အပိုင်း (၅၅)
ယွီဟောက်၏ တပ်စခန်းသည် အမြဲတမ်း ဒေါက်တာဝိုင်၏ အခြေစိုက်စခန်းကို ကိုယ်စားပြုထားသော ကမ္ဘာပျက်ကပ်တွင် အမှောင်မိုက်ဆုံးနှင့် အဆိုးဝါးဆုံးဟူသော အရာများစုစည်းထားသော နေရာတစ်ခုအဖြစ် လူတိုင်းက လက်ခံထားသည်။
ဤနေရာတွင် သင်၏ အသက်ကို စခန်းကို ပေးထားသ၍ မည်သူကမှ သင်၏ ဝိဉာဉ်ကို နတ်ဘုရားများကိုသော်လည်း နတ်ဆိုးများကိုသော်လည်းကောင်း ရောင်းချခြင်း အပေးအယူလုပ်ခြင်းများ လုပ်နိုင်မှာ မဟုတ်ပေ။ မိုးတိမ်မဟာမိတ်တပ်ပေါင်းစု၏ အမြင်တွင်ပင်လျှင် ဤနေရာ ဤတပ်စခန်းကပင် နတ်ဆိုးထက် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုအဖြစ် မြင်ကြသည်။
ဥပမာပြောရလျှင် ကမ္ဘာပျက်ကပ်၏ နံပါတ်တစ် မီးစွမ်းအားရှင် ယွီဟောက်...
နောက်ထပ် ဥပမာသည် ရုတ်တရက် ရှေ့တန်းတွင် တစ်ယောက်တည်းပေါ်ပေါ်လာတတ်သော လျှပ်စီးလူသား... အကြိမ်ပေါင်းများစွာ ပေါ်လာဖူးသော်လည်း ဤလူ၏ အင်အားကို ယခုအထိ အတိအကျမသိနိုင်သေး....
ထို့အပြင် .... ကမ္ဘာပျက်ကပ်တွင် လူတိုင်း၏ ခေါင်းပေါ်တွင် အရိပ်မည်းကြီး တစ်ခု ဖိချထားသလို ဖိအားမျိုးပေးထားသည့်....ဝိုင်
ဤကမ္ဘာပေါ်တွင် သူသည် စိတ်ဓာတ်ကျမှု၊ အမှောင်ထု နှင့် သေခြင်းတရားတို့၏ ကိုယ်စားပြုသင်္ကေတဖြစ်လေသည်။ ယခုတွင် တစ်ချို့သောသူများသည် ဝိုင် ဆိုသည့်သူ တကယ်ပဲ တည်ရှိ မရှိကို စတင်ပြီး သံသယဝင်လာကြသည်။ ဤလူသည် သူတို့၏ ကမ္ဘာပျက်ကပ်ကို ကြောက်ရွံ့ကြသော အကြောက်တရားများနှင့် မတရားခံရသလို ခံစားရမှုတို့ကို ပုံချချင်၍ သူတို့စိတ်ကူးထဲတွင် ဖန်တီးမိထားသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေမည်လားဟူ၍ တွေးထင်လာကြသည်။
ယွီဟောက်အခြေစိုက်စခန်းတစ်ခုလုံးတွင် မြေအောက်အကျဉ်းထောင်သည် အမှောင်မိုက်ဆုံးနှင့် ကရုဏာတရားမရှိဆုံး ရုန့်ရင်းဆုံး နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် သဘာဝအလင်းရောင်လုံးဝ မရှိပေ။ မှိတ်တုတ်မှိတ်တုတ်လင်းနေသော ခပ်ဖျော့ဖျော့ မီးချောင်းသေးတစ်ခု၏ အလင်းရောင်သာ ရနေပြီး ထိုအလင်းရောင်ကပင် လူများကို စိတ်ခြောက်ခြားစေသည်။
