မျှော်လင့်ထားသလိုတော့ နွေဦးမရောက်ခင် အစ်ကိုနဲ့ တွေ့ဖို့ အခွင့်မသာခဲ့ပါဘူး။ အစ်ကိုက Madrid ကို လာဖို့ လက်မှတ်စီစဉ်နေခဲ့ပေမယ့် ကျွန်တော်က အဖေ့ ကျန်းမာရေးကြောင့် ကိုရီးယားကို တစ်ခါ ပြန်ရပါသည်။
"ပစ္စည်းတေွ စုံပြီလား Taehyung... နောက်မှ ကျန်ခဲ့နေဦးမယ်။ ပြီးတော့ ဦးလေးအတွက် အားဆေးတွေ ထပ်ယူသွားဦး"
ကိုရိန်းက လေဆိပ်ကို မရောက်မချင်း တတွတ်တွတ်နဲ့ ပြောနေတော့သည်။
"နောက်ကျနေပြီ ကိုရိန်းရဲ့... အစ်ကို့ဆီတောင် ဖုန်းဆက်ဖို့ အချိန်မရှိတော့ဘူး"
နာရီကို လှမ်းကြည့်မိတော့ မိနစ် အနည်းငယ်လောက်သာ လိုပါတော့သည်။ check-in ဝင်ဖို့ အချိန်မီ သွားရမည်မို့ luggage ကို ဆွဲကာ ခပ်သုတ်သုတ် ထွက်လာလိုက်ရသည်။
လေဆိပ်ကို ရောက်တော့ ကိုရိန်းဟာ မျက်နှာမကောင်းပါဘူး။
"ငါ မင်းနဲ့ ဆောင်းဦးရော ဆောင်းတွင်းရော တစ်လျှောက်လုံး နေခဲ့တာပဲကိုး... မင်းကလည်း ခရီးသွားမယ့်သူ စိတ်မကောင်းအောင် မျက်နှာက ညှိုးနေတော့တာပဲ"
ကိုရိန်းက ပြန်မဖြေဘဲ တိတ်တဆိတ်ရယ်ပါ။ ကိုရိန်းရဲ့ ပုခုံးလေး ပုတ်ကာ နှစ်သိမ့်ပေးတော့ ငြိမ်ခံပါသည်။
"အလုပ် နည်းနည်းပါးရင် လိုက်ခဲ့ပါလား မင်းကို အမေတို့ကလည်း လွမ်းနေကြတာ... ပြီးတော့ အန်တီတို့ကိုရောပဲ"
ကိုရိန်းရဲ့ အမေကလည်း သူ့အဖေရှိသည့် စပိန်ကို တစ်ခါတည်း ပြောင်းနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
"ငါက လိုက်ခဲ့လို့ ရဦးမယ် မထင်ဘူး။ ဟို ဗီဗီယာနာရဲ့ လေ့ကျင့်ရေး တာဝန်ယူထားရတယ်"
"ဗီဗီ ဆိုလို့ ပြောရဦးမယ်။ ဗီဗီက လှလှလေး မဟုတ်လား ပြီးတော့ စိတ်ထားလေးလည်း ကောင်းပါတယ်။ မင်း စိတ်ဝင်စားသင့်တယ် ထင်တာပါပဲ"
"အခုထိ ငါ့အတွက် မိန်းကလေး ရှာပေးတာတွေ မရပ်သေးဘူးလား"
"မင်းက တစ်ယောက်တွေ့ပြီလို့ ပြောရင် ရပ်ပေးမယ်လေ"
ကိုရိန်းက မနိုင်ဘူးဆိုပြီး ခေါင်းခါပါသည်။
"Toledo က ပြန်ရောက်ရင် ပြောစရာရှိတယ်ဆို... အခုထိ မပြောရသေးဘူး မဟုတ်လား။ ဒီလိုနဲ့ ကိုရီးယားကို ပြန်ရောက်တော့မှာ"
ကိုရိန်းက ပြန်မဖြေဘဲ နှုတ်ဆိတ်လို့နေပါသည်။ ထို့နောက် ခေါင်းခါပြီး
"ဘာမှမဟုတ်တော့ဘူး အရေးမကြီးတာမို့ ငါတောင် မေ့သွားခဲ့တာ"
ကိုရိန်းကို နှုတ်ဆက်ပြီးနောက် check-in ဝင်ဖို့ ပြင်ရပါသည်။
.
.
