စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

Od Ex_0069

38.1K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... Více

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 6

1K 44 0
Od Ex_0069

Unicode
Episode _ 6

" အဘနဲ့အမေ ခဏလေး.. ခဏလေး "

" ဟာ ဒီကောင် ဘယ်နှယ့်ဇွတ်ဝင်နေရတာလဲ "

ဘုန်းကြီးကျောင်းနားရောက်ဖို့ သိပ်မလိုတဲ့အကွာမှာမို့ ကျုပ်လည်း အဘနဲ့အမေတို့နှစ်ယောက်ကြားကို ဇွတ်ဝင်လိုက်ပြီး အမေ့ရဲ့လက်မောင်းကိုဖက်ထားလိုက်သည်။ ဆယ်ကျော်သက်မို့ ကျုပ်အရပ်က အမေ့ထက်ပိုမြင့်နေတော့ အမေ့လက်မောင်းကိုခါးကြီးကုန်းပြီးတွဲထားတဲ့ကျုပ်ပုံစံက တော်တော်ကြည့်ရဆိုးလှသည်။

အဘက ကျုပ်ကိုစိတ်လေတဲ့ပုံစံနဲ့ကြည့်ပြီး ကျုပ်အနားကနေ ကပ်လိုက်လာသည်။ ကျုပ်သိတာပေါ့။ အဘက အပြင်ပိုင်းမှာသာ အပြောကြမ်းတာ၊ စိတ်ထဲမှာ ကျုပ်ကိုတော်တော်ချစ်တယ်ဆိုတာကို။

ဘုန်းကြီးကျောင်းမုဒ်ဦးပေါက်ရောက်တော့ ကျုပ် အမေ့လက်မောင်းကိုကိုင်ထားတဲ့လက်တွေကို ပိုပြီးတင်းအောင်ဖက်လိုက်တယ်။ အမှတ်မရှိတဲ့ကျုပ်မျက်လုံးတွေက ဟိုဘီလူးနှစ်ကောင်ရုပ်ထုကိုလှမ်းကြည့်မိသေးတာ။ အဲ့ဘီလူးနှစ်ကောင်ကလည်း ကျုပ်ကိုကြည့်နေသလို ခံစားရတယ်ဗျ။ ပြီးတော့ ဘီလူးနှစ်ကောင်ရဲ့မျက်လုံးတွေက အသက်ဝင်နေသလိုပဲ၊ ကျုပ်စိတ်ထဲမှာ အဲ့ဘီလူးနှစ်ကောင်က လှုပ်ရှားလာပြီး ကျုပ်ကိုတစ်ခုခုလုပ်တော့မယ်လို့ ထင်နေမိတယ်။

" ကဲ ဟေ့ကောင်... ရပြီ၊ ငါ့မိန်းမလက်ကို လွှတ်လိုက်တော့ "

" သိပါတယ်.. အဘကလည်း၊ သူ့မိန်းမကို လာပြီးတိုနေသေးတယ်...၊ အမေက အဘမိန်းမဆိုပေမဲ့ ကျုပ်အမေပါဗျ...၊ အဘရောက်နေတာ ဘုန်းကြီးကျောင်းနော်... "

" တယ်!.. ငါ ဖိနပ်နဲ့ကောက်ပေါက်လိုက်ရ "

" ဟ.. ဟား...၊ အဘရဲ့ဖိနပ်က မုဒ်ဦးဝမှာချွတ်ထားခဲ့ပြီလေ.. ဟား..... "

သီလပေးမဲ့ ဘဘုန်းကျောင်းဆောင်ပေါ်တက်တော့မှာမို့ ကျုပ်လည်း အဘကိုပြောပြီး ကျောင်းဆောင်ပေါ်တစ်ချိုးတည်းပြေးတက်တော့တာပဲ။

ကျုပ်ကျောင်းဆောင်ပေါ်ရောက်တော့ ဘဘုန်းက ကျောင်းဆောင်ပေါ်ကိုကြွမလာသေးဘူး။ ဘဘုန်းက ကျယ်ကျယ်ဝန်းဝန်းနဲ့သွပ်မိုးထားတဲ့နှစ်ထပ်ကျွန်းကျောင်းဆောင်ပေါ်မှာမနေဘဲ တစ်ပါးတည်း ထန်းရွက်တဲလေးမှာသီတင်းသုံးသည်။ ဒီကျောင်းဆောင်ကြီးရဲ့အောက်ထပ်က ကိုရင်လေးတွေအိပ်ကြတဲ့ဟောခန်းကျယ်ကြီးဖြစ်ပြီး အခုကျုပ်ရောက်နေတဲ့အပေါ်ထပ်ကတော့ အလွန်သပ္ပါယ်ကြည်ညိုစရာကောင်းလွန်းတဲ့ဘုရားခန်းရှိတယ်။ တရားပွဲရှိတိုင်း သီလပေးတိုင်း ဘဘုန်းက ဒီအပေါ်ထပ်မှာကျင်းပပေးလေ့ရှိသည်။

ကျုပ်က သီလလာယူကြတဲ့ဥပုဂ်သည်တွေကြားထဲမှာ ဆင်ပေါက်ကိုမျက်စိဝေ့ပြီးလိုက်ရှာကြည့်တော့ ဆင်ပေါက်ကိုမတွေ့သေးဘူးဗျ။ ကြည့်ရတာ ဆင်ပေါက်က ကျုပ်အမ စုစုစံဆီသွားနေတာပဲနေမှာ။ ကျုပ်လည်း ကျောင်းဆောင်ပေါ်ကနေ ချက်ချင်းပြန်ဆင်းတာပေါ့။

" ဟေ့ကောင် အဲ့တာက ဘယ်တုန်း...၊ ဘဘုန်း ကြွလာတော့မှာကွ "

" အမဆီသွားမလို့ပါ... အဘကလည်း "

" အပိုတွေပြောမနေနဲ့.. ဟေ့ကောင်၊ ငါ့သားငယ်ကို မတွေ့လို့ပြန်ဆင်းလာတာမလား.... "

" ဆင်ပေါက်ကို တွေ့ခဲ့တာလား "

အဘပြောတာလည်း မှန်နေတာမို့ ကျုပ်လည်းငြင်းမနေတော့ဘူးလေ။

" ဘာလဲ.. ငါ့သားထက်အရင် အခြားသူတွေက ရှင်မွှေးလေးကို ရေလောင်းမှာစိုးနေတာလား...၊ စိတ်ချပါ ငါ့သားရယ်...၊ မင်းရဲ့ဆင်ပေါက်ကို မင်းထက်အရင် ဒီရွာမှာဘယ်သူမှရေမလောင်းရဲပါဘူး... အမလေး ဖြစ်နေလိုက်တာ "

" ဟာဗျာ.. အမေကလည်း "

