Kissing In The Moonlight [Com...

By VictoryKimTae

47.3K 5.4K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25
Final

Chapter 24

1.4K 194 71
By VictoryKimTae

ဆေးရုံနားက ကော်ဖီဆိုင်လေးမှာ အစ်မ heather နဲ့အတူ ထိုင်နေကြသည်။ အစ်ကိုကတော့ ကျွန်တော့်ကို တစ်လှည့် လှမ်းငေးလို့ နေ၏။

"Heather တို့ မတွေ့တာ အတော်ကြာသွားပြီပဲ။ အစ်ကို စစ်မှုထမ်းပြီးပြန်လာတော့ Heather က show အတွက် Paris ကို ရောက်နေခဲ့တာ။ Heather ပြန်ရောက်လာတော့ အစ်ကို့ သတင်း မကြားရတော့ဘူး။ Wales ကို ထွက်သွားတယ်ဆိုလား ဒီလောက်ပဲ သိခဲ့ရတယ်"

အစ်မ Heather က အစ်ကို့ဘက် လှည့်လို့ ပြောပါသည်။ လူ ၃ ယောက် ပါသည့် စကားဝိုင်းမှာ ကျွန်တော်ဟာ အပြင်လူလို ထိုးထွက်နေတာ

"အင်း Wales ကို သွားပြီး တစ်စုံတစ်ယောက်ကို စောင့်နေခဲ့တာပါ။ အခုတော့ ကိုယ် ရှာတွေ့သွားခဲ့ပါပြီ"

အစ်ကိုဟာ ကျွန်တော့်လက်ကို ဆုပ်ကိုင်လျက် ပြုံးလို့ နေပါသည်။ အစ်မက ကျွန်တော့်ကို တစ်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်သည်။

"မင်းက နာမည်ကြီး ပန်းချီဆရာတောင် ဖြစ်နေပြီဆို မမ မင်းအတွက် ဝမ်းသာပါတယ်"

"ကျေးဇူးတင်ပါတယ်"

စကားဝိုင်းဟာ တစ်ခါပြန်ပြီး တိတ်ဆိတ်သွားသည်။ ကော်ဖီတွေတောင် အေးကုန်ရောမို့ တစ်ငုံသောက်ကြည့်တော့ ခါးသက်သက်ရယ်ပါ။

သို့ပေမယ့် အတိတ်က ဖြစ်ရပ်တချို့ကို ပြန်မြင်ယောင်မိတော့ ကော်ဖီ ခါးခါးက အခါးဓာတ်လျော့သွားသည်။

"Heather ကို မိတ်ဆက်ပေးချင်လို့ပါ။ Taehyung က ကိုယ့် ချစ်သူ၊ ကိုယ် လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ တစ်ဦးတည်းသော သူပါ။ မင်းနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားပေမယ့် ကိုယ်တို့တွေ နောက်ထပ် မတွေ့ကြရဖို့ မျှော်လင့်မိပါတယ်။ Taehyung ကို စိတ်မကောင်းဖြစ်အောင် မလုပ်ချင်လို့ပါ"

ကော်ဖီခွက်ကို ကိုင်ထားသည့် ကျွန်တော့်လက်ချောင်းတေ‌ွဟာ တုန်ရီလို့နေပါသည်။ မမေ့နိုင်သည့် အတိတ်ကို ခါးခါးသက်သက်ပင် မေ့ထားခဲ့သည် မဟုတ်ပါလား။

ရုတ်တရက်ကြီး အတိတ်တွေကို သတိရဖို့ အကြောင်းဖန်လာချိန်မှာတော့ ကျွန်တော့် နှလုံးသားဟာ အနာတရ ဖြစ်သွားပါသည်။

ဒါကို အစ်ကိုက တွေ့မြင်နိုင်သည်လား၊ ခံစားမိသည်လား... အစ်ကို့ မျက်ဝန်းတွေဟာ ‌ကျွန်တော့်ဆီကိုသာ ဦးတည်ထားပြီး ငေးမောကြည့်လို့နေသည်။

"အစ်ကို့ကို ရုတ်တရက် ပြန်တွေ့လိုက်တာပါ။ ဒါကို နောက်ထပ် မတွေ့ဖို့ ပြောနေတာ မဟုတ်သေးဘူးလေနော်။ Heather က ရည်းစားဟောင်းဆိုတဲ့ ချည်နှောင်မှုမျိုးတွေ ပိတ်နေတတ်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ Taehyung အနေမကြပ်ရအောင်လည်း မမက ဂရုစိုက်မှာပါ။ မမတို့က အများကြီး ရင်းနှီးတဲ့ ‌မိတ်ဆွေတွေတောင် ဖြစ်နိုင်သေးတာပဲလေ မဟုတ်ဘူးလား"

အပြုံးကလေးနဲ့ ချိုချိုသာသာ ပြောလာသည့် အစ်မ စကားတွေကို ကျွန်တော်ဟာ ပြန်မဖြေနိုင်။ တစ်ဘက်လှည့်လို့ ဆိုင်အပြင်ကိုသာ ငေးနေမိသည်။

"ကိုယ်လည်း အခုမှ ဒီကိုရောက်တာမို့ ခရီးပန်းလာခဲ့တာ... ပြီးတော့ ဒီကလေးလေးနဲ့လည်း ပြောစရာတွေ ရှိသေးလို့ ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ သွားပါ အစ်ကိုကလည်း ပြောနေစရာမလိုပါဘူး။ Heather တို့က သူစိမ်းတွေမှ မဟုတ်ဘဲ"

အစ်ကို့ ပုခုံးပေါ်ကို ရောက်လာသည့် အနီရောင် ဆိုးထားသည့် လက်သည်းရှည်... အစ်ကိုက မျက်နှာပျက်လို့ တစ်ချက်တွန့်သွားပြီး ဖယ်ရှားလိုက်သည်။

ထို့နောက် ကျွန်တော့်လက်ကိုဆွဲကာ ဆိုင်ထဲမှ ထွက်လာခဲ့၏။

.

