ညနေပြန်လာကထဲက အလုပ်ကနေပြန်လာပြီးအိပ်နေတဲ့လူကို ဂျီမင်မနိုးပေ ။ ရုံးခန်းမှာတုန်းက ပေးတဲ့ Black Card ကို ကင်မ်ထယ်ယောင်းရဲ့ဖုန်းနားမှာ ပြန်ထားပေးလိုက်သည် ။ ဘာမှမလိုချင်ပါ။ ကင်မ်ထယ်ယောင်ဆိုတဲ့လူဆီကနေ ။ ဘယ်အရာကမှ အလကားမရတဲ့အခါ ပြန်ပေးနိင်ဖို့ အင်အားမရှိတဲ့အခါကျရင် သူဒီလိုပဲ ထပ်ခံစားရမှာလား ? ။ ဒီရဲ့ တန်ကြေးက ဘာလဲ ? ။
" သားက ညစာလာမစားဘူးလား ?"
" ပြန်လာကထဲက အိပ်နေတယ် အန်ကယ် "
" အင်း ...အလုပ်ကိုပဲ အာရုံစိုက်နေတယ်ထင်တယ် ကင်မ်ထယ်ယောင်းက ညဘက်သိပ်မအိပ်ဘူးမလား ဂျီမင် "
" ဟုတ်ကဲ့ "
" အလုပ်လောဘကြီးတဲ့ကောင် ... "
ထိုမျှလောက်သာ ပြောပြီး အန်ကယ်ကတော့ ညစာကို ဆက်စားသည်။ သူလည်း အန်ကယ်နဲ့အတူ ညစာစားလိုက်ရင် အလုပ်အကြောင်းကို အန်ကယ် သူသိအောင် ရှင်းပြလေသည်။ ဘယ်လိုလူက ဘယ်လိုပုံဖြစ်ပြီး ၊ ဒီလိုလူက ဒီလိုပုံဖြစ်တယ်ဆိုတာပေါ့ ။
" သားနဲ့ရော အဆင်ပြေလား ?"
" ဟုတ် ..."
အန်ကယ်ကိုတော့ သူတို့ပြသာနာကြားထဲ ပေးစိတ်မညစ်စေချင်ပါ ။ အန်ကယ့်ကြောင့် ဖြစ်သွားတဲ့ ပြသာနာမဟုတ်ပါ။ သူနဲ့ ကင်မ်ထယ်ယောင်းရဲ့ ပြသာနာသာ ဖြစ်လေသည် ။
" အေးပါကွယ် ...နစ်ယောက်သား အဆင်ပြေတာပဲ အန်ကယ်ကြားချင်တယ် "
" အန်ကယ်ရော နေရအဆင်ပြေလား ?"
" အေး ..ပြေပါတယ် ၊ အလုပ်ကိစ္စတွေ အားလုံးကို သားနဲ့လွှဲလိုက်တော့ ၀န်က တော်တော်လေးကို ပေါ့သွားတယ် ၊ သားလည်း အလုပ်မှာ အဆင်ပြေတယ်မလား ..ရှယ်ယာတွေဆီက ဘာအသံမှ မကြားရတော့ သားကိုသဘောကျပုံရတယ် "
ကင်မ်ထယ်ယောင်းရဲ့ တော်ကြောင်းတွေပြောနေတဲ့အချိန်မှာ အန်ကယ့်ရဲ့မျက်နှာပေါ်မှာ ဂုဏ်ယူမူတွေပါလေသည်။ သူ့အဖေရော သူနဲ့ပတ်သက်ပြီး အခြားလူတွေကို ပြောပြတဲ့အခါ ဘယ်လိုမျက်နှာထားမျိုးနဲ့ပြောမှာလဲ ? ။ ဂုဏ်ယူနေသလား..ဒါမှမဟုတ် ....
အိပ်ပျော်နေတဲ့လူရဲ့ နှဖူးကို ဂျီမင် လက်ဖမိုးနဲ့ စမ်းလိုက်သည်။ ဖျားနေတာတော့မဟုတ် ဒီအတိုင်း အိပ်နေချင်သာ ဖြစ်သည်။
ခပ်တိုးတိုးတီးလုံးဖြင့် ၀င်လာတဲ့ ဖုန်းသံကို ဂျီမင်ကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းရဲ့ personal အတွက်သုံးတဲ့ဖုန်းဖြစ်လေသည်။ Wallpaper ကြောင့် ဂျီမင် မျက်ခုံးကိုကြုတ်လိုက်သည်။ ခန္ဓာကိုယ်အပိုင်းအစတစ်ခုကိုပဲ ရိုက်ထားတဲ့ပုံဖြစ်လေသည်။ ဘယ်သူ့ရဲ့ပုံလည်း မသိပေမဲ့ ဂျီမင်တော်တော်လေး ကြည့်မိသွားသည်။ ခါးသေးသေးသွယ်သွယ် အစိတ်အပိုင်း ။ လီယွန်းဝူရဲ့ ခါးလား ? ။ လီယွန်းဝူရဲ့ ခန္ဓာကိုယ်က Model တစ်ယောက်မှာ ရှိတဲ့ အချိုးအစားဖြစ်လေသည်။ အခု Wallpaper က ခါးအချိုးအစားကလည်း ထိုခါးအချိုးအစားဖြစ်လေသည်။
နံပါတ်ကိုကြည့်တော့ Contact မလုပ်ထားတဲ့ဖုန်း ဖြစ်လေသည်။ သူကိုင်ပေးလိုက်ရမလား ? ။ တစ်ခုခုဆိုရင် ဘယ်လိုလုပ်မလဲ ? ။ အိပ်နေတဲ့လူရဲ့ဘေးနားမှာ ဂျီမင်ထိုင်လိုက်သည်။ ပြီးတော့မှာ
" ကင်မ်ထယ်ယောင်း .."
ပုံမှန်အသံထက် အနည်းငယ်လောက်မြှင့်ကာ ခေါ်လိုက်တော့ ကင်မ်ထယ်ယောင်း မျက်လုံးဖွင့်လာသည် ။
" ဖုန်ုးလာနေတယ် "
သူရင်ဘတ်ပေါ်မှာတင်ပေးလိုက်တော့ ကင်မ်ထယ်ယောင်းပက သိပ်မဖွင့်ချင်တဲ့မျက်လုံးတွေနဲ့ ဖုန်းကို လှမ်းယူကာ ကိုင်လိုက်သည် ။
" ဟဲလို "
ကင်မ်ထယ်ယောင်းက ပက်လက်ကနေ ကိုယ်ကို တစ်ခြမ်းစောင်းလိုက်သည်။ ဂျီမင်ကတော့ သူ့ကိစ္စပြီးပြီးမို့ ထလိုက်တော့
" ထိုင်အုံး .."
သူ့လက်ကောက်၀တ်ကို ဆွဲကာ ပြန်ပေးထိုင်သည် ။ " ဘာလဲ " ဆိုတဲ့ မျက်လုံးအမူအရာ မေးလိုက်တော့ ကင်မ်ထယ်ယောင်းက ဘာမှပြန်မဖြေပဲ ဖုန်းကို ကိုင်လိုက်သည် ။
" ဟဲလို .."
" ကိုကိုလား..?"
အသံကြောင့် ကင်မ်ထယ်ယောင်းဖုန်းကို ခွာလိုက်သည် ။ ပြီးတော့ တစ်ခုခုကိုစဉ်းစားနေလေသည် ။
" ဖုန်းနံပါတ်ကို ဘယ်လိုရလဲ ?"
" ဒါက လွယ်ပါတယ် ကိုကိုရယ် ..ကိုကို့ကို ဖိတ်မလို့ "
" အင့် ကိုင်လိုက် "
ဂျီမင်ဆီကို ဖုန်းထိုးထည့်ပေးလိုက်သည် ။ ဂျီမင်လည်း မကိုင်ပေးပါ ။ ထိုတော့လည်း ကင်မ်ထယ်ယောင်းက ဘာမှမပြောပဲ အလုပ်အတွက်ဖုန်းကို လှမ်းယူသည် ။
" ကိုယ့်ဟာကိုယ် ကိုင်လေ "
သူပြောတာကိုလည်း ဂရုမစိုက် ကိုယ့်ကိစ္စပဲ ကိုယ်လုပ်နေတဲ့လူကြောင့် ဂျီမင်ထိုဖုန်းကို ကိုင်လိုက်ရသည် ။
" ဟဲလို "
တစ်ဖက်ဖုန်းကလူကို မသိတာကြောင့် ဂျီမင် ' ဟဲလို ' ပြန်လုပ်လိုက်ရလေသည်။
" ကိုကို့ကို ဖုန်းပေးပေးလို့ ရမလား ?"
" ဟင့် ...!!"
