Kissing In The Moonlight [Com...

By VictoryKimTae

47.3K 5.4K 1.6K

လရောင်လဲ့လဲ့လေး အောက်မှာ မင်းကို အနမ်းတွေပေးမယ်။ ရေနတ်သမီးပန်းတွေ‌ ပေးပြီး မင်းကို ကံကောင်းမှုတွေဆီ ခေါ်သွားပ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Spoiler Alert - 1
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Spoiler Alert 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 23
Chapter 24
Chapter 25
Final

Chapter 22

1.3K 178 14
By VictoryKimTae

Toledo မှ ပြန်ရောက်နေခဲ့တာ သုံးရက်မြောက်နေ့ ရှိပြီ ဖြစ်သည်။ Madrid က မြို့ကြီးပြကြီးဖြစ်သည့်အပြင် စပိန်ရဲ့ မြို့တော်လည်း ဖြစ်သည်မို့ ဒီမှာ နေထိုင်ရသည်ကို သိပ်သဘောကျခဲ့ပါသည်။

သို့သော် ရက်ပိုင်းကလေးသာ နေခဲ့ရသည့် Toledo ကိုတော့ ပိုလွမ်းသလို ဖြစ်နေတော့၏။

ဖြစ်နိုင်သည်ကတော့ အစ်ကို့ကြောင့်ပါပဲလေ... မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဖုန်းပြောရရုံမှ လွဲလျှင် အလှမ်းဝေးကွာလွန်းနေသည်မို့ လွမ်းဆွတ်သည့် ဝေဒနာဟာ ဘယ်အရာနဲ့မှ ဖော်ပြလို့ မရနိုင်။

Paint Pallette ပေါ်မှ အပြာရောင်‌ကို စုတ်တံဖြင့် ယူလိုက်ပြီး ရေအနည်းနဲ့ Canvas  ပေါ်မှာ ရေးဆွဲလိုက်သည်။

မိုးစက်တွေ တဖြိုက်ဖြိုက်ကျနေသည့် ပန်းချီကားတစ်ချပ်ရယ်ပါ။

လွန်ခဲ့သည့် ၇ နှစ်က ထီး နက်ပြာရောင်လေးရဲ့ အောက်မှာ ရှိနေကြသည့် လူနှစ်ယောက်... စိုစွတ်နေသည့် ပုခုံးလေး တစ်ဖက်စီရယ်၊ ထီးသေးသေးလေးအောက်မှာ ပြုံးနေသည့် ကျွန်တော်ရယ်၊ ထို့နောက် တည်ငြိမ်နေသည့် အစ်ကိုရယ်...

ထိကပ်နေသည့် ပုခုံးစွန်းလေးတွေကြောင့် ဖြစ်ပေါ်နေသည့် ကျွန်တော့်အပြုံးတွေ၊ ရင်ခုန်သံတွေ၊ ချစ်ခြင်းတရားတွေ... အဲ့သည်အချိန်မှာတော့ အစ်ကို့ ရင်ခုန်သံတွေဟာ ငြိမ်သက်နေခဲ့သည် မဟုတ်ပါလား။

တွေးကြည့်လျှင် ဝမ်းနည်းလာရသည်၊ လွမ်းဆွတ်မိသည်၊ ပိုင်ဆိုင်နေရပြီဖြစ်သော်လည်း ပိုပြီး လောဘကြီးမိသည်။

ကျွန်တော်ဟာ သက်ရှိအရာတွေထဲ အစ်ကို တစ်ယောက်တည်း အပေါ်မှာသာ လောဘကြီးမိပြီး မြတ်နိုးမိဆုံးပါ။

ဆေးမခြောက်သေးသည့် canvas ကို အခန်းထောင့်မှာ ကပ်လို့ထားပြီး အဝေးကနေ လှမ်းငေးနေမိသည်။

မတွေ့ရသည့် သုံးရက်တာအတွင်း အများကြီး လွမ်းနေမိတော့လည်း ဒုက္ခများရရုံသာ... သို့ပေမယ့် လှလှပပ ဒုက္ခကလေးပင် ဖြစ်၏။

'ဒေါက် ဒေါက် ဒေါက်'

အခန်းတံခါး ခေါက်သံကြောင့် သွားကြည့်မိတော့ ကိုရိန်းတို့ စင်တာမှ ကောင်လေးတစ်ယောက် ဖြစ်သည်။

"အောက်ထပ်မှာ ဗီဗီက အစ်ကို့ကို တွေ့ချင်လို့ဆိုပြီး စောင့်နေလို့ပါ"

သူပြောသည့် စပိန်စကားဟာ နားလည်သလိုနဲ့ ခပ်ရှုပ်ရှုပ်တော့ ဖြစ်လှပါသည်။

မရေရာဘဲ အောက်ထပ်ကိုသာ ဆင်းခဲ့လိုက်တော့ ဧည့်ခန်းမှာ မိန်းကလေးတစ်ယောက် ထိုင်နေပါသည်။

ကျွန်တော့်ကိုတွေ့တော့ အံ့အားသင့်သွားသလို မျက်လုံးတွေပြူးလို့ အနားကို ပြေးလာ၏။

"Artist Kim!"

