အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်...

By eithethmue

41.1K 3.6K 119

Title - Divorce is the condition Divorce is the condition More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 37.2
Chapter 38
Chapter 39.1
Chapter 39.2
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82

Chapter 72

158 8 1
By eithethmue

Chapter 72

"မင်္ဂလာပါ…မင်းနာမည်က ဘယ်လိုခေါ်လဲ..."

"မင်းဆံပင်က လှလိုက်တာနော်..."

"မင်းကြည့်ရတာ မင်းသားလေးလိုပါပဲ..."

အဆင့်မခွဲခြားဘဲ လူတိုင်းက အီလီယန် ကို တအံ့တသြ စိတ်ဝင်စားနေကြသည်။ သူတို့ကို ဆွဲဆောင်လိုက်သော အီလီယန်က ပြန်ပြုံးပြလိုက်ရာ သူတို့လည်း သဘောကျသွားသည်။ စကားလုံး ဆယ်လုံး ပြောတာထက် တစ်ကြိမ်ပြုံးတာက ပိုထိရောက်ပေသည်။

“ဘာလဲ….”

လူတိုင်းက အီလီယန်ကို အာရုံစိုက်နေကြသောအခါ အာဆီလီယာ ၏ သားကြီး လပ်စ် သည် မျက်မှောင်ကြုတ်လိုက်သည်။ လပ်စ် သည် ယခုအချိန်အထိ ဤနေရာတွင် ကလေးဗိုလ်အဖြစ် ရပ်တည်နေသူဖြစ်ပြီး အီလီယန် ကြောင့် သူ့ကို ဘယ်သူမှ အာရုံမစိုက်ကြတော့ချေ။ လပ်စ် က စိတ်ဆိုးသွားသလို ခြေသံပြင်းပြင်း လျှောက်လာပြီး ကလေးတွေကို အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ…ငါက ဒီမှာ မင်းတို့ရဲ့ ခေါင်းဆောင်လေကွာ..."

ကလေးတွေက အံ့သြတကြီး မျက်တောင်ခတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။

"ဘာလဲ....ခေါင်းဆောင် ဆိုပါလား..."

"သူကဘာလို့ ခေါင်းဆောင်ဖြစ်တာလဲ..."

ကံမကောင်းစွာပင်၊ ငယ်ရွယ်သောကလေးငယ်များသည် အဆင့်အတန်းနှင့် အာဏာကို မသိနားမလည်ကြပေ။ လပ်စ် သည် အထက်လူကြီးဆိုသည့် သဘောနှင့် သူ့ကို ကြောက်လာအောင်  ထပ်မံကြိုးစားသော်လည်း ကလေးများ က မကြောက်ကြပေ။သူ ဒေါသထွက်ပြ နေသော်လည်း သူ့အနားကို ဘယ်သူမှ မလာကြပေ။

"ငါတို့နဲ့ကစားပါလား..."

လပ်စ် ကို အဖက်မလုပ်ကြတော့သည့် ကလေးတွေက အီလီယန် ကို အတူတူကစားဖို့ ခေါ်လိုက်သည်။

အားလုံးက အီလီယန် နှင့်ကစားရဖို့ စိတ်လှုပ်ရှားနေကြသော်လည်း အီလီယန် က မတုန်မလှုပ်ဖြစ်နေသည်။သူ့သဘောက သူနှင့်ကစားချင်နေသည့် ကလေးတွေကို စိတ်ပျက်အောင် လုပ်ခြင်းမဟုတ်ပေ။သူငယ်ချင်းတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် နေသင့်၊မသင့် ဆုံးဖြတ်နေခြင်းပင်။

"ဒါ ဘာလဲဆိုတာ အားလုံးသိကြလား..."