" ကိုကိုနဲ့ပဲပြောစရာရှိလို့ "
လီယွန်းဝူက အတင်းကို ဖြစ်နေတာ ။ နေပါအုံး ..သူက ဘာလို ဒီနစ်ယောက်ကြားမှာ တစ်ဆင့်ခံဖြစ်နေရတာပါလိမ့် ? ။ စဉ်းစားကြည့်ရင် လီယွန်းဝူရဲ့ လေသံက သူ့ကို ဒီဖုန်းကို ကိုင်လို့ စိတ်ဆိုးနေတဲ့ပုံ ။
" သူမအားဘူး ၊ အလုပ်ကိစ္စနဲ့ ဖုန်းပြောနေတယ် "
ထိုအခါ လီယွန်းဝူ တိတ်ဆိတ်သွားလေသည် ။ ဂျီမင် ဖုန်းမချသေးပဲ ဆက်ကိုင်ထားလိုက်သည်။
" ဒါဆို ဒီည ယွန်းဝူမွေးနေ့မို့ လာပေးနိင်မလား မေးပေး "
" ဟုတ်ပြီး သူအားရင် ပြန်ဖုန်းဆက်ခိုင်းလိုက်မယ် ၊ ဒါပဲမလား ?"
သူ့စကားအဆုံးမှာ လီယွန်းဝူဖုန်းကိုအရင် ချလိုက်လေသည် ။ ဂျီမင်လည်း ဖုန်းကိုပိတ်လိုက်ပြီး ကင်မ်ထယ်ယောင်းကို ပြန်ပေးလိုက်သည်။ ကင်မ်ထယ်ယောင်းက တစ်ဖက်က လူတွေနဲ့ ဘာတွေပြောနေမှန်းမသိပေ ။
" သူသိစရာ ဘာအကြောင်းရှိလို့လဲ ?"
"......."
" အိုကေလေ ..."
ထိုလောက်သာ သူကြားလေသည်။ ကင်မ်ထယ်ယောင်းကလည်း ဖုန်းကို ချသွားသည် ။
" အလုပ်မှာ ဖုန်းကို ဘယ်မှာထားလဲ ?"
သူ့ဖုန်း ။ သူ့ဖုန်းကို မေးပြီး ဘာလုပ်ဖို့လဲ ? ။ ဂျီမင်မဖြေပါ ။ သူ့ဖုန်းကတော့ သူဘာလုပ်လုပ်ပေါ့ ။ သူ့ပိုက်ဆံနဲ့ သူဝယ်ထားတာလေ ။
" ဖုန်းက ဘာအနားမှာထားတာကအစ မင်းကို ပြောပြရမှာလား "
ဖုန်းကိုပါ ဟိုအချိန်ကိုင်ပါ ၊ ဒီအချိန်ကိုင်ပါ ပြောအုံးမလို့လား ? ။ ဒါဆိုရင်တော့ ဖုန်းကိုပါ လွှတ်ပစ်လိုက်တော့မယ် ။
" လိုအပ်ရင် ပြောရမယ် ၊ ခင်ဗျားရဲ့ အရာအားလုံးကို ကျုပ်ပိုင်တယ် ၊ ခင်ဗျားအဖေမဟုတ်ဘူး "
ခပ်စူးစူးအကြည့်တွေ ကင်မ်ထယ်ယောင်းဆီကို ကြည့်လိုက်မိသည်။ တကယ်ပဲ ဒေါသထွက်ရသည် ။
" ရုံးခန်းထဲမှာပဲ ထားတယ် "
" ရုံးခန်းထဲကို ဘယ်သူလာလဲ ?"
" မင်းအတွင်းရေးမှူးရယ် .."
နောက်ဘယ်သူလာပါလိမ့် ? ။ ရုံးခန်းကို ၀င်ချင်တိုင်း ၀င်ခွင့်ရှိတာမျိုးလည်း မဟုတ် ။ လီယွန်းဝူလည်း လာပါသေးသည်။ လီယွန်းဝူက သူ့ရုံးခန်းထဲပဲ ၀င်တာမဟုတ် ၊ အားလုံးရဲ့ ရုံးခန်းထဲကို ၀င်တာပဲ။ ဒါကလည်း ရေညှိလိပ်တွေ လုပ်ထားတာတွေကို လိုက်ဝေပေးဖို့အတွက် ရုံးခန်းထဲကို ၀င်လာခြင်းသာ ဖြစ်သည်။
" လီယွန်းဝူ "
" ကောင်းတယ် ..."
ကင်မ်ထယ်ယောင်း ဆက်မပြောတော့ပဲ အိပ်ယာကနေ ထကာ အ၀တ်အစားတွေ ချွတ်ရင်
" ဒီညကျရင် ပါတီပွဲကို သွားရမည်။ အ၀တ်အစားလဲထား "
" ဒီည..!!"
ည 8နာရီပဲ ရှိနေပြီးဟာကို ဟိုကို 9နာရီကျော် လောက်ရောက်ရင် အိမ်ကို သူတို့ဘယ်အချိန် ပြန်မှာလဲ ?" ။
" လဲထား .."
" မလိုက်လို့ မရဘူးလား ?"
" လိုက်ရမယ် "
လေးနက်တဲ့အသံနဲ့ တစ်ခွန်းထဲအပြတ်ပြောပြီး ရေချိုးခန်းထဲသို့ ကင်မ်ထယ်ယောင်း၀င်သွားလေသည် ။
" ဒီမကောင်းဆိုးဝါးတော့ "
၁နာရီလောက် ကြိုပြောမဲ့အစား ၁ မိနစ်လောက်မှ ကြိုပြောရင် ပိုအဆင်ပြေနေဘူးလား ? ။ အရာရာကို ကိုယ့်စိတ်ကြိုက်ပဲ ကိုယ်လုပ်နေတာ ။ သူများစိတ်ဆန္ဒရှိမရှိကို နည်းနည်းလေးတောင်မမေးပေးဘူး ။
......
ပါတီပွဲကတော့ အခြားလူရဲ့ ပါတီပွဲမဟုတ် မင်ဟိုရဲ့ မွေးနေ့ပါတီပွဲဖြစ်လေသည်။ ကျောင်းကလူတွေ မေဂျာတူလူတွေအားလုံးကို သူမြင်ရလေသည် ။ မင်ဟိုကလည်း ပိုက်ဆံရှိတဲ့ လူတန်းစားကပဲမို့ ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပလေသည်။ ကင်မ်ထယ်ယောင်းက အမဲပေါ်မှာ အဖြူစင်းအသေးအနည်းငယ်ပါတဲ့ ၀တ်စုံပြည့်ကို ၀တ်ထားပေမဲ့ အထဲခံကို မ၀တ်တော့ပဲ ရင်ဘတ်ပေါ်အောင်ထိ ကြယ်သီးကို ဖြုတ်ထားပြီး ခြင်္သေပုံဆွဲကြိုးကို ဆွဲထားလေသည်။ အလုပ်မှာလို့ ဆံပင်တွေကို အကုန်နီးပါး သတ်တင်မထားတော့ပဲ အလယ်နစ်ဖက်ကို ခွဲထားပြီး မျက်ခုံးနစ်ဖက်နားမှာ ချထားလေသည်။ ဒီပွဲမှာတော့ ကင်မ်ထယ်ယောင်းက မွေးနေ့ရှင်ထက် ပိုထင်ပေါ်တာကို သူလက်ခံမိသည် ။ သူကတော့ ရိုးရှင်းသည်။လက်ပိတ်လက်ရှည်ကို လောင်ကုန်အရှည်နဲ့ တွဲ၀တ်လာမိလေသည်။ ဒါကလည်း သူ၀ယ်ထားတာ မဟုတ် ။ ကင်မ်ထယ်ယောင်းက အားလုံးစီစဉ်ထားပေးတာ ။
" ဂျီမင်မပါလာဘူးထင်နေတာ "
မင်ဟိုက ကင်မ်ထယ်ယောင်းနဲ့ ပုခုံးချင်းတိုက်ပြီး သူ့ကိုတော့ လက်ဆွဲနူတ်ဆက်လေသည် ။ ဟန်ဆိုဟီးကလည်း သူတို့ဘေးမှာ လာရပ်ရင်
" နစ်ယောက်လုံးက အရမ်းတွေ လန်းတော့တော့ ဒီပွဲကို ငါတို့ရဲ့ Boss ပွဲလို့ ထင်သွားတော့မှာပဲ "
ဟန်ဆိုဟီးက ကင်မ်ထယ်ယောင်းနဲ့လည်း သူငယ်ချင်းဖြစ်တာကြောင့် အလုပ်ကလွဲရင် စစနောက်နောက်နဲ့ နာမည်ကိုခေါ်တက်လေသည် ။ ဂျီမင်ကိုလည်း ခင်တော့ သိပ်မခင်သေးပေမဲ့ ရင်းရင်းနှီးနှီးနဲ့တော့ စကားပြောလေသည် ။
" ဂျီမင်ကို ကြိုမပြောတာ စပရိုက်ဖြစ်အောင်လို့လေ "
မင်ဟိုက ပွဲနဲ့အသားမကျသေးတဲ့ ဂျီမင်ကို အဆင်ပြေအောင် ပြောပြပေးနေလေသည် ။
" လာလေ ဂျီမင် ..ထယ်ယောင်းရော ..."