လက်ကို အတင်းဆွဲပြီး သူ့ ပုံစံက စိတ်လှုပ်ရှားနေသလို ဖြစ်နေသည်။

"Artist Kim ဟုတ်ပါတယ်နော်"

သူပြောသည်က စပိန်အသံရောနေသည့် ကိုရီးယားစကားရယ်...

"ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူးနော်"

"ဗီဗီယာနာပါ ဆရာ့ ပရိသတ်တစ်ယောက်ပါ။ တကယ်ပဲ The Red Blood မှာ ဆရာ ရှိနေတယ်ဆိုတာကို ယုံတောင် မယုံနိုင်ခဲ့ဘူး။ ကိုရိန်းကို မေးကြည့်တော့ သူနဲ့ မသိဘူးဆိုပြီး ညာပြောခဲ့တာ"

ဒီ မိန်းကလေးက ကိုရိန်းနဲ့တောင် သိသလားဟု အံ့ဩမိသည်။ ကိုရိန်းက တော်ရုံဆို ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်တတ်ဘူးရယ်

"ဗီဗီက စပိန်နိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်နော် အစ်ကို"

Alex က ထပ်ပြီး အနားကပ်လို့ ပြောပါသည်။ သူ့ စပိန်စကားကို အာရုံစိုက်လို့ နားထောင်ရင်း အရှေ့မှ မိန်းကလေးကို ပြန်ကြည့်မိသည်။

ဗီဗီက အနီရောင် တဝင်းဝင်းတောက်နေသည့် ဆံပင် အရှည်ကြီးနဲ့ အနည်းငယ် ညိုချင်သည့် အသားအရေလေး ဖြစ်သည်။ ထို့နောက် မျက်ဝန်းဝိုင်းဝိုင်းလေးမှာ မျက်ဆံ ညိုညိုကလေး ရှိပါသေးသည်။

ဗီဗီက လူကောင်တော့ သေးသေးလေးမို့ ချစ်စရာလည်း ကောင်းလှပါသည်။

"ဆရာက ကိုရိန်းနဲ့ သူငယ်ချင်း ဆိုတာလည်း အမှန်ပဲပေါ့"

ဗီဗီ့ကို ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တော့ သူ့ ဖုန်းကို ထုတ်၍ ပြသည်။

"ဒီမှာ ကြည့်ပါဦး ဆရာ့ ပန်းချီကားတွေက ဗီဗီ့ ကွန်ဒိုမှာ အပြည့်ပဲ။ ပြီးတော့ ဟိုတစ်နေ့က Toledo က ပွဲကို မလာခဲ့လိုက်ရဘူး။ အဲ့နေ့က တခြား ကိစ္စရှိသွားခဲ့တာ... "

ဗီဗီက မျက်နှာလေးညှိုးလို့ ပြောလာပါသည်။ တစ်ခဏလေးသာ တွေ့ရသေးပေမယ့် ရင်းနှီးနေပြီးသား လူတွေလို ဒီမိန်းကလေးက ဖော်ရွေနေခဲ့တာ ဖြစ်၏။

"ကိုရိန်းနဲ့ ဘယ်တုန်းက ရင်းနှီးသွားလဲ မသိဘူးနော်  ပုံမှန်ဆို ကိုရိန်းက နည်းနည်း... ဘယ်လိုပြောရမလဲ"

"ဒေါသကြီးပြီး စိတ်မရှည်တတ်တာ ပြီးတော့ စိတ်ကြီးဝင်နေတာ"

ဗီဗီယာနာ ဆိုသည့် မိန်းကလေးကြောင့် ကျွန်တော် အပါအဝင် Alex ရော မျက်လုံးပြူးလို့... ကိုရိန်းကို ဒီလိုပဲ ချီးမွမ်းတတ်လိမ့်ဟု မထင်ထာစခဲ့ပင်။

"အင်း... စိတ်ထားလေးတော့ ကောင်းရှာပါတယ်။ ဗီဗီက သူ့ဆီမှာ လေ့ကျင့်ရေး ဆင်းတယ်လေ။ နောက်နှစ် ရိုက်ကူးရေးအတွက် ‌အတွေ့အကြုံ လိုချင်လို့ပါ။ ဒါတောင် မသင်ပေးဘူးဆိုပြီး ငြင်းလို့ အကြာကြီး ညှိနှိုင်းခဲ့ရတာ... အခုထိ ဗီဗီ့ကို ဟိန်းလိုက် ဟောက်လိုက်နဲ့ စိတ်လည်း မရှည်ဘူး"

ဗီဗီက တက်တက်ကြွကြွနဲ့ ဆယ်ကျော်သက်လေးလို ဖြစ်သည်။ နှုတ်ခမ်းပါးတွေက အမြဲတမ်း ပြုံးလို့ ပျော်ပျော်နေတတ်သည့် မိန်းကလေးအသွင်ရှိသည်။

"Artist Kim နဲ့ ကိုရိန်းက သူငယ်ချင်းဆိုတာကို သိလိုက်ရတော့ မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် သူက တစ်သက်လုံး တွေ့ဖို့ မစဉ်းစားနဲ့ဆိုပြီး နှင်ထုတ်တယ်လေ။ အခုတောင် Carlos ကို အပူကပ်ပြီး ကိုရိန်းရဲ့ အိမ်ကို စုံစမ်းခဲ့ရတာ... ရုတ်တရက်ကြီး လာရလို့ ဆရာ့အတွက် လက်ဆောင်တွေ ကျန်ခဲ့ရပြီ"