.

"အစ်ကို လိုက်လာမယ်ဆိုတာ ကျွန်တော့်ကို ကြိုပြောတာ မဟုတ်ဘူးဗျာ.. ကျွန်တော် လာကြိုမှာပေါ့"

အစ်ကိုက တိတ်ဆိတ်နေသည်မို့ ကျွန်တော့်ဘက်ကသာ စကားစရသည်။

ဒီမြေမှာ အစ်ကို့အိမ်လည်း မရှိတော့သည်မို့ ကျွန်တော့် အိမ်မှာ အစ်ကိုတည်းပါသည်။ ပစ္စည်းတွေ ရွှေ့နေရင်းက ကျွန်တော့် စကားကြောင့် တစ်ချက်လှမ်းကြည့်ပြီး ပြုံး၏။

"ကိုယ်က မင်း အံ့ဩသွားရအောင်လို့ပါ"

တကယ်လည်း မထင်မှတ်ထားသည်မို့ အံ့အားသင့်သွားသလို ဝမ်းသာမိပါသည်။

"ညနေကျရင် ဆေးရုံတစ်ခေါက်ပြန်ရဦးမှာ.. အမေနဲ့ လူနာစောင့်လဲရမယ်လေ။ အစ်ကိုရော လိုက်ခဲ့ချင်လား"

"ကိုယ် လိုက်ခဲ့မှာပေါ့"

နေ့လည်စာအတွက် အပြင်မှ ဝယ်ပြီး အမေ့ကို ပို့ပေးခဲ့သော်လည်း ညစာအတွက်တော့ အနည်းငယ် ပြင်ဆင်ရပါသည်။

မီးဖိုခန်းမှာ ချက်ပြုတ်နေတော့ အစ်ကိုက ရောက်လာသည်။ ရေချိုးထားသည်မို့ စိုနေသည့် ဆံပင်တွေမှာ ရေစက်တွေက တွဲကျလို့နေ၏။

"ခေါင်းကို သေချာ မသုတ်ဘူး အစ်ကိုကလည်း"

ဟင်းအိုးကို မီးပိတ်လိုက်ရင်း အစ်ကို့ ဆံပင်တွေကို သုတ်ပေးလိုက်သည်။

"ဒီလို အနေအထားလေးကို စိတ်ကူးခဲ့တာ... မင်းနဲ့အတူ ကိုယ်ပိုင်အိမ်ကလေးရယ်၊ ကြင်နာနွေးထွေးမှုတွေရယ်၊ အချစ်တွေနဲ့အတူ ရှိနေချင်တာ"

တပတ်လေးက အစ်ကို့လက်ထဲ ပါသွားပြီး ကျွန်တော်ဟာလည်း အစ်ကို့ဘေးကို ရောက်လို့သွားသည်။

ဧည့်ခန်းမှ ဆိုဖာ အရှည်ကြီးပေါ်မှာ ကျွန်တော်တို့ဟာ ပူးကပ်နေလို့ ဆောင်းရာသီမှာတောင် နွေးနွေးထွေးထွေးပါရယ်...

"ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး။ ပြီးတော့ မင်းက ငြိုငြင်သွားမှာ၊ မုန်းသွားမှာလည်း ကြောက်တယ်။ မင်း အထင်လွဲသွားမှာလည်း ကြောက်တယ်။ ဒါ့ကြောင့် ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မင်းစိတ်ထဲ အတင်မပြေရင် ကိုယ့်ကို ပွင့်ပွင့်လင်းလင်း‌ ပြောပါနော် ကလေးလေး... ကိုယ်က မင်းအတွက် နားလည်လွယ်မယ့် အဖြေတွေ ပြန်ပေးပါ့မယ်"

အစ်ကို့ စကားတွေဟာ လေး‌နက်လှသည်။ အစ်မ Heather နဲ့ ပြန်တွေ့ရသည်ကြောင့် ကျွန်တော်တို့ကြား ထုတ်မပြောသော်လည်း ကိုယ်စီ အတွေးတွေ ရှိနေကြသည်။

"ဟိုးအရင်က မင်းကို လက်လွှတ်ခဲ့ပေမယ့် အခုတော့ မင်းကို ဖမ်းဆုပ်ထားချင်တယ်။ ချစ်ပါတယ် ခဏခဏ မပြောတတ်ပေမယ့် မင်းကိုတော့ တကယ် ချစ်တာပါ"

ကျွန်တော့် ပါးပြင်ပေါ် ရောက်လာသည့် အစ်ကို့ လက်နွေးနွေးလေး... အပေါ်မှ ထပ်၍ ဆုပ်ကိုင်လိုက်တော့ အစ်ကိုက ပြုံးသည်။

