"Happy Birthday ကေသီ၊ပြီးတော့ congratulations "
ဆရာဂျေမီက ရောက်ရောက်ချင်းပင် ကျွန်မကို နှုတ်ဆက်၏။တီချယ်မြမာလာလည်း ဆရာနှင့်အတူရောက်လာသည်။တီချယ့်လည်ပင်းရှိဆွဲကြိုးလေးကိုကြည့်၍ ကျွန်မပြုံးမိသည်။ပြီးတော့ ဇော်ပိုင်၏ မဆုံသောလမ်း သီချင်းကိုသတိရမိသည်။သိပ်မကြာခင်က ဖေ့စ်ဘုတ်ပေါ်မှာတွေ့လိုက်သော စာသားတစ်ချို့ကိုလည်း မြင်ယောင်မိသည်။
ဘဝတစ်ကွေ့မှာတွေ့ခဲ့ကြပြီး အဲဒီတစ်ကွေ့မှာပဲ ပြန်လွဲသွားကြသော တွေ့ဆုံမှုများအကြောင်းတဲ့။နာကျင်စွာလက်ခံရတတ်သော လက်တွေ့အကျဆုံးဖြစ်ရပ်တွေပါပဲ။ငယ်စဥ်တုန်းကနားထောင်နေကျ ပုံပြင်များတွင် ကြားရလေ့ရှိသော မင်းသားနှင့် မင်းသမီးပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်း ဆိုသည့် ဇာတ်သိမ်းမျိုးသာ မျှော်လင့်ထားရအောင်လည်း ဘဝဆိုတာ ပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ပါ။
ကျွန်မ အခန်းပြန်ရောက်တော့ မြနန္ဒာ၏အခန်းတံခါးပွင့်နေသည်ကိုတွေ့ရသည်။
ခေါ်ကြည့်သော်လည်း အသံမကြား၍ ဝင်သွားလိုက်သည်။
စားပွဲတွင်ထိုင်နေသော မြနန္ဒာကို တွေ့ရသည်။စားပွဲပေါ်တွင် ဆိုဂျူပုလင်းရယ် ခွက်သေးလေးတစ်လုံးရယ်ရှိ၏။ကျွန်မကို သူမမြင်ပါ။
"မြနန္ဒာ "
"အော် ကေသီ၊လာလေ"
မြနန္ဒာသည် ချက်ချင်းပင် သူ့ရှေ့မှ ပုလင်းနှင့်ခွက်ကို သိမ်းလိုက်လေသည်။
"တံခါးပွင့်နေတာနဲ့ ခေါ်ကြည့်တာ၊အသံမကြားလို့ ဝင်လာလိုက်တယ်"
"ဟုတ်သားပဲ၊တံခါးဖွင့်ခဲ့တာကိုမေ့နေတယ်"
မြနန္ဒာသည် တံခါးပိတ်ရန်ထသွား၏။စကားပြောနေသော်လည်း ကျွန်မကိုမကြည့်ချေ။
"တံခါးမပိတ်နဲ့တော့မြနန္ဒာ၊ကျွန်မ အခန်းပြန်တော့မယ်၊အခုမှအပြင်က ပြန်ရောက်တာ၊ဒါနဲ့ ပိုင်ပိုင် အိပ်ပြီလား"
မြနန္ဒာသည် တံခါးနားမရောက်ခင်တွင် ပြန်လှည့်လာသည်။ကျွန်မကို မကြည့်ဘဲ မျက်လွှာချထား၏။စကားလည်းပြန်မပြောပါ။စိတ်အခြေအနေမကောင်း၍ စကားမပြောချင်ဖြစ်နေတာလားမသိဘူး။ကျွန်မ အလိုက်သိစွာဖြင့် တိတ်ဆိတ်စွာထွက်ခဲ့သည်။
