Implausible || Myanmar Transl...

By Nattawatmommy

11.3K 1.1K 185

Credit to @pengennulisau on Wattpad Enigma ဆိုတာက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး သူရဲ့ရှားပါးလွန်းမှုကြောင့်... More

ဟောကိန်းထုတ်ခံရခြင်း
ရှိတ်ထ်မြို့
အာရုံထဲမှာပေါ်လာတဲ့ သူ
စတင်တွေ့ဆုံခြင်း
မျှော်လင့်ချက်ရောင်ခြည်
Enigma
နန်းတက်ပွဲ
သူတို့ကြားက ဆက်နွယ်မှု
လွမ်းဆွတ်သတိရခြင်း
အပြာရောင်လ
ခရီးလမ်း
ဖူးစာဖက်
ပျောက်ဆုံးခြင်း
မစ်စတီဖောအတု
လူပျိုစင်ဘ၀
စိုးရိမ်ပူပန်မှု (🍼)
သက်သေပြခဲ့ခြင်း

နောက်ဆုံး စာမျက်နှာ

757 62 11
By Nattawatmommy

ကိုးလအကြာ နောက်ဆုံးမှာတော့ Fourth နဲ့ သူ့ Enigma က စိတ်ဒုန်းဒုန်းချနိုင်ခဲ့ပါပြီ။ ရောစပ်သွားတဲ့သွေးတွေက Fourth ကို အိမ်ရှေ့စံ Gemini ကလွဲပြီး တခြားဘယ်သူမှမထိခဲ့ဘူးဆိုတာ သက်သေပြနေကြတယ်။ ဘယ်သူကမှ သူ့ရဲ့ သစ္စာရှိမှုကို သံသယဖြစ်တော့မှာမဟုတ်ပါဘူး။

"လနတ်သမီးက မယ်တော် မလာခင်အထိ ကျွန်တော့ကို အိပ်ခွင့်ပေးထားသားပဲ!" သူ့ယောက္ခမလက်ထဲက သူ့သားတော်လေးကို တွေ့တဲ့အခါ Fourth အပြုံးတွေနဲ့ ပြောလိုက်မိတယ်။

သူမရဲ့ မြေးဦးလေးကို ချီနေရတယ်ဆိုတဲ့အသိနဲ့ Luna မျက်နှာက မပျောက်ကွယ်သွားတဲ့ အပြုံးတွေ။ နို့သောက်ပြီးလို့ ဗိုက်၀ပြီး အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ကလေးငယ်က လက်သီးသေးသေးလေးတွေကို ဆုပ်လို့။ Luna က သူ့မြေးလေးကို Fourth ဘေး ဖြည်းဖြည်းပြန်ချလိုက်ရင်း "မယ်တော့မြေးလေး အိပ်သွားပြီဆိုတော့ အခု မယ်တော့သားမက်ကလေးအလှည့်!"

Fourth ကို ၀မ်းနည်းစွာ ကြည့်လာပြီး သူ့လက်ကို ဖွဖွလေး ကိုင်ရင်း "သားမက်လေး...ဒီမကောင်းတဲ့ ယောက္ခမကို ခွင့်လွှတ်ပေးပါ! မယ်တော့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် မိသားစုအဝေးမှာ နေရတဲ့ သား တစ်ချိန်လုံး ခံစားခဲ့ရတယ်" နောင်တတွေအပြည့်နဲ့ ပြောလာတယ်။

Luna လက်ကို ပြန်ကိုင်ပြီး သူ ပြုံးပြလိုက်တယ်။ "ကျွန်တော် နားလည်ပါတယ်...ဒါက မယ်တော့ကိုယ်ကျိုးအတွက် လုပ်ခဲ့ရတာမှမဟုတ်ဘဲ မယ်တော်က Luna မို့လို့သာ ဒီလိုဆုံးဖြတ်ခဲ့ရတာလေ! Luna ရဲ့ တာ၀န်က တော်၀င်သွေးကို ထိန်းသိမ်းရမှာမဟုတ်လား?"