လပ်စ် သည် စိတ်ရှုပ်သွားပြီးမှ သူ့အိတ်ကပ်ထဲမှ အရုပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ လက်ဝတ်ရတနာတွေနှင့် ပြည့်နေသည့် အရုပ်ကို ကြည့်ရသည်မှာ အတော် တန်ဖိုးကြီးလောက်သည်။ထိုအခါ ကလေးများသည် အရုပ်ကို အချိန်တိုအတွင်း စိတ်ဝင်စားခဲ့လာသော်လည်း မကြာမီ သိပ်စိတ်မဝင်စားကြတော့ချေ။ ဤအခန်းထဲမှာ အရုပ်များဖြင့် ပြည့်လျှံနေခြင်း ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် လိုလေသေးမရှိဘဲ ကြီးပြင်းလာခဲ့ကြသော ကလေးငယ်များဖြစ်တာကြောင့် လက်ဝတ်ရတနာများကို သိပ်စိတ်မဝင်စားကြတော့ပေ။ ကလေးတွေက သိပ်မတုံ့ပြန်သည့်အခါ လပ်စ် မျက်နှာက နီရဲလာသည်။

ဘုန်း....

ထိုအခါ လပ်စ် သည် ကြမ်းပြင်ပေါ်တွင်ထိုင်ပြီး ကစားနေသော ကောင်လေးကို စတင်အနိုင်ကျင့်ခဲ့သည်။ ပထမတော့ လက်ဖဝါးနှင့် ထိရုံသာဖြစ်သော်လည်း ကောင်လေးက မတုံ့ပြန်သဖြင့် ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။

"မလုပ်နဲ့..."

ကလေးက ငိုလိုက်တာ‌ကြောင့်တခြားသူတွေလည်း  လှည့်ကြည့်လာသည်။ထို့ကြောင့်  လပ်စ် စိတ်တိုသွားကာ ထိုကလေးငယ်အား သစ်သားဓားဖြင့် နံရိုးကိုထိုးလိုက်ပြန်သည်။ ကလေးမှာ ကြောက်လန့်ပြီး  အော်ငိုလေတော့သည်။ ဝိုင်းဆော့နေကြသော ကလေးများသည် စိတ်မငြိမ်မသက် ဖြစ်နေကြသော်လည်း လပ်စ် က သူတို့ကို သစ်သားဓားနှင့် ထပ်ထိုးမှာ ကြောက်တာကြောင့် ဘာမှ မပြောနိုင်ကြပေ။

“ရပ်လိုက်...”

အီလီယန် သည် ထိုင်နေရာမှထကာ လပ်စ် ထံသို့ ချဉ်းကပ်လာသည်။

"ဘာလဲ မင်းက..."

လပ်စ် သည် အီလီယန် ကို သစ်သားဓားဖြင့် ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။ အီလီယန် က သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသဖြင့် သူ တုန်လှုပ်သွားသော်လည်း မကြောက်ဟန်ဆောင်ကာ ပြောလိုက်၏။

"မင်းအဖေက မကောင်းဆိုးဝါးလို့ အမေက ပြောတယ်..."

"မကောင်းဆိုးဝါး… အဲဒါဘာလဲ..."

"သူတို့က စာအုပ်ထဲက ထွက်လာတာလ… ကြောက်စရာကောင်းတယ်…ဆိုးတယ်"

"ဒါဆို အီလီယန် ရဲ့ အဖေက လူဆိုးလား..."

ကလေးများ အချင်းချင်း တစ်‌ယောက်တစ်ပေါက် ပြောလာကြတာကြောင့် အီလီယန် သက်ပြင်းချလိုက်မိသည်။ သူကိုယ်တိုင်က ဝင်ပါရန် ရည်ရွယ်ချက်မရှိသော်လည်း ယခု လပ်စ် သည် ရိုစီနာ အမုန်းဆုံးဖြစ်သော  အားနည်းသူကို အနိုင်ကျင့်နေခြင်း ဖြစ်၏။ ထိုအခါ သူက လပ်စ် ကို အော်ပြောလိုက်သည်။

“မကောင်းဆိုးဝါး ဆိုတာက မင်းလို ကောင်မျိုးကိုပြောတာ…လူယုတ်မာရဲ့..."

