Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 20
-------------
"မြို့အုပ်၀မ် တို့လာပြီဟေ့!"
ခြံထဲကိုကား၀င်လာတာနဲ့ ပြေးလာကြိုသော အိမ်တော်ထိန်းကြီး
နဲ့ မတ်တပ်သာရပ်လိုက်ကြသော ၀မ်မျိုးရိုးတွေ အိမ်ပေါ်ရောက်ဖို့
ကို လှေကားထစ်၁၀ခုသာကွာခြားပါတော့တယ် ရှောင်ကျန့်တုံ့ဆိုင်း
နေမိသည် သူတလွဲတွေလုပ်မိရင်ဘယ်လိုနေမလဲ။
"ဘာတွေတွေးနေတာလဲ"
"မြို့အုပ်၀မ်...ကျန့်ကျန့်လေ...အမှားလုပ်မိရင်ဘယ်လိုနေမလဲဟင်"
"ဘာမှမဖြစ်ပါဘူး...စိတ်အေးအေးထား"
"အင်း...မြို့အုပ်၀မ်ဘေးနားရှိနေတော့လည်း ကျန့်ကျန့်ကိုကာကွယ်ပေးမှာပေါ့နော်..."
"....."
ရှောင်ကျန့်ကမြို့အုပ်၀မ်ရဲ့လက်ကိုတွဲလိုက်ကာ အိမ်ထဲ၀င်သွားတော့သည် ၀မ်မျိုးရိုးကိုပြုံးပြလိုက်သည်
သူမွှေထားတာတွေကို တောင်းပန်သည့်အနေဖြင့်...ဟိုတစ်ဖက်သူ
တွေကလည်း မျက်စောင်းတခဲခဲနဲ့ ။
"လာပြီလား...ထိုင်ကြ..ထိုင်ကြ"
"ဟုတ်ကဲ့..."
ရှောင်ကျန့်ကရယ်ကျဲကျဲလေးနဲ့ထိုင်လိုက်တော့ ခုနမှရောက်လာတဲ့
ကောင်မလေးကကလေးလေးချီလို့သူတို့ရှေ့လာထိုင်တယ် ။
"အိုက်ယား...ငါတို့ရဲ့မြစ်အငယ်ဆုံးမလေးပဲ"
၀မ်ဖိုးဖိုးကပြောင်းချီလို့ မြူနေလေတယ် ရှောင်ကျန့်ကိုယ်ကိုအနည်းငယ်ကိုင်းကာ ကလေးလေးကိုကြည့်လိုက်သည် သူ့ကိုမြင်လို့လားမသိပြုံးပြနေလေပြီ။
"ချစ်စရာလေး...မြို့အုပ်၀မ်..."
မြို့အုပ်၀မ် လက်မောင်းကိုကိုင်လို့ ကလေးလေးကိုလက်ညှိုးထိုးပြ
သည်။
"တောင်းပေး...ကျန့်ကျန့်မွေးမလို့..."
"အဲ့တာ မိဘရှိတယ်လေ..."
"မြို့အုပ်၀မ်ကလည်း ကျန့်ကျန့်အဲ့ကလေးလေးလိုချင်တယ် တောင်းပေးဆိုနေမှ..."
"မဆိုးနဲ့လေ..ရှောင်ကျန့်..."
ရှောင်ကျန့်ကလေးလေးကိုတစ်ဖန်ပြန်ကြည့်လို့ လက်လေးဆန့်တန်းသည် ကလေးလေးကိုသူ့စီပေးပါဆိုတဲ့သဘောမျိုး ။
"မြေးသားမက်လေးကချီမလို့လား...ရော့..ရော့"
ရှောင်ကျန့်ကပြောင်းချီလိုက်တာနဲ့ကလေးက ပြုံးပြသည် ပြောပြရရင် ရှောင်ကျန့်ကလေးတအားလိုချင်တယ် သူသာ
Alphaဖြစ်ခဲ့ရင် မိသားစုလေးတစ်ခုတည်ထောင်ဖို့အတွက်စိတ်ကူးယဉ်ခဲ့တယ်
ဒါပေမဲ့လည်း omegaဖြစ်လာတော့ ထိုအိမ်မက်တွေကလက်လျှော့
ခဲ့ရတယ် ။
*ဖတ်*
ဖတ်ခနဲဆိုသလိုပဲ ရှောင်ကျန့်ပါးလေးကို လက်သေးသေး
လေးတွေကလာတို့ထိသည် ရှောင်ကျန့်နှစ်နှစ်ခြိုက်ခြိုက်ပြုံး
ကာနမ်းရိူက်ဖို့အပြင်မှာ မြို့အုပ်၀မ်လက်ကသူ့နူတ်ခမ်းကိုလာ
အုပ်သည် ။
"ကလေးကိုမနမ်းရဘူး"
"ဘာလို့လဲ ကျန့်ကျန့်ကချစ်လို့ကို"
"နမ်းချင်ရင်...ကိုယ့်ကိုနမ်းလေ..."