ကျုပ်အကြောင်းကို အမေရော၊ အဘရော၊ တစ်ရွာလုံးရော နှောကျေနေပြီလေ။ သင်္ကြန်အကျနေ့မှာ ကျုပ်က ဆင်ပေါက်ကို ပထမဆုံးရေလောင်းရမှကျေနပ်တာဗျ။ အကြိုနေ့မှာ ရွာက ကလေးပေါက်စနလေးတွေကလွဲပြီး ဘယ်သူမှရေမပတ်ကြသေးဘူးလေ။ ဒီနေ့ကျမှ လူကြီး၊ လူငယ်၊ ကလေးကအစ ခွေးအဆုံး တစ်ရွာလုံး ရေကစားကြတာဗျ။ ခုနကစကားလေးကို ပြန်ဆက်ပါအုံးမယ်။ ဟိုအရင်နှစ်တစ်နှစ်က ကျုပ်က ဆင်ပေါက်ကိုရေသွားလောင်းဖို့ သူ့အိမ်ကို အစောကြီးသွားတာဗျာ။ ဆင်ပေါက်က အရီးလေးနဲ့အတူတူ ဥပုဂ်သီလသွားယူတယ်တဲ့လေ။ ကျုပ်လည်း ဆင်ပေါက်ပြန်အလာကို သူ့အိမ်ကနေပဲစောင့်နေလိုက်တယ်။ ဒါပေမဲ့ အဲ့ကောင်ဆင်ပေါက်ပြန်လာတော့ တစ်ကိုယ်လုံးရေတွေရွဲစိုနေတာပဲ။ ကျုပ် တော်တော်ဒေါသထွက်သွားတာ။ အဲ့ကောင်ကို ရေလောင်းလိုက်တဲ့ကလေးတွေကအစ ကျွန်တော့်ထက်ကြီးတဲ့သူတွေအဆုံး ကျုပ်က တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြီးပြဿနာရှာတာလေ။ အမေနဲ့အရီးလေးက ကျုပ်ကိုနောက်နေ လိုက်ထိန်းတာ။ အဲ့တုန်းက ကျုပ် တော်တော်ဒေါသထွက်နေမှန်း မြင်ရုံနဲ့သိသာတယ်၊ ဘယ်သူမှ လိုက်ထိန်းတာမရဘူး။ ဆင်ပေါက်ကတော့ ကျုပ်ဒေါသထွက်နေတာမြင်ပြီး ဘာမှလည်းမပြောရဲ၊ ကျုပ်ကိုကြောက်ပြီး ငိုပဲငိုနေတော့တာ။ အဲ့ကောင်ငိုလေ ကျုပ်ဒေါသကပိုဆိုးလေပဲ။ နောက် ကျုပ်ကို ပြောမရထိန်းမရဖြစ်လို့ အဘကိုယ်တိုင်ကြိမ်နဲ့ဆော်မှ ကျုပ်လည်းငြိမ်သွားတာ။ ဆင်ပေါက်ကိုယ်တိုင်ကလည်း နောက်တစ်ခါဆို ကျုပ်အရင် ဘယ်သူမှသူ့ကိုရေမလောင်းခိုင်းတော့ပါဘူးလို့ ကတိပေးတယ်လေ။ အဲ့တော့မှ ကျုပ် စိတ်လျော့လိုက်တာ။ အဲ့အချိန်ကစပြီး သင်္ကြန်ရောက်တိုင်း ဆင်ပေါက်ကို ဒီရွာမှာ ကျုပ်ထက်အရင် ဘယ်သူကမှရေမလောင်းရဲကြတော့ဘူးလေ။

ကျုပ်လည်း ကျောင်းဆောင်အောက်ဆင်းပြီး ဆင်ပေါက်ကိုလိုက်ရှာတော့ ကျောင်းသင်္ခန်းသိမ်ထဲမှာ ဥပုဂ်သည်တွေသီလယူပြီးတာနဲ့မနက်စာစားဖို့အတွက် ပြင်ဆင်ရင်းအလုပ်ရှုပ်နေတဲ့ကျုပ်အမနဲ့ဆင်ပေါက်ကို လှမ်းတွေ့လိုက်တယ်ဗျ။ ဆင်ပေါက်က ပန်းကန်ပြားတွေကို စားပွဲပေါ်မှာစီနေတာဗျ။

" ဆင်ပေါက်... "

" ဟဲ့.. နင့်အမ ငါတစ်ယောက်လုံး ဒီမှာစားပွဲတွေမပြီးရွေ့နေတာနော်... "

ကျုပ်က ဆင်ပေါက်အနားကိုသွားတော့ ကျုပ်ရဲ့မတည့်အတူနေအမက လှမ်းအော်တော့တာပဲ။ ဟိုကောင်ဇော်ဝင်း ကျုပ်အမကို ဘာကိုကြည့်ပြီးကြိုက်တာလဲဆိုတာ ကျုပ်လုံးဝစဥ်းစားမရဘူးဗျာ။ ရုပ်ကလည်း ယောက်ျားလေးဖြစ်တဲ့ဆင်ပေါက်လောက်တောင်ကြည့်လို့မကောင်းဘဲနဲ့၊ အသံကလည်း ခုနှစ်အိမ်၊ရှစ်အိမ်လောက် ကြားလောက်တဲ့အသံနဲ့။ လက်သံကလည်း နပန်းသမားဝင်စားသလားမသိ၊ ပြောင်လိုက်တာမှ အဘသမီးလို့ပြောပြစရာတောင်မလိုဘူး။

" မြင်တယ်လေ... နင့်ကို "

ကျုပ်လည်း အမကိုဘုနဲ့ဘောက်ပြောပြီး ဆင်ပေါက်ရဲ့လက်ထဲကပန်းကန်ပြားအထပ်လိုက်ကိုလက်လွှဲပြီးယူလိုက်သည်။

" ငါ ကိုင်ပေးမယ်..၊ မင်းက နေရာပဲလိုက်ချလိုက် "

" အင်း.. "

ဆင်ပေါက်က ဒီနေ့မှယောပုဆိုးအပြာရောင်လေးကို စတစ်လက်ရှည်အင်္ကျီအဖြူလေးနဲ့သပ်သပ်ရပ်ရပ်လေးပြင်ထားတာဗျ။ မသိရင် ကလေးတစ်ယောက်က လူပျိုပေါက်လေးလိုပဲများပြီး ပြင်ထားတဲ့အတိုင်းပဲ။ ဒီကောင့်အသက်က ဆယ့်ခြောက်နှစ်သာဆိုတယ် ရုပ်က အခုထိ ကလေးရုပ်ပဲ။ သူနဲ့ကျုပ်ဆို ကျုပ်က အကိုကြီးကျနေတာပဲ၊ ကျုပ်ရုပ်က ရင့်နေတာမဟုတ်ဘူး၊ သူ့မျက်နှာနဲ့ခန္ဓာကိုယ်အရွယ်အစားကိုက ကလေးနဲ့တူနေတာ။

" မနေ့က ငါပြန်သွားတော့ အရီးလေးနဲ့ဦးကြီးက ဆူသေးလား "

" မဆူပါဘူး...၊ ငါ့အဘနဲ့ငါ့အမေက ဘယ်တုန်းက ငါ့ကိုဆူဖူးလို့လဲ...၊ တစ်ရွာလုံးမှာ ငါ့ကိုဆူပြီးဒေါသထွက်တာဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတာ "

" လူက အားနည်းတာတို့...၊ မူးတာတို့ဖြစ်သေးလား...၊ နေမကောင်းချင်တာမျိုးရော "

" အင်း မဖြစ်ပါဘူး၊ ဒါပေမဲ့ နောက်တခါကျရင်တော့ တောထဲကို မလိုက်တော့ဘူး၊ ငါ ကြောက်သွားပြီ "

" အေး မင်းက ငါ့စကားမှနားမထောင်တာ...၊ ငါ့စကားသာ နားထောင်ရင်.. "

" တော်.. တန်.. တိတ် ၊ ငါ့ကို စောစောစီးစီးလာမဆူနဲ့နော်၊ ငါ ဘဘုန်းနဲ့တိုင်ပြောမှာ "

ကျွန်တော်လည်း အခုချိန်လေးပဲတေလွန်းကိုအနိုင်ယူနိုင်တာမို့ ဘဘုန်းနဲ့ခြိမ်းခြောက်လိုက်သည်။ တေလွန်းက သူ့အဘကိုရိုသေပြီးကြောက်ရွံ့ပေမဲ့ အပြစ်မလုပ်ရဲသည်တော့မဟုတ်။ သူ့အဘမကြိုက်တာကို ခိုးလုပ်တတ်သည်။ သို့သော် ဘဘုန်းကိုတော့ ထိုသို့မလုပ်ရဲ။ ဘဘုန်း မကြိုက်တာဆို တေလွန်းမှာ ရှေ့တင်မှာရော၊ကွယ်ရာမှာပါ ဘာတစ်ခုမှမလုပ်ရဲပေ။