ထိုအချိန်တွင် လပ်စ် သည် အီလီယန် ဆီ ပြေးသွားခဲ့သည်။

အီလီယန် သည် သူ့ဘေးနားတွင် ကစားနေသည့် ကလေးတစ်ယောက်ထံမှ သစ်သားဓားကို ငှားလိုက်ပြီး အိုင်းဆက်ထံမှ သင်ယူခဲ့သည့်အတိုင်း ဓားကို ချက်ချင်း တိုက်ကွက်ထုတ်လိုက်သည်။ ထို့နောက် လပ်စ် ၏ဓားသည် သူ့ဆီ မရောက်မီတွင် သူ့သစ်သားဓားက လပ်စ် ပေါင်ကိုထိမှန်သွားသည်။

“အား...”

အလွန်အားပြင်းပြီး နာကျင်စွာအော်သံကို အားလုံး ကြားလိုက်ရသည်။ ထို့နောက် လပ်စ် က ခုန်တက်လာပြီး သူ့သစ်သားဓားနှင့် ထိုးမည်ပြုရာ အီလီယန် သည် နောက်သို့ ရှောင်လိုက်ပြီး မကြာမီ အသံတစ်ခု ထပ်မံကြားလိုက်ရသည်။

နံရိုးကို အရိုက်ခံလိုက်ရသော လပ်စ် သည် အလွန်နာကျင်သွားပြီး မျက်ရည်ကျ နေရသည်။ ထို့နောက် လက်ထဲက သစ်သားဓားကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီး အော်လိုက်သည်။

"အမေ့ကို အကုန်တိုင်မယ်..."

လပ်စ် တစ်ယောက်ငိုပြီး ထွက်ပြေးသွားချိန်မှာ အီလီယန် က ပခုံးတွန့်လိုက်သည်။ လပ်စ်၏ ဓားစကေးက အလွန်ညံ့ဖျင်းတာကြောင့် သူ့အတွက်မူ လေ့ကျင့်ဖော် အဖြစ်တောင် ခေါ်ဆို၍မရချေ။ထို့နောက် သူက လက်ထဲတွင်ရှိသော သစ်သားဓားကို မူလပိုင်ရှင်ထံ ပြန်ပေးခဲ့သည်။ မကြာမီ ကြောင်ပြီး ရပ်ကြည့်နေသည့်  ကလေးတွေထံမှ အာမေဋိတ်တွေ ထွက်လာတော့၏။

***

ရိုစီနာ သည် ပွဲရုံသို့ ပြန်လာခါမှ ခုန်နေသော နှလုံးခုန်သံမှာ ငြိမ်သက်သွားရသည်။ သူမ ဘေးနားက ရာဟန် ၏အကြည့်တွေကို ခံစားမိနေသော်လည်း သူမ မသိသလို တမင်တကာ ဟန်ဆောင်ခဲ့သည်။သူနှင့် မျက်လုံးချင်းဆုံလိုက်လျှင် အရင်ကလို ပင် စကားတွေ ထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပေလိမ့်မည်။သူမ လောလောဆယ် အီဘယ်လာ ကို လိုက်ရှာရမည်ဖြစ်သည်။ စောစောက သူမကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားမိသည့် အတွက် အလွန် ရှက်မိသွားသည်။

ထိုအချိန်တွင် ပွဲရုံအတွင်းမှ အသံတစ်ခုကြားလိုက်ရသည်။ တစ်ဖက်မှာလည်းလူအုပ်ကြီး ရှိနေသည်။အာဆီလီယာ သာ ထွက်လာပါက ဤမျှ ဆိုးမည်မထင်ပေ။ထို့နောက် အီဘယ်လာများ လူအုပ်ထဲမှာ ရှိနေမလားဟုတွေးကာ လျှောက်လာမိလေသည်။

ရိုစီနာ အပြေးကလေး သွားလိုက်ရာ ရာဟန် သည် သူမအား အခြားသူများထံမှ ကာကွယ်ရန် ရင်ခွင်ထဲ ထည့်ထားမတတ် နောက်မှ လိုက်လာတော့သည်။

ချက်ချင်းပင်၊ သူမသည် ရာဟန် လက်ထဲ ရောက်သွားတာကြောင့် ရင်ခုန်လာကာ အသက်ပြင်းပြင်းရှူလိုက်မိသည်။သူက လုပ်ရိုးလုပ်စဉ် တစ်ခုလိုပင် ဖက်ထားခြင်း သူမမှာ ရင်တွေခုန်နေရလေသည်။ အတန်ကြာမှ အီဘယ်လာကို ရှာမည့်ကိစ္စကို အမှတ်ရသွား၍ လူအုပ်ကြားထဲကို ရှာကြည့်ရာ မှူးမတ်များဝန်းရံထားသော မိန်းကလေးတစ်ဦးကို တွေ့ရှိသွားသည်။

“!”