"ကိုရိန်း လာတော့မှ သူ့ကို ဆူလိုက်ပါ့မယ် ဗီဗီ့အပေါ်  ဒီလိုပဲ ရက်စက်ရသလားလို့လေ"

ဗီဗီက ရယ်သည်... ပါးခြိုင့်လေး နှစ်ဖက်က ထင်းခနဲ ပေါ်လာပြီး နက်နက်ရှိုင်းရှိုင်း လှပါသည်။

"မင်း ငါ့အိမ်ကို ဘယ်လိုရောက်လာတာလဲ"

ကိုရိန်းက အခုမှ စင်တာကနေ ပြန်လာပုံ ရပါသည်။ ကိုရိန်းကိုတွေ့တော့ ဗီဗီက လှမ်းပြုံးပြသည်။

"အခုပဲ ပြန်တော့မလို့ပါ "

"မင်းကို Carlos ပြောလိုက်တာ မဟုတ်လား။ Taehyung သူက သိပ်စကားများလွန်းတာ မင်း ခေါင်းရှုပ်လိမ့်မယ်"

"ဒါတော့ ကိုရိန်း တစ်ဖက်လူကို အပြစ်ပြောနေတာပဲ ငါက artist Kim နဲ့ လူချင်း တွေ့ဖူးချင်ရုံပဲဟာ"

"မိုးချုပ်နေပြီလေ ပြီးတော့ ဒီအိမ်မှာ ယောက်ျားလေးတွေချည်းပဲ။ နောက်ကို မလာခဲ့နဲ့"

ဗီဗီက မျက်နှာမဲ့လို့ ကိုရိန်းကို လှမ်းကြည့်ပါသည်။ ကိုရိန်းဟာ အခု ဒီမိန်းကလေးကို စိုးရိမ်နေခြင်းလား၊ သူ့အိမ်ကို လာလို့ စိတ်ဆိုးနေခြင်းလား... ကျွန်တော် သေချာတောင် မသိတော့ပါဘူး။

"ဗီဗီ ပြန်လိုက်ပါဦးမယ် ပြီးရင် Artist Kim နဲ့အတူ ပန်းချီကားတွေနဲ့ ဓာတ်ပုံလေး ရိုက်ဦးမယ်နော်။ နောက်ရက်မှပါ"

ဗီဗီယာနာက အိမ်ထဲမှ ထွက်သွားသည်။ ကိုရိန်းက အနောက်မှာ ရပ်နေသည့် Alex ကို လှမ်းကြည့်တော့ Alex က ဗီဗီ့‌အနောက် လိုက်ဖို့ ပြင်နေ၏။

"ဗီဗီယာနာက ‌လွန်ခဲ့တဲ့ရက်တွေတုန်းက နောက်ယောင်ခံ လိုက်တာ ခံခဲ့ရတယ် ထင်တာပဲ။ ညအချိန်မတော်ကြီးမို့ သူ့ ကွန်ဒိုကို ပြန်ပို့ပေးလိုက်ဦးမယ်။ ဟိုကောင် Alex က သူ့ကို သေချာ ကာကွယ်နိုင်မှာ မဟုတ်ဘူး"

ကားသော့ဆွဲကာ အိမ်ထဲမှ အပြေးထွက်သွား‌သည့် ကိုရိန်းကြောင့် ကျွန်တော် ပြုံးလိုက်မိသေးသည်။

.

.

ည အိပ်ရာဝင်ခါနီးတွင် အစ်ကို့ဆီမှ ဖုန်းဝင်လာပါသည်။ laptop screen ပေါ်မှာ အလုပ် ပင်ပန်းလို့ ညှိုးငယ်နေသည့် မျက်နှာကလေး ရှိနေ၏။

"အစ်ကို အများကြီး ပင်ပန်းနေတာလား"

"မင်းကို လွမ်းတာလောက်တော့ မမှီပါဘူး"

အစ်ကို့ ချိုချိုသာသာ စကားတွေကြောင့် ကျွန်တော်က ရယ်တော့ အစ်ကိုက ပြုံးသည်။

"ကိုယ် တွေးမိတာ‌ကလေ ကိုယ်တို့က ၁၂ နှစ်တောင် ကွာတာ မဟုတ်လား။ အကယ်၍များ မင်းနဲ့ ရွယ်တူသာ မွေးလာခဲ့ရင် ကိုရိန်းလိုမျိုး အခုချိန်အထိ အနားမှာ အချိန်ပြည့် ရှိနေနိုင်မှာ"

အစ်ကိုက ကျွန်တော့်ကို စေ့စေ့စိုက်ကြည့်လို့ ပြောနေပါသည်။

"ကျွန်တော် အစ်ကို့ကို အများကြီး ချစ်တာ သိရဲ့လား"

"ကိုယ် Madrid ကို ကျောင်းပြောင်းလျှောက်လိုက်ရမလား။ ဒါမှမဟုတ် ကိုရီးယားကို လျှောက်လိုက်ရမလား။ ဘယ်ကိုလျှောက်မှ မင်းနဲ့ နီးစပ်မှာလဲကွာ... တကယ်ဆို ခပ်ဆိုးဆိုး ကျောင်းသားတွေကို ထိန်းရတာထက် မင်းကို လွမ်းတဲ့ စိတ်ကို ထိန်းရတာက ပိုခက်နေတယ်"