Luna က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြတယ်။

"ကျွန်တော့ရဲ့မယ်တော်ကပြောဖူးတယ်...Luna တစ်ယောက်ရဲ့ တာဝန်က ဘုရင်ဘေးမှာ အဖော်ဖြစ်ပေးရတာတင်မကဘဲ အများအကျိုးအတွက် ကိုယ့်ကိုယ်ကို အနစ်နာခံပေးရတာလဲ ပါတယ်တဲ့" နားလည်စွာပဲ သူ စိတ်လိုလက်ရ ပြုံးလိုက်ရင်း "ကျွန်တော်လဲ မယ်တော့နေရာမှာဆို တူညီတဲ့လမ်းကိုပဲ ရွေးချယ်မှာပါ"

Fourth ရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်က တင်းတင်းအဖက်ခံလိုက်ရတယ်။ အပြစ်မကင်းသလို ခံစားရတဲ့ Luna က ချုံးပွဲချငိုတယ်။ သူ့ကို ခွင့်လွှတ်ပေးတဲ့ သူ့သားမက်လေးက တကယ်ကို စိတ်ထားပြည့်၀တဲ့ နှလုံးသားပိုင်ရှင်ပဲ! Fourth သူ့မယ်တော်နဲ့ သူ့‌မရီး ဘယ်လို Luna အဖြစ် တာ၀န်ထမ်းဆောင်လဲ မြင်ဖူးပါတယ်။ သူ့မရီး View ရဲ့ Luna မဖြစ်ခင်နဲ့ ဖြစ်ပြီး ပြောင်းလဲမှုတွေကိုလဲ သူတွေ့တယ်။ ကြည့်ရတာ ဘုရင်နဲ့အတူ သရဖူကိုဆက်ခံအပြီး စွန့်လွှတ်အနစ်နာခံရတဲ့အရာတွေက မနည်းပုံပါပဲ။

"ဒါက ကျွန်တော် အိမ်ရှေ့စံနဲ့အတူ သရဖူကို မဆက်ခံခင် စမ်းသပ်ခံရတဲ့ပထမဆုံးအရာလို့ပဲ မှတ်ပါတယ်!"

***

ပြင်းထန်လှတဲ့ လေထုကြီး ပျောက်ဆုံးသွားတဲ့ မန်ဂျက်စတစ်ဟာ ငြိမ်းချမ်းမှုကို ပြန်ရှာတွေ့ခဲ့တယ်။ မင်းသားလေး Fourth ကလဲ နလန်ထူခါစပြုနေပါပြီ။ ဆက်ခံသူလွှဲပြောင်းဖို့ ရပ်ထားတဲ့ ပြင်ဆင်မှုတွေကိုလဲ ပြန်လည်စတင်လိုက်ပြီး အားလုံးက ကိုယ့်တာ၀န်ကို ကျေပွန်အောင် လုပ်ဆောင်နေကြပြီပဲဖြစ်တယ်။

ဒါက Gemini အပါအ၀င်ပါပဲ။ အိမ်ရှေ့စံက အဆင့်မြင့်လာမယ့် သူ့၀တ်ရုံရဲ့ လက်မောင်းမှာ ဘာကို ထပ်တိုးမြှင့်ဖို့လိုသေးလဲ‌ဆိုတာနဲ့ အလုပ်ရှုပ်နေပါတယ်။ ပြောင်းလဲလာမယ့် ဘုရင်ရယ် Luna ရယ်နဲ့အတူ တော်၀င်တံဆိပ်ကလဲ ပြောင်းလဲသွားမှာပါ။ ဒီတံဆိပ်ကို အမိန့်ထုတ်ပြန်တဲ့အခါ၊ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်တဲ့အခါနဲ့ အရေးကြီးတဲ့ တော်၀င်နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အသုံးပြုမှာဖြစ်တယ်။ တံဆိပ်ခေါင်းကို ဘုရင်ကသာ နှိပ်ပိုင်ခွင့်ရှိပါတယ်။