"အစ်မ Heather ကို ပြန်တွေ့ရတော့ တကယ်ပဲ သဘောကျဘူး။ ပြီးတော့ အစ်ကို့ဘက်က ချစ်ခဲ့ဖူးတဲ့ သူမို့ မနာလိုလည်း ဖြစ်မိတယ်။ ထပ်ပြီး သူ့ကြောင့် ကျွန်တော် မနာကျင်ချင်တော့ဘူး။ ပြီးတော့ အစ်ကို့ကို ဆုံးရှုံးရမှာလည်း ကြောက်မိတယ်"

"ကိုယ် သိပါတယ် ကလေးလေးရယ်... ကိုယ် နားလည်ပါတယ်။ မချစ်ခဲ့ဘူးလို့ ကိုယ်မငြင်းချင်ပေမယ့် အခု မချစ်တော့ဘူးဆိုတာကိုတော့ အခိုင်အမာ ပြောနိုင်ပါတယ်။ Heather ကြောင့် မင်း စိတ်ထိခိုက်နေမှာမျိုး မလိုလားပါဘူး။ ကိုယ်က မင်း မျက်နှာညှိုးမှာကိုတောင် ကြောက်မိပါတယ်"

အစ်ကိုက မျက်ခွံပေါ်ကို တစ်ချက်ထိလို့ နမ်းပါသည်။ ထို့နောက် ပါးမို့မို့ပေါ်ကို တစ်ချက်နမ်း၏။ နှုတ်ခမ်းတွေဆီ အကြည့်ရောက်လို့လာတော့ ကျွန်တော့် ပါးနှစ်ဖက်ဟာ ခပ်ရဲရဲ...

"မင်းကို နမ်းခွင့်ပြုမယ် မဟုတ်လား ကလေးလေး"

ကျွန်တော် ခေါင်းညိတ်မိလိုက်သလားတောင် မသေချာပါဘူး။ အသိစိတ်ဝင်ရောက်လာတော့ နွေးနွေးထွေးထွေး နှုတ်ခမ်းတစ်စုံဟာ ကျွန်တော့် နှုတ်ခမ်းဖျားမှာ ငြိတွယ်သည်။

နမ်းရှိုက်သံ ခပ်တိုးတိုးနဲ့ နှလုံးသားရဲ့ လှုပ်ရှားသံဟာလည်း တိုးတိတ်တိတ်ရယ်ပါ။

အသက်ရှုသံ ပြင်းရှရှကို ကြားရပြီးနောက် နှဖူးစပ်တွေ ထိကပ်လို့ တစ်အောင့်နားပါသည်။

"အနမ်းတွေက ဒီလိုပဲ ချိုသလားလို့ မေးပါရစေ... မင်းဆီက အနမ်းတေ‌ွမို့ အချိုဓာတ်တွေ ပြည့်လို့နေတာပါ"

အစ်ကို့စကားကြောင့် ကျွန်တော့် ရယ်သံတွေဟာ ဧည့်ခန်းထဲမှာ ပြန့်နှံ့လို့နေတော့သည်။

.

.

Jungkook ညပိုင်းမှာ Taehyung နဲ့အတူ လူနာစောင့်ဖြစ်သည်မို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လှပါဘူး။

သို့သော် အိပ်ရာနိုးလာလျှင် Taehyung မနက်စာ စားလို့ရအောင် ဆေးရုံနားက မုန့်ဆိုင်ကို ထွက်လာလိုက်သည်။

ဆောင်းရဲ့ မနက်ခင်းမို့ အချမ်းဓာတ်ဟာ တနင့်တပိုးဖြစ်သည်။

ပေါင်မုန့်ဆိုင်ကို ရောက်တော့ Taehyung ကြိုက်မည့် croissant ရယ်၊ ‌ပူပူနွေးနွေး ချောကလက် တစ်ခွက်ရယ် မှာယူလိုက်သည်။

"အစ်ကို"

စောင့်နေဆဲမှာပင် Heather ရောက်လာသည်မို့ ကျွန်တော့် မျက်လုံးတွေ ဝိုင်းစက်သွားရသည်။

"Heather တို့ တိုက်ဆိုင်နေကြတာပဲ ဒီမှာ ထပ်တွေ့ပြန်ပြီ။ ဒါက Heather ဖွင့်ထားတဲ့ ဆိုင်လေ"

ဆိုင်ဘေး ပတ်လည်ကို ကြည့်လိုက်ရင်း နောက်တစ်ခါ မလာမိဖို့ မှတ်ထားလိုက်မိသည်။

"Taehyung ရော မပါဘူးလား"

"အင်း ကလေးလေးအတွက် မုန့်လာဝယ်တာ"

"ဒီမှာ နေရတာရော အဆင်ပြေရဲ့လား ဟိုတယ်မှာဆို အဆင်မပြေလောက်ဘူးမို့ Heather ကွန်ဒိုတစ်ခန်းပိုနေတာနဲ့ အစ်ကို လာနေချင်ရင် ရပါတယ်"

"Taehyung ရဲ့ အိမ်မှာပဲ ကိုယ်တို့ အတူနေကြတယ်လေ"

Heather က မျက်နှာပျက်သွားသည်ကို ထိန်းရင်း ပြုံး၏။

"Heather အနုပညာအလုပ်ကို နားလိုက်ပြီး စီးပွားရေး လုပ်ငန်းတွေဘက် လှည့်နေတာ အစ်ကို... ခက်ခဲတာရှိရင် ဆက်သွယ်လို့ ရတယ် မဟုတ်လား။ ပြီးတော့ အန်ကယ်ရော နေကောင်းရဲ့လား"

