Fallin'Harder
By blue_berryke
14.2K 1.4K 388
• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke More
01
02
03
04
05
06
07
08
09
10
11
12
13
14
15
17
18
19
16
597 83 30
By blue_berryke
!UNICODE!
Ricky Shenသည်ပြောထားသည့်အတိုင်းပင် ကတိတည်ခဲ့၏။သို့သော်....မိမိကိုယ်ကိုယ်ကိုသာအပြစ်တွေတင်ရင်း ကျွတ်တသပ်သပ်ဖြစ်နေသူမှာတော့  Kim Ji Woong ကိုယ်တိုင်ပင်.....
တစ်ဖက်လူဟာ....သွေးအေးအကောင်ငယ်လေးတစ်ကောင်ကဲ့သို့ ခံစားချက်တွေကို လွန်စွာမှထိန်းချုပ်နိုင်ပြီး အေးစက်စက်နိုင်လှ၏။
မတွေ့ချင်ဘူးဟုပြောပြီး ချွမ်ရွေ့များmessageပို့လေမလားဟုဆိုကာ ဖုန်းစခရင်ကိုအဆက်မပြတ် Ji Woong ကြည့်နေခဲ့မိသည်။သို့သော်....တစ်ဖက်လူဟာ သူ့ထက်အဆပေါင်းများစွာ နေနိုင်ခဲ့ပုံပင်....
"တစ်ကယ်ကြီး....စာလေးတစ်ကြောင်းတောင် မပို့ဘူး!"
Shen Quan Rui သူ့ရှေ့ပေါ်မလာခဲ့သော်လည်း...ဒီနိုင်ငံကို ထိုသူပြန်ရောက်ချိန်မှစ၍ သတင်းသမားအချို့က အဆက်မပြတ် Rickyအကြောင်းကို သတင်းယူနေကြသည်။ထို့ကြောင့် Ricky က အမြဲ တမ်းလိုလိုပင် တီဗွီမှာ ပါနေလေ့ရှိသည်။ယခင် အနုပညာလောကမှ တက်သစ်စလူငယ်မော်ဒယ်တစ်ယောက်က စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့သားတစ်ယောက်ဖြစ်နေပြီးနောက် အစအနပျောက်သွားခဲ့ကာ...ယခုမှ စီးပွားရေးလောကထဲပြန်ဝင်ရောက်လာပြီး လူလုံးပြလာသည်။
သူ့မှာအစကတည်းက Fan များစွာရှိပြီး... Ricky Shenအကြောင်း ဖတ်ရတာကိုလည်း လူတော်တော်များများက စိတ်ဝင်စားကြသည်။ဒါကြောင့် အမြဲတမ်း hot searchနေရာသို့ ဝင်နေပြီး သတင်းသမားတွေကလည်းဒါကိုအခွင့်ကောင်းယူကာ အပြိုင်သတင်းယူချင်ကြသည်။
သူမသိတော့တဲ့တခြားသတင်းတွေတင်ဆက်လာသောအခါ စိတ်ဝင်စားမှုနတ္ထိဖြင့် Ji Woong တီဗွီအားပိတ်လိုက်ပြီး ဆိုဖာဘေးက ဖုန်းကိုသာဆွဲယူလိုက်တော့သည်။
ပျင်းရိလေးတွဲ့စွာ ဖုန်းမျက်နှာပြင်အားကြည့်နေပြီးနောက် သတင်းခေါင်းစဉ်တစ်ခုဟာ သူ့အာရုံကိုဖမ်းစားနိုင်သွားခဲ့ပါ၏။ထိုသတင်းမှာ သေချာပေါက် ချွမ်ရွေ့၏သတင်းပင်...
အကြောင်းရာမှာ ဟိုနေ့က Mallတစ်ခုထဲက Jewelry ဆိုင်ထဲမှာ Shen Quan Ruiက စုံတွဲလက်စွပ်တစ်ကွင်းဝယ်သွားခဲ့ကြောင်းဖြစ်ပြီး....ဆိုင်အပြင်ဘက်မှ လှမ်းရိုက်ထားသော Ricky နောက်ကျောပုံဖြင့် မီဒီယာကဖော်ပြထားသည်။
ပုံမှာဝါးနေသည့်တိုင်...လှပကျော့ရှင်းသော ကျောပြင်နှင့် သေသပ်စွာဝတ်ဆင်ထားသော သူ‌ဝတ်နေကျစတိုင်အနက်ရောင် suitဖြင့် Shen Quan Rui မှန်းတန်းသိနိုင်သည်။
ပုံထဲတွင်ဘေးမှ Kim Ji Woong ပင်ပါလာသေးသည်။
Comment 1: 'တစ်ကယ်ကြီးစုံတွဲလက်စွပ်?? ငါတို့ရဲ့နှင်းလုံးလေးက စေ့စပ်တော့မှာလား!!! ဘယ်သူလဲ သူ့ချစ်သူကဘယ်သူများလဲဟာ!!'
Comment 2: 'နေကြစမ်းပါအုန်း!! ရီခီရှန်က စုံတွဲလက်စွပ်ဝယ်ပါတယ်လို့ နင်တို့ကဘာလို့အဲ့လောက်သေချာနေရတာလဲ! သူ့ဘာသာ accessories တစ်ခုခုလာဝယ်တာလဲဖြစ်ချင်ဖြစ်မှာပေါ့'
Replied to comment 2: 'လုံးဝ ငါအာမခံပေးနိုင်တယ်!!! အဲ့တုန်းက ဆိုင်ထဲမှာ ငါရှိနေခဲ့တာ...ရီခီရှန်သေချာပေါက် couple ringဝယ်သွားခဲ့တာလို့'
Comment 3 : 'အမလေး..တစ်ယောက်‌ယောက် ရှူဆေးဘူးမပါကြဘူးလား...!! ဟင့်ဟင့်!'
မိန်းကလေးပရိတ်သတ်များမှာ ငိုသည့်အီမိုဂျီတသီတတန်းကြီးဖြင့် မန့်နေကြပြီး ထိုမျှဖြင့်အားမရသည့်တိုင်.... ပရိတ်သတ်တစ်ချို့က မည်မျှပင် ခံစားရကြောင်းစာအရှည်ကြီးများဖြင့်မန့်လာကြ၏။ထိုအခြင်းအရာကို ဂုဏ်ပြုသည့်သူမှာ အနည်းအကျဉ်းမျှသာ...