Taehyung ကို လေဆိပ်လိုက်ပို့ပြီးနောက် Carlos ဆီက ဖုန်းဝင်လာသည်။
"ကိုရိန်းရေ ဒီကို မြန်မြန်လာမှ ရမယ် ထင်တယ်။ ဗီဗီယာနာ့ အဒေါ်ဆိုတဲ့ မိန်းမကြီး သောင်းကျန်းနေတယ်"
Carlos ပြောတာတွေကို နားမရှင်းသော်လည်း စင်တာကို မြန်မြန်သာ သွားလိုက်ရသည်။
စင်တာကို ရောက်တော့ တစ်နေရာလုံး ဆူညံလျက် လူတွေ စုစုရုံးရုံး ဖြစ်နေကြသည်။
"ငါ့ကို ရှောင်ရဲတဲ့အထိ သတ္တိတွေ ဘယ်ကရသလဲ အံ့ဩမိတယ်။ ဒီလိုရှောင်နေရုံနဲ့ ဘာမှ ဖြစ်မလာဘူး။ ငါ့ ပိုက်ဆံတွေ ပြန်ဆပ်ဖို့ နင့်အဖေကို ပြောထားလိုက်... အလကား ဆန်ကုန်မြေလေးတွေ ဒီရုပ်ရည်လေးနဲ့ လုပ်စားရုံလောက် ငါ့ပိုက်ဆံတွေ ကြေပြီ ထင်မနေနဲ့"
ဘာတွေ ဖြစ်ကြသလဲ ကျွန်တော် လိုက်မမှီနိုင်တော့ပါဘူး။
အရပ်မြင့်မြင့်၊ ခပ်ထွားထွား အမျိုးသမီးတစ်ယောက်ဟာ ဝတ်ထားသည့် ဈေးကြီးကြီး အဝတ်အစားတွေကိုမှ အားမနာ အော်ဟစ်နေသည်။
ဗီဗီယာနာရဲ့ အနီရဲရဲ ဆံပင်တွေဟာ ထို အမျိုးသမီး လက်ထဲမှာ ကြေမွလို့ နေသည်။
"နင်... နင် ငါ့ကို ဒီလို အကြည့်မျိုးနဲ့ မကြည့်စမ်းနဲ့။ ဘယ်လို အမျိုးယုတ်တွေနဲ့ ဆွေမျိုးတော်နေရသလဲ မသိတော့ဘူး"
"ဒီမှာ တော်လိုက်တော့... စင်တာက လမ်းဘေး ဈေးတန်း မဟုတ်ဘူး။ အော်ဟစ်နေတာတွေ ရပ်ပြီး ဒီနေရာက မြန်မြန် ထွက်သွားဗျာ"
နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး ကိုရိန်းဆီကို အကြည့်တွေ ရောက်လို့လာသည်။ ဗီဗီ့ အဒေါ်ဆိုသည့် အမျိုးသမီးက နှာခေါင်းရှုံ့လို့ လှမ်းကြည့်သည်။
"ဒါကရော နင့်ကို စပွန်ဆာ ပေးနေတဲ့ သူပဲလား"
"ခင်ဗျား စကားပြောတာ သိပ်လွန်နေပြီ။ ဒီလိုပဲ ဆက်ပြီး ဆူပူနေဦးမယ်ဆိုရင် ရဲခေါ်ရလိမ့်မယ်"
ဒီလိုမျိုး ရန်ဖြစ်တာတွေ၊ ဆူပူနေတာတွေနဲ့ ကိုရိန်းက ခပ်ဝေးဝေးရှောင်တတ်ပါသည်။ အခုလည်း မလွှဲသာလို့သာ ဝင်ပါနေရခြင်း
တစ်ဖက်မှ အမျိုးသမီးကလည်း ကိုရိန်းကို ဘယ်သူမှန်း တန်းရိပ်မိလို့သာ ငြိမ်ကျသွားသည်။
"ဗီဗီယာနာ နောက်တစ်ခါ ငါ့ကို အဆက်အသွယ်မလုပ်ဘဲ နေကြည့်... နင့်ကို အနုပညာ လောက ကနေ ပျောက်အောင် လုပ်ပစ်မယ်"
ဆူပူ ကြိမ်းဝါးရင်း သူ့ နောက်လိုက်တွေခေါ်ကာ စင်တာထဲမှ ထွက်သွားတော့သည်။
အမျိုးသမီး ထွက်သွားတော့မှ ဗီဗီယာနာ ဟာ ခုံပေါ်ကို ပြိုကျသွားပြီး ငိုကြွေးတော့သည်။ စင်တာမှာ လူလည်း များနေသည့် အချိန်မို့ သူ့ အနေအထားကို အကုန်လုံး မြင်လိုက်သည်မှာ အမှန်ပင်။
အောင်မြင်နေသည့် မော်ဒယ် သရုပ်ဆောင် တစ်ယောက်အနေဖြင့် အခုလို အရှက်ရစရာ ကိစ္စမျိုးဟာ မတွေးဝံ့စရာ..
