို ပါးႏွစ္ဖက္ကို ညွစ္ကာ အသံျပဳလိုက္သည္။
" ဟင့္ ...!!"
" သတိေမ့မသြားနဲ႕ .."
" ဘာကို သတိေမ့ .."
အသိစိတ္က လူနဲ႕ျပန္ကပ္တဲ့အခ်ိန္ေတာ့ ခႏၶာကိုယ္မွာေတာ့ အ၀တ္မကပ္ေတာ့ေပ ။ သူတင္ပဲလားမဟုတ္ ၊ သူ႕ဗိုက္မွာ လာေထာက္ေနတဲ့အရာေၾကာင့္ သိလိုက္ေလသည္ ။
" ကြန္ဒုံးေရာ .."
" ဘာလို႔သုံးရမွာလဲ ?"
" သုံးရမွာေပါ့ ..မင္းက အျခားလူေတြနဲ႕လည္း အိပ္တယ္ "
ကြန္ဒုံးကိစၥကို ခ်က္ခ်င္းသတိရတာနဲ႕ ခ်က္ခ်င္းေျပာမိေလသည္။ ကင္မ္ထယ္ေယာင္းက လက္မခံ ။ ဒီကိစၥက သူေျပာတာကို လက္ခံရမယ္ ။
" ခင္ဗ်ားနဲ႕မို႔ မသုံးဘူး "
" အာ့ .."
သူ႕တင္ပါးကိုလာကိုင္ၿပီး တင္ပါးႏွစ္ခုရဲ႕ အပ္ေၾကာင္းၾကားထဲကို လက္ေခ်ာင္းက ၀င္လာေတာ့ ကင္မ္ထယ္ေယာင္းကို သူျပန္ေတာင္မေျပာနိုင္ပါ။
" ထပ္ေျပာရင္ ေခ်ာဆီပါ မပါပဲေနမယ္ "
" နာတယ္ .."
သူ႕ခါး ေကာ့တက္သြားေတာ့ ခႏၶာကိုယ္က ျမင့္တက္သြားေလသည္။ သူမႀကိဳက္ေပမဲ့ သူ႕ခႏၶာကိုယ္က ဒီအထိအေတြ႕ကို သေဘာက်ေနေလသည္။ ခႏၶာကိုယ္က အၿမဲ ေဖာက္ျပန္တဲ့သေဘာမွာရွိသည္။ ဘယ္ဘက္လက္မကို မ်က္လုံးေပၚအုပ္လိုက္သည္။ ခပ္ဟဟျဖစ္ေနတဲ့ သူ႕ႏႈတ္ခမ္းကိုစိုစိုစြတ္စြတ္အရာ တစ္ခု လာထိေတာ့ လက္မဖိုးကို အနည္းငယ္ဖယ္ၿပီးၾကည့္လိုက္ေတာ့ ကင္မ္ထယ္ေယာင္းႏႈတ္ခမ္းနဲ႕အတူေရာက္ရွိလာတဲ့ လွ်ာက လာရက္ေနတာျဖစ္သည္။ သူ႕လက္ႏွစ္ဖက္ကိုဆြဲၿပီး လည္ပင္း၌ ေပးသိုင္းဖက္ကာ အနမ္းေတြကို ဆက္ေလသည္ ။
တင္းက်ပ္လြန္းတဲ့အတြင္းသားက သူ႕လက္တစ္ေခ်ာင္းကိုေတာင္ ဆြဲညွစ္ထားေလသည္။ ခပ္ျမန္ျမန္ပဲ လက္ကသြားေနသလို အနမ္းေတြလည္းအဆက္မျပတ္ေပးမိသည္။ ၿပီးေတာ့မွ သူ႕ရဲ႕လက္ေနာက္တစ္ေခ်ာင္းကို ထပ္တိုးရင္ အရွိန္ကိုျမင့္တင္လိုက္သည္။ သူ႕လက္ေတြ တိုး၀င္တိုင္း ဒီလူရဲ႕ျဖစ္ပ်က္သြားတဲ့မ်က္ႏွာကို သူၾကည့္မိသည္။ အျခားလူေတြနဲ႕ ဘာမ်ား ကြာျခားေနလဲေပါ့ ။
" Uhhmmmm..."
ထယ္ေယာင္းအခ်ိန္မဆြဲေတာ့ပဲ ေျဖေလ်ာ့ၿပီးသား သူ႕ညီေလးကို ထိပ္၀ေလးဆီကို ေတ့လိုက္သည္။ ထိုအခါ သူ႕ေအာက္ကလူက သူလည္ပင္းကိုပို၍ တင္းေအာင္ဖက္ထားေလသည္။
" နာတယ္ ..တအားနာတယ္ .."