"မသွားပါနဲ့လား ကေသီရယ်"
ကျွန်မ၏နောက်ကျောဆီမှ မြနန္ဒာ၏ အသံက တိုးတိတ်စွာထွက်ပေါ်လာသည်။လှည့်ကြည့်လိုက်သည့်အခါ သူကျွန်မကိုကြည့်နေသည်ကိုတွေ့ရသည်။မျက်ဝန်းထဲတွင် မျက်ရည်များက ကျလုကျခင်။သူ့ အကြည့်များမှတဆင့် ပြိုလဲတော့မည် အခြေအနေကိုကျွန်မရိပ်မိလိုက်သည်။
မြနန္ဒာရှိုက်လိုက်သည့်အခါ ကျွန်မသူ့အနားရောက်သွားသည်။
ကျွန်မ သူ့ကို ခပ်ဖွဖွ ဖက်ထားပေးမိသည်။မြနန္ဒာသည် ကျွန်မရင်ခွင်ကိုမှီ၍ ငိုတော့သည်။သူ့ဆီမှ ဆိုဂျူအနံ့လည်းရလေသည်။ သူတော်တော်သောက်ထားတာပဲ။
သူအငိုရပ်သွား၍ စိတ်ငြိမ်သွားပြီးနောက် ကျွန်မတို့ ထိုင်၍ စကားပြောဖြစ်ကြသည်။
ပိုင်ပိုင် မြမာလာတို့အိမ်လိုက်သွားတာ မြနန္ဒာသိသွား၍ ဆူရာမှ စကားများကြပြီး ပိုင်ပိုင်စိတ်ဆိုးသွားသည်တဲ့။
"ခုနလေးတင်ကပဲ သန္တာလာခေါ်သွားတယ်၊အဲဒီအိမ်နဲ့ တို့မိဘတွေအကြောင်းတွေးမိရင် ကိုအောင့်ကို သတိရပြီး အားနာလွန်းလို့ နာကျင်ရတယ်၊သိလား ကေသီ"
မြနန္ဒာပြောသမျှ ပြန်မပြောဘဲ နားထောင်ပေးနေမိသည်။
"ကေသီ ဟိုဇာတ်ကားသိတယ်မလား၊မြန်မာမင်းသမီးဝင်းမင်းသန်းနဲ့ မင်းသားဂရီဂေါ်ရီပက်တို့ သရုပ်ဆောင်ထားတဲ့ ခရမ်းရောင်လွင်ပြင်ဆိုတဲ့ ဟောလိဝုဒ်ဇာတ်ကားလေ၊အဲဒီကားထဲမှာ မင်းသမီးက မင်းသားကိုပြောတဲ့စကားရှိတယ်၊"ရှင်တို့အဂ်လိပ်လူမျိုးတွေက သေတဲ့သူတွေကို ရင်ဘတ်ထဲမှာ မြှုပ်နှံထားတတ်ကြတယ်၊ကျွန်မတို့ ဗမာလူမျိုးတွေကတော့ လူသေတွေကို သချ်ိုင်းမှာပဲ မြှုပ်တယ်"တဲ့"
သူမောသွား၍ ခနရပ်လိုက်သည်။ပြီးတော့ ဆက်ပြော၏။
"တို့အဲဒီစာသားလေးကို သိပ်ကြိုက်ခဲ့တာ၊ကိုအောင်မဆုံးခင်အထိပေါ့၊အခုတော့ အဲဒီစာသားကို မကြိုက်တော့ဘူးကေသီရယ်၊မကြိုက်တော့ဘူး"
ကျွန်မ Toilet ဝင်ပြီးပြန်ထွက်လာချိန်တွင် မြနန္ဒာသည် ခုံပေါ်တွင် ခေါင်းငိုက်စိုက်ဖြစ်နေပြီ။