ဗီဗီယာနာက ငိုတော့ ကိုရိန်းက မျက်မှောင်ကုပ်လို့ ကြည့်သည်။ ထို့နောက် ဘေးနားမှ လေ့ကျင့်ရေး သင်တန်းသားတွေဘက် လှည့်ကာ မာန်မဲတော့သည်။
"ကိုယ့်အလုပ်ကို မလုပ်ဘဲ အာရုံများမနေကြနဲ့"
ကိုရိန်းက တစ်ခွန်းတည်း ပြောတော့ အကုန်လုံး အလျှိုလျှို ပျောက်ကုန်ကြသည်။
Carlos က သူ့ကို တစ်ချက်ကြည့်ပြီးမှ ထွက်သွား၏။ အခုတော့ ဧည့်ခန်းမှာ သူရယ်၊ ဗီဗီ နှစ်ယောက်သာ ကျန်တော့သည်။
ဗီဗီ့ကို တစ်လှည့်ကြည့်တော့ အခုထိ တရှုံ့ရှုံ့ ဖြစ်နေဆဲ... ကိုရိန်းက ခေါင်းကုပ်ရင်း အနားကို တိုးသွားလိုက်သည်။
ငုံ့ထားသည့် ပုခုံးဟာ တုန်ရီနေသည်မို့ နှစ်သိမ့်ပေးရန် ထိတွေ့ဖို့ ကြိုးစားလိုက်သည်။
တစ်ခဏလေးအတွင်း ကိုရိန်း လက်ချောင်းတွေဟာ လေထဲမှာ ရပ်တန့်နေမိသည်။ ထို့နောက် လက်ချောင်းတွေကို ပြန်ရုတ်လိုက်ရင်း အနောက်ကို တစ်လှမ်းဆုတ်မိသည်။
"မင်း ဘာတွေ ဖြစ်ခဲ့သလဲ မသိပေမယ့် ငါတို့ စင်တာက သင်တန်းသားပဲမို့ အထူးဂရုစိုက်မှုတွေ ပေးပါတယ်။ အဆင်မပြေတာရှိလည်း တိုင်ပင်ချင်တဲ့အခါ လာပြောလို့ ရပါတယ်"
ဗီဗီယာနာက ခေါင်းထောင်လာပြီး သူ့ မျက်ဝန်း ညိုညိုတွေမှာ မျက်ရည်စတွေ တွဲလို့ မှိုင်းညို့နေပါသည်။
ကိုရိန်း ရင်ထဲ အမည်မသိသည့် လှိုင်းကလေးတွေ ဖြတ်တိုက်သွားသည်။ ဗီဗီယာနာ့ မျက်ရည်တွေကို သူ မနှစ်မြို့လှပါသည်။
ဗီဗီက ရယ်လိုက်လျှင် ပါးခြိုင့်နက်နက်ကလေးနဲ့ သိပ်လှသည့် မိန်းကလေးမို့ ငိုနေသည့်အခါမှာတော့ ပါးခြိုင့်တွေဟာ ပျောက်ကွယ်သွားသည်။ နှမြောစရာမို့ ကိုရိန်း မျက်မှောင်ကုပ်မိလိုက်သည်။
"ငိုမနေနဲ့လေ မင်းအဒေါ်နဲ့ ညှိနှိုင်းကြည့်ဦးပေါ့"
အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ကမ်းပေးလိုက်တော့ ဗီဗီက လှမ်းကြည့်သည်။
"ငါတို့ စတွေ့တုန်းက အနောက်မှာ လိုက်လာတဲ့ လူတွေကို မှတ်မိတယ် မဟုတ်လား။ သူတို့က အန်တီလေးရဲ့ လူတွေ... အကြွေးတွေ မဆပ်နိုင်ရင် သူ့ မိတ်ဆွေ အဘိုးကြီးနဲ့ လက်ထပ်ေပးဖို့ စီစဉ်နေတာလေ။ အဲနေ့က နင်နဲ့သာ မတွေ့ရင် အခုချိန် အဘိုးကြီး လက်ထဲ ရောက်နေလောက်ပြီ"
ဗီဗီက ပြောနေရင်းနဲ့ ငိုပြန်ပါသည်။
"Carlos ပြောလိုက် မင်းကို စောင့်ရှောက်ပေးဖို့ လူအင်အား တိုးပေးလိမ့်မယ်။ ငါက တိုးခိုင်းတယ် ပြောလိုက်နော်။ မင်း အဒေါ်ရဲ့ လူတွေ လိုက်မနှောင့်ယှက်ရဲတော့ဘူး"
အခန်းထဲမှ ထွက်သွားသည့် ကိုရိန်းကို ဗီဗီယာနာက လှမ်းငေးရင်း ကျန်နေခဲ့တော့သည်။
.
.
Taehyung လေယာဉ်ဆိုက်ပြီးနောက် ဆေးရုံကို တန်းထွက်လာခဲ့သည်။ အဖေက အများကြီး နေမကောင်း ဖြစ်နေသည်မို့ ချက်ချင်း တွေ့ရဖို့သာ စိတ်လောနေ၏။
ဆေးရုံကို ရောက်တော့ အမေက ထွက်ကြိုပါသည်။
"အိမ်ကို အရင်ပြန်ပြီး နားလိုက်တာ မဟုတ်ဘူး သားရယ်။ ခရီးပန်းလာမှာကို"
"အဖေ့ကို တွေ့ချင်နေလို့ပါ"
အမေက မျက်နှာလေး ညှိုးကျလျက် ကျွန်တော့်လက်ကို ဆွဲကာ အဖေ့ဆီ သွားသည်။
အဖေက ICU ထဲမှာ နေရသည်မို့ တိတ်တဆိတ်သွား သွားရပါသည်။ ကုတင်ပေါ်မှာ ဆေးပိုက်တွေ အများကြီးနဲ့ အဖေ့ကို ကုသထားသည်။
အခုထိ သတိမရလာသေးပေမယ့် အသားအရေကတော့ စိုပြေနေပါသည်။
"မင်း အဖေက မင်းကို သတိရနေတာ မင်းပြန်ရောက်လာတာ သိရင် အရမ်း ဝမ်းသာပြီး ကျန်းမာလာတော့မှာပါ"
အမေ့လက်ကလေးကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်မိသည်။ အဖေက ဒီလိုမျိုး ကုသမှုကြောင့်သာ အသက်ဆက်ရှင်နိုင်သေးသည် ဖြစ်၏။
အများကြီးလည်း မမျှော်လင့်ထားပေမယ့် အဖေ့အနားမှာ အတူ ရှိနေပေးဖို့ ကြိုးစားထားပါသည်။
ဆေးရုံက ပြန်လာလိုက်ပြီး အိမ်မှာ တစ်ခဏ နားလိုက်သည်။ အစ်ကို့ဆီကို ဖုန်းဆက်လိုက်ကာ အကျိုးအကြောင်း ပြောဖြစ်သည်။
ဒီအတိုင်းဆိုလျှင် နွေဦးရောက်လို့ ရေနတ်သမီးပန်းတွေ ကြည့်ရန် အစီအစဉ်ကို ဖျက်ရမည်ဖြစ်သည်။
.