ဟန်ဆိုဟီးပြတဲ့နေရာကို ဂျီမင်နဲ့ ထယ်ယောင်းက လိုက်သွားလေသည် ။ အလုပ်ထဲက ၀န်ထမ်းတစ်ချို့က သူနဲ့ ရင်းနှီးလာပြီးမို့ လက်ပြနူတ်ဆက်လေသည်။ သူကတော့ ခေါင်းကို ငုတ်ကာ ပြန်နူတ်ဆက်လိုက်လေသည်။
ဟန်ဆိုဟီးပြပေးတဲ့နေရာမှာ ၀င်ထိုင်လိုက်တော့ အရင်က ကင်မ်ထယ်ယောင်းရဲ့အခန်းဖော်တွေက လက်ဆွဲနူတ်ဆက်လေသည် ။ထိုလူတွေကလည်း ကင်မ်ထယ်ယောင်း ဘာလုပ်လုပ် မှန်တယ်ဆိုတဲ့ကျောင်းတုန်းက လူတွေသာ ဖြစ်သည်။ ဂျီမင်ဘက်ကို လာပြီး လက်ဆွဲကာ လာနူတ်ဆက်တော့ ဂျီမင်ဒီအတိုင်းပဲ ကြည့်နေမိလေသည်။ မရင်းနှီးတဲ့လူတွေကို သူလက်ဆွဲနူတ်ဆက်ဖို့ ၀န်လေးတာတော့ အမှန်ပဲ ။
" မင်းတို့ဝိုင်းကို မင်းတို့ပြန်တော့ "
ကင်မ်ထယ်ယောင်းရဲ့စကားအဆုံးမှာတော့ အတွန့်တောင်မတက်ပဲ ကိုယ့်နေရာကို ကိုယ်ပြန်ထိုင်ကြလေသည်။ စားသောက်စရာတွေရော သောက်စရာတွေရော လိုလေသိပ်မရှိအောင် ချထားပေးပေမဲ့ သူသောက်တက်တဲ့အရက်အမျိုးအစားတွေကတော့ မဟုတ်ပါ ။ ကင်မ်ထယ်ယောင်းကလည်း မင်ဟိုရဲ့ အဖေနဲ့အမေဆီကိုသွားကာ ရီရီမောမောနဲ့ စကားသွားပြောလေသည်။ အဖေရင်းနဲ့တောင် ကင်မ်ထယ်ယောင်းဒီလောက်ပြုံးရယ်တာ သူမမြင်ဖူးပေ ။ ကြည့်ကောင်းတယ်ဆိုတာ မျက်နှာအသွင်အပြင်ပဲ ရှိပြီး သူ့ကိုလုပ်တဲ့ လုပ်ရက်တွေကတော့ နည်းနည်းလေးမှ ကြည့်မကောင်းပေ ။
" ကိုယ့်အမျိုးသားကို ကိုယ်ပြန်ကြည့်နေပါလား ?"
ဟန်ဆိုဟီးက ဂျီမင်ဘေးနားမှာ ၀င်ထိုင်ပြီး ဂျီမင်ကို လှမ်းစလိုက်သည်။ ထိုအခါမှ ဂျီမင်ရဲ့မျက်လုံးတွေသည် ကင်မ်ထယ်ယောင်းဆီကနေ ရွေ့သွားပြီး ဟန်ဆိုဟီးဘက်ကို ကြည့်လိုက်သည် ။ တီးလုံးသံတွေကလည်း ဆူဆူညံညံနဲ့ ။ စကားသံတွေ ထွက်လာတာကလည်း အဆက်မပြတ် ။
" ဘာလဲ သဘောကျနေတာလား ?"
" မဟုတ်ပါဘူး "
ဟန်ဆိုဟီးရဲ့ အမေးကို ဂျီမင်ချင်ချင်းပင် ခေါင်းခါလိုက်သည်။ ထိုအခါ ဟန်ဆိုဟီးက ပြုံးသည်။
" ကင်မ်ထယ်ယောင်းတို့ company မှာ လုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်၊ ကင်မ်ထယ်ယောင်းကို မင်ဟိုကနေတစ်ဆင့် သိရပြီး သူငယ်ချင်းလို ခင်မင်ရင်းနှီးတဲ့တစ်လျှောက်ဒူနာသိရသလောက်တော့ ကင်မ်ထယ်ယောင်းက သူမပိုင်ရဘူးဆိုရင် လွှတ်ပစ်လိုက်တာလည်း ရှိသလို ၊ သူလိုချင်ရင်လည်း ဘယ်နည်းနဲ့ ဖြစ်ဖြစ် သုံးပြီး ယူတက်တယ် ၊ အဲအတွက် ဘယ်အရာမှ မငဲ့ကွက်တက်ပဲနဲ့ပေါ့ "
" ကျွန်တော် သူ့အကြောင်း မသိချင်ပါဘူး ၊ ထပ်သိရင် ထပ်စိတ်ညစ်ရမယ် ၊ ဒူနာလည်း ကြားနိင်သလောက်ကြားသလို ၊ မြင်သလောက်လည်း မြင်မှာပါ ကျွန်တော်တို့ရဲ့ အခြေအနေကို "
" လက်ထပ်ပြီးကြပြီးပဲမလား ...ကင်မ်ထယ်ယောင်းက ပြောမရရင်တောင် ဂျီမင်ကတော့ ကင်မ်ထယ်ယောင်းရဲ့ တရား၀င် လက်ထပ်ထားတဲ့ လူပဲလေ ၊ သူပြောင်းလဲမူတွေကို ဘယ်သူကြောင့်မှ မလုပ်ရင်တောင် သူလက်ထပ်ထားတဲ့ ဂျီမင်အတွက်ဆိုရင် ပြောင်းလဲပေးရင် ပြောင်းလဲပေးမှာပေါ့ "
ပြောင်းလဲပေးရမယ် ။ သူသာ နောက်ဘ၀ကို ပြောင်းလဲသွားမယ် ။ ကင်မ်ထယ်ယောင်းကတော့ အပြောအဆို ၊ အမူအကျင့်တွေ ပြောင်းလဲသွားမှာ မဟုတ်ပေ။ သူကရော ဘာလို ပြောင်းလဲပေးရမှာလဲ ? ။ မုန်းနေကြတဲ့ လူနစ်ဦးကို ။
" ကျွန်တော်သူ့ကို ဘာမှမလုပ်ပေးချင်ဘူး ၊ ဒူနာအနေနဲ့ လည်း ကင်မ်ထယ်ယောင်းရဲ့ ပတ်သက်ပြီး ကျွန်တော်အပေါ်မှာ မျှော်လင့်တာတွေ မလုပ်ပါနဲ့ ၊ သူနဲ့ကျွန်တော်က မတူညီကြတဲ့ လူတွေမို့ တစ်ချိန်ချိန်တော့ လမ်းခွဲကြရမှာပဲ "
" ကင်မ်ထယ်ယောင်းရဲ့ မာမီအကြောင်းရော အန်ကယ်ပြောပြလား...ကင်မ်ထယ်ယောင်းရော ပြောလား ?"
" ....."