Comment 4 : 'ဒီပုံထဲမှာ ငါတွေ့လိုက်တာကို နင်တို့မြင်ကြလား!! ရီခီရှန့် ဘေးနားကိုကြည့်လိုက်ကြပါအုန်း....အဲ့ဒီ့လူက တစ်ယောက်ယောက်နဲ့မတူဘူးလား?'
ဖြစ်ချင်တော့ ဓာတ်ပုံထဲတွင် Ji Woong ကဘေးတစောင်းရပ်နေပြီး မျက်နှာတစ်ခြမ်းက ကင်မရာဘက်သို့ ထင်ထင်ရှားရှားလှစ်လှပ်ပြနေသလို ဖြစ်နေသည်။
Colour blind မဟုတ်သော ဓာတ်ပုံဖြစ်သော်လည်း ကင်မ်ဂျီဝွန်း၏ ဘေးစောင်းကျထင်းနေသော Lပုံသဏ္ဌာန်မေးရိုးနှင့် ချွန်မြနေသော နှာတံအပြင် နက်မှောင်နေသော မျက်ခုံးတန်းများဟာ ပန်းချီကား၏ အနုစိတ်စုပ်ချက်များအလား....
ထိုလူမှာ ကြည့်လိုက်ယုံဖြင့် တစ်ပတ်လောက်မျက်လုံးထဲထင်းနေမည့် ခပ်ချောချောမျက်နှာပေါက်မျိုးပင်...
Comment 5:'ဟေး ငါသိပြီ။အဲ့တာ Kimလုပ်ငန်းစုက သူဌေးသားလေးမှတ်လား! ဟိုအရင်ကလည်းစီးပွားရေးသတင်းခေါင်းစဉ်မှာ ခဏခဏပါဖူးတယ်လေ....သူတို့နှစ်ယောက်က ကြည့်ရတာကောင်းမွန်တဲ့ဆက်ဆံရေးရှိပုံပဲနော်....'
Ji Woong comment များအား ဆက်ဖတ်ကြည့်နေလိုက်ပြီး ထိုမန့်အောက်မှ ကောမန့်တစ်ခုသည် သူ့စိတ်အား လှုံ့ဆော်ပေးလိုက်နိုင်၏။
Replied to comment 5:'ဘယ်ကသာ...အဲ့Kim Ji Woong ဆိုတဲ့တစ်ယောက်က Ricky အတန်းဖော်ဖြစ်ခဲ့တာလေ!! ဒါပင်မဲ့ ငါကြားတာတော့ သူတို့ဆက်ဆံရေးက ဆိုးဆိုးရွားရွားပဲတဲ့....ပြီးတော့ ငါတို့နှင်းလုံးလေးက ခဏခဏအနိုင်ကျင့်ခံရတာတဲ့...အိုက်ဂူး ဖက်ထားပေးချင်လိုက်တာ။ တော်တော်ပင်ပန်းခဲ့မှာပဲ ကလေးလေး'
ထို replyအား ကင်မ်ဂျီဝွန်းဖတ်နေရင်း....တဖြေးဖြေး ချဉ်တူးလာသလိုခံစားရကာ အံကြိတ်ထားမိတာကြောင့် မကြာခင် တကျိကျိအသံပင်ပေါ်ထွက်လာရတော့သည်။
ဟက်! ဒီလို သွားပုပ်လေလွင့်ပြောစကားတွေကို Ji Woong က ဂရုစိုက်ရမှာတဲ့လား?
"မိန်းကလေးတွေက ဘာလို့အရေမရ၊အဖက်မရစကားတွေကို စားကောင်းသောက်ကောင်းစားနေရသလို ပြောနိုင်ရတာလဲ?...သူတို့ဒီပိုစ့်အောက်မှာ အချိန်ကုန်နေမဲ့အစား..အကျိုးရှိတာတစ်ခုခုသွားလုပ်တာမှ အဓိပ္ပာယ်ရှိသေး"
Kim Ji Woong ကထိုသို့ပြောကာ မိမိဖုန်းစခရင်ပေါ် တတောက်တောက်ဖြင့်အဆက်မပြတ်ရိုက်နှိပ်နေ၏။သူကိုယ်တိုင်လည်း ထိုမိန်းကလေးများကဲ့သို့ပင် ဒီpostအောက်မှာ အချိန်လာဖြုန်းနေမှန်း နည်းနည်းလေးမှ သတိမထားမိဟန်....
[တစ်စုံတစ်ယောက်မှ replied ပြန်သူအား ထပ်မံ replyပြန်လာခဲ့သည်]
တစ်စုံတစ်ယောက်: 'မင်းကဘာသိလို့လဲ? Kim Ji Woong နဲ့ Ricky Shen က အရမ်းရင်းနှီးကြတဲ့လူတွေနော်!သူတို့နှစ်ယောက်ကလေ အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ ချစ်ကြတာ။ အမြဲတမ်းတစ်ယောက်ဘေးနားမှာတစ်ယောက်ရှိတဲ့အထိ အဆင်ပြေခဲ့ကြတာ! Kim Ji Woong ကသာ Ricky Shenအပေါ် အကောင်းဆုံး.....မင်းဘာသိလဲ! မင်းဘာသိလဲ!'
ထိုကောမန့်ဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းတာကြောင့် ခဏချင်းပင် Top ဖြစ်သွားပြီး လူတစ်ချို့က‌လည်း ‌ထိုကောမန့်အောက်၌ replied ထပ်လုပ်ကြသည်။
Replied 1: 'မင်းက သူတို့နှစ်ယောက်နဲ့ သိလို့လား။အတန်းဖော်လား?'
Replied 2:'မသိရင် ဒီစာက Kim Ji Woong ကိုယ်တိုင်လာရေးထားတာ ကျနေတာပဲနော်'
Replied 3: 'စိတ်ဝင်စားဖို့ကောင်းလိုက်တာ'
ကျိန်းသေပေါက် ထိုတစ်စုံတစ်ယောက်မှာ ဟက်ခနဲရယ်လိုက်ပြီး ဖုန်းအားစက်ပါပိတ်ပစ်လိုက်တော့သည်။
လူမသိသူမသိအကောင့်တုနှင့် comment ဝင်မန့်တာတောင် Kim Ji Woong မှာ ကိုယ့်ဘက်ကိုယ်ယက်သော လိပ်မျိုးနွယ်ဝင်ပင်။
"ဟမ့်!! မင်းတို့မယုံမရဲဖြစ်နေလဲမတတ်နိုင်ဘူး! ဘာလို့ဆို...အဲ့ဒီ့လူက Kim Ji Woongကိုယ်တိုင် ဖြစ်နေလို့လေ........"