.
တစ်ပတ်တာကို ကျော်လွန်ပြီးနောက် အဖေ့ ကျန်းမာရေးဟာ တိုးတက်မှု မရှိလာပါဘူး။ သတိရလာပေမယ့် လှုပ်ရှားမှု မလုပ်နိုင်သေးဘဲ နှလုံးကို စက်တပ်လို့ထားရသည်။
ဆရာဝန်ကလည်း အများကြီး မမျှော်လင့်ထားရန် အသိပေးထားပါသည်။
နေ့လည်စာအတွက် တစ်ခုခု ဝယ်ရန် ဆေးရုံအောက်ကို ဆင်းလာလိုက်သည်။ အမေကတော့ အဖေ့အနားမှာ လူနာစောင့်ရပါသည်။
ကားလမ်းကူးဖို့ ပြင်တော့ အဝေးမှ လာနေသည့် အရိပ်ကလေးကို မြင်လိုက်ရသည်။ ဝေဝါးနေသော်လည်း လှုပ်ရှားမှု ကလေးတောင် မှတ်မိနေသည့် ကျွန်တော်...
အနီးကပ်လာလေ တရေးရေးပေါ်လာသည့် အသွင်အပြင်
"အစ်ကို"
"အစ်ကို!"
ခေါ်သံဟာ တစ်ထပ်တည်း နှစ်ခု ထွက်လာပါသည်။ အစ်ကိုက ကျွန်တော့်ကို လှမ်းကြည့်နေရင်းမှ ဘေးတစ်ဖက်ကိုလည်း ကြည့်လို့နေပါသည်။
အဲ့သည်နေရာမှာ မိန်းကလေးတစ်ယောက် ရပ်နေ၏။ ဆံပင် ခပ်တိုတိုနဲ့ အမျိုးသမီးတစ်ယောက်က ဒူးအထိ ဖုံးသည့် ကုတ်အင်္ကျီ ခဲရောင်လေး ဝတ်ထားသည်။
ထို့နောက် ကျွန်တော့်ဘက် တစ်လှည့်ကြည့်လာသည်မို့ မျက်နှာချင်းဆိုင်မိသည့် တစ်ခဏ အတိတ်က နာကျင်စရာ ဝေဒနာတွေဟာ နှလုံးသားကို လာရိုက်ခတ်သည်။
"အစ်မ Heather"
ကျွန်တော့် ရေရွတ်သံဟာ ခပ်တိုးတိုးလေးပါရယ်
.
.
ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်
ဆရာက သူ့ ကလေးလေးကို ကာကွယ်ပေးချင်တယ်လို့ ပြောခဲ့တာကို မှတ်မိတယ်ဟုတ်။ ဘယ်လိုတွေ ကာကွယ်မလဲ ကြည့်ရမယ့် အချိန်ကို ရောက်လာပါပြီ
Spoiler Alert တွေ မရှိတော့တာမို့ တရေးရေးနဲ့ ဖတ်ကြရအောင်နော်။
VictoryKimTae
December 19, 2023
Zawgyi
ေမွ်ာ္လင့္ထားသလိုေတာ့ ေႏြဦးမေရာက္ခင္ အစ္ကိုနဲ႔ ေတြ႕ဖို႔ အခြင့္မသာခဲ့ပါဘူး။ အစ္ကိုက Madrid ကို လာဖို႔ လက္မွတ္စီစဉ္ေနခဲ့ေပမယ့္ ကြၽန္ေတာ္က အေဖ့ က်န္းမာေရးေၾကာင့္ ကိုရီးယားကို တစ္ခါ ျပန္ရပါသည္။