မနေ့က တောထဲကပြန်ဆရာက်ရောက်ချင်း ကျွန်တော့်မိဘတွေနဲ့တေလွန်းရဲ့မိဘတွေက ဘဘုန်းဆီခေါ်သွားသည်။ တေလွန်းကတော့ မလိုက်ဘူးလေ။ သူက ဘဘုန်းဆီကိုသွားမယ်ဆိုရင် တီကောင်ဆားနဲ့ပတ်လိုက်သလိုပဲ။ ဘဘုန်းက ကျွန်တော့်ကိုပရိတ်ရေတိုက်ပြီး ဂါထာတချို့မန်းမှုတ်ပေးကာ ကျွန်တော်ရယ်၊ ကျွန်တော့်အမေနဲ့မေကြိုင်ရယ်ကိုပြန်လွှတ်လိုက်သည်။ ကျွန်တော့်အဘနဲ့တေလွန်းရဲ့အဘကတော့ ဘဘုန်းက​မိန့်စရာရှိတယ်ဆိုပြီး ဘုန်းကြီးကျောင်းမှာနေခဲ့သေးတယ်။ အဘပြန်လာတော့ အဘပြောတာက ကျွန်တော်နဲ့တေလွန်း တောထဲမှာတောစောင့်နတ်မကြိုက်တာလုပ်မိလို့တောစောင့်နတ်ကစိတ်ဆိုးပြီး တောမှောက်ပြတာလို့ပြောတာပဲ။ ကျွန်တော် ဘုန်းကြီးကျောင်းသွားတဲ့အချိန်ကစ အဘအိမ်ကိုပြန်ရောက်လာတဲ့အချိန်အထိ တေလွန်းက ကျွန်တော့်အိမ်မှာ ဘယ်မှမသွားဘဲ ရှိနေသေးတယ်လေ။ တေလွန်းက တောစောင့်နတ်ကိုတောင် ဒေါသထွက်ပြီး ကြိမ်းမောင်းနေသေးတယ်။ အဘကတော့ တေလွန်းကိုကြည့်ပြီး ခေါင်းတရမ်းရမ်းနဲ့၊ အမေကတော့ တေလွန်းကို အဲ့လိုမပြောဖို့တားတာပါပဲ။ တေလွန်းကတော့ ထုံးစံအတိုင်း သူဒေါသပြန်ပြေမှ ကျွန်တော့်ကိုဆူပြီး အိမ်ကနေပြန်သွားတာ။

" အေးပါကွာ.... လာ ဒါတွေကိုထားခဲ့တော့၊ ငါတို့ ပြန်ရအောင် "

" ဟာ... ဘဘုန်းတောင် သီလမပေးရသေးဘူး၊ ဘာကိုပြန်မှာလဲ.. "

" အောင်မာ မင်းက ဥပုဂ်စောင့်အုံးမလို့လား...၊ ဥပုဂ်လည်းမစောင့်ဘဲနဲ့ သီလယူမနေနဲ့ကွာ "

ကျွန်တော့်လက်ကို အတင်းဆွဲပြီးပြန်ဖို့ပြောနေတဲ့တေလွန်းကို ကျွန်တော်လည်းမနိုင်ပေ။ အမစုစုစံက သူ့မောင်ဖြစ်သူကြောင်းနှောကျေနေသလို သူဝင်ပြောလည်း တေလွန်းကိုမနိုင်တော့ ဘာမှဝင်မပြောဘူး။

" ဘဘုန်းသိရင် ရိုက်ခံရလိမ့်မယ်ကွ "

" မရိုက်ပါဘူးကွာ...၊ ငါတို့အဘတွေ ကြည့်ပြောထားလိမ့်မယ်၊ မင်းက ရေမပက်တော့ဘူးလား...၊ ရွာလယ်မှာအုန်းလက်မဏ္ဍုတ်ဆောက်နေပြီနော်..၊ ပြီးတော့ အခုကတည်းက မုန့်လုံးရေပေါ်လုပ်ဖို့ပြင်နေကြပြီ...၊ ရွာထဲက ကလေးတွေလည်းရောက်နေကြပြီ...၊ အခြားသူတွေလည်းရောက်နေပြီ...၊ ဒီအချိနိဆို ရေတောင်ပတ်နေကြလောက်ပြီကွ "

ကျုပ်လည်း ဆင်ပေါက်ကို မရမကမဲဆွယ်ပစ်လိုက်သည်။ ကလေးစိတ်မကုန်သေးတဲ့ ဒီဆင်ပေါက်က အခုလိုပြောရင်လက်ခံမယ်ဆိုရင် ကျုပ်သိတာပေါ့။ ဒီကောင်က ကလေးတွေနဲ့အပြိုင် ရေဆော့ချင်တဲ့ကောင်လေ။ တစ်နေကုန်ရေပတ်ဆိုရင်တောင် ဒီကောင်ကပျော်လွန်းလို့ထကမဲ့ကောင်။ မနှစ်သင်္ကြန်တုန်းကလည်း အဲ့အတိုင်းပဲ။ ကျုပ်ကပဲ အဲ့ကောင်ဘေးကနေ လိုက်ထိန်းနေရတာ။ ဒါပေမဲ့ ဒီကောင်ပျော်နေရင် ကျုပ်ကျေနပ်တယ်ဗျာ။ ဒီကောင်က အဲ့အချိန်ကျရင် တကယ်ချစ်စရာကောင်းတယ်ဗျ။ ကလေးတွေနဲ့အပြိုင် ရေအပက်မခံတဲ့သူကိုစိတ်ကောက်ရတာနဲ့ အိမ်ထဲကအိမ်အပြင်မထွက်တဲ့လူပျိုကြီး၊ အပျိုကြီးတွေကို အိမ်ထဲထိလိုက်ပြီးရေပက်ရတာနဲ့၊ ရေပက်မခံချင်လို့ရှောင်နေတဲ့လူကို အကွယ်နေရာကနေချောင်းပြီးရေလိုက်ပက်ရတာနဲ့ တကယ့်ကိုကလေးလေးကျနေတာပဲဗျာ။

" ပြီးတာပဲ.. အဲ့တာဆိုလည်း ဘဘုန်းရိုက်ရင် မင်းပဲ အရိုက်ခံရမှာနော်... "

" အေးပါ ... အဲ့တာဆို သွားကြမယ်၊ အမ ကျုပ်တို့ပြန်တော့မယ်... အဘနဲ့ဦးကြီးတို့မေးရင် ကျုပ်ဆင်ပေါက်ကိုခေါ်သွားပြီလို့သာ ပြောလိုက်တော့ "

" အေး အေး လုပ်ဟေ့! ကုသိုလ်လုပ်တာကို မကူညီတဲ့အပြင် ကူနေတဲ့လူကိုပါ လာဖျက်စီးနေတာ... ကြွ! ကြွ... "

အမက ကျုပ်ကိုကြည့်ပြီး မဲ့ရွဲ့ကာပြောသည်။ ဆင်ပေါက်အလှည့်ကျ အပြောင်းအလဲက ကျုပ်နဲ့ဆီနဲ့ရေလို ကွာသည်။ မျက်နှာနဲ့အသံက ပြုံးလို့ချိုလို့။ ​

" ရှင်မွှေးလေး ငတေက ရှင်မွှေးလေးကိုအနိုင်ကျင့်ရင် အမကိုပြောနော်...၊ အမ အဘနဲ့တိုင်ပြောပေးမယ် သိလား "

