CHANDLER { Ongoing }

Af Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// Mere

Intro
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 1 U

15K 434 5
Af Xylo_19

Canada Country

သဘာဝရှုခင်း တောင်တန်းများနှင့် ရေတံခွန်တို့ဟာလည်းသွင်သွင် စီးဆင်းနေလျှက်။ တောင်တန်းဘေးပတ်လည်လည်တွင် သစ်ပင်တွေဟာလည်း အုံ့ဆိုင်းလျှက်နှင့်ပင်။ တစ်ချိ့တောင်တန်းတွေဆို တိမ်‌တွေနှင့် အပြိုင်တန်းနေလျှက်တောင်ရှိကြပေသည် ။ ရေတံခွန်ဆီမှ တဟောဟောစီးဆင်း‌နေသည့်ရေကျသံတို့ဟာလည်း ဆူညံမနေပင် သဘာဝတရားကို ပိုဖော်လွင်စေသည့် အသံအဖြစ် နားဝင်ချိုနေလှသည်။
‌လှပနေသောရှုခင်းပြင်ကြီးကို ကြည့်လျှက် ချွေးသံတရဲရဲဖြင့်အပြေးစက်ပေါ် ပြေးလွှားနေသူလည်းရှိ‌
နေသည် ။

အနက်ရောင်ဆံနွယ်စ‌လေးတွေဟာလည်း နဖူးပြင်ပေါ်ဟိုတစ်စ ဒီတစ်စ ။ မျက်ခုံးတန်းနှစ်ခုကို ထိကပ်မတတ် ကျုံ့ထားလျှက် နှုတ်ခမ်းပါးမှလည်း တစ်စုံတစ်ရာကိုရေရွတ်နေပြန်သည် ။ အသက်ရှူသံပြင်းပြင်းနှင့် မောပန်းနေသည့်အလျှောက် ရှိရှင်းစွဲ မျက်ဝန်းနီတို့ဟာ ခုချိန်မှပိုပြီးနီရဲနေကာ သားရဲတစ်ကောင်ပမာ ။ လည်ပင်းမှာ ဝတ်ဆင်ထားသည့် ပလက်တီနမ်ဆွဲကြိုးဟာလည်းချွေးတို့နှင့်ထိတွေ့ပြီးနောက် တစ်လက်လက်ပို၍တောက်ပနေ‌သည်။

အားကစားဘောင်းဘီ အနက်အရှည်ကိုဝတ်ဆင်ထားကာ အပေါ်ပိုင်းကတော့ ဗလာဖြင့်သာ ။အားကစားလိုက်စားသည့်အမျိုးသားတစ်ယောက်ပီပီမိန်းကလေးများ idea type ဖြစ်တဲ့ လက်မောင်းကြွက်သား၊ဗိုက်ကြွက်သားတို့ဖြင့်နေရာယူထားကာ
ခန္ဓာကိုယ်ဟာလည်းကျစ်လစ်သန်မာစွာ တည်ရှိနေပြန်သည် ။

ကျောကုန်းပြင်၌ မြွေတစ်ကောင်ဟာ ခါးစပ်မှစ ကျောရိုးတစ်လျှောက်လုံးကို ရစ်ပတ်ထားသည့် ပုံရှိနေပေသည်။‌‌လည်ပင်း၌လည်း မြွေတစ်ကောင်နှင့်အတူ ပန်းပွင့်တစ်ပွင့်ကိုလည်းထိုးထားပြန်လေသည် ။ သေချာသည်မှာတော့ ထိုမြွေသည်လည်း မျက်ဝန်းတို့ဟာနီနေမှာမလွဲဧကန်ပင်။ချန်ဒလာက တတ်တူးကိုပဲခုံမင်နေတတ်သည်လား။ရှေ့ဘက်တွင်တော့ ဘေးဘက်ရင်ညွှန့်နားမှစ ဆီးစပ်ထိတစ်လျှောက်လုံး မိုးကြိုး ပစ်ချနေသည့် Tattoo ပုံစံကား နေရာယူထားပြန်သည်။ အသားဖွေးလှသည့်အထဲတွင်ပါဝင်သည့်အတွက်ကြောင့် ဖြူဖွေးနေသောအသားအရည်ပေါ်၌ အမဲရောင် Tattoo တို့ဟာ ပို၍ပင်ထင်းလင်းနေပေတော့သည် ။

ဖန်ပြင်တွေဖြင့်ကာရံထားသည့်အခန်းတစ်ခန်းလုံးသံချင်းသံလေးလွင့်လွင့်နှင့် မောဟိုက်သံတို့သာ ကြားနေရသည်ပင် ။ချန်ဒလာတစ်ယောက် အပြေးစက်ပေါ်၌ ပြေးလွှားခြင်းကို ခနရပ်ကာ ကြမ်းပြင်ပေါ်လက်ထောက်လျှက် ဒိုက်ထိုးဖို့ စတင်နေတော့သည် ။