ဤနေရာမှ အစောင့်များသည် အမြဲတမ်း ဝီရိယမရှိကြပေ။ အကြောင်းမှာ သူတို့သည် လူသေအစုလိုက်အပြုံလိုက်ကိုသာ စောင့်ကြပ်နေရသောကြောင့်ဖြစ်သည်။ ယွီဟောက်တပ်စခန်း၏ မြေအောက်အကျဉ်းထောင်သို့ ခေါ်ဆောင်လာခြင်းခံရသော လူများသည် ဤနေရာမှ ဘယ်သောအခါမှ အသက်ရှင်ရက် ထွက်သွားနိုင်တော့မှာ မဟုတ်ပေ။ သူတို့သည် ကပ္ပတိန်ရှိရန်၏ အစာများဖြစ်သွားလျှင် ဖြစ်သွား မဟုတ်လျှင် တစ်ခြားသော ခေါင်းဆောင်များ၏ ခေါ်သွားခြင်းခံရပြီး သူတို့ကိုယ်သူတို့ သေသည်ထက်ဆိုးသော အခြေအနေများသို့ ရောက်သွားရန် ကိုယ့်စိတ်နှင့်ကိုယ် လုပ်ဆောင်ကြမည့် အခြေအနေသို့ ရောက်သွားကြမည်သာဖြစ်သည်။
အလွန်တရာကြောက်ရွံ့နေသော မိန်းမငယ်လေးသည် သူမဖခင်၏ ခြေသလုံးကို ဖက်ထားပြီး တုန်ယင်နေသည်။ ထန်လီသည် သူ့သမီးကို လိုက်ရှာရန် သူနှင့်အတူ ပါလာသော သူ၏ သူငယ်ချင်းဖြစ်သူကို ခါးသီးပူဆွေးနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ခေါင်းငုံ့၍ သမီးဖြစ်သူကို စိတ်ငြိမ်သွားအောင် နှစ်သိမ့်ခဲ့သည်။ ထို့နောက် သူ၏ သူငယ်ချင်းကို ပြောသည်။
"ငါမင်းကို နစ်နာစေမိပြီ"
သူ၏ သူငယ်ချင်းက ဘာမှ ပြောနေရန် မလိုကြောင်း ခေါင်းယမ်းပြသည်။ သူတို့ ဤမျှလောက် ကံဆိုးလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။ ရှိရန်၏ လက်အောက်မှ အသန်မာဆုံး လက်အောက်ခံ နှစ်ယောက်နှင့် လာဆုံရမည်ဟု မထင်ထားမိပေ။ သူတို့သည် အဆင့်ငါးအထွတ်အထိပ် အဆင့်သို့ ရောက်နေကြသူများဖြစ်ပြီး တိုက်ခိုက်ရာတွင်လည်း အပေးအယူမျှမျှ ပူးတွဲတိုက်ခိုက်သူများအဖြစ် နာမည်ကြီးသည်။ သူတို့သည် နေရာတိုင်းကို လှည်လည်သွားပြီး ရှိရန်အတွက် အစာရှာသည့် တာဝန်ကို ယူထားကြသည်။
လက်အောက်ခံ နံပါတ်တစ်က ရုတ်တရက် အရိပ်ထဲမှ ပေါ်လာပြီး အစောင့်နှစ်ယောက်က သူတို့နောက်တွင် ရပ်နေကြသည်။
"သူတို့ကို ထုတ်လိုက် ကပ္ပတိန်ရှိရန်ဆီ ခေါ်သွားရမယ်"
ထန်လီ၏ မျက်နှာတစ်ပြင်လုံး ကူကယ်ရာမဲ့စွာ ဖြူဆုတ်သွားသည်။
သူတို့ကို ထိုသူဘာလုပ်ချင်ချင် ကိစ္စမရှိပေ။ သို့သော် သူ၏ သမီးဖြစ်သူကို သူတို့ကို ထိခိုက်စေခွင့်ပြုမိအစား သူသာ အသက်အသေခံလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် ယခုအချိန်တွင် သူတို့၏ အစွမ်းများ အပိတ်ခံထားရပြီး သူတို့သည် သာမန်လူများနှင့် မခြားမနားဖြစ်နေလေပြီ။ ဤအဆင့်မြင့်စွမ်းအားရှင်များနှင့် ရင်ဆိုင်ရန် သူတို့တွင် အခွင့်အရေးတစ်စက်ကလေးမှ မရှိပေ။