" ဟုတ်ကဲ့ မမစု "

ကျုပ်ရဲ့အမက ထုံးစံအတိုင်း ဆင်ပေါက်ကို မှာတာလေ။ မသိရင် ကျုပ်က ဆင်ပေါက်ကိုအမြဲအနိုင်ကျင့်နေသလိုပဲ။ အဘသမီးလို့မပြောရဘူး၊ အဘနဲ့တသ်ထေရာတည်း။ ဒါပေမဲ့ ကျုပ်အမက သူ့ကိုယ်သူတော့ သိတယ်ဗျ။ ကျုပ်ကို သူမနိုင်မှန်းသိတော့ အဘနဲ့ပဲတိုင်ပြောမယ်ချည်းချတာ။

" ဖြေးဖြေးသွားဟ ဆင်ပေါက်ရ "

" ဘာဖြစ်နေတာလဲ မင်းက "

" ဆင်ပေါက် မင်းသိရဲ့သားနဲ့၊ ငါ ဆွဲထိုးလိုက်မှာနော် "

ကျုပ်ရှေ့ကနေ ခြေလှမ်းမြန်မြန်နဲ့သွားနေတဲ့ဆင်ပေါက်ရဲ့လက်ကိုလှမ်းဆွဲပြီး ဟောက်လိုက်တယ်။ ဒီဆင်ပေါက်က ကျုပ်ကိုတမင်သပ်သပ်အကျင့်ယုတ်နေမှန်း အရမ်းသိသာတယ်။ ဘုန်းကြီးကျောင်းမုဒ်ဝနားကိုရောက်လေ ကျုပ်ကိုမစောင့်ဘဲခပ်မြန်မြန်သွားလေပဲ။

" မင်းနော်...၊ ငါ ဘဘုန်းနဲ့လှမ်းတိုင်လိုက်မယ် "

ကျွန်တော့်ကို လက်သီးနဲ့ရွယ်နေတဲ့တေလွန်းကို ကျွန်တော်လည်း မျက်နှာထားတင်းတင်းနဲ့ပြန်ပြောပစ်လိုက်တယ်လေ။ အခုချိန်မှာ ကျွန်တော်က စင်ပေါ်ကလူ မဟုတ်လား။ တေလွန်းက ဘဘုန်းကိုလည်းကြောက်သလို ကျောင်းမုဒ်ဝကဘီလူးနှစ်ကောင်ကိုလည်း ကြောက်တယ်လေ ဟ.. ဟား...။

" အဲ့တာဆို မင်းအကျင့်မယုတ်နဲ့လေ "

" အေးပါ လာ.. ငါ့လက်ကိုတွဲ "

ကျုပ်လည်း ဆင်ပေါက်ရဲ့လက်ကိုတွဲပြီး မုဒ်ဝကိုရောက်တော့ နောက်ပြန်လှည့်မကြည့်ဘဲ ခပ်မြန်မြန်ပဲ ဘုန်းကြီးကျောင်းကိုကျောခိုင်းကာ ထွက်လာခဲ့တယ်။

" ခဏလေး.. ခဏလေးနေအုံး ဆင်ပေါက် "

" ဘာဖြစ်ပြန်ပြီလဲ... "

" ခဏလေး.. လာ ငါနဲ့လိုက်ခဲ့ "

ကျွန်တော့်ကို လမ်းတစ်ဝက်ရောက်မှရပ်ခိုင်းပြီး လက်ဆွဲကာ အဖွားရီတို့ဝိုင်းထဲကိုဝင်သွားတဲ့တေလွန်းကြောင့် ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့နောက်ကလိုက်သွားရသည်။ အဖွားရီဆိုတာ ကျွန်တော်တို့ရွာမှာ အသက်အကြီးဆုံးအဖွားဖြစ်သည်။ အဖွားရီမှာ သားသုံးယောက်ရှိပြီး ထိုသုံးယောက်အနက်သားအကြီးဆုံးဖြစ်တဲ့လူပျိုကြီးနဲ့အတူတူနေသည်။ အခုတော့ အဖွားရီရဲ့အိမ်မှာ ဘယ်သူမှမရှိ။ အဖွားရီတို့သားအမိနှစ်ယောက်စလုံး ဥပုဂ်ကျောင်းသွားကြသည်။ ကျွန်တော်တို့ရွာက သူခိုး၊သူဝှက်မရှိတာမို့ ဘယ်အိမ်မဆို စိတ်ချလက်ချနဲ့ခြံတံခါးကိုကျွဲ၊နွား၊ခွေး၊အခြားတိရစ္ဆာန်တွေမဝင်ရရုံမျှသာစေ့ထားကြပြီးသော့မခတ်တတ်ကြပေ။

ကျုပ် ဆင်ပေါက်ရဲ့လက်ကိုဆွဲပြီး အဖွားရီတို့ဝိုင်းထဲက စဥ့်အိုးနားကိုဆွဲခေါ်ခဲ့သည်။ ပြီးတော့မှ စဥ့်အိုးထဲကရေကို ကြေးဖလားနဲ့အပြည့်ခပ်ပြီး ဆင်ပေါက်ကို ပခုံးကနေစပြီးလောင်းလိုက်သည်။ ရေစိုသွားတဲ့ဆင်ပေါက်ကိုကြည့်ပြီး သင်္ကြန်ရောက်တိုင်း ဆင်ပေါက်ကိုပထမဆုံးရေလောင်းခွင့်ရှိတဲ့သူဟာ ကျုပ်တစ်ယောက်တည်းရှိသည်ဟုတွေးမိတော့ ကျုပ်စိတ်ထဲမှာအတော့်ကိုကျေနပ်သွားသည်။ ဆင်ပေါက်ကလည်း အလိုက်တသိပင် စဥ့်အိုးထဲကနေရေတစ်ခွက်အပြည့်ပြန်ခပ်ကာ ကျုပ်ကိုပခုံးကနေရေလောင်းသည်။ အချင်းချင်းရေလောင်းကြပြီးနောက် နှစ်ယောက်သား မတိုင်ပင်ပါပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အားရပါးရရယ်မိကြသေးသည်။

Next episode ............

Zawgyi
Episode _ 6

" အဘနဲ႔အေမ ခဏေလး.. ခဏေလး "

" ဟာ ဒီေကာင္ ဘယ္ႏွယ့္ဇြတ္ဝင္ေနရတာလဲ "

ဘုန္းႀကီးေက်ာင္းနားေရာက္ဖို႔ သိပ္မလိုတဲ့အကြာမွာမို႔ က်ဳပ္လည္း အဘနဲ႔အေမတို႔ႏွစ္ေယာက္ၾကားကို ဇြတ္ဝင္လိုက္ၿပီး အေမ့ရဲ့လက္ေမာင္းကိုဖက္ထားလိုက္သည္။ ဆယ္ေက်ာ္သက္မို႔ က်ဳပ္အရပ္က အေမ့ထက္ပိုျမင့္ေနေတာ့ အေမ့လက္ေမာင္းကိုခါးႀကီးကုန္းၿပီးတြဲထားတဲ့က်ဳပ္ပံုစံက ေတာ္ေတာ္ၾကည့္ရဆိုးလွသည္။

အဘက က်ဳပ္ကိုစိတ္ေလတဲ့ပံုစံနဲ႔ၾကည့္ၿပီး က်ဳပ္အနားကေန ကပ္လိုက္လာသည္။ က်ဳပ္သိတာေပါ့။ အဘက အျပင္ပိုင္းမွာသာ အေျပာၾကမ္းတာ၊ စိတ္ထဲမွာ က်ဳပ္ကိုေတာ္ေတာ္ခ်စ္တယ္ဆိုတာကို။