"ပစၥည္းေတွ စုံၿပီလား Taehyung... ေနာက္မွ က်န္ခဲ့ေနဦးမယ္။ ၿပီးေတာ့ ဦးေလးအတွက္ အားေဆးေတြ ထပ္ယူသြားဦး"
ကိုရိန္းက ေလဆိပ္ကို မေရာက္မခ်င္း တတြတ္တြတ္နဲ႔ ေျပာေနေတာ့သည္။
"ေနာက္က်ေနၿပီ ကိုရိန္းရဲ႕... အစ္ကို႔ဆီေတာင္ ဖုန္းဆက္ဖို႔ အခ်ိန္မရွိေတာ့ဘူး"
နာရီကို လွမ္းၾကည့္မိေတာ့ မိနစ္ အနည္းငယ္ေလာက္သာ လိုပါေတာ့သည္။ check-in ဝင္ဖို႔ အခ်ိန္မီ သြားရမည္မို႔ luggage ကို ဆြဲကာ ခပ္သုတ္သုတ္ ထြက္လာလိုက္ရသည္။
ေလဆိပ္ကို ေရာက္ေတာ့ ကိုရိန္းဟာ မ်က္ႏွာမေကာင္းပါဘူး။
"ငါ မင္းနဲ႔ ေဆာင္းဦးေရာ ေဆာင္းတြင္းေရာ တစ္ေလွ်ာက္လုံး ေနခဲ့တာပဲကိုး... မင္းကလည္း ခရီးသြားမယ့္သူ စိတ္မေကာင္းေအာင္ မ်က္ႏွာက ညႇိဳးေနေတာ့တာပဲ"
ကိုရိန္းက ျပန္မေျဖဘဲ တိတ္တဆိတ္ရယ္ပါ။ ကိုရိန္းရဲ႕ ပုခုံးေလး ပုတ္ကာ ႏွစ္သိမ့္ေပးေတာ့ ၿငိမ္ခံပါသည္။
"အလုပ္ နည္းနည္းပါးရင္ လိုက္ခဲ့ပါလား မင္းကို အေမတို႔ကလည္း လြမ္းေနၾကတာ... ၿပီးေတာ့ အန္တီတို႔ကိုေရာပဲ"
ကိုရိန္းရဲ႕ အေမကလည္း သူ့အေဖရွိသည့္ စပိန္ကို တစ္ခါတည္း ေျပာင္းေနခဲ့သည္မွာ ၾကာလွၿပီျဖစ္သည္။
"ငါက လိုက္ခဲ့လို႔ ရဦးမယ္ မထင္ဘူး။ ဟို ဗီဗီယာနာရဲ႕ ေလ့က်င့္ေရး တာဝန္ယူထားရတယ္"
"ဗီဗီ ဆိုလို႔ ေျပာရဦးမယ္။ ဗီဗီက လွလွေလး မဟုတ္လား ၿပီးေတာ့ စိတ္ထားေလးလည္း ေကာင္းပါတယ္။ မင္း စိတ္ဝင္စားသင့္တယ္ ထင္တာပါပဲ"
"အခုထိ ငါ႔အတြက္ မိန္းကေလး ရွာေပးတာေတြ မရပ္ေသးဘူးလား"
"မင္းက တစ္ေယာက္ေတြ႕ၿပီလို႔ ေျပာရင္ ရပ္ေပးမယ္ေလ"
ကိုရိန္းက မႏိုင္ဘူးဆိုၿပီး ေခါင္းခါပါသည္။
"Toledo က ျပန္ေရာက္ရင္ ေျပာစရာရွိတယ္ဆို... အခုထိ မေျပာရေသးဘူး မဟုတ္လား။ ဒီလိုနဲ႔ ကိုရီးယားကို ျပန္ေရာက္ေတာ့မွာ"
ကိုရိန္းက ျပန္မေျဖဘဲ ႏႈတ္ဆိတ္လို႔ေနပါသည္။ ထို႔ေနာက္ ေခါင္းခါၿပီး
"ဘာမွမဟုတ္ေတာ့ဘူး အေရးမႀကီးတာမို႔ ငါေတာင္ ေမ့သြားခဲ့တာ"
ကိုရိန္းကို ႏႈတ္ဆက္ၿပီးေနာက္ check-in ဝင္ဖို႔ ျပင္ရပါသည္။
.
.