လှပသေသပ်စွာ မျက်တောင်စင်းစင်းလေးများ ငိုက်စင်းသွားပြီးနောက် Ji Woong နှုတ်ခမ်းစွန်းတစ်ဖက်ဟာလည်း ကော့တက်သွားတော့၏။
----------------------------
ဥက္ကဌShenနှင့်ဇနီးဖြစ်သူမှာ အတိအလင်းကွာရှင်းပြတ်စဲတဲ့အကြောင်း သတင်းစာထဲ၌ပင် ပါလာ၏။
ဒီရက်ပိုင်းအိမ်တွင်းရေးမှာ ပွစာကြဲနေသော အပိုင်းအစများကဲ့သို့ အဖက်ဖက်မှ မတည်ငြိမ်မှုများရှိနေသည်။ထို့အပြင် Han Yujin ထိုကောင်လေးမှာလည်း ခုထိအိမ်ပြန်မလာခဲ့....
Ricky ဖုန်းဆက်တော့ စက်ပါပိတ်ပစ်လိုက်သည့်အနေအထား.....။ဒီကောင်လေး ဘယ်သူ့အားကိုးနဲ့ဒီလောက်ထိ အထိန်းအကွပ်မဲ့နေတာပါလိမ့်....ကျောင်းဝန်းနားက ကော်ဖီဆိုင်ကို သွားကြည့်မိတော့လည်း အဲ့ဒီ့ဆိုင်ကမဖွင့်တော့ဘူးတဲ့။နောက်ဆုံးတော့...ရှမ်ချွမ်ရွေ့သာလျှင် ခေါင်းနောက်ရလေတော့၏။
"Quan Rui ဖေဖေတို့သွားကြရအောင်....အစည်းအဝေးက9နာရီစမှာမို့ ဟော်တယ်ကို ခဏနေရောက်မှဖြစ်မယ်"
"အင်း...ကျွန်တော်လည်းသွားဖို့ အဆင်သင့်ဖြစ်ပြီ"
နောက်ဆုံးပေါ် အနက်ရောင် Ferrari ဇိမ်ခံကားထဲသို့ သူ့အဖေအရင်ဝင်သွားပြီးနောက်ချွမ်ရွေ့ပါ လိုက်ဝင်ရန်ပြင်လိုက်သည်။သို့သော် မျက်ဝန်းထောင့်စွန်းမှ သူ့ထက်အရင် driver ဘေးက ထိုင်ခုံ အလွတ်ကို အေးအေးလူလူ ဝင်ထိုင်သွားသော Annaရဲ့အမ ဖြစ်သူ သူ့အဖေအတွင်းရေးမှူးကို တွေ့လိုက်ရသည်။
ကားထဲ၌လေထုအခြေနေသည် တိတ်ဆိတ်လျက် Shen Quan Rui မျက်နှာထားမှာလည်း ရေခဲတမျှ အေးစက်နေ၏။
"အန်ကယ်...ဒါက အခုလုပ်မဲ့ပူးပေါင်းပရောဂျက်အတွက် စာချုပ်နဲ့စရင်းဇယားတွေပါ။ရင်းနှီးငွေနဲ့အမြတ်အစွန်းအပြင် နှစ်ဦးနှစ်ဖက်ခံစားခွင့်ရမဲ့အကျိုးအမြတ်တွေအထိ ပါပါတယ်"
ထိုအမျိုးသမီးကမ်းပေးသော အနီရောင်ဖိုင်ကို ဥက္ကဌShenက ယူလိုက်ကာ တစ်ရွက်ချင်းစီအသေးစိတ်ပြန်ဖတ်နေပုံ...
"....ဒါနဲ့...Han Yujin ကခုထိပြန်မလာသေးဘူးဆို? အဆက်သွယ်ရော ရရဲ့လား။အခုခေတ်ကလေးတွေက သိပ်ခက်ကြတာပဲနော်....."
ထိုမိန်းမက သိသိရဲ့နဲ့ မေးနေပင်မဲ့ Ricky Shenက သူ့ကိုတစ်ချက်တောင်လှည့်ကြည့်မနေခဲ့ပေ...
"သူများမိသားစုကိစ္စ ဝင်စပ်စုရလောက်တဲ့ထိ တော်တော်အားလပ်နေတယ် ထင်တယ်"
ချွမ်းရွေ့၏အေးတိအေးစက်ထိုစကားကြောင့် သူမ ဒေါသထောင်းခနဲထွက်သွားပြီး ပက်ခနဲ ခွန်းတုံ့ပြန်လာခဲ့သည်။
"မင်း!!!! တော်တော်ရိုင်းပါလား!ဒို့က မင်းအဖေရဲ့အလုပ်သမားဆိုပင်မဲ့ မင်းထက်တော့အသက်ကြီးပါတယ်! ဟင့်...အဟင့် ဒို့ကစိတ်ပူလို့မေးမိတာ...ဒီလောက်ကြီးပြောဖို့ထိ လိုလို့လားနော် ဟင့်"
"ကိုယ့်ကိုယ်ကိုယ်တော့ အခုထိ အလုပ်သမားဖြစ်နေသေးတယ်ဆိုတာ သိသားပဲ!"
"......"
ချက်ချင်းလက်ငင်း သူမခေါင်းပေါ်သို့မိုးပြိုကျလာသလို သနားချင့်စဖွယ်မျက်ဝန်းကလေးများဖြင့် ဝမ်းနည်းကြောင်းပြသလေတော့သည်။အင်မတန်မှ စိတ်ထိခိုက်သွားဟန်...။မတရားခံနေရသော သူမကို သူ့အဖေမှ ကယ်တင်ပေးရန် ဥက္ကဌShenအား အားကိုးတကြီး အကြည့်တွေ‌နဲ့ကြည့်နေပြန်သေးကာ တဟင့်ဟင့်ဖြင့်လည်း ငြီးငြူနေသေး၏။
"ငိုမယ်ဆိုရင်လည်း....မျက်ရည်ထွက်အောင်ငိုလေ"
"မင်း!!!!!!"