ရှောင်ကျန့်မျက်စောင်းလေးထိုးလိုက်ပါတယ် ဘယ်လိုဟာကြီးလဲ
တစ်ခါမှမပြောဘူးတာတွေလာပြောနေတယ် ။
"မင်းကတော်ရှင့်...ဒီကိုပေးပါ ချီရတာလက်ညောင်းနေရောပေါ့"
"ရတယ်...ရတယ် ကျန့်ကျန့်ကကလေးချစ်တတ်တယ် သိလား
သူတို့ကိုချီရလို့လက်တောင်မညောင်းဘူး ဒါကမိန်းကလေးလားဟင်"
"ဟုတ်ကဲ့...မိန်းကလေးပါ..."
ကောင်မလေးရဲ့အသံတွေကတိမ်၀င်သွားလေတယ် ဟုတ်သားပဲ မျိုးရိုးကိုဆက်ခံဖို့အတွက်ယောကျာ်းလေးမွေးမှ ယောက္ခမကကြည်ဖြူမှာပေါ့ ။
"သမီးလေးရေ..."
မြို့အုပ်၀မ် ပါးစပ်ဖျားကခေါ်သံလေးက သမီးလေးရေ တဲ့လား
ရှောင်ကျန့်မြို့အုပ်၀မ်ကိုဖြတ်ခနဲကြည့်လိုက်တယ် သူ့ယောကျာ်းကပြုံးကာ ကလေးလက်လေးကိုလာကိုင်နေသည်။
"မြို့အုပ်၀မ်က သမီးမိန်းကလေးချစ်တတ်တာလား"
"အင်း...ကိုယ်သမီးမိန်းကလေးလိုချင်လို့လေ..."
"...."
"လိုချင်နေလဲ မွေးလိုက်ပေါ့ကွာ ဘာခက်နေလို့လဲ"
အမျိုးသားတစ်ယောက်ကရောက်လာပြီး ၀င်ထိုင်ကာ မြို့အုပ်၀မ်
ကိုခပ်စောင်းစောင်းကြည့်နေသည် မြို့အုပ်၀မ် နဲ့အပြိုင်အဆိုင်
မြို့အုပ်နေရာကို ယူဖို့အထိဖြစ်ခဲ့တဲ့သူပဲ။
"ဟုတ်သားပဲ...မေ့နေသေးတာ မင်းတို့ကချစ်လို့ယူတာမှမဟုတ်တာ
ဒီကြားထဲ မင်းကတော်က beta ပဲကို"
"...."
"ဆိုတော့ ဘယ်တော့ကွာရှင်းမှာလဲ...ငါ့အသိတွေထဲက မျိုးကောင်းမျိုးသန့် Omegaနဲ့ချိတ်ပေးမယ်လေ"
"၀မ်ချင်းယူ!"
"ဟက်! ဘာလဲ..၀မ်ရိပေါ် "
"ဟိတ်! ဟိတ်! မင်းတို့နှစ်ကောင်ကတွေ့တာနဲ့သတ်နေကြတဲ့ကောင်တွေ တိတ်ကြစမ်း!"
ဖိုးဖိုးက တုတ်ကောက်ကို စောင့်ချလို့ပြောလိုက်တော့မှနှစ်ယောက်သားငြိမ်သွားကြသည်
ရှောင်ကျန့်ကတော့ မြို့အုပ်၀မ်ကို ကြည့်လိုက် ၀မ်ချင်းယူကိုကြည့်
လိုက်နဲ့ပဲ ။
"ကဲ...ကဲ အမျိုးတွေစုံပြီဆိုတော့လည်း ပွဲလေးစလိုက်ကြရအောင်
ပွဲမှာဘယ်ရာထူးဩဇာအာဏာမှမလိုဘူး ရိုးရိုးလေးဖြတ်သန်းမယ် နောက်ပြီး မင်းတို့နှစ်ကောင် ထပ်လည်းရန်ဖြစ်ရဲကြည့်..."