အစ်ကိုက ရင်မောသလို သက်ပြင်းရှည်ကြီးချလို့ ကျွန်တော့်ဘက် ပြန်ကြည့်သည်။

"ဒီလိုသာဆို နွေဦးမရောက်သေးခင် အစ်ကို့အနား လာမိတော့မှာပဲ"

"Wales မှာ ရေနတ်သမီးပန်းတွေ ကြည့်ဖို့ အိမ်ဝယ်ထားပြီးပြီ။ မင်းရောက်လာတာနဲ့ အဲ့ဒီအိမ်လေးမှာ နေပြီး နေ့ခင်းဘက်ဆို ရေနတ်သမီးပန်းတွေဆီ သွားကြမယ်။ မင်းကို ပျော်စေချင်ပါတယ် ကလေးလေးရယ်"

အစ်ကိုဟာ ကျွန်တော့်အတွက်တော့ မနက်ခင်းမှာ အစပျိုးလို့ ထွက်ပေါ်လာသည့် နေရောင်ခြည်လေးလို နွေးနွေးထွေးထွေးပါရယ်...

"ရေနတ်သမီးပန်းရဲ့ နောက်ထပ် ပန်းစကားတွေ ရှိပါသေးတယ်။ တစ်ခုကတော့ တစ်ဖက်သတ် အချစ်ကို ရည်ညွှန်းတာပါ။ အရင်တုန်းကတော့ အစ်ကို့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ တစ်ဖက်သတ် အချစ်တွေကိုပါ"

"မေတ္တာတွေဟာ စစ်မှန်ခဲ့ရင် ရောင်ပြန်နိုင်ပါတယ် ကိုယ်တို့ရဲ့ မေတ္တာတရားလိုမျိုးပေါ့။ မင်းရဲ့ မေတ္တာတရားက ကြီးမားတာမို့ ကိုယ့်ဘက်က တန်ပြန်သက်ရောက်မှုတွေ ဖြစ်သွားခဲ့တာပါ။ မင်းနဲ့ ဆုံစည်းရလို့ ကိုယ်ကတော့ သိပ်ကျေးဇူးတင်မိပါတယ်"

"ကျွန်တော် အခုချိန်မှာ အစ်ကို့ကို ဖက်ထားချင်တယ်"

"နွေဦးမရောက်ခင် Madrid မှာ ‌မင်းကို လာတွေ့ပါ့မယ်"

အစ်ကို့ မျက်ဝန်းတွေနဲ့ ဆုံစည်းမိသွားလျှင် လရောင်အောက်မှာ ရေနတ်သမီးပန်းလေး တွေ့လိုက်ရသလို နှလုံးသားဟာ နွေးပျပျပါလေ။

"အစ်ကိုသိရဲ့လား... ရေနတ်သမီးပန်းတွေက 'စောင့်မျှော်နေတဲ့အရာဟာ တစ်နေ့နေ့တော့ ရောက်လာမှာပါ' လို့ ရည်ညွှန်းပါသေးတယ်။ ကျွန်တော့်အတွက်တော့ သိပ်မှန်ပါတယ်"

အစ်ကိုဟာ ကျွန်တော် ပြောသမျှကို ခေါင်းလေးညိတ်လို့ နားထောင်ပါသည်။ ပြုံးလို့ ရယ်လို့ တုန့်ပြန်ပြီး ကြင်ကြင်နာနာ ငေးလို့ ကြည့်ပါသည်။

"မင်း အိပ်မက်လေးတွေ လှနေဖို့ ကိုယ် ဆုတောင်းပေးပါတယ်... ကောင်းသောညလေး ဖြစ်ပါစေ ကိုယ့် ကလေးလေး"

အစ်ကို့ ဆုတောင်းသံလေးနဲ့ အိပ်စက်သည့် အခါမှာတော့ အိပ်မက်တွေဟာ အေးချမ်းလို့ လှပနေတော့သည်။

.

.

ဖတ်ရှုပေးသူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်

VictoryKimTae

December 16, 2023

Zawgyi

Toledo မွ ျပန္ေရာက္ေနခဲ့တာ သုံးရက္ေျမာက္ေန႔ ရွိၿပီ ျဖစ္သည္။ Madrid က ၿမိဳ႕ႀကီးျပႀကီးျဖစ္သည့္အျပင္ စပိန္ရဲ႕ ၿမိဳ႕ေတာ္လည္း ျဖစ္သည္မို႔ ဒီမွာ ေနထိုင္ရသည္ကို သိပ္သေဘာက်ခဲ့ပါသည္။

သို႔ေသာ္ ရက္ပိုင္းကေလးသာ ေနခဲ့ရသည့္ Toledo ကိုေတာ့ ပိုလြမ္းသလို ျဖစ္ေနေတာ့၏။

ျဖစ္ႏိုင္သည္ကေတာ့ အစ္ကို႔ေၾကာင့္ပါပဲေလ... မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ဖုန္းေျပာရ႐ုံမွ လြဲလွ်င္ အလွမ္းေဝးကြာလြန္းေနသည္မို႔ လြမ္းဆြတ္သည့္ ေဝဒနာဟာ ဘယ္အရာနဲ႔မွ ေဖာ္ျပလို႔ မရႏိုင္။