သူတို့ကို အပြင်သို့ ဆွဲထုတ်လာချိန်တွင် ကောင်းကင်ကြီးက မှောင်မိုက်နေပြီဖြစ်သည်။ သူတို့သည် အဝေးမှ အဆောက်အဦးများကိုပင် မမြင်နိုင်ကြပေ။ သူတို့၏ မှောင်မိုက်နေသော စိတ်ဓာတ်ကျမှုများကိုသာ ထင်သာမြင်သာ ခံစားမိကြသည်။
ထိုအချိန်တွင် မှောင်မိုက်နေသော အရိပ်တစ်ခုက သူတို့ထံသို့ စိတ်မပါလက်မပါ ရွေ့လျားသည်။
ရုတ်တရက်ပင် သူတို့ကို ယုံကြည်မှုရှိရှိ ဖမ်းချုပ်ထားသော လက်အောက်ခံ နံပါတ်တစ်က ရပ်တန့်သွားကာ ကြောက်လန့်နေသော အသံဖြင့်
"သခင် မုန့်ကာလီ"
သူတို့သည် ရိုကျိုးလေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။
ခေါင်းစွပ်အောက်မှ မျက်နှာက သူတို့ဘက်သို့ လှည့်ကြည့်လာပုံရသည်။ တစ်ချိန်တည်းမှာပင် ထိုနေရာရှိ လူခြောက်ယောက်၏ ခေါင်းထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။
"သူတို့ကို ဘာလုပ်မလို့လဲ"
"ကပ္ပတိန်ရှိရန်အတွက် ယူသွားပေးမလို့ပါ"
လက်အောက်ခံ နံပါတ်တစ်သည် ကျိတ်၍ ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်သော သတိရှိရှိ ရိုရိုကျိုးကျိုးဖြင့် ပြန်ဖြေခဲ့သည်။ သူတို့ရှေ့မှ သခင်ဖြစ်သူသည် မသိနိုင်သော အကြောင်းအရင်းတစ်ခုခုကြောင့် သူတို့၏ တပ်စခန်းသို့ စေလွတ်ခံခဲ့ရပြီး ဘာကြောင့်မှန်းမသိ သူသည် တစ်နေ့လုံး လေထဲတွင် ပေါလောပေါ်နေအောင် မျောလွင့်နေသလို နေနေတတ်သည်။
သို့သော် မည်သူမှ သူပြောသမျှကို မနာခံပဲ မနေရြပေ။ ထို့အပြင် ဤသခင်ကြီးသည် ထူးထူးဆန်းဆန်း အမိန့်များလည်း ပေးတတ်သေးသည်။ လက်အောက်ခံနံပါတ်တစ်သည် သူတို့ကို ဤသခင်ကြီး တစ်ကြိမ်တော့ လွတ်ပေးလိမ့်မည်ဟု မျှော်လင့်မိပြီး သူတို့၏ ကိစ္စတွင် ဝင်မနှောင့်ပဲ နေဖို့ အလွန်ကို မျှော်လင့်ဆုတောင်းမိသည်။
သူ့ကို အဆင့်ခြောက်သို့ ရောက်စေရန် ကပ္ပတိန်ရှိရန်ထံမှ အကူအညီရရန်လိုသည်။ ထိုသို့ အကူအညီရရန် ကပ္ပတိန်ရှိရန် ပျော်အောင် သူ ဖန်တီးပေးမှ ဖြစ်မည်။
ကံမကောင်းစွာဖြင့် သူ၏ ဆုတောင်းများနှင့် ဆန့်ကျင်ဘက်များသာ ဖြစ်လာခဲ့သည်။ သူတို့၏ စိတ်ထဲတွင် မောက်မာသော ဆွဲဆွဲငင်ငင် အသံက ပဲ့တင်ထပ်လာသည်။
"မသွားနဲ့"
"သခင်..."