Taehyung ကို ေလဆိပ္လိုက္ပို႔ၿပီးေနာက္ Carlos ဆီက ဖုန္းဝင္လာသည္။
"ကိုရိန္းေရ ဒီကို ျမန္ျမန္လာမွ ရမယ္ ထင္တယ္။ ဗီဗီယာနာ႔ အေဒၚဆိုတဲ့ မိန္းမႀကီး ေသာင္းက်န္းေနတယ္"
Carlos ေျပာတာေတြကို နားမရွင္းေသာ္လည္း စင္တာကို ျမန္ျမန္သာ သြားလိုက္ရသည္။
စင္တာကို ေရာက္ေတာ့ တစ္ေနရာလုံး ဆူညံလ်က္ လူေတြ စုစု႐ုံး႐ုံး ျဖစ္ေနၾကသည္။
"ငါ႔ကို ေရွာင္ရဲတဲ့အထိ သတၱိေတြ ဘယ္ကရသလဲ အံ့ဩမိတယ္။ ဒီလိုေရွာင္ေန႐ုံနဲ႔ ဘာမွ ျဖစ္မလာဘူး။ ငါ႔ ပိုက္ဆံေတြ ျပန္ဆပ္ဖို႔ နင့္အေဖကို ေျပာထားလိုက္... အလကား ဆန္ကုန္ေျမေလးေတြ ဒီ႐ုပ္ရည္ေလးနဲ႔ လုပ္စား႐ုံေလာက္ ငါ႔ပိုက္ဆံေတြ ေၾကၿပီ ထင္မေနနဲ႔"
ဘာေတြ ျဖစ္ၾကသလဲ ကြၽန္ေတာ္ လိုက္မမွီႏိုင္ေတာ့ပါဘူး။
အရပ္ျမင့္ျမင့္၊ ခပ္ထြားထြား အမ်ိဳးသမီးတစ္ေယာက္ဟာ ဝတ္ထားသည့္ ေဈးႀကီးႀကီး အဝတ္အစားေတြကိုမွ အားမနာ ေအာ္ဟစ္ေနသည္။
ဗီဗီယာနာရဲ႕ အနီရဲရဲ ဆံပင္ေတြဟာ ထို အမ်ိဳးသမီး လက္ထဲမွာ ေၾကမြလို႔ ေနသည္။
"နင္... နင္ ငါ႔ကို ဒီလို အၾကည့္မ်ိဳးနဲ႔ မၾကည့္စမ္းနဲ႔။ ဘယ္လို အမ်ိဳးယုတ္ေတြနဲ႔ ေဆြမ်ိဳးေတာ္ေနရသလဲ မသိေတာ့ဘူး"
"ဒီမွာ ေတာ္လိုက္ေတာ့... စင္တာက လမ္းေဘး ေဈးတန္း မဟုတ္ဘူး။ ေအာ္ဟစ္ေနတာေတြ ရပ္ၿပီး ဒီေနရာက ျမန္ျမန္ ထြက္သြားဗ်ာ"
ေနရာတစ္ခုလုံး တိတ္ဆိတ္သြားၿပီး ကိုရိန္းဆီကို အၾကည့္ေတြ ေရာက္လို႔လာသည္။ ဗီဗီ့ အေဒၚဆိုသည့္ အမ်ိဳးသမီးက ႏွာေခါင္းရႈံ႕လို႔ လွမ္းၾကည့္သည္။
"ဒါကေရာ နင့္ကို စပြန္ဆာ ေပးေနတဲ့ သူပဲလား"
"ခင္ဗ်ား စကားေျပာတာ သိပ္လြန္ေနၿပီ။ ဒီလိုပဲ ဆက္ၿပီး ဆူပူေနဦးမယ္ဆိုရင္ ရဲေခၚရလိမ့္မယ္"
ဒီလိုမ်ိဳး ရန္ျဖစ္တာေတြ၊ ဆူပူေနတာေတြနဲ႔ ကိုရိန္းက ခပ္ေဝးေဝးေရွာင္တတ္ပါသည္။ အခုလည္း မလႊဲသာလို႔သာ ဝင္ပါေနရျခင္း
တစ္ဖက္မွ အမ်ိဳးသမီးကလည္း ကိုရိန္းကို ဘယ္သူမွန္း တန္းရိပ္မိလို႔သာ ၿငိမ္က်သြားသည္။
"ဗီဗီယာနာ ေနာက္တစ္ခါ ငါ႔ကို အဆက္အသြယ္မလုပ္ဘဲ ေနၾကည့္... နင့္ကို အႏုပညာ ေလာက ကေန ေပ်ာက္ေအာင္ လုပ္ပစ္မယ္"
ဆူပူ ႀကိမ္းဝါးရင္း သူ့ ေနာက္လိုက္ေတြေခၚကာ စင္တာထဲမွ ထြက္သြားေတာ့သည္။
အမ်ိဳးသမီး ထြက္သြားေတာ့မွ ဗီဗီယာနာ ဟာ ခုံေပၚကို ၿပိဳက်သြားၿပီး ငိုေႂကြးေတာ့သည္။ စင္တာမွာ လူလည္း မ်ားေနသည့္ အခ်ိန္မို႔ သူ့ အေနအထားကို အကုန္လုံး ျမင္လိုက္သည္မွာ အမွန္ပင္။
ေအာင္ျမင္ေနသည့္ ေမာ္ဒယ္ သ႐ုပ္ေဆာင္ တစ္ေယာက္အေနျဖင့္ အခုလို အရွက္ရစရာ ကိစၥမ်ိဳးဟာ မေတြးဝံ့စရာ..