"တိတ်ကြစမ်း!! Shen Quan Rui မင်းဘယ်လိုဖြစ်နေတာလဲ! ခုလုပ်မဲ့အစည်းဝေးကိုသာအာရုံစိုက်"
အနည်းငယ် လျှောကျချင်နေသည့် ငွေရောင်မျက်မှန်ကိုင်းအား လက်ညှိုးဖြင့် ပင့်တင်လိုက်ရင်း Ricky အံတင်းတင်းကြိတ်လိုက်မိသည်။ထို့နောက် လမ်းတစ်လျှောက် မည်သည့်စကားတစ်ခွန်းမျှ ပြောမလာတော့ဘဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ခေါင်းလှည့်‌နေလေ၏။
ခဏအကြာ ကားလေးသည် Hotelတစ်ခု၏ကားပါကင်၌ ရပ်သွားခဲ့ချေပြီ။driverမှလွဲ၍ သူတို့သုံးယောက်စလုံး ကားပေါ်မှဆင်းလိုက်ပြီး ဓာတ်လှေကားတွင်းသို့ဝင်လိုက်ကာ 12ထပ်မြောက်သို့တန်းနှိပ်လိုက်ပါ၏။
ခန်းမထဲ၌ရှိနေသော လူအနည်းငယ်ကြားထဲမှ သူနဲ့ရင်းနှီးသော ပုံရိပ်တစ်ခုကိုRickyတွေ့လိုက်ရတာမို့ လက်ဖျားများပင် အေးစိမ့်လာပြီး....ရင်ခုန်ခြင်းများ တစ်ဖန် စိုးမိုးလာခဲ့ပေသည်။
"လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က Kim Ji Woong ဆိုတဲ့ကောင်လေးနဲ့မင်းကို ငါမပတ်သက်စေချင်ခဲ့ဘူး...ဒါပင်မဲ့ မင်းနိုင်ငံခြားထွက်သွားပြီးတော့.. အိမ်ကိုရောငါ့ကုမ္ပဏီကိုရော အဲ့ကောင်လေးနေ့တိုင်းရောက်လာပြီး မင်းအကြောင်းတွေပဲမေးတယ်....အမြဲတမ်း သူ့မှာနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ မင်းအတွက် မေးခွန်းတွေအများကြီးရှိနေခဲ့တယ်...နောက်ဆုံးတော့ သူ accident ဖြစ်သွားတယ်...။မင်းအမေအရင်နေတဲ့အိမ်နားမှာလေ..ဘယ်လိုတောင်တိုက်ဆိုင်လဲငါမသိဘူး။အဲ့ဒီ့နောက်ပိုင်းတော့ အဲ့ကောင်လေး ငါ့ဆီကို ထပ်မလာတော့ဘူး..."
Ricky နှလုံးခုန်သံဟာ...ရေလှိုင်းများကြားရောက်နေတဲ့လူတစ်ယောက်လို နိမ့်သွားလိုက်၊မြင့်လာလိုက်ဖြင့် တော်တော့်ကိုမှ စိတ်လှုပ်ရှားနေမှန်းသိသာနေသည်။
သူ့အဖေက ခန်းမထဲမဝင်ခင် အနည်းငယ်တိုးညှင်းသော အသံဖြင့် ဒီစကားတွေကို ထုတ်ပြောလာလိမ့်မယ်လို့...ဘယ်သူကထင်မှာလဲ.....
"နောက်ပိုင်း အဲ့ကောင်လေးလက်လျှော့သွားပြီလို့ ငါထင်ခဲ့တာ....ဒါပင်မဲ့ အခုအခြေနေအရ ငါ့အထင် မှားနေမှန်းငါသိလိုက်တယ်လေ ။Shen Quan Rui .....ဒီprojectမှာတစ်ကယ်တော့ မင်းကအဓိကပဲ။ကြည့်ရတာ...မင်းတို့နှစ်ယောက်က ရေစက်တော်တော်ပါတယ် ထင်တယ်..."
ထိုသို့ပြောခဲ့ပြီးနောက် မည်သို့မျှ မဖြစ်ခဲ့သလိုပင်...ဥက္ကဌShenက သတ်မှတ်ထားသောထိုင်ခုံပေါ်၌ ဦးစွာထိုင်လိုက်လေသည်။
သူ့မျက်နှာချင်းဆိုင်တွင် Kimလုပ်ငန်းစုဥက္ကဌရှိနေပြီး ဘေးမှာတော့ ခန့်မှန်းစရာပင်မလိုတဲ့အထိ Kim Ji Woongက ထိုင်နေလိမ့်မည်။
ရင်ဘတ်ထဲ၌ အမြဲတမ်းသိမ်းထားခဲ့သော အနီရောင်လက်စွပ်ဘူးလေးကိုဆုပ်ကိုင်ရင်း...အကြောင်းပြချက်မဲ့စွာ တစ်စုံတစ်ခု သူရင်ဘတ်ထဲ၌ တင်းကြပ်လာသလို ခံစားလိုက်ရသည်။အထဲသို့ဝင်ဟန်ပြင်နေသည့် ခြေလှမ်းမှာလည်း ရှေ့ဆက်တိုးဖို့တုံ့ဆိုင်းနေသလို...
"ဘာလို့လဲ..မဝင်တော့ဘူးလား"
သူ့အနောက်မှရပ်နေသော အတွင်းရေးမှူးက ‌စိတ်မရှည်တော့သလို ပြောလာသည်။
"......အင်း... Toilet ခဏသွားလိုက်အုန်းမယ်"
Ricky ခြေလှမ်းများဟာ သန့်စင်ခန်းဆီသို့ လျှင်မြန်စွာဖြင့်လျှောက်နေ၏။ယခုနကခြေလှမ်းတွေနှင့်ခြားနားစွာ ရပ်တန့်ဖို့ရန်ပင် အထိန်းအကွပ်မဲ့နေသလို ခဏတွင်းမှာပင် သန့်စင်ခန်းထဲသို့ သူရောက်သွားခဲ့ချေပြီ။
သို့သော်လည်း သန့်စင်ခန်းထဲရောက်မှ သူတွေ့ချင်နေတဲ့ Kim Gyuvinက ဗြုန်းစားကြီးပေါ်လာလိမ့်မယ်မှန်း Rickyမတွေးခဲ့မိ...