လက်အောက်ခံက ဂရုတစိုက်ဖြင့် မေးခွန်းထုတ်သည်။
"မသွားနဲ့လို့ ပြောတာ ဒီလူတွေကို ပြန်ပို့လိုက်"
ထိုစကားကိုပြောပြိး အရိပ်မည်းကြီးသည် လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။ လက်အောက်ခံ နံပါတ်တစ်သည် ကူကယ်ရာမဲ့စွာဖြင့် သူကံမကောင်းဟု တီးတိုးပြောမိသည်။ မုန့်ကာလီ စခန်းမှ ပျောက်သွားသည်မှာ လေးရက်ရှိပြီဖြစ်သော်လည်း သူက ဒီနေ့ကျမှ ပြန်လာသည်။ ထို့အပြင်သူသည်လည်း မုန့်ကာလီ၏ အမိန့်ကို မနာခံပဲ မနေရဲဆပေ။ မဟုတ်လျှင် ကပ္ပတိန်ရှိရန်၏ မနက်ဖြန်အတွက် အစာက သူဖြစ်သွားလိမ့်မည်။
သူ၏ လက်ကို ဝေ့ယမ်း၍ အစောင့်များကို ဤလူများအား မြေအောက်အကျဉ်းထောင်သို့ ပြန်ပို့စေလိုက်သည်။
ထိုနေ့ညနေပိုင်းမှာပင် ယွီဟောက်အခြေစိုက်စခန်းတွင် သတင်းတစ်ခု ပျံ့နံ့လာသည်။
'ဒေါက်တာဝိုင် ဒီစခန်းကို ရောက်လာပြီ'
'အခု သူက ဒီစခန်းထဲက တစ်နေရာရာမှာ ရှိနေတယ်'
ဤသတင်းကို စခန်း အရက်ဘားတွင် ထိုင်သောက်နေကြသော လက်အောက်ခံ နံပါတ်တစ်နှင့် နံပါတ်နှစ် တို့ ကြားကြသောအခါ
'ဒီလို အရေးကြီးတဲ့သူ ရောက်လာတာပဲ အိုး သူတို့လာလာ မလာလာ ငါတို့တို့ကို ပိုးမွှားလေးတွေနဲ့ ဘာမှမဆိုင်ဘူးရယ်'
သင့်တော်သလို ခံစားရသည်က တစ်ခုသာရှိသည်။ အကယ်၍ ဒေါက်တာသာ လက်တစ်ဖက်တည်းဝေ့ယမ်း၍ လျှပ်စီးတပ်ခွဲကို ဖျက်စီးသုတ်သင်ပစ်လိုက်မည်ဆိုလျှင် သူတို့၏ တာဝန်များက ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။ သို့သော်... သူတို့အနေနှင့် ကပ္ပတိန်ရှိရန်အတွက် အစာကို နီးနီးနားနားတွင် ရှာ၍မရတော့ပေ။
ထန်လီနှင့် အခြားသူများကို စောင့်ကြည့်နေသော အစောင့်များသည်လည်း သူတို့ ထိုနေ့က မည်သို့သော မကောင်းဆိုးဝါးမျိုးကိုမှ တည့်တည့်တိုးမိသည်ကို သိထားကြသည်။ သူတို့အနေနှင့် တစ်ရက်တည်းတွင် ကမ္ဘာပျက်ကပ်၏ ဘစ်ဘော့စ်ကြီး သုံးယောက်ကို တစ်ပြိုင်တည်းတွေ့ကြရရုံသာမက ကမ္ဘာပျက်ကပ်၏ တကယ့်ဘုရင်ကြီး ရောက်သည့်သတင်းကိုပင် ကြားခဲ့ရသေးသည်။