ပထမဆုံး လက်နှစ်ဖက်ကို ထောက်လျှက်ခြေနှစ်ဖက်ကိုလေပေါ်မြှောက်ကာ ဒိုက်ထိုးနေရင်းနဲ့မှလက်တစ်ဖက်ကိုခါးနောက်ကိုကပ်လျှက် ကျန်လက်တစ်ဖက်ရှိ တစ်ဖြေးဖြေး ကျန်လက်ချောင်းတွေပါသိမ်းကာ လက်ညှိုးတစ်ချောင်းထဲဖြင့်ကင်းမြှီးကောက်ထောင် ဒိုက်ထိုးနေပြန်တော့သည်။ခန္ဓာကိုယ်တစ်ကိုယ်လုံးစာကို လက်ညှိုးတစ်ချောင်းထဲဖြင့်ထိန်းထားရသည့်အတွက် လက်ကသွေးကြောတွေဟာလည်းထိုးထွက်မတတ်တင်းရင်းလာပေတော့သည် ။ ကြမ်းပြင်နှင့်မျက်နှာမူလျှက် ခန္ဓါကိုယ်ကို မြှောက်လိုက် ချလိုက်လုပ်နေသည်မှာ သာမာန်လူဖို့ မလွယ်ကူလှပေမယ့် ချန်ဒလာဟေဒန်အတွက်တော့ပုံမှန် ပမွှားလေးသာ ။

အချိန်တစ်ခုလောက်ကြာသည့်အခါအကုန်လုံးပြီးဆုံးသည်နှင့်ချန်ဒလာဟေဒန်တစ်ယောက်ကြမ်းပြင်‌ပေါ်၌မောပန်းနေသမျှကိုစုကာခြေဆင်းလက်ပြစ်ထိုင်ချလိုက်လေသည်။ချွေးသံတစ်ရဲရဲတို့နှင့် ရင်ဘတ်အစုံဟာလည်းနိမ့်ချည်မြင့်ချည်။

ဒေါက် ! ‌ဒေါက် !

"" ဝင်ခဲ့ ""

"" သခင်လေး ချန်ဒလာ သခင်ကြီးက Toronto မြို့ကို ပြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်ဗျ ""

ဟယ်ရီတစ်ယောက် ရှေ့မှာ ရှိနေသည့် သခင်လေးဆိုသူကို စဝင်လာကတည်းကအပြည့်အဝမော့မကြည့်ရဲသေးပေ။ခုလိုအားကစားလုပ်‌နေသည့်အချိန်ဆိုပိုဆိုးပေသည် ။ နှောင့်ယှက်ခြင်းကိုမကြိုက် ဒါကြောင့်လည်း အများသူငါနှင့် ဆော့လို့ရသည့် မြို့ထဲ Gym နေရာ၌ ဘယ်တော့မှမဆော့။‌ ဂျေးများလွန်းတာလည်းဖြစ်သည်။သဘာဝတရားကို ချစ်သည့် သခင်လေး ချန်ဒလာဟေဒန်သည် တောတောင်ဘက်ခြမ်းလာကာ အိမ်တစ်လုံးဝယ်ထားခြင်းဖြစ်သည် ။ လူသံဆို၍မကြားရရေစီးသံ၊ငှက်သံအပင်တွေတစ်ယိမ်းယိမ်း လှုတ်ခက်သံတို့သာဦးစားပေးကြားနေရပေသည် ။

"" ဟယ်ရီ ""

"" ဟုတ်ကဲ့ သခင်လေး ""

"" ပြန်ဖို့ပြင်တော့ ! ""

"" ဟုတ်ကဲ့ ! ""

ဟယ်ရီထွက်သွားသည်နှင့် ချန်ဒလာလည်း ဆံပင်တွေကိုသပ်တင်လျှက် သက်ပြင်းချလိုက်လေသည်။
ဘေးရှိ အအေးခွက်ကို တစ်ကျိုင့်ထဲမော့ချကာ ရေချိုးဖို့ရန်ပြင်ဆင်လိုက်တော့သည်။ကိုယ့်အနံ့ကိုယ်ပြန်မခံချင်လောက်အောင် ယောကျာ်းချွေးနံ့တို့ဟာခပ်ပြင်းပြင်း။

•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

မြို့ပေါ် ပြန်ရောက်လာသည်အထိစကားတစ်ခွန်းမှ ဟမလာပဲ လမ်းတစ်လျှောက်လုံးငြိမ်သက်လျှက်
ချန်ဒလာဟေဒန် လိုက်လာခဲ့သည် ။ ဘေးရှိကားတံခါးဘောင်ကို လက်ဖြင့် တစ်တောက်တောက်
ခေါက်လျှက်အပြင်ဘက်သို့သာငေးမောနေမိတော့သည်မှာအချိန်ဘက်လောက်ကြာသွားသည်တောင် မသိတော့..

"" သခင်လေး ရောက်ပါပြီဗျ ""