ဗီဗီယာနာက ငိုေတာ့ ကိုရိန္းက မ်က္ေမွာင္ကုပ္လို႔ ၾကည့္သည္။ ထို႔ေနာက္ ေဘးနားမွ ေလ့က်င့္ေရး သင္တန္းသားေတြဘက္ လွည့္ကာ မာန္မဲေတာ့သည္။
"ကိုယ့္အလုပ္ကို မလုပ္ဘဲ အာ႐ုံမ်ားမေနၾကနဲ႔"
ကိုရိန္းက တစ္ခြန္းတည္း ေျပာေတာ့ အကုန္လုံး အလွ်ိဳလွ်ိဳ ေပ်ာက္ကုန္ၾကသည္။
Carlos က သူ့ကို တစ္ခ်က္ၾကည့္ၿပီးမွ ထြက္သြား၏။ အခုေတာ့ ဧည့္ခန္းမွာ သူရယ္၊ ဗီဗီ ႏွစ္ေယာက္သာ က်န္ေတာ့သည္။
ဗီဗီ့ကို တစ္လွည့္ၾကည့္ေတာ့ အခုထိ တရႈံ႕ရႈံ႕ ျဖစ္ေနဆဲ... ကိုရိန္းက ေခါင္းကုပ္ရင္း အနားကို တိုးသြားလိုက္သည္။
ငုံ႔ထားသည့္ ပုခုံးဟာ တုန္ရီေနသည္မို႔ ႏွစ္သိမ့္ေပးရန္ ထိေတြ႕ဖို႔ ႀကိဳးစားလိုက္သည္။
တစ္ခဏေလးအတြင္း ကိုရိန္း လက္ေခ်ာင္းေတြဟာ ေလထဲမွာ ရပ္တန္႔ေနမိသည္။ ထို႔ေနာက္ လက္ေခ်ာင္းေတြကို ျပန္႐ုတ္လိုက္ရင္း အေနာက္ကို တစ္လွမ္းဆုတ္မိသည္။
"မင္း ဘာေတြ ျဖစ္ခဲ့သလဲ မသိေပမယ့္ ငါတို႔ စင္တာက သင္တန္းသားပဲမို႔ အထူးဂ႐ုစိုက္မႈေတြ ေပးပါတယ္။ အဆင္မေျပတာရွိလည္း တိုင္ပင္ခ်င္တဲ့အခါ လာေျပာလို႔ ရပါတယ္"
ဗီဗီယာနာက ေခါင္းေထာင္လာၿပီး သူ့ မ်က္ဝန္း ညိဳညိဳေတြမွာ မ်က္ရည္စေတြ တြဲလို႔ မႈိင္းညိဳ႕ေနပါသည္။
ကိုရိန္း ရင္ထဲ အမည္မသိသည့္ လႈိင္းကေလးေတြ ျဖတ္တိုက္သြားသည္။ ဗီဗီယာနာ႔ မ်က္ရည္ေတြကို သူ မႏွစ္ၿမိဳ႕လွပါသည္။
ဗီဗီက ရယ္လိုက္လွ်င္ ပါးၿခိဳင့္နက္နက္ကေလးနဲ႔ သိပ္လွသည့္ မိန္းကေလးမို႔ ငိုေနသည့္အခါမွာေတာ့ ပါးၿခိဳင့္ေတြဟာ ေပ်ာက္ကြယ္သြားသည္။ ႏွေျမာစရာမို႔ ကိုရိန္း မ်က္ေမွာင္ကုပ္မိလိုက္သည္။
"ငိုမေနနဲ႔ေလ မင္းအေဒၚနဲ႔ ညႇိႏႈိင္းၾကည့္ဦးေပါ႔"
အိတ္ကပ္ထဲမွ လက္ကိုင္ပုဝါကို ကမ္းေပးလိုက္ေတာ့ ဗီဗီက လွမ္းၾကည့္သည္။
"ငါတို႔ စေတြ႕တုန္းက အေနာက္မွာ လိုက္လာတဲ့ လူေတြကို မွတ္မိတယ္ မဟုတ္လား။ သူတို႔က အန္တီေလးရဲ႕ လူေတြ... အေႂကြးေတြ မဆပ္ႏိုင္ရင္ သူ့ မိတ္ေဆြ အဘိုးႀကီးနဲ႔ လက္ေထပ္ပးဖို႔ စီစဉ္ေနတာေလ။ အဲေန႔က နင္နဲ႔သာ မေတြ႕ရင္ အခုခ်ိန္ အဘိုးႀကီး လက္ထဲ ေရာက္ေနေလာက္ၿပီ"
ဗီဗီက ေျပာေနရင္းနဲ႔ ငိုျပန္ပါသည္။
"Carlos ေျပာလိုက္ မင္းကို ေစာင့္ေရွာက္ေပးဖို႔ လူအင္အား တိုးေပးလိမ့္မယ္။ ငါက တိုးခိုင္းတယ္ ေျပာလိုက္ေနာ္။ မင္း အေဒၚရဲ႕ လူေတြ လိုက္မေႏွာင့္ယွက္ရဲေတာ့ဘူး"
အခန္းထဲမွ ထြက္သြားသည့္ ကိုရိန္းကို ဗီဗီယာနာက လွမ္းေငးရင္း က်န္ေနခဲ့ေတာ့သည္။
.
.