"မြနန္ဒာ၊မြနန္ဒာ"
ကျွန်မခေါ်လည်း မရတော့။အိပ်ပျော်သွားပြီ။သူ့အခန်းထဲသို့တွဲကာ အိပ်ယာပေါ်တင်ပေးရသည်။စီးကျနေသော မျက်ရည်များကို ဖယ်ရှားပေးနေရင်း ကျွန်မ သက်ပြင်းချနေမိသည်။ရင်ထဲတွင် တင်းကြပ်သလို ဖြစ်လာသည်။မီးပိတ်၍ မီးအိမ်ဖွင့်၊
မြနန္ဒာကို စောင်လွှမ်းပေးခဲ့ပြီးနောက် အခန်းထဲမှ ထွက်ခဲ့၏။
အခန်းမပြန်တော့ဘဲ ဒီမှာပဲအိပ်တော့မည် ။မြနန္ဒာက မပြန်စေချင်ဘူးမဟုတ်လား။ဆိုဖာပေါ်တွင် လှဲနေရင်း ကျွန်မ အိပ်မပျော်တော့ပါ။အတွေးများဖြင့် ချာချာလည်နေတော့သည်။ကျွန်မ ဘယ်လောက်တောင်စဥ်းစားခန်းဖွင့်နေမိသလဲဆိုရင် အသံကြားမှ သတိဝင်လာလေသည်။
"ကိုအောင်၊ကိုအောင်"
မြနန္ဒာ အသံပဲ။ကျွန်မ အခန်းထဲဝင်သွားသည့်အခါ မြနန္ဒာ ယောင်နေသည်။ကိုအောင် ဟုလည်း ဆက်တိုက်ခေါ်နေသည်။
"မြနန္ဒာ"
ကျွန်မ သူ့လက်ကိုကိုင်ပြီး လှုပ်နှိုးလိုက်သည်။ဒါပေမယ့် မြနန္ဒာ၏ လက်တစ်ဖက်က ကျွန်မလက်ကိုဆောင့်ဆွဲလိုက်သောကြောင့် သူ့ ရင်ခွင်ထဲသို့ ကျွန်မ လဲကျသွားတော့သည်။
"ကိုအောင်၊ကိုအောင် မသေဘူးပေါ့နော်"
မြနန္ဒာသည် ကျွန်မ၏ နှုတ်ခမ်းများကို နမ်းလေသည်။ ကျွန်မ ရုန်းပေမယ့် မရ။မြနန္ဒာဆီမှ ကိုအောင်ဟု အသံထွက်လိုက်တိုင်း ကျွန်မနှလုံးသားထဲတွင် ဆစ်ခနဲ နာကျင်သွားရပေမယ့် နဖူး၊ပါးပြင်နှင့် မေးစေ့မှတဆင့် လည်ပင်းဆီသို့ရောက်လာသောအခါ ရုန်းနေသော ကျွန်မ၏ လက်များ အားလျော့ချင်လာ၏။မဖြစ်ဘူး၊ ကျွန်မရုန်းထွက်မှရမည်။
"ကိုအောင်မဟုတ်ဘူး၊ကျွန်မပါမြနန္ဒာရယ်၊ကေသီပါ"
နားနားကပ်ပြောသည့်အခါမှ မြနန္ဒာ သတိဝင်လာသည်။
မြနန္ဒာ ထထိုင်လေသည်။ကျွန်မလည်း ထိုင်လိုက်သည်။
"ဟင် ကေသီ၊တို့ ကေသီ့ကို ဘာလုပ်လိုက်မိလဲဟင်၊ပြောစမ်းပါဦး၊အို ကေသီငိုနေတယ်၊ တို့မင်းကို ဘာတွေလုပ်လိုက်မိပြီလဲ ကေသီရယ်"