Paint Pallette ေပၚမွ အျပာေရာင္‌ကို စုတ္တံျဖင့္ ယူလိုက္ၿပီး ေရအနည္းနဲ႔ Canvas  ေပၚမွာ ေရးဆြဲလိုက္သည္။

မိုးစက္ေတြ တၿဖိဳက္ၿဖိဳက္က်ေနသည့္ ပန္းခ်ီကားတစ္ခ်ပ္ရယ္ပါ။

လြန္ခဲ့သည့္ ၇ ႏွစ္က ထီး နက္ျပာေရာင္ေလးရဲ႕ ေအာက္မွာ ရွိေနၾကသည့္ လူႏွစ္ေယာက္... စိုစြတ္ေနသည့္ ပုခုံးေလး တစ္ဖက္စီရယ္၊ ထီးေသးေသးေလးေအာက္မွာ ၿပဳံးေနသည့္ ကြၽန္ေတာ္ရယ္၊ ထို႔ေနာက္ တည္ၿငိမ္ေနသည့္ အစ္ကိုရယ္...

ထိကပ္ေနသည့္ ပုခုံးစြန္းေလးေတြေၾကာင့္ ျဖစ္ေပၚေနသည့္ ကြၽန္ေတာ့္အၿပဳံးေတြ၊ ရင္ခုန္သံေတြ၊ ခ်စ္ျခင္းတရားေတြ... အဲ့သည္အခ်ိန္မွာေတာ့ အစ္ကို႔ ရင္ခုန္သံေတြဟာ ၿငိမ္သက္ေနခဲ့သည္ မဟုတ္ပါလား။

ေတြးၾကည့္လွ်င္ ဝမ္းနည္းလာရသည္၊ လြမ္းဆြတ္မိသည္၊ ပိုင္ဆိုင္ေနရၿပီျဖစ္ေသာ္လည္း ပိုၿပီး ေလာဘႀကီးမိသည္။

ကြၽန္ေတာ္ဟာ သက္ရွိအရာေတြထဲ အစ္ကို တစ္ေယာက္တည္း အေပၚမွာသာ ေလာဘႀကီးမိၿပီး ျမတ္ႏိုးမိဆုံးပါ။

ေဆးမေျခာက္ေသးသည့္ canvas ကို အခန္းေထာင့္မွာ ကပ္လို႔ထားၿပီး အေဝးကေန လွမ္းေငးေနမိသည္။

မေတြ႕ရသည့္ သုံးရက္တာအတြင္း အမ်ားႀကီး လြမ္းေနမိေတာ့လည္း ဒုကၡမ်ားရ႐ုံသာ... သို႔ေပမယ့္ လွလွပပ ဒုကၡကေလးပင္ ျဖစ္၏။

'ေဒါက္ ေဒါက္ ေဒါက္'

အခန္းတံခါး ေခါက္သံေၾကာင့္ သြားၾကည့္မိေတာ့ ကိုရိန္းတို႔ စင္တာမွ ေကာင္ေလးတစ္ေယာက္ ျဖစ္သည္။

"ေအာက္ထပ္မွာ ဗီဗီက အစ္ကို႔ကို ေတြ႕ခ်င္လို႔ဆိုၿပီး ေစာင့္ေနလို႔ပါ"

သူေျပာသည့္ စပိန္စကားဟာ နားလည္သလိုနဲ႔ ခပ္ရႈပ္ရႈပ္ေတာ့ ျဖစ္လွပါသည္။

မေရရာဘဲ ေအာက္ထပ္ကိုသာ ဆင္းခဲ့လိုက္ေတာ့ ဧည့္ခန္းမွာ မိန္းကေလးတစ္ေယာက္ ထိုင္ေနပါသည္။

ကြၽန္ေတာ့္ကိုေတြ႕ေတာ့ အံ့အားသင့္သြားသလို မ်က္လုံးေတြျပဴးလို႔ အနားကို ေျပးလာ၏။

"Artist Kim!"

လက္ကို အတင္းဆြဲၿပီး သူ့ ပုံစံက စိတ္လႈပ္ရွားေနသလို ျဖစ္ေနသည္။

"Artist Kim ဟုတ္ပါတယ္ေနာ္"

သူေျပာသည္က စပိန္အသံေရာေနသည့္ ကိုရီးယားစကားရယ္...

"ဟုတ္ပါတယ္ ဘယ္သူလဲ မသိဘူးေနာ္"

"ဗီဗီယာနာပါ ဆရာ့ ပရိသတ္တစ္ေယာက္ပါ။ တကယ္ပဲ The Red Blood မွာ ဆရာ ရွိေနတယ္ဆိုတာကို ယုံေတာင္ မယုံႏိုင္ခဲ့ဘူး။ ကိုရိန္းကို ေမးၾကည့္ေတာ့ သူနဲ႔ မသိဘူးဆိုၿပီး ညာေျပာခဲ့တာ"

ဒီ မိန္းကေလးက ကိုရိန္းနဲ႔ေတာင္ သိသလားဟု အံ့ဩမိသည္။ ကိုရိန္းက ေတာ္႐ုံဆို ဘယ္သူနဲ႔မွ အေပါင္းအသင္း မလုပ္တတ္ဘူးရယ္

"ဗီဗီက စပိန္ႏိုင္ငံရဲ႕ နာမည္ႀကီး သ႐ုပ္ေဆာင္ေနာ္ အစ္ကို"