Taehyung ေလယာဉ္ဆိုက္ၿပီးေနာက္ ေဆး႐ုံကို တန္းထြက္လာခဲ့သည္။ အေဖက အမ်ားႀကီး ေနမေကာင္း ျဖစ္ေနသည္မို႔ ခ်က္ခ်င္း ေတြ႕ရဖို႔သာ စိတ္ေလာေန၏။
ေဆး႐ုံကို ေရာက္ေတာ့ အေမက ထြက္ႀကိဳပါသည္။
"အိမ္ကို အရင္ျပန္ၿပီး နားလိုက္တာ မဟုတ္ဘူး သားရယ္။ ခရီးပန္းလာမွာကို"
"အေဖ့ကို ေတြ႕ခ်င္ေနလို႔ပါ"
အေမက မ်က္ႏွာေလး ညႇိဳးက်လ်က္ ကြၽန္ေတာ့္လက္ကို ဆြဲကာ အေဖ့ဆီ သြားသည္။
အေဖက ICU ထဲမွာ ေနရသည္မို႔ တိတ္တဆိတ္သြား သြားရပါသည္။ ကုတင္ေပၚမွာ ေဆးပိုက္ေတြ အမ်ားႀကီးနဲ႔ အေဖ့ကို ကုသထားသည္။
အခုထိ သတိမရလာေသးေပမယ့္ အသားအေရကေတာ့ စိုေျပေနပါသည္။
"မင္း အေဖက မင္းကို သတိရေနတာ မင္းျပန္ေရာက္လာတာ သိရင္ အရမ္း ဝမ္းသာၿပီး က်န္းမာလာေတာ့မွာပါ"
အေမ့လက္ကေလးကို ဆုပ္ကိုင္ကာ ႏွစ္သိမ့္ေပးလိုက္မိသည္။ အေဖက ဒီလိုမျိုး ကုသမႈေၾကာင့္သာ အသက္ဆက္ရွင္ႏိုင္ေသးသည္ ျဖစ္၏။
အမ်ားႀကီးလည္း မေမွ်ာ္လင့္ထားေပမယ့္ အေဖ့အနားမွာ အတူ ရွိေနေပးဖို႔ ႀကိဳးစားထားပါသည္။
ေဆး႐ုံက ျပန္လာလိုက္ၿပီး အိမ္မွာ တစ္ခဏ နားလိုက္သည္။ အစ္ကို႔ဆီကို ဖုန္းဆက္လိုက္ကာ အက်ိဳးအေၾကာင္း ေျပာျဖစ္သည္။
ဒီအတိုင္းဆိုလွ်င္ ေႏြဦးေရာက္လို႔ ေရနတ္သမီးပန္းေတြ ၾကည့္ရန္ အစီအစဉ္ကို ဖ်က္ရမည္ျဖစ္သည္။
.
.
တစ္ပတ္တာကို ေက်ာ္လြန္ၿပီးေနာက္ အေဖ့ က်န္းမာေရးဟာ တိုးတက္မႈ မရွိလာပါဘူး။ သတိရလာေပမယ့္ လႈပ္ရွားမႈ မလုပ္ႏိုင္ေသးဘဲ ႏွလုံးကို စက္တပ္လို႔ထားရသည္။
ဆရာဝန္ကလည္း အမ်ားႀကီး မေမွ်ာ္လင့္ထားရန္ အသိေပးထားပါသည္။
ေန႔လည္စာအတြက္ တစ္ခုခု ဝယ္ရန္ ေဆး႐ုံေအာက္ကို ဆင္းလာလိုက္သည္။ အေမကေတာ့ အေဖ့အနားမွာ လူနာေစာင့္ရပါသည္။
ကားလမ္းကူးဖို႔ ျပင္ေတာ့ အေဝးမွ လာေနသည့္ အရိပ္ကေလးကို ျမင္လိုက္ရသည္။ ေဝဝါးေနေသာ္လည္း လႈပ္ရွားမႈ ကေလးေတာင္ မွတ္မိေနသည့္ ကြၽန္ေတာ္...
အနီးကပ္လာေလ တေရးေရးေပၚလာသည့္ အသြင္အျပင္
"အစ္ကို"
"အစ္ကို!"
ေခၚသံဟာ တစ္ထပ္တည္း ႏွစ္ခု ထြက္လာပါသည္။ အစ္ကိုက ကြၽန္ေတာ့္ကို လွမ္းၾကည့္ေနရင္းမွ ေဘးတစ္ဖက္ကိုလည္း ၾကည့္လို႔ေနပါသည္။
အဲ့သည္ေနရာမွာ မိန္းကေလးတစ္ေယာက္ ရပ္ေန၏။ ဆံပင္ ခပ္တိုတိုနဲ႔ အမ်ိဳးသမီးတစ္ေယာက္က ဒူးအထိ ဖုံးသည့္ ကုတ္အကႌ် ခဲေရာင္ေလး ဝတ္ထားသည္။
ထို႔ေနာက္ ကြၽန္ေတာ့္ဘက္ တစ္လွည့္ၾကည့္လာသည္မို႔ မ်က္ႏွာခ်င္းဆိုင္မိသည့္ တစ္ခဏ အတိတ္က နာက်င္စရာ ေဝဒနာေတြဟာ ႏွလုံးသားကို လာ႐ိုက္ခတ္သည္။
"အစ္မ Heather"
ကြၽန္ေတာ့္ ေရရြတ္သံဟာ ခပ္တိုးတိုးေလးပါရယ္
.
.
ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္
ဆရာက သူ့ ကေလးေလးကို ကာကြယ္ေပးခ်င္တယ္လို႔ ေျပာခဲ့တာကို မွတ္မိတယ္ဟုတ္။ ဘယ္လိုေတြ ကာကြယ္မလဲ ၾကည့္ရမယ့္ အခ်ိန္ကို ေရာက္လာပါၿပီ
Spoiler Alert ေတြ မရွိေတာ့တာမို႔ တေရးေရးနဲ႔ ဖတ္ၾကရေအာင္ေနာ္။
VictoryKimTae
December 19, 2023