ကား‌ခြံရှေ့ရောက်သည်နှင့် ခြံတံခါးမကြီးဟာ
အလိုအ‌လျှောက်စနစ်ဖြင့် ပွင့်လာခဲ့တော့သည် ။
ခြံအလည်တည့်တည့် စက်ဝိုင်းပုံရေကန်ပြင်လေးအလည်၌ရေဗန်းအသေးလေးထားရှိကာ ‌သူ့ရှေ့၌လည်း ပန်းပေါင်းစုံ ပွင့်နေသည့် ပန်းဥယျာဉ်အသေးစားတစ်ခုကိုလည်း တည်‌ ဆောက်ထားလေသည် ။ ဆန့်ကျင်ဘက်‌ဘေးဘက်ခြမ်းတွင်Projector တစ်ခုနှင့် ဆိုဖာခုံအသေးစားတွေထားရှိကာ ရှေ့မျက်စောင်း၌ လေးထောင်တန် ဂိုဒေါင်တစ်ခုကို တည်ဆောက်ထားသည် ။ ဂိုဒေါင်ရဲ့ ဘေးတစ်ဖက်စီ၌ ကားသုံးစီးစီ ယှဉ်တွဲ ရပ်ထားလေသည် ။ သားဖသုံးယောက်စလုံးတွင် တစ်ယောက်နှင့် တစ်ယောက်ကားအကြိုက်ချင်းလည်းမတူညီကြပေ။လူကုန်ထန်ပတ်ဝန်းကျင်ဖြစ်သည့်အလျှောက်တစ်နေရာနှင့်တစ်နေရာ တစ်အိမ်နှင့်တစ်အိမ်အလှမ်းဝေးလှပေသည်။ လမ်းလျှောက်မယ်ဆိုလျှင်တောင် အိမ်ထဲရောက်ဖို့ထိအနည်းဆုံး 15 Min အထိ မနည်းလမ်းလျှောက်ရပေလိမ့်မယ်။

အဖေနှစ်ယောက်ဖြစ်သည့် အက်စတွန်နှင့်ဝသုန်ဟေဒန်ဆိုလျှင် မသိသူမရှိကြပေ။ကနေဒါနိုင်ငံ၏ အတွင်းဝန်သုံးဦးကြီးအနက် အက်စတွန်ဟာ အသက်အငယ်ဆုံး အတွင်းဝန်ပင် ။ အက်စတွန်အတွက်တော့ အတွင်းဝန်ကြီးရာထူးဟာ ဟန်ပြသာ နောက်ကွယ်၌ တစ်မိသားစုလုံးဟာ အမှောင်ဘက်ခြမ်းတွင် မရင်းနှီးသူမရှိကြ ။ ချန်ဒလာဟေဒန်ဟာအဖေဖြစ်သူရဲ့နိုင်ငံရေးကိုစိတ်မဝင်စားပေ ။ Gun များကိုသာစိတ်ဝင်တစားရှိလှသူဖြစ်သည်။ အမှောင်ဘက်ခြမ်းလောက၌လည်း Rayker ( ရေ့စ်ကာ ) Mafia အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ချန်ဒလာဟေဒန် အဖြစ်လည်းကျော်ကြားလေသည် ။

အဖေဖြစ်သူ ဝသုန်ဟေဒန်ဟာသားဖသုံးယောက်ကြားတွင် ပိုဆိုးသည်ပေ။ ဘာက သူ့ကိုပြောင်းလဲသွားစေလည်း ဆိုတာ သူကိုယ်တိုင်လည်းမသိပေ။ဘယ်အချိန်ကတည်းကလဲဆိုတာရောပေါ့။သူ့ကအဲ့တာတွေအာရုံစိုက်နေသည့်လူမှမဟုတ်တာ။ဒါ‌ပေမယ့်လည်းအက်စတွန် ပြောပြသည့်ဝသုန်ဟေဒန်ဟာချန်ဒလာဟေဒန်မျက်စိရှေ့မှာ ရှိနေသည့်ဝသုန်ဟေဒန်နှင့်မတူပင် ပြောင်းလဲနေသည်ပင် ။

"" Oh !! my Son ""

အက်စတွန် လှေကားကဆင်းလာသည်နှင့်ချန်ဒလာကို တွေ့တွေ့ခြင်းပဲအသည်းအသန်ပြေးဖက်လေတော့သည်။တစ်ခုခုကိစ္စပေါ်လာတိုင်း အက်စတွန်ရဲ့ဖားနည်းတစ်မျိုး။ဟုတ်တာမဟုတ်တာအသာထားအဓိက,ကသူခိုင်းတာလုပ်ရင်ရပြီ။

"" ဘာကိစ္စ ရှိလို့ ပြန်ခေါ်ရတာလဲ ""

"" အို ! ကိစ္စရှိမှခေါ်ရမှလား။သားဖြစ်သူ မျက်နှာလေးကိုကြည့်ဖို့ပေါ့ ။ ""

"" အပိုတွေမလုပ်ပဲဘာကိစ္စလည်းဆိုတာအရင်ပြော ။ ""

အက်စတွန်လည်း ပြောင်းလဲလာသည့် သားဖြစ်သူရဲ့ မျက်နှာကိုကြည့်ကာ တုံ့ဆိုင်းမနေတော့ပဲ ...

"" ငါ့အစား မြန်မာနိုင်ငံ သွားပေး ""

အက်စတွန်တစ်ယောက်ဆေးလိပ်ကို ဟန်ပါပါ
သောက်လျှက်ဆိုဖာပေါ်သို့အားနဲ့ပစ်ထိုင်ကာ ရှေ့ရှိ သားဖြစ်သူရဲ့မျက်နှာကို အသေးစိတ်လိုက်ကြည့်နေမိတော့သည်။ဒီကောင်ကြီး ဘယ်တော့မှပြန်ချင်မှာမဟုတ်ဘူးဆိုတာသိပေမယ့်လည်းလွှတ်ဖို့ကံပါလာတော့လည်း လွှတ်ပေးရမှာပင်။

"" မသွားနိုင်ဘူး ။ ""