Alex က ထပ္ၿပီး အနားကပ္လို႔ ေျပာပါသည္။ သူ့ စပိန္စကားကို အာ႐ုံစိုက္လို႔ နားေထာင္ရင္း အေရွ႕မွ မိန္းကေလးကို ျပန္ၾကည့္မိသည္။

ဗီဗီက အနီေရာင္ တဝင္းဝင္းေတာက္ေနသည့္ ဆံပင္ အရွည္ႀကီးနဲ႔ အနည္းငယ္ ညိဳခ်င္သည့္ အသားအေရေလး ျဖစ္သည္။ ထို႔ေနာက္ မ်က္ဝန္းဝိုင္းဝိုင္းေလးမွာ မ်က္ဆံ ညိဳညိဳကေလး ရွိပါေသးသည္။

ဗီဗီက လူေကာင္ေတာ့ ေသးေသးေလးမို႔ ခ်စ္စရာလည္း ေကာင္းလွပါသည္။

"ဆရာက ကိုရိန္းနဲ႔ သူငယ္ခ်င္း ဆိုတာလည္း အမွန္ပဲေပါ႔"

ဗီဗီ့ကို ထိုင္ခုံမွာ ထိုင္ခိုင္းလိုက္ေတာ့ သူ့ ဖုန္းကို ထုတ္၍ ျပသည္။

"ဒီမွာ ၾကည့္ပါဦး ဆရာ့ ပန္းခ်ီကားေတြက ဗီဗီ့ ကြန္ဒိုမွာ အျပည့္ပဲ။ ၿပီးေတာ့ ဟိုတစ္ေန႔က Toledo က ပြဲကို မလာခဲ့လိုက္ရဘူး။ အဲ့ေန႔က တျခား ကိစၥရွိသြားခဲ့တာ... "

ဗီဗီက မ်က္ႏွာေလးညႇိဳးလို႔ ေျပာလာပါသည္။ တစ္ခဏေလးသာ ေတြ႕ရေသးေပမယ့္ ရင္းႏွီးေနၿပီးသား လူေတြလို ဒီမိန္းကေလးက ေဖာ္ေရြေနခဲ့တာ ျဖစ္၏။

"ကိုရိန္းနဲ႔ ဘယ္တုန္းက ရင္းႏွီးသြားလဲ မသိဘူးေနာ္  ပုံမွန္ဆို ကိုရိန္းက နည္းနည္း... ဘယ္လိုေျပာရမလဲ"

"ေဒါသႀကီးၿပီး စိတ္မရွည္တတ္တာ ၿပီးေတာ့ စိတ္ႀကီးဝင္ေနတာ"

ဗီဗီယာနာ ဆိုသည့္ မိန္းကေလးေၾကာင့္ ကြၽန္ေတာ္ အပါအဝင္ Alex ေရာ မ်က္လုံးျပဴးလို႔... ကိုရိန္းကို ဒီလိုပဲ ခ်ီးမြမ္းတတ္လိမ့္ဟု မထင္ထာစခဲ့ပင္။

"အင္း... စိတ္ထားေလးေတာ့ ေကာင္းရွာပါတယ္။ ဗီဗီက သူ့ဆီမွာ ေလ့က်င့္ေရး ဆင္းတယ္ေလ။ ေနာက္ႏွစ္ ႐ိုက္ကူးေရးအတြက္ ‌အေတြ႕အႀကဳံ လိုခ်င္လို႔ပါ။ ဒါေတာင္ မသင္ေပးဘူးဆိုၿပီး ျငင္းလို႔ အၾကာႀကီး ညႇိႏႈိင္းခဲ့ရတာ... အခုထိ ဗီဗီ့ကို ဟိန္းလိုက္ ေဟာက္လိုက္နဲ႔ စိတ္လည္း မရွည္ဘူး"

ဗီဗီက တက္တက္ႂကြႂကြနဲ႔ ဆယ္ေက်ာ္သက္ေလးလို ျဖစ္သည္။ ႏႈတ္ခမ္းပါးေတြက အၿမဲတမ္း ၿပဳံးလို႔ ေပ်ာ္ေပ်ာ္ေနတတ္သည့္ မိန္းကေလးအသြင္ရွိသည္။

"Artist Kim နဲ႔ ကိုရိန္းက သူငယ္ခ်င္းဆိုတာကို သိလိုက္ရေတာ့ မိတ္ဆက္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ ဒါေပမယ့္ သူက တစ္သက္လုံး ေတြ႕ဖို႔ မစဉ္းစားနဲ႔ဆိုၿပီး ႏွင္ထုတ္တယ္ေလ။ အခုေတာင္ Carlos ကို အပူကပ္ၿပီး ကိုရိန္းရဲ႕ အိမ္ကို စုံစမ္းခဲ့ရတာ... ႐ုတ္တရက္ႀကီး လာရလို႔ ဆရာ့အတြက္ လက္ေဆာင္ေတြ က်န္ခဲ့ရၿပီ"

"ကိုရိန္း လာေတာ့မွ သူ့ကို ဆူလိုက္ပါ႔မယ္ ဗီဗီ့အေပၚ  ဒီလိုပဲ ရက္စက္ရသလားလို႔ေလ"