မင်းသားလေး Fourth ကတော့ သူ့ရဲ့ မင်းသားသေးသေးလေးကို ဂရုစိုက်ရင်းနဲ့ပဲ အချိန်ကုန်နေတယ်။ သူ့ Enigma နဲ့ သရဖူကို မအပ်နှင်းခံရခင် သူ့သားတော်လေးနဲ့ အတူကုန်ဆုံးရတဲ့ စက္ကန့်တိုင်းကို တန်ဖိုးထားဖြတ်သန်းနေပါတယ်။ နေ့စဉ်နေ့တိုင်း Fourth ရဲ့ အလုပ်ကတော့ အမြဲလိုလို အိပ်ပျော်နေတတ်တဲ့ သူ့ကလေးငယ်ပိစိကွေးရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို လိုက်ကြည့်တာဖြစ်တယ်။ သမားတော်နဲ့ Luna ပြောတာတော့ ဒီအရွယ်မှာ တစ်ချိန်လုံး အိပ်နေတယ်ဆိုတာ သာမာန်ပါပဲတဲ့!

"မင်းသားလေး Fourth..ကြည့်ပါဦး ဘယ်သူရောက်လာလဲလို့!?" Luna က သူ့သားမက်လေးနဲ့ မြေးလေးနားတိုးလာရင်း ပြောလိုက်တယ်။

ချက်ချင်းပဲ Fourth မျက်နှာမှာ အပြုံးတစ်ခုက နေရာယူသွားရင်း "ခွန်Ford!" သူ အပြေးဖက်မိတယ်။

Ford က ပြုံးလိုက်ရင်း "ကျွန်တော်မျိုး အဆင်ပြေပါတယ်...မင်းသားလေး ဘယ်လိုနေလဲ? သားတော်လေးရော? ကျွန်တော်မျိုး သူ့ကိုတွေ့ချင်တယ်!"

Ford ကို အိပ်ပျော်နေတဲ့ သူ့သားတော်လေးကို Fourth ပြမိတယ်။ အနှီးထုပ်လေးထဲမှာ အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ချောမောလှတဲ့ သူ့ရဲ့သားတော်လေး! ပျော်ရွှင်နေတဲ့လေထုက နန်းဆောင်ထဲမှာ နေရာယူသွားတယ်။

"တစ်ချိန်လုံး ဘယ်တွေရောက်နေတာလဲ?!" Fourth စိတ်ပူစွာ မေးမိတယ်။

Ford က ပြုံးပြရင်း "နေနတ်သားနဲ့အတူ နတ်ပြည်မှာ...ကျွန်တော်မျိုးရဲ့ ကြင်ဖက်ကို တွေ့ဖို့!" ပြန်ဖြေလာတယ်။ ညစာစားချိန်မရောက်ခင်အထိ Luna, Fourth နဲ့ Ford တို့ စကားကောင်းနေကြတယ်။ သူသေတဲ့အထိ မတွေ့ရတော့ဘူးလို့ ထင်ထားတဲ့ သူ့ကြင်ဖက်ကို နတ်ပြည်ရောက်အပြီး ရှာတွေ့ခဲ့တဲ့အကြောင်း Ford က ပြောပြလာတယ်။

"ကျွန်တော့Alpha!" ညစာစားခန်းထဲရောက်တော့ Ford က သူ့ဘေးက အရပ်ရှည်ရှည်နဲ့လူကို လက်ညှိုးထိုးရင်း ပြောလာတယ်။ "သူက ဒေလီနိုင်ငံက အငယ်ဆုံးသားတော်လေ....အကြောင်းရှိလို့ နတ်ပြည်မှာ နေနေရတာ! သူ့နာမည်က Aun Napat ပါ!"

Fourth ပြုံးပြလိုက်ပြီး "ဒါက နတ်ပြည်ရောက်မှ ကြင်ဖက်ရှာတွေ့သွားတဲ့ ကြင်ဖက်မရှိ Omega Ford ရဲ့ အကြောင်းပေါ့!"

***

Fourth လဲ လုံး၀နလန်ထူနိုင်ပြီဖြစ်သလို ပြင်ဆင်မှုတွေလဲ ပြီးသွားခဲ့ပြီ။ ဒီနေ့ မန်ဂျက်စတစ်နန်းတော်က ထီးနန်းလွှဲပြောင်းပွဲ ကျင်းပမှာပါ။ Aun ဦးစီးတဲ့ Enigma Gemini နဲ့ သူ့ Alpha ရဲ့ ရင်သွေးလေး နာမည်ကင်ပွန်းတပ်ပွဲရောပေါ့...

အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ဖြစ်နေပြီး လေထုဟာလဲ ထောင့်တစ်နေရာချင်းစီအထိ ပျော်ရွှင်မှုတွေအပြည့်။

လူသားတွေဟာ မွေးလာတည်းက ဘာမှမပါသလို သေဆုံးသွားရင်လဲ ဘာမှမယူသွားရဘူးဆိုတာကို ကိုယ်စားပြုတဲ့ အဖြူရောင် အ၀တ်လေးပဲပတ်ထားတဲ့ သားတော်လေးကို ပွေ့ပြီး Fourth မတ်တပ်ရပ်နေတယ်။

Fourth ဘေးမှာတော့ သူ့ Alpha လိုတာရှိရင် အချိန်မရွေး ကူညီလို့ရအောင် Gemini ရှိနေပါတယ်။ သားတော်လေးလို ရိုးရှင်းမှုရဲ့ သင်္ကေတလဲဖြစ်တဲ့ အဖြူရောင်၀တ်ရုံတွေကိုပဲ နှစ်ယောက်လုံး ၀တ်ထားကြတယ်။

"မင်းသားလေးကိုပေးပါ" Aun ပြောလာတော့ ချက်ချင်းပဲ Fourth လိုက်နာလိုက်တယ်။

မှည့်သေးသေးလေးတွေကစလို့ ကလေးငယ်ရဲ့ မျက်နှာပေါ်က အရာအားလုံးကို Aun က သေချာစူးစမ်းပြီးနောက်မှာတော့ သဘောကျစွာ ပြုံးတယ်။ "မင်းသားလေးရဲ့ မျက်နှာက နူးညံ့ပြီး တစ်ချိန်တည်းမှာပဲ ခက်ထန်တဲ့ပုံရှိတယ် မင်းသားလေးကို မွေးဖွားသန့်စင်ပုံအရဆိုရင် မင်းသားလေးက ကြင်ယာတော်အပေါ် သစ္စာရှိတဲ့ ခမည်းတော်ကိုလဲ ပိုင်ဆိုင်ထားတယ်...အဲ့တာကြောင့် မင်းသားလေးရဲ့ အမည်နာမကို မြင့်မြတ်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ Karan လို့ ပေးလိုက်ပါတယ်!"

ပွဲတော်ကို ဆက်လက်ကျင်းပတယ်။ Gemini နဲ့ Fourth က သန့်စင်ခြင်းကို ကိုယ်စားပြုတဲ့ ရေများစွာနဲ့ သန့်ရှင်းခံရပါတယ်။ မျိုးဆက်အသစ်ဖြစ်သွားပြီဆိုတဲ့ အဓိပ္ပါယ်နဲ့ ၀တ်ရုံအသစ်တွေလဲ လဲလိုက်ကြတယ်။

"...သင်တို့အား သရဖူကို လိုလိုလားလား ပေးအပ်လိုက်ပါသည်"

ဒါက Enigma Gemini နဲ့ Alpha Fourth တို့ရဲ့ အချစ်ခရီးလမ်းအဆုံးသတ်ပါပဲ။ များပြားလှတဲ့ ဆူးနှောင့်ခလုတ်တွေကို ကျော်ဖြတ်ပြီး တစ်ယောက်အပေါ် တစ်‌ယောက် သစ္စာစောင့်ထိန်းသွားကြတဲ့ သူတို့နှစ်ယောက်။ နောက်ထပ်လာမှာကတော့ နေနဲ့လ ရွှေနဲ့မြလို တစ်ယောက်ဘေး တစ်ယောက် အဆုံးထိ အမြဲရှိနေပေးကြမယ့် သူတို့နှစ်ယောက်အကြောင်းပါပဲ။

*****************************************

Implausible က slow burn ပုံစံမို့ ARSAF တုန်းကလောက် သဘောမကျကြရင်တောင် ပြီးတဲ့အထိ ဖတ်ပေးကြလို့ တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ် <3