"ကိုယ်က ကျောင်းဆရာပါ ကိုယ့်အလုပ်က မင်းကို အထောက်အကူပြုမယ် မထင်ပါဘူး။ အဖေကတော့ ဆုံးသွားပါပြီ"

"Heather စိတ်မကောင်းလိုက်တာ... ဒီနှစ်တွေထဲ အစ်ကိုတစ်ယောက်တည်း ဒုက္ခများခဲ့မှာပဲ"

ကျွန်တော် ပြုံးရုံမျှသာ တုန့်ပြန်လိုက်မိသည်။

မှာထားသည့် မုန့်တွေ ရပြီမို့ Heather ဘက် လှည့်လိုက်သည်။

"ကိုယ့်ကို ခွင့်ပြုပါဦး"

"အို နေပါဦး အစ်ကိုကလည်း... Heather  မွေးနေ့ ရောက်တော့မှာမို့ တေ‌ွ့တုန်း တစ်ခါတည်း ဖိတ်လိုက်ချင်လို့ပါ။ Taehyung  ရော အတူတူ လာခဲ့ဖို့ ပြောပေးပါဦးနော်"

ကမ်းပေးလာသည့် ဖိတ်စာကို ကြည့်ကာ ကျွန်တော် တွန့်ဆုတ်နေမိသည်။ ဒီပွဲကို ကလေးလေးလည်း သွားမည် မဟုတ်ပါ။ မယူဘဲ ကြည့်နေမိတော့ Heather က ရှေ့တိုးလို့ ပေးသည်။

"လာခဲ့ပါ Heather တို့ ပြန်တေ‌ွ့ရလို့ အများကြီး ပျော်နေခဲ့တာ... အစ်ကိုက မလာဘဲနေရင် စိတ်မကောင်းဖြစ်ရလိမ့်မယ်"

ကျွန်တော့်လက်ထဲ ဖိတ်စာ ပါလာသည်။ ဆိုင်ထဲမှ ထွက်တော့ အနောက်ဘက်မှာ ကြည့်နေသည့် မျက်ဝန်းတစ်စုံလည်း ပါလာ၏။

heather  စိတ်ထဲ ဘာတွေရှိသလဲ၊ ဘာတွေ ကြံရွယ်နေသလဲ ကျွန်တော် မသိနိုင်ပါဘူး။ သူ့ လုပ်ရပ်တစ်ခုခုကြောင့် ကလေးလေးကို ထိခိုက်သွားမှာကိုလည်း စိုးထိတ်မိသည်။

Heather အကြည့်တွေ၊ အပြူအမူတွေမှာ အထင်လွဲစရာတွေလည်း ပြည့်လို့နေပါသည်။

ဆေးရုံကိုပြန်ရောက်တော့ ကလေးလေးက အိပ်ပျော်နေဆဲဖြစ်၏။ Heather ပေးလာသည့် ဖိတ်စာကို အမှိုက်ပုံးထဲ ထည့်ပစ်လိုက်ရင်း ကလေးလေးစားရန် မနက်စာ ပြင်နေလိုက်သည်။

.

.

ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်

ပျင်းနေကြပြီလားဟင်... ဒီနောက်ပိုင်း ဖတ်တဲ့သူလည်း နည်းသွားကြတာရယ်
Plot ရယ်၊ အရေးအသားတွေက အေးစက်လို့လည်း ပါ ပါလိ့မ်မယ်။ ပြီးဖို့ နောက်ထပ် အများကြီး မလိုတော့မို့ ရွှန်း အကောင်းဆုံးတော့ သေချာလေး ရေးသွားပါ့မယ်နော်။

ပြီးတော့ ဒီရက်ထဲ အအေ‌းပိုလာတာမို့ ဂရုစိုက်ပါရယ်... နွေးနွေးထွေးထွေးနေကြပါဦးနော်။

VictoryKimTae

December 19, 2023

Zawgyi

ေဆး႐ုံနားက ေကာ္ဖီဆိုင္ေလးမွာ အစ္မ heather နဲ႔အတူ ထိုင္ေနၾကသည္။ အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို တစ္လွည့္ လွမ္းေငးလို႔ ေန၏။

"Heather တို႔ မေတြ႕တာ အေတာ္ၾကာသြားၿပီပဲ။ အစ္ကို စစ္မႈထမ္းၿပီးျပန္လာေတာ့ Heather က show အတြက္ Paris ကို ေရာက္ေနခဲ့တာ။ Heather ျပန္ေရာက္လာေတာ့ အစ္ကို႔ သတင္း မၾကားရေတာ့ဘူး။ Wales ကို ထြက္သြားတယ္ဆိုလား ဒီေလာက္ပဲ သိခဲ့ရတယ္"

အစ္မ Heather က အစ္ကို႔ဘက္ လွည့္လို႔ ေျပာပါသည္။ လူ ၃ ေယာက္ ပါသည့္ စကားဝိုင္းမွာ ကြၽန္ေတာ္ဟာ အျပင္လူလို ထိုးထြက္ေနတာ