ကင်မ်ထယ်ယောင်းရဲ့မာမီအကြောင်းတော့ ဂျီမင်တစ်ခါမှ မကြားဖူးပေ ။ အန်ကယ်ရော ကင်မ်ထယ်ယောင်းရောက စကားစပ်မိသည်ဖြစ်စေ ၊ မစပ်မိသည်ဖြစ်စေ လုံး၀မပြောပေ ။ သူရော ဘာလိုကင်မ်ထယ်ယောင်းရဲ့ မာမီကို မေ့နေရတာလဲ ? ။
" ဒီကိုရောက်နေကြတာပဲ "
ဂျီမင်နဲ့ ဟန်ဆိုဟီးထိုင်နေတဲ့ ထိုင်ခုံရဲ့ ဘေးမှာ လာရပ်ပြီး ပြုံးပြတဲ့လူကတော့ လီယွန်းဝူသာ ဖြစ်သည်။
" လီယွန်းဝူက အမြဲ ချောမောပြီး လှနေတာပဲ "
လီယွန်းဝူက အမြဲမျက်နှာကို မိန်းခလေးတွေလိုမဟုတ်ပေမဲ့ လှနေအောင်ပြင်တက်သည်။ ခါးတိုနဲ့ ဂျင်းပန့်လေးနဲ့ တွဲ၀တ်တာကအစ ခန္ဓာကိုယ် အချိုးအစားပေါ်အောင် ၀တ်မိသည်။ သူတို့ဝိုင်းက ခွက်ကို လှမ်းယူတဲ့အချိန် ပေါ်သွားတဲ့ လီယွန်းဝူရဲ့ ခါးလေးသည် ကင်မ်ထယ်ယောင်းရဲ့ Wallpaper က ခါးအစိတ်အပိုင်းလေးနဲ့တူလေသည် ။
" ဒူနာလည်း ဒီညသိပ်လှနေပါတယ်နော် ၊ မင်ဟိုတစ်ယောက် တန်းတန်းစွဲဖြစ်တာလည်း မပြောနဲ့"
" မြှောက်နေပြန်ပြီး လီယွန်းဝူကို တစ်ဝိုင်းသီးသန့်ကျွးရတော့မယ်ထင်တယ် "
လီယွန်းဝူနဲ့ ဟန်ဆိုဟီးက စကားကောင်းနေတော့ ဝီစကီပုလင်းထဲကအရည်တွေကို ခွက်ထဲကို ဌဲ့လိုက်ပြီးသောက်လိုက်သည်။ တော်တော်လေးတော့ ပြင်းသည်။ နောက်တစ်ခွက်လောက် ထပ်ဌဲ့ကာ သောက်ပြီး ငြိမ်နေလိုက်သည်။ သတိလက်လွတ်မူးသွားရင် အရင်တစ်ခါလို ပြသာနာမျိုးဖြစ်မှာ မလိုချင်ပေ ။
" ဒီည ဂျီမင်ကြည့်ကောင်းတယ်နော် "
သူ့ပုခုံးပေါ်လက်တင်ပြီး လီယွန်းဝူက စကားလာပြောတော့ သူစောင်းကကြည့်ရင်
" လီယွန်းဝူလည်း ဒီညပိုချောပါတယ် "
" ဒါကိုတစ်ယောက်သောသူကတော့ မမြင်တော့ဘူးနဲ့ တူတယ် "
ပါးနစ်ဖက်ကို မို့တက်အောင်ထိ လီယွန်းဝူပြုံးပြလိုက်သည်။ ဂျီမင်ကတော့ ဘယ်သူ့ကို ရည်ညွှန်းပြောသလဲဆိုတာကို သိသည်။ ဒါက သူ့ကိစ္စမဟုတ် ၊ သူ့ကိစ္စက အခုအိမ်ပြန်ချင်နေတာဖြစ်လေသည်။ ည ၁၂အချိန်လောက် ရှိပြီးဖြစ်လေသည်။ မနက်ကျရင်လည်း မနက်စားအတွက် ပြင်ဆင်ဖို့အစောကြီး ထရအုန်းမည်ဖြစ်သည်။ အရက်လည်း ဝီကစီလေးနည်းနည်းလေး သောက်လောက်မိတာ ခေါင်းက ရေးတေ့တေ့ဖြစ်နေလေသည်။
" မှောက်ကျနေပြီး လီယွန်းဝူ .."
သူ့ပုခုံးကနေ ခွက်ထဲကအရည်တွေ စီးကျလာတော့ ဟန်ဆိုဟီးက အရင်ပြောလေသည်။ ဂျီမင်ကတော့ အသံကြားမှာ သတိထားမိသည်။ လီယွန်းဝူ ခွက်ထဲက အရက်တွေ ဖိတ်ကျနေတာပဲ။ ထိုကြောင့် ဂျီမင်ထရပ်လိုက်သည်။
" Oh .. sorry ယွန်းဝူသတိလက်လွတ်နေလိုက်မိတာပါ "
ဒူနာက သစ်သျူးယူကာ လာသုတ်ပေးတော့ ဂျီမင်က
" ရတယ် ရတယ် .." သစ်သျူးကို လှမ်းယူလိုက်ကာ ပုခုံးပေါ်မှာ သုတ်လိုက်ပြီး
" ဒူနာ ..ကင်မ်ထယ်ယောင်းမေးရင် ကားပေါ်မှာပဲ ရှိနေတယ်လို့ ပြောပေးပါနော် "
" အေးအေး ..ရရဲ့လား ?"
" ရပါတယ် ၊ ကျွန်တော်လည်း ငြီးစိစိဖြစ်နေတာနဲ့ အတော်ပဲ "
နူတ်ဆက်ပြီးတာနဲ့ ကင်မ်ထယ်ယောင်းကိုတောင် မကြည့်တော့ပဲ ထထွက်ခဲ့လိုက်သည် ။ ကားပေါ်ကိုရောက်မှာ အပေါ်ကုတ်ကို ချွတ်ပစ်လိုက်သည်။ ပြီးတော့ "17 " သီချင်းကိုဖွင့်မိသည်။ ဆူဆူညံညံတွေ မကြိုက်တာမို့ ဒီတစ်ချက်တော့ ကင်မ်ထယ်ယောင်းနဲ့ တူလေသည်။ ကင်မ်ထယ်ယောင်းဖွင့်တဲ့ သီချင်းတော်တော်များများကလည်း Country song ၊ Pop song ၊ Jazz song တွေသာ ဖြစ်လေသည်။
မျက်လုံးကိုမှိတ်ပြီး သီချင်းလည်းနားထောင်နေလေသည်။ သီချင်း၇ပုဒ်လောက်ပြီးတော့ ကင်မ်ထယ်ယောင်းက ကားထဲသို့ ၀င်လာလေသည်။ တံခါးကို ဆောင့်ပိတ်လိုက်တဲ့အသံကြောင့် ဂျီမင်လန့်၍သွားသည် ။ ပြီးတော့ ကင်မ်ထယ်ယောင်းက သူ့ပုခုံးဆီကို လာပြီး နှာခေါင်းနဲ့ အနံ့လာခံတာကြောင့် သူအနောက်သို့အနည်းငယ်ကိုယ်ကိုရွေ့လိုက်ပြီး "ဘာလဲ "ဆိုတဲ့ အမူအရာနဲ့ ကြည့်လိုက်သည် ။
" အရက်သောက်ထားတာလား ?"
" မြင်နေတာကို မသောက်ပဲနေမလား ?"
သူပြန်ဖြေတာကို ကင်မ်ထယ်ယောင်းကြားချင်မှ ကြားလိမ့်မယ် ။ သူကြားအောင်တော့ ပြောတာမျိုးလည်း မဟုတ် ။ တစ်ကိုယ်ရည် ကြားယုံသာ နူတခမ်းလူပ်ယုံသာဖြစ်သည်။ ကင်မ်ထယ်ယောင်းကတော့ သူ့မျက်နှာနီးကပ်စွာမှာ ရှိနေလေသည် ။
သူ့ပတ်ထားတဲ့ ထိုင်ခုံခါးပတ်ကိုဆွဲဖြုတ်လိုက်ပြီး ညာဘက်လက်မှာ သူ့လည်ပင်းကို လာကိုက်ပြီး နူတ်ခမ်းကို စူးစူးရှရှလာနမ်းလေသည်။ ဒီအနမ်းမိုးတွေအောက်မှာ သူရုန်းရော လွတ်နိင်မှာတဲ့လား ? ။ ကင်မ်ထယ်ယောင်းရဲ့အနမ်းတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အားကို ဆုတ်ယူသလိုပင်ဖြစ်သည်။ ကင်မ်ထယ်ယောင်းဆီကနေရတဲ့ ရေမွှေးနံ့ ၊ အရက်နံ့ ၊ ကိုယ်သင်းရနံ့ အားလုံးက သူ့နှာခေါင်းထဲသို့၀င်ရောက်နေလေသည် ။ သူ့ခေါင်းကို ကိုင်ထားတဲ့ ကင်မ်ထယ်ယောင်းရဲ့လက်ကို ပြန်ကိုင်မိသည်။ ပြီးတော့ သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။
( နောက်တစ်ခန်းကတော့ ဒါအဆက်ပေါ့ 🌚)
Zawgyi
ညေနျပန္လာကထဲက အလုပ္ကေနျပန္လာၿပီးအိပ္ေနတဲ့လူကို ဂ်ီမင္မနိုးေပ ။ ႐ုံးခန္းမွာတုန္းက ေပးတဲ့ Black Card ကို ကင္မ္ထယ္ေယာင္းရဲ႕ဖုန္းနားမွာ ျပန္ထားေပးလိုက္သည္ ။ ဘာမွမလိုခ်င္ပါ။ ကင္မ္ထယ္ေယာင္ဆိုတဲ့လူဆီကေန ။ ဘယ္အရာကမွ အလကားမရတဲ့အခါ ျပန္ေပးနိင္ဖို႔ အင္အားမရွိတဲ့အခါက်ရင္ သူဒီလိုပဲ ထပ္ခံစားရမွာလား ? ။ ဒီရဲ႕ တန္ေၾကးက ဘာလဲ ? ။
" သားက ညစာလာမစားဘူးလား ?"
" ျပန္လာကထဲက အိပ္ေနတယ္ အန္ကယ္ "
" အင္း ...အလုပ္ကိုပဲ အာ႐ုံစိုက္ေနတယ္ထင္တယ္ ကင္မ္ထယ္ေယာင္းက ညဘက္သိပ္မအိပ္ဘူးမလား ဂ်ီမင္ "
" ဟုတ္ကဲ့ "
" အလုပ္ေလာဘႀကီးတဲ့ေကာင္ ... "
ထိုမွ်ေလာက္သာ ေျပာၿပီး အန္ကယ္ကေတာ့ ညစာကို ဆက္စားသည္။ သူလည္း အန္ကယ္နဲ႕အတူ ညစာစားလိုက္ရင္ အလုပ္အေၾကာင္းကို အန္ကယ္ သူသိေအာင္ ရွင္းျပေလသည္။ ဘယ္လိုလူက ဘယ္လိုပုံျဖစ္ၿပီး ၊ ဒီလိုလူက ဒီလိုပုံျဖစ္တယ္ဆိုတာေပါ့ ။
" သားနဲ႕ေရာ အဆင္ေျပလား ?"