ကျွန်မ ကိုယ့်ပါးပြင်ကိုယ်စမ်းကြည့်မိသည်။အို မျက်ရည်တွေပဲ။
မြနန္ဒာသည် ကျွန်မပါးပြင်မှ မျက်ရည်များကို လက်နှစ်ဖက်ဖြင့် သုတ်ပေးရင်း မေးနေသည်။
"ဘာမှမလုပ်ပါဘူး၊ရှင်ယောင်နေလို့ ကျွန်မလာကြည့်တာ၊နှိုးရင်းနဲ့ဆွဲလိုက်တော့ အိပ်ယာပေါ်လဲကျသွားတယ်၊မျက်လုံးနည်းနည်းခတ်မိသွားတယ်ထင်တယ်၊ ရှင်အမူးပြေပြီဆိုရင် အခန်းပြန်တော့မယ်နော်"
ကျွန်မသည် မြနန္ဒာဘာမှပြန်မပြောနိုင်ခင် အခန်းထဲမှ မပြေးရုံတမယ် ထွက်လာခဲ့သည်။
"PG ပြီးသွားတဲ့ဆရာဝန်ရုပ်က ဘယ်လိုလဲကွာ၊ငိုင်လှချည်လား"
ဆရာဝန်နားနေခန်းထဲတွင် ထိုင်နေစဥ် မမဝေဝင်လာသည်။
"PG ပြီးရင်ရှိရမယ့်ရုပ်က သပ်သပ်ရှိလို့လားမမဝေရယ်"
ကျွန်မ ခပ်နောက်နောက်ဆိုမိသည်။မမဝေ က ရယ်ပါသည်။
"ဆာဂျင်ဖြစ်ချင်လွန်းလို့ PG မြန်မြန်ပြီးချင်နေတဲ့သူက PG အောင်သွားပြီဟာကို မပျော်နိုင်မမော်နိုင်ဖြစ်နေတော့ မေးရပြီပေါ့"
"ပျော်ပါတယ် မမဝေ၊ခန နားနေတာပါ"
"မျက်လုံးဆိုတာ စကားပြောတယ်ကေသီရဲ့"
ကျွန်မ မျက်လွှာချပစ်ရပါသည်။
"ကဲပါ ညီမလေးရယ်၊လူနာတွေကို မမကြည့်ထားပေးမယ်၊ အေးအေးဆေးဆေး နားပြီးမှထွက်လာခဲ့၊ ဟုတ်ပြီလား"
"ကျေးဇူးပဲ မမဝေရယ်"
မမဝေသည် ကျွန်မ၏ကျောပြင်ကိုအသာယာပုတ်ပေး၍ ထွက်သွားသည်။
မနေ့ညက တစ်ညလုံးကျွန်မ အိပ်မပျော်ပါ။မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားခဲ့သည်။ပျော်ရွှင်မှုဆိုတာ အလုပ်မှာသာရှိသည်ဟု ကျွန်မအထင်ရောက်ခဲ့ဖူးသည်။လူတစ်ယောက်ပျော်ရွှင်ဖို့ လူတစ်ယောက်မလိုအပ်ပါဟုလည်း စိတ်ထဲမှကြွေးကြော်ခဲ့ဖူးသည်။
မြနန္ဒာနဲ့စကားပြောနေရလျှင် သူ့အနားမှာ နေရလျှင်ဖြစ်လာတတ်သော ရင်ခုန်ခြင်း ၊ကြည်နူးခြင်း ၊သနားခြင်း စတဲ့ ခံစားချက်တွေဟာ အရေးမကြီးပါဘူး လို့ မှတ်ယူထားခဲ့မိတာ ကျွန်မ သိပ်မှားကြောင်း သိလိုက်ရပါပြီ။