ရိုစီနာ သည် ကောင်မလေးကို အသေအချာ ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ အာစတေးနီးယားရှိ မြို့ဝန်မင်း၏ အငယ်ဆုံးသမီး ကေလာ ဟီလစ် ဖြစ်သည်။ လအနည်းငယ်အတွင်း ကေလာ သည် မိန်းမပျိုလေးတစ်ဦး ဖြစ်လာခဲ့သည်။ အသက် 14 နှစ်ရှိပြီဖြစ်သော ကေလာ သည် ယခုနှစ်မှ အတော်လေး အရပ်မြင့်လာပြီး သူမနှင့် တစ်လက်မသာ ကွာပုံရသည်။

ကေလာ သည် သံတမန်နှစ်ဦးနှင့်အတူ ရပ်နေခဲ့သည်။ သူမ၏ အနည်းငယ် ညိုသော အသားအရေနှင့် ထူးခြားဆန်းပြားသော အသွင်အပြင်ကသူမအား တော်ဝင်မှူးမတ်များကြားတွင် ထင်ရှားစေသည်။ ကေလာ သည် ထိုပွဲသို့ တက်ရောက်မည်ဟု သူမ သိထားသော်လည်း ကိုယ်တိုင် မျက်စိနှင့်မြင်လိုက်သောအခါ အိပ်မက်မက်နေသလို ခံစားရသည်။ မှူးမတ်များသည် ကေလာ နှင့် ဖော်ဖော်ရွေရွေ ပြောနေသည်။

ကေလာ သည် သူမထံမှ သင်ယူထားသော တော်ဝင်ဘာသာစကားကို သုံး၍  အခက်အခဲများစွာမရှိဘဲ စကားစမြည်ပြောနေခဲ့သည်။သူမ အသေအချာစဉ်းစားကြည့်မှ ယခုလောလောဆယ် ကေလာနှင့် တွေ့လို့မဖြစ်ကြောင်း သိသွားရ၏။ အမှန်တစ်ကယ်က သူမသည် အာစတေးနီးယား နှင့် အဆက်အသွယ်ရှိကြောင်းကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သူမကို နိုင်ငံရေးအရ အသုံးချသွားမှာ စိုး၍ ရာဟန်ကိုတောင် တစ်ခွန်းမဟခဲ့ဖူးပေ။ ရာဟန် ရင်ဘတ်တွင် ခိုဝင်နေရင်း သူမ တစ်ချက် ညည်းညူလိုက်သည်။

“လူအရမ်းများနေတာပဲ…”

"အစ်မ..."

ရိုစီနာ သည် အာစတေးနီးယား ဘာသာစကားဖြင့် ပြောဆိုလိုက်သော ကေလာ စကားကို ကြားရသောအခါ ကမ္ဘာကြီး ရပ်တန့်သွားသလိုပင် ဖြစ်သွားသည်။ သူမ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်လျှင် ကေလာနှင့် မျက်လုံးချင်း ဆုံသွားရလေသည်။

"အစ်မ..."

ကေလာ သည် သူမပတ်ဝန်းကျင်ရှိ လူအုပ်ကိုဖြတ်၍ ရိုစီနာ ဆီသို့ ရောက်လာသည်။ စိတ်ပျက်နေသော ရိုစီနာ သည် ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်မှာ လူများစွာရှိနေသောကြောင့် ပေါ်တင် ထွက်သွားလို့ မကောင်းပေ။

ချက်ချင်းပင် ကေလာ ဘေးတွင် ရပ်နေသော သံတမန်များသည် သူမ ဆီသို့ အပြေးအလွှား ရောက်ရှိလာကြပြီး အားလုံး၏ မျက်လုံးများက သူမဆီမှာသာ ရှိနေကြသည်။

"မတွေ့ရတာကြာပြီနော်…ညီမက အစ်မကို အရမ်းလွမ်းနေတာ..."