"...."
ပွဲလေးကသေသွားတဲ့ဘိုးဘေးတွေကို ကန်တော့တာရယ် စားသောက်တာရယ် ဒါပဲရှိတာပဲကို ရှောင်ကျန့်ပျင်းပါတယ်။
"ခန အမျိုးအကုန်လုံးစုနေချိန်မို့လို့ ကျွန်တော်လုပ်စရာရှိပါတယ်"
၀မ်ချင်းယူကာ ပြောပြောဆိုဆိုနဲ့ထကာ သူ့မိန်းမလေးရှေ့မှာဒူး
ထောက်ထိုင်ချလိုက်ပြီး လက်ကိုကိုင်လိုက်သည် ။
"မင်းကိုဒါလေးပေးချင်လို့ပါ"
လက်ကောက်လေးတစ်ကွင်းက ထိုကောင်မလေးရဲ့လက်ပေါ်မှာ
တည်ရှိသွားတယ် ။
"တောင်းပန်ပါတယ်နော်...မဂ်လာဦးလက်ဆောင်ကိုစောစော
ပေးချင်ခဲ့တာ ဒါပေမဲ့....တစ်မျိုးလုံးရဲ့ရှေ့မှာပေးချင်လွန်းလို့
ဒီအချိန်ထိစောင့်နေရတာပါ ကိုယ့်ကိုစိတ်မဆိုးနဲ့နော်"
ပြောပြီးချင်းပဲ သူမလက်ခုံလေးကိုနမ်းလိုက်တဲ့အဆုံး လက်ခုပ်
ဩဘာအသံတွေက ဧည့်ခန်းမထဲအပြည့် ရှောင်ကျန့်တီးတာက
အကျယ်ဆုံးပေါ့ ။
"မိုက်လိုက်တာ...ဝမ်ချင်းယူက အရမ်းချစ်တတ်တာပဲ...."
မြို့အုပ်၀မ် ရှောင်ကျန့်ကိုကြည့်လိုက်သည် ရှောင်ကျန့်ရဲ့တစ်ကိုယ်
လုံးကိုဘေးတစ်စောင်းခြုံငုံကြည့်လိုက်သည် တန်ဖိုးကြီးကြီး
မားမားလည်း မ၀တ်ဆင်ထားသော ရှောင်ကျန့်စီမှာ သူတို့လက်ထပ်တုန်းက၀တ်ဆင်ထားတဲ့လက်စွပ်လေးပဲရှိပါတယ်
ဒီလက်စွပ်လေးတောင်မှ သူတို့ချစ်လို့ကြိုက်လို့ယူထားတဲ့အရာအဖြစ် ၀တ်ဆင်ထားတာ
မှမဟုတ်လေတာ။
"ရှောင်ကျန့်...."
"ဟင်..."
"မဂ်လာဦးလက်ဆောင်လိုချင်လား..."
"...."
ရှောင်ကျန့် မြို့အုပ်၀မ်ကိုကြည့်လိုက်သည် မဂ်လာဦးလက်ဆောင်
ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်ပြီးမှယူရပြီးပေးတဲ့
ဟာမဟုတ်ဘူးလား သူတို့ကချစ်လို့ကြိုက်လို့ယူထားတာမှမဟုတ်တာ ချစ်တဲ့သူကို
တွေ့ရင်ကွာရှင်းဖို့နှစ်ယောက်သားသဘောတူထားပြီးသား ရှောင်ကျန့်ပြုံးပြကာ ခေါင်းအသာလေးခါပြလိုက်တယ်။
"ကျန့်ကျန့်မှာက...မြို့အုပ်၀မ် စန္ဒယားကြီးပေးထားတာပဲကို"
"...."
"ကျန့်ကျန့်တို့က ချစ်လို့ယူထားတာမှမဟုတ်တာကို မြို့အုပ်၀မ်က
ကျန့်ကျန့်ကိုပေးပြီထားဦး နောက်လာမဲ့ မြို့အုပ်၀မ်ကြိုက်တဲ့
မိန်းကလေးသာ သိရင် အရမ်း၀မ်းနည်းမှာပေါ့"
"...."