သို့သော် ဤအချိန်တွင် သူတို့မှာ ကိုးဆယ်ဒီဂရီကိုယ်ကို ကိုင်း၍ ဦးညွှတ်ထား၍သာ နေရဲကြပြီး သူတို့မျက်လုံးရှေ့ ဖြတ်ပြေးသွားသော အဖြူရောင်ဝတ်စုံအနားကိုတောင် မော်မကြည့်ရဲပေ။ ၎င်းက အလွန်ကို သန့်ရှင်းစင်ကြယ်လွန်းပြီး မှောင်မိုက်နံစော်နေသော မြေအောက်အကျဉ်းထောင်ထဲတွင် ၎င်းကို မြင်ရသည်မှာ အလွန်ကို ထူးဆန်းနေသည်။
လေ့သွမ့်နှင့် ယွီဟောက်တို့သည် ယင်ညန်နောက်မှ အမြှီးလေးနှစ်ချောင်းကဲ့သို့ ကုတ်ကုတ်လေး လိုက်လာကြသည်။
အရာရာတိုင်းကို သူသိထားပြီးသား ထင်နေသော လေ့သွမ့်သည် သူ၏ ဘော့စ်က ဇနီးဖြစ်သူကို နှစ်ဝက်ကြာအောင် မမြင်ရ မထိရ မလျက်ရ အဟမ်း မလျက်ရသည်ကို သတိထားမိသည်။ ထို့ကြောင့်လည်း ဘော့စ်က ဤမျှလောက် စိတ်အခြေအနေဆိုးနေသည်ဟု ခန့်မှန်းမိသည်။
အပြင်မှ ညစ်ပတ်သည့် အလုပ်များအားလုံး သိမ်းကြုံး၍ လုပ်နေရသော ယွီဟောက်သည် ဘာတစ်ခုမှ သိမထားသော်လည်း ယနေ့တွင် သူတို့၏ ဘော့စ်က အလွန်ကို စိတ်အခြေအနေဆိုးနေသည်ကို သတိထားမိသည်။
သတင်းကောင်းမှာတော့ သူတို့၏ ဘော့စ်သည် တစ်နေ့တစ်ခြား လူသားဆန်လာပြီး ခံစားချက်များပို၍ ပြလာကာ ယခင်ကထက် ပို၍ အကြင်နာကင်းမဲ့သည့် ခံစားချက်များထုတ်ပြနေပြီး သူတို့ကို အနားကပ်သွားရမည့်အစား သေလိုက်တာပဲ ကောင်းမည်ဟူသည့် ခံစားချက်များပေးစွမ်းနေသည်။
အဆိုးဘက်ကိုကြည့်လျှင် သူ့လက်အောက်တွင် အလုပ်လုပ်ရသောသူများပင် အသက်ပင်ရဲရဲမရှူရဲကြအောင် ဖြစ်လာကြခြင်း....
ယခု...ဥပမာပေးရလျှင် ဒေါက်တာသည် ရုတ်တရက်ကြီး မှောင်မိုက်နေသော မြေအောက်အကျဉ်းထောင်သို့ တစ်စုံတစ်ယောက်ကို တွေ့ဆုံရန် ချက်ချင်းထထွက်သွားခြင်း.....
'လျှပ်စီးတပ်ခွဲက အချိုပွဲ ဆရာသခင်လား...'