သူ့ကိုမြင်တော့ ရှောင်ပြေးရန်ပြင်နေသည့်ထိုလူ့ကို သန့်စင်ခန်း အပေါက်ဝ၌ ချွမ်ရွေ့ ပိတ်ရပ်ပစ်လိုက်သည်။ထို့နောက် စိတ်မချသေးစွာ ထိုလူ့လက်တစ်ဖက်ကိုလှမ်းဆွဲထားပြီး...
"Kim Gyuvin! မင်း ကတိမတည်တဲ့ကောင်!"
"တခြားလူ‌တွေကို မင်းစိတ်ရှိသလိုစွပ်စွဲရတာ ကြိုက်တဲ့ပုံပဲ....?"
ထိုလူမှာ နှုတ်ခမ်းစွန်းတစ်ဖက်ထဲ‌အပေါ်သို့ကွေးညွှန့်သွားအောင်ရယ်ပြီး စိတ်မဝင်စားဟန်ဖြင့် သူ့အားကြည့်လာလေသည်။ထိုပုံစံမှာ သူရင်းနှီးနေသော Kim Ji Woong ရဲ့အကျင့်အတိုင်း တစ်ပုံစံထဲပင်...
"ငါ့ညီဘယ်မှာလဲ မင်းသိတယ်မှတ်လား!!....သူ့ကိုဘာလို့ ဆက်သွယ်လို့တောင်မရတာလဲ? ပြော! Han Yujin ဘယ်မှာလဲ??"
"ကျွတ်! ခင်ဗျား ဘာဖြစ်နေတာလဲ! Yujinnieက ကျွန်တော့်ဆီမှာ ကောင်းကောင်းမွန်မွန်ရှိနေတယ်....။သူ အခုစာမေးပွဲဖြေနေတာမို့ အဲ့တာပြီးတာနဲ့ခင်ဗျားတို့ဆီပြန်လာလိမ့်မယ်"
ဒီရက်တွေ သူ့ဆီမှာ စိတ်ညစ်ဖို့တောင် အချိန်မရတဲ့အလုပ်တွေနဲ့ မိသားစုအရှုပ်အရှင်းကိစ္စတွေကိုပါခေါင်းနှစ်ရင်း သူ့ခံစားချက်တွေကိုပင် နောက်ဆုတ်ပေးခဲ့ရသည်။
ဘယ်လောက်ထိတောင် Han Yujin ကိုသူစိတ်ပူနေခဲ့ရသလဲ? ဒါတောင် ဒီကောင်လေးက ဖုန်းတစ်ချက်မဆက်ရုံတင်မက ဖုန်းကိုပါ စက်ပိတ်ထားခဲ့သေးတယ်!
"ဒါဆို ဒီရက်တွေ သူဘာလို့ ဖုန်းစက်ပိတ်ထားတာလဲ!"
"သူ့ဖုန်း ကွဲသွားလို့"
သူတို့နှစ်ယောက်စလုံး သန့်စင်ခန်းအပေါက်ဝ၌ ရှိနေကြတာဖြစ်ပြီး Rickyကမျက်နှာချင်းဆိုင်အနေအထားဖြင့် အပေါက်ဝကိုကျောပေးကာ Gyuvin လက်တစ်ဖက်ကိုပါ ဆွဲကိုင်ထားသည်။
ထို့နောက် သူ့နောက်ကျောမှ ခြေသံတစ်စုံကို Ricky ကြားလိုက်ရပြီးနောက် Kim Gyuvin က သူ့ကိုကျော်ကာ ထိုအနောက်မှာရှိနေသော ပုံရိပ်ကို ကြည့်နေ၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ?"
လေထုသည် ရုတ်တရပ် တောင့်ခဲသွားသည်။
အပြင်လူတစ်ယောက်ကြည့်လျှင် သူတို့နှစ်ယောက်ပုံစံက အနည်းငယ် အထင်လွဲစရာဖြစ်နေတာမို့.... Gyuvin ကိုကိုင်ထားမိသော သူ့လက်တစ်ဖက်ဟာ ရုတ်ချင်းပင် တင်းကျပ်သွားတော့သည်။
"Hyung....လာကူညီပါအုန်းဗျာ...။ဒီမှာ ကျွန်တော် အနိုင်ကျင့်ခံနေရတယ်..."
Kim Gyuvin လေသံဟာ ချက်ချင်းပြောင်းလဲသွားပြီး မတရားခံနေရသလိုဖြင့် မျက်နှာမှာလည်း ရှုံ့မဲ့လျှက်..
Rickyမှာတော့ မယုံကြည်နိုင်ခြင်းများစွာဖြင့် မျက်လုံးပြူးကာ မိမိမဟုတ်ကြောင်း ရှင်းပြဖို့ကြိုးစားရှာလေတော့သည်။
"ဟင့်အင်း....ငါမဟုတ်"
စကားပင်မဆုံးသေး မိမိရဲ့လက်တစ်ဖက်ဟာ တစ်ဖက်လူရဲ့ လက်ထဲရောက်သွားပြီး လှမ်းဆွဲခြင်းကိုခံလိုက်ရသည်။အနည်းငယ်အားထည့်ထားခြင်းကြောင့်လား သို့မဟုတ် Kim Ji Woong ၏ရုတ်တရပ်ဆန်စွာရောက်ရှိလာမှုကြောင့်လားမသိ.. Ricky လန့်သွားကာ တစ်ဖက်လူထံသို့ ယိုင်ကျမိတော့သည်။
မာဆတ်ဆတ်ရင်အုပ်ကျယ်ကျယ်ထိုရင်ခွင်ထဲ သူ့ခန္ဓာကိုယ်ဟာ အံဝင်ခွင်ကြလျက်သား....
"Kim Gyuvin! မင်း သေချင်လို့လား?"
အယ်? မဟုတ်ဘူးလေ?
သူကိုယ်တိုင်အနိုင်ကျင့်ခံရတာပါလို့ ပြောခဲ့တာကို?
"Hyung!!!! ကျွန်တော့်ကို သူအရင်လာဆွဲတာလေဗျာ!!!"
"မင်း ငါ့ လူကို လာ မထိ နဲ့!"
မိမိအား လက်ညှိုးထိုးကာ တစ်ဖက်မှ ရှန်ချွမ်ရွေ့ကိုတော့ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသော Kim Ji Woongမှာ တစ်ကယ့်ကို မျက်နှာနှစ်ဖက်ရှိသည့်လူစားမျိုးပင်ဖြစ်သည်။
တရားမျှတမှုကို မရှိဘူး!