ဘုန္းႀကီးေက်ာင္းမုဒ္ၪီးေပါက္ေရာက္ေတာ့ က်ဳပ္ အေမ့လက္ေမာင္းကိုကိုင္ထားတဲ့လက္ေတြကို ပိုၿပီးတင္းေအာင္ဖက္လိုက္တယ္။ အမွတ္မရိွတဲ့က်ဳပ္မ်က္လံုးေတြက ဟိုဘီလူးႏွစ္ေကာင္ရုပ္ထုကိုလွမ္းၾကည့္မိေသးတာ။ အဲ့ဘီလူးႏွစ္ေကာင္ကလည္း က်ဳပ္ကိုၾကည့္ေနသလို ခံစားရတယ္ဗ်။ ၿပီးေတာ့ ဘီလူးႏွစ္ေကာင္ရဲ့မ်က္လံုးေတြက အသက္ဝင္ေနသလိုပဲ၊ က်ဳပ္စိတ္ထဲမွာ အဲ့ဘီလူးႏွစ္ေကာင္က လႈပ္ရွားလာၿပီး က်ဳပ္ကိုတစ္ခုခုလုပ္ေတာ့မယ္လို႔ ထင္ေနမိတယ္။

" ကဲ ေဟ့ေကာင္... ရၿပီ၊ ငါ့မိန္းမလက္ကို လႊတ္လိုက္ေတာ့ "

" သိပါတယ္.. အဘကလည္း၊ သူ႔မိန္းမကို လာၿပီးတိုေနေသးတယ္...၊ အေမက အဘမိန္းမဆိုေပမဲ့ က်ဳပ္အေမပါဗ်...၊ အဘေရာက္ေနတာ ဘုန္းႀကီးေက်ာင္းေနာ္... "

" တယ္!.. ငါ ဖိနပ္နဲ႔ေကာက္ေပါက္လိုက္ရ "

" ဟ.. ဟား...၊ အဘရဲ့ဖိနပ္က မုဒ္ၪီးဝမွာခြၽတ္ထားခဲ့ၿပီေလ.. ဟား..... "

သီလေပးမဲ့ ဘဘုန္းေက်ာင္းေဆာင္ေပၚတက္ေတာ့မွာမို႔ က်ဳပ္လည္း အဘကိုေျပာၿပီး ေက်ာင္းေဆာင္ေပၚတစ္ခ်ိဳးတည္းေျပးတက္ေတာ့တာပဲ။

က်ဳပ္ေက်ာင္းေဆာင္ေပၚေရာက္ေတာ့ ဘဘုန္းက ေက်ာင္းေဆာင္ေပၚကိုႂကြမလာေသးဘူး။ ဘဘုန္းက က်ယ္က်ယ္ဝန္းဝန္းနဲ႔သြပ္မိုးထားတဲ့ႏွစ္ထပ္ကြၽန္းေက်ာင္းေဆာင္ေပၚမွာမေနဘဲ တစ္ပါးတည္း ထန္းရြက္တဲေလးမွာသီတင္းသံုးသည္။ ဒီေက်ာင္းေဆာင္ႀကီးရဲ့ေအာက္ထပ္က ကိုရင္ေလးေတြအိပ္ၾကတဲ့ေဟာခန္းက်ယ္ႀကီးျဖစ္ၿပီး အခုက်ဳပ္ေရာက္ေနတဲ့အေပၚထပ္ကေတာ့ အလြန္သပၸါယ္ၾကည္ညိုစရာေကာင္းလြန္းတဲ့ဘုရားခန္းရိွတယ္။ တရားပြဲရိွတိုင္း သီလေပးတိုင္း ဘဘုန္းက ဒီအေပၚထပ္မွာက်င္းပေပးေလ့ရိွသည္။

က်ဳပ္က သီလလာယူၾကတဲ့ဥပုဂ္သည္ေတြၾကားထဲမွာ ဆင္ေပါက္ကိုမ်က္စိေဝ့ၿပီးလိုက္ရွာၾကည့္ေတာ့ ဆင္ေပါက္ကိုမေတြ့ေသးဘူးဗ်။ ၾကည့္ရတာ ဆင္ေပါက္က က်ဳပ္အမ စုစုစံဆီသြားေနတာပဲေနမွာ။ က်ဳပ္လည္း ေက်ာင္းေဆာင္ေပၚကေန ခ်က္ခ်င္းျပန္ဆင္းတာေပါ့။

" ေဟ့ေကာင္ အဲ့တာက ဘယ္တုန္း...၊ ဘဘုန္း ႂကြလာေတာ့မွာကြ "

" အမဆီသြားမလို႔ပါ... အဘကလည္း "

" အပိုေတြေျပာမေနနဲ႔.. ေဟ့ေကာင္၊ ငါ့သားငယ္ကို မေတြ့လို႔ျပန္ဆင္းလာတာမလား.... "

" ဆင္ေပါက္ကို ေတြ့ခဲ့တာလား "

အဘေျပာတာလည္း မွန္ေနတာမို႔ က်ဳပ္လည္းျငင္းမေနေတာ့ဘူးေလ။

" ဘာလဲ.. ငါ့သားထက္အရင္ အျခားသူေတြက ရွင္ေမႊးေလးကို ေရေလာင္းမွာစိုးေနတာလား...၊ စိတ္ခ်ပါ ငါ့သားရယ္...၊ မင္းရဲ့ဆင္ေပါက္ကို မင္းထက္အရင္ ဒီရြာမွာဘယ္သူမွေရမေလာင္းရဲပါဘူး... အမေလး ျဖစ္ေနလိုက္တာ "

" ဟာဗ်ာ.. အေမကလည္း "

က်ဳပ္အေၾကာင္းကို အေမေရာ၊ အဘေရာ၊ တစ္ရြာလံုးေရာ ေနွာေက်ေနၿပီေလ။ သႂကၤန္အက်ေန့မွာ က်ဳပ္က ဆင္ေပါက္ကို ပထမဆံုးေရေလာင္းရမွေက်နပ္တာဗ်။ အႀကိဳေန့မွာ ရြာက ကေလးေပါက္စနေလးေတြကလြဲၿပီး ဘယ္သူမွေရမပတ္ၾကေသးဘူးေလ။ ဒီေန့က်မွ လူႀကီး၊ လူငယ္၊ ကေလးကအစ ေခြးအဆံုး တစ္ရြာလံုး ေရကစားၾကတာဗ်။ ခုနကစကားေလးကို ျပန္ဆက္ပါအံုးမယ္။ ဟိုအရင္ႏွစ္တစ္ႏွစ္က က်ဳပ္က ဆင္ေပါက္ကိုေရသြားေလာင္းဖို႔ သူ႔အိမ္ကို အေစာႀကီးသြားတာဗ်ာ။ ဆင္ေပါက္က အရီးေလးနဲ႔အတူတူ ဥပုဂ္သီလသြားယူတယ္တဲ့ေလ။ က်ဳပ္လည္း ဆင္ေပါက္ျပန္အလာကို သူ႔အိမ္ကေနပဲေစာင့္ေနလိုက္တယ္။ ဒါေပမဲ့ အဲ့ေကာင္ဆင္ေပါက္ျပန္လာေတာ့ တစ္ကိုယ္လံုးေရေတြရြဲစိုေနတာပဲ။ က်ဳပ္ ေတာ္ေတာ္ေဒါသထြက္သြားတာ။ အဲ့ေကာင္ကို ေရေလာင္းလိုက္တဲ့ကေလးေတြကအစ ကြၽန္ေတာ့္ထက္ႀကီးတဲ့သူေတြအဆံုး က်ဳပ္က တစ္အိမ္တက္တစ္အိမ္ဆင္း လိုက္ၿပီးျပႆနာရွာတာေလ။ အေမနဲ႔အရီးေလးက က်ဳပ္ကိုေနာက္ေန လိုက္ထိန္းတာ။ အဲ့တုန္းက က်ဳပ္ ေတာ္ေတာ္ေဒါသထြက္ေနမွန္း ျမင္ရံုနဲ႔သိသာတယ္၊ ဘယ္သူမွ လိုက္ထိန္းတာမရဘူး။ ဆင္ေပါက္ကေတာ့ က်ဳပ္ေဒါသထြက္ေနတာျမင္ၿပီး ဘာမွလည္းမေျပာရဲ၊ က်ဳပ္ကိုေၾကာက္ၿပီး ငိုပဲငိုေနေတာ့တာ။ အဲ့ေကာင္ငိုေလ က်ဳပ္ေဒါသကပိုဆိုးေလပဲ။ ေနာက္ က်ဳပ္ကို ေျပာမရထိန္းမရျဖစ္လို႔ အဘကိုယ္တိုင္ႀကိမ္နဲ႔ေဆာ္မွ က်ဳပ္လည္းၿငိမ္သြားတာ။ ဆင္ေပါက္ကိုယ္တိုင္ကလည္း ေနာက္တစ္ခါဆို က်ဳပ္အရင္ ဘယ္သူမွသူ႔ကိုေရမေလာင္းခိုင္းေတာ့ပါဘူးလို႔ ကတိေပးတယ္ေလ။ အဲ့ေတာ့မွ က်ဳပ္ စိတ္ေလ်ာ့လိုက္တာ။ အဲ့အခ်ိန္ကစၿပီး သႂကၤန္ေရာက္တိုင္း ဆင္ေပါက္ကို ဒီရြာမွာ က်ဳပ္ထက္အရင္ ဘယ္သူကမွေရမေလာင္းရဲၾကေတာ့ဘူးေလ။