ကေလာ သည် အာစတေးနီးယား ဘာသာစကားဖြင့် ရိုစီနာအား စကားပြောသောအခါ အားလုံးက အံ့သြသွားကြသည်။ သံတမန်များနှင့် ရိုစီနာ တို့ကသာ ကေလာ စကားကို နားလည်ကြသူများ ဖြစ်ကြသည်။

ရိုစီနာ က ကေလာ ကို အံ့ဩသောမျက်နှာဖြင့် ကြည့်နေမိသည်။ နောက်မှ သူမကို တိတ်တဆိတ် ဆုံတွေ့မည်ဟု စီစဉ်ထားတာကြောင့် ယခုလို တွေ့ဖို့ ဘာမှ မပြင်ဆင်ထားခဲ့ပေ။

"အစ်မ.... ဘာလို့ ညီမကို စကားမပြောတာလဲ…ညီမကို မေ့သွားပြီလား..."

ရိုစီနာ က ဘာမှပြန်မပြောသဖြင့် ကေလာ က မျက်ရည်တွေဝဲလာသည်။ထိုအခါမှ သူမလည်း သတိပြန်ဝင်လာရတော့သည်။

"အစ်မ ညီမကို ဘယ်လိုမေ့နိုင်မှာလဲ..."

ထိုအခါ ငိုနေသော ကေလာသည် ပြုံးပြ လိုက်သည်။

သူမ အပြုံးကို ကြည့်နေမိသော ရိုစီနာ သည် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်ကို သဘောပေါက်လိုက်သည်။ သူမ မော့ကြည့်လိုက်တော့ အားလုံးက သူမ ကို ထိတ်လန့်တကြားနှင့် ကြည့်နေကြ၏။

'အာ… ငါ ပြောလိုက်မိပြီ...”

ကေလာ ၏မျက်ရည်များကြောင့် အာစတေးနီးယား ဘာသာစကားကို သတိမထားမိဘဲ ပြောမိသွားရသည်။ သူမလည်း ပျာပျာသလဲဖြစ်သွားကာ ဘယ်လိုညာရမည်ကို အပြေးအလွှားတွေးရလေတော့သည်။

"မင်းသမီးက အာစတေးနီးယား လိုဖြေလိုက်တာလား..."

မှူးမတ်များသည် ရိုစီနာ ကို စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် စူးစိုက်ကြည့်နေကြသည်။ အာစတေးနီးယား ဘာသာစကားသည် အလွန်ရှုပ်ထွေးခက်ခဲပြီး အင်ပါယာတွင်ပင် သင်ပေးသည့် ဆရာများမရှိသောကြောင့် အာစတေးနီးယား စကားကို သင်ယူရန် မဖြစ်နိုင်သလောက်ပင်။ စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ကို စာအုပ်များမှ လေ့လာခြင်းဖြင့် တစ်နည်းတစ်ဖုံ တတ်မြောက်နိုင်သော်လည်း တစ်ဖက်လူ စကားကို နားထောင်ခြင်းနှင့် ပြန်ပြောရသည့် ကိစ္စမှာ လုံးဝကွဲပြားသော ပြဿနာများဖြစ်သည်။

"မင်းသမီးက ဘာပြောလိုက်တာလဲဟင်..."