"လာထိဖို့လဲ စိတ်ကူးမရှိပါဘူး! ကျွန်တော့်မှာ Yujinရှိပြီးသား!! Hyungသာ ကိုယ့်လူကိုယ် စိတ်မချရင် ဗီဒိုထဲ သော့ပိတ်ထားလိုက်"
ထိုစကားကြောင့် Ji Woongရင်ခွင်ထဲမျက်နှာအပ်ခံထားရသော ချွမ်ရွေ့မှာလှုပ်ရွလာပြီးအတင်း ခွန်းတုံ့ပြန်ရန်ကြိုးစားရှာတော့သည်။သို့သော် သွေးကြောစိမ်းများလျှက်ဖြာလျက်ရှိသော လက်တစ်ဖက်ဟာ သူ့ဦးခေါင်းကိုထိန်းကိုင်ထားပြီး အပြင်ထွက်ခွင့်မပေးချေ။
"မင်း...သွားတော့! လူကြီးတွေစောင့်နေတယ်...နောက်ပြီး ငါတို့ကိုမစောင့်နဲ့တော့လို့ ပြောလိုက်...အလုပ်ကငါ့အတွက် အရေးမကြီးဘူး"
"ဟမ့်!"
မကျေနပ်ကြောင်း ချောင်းတစ်ချက်ဟန့်ကာ style pantအနက်ရောင်အိတ်ကပ်ထဲ လက်နှစ်ဖက်လျှိုလျက် Gyuvin ထွက်ခွာသွားတော့သည်။
"ဝူး...ဝူးး အွန်းး ဖယ်စမ်း! Kim Ji Woong မင်းငါ့ကိုလွှတ်!!"
Gyuvin ထွက်သွားသောအခါ သန့်စင်ခန်းထဲ၌ သူတို့နှစ်ယောက်ထဲသာရှိပြီး Ricky  Shenက စတင်ရုန်းကန်လေတော့သည်။
"ကျစ်! ငြိမ်ငြိမ်မနေရင် မလွှတ်ပေးဘူးကွာ!"
ထိုခြိမ်းခြောက်မှုဟာ အနည်းငယ်တော့အသုံးဝင်ပုံရသည်။ရုန်းကန်နေသော ချွမ်ရွေ့လက်များ ခပ်ဖြေးဖြေးငြိမ်သက်သွားပါ၏။
ထိုစဉ်မှာပင် ရုတ်တရက် သူတို့ဆီသို့ လျှောက်လာသော ခြေသံများနှင့် စကားပြောသံများကြောင့် Ricky နှလုံးသားလေး ဆွဲကိုင်လှုပ်ခံလိုက်ရသလို ပို၍အားပြင်းစွာ Ji Woong ကိုတွန်းထုတ်မိတော့သည်။
"လူဆိုးကောင်! လွှတ်! လူတွေလာနေပြီလို့! ငါ့ကို ခုချက်ချင်း လွှတ်စမ်းပါ"
တစ်စတစ်စနီးကပ်လာသော ခြေလှမ်းတွေနှင့်အတူ Ricky နှလုံးသားလေးမှာလဲ မာရသွန်အပြေးပြိုင်ပွဲထဲ ရောက်နေသလို အဆမတန် ရန်ခုန်လာတော့သည်။
"အာ့!"
လူနှစ်ယောက်ထပ်မံ သန့်စင်ခန်းထဲသို့ဝင်လာချိန် Ji Woong ဟာ သူ့လက်ကိုဆွဲပြီး ရေအိမ်ခန်းထဲသို့ဝင်ကာ တံခါးလော့အားချလိုက်၏။
လွန်စွာမှ လျင်မြန်လှသောကြောင့် Ricky ဘာမှစဉ်းစားချိန်မရတော့ဘဲ....သူနှင့်အလွန်နီးကပ်စွာရှိနေသော Ricky မျက်စိရှေ့က မျက်နှာတစ်ခုကိုသာ ‌အကြောင်းမဲ့ မော့ကြည့်နေမိတော့သည်။
ချွေးစေးများဟာ ကျောပြင်တစ်လျှောက် ရွှဲကပ်လျက် လက်ဖဝါးပြင်နှစ်ဖက်၌လည်း ချွေးပေါက်ငယ်များ စို့နေခဲ့ချေပြီ။
"Kim Ji Woong"
တိုးညှင်းလှသော အသံသေးသေးလေးဖြစ်ပင်မဲ့ တံခါးအတွင်းဘက် သန့်စင်ခန်းသေးသေးလေးထဲ၌ မူမမှန်မှုကို အလွယ်တကူ ရှာတွေ့သွားမှာကို အင်မတန်မှ စိုးရိမ်မိသည်။
"ရှူးး! အသံမထွက်နဲ့"
"ဒါပင်မဲ့ ငါတို့..အွင့်!!!!!!!!"
အသံမထွက်စေရန်အလို့ငှာ....Kim Ji Woong ကမိမိနှုတ်ခမ်းအား သူ့နှုတ်ခမ်းဖြင့် ပိတ်လိုက်ပြီး နှုတ်ခမ်းနှစ်စုံဟာ ထပ်တူကျသွားလေတော့သည်။
မိမိအား နမ်းရှိုက်နေသော ထိုနှုတ်ခမ်းပါးထံမှ ချိုမြိန်မှုရဲ့အရသာကို Ricky ချက်ချင်းခံစားမိသည်။တစ်ဖန်ငြိမ်သက်ရန်ပြင်နေသည့် နှလုံးခုန်သံ‌တို့မှာလည်း...တစ်စတစ်စပိုကျယ်လာခဲ့ပြီဖြစ်သည်။
အပေါ်အောက် ကျွမ်းကျင်စွာ လှည့်ပတ်နေသော ထိုနှုတ်ခမ်းမှာ ချယ်ရီသီးကိုက်နေသလို မိမိနှုတ်ခမ်းငယ်အား တတိတိစား‌သုံးနေပါ၏။
ချွမ်ရွေ့လက်ကောက်ဝတ်အား Ji Woong လက်တစ်ဖက်ဖြင့် ချုပ်ထားရင်း တဖြေးဖြေး အားပြင်းလာသော ထိုအနမ်းတို့ဟာလည်း ရင်ခုန်ရစ်မူးဖို့ကောင်းလွန်းလှသည်။
နူးညံ့သော နှုတ်ခမ်းတွင်းသားများအား လျှာဖြင့် ထပ်ခါထပ်ခါယက်နေရင်း Kim Ji Woong စိတ်မရှည်တော့ဟန် မျက်မှောင်တစ်ချက်ပင် တွန့်ချိုးသွားသည်။
မကြာမီ အသက်ရှူဖို့လိုအပ်လာတာမို့ ရှန်ချွမ်ရွေ့မှာ Ji Woong ရင်ဘတ်အား အသည်းအသန်ထုရိုက်ပြီး ရုန်းကန်တော့သည်။ Ji Woongလည်း နားလည်တာမို့ မကျေမနပ်ဖြင့်သာ လျှာသပ်လျက် ထိုနှုတ်ခမ်းပေါက်လေးအား လွှတ်ပေးလိုက်ရလေတော့၏။
ဘာလို့ ဒီလောက်တောင် နမ်းလို့ကောင်းရတာလဲ!