ဆုံးပါးသွားသည့် သူ့ခင်ပွန်းအား စွဲလန်းစိတ်မပြေသူကလေးကိုမှ ချစ်နေမိသော ကျွန်မအဖို့တော့ အရာရာသည် အရှုံးပဲထင်ပါ၏။
Zawgyi
"Happy Birthday ေကသီ၊ၿပီးေတာ့ congratulations "
ဆရာေဂ်မီက ေရာက္ေရာက္ခ်င္းပင္ ကြၽန္မကို ႏႈတ္ဆက္၏။တီခ်ယ္ျမမာလာလည္း ဆရာႏွင့္အတူေရာက္လာသည္။တီခ်ယ့္လည္ပင္းရွိဆြဲႀကိဳးေလးကိုၾကည့္၍ ကြၽန္မၿပဳံးမိသည္။ၿပီးေတာ့ ေဇာ္ပိုင္၏ မဆုံေသာလမ္း သီခ်င္းကိုသတိရမိသည္။သိပ္မၾကာခင္က ေဖ့စ္ဘုတ္ေပၚမွာေတြ႕လိုက္ေသာ စာသားတစ္ခ်ိဳ႕ကိုလည္း ျမင္ေယာင္မိသည္။
ဘဝတစ္ေကြ႕မွာေတြ႕ခဲ့ၾကၿပီး အဲဒီတစ္ေကြ႕မွာပဲ ျပန္လြဲသြားၾကေသာ ေတြ႕ဆုံမႈမ်ားအေၾကာင္းတဲ့။နာက်င္စြာလက္ခံရတတ္ေသာ လက္ေတြ႕အက်ဆဳံးျဖစ္ရပ္ေတြပါပဲ။ငယ္စဥ္တုန္းကနားေထာင္ေနက် ပုံျပင္မ်ားတြင္ ၾကားရေလ့ရွိေသာ မင္းသားႏွင့္ မင္းသမီးေပ်ာ္႐ႊင္စြာ ေပါင္းဖက္ၾကေလသတည္း ဆိုသည့္ ဇာတ္သိမ္းမ်ိဳးသာ ေမွ်ာ္လင့္ထားရေအာင္လည္း ဘဝဆိုတာ ပုံျပင္တစ္ပုဒ္မဟုတ္ခဲ့ပါ။
ကြၽန္မ အခန္းျပန္ေရာက္ေတာ့ ျမနႏၵာ၏အခန္းတံခါးပြင့္ေနသည္ကိုေတြ႕ရသည္။
ေခၚၾကည့္ေသာ္လည္း အသံမၾကား၍ ဝင္သြားလိုက္သည္။
စားပြဲတြင္ထိုင္ေနေသာ ျမနႏၵာကို ေတြ႕ရသည္။စားပြဲေပၚတြင္ ဆိုဂ်ဴပုလင္းရယ္ ခြက္ေသးေလးတစ္လုံးရယ္ရွိ၏။ကြၽန္မကို သူမျမင္ပါ။
"ျမနႏၵာ "
"ေအာ္ ေကသီ၊လာေလ"
ျမနႏၵာသည္ ခ်က္ခ်င္းပင္ သူ႕ေရွ႕မွ ပုလင္းႏွင့္ခြက္ကို သိမ္းလိုက္ေလသည္။
"တံခါးပြင့္ေနတာနဲ႕ ေခၚၾကည့္တာ၊အသံမၾကားလို႔ ဝင္လာလိုက္တယ္"
"ဟုတ္သားပဲ၊တံခါးဖြင့္ခဲ့တာကိုေမ့ေနတယ္"
ျမနႏၵာသည္ တံခါးပိတ္ရန္ထသြား၏။စကားေျပာေနေသာ္လည္း ကြၽန္မကိုမၾကည့္ေခ်။
"တံခါးမပိတ္နဲ႕ေတာ့ျမနႏၵာ၊ကြၽန္မ အခန္းျပန္ေတာ့မယ္၊အခုမွအျပင္က ျပန္ေရာက္တာ၊ဒါနဲ႕ ပိုင္ပိုင္ အိပ္ၿပီလား"
ျမနႏၵာသည္ တံခါးနားမေရာက္ခင္တြင္ ျပန္လွည့္လာသည္။ကြၽန္မကို မၾကည့္ဘဲ မ်က္လႊာခ်ထား၏။စကားလည္းျပန္မေျပာပါ။စိတ္အေျခအေနမေကာင္း၍ စကားမေျပာခ်င္ျဖစ္ေနတာလားမသိဘူး။ကြၽန္မ အလိုက္သိစြာျဖင့္ တိတ္ဆိတ္စြာထြက္ခဲ့သည္။