"မင်းသမီးက ဒီမိန်းကလေးနဲ့ သိနေတာလား"

မေးခွန်းများ အမေးခံရသောအခါ ရိုစီနာ စိတ်ရှုပ်ထွေးသွား၏။ ယခု သူမသည် အာစတေးနီးယား စကားပြောနိုင်ကြောင်း တစ်ကမ္ဘာလုံးကို မရည်ရွယ်ဘဲ အသိပေးခဲ့ပြီး ဖြစ်သွားသည်။ မှူးမတ်များသည် အကဲခတ်လိုဟန် ၊မသင်္ကာဟန်များဖြင့် သူမအနားကို ချဉ်းကပ်လာစဉ် ရာဟန်က သူ့လက်ကို သူမ ရှေ့မှာ တားထားလိုက်ရာ ပုတ်ခတ်ပြောဆိုဖို့ ကြံနေသော မှူးမတ်များ  ခြေလှမ်း ရပ်တန့်သွားသည်။ ထိုမှသာ သူမ နှင့် ခပ်လှမ်းလှမ်းကို ပြန်ဆုတ်သွားကြတော့သည်။သို့သော်၊ သူတို့က ရာဟန် ကို သတိထားကြသော်လည်း ရိုစီနာ နှင့်စကားပြောဆို ချင်နေကြဆဲပင်။

ကေလာ သည် အင်ပါယာဘာသာစကားကို တတ်ကျွမ်းသော်လည်း မကျွမ်းကျင်ပေ။ အာစတေးနီးယား ဘာသာစကားသည် ထူးခြားပြီး အသံထွက်ပုံမှာ အနည်းငယ် ဆန်းကြယ်သောကြောင့် နားထောင်ရုံဆိုလျှင် သာယာနာပျော်ဖွယ် ရှိသည်။

ထို့နောက် ကေလာ က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အစ်မ ညီမကြောင့် ဒုက္ခ ရောက်သွားတာလား..."

“ဟင့်အင်း…မဟုတ်ပါဘူး ညီမရဲ့...”

ရိုစီနာ က ကေလာ ကို စိတ်ချမ်းသာအောင် ပြောပြီး ပြုံးပြလိုက်ပြီး သူမ၏ အဖြေကို စောင့်မျှော်နေသူများအား ဖုံးကွယ်ထားသင့်သည်ကိုသာ ဖုံးကွယ်ထားသင့်ကြောင်း ‌တွေးလိုက်မိသည်။

"ကျွန်မ ငယ်ငယ်တုန်းက အာစတေးနီးယား ဘာသာစကားကို ကိုယ့်ဘာသာကိုယ် သင်ခဲ့တာဆိုတော့ နည်းနည်းပြောတတ်ပါတယ်..."

မှူးမတ်များ သည် သူမ စကားကို သဘောကျသွား၍ အလုပ်ရှုပ်သွားကြသည်။

“မင်းသမီးက ကိုယ့်ဘာကိုယ်သင်ထားတာလား…မိုက်လိုက်တာ..."

"မိန်းကလေးက မင်းသမီး စကားကို ချက်ချင်းနားလည်ပုံရတယ်…မင်းသမီးက သိပ်တော်တာပဲ..."

ထို့နောက် သူမကို စိုက်ကြည့်နေသော ကေလာ အား တိတ်တဆိတ် တိုးတိုးလေးပြောလိုက်သည်။

"ကေလာ…အစ်မ နောက်မှ အသေးစိတ်ရှင်းပြပါ့မယ်..."

ကေလာ က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အားလုံးက တအံ့တသြနှင့် ထပ်မေးလိုက်ပြန်သည်။

"မင်းသမီး ဘာပြောလိုက်တာလဲ..."

"သူမကို ပင်ပန်းလားလို့မေးတာပါ…သူမက ပင်ပန်းနေပြီတဲ့လေ..."

ကေလာ မျက်လုံးပြူးသွားသည် ။ သို့သော် ရိုစီနာ အလိမ်အညာစကားကို သတိမပြုမိသော မှူးမတ်များက ခေါင်းညိတ်လိုက်ကြသည်။

“ကျွန်တော်တို့ တောင်းပန်ပါတယ်…ဟုတ်တာပေါ့…သူမ ပင်ပန်းနေမှာပဲ..."