ဗီဗီက ရယ္သည္... ပါးၿခိဳင့္ေလး ႏွစ္ဖက္က ထင္းခနဲ ေပၚလာၿပီး နက္နက္ရႈိင္းရႈိင္း လွပါသည္။

"မင္း ငါ႔အိမ္ကို ဘယ္လိုေရာက္လာတာလဲ"

ကိုရိန္းက အခုမွ စင္တာကေန ျပန္လာပုံ ရပါသည္။ ကိုရိန္းကိုေတြ႕ေတာ့ ဗီဗီက လွမ္းၿပဳံးျပသည္။

"အခုပဲ ျပန္ေတာ့မလို႔ပါ "

"မင္းကို Carlos ေျပာလိုက္တာ မဟုတ္လား။ Taehyung သူက သိပ္စကားမ်ားလြန္းတာ မင္း ေခါင္းရႈပ္လိမ့္မယ္"

"ဒါေတာ့ ကိုရိန္း တစ္ဖက္လူကို အျပစ္ေျပာေနတာပဲ ငါက artist Kim နဲ႔ လူခ်င္း ေတြ႕ဖူးခ်င္႐ုံပဲဟာ"

"မိုးခ်ဳပ္ေနၿပီေလ ၿပီးေတာ့ ဒီအိမ္မွာ ေယာက္ေက်ားလးေတြခ်ည္းပဲ။ ေနာက္ကို မလာခဲ့နဲ႔"

ဗီဗီက မ်က္ႏွာမဲ့လို႔ ကိုရိန္းကို လွမ္းၾကည့္ပါသည္။ ကိုရိန္းဟာ အခု ဒီမိန္းကေလးကို စိုးရိမ္ေနျခင္းလား၊ သူ့အိမ္ကို လာလို႔ စိတ္ဆိုးေနျခင္းလား... ကြၽန္ေတာ္ ေသခ်ာေတာင္ မသိေတာ့ပါဘူး။

"ဗီဗီ ျပန္လိုက္ပါဦးမယ္ ၿပီးရင္ Artist Kim နဲ႔အတူ ပန္းခ်ီကားေတြနဲ႔ ဓာတ္ပုံေလး ႐ိုက္ဦးမယ္ေနာ္။ ေနာက္ရက္မွပါ"

ဗီဗီယာနာက အိမ္ထဲမွ ထြက္သြားသည္။ ကိုရိန္းက အေနာက္မွာ ရပ္ေနသည့္ Alex ကို လွမ္းၾကည့္ေတာ့ Alex က ဗီဗီ့‌အေနာက္ လိုက္ဖို႔ ျပင္ေန၏။

"ဗီဗီယာနာက ‌လြန္ခဲ့တဲ့ရက္ေတြတုန္းက ေနာက္ေယာင္ခံ လိုက္တာ ခံခဲ့ရတယ္ ထင္တာပဲ။ ညအခ်ိန္မေတာ္ႀကီးမို႔ သူ့ ကြန္ဒိုကို ျပန္ပို႔ေပးလိုက္ဦးမယ္။ ဟိုေကာင္ Alex က သူ့ကို ေသခ်ာ ကာကြယ္ႏိုင္မွာ မဟုတ္ဘူး"

ကားေသာ့ဆြဲကာ အိမ္ထဲမွ အေျပးထြက္သြား‌သည့္ ကိုရိန္းေၾကာင့္ ကြၽန္ေတာ္ ၿပဳံးလိုက္မိေသးသည္။

.

.

ည အိပ္ရာဝင္ခါနီးတြင္ အစ္ကို႔ဆီမွ ဖုန္းဝင္လာပါသည္။ laptop screen ေပၚမွာ အလုပ္ ပင္ပန္းလို႔ ညႇိဳးငယ္ေနသည့္ မ်က္ႏွာကေလး ရွိေန၏။

"အစ္ကို အမ်ားႀကီး ပင္ပန္းေနတာလား"

"မင္းကို လြမ္းတာေလာက္ေတာ့ မမွီပါဘူး"

အစ္ကို႔ ခ်ိဳခ်ိဳသာသာ စကားေတြေၾကာင့္ ကြၽန္ေတာ္က ရယ္ေတာ့ အစ္ကိုက ၿပဳံးသည္။

"ကိုယ္ ေတြးမိတာ‌ကေလ ကိုယ္တို႔က ၁၂ ႏွစ္ေတာင္ ကြာတာ မဟုတ္လား။ အကယ္၍မ်ား မင္းနဲ႔ ရြယ္တူသာ ေမြးလာခဲ့ရင္ ကိုရိန္းလိုမ်ိဳး အခုခ်ိန္အထိ အနားမွာ အခ်ိန္ျပည့္ ရွိေနႏိုင္မွာ"

အစ္ကိုက ကြၽန္ေတာ့္ကို ေစ့ေစ့စိုက္ၾကည့္လို႔ ေျပာေနပါသည္။

"ကြၽန္ေတာ္ အစ္ကို႔ကို အမ်ားႀကီး ခ်စ္တာ သိရဲ႕လား"

"ကိုယ္ Madrid ကို ေက်ာင္းေျပာင္းေလွ်ာက္လိုက္ရမလား။ ဒါမွမဟုတ္ ကိုရီးယားကို ေလွ်ာက္လိုက္ရမလား။ ဘယ္ကိုေလွ်ာက္မွ မင္းနဲ႔ နီးစပ္မွာလဲကြာ... တကယ္ဆို ခပ္ဆိုးဆိုး ေက်ာင္းသားေတြကို ထိန္းရတာထက္ မင္းကို လြမ္းတဲ့ စိတ္ကို ထိန္းရတာက ပိုခက္ေနတယ္"