" ညွစ္မထားနဲ႕ေလ ..စိတ္ကိုေလွ်ာ့ထား"
ကင္မ္ထယ္ေယာင္းရဲ႕လက္က ဂ်ီမင္ရဲ႕ ရင္ဘတ္ကိုဖိေပးလိုက္သည္ ။ ၿပီးေတာ့ကင္မ္ထယ္ေယာင္း ဒူးစ္ဖက္ကိုကိုင္ၿပီး ခါးကို တစ္ခ်က္ခ်င္းဆီလႈပ္ရွားသည္။
ဂ်ီမင္တစ္ေယာက္ အတြင္းသားထဲကို ၀င္လိုက္၊ ထြက္လိုက္ လႈပ္ရွားလာတဲ့အရာေၾကာင့္ အတင္းေစ့ထားတဲ့ႏႈတ္ခမ္းေတာင္ ခပ္ဟဟျဖစ္လာေလသည္ ။
"Ugh ...."
ကင္မ္ထယ္ေယာင္းရဲ႕ခါးက ခပ္ျမန္ျမန္လႈပ္ရွားတိုင္း သူ႕ေျခေထာက္နဲ႕ ခါးတစ္ေလွ်ာက္ထိ တုန္ခါသြားသည္။ ထိုအခါ ကင္မ္ထယ္ေယာင္းတစ္ခ်က္ရပ္ေပးသည္ ။ သူ႕တုန္ခါမႈ ရပ္သြားေတာ့မွ ကင္မ္ထယ္ေယာင္း ဆက္၍ လႈပ္ရွားသည္။ အဆိုးဆုံးက သူ႕ခႏၶာကိုယ္က အလိုက္သင့္ လက္ခံေနတာကိုပဲ ။ မႀကိဳက္ဘူး ။ သူ႕ခႏၶာကိုယ္က ဒီလိုျဖစ္ေနတာကို မႀကိဳက္ဘူး ။ အခု သူ႕ခႏၶာကိုယ္တစ္ခုလုံးရဲ႕ ဆႏၵသည္ သူ႕အရာရဲ႕ထိပ္မွာ အားလုံးစုပုံေနၿပီး ထိန္းခ်ဳပ္မနိုင္တဲ့အခါ သူ႕ဗိုက္ေပၚႏွင့္ ကင္မ္ထယ္ေယာင္းရဲ႕ ခႏၶာကိုယ္ အေပၚပိုင္းဆီကို ေပက်ံသြားေလသည္။
"....."
ရွက္လြန္းလို႔ ေသေတာ့မယ္ ။ ဘာေတြ ျဖစ္ေနတာလဲ မသိဘူး ။ ဒီခႏၶာကိုယ္က ဒီလိုျဖစ္ေနတာလဲ သူတကယ္မုန္းတယ္ ။ သူကင္မ္ထယ္ေယာင္းကို မုန္းသလို သူ႕ခႏၶာကိုယ္ကေတာ့ အခုလို သေဘာတက်နဲ႕ ရွိေနရမွာ မဟုတ္ပဲ တြန္းကန္ေနရမွာမလား ? ။
ကင္မ္ထယ္ေယာင္းက ဘာမွေတာ့မေျပာ ။ သူ႕ခါးေအာက္ကို လက္ထည့္ၿပီး သူ႕ခႏၶာကိုယ္ကို မ်က္ေတာင္တစ္ခ်က္ ခတ္အတြင္းမွာ ဆြဲေမွာက္လိုက္သည္။ ေခါင္းအုံးနဲ႕ မ်က္ႏွာ ထိကပ္သြားသလို ၊ သူ႕လက္နစ္ဖက္ကလည္း ေခါင္းအုံးကိုသာ ညွစ္ထားၿပီး မ်က္ႏွာကိုေတာ့ ေခါင္းအုံးကေန မေဖာ္ေတာ့ေပ ။
ေက်ာျပင္ေဖြးေဖြးေလးက ခါးသိမ္သိမ္ေလးက လွရက္လြန္းသည္။ တင္ပါးလုံးလုံးေလးကို သူ႕လက္နဲ႕ ဆုပ္ကိုင္လိုက္သည္။ ေခါင္းအုံးနဲ႕ မ်က္ႏွာကို တစ္သားထဲျဖစ္ေအာင္ ေနေနတဲ့လူကို သူသိေပမဲ့ မေျပာမိေပ ။ ကြၽတ္ထြက္သြားတဲ့ သူ႕အရာကို ျပန္ေတ့ၿပီး ခါးကို အနည္းငယ္ ဆြဲမလိုက္သည္ ။ ၿပီးေတာ့ တစ္၀က္ေလာက္ထိသြားၿပီး ေခါင္းအုံးနဲ႕ ဖိကပ္ေနတဲ့လူဆီကို တစ္သားထဲျဖစ္ေအာင္ ထပ္အိပ္လိုက္ၿပီး ေျခေထာက္ကေတာ့ V ပုံစံခြဲလိုက္သည္။
" မင္း ...မင္းကိုယ္လုံးနဲ႕ ငါ့ကိုဖိသတ္မလို႔လား ?"