" ဟုတ္ ..."
အန္ကယ္ကိုေတာ့ သူတို႔ျပသာနာၾကားထဲ ေပးစိတ္မညစ္ေစခ်င္ပါ ။ အန္ကယ့္ေၾကာင့္ ျဖစ္သြားတဲ့ ျပသာနာမဟုတ္ပါ။ သူနဲ႕ ကင္မ္ထယ္ေယာင္းရဲ႕ ျပသာနာသာ ျဖစ္ေလသည္ ။
" ေအးပါကြယ္ ...နစ္ေယာက္သား အဆင္ေျပတာပဲ အန္ကယ္ၾကားခ်င္တယ္ "
" အန္ကယ္ေရာ ေနရအဆင္ေျပလား ?"
" ေအး ..ေျပပါတယ္ ၊ အလုပ္ကိစၥေတြ အားလုံးကို သားနဲ႕လႊဲလိုက္ေတာ့ ၀န္က ေတာ္ေတာ္ေလးကို ေပါ့သြားတယ္ ၊ သားလည္း အလုပ္မွာ အဆင္ေျပတယ္မလား ..ရွယ္ယာေတြဆီက ဘာအသံမွ မၾကားရေတာ့ သားကိုသေဘာက်ပဳံရတယ္ "
ကင္မ္ထယ္ေယာင္းရဲ႕ ေတာ္ေၾကာင္းေတြေျပာေနတဲ့အခ်ိန္မွာ အန္ကယ့္ရဲ႕မ်က္ႏွာေပၚမွာ ဂုဏ္ယူမူေတြပါေလသည္။ သူ႕အေဖေရာ သူနဲ႕ပတ္သက္ၿပီး အျခားလူေတြကို ေျပာျပတဲ့အခါ ဘယ္လိုမ်က္ႏွာထားမ်ိဳးနဲ႕ေျပာမွာလဲ ? ။ ဂုဏ္ယူေနသလား..ဒါမွမဟုတ္ ....
အိပ္ေပ်ာ္ေနတဲ့လူရဲ႕ ႏွဖူးကို ဂ်ီမင္ လက္ဖမိုးနဲ႕ စမ္းလိုက္သည္။ ဖ်ားေနတာေတာ့မဟုတ္ ဒီအတိုင္း အိပ္ေနခ်င္သာ ျဖစ္သည္။
ခပ္တိုးတိုးတီးလုံးျဖင့္ ၀င္လာတဲ့ ဖုန္းသံကို ဂ်ီမင္ၾကည့္လိုက္ေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ personal အတြက္သုံးတဲ့ဖုန္းျဖစ္ေလသည္။ Wallpaper ေၾကာင့္ ဂ်ီမင္ မ်က္ခုံးကိုၾကဳတ္လိုက္သည္။ ခႏၶာကိုယ္အပိုင္းအစတစ္ခုကိုပဲ ရိုက္ထားတဲ့ပုံျဖစ္ေလသည္။ ဘယ္သူ႕ရဲ႕ပုံလည္း မသိေပမဲ့ ဂ်ီမင္ေတာ္ေတာ္ေလး ၾကည့္မိသြားသည္။ ခါးေသးေသးသြယ္သြယ္ အစိတ္အပိုင္း ။ လီယြန္းဝူရဲ႕ ခါးလား ? ။ လီယြန္းဝူရဲ႕ ခႏၶာကိုယ္က Model တစ္ေယာက္မွာ ရွိတဲ့ အခ်ိဳးအစားျဖစ္ေလသည္။ အခု Wallpaper က ခါးအခ်ိဳးအစားကလည္း ထိုခါးအခ်ိဳးအစားျဖစ္ေလသည္။
နံပါတ္ကိုၾကည့္ေတာ့ Contact မလုပ္ထားတဲ့ဖုန္း ျဖစ္ေလသည္။ သူကိုင္ေပးလိုက္ရမလား ? ။ တစ္ခုခုဆိုရင္ ဘယ္လိုလုပ္မလဲ ? ။ အိပ္ေနတဲ့လူရဲ႕ေဘးနားမွာ ဂ်ီမင္ထိုင္လိုက္သည္။ ၿပီးေတာ့မွာ
" ကင္မ္ထယ္ေယာင္း .."
ပုံမွန္အသံထက္ အနည္းငယ္ေလာက္ျမႇင့္ကာ ေခၚလိုက္ေတာ့ ကင္မ္ထယ္ေယာင္း မ်က္လုံးဖြင့္လာသည္ ။
" ဖုန္ုးလာေနတယ္ "
သူရင္ဘတ္ေပၚမွာတင္ေပးလိုက္ေတာ့ ကင္မ္ထယ္ေယာင္းပက သိပ္မဖြင့္ခ်င္တဲ့မ်က္လုံးေတြနဲ႕ ဖုန္းကို လွမ္းယူကာ ကိုင္လိုက္သည္ ။
" ဟဲလို "
ကင္မ္ထယ္ေယာင္းက ပက္လက္ကေန ကိုယ္ကို တစ္ျခမ္းေစာင္းလိုက္သည္။ ဂ်ီမင္ကေတာ့ သူ႕ကိစၥၿပီးၿပီးမို႔ ထလိုက္ေတာ့
" ထိုင္အုံး .."
သူ႕လက္ေကာက္၀တ္ကို ဆြဲကာ ျပန္ေပးထိုင္သည္ ။ " ဘာလဲ " ဆိုတဲ့ မ်က္လုံးအမူအရာ ေမးလိုက္ေတာ့ ကင္မ္ထယ္ေယာင္းက ဘာမွျပန္မေျဖပဲ ဖုန္းကို ကိုင္လိုက္သည္ ။
" ဟဲလို .."
" ကိုကိုလား..?"
အသံေၾကာင့္ ကင္မ္ထယ္ေယာင္းဖုန္းကို ခြာလိုက္သည္ ။ ၿပီးေတာ့ တစ္ခုခုကိုစဥ္းစားေနေလသည္ ။
" ဖုန္းနံပါတ္ကို ဘယ္လိုရလဲ ?"
" ဒါက လြယ္ပါတယ္ ကိုကိုရယ္ ..ကိုကို႔ကို ဖိတ္မလို႔ "
" အင့္ ကိုင္လိုက္ "
ဂ်ီမင္ဆီကို ဖုန္းထိုးထည့္ေပးလိုက္သည္ ။ ဂ်ီမင္လည္း မကိုင္ေပးပါ ။ ထိုေတာ့လည္း ကင္မ္ထယ္ေယာင္းက ဘာမွမေျပာပဲ အလုပ္အတြက္ဖုန္းကို လွမ္းယူသည္ ။
" ကိုယ့္ဟာကိုယ္ ကိုင္ေလ "
သူေျပာတာကိုလည္း ဂ႐ုမစိုက္ ကိုယ့္ကိစၥပဲ ကိုယ္လုပ္ေနတဲ့လူေၾကာင့္ ဂ်ီမင္ထိုဖုန္းကို ကိုင္လိုက္ရသည္ ။
" ဟဲလို "
တစ္ဖက္ဖုန္းကလူကို မသိတာေၾကာင့္ ဂ်ီမင္ ' ဟဲလို ' ျပန္လုပ္လိုက္ရေလသည္။
" ကိုကို႔ကို ဖုန္းေပးေပးလို႔ ရမလား ?"
" ဟင့္ ...!!"
" ကိုကိုနဲ႕ပဲေျပာစရာရွိလို႔ "
လီယြန္းဝူက အတင္းကို ျဖစ္ေနတာ ။ ေနပါအုံး ..သူက ဘာလို ဒီနစ္ေယာက္ၾကားမွာ တစ္ဆင့္ခံျဖစ္ေနရတာပါလိမ့္ ? ။ စဥ္းစားၾကည့္ရင္ လီယြန္းဝူရဲ႕ ေလသံက သူ႕ကို ဒီဖုန္းကို ကိုင္လို႔ စိတ္ဆိုးေနတဲ့ပုံ ။
" သူမအားဘူး ၊ အလုပ္ကိစၥနဲ႕ ဖုန္းေျပာေနတယ္ "
ထိုအခါ လီယြန္းဝူ တိတ္ဆိတ္သြားေလသည္ ။ ဂ်ီမင္ ဖုန္းမခ်ေသးပဲ ဆက္ကိုင္ထားလိုက္သည္။
" ဒါဆို ဒီည ယြန္းဝူေမြးေန႕မို႔ လာေပးနိင္မလား ေမးေပး "
" ဟုတ္ၿပီး သူအားရင္ ျပန္ဖုန္းဆက္ခိုင္းလိုက္မယ္ ၊ ဒါပဲမလား ?"