"အင္း Wales ကို သြားၿပီး တစ္စုံတစ္ေယာက္ကို ေစာင့္ေနခဲ့တာပါ။ အခုေတာ့ ကိုယ္ ရွာေတြ႕သြားခဲ့ပါၿပီ"

အစ္ကိုဟာ ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္လ်က္ ၿပဳံးလို႔ ေနပါသည္။ အစ္မက ကြၽန္ေတာ့္ကို တစ္လွည့္ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္သည္။

"မင္းက နာမည္ႀကီး ပန္းခ်ီဆရာေတာင္ ျဖစ္ေနၿပီဆို မမ မင္းအတြက္ ဝမ္းသာပါတယ္"

"ေက်းဇူးတင္ပါတယ္"

စကားဝိုင္းဟာ တစ္ခါျပန္ၿပီး တိတ္ဆိတ္သြားသည္။ ေကာ္ဖီေတြေတာင္ ေအးကုန္ေရာမို႔ တစ္ငုံေသာက္ၾကည့္ေတာ့ ခါးသက္သက္ရယ္ပါ။

သို႔ေပမယ့္ အတိတ္က ျဖစ္ရပ္တခ်ိဳ႕ကို ျပန္ျမင္ေယာင္မိေတာ့ ေကာ္ဖီ ခါးခါးက အခါးဓာတ္ေလ်ာ့သြားသည္။

"Heather ကို မိတ္ဆက္ေပးခ်င္လို႔ပါ။ Taehyung က ကိုယ့္ ခ်စ္သူ၊ ကိုယ္ လက္ထပ္ဖို႔ ရည္ရြယ္ထားတဲ့ တစ္ဦးတည္းေသာ သူပါ။ မင္းနဲ႔ ျပန္ေတြ႕ရလိမ့္မယ္လို႔ မထင္ထားေပမယ့္ ကိုယ္တို႔ေတြ ေနာက္ထပ္ မေတြ႕ၾကရဖို႔ ေမွ်ာ္လင့္မိပါတယ္။ Taehyung ကို စိတ္မေကာင္းျဖစ္ေအာင္ မလုပ္ခ်င္လို႔ပါ"

ေကာ္ဖီခြက္ကို ကိုင္ထားသည့္ ကြၽန္ေတာ့္လက္ေခ်ာင္းေတ‌ွဟာ တုန္ရီလို႔ေနပါသည္။ မေမ့ႏိုင္သည့္ အတိတ္ကို ခါးခါးသက္သက္ပင္ ေမ့ထားခဲ့သည္ မဟုတ္ပါလား။

႐ုတ္တရက္ႀကီး အတိတ္ေတြကို သတိရဖို႔ အေၾကာင္းဖန္လာခ်ိန္မွာေတာ့ ကြၽန္ေတာ့္ ႏွလုံးသားဟာ အနာတရ ျဖစ္သြားပါသည္။

ဒါကို အစ္ကိုက ေတြ႕ျမင္ႏိုင္သည္လား၊ ခံစားမိသည္လား... အစ္ကို႔ မ်က္ဝန္းေတြဟာ ‌ကြၽန္ေတာ့္ဆီကိုသာ ဦးတည္ထားၿပီး ေငးေမာၾကည့္လို႔ေနသည္။

"အစ္ကို႔ကို ႐ုတ္တရက္ ျပန္ေတြ႕လိုက္တာပါ။ ဒါကို ေနာက္ထပ္ မေတြ႕ဖို႔ ေျပာေနတာ မဟုတ္ေသးဘူးေလေနာ္။ Heather က ရည္းစားေဟာင္းဆိုတဲ့ ခ်ည္ေႏွာင္မႈမ်ိဳးေတြ ပိတ္ေနတတ္တဲ့သူ မဟုတ္ပါဘူး။ ၿပီးေတာ့ Taehyung အေနမၾကပ္ရေအာင္လည္း မမက ဂ႐ုစိုက္မွာပါ။ မမတို႔က အမ်ားႀကီး ရင္းႏွီးတဲ့ ‌မိတ္ေဆြေတြေတာင္ ျဖစ္ႏိုင္ေသးတာပဲေလ မဟုတ္ဘူးလား"

အၿပဳံးကေလးနဲ႔ ခ်ိဳခ်ိဳသာသာ ေျပာလာသည့္ အစ္မ စကားေတြကို ကြၽန္ေတာ္ဟာ ျပန္မေျဖႏိုင္။ တစ္ဘက္လွည့္လို႔ ဆိုင္အျပင္ကိုသာ ေငးေနမိသည္။

"ကိုယ္လည္း အခုမွ ဒီကိုေရာက္တာမို႔ ခရီးပန္းလာခဲ့တာ... ၿပီးေတာ့ ဒီကေလးေလးနဲ႔လည္း ေျပာစရာေတြ ရွိေသးလို႔ ခြင့္ျပဳပါဦး"

"ဟုတ္ကဲ့ သြားပါ အစ္ကိုကလည္း ေျပာေနစရာမလိုပါဘူး။ Heather တို႔က သူစိမ္းေတြမွ မဟုတ္ဘဲ"

အစ္ကို႔ ပုခုံးေပၚကို ေရာက္လာသည့္ အနီေရာင္ ဆိုးထားသည့္ လက္သည္းရွည္... အစ္ကိုက မ်က္ႏွာပ်က္လို႔ တစ္ခ်က္တြန္႔သြားၿပီး ဖယ္ရွားလိုက္သည္။

ထို႔ေနာက္ ကြၽန္ေတာ့္လက္ကိုဆြဲကာ ဆိုင္ထဲမွ ထြက္လာခဲ့၏။

.