"မသြားပါနဲ႕လား ေကသီရယ္"
ကြၽန္မ၏ေနာက္ေက်ာဆီမွ ျမနႏၵာ၏ အသံက တိုးတိတ္စြာထြက္ေပၚလာသည္။လွည့္ၾကည့္လိုက္သည့္အခါ သူကြၽန္မကိုၾကည့္ေနသည္ကိုေတြ႕ရသည္။မ်က္ဝန္းထဲတြင္ မ်က္ရည္မ်ားက က်လဳက်ခင္။သူ႕ အၾကည့္မ်ားမွတဆင့္ ၿပိဳလဲေတာ့မည္ အေျခအေနကိုကြၽန္မရိပ္မိလိုက္သည္။
ျမနႏၵာရွိုက္လိုက္သည့္အခါ ကြၽန္မသူ႕အနားေရာက္သြားသည္။
ကြၽန္မ သူ႕ကို ခပ္ဖြဖြ ဖက္ထားေပးမိသည္။ျမနႏၵာသည္ ကြၽန္မရင္ခြင္ကိုမွီ၍ ငိုေတာ့သည္။သူ႕ဆီမွ ဆိုဂ်ဴအနံ႕လည္းရေလသည္။ သူေတာ္ေတာ္ေသာက္ထားတာပဲ။
သူအငိုရပ္သြား၍ စိတ္ၿငိမ္သြားၿပီးေနာက္ ကြၽန္မတို႔ ထိုင္၍ စကားေျပာျဖစ္ၾကသည္။
ပိုင္ပိုင္ ျမမာလာတို႔အိမ္လိုက္သြားတာ ျမနႏၵာသိသြား၍ ဆူရာမွ စကားမ်ားၾကၿပီး ပိုင္ပိုင္စိတ္ဆိုးသြားသည္တဲ့။
"ခုနေလးတင္ကပဲ သႏၱာလာေခၚသြားတယ္၊အဲဒီအိမ္နဲ႕ တို႔မိဘေတြအေၾကာင္းေတြးမိရင္ ကိုေအာင့္ကို သတိရၿပီး အားနာလြန္းလို႔ နာက်င္ရတယ္၊သိလား ေကသီ"
ျမနႏၵာေျပာသမွ် ျပန္မေျပာဘဲ နားေထာင္ေပးေနမိသည္။
"ေကသီ ဟိုဇာတ္ကားသိတယ္မလား၊ျမန္မာမင္းသမီးဝင္းမင္းသန္းနဲ႕ မင္းသားဂရီေဂၚရီပက္တို႔ သ႐ုပ္ေဆာင္ထားတဲ့ ခရမ္းေရာင္လြင္ျပင္ဆိုတဲ့ ေဟာလိဝုဒ္ဇာတ္ကားေလ၊အဲဒီကားထဲမွာ မင္းသမီးက မင္းသားကိုေျပာတဲ့စကားရွိတယ္၊"ရွင္တို႔အဂ္လိပ္လူမ်ိဳးေတြက ေသတဲ့သူေတြကို ရင္ဘတ္ထဲမွာ ျမႇုပ္ႏွံထားတတ္ၾကတယ္၊ကြၽန္မတို႔ ဗမာလူမ်ိဳးေတြကေတာ့ လူေသေတြကို သချ်ိုင်းမှာပဲ ျမႇုပ္တယ္"တဲ့"
သူေမာသြား၍ ခနရပ္လိုက္သည္။ၿပီးေတာ့ ဆက္ေျပာ၏။
"တို႔အဲဒီစာသားေလးကို သိပ္ႀကိဳက္ခဲ့တာ၊ကိုေအာင္မဆုံးခင္အထိေပါ့၊အခုေတာ့ အဲဒီစာသားကို မႀကိဳက္ေတာ့ဘူးေကသီရယ္၊မႀကိဳက္ေတာ့ဘူး"
ကြၽန္မ Toilet ဝင္ၿပီးျပန္ထြက္လာခ်ိန္တြင္ ျမနႏၵာသည္ ခုံေပၚတြင္ ေခါင္းငိုက္စိုက္ျဖစ္ေနၿပီ။