"" အင်းလေ ။ သဘောပေါ့။မင်းရဲ့ လက်နက်တွေ မသွားတဲ့ကောင်ကို ငါမင်းဂိုဏ်းကို ပို့ထားပေးတယ် ။ မင်းမသွားချင်လည်း ကိစ္စမရှိပါဘူး ငါပြန်ခေါ်လိုက်ရုံပေါ့ ။ ""

ချန်ဒလာ အက်စတွန်ရဲ့ပြောစကားကြောင့်မျက်မှောင်ကိုပို၍ပင် ကျုံ့လိုက်မိလေသည် ။

သေနတ်တွေကို သူသဘောကျသည် ။ အရာရာတိုင်းထက်ပို၍ သဘောကျပေသည် ။ သူ့ပစ္စည်း‌တွေ
မသွားသည့်ကောင်ကို ခုချိန်ထိ မလိုက်နိုင်ခဲ့။အကောင်ကြီးကြီးထဲကမှန်းသိရွေ့လည်း သူ‌တစ်ဆင့်ချင်းလှုပ်ရှားနေခြင်းသာ။ဒါကို ဒယ်ဒီကဘယ်လိုရိပ်မိလည်းမသိ သားကိစ္စလည်းနေရာတကာပါလွန်းသည်။

"" ကျုပ်သွားမယ် ။ အဲ့လူကိုလည်းခင်ဗျားပြန်မခေါ်နဲ့ ။ ""

ဒါပဲ။သားရဲ့ပျော့ကွက်ဟာသေနတ်တွေပင်။အနည်းလေးပိုက်ဆံလေး သုံးလိုက်တာသားဖြစ်သူရဲ့သေနတ်တွေမသွားတဲ့‌ ခွေးမျိုးကိုချက်ချင်းသိခဲ့ရတာပဲ‌လေ။ထို့‌နောက်အက်စတွန် ထိုင်နေရာမှ ထလာကာ ...

"" ဟက် !! ကောင်းပြီလေမင်းရဲ့အဖေ ငါ့လင်တော့ မသိစေနဲ့။ ""

ချန်ဒလာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာအက်စတွန်ရဲ့ နားနားထိ တိုးကပ်သွားလေသည်။

"" နောက်ကျသွားပြီ ဒယ်ဒီ။ဒယ်ဒီ့နောက်မှာ ဒယ်ဒီ့အချစ်လေး ။ ""

"" အက်စတွန်ဒမီထွီရပ်စ် !! ""

အသံဟာ ဧည့်ခန်းတစ်ခုလုံးကိုဟိန်းခနဲ။အကောင်သေး‌သလောက် အသံကတော့အောင်ပေသည်။တစ်အိမ်လုံးမှာ ဒီကောင်အသံအအောင်ဆုံး။

"" စလာပြီ ဒီယောကျာ်း။သွားကွာ မင်းလည်းသွားစမ်း ""

အက်စတွန်လည်း ကိုယ်နှင့်မတိမ်းမယိမ်းကျောပြင်ကျယ်ကြီးကို တွန်းကာ အိမ်ပြင်သို့သာအသည်းအသန်နှင်လွှတ်နေတော့သည်။လေ့ကျင့်ရေးပြီးနောက်ပြီး ချန်ဒလာ့ရဲ့ခန္ဓာကိုယ်ဟာပိုမိုတောင့်တင်းကာကြီးထွားလာခဲ့သည်။သူ့ထက်တောင် ကျော်တတ်နေပြီဖြစ်သည်။

"" ဖေဖေ ပြန်လာခဲ့မယ်နော် ခုတော့ ကျုပ်ပြန်ပြီ ။ ""

တွန်းနေသူကားကျော်ကာလှေကားမှာ ခြေစုံရပ်လျှက်
မတ်တပ်‌ရပ်ကြည့်နေသူကား လက်ဝေ့ယမ်းကာ ချန်ဒလာနှုတ်ဆက်လိုက်‌သည်။ဝသုန်ဟေဒန်က သုံးဆယ်ကျော်လို့မထင်ရလောက်အောင်အမြဲနုနေတုန်းပင်။ဒါကြောင့်လည်းအက်စတွန်ရဲ့အသည်းစွဲလေးဖြစ်နေတာမလား။ဒယ်ဒီနဲ့သူနဲ့ကြားတစ်ခုတော့တူတယ်ပြောရမယ် ဝသုန်ဟေဒန့်ကိုထိတာနဲ့နှစ်ယောက်လုံးဟာအချိန်ကိုက်ထိတာနဲ့ ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို။ဒီလိုပဲ သူ့ဘဝကြီးထဲဝသုန်ဟေဒန့်လိုကာကွယ်ပေးချင်မိတဲ့လူထပ်ရောက်ရှိလေမလား။သူ့အနေနဲ့သာဆို သေချာသည်ဒီလိုလူမျိုးထပ်မရှိနိုင်။

ချန်ဒလာပြန်သွားသည်နှင့် ဝသုန်ဟေဒန်လည်း ရှေ့ရှိလူ၏ မျက်နှာနားထိ တိုးကပ်သွားကာ

"" အက်စတွန် ! ဒါမင်းဘာလုပ်တာလည်း။ငါ့သားကို အဲ့ကိုသွားဖို့ ငါသဘောမတူဘူး ။ဟိုမိန်းမနဲ့ ပြန်တွေ့ရင် ဘယ်လိုလုပ်မလည်း ။ ""

"' ဝမ်ဝမ် ဒီရောက်နေတယ် ။ ကိုယ်သူ့ကိုတွေ့လိုက်တယ် ""

"" ဘာ !! ""

ဝမ်ဝမ်ဆိုသည့်နာမည်ကြားသည်နှင့် ဝသုန်‌ခြေဖျားတို့တုန်လာခဲ့တော့သည် ။ အချစ်နွံ ဒီနွံထဲကနေအသက်ဆုံးခါနီးသူ့သားကိုမနည်းကယ်ထားရသည်
မဟုတ်လား ။ သူ့တို့မိသားစုရဲ့ နောက်ဆုံးသော နေရောင်ခြည်လေး နောက်တစ်ခါ အဲ့လိုအဖြစ်ဆိုးကြီးထပ်ဖြစ်လာခဲ့ရင် သူကိုယ်တိုင်လည်း သေသွားပေလိမ့်မည်။

"' ဟုတ်တယ် ! ဘာကိစ္စနဲ့ရောက်နေမှန်းမသိပေမယ့် ဝမ်ဝမ် ဒီကိုရောက်နေတယ် ။ ကိုယ်က သားကိုခနရှောင်စေချင်တဲ့သဘောပါ ။ ""

အက်စတွန်ရဲ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဝသုန်ရဲ့နှုတ်ဖျား၌လည်းခပ်တိုးတိုးစကားသံတို့၌‌ပေါ်ထွက်လာခဲ့တော့သည် ...

"" ဒါလီယာဝမ် ..""

•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"" ယိမ်းယိုင်မှိုင်း ။ မြင်းဇက်ကြိုးကို သေချာထိန်း
လေကွာ ""

"" ကျွန်တော်ထိန်းနေတာပဲအစ်ကိုမမြင်ဘူးလား။အစ်ကို့မြင်းမှအငြိမ်မနေတာ ။ ""

‌ဘောင်ခတ်ထားသည့် ခြံဝန်းအတွင်း၌ သဘက်ခါပြိုင်မည့် မြင်းစီး ပြိုင်ပွဲအတွက် ယိမ်းယိုင်မှိုင်း
အသည်းအသန်လေ့ကျင့်နေရသည်ပင်။

ကိုယ့်နေရာမှ မဟုတ် တစ်ခြားနေရာမှာပြိုင်ရသည့်အပြင် မြင်းဟာလည်းကိုယ်ရဲ့မြင်းမဟုတ်ချေ။လူနှင့် မြင်းအသားကျအောင်သူထိန်းနေရသည်မှာတစ်ပတ်ခန့် ရှိနေပြီပင်။ဂျော့ဆိုတဲ့မြင်းဟာ တစ်ကိုယ်လုံးပြောင်နက်နေကာ လည်ဆံရှည်မွှေးတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်သည်။တစ်ချက်,တစ်ချက် ခြေနှစ်ချောင်းထောင်မာန်ပြရင်ကို သူ့မှာအသားမကျသေးလန့်နေတုန်း။သူ့ထက်ပိုပြီးစောက်ကြောတင်းတဲ့လူမတွေ့ဖူးပေမယ့် မြင်းမဲကြီးကိုတော့တွေ့ဖူးခဲ့ပြီ။

ဂျော့ဆိုတဲ့ မြင်းဟာလည်း သူမြင်းကျောပေါ်တတ်လိုက်သည်နှင့် ကျောကိုကော့လန်နေအောင်ထိုးကာ သူ့ကို ပြုတ်ကျအောင်လုပ်နေတုန်းပင်။ကိုစိုးသူလွင်ဒီမြင်းကို ဘယ်လိုထိန်းကျောင်းခဲ့တာလဲ။ဒီမြင်းရိုင်းက သူ့လက်ထဲမှာတောင် ရိုင်းစိုင်းနေတာကိုဘယ်လိုများတစ်နှစ်တိတိနေနိုင်ခဲ့လည်းစ‌ဉ်းစားမရ။

"' ငါလိုးမ ဂျော့ မင်းကိုဒီညအစာမကျွေးဘူး ။ ""

"" ယိမ်းယိုင်မှိုင်း မင်းငါ့မြင်းကို မဆဲနဲ့ ! ""

အံမယ် အမြဲနားလေးနေတတ်တဲ့လူကသူ့မြင်းထိတော့ချက်ချင်းကြားတယ်။

လေ့ကျင့်နေသည့် ခြံဝန်းထဲ၌ အတူရှိနေသည့်စိုးသူလွင် ဟာလည်း သူ့မြင်းကိုထိတော့မခံနိုင်အသားကုန်လှမ်းအော်ပြောနေလေတော့သည်။သူတောင်မထိရက်မကိုင်ရက်ကို ဒီကောင်မို့လွယ်လွယ်ပြောထွက်နေတာ။

"" ယိမ်းယိုင်မှိုင်းတဲ့ တစ်မှိုင်းထဲရှိတယ်။ငါ့ကိုလာမစမ်းနဲ့ ။ ဒီတစ်ခါ ငါ့ကိုကျောကော့အောင်ကန်ရင် မင်းကျောကို ငါအရေခွံစုတ်ပစ်မယ်ကြားလားဂျော့ ။ ""

ကိုယ်ကို ကိုင်းကာ မြင်းရဲ့ လည်ပင်းအမွှေးနားလေးတွေကို တစ်ချက်ပုတ်လျှတ် အံကြိတ်သံနှင့်မြင်းကို သတိပေးနေတော့သည် ။ မြင်းက လူစကားနားလည်လည်မလည်လည် အသာထား သူတကယ်ကြီးဒီမြင်းကို အရေခွံစုတ်‌ချင်နေပြီဖြစ်သည် ။

"" ဟေ့ကောင် ဂျော့ ပြေးစမ်း !! ""

စကားသံဆုံးသည်နှင့် မြင်းလည်း ခြေနှစ်ချောင်းထောင်ကာ တစ်ချက်မာန်ဖီလျှက် ပြင်းလှစွာသောအားနှင့် ဘောင်ခတ်ထားသည့်ခြံစည်းရိုးကိုကျော်တတ်ကာ စိမ်းလဲ့‌နေသောမြက်ခင်းပြင်သို့ ဒုန်းဆိုင်းပြေးနေလေတော့သည် ။

"" ဟားးဟားးး ဒါမှဂျော့ကွ !! ""

မြင်းရဲ့တစ်ခွပ်ခွပ်မြည်သံနှင့်အတူ အပေါ်က စီးနှင်းလိုက်ပါနေသည့်ကောင်လေး၏ အသံတို့ဟာလည်း
ပတ်ဝန်းကျင်တစ်ခုလုံး၌ လွင့်လွင့်ကလေး ထွက်ပေါ်လာတော့သည်။

"" မိုက်တယ်ကွာ ။ ဂျော့က အရမ်းထိန်းရခက်တာ ။
ငါသူ့ကိုစစချင်းရတုန်းတောင် နှစ်လသုံးလ
လောက်ကျောကော့နေအောင် ခနခန ပြုတ်ကျနေတာမင်းမို့တစ်ပတ်ထဲနဲ့ရအောင်ထိန်းနိုင်တယ် ။ ""

"" အစ်ကိုက သူ့ကို အရေခွံစုတ်မယ်မှ မပြောတာ ကျွန်‌တော်က ပြောလိုက်တာလေချက်ချင်းကိုနားထောင်တော့တာပဲ ။ ဒီကောင်ကြီးအရေခွံစုတ်ခံရမှာတော့ကြောက်သားဟ ။ ""

"" ဟေ့ကောင် ယိမ်းယိုင် မင်းဘာကွ ! ""

"" စိတ်လျော့စမ်းပါဗျာ ။ အခုအစ်ကို့မြင်းကိုကျွန်တော်အရေခွံစုတ်နေလို့လား ။ ""

"" ဒါခနထား မနက်ဖြန် ကားရှိုးပွဲကြီးရှိတယ် ။ မင်းသွားကြည့်ချင်လား ""

"" ဒီတိုင်းပဲ ပြတာဆိုရင်တော့ စိတ်မဝင်စားဘူး ။
ပြိုင်မောင်းကြရင်တစ်မျိုး ခုကျ အဲ့ကားတွေတစ်စီးပြီးတစ်စီး ဓါတ်ပုံရိုက်ပြီးပြန်လာရမှာလား ။ ""

"" နှစ်တိုင်းပြိုင်မောင်းနေကြတာပဲကွ မောင်းမှာပေါ့ဟ ။ ""

"" .... ""

"" ဒီနှစ်တော့ ပွဲကြီးတယ် ယိမ်းယိုင် ။ ဝန်ကြီးနှစ်ယောက်ရဲ့ သားနှစ်ယောက်စလုံး ပြိုင်မှာ ။ အရင်နှစ်ကတည်းက ဝန်ကြီး အဲလက်စ်ရဲ့သားက ဝန်ကြီးအက်စတွန်ရဲ့သားကို စိန်ခေါ်ထားတာ ။ နှစ်ယောက်လုံးက ကားလောကထိပ်သီးတွေကြီးပဲ မင်းမလိုက်ချင်နေ ငါတော့သွားကြည့်မှာ ။ ""

ပြောလည်းပြော ရှေ့ကနေ မစောင့်ပဲထွက်သွားသူအားနောက်ကနေ အပြေးတစ်ပိုင်းအမှီ လိုက်ကာ ...

"" ကျွန်တော်လည်းလိုက်ကြည့်ချင်တယ်လေ ဟေ့လူ
ကိုစိုးသူ ကျွန်တော့်ကိုမထားခဲ့နဲ့လေ ""

"" ကျစ် ! ငါ့ကိုနာမည်တပ်မခေါ်နဲ့ ငါ့မင်းထက်အသက်အများကြီး ကြီးတယ် ""

"" ဟာ အရေးထဲ ကောင်းပြီအကိုစိုးသူရာကျွန်တော့်ကိုလည်းခေါ်ဗျာ.. နော် ""

လိုချင်တာတစ်ခုခုရှိရင်က အသံလေးကခပ်အီအီ။

"" မင်းအမေ ဒါလီယာဝမ်က ဘယ်လိုလုပ်မှာလည်း ။
မင်းသူ့ကို ရအောင်ပြော ""

"" သူက ကျွန်‌တော့်အမေမဟုတ်ဘူး ။အဒေါ်ကနေလည်းအမေဖြစ်မလာနိုင်ဘူး ။မိထွေးကိုမိထွေးနေရာမှာပဲ ထားနိုင်တယ် ""

"" ဒါလီယာဝမ် မင်းအပေါ် ဒီလောက်ကောင်းတာ မင်းမို့ကွာ ""

"" ဒါဆိုလည်း အစ်ကို့အမေယူပြီးအစ်ကို့အပေါ်ကောင်းပေးမယ် အစ်ကိုကျွန်တော့်ကိုအဖေလို့သတ်မှတ်နိုင်လား !! ""

"" ဟေ့ကောင် ယိမ်းယိုင် မင်း ! ""

"" အစ်ကိုလည်း လက်မခံနိုင်ဘူးမလား ။
ဒါဆိုလည်း ကျွန်တော့်ကိုလည်း လာမပြောနဲ့ ။ ""

"" အေး မပြောဘူး ။ မင်းပါးစပ်ကလည်းနောက်ခါ ဒီစကားဟမလာနဲ့ ။ ""

"" အားအားယားယားဟမနေဘူး။နောက်ခါကျွန်တော့်ကိုသာလာမစနဲ့။ဒါပဲမနက်ဖြန်မှတွေ့မယ်ဘိုင့်ရီးးးး ""

စိုးသူ လက်ဝေ့ယမ်းကာ ထွက်သွားသူကားကြည့်ကာ
သက်ပြင်းတစ်ချက်ချလိုက်လေသည် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရိုင်းစိုင်းနေတဲ့ကောင် ..

•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

ဖောင်း ! ဖောင်း ! ဖောင်း !

လေ့ကျင့်ကွင်းအလည်၌ သေနတ်သံတို့ဟာ
ဆူညံလျှက်။

လေ့ကျင့်နေကြသည့် လူများကလည်း ခေါင်းဆောင်ဝင်လာသည့်နှင့် ကိုယ်ကို ညွှန့်ကာအရိုအသေပေးကြလေသည် ။ ချန်ဒလာကတော့ တစ်ချက်လေးတောင်လှည့်မကြည့် လက်တစ်ဖက်က စတိုင်ပင် ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ကျန်လက်တစ်ဖက်ကတော့ စာရင်းဖိုင်တစ်ခုကို လက်ကနေလွှဲရင်း တစ်နေရာရာသို့သာ ဦးတည်သွားနေလေသည်။

အခန်းတစ်ခုရှေ့ရောက်သည်နှင့် ချက်ချင်းမဝင်သေးပဲ ...

"" ဟယ်ရီ လက်အိတ်ပေး ""

"" ဒီမှာပါ သခင်လေး ""

"' တံခါးဖွင့်! ""

တံခါးဖွင့်လိုက်သည်နှင့် အခန်းအတွင်းရှိသွေးညှီနံ့တို့ဟာ လှိုင်ခနဲပင်ထလာလေတော့သည်။မသတီစရာလည်းကောင်းလှပေသည်။အမြဲသန့်ရှင်းရေးလုပ်နေရင်တောင် ဒီအခန်းကလူဝင်မပျက်ဘူးထင်ပ အနံ့ကတော့မသေးသွားပေ။

"" ဟက် ! ဘယ်သူများလည်းလို့ ဗိုလ်ချုပ်ကြီး
သောမတ်စ်ကို ""

မတ်တပ်ရပ်နေရင်းမှ စီးထားသည့်ဖိနပ်ဖြင့်ရှေ့ရှိ သောမတ်စ်ဆိုသည့်လူ၏မျက်နှာအားဆွဲမော့လိုက်လေသည်။ မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေကာ ကြည့်ပျော်ရှုပျော်ပင်မရှိလှပေ။

"" ငါ့ကိုထိရင်မင်းဘာဖြစ်မယ်ဆိုတာမသိတာလား ""

"" ငါ တောင်း .. တောင်းပန်ပါတယ်။ဒီတစ်ခါတော့ ခွင့်လွှတ် ... ပေးပါ ။ ""

"" ဒီလောကမှာ တောင်းပန်ရုံနဲ့ ဘယ်အရာမှမပြီးသွားဘူး ။ လုပ်ရဲရင်ခံရဲရတယ် ။ ""

တစ်ချိန်ထဲမှာပင် ချန်ဒလာ နောက်ရှိဟယ်ရီကို မျက်စပစ်ပြလိုက်လေသည် ။ဟယ်ရီဟာလည်း
ဘာကိုဆိုလိုသည်ကို သိသည့်အလားတုံ့ဆိုင်းခြင်း
မရှိ ဘေးရှိ ဂေါက်ရိုက်တံနှင့် သောမတ်စ်ဆိုသည့်လူ၏မျက်နှာကိုအားပါပါဖြင့်တစ်ချက်လွှဲရိုက်လိုက်လေသည်။ညှာတာမှုမရှိ၊စာနာမှုမရှိ ဂေါက်သီးတစ်လုံးလိုလွယ်လွယ်လေးရိုက်ချလိုက်တာ။အားပြင်းလှသည့်အတွက် မျက်နှာတစ်ခုလုံးသွေးများဟာ ဖြာခနဲပါးစောင်ရိုးပါးကျိုးလှသည်ပင်။

ချန်ဒလာ သောမတ်စ်ဆိုသည့်လူ၏ဆံပင်ကိုနောက်ကိုလှန်ဆွဲကာ ရှေ့ကိုတစ်ချက်ကြည့်စေလိုက်သည် ။

ရှေ့တွင် လှောင့်ချိုင့်တစ်ခုစီတည်ရှိနေကာအတွင်း၌တွင် သားရဲတိရစ္ဆာန်နှစ်ကောင်ကိုမွေးမြူထားပေသည် ။ခြင်္သေ့နှစ်ကောင်လုံးမှာလည်း ရှေ့ရှိလူကိုကြည့်ကာဆုတ်ဖြဲနေတော့မည် အတိုင်းမာန်ဖီနေလေသည် ။

"" ငါ .. ငါတောင်း တောင်းပန်ပါတယ်။ခွင့်လွှတ်ပေးပါ ကွာ ... ""

"" ကြည့်ပါအုန်း .. မင်းရှေ့က ငါ့သားနဲ့သမီးကမင်းကို အရမ်းစားချင်နေသလိုပဲကွာ ... ""

"" ... ""

သောမတ်စ်တစ်ယောက်ကြောက်လွန်းလို့ပင်ပါးစပ်ဟောင်းလောင်းဖြင့်ရှေ့ရှိခြင်္သေ့နှစ်ကောင်ကိုကြည့်ကာပြောစရာစကားများကိုပင်မေ့နေလေတော့သည်။သူမှားခဲ့ပြီ ဝန်ကြီးတစ်ယောက်ခိုင်းစေခဲ့လို့သာ လုပ်ခဲ့ရတာဒီအလုပ်ကို သူလက်မခံလိုက်သင့်ပေ။ခုတော့ဖြင့် သူ့သွားရာလမ်းကသေခြင်းတရားတဲ့လား။

"" မင်းမှတ်ထား !! ငါလိုလူကိုလာထိရင်နောက်တစ်နေ့ မင်းရဲ့အုတ်ဂူပေါ်မှာမတ်တပ်ရပ်နေမယ့်လူက ငါပဲ! ""

"" ... ""

"" ခုတော့ စိတ်သိပ်မကောင်းဘူးကွာ။မင်းကိုအရိုးတောင်မြင်ရမှာမဟုတ်တော့ဘူး ။ "'

ချန်ဒလာမတ်တပ်ထရပ်ကာ ဘေးရှိ လူနှစ်ယောက်ကို လက်ဝေ့ပြလိုက်လေသည် ။ ထိုလူနှစ်ယောက်လည်း ခေါင်းတစ်ချက်ငြိမ့်အရိုအသေပြကာ လှောင်ချိုင့်တံခါးကို ဖွင့်ပေးလိုက်တော့လေသည် ။

တိရစ္ဆာန်နှစ်ကောင်ဟာလည်း ဘေးရှိ လူတွေကို
အန္တာရယ်ပြုခြင်းမရှိ လေ့ကျင့်ထားသည့် တိရစ္ဆာန်တွေမှန်းသိသာလှကာ သွေးရဲရဲနှင့် ထိုင်နေတဲ့ လူသို့သာတန်းတန်းမတ်မတ် ... အော်သံတွေနဲ့အတူကယ်ပါ ယူပါ ပြောနေသည့်လူကိုချန်ဒလာတစ်စိုက်မတ်မတ် ကြည့်နေမိပေသည်။

"" သခင်လေး ဒီနေ့စောစောပြန်ကြရအောင်ပါ "'

"" ကောင်းပြီ ""

"' ဒီ နဲ့ ယမ် အဲ့နှစ်ကောင်လုံးကို လှောင့်ချိုင့်ထဲ ပြန်ထည့်ပြီး ဒီကောင်ကိုရှင်းပြီးတာနဲ့ မင်းတို့လည်း
ပြန်တော့ ""

"" ဟုတ်ကဲ့ အစ်ကိုလေးဟယ်ရီ ""

ဟယ်ရီလည်း ရှေ့ရှိခပ်ထွားထွားလူနှစ်ယောက်ကို ခေါင်းတစ်ချက်ငြိမ့်ပြကာအခန်းအပြင်သို့ထွက်လာခဲ့လိုက်သည် ။

"" ပွဲတွေ ဆက်နေပါရောလား ""

"" ဟုတ်ပါတယ် သခင်လေး မနက်ဖြန်
Driving competition ပါ ""

"' ဟက်! ဆဲဖာလ် ဒီနှစ်လည်းစိန်ခေါ်ထားတာပဲ
ဒီကောင်အမှတ်မရှိသေးဘူးကို။အမှတ်မရှိတဲ့ကောင်ကို အမှတ်ရှိအောင် လုပ်ပေးရမှာချန်ဒလာ‌ဟေဒန်ဆိုတဲ့ငါ့တာဝန်ပေါ့! ""

•~•~•~•~•~•~•~•~•~•~•~•~•~•~

1 • 1 • 2024 •
XYLO
• vote & com •



















Fortsæt med at læse

You'll Also Like

390K 23.9K 41
We were enemies by birth. We were in love by choice. [trigger warning for like three chapters]
55.9K 1.1K 12
"So I'm going to be staying with your son for three weeks?" She answered, "Yes Rachel, trust me, he's a nice guy. His name is Cory. I'm sure you'll l...
327K 8.4K 74
'I don't know what you've done but I can't get you out of my head.' 'And I don't think I want to' [2018 Meteor Garden] [Yan Ximen x OC] [Started: 21...
12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. •• in which a homeless boy goes to audition for an entertainment company, and there...