ေခါင္းအုံးနဲ႕ကပ္ေနတဲ့မ်က္ႏွာက သူ႕ဘက္ကိုလွည့္လာၿပီး ရန္ျပန္ေထာင္သည္။ အဆုံးထိ မ၀င္ေသးတဲ့အရာကို လက္ျဖင့္ ဖိသြင္းလိုက္သည္။
" Hmmm.."
မ်က္ႏွာကို ေခါင္းအုံးနဲ႕ ျပန္ကပ္မလိုလုပ္တဲ့လူကို လက္နဲ႕ ျပန္ဆြဲလွည့္ၿပီး ႏႈတ္ခမ္းကို ထပ္နမ္းလိုက္သည္။ ေအာက္ဘက္ကလည္းလႈပ္ရွားေနသလို အနမ္းေတြကိုလည္း မရပ္ပစ္ခဲ့ပါ ။ က်န္လက္တစ္ဖက္က ပုခုံးကေန ခါးထိကို ဆင္းလိုက္၊ တက္လိုက္ လုပ္မိေနေလသည္။ သူ႕ရဲ႕ ပထမဆုံးအႀကိမ္ ၿပီးေျမာက္မႈကို အတြင္းထဲမွာသာ ၿပီးလိုက္ေလသည္။ ထိုအခါ ဂ်ီမင္တစ္ေယာက္ မ်က္လုံးမ်က္ဆံျပဴးနဲ႕ ျဖစ္ေနေလသည္။ဒါေပမဲ့ သူ႕အရာကို ဆြဲမထုတ္ေပးပါ ။ သူတစ္ခါပဲ ၿပီးရေသးတာ ။တစ္ခါေလာက္ပဲ ရပ္တန႔္သြားတာေတာ့ သူ႕သမိုင္းမွာ မရွိေပ ။
ေဆးလိပ္ကို မီးညွိလိုက္သည္။ အ၀တ္အစားကို မ၀တ္ေသးပဲ ျပတင္းေပါက္နားမွာ သြားထိုင္လိုက္သည္။ မနက္ ၅နာရီေလာက္ပဲ ရွိေသးတာမို႔ ပတ္၀န္းက်င္တစ္ခုလုံးကေတာ့ မလင္းရွင္းေသးပါ ။ ေဆးလိပ္ကို ဖြာရင္း ျပတင္းေပါက္ရဲ႕ ေအာက္တည့္တည့္ကို ၾကည့္လိုက္သည္။ အရာအားလုံးက သူ႕ေဘးကလူ အိပ္ေပ်ာ္သြားတဲ့အခ်ိန္က စ တိတ္ဆိတ္သြားတာ ။ သူ ဒီေနရာမွာ မထိုင္ျဖစ္ေတာ့တာ ဘယ္ေလာက္ၾကာၿပီးလဲ ? ။ စိတ္ကူးအေတြးေတြနဲ႕ လြင့္ေမ်ာေနခိုက္ ဖုန္းဆီကေန မက္ေဆ့၀င္လာသံကို သူၾကားရေလသည္ ။ ေဆးလိပ္ကို ႏႈတ္ခမ္းမွာခဲၿပီး ထကာ စားပြဲက ဖုန္းကို ယူကာ ကုတင္ရင္းကို မွီလိုက္ကာ ေျခေထာက္ႏွစ္ဖက္ကို ဆန႔္ထုတ္ၿပီး ထိုင္လိုက္သည္ ။
တစ္ဖက္မွာ လူးလြန္းေနတဲ့ လူကိုၾကည့္ၿပီး လက္တစ္ဖက္ျဖင့္ ေခါင္းကိုပြတ္ေပးလိုက္သည္။ ထိုအခါ တစ္ဖက္ကလူက ၿငိမ္သက္သြားသည္။ ၿပီးေတာ့ ဖုန္းမွာ ပို႔ထားတဲ့ မင္ေဆ့ကို ၾကည့္လိုက္သည္။ မ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့ ခ်က္ခ်င္းပင္ ဖုန္းကို ျပန္တင္လိုက္သည္ ။