သူ႕စကားအဆုံးမွာ လီယြန္းဝူဖုန္းကိုအရင္ ခ်လိဳက္ေလသည္ ။ ဂ်ီမင္လည္း ဖုန္းကိုပိတ္လိုက္ၿပီး ကင္မ္ထယ္ေယာင္းကို ျပန္ေပးလိုက္သည္။ ကင္မ္ထယ္ေယာင္းက တစ္ဖက္က လူေတြနဲ႕ ဘာေတြေျပာေနမွန္းမသိေပ ။
" သူသိစရာ ဘာအေၾကာင္းရွိလို႔လဲ ?"
"......."
" အိုေကေလ ..."
ထိုေလာက္သာ သူၾကားေလသည္။ ကင္မ္ထယ္ေယာင္းကလည္း ဖုန္းကို ခ်သြားသည္ ။
" အလုပ္မွာ ဖုန္းကို ဘယ္မွာထားလဲ ?"
သူ႕ဖုန္း ။ သူ႕ဖုန္းကို ေမးၿပီး ဘာလုပ္ဖို႔လဲ ? ။ ဂ်ီမင္မေျဖပါ ။ သူ႕ဖုန္းကေတာ့ သူဘာလုပ္လုပ္ေပါ့ ။ သူ႕ပိုက္ဆံနဲ႕ သူဝယ္ထားတာေလ ။
" ဖုန္းက ဘာအနားမွာထားတာကအစ မင္းကို ေျပာျပရမွာလား "
ဖုန္းကိုပါ ဟိုအခ်ိန္ကိုင္ပါ ၊ ဒီအခ်ိန္ကိုင္ပါ ေျပာအုံးမလို႔လား ? ။ ဒါဆိုရင္ေတာ့ ဖုန္းကိုပါ လႊတ္ပစ္လိုက္ေတာ့မယ္ ။
" လိုအပ္ရင္ ေျပာရမယ္ ၊ ခင္ဗ်ားရဲ႕ အရာအားလုံးကို က်ဳပ္ပိုင္တယ္ ၊ ခင္ဗ်ားအေဖမဟုတ္ဘူး "
ခပ္စူးစူးအၾကည့္ေတြ ကင္မ္ထယ္ေယာင္းဆီကို ၾကည့္လိုက္မိသည္။ တကယ္ပဲ ေဒါသထြက္ရသည္ ။
" ႐ုံးခန္းထဲမွာပဲ ထားတယ္ "
" ႐ုံးခန္းထဲကို ဘယ္သူလာလဲ ?"
" မင္းအတြင္းေရးမႉးရယ္ .."
ေနာက္ဘယ္သူလာပါလိမ့္ ? ။ ႐ုံးခန္းကို ၀င္ခ်င္တိုင္း ၀င္ခြင့္ရွိတာမ်ိဳးလည္း မဟုတ္ ။ လီယြန္းဝူလည္း လာပါေသးသည္။ လီယြန္းဝူက သူ႕႐ုံးခန္းထဲပဲ ၀င္တာမဟုတ္ ၊ အားလုံးရဲ႕ ႐ုံးခန္းထဲကို ၀င္တာပဲ။ ဒါကလည္း ေရညွိလိပ္ေတြ လုပ္ထားတာေတြကို လိုက္ေဝေပးဖို႔အတြက္ ႐ုံးခန္းထဲကို ၀င္လာျခင္းသာ ျဖစ္သည္။
" လီယြန္းဝူ "
" ေကာင္းတယ္ ..."
ကင္မ္ထယ္ေယာင္း ဆက္မေျပာေတာ့ပဲ အိပ္ယာကေန ထကာ အ၀တ္အစားေတြ ခြၽတ္ရင္
" ဒီညက်ရင္ ပါတီပြဲကို သြားရမည္။ အ၀တ္အစားလဲထား "
" ဒီည..!!"
ည 8နာရီပဲ ရွိေနၿပီးဟာကို ဟိုကို 9နာရီေက်ာ္ ေလာက္ေရာက္ရင္ အိမ္ကို သူတို႔ဘယ္အခ်ိန္ ျပန္မွာလဲ ?" ။
" လဲထား .."
" မလိုက္လို႔ မရဘူးလား ?"
" လိုက္ရမယ္ "
ေလးနက္တဲ့အသံနဲ႕ တစ္ခြန္းထဲအျပတ္ေျပာၿပီး ေရခ်ိဳးခန္းထဲသို႔ ကင္မ္ထယ္ေယာင္း၀င္သြားေလသည္ ။
" ဒီမေကာင္းဆိုးဝါးေတာ့ "
၁နာရီေလာက္ ႀကိဳေျပာမဲ့အစား ၁ မိနစ္ေလာက္မွ ႀကိဳေျပာရင္ ပိုအဆင္ေျပေနဘူးလား ? ။ အရာရာကို ကိုယ့္စိတ္ႀကိဳက္ပဲ ကိုယ္လုပ္ေနတာ ။ သူမ်ားစိတ္ဆႏၵရွိမရွိကို နည္းနည္းေလးေတာင္မေမးေပးဘူး ။
......
ပါတီပြဲကေတာ့ အျခားလူရဲ႕ ပါတီပြဲမဟုတ္ မင္ဟိုရဲ႕ ေမြးေန႕ပါတီပြဲျဖစ္ေလသည္။ ေက်ာင္းကလူေတြ ေမဂ်ာတူလူေတြအားလုံးကို သူျမင္ရေလသည္ ။ မင္ဟိုကလည္း ပိုက္ဆံရွိတဲ့ လူတန္းစားကပဲမို႔ ပြဲကို ႀကီးႀကီးက်ယ္က်ယ္ က်င္းပေလသည္။ ကင္မ္ထယ္ေယာင္းက အမဲေပၚမွာ အျဖဴစင္းအေသးအနည္းငယ္ပါတဲ့ ၀တ္စုံျပည့္ကို ၀တ္ထားေပမဲ့ အထဲခံကို မ၀တ္ေတာ့ပဲ ရင္ဘတ္ေပၚေအာင္ထိ ၾကယ္သီးကို ျဖဳတ္ထားၿပီး ျခေသၤပုံဆြဲႀကိဳးကို ဆြဲထားေလသည္။ အလုပ္မွာလို႔ ဆံပင္ေတြကို အကုန္နီးပါး သတ္တင္မထားေတာ့ပဲ အလယ္နစ္ဖက္ကို ခြဲထားၿပီး မ်က္ခုံးနစ္ဖက္နားမွာ ခ်ထားေလသည္။ ဒီပြဲမွာေတာ့ ကင္မ္ထယ္ေယာင္းက ေမြးေန႕ရွင္ထက္ ပိုထင္ေပၚတာကို သူလက္ခံမိသည္ ။ သူကေတာ့ ရိုးရွင္းသည္။လက္ပိတ္လက္ရွည္ကို ေလာင္ကုန္အရွည္နဲ႕ တြဲ၀တ္လာမိေလသည္။ ဒါကလည္း သူ၀ယ္ထားတာ မဟုတ္ ။ ကင္မ္ထယ္ေယာင္းက အားလုံးစီစဥ္ထားေပးတာ ။
" ဂ်ီမင္မပါလာဘူးထင္ေနတာ "
မင္ဟိုက ကင္မ္ထယ္ေယာင္းနဲ႕ ပုခုံးခ်င္းတိုက္ၿပီး သူ႕ကိုေတာ့ လက္ဆြဲႏူတ္ဆက္ေလသည္ ။ ဟန္ဆိုဟီးကလည္း သူတို႔ေဘးမွာ လာရပ္ရင္
" နစ္ေယာက္လုံးက အရမ္းေတြ လန္းေတာ့ေတာ့ ဒီပြဲကို ငါတို႔ရဲ႕ Boss ပြဲလို႔ ထင္သြားေတာ့မွာပဲ "
ဟန္ဆိုဟီးက ကင္မ္ထယ္ေယာင္းနဲ႕လည္း သူငယ္ခ်င္းျဖစ္တာေၾကာင့္ အလုပ္ကလြဲရင္ စစေနာက္ေနာက္နဲ႕ နာမည္ကိုေခၚတက္ေလသည္ ။ ဂ်ီမင္ကိုလည္း ခင္ေတာ့ သိပ္မခင္ေသးေပမဲ့ ရင္းရင္းႏွီးႏွီးနဲ႕ေတာ့ စကားေျပာေလသည္ ။
" ဂ်ီမင္ကို ႀကိဳမေျပာတာ စပရိုက္ျဖစ္ေအာင္လို႔ေလ "
မင္ဟိုက ပြဲနဲ႕အသားမက်ေသးတဲ့ ဂ်ီမင္ကို အဆင္ေျပေအာင္ ေျပာျပေပးေနေလသည္ ။
" လာေလ ဂ်ီမင္ ..ထယ္ေယာင္းေရာ ..."