ဘာလို့ Ricky နှုတ်ခမ်းတွေက အဲ့ဒီ့လောက်ထိ ချိုနေရတာလဲ?
ထပ်နမ်းးးးးးးချင်တယ်.....!!!!!!
Ji Woong မှာ ကြောင်ပေါက်တစ်ကောင်လို Rickyရဲ့ နှုတ်ခမ်းပါးပါးလျလျလေးအားကြည့်ပြီး ဒုတိယတစ်ကြိမ် ခုန်အုပ်ဖို့ချောင်းနေ၏။
နူးညံ့စိုထိုင်းမှုနှင့် အပူငွေ့နွေးနွေးလေးအား Ricky ခံစားမိသည်။ထိုအနမ်းဟာ လိပ်ပြာလေးတစ်ကောင် အပျံသင်သလို သူ့ရင်ကို တရွရွဖြစ်စေပါသည်။
သူတို့နှစ်ယောက် စိုက်ကြည့်နေတုန်းမှာပဲ...ခုနကဝင်လာသော လူနှစ်ယောက်ဟာပြန်ထွက်သွားချေပြီ။
မူလအစကအတိုင်း ဒီနေရာ၌ သူတို့နှစ်ယောက်ထဲသာ ကျန်တော့၏။
"ဘာ...လို့...မင်းငါ့ ငါ့ကို နမ်းတာလဲ!!"
မကျေမချမ်းဖြင့် လျှောကျနေသောမျက်မှန်ကိုင်းအားပင့်တင်ရင်း Ricky မေးလိုက်မိသည်။
"မင်းက စကားများလို့"
"Kim Ji Woong! မင်းရူးနေလား!"
"ငါရူးနေတာ...မင်းထားသွားကတည်းကပဲလေ! ငါက အဲ့လိုကောင်မျိုးပဲ! မင်းကတော့ ပျော်နေမှာပေါ့...ငါ့ရဲ့ခံစားချက်တွေကို အရူးလုပ်ရလို့လေ..."
"မင်း ဘာကို ပြောချင်တာလဲ"
"မင်း ဘာလို့ ထပ်ပြီး ငါ့ကိုဆက်သွယ်မလာတာလဲ! ပြီးတော့ လက်စွပ်! အဲ့တာနဲ့တင် ငါ့ကို အရူးလုပ်လို့အားမရသေးဘဲ ငါ့ညီနဲ့တောင် ပတ်သက်နေလိုက်သေးတယ်...!"
Kim Ji Woong ဘက်က နားလည်မှုလွဲနေသမျအား Ricky မယုံနိုင်ဖွယ်ကြည့်ပြီးနောက် မျက်လွှာချလိုက်ကာ..
"မင်းညီနဲ့ ငါက ဘယ်လိုမှ မပတ်သက်ဘူး! ပြီးတော့ အဲ့နေ့ကတည်းက မင်းကိုယ်တိုင် ငါ့ကိုမမြင်ချင်တော့ဘူးပြောခဲ့တာလေ!!! နောက်ပြီး လက်စွပ်.....မင်းသိပ်သိချင်နေတဲ့လက်စွပ်.."
အဲ့ဒီ့နေ့ကတည်းကအမြဲတမ်း အိတ်ကပ်ထဲ၌သိမ်းထားခဲ့သော လက်စွပ်ဘူးလေးကိုထုတ်ကာ Kim Ji Woong ရှေ့မှောက်သို့ ပစ်ပေးလိုက်ပါ၏။
"ငါအမြဲတမ်းပေးချင်နေခဲ့တဲ့ ဒီလက်စွပ်က မင်းအပိုင်ပဲ Kim Ji Woong ရဲ့!!!"
မမျှော်လင့်ထားသောအဖြေတစ်ခုအား ကြားသိလိုက်ရသလို အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် Kim Ji Woong ကျေနပ်စွာ ပြုံးလိုက်မိတော့သည်။
မိမိဟာ အခုမှ အိပ်ရာနိုးလာသလိုမျိုး...အရာအားလုံးကို နားလည်သွားပြီထင်သည်။
သူအမြဲတမ်းစောင့်နေခဲ့တဲ့သူဖြစ်တဲ့ Ricky Shenကလည်း သူ့အတွက်ဖြင့် အရာရာကို ရင်ဆိုင်ခဲ့သည်။Ji Woong စောင့်နေခဲ့ရသလို...Quan Rui မှာ အမြဲတမ်း သူ့ဆီသို့ ကမ်းလင့်နေတဲ့လက်တစ်စုံရှိခဲ့ကြောင်း....သူအလုံးစုံ နားလည်လိုက်ရပြီ။ ။
"....Shen Quan Rui..ချွမ်ရွေ့...ချွမ်ရွေ့..ကိုယ်မင်းကို စသိကတည်းကနေငါး‌နှစ်ကျော်ကြာတဲ့ထိ မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းရှိခဲ့တယ်....။ကိုယ် မပြောရသေးခင်မှာပဲ မင်းက ကိုယ့်ဆီကနေ ထွက်ပြေးသွားတယ်....ကိုယ်မင်းကိုအမြဲတမ်းစောင့်နေခဲ့တာ။အခု မင်းကိုယ်တိုင်ကပဲ ကိုယ်ဆီ ရုတ်တရပ်ပြန်ရောက်လာခဲ့တယ်....ချွမ်ရွေ့...မင်းသိလား..? ကိုယ်မင်းကို ဘယ်တော့ လက်လွှတ်ပေးတော့မှာ မဟုတ်ဘူး"
Shen Quan Rui ၏ နားဖျားလေးအား ပွတ်သပ်ရင်း နားသယ်စလေးကို တို့ထိရင်းဖြင့် နားနားသို့ကပ်ကာ Kim Ji Woong က ဩရှရှအသံဖြင့် ရေရွတ်‌နေ၏။
ယားယံလာသော နားတစ်ဖက်ကြောင့် Ricky မနေတတ်တော့ဘဲ ခေါင်းအား တစ်ဖက်သို့စောင်းလိုက်သည်။‌ထိုအခါ....ပေါ်လာသော လည်ပင်သားဖွေးဖွေးအိအိကလေးမှာ ကိုက်ချင်စရာအတိပင်။
"ချွမ်ရွေ့...ကိုယ်မင်းကို ကိုယ့်ဘဝထက် ပိုပြီးချစ်တယ်...မင်း ကိုယ့်ကို ငြင်းခွင့်မရှိဘူး!"