နောက်တစ်ခုက ပိုတောင် slow burn သေးတာမို့ ဘာသာမပြန်ပေးတော့ပါဘူးနော်...{Implausible တောင် ကြားထဲမှာ unလိုက်တာ သတိထားမိကြမှာပါ} အချိန်တွေကုန်ထားပြီး အားထပ်ပြတ်ရမှာဆိုးပါတယ်! ဒီတစ်ခါ တကယ် ပြန်လာဖို့မရှိတော့ပါဘူးရှင် ㅠ ㅠ

ကိုယ်ကတော့ သဘောကျလို့ကို ဘာသာပြန်ဖို့ ရွေးထားတာပေမယ့် အချစ်တို့က အလံနီပဲ အင်ဂျွိုင်းကြတယ်ထင်ပါ့ (စတာ စတာ 😛)

အဓိကပြောချင်တာကို ပြန်သွားရရင် ခွင့်ပြုချက်ရထားပြီးပေမယ့် ဘာသာဆက်မပြန်ပေးဖြစ်လို့ အများကြီး အားနာရပါတယ် 🥺

ဖတ်ချင်တဲ့သူတွေက မူရင်းစာရေးသူ Wattpad user @pengennulisau ဆီမှာ google lens နဲ့ သွားဖတ်လို့ ရပါတယ်....Rundung ဆိုတဲ့ဟာလေးပါနော်!

*စပွိုင်လာပေးရမယ်ဆိုရင် Omegaverse ကိုမှ ဆရာ၀န်လောင်းစီနီယာအစ်ကိုကြီးက ဂျူနီယာလေးကို လိုက်ကြိုက်ပြီး trauma ကအစ ကုစားပေးသွားတဲ့ လုံး၀ အလံစိမ်း၊ healthy relationship လေးပါ....သမီးအမြွှာလေးနှစ်ယောက်ရသွားပါတယ်! အဲ့ထဲက Gemini က ထိပ်ဆုံးက ရွေးယူသင့်တဲ့ ယောကျာ်းပါပဲ><*

သီတင်းကျွတ်ပိတ်ရက်နားနီးလို့ အားနေတာနဲ့ ဖတ်ရင်းသဘောကျမိတဲ့ လူသိပ်မသိတာလေးတွေကို local က လူတွေအတွက် ဘာသာပြန်ပေးဖို့ အကောင်အထည်ဖော်ဖြစ်သွားတာက ဒီလိုအခြေအနေထိ ရောက်လာမယ်မထင်ခဲ့ပါဘူး...ကိုယ့်လို တစ်ခုမဟုတ် တစ်ခုရှာဖတ်နေတတ်တဲ့ သူတွေ အချိန်ကောင်းလေး ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ!

အခုတလောတော့ ဘာမှသိပ်မဖတ်‌ဖြစ်ဘူးဆိုပေမယ့်လဲ GeminiFourth fanfic recommend လိုချင်ရင် အချိန်မရွေး wattpad chat box ကို လာခဲ့ပါ 🎀 workshop စနေတဲ့ My love mix-up thai version လေး on air လာရင်လဲ သတိတရ ကြည့်လိုက်ကြပါဦးနော် ထုခွန်ကျား~

နှစ်လတာအတွင်း ပေးခဲ့တဲ့အချစ်တွေ၊ အချိန်ကောင်းတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်....အမှတ်တရကောင်းလေးတွေအဖြစ် ရင်ထဲမှာအမြဲသိမ်းထားပါ့မယ် 💝 နောက်ဆုံးတစ်ခေါက်အနေနဲ့ ခေါ့ပ်ခွန်းမာ့မားခ 😚💞

Continue Reading

You'll Also Like

9.1K 1K 11
Unicode : အမြဲတမ်းတွေ့တာနဲ့ ရန်ဖြစ်နေတတ်ကြသော Mean နဲ့ Plan သူတို့နှစ်ယောက်ပြိုင်ကြိုက်နေသော Lay မတည့်အတူနေနှစ်ယောက်ကိုမှ ship ပေးချင်နေကြတဲ့ fujyous...
40.9K 1.9K 42
"Art is in the eye of its beholder. You can either love it or have your own opinion on it. It matters on how you see it." Alec says, walking around a...
15.1K 1.3K 28
"Kitty kitty come here"
712K 26.2K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...