"ျမနႏၵာ၊ျမနႏၵာ"
ကြၽန္မေခၚလည္း မရေတာ့။အိပ္ေပ်ာ္သြားၿပီ။သူ႕အခန္းထဲသို႔တြဲကာ အိပ္ယာေပၚတင္ေပးရသည္။စီးက်ေနေသာ မ်က္ရည္မ်ားကို ဖယ္ရွားေပးေနရင္း ကြၽန္မ သက္ျပင္းခ်ေနမိသည္။ရင္ထဲတြင္ တင္းၾကပ္သလို ျဖစ္လာသည္။မီးပိတ္၍ မီးအိမ္ဖြင့္၊
ျမနႏၵာကို ေစာင္လႊမ္းေပးခဲ့ၿပီးေနာက္ အခန္းထဲမွ ထြက္ခဲ့၏။
အခန္းမျပန္ေတာ့ဘဲ ဒီမွာပဲအိပ္ေတာ့မည္ ။ျမနႏၵာက မျပန္ေစခ်င္ဘူးမဟုတ္လား။ဆိုဖာေပၚတြင္ လွဲေနရင္း ကြၽန္မ အိပ္မေပ်ာ္ေတာ့ပါ။အေတြးမ်ားျဖင့္ ခ်ာခ်ာလည္ေနေတာ့သည္။ကြၽန္မ ဘယ္ေလာက္ေတာင္စဥ္းစားခန္းဖြင့္ေနမိသလဲဆိုရင္ အသံၾကားမွ သတိဝင္လာေလသည္။
"ကိုေအာင္၊ကိုေအာင္"
ျမနႏၵာ အသံပဲ။ကြၽန္မ အခန္းထဲဝင္သြားသည့္အခါ ျမနႏၵာ ေယာင္ေနသည္။ကိုေအာင္ ဟုလည္း ဆက္တိုက္ေခၚေနသည္။
"ျမနႏၵာ"
ကြၽန္မ သူ႕လက္ကိုကိုင္ၿပီး လႈပ္ႏွိုးလိုက္သည္။ဒါေပမယ့္ ျမနႏၵာ၏ လက္တစ္ဖက္က ကြၽန္မလက္ကိုေဆာင့္ဆြဲလိုက္ေသာေၾကာင့္ သူ႕ ရင္ခြင္ထဲသို႔ ကြၽန္မ လဲက်သြားေတာ့သည္။
"ကိုေအာင္၊ကိုေအာင္ မေသဘူးေပါ့ေနာ္"
ျမနႏၵာသည္ ကြၽန္မ၏ ႏႈတ္ခမ္းမ်ားကို နမ္းေလသည္။ ကြၽန္မ ႐ုန္းေပမယ့္ မရ။ျမနႏၵာဆီမွ ကိုေအာင္ဟု အသံထြက္လိုက္တိုင္း ကြၽန္မႏွလုံးသားထဲတြင္ ဆစ္ခနဲ နာက်င္သြားရေပမယ့္ နဖူး၊ပါးျပင္ႏွင့္ ေမးေစ့မွတဆင့္ လည္ပင္းဆီသို႔ေရာက္လာေသာအခါ ႐ုန္းေနေသာ ကြၽန္မ၏ လက္မ်ား အားေလ်ာ့ခ်င္လာ၏။မျဖစ္ဘူး၊ ကြၽန္မ႐ုန္းထြက္မွရမည္။
"ကိုေအာင္မဟုတ္ဘူး၊ကြၽန္မပါျမနႏၵာရယ္၊ေကသီပါ"
နားနားကပ္ေျပာသည့္အခါမွ ျမနႏၵာ သတိဝင္လာသည္။
ျမနႏၵာ ထထိုင္ေလသည္။ကြၽန္မလည္း ထိုင္လိုက္သည္။
"ဟင္ ေကသီ၊တို႔ ေကသီ့ကို ဘာလုပ္လိုက္မိလဲဟင္၊ေျပာစမ္းပါဦး၊အို ေကသီငိုေနတယ္၊ တို႔မင္းကို ဘာေတြလုပ္လိုက္မိၿပီလဲ ေကသီရယ္"
ကြၽန္မ ကိုယ့္ပါးျပင္ကိုယ္စမ္းၾကည့္မိသည္။အို မ်က္ရည္ေတြပဲ။