သူတို့ကလည်း ကေလာနှင့်ပတ်သတ်၍ အမှားလုပ်မိမှာ ကြောက်နေပုံရသည်။ သူမသည် နှစ်စဉ်လာရောက်သော တခြား နိုင်ငံခြားသံတမန်များနှင့် မတူပေ။ လွန်ခဲ့သည့် နှစ်ရာဂဏန်းကအထိ အာစတေးနီးယား သည် သံတမန်တစ်ဦးကို တစ်ခါမျှ မစေလွှတ်ခဲ့ပေ။သို့သော်လည်း ယခုတစ်ကြိမ်မှာတော့ သူမကို နိုင်ငံခြားမှာ ပညာသင်ကြားဖို့ သံတမန်အဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်၍ သူမသည် အလွန်အဖိုးတန်သော ဧည့်သည်တစ်ဦးဖြစ်သည်။ အားလုံးက စိတ်ပျက်သွားပုံရသော်လည်း ကေလာ က ပင်ပန်းနေတာကြောင့် မျက်နှာမပျက်သွားကြပေ။

“ပျော်စရာကောင်းပါတယ်နော်..."

"အခွင့်အရေးရရင် နောက်တစ်ကြိမ် ပြောချင်ပါသေးတယ်...”

စုဝေးကြသော မှူးမတ်များသည် ကေလာအား စကားတစ်ခွန်းစီပြောကာ ထွက်သွားကြသည်။

နောက်ဆုံးတွင် လူအုပ်ထဲမှ ထွက်ခွင့်ရလာသော ရိုစီနာ သည် ကျယ်လောင်စွာ အသက်ရှူရှိုက်လိုက်သည်။ ထို့နောက် သူမ၏ ခါးနှင့်ပခုံးတို့သည် တင်းမာသောရင်ဘတ် တစ်ခုကို ဘုန်းကနဲ ပစ်ဆောင့်သွား၏။ သူမ မော့ကြည့်လိုက်တော့ ငုံ့ကြည့်နေသည့် ရာဟန် ကို တွေ့လိုက်ရလေသည်။

".... မင်းက အာစတေးနီးယားလို ပြောတတ်တာလား"

"နည်းနည်းပါ"

သူမ အနည်းငယ်မုသားသုံးရပေသည်။ ထို့နောက် သူမ ဘေးမှာ ရပ်နေသည့် ကေလာ ကို ငုံ့ကြည့်နေမိသည်။ အချိန်အတော်ကြာမှ ပြန်ဆုံတွေ့ပြီးနောက်တွင် သူမကို ရှင်းပြစရာတွေ အများကြီးရှိခဲ့သည်။ထို့ကြောင့် သူမ အချိန်အတော်ကြာ စဉ်းစားလိုက်ရာ သီးသန့်တွေ့ဆုံဖို့ လိုအပ်သည်ဟု သဘောပေါက်လိုက်၏။သူမလည်း ရာဟန်ကို တစ်ချက်တိုင်ပင်ကြည့်မည်ပြုစဉ်  မှူးမတ်များ၏ အသံကို သူမကြားလိုက်ရသည်။

"အိမ်ရှေ့စံကို နှုတ်ဆက်ပါတယ်...”

သူမ မျက်မှောင်ကြုတ်ကာ တစ်ဖက်လှည့်လိုက်ကြည့်သည်။ ယနေ့ သူ့မျက်နှာမပြောနှင့်၊နှာခေါင်းကိုတောင် မမြင်ရသေးပေ။ဇီဂရစ်သည် မှူးမတ်များ၏ နှုတ်ခွန်းဆက်မှုကို လက်ခံပြီးနောက် သူမအနားကို တိုးကပ်လာလေ၏။

"မတွေ့တာကြာပြီနော်…တတိယမင်းသမီး..."

လူတိုင်း၏ အာရုံစိုက်မှုကို တစ်ဖန်ပြန်လည်ရသွားပြန်တာကြောင့် သူမ အံ့သြသွားရပြန်သည်။

'ဒီနေ့  ငါဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့လို့များပါလိမ့်'

"ဒီနေ့ မင်း သိပ်လှတာပဲ..."