ရှောင်ကျန့်ကအရှေ့ကိုပဲပြန်ကြည့်ကာ ခပ်ပါးပါးပဲပြုံးနေသည်
ထိုနေ့ညအိမ်ပြန်တဲ့လမ်းမှာသူတို့နှစ်ယောက်ဘာစကားမှမပြော
ခဲ့ပါ။
🐷
"ကျင်းရန်...ကုန်သည်ဈေးကိုတစ်ချက်မောင်းပေးဦး"
"ဘာ၀ယ်မလို့လဲဗျ"
"ဖောင်တိန်"
"ဟာ...အဲ့တာက အံ့ဆွဲထဲမှာအထပ်လိုက်ကြီးလေ မြို့အုပ်၀မ်ရ"
"ငါခိုင်းတဲ့အတိုင်းသာ လုပ်ပါ"
"ဟုတ်ကဲ့...."
အမှန်တော့ ရှောင်ကျန့်အတွက် လက်ဆောင်ပေးချင်လို့ မောင်းခိုင်းတာပင် ကုန်သည်ဈေးကိုရောက်တော့ မြို့အုပ်၀မ်
လျှောက်ကြည့်တယ် ယောကျာ်းလေးအသုံးအဆောင်ပစ္စည်း
တွေဆိုင်ကိုပေါ့ အနောက်ကကျင်းရန်ကလိုက်ကြည့်သည်
ဘာလား...ပြောတော့ဖောင်တိန်ဆို...ဖောင်တိန်ရောင်းတဲ့ဆိုင်
တွေကိုကျော်ပြီး အခြားဆိုင်တွေလိုက်ကြည့်နေတာလား။
ခပ်ကြီးကြီးဆိုင်လေးရောက်တော့ မြို့အုပ်၀မ်အထဲ၀င်လိုက်သည်
ထိုနေရာက ယောကျာ်းလေးတွေအတွက်ရော မိန်းကလေးအတွက်
ရောရောင်းတဲ့ဆိုင်ပင်။
"လူကြီးမင်း ဘာအလိုရှိသလဲရှင့်"
"ဟို..."
မြို့အုပ်၀မ် အခြားတစ်ယောက်ကို လက်ဆောင်တစ်ခါမှမပေးဘူး
ပါ ဘာပေးလို့ပေးရမလဲတောင်မသိဘူး ရှောင်ကျန့်ကြိုက်တာ
ဘာလဲဆိုတာမသိဘူး။
"အိမ်က....အမျိုးသားအတွက်....မဂ်လာဦးလက်ဆောင်ပေးချင်လို့
အဲ့တာ..."
"အော်...ဟုတ်ကဲ့ရှင့်...အမျိုးသားလေးအတွက်လား ဘာများလိုချင်လို့ပါလဲ"
"ဟို...ဟို..."
မြို့အုပ်၀မ်လက်တွေက တောင်ထိုးမြောက်ထိုးနဲ့ ဘာကိုညွှန်ပြ
လို့ညွှန်ပြရမလဲတောင်မသိပါချေ ဒီလောက်ခဲ့ရသလား။
"မရွေးတတ်ဘူးထင်တယ်...အကျီတွေဆိုရင်ရော"
"သူ့မှာ ဗီရိုတစ်ခုလုံးစာရှိတယ် အသစ်တွေကြီးပဲ"
"ဦးထုပ်ရော..."
"ရှိတယ်"
"အဲ့တာဆို...နာရီရော"
"သူ့မှာရှိတယ်"
"နက်ခ်တိုင်ရော"
"သူသိပ်မတပ်ဘူး"
"ရေမွှေးရော"
"သူ့နားကမွှေးပြီးသား"
"...."
ဆိုင်၀န်ထမ်းကောင်မလေးတောင်ကြောင်အသွားပါတယ် ယောကျာ်းလေးတွေရဲ့အသုံးအဆောင်တွေပြောပြီးသွားပြီပဲကို....