က်ဳပ္လည္း ေက်ာင္းေဆာင္ေအာက္ဆင္းၿပီး ဆင္ေပါက္ကိုလိုက္ရွာေတာ့ ေက်ာင္းသခၤန္းသိမ္ထဲမွာ ဥပုဂ္သည္ေတြသီလယူၿပီးတာနဲ႔မနက္စာစားဖို႔အတြက္ ျပင္ဆင္ရင္းအလုပ္ရႈပ္ေနတဲ့က်ဳပ္အမနဲ႔ဆင္ေပါက္ကို လွမ္းေတြ့လိုက္တယ္ဗ်။ ဆင္ေပါက္က ပန္းကန္ျပားေတြကို စားပြဲေပၚမွာစီေနတာဗ်။

" ဆင္ေပါက္... "

" ဟဲ့.. နင့္အမ ငါတစ္ေယာက္လံုး ဒီမွာစားပြဲေတြမၿပီးေရြ့ေနတာေနာ္... "

က်ဳပ္က ဆင္ေပါက္အနားကိုသြားေတာ့ က်ဳပ္ရဲ့မတည့္အတူေနအမက လွမ္းေအာ္ေတာ့တာပဲ။ ဟိုေကာင္ေဇာ္ဝင္း က်ဳပ္အမကို ဘာကိုၾကည့္ၿပီးႀကိဳက္တာလဲဆိုတာ က်ဳပ္လံုးဝစဥ္းစားမရဘူးဗ်ာ။ ရုပ္ကလည္း ေယာက္်ားေလးျဖစ္တဲ့ဆင္ေပါက္ေလာက္ေတာင္ၾကည့္လို႔မေကာင္းဘဲနဲ႔၊ အသံကလည္း ခုႏွစ္အိမ္၊ရွစ္အိမ္ေလာက္ ၾကားေလာက္တဲ့အသံနဲ႔။ လက္သံကလည္း နပန္းသမားဝင္စားသလားမသိ၊ ေျပာင္လိုက္တာမွ အဘသမီးလို႔ေျပာျပစရာေတာင္မလိုဘူး။

" ျမင္တယ္ေလ... နင့္ကို "

က်ဳပ္လည္း အမကိုဘုနဲ႔ေဘာက္ေျပာၿပီး ဆင္ေပါက္ရဲ့လက္ထဲကပန္းကန္ျပားအထပ္လိုက္ကိုလက္လႊဲၿပီးယူလိုက္သည္။

" ငါ ကိုင္ေပးမယ္..၊ မင္းက ေနရာပဲလိုက္ခ်လိုက္ "

" အင္း.. "

ဆင္ေပါက္က ဒီေန့မွေယာပုဆိုးအျပာေရာင္ေလးကို စတစ္လက္ရွည္အက်ႌအျဖဴေလးနဲ႔သပ္သပ္ရပ္ရပ္ေလးျပင္ထားတာဗ်။ မသိရင္ ကေလးတစ္ေယာက္က လူပ်ိဳေပါက္ေလးလိုပဲမ်ားၿပီး ျပင္ထားတဲ့အတိုင္းပဲ။ ဒီေကာင့္အသက္က ဆယ့္ေျခာက္ႏွစ္သာဆိုတယ္ ရုပ္က အခုထိ ကေလးရုပ္ပဲ။ သူနဲ႔က်ဳပ္ဆို က်ဳပ္က အကိုႀကီးက်ေနတာပဲ၊ က်ဳပ္ရုပ္က ရင့္ေနတာမဟုတ္ဘူး၊ သူ႔မ်က္ႏွာနဲ႔ခႏၶာကိုယ္အရြယ္အစားကိုက ကေလးနဲ႔တူေနတာ။

" မေန့က ငါျပန္သြားေတာ့ အရီးေလးနဲ႔ၪီးႀကီးက ဆူေသးလား "

" မဆူပါဘူး...၊ ငါ့အဘနဲ႔ငါ့အေမက ဘယ္တုန္းက ငါ့ကိုဆူဖူးလို႔လဲ...၊ တစ္ရြာလံုးမွာ ငါ့ကိုဆူၿပီးေဒါသထြက္တာဆိုလို႔ မင္းတစ္ေယာက္တည္းပဲ ရိွတာ "

" လူက အားနည္းတာတို႔...၊ မူးတာတို႔ျဖစ္ေသးလား...၊ ေနမေကာင္းခ်င္တာမ်ိဳးေရာ "

" အင္း မျဖစ္ပါဘူး၊ ဒါေပမဲ့ ေနာက္တခါက်ရင္ေတာ့ ေတာထဲကို မလိုက္ေတာ့ဘူး၊ ငါ ေၾကာက္သြားၿပီ "

" ေအး မင္းက ငါ့စကားမွနားမေထာင္တာ...၊ ငါ့စကားသာ နားေထာင္ရင္.. "

" ေတာ္.. တန္.. တိတ္ ၊ ငါ့ကို ေစာေစာစီးစီးလာမဆူနဲ႔ေနာ္၊ ငါ ဘဘုန္းနဲ႔တိုင္ေျပာမွာ "

ကြၽန္ေတာ္လည္း အခုခ်ိန္ေလးပဲေတလြန္းကိုအႏိုင္ယူႏိုင္တာမို႔ ဘဘုန္းနဲ႔ၿခိမ္းေျခာက္လိုက္သည္။ ေတလြန္းက သူ႔အဘကိုရိုေသၿပီးေၾကာက္ရြံ႔ေပမဲ့ အျပစ္မလုပ္ရဲသည္ေတာ့မဟုတ္။ သူ႔အဘမႀကိဳက္တာကို ခိုးလုပ္တတ္သည္။ သို႔ေသာ္ ဘဘုန္းကိုေတာ့ ထိုသို႔မလုပ္ရဲ။ ဘဘုန္း မႀကိဳက္တာဆို ေတလြန္းမွာ ေရ႔ွတင္မွာေရာ၊ကြယ္ရာမွာပါ ဘာတစ္ခုမွမလုပ္ရဲေပ။