ဇီဂရစ် က သူမ နှင့် ရင်းနှီးဟန်ဆောင်သောအခါ ရာဟန် သည် ရှေ့သို့ တိုးလာပြီး သူမရှေ့မှ ကာကွယ်ပေးလိုက်သည်။သို့သော်  ဇီဂရစ် သည် သိသိသာသာပင် ပြုံးရုံသာ ပြုံးနေပြီး တစ်ခြားဘာမှ မထူးခြားဘဲ ခါတိုင်းကဲ့သို့ တွယ်ကပ်မနေပေ။သို့သော်၊ရာဟန်ကတော့ သတိနှင့်အမြဲနေနေသည်။ ဘေးနားက မျက်လုံးတွေ ဘယ်လောက်ပဲ သူတို့ကို စိုက်ကြည့်နေပါစေ၊ သူ စိတ်လျှော့၍ မရပေ။

ရိုစီနာ သည် ရာဟန် နောက်တွင်ရပ်ကာ  ဇီဂရစ် ကိုကြည့်လိုက်လျှင် ထူးဆန်းတာ တစ်ခုတွေ့သွားသည်။ ပွဲတက်လျှင်  လက်နက်တွေကို ချန်ထားခဲ့ရသော်လည်း သူ့ဓားလက်ကိုင်က ဘောင်းဘီခါးစပ်ကြားမှာ အထင်းသားမြင်နေရသည်။ သူမ သူ့ကို သေချာကြည့်နေစဉ် သူက အနားကို တိုးလာပြီး  ရာဟန် တစ်ဖက်လှည့်နေခိုက် တိုးတိုးလေးပြောလာသည်။

“သေချာကြည့်…မင်းဘယ်သူနဲ့ ပိုလိုက်ဖက်လဲဆိုတာ..."

ရိုစီနာ သည် အဓိပ္ပါယ်မရှိသော စကားများကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီလို လူစည်ကားတဲ့ နေရာမှာ သူ ဘာမဆိုလုပ်ဖို့ စိတ်ကူးရှိနေပါလား...

ထိုစဉ် မြေပြင်သည် ကျယ်လောင်စွာ တုန်ခါသွားသဖြင့် အားလုံး အံ့အားသင့်သွားကာ အားကနဲ ထအော်ကြသည်။

ဒုန်း…ဒုန်း....

မြေပြင်သည် အဆက်မပြတ် တုန်ခါနေပြီး ခန်းမ၏ တိုင်တွေကလည်း တုန်ခါသွားတော့သည်။

“အူး”

ထို့နောက် တံခါးဝမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အပြင်မှာ ရပ်နေသည့် အစောင့်က ပြေးဝင်လာ၏။

“အားလုံး လုံခြုံတဲ့နေရာကို….”

သို့သော် အစောင့်၏ စကားသည် လုံးလုံးပြည့်စုံအောင် ထွက်မလာခဲ့ဘဲ သူ့ခန္ဓာကိုယ်သည် အပြင်က အရာတစ်ခုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ အခြေအနေကို သဘောပေါက်လိုက်သော မှူးမတ်များသည် အဝင်ပေါက်ကို အေးခဲနေသော မျက်နှာများဖြင့် ကြည့်နေကြသည်။ ကြမ်းပြင်မှ မြည်သံကြီးသည် ငလျင်လှုပ်ခြင်းမဟုတ်နိုင်ဘဲ ကြီးမားသော တစ်စုံတစ်ရာ၏ အသံဖြစ်သည်။ ထိုစဉ် ဘယ်သူဘယ်ဝါမှန်း မသိရသူ တစ်ယောက်က ဝင်ပေါက်ကို ဖြတ်ပြီး ညည်းညူသံတွေ ထွက်လျက်နှင့် အတွင်းထဲကို လျှောက်လာတော့သည်။

"မကောင်းဆိုးဝါးကြီး...."

မှန်သည်၊ယနေ့မှာ မကောင်းဆိုးဝါးတစ်ကောင် တိုက်ခိုက်ဖို့လာကြခြင်းဖြစ်သည်။

Continue Reading

You'll Also Like

14.4K 2.4K 12
BJYX Fanfiction
21.2K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
54.6K 4.2K 60
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
283K 49K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)