ျမနႏၵာသည္ ကြၽန္မပါးျပင္မွ မ်က္ရည္မ်ားကို လက္ႏွစ္ဖက္ျဖင့္ သုတ္ေပးရင္း ေမးေနသည္။
"ဘာမွမလုပ္ပါဘူး၊ရွင္ေယာင္ေနလို႔ ကြၽန္မလာၾကည့္တာ၊ႏွိုးရင္းနဲ႕ဆြဲလိုက္ေတာ့ အိပ္ယာေပၚလဲက်သြားတယ္၊မ်က္လုံးနည္းနည္းခတ္မိသြားတယ္ထင္တယ္၊ ရွင္အမူးေျပၿပီဆိုရင္ အခန္းျပန္ေတာ့မယ္ေနာ္"
ကြၽန္မသည္ ျမနႏၵာဘာမွျပန္မေျပာနိုင္ခင္ အခန္းထဲမွ မေျပး႐ုံတမယ္ ထြက္လာခဲ့သည္။
"PG ၿပီးသြားတဲ့ဆရာဝန္႐ုပ္က ဘယ္လိုလဲကြာ၊ငိုင္လွခ်ည္လား"
ဆရာဝန္နားေနခန္းထဲတြင္ ထိုင္ေနစဥ္ မမေဝဝင္လာသည္။
"PG ၿပီးရင္ရွိရမယ့္႐ုပ္က သပ္သပ္ရွိလို႔လားမမေဝရယ္"
ကြၽန္မ ခပ္ေနာက္ေနာက္ဆိုမိသည္။မမေဝ က ရယ္ပါသည္။
"ဆာဂ်င္ျဖစ္ခ်င္လြန္းလို႔ PG ျမန္ျမန္ၿပီးခ်င္ေနတဲ့သူက PG ေအာင္သြားၿပီဟာကို မေပ်ာ္နိုင္မေမာ္နိုင္ျဖစ္ေနေတာ့ ေမးရၿပီေပါ့"
"ေပ်ာ္ပါတယ္ မမေဝ၊ခန နားေနတာပါ"
"မ်က္လုံးဆိုတာ စကားေျပာတယ္ေကသီရဲ႕"
ကြၽန္မ မ်က္လႊာခ်ပစ္ရပါသည္။
"ကဲပါ ညီမေလးရယ္၊လူနာေတြကို မမၾကည့္ထားေပးမယ္၊ ေအးေအးေဆးေဆး နားၿပီးမွထြက္လာခဲ့၊ ဟုတ္ၿပီလား"
"ေက်းဇူးပဲ မမေဝရယ္"
မမေဝသည္ ကြၽန္မ၏ေက်ာျပင္ကိုအသာယာပုတ္ေပး၍ ထြက္သြားသည္။
မေန႕ညက တစ္ညလုံးကြၽန္မ အိပ္မေပ်ာ္ပါ။မိုးလင္းခါနီးမွ ေမွးခနဲအိပ္ေပ်ာ္သြားခဲ့သည္။ေပ်ာ္႐ႊင္မႈဆိုတာ အလုပ္မွာသာရွိသည္ဟု ကြၽန္မအထင္ေရာက္ခဲ့ဖူးသည္။လူတစ္ေယာက္ေပ်ာ္႐ႊင္ဖို႔ လူတစ္ေယာက္မလိုအပ္ပါဟုလည္း စိတ္ထဲမွေႂကြးေၾကာ္ခဲ့ဖူးသည္။
ျမနႏၵာနဲ႕စကားေျပာေနရလွ်င္ သူ႕အနားမွာ ေနရလွ်င္ျဖစ္လာတတ္ေသာ ရင္ခုန္ျခင္း ၊ၾကည္ႏူးျခင္း ၊သနားျခင္း စတဲ့ ခံစားခ်က္ေတြဟာ အေရးမႀကီးပါဘူး လို႔ မွတ္ယူထားခဲ့မိတာ ကြၽန္မ သိပ္မွားေၾကာင္း သိလိုက္ရပါၿပီ။
ဆုံးပါးသြားသည့္ သူ႕ခင္ပြန္းအား စြဲလန္းစိတ္မေျပသူကေလးကိုမွ ခ်စ္ေနမိေသာ ကြၽန္မအဖို႔ေတာ့ အရာရာသည္ အရႈံးပဲထင္ပါ၏။