မေန့က ေတာထဲကျပန္ဆရာက္ေရာက္ခ်င္း ကြၽန္ေတာ့္မိဘေတြနဲ႔ေတလြန္းရဲ့မိဘေတြက ဘဘုန္းဆီေခၚသြားသည္။ ေတလြန္းကေတာ့ မလိုက္ဘူးေလ။ သူက ဘဘုန္းဆီကိုသြားမယ္ဆိုရင္ တီေကာင္ဆားနဲ႔ပတ္လိုက္သလိုပဲ။ ဘဘုန္းက ကြၽန္ေတာ့္ကိုပရိတ္ေရတိုက္ၿပီး ဂါထာတခ်ိဳ႕မန္းမႈတ္ေပးကာ ကြၽန္ေတာ္ရယ္၊ ကြၽန္ေတာ့္အေမနဲ႔ေမႀကိဳင္ရယ္ကိုျပန္လႊတ္လိုက္သည္။ ကြၽန္ေတာ့္အဘနဲ႔ေတလြန္းရဲ့အဘကေတာ့ ဘဘုန္းက​မိန္႔စရာရိွတယ္ဆိုၿပီး ဘုန္းႀကီးေက်ာင္းမွာေနခဲ့ေသးတယ္။ အဘျပန္လာေတာ့ အဘေျပာတာက ကြၽန္ေတာ္နဲ႔ေတလြန္း ေတာထဲမွာေတာေစာင့္နတ္မႀကိဳက္တာလုပ္မိလို႔ေတာေစာင့္နတ္ကစိတ္ဆိုးၿပီး ေတာေမွာက္ျပတာလို႔ေျပာတာပဲ။ ကြၽန္ေတာ္ ဘုန္းႀကီးေက်ာင္းသြားတဲ့အခ်ိန္ကစ အဘအိမ္ကိုျပန္ေရာက္လာတဲ့အခ်ိန္အထိ ေတလြန္းက ကြၽန္ေတာ့္အိမ္မွာ ဘယ္မွမသြားဘဲ ရိွေနေသးတယ္ေလ။ ေတလြန္းက ေတာေစာင့္နတ္ကိုေတာင္ ေဒါသထြက္ၿပီး ႀကိမ္းေမာင္းေနေသးတယ္။ အဘကေတာ့ ေတလြန္းကိုၾကည့္ၿပီး ေခါင္းတရမ္းရမ္းနဲ႔၊ အေမကေတာ့ ေတလြန္းကို အဲ့လိုမေျပာဖို႔တားတာပါပဲ။ ေတလြန္းကေတာ့ ထံုးစံအတိုင္း သူေဒါသျပန္ေျပမွ ကြၽန္ေတာ့္ကိုဆူၿပီး အိမ္ကေနျပန္သြားတာ။

" ေအးပါကြာ.... လာ ဒါေတြကိုထားခဲ့ေတာ့၊ ငါတို႔ ျပန္ရေအာင္ "

" ဟာ... ဘဘုန္းေတာင္ သီလမေပးရေသးဘူး၊ ဘာကိုျပန္မွာလဲ.. "

" ေအာင္မာ မင္းက ဥပုဂ္ေစာင့္အံုးမလို႔လား...၊ ဥပုဂ္လည္းမေစာင့္ဘဲနဲ႔ သီလယူမေနနဲ႔ကြာ "

ကြၽန္ေတာ့္လက္ကို အတင္းဆြဲၿပီးျပန္ဖို႔ေျပာေနတဲ့ေတလြန္းကို ကြၽန္ေတာ္လည္းမႏိုင္ေပ။ အမစုစုစံက သူ႔ေမာင္ျဖစ္သူေၾကာင္းေနွာေက်ေနသလို သူဝင္ေျပာလည္း ေတလြန္းကိုမႏိုင္ေတာ့ ဘာမွဝင္မေျပာဘူး။

" ဘဘုန္းသိရင္ ရိုက္ခံရလိမ့္မယ္ကြ "

" မရိုက္ပါဘူးကြာ...၊ ငါတို႔အဘေတြ ၾကည့္ေျပာထားလိမ့္မယ္၊ မင္းက ေရမပက္ေတာ့ဘူးလား...၊ ရြာလယ္မွာအုန္းလက္မ႑ုတ္ေဆာက္ေနၿပီေနာ္..၊ ၿပီးေတာ့ အခုကတည္းက မုန္႔လံုးေရေပၚလုပ္ဖို႔ျပင္ေနၾကၿပီ...၊ ရြာထဲက ကေလးေတြလည္းေရာက္ေနၾကၿပီ...၊ အျခားသူေတြလည္းေရာက္ေနၿပီ...၊ ဒီအခ်ိနိဆို ေရေတာင္ပတ္ေနၾကေလာက္ၿပီကြ "

က်ဳပ္လည္း ဆင္ေပါက္ကို မရမကမဲဆြယ္ပစ္လိုက္သည္။ ကေလးစိတ္မကုန္ေသးတဲ့ ဒီဆင္ေပါက္က အခုလိုေျပာရင္လက္ခံမယ္ဆိုရင္ က်ဳပ္သိတာေပါ့။ ဒီေကာင္က ကေလးေတြနဲ႔အၿပိဳင္ ေရေဆာ့ခ်င္တဲ့ေကာင္ေလ။ တစ္ေနကုန္ေရပတ္ဆိုရင္ေတာင္ ဒီေကာင္ကေပ်ာ္လြန္းလို႔ထကမဲ့ေကာင္။ မႏွစ္သႂကၤန္တုန္းကလည္း အဲ့အတိုင္းပဲ။ က်ဳပ္ကပဲ အဲ့ေကာင္ေဘးကေန လိုက္ထိန္းေနရတာ။ ဒါေပမဲ့ ဒီေကာင္ေပ်ာ္ေနရင္ က်ဳပ္ေက်နပ္တယ္ဗ်ာ။ ဒီေကာင္က အဲ့အခ်ိန္က်ရင္ တကယ္ခ်စ္စရာေကာင္းတယ္ဗ်။ ကေလးေတြနဲ႔အၿပိဳင္ ေရအပက္မခံတဲ့သူကိုစိတ္ေကာက္ရတာနဲ႔ အိမ္ထဲကအိမ္အျပင္မထြက္တဲ့လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြကို အိမ္ထဲထိလိုက္ၿပီးေရပက္ရတာနဲ႔၊ ေရပက္မခံခ်င္လို႔ေရွာင္ေနတဲ့လူကို အကြယ္ေနရာကေနေခ်ာင္းၿပီးေရလိုက္ပက္ရတာနဲ႔ တကယ့္ကိုကေလးေလးက်ေနတာပဲဗ်ာ။

" ၿပီးတာပဲ.. အဲ့တာဆိုလည္း ဘဘုန္းရိုက္ရင္ မင္းပဲ အရိုက္ခံရမွာေနာ္... "

" ေအးပါ ... အဲ့တာဆို သြားၾကမယ္၊ အမ က်ဳပ္တို႔ျပန္ေတာ့မယ္... အဘနဲ႔ၪီးႀကီးတို႔ေမးရင္ က်ဳပ္ဆင္ေပါက္ကိုေခၚသြားၿပီလို႔သာ ေျပာလိုက္ေတာ့ "

" ေအး ေအး လုပ္ေဟ့! ကုသိုလ္လုပ္တာကို မကူညီတဲ့အျပင္ ကူေနတဲ့လူကိုပါ လာဖ်က္စီးေနတာ... ႂကြ! ႂကြ... "