.

"အစ္ကို လိုက္လာမယ္ဆိုတာ ကြၽန္ေတာ့္ကို ႀကိဳေျပာတာ မဟုတ္ဘူးဗ်ာ.. ကြၽန္ေတာ္ လာႀကိဳမွာေပါ႔"

အစ္ကိုက တိတ္ဆိတ္ေနသည္မို႔ ကြၽန္ေတာ့္ဘက္ကသာ စကားစရသည္။

ဒီေျမမွာ အစ္ကို႔အိမ္လည္း မရွိေတာ့သည္မို႔ ကြၽန္ေတာ့္ အိမ္မွာ အစ္ကိုတည္းပါသည္။ ပစၥည္းေတြ ေရႊ႕ေနရင္းက ကြၽန္ေတာ့္ စကားေၾကာင့္ တစ္ခ်က္လွမ္းၾကည့္ၿပီး ၿပဳံး၏။

"ကိုယ္က မင္း အံ့ဩသြားရေအာင္လို႔ပါ"

တကယ္လည္း မထင္မွတ္ထားသည္မို႔ အံ့အားသင့္သြားသလို ဝမ္းသာမိပါသည္။

"ညေနက်ရင္ ေဆး႐ုံတစ္ေခါက္ျပန္ရဦးမွာ.. အေမနဲ႔ လူနာေစာင့္လဲရမယ္ေလ။ အစ္ကိုေရာ လိုက္ခဲ့ခ်င္လား"

"ကိုယ္ လိုက္ခဲ့မွာေပါ႔"

ေန႔လည္စာအတြက္ အျပင္မွ ဝယ္ၿပီး အေမ့ကို ပို႔ေပးခဲ့ေသာ္လည္း ညစာအတြက္ေတာ့ အနည္းငယ္ ျပင္ဆင္ရပါသည္။

မီးဖိုခန္းမွာ ခ်က္ျပဳတ္ေနေတာ့ အစ္ကိုက ေရာက္လာသည္။ ေရခ်ိဳးထားသည္မို႔ စိုေနသည့္ ဆံပင္ေတြမွာ ေရစက္ေတြက တြဲက်လို႔ေန၏။

"ေခါင္းကို ေသခ်ာ မသုတ္ဘူး အစ္ကိုကလည္း"

ဟင္းအိုးကို မီးပိတ္လိုက္ရင္း အစ္ကို႔ ဆံပင္ေတြကို သုတ္ေပးလိုက္သည္။

"ဒီလို အေနအထားေလးကို စိတ္ကူးခဲ့တာ... မင္းနဲ႔အတူ ကိုယ္ပိုင္အိမ္ကေလးရယ္၊ ၾကင္နာေႏြးေထြးမႈေတြရယ္၊ အခ်စ္ေတြနဲ႔အတူ ရွိေနခ်င္တာ"

တပတ္ေလးက အစ္ကို႔လက္ထဲ ပါသြားၿပီး ကြၽန္ေတာ္ဟာလည္း အစ္ကို႔ေဘးကို ေရာက္လို႔သြားသည္။

ဧည့္ခန္းမွ ဆိုဖာ အရွည္ႀကီးေပၚမွာ ကြၽန္ေတာ္တို႔ဟာ ပူးကပ္ေနလို႔ ေဆာင္းရာသီမွာေတာင္ ေႏြးေႏြးေထြးေထြးပါရယ္...

"ကိုယ္ မင္းကို အဆုံးရႈံးမခံႏိုင္ဘူး။ ၿပီးေတာ့ မင္းက ၿငိဳျငင္သြားမွာ၊ မုန္းသြားမွာလည္း ေၾကာက္တယ္။ မင္း အထင္လြဲသြားမွာလည္း ေၾကာက္တယ္။ ဒါ႔ေၾကာင့္ ဘယ္လိုကိစၥပဲျဖစ္ျဖစ္ မင္းစိတ္ထဲ အတင္မေျပရင္ ကိုယ့္ကို ပြင့္ပြင့္လင္းလင္း‌ ေျပာပါေနာ္ ကေလးေလး... ကိုယ္က မင္းအတြက္ နားလည္လြယ္မယ့္ အေျဖေတြ ျပန္ေပးပါ႔မယ္"

အစ္ကို႔ စကားေတြဟာ ေလး‌နက္လွသည္။ အစ္မ Heather နဲ႔ ျပန္ေတြ႕ရသည္ေၾကာင့္ ကြၽန္ေတာ္တို႔ၾကား ထုတ္မေျပာေသာ္လည္း ကိုယ္စီ အေတြးေတြ ရွိေနၾကသည္။

"ဟိုးအရင္က မင္းကို လက္လႊတ္ခဲ့ေပမယ့္ အခုေတာ့ မင္းကို ဖမ္းဆုပ္ထားခ်င္တယ္။ ခ်စ္ပါတယ္ ခဏခဏ မေျပာတတ္ေပမယ့္ မင္းကိုေတာ့ တကယ္ ခ်စ္တာပါ"

ကြၽန္ေတာ့္ ပါးျပင္ေပၚ ေရာက္လာသည့္ အစ္ကို႔ လက္ေႏြးေႏြးေလး... အေပၚမွ ထပ္၍ ဆုပ္ကိုင္လိုက္ေတာ့ အစ္ကိုက ၿပဳံးသည္။