အခြားဘာမှပြစရာလည်းမရှိတော့ဘူး ။
"ကျွန်မအကြံပေးရမယ်ဆိုရင်လေ...အမျိုးသားကတိရစ္ဆာန်
ချစ်တတ်ရင် တိရစ္ဆာန်လေးပေးသင့်ပါတယ်"
"သူ့မှာရှိပြီးသား"
"ဂီတ အနုပညာပစ္စည်းလေးဆိုရင်ရော"
"၀ယ်ပေးပြီးသားကြီး"
"ဟိုလေ...ကျွန်မလည်းမညွှန်တတ်တော့ဘူး ယောကျာ်းလေး
တစ်ယောက်ဆိုတော့လည်း မိန်းကလေးဆိုရင်တော့ လက်ကောက်တွေ နားကပ်တွေ ဆွဲကြိုးတွေ ခြေချင်းတွေ
အဲ့တာလေးတွေတော့ညွှန်ပေးနိုင်တယ် အခုက..."
"မင်းလဲခက်ခဲမှာပေါ့..."
"ဟုတ်ကဲ့..."
"နောက်မှ လာခဲ့ပါ့မယ်"
"ဟုတ်ကဲ့ လူကြီးမင်း"
မြို့အုပ်၀မ်ထွက်သွားဖို့အတွက် ခြေလှမ်းပြင်လိုက်တော့ မှန်ဘောင်
ထဲကနေ လင်းလက်နေတဲ့အရာလေးတစ်ခုကိုဖြတ်ခနဲသွားမြင်
သည် ရိုးရိုးရှင်းရှင်းလေးပစ္စည်းလေးတစ်ခုပါပဲ ။
"ဒါလေးပေး"
"ဟုတ်ကဲ့ရှင့်...."
အိတ်ကိုဆွဲလို့ လာရာလမ်းအတိုင်းပဲပြန်ပြီးကားပေါ်ထိုင်လိုက်တော့
ကျင်းရန်ကိုမသိချင်ယောင်ဆောင်လိုက်သည် ။
"မြို့အုပ်၀မ်...ဖောင်တိန်၀ယ်တာရခဲ့လား"
"အင်း...အံဆွဲထဲမှာတစ်ပုံကြီးရှိတာ သတိရသွားတာနဲ့ အားနာလို့
တွေ့ရာကောက်၀ယ်လိုက်တယ်"
"အော်...."
-------------
(24.10.2023)
#Su🐼
Part 20
-------------
"ဘာတွေတွေးနေတာလဲ"
"....."
"ဟုတ်ကဲ့..."
သည်။
"အဲ့တာ မိဘရှိတယ်လေ..."
ခဲ့ရတယ် ။
*ဖတ်*
ကာနမ်းရိုက်ဖို့အပြင်မှာ မြို့အုပ်ဝမ်လက်ကသူ့နူတ်ခမ်းကိုလာ
အုပ်သည် ။
"ကလေးကိုမနမ်းရဘူး"
"ဟုတ်ကဲ့...မိန်းကလေးပါ..."
"သမီးလေးရေ..."
"...."
"...."
"၀မ်ချင်းယူ!"
"ဟက်! ဘာလဲ..၀မ်ရိပေါ် "
လိုက်နဲ့ပဲ ။
"...."
တည်ရှိသွားတယ် ။
အကျယ်ဆုံးပေါ့ ။
မှမဟုတ်လေတာ။
"ရှောင်ကျန့်...."
"ဟင်..."
"...."
"...."
"...."
ခဲ့ပါ။
🐷
"ဘာဝယ်မလို့လဲဗျ"
"ဖောင်တိန်"
"ဟုတ်ကဲ့...."
"ဟို..."
ဘာလဲဆိုတာမသိဘူး။
အဲ့တာ..."
"ဟို...ဟို..."
"ဦးထုပ်ရော..."
"ရှိတယ်"
"အဲ့တာဆို...နာရီရော"
"သူ့မှာရှိတယ်"
"နက်ခ်တိုင်ရော"
"သူသိပ်မတပ်ဘူး"
"ရေမွှေးရော"
"သူ့နားကမွှေးပြီးသား"
"...."
"သူ့မှာရှိပြီးသား"
"၀ယ်ပေးပြီးသားကြီး"
"မင်းလဲခက်ခဲမှာပေါ့..."
"ဟုတ်ကဲ့..."
"နောက်မှ လာခဲ့ပါ့မယ်"
"ဟုတ်ကဲ့ လူကြီးမင်း"
"ဒါလေးပေး"
"ဟုတ်ကဲ့ရှင့်...."
"အော်...."
-------------
(24.10.2023)
#Su🐼