အမက က်ဳပ္ကိုၾကည့္ၿပီး မဲ့ရြဲ႔ကာေျပာသည္။ ဆင္ေပါက္အလွည့္က် အေျပာင္းအလဲက က်ဳပ္နဲ႔ဆီနဲ႔ေရလို ကြာသည္။ မ်က္ႏွာနဲ႔အသံက ၿပံဳးလို႔ခ်ိဳလို႔။ ​

" ရွင္ေမႊးေလး ငေတက ရွင္ေမႊးေလးကိုအႏိုင္က်င့္ရင္ အမကိုေျပာေနာ္...၊ အမ အဘနဲ႔တိုင္ေျပာေပးမယ္ သိလား "

" ဟုတ္ကဲ့ မမစု "

က်ဳပ္ရဲ့အမက ထံုးစံအတိုင္း ဆင္ေပါက္ကို မွာတာေလ။ မသိရင္ က်ဳပ္က ဆင္ေပါက္ကိုအၿမဲအႏိုင္က်င့္ေနသလိုပဲ။ အဘသမီးလို႔မေျပာရဘူး၊ အဘနဲ႔တသ္ေထရာတည္း။ ဒါေပမဲ့ က်ဳပ္အမက သူ႔ကိုယ္သူေတာ့ သိတယ္ဗ်။ က်ဳပ္ကို သူမႏိုင္မွန္းသိေတာ့ အဘနဲ႔ပဲတိုင္ေျပာမယ္ခ်ည္းခ်တာ။

" ေျဖးေျဖးသြားဟ ဆင္ေပါက္ရ "

" ဘာျဖစ္ေနတာလဲ မင္းက "

" ဆင္ေပါက္ မင္းသိရဲ့သားနဲ႔၊ ငါ ဆြဲထိုးလိုက္မွာေနာ္ "

က်ဳပ္ေရ႔ွကေန ေျခလွမ္းျမန္ျမန္နဲ႔သြားေနတဲ့ဆင္ေပါက္ရဲ့လက္ကိုလွမ္းဆြဲၿပီး ေဟာက္လိုက္တယ္။ ဒီဆင္ေပါက္က က်ဳပ္ကိုတမင္သပ္သပ္အက်င့္ယုတ္ေနမွန္း အရမ္းသိသာတယ္။ ဘုန္းႀကီးေက်ာင္းမုဒ္ဝနားကိုေရာက္ေလ က်ဳပ္ကိုမေစာင့္ဘဲခပ္ျမန္ျမန္သြားေလပဲ။

" မင္းေနာ္...၊ ငါ ဘဘုန္းနဲ႔လွမ္းတိုင္လိုက္မယ္ "

ကြၽန္ေတာ့္ကို လက္သီးနဲ႔ရြယ္ေနတဲ့ေတလြန္းကို ကြၽန္ေတာ္လည္း မ်က္ႏွာထားတင္းတင္းနဲ႔ျပန္ေျပာပစ္လိုက္တယ္ေလ။ အခုခ်ိန္မွာ ကြၽန္ေတာ္က စင္ေပၚကလူ မဟုတ္လား။ ေတလြန္းက ဘဘုန္းကိုလည္းေၾကာက္သလို ေက်ာင္းမုဒ္ဝကဘီလူးႏွစ္ေကာင္ကိုလည္း ေၾကာက္တယ္ေလ ဟ.. ဟား...။

" အဲ့တာဆို မင္းအက်င့္မယုတ္နဲ႔ေလ "

" ေအးပါ လာ.. ငါ့လက္ကိုတြဲ "

က်ဳပ္လည္း ဆင္ေပါက္ရဲ့လက္ကိုတြဲၿပီး မုဒ္ဝကိုေရာက္ေတာ့ ေနာက္ျပန္လွည့္မၾကည့္ဘဲ ခပ္ျမန္ျမန္ပဲ ဘုန္းႀကီးေက်ာင္းကိုေက်ာခိုင္းကာ ထြက္လာခဲ့တယ္။

" ခဏေလး.. ခဏေလးေနအံုး ဆင္ေပါက္ "

" ဘာျဖစ္ျပန္ၿပီလဲ... "

" ခဏေလး.. လာ ငါနဲ႔လိုက္ခဲ့ "

ကြၽန္ေတာ့္ကို လမ္းတစ္ဝက္ေရာက္မွရပ္ခိုင္းၿပီး လက္ဆြဲကာ အဖြားရီတို႔ဝိုင္းထဲကိုဝင္သြားတဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ္လည္း ေၾကာင္ေတာင္ေတာင္နဲ႔ေနာက္ကလိုက္သြားရသည္။ အဖြားရီဆိုတာ ကြၽန္ေတာ္တို႔ရြာမွာ အသက္အႀကီးဆံုးအဖြားျဖစ္သည္။ အဖြားရီမွာ သားသံုးေယာက္ရိွၿပီး ထိုသံုးေယာက္အနက္သားအႀကီးဆံုးျဖစ္တဲ့လူပ်ိဳႀကီးနဲ႔အတူတူေနသည္။ အခုေတာ့ အဖြားရီရဲ့အိမ္မွာ ဘယ္သူမွမရိွ။ အဖြားရီတို႔သားအမိႏွစ္ေယာက္စလံုး ဥပုဂ္ေက်ာင္းသြားၾကသည္။ ကြၽန္ေတာ္တို႔ရြာက သူခိုး၊သူဝွက္မရိွတာမို႔ ဘယ္အိမ္မဆို စိတ္ခ်လက္ခ်နဲ႔ၿခံတံခါးကိုကြၽဲ၊ႏြား၊ေခြး၊အျခားတိရစၧာန္ေတြမဝင္ရရံုမ်ွသာေစ့ထားၾကၿပီးေသာ့မခတ္တတ္ၾကေပ။

က်ဳပ္ ဆင္ေပါက္ရဲ့လက္ကိုဆြဲၿပီး အဖြားရီတို႔ဝိုင္းထဲက စဥ့္အိုးနားကိုဆြဲေခၚခဲ့သည္။ ၿပီးေတာ့မွ စဥ့္အိုးထဲကေရကို ေၾကးဖလားနဲ႔အျပည့္ခပ္ၿပီး ဆင္ေပါက္ကို ပခံုးကေနစၿပီးေလာင္းလိုက္သည္။ ေရစိုသြားတဲ့ဆင္ေပါက္ကိုၾကည့္ၿပီး သႂကၤန္ေရာက္တိုင္း ဆင္ေပါက္ကိုပထမဆံုးေရေလာင္းခြင့္ရိွတဲ့သူဟာ က်ဳပ္တစ္ေယာက္တည္းရိွသည္ဟုေတြးမိေတာ့ က်ဳပ္စိတ္ထဲမွာအေတာ့္ကိုေက်နပ္သြားသည္။ ဆင္ေပါက္ကလည္း အလိုက္တသိပင္ စဥ့္အိုးထဲကေနေရတစ္ခြက္အျပည့္ျပန္ခပ္ကာ က်ဳပ္ကိုပခံုးကေနေရေလာင္းသည္။ အခ်င္းခ်င္းေရေလာင္းၾကၿပီးေနာက္ ႏွစ္ေယာက္သား မတိုင္ပင္ပါပဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ အားရပါးရရယ္မိၾကေသးသည္။

Next episode ............

Pokračovat ve čtení

Mohlo by se ti líbit

242K 14.7K 43
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light
13K 328 27
ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoin...
6.2K 690 6
᯼ 𝐇𝐚𝐥𝐥𝐨𝐰𝐞𝐞𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐑𝐨𝐦𝐚𝐧𝐜𝐞 𝟏 ᯼ Truth or Dare? And my biggest mistake was choosing the dare. Living my life alone it's feel...
35.9K 1.5K 10
A glimpse in to the married life of the complicated star crossed lovers arnav and khushi.