အစ္ကိုက ရင္ေမာသလို သက္ျပင္းရွည္ႀကီးခ်လို႔ ကြၽန္ေတာ့္ဘက္ ျပန္ၾကည့္သည္။

"ဒီလိုသာဆို ေႏြဦးမေရာက္ေသးခင္ အစ္ကို႔အနား လာမိေတာ့မွာပဲ"

"Wales မွာ ေရနတ္သမီးပန္းေတြ ၾကည့္ဖို႔ အိမ္ဝယ္ထားၿပီးၿပီ။ မင္းေရာက္လာတာနဲ႔ အဲ့ဒီအိမ္ေလးမွာ ေနၿပီး ေန႔ခင္းဘက္ဆို ေရနတ္သမီးပန္းေတြဆီ သြားၾကမယ္။ မင္းကို ေပ်ာ္ေစခ်င္ပါတယ္ ကေလးေလးရယ္"

အစ္ကိုဟာ ကြၽန္ေတာ့္အတြက္ေတာ့ မနက္ခင္းမွာ အစပ်ိဳးလို႔ ထြက္ေပၚလာသည့္ ေနေရာင္ျခည္ေလးလို ေႏြးေႏြးေထြးေထြးပါရယ္...

"ေရနတ္သမီးပန္းရဲ႕ ေနာက္ထပ္ ပန္းစကားေတြ ရွိပါေသးတယ္။ တစ္ခုကေတာ့ တစ္ဖက္သတ္ အခ်စ္ကို ရည္ၫႊန္းတာပါ။ အရင္တုန္းကေတာ့ အစ္ကို႔အေပၚထားတဲ့ ကြၽန္ေတာ့္ရဲ႕ တစ္ဖက္သတ္ အခ်စ္ေတြကိုပါ"

"ေမတၱာေတြဟာ စစ္မွန္ခဲ့ရင္ ေရာင္ျပန္ႏိုင္ပါတယ္ ကိုယ္တို႔ရဲ႕ ေမတၱာတရားလိုမ်ိဳးေပါ႔။ မင္းရဲ႕ ေမတၱာတရားက ႀကီးမားတာမို႔ ကိုယ့္ဘက္က တန္ျပန္သက္ေရာက္မႈေတြ ျဖစ္သြားခဲ့တာပါ။ မင္းနဲ႔ ဆုံစည္းရလို႔ ကိုယ္ကေတာ့ သိပ္ေက်းဇူးတင္မိပါတယ္"

"ကြၽန္ေတာ္ အခုခ်ိန္မွာ အစ္ကို႔ကို ဖက္ထားခ်င္တယ္"

"ေႏြဦးမေရာက္ခင္ Madrid မွာ ‌မင္းကို လာေတြ႕ပါ႔မယ္"

အစ္ကို႔ မ်က္ဝန္းေတြနဲ႔ ဆုံစည္းမိသြားလွ်င္ လေရာင္ေအာက္မွာ ေရနတ္သမီးပန္းေလး ေတြ႕လိုက္ရသလို ႏွလုံးသားဟာ ေႏြးပ်ပ်ပါေလ။

"အစ္ကိုသိရဲ႕လား... ေရနတ္သမီးပန္းေတြက 'ေစာင့္ေမွ်ာ္ေနတဲ့အရာဟာ တစ္ေန႔ေန႔ေတာ့ ေရာက္လာမွာပါ' လို႔ ရည္ၫႊန္းပါေသးတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သိပ္မွန္ပါတယ္"

အစ္ကိုဟာ ကြၽန္ေတာ္ ေျပာသမွ်ကို ေခါင္းေလးညိတ္လို႔ နားေထာင္ပါသည္။ ၿပဳံးလို႔ ရယ္လို႔ တုန္႔ျပန္ၿပီး ၾကင္ၾကင္နာနာ ေငးလို႔ ၾကည့္ပါသည္။

"မင္း အိပ္မက္ေလးေတြ လွေနဖို႔ ကိုယ္ ဆုေတာင္းေပးပါတယ္... ေကာင္းေသာညေလး ျဖစ္ပါေစ ကိုယ့္ ကေလးေလး"

အစ္ကို႔ ဆုေတာင္းသံေလးနဲ႔ အိပ္စက္သည့္ အခါမွာေတာ့ အိပ္မက္ေတြဟာ ေအးခ်မ္းလို႔ လွပေနေတာ့သည္။

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္းကို ေက်းဇူးတင္ပါတယ္

VictoryKimTae

December 16, 2023

Continue Reading

You'll Also Like

97.5K 3.2K 20
"master, wake up. you have to get ready for school." "jeonghannie~ i told you to call me seungcheol already! we are friends!" jeonghan is seungcheol'...
59K 716 24
A teacher who falls in Love with his student and a student who falls in Love with his Teacher. ,, 𝕀 𝕔𝕒𝕟'𝕥 𝕗𝕚𝕟𝕕 𝕞𝕪 𝕔𝕝𝕒𝕤𝕤𝕣𝕠𝕠𝕞, 𝕄𝕣...
184K 18.7K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1M 37.9K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...