ဟန္ဆိုဟီးျပတဲ့ေနရာကို ဂ်ီမင္နဲ႕ ထယ္ေယာင္းက လိုက္သြားေလသည္ ။ အလုပ္ထဲက ၀န္ထမ္းတစ္ခ်ိဳ႕က သူနဲ႕ ရင္းႏွီးလာၿပီးမို႔ လက္ျပႏူတ္ဆက္ေလသည္။ သူကေတာ့ ေခါင္းကို ငုတ္ကာ ျပန္ႏူတ္ဆက္လိုက္ေလသည္။
ဟန္ဆိုဟီးျပေပးတဲ့ေနရာမွာ ၀င္ထိုင္လိုက္ေတာ့ အရင္က ကင္မ္ထယ္ေယာင္းရဲ႕အခန္းေဖာ္ေတြက လက္ဆြဲႏူတ္ဆက္ေလသည္ ။ထိုလူေတြကလည္း ကင္မ္ထယ္ေယာင္း ဘာလုပ္လုပ္ မွန္တယ္ဆိုတဲ့ေက်ာင္းတုန္းက လူေတြသာ ျဖစ္သည္။ ဂ်ီမင္ဘက္ကို လာၿပီး လက္ဆြဲကာ လာႏူတ္ဆက္ေတာ့ ဂ်ီမင္ဒီအတိုင္းပဲ ၾကည့္ေနမိေလသည္။ မရင္းႏွီးတဲ့လူေတြကို သူလက္ဆြဲႏူတ္ဆက္ဖို႔ ၀န္ေလးတာေတာ့ အမွန္ပဲ ။
" မင္းတို႔ဝိုင္းကို မင္းတို႔ျပန္ေတာ့ "
ကင္မ္ထယ္ေယာင္းရဲ႕စကားအဆုံးမွာေတာ့ အတြန႔္ေတာင္မတက္ပဲ ကိုယ့္ေနရာကို ကိုယ္ျပန္ထိုင္ၾကေလသည္။ စားေသာက္စရာေတြေရာ ေသာက္စရာေတြေရာ လိုေလသိပ္မရွိေအာင္ ခ်ထားေပးေပမဲ့ သူေသာက္တက္တဲ့အရက္အမ်ိဳးအစားေတြကေတာ့ မဟုတ္ပါ ။ ကင္မ္ထယ္ေယာင္းကလည္း မင္ဟိုရဲ႕ အေဖနဲ႕အေမဆီကိုသြားကာ ရီရီေမာေမာနဲ႕ စကားသြားေျပာေလသည္။ အေဖရင္းနဲ႕ေတာင္ ကင္မ္ထယ္ေယာင္းဒီေလာက္ၿပဳံးရယ္တာ သူမျမင္ဖူးေပ ။ ၾကည့္ေကာင္းတယ္ဆိုတာ မ်က္ႏွာအသြင္အျပင္ပဲ ရွိၿပီး သူ႕ကိုလုပ္တဲ့ လုပ္ရက္ေတြကေတာ့ နည္းနည္းေလးမွ ၾကည့္မေကာင္းေပ ။
" ကိုယ့္အမ်ိဳးသားကို ကိုယ္ျပန္ၾကည့္ေနပါလား ?"
ဟန္ဆိုဟီးက ဂ်ီမင္ေဘးနားမွာ ၀င္ထိုင္ၿပီး ဂ်ီမင္ကို လွမ္းစလိုက္သည္။ ထိုအခါမွ ဂ်ီမင္ရဲ႕မ်က္လုံးေတြသည္ ကင္မ္ထယ္ေယာင္းဆီကေန ေ႐ြ႕သြားၿပီး ဟန္ဆိုဟီးဘက္ကို ၾကည့္လိုက္သည္ ။ တီးလုံးသံေတြကလည္း ဆူဆူညံညံနဲ႕ ။ စကားသံေတြ ထြက္လာတာကလည္း အဆက္မျပတ္ ။
" ဘာလဲ သေဘာက်ေနတာလား ?"
" မဟုတ္ပါဘူး "
ဟန္ဆိုဟီးရဲ႕ အေမးကို ဂ်ီမင္ခ်င္ခ်င္းပင္ ေခါင္းခါလိုက္သည္။ ထိုအခါ ဟန္ဆိုဟီးက ၿပဳံးသည္။
" ကင္မ္ထယ္ေယာင္းတို႔ company မွာ လုပ္ခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္၊ ကင္မ္ထယ္ေယာင္းကို မင္ဟိုကေနတစ္ဆင့္ သိရၿပီး သူငယ္ခ်င္းလို ခင္မင္ရင္းႏွီးတဲ့တစ္ေလွ်ာက္ဒူနာသိရသေလာက္ေတာ့ ကင္မ္ထယ္ေယာင္းက သူမပိုင္ရဘူးဆိုရင္ လႊတ္ပစ္လိုက္တာလည္း ရွိသလို ၊ သူလိုခ်င္ရင္လည္း ဘယ္နည္းနဲ႕ ျဖစ္ျဖစ္ သုံးၿပီး ယူတက္တယ္ ၊ အဲအတြက္ ဘယ္အရာမွ မငဲ့ကြက္တက္ပဲနဲ႕ေပါ့ "
" ကြၽန္ေတာ္ သူ႕အေၾကာင္း မသိခ်င္ပါဘူး ၊ ထပ္သိရင္ ထပ္စိတ္ညစ္ရမယ္ ၊ ဒူနာလည္း ၾကားနိင္သေလာက္ၾကားသလို ၊ ျမင္သေလာက္လည္း ျမင္မွာပါ ကြၽန္ေတာ္တို႔ရဲ႕ အေျခအေနကို "
" လက္ထပ္ၿပီးၾကၿပီးပဲမလား ...ကင္မ္ထယ္ေယာင္းက ေျပာမရရင္ေတာင္ ဂ်ီမင္ကေတာ့ ကင္မ္ထယ္ေယာင္းရဲ႕ တရား၀င္ လက္ထပ္ထားတဲ့ လူပဲေလ ၊ သူေျပာင္းလဲမူေတြကို ဘယ္သူေၾကာင့္မွ မလုပ္ရင္ေတာင္ သူလက္ထပ္ထားတဲ့ ဂ်ီမင္အတြက္ဆိုရင္ ေျပာင္းလဲေပးရင္ ေျပာင္းလဲေပးမွာေပါ့ "
ေျပာင္းလဲေပးရမယ္ ။ သူသာ ေနာက္ဘ၀ကို ေျပာင္းလဲသြားမယ္ ။ ကင္မ္ထယ္ေယာင္းကေတာ့ အေျပာအဆို ၊ အမူအက်င့္ေတြ ေျပာင္းလဲသြားမွာ မဟုတ္ေပ။ သူကေရာ ဘာလို ေျပာင္းလဲေပးရမွာလဲ ? ။ မုန္းေနၾကတဲ့ လူနစ္ဦးကို ။
" ကြၽန္ေတာ္သူ႕ကို ဘာမွမလုပ္ေပးခ်င္ဘူး ၊ ဒူနာအေနနဲ႕ လည္း ကင္မ္ထယ္ေယာင္းရဲ႕ ပတ္သက္ၿပီး ကြၽန္ေတာ္အေပၚမွာ ေမွ်ာ္လင့္တာေတြ မလုပ္ပါနဲ႕ ၊ သူနဲ႕ကြၽန္ေတာ္က မတူညီၾကတဲ့ လူေတြမို႔ တစ္ခ်ိန္ခ်ိန္ေတာ့ လမ္းခြဲၾကရမွာပဲ "
" ကင္မ္ထယ္ေယာင္းရဲ႕ မာမီအေၾကာင္းေရာ အန္ကယ္ေျပာျပလား...ကင္မ္ထယ္ေယာင္းေရာ ေျပာလား ?"
" ....."