"အစ္မ Heather ကို ျပန္ေတြ႕ရေတာ့ တကယ္ပဲ သေဘာက်ဘူး။ ၿပီးေတာ့ အစ္ကို႔ဘက္က ခ်စ္ခဲ့ဖူးတဲ့ သူမို႔ မနာလိုလည္း ျဖစ္မိတယ္။ ထပ္ၿပီး သူ့ေၾကာင့္ ကြၽန္ေတာ္ မနာက်င္ခ်င္ေတာ့ဘူး။ ၿပီးေတာ့ အစ္ကို႔ကို ဆုံးရႈံးရမွာလည္း ေၾကာက္မိတယ္"

"ကိုယ္ သိပါတယ္ ကေလးေလးရယ္... ကိုယ္ နားလည္ပါတယ္။ မခ်စ္ခဲ့ဘူးလို႔ ကိုယ္မျငင္းခ်င္ေပမယ့္ အခု မခ်စ္ေတာ့ဘူးဆိုတာကိုေတာ့ အခိုင္အမာ ေျပာႏိုင္ပါတယ္။ Heather ေၾကာင့္ မင္း စိတ္ထိခိုက္ေနမွာမ်ိဳး မလိုလားပါဘူး။ ကိုယ္က မင္း မ်က္ႏွာညႇိဳးမွာကိုေတာင္ ေၾကာက္မိပါတယ္"

အစ္ကိုက မ်က္ခြံေပၚကို တစ္ခ်က္ထိလို႔ နမ္းပါသည္။ ထို႔ေနာက္ ပါးမို႔မို႔ေပၚကို တစ္ခ်က္နမ္း၏။ ႏႈတ္ခမ္းေတြဆီ အၾကည့္ေရာက္လို႔လာေတာ့ ကြၽန္ေတာ့္ ပါးႏွစ္ဖက္ဟာ ခပ္ရဲရဲ...

"မင္းကို နမ္းခြင့္ျပဳမယ္ မဟုတ္လား ကေလးေလး"

ကြၽန္ေတာ္ ေခါင္းညိတ္မိလိုက္သလားေတာင္ မေသခ်ာပါဘူး။ အသိစိတ္ဝင္ေရာက္လာေတာ့ ေႏြးေႏြးေထြးေထြး ႏႈတ္ခမ္းတစ္စုံဟာ ကြၽန္ေတာ့္ ႏႈတ္ခမ္းဖ်ားမွာ ၿငိတြယ္သည္။

နမ္းရႈိက္သံ ခပ္တိုးတိုးနဲ႔ ႏွလုံးသားရဲ႕ လႈပ္ရွားသံဟာလည္း တိုးတိတ္တိတ္ရယ္ပါ။

အသက္ရႈသံ ျပင္းရွရွကို ၾကားရၿပီးေနာက္ ႏွဖူးစပ္ေတြ ထိကပ္လို႔ တစ္ေအာင့္နားပါသည္။

"အနမ္းေတြက ဒီလိုပဲ ခ်ိဳသလားလို႔ ေမးပါရေစ... မင္းဆီက အနမ္းေတ‌ွမို႔ အခ်ိဳဓာတ္ေတြ ျပည့္လို႔ေနတာပါ"

အစ္ကို႔စကားေၾကာင့္ ကြၽန္ေတာ့္ ရယ္သံေတြဟာ ဧည့္ခန္းထဲမွာ ျပန္႔ႏွံ႔လို႔ေနေတာ့သည္။

.

.

Jungkook ညပိုင္းမွာ Taehyung နဲ႔အတူ လူနာေစာင့္ျဖစ္သည္မို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္လွပါဘူး။

သို႔ေသာ္ အိပ္ရာႏိုးလာလွ်င္ Taehyung မနက္စာ စားလို႔ရေအာင္ ေဆး႐ုံနားက မုန္႔ဆိုင္ကို ထြက္လာလိုက္သည္။

ေဆာင္းရဲ႕ မနက္ခင္းမို႔ အခ်မ္းဓာတ္ဟာ တနင့္တပိုးျဖစ္သည္။

ေပါင္မုန္႔ဆိုင္ကို ေရာက္ေတာ့ Taehyung ႀကိဳက္မည့္ croissant ရယ္၊ ‌ပူပူေႏြးေႏြး ေခ်ာကလက္ တစ္ခြက္ရယ္ မွာယူလိုက္သည္။

"အစ္ကို"

ေစာင့္ေနဆဲမွာပင္ Heather ေရာက္လာသည္မို႔ ကြၽန္ေတာ့္ မ်က္လုံးေတြ ဝိုင္းစက္သြားရသည္။

"Heather တို႔ တိုက္ဆိုင္ေနၾကတာပဲ ဒီမွာ ထပ္ေတြ႕ျပန္ၿပီ။ ဒါက Heather ဖြင့္ထားတဲ့ ဆိုင္ေလ"

ဆိုင္ေဘး ပတ္လည္ကို ၾကည့္လိုက္ရင္း ေနာက္တစ္ခါ မလာမိဖို႔ မွတ္ထားလိုက္မိသည္။

"Taehyung ေရာ မပါဘူးလား"

"အင္း ကေလးေလးအတြက္ မုန္႔လာဝယ္တာ"