အကျဉ်းခန်းအပြင်တွင် ရပ်နေရင်း ယင်ညန် ငုံ့ကြည့်သည်။
လေ့သွမ့်သည် ကျွမ်းကျင်စွာဖြင့် ယွီဟောက်ကို ဆွဲခေါ်သွားပြီး ဤနေရာတစ်ဝိုက်ကို မည်သူမျှ မရှိစေရန် ရှင်းလင်းသည်။
ထန်လီသည် သူ့ရှေ့တွင် အလွန်ကို သန့်ရှင်းပြီး ချောမောသော လူငယ်လေးတစ်ယောက် လာရပ်သည်ကို မြင်လိုက်ရသည်။ သူ၏ မျက်ဝန်းနက်နက်များက သူ့ကို ကြည့်နေပြီး
"ချောကလက် ဘယ်လိုလုပ်ရလဲ သိလား"
ထန်လီသည် သူ၏ သမီးကို ဖက်ထားပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ဖြေလာသည်။
"...ဟုတ်ကဲ့"
---------------------------
မှောင်မိုက်ကြမ်းတမ်းသော ရက်စက်မှုများကြီးစိုးရာ ယွီဟောက် အခြေစိုက်စခန်းတွင် ချိုမြသော ချောကလက်နံ့များ ထုံမွှမ်းနေသည့်အဖြစ်ကို စိတ်ကူးဖြင့် မြင်ကြည့်ဖို့ပင် ခက်ခဲလှသည်။ သို့သော် ယခုကား ရန်သူကို မည်သို့ ရင်ဆိုင်တိုက်ခိုက်မည်ကို ပြောနေရမည့် အချိန်မဟုတ်တော့ပေ။
ကမ္ဘာထိပ်တန်း ချောကလက်အထူးပြု အချိုပွဲ ပညာရှင်တစ်ယောက်ဖြစ်သော ထန်လီသည် ဘွဲ့ထူးဂုဏ်ထူးများစွာ ရဖူးပြီး တော်ဝင်မိသားစုများ အရာရှိများအတွက် အချိုပွဲလုပ်ပေးဖူးသည်မှာ အကြိမ်မရေနိုင်အောင် ရှိခဲ့သည်။ ထိုသူက တစ်ကြိမ်သာ တွေ့ခဲ့ရသော်လည်း သူသည် အလွန်ကို သဘာဝကို ကျော်လွန်နေမည့် လူငယ်တစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိခဲ့သည်။
ဤအခွင့်အရေးကား သူ သူ့သမီးနှင့် သူ၏ သူငယ်ချင်းတို့ လွတ်မြောက်နိုင်မည့် လမ်းစ ဖြစ်လာနိုင်သည်။
အတွေ့အကြုံရင့် အချိုပွဲ ပညာရှင်တစ်ယောက်အနေဖြင့် ကာစတန်မာ၏ နောက်ခံနှင့် ကိုယ်ရည်ကိုယ်သွေးကို သိရုံဖြင့် ကာစတန်မာ အကြိုက် အချိုပွဲတို့ကို ခန့်မှန်းနိုင်ပြီး ပြင်ဆင်ပေးနိုင်သည်။
ထို့ကြောင့် လူငယ်လေးက သူ့ကို ကူညီရန် လွတ်ပေးလိုက်သော သူ့နောက်တွင် ရပ်နေသော ကောင်လေးကို လှဉ့်ကြည့်လိုက်သည်။ ထိုကောင်လေးသည် ဖျော့တော့ဖြူဖွေးသော အသားအရေရှိပြီး မျက်နှာက တည်တံ့နေသည်။ ထန်လီက ယဉ်ကျေးစွာ မေးလိုက်သည်။
"လူကြီးမင်း ခုနက ကျွန်တော့်ကို ချောကလက်လုပ်ပေးဖို့ တောင်းဆိုသွားတဲ့ လူငယ်လေးက ဘယ်သူလဲဆိုတာ ပြောပြလို့ရမလားဗျာ..."
"သူက ဒေါက်တာဝိုင်လေ"
ယွီဟောက်က တည်ငြိမ်သော်လည်း စိတ်အားထက်သန်နေသော အသံဖြင့် ပြောသည်။
ထန်လီ ပါးစပ်ကြီးဟပြီး သုံးမိနစ်လောက်ကြာအောင် ကြောင်ကြောင်ကြီး ရပ်နေမိကာ ထို့နောက်မှာမှ အတင်းကို လုပ်ယူထားသော အပြုံးတောင့်တောင့်ကြီးဖြင့် ထပ်မေးလိုက်သည်။
"အမ်း ကျွန်တော် မင်းကိုရော ဘယ်လို သိထားရမလဲ"
ယွီဟောက် : "ကျွန်တော်က ယွီဟောက်"
---------------------------------------------------
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။