ကင္မ္ထယ္ေယာင္းရဲ႕မာမီအေၾကာင္းေတာ့ ဂ်ီမင္တစ္ခါမွ မၾကားဖူးေပ ။ အန္ကယ္ေရာ ကင္မ္ထယ္ေယာင္းေရာက စကားစပ္မိသည္ျဖစ္ေစ ၊ မစပ္မိသည္ျဖစ္ေစ လုံး၀မေျပာေပ ။ သူေရာ ဘာလိုကင္မ္ထယ္ေယာင္းရဲ႕ မာမီကို ေမ့ေနရတာလဲ ? ။
" ဒီကိုေရာက္ေနၾကတာပဲ "
ဂ်ီမင္နဲ႕ ဟန္ဆိုဟီးထိုင္ေနတဲ့ ထိုင္ခုံရဲ႕ ေဘးမွာ လာရပ္ၿပီး ၿပဳံးျပတဲ့လူကေတာ့ လီယြန္းဝူသာ ျဖစ္သည္။
" လီယြန္းဝူက အၿမဲ ေခ်ာေမာၿပီး လွေနတာပဲ "
လီယြန္းဝူက အၿမဲမ်က္ႏွာကို မိန္းခေလးေတြလိုမဟုတ္ေပမဲ့ လွေနေအာင္ျပင္တက္သည္။ ခါးတိုနဲ႕ ဂ်င္းပန႔္ေလးနဲ႕ တြဲ၀တ္တာကအစ ခႏၶာကိုယ္ အခ်ိဳးအစားေပၚေအာင္ ၀တ္မိသည္။ သူတို႔ဝိုင္းက ခြက္ကို လွမ္းယူတဲ့အခ်ိန္ ေပၚသြားတဲ့ လီယြန္းဝူရဲ႕ ခါးေလးသည္ ကင္မ္ထယ္ေယာင္းရဲ႕ Wallpaper က ခါးအစိတ္အပိုင္းေလးနဲ႕တူေလသည္ ။
" ဒူနာလည္း ဒီညသိပ္လွေနပါတယ္ေနာ္ ၊ မင္ဟိုတစ္ေယာက္ တန္းတန္းစြဲျဖစ္တာလည္း မေျပာနဲ႕"
" ျမႇောက္ေနျပန္ၿပီး လီယြန္းဝူကို တစ္ဝိုင္းသီးသန႔္ကြၽးရေတာ့မယ္ထင္တယ္ "
လီယြန္းဝူနဲ႕ ဟန္ဆိုဟီးက စကားေကာင္းေနေတာ့ ဝီစကီပုလင္းထဲကအရည္ေတြကို ခြက္ထဲကို ဌဲ့လိုက္ၿပီးေသာက္လိုက္သည္။ ေတာ္ေတာ္ေလးေတာ့ ျပင္းသည္။ ေနာက္တစ္ခြက္ေလာက္ ထပ္ဌဲ့ကာ ေသာက္ၿပီး ၿငိမ္ေနလိုက္သည္။ သတိလက္လြတ္မူးသြားရင္ အရင္တစ္ခါလို ျပသာနာမ်ိဳးျဖစ္မွာ မလိုခ်င္ေပ ။
" ဒီည ဂ်ီမင္ၾကည့္ေကာင္းတယ္ေနာ္ "
သူ႕ပုခုံးေပၚလက္တင္ၿပီး လီယြန္းဝူက စကားလာေျပာေတာ့ သူေစာင္းကၾကည့္ရင္
" လီယြန္းဝူလည္း ဒီညပိုေခ်ာပါတယ္ "
" ဒါကိုတစ္ေယာက္ေသာသူကေတာ့ မျမင္ေတာ့ဘူးနဲ႕ တူတယ္ "
ပါးနစ္ဖက္ကို မို႔တက္ေအာင္ထိ လီယြန္းဝူၿပဳံးျပလိုက္သည္။ ဂ်ီမင္ကေတာ့ ဘယ္သူ႕ကို ရည္ၫႊန္းေျပာသလဲဆိုတာကို သိသည္။ ဒါက သူ႕ကိစၥမဟုတ္ ၊ သူ႕ကိစၥက အခုအိမ္ျပန္ခ်င္ေနတာျဖစ္ေလသည္။ ည ၁၂အခ်ိန္ေလာက္ ရွိၿပီးျဖစ္ေလသည္။ မနက္က်ရင္လည္း မနက္စားအတြက္ ျပင္ဆင္ဖို႔အေစာႀကီး ထရအုန္းမည္ျဖစ္သည္။ အရက္လည္း ဝီကစီေလးနည္းနည္းေလး ေသာက္ေလာက္မိတာ ေခါင္းက ေရးေတ့ေတ့ျဖစ္ေနေလသည္။
" ေမွာက္က်ေနၿပီး လီယြန္းဝူ .."
သူ႕ပုခုံးကေန ခြက္ထဲကအရည္ေတြ စီးက်လာေတာ့ ဟန္ဆိုဟီးက အရင္ေျပာေလသည္။ ဂ်ီမင္ကေတာ့ အသံၾကားမွာ သတိထားမိသည္။ လီယြန္းဝူ ခြက္ထဲက အရက္ေတြ ဖိတ္က်ေနတာပဲ။ ထိုေၾကာင့္ ဂ်ီမင္ထရပ္လိုက္သည္။
" Oh .. sorry ယြန္းဝူသတိလက္လြတ္ေနလိုက္မိတာပါ "
ဒူနာက သစ္သ်ဴးယူကာ လာသုတ္ေပးေတာ့ ဂ်ီမင္က
" ရတယ္ ရတယ္ .." သစ္သ်ဴးကို လွမ္းယူလိုက္ကာ ပုခုံးေပၚမွာ သုတ္လိုက္ၿပီး
" ဒူနာ ..ကင္မ္ထယ္ေယာင္းေမးရင္ ကားေပၚမွာပဲ ရွိေနတယ္လို႔ ေျပာေပးပါေနာ္ "
" ေအးေအး ..ရရဲ႕လား ?"
" ရပါတယ္ ၊ ကြၽန္ေတာ္လည္း ၿငီးစိစိျဖစ္ေနတာနဲ႕ အေတာ္ပဲ "
ႏူတ္ဆက္ၿပီးတာနဲ႕ ကင္မ္ထယ္ေယာင္းကိုေတာင္ မၾကည့္ေတာ့ပဲ ထထြက္ခဲ့လိုက္သည္ ။ ကားေပၚကိုေရာက္မွာ အေပၚကုတ္ကို ခြၽတ္ပစ္လိုက္သည္။ ၿပီးေတာ့ "17 " သီခ်င္းကိုဖြင့္မိသည္။ ဆူဆူညံညံေတြ မႀကိဳက္တာမို႔ ဒီတစ္ခ်က္ေတာ့ ကင္မ္ထယ္ေယာင္းနဲ႕ တူေလသည္။ ကင္မ္ထယ္ေယာင္းဖြင့္တဲ့ သီခ်င္းေတာ္ေတာ္မ်ားမ်ားကလည္း Country song ၊ Pop song ၊ Jazz song ေတြသာ ျဖစ္ေလသည္။
မ်က္လုံးကိုမွိတ္ၿပီး သီခ်င္းလည္းနားေထာင္ေနေလသည္။ သီခ်င္း၇ပုဒ္ေလာက္ၿပီးေတာ့ ကင္မ္ထယ္ေယာင္းက ကားထဲသို႔ ၀င္လာေလသည္။ တံခါးကို ေဆာင့္ပိတ္လိုက္တဲ့အသံေၾကာင့္ ဂ်ီမင္လန႔္၍သြားသည္ ။ ၿပီးေတာ့ ကင္မ္ထယ္ေယာင္းက သူ႕ပုခုံးဆီကို လာၿပီး ႏွာေခါင္းနဲ႕ အနံ႕လာခံတာေၾကာင့္ သူအေနာက္သို႔အနည္းငယ္ကိုယ္ကိုေ႐ြ႕လိုက္ၿပီး "ဘာလဲ "ဆိုတဲ့ အမူအရာနဲ႕ ၾကည့္လိုက္သည္ ။
" အရက္ေသာက္ထားတာလား ?"
" ျမင္ေနတာကို မေသာက္ပဲေနမလား ?"
သူျပန္ေျဖတာကို ကင္မ္ထယ္ေယာင္းၾကားခ်င္မွ ၾကားလိမ့္မယ္ ။ သူၾကားေအာင္ေတာ့ ေျပာတာမ်ိဳးလည္း မဟုတ္ ။ တစ္ကိုယ္ရည္ ၾကားယုံသာ ႏူတခမ္းလူပ္ယုံသာျဖစ္သည္။ ကင္မ္ထယ္ေယာင္းကေတာ့ သူ႕မ်က္ႏွာနီးကပ္စြာမွာ ရွိေနေလသည္ ။
သူ႕ပတ္ထားတဲ့ ထိုင္ခုံခါးပတ္ကိုဆြဲျဖဳတ္လိုက္ၿပီး ညာဘက္လက္မွာ သူ႕လည္ပင္းကို လာကိုက္ၿပီး ႏူတ္ခမ္းကို စူးစူးရွရွလာနမ္းေလသည္။ ဒီအနမ္းမိုးေတြေအာက္မွာ သူ႐ုန္းေရာ လြတ္နိင္မွာတဲ့လား ? ။ ကင္မ္ထယ္ေယာင္းရဲ႕အနမ္းေတြက သူ႕ခႏၶာကိုယ္တစ္ခုလုံးမွာရွိတဲ့အားကို ဆုတ္ယူသလိုပင္ျဖစ္သည္။ ကင္မ္ထယ္ေယာင္းဆီကေနရတဲ့ ေရေမႊးနံ႕ ၊ အရက္နံ႕ ၊ ကိုယ္သင္းရနံ႕ အားလုံးက သူ႕ႏွာေခါင္းထဲသို႔၀င္ေရာက္ေနေလသည္ ။ သူ႕ေခါင္းကို ကိုင္ထားတဲ့ ကင္မ္ထယ္ေယာင္းရဲ႕လက္ကို ျပန္ကိုင္မိသည္။ ၿပီးေတာ့ သူ႕မ်က္လုံးေတြကို မွိတ္လိုက္သည္။
( ေနာက္တစ္ခန္းကေတာ့ ဒါအဆက္ေပါ့ 🌚)