"ဒီမွာ ေနရတာေရာ အဆင္ေျပရဲ႕လား ဟိုတယ္မွာဆို အဆင္မေျပေလာက္ဘူးမို႔ Heather ကြန္ဒိုတစ္ခန္းပိုေနတာနဲ႔ အစ္ကို လာေနခ်င္ရင္ ရပါတယ္"

"Taehyung ရဲ႕ အိမ္မွာပဲ ကိုယ္တို႔ အတူေနၾကတယ္ေလ"

Heather က မ်က္ႏွာပ်က္သြားသည္ကို ထိန္းရင္း ၿပဳံး၏။

"Heather အႏုပညာအလုပ္ကို နားလိုက္ၿပီး စီးပြားေရး လုပ္ငန္းေတြဘက္ လွည့္ေနတာ အစ္ကို... ခက္ခဲတာရွိရင္ ဆက္သြယ္လို႔ ရတယ္ မဟုတ္လား။ ၿပီးေတာ့ အန္ကယ္ေရာ ေနေကာင္းရဲ႕လား"

"ကိုယ္က ေက်ာင္းဆရာပါ ကိုယ့္အလုပ္က မင္းကို အေထာက္အကူျပဳမယ္ မထင္ပါဘူး။ အေဖကေတာ့ ဆုံးသြားပါၿပီ"

"Heather စိတ္မေကာင္းလိုက္တာ... ဒီႏွစ္ေတြထဲ အစ္ကိုတစ္ေယာက္တည္း ဒုကၡမ်ားခဲ့မွာပဲ"

ကြၽန္ေတာ္ ၿပဳံး႐ုံမွ်သာ တုန္႔ျပန္လိုက္မိသည္။

မွာထားသည့္ မုန္႔ေတြ ရၿပီမို႔ Heather ဘက္ လွည့္လိုက္သည္။

"ကိုယ့္ကို ခြင့္ျပဳပါဦး"

"အို ေနပါဦး အစ္ကိုကလည္း... Heather  ေမြးေန႔ ေရာက္ေတာ့မွာမို႔ ေတ‌ွ႔တုန္း တစ္ခါတည္း ဖိတ္လိုက္ခ်င္လို႔ပါ။ Taehyung  ေရာ အတူတူ လာခဲ့ဖို႔ ေျပာေပးပါဦးေနာ္"

ကမ္းေပးလာသည့္ ဖိတ္စာကို ၾကည့္ကာ ကြၽန္ေတာ္ တြန္႔ဆုတ္ေနမိသည္။ ဒီပြဲကို ကေလးေလးလည္း သြားမည္ မဟုတ္ပါ။ မယူဘဲ ၾကည့္ေနမိေတာ့ Heather က ေရွ႕တိုးလို႔ ေပးသည္။

"လာခဲ့ပါ Heather တို႔ ျပန္ေတ‌ွ႔ရလို႔ အမ်ားႀကီး ေပ်ာ္ေနခဲ့တာ... အစ္ကိုက မလာဘဲေနရင္ စိတ္မေကာင္းျဖစ္ရလိမ့္မယ္"

ကြၽန္ေတာ့္လက္ထဲ ဖိတ္စာ ပါလာသည္။ ဆိုင္ထဲမွ ထြက္ေတာ့ အေနာက္ဘက္မွာ ၾကည့္ေနသည့္ မ်က္ဝန္းတစ္စုံလည္း ပါလာ၏။

heather  စိတ္ထဲ ဘာေတြရွိသလဲ၊ ဘာေတြ ႀကံရြယ္ေနသလဲ ကြၽန္ေတာ္ မသိႏိုင္ပါဘူး။ သူ့ လုပ္ရပ္တစ္ခုခုေၾကာင့္ ကေလးေလးကို ထိခိုက္သြားမွာကိုလည္း စိုးထိတ္မိသည္။

Heather အၾကည့္ေတြ၊ အျပဴအမူေတြမွာ အထင္လြဲစရာေတြလည္း ျပည့္လို႔ေနပါသည္။

ေဆး႐ုံကိုျပန္ေရာက္ေတာ့ ကေလးေလးက အိပ္ေပ်ာ္ေနဆဲျဖစ္၏။ Heather ေပးလာသည့္ ဖိတ္စာကို အမႈိက္ပုံးထဲ ထည့္ပစ္လိုက္ရင္း ကေလးေလးစားရန္ မနက္စာ ျပင္ေနလိုက္သည္။

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္

ပ်င္းေနၾကၿပီလားဟင္... ဒီေနာက္ပိုင္း ဖတ္တဲ့သူလည္း နည္းသြားၾကတာရယ္
Plot ရယ္၊ အေရးအသားေတြက ေအးစက္လို႔လည္း ပါ ပါလိ့မ္မယ္။ ၿပီးဖို႔ ေနာက္ထပ္ အမ်ားႀကီး မလိုေတာ့မို႔ ရႊန္း အေကာင္းဆုံးေတာ့ ေသခ်ာေလး ေရးသြားပါ႔မယ္ေနာ္။

ၿပီးေတာ့ ဒီရက္ထဲ အေအ‌းပိုလာတာမို႔ ဂ႐ုစိုက္ပါရယ္... ေႏြးေႏြးေထြးေထြးေနၾကပါဦးေနာ္။

VictoryKimTae

December 19, 2023

Continue Reading

You'll Also Like

308K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
212K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
652K 32.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...