"ငါ..."
Ricky မျက်ဝန်းကလေးများ ဝိုင်းစက်သွားပြီး မယုံနိုင်သေးသည့်သဖွယ် ရှေ့က Ji Woong ကိုမျက်တောင်မခပ်တမ်းငေးကြည့်လျက်သား..
သူအာစေးမိနေသလို ဘာစကားမှ ပြောမထွက်တော့ချေ။ ။
"တစ်ကနေသုံးအတွင်း ဘာမှပြန်မပြောရင် လက်ခံတယ်လို့ သတ်မှတ်လိုက်တော့မယ်"
"တစ်......နှစ်..."
".....ခ ခဏ"
"သုံး....မင်းမှာ ဘာမှပြောခွင့်မရှိဘူး ရှန်ချွမ်ရွေ့!! မင်းက Kim Ji Woong ဆိုတဲ့ကောင်ရဲ့အပိုင်ပဲ"
နှုတ်ခမ်းသားများမှာ ထပ်မံ၍ ပူးကပ်သွားပြန်တော့သည်။သို့သော်လည်း မိမိနှုတ်ခမ်းအား စက္ကန့်အနည်းငယ်စာလောက်သာ နမ်းရှိုက်ပြီး Ji Woong ကပြန်လွှတ်ပေးလေ၏။
ရုတ်တရပ် Ji Woong မထင်လိုက်မိတာက ချက်ချင်း သူ့အင်္ကျီကော်လံစအား ဆွဲကိုင်ကာ အနားတိုးကပ်လာသော Ricky Shenကိုပင်...
ငိုက်စင်းကျနေသော မျက်တောင်ရှည်များဝန်းရံထားသည့် ရီဝေဝေမျက်ဝန်းကလေးမှာ အရည်ကြည်တို့ဖြင့်လဲ့နေ၏။
ထပ်လျှက်အနေအထား ခန္ဓကိုယ်နှစ်ခုအပြင် စင်တီမီတာစိတ်အနည်းငယ်သာ ကွာဝေးတော့သော မျက်နှာနှစ်ခု....
Ricky ဟာ သူ့မျက်ဝန်းတွေကို ခပ်တွေတွေ ငေးစိုက်ကြည့်ရင်း....
"Kim Ji Woong...မင်းတစ်ယောက်ထဲကပဲ အဲ့လို လုပ်လို့ရမယ်ထင်နေလား...ဟမ်?"
အပြောနဲ့အလုပ်ညီကြောင်း သက်သေပြရန်  Ricky Shenဟာ Kim Ji Woong နှုတ်ခမ်းအား အရင်ဖိကပ်နမ်းရှိုက်လိုက်တော့သည်။
စနမ်းသူက မိမိဖြစ်ပါသော်ငြား တုံ့ပြန်အား ပြင်းလွန်းသူမှာ Kim Ji Woong ဖြစ်၏။
အိစက်ညက်ငြောလှသော နှုတ်ခမ်းလွှာပါးလေးတွင်းသို့ ဝင်ရောက်စားသုံးနေသော လျှာမှာ ကျွမ်းကျင်လွန်းသည့်အလုပ်တစ်ခုအား လုပ်နေသလိုပင်..။
နှုတ်ခမ်းအား အားမလိုအားမရ စုပ်ယူငုံထွေးသံများမှာလည်း အဆက်မပြတ်။ကြားလေသွေး၍ပင် မရလောက်အောင် နေရာကျဉ်းကျဉ်းလေးထဲ နှစ်ဦးသား ခန္ဓာကိုယ်မှာ ထပ်လျက်သားပင်ရှိနေသည်။
အပေါ်တစ်လှည့်၊အောက်တစ်လှည့် နှုတ်ခမ်းပါးတစ်စုံအား စိတ်ရှိသလို နမ်းရှိုက်ပြီးနောက် ပူနွေးစိုစွတ်သောလျှာဟာ ခံတွင်းတစ်ခုလုံးကို မွှေနှောက်ခြယ်လှယ်နေသေးပြန်၏။
မွတ်သိပ်စွာ နမ်းရှိုက်နေရင်းမှ Ricky နှုတ်ခမ်းပါးထက် အပြုံးရေးရေးလေးတစ်ခုပေါ်လာပြီးနောက် အသက်ရှူဖို့ရန်အတွက် နှုတ်ခမ်းနှစ်လွှာအားခွာလိုက်ကြသည်။
"ချစ်တယ်...Kim Ji Woong...မင်းကလည်း အမြဲတမ်း ငါ့အပိုင်ပဲဖြစ်ရမယ်"
ထိုစကားကြောင့် အရည်ကြည်တစ်ချို့ကပ်ငြိနေသော Ji Woong နှုတ်ခမ်းစွန်းဟာအထက်သို့ ကွေးတက်သွားတော့သည်။
ထို့နောက် အားမလိုအားမရစွာ... လျှာသပ်လျက်..
"ပေါင်ပေ့...မင်းက ကိုယ့်ကို ဆွဲဆောင်နေတာပဲ"
TBC
ကြယ်လေးတွေချန်သွားခဲ့ကြပါအုန်း။
ရေးရတာ ရှက်လိုက်ထှာ။ ။
ဒါနဲ့ အတွဲတွေပြန်အဆင်ပြေသွားကြပါပြီ!! ရေးရေးးးး
(25ရက်နေ့ကြရင် ဖောလင်းဟက်ဒါ နောက်တစ်ပိုင်း အပ်ပဒိတ်လုပ်ပေးပါ့မယ